𝗢𝗻𝗹𝘆 𝘆𝗼𝘂

By lin_lizi

2.6K 300 33

"ငါ့မှာ မင်းတစ်ယောက်တည်းပဲ ရှိတယ်" "ကျွန်တော့်မှာလည်း ဒိုယောင်းတစ်ယောက်တည်းပဲ ရှိတာ" More

1
2
4
5
6
7
8
9
10
11
12
13
14
Final

3

190 27 4
By lin_lizi

"Kim Doyoung"

ရင်းနှီးသလို ရှိနေတဲ့ အသံတွေကြောင့် သူ့ရဲ့ ခြေလှမ်းတို့က
တုန့်ခနဲ ရပ်သွားသည် စိတ်ထဲမှာတော့ ခုပဲ ပြေးတော့လို့
အော်ဟစ်နေပေမယ့် ခြေထောက်တွေက တုန့်ဆိုင်းနေသည်
သူက ခေါင်းအသာငုံ့ကာ ရပ်နေတာကြောင့် သူ့ရှေ့မှာ
ရပ်နေတဲ့ ခြေထောက်တွေကို မြင်နေရ၏
ဒါပေမယ့် ရုတ်တရက် ဒူးထောက်ချလိုက်ကြတဲ့ လူသုံး
ယောက်ကြောင့် Doyoung နောက်ကိုတောင်
ဆုတ်မိသွား၏

"တောင်းပန်တယ် Kim Doyoung  "

Doyoung ရဲ့ မျက်လုံးလေးတွေက ပြူးကျယ်ကုန်
သည်

"ငါတို့ မင်းကို အနိုင်ကျင့်ခဲ့တာ‌တွေအတွက် တောင်း
ပန်ပါတယ် ငါတို့ကို ခွင့်လွှတ်ပါ "

"ဘာတွေ ကစားနေတာလဲ"

ဒါပထမဆုံး ဒိုယောင်း သူတို့ကို ပြောတဲ့ စကားဖြစ်မယ်
ထင်တယ်

"ငါတို့ အမှန်ပြောနေတာပါ မင်းကိုတကယ်တောင်းပန်
နေတာ ငါတို့ကို ခွင့်လွှတ်တယ်မလား ခွင့်လွှတ်တယ်လို့
တခွန်းပဲ ပြောပါ "

သူတို့ မျက်နှာတွေက အရင်တုန်းက သူ့ကို ကန်ကျောက်
ရိုက်နှက်နေတုန်းက မျက်နှာတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေ
သည် သိပ်ကိုအသနားခံနေသလိုမျိုး ဒါပေမယ့်
ဒိုယောင်းက ဂရုမစိုက်ပဲ သူတို့ကို ကျော်ကာ ထွက်သွား
မလိုလုပ်တော့ စကားတခွန်းကြောင့် အလိုလို ရပ်တန့်
သွားရသည်

"ကျေးဇူးပြုပြီး! ငါတို့ကို ကူညီပါ မင်းမကူညီရင်
ငါတို့ ကျောင်းဆက်တက်လို့ရမှာမဟုတ်တော့ဘူး
ငါတို့မိသားစု စီးပွားရေးတွေပါ ထိခိုက်နေပြီ ဒိုယောင်း!
တကယ်ကိုတောင်းပန်ပါတယ် ငါတို့ - အွတ်!"

အကြောက်အကြောက်အလန့်လန့်နဲ့ ဆောက်တည်ရာမရ
သလို ပြောနေတဲ့ စကားတွေကို မကြားချင်တဲ့အဆုံး
ဒိုယောင်းရဲ့ လက်သီးက ထိုလူ့ မျက်နှာပေါ် ကျရောက်
သွားခဲ့သည် ထို့နောက် ထိုလူ့ လည်ပင်းက အင်္ကျီစကို
ဆောင့်ဆွဲလိုက်မိသည်

"ငါ့ဆီက ခွင့်လွှတ်တယ်ဆိုတဲ့စကားကိုတောင် မင်းတို့ရဲ့
စိတ်ရင်းနဲ့ မဟုတ်ပဲ လိုချင်နေတယ် ? အဲ့ဒါကလည်း
မင်းတို့ပြောပုံအရ မင်းတို့ရဲ့ ဘ၀အတွက် တဲ့
ဒါဆို မင်းတို့ကြောင့် သေတော့မလိုထိ ဖြစ်ပျက်သွားတဲ့
လူတစ်ယောက်ရဲ့ဘ၀ကို မင်းတို့ ဘယ်လို တာ၀န်ယူပေး
မလဲ! "

"ငါတို့တောင်းပန်ပါတယ် ငါတို့ကိုအခွင့်အရေးတစ်ခါ
ပေးပါ တောင်းပန်ပါတယ် "

"အခွင့်အရေးလား ကောင်းပြီ‌ေလ "

သူ့ရှေ့က လူသုံးယောက်က ၀မ်းသာအားရဖြစ်သွားကြ
တဲ့ပုံပဲ သိပ်ရွံစရာကောင်းတယ်

"Haneul ကို ခုပဲ သွားတောင်းပန် သူခွင့်လွှတ်တယ်ဆို
ငါ့မှာ ဘာမှပြောစရာမရှိဘူး"

"ဒါ ဒါပေမယ့် သူက "

Doyoung က ဘာမှထပ်ပြောစရာမရှိတော့သလိုမျိုး
ထွက်လာခဲ့တော့လိုက်သည် သူ့ရဲ့ရင်တွေက တအားကို
မွန်းကြပ်နေသလိုခံစားရတယ် သူ့ရဲ့လက်နဲ့ ထိုးခဲ့မိ
တာတောင် ရွံရှာနေမိတယ် ဒါ့ကြောင့် သူ ဝေးသထက်
ဝေးအောင်  အမြန်လျှောက်နေမိခဲ့တယ်

အခ‌ျိန်တစ်ခုအရောက်မှာ လက်တစ်ဖက်ကဆောင့်ဆွဲ
ခံလိုက်ရတာကြောင့် လှည့်ကြည့်လိုက်တော့
Jung Jaehyun?

"လိုက်ခဲ့"

"မင်း လွှတ်!"

"ဆိုင်ကယ်ပေါ် တက် "

"လွှတ်လို့ ပြောနေတယ် "

"ခင်ဗျားမှာ အဲ့လိုပြန်ပြောခွင့်ရှိလို့လား ခုတက်"

"မုန်းတယ်! မင်းကို မုန်းတယ် ! မင်းတို့လိုလူတွေကြောင့်
တစ်ခြားသူရဲ့ဘ၀တွေ ဘယ်လောက် နာကျင်မှုတွေ
ရလဲ ဆိုတာ မင်းတို့သိလား ကျေးဇူးပြုပြီး ငါ့ကို
မနှောင့်ယှက်ပါတော့နဲ့ ငါ့ဘ၀နဲ့ငါ အေးဆေးနေပါရစေ
ငါ့မှာ ထပ်ပြီး စွန့်လွှတ်ဖို့ ဘာမှမရှိတော့ဘူး ငါ့က်ုလွှတ်ပေးပါ "

Doyoung က ဒီလိုမျိုး ဘယ်တုန်းကမှ မပြောချင်ခဲ့
ပေမယ့် ခုခ‌ျိန်မှာ သူ့ရဲ့ရင်ဘတ်ထဲကနေ ခုန်ထွက်လာခဲ့
သည် သူသိပ်ပင်ပန်းနေပြီ သူက အမြဲတမ်း ခေါင်းမာမာနဲ့
ဖြတ်သန်းခဲ့ပေမယ့် ခုချိန်မှာတော့ သူ့ရဲ့ အားနည်းမှုတွေက
ရုတ်တရက် ထွက်လာသလိုပဲ မျက်ရည်တွေမရှိတော့ဘူး
လို့ ထင်ထားခဲ့တာပေမယ့် ခုတော့ မျက်ရည်တွေ တလဟော
ထွက်လာခဲ့တာကြောင့် သူက ထိုင်ချလိုက်ရင်း
ငိုနေမိတယ် ရန်သူရှေ့မှာ အားနည်းနေကြောင်း တကူးတက
သတင်းပေးနေသလိုမျိုး

"တစ်ရှူး "

တိုးဖွတဲ့ အသံနဲ့အတူ တစ်ရှူးစလေးတစ်ခုက မျက်စိရှေ့
ရောက်လာခဲ့သည် ဒါပေမယ့် ဒိုယောင်းက တုန့်ပြန်မှု
မပေးခဲ့ သူ့ရှေ့မှာငိုမိတာတင် ကိုယ့်ကိုယ်ကိုစိတ်ပျက်နေပြီ
တစ်ရှူးပါထပ်ယူရင် သူ့မာနတွေ အကုန် သဲထဲရောက်
ကုန်ပြီ သူ့အတွေးနဲ့သူ ဖြစ်နေပေမယ့် ရုတ်တရက်
မျက်နှာက အမော့ခံလိုက်ရတာကြောင့်
လူက လန့်သွားခဲ့သည်

"မင်း!"

"ငြိမ်ငြိမ်နေ"

အပြောနဲ့အတူ သူ့လက်နှစ်ဖက်ကိုပါ ချုပ်ရင်း သူ့မျက်နှာကို တစ်ရှူးစ နဲ့ သုတ်ပေးလာတာကြောင့် ရုန်းကန်ဖို့တောင်
ရုတ်တရက် မေ့သွားသလိုပင်

"ငိုလို့ ၀ပြီဆို ဆိုင်ကယ်ပေါ်တက်"

"ငါ မတက်ဘူး"

"ခင်ဗျား ညီ ဂျဲနို က Basketball ဝါသနာပါပုံပဲနော်
ကျွန်တော်နဲ့ အမြဲ ဆော့နေကြ သိလား "

"Jeong Jaehyun! "

"ဒီလောက်ဆို ဆိုင်ကယ်ပေါ် တက်လို့ရပြီလား ကျွန်တော်
လည်း လူဆိုးမလုပ်ချင်ပါဘူး ခင်ဗျားက ဆိုးနေလို့သာ "

ဘာမှမတတ်နိုင်သလိုပဲ ဒိုယောင်းက လက်ခံလိုက်ရသည်
ဒါပေမယ့် ဆိုင်ကယ်စက်နှိုးသံကြားတဲ့အချိန်မှာ
ဒိုယောင်းက စကားတစ်ခွန်းကို သေချာပြောလိုက်မိပါရဲ့

"မုန်းတယ် မင်းကို "
--------------------------------------------------------

"လာထိုင်"

"Jeong Jaehyun မင်းဘာတွေကစားနေတာလဲ
ငါမသိဘူး မင်းငါ့ဆီက လိုချင်တာဘာလဲ ပွင့်ပွင့်လင်းလင်း
ပြောစမ်းပါ"

"ဒီကိုလာထိုင်တာ လိုချင်တာ လာထိုင် ခင်ဗျားကြည့်လေ
လေတွေကလည်းတဖြူးဖြူးနဲ့ ကောင်းကင်မှာလည်း
ကြယ်တေ‌ွနဲ့ မမိုက်ဘူးလား ကျွန်တော်လိုချင်တာက
တော့ အဲ့တာပဲ ခင်ဗျားလိုချင်တာက ဘာလဲ ခင်ဗျား ညီ-"

"တော်တော့ "

Doyoung က သက်ပြင်းအသာချလိုက်ကာ
သွားထိုင်လိုက်သည် အဲ့လိုအနေအထားအတိုင်း
တခနလောက် ထိုင်နေကြပြီးတဲ့ အခါမှာ ဘေးကလူဆီက
စကားသံတို့ ထွက်လာသည်

"မသေခင် လုပ်ကြည့်ရမယ့် အရာ ထဲက တစ်ခု
တိတ်ဆိတ်ပြီး စိမ်းစိုနေတဲ့ ပတ်၀န်းကျင် မှာ သက်တောင့်
သက်တာလဲှပစ်နေဖို့ "
"နောက်ပြီး အရသာရှိတဲ့အစားစာတွေ အများကြီးစားဖို့
ရော ဟမ်ဘာဂါကိုလည်း နေ့တိုင်းစားပစ်ရမယ်လေ"

ဘေးကလူထိုင်ရွတ်နေတဲ့ စကားသံတွေကို Doyoung က
နားထောင်နေတာတော့မဟုတ်ပေမယ့် နားထဲ၀င်လာခဲ့တာပင်
ဒီစကားတွေကို သူရင်းနှီးပြီး သိနေတယ်လို့ ခံစားရနေ၏

"ပင်လယ်ကို သွားရတာကလည်း မသေခင် လုပ်သွားချင်
တဲ့အရာ တစ်ခုပဲ ဟုတ်တယ်ဟုတ်"

ဟုတ်တယ်ဟုတ် ဆိုတဲ့ အသံကြောင့် Doyoung က
ရှုပ်ထွေးနေတဲ့ အမူအယာနဲ့ လှည့်ကြည့်လိုက်တော့
သူ့ကို ဘာလဲ ဆိုတဲ့ အထာနဲ့ ပြန်ကြည့်လာ၏

"မင်း ဒါတွေ ဘယ်လို သိ"

Doyoung က သူ့ Diary စာအုပ်ကို သတိရသွား
ပြီးး သူ့အိတ်ထဲကို အမြန် နှိုက်ရှာလိုက်ပေမယ့်
မတွေ့ရပေ

"ပြန်ပေး ပါ မင်းအတွက်လည်း ဘာမှအသုံးမ၀င်တဲ့
အရာတစ်ခု ပြန်ပေး"

"ဒီလေသံနဲ့ဆိုရင်တော့ ‌ပြန်ပေးဖို့ တော်တော်စဉ်းစားရမယ်
နောက်ပြီး ကျွန်‌ေတာ့်အတွက်တော့ ဘာမှမဟုတ်ဘူးလို့
ခင်ဗျားပြောပေမယ့် ခင်ဗျားအတွက်တော့ သိပ်အရေးကြီးမယ်
ထင်တယ် "

Doyoung က ပါးစပ်ကပြောမနေတော့ပဲ Jaehyun
ဘေးမှာ ရှိနေတဲ့ အိတ်ကို လှမ်းယူဖို့ ပြင်လိုက်ပေမယ့်
ပိုလျင်တဲ့ Jaehyun က ယူလိုက်ရင်းး

"လိုက်ယူ မှီရင် ပေးမယ် ကတိပေးတယ်"

Doyoung က သိပ်စိတ်ပျက်သွားသည်
သူ့မှာ Jenoနဲ့ ဒီစာအုပ်ကလေးပဲ ရှိတာ စာအုပ်ကလေးက
သူ့မေမေ ရှိတုန်းက စိတ်မှာဖြစ်ချင်တာတွေချရေးပြီး
ထွက်ပေါက်ရှာဖို့ သင်ပေးသွားပြီး ပေးခဲ့တဲ့ စာအုပ်လေးမို့
သူသိပ်တန်ဖိုးထားသည်
သူက ပြေးလိုက်ပေမယ့် Jeong Jaehyun ကို ဘယ်လိုမှ
မမှီပေ စိတ်ဓာတ်ကျလာတာနဲ့ အတူ မောလာတာကြောင့်
သူက ရောက်တဲ့နေရာမှာပဲ ရပ်ပြီး လှဲချလိုက်တော့သည်
သူလှဲချလာတော့ Jeong Jaehyun ကပါ သူ့ဘေး
နားမှာ လာလှဲရင်း သူ့စာအုပ်လေးကို သူ့ရင်ဘတ်ပေါ်
တင်ပေးလာသည် သူတို့က အဲ့တိုင်းလေးပဲ အချိန်တစ်ခုထိ
ကောင်းကင်ကြီးကိုကြည့်နေမိကြတယ်ထင်တယ်

"မင်းက ဘယ်သူလဲ Jeong Jaehyun "

"ခင်ဗျားကို မုန့်‌၀ယ်ကျွေးနေကြ ဦးလေးကြီး လို့ မှတ်ထား
ပေးလည်း ရတယ် "

Doyoungရဲ့ ခေါင်းက အလိုလို သူ့ဘက်လှည့်သွား
မိသည်

"အဲ့တာ မင်းလား "

"ဘာဖြစ်လို့လဲ"

"မနက်ဖြန် ပိုက်ဆံတွေအကုန် ပြန်ရှင်းပေးမယ် ငါမသိလို့"

"ပိုက်ဆံ မလိုချင်ဘူး"

"မရဘူး ငါ အကြွေးတင်မခံနိုင်ဘူး အထူးသဖြင့် မင်းဆီ
ငါမယုံဘူး မင်းကို"

"ပိုက်ဆံမလိုချင်ဘူး ကျွန်တော့်မှာအပေါဆုံးက ပိုက်ဆံ"

"..."

"လိုချင်တာ နောက်နေ့ ကြ သိလိမ့်မယ်"

"အဟက်"

Doyoungက လှောင်ရယ်ရယ်မိတာပင်

"ခင်ဗျား ကို ငါးမိနစ် ပြောချင်ရာပြောခွင့်ပေးမယ်
ဆိုရင်ရော "

ခနတိတ်ဆိတ်သွားသည် ခနနေတော့ တိုးဖွဖွနဲ့ အက်ကွဲ
နေသလို အသံလေးထွက်လာခဲ့သည်

"မုန်းတယ် လူတွေကို မင်းအပါအ၀င်ပဲ
လူတစ်ယောက်ရဲ့ ဘ၀ကို ကောင်းကောင်းကြီး ရိုက်ချ
ပစ်တယ် သူတို့စိတ်ကြိုက် ပုံသွင်းတယ်
သူတို့စိတ်ကြိုက် ကစားနေကြတယ် မင်းလိုမျိုး "

"ပြီ‌းတော့ရော"

"မုန်းတယ် အဲ့လိုလူတွေနဲ့ အဝေးကြီးမှာ သွားနေမယ်
Jenoနဲ့ ငါနဲ့  မင်းလို ခြိမ်းခြောက်တတ်တဲ့ သူတွေနဲ့
ဝေးတဲ့နေရာ ကို "

သူစကားရပ်လိုက်တာနဲ့ ပတ်၀န်းကျင်က ပိုတိတ်ဆိတ်
သွားသည် Doyoung ရဲ့ ခေါင်းထဲမှာလည်း
အတွေးတွေအများကြီး ရှိနေခဲ့တယ်

သူဒီတညအတွင်းမှာပဲ သူ ဒေါသထွက်ခဲ့တယ် စိတ်ထဲရှိတာ
တွေ ထုတ် ပြောမိခဲ့တယ် အားရပါးရငိုမိခဲ့တယ် ပြေးလည်း
ပြေးခဲ့မိတယ် သူပြောတာကို စကားထောက်ပေး‌ပြီး
စိတ်၀င်စားကြောင်းပြပေးတာမျိုးကိုလည်း သူပထမဆုံး
အကြိမ် အနေနဲ့ တွေ့လိုက်ရတယ်

ဟင့်အင်း သူ ဘယ်သူ့ကိုမှ မယုံချင်ပေ
______________________________________

ဖော်ပြချင်တာကို အရမ်းလောပြီး ဖော်ပြမိလားမသိ
Jaehyun ဘေးနားမှာ ရှိနေရတဲ့ Doyoung ရဲ့
မသိမသာ ဖြစ်တည်လာတ‌ဲ့
စိတ်ရပ်၀န်းလေး  ပေါ့ Jeong Jaehyun ကြောင့်
ဖြစ်တည်လာတဲ့ အဲ့လိုစိတ်ရပ်၀န်းလေး ပေါ့

ဖတ်ရတာ အဆင်ပြေဖို့ တကယ်ကိုမျှော်လင့်ပါတယ်

Continue Reading

You'll Also Like

1.8K 164 10
အချစ်တွေ ထုတ်မပြတတ်တဲ့လီယိုကျားပေါက်လေးနဲ့ Attentionကြိုက်တဲ့ ၀က်ဝံအချွဲတုံးလေးတို့အကြောင်းအနည်းငယ်
7.4K 817 9
MarkHyuck short story. This fiction is written by both unicode & zawgyi. [ p r e m i è r e ]
1M 32.8K 78
"𝙾𝚑, 𝚕𝚘𝚘𝚔 𝚊𝚝 𝚝𝚑𝚎𝚖! 𝚃𝚠𝚘 𝚕𝚒𝚝𝚝𝚕𝚎 𝚗𝚞𝚖𝚋𝚎𝚛 𝚏𝚒𝚟𝚎𝚜! 𝙸𝚝'𝚜 𝚕𝚒𝚔𝚎 𝚝𝚑𝚎𝚢'𝚛𝚎...𝚍𝚘𝚙𝚙𝚎𝚕𝚐ä𝚗𝚐𝚎𝚛𝚜 𝚘𝚏 𝚎𝚊𝚌𝚑...
283K 13.6K 92
Riven Dixon, the youngest of the Dixon brothers, the half brother of Merle and Daryl dixon was a troubled young teen with lots of anger in his body...