မောင့်မူပိုင်💜 (Completed)
zuri9597 tarafından
26.3K 1.2K 11
Taekook 🔥🔥 မောင့်ကိုနောက်တကြိမ်လောက်တွေ့ဖို့အခွင့်အရေးရှိလာခဲ့ရင် ထယ် အရင်ကဆိုးခဲ့တာတွေအတွက် ခွင့်လွတ်ပေးဖိ... Daha Fazla
Intro 💜
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 13
Part 14
‌Part 15
Part 16
Part 17
Final 💜
Part 12
1.2K 61 0
zuri9597 tarafından
"အာ...ကျွတ်...ကျွတ်.."
"နိုးလာပီလား...ညီတော်ချော...ဘယ်လိုလဲ ခံစားရကောင်းလား"
"ဟာ..အစ်ကို ...ဘယ်တုန်းက ရောက်နေတာ လဲ ဒီကို ...ဗိုက်က တော်တော် နာနေ"
"မင်း ကျေးဇူးကြောင့်ဒီရောက်နေတာလေ ..ကလပ်မှာ ဓါးထိုးခံရတယ်ဆို ...ကြည့်ပါအုံး လက်မှာလဲ တက်တူးတွေနဲ့ ...မင်းကိုမင်းမိုက်လှပီထင်နေတယ်ပေါ့..."
"တော်ပါတော့ ..အစ်ကိုရေ...ကျွန်တော် ခနလောက်တော့ နားပါရစေ..အစ်ကိုကလဲ တွေ့တာနဲ့ ကျွန်တော့ကို ဆူဖို့ချည်းပဲ့"
"မင်းကသာ အချိုးမပြေတာ ...အိပ်အိပ် ...ငါမေမေဆီ ဖုန်းဆက်အုံးမယ် "
ဘိုဂမ်ပြောပြလို့ ဂျောင်ဂု အခန်းထဲ၀င်လာတော့ ကုတင်ပေါ်မှာ ဗိုက်ကိုလက်တစ်ဖက်နဲ့ ဖိရင်း ထိုင်နေသော ဂျောင်မင်ကို တွေ့လိုက်သည်။မြင်တာနဲ့ ပွစိပွစိ ပြောနေတဲ့အစ်ကိုကြောင့် ဂျောင်မင် စိတ်ရှုပ်ကာ စောင်ခေါင်းခြုံရင်း လှဲနေလိုက်သည်။ဂျောင်ဂုကတော့ ဖုန်းလေးကိုင်ကာ အမေဆီ ဖုန်းဆက်နေသည်။
"ဟယ်လို မေမေ..."
"ဟယ်လို ...သား...ဂျောင်မင်အခြေအနေဘယ်လိုနေသေးလဲ"
"နိုးလာပီမေမေ..သူ့ကို ဖုန်းလှမ်းပေးလိုက်မယ်နော်"
"ဟေ...ဂျောင်မင် ...မေမေ ဖုန်းပြောချင်လို့တဲ့"
ဂျောင်ဂု ပြောရင်း စောင်အောက်ကွေးနေတဲ့ ဂျောင်မင်ဆီ ဖုန်းထိုးပေးလိုက်သည်။
"ဟယ်လို မေမေ"
"ဟယ်လို ...သား..ဂျောင်မင်လား..."
"ဟုတ်တယ်မေမေ ...စိတ်မပူနဲ့နော်မေမေ သားဘာမှမဖြစ်ဘူး သက်သာနေပီ ...ဆေးရုံက ဆင်းခွင့်ရတာနဲ့ သားတန်းလာခဲ့မယ်နော် မေမေ"
"အင်းပါသားငယ်...မေမေက တအားစိတ်ပူနေတာ...သားအဲလိုပြောတာ ကြားရလို့ မေမေ စိတ်အေးပါပီကွယ်...နေကောင်းတာနဲ့ မေမေဆီတန်းလာခဲ့နော်သား...သားအစ်ကိုစကားနားထောင်နော်သား"
"ဟုတ်ကဲ့ပါ မေမေ...အာ့ဆို သားဖုန်းချလိုက်တော့မယ်နော် ...သားအိပ်ချင်နေလို့ ချစ်တယ်နော်"
"အင်းသား...မေမေလဲ ချစ်တယ် နှစ်ယောက်လုံးကို..."
ဂျောင်မင် ဖုန်းချကာ ဂျောင်ဂုဆီ ဖုန်းလှမ်းပေးရင်း စောင်ခေါင်းခြုံ အိပ်နေတော့သည်။ဂျောင်ဂုကတော့ ဂူဂူ လေးကို ထပ်တွေ့ချင်နေလို့ ဂူဂူလေး ကို ရှာဖို့ ထွက်လာခဲ့လိုက်သည်။
"ဂူဂူ ရေ...ပါးပါးတို့ အိမ်ပြန်ရအောင်"
ထယ်ယောင်းတစ်ယောက် နေ့လည် ထမင်းစားနားချိန်ဖြစ်လို့ ဂူဂူနဲ့အတူ အိမ်မှာ ထမင်းစားဖို့ ဆေးရုံဆီထွက်လာခဲ့သည်။ဆေးရုံရောက်တော့ ဓဒါက်တာ ဘိုဂမ် နားနေခန်းကို ကောင်တာက သူနာပြု မလေးဆီ မေးကာ ဘိုဂမ် အခန်းထဲ ၀င်လာခဲ့လိုက်သည်။အခန်းထဲရောက်တော့ ဘိုဂမ် မရှိ။ ဂူဂူလေးက ဆေးဗူးလွတ်တွေနဲ့ကစားနေသည်။
"ရေး...ပါးပါး လာပြီ"
"ဂူဂူ ...ဦးဦးရော...."
"အော်...ယောင်း ရောက်နေပါလား ကို ခနက သန့်စင်ခန်းသွားနေလို့"
"ဟုတ်ကဲ့ အစ်ကို ...ထမင်းစားချိန်မို့ ဂူဂူကို လာခေါ်တာ အစ်ကိုရော လိုက်ခဲ့ပါလား ထမင်းအတူစားရအောင်လေ"
"နေပါစေ ...ယောင်း..ကို အောက်ထပ်က ဆိုင်မှာ စားလိုက်မယ်နော်..."
"ပါးပါး ...ဂူဂူ ထမင်းစားပြီးရင် ‌ဒီကိုပြန်လာအုံးမယ်နော် ...ဂူဂူ ဦးဦးဂျွန်နဲ့ ထပ်တွေ့ချင်တယ်"
"ဟင်....ဘယ်က ဦးဦးဂျွန်လဲ"
ထယ်ယောင်း မေးတော့ ဘိုဂမ် ပြန်ပြောလာသည်။
"အော်...အဲတာ အစ်ကို ပြောတဲ့ အမွှာ ဆိုတဲ့ နှစ်ယောက်က အစ်ကိုဖြစ်သူ ကို ပြောတာပါယောင်း...ဂူဂူက သူ့ကို ခနပဲ့ တွေ့ရသေးတာ ...တော်တော်ခင်တွယ်‌ေနတဲ့ ပုံပဲ့...အစ်ကို့ကိုလဲ သူ့အခန်းဆီ လိုက်ပို့ပေးဆိုပီး ပူဆာနေသေးတာ အားရင် လိုက်ပို့မယ်လို့ပြောထားတယ်"
"အော်...အဲလိုလား....ဂူဂူက ငယ်ငယ်လေးတည်းက လူမစိမ်းတတ်ဘူးအစ်ကိုရေ ....ဘယ်သူမဆို သူအကုန် သံယောဇဉ်တွယ်တတ်တာ သူက လူကောင်းဆိုရင် တစ်မျိုးပေါ့ တော်ကြာ ဂူဂူလေူကို ဒုက္ခပေးနေမှဖြင့်"
"ဂူဂူရေ...နေ့လည်ကျ ပါးပါးတို့ဆိုင်လိုက်ခဲ့နော်...ပါးပါး စတော်ဘယ်ရီဖျော်ရည်တိုက်မယ်လေ"
"ဟာ...မရဘူး ပါးပါး ...ဂူဂူ ဦးဦးဂျွန်နဲ့ တွေ့ချင်သေးတယ် မရဘူးနော် ပါးပါး...ဂူဂူ ငိုလိုက်မှာနော် ဗြဲ..."
"လက်ခံလိုက်ပါ ယောင်း...ဂူဂူကိုအစ်ကို ကြည့်ပေးထားမယ် အစ်ကိုအဆင်ပြေတယ်"
"ဖြစ်ပါမလားအစ်ကို အားနာလိုက်တာ"
"ဖြစ်ပါတယ် ယောင်းရဲ့..."
"ကဲ ...ဂူဂူလေး နေ့လည်ကျ ပြန်လာခဲ့နော် ...ဦးဦးစောင့်နေမယ်...ဂူဂူတွေ့ချင်တဲ့ ဦးဦးဂျွန်ဆီ လိုက်ပို့ပေးမယ်"
ဘိုဂမ် မျက်နှာ အရိပ်အကဲပြရင်း ပြောလိုက်တော့ ထယ်ယောင်း လက်ခံလိုက်တော့သည်။ဂူဂူလေးက ပျော်နေတာပေါ့.။
"အာ...ဒီဖက်လဲ မတွေ့ပါလား...ဘယ်ရောက်သွားတာလဲ အိမ်ပြန်သွားတာလား"
ဂျောင်ဂု ဆေးရုံ တစ်၀န်း ဂူဂူလေးကိုရှာနေသည်။မတွေ့။ထိုစဉ် အခန်းတစ်ခန်းက ဘိုဂမ် ထွက်လာတာ တွေ့လိုက်တော့ မေးတော့သည်။
"ဒေါက်တာ ...ဒေါက်တာ..ဂူဂူလေးရော အိမ်ပြန်သွားပီလား"
"အာ..ဟုတ်တယ် အစ်ကို ခုပဲ့ သူ့အဖေ လာခေါ်သွားတာ"
ဂျောင်ဂု မျက်နှာ ညိုးသွားသည်။ ဒါကို ဘိုဂမ် သတိထားမိတော့
"စိတ်မပူပါနဲ့...နေ့လည်ကျ သူပြန်လာအုံးမှာ...သူလဲ အစ်ကို ကို တွေ့ချင် နေတာ..သူရောက်တာနဲ့ အစ်ကိုဆီ ပို့မလို့ပဲ့"
"ဟုတ်လား...သူလဲ ကျွန်တော့ကို တွေ့ချင်နေတာလား ..ဟား..ကျွန်တော်ရူးတော့မယ် ဒါနဲ့လေ ကျွန်တော့နာမည် ဂျွန်ဂျောင်ဂု ‌...ဂျောင်ဂုလိုပဲ့ခေါ်လေ"
"အင်း ..ဂျောင်ဂု ...ထမင်းစားပီးပီလား ကျွန်တော် ထမင်းစားသွားမလို့ ညီလေးရော သက်သာနေတယ်မလား"
"ဟုတ် သူ သက်သာ နေပီ...လိုက်မယ်လေ ကျွန်တော်လဲ ဗိုက်ဆာလို့ ထမင်းဆိုင်ရှာနေတာ"
"အင်း...လာ သွားစို့"
ဂျောင်ဂုတို့ အောက်ထပ်က ထမင်းဆိုင် ထွက်သွားသည်။ ဂျောင်ဂု တော်တော်ပျော်နေသည်။သူပျော်မာပေါ့ ။သူသိပ်တွေ့ချင်တဲ့ကလေးငယ်က သူ့လဲတွေ့ချင်သည်တဲ့လေ။ဘယ်အရာမဆို ထယ်ယောင်းက လွဲပြီး တင်းမာ အလေးမထားတတ်တဲ့ ဂျောင်ဂုက ခနကမှ တွေ့ဖူးတဲ့ ကလေးငယ်ကို စွဲလန်းသည်တဲ့လေ။ထမင်းထုပ်တွေ ၀ယ်ကာ ဂျောင်မင်နဲ့အတူ ထမင်းစားပီး ဂူဂူလေး လာတာကိုစောင့်နေလေသည်။ဂျောင်မင်ကတော့ဆေးသောက် ပြီး အိပ်နေလေပြီ။
"ဂူဂူရေ...ဆေးရုံမှာ မဆိုးရဘူးနော်...သား‌တွေ့ချင်တဲ့ ဦးဦး ကိုလဲ မဆိုးရဘူး..ညနေ ပါးပါး လာကြိုမယ်."
"ဟုတ်ကဲ့ပါးပါး"
ထယ်ယောင်းတို့ ထမင်းစားပြီးလို့ ခနနားနေလိုက်သည်။
"ပျော်လား ဦးဦးဂျွန်နဲ့တွေ့တာ ..."
"ပျော်တာပေါ့ ပါးပါးရေ...ဦးဦးဂျွန်က သိပ်ချောတာ သားသားတောင်ကြွေသွားတယ် ဟီးဟီး...ပါးပါးကိုတော့မမှီသေးဘူး ပါးပါးက ကမ္ဘာ‌ေပါ်မှာ အချောဆုံး"
"အမလေး ..စကားတွေတတ်နေလိုက်တာ"
ထယ်ယောင်း ဂူဂူ့ပါးဖောင်းဖောင်းလေးကို ဘယ်ပြန် ညာပြန် မွှေးကြူလိုက်သည်။ခနကြာတော့ ဂူဂူ့ကို ဆေးရုံလိုက်ပို့ပီး အလုပ်ဆီထွက်လာလိုက်သည်။
"ဦးဦးဂျွန်..."
"ဟာ...ဂူဂူလေး ရောက်လာပြီ"
ဂျောင်ဂု ပြောရင်း ဂူဂူလေးကို ပွေ့ချီလိုက်တော့သည်။ဘိုဂမ်ဆေးစစ်ချိန်မို့ ဂူဂူလေးပါခေါ်ကာ ဂျောင်ဂုတို့အခန်းထဲ ၀င်ခဲ့သည်။ဂူဂူက တံခါး၀မှာတင် ခေါ်‌လိုက်တော့ ဂျောင်ဂု သွားပြီး ပွေ့ချီခြင်းဖြစ်သည်။ဂျောင်မင်ကတော့ ကြောင်အမ်းအမ်းနဲ့။ဘိုဂမ် ...ပါလာသောနားကြပ်နဲ့ ဂျောင်မင်ရဲ့ရင်ဘတ်တွေဆီစမ်းသပ်နေသည်။ဒဏ်ရာကို တစ်ချက်စစ်ကာ ဆေးတွေထည့်ပတ်တီး အသစ်လဲပေးလိုက်သည်။
"အများကြီးသက်သာနေပြီပဲ့...မနက်ဖြန် ဆေးရုံဆင်းမယ်ဆို ဆင်းလို့ရပီနော် ဒီညတော့ ဒီမှာပဲ့ နားလိုက်အုံး သောက်ရမယ့်ဆေးတွေထည့်ပေးလိုက်မယ်"
"ဟုတ်ကဲ့ ဒေါက်တာ"
"ဟင်...ဦးဦးဂျွန်တို့က နှစ်ယောက်တောင်"
"ဟား...ဟုတ်တယ် ဂူဂူ..ဘယ်လိုလဲမိုက်တယ်မလား ဦးဦးတို့က အမွှာတွေလေ ဦးဦးက အကြီး ဟောဒီ ဦးဦးက အငယ်"
သူနဲ့ဂျောင်မင်ကိုကြည့်ကာ ပါးစပ်အဟောင်းသားနဲ့ မေးနေသော ဂူဂူကို ဂျောင်ဂု အသဲယားလာကာ ပြန်ဖြေနေသည်။ဂူဂူကတော့ ခေါင်းတငြိမ့်ငြိမ့်နဲ့။သိပ်လဲချစ်ဖို့ကောင်းတာမို့ ဂျောင်ဂု အိမ်ကိုတောင် ခေါ်သွားချင်လာသည်။ဘိုဂမ် ဆေးစစ်ပီးတော့ ဂူဂူ့ကိုခေါ်တော့ ဂူဂူမလိုက်ခဲ့။ညကျမှ ပါးပါး ကို လာခေါ်ခိုင်းပေးပါ ဦးဦး လို့မျက်နှာငယ်လေးနဲ့ ခွင့်တောင်းလာတော့ ဘိုဂမ် ထယ်ယောင်းဆီ ဖုန်းဆက်လေသည်။
"ဟယ်လို ..ယောင်း"
"ဟယ်လို ...အစ်ကို ...ဘာဖြစ်လို့လဲ ဂူဂူလေးကို ခုလာခေါ်ဖို့ထွက်လာနေပီနော်"
"မဟုတ်ဘူးယောင်း...ဂူဂူ့ကို ညမှ လာခေါ်ပေးနော်...သူ ဒီမှာပဲ့ ဆက်နေချင်သေးလို့တဲ့ သူအခု အမွှာနှစ်ယောက်နားမှာ"
"အဆင်ပြေပါမလား အစ်ကိုရယ်..သူစိမ်းတွေနဲ့..အားနာစရာကြီး"
"ရပါတယ် ယောင်း သူတို့ကလဲ ဂူဂူကိုသိပ်ချစ်ကြတာ စိတ်မပူနဲ့...ဒါဆို အစ်ကို ဖုန်းချလိုက်တော့မယ်နော်"
"ဟုတ်ကဲ့"
ဟင်း....သိပ်လဲ ခေါင်းမာတဲ့ သားသား....
ထယ်ယောင်း ဖုန်းချလိုက်ရင်းရေရွတ်သည်။ ထယ်ယောင်းအလုပ်ပြီးလို့အိမ်ပြန်လိုက်သည်။ခနကြာတော့ ပေါက်တူးတစ်လက်ကိုင်ကာ စတော်ဘယ်ရီခြံထဲဆင်းသွားပြီး မြေတူး အမှိုက်ရှင်းလုပ်နေသည်။
ဂျူတီလဲ မရှိတော့ဘူး...ယောင်းဆီ အလည်သွားလိုက်ရင်ကောင်းမယ်...ဂူဂူလဲ ဂျောင်ဂုဆီမှာဆိုတော့ ချစ်တာတွေရင်ဖွင့်လိုက်တော့မယ်ကွာ..မခံစားနိုင်တော့ဘူး...
ဘိုဂမ်တွေးရင်း ဂျူတီကုတ် ချွတ်ကာ ကိုယ့်ကိုကိုယ် မှန်ကြည့် ပြင်ဆင်ရင်း ဆေးရုံနဲ့ တစ်လမ်းသာခြားတဲ့ ထယ်ယောင်းရှိရာအိမ်လေးဆီ ထွက်လာခဲ့လိုက်သည်။အိမ်ရောက်တော့ တံခါးပွင့်နေသည်။ဘိုဂမ် ဘဲလ် တီးကြည့်သည်။ဘာအသံမှမကြား။ တံခါး‌ေရှ့ကြည့်လိုက်‌ေတာ့ ထယ်ယောင်းဖိနပ်ရှိနေသည်မို့ အိမ်ထဲ၀င်ခဲ့လိုက်သည်။အိမ်လေးက ကျဉ်းပေမယ့် သပ်သပ်ရပ်ရပ်ရှိသည်။ ဧည့်ခန်းရှေ့ရှိ စာအုပ်စင် ပေါ်က စာအုပ်တွေယူဖတ်ရင်း ‌ထယ်ယောင်းကိုစောင့်နေသည်။စာအုပ်တစ်အုပ်ပီးတစ်အုပ်ယူဖတ်နေတုန်း ရုတ်တရက် ဓာတ်ပုံလေးတစ်ပုံကျလာသည်။ဘိုဂမ် ထိုပုံလေးကို ကောက်ကာ ကြည့်လိုက်တော့
"ဟင်......ဒါ...ဒါ ...ဂျွန် အမွှာ..."
ဘိုဂမ်ပြောရင်း ပုံထဲက ရထားတွဲလေးမှာ မှီထိုင်နေတဲ့ဂျောင်ဂုမျက်နှာကို သေချာကြည့်သည်။
"ဟုတ်တယ်...ဒါ...သူတို့ပုံပဲ့...အကြီးလားအငယ်လား မသိပေမယ့် သူတို့မှသူတို့အစစ်ပဲ့.ဒါက ဘာလို့ ဒီမှာရှိနေတာလဲ ပြီးတော့ ယောင်းနဲ့ရော ဘယ်လိုပတ်သက်နေတာလဲ.."
ဘိုဂမ်‌ပြောနေတုံး ထယ်ယောင်းရောက်လာသည်။အကျီမှာလဲ ရွံ့တွေ ဖုန်တွေပေလို့။
"အော်...အစ်ကို ရောက်နေပါလား..."
"ယောင်း ဒီပုံထဲက လူကဘယ်သူလဲ ယောင်းနဲ့ရောဘယ်လိုပတ်သက်နေတာလဲ"
"အင်း...အစ်ကိုလဲ မြင်သွားပီဆိုတော့လဲ ပြောပြရမှာပေါ့..တကယ်တော့ သူက ဂူဂူ့ဒယ်ဒီပါ..."
"ဟင် ..ဘယ် ..ဘယ်လို ဂူဂူ့ဒယ်ဒီ...ဒါ ...ဒါဆို သူက"
"ဟုတ်တယ် အစ်ကို ...သူက ယောင်းအမျိုးသားပါ ယောင်းတို့ကွဲခဲ့တာမဟုတ်ပါဘူး..ယောင်းကသာ ကွဲသလိုဖြစ်စေခဲ့တာပါ...ယောင်းသူ့ကိုတောင်းပန်ချင်တယ်...လွမ်းတဲ့အကြောင်းတွေလဲပြောချင်တယ်"
"သူ..သူ့နာမည်က ဘယ်လိုခေါ်လဲယောင်း"
"ဂျောင်ဂု...ဂျွန်ဂျောင်ဂု ...ဘာဖြစ်လို့လဲ သူ့ကိုသိနေတာလား သိလဲ ဘယ်တတ်နိုင်ပါမလဲ အစ်ကိုရယ် သူလုံး၀ပြောင်းလဲသွားပြီ "
"ဟာ..ယောင်းတို့တွေ့ဖူးပြီးပြီလား"
"တွေ့ဖူးပြီးပြီလေ...ဟိုတစ်ခါက တွေ့ဖူးတာ အနီးကပ်ကြီးလဲဆုံတယ်...သူလုံး၀ပြောင်းလဲသွားပြီ အစ်ကို သူမကြိုက်တဲ့ တက်တူးတွေလဲ ထိုးတတ်နေပီ ဟင့်..."
ထယ်ယောင်း ပြောရင်း ငိုပါတော့သည်။
"မဟုတ်ဘူးယောင်း တစ်ခုခုတော့မှားနေပြီ...‌ေယာင်း‌ေတွ့ခဲ့တဲ့လူက အငယ်"
"ဟင်..အစ်ကိုဘာ‌ေတွ‌ေပြာ‌ေနတာလဲ ယောင်းနားမလည်ဘူး"
"အင်း အစ်ကိုရှင်းပြမယ် သူတို့က အစ်ကို ပြော‌ေပြာနေတဲ့ ဂျွန်အမွှာလေ ..ဂူဂူ သိပ်တွေ့ချင်တဲ့ ဂျွန်ကအကြီး ဂျွန်ဂျောင်ဂု ဓားထိုးခံရတယ်ဆိုတဲ့တစ်ယောက်က အငယ် ဂျွန်ဂျောင်မင် မနက်ဖြန်ဆို သူတို့ အိမ်ပြန်တော့မှာ "
"ဟင်...ဘာတွေလဲအစ်ကိုရယ် ...အစ်ကို တကယ်ပြောနေတာလား..မောင်‌...မောင့်မှာက အမွှာညီရှိတာ ယောင်းမသိခဲ့ဘူး..ခုတကယ်ပြောနေတာလားအစ်ကို"
"တကယ်ပါယောင်းရဲ့ မယုံရင် လိုက်သွားကြည့်ပါလား..ဂူဂူလေးလဲ သူတို့နားမှာပဲ့..ပီးတော့"
ဘိုဂမ် စကားပင်မဆုံးသေး ထယ်ယောင်း ထွက်ပြေးမယ်အလုပ်
"နေ ...နေအုံးလေယောင်း ...အခန်းနံပါတ် 112နော်"
"ဟုတ်ကဲ့ အစ်ကိုရေ ...ယောင်း သွားလိုက်အုံးမယ်နော် .."
ထယ်ယောင်းပြောကာ ဖိနပ်ပင် မစီးနိုင်တော့ ဆေးရုံကို တန်းပြေးတော့သည်။
"ဂူဂူရေ..‌ဖြေးဖြေးစားလေ...အမ်...လာ ဦးဦးပေါင်ပေါ်ထိုင် ...ဦးဦးခွံကျွေးမယ်"
ပြောတော့ အလိုက်သင့်လေး ပေါင်ပေါ်တက်ထိုင်လာသည်။ကိတ်မုန့်လေး တစ်ခုလုံး ပလုံစီအောင် စားနေသော ဂူဂူလေးကို ဂျောင်ဂု အသဲယားလို့ ခွံကျွေးချင်စိတ်ပေါက်လာသည်။ထယ်ယောင်း အခန်းရှေ့ရောက်တော့ အခန်းနံပါတ်မော့ကြည့်လိုက်သည်။ အခန်းနံပါတ် 112...။ထယ်ယောင်း လက်တွေ တုန်ရီကာ အေးစက်နေသည်။အခန်းထဲက အသံတွေနားထောင်နေတော့သည်။
"စားကောင်းလား...ဂူဂူလေး...ရေခဲသေတ္တာထဲမှာအများကြီးရှိသေးတယ်နော်"
"ဘုရားရေ...ဒါ..မောင့်အသံ...ဟင့် ...ငါဘာလုပ်သင့်လဲ...မောင်နဲ့တွေ့ချင်ပီ...ဟင့်..."
ထယ်ယောင်း မျက်ရည်တွေစီးကျလာကာ တုန်ရီနေသော လက်တွေနဲ့ တံခါးတွန်းဖွင့်လာသည်။
"ထယ်..."
"ပါးပါး....."
"မောင်...."
..
...
...
..
နောက်တစ်ပိုင်း...မျှော် 🤸
ဘိုဂမ်လေးကို အိမ်ခေါ်ထားလိုက်တော့မယ်နော် ဟီးဟီး....
မောင့်မူပိုင် 💜 Part 12
"အာ...ကျွတ်...ကျွတ်.."
"ဟယ်လို မေမေ..."
"ဟယ်လို မေမေ"
"ဟုတ်တယ်မေမေ ...စိတ်မပူနဲ့နော်မေမေ သားဘာမှမဖြစ်ဘူး သက်သာနေပီ ...ဆေးရုံက ဆင်စခွင့်ရတာနဲ့ သားတန်းလာခဲ့မယ်နော် မေမေ"
"ရေး...ပါးပါး လာပြီ"
"ဂူဂူ ...ဦးဦးရော...."
"ဟင်....ဘယ်က ဦးဦးဂျွန်လဲ"
"အော်...အဲတာ အစ်ကို ပြောတဲ့ အမွှာ ဆိုတဲ့ နှစ်ယောက်က အစ်ကိုဖြစ်သူ ကို ပြောတာပါယောင်း...ဂူဂူက သူ့ကို ခနပဲ့ တွေ့ရသေးတာ ...တော်တော်ခင်တွယ်‌နေတဲ့ ပုံပဲ့...အစ်ကို့ကိုလဲ သူ့အခန်းဆီ လိုက်ပို့ပေးဆိုပီး ပူဆာနေသေးတာ အားရင် လိုက်ပို့မယ်လို့ပြောထားတယ်"
"ဖြစ်ပါတယ် ယောင်းရဲ့..."
"အင်း...လာ သွားစို့"
"ဟုတ်ကဲ့ပါးပါး"
"ပျော်တာပေါ့ ပါးပါးရေ...ဦးဦးဂျွန်က သိပ်ချောတာ သားသားတောင်ကြွေသွားတယ် ဟီးဟီး...ပါးပါးကိုတော့မမှီသေးဘူး ပါးပါးက ကမ္ဘာ‌ပေါ်မှာ အချောဆုံး"
"ဦးဦးဂျွန်..."
"ဟာ...ဂူဂူလေး ရောက်လာပြီ"
"ဟုတ်ကဲ့ ဒေါက်တာ"
"ဟယ်လို ..ယောင်း"
"ဟုတ်ကဲ့"
"ဟင်......ဒါ...ဒါ ...ဂျွန် အမွှာ..."
"ဟုတ်တယ်...ဒါ...သူတို့အပုံပဲ့...အကြီးလားအငယ်လား မသိပေမယ့် သူတို့မှသူတို့အစစ်ပဲ့.ဒါက ဘာလို့ ဒီမှာရှိနေတာလဲ ပြီးတော့ ယောင်းနဲ့ရော ဘယ်လိုပတ်သက်နေတာလဲ.."
"မဟုတ်ဘူးယောင်း တစ်ခုခုတော့မှားနေပြီ...‌ယောင်း‌တွေ့ခဲ့တဲ့လူက အငယ်"
"ဟင်..အစ်ကိုဘာ‌တွေ‌ပြော‌နေတာလဲ ယောင်းနားမလည်ဘူး"
"အင်း အစ်ကိုရှင်းပြမယ် သူတို့က အစ်ကို ပြော‌ပြောနေတဲ့ ဂျွန်အမွှာလေ ..ဂူဂူ သိပ်တွေ့ချင်တဲ့ ဂျွန်ကအကြီး ဂျွန်ဂျောင်ဂု ဓားထိုးခံရတယ်ဆိုတဲ့တစ်ယောက်က အငယ် ဂျွန်ဂျောင်မင် မနက်ဖြန်ဆို သူတို့ အိမ်ပြန်တော့မှာ "
"ထယ်..."
"ပါးပါး....."
"မောင်...."
..
...
...
..
Okumaya devam et
Bunları da Beğeneceksin
298K 15K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
341K 8.4K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
434K 16.3K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
311K 17.4K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"