Boundary Of War Empire With L...

By TigerLily507

2.4K 367 93

စစ်အင်ပါယာနယ်နိမိတ်တွေကြားက မေတ္တာကြိုးနွယ်လေး။ JungKook xOC (Unicode+Zawgyi) Starting Date-August19 More

{စကားချီး}
{နောက်ခံသမိုင်း}
{အပိုင်း-၁}
{အပိုင်း-၂}
{အပိုင်း-၃}
{အပိုင်း-၅}
အပိုင်း{၆}

{အပိုင်း-၄}

266 53 18
By TigerLily507

Unicode

"Captain! စခန်းရှေ့မှာ ကပ္ပတိန်ကိုတွေ့ချင်နေတဲ့ အမျိုးသမီးတစ်‌ယောက်ရောက်နေတယ်"

"ပြန်ခိုင်းလိုက်"

"ပြန်ခိုင်းပေမဲ့ ကပ္ပတိန်ကိုမှပေးမတွေ့ရင် မပြန်ဘူးလုပ်နေပါတယ်"

"ကျစ်!ကောင်းပီလေ ငါ့ရုံးခန်းကိုလွှတ်လိုက်"

"အလေးပြု!"

ခဏအကြာ ခြေသံတရှပ်ရှပ်ဖြင့် တစုံတယောက် ရုံးခန်းထဲသို့ဝင်လာသည်။ ကျောခိုင်းရပ်ထားတာမို့ မျက်နှာကိုတော့မမြင်ရသေးပေ။

"ဂျောင်ဂုကီး.."

"သူ့ကိုလာရှာတာဆိုရင်တော့မရှိဘူး.."

"ငါ့ကိုစိတ်ဆိုးနေတာလားဟင်.."

"Captain Jeon ဖြစ်သွားပြီ နာမည်ကိုလက်လွှတ်စဖွယ်မခေါ်ပါနဲ့"

"ဟုတ်.. ဟုတ်ကဲ့ ကပ္ပတိန်"

"မင်းနဲ့ ဒီစခန်းက ဘာမှမသက်ဆိုင်ဘူး လာစရာအကြောင်းလဲမရှိဘူး အခုချက်ချင်းပြန်ပါ"

"ဒါပေမဲ့.."

"ဒါ အမိန့်!!"

"ခဏလေး.. ခဏလေးဘဲ နင့်မျက်နှာလေးကို‌ပေးကြည့်လို့မရဘူးလား ပြီးရင်ပြန်ပါ့မယ်"

လက်အိတ်ဖြူစွတ်ထားသော လက်‌ချောင်း တွေ တင်းခနဲဆုပ်လိုက်သည်ကို ဟွာရန်း မြင်တဲ့အခါ သူ့ကိုဒေါသထွက်နေပြီအထင်နဲ့ ထိုနေရာမှထွက်ခွာလာခဲ့သည်။ နောက်နေ့တွေကျရင် စိတ်ဆိုးပြေသွားလောက်မှာပါ။

"အမြဲတမ်းကိုယ်လုပ်ချင်တာကိုဘဲ ဇွတ်တရွတ်လုပ်တဲ့ကလေးမ ဘယ်‌တော့မှ
ငါ့ဘက်ကိုဝင်မကြည့်ပေးခဲ့ဘူး.."

မှန်ပါတယ်။ ဟွာရန်းသာ နောက်ပြန်လှည့်ကြည့်ခဲ့မယ်ဆိုရင် တလောကလုံးမှာ
အအေးစက်ဆုံး သရဖူဆောင်းထားသူကြီး
ငိုနေခဲ့တယ်ဆိုတာကိုဘဲ။

ဒီရာထူး..အာဏာအဆင့်တွေရလာဖို့ ဂျောင်ဂု
အများကြီးကြိုးစားခဲ့ရတယ်။ စစ်တိုက်ရာမှာတပ်သားအဖြစ်အသုံးချဖို့ အင်္ဂလန်ထိ
ဂျောင်ဂုရောက်သွားခဲ့တယ်။ ဟွာရန်းရှိနေသေးတယ် ဆိုတဲ့ အသိကို ရှေ့တန်းတင်ပြီး
တိုက်ပွဲပေါင်းများစွာ အသက်ရှင်လျက်ဆင်နွဲခဲ့တယ်။

လက်ရည်ကောင်းသော ဂျောင်ဂုက အထူးတပ်ဖွဲ့အထိ အရွေးခံရပြီးနောက်တွင် တပ်ကြပ်။ ဒီလိုနဲ့ အဆင့်ဆင့်တက်လာခဲ့တာ
Captain တစ်ယောက်ဖြစ်လာတဲ့အထိဘဲ။
တောင်ကိုရီးယားကို တာဝန်ပြောင်းလျှောက်ခဲ့တာဟာ မင်းကြောင့်ပါကွယ်။

ဒီနယ်မြေမှာ မင်းရှိနေသေးတယ်လို့ မျှော်လင့်ရင်းကနေ ဥစ္စာမှန်လို့ပြန်တွေ့လေသလားဘဲ ဆိုက်ဆိုက်မြိုက်မြိုက်ကိုပါဘဲ။
ဒါပေမဲ့ သူများအိမ်က ကျွန် တစ်ယောက်ဖြစ်နေခဲ့တာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ။
ဒုက္ခတွေခါးစီးခံရင်း အသက်ရှင်နေခဲ့တဲ့ ၄နှစ်အကြာမှာ‌ ပထမဆုံး မေးချင်ခဲ့တဲ့စကားတွေ။
ဒါပေမဲ့ မပြောဖြစ်ခဲ့ပါဘူးလေ။

ကိုယ်သိပ်မှားသွားတယ်။ ရာထူးကြီးရင် မင်းကိုကာကွယ်ပေးနိုင်လိမ့်လို့ထင်ခဲ့တာ။
အဲ့ဒီရာထူးက မင်းကိုအန္တရာယ်တွင်းထဲ လက်ယက်ခေါ်သလို ဖြစ်စေလိမ့်မယ်လို့
အချိန်မှီသိလိုက်ရတယ် ။ မင်းသာ Captain Jeon နဲ့ပတ်သက်ရင် နိုင်ငံ‌သစ္စာဖောက် ရဲ့ လက်တွဲဖော်အဖြစ် ပြစ်တင်ဝေဖန်သံတွေ၊
မတော်လို့ မင်းအသက်ကိုချိန်းခြောက်လာရင်
ဘယ်လိုလုပ်မလဲ။

ကိုယ်ဒါတွေတွေးရင်း
ကြောက်နေလို့..စကားကြမ်းကြမ်းရမ်းရမ်းတွေသုံးရင်း နှင်မိတာပါ။ မချစ်တော့ဘူးလို့တော့ မထင်လိုက်လေနဲ့ သိပ်ချစ်တာပါကွယ်။ ချစ်လွန်းလို့ ပြေးဖက်ထားချင်တဲ့စိတ်တွေ ၊ ချစ်ကြောင်း ၊ လွမ်းကြောင်း တွေပြောချင်နေတဲ့ နှလုံးသားကို ပိတ်လှောင်ထားရင်းထပ်တူနာကျင်လျက်ပါ ကိုယ့်အချစ်ရယ်။

--------။

"ဒီ‌တိုင်းတော့ဘယ်လက်လျော့လို့ရပါ့မလဲ ဒါဆို ဘယ်လိုလုပ်ရင်ကောင်းမလဲ.."

"တကယ့်ကောင် ချေမိုးနေလိုက်တာမှအရမ်း ဟွန့်"

စမ်းချောင်းဘေးရှိ ကျောက်စရစ်ခဲများကို ကန်ကျောက်ရင်း ဟွာရန်းမျက်နှာကလေး ဆူပုပ်နေသည်။ အခု သူဆင်းရဲအဖွားတစ်ယောက်ရဲ့အိမ်မှာ အတူတူနေရင်း ခဝါသည်အလုပ်ကိုလုပ်နေတယ်။

အဝတ်လျှော်ပြီးပီမို့ သစ်သားပုံးကိုဆွဲလျက် ညနေစောင်းနေ့ဝင်ချိန်တွင် တောလမ်းကနေ ဟွာရန်းအိမ်ပြန်နေသည်။ တလက်စထဲလုပ်အားခတောင်းရန် အဝတ်ထုပ်ပိုက်လျက် သူဌေးအိမ်သို့ အရောက်တွင်...

"ကုကီးး.."

တကယ့်ကို တိုးတိုးကလေးရေရွတ်လိုက်မိတယ်။ Captain ရဲ့ ဘေးပတ်လည်တွင် အိမ်ရှင်သမီးပျိုသုံးယောက် နှင့် အလုပ်ရှင် အဘိုးကြီးတို့ စကားလက်ဆုံကျနေတာ ဟွာရန်းကိုပင်မမြင်ကြ။

ဟုတ်တာပေါ့။ သူနဲ့ငါက အဆင့်အတန်းချင်းတူမှမတူတော့တာဘဲ။ ငါလိုအိမ်ခြေယာမဲ့
တစ်ယောက်ကို ဘာအဖတ်လုပ်ပြီးခေါ်ချင်တော့မှာလဲ။ မှန်တယ် ဂျောင်ဂု။
နင့်ရွေးချယ်မှုမှန်တယ်။

ကျလုစဲစဲမျက်ရည်ကို လက်ခုံဖြင့်သုတ်လျက်
အိမ်ကိုသာလှည့်ပြန်ခဲ့သည်။ မှောင်ရိပ်ပျိုးနေချိန်မို့ မီးအိမ်မပါသော ဟွာရန်းမှာ
လမ်းမထက် အရိပ်က‌လေးလို ဖြစ်နေသည်။

လူရမ်းကားတွေပေါတဲ့ခေတ်ကြီးမှာ မိန်းကလေးတစ်ယောက်ထဲ သိပ်အန္တာရာယ်များတာ‌တောင် မေ့ပြီး ဟွာရန်း အတွေးလွန်လျက် လမ်းလျောက်နေသည်။
ထို့နောက် သူမနောက်မှ လူရိပ်များ ပေါ်လာသည်ကို သတိထားမိလိုက်သည်။

တစ်ယောက်၊ တစ်ယောက်ကနေ နှစ်ယောက်ဖြစ်လာကာ သူမနောက်မှ ထပ်ကြပ်မကွာလိုက်လာတာကြောင့် ဟွာရန်း ခြေလှမ်းတို့ကိုအရှိန်ကုန်မြှင့်ကာ ပြေးဖို့ကြံ‌လိုက်သည်။

ရေစိုနေသော ဂါဝန်ကိုမကာ ပြေးနေသော်လည်း၊ အလုပ်ပင်ပန်းထားတာကြောင့်
ပြေးတာဝေးဝေးကိုမရောက်နိုင်ဘဲ လမ်းခုလတ်တင်
ခြေထောက်ခေါက်လှဲတာကြောင့်၊
ဖြစ်ချင်ရာဖြစ်လို့သာ မှတ်လိုက်၍ မျက်လုံးစုံမှိတ်ထားလိုက်သည်။

သို့သော် သူမကိုယ်ပေါ်လွှမ်းလာသော အရိပ်ကြီးကြောင့် ထိုခြေလှမ်းများနောက်ဆုတ်သွားသံကိုကြားလိုက်ရသည်။ မဟုတ်မှ..
သူတို့ထက်အင်အားကြီးတဲ့ လူမိုက်ခေါင်းဆောင်လား။

"ထ!"

"ဟင့်အင်း..တောင်းပန်ပါတယ်နော် ကျွန်မကိုဘာမှမလုပ်ပါနဲ့"

"အခုချက်ချင်းထလိုက်!"

"ဟင်.."

အနက်ရောင် လည်သာဘွတ်ဖိနပ်။

"ကုကီး.."

"အဲ့နာမည်နဲ့လူမရှိတော့ဘူးလို့ ပြောခဲ့တယ်လေ"

"ဂျောင်ဂု..မဟုတ်ဘူး..ကျေးဇူးတင်ပါတယ် ကပ္ပတိန်"

"နောက်နောင် ညဘက်အသွားအလာဆင်ခြင်!"

ပြောပြီးသည်နှင့် သူမကိုနောက်ခိုင်းသွားသည်။

"ဂျောင်ဂု..ငါ့ကို ဘယ်အချိန်ထိပစ်ထားအုံးမှာလဲ"

ခပ်လှမ်းလှမ်းရောက်နေပီဖြစ်သော ကပ္ပတိန်၏ ခြေလှမ်းတို့ရပ်တန့်သွားသည်။

"ငါတို့ပြန်တွေ့ပီလေ အရင်က ငါတို့အဖြစ်ပြန်နေလို့မရဘူးလား "

ပြန်နေချင်တာပေါ့ ။
ငါ့ကမ္ဘာမှာ ဟွာရန်း ဆိုတဲ့ မိန်းကလေးနဲ့ဘဲ ဘဝကို ရိုးရိုးရှင်းရှင်းဖြတ်သန်းချင်ခဲ့တာပါ။
ဒါပေမဲ့ ငါက ဗြိတိသျှအင်ပါယာလက်‌အောက်က နိုင်ငံတော်သစ္စာဖောက်ပါလေ။
ငါ့ကြောင့် ထိခိုက်မိလိမ့်မယ်
ဒါ့ကြောင့်အဝေးကနေဘဲ စောင့်ရှောက်ခွင့်လေးပေးပါ။

ရင်ထဲ၌ကျယ်လောက်စွာ အော်ဟစ်ပြောပြနေပေမဲ့ ဟွာရန်းမကြားနိုင်ပါ။
ပြောင်းလဲသွားသော ဂျောင်ဂု လို့သာ
ဟွာရန်း မှတ်ယူလိမ့်မည်။

"ပြန်ပါ မိုးချုပ်နေပီ.."

ကပ္ပတိန်၏ အဖျားခတ်သွားသော တုန်ရီသံလေး၊ အံကြိတ်ထားသည့်ကြားက ထွက်သွားသည်။

"ဟင့်အင်း နင်လိုက်ပို့မှပြန်မယ် မဟုတ်ရင် ငါဒီနားကနေ မရွေ့ဘူး"

"ကောင်းပီလေ ရှေ့ကနေလမ်းပြ"

"လာ ကုကီး"

ဒီနာမ်စားလေးကို ကြားရဖို့ နှစ်တွေအကြာကြီးစောင့်ခဲ့ရတာပါလား။
လက်အိတ်ဖြူကို
ဆွဲခေါ်သွားတဲ့ ပေါက်ပြဲနေတဲ့ လက်ဖဝါးပြင်တစုံက အိမ်မက်လိုလို၊ တကယ်လိုလို။
ပျော်လိုက်တာ၊ ဒီလိုပြန်တွေ့ရဖို့ ကြိုးစားရကျိုးနပ်ပေသားဘဲ။

"ဒီနှစ်တွေထဲ နင်သိပ်ချောလာတာဘဲ ‌ဂျွန်..
အာ..အပြင်မှာဘဲဟာ ခေါ်မှာဘဲ ယုန်လူဆိုးရဲ့"

"ဘာပြောနေလို့လဲ"

"ပြောမှာကြိုသိနေလို့ပေါ့ တကယ်ပါဘဲ ဘဝင်မြင့်နေလိုက်တာ"

"ဟွာရန်း..."

"ဘာလဲ!"

"နင် နည်းနည်းလေးမှ ပြောင်းလဲမသွားဘူး
ငါ့အပေါ် ခုထိအနိုင်ယူတုန်း.."

"အိုမို..ငါ့ကိုပြန်သတိရပီလား စိတ်ဆိုးပြေတာလား"

"မဟုတ်ပါဘူး..အဟမ်း"

"အလကား ပဲများနေတာ"

"ဘာ!"

"ရောက်ပီ"

ဆင်းရဲသားရပ်ကွပ်လမ်းကြားလေးရဲ့ အဆုံးမှာ အိုဟောင်းနေတဲ့ အိမ်စုတ်ကလေး။ အနည်းငယ်ရွဲ့စောင်းနေသော အိမ်ပုံစံကြောင့် ဂျောင်ဂု ရင်ထဲမကောင်း။ ဘေးက ဟွာရန်းကတော့
ကပ္ပတိန်ရဲ့ မျက်နှာရိပ်ကို အကဲခတ်နေလေသည်။

"ဘာလို့လဲ"

"ဘာမှမဟုတ်ဘူး မင်းအိမ်ထဲဝင်တော့"

"ငါတို့မနက်ဖြန် တွေ့ကြအုံးမယ်မလား"

ဘာအဖြေမှပြန်မပေးဘဲ စခန်းဆီသာ ဦးတည်၍ ပြန်လာခဲ့သည်။ မပြန်ခင်လေး နောက်ကျောဘက်မှ၊
"အေး မဖြေနဲ့ယုန်သွားနဲ့ အုန်သီးခေါင်းရဲ့"
ဆိုတဲ့ ကြိမ်းမောင်းသံ ခပ်စူးစူးကိုလဲ
ပြုံးပြုံးကြီး လက်ခံရရှိခဲ့ပါသေးတယ်။

စခန်း၍ အဆောင်ကနေလှမ်းမြင်နေရသောကောင်းကင်ပေါ်မှ
ကြယ်တာရာများကို ကြည့်ရင်း အမေတို့ကို
ဂျောင်ဂု ပြုံးပြလိုက်မိသည်။

"မေမေတို့ ကျွန်တော့်ကို သူမနဲ့ ပြန်တွေ့ခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်"

လက်နက်ကြီးထိရ၍ သေဆုံးသွားခဲ့ကျသော
မိခင်တို့၏ ဆန္ဒအရ ဂျောင်ဂု နဲ့ ဟွာရန်းက
စေ့စပ်ခဲ့ပြီးသားပေမဲ့ အခုထိရော အဲ့ဒီ စေ့စပ်ခြင်းက အကျုံးဝင်သေးရဲ့လား သူမသိ။
ကပ္ပတိန်ကတော့ မိခင်တို့ဖြစ်မြောက်ချင်ခဲ့သော လက်ထပ်ပွဲကို စိတ်ကူးယဉ်ရင်း နဖူးပေါ်လက်တင်၍
အိပ်ပျော်သွားခဲ့သည်။

____________________________________
စာဖတ်သူတစ်ယောက်ချင်းဆီတိုင်းကို
ကျေးဇူးတင်လျက်ပါ။
TigerLily507

Zawgyi code

"Captain! စခန္းေရွ႕မွာ ကပၸတိန္ကိုေတြ႕ခ်င္ေနတဲ့ အမ်ိဳးသမီးတစ္‌ေယာက္ေရာက္ေနတယ္"

"ျပန္ခိုင္းလိုက္"

"ျပန္ခိုင္းေပမဲ့ ကပၸတိန္ကိုမွေပးမေတြ႕ရင္ မျပန္ဘူးလုပ္ေနပါတယ္"

"က်စ္!ေကာင္းပီေလ ငါ့႐ုံးခန္းကိုလႊတ္လိုက္"

"အေလးျပဳ!"

ခဏအၾကာ ေျခသံတရွပ္ရွပ္ျဖင့္ တစုံတေယာက္ ႐ုံးခန္းထဲသို႔ဝင္လာသည္။ ေက်ာခိုင္းရပ္ထားတာမို႔ မ်က္ႏွာကိုေတာ့မျမင္ရေသးေပ။

"ေဂ်ာင္ဂုကီး.."

"သူ႔ကိုလာရွာတာဆိုရင္ေတာ့မရွိဘူး.."

"ငါ့ကိုစိတ္ဆိုးေနတာလားဟင္.."

"Captain Jeon ျဖစ္သြားၿပီ နာမည္ကိုလက္လႊတ္စဖြယ္မေခၚပါနဲ႔"

"ဟုတ္.. ဟုတ္ကဲ့ ကပၸတိန္"

"မင္းနဲ႔ ဒီစခန္းက ဘာမွမသက္ဆိုင္ဘူး လာစရာအေၾကာင္းလဲမရွိဘူး အခုခ်က္ခ်င္းျပန္ပါ"

"ဒါေပမဲ့.."

"ဒါ အမိန႔္!!"

"ခဏေလး.. ခဏေလးဘဲ နင့္မ်က္ႏွာေလးကို‌ေပးၾကည့္လို႔မရဘူးလား ၿပီးရင္ျပန္ပါ့မယ္"

လက္အိတ္ျဖဴစြတ္ထားေသာ လက္‌ေခ်ာင္း ေတြ တင္းခနဲဆုပ္လိုက္သည္ကို ဟြာရန္း ျမင္တဲ့အခါ သူ႔ကိုေဒါသထြက္ေနၿပီအထင္နဲ႔ ထိုေနရာမွထြက္ခြာလာခဲ့သည္။ ေနာက္ေန႔ေတြက်ရင္ စိတ္ဆိုးေျပသြားေလာက္မွာပါ။

"အၿမဲတမ္းကိုယ္လုပ္ခ်င္တာကိုဘဲ ဇြတ္တ႐ြတ္လုပ္တဲ့ကေလးမ ဘယ္‌ေတာ့မွ
ငါ့ဘက္ကိုဝင္မၾကည့္ေပးခဲ့ဘူး.."

မွန္ပါတယ္။ ဟြာရန္းသာ ေနာက္ျပန္လွည့္ၾကည့္ခဲ့မယ္ဆိုရင္ တေလာကလုံးမွာ
အေအးစက္ဆုံး သရဖူေဆာင္းထားသူႀကီး
ငိုေနခဲ့တယ္ဆိုတာကိုဘဲ။

ဒီရာထူး..အာဏာအဆင့္ေတြရလာဖို႔ ေဂ်ာင္ဂု
အမ်ားႀကီးႀကိဳးစားခဲ့ရတယ္။ စစ္တိုက္ရာမွာတပ္သားအျဖစ္အသုံးခ်ဖို႔ အဂၤလန္ထိ
ေဂ်ာင္ဂုေရာက္သြားခဲ့တယ္။ ဟြာရန္းရွိေနေသးတယ္ ဆိုတဲ့ အသိကို ေရွ႕တန္းတင္ၿပီး
တိုက္ပြဲေပါင္းမ်ားစြာ အသက္ရွင္လ်က္ဆင္ႏြဲခဲ့တယ္။

လက္ရည္ေကာင္းေသာ ေဂ်ာင္ဂုက အထူးတပ္ဖြဲ႕အထိ အေ႐ြးခံရၿပီးေနာက္တြင္ တပ္ၾကပ္။ ဒီလိုနဲ႔ အဆင့္ဆင့္တက္လာခဲ့တာ
Captain တစ္ေယာက္ျဖစ္လာတဲ့အထိဘဲ။
ေတာင္ကိုရီးယားကို တာဝန္ေျပာင္းေလွ်ာက္ခဲ့တာဟာ မင္းေၾကာင့္ပါကြယ္။

ဒီနယ္ေျမမွာ မင္းရွိေနေသးတယ္လို႔ ေမွ်ာ္လင့္ရင္းကေန ဥစၥာမွန္လို႔ျပန္ေတြ႕ေလသလားဘဲ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ကိုပါဘဲ။
ဒါေပမဲ့ သူမ်ားအိမ္က ကြၽန္ တစ္ေယာက္ျဖစ္ေနခဲ့တာ ဘယ္ေလာက္ေတာင္ၾကာခဲ့ၿပီလဲ။
ဒုကၡေတြခါးစီးခံရင္း အသက္ရွင္ေနခဲ့လဲ ၄ႏွစ္အၾကာမွာ‌ ပထမဆုံး ေမးခ်င္ခဲ့တဲ့စကားေတြ။
ဒါေပမဲ့ မေျပာျဖစ္ခဲ့ပါဘူးေလ။

ကိုယ္သိပ္မွားသြားတယ္။ ရာထူးႀကီးရင္ မင္းကိုကာကြယ္ေပးႏိုင္လိမ့္လို႔ထင္ခဲ့တာ။
အဲ့ဒီရာထူးက မင္းကိုအႏၲရာယ္တြင္းထဲ လက္ယက္ေခၚသလို ျဖစ္ေစလိမ့္မယ္လို႔
အခ်ိန္မွီသိလိုက္ရတယ္ ။ မင္းသာ Captain Jeon နဲ႔ပတ္သက္ရင္ ႏိုင္ငံ‌သစၥာေဖာက္ ရဲ႕ လက္တြဲေဖာ္အျဖစ္ ျပစ္တင္ေဝဖန္သံေတြ၊
မေတာ္လို႔ မင္းအသက္ကိုခ်ိန္းေျခာက္လာရင္
ဘယ္လိုလုပ္မလဲ။

ကိုယ္ဒါေတြေတြးရင္း
ေၾကာက္ေနလို႔..စကားၾကမ္းၾကမ္းရမ္းရမ္းေတြသုံးရင္း ႏွင္မိတာပါ။ မခ်စ္ေတာ့ဘူးလို႔ေတာ့ မထင္လိုက္ေလနဲ႔ သိပ္ခ်စ္တာပါကြယ္။ ခ်စ္လြန္းလို႔ ေျပးဖက္ထားခ်င္တဲ့စိတ္ေတြ ၊ ခ်စ္ေၾကာင္း ၊ လြမ္းေၾကာင္း ေတြေျပာခ်င္ေနတဲ့ ႏွလုံးသားကို ပိတ္ေလွာင္ထားရင္းထပ္တူနာက်င္လ်က္ပါ ကိုယ့္အခ်စ္ရယ္။

--------။

"ဒီ‌တိုင္းေတာ့ဘယ္လက္ေလ်ာ့လို႔ရပါ့မလဲ ဒါဆို ဘယ္လိုလုပ္ရင္ေကာင္းမလဲ.."

"တကယ့္ေကာင္ ေခ်မိုးေနလိုက္တာမွအရမ္း ဟြန႔္"

စမ္းေခ်ာင္းေဘးရွိ ေက်ာက္စရစ္ခဲမ်ားကို ကန္ေက်ာက္ရင္း ဟြာရန္းမ်က္ႏွာကေလး ဆူပုပ္ေနသည္။ အခု သူဆင္းရဲအဖြားတစ္ေယာက္ရဲ႕အိမ္မွာ အတူတူေနရင္း ခဝါသည္အလုပ္ကိုလုပ္ေနတယ္။

အဝတ္ေလွ်ာ္ၿပီးပီမို႔ သစ္သားပုံးကိုဆြဲလ်က္ ညေနေစာင္းေန႔ဝင္ခ်ိန္တြင္ ေတာလမ္းကေန ဟြာရန္းအိမ္ျပန္ေနသည္။ တလက္စထဲလုပ္အားခေတာင္းရန္ အဝတ္ထုပ္ပိုက္လ်က္ သူေဌးအိမ္သို႔ အေရာက္တြင္...

"ကုကီးး.."

တကယ့္ကို တိုးတိုးကေလးေရ႐ြတ္လိုက္မိတယ္။ Captain ရဲ႕ ေဘးပတ္လည္တြင္ အိမ္ရွင္သမီးပ်ိဳသုံးေယာက္ ႏွင့္ အလုပ္ရွင္ အဘိုးႀကီးတို႔ စကားလက္ဆုံက်ေနတာ ဟြာရန္းကိုပင္မျမင္ၾက။

ဟုတ္တာေပါ့။ သူနဲ႔ငါက အဆင့္အတန္းခ်င္းတူမွမတူေတာ့တာဘဲ။ ငါလိုအိမ္ေျခယာမဲ့
တစ္ေယာက္ကို ဘာအဖတ္လုပ္ၿပီးေခၚခ်င္ေတာ့မွာလဲ။ မွန္တယ္ ေဂ်ာင္ဂု။
နင့္ေ႐ြးခ်ယ္မႈမွန္တယ္။

က်လုစဲစဲမ်က္ရည္ကို လက္ခုံျဖင့္သုတ္လ်က္
အိမ္ကိုသာလွည့္ျပန္ခဲ့သည္။ ေမွာင္ရိပ္ပ်ိဳးေနခ်ိန္မို႔ မီးအိမ္မပါေသာ ဟြာရန္းမွာ
လမ္းမထက္ အရိပ္က‌ေလးလို ျဖစ္ေနသည္။

လူရမ္းကားေတြေပါတဲ့ေခတ္ႀကီးမွာ မိန္းကေလးတစ္ေယာက္ထဲ သိပ္အႏၲာရာယ္မ်ားတာ‌ေတာင္ ေမ့ၿပီး ဟြာရန္း အေတြးလြန္လ်က္ လမ္းေလ်ာက္ေနသည္။
ထို႔ေနာက္ သူမေနာက္မွ လူရိပ္မ်ား ေပၚလာသည္ကို သတိထားမိလိုက္သည္။

တစ္ေယာက္၊ တစ္ေယာက္ကေန ႏွစ္ေယာက္ျဖစ္လာကာ သူမေနာက္မွ ထပ္ၾကပ္မကြာလိုက္လာတာေၾကာင့္ ဟြာရန္း ေျခလွမ္းတို႔ကိုအရွိန္ကုန္ျမႇင့္ကာ ေျပးဖို႔ႀကံ‌လိုက္သည္။

ေရစိုေနေသာ ဂါဝန္ကိုမကာ ေျပးေနေသာ္လည္း၊ အလုပ္ပင္ပန္းထားတာေၾကာင့္
ေျပးတာေဝးေဝးကိုမေရာက္ႏိုင္ဘဲ လမ္းခုလတ္တင္
ေျခေထာက္ေခါက္လွဲတာေၾကာင့္၊
ျဖစ္ခ်င္ရျဖစ္လို႔သာ မွတ္လိုက္၍ မ်က္လုံးစုံမွိတ္ထားလိုက္သည္။

သို႔ေသာ္ သူမကိုယ္ေပၚလႊမ္းလာေသာ အရိပ္ႀကီးေၾကာင့္ ထိုေျခလွမ္းမ်ားေနာက္ဆုတ္သြားသံကိုၾကားလိုက္ရသည္။ မဟုတ္မွ..
သူတို႔ထက္အင္အားႀကီးတဲ့ လုမိုက္ေခါင္းေဆာင္လား။

"ထ!"

"ဟင့္အင္း..ေတာင္းပန္ပါတယ္ေနာ္ ကြၽန္မကိုဘာမွမလုပ္ပါနဲ႔"

"အခုခ်က္ခ်င္းထလိုက္!"

"ဟင္.."

အနက္ေရာင္ လည္သာဘြတ္ဖိနပ္။

"ကုကီး.."

"အဲ့နာမည္နဲ႔လူမရွိေတာ့ဘူးလို႔ ေျပာခဲ့တယ္ေလ"

"ေဂ်ာင္ဂု..မဟုတ္ဘူး..ေက်းဇူးတင္ပါတယ္ ကပၸတိန္"

"ေနာက္ေနာင္ ညဘက္အသြားအလာဆင္ျခင္!"

ေျပာၿပီးသည္ႏွင့္ သူမကိုေနာက္ခိုင္းသြားသည္။

"ေဂ်ာင္ဂု..ငါ့ကို ဘယ္အခ်ိန္ထိပစ္ထားအုံးမွာလဲ"

ခပ္လွမ္းလွမ္းေရာက္ေနပီျဖစ္ေသာ ကပၸတိန္၏ ေျခလွမ္းတို႔ရပ္တန္႔သြားသည္။

"ငါတို႔ျပန္ေတြ႕ပီေလ အရင္က ငါတို႔အျဖစ္ျပန္ေနလို႔မရဘူးလား "

ျပန္ေနခ်င္တာေပါ့ ။
ငါ့ကမာၻမွာ ဟြာရန္း ဆိုတဲ့ မိန္းကေလးနဲ႔ဘဲ ဘဝကို ႐ိုး႐ိုးရွင္းရွင္းျဖတ္သန္းခ်င္ခဲ့တာပါ။
ဒါေပမဲ့ ငါက ၿဗိတိသွ်အင္ပါယာလက္‌ေအာက္က ႏိုင္ငံေတာ္သစၥာေဖာက္ပါေလ။
ငါ့ေၾကာင့္ ထိခိုက္မိလိမ့္မယ္
ဒါ့ေၾကာင့္အေဝးကေနဘဲ ေစာင့္ေရွာက္ခြင့္ေလးေပးပါ။

ရင္ထဲ၌က်ယ္ေလာက္စြာ ေအာ္ဟစ္ေျပာျပေနေပမဲ့ ဟြာရန္းမၾကားႏိုင္ပါ။
ေျပာင္းလဲသြားေသာ ေဂ်ာင္ဂု လို႔သာ
ဟြာရန္း မွတ္ယူလိမ့္မည္။

"ျပန္ပါ မိုးခ်ဳပ္ေနပီ.."

ကပၸတိန္၏ အဖ်ားခတ္သြားေသာ တုန္ရီသံေလး၊ အံႀကိတ္ထားသည့္ၾကားက ထြက္သြားသည္။

"ဟင့္အင္း နင္လိုက္ပို႔မွျပန္မယ္ မဟုတ္ရင္ ငါဒီနားကေန မေ႐ြ႕ဘူး"

"ေကာင္းပီေလ ေရွ႕ကေနလမ္းျပ"

"လာ ကုကီး"

ဒီနာမ္စားေလးကို ၾကားရဖို႔ ႏွစ္ေတြအၾကာႀကီးေစာင့္ခဲ့ရတာပါလား။
လက္အိတ္ျဖဴကို
ဆြဲေခၚသြားတဲ့ ေပါက္ၿပဲေနတဲ့ လက္ဖဝါးျပင္တစုံက အိမ္မက္လိုလို၊ တကယ္လိုလို။
ေပ်ာ္လိုက္တာ၊ ဒီလိုျပန္ေတြ႕ရဖို႔ ႀကိဳးစားရက်ိဳးနပ္ေပသားဘဲ။

"ဒီႏွစ္ေတြထဲ နင္သိပ္ေခ်ာလာတာဘဲ ‌ဂြၽန္..
အာ..အျပင္မွာဘဲဟာ ေခၚမွာဘဲ ယုန္လူဆိုးရဲ႕"

"ဘာေျပာေနလို႔လဲ"

"ေျပာမွာႀကိဳသိေနလို႔ေပါ့ တကယ္ပါဘဲ ဘဝင္ျမင့္ေနလိုက္တာ"

"ဟြာရန္း..."

"ဘာလဲ!"

"နင္ နည္းနည္းေလးမွ ေျပာင္းလဲမသြားဘူး
ငါ့အေပၚ ခုထိအႏိုင္ယူတုန္း.."

"အိုမို..ငါ့ကိုျပန္သတိရပီလား စိတ္ဆိုးေျပတာလား"

"မဟုတ္ပါဘူး..အဟမ္း"

"အလကား ပဲမ်ားေနတာ"

"ဘာ!"

"ေရာက္ပီ"

ဆင္းရဲသားရပ္ကြပ္လမ္းၾကားေလးရဲ႕ အဆုံးမွာ အိုေဟာင္းေနတဲ့ အိမ္စုတ္ကေလး။ အနည္းငယ္႐ြဲ႕ေစာင္းေနေသာ အိမ္ပုံစံေၾကာင့္ ေဂ်ာင္ဂု ရင္ထဲမေကာင္း။ ေဘးက ဟြာရန္းကေတာ့
ကပၸတိန္ရဲ႕ မ်က္ႏွာရိပ္ကို အကဲခတ္ေနေလသည္။

"ဘာလို႔လဲ"

"ဘာမွမဟုတ္ဘူး မင္းအိမ္ထဲဝင္ေတာ့"

"ငါတို႔မနက္ျဖန္ ေတြ႕ၾကအုံးမယ္မလား"

ဘာအေျဖမွျပန္မေပးဘဲ စခန္းဆီသာ ဦးတည္၍ ျပန္လာခဲ့သည္။ မျပန္ခင္ေလး ေနာက္ေက်ာဘက္မွ၊
"ေအး မေျဖနဲ႔ယုန္သြားနဲ႔ အုန္သီးေခါင္းရဲ႕"
ဆိုတဲ့ ႀကိမ္းေမာင္းသံ ခပ္စူးစူးကိုလဲ
ၿပဳံးၿပဳံးႀကီး လက္ခံရရွိခဲ့ပါေသးတယ္။

စခန္း၍ အေဆာင္ကေနလွမ္းျမင္ေနရေသာေကာင္းကင္ေပၚမွ
ၾကယ္တာရာမ်ားကို ၾကည့္ရင္း အေမတို႔ကို
ေဂ်ာင္ဂု ၿပဳံးျပလိုက္မိသည္။

"ေမေမတို႔ ကြၽန္ေတာ့္ကို သူမနဲ႔ ျပန္ေတြ႕ခြင့္ေပးလို႔ ေက်းဇူးတင္ပါတယ္"

လက္နက္ႀကီးထိရ၍ ေသဆုံးသြားခဲ့က်ေသာ
မိခင္တို႔၏ ဆႏၵအရ ေဂ်ာင္ဂု နဲ႔ ဟြာရန္းက
ေစ့စပ္ခဲ့ၿပီးသားေပမဲ့ အခုထိေရာ အဲ့ဒီ ေစ့စပ္ျခင္းက အက်ဳံးဝင္ေသးရဲ႕လား သူမသိ။
ကပၸတိန္ကေတာ့ မိခင္တို႔ျဖစ္ေျမာက္ခ်င္ခဲ့ေသာ လက္ထပ္ပြဲကို စိတ္ကူးယဥ္ရင္း နဖူးေပၚလက္တင္၍
အိပ္ေပ်ာ္သြားခဲ့သည္။

____________________________________
စာဖတ္သူတစ္ေယာက္ခ်င္းဆီတိုင္းကို
ေက်းဇူးတင္လ်က္ပါ။
TigerLily507




































Continue Reading

You'll Also Like

75.4K 1.7K 32
!Uploads daily! Max starts his first year at college. Everything goes well for him and his friends PJ and Bobby until he meets Bradley Uppercrust the...
588K 9K 87
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
209K 4.4K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
228K 7.9K 98
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...