NotWithStanding...(မည်သို့ပင်...

By Suu_KaNyar

562K 30.2K 1.5K

ဤဘဝအတွက် တာဝန်ဟာ မောင့်ထံပါး ချစ်ခြင်းတို့နှင့် ခစား၍သာ အဆုံးသတ်ပေလိမ့်မည်။ ............. Start - 19.2.2022 ... More

မိတ်ဆက်စာ 👨‍🏫
Khoon🖤 & Tain Tyke 💛
Intro & Request
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 20
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode - 27
Episode - 28
Episode - 29
Episode - 30
Episode - 31
Episode - 32
Episode - 33
Episode - 34
Episode - 35
Episode - 36
Episode - 37
Episode - 38
Episode - 39
Episode - 40
Episode - 41
Episode - 42
Episode - 43
Episode - 44
Episode - 45
Episode - 46
Episode - 47
Episode - 48
Episode - 49
Episode - 50
Episode - 51
Episode - 52
Episode - 53
Episode - 54 🔞
Episode - 55
Episode - 56
Episode - 57
Episode - 58
Episode - 59
Episode - 60 🔞
Episode - 61
Episode - 62
Episode - 63 🔞
Episode - 64
Episode - 66
Episode - 67
Episode - 68
Episode - 69
Episode - 70
Episode - 71 ( Ending)
ကျေးဇူးတင်လွှာ 💛💛
Extra - 2
Extra - 3 (End)
Extra - 4 (V day Special )
Extra ( 5)
Book Announcement 🌈☁️
Extra - 1

Episode - 65

5.9K 317 23
By Suu_KaNyar

သည်နှစ်နွေ... သင်္ကြန်တော့ တစ်ဖွဲ့လုံး မန္တလေး သို့ရောက်နေကြသည်။ တိမ်တိုက်က မန်းလေး လမ်းလျှောက်သင်္ကြန်သွားချင်ပါတယ်ဆိုပြီး တောက်လျှောက်ပူဆာနေခဲ့တာဖြစ်သည်။ သွားချင်တာကလည်း သူငယ်ချင်း တွေအကုန်လုံးနှင့်သွားချင်တာတဲ့လေ။ အဲ့တော့ ခွန်းမှာ အဇူးတို့လင်မယားကိုပါခေါ်ပြီး ရှန်မင်းနှင့် ကိုကိုရော... အဒွေးကိုပါ စရိတ်ခံကာ ခေါ်ခဲ့လိုက်တော့သည်။ ခွန်းခငယ်လေးတို့က သူတို့ အုပ်စုနှင့်သူတို့ရန်ကုန်မှာပဲ ဆော့ချင်သည်ပြောသည်။ နန်းဆုမွန်ဦးတစ်ယောက်ကတော့ မိုင်းကိုင်ကို ပြန်သွားသည်။

မန္တလေး ကျူံးနှင့် နီးသော ဟိုတယ်တွင်ပဲ အားလုံး ငှားနေကြသည်။ အဇူးတို့လင်မယားနှစ်​ယောက်ကိုတော့ သီးသန့်တစ်ခန်းပေးနေပြီး ကျန်သည့်လူတွေကတော့ အိပ်ခန်း သုံးခန်းပါဝင်သည့် ဟိုတယ်၏ အကျယ်ဆုံး အခန်းကို ငှားယူလိုက်သည်။

သင်္ကြန်စသည့်နေ့ကတည်း တိမ်တိုက်တို့ တွေ အခန်းကို အိပ်ချိန်တစ်ချိန်သာပြန်လာကြသည်။ တစ်နေ့လုံး နီးပါးအပြင်မှာသာ အချိန်ဖြုန်းကြသည်။ ကျန်းမာရေး ဆို ချူချာ တက်သော တိမ်တိုက် ကတော့ ရှေ့ဆုံးကနေကို အပီအပြင်ကဲနေတော့တာပင်။ သင်္ကြန်တွင်းမို့ ခွန်းကတော်တော်တန်တန်မပြောတော့ပဲ လိုက်ထိန်းပေးရုံသာလုပ်တော့သည်။ အသက်တွေလည်းငယ်ကြတော့သည်မှ မဟုတ်ပဲ။

သင်္ကြန်တွင်းမို့အားလုံးကလည်းစိတ်လွတ်ကိုယ်လွတ် ပျော်နေကြသည့်အချိန်ဖြစ်တာကြောင့် ခွန်းအနေနဲ့ မကြိုက်နှစ်သက်သော်လည်း မပြောတော့ပေ။ ဟိုတယ်မှာလည်း ဟိုတယ်မှာမို့ မဏ္ဍပ်တွေမှာဆိုလည်း မဏ္ဍပ်တွေမှာမို့ သူတို့အဖွဲ့ဟာ ထင်ရှားကာ လူအများအားဆွဲဆောင်နိုင်သည်။ အရပ်ခြောက်ပေဝန်းကျင်တွေကြားတွင် ညှပ်သူနှစ်ယောက်ကတော့ အဇူးနှင့်တိမ်တိုက်သာလျှင်။

ထုံးစံအတိုင်း စန်းအပွင့်ဆုံး လူသားကတော့ မောင်ရှန်မင်းခက်ပင်။ ငွေရောင်ဆံပင်တွေနှင့် ရှန်မင်းခက်က မန္တလေး သူများကြားတွင် ကိုရီးယား အိုင်ဒေါ အလား ထင်ရှားနေသလို...ညိုချောလေးတွေမှ ကြိုက်နှစ်သက်သူ ညီမလေး များကတော့ ခွန်းဆီကနေ အကြည့်မခွာကြ။ အဒွေးက မန္တလေး အဆင်တစ်စုနှင့် အဖွဲ့ကျနေတတ်ပြီး သဝန်တိုတတ်လွန်းသည့်ကိုကိုတစ်ယောက်ကတော့ ရှန်မင်းခက်ကို လက်တချိတ်ချိတ်ဖြင့် ပိုင်ဆိုင်ကြောင်းပြသည်။ တိမ်တိုက်ကြိုးလေးကတော​့ မန္တလေး သူ မမများအဖွဲ့၏ ပင်တိုင် ကလေးလေးဖြစ်လာတော့သည်။ မောင်လေး ဆိုတာက ပါးစပ်ဖျားကမချ။ အဇူးတို့လင်မယားကတော့ရှင်းသည်။ စိုင်းမင်းနွယ်က ဘေးကနေ လေဆာမီးတွေပစ်လွှတ်နေတာကြောင့်အဇူးနားဘယ်သူမှမကပ်ရဲကြ။

'' ချမ်းနေပြီလား ပြန်မလား ''

မဏ္ဍပ် တစ်ခုမှာ ဝင်နားကြနေကြတုန်း
နှုတ်ခမ်းလေးတွေပြာနေသော တိမ်တိုက်ကို ခွန်းမေးတော့...

'' အစောကြီး ရှိပါသေးတယ်။ သဘက်ပါတယ် မလား ခဏခြုံထားလိုက်မယ်။ ''

ခွန်း ကားပေါ်ကနေ သဘက်တစ်ထည်ကို ယူကာ ခြုံပေးလိုက်ပြီး တိမ်တိုက် သောက်ဖို့ရာ ပူပူနွေးနွေးတစ်ခု သွားရှာသည်။

တိမ်တိုက်လည်း ချမ်း၍ လက်လေးတွေပိုက်ကာ ကြုံ့ကြုံ့လေးထိုင်နေခဲ့လိုက်သည်။ အတော်ကြာသည်အထိ ခွန်းက ပြန်မလာသေးတာမို့ တိမ်တိုက် ခွန်းကိုထွက်ရှာတော့သည်။

တဖြည်းဖြည်း ရှာရင်း မဏ္ဍပ် အနောက်ထဲသို့တိမ်တိုက်ရောက်သွားစဥ် ခွန်းကို တွေ့သည်။ သို့သော် ခွန်းက ဆင်တူ မြန်မာ ဝတ်စုံများ ဝတ်ဆင်ထားသော သင်္ကြန် မယ်တွေ၏ အလယ်တွင် ရှိနေတာဖြစ်သည်။ ဟိုအမျိူးသမီးလေးတွေက ဘာတွေပြောနေသည်မသိ...ခွန်းမှာ သဘောကျစွာ ကိုရီနေတာပင်။ တိမ်တိုက်တစ်ယောက် ထိုမြင်ကွင်းကို မျက်စိရှေ့ထားပြီး ဒေါသက ငယ်ထိပ်တက်စောင့်တော့သည်။

'' ဟမ်....ငါ့ကျ ထားခဲ့ပြီး သူက မန်းလေးသူတွေနဲ့လာပျော်ပါးနေတာပါ ဟင်းဟင်း...တွေ့ကြသေးတာပေါ့။ တိမ်တိုက်ကြိုး ကိုဒါမျိူးလာလုပ်လို့မရဘူးကွ။ ''

တိမ်တိုက်သူ့ဘာသာပြောပြီး လက်သီးလက်မောင်းတန်းကာ ထိုအုပ်စုဆီလျှောက်သွားတော့သည်။

'' ဟုတ်လား ပါလာတာလား။ ပြီးရင်လိုက်တွေ့လို့ရော ရလား။ ကျောင်းအုပ်တို့ကို ညီမတို့က အပြင်မှာတွေ့ဖူးချင်နေတာ။ ''

ခွန်းတိမ်တိုက်အတွက် ကော်ဖီလာရှာရင်း သူ့ကိုသိ​နေကြသော မန်းလေးသူများနှင့်တွေ့ပြီး စကားပြောနေတာပင်။ ခွန်း၏ အောင်မြင်မှုက မန္တလေး အထိသတင်းရောက်ကြောင်း..ခွန်းနှင့်တိမ်တိုက်တို့အကြောင်းအား ဆိုရှယ်ပေါ်တွင် ခနခန မြင်တွေ့ရကြောင်း....တိမ်တိုက်လေးကို အရမ်းချစ်ကြောင်းပါ.... ထို အမျိူးသမီးလေးတွေက ပြောနေကြတာပင်။ ထိုအကြောင်းတွေအား ရှင်းပြတော့မှ သူနှင့်တိမ်တိုက်တို့က ဆိုရှယ်ပေါ်တွင် ကျော်ကြားသော LGBT စုံတွဲများဖြစ်နေကြောင်းကို ခွန်းသိတော့သည်။

မိုင်ကော်ဖီ အကြောင်းတိမ်တိုက်က တင်ဖူးထားတာကြောင့် ထိုထဲမှ တစ်ယောက်က မိုင်လို ကို လိုက်ရှာပေးနေတာကြောင့် ခွန်းစောင့်ရင်း သူ့တို့နှင့်စကားစမြည်ပြောနေတာဖြစ်သည်။

'' ကျောင်းအုပ်က တိမ်တိုက်ကြိုးလေးကို အရမ်းချစ်တာပဲနော်။ တိမ်တိုက်က Ig မှာ ခဏခဏ တင်တာ။ ''

'' ဟုတ်လား။ ကျွန်တော် ကဆိုရှယ်သိပ်မသုံးတော့ ''

''ဪ အဲ့တာကြောင့်ကို ကျောင်းအုပ်အကောင့်ကို ရှာတာ မတွေ့ပါဘူး မှတ်နေတာ ''

ခွန်းနှင့် ထိုအမျိူးသမီးလေးတို့် ​ပြောရင်း ရီမောနေကြစဥ်..တိမ်တိုက်ကတော့ ခွန်းနား တရွေ့ရွေ့ကပ်လာပြီး အနားရောက်ခါနီးမှ ရပ်လိုက်ကာ.....

'' ယောကျာ်း! ! ''

ခွန်းရော အမျိူးသမီးလေးတွေပါ အသံသေးသေးလေးလာရာကိုကြည့်ပြီး ပါးစပ်အဟောင်းသားတွေဖြစ်ကုန်သည်။ ခွန်းဆို ကြောင်တောင်​ကြောင်သွားသည်။တိမ်တိုက်က သူ့ကိုဘယ်လိုခေါ်လိုက်တာလဲ ။ ခွန်းမျက်နှာကြီး ရှက်သွေးဖြာနေတော့သည်။

'' ဟယ်... ဟိုဟာ တိမ်တိုက်ကြိုးလေးလား ''

'' အမလေး သေးသေးလေးဟ ''

'' ယောကျာ်းတဲ့...အမလေး..ငါသေပါပြီဟယ် ''

အမျိူးသမီးလေးတွေ တံတောင်တွေ အချင်းချင်း တွတ်ကာ ပြုံးစိစိ တွေဖြစ်သွားကြပြန်သည်။ ခွန်းမှာတော့ ခုထိရှက်ကောင်းတုန်း။

'' ယောကျာ်းကလည်း ကြာလိုက်တာဗျာ ။ ''

တိမ်တိုက် ခွန်း အနားသို့လာပြီး အမျိူးသမီးတွေကို တွန်းဖယ်ထုတ်ကာ ခွန်းလက်မောင်းကို ဖက်လိုက်ပြီး မော့ကာမေးသည်။

'' ဟင်... အင်း...''

ထိုစဥ်

'' ဒီမှာ မိုင်လို ရ အယ်....အား....တိမ်....တိမ်....တိမ်တိုက်ကြိုး မလား... ''

မိုင်လိုပူလေးကိုကိုင်လာသော အမျိူးသမီးသေးသေးေလးက ခွန်းတို့အတွဲ၏ Big shipper တဲ့လေ။

'' ဟဲ့ဟဲ့ ဖြည်းဖြည်း မှောက်ကုန်မယ် ''

'' တကယ် တိမ်တိုက် လေးလား..... အမလေး ငါသေပျော်ပါပြီဟယ်...ငါ့အချစ်လေးတွေက ငါ့မျက်စိရှေ့မှာ အရှင်လတ်လတ်ကြီး အား....''

တိမ်တိုက် တစ်ယောက် မျက်လုံးလေး ေပကလပ်ပေကလပ်ဖြင့် ခွန်းကိုမော့ကြည့်ရှာသည်။ ဘာတွေလဲ ပေါ့နော် သူမေးချင်တာက။

'' ဟဲ့ ဪ ကောင်မရယ်...ဟိုမှာ ငါတို့ တိမ်တိုက်လေး လန့်နေပြီ နင်လုပ်တာနဲ့။ ''

'' ဟီး ဟီး ရော့ရော... ဒီမှာ မိုင်လိုရပြီ ကျောင်းအုပ် ''

မိုင်လိုခွက်လေးကို ထိုအမျိူးသမီးလေးက ခွန်းဆီ ထိုးပေးသည်။ ခွန်း လွှဲပြောင်းယူလိုက်ပြီး.... သူပထမ ယူထားသော ကော်ဖီနှင့် သေချာရောနေလိုက်သည်။ ထိုအချိန် တိမ်တိုက်ကတော့ ထို အမျိူးသမီးလေးတွေ အလယ်ရောက်သွားပြီး စစ်ဆေးမေးမြန်းခြင်းကို ခံနေရတော့သည်။ နောက်မှ တိမ်တိုက်လည်း အခြေအနေကို သဘောပေါက်သွားပြီး ထိုအမျိူးသမီးလေးတွေက ခွန်းကိုကြောင်နေတာမဟုတ်ဘူးဆိုတာ သိလိုက်ရတော့သည်။ တိမ်တိုက်ကို ဆိုရှယ်အကောင့်တွေလည်း လက်ခံခိုင်းကြသည်။ ခွန်းကတော့ ပြုံးတုံးတုံး လုပ်ကာ တိမ်တိုက် ကြည့်နေတော့သည်။

မဆိုးဘူးဟုတော့ပြောလို့ရသည်။ အလကားနေရင်...ယောကျာ်း ဆိုတာက နှစ်ခါတောင်အခေါ်ခံလိုက်ရသည်မလား။

တိမ်တိုက်တဖြည်းဖြည်းအနေကြပ်လာပြီး... ခွန်းကိုလှမ်းကြည့်တော့... ခွန်းကလည်း ဝင်ကူညီချင်သည့်ပုံမပေါ်နေတာကြောင့်...

'' မောင်....''

အားကိုးတကြီး အသံလေးက အမျိူးသမီးအသံတွေအားကျော်လွန်ပြီး ခွန်းဆီရောက်လာသည်။

'' အယ် မောင်တဲ့လား အဟိ ''

မိုင်လိုယူလာပေးသော အမျိူးသမီးလေးကမေးတော့...

'' စောစောက ယောကျာ်းလို့ခေါ်တာဟဲ့ နင်ဘာသိလို့လဲ... နော်ဟုတ်တယ်မလား တိမ်တိုက် ''

'' ဗျာ ''

ဒီတစ်ခါ လန့်သွားသူက တိမ်တိုက်ကြိုးပင်။ သူ့ဘာဂျေဝင်ပြီး ခေါ်ခဲ့တုန်းက ခေါ်ခဲ့ပြီး အခုမှ ပြန်ရှက်နေတာပင်။

ခွန်း အသံတိတ်တစ်ချက်ရီလိုက်ပြီး မိုင်ကော်ဖီခွက်လေးကို ကိုင်ကာ တိမ်တိုက်ဆီသွားလိုက်တော့သည်။

'' ရော့.....''

မိုင်ကော်ဖီ ခွက်လေးကိုထိုးပေးလိုက်ပြီး တိမ်တိုက်ခါးသေးသေးလေး နောက်ကို ခွန်း သူ့လက်ဖဝါးကြီးဖြင့် ထိရုံသာ ထိန်းထားလိုက်ပြီးနောက်..

'' ရှန်မင်းခက် တို့ကိုရော သိလားဗျ ။ ''

'' ဟာ သိတာပေါ့...သူရော ပါလာတာလား ဟို စောမဟာသွေးရောပါလားဟင် ''

'' အင်းပါတယ် သူတို့ ဟိုဘက်နားလေးမှာရှိတယ်။ ကျွန်တော်တို့ ကိုတော့ သွားခွင့်ပြုပါဦးနော်။ ကျွန်တော့် ကလေးလေး ချမ်းနေပြီမို့ ''

ခွန်း အမျိူးသမီးလေးတွေကို အပြုံးနှင့်နှုတ်ဆက်ပြီး တိမ်တိုက် ပုခုံးကို ဖက်ကာ ထိုလူတွေကြားထဲမှ ခေါ်ထုတ်လာတော့သည်။

ထိုကျန်ခဲ့သောအမျိူးသမီး အုပ်စုကတော့ ခွန်းညွှန်ပြခဲ့ရာဘက်သို့ ချီတက်သွားကြတော့သည်။

ရှန်မင်းတို့နှစ်ယောက် အပင်အရိပ်အောက် အေးဆေးထိုင်ကာ အနားယူနေကြစဥ်....ရောက်လာသော အုပ်စုကြောင့် လန့်သွားသည်။

ထုံးစံအတိုင်း အမျိူးသမီးလေးတွေက စကားတွေကိုဖောင်ဖွဲ့ကာ သူတိူ့ကို သဘောကျကြောင်းပြောနေကြသည်။

'' ဟုတ် ဟုတ်ကဲ့ဗျ။ ဒါနဲ့ ဒီမှာ ကျွန်တော်တို့ရှိတာဘယ်လိုသိလဲ။ ''

'' ဟိုကျောင်းအုပ်ကြီးတို့အတွဲ ပြောပြလိုက်တာပါ ''

'' ကျစ်... ဒီလူတွေကွာ.... ''

အဲ့သည်လိုနှင့် ရှန်မင်းတို့နှစ်ယောက် နားချိန်ကို ထိုအမျိူးသမီးလေးတွေနှင့်ကုန်ဆုံးလိုက်ရ​တော့သည်။

တစ်ဖက်က တိမ်တိုက်ကတော့ ခွန်းနှင့်မျက်နှာချင်းတောင် မဆိုင်ရဲတော့။ ခွန်းက သူနဲ့အကြည့်ချင်းစုံတိုင်း ပြုံးစိစိလုပ်နေတာပင်။

အိမ်ပြန်လို့ အခန်းထဲ ရောက်သည်အထိ တိမ်တိုက် ခွန်းကို စကားမပြော။

တိမ်တိုက် ရေအရင်ဝင်ချိူးပြီးတော့... ခွန်းကိုမဖြစ်မနေ ခေါ်ရတော့မည်။ ဘာလို့ဆို မနက်က ရေချိူးပြီး bathrobe တွေက အကုန်အပြင်ရောက်နေတာကြောင့်အခန်းထဲ သဘက်တစ်ထည်တောင်ရှိမနေချေ။

ပုံမှန် ဒီတိုင်းထွက်လာ၍ ရသော်လည်း ခွန်းကို ယောကျာ်းဟုခေါ်ထားမိတာကတစ်​ကြောင်း....နောက်နေ့ သင်္ကြန် လည်ချင်သေးတာကတစ်​ကြောင်း....အဲ့ဒါကြောင့်။

'' မောင်ရေ...ကျွန်တော့်ကို သဘက်တစ်ထည်လောက် ''

တံခါးလေး အသာဟပြီး ပြောတော့ ခွန်း သဘက်ကြီး တစ်ထည်ကိုင်ကာ သွားလိုက်သည်။နောက် တိမ်တိုက်လက်လေးက ရှေ့ထွက်လာပြီး တောင်းတော့သည်။ ခွန်း လက်ထဲ ထည့်ပေးခါနီးအခါမှ ပြန်ရုပ်လိုက်ပြီး

'' ယောကျာ်း လို့ခေါ်ရင် ပေးမယ် ''

'' ဟာဗျာ မောင်ကလည်း... ပေးပါ ''

'' မောင်ပြောပြီးပြီရော...ယောကျာ်း လို့ခေါ်ပါဆို...လူတွေရှေ့တောင်ခေါ်ရဲသေးတာပဲ နှစ်ယောက်တည်းရှိတာကို ဘာတွေရှက်နေတာလဲ ''

'' မသိဘူးဗျာ မောင်သက်သက် ညစ်နေတာ။ ေပးပါဆို ကျွန်တော် အေးနေပြီလို့ ''

'' ယောကျာ်း လို့ခေါ်....''

တိမ်တိုက် နည်းနည်း စိတ်ဆိုးသွားပြီး....ငြိမ်သွားကာ

'' မခေါ်ဘူးဗျာ မခေါ်နိုင်ဘူး။ ဒီတိုင်းထွက်မယ်။ ဟွန့် ''

ပြောရင်း ဘာမှမဝတ်ထားသော ဝတ်လစ်စလစ် ဖြင့် ဒီတိုင်းတကယ်ကြီးထွက်လာတော့သည်။ ခွန်းကတော့ ရေစက်လေးတွေသီးနေသောတိမ်တို်က်၏ ကိုယ်လုံးအလှမှာ ပထမဆုံးမျောသွားပြီးမှ အသိပြန်ဝင်လာကာ...

'' ဟင်းဟင်း...သိပ်သတ္တိတွေကောင်းနေတာပဲ....သင်္ကြန်ကို အခန်းထဲမှာ ကုန်ဆုံးချင်တယ်ထင်တယ် ''

အဝတ်လဲနေသော တိမ်တိုက်နားသို့ခွန်းလျှောက်သွားပြီး ပြောလိုက်သည်။ တိမ်တိုက် အင်္ကျီ ကြယ်သီးတပ်​ေနရင်း ခြေသံကြားလို့ ဗြုန်းခနဲ လှည့်ကြည့်လိုက်ပြီး

'' ကျွန်တော့်ကို ယောကျာ်း... အမ်....မောင် လက်ညိုးနဲ့တောင်ထိဖို့မကြိုးစားနဲ့နော် ။ သူသေ ကိုယ်သေ ဖြစ်သွားမယ် ''

စိတ်ထဲ ယောကျာ်း ဆိုတာကြီးကဆွဲနေ၍ ထွက်ဖြစ်အောင်ထွက်လိုက်သေးသည်။ ခွန်းမှာတော့ ဗိုက်နှိပ်ကာ ရီတာမပျက်တော့ပေ။ တိမ်တိုက်ကတော့ အဝတ်လဲလဲ ​ပြီးချင်း ဆောင့်အောင့်ကာ အခန်းထဲက ထွက်သွားတော့သည်။

သင်္ကြန် နောက်ဆုံးနေကျတော့ ခွန်း တိမ်တိုက်တို့နှင့်မပါသွားပဲ အခန်းမှာပဲကျန်ခဲ့သည်။ စိတ်ပူသည်ဆိုပေမယ့်လည်း ရှန်မင်းခက် ပါနေတာကြောင့် စိတ်ချလက်ချပင်လွှတ်လိုက်တော့သည်။ ခွန်း မနက်အိပ်ယာနိုးကတည်းက ခေါင်းတွေမတရားကိုက်ကာ ဖျားချင်နေသလိုဖြစ်နေတာပင်။ တိမ်တိုက်စိတ်ပူနေမည်စိုးတာနှင့် အကြောင်းတစ်ခုခုပြ ပြီး နောက်မှ လိုက်လာမည်ဟုပြောလိုက်သည်။

အပျော်အပါးမက်လေသော တိမ်တိုက်တစ်ယောက် ကတော့ ခွန်း လိုက်မလာတာတောင် သူက အကဲ မပျက်။ ညနေစောင်းသည်အထိပြန်မလာကြသေးတာမို့ ခွန်း ထွက်ကာ တစ်ခေါက်သွားခေါ်ရသေးသည်။

ဖုန်းဆက်ကြည့်တော့ ဟိုတစ်ခေါက်က ကော်ဖီသွားယူသည့် မဏ္ဍပ် မှာဟုပြောသောကြောင့် ခွန်း ထွက်လာလိုက်သည်။ သွားသာခေါ်ရမှာဖြစ်ပြီး ခွန်းမှာ အဖျားက မကျချင်သေး။

ဟိုရောက်တော့...'' နည်းနည်းလေး သောက်ပါရစေ '' ဟုခွင့်တောင်းသွားသော တိမ်တိုက်လေးက များများသောက်ထားကြသော ရှန်မင်းတို့အလယ်တွင် တည့်တည့်မတ်မတ်ပင် စည်းချက်ညီညီ ငြိမ်ငြိမ်လေး ကနေတာကို တွေ့ရသည်။

မကြာခင် ေမှာင်တော့မှာမို့ တိမ်တိုက်နှင့် ရှန်မင်းတို့ အုပ်စု ကို ကားပေါ်တင်ဖို့ လုပ်ရတော့သည်။

ရှန်မင်းတို့ယူသွားသော ကားကိုမောင်းပေးဖို့ ဟိုတယ်က ဝန်ထမ်းတစ်ယောက်ကို ခေါ်လာလိုက်တာမှန်သွားသည်။ သည်ပုံအတိုင်း သာ ပြန်လာကြရင် လမ်းမှာ အလောင်းလိုက်ကောက်နေရတော့မည်မှာ ကျိန်းသေသည်။

ရှန်မင်းတို့ အုပ်စုကို အရင် ကားပေါ် တင်ပေးလိုက်သည်။ ခေါ်ရခက်နေသည်က အဒွေးနှင့်တိမ်တိုက်ပင်။ နှစ်ယောက် သား ဘယ်ကမ္ဘာ က Dancer တွေ ဝင်စားသလဲ မသိ ။ မမြင်ဖူးသည့် အကွက်တွေပါ ထုတ်သုံးပြီး ကနေကြတာပင်။

ခွန်း ပြောမရသည့်အဆုံး အဒွေးကို ဇက်ပိုးအုပ်ချလိုက်တော့မှ တ ဟင် ဟင် လုပ်ရင်း ခွန်းဆွဲခေါ်ရာနောက်ပါသွားတော့သည်။ ထိုလူတွေအုပ်စုကို ဟိုတယ်ကောင်လေးနှင့် ပြန်လွှတ်လိုက်ပြီး တိမ်တိုက်ကိုခေါ်ဖို့လုပ်ရတော့သည်။

နည်းနည်းလေးသောက်ထား၍ ငြိ်မ်နေသည်မှတ်တာ အမှန်တော့တိမ်တိုက်က အများကြီး သောက်ထားပြီး အရမ်းမူးနေလို့ ငြိမ်နေတာပင်။

'' ကလေး ပြန်ရအောင် ''

အပေါ်က ပက်ဖြန်းလာသည့်ရေတွေနှင့် Dj သံတွေကြား တိမ်တိုက်ကြားအောင် ခွန်းအော်ပြောရသည်။

'' ဟင် မောင်...ရောက်လာပြီ.အေ့...ကကြမယ်လေ ''

ခွန်းလက်ကြီး ကို ဆွဲကာ ကနေသော တိမ်တိုက်။ ကနေရင်း တဖြည်းဖြည်း တိမ်တိုက်ငြိမ်သွားပြီး သူဆုပ်ကိုင်ထားသော ခွန်းလက်ကို ​ဖျစ်ညစ်ကာ လိုက်ကိုင်ရင်း....ခြေဖျားထောက်ကာ ခွန်းနဖူးကို လှမ်းစမ်းသည်။ သို့သော် ကိုယ့်ကိုယ်ကို မထိန်းနိုင်တာကြောင့် တိမ်တိုက်ကိုယ်လေးက ခွန်းအပေါ်ပြိုကျပြန်သည်။

'' မောင်...ဖျားနေတယ်....အေ့....ဖျားနေ...''

'' အင်း မောင်ဖျားနေတာ... အဲ့တာကြောင့် ပြန်ကြမယ်နော်။ ''

'' အင်း အေ့...ပြန်မယ်..မောင်ဖျားနေတာ ရေစိုလို့မရဘူး အေ့ ...ပြန်ရမယ် ''

အမူးသမားလေး တိမ်တိုက်က ခွန်းလက်ကို ရှေ့ကနေဦးဆောင်ဆွဲကာ ယိုင်တိုင်တိုင်နှင့် ခေါ်ထုတ်သွားတော့သည်။ ထိုစဥ်လမ်းမှာ ဟိုနေ့က အမျိူးသမီးအုပ်စုက ခွန်းကို နောက်ဆုံးနေ့မို့ ရေလောင်းချင်သည်ဟုဆိုကာ ရေဖလားလေးတွေကိုင်ကာ လမ်းတွင် ပိတ်ရပ်နေကြသည်။ တိမ်တိုက် ထို အမျိူးသမီးလေးတွေ လက်ထဲက ရေဖလားတွေကို မြင်တော့... ခွန်းကိုသူ့နောက်ပို့ကာ လက်နှစ်ဖက် ဘေးကို ဆန့်ထုတ်ပြီး သူ့ကိုယ်လေးနှင့် ခွန်းကိုကာလိုက်သည်။

'' ဒီမှာ အမတို့... အေ့...ရေလောင်းချင် ကျွန်တော့်ကို...အေ့ လောင်း....မောင်ဖျားနေတယ်.....မောင့်..ကို မလောင်း နဲ့..အေ့။... ''

'' ဟယ် ဟုတ်လား တို့တွေက နောက်ဆုံးနေ့လေးမို့ သင်္ကြန်ပြီးရင် ရန်ကုန် ပြန်ကြတော့မှာမလား။ ''

အမျိူးသမီးလေးတွေ က အနောက်က ခွန်းကို မျက်နှာငယ်လေးနှင့်လောင်းချင်၍ ကြည့်နေကြသည်။

ဗွမ်း
..
'' အမလေး ပလုတ်တုတ် ''

တိမ်တိုက်တစ်ယောက် အမျိူးသမီးတွေလက်ထဲက ရေဖလားတွေ ပရမ်းပတာ ဆွဲယူကာ သူ့ကိုယ်သူ ပြန်လောင်းချနေတော့သည်။

'' တိမ်တိုက် အဲ့လို မလုပ်ရဘူးလေ ''

ခွန်း လှမ်းအော်တော့ တိမ်တိုက် မျက်စောင်းက ဒိုင်းခနဲ ခွန်းဆီရောက်လာတော့သည်။

'' မောင်က ကျွန်တော့်ကိုအော်တယ်ပေါ့လေ....အေ့....ကျွန်တော် က မောင်ဖျားနေလို့....''

ပြောရင်း ဘေးကိုယိုင်ကျသွားတော့မည့် တိမ်တိုက်ကိုယ်လေးကို ခွန်းဝင်ထိန်းလိုက်ပြီး တစ်ဆက်တည်း ဒူးအောက် လက်လျိူကာ ကောက်ပွေ့လိုက်တော့သည်။ ဒါကို လက်ပေါ်တွင် ရုန်းကန်နေသော တိမ်တိုက်ကို

'' ငြိမ်ငြိမ်နေ....''

ခ​ွန်း ​ခပ်ရှရှအမိန့်အသံကြောင့်ဘေးက အမျိူးသမီးတွေပါ ငြိမ်သွားပြီး မလှုပ်ရဲကြတော့။ နောက်တော့ ထိုထဲမှ မိုင်လိုယူလာပေးသော ကောင်မလေးက

'' ဟိုဟို...ဒီတိုင်းလေး လောင်းပါရစေနော်.. ''

ဟုပြောကာ တိမ်တိုက်ကို ချီထားသော ခွန်းကို ဖြည်းဖြည်းလောင်းတော့သည်။ အဲ့သည်လိုနှင့် ရေအလောင်းခံပြီးသည့်နောက်မှ ခွန်းတိမ်တိုက်ကို ကားဆီသို့ခေါ်လာကာ ဟိုတယ်သို့ပြန်ခဲ့တော့သည်။

အခန်းထဲမှာတော့ ရှန်မင်း တို့အုပ်စု ဖရုိဖရဲ အိပ်ပျော်နေကြလေပြီ။ ခွန်းလက်ပေါ်က တိမ်တိုက်ကလည်း တရှူးရှူးနှင့်အိပ်ပျော်နေလေပြီ။ ခွန်း တိမ်တိုက်ကို သန့်စင်ပေးကာ သူကိုယ်တိုင်လည်း ဆေးသောက်ပြီး အိပ်ရာဝင်လိုက်တော့သည်။

နှစ်ဆန်းတစ်ရက်နေ့မှာတော့ အရက်နာကျနေကြသော တစ်အုပ်စုလုံး ကို နေမကောင်းသော ခွန်းက ပြုစုပေးရတော့သည်။

'' အား...မောင် နာတယ် ဖြည်းဖြည်း ''

'' ဖြည်းဖြည်း လေးပဲဟာကို....''

'' မောင့်အားကြီးနဲ့....''

'' ဆော့တုန်းကဆော့ပြီး အခုမှ ဘာတွေလာပြောနေတာလဲ ''

ပရုပ်ဆီနံ့ဟာ အခန်းထဲ တော်တော်လေးနေရာယူထားသည်။ မနေ့က အသေကခဲ့သည့်အကျိူးဆက်ကို ဒီနေ့မှာ ခံစားနေရတာဖြစ်သည်။ ခွန်းကတော့ တိမ်တိုက် ခြေသလုံးတွေ ပေါင်တွေကို ဆေးလူးပြီး နှိပ်ပေးနေရတော့သည်။

12.8.2022

(Zawgyi )

သည္ႏွစ္ႏြေ... သၾကၤန္ေတာ့ တစ္ဖြဲ႕လုံး မႏၱေလး သို႔ေရာက္ေနၾကသည္။ တိမ္တိုက္က မန္းေလး လမ္းေလွ်ာက္သၾကၤန္သြားခ်င္ပါတယ္ဆိုၿပီး ေတာက္ေလွ်ာက္ပူဆာေနခဲ့တာျဖစ္သည္။ သြားခ်င္တာကလည္း သူငယ္ခ်င္း ေတြအကုန္လုံးႏွင့္သြားခ်င္တာတဲ့ေလ။ အဲ့ေတာ့ ခြန္းမွာ အဇူးတို႔လင္မယားကိုပါေခၚၿပီး ရွန္မင္းႏွင့္ ကိုကိုေရာ... အေဒြးကိုပါ စရိတ္ခံကာ ေခၚခဲ့လိုက္ေတာ့သည္။ ခြန္းခငယ္ေလးတို႔က သူတို႔ အုပ္စုႏွင့္သူတို႔ရန္ကုန္မွာပဲ ေဆာ့ခ်င္သည္ေျပာသည္။ နန္းဆုမြန္ဦးတစ္ေယာက္ကေတာ့ မိုင္းကိုင္ကို ျပန္သြားသည္။

မႏၱေလး က်ဴံးႏွင့္ နီးေသာ ဟိုတယ္တြင္ပဲ အားလုံး ငွားေနၾကသည္။ အဇူးတို႔လင္မယားႏွစ္ေယာက္ကိုေတာ့ သီးသန့္တစ္ခန္းေပးေနၿပီး က်န္သည့္လူေတြကေတာ့ အိပ္ခန္း သုံးခန္းပါဝင္သည့္ ဟိုတယ္၏ အက်ယ္ဆုံး အခန္းကို ငွားယူလိုက္သည္။

သၾကၤန္စသည့္ေန႕ကတည္း တိမ္တိုက္တို႔ ေတြ အခန္းကို အိပ္ခ်ိန္တစ္ခ်ိန္သာျပန္လာၾကသည္။ တစ္ေန႕လုံး နီးပါးအျပင္မွာသာ အခ်ိန္ျဖဳန္းၾကသည္။ က်န္းမာေရး ဆို ခ်ဴခ်ာ တက္ေသာ တိမ္တိုက္ ကေတာ့ ေရွ႕ဆုံးကေနကို အပီအျပင္ကဲေနေတာ့တာပင္။ သၾကၤန္တြင္းမို႔ ခြန္းကေတာ္ေတာ္တန္တန္မေျပာေတာ့ပဲ လိုက္ထိန္းေပး႐ုံသာလုပ္ေတာ့သည္။ အသက္ေတြလည္းငယ္ၾကေတာ့သည္မွ မဟုတ္ပဲ။

သၾကၤန္တြင္းမို႔အားလုံးကလည္းစိတ္လြတ္ကိုယ္လြတ္ ေပ်ာ္ေနၾကသည့္အခ်ိန္ျဖစ္တာေၾကာင့္ ခြန္းအေနနဲ႕ မႀကိဳက္ႏွစ္သက္ေသာ္လည္း မေျပာေတာ့ေပ။ ဟိုတယ္မွာလည္း ဟိုတယ္မွာမို႔ မ႑ပ္ေတြမွာဆိုလည္း မ႑ပ္ေတြမွာမို႔ သူတို႔အဖြဲ႕ဟာ ထင္ရွားကာ လူအမ်ားအားဆြဲေဆာင္နိုင္သည္။ အရပ္ေျခာက္ေပဝန္းက်င္ေတြၾကားတြင္ ညွပ္သူႏွစ္ေယာက္ကေတာ့ အဇူးႏွင့္တိမ္တိုက္သာလွ်င္။

ထုံးစံအတိုင္း စန္းအပြင့္ဆုံး လူသားကေတာ့ ေမာင္ရွန္မင္းခက္ပင္။ ေငြေရာင္ဆံပင္ေတြႏွင့္ ရွန္မင္းခက္က မႏၱေလး သူမ်ားၾကားတြင္ ကိုရီးယား အိုင္ေဒါ အလား ထင္ရွားေနသလို...ညိုေခ်ာေလးေတြမွ ႀကိဳက္ႏွစ္သက္သူ ညီမေလး မ်ားကေတာ့ ခြန္းဆီကေန အၾကည့္မခြာၾက။ အေဒြးက မႏၱေလး အဆင္တစ္စုႏွင့္ အဖြဲ႕က်ေနတတ္ၿပီး သဝန္တိုတတ္လြန္းသည့္ကိုကိုတစ္ေယာက္ကေတာ့ ရွန္မင္းခက္ကို လက္တခ်ိတ္ခ်ိတ္ျဖင့္ ပိုင္ဆိုင္ေၾကာင္းျပသည္။ တိမ္တိုက္ႀကိဳးေလးကေတာ့ မႏၱေလး သူ မမမ်ားအဖြဲ႕၏ ပင္တိုင္ ကေလးေလးျဖစ္လာေတာ့သည္။ ေမာင္ေလး ဆိုတာက ပါးစပ္ဖ်ားကမခ်။ အဇူးတို႔လင္မယားကေတာ့ရွင္းသည္။ စိုင္းမင္းႏြယ္က ေဘးကေန ေလဆာမီးေတြပစ္လႊတ္ေနတာေၾကာင့္အဇူးနားဘယ္သူမွမကပ္ရဲၾက။

'' ခ်မ္းေနၿပီလား ျပန္မလား ''

မ႑ပ္ တစ္ခုမွာ ဝင္နားၾကေနၾကတုန္း
ႏႈတ္ခမ္းေလးေတြျပာေနေသာ တိမ္တိုက္ကို ခြန္းေမးေတာ့...

'' အေစာႀကီး ရွိပါေသးတယ္။ သဘက္ပါတယ္ မလား ခဏၿခဳံထားလိုက္မယ္။ ''

ခြန္း ကားေပၚကေန သဘက္တစ္ထည္ကို ယူကာ ၿခဳံေပးလိုက္ၿပီး တိမ္တိုက္ ေသာက္ဖို႔ရာ ပူပူႏြေးႏြေးတစ္ခု သြားရွာသည္။

တိမ္တိုက္လည္း ခ်မ္း၍ လက္ေလးေတြပိုက္ကာ ႀကဳံ႕ႀကဳံ႕ေလးထိုင္ေနခဲ့လိုက္သည္။ အေတာ္ၾကာသည္အထိ ခြန္းက ျပန္မလာေသးတာမို႔ တိမ္တိုက္ ခြန္းကိုထြက္ရွာေတာ့သည္။

တျဖည္းျဖည္း ရွာရင္း မ႑ပ္ အေနာက္ထဲသို႔တိမ္တိုက္ေရာက္သြားစဥ္ ခြန္းကို ေတြ႕သည္။ သို႔ေသာ္ ခြန္းက ဆင္တူ ျမန္မာ ဝတ္စုံမ်ား ဝတ္ဆင္ထားေသာ သၾကၤန္ မယ္ေတြ၏ အလယ္တြင္ ရွိေနတာျဖစ္သည္။ ဟိုအမ်ိဴးသမီးေလးေတြက ဘာေတြေျပာေနသည္မသိ...ခြန္းမွာ သေဘာက်စြာ ကိုရီေနတာပင္။ တိမ္တိုက္တစ္ေယာက္ ထိုျမင္ကြင္းကို မ်က္စိေရွ႕ထားၿပီး ေဒါသက ငယ္ထိပ္တက္ေစာင့္ေတာ့သည္။

'' ဟမ္....ငါ့က် ထားခဲ့ၿပီး သူက မန္းေလးသူေတြနဲ႕လာေပ်ာ္ပါးေနတာပါ ဟင္းဟင္း...ေတြ႕ၾကေသးတာေပါ့။ တိမ္တိုက္ႀကိဳး ကိုဒါမ်ိဴးလာလုပ္လို႔မရဘူးကြ။ ''

တိမ္တိုက္သူ႕ဘာသာေျပာၿပီး လက္သီးလက္ေမာင္းတန္းကာ ထိုအုပ္စုဆီေလွ်ာက္သြားေတာ့သည္။

'' ဟုတ္လား ပါလာတာလား။ ၿပီးရင္လိုက္ေတြ႕လို႔ေရာ ရလား။ ေက်ာင္းအုပ္တို႔ကို ညီမတို႔က အျပင္မွာေတြ႕ဖူးခ်င္ေနတာ။ ''

ခြန္းတိမ္တိုက္အတြက္ ေကာ္ဖီလာရွာရင္း သူ႕ကိုသိေနၾကေသာ မန္းေလးသူမ်ားႏွင့္ေတြ႕ၿပီး စကားေျပာေနတာပင္။ ခြန္း၏ ေအာင္ျမင္မႈက မႏၱေလး အထိသတင္းေရာက္ေၾကာင္း..ခြန္းႏွင့္တိမ္တိုက္တို႔အေၾကာင္းအား ဆိုရွယ္ေပၚတြင္ ခနခန ျမင္ေတြ႕ရေၾကာင္း....တိမ္တိုက္ေလးကို အရမ္းခ်စ္ေၾကာင္းပါ.... ထို အမ်ိဴးသမီးေလးေတြက ေျပာေနၾကတာပင္။ ထိုအေၾကာင္းေတြအား ရွင္းျပေတာ့မွ သူႏွင့္တိမ္တိုက္တို႔က ဆိုရွယ္ေပၚတြင္ ေက်ာ္ၾကားေသာ LGBT စုံတြဲမ်ားျဖစ္ေနေၾကာင္းကို ခြန္းသိေတာ့သည္။

မိုင္ေကာ္ဖီ အေၾကာင္းတိမ္တိုက္က တင္ဖူးထားတာေၾကာင့္ ထိုထဲမွ တစ္ေယာက္က မိုင္လို ကို လိုက္ရွာေပးေနတာေၾကာင့္ ခြန္းေစာင့္ရင္း သူ႕တို႔ႏွင့္စကားစျမည္ေျပာေနတာျဖစ္သည္။

'' ေက်ာင္းအုပ္က တိမ္တိုက္ႀကိဳးေလးကို အရမ္းခ်စ္တာပဲေနာ္။ တိမ္တိုက္က Ig မွာ ခဏခဏ တင္တာ။ ''

'' ဟုတ္လား။ ကြၽန္ေတာ္ ကဆိုရွယ္သိပ္မသုံးေတာ့ ''

''ဪ အဲ့တာေၾကာင့္ကို ေက်ာင္းအုပ္အေကာင့္ကို ရွာတာ မေတြ႕ပါဘူး မွတ္ေနတာ ''

ခြန္းႏွင့္ ထိုအမ်ိဴးသမီးေလးတို့္ ေျပာရင္း ရီေမာေနၾကစဥ္..တိမ္တိုက္ကေတာ့ ခြန္းနား တေ႐ြ႕ေ႐ြ႕ကပ္လာၿပီး အနားေရာက္ခါနီးမွ ရပ္လိုက္ကာ.....

'' ေယာက်ာ္း! ! ''

ခြန္းေရာ အမ်ိဴးသမီးေလးေတြပါ အသံေသးေသးေလးလာရာကိုၾကည့္ၿပီး ပါးစပ္အေဟာင္းသားေတြျဖစ္ကုန္သည္။ ခြန္းဆို ေၾကာင္ေတာင္ေၾကာင္သြားသည္။တိမ္တိုက္က သူ႕ကိုဘယ္လိုေခၚလိုက္တာလဲ ။ ခြန္းမ်က္ႏွာႀကီး ရွက္ေသြးျဖာေနေတာ့သည္။

'' ဟယ္... ဟိုဟာ တိမ္တိုက္ႀကိဳးေလးလား ''

'' အမေလး ေသးေသးေလးဟ ''

'' ေယာက်ာ္းတဲ့...အမေလး..ငါေသပါၿပီဟယ္ ''

အမ်ိဴးသမီးေလးေတြ တံေတာင္ေတြ အခ်င္းခ်င္း တြတ္ကာ ၿပဳံးစိစိ ေတြျဖစ္သြားၾကျပန္သည္။ ခြန္းမွာေတာ့ ခုထိရွက္ေကာင္းတုန္း။

'' ေယာက်ာ္းကလည္း ၾကာလိုက္တာဗ်ာ ။ ''

တိမ္တိုက္ ခြန္း အနားသို႔လာၿပီး အမ်ိဴးသမီးေတြကို တြန္းဖယ္ထုတ္ကာ ခြန္းလက္ေမာင္းကို ဖက္လိုက္ၿပီး ေမာ့ကာေမးသည္။

'' ဟင္... အင္း...''

ထိုစဥ္

'' ဒီမွာ မိုင္လို ရ အယ္....အား....တိမ္....တိမ္....တိမ္တိုက္ႀကိဳး မလား... ''

မိုင္လိုပူေလးကိုကိုင္လာေသာ အမျိူးသမီးသေးသေးေလးက ခြန္းတို႔အတြဲ၏ Big shipper တဲ့ေလ။

'' ဟဲ့ဟဲ့ ျဖည္းျဖည္း ေမွာက္ကုန္မယ္ ''

'' တကယ္ တိမ္တိုက္ ေလးလား..... အမေလး ငါေသေပ်ာ္ပါၿပီဟယ္...ငါ့အခ်စ္ေလးေတြက ငါ့မ်က္စိေရွ႕မွာ အရွင္လတ္လတ္ႀကီး အား....''

တိမ္တိုက္ တစ္ေယာက္ မ်က္လုံးေလး ေပကလပ်ပေကလပ်ဖြင့် ခြန္းကိုေမာ့ၾကည့္ရွာသည္။ ဘာေတြလဲ ေပါ့ေနာ္ သူေမးခ်င္တာက။

'' ဟဲ့ ဪ ေကာင္မရယ္...ဟိုမွာ ငါတို႔ တိမ္တိုက္ေလး လန့္ေနၿပီ နင္လုပ္တာနဲ႕။ ''

'' ဟီး ဟီး ေရာ့ေရာ... ဒီမွာ မိုင္လိုရၿပီ ေက်ာင္းအုပ္ ''

မိုင္လိုခြက္ေလးကို ထိုအမ်ိဴးသမီးေလးက ခြန္းဆီ ထိုးေပးသည္။ ခြန္း လႊဲေျပာင္းယူလိုက္ၿပီး.... သူပထမ ယူထားေသာ ေကာ္ဖီႏွင့္ ေသခ်ာေရာေနလိုက္သည္။ ထိုအခ်ိန္ တိမ္တိုက္ကေတာ့ ထို အမ်ိဴးသမီးေလးေတြ အလယ္ေရာက္သြားၿပီး စစ္ေဆးေမးျမန္းျခင္းကို ခံေနရေတာ့သည္။ ေနာက္မွ တိမ္တိုက္လည္း အေျခအေနကို သေဘာေပါက္သြားၿပီး ထိုအမ်ိဴးသမီးေလးေတြက ခြန္းကိုေၾကာင္ေနတာမဟုတ္ဘူးဆိုတာ သိလိုက္ရေတာ့သည္။ တိမ္တိုက္ကို ဆိုရွယ္အေကာင့္ေတြလည္း လက္ခံခိုင္းၾကသည္။ ခြန္းကေတာ့ ၿပဳံးတုံးတုံး လုပ္ကာ တိမ္တိုက္ ၾကည့္ေနေတာ့သည္။

မဆိုးဘူးဟုေတာ့ေျပာလို႔ရသည္။ အလကားေနရင္...ေယာက်ာ္း ဆိုတာက ႏွစ္ခါေတာင္အေခၚခံလိုက္ရသည္မလား။

တိမ္တိုက္တျဖည္းျဖည္းအေနၾကပ္လာၿပီး... ခြန္းကိုလွမ္းၾကည့္ေတာ့... ခြန္းကလည္း ဝင္ကူညီခ်င္သည့္ပုံမေပၚေနတာေၾကာင့္...

'' ေမာင္....''

အားကိုးတႀကီး အသံေလးက အမ်ိဴးသမီးအသံေတြအားေက်ာ္လြန္ၿပီး ခြန္းဆီေရာက္လာသည္။

'' အယ္ ေမာင္တဲ့လား အဟိ ''

မိုင္လိုယူလာေပးေသာ အမ်ိဴးသမီးေလးကေမးေတာ့...

'' ေစာေစာက ေယာက်ာ္းလို႔ေခၚတာဟဲ့ နင္ဘာသိလို႔လဲ... ေနာ္ဟုတ္တယ္မလား တိမ္တိုက္ ''

'' ဗ်ာ ''

ဒီတစ္ခါ လန့္သြားသူက တိမ္တိုက္ႀကိဳးပင္။ သူ႕ဘာေဂ်ဝင္ၿပီး ေခၚခဲ့တုန္းက ေခၚခဲ့ၿပီး အခုမွ ျပန္ရွက္ေနတာပင္။

ခြန္း အသံတိတ္တစ္ခ်က္ရီလိုက္ၿပီး မိုင္ေကာ္ဖီခြက္ေလးကို ကိုင္ကာ တိမ္တိုက္ဆီသြားလိုက္ေတာ့သည္။

'' ေရာ့.....''

မိုင္ေကာ္ဖီ ခြက္ေလးကိုထိုးေပးလိုက္ၿပီး တိမ္တိုက္ခါးေသးေသးေလး ေနာက္ကို ခြန္း သူ႕လက္ဖဝါးႀကီးျဖင့္ ထိ႐ုံသာ ထိန္းထားလိုက္ၿပီးေနာက္..

'' ရွန္မင္းခက္ တို႔ကိုေရာ သိလားဗ် ။ ''

'' ဟာ သိတာေပါ့...သူေရာ ပါလာတာလား ဟို ေစာမဟာေသြးေရာပါလားဟင္ ''

'' အင္းပါတယ္ သူတို႔ ဟိုဘက္နားေလးမွာရွိတယ္။ ကြၽန္ေတာ္တို႔ ကိုေတာ့ သြားခြင့္ျပဳပါဦးေနာ္။ ကြၽန္ေတာ့္ ကေလးေလး ခ်မ္းေနၿပီမို႔ ''

ခြန္း အမ်ိဴးသမီးေလးေတြကို အၿပဳံးႏွင့္ႏႈတ္ဆက္ၿပီး တိမ္တိုက္ ပုခုံးကို ဖက္ကာ ထိုလူေတြၾကားထဲမွ ေခၚထုတ္လာေတာ့သည္။

ထိုက်န္ခဲ့ေသာအမ်ိဴးသမီး အုပ္စုကေတာ့ ခြန္းၫႊန္ျပခဲ့ရာဘက္သို႔ ခ်ီတက္သြားၾကေတာ့သည္။

ရွန္မင္းတို႔ႏွစ္ေယာက္ အပင္အရိပ္ေအာက္ ေအးေဆးထိုင္ကာ အနားယူေနၾကစဥ္....ေရာက္လာေသာ အုပ္စုေၾကာင့္ လန့္သြားသည္။

ထုံးစံအတိုင္း အမ်ိဴးသမီးေလးေတြက စကားေတြကိုေဖာင္ဖြဲ႕ကာ သူတိူ႕ကို သေဘာက်ေၾကာင္းေျပာေနၾကသည္။

'' ဟုတ္ ဟုတ္ကဲ့ဗ်။ ဒါနဲ႕ ဒီမွာ ကြၽန္ေတာ္တို႔ရွိတာဘယ္လိုသိလဲ။ ''

'' ဟိုေက်ာင္းအုပ္ႀကီးတို႔အတြဲ ေျပာျပလိုက္တာပါ ''

'' က်စ္... ဒီလူေတြကြာ.... ''

အဲ့သည္လိုႏွင့္ ရွန္မင္းတို႔ႏွစ္ေယာက္ နားခ်ိန္ကို ထိုအမ်ိဴးသမီးေလးေတြႏွင့္ကုန္ဆုံးလိုက္ရေတာ့သည္။

တစ္ဖက္က တိမ္တိုက္ကေတာ့ ခြန္းႏွင့္မ်က္ႏွာခ်င္းေတာင္ မဆိုင္ရဲေတာ့။ ခြန္းက သူနဲ႕အၾကည့္ခ်င္းစုံတိုင္း ၿပဳံးစိစိလုပ္ေနတာပင္။

အိမ္ျပန္လို႔ အခန္းထဲ ေရာက္သည္အထိ တိမ္တိုက္ ခြန္းကို စကားမေျပာ။

တိမ္တိုက္ ေရအရင္ဝင္ခ်ိဴးၿပီးေတာ့... ခြန္းကိုမျဖစ္မေန ေခၚရေတာ့မည္။ ဘာလို႔ဆို မနက္က ေရခ်ိဴးၿပီး bathrobe ေတြက အကုန္အျပင္ေရာက္ေနတာေၾကာင့္အခန္းထဲ သဘက္တစ္ထည္ေတာင္ရွိမေနေခ်။

ပုံမွန္ ဒီတိုင္းထြက္လာ၍ ရေသာ္လည္း ခြန္းကို ေယာက်ာ္းဟုေခၚထားမိတာကတစ္ေၾကာင္း....ေနာက္ေန႕ သၾကၤန္ လည္ခ်င္ေသးတာကတစ္ေၾကာင္း....အဲ့ဒါေၾကာင့္။

'' ေမာင္ေရ...ကြၽန္ေတာ့္ကို သဘက္တစ္ထည္ေလာက္ ''

တံခါးေလး အသာဟၿပီး ေျပာေတာ့ ခြန္း သဘက္ႀကီး တစ္ထည္ကိုင္ကာ သြားလိုက္သည္။ေနာက္ တိမ္တိုက္လက္ေလးက ေရွ႕ထြက္လာၿပီး ေတာင္းေတာ့သည္။ ခြန္း လက္ထဲ ထည့္ေပးခါနီးအခါမွ ျပန္႐ုပ္လိုက္ၿပီး

'' ေယာက်ာ္း လို႔ေခၚရင္ ေပးမယ္ ''

'' ဟာဗ်ာ ေမာင္ကလည္း... ေပးပါ ''

'' ေမာင္ေျပာၿပီးၿပီေရာ...ေယာက်ာ္း လို႔ေခၚပါဆို...လူေတြေရွ႕ေတာင္ေခၚရဲေသးတာပဲ ႏွစ္ေယာက္တည္းရွိတာကို ဘာေတြရွက္ေနတာလဲ ''

'' မသိဘူးဗ်ာ ေမာင္သက္သက္ ညစ္ေနတာ။ ေပးပါဆို ကြၽန္ေတာ္ ေအးေနၿပီလို႔ ''

'' ေယာက်ာ္း လို႔ေခၚ....''

တိမ္တိုက္ နည္းနည္း စိတ္ဆိုးသြားၿပီး....ၿငိမ္သြားကာ

'' မေခၚဘူးဗ်ာ မေခၚနိုင္ဘူး။ ဒီတိုင္းထြက္မယ္။ ဟြန့္ ''

ေျပာရင္း ဘာမွမဝတ္ထားေသာ ဝတ္လစ္စလစ္ ျဖင့္ ဒီတိုင္းတကယ္ႀကီးထြက္လာေတာ့သည္။ ခြန္းကေတာ့ ေရစက္ေလးေတြသီးေနေသာတိမ္တို္က္၏ ကိုယ္လုံးအလွမွာ ပထမဆုံးေမ်ာသြားၿပီးမွ အသိျပန္ဝင္လာကာ...

'' ဟင္းဟင္း...သိပ္သတၱိေတြေကာင္းေနတာပဲ....သၾကၤန္ကို အခန္းထဲမွာ ကုန္ဆုံးခ်င္တယ္ထင္တယ္ ''

အဝတ္လဲေနေသာ တိမ္တိုက္နားသို႔ခြန္းေလွ်ာက္သြားၿပီး ေျပာလိုက္သည္။ တိမ္တိုက္ အကၤ်ီ ၾကယ္သီးတပ္ေနရင်း ေျခသံၾကားလို႔ ျဗဳန္းခနဲ လွည့္ၾကည့္လိုက္ၿပီး

'' ကြၽန္ေတာ့္ကို ေယာက်ာ္း... အမ္....ေမာင္ လက္ညိုးနဲ႕ေတာင္ထိဖို႔မႀကိဳးစားနဲ႕ေနာ္ ။ သူေသ ကိုယ္ေသ ျဖစ္သြားမယ္ ''

စိတ္ထဲ ေယာက်ာ္း ဆိုတာႀကီးကဆြဲေန၍ ထြက္ျဖစ္ေအာင္ထြက္လိုက္ေသးသည္။ ခြန္းမွာေတာ့ ဗိုက္ႏွိပ္ကာ ရီတာမပ်က္ေတာ့ေပ။ တိမ္တိုက္ကေတာ့ အဝတ္လဲလဲ ၿပီးခ်င္း ေဆာင့္ေအာင့္ကာ အခန္းထဲက ထြက္သြားေတာ့သည္။

သၾကၤန္ ေနာက္ဆုံးေနက်ေတာ့ ခြန္း တိမ္တိုက္တို႔ႏွင့္မပါသြားပဲ အခန္းမွာပဲက်န္ခဲ့သည္။ စိတ္ပူသည္ဆိုေပမယ့္လည္း ရွန္မင္းခက္ ပါေနတာေၾကာင့္ စိတ္ခ်လက္ခ်ပင္လႊတ္လိုက္ေတာ့သည္။ ခြန္း မနက္အိပ္ယာနိုးကတည္းက ေခါင္းေတြမတရားကိုက္ကာ ဖ်ားခ်င္ေနသလိုျဖစ္ေနတာပင္။ တိမ္တိုက္စိတ္ပူေနမည္စိုးတာႏွင့္ အေၾကာင္းတစ္ခုခုျပ ၿပီး ေနာက္မွ လိုက္လာမည္ဟုေျပာလိုက္သည္။

အေပ်ာ္အပါးမက္ေလေသာ တိမ္တိုက္တစ္ေယာက္ ကေတာ့ ခြန္း လိုက္မလာတာေတာင္ သူက အကဲ မပ်က္။ ညေနေစာင္းသည္အထိျပန္မလာၾကေသးတာမို႔ ခြန္း ထြက္ကာ တစ္ေခါက္သြားေခၚရေသးသည္။

ဖုန္းဆက္ၾကည့္ေတာ့ ဟိုတစ္ေခါက္က ေကာ္ဖီသြားယူသည့္ မ႑ပ္ မွာဟုေျပာေသာေၾကာင့္ ခြန္း ထြက္လာလိုက္သည္။ သြားသာေခၚရမွာျဖစ္ၿပီး ခြန္းမွာ အဖ်ားက မက်ခ်င္ေသး။

ဟိုေရာက္ေတာ့...'' နည္းနည္းေလး ေသာက္ပါရေစ '' ဟုခြင့္ေတာင္းသြားေသာ တိမ္တိုက္ေလးက မ်ားမ်ားေသာက္ထားၾကေသာ ရွန္မင္းတို႔အလယ္တြင္ တည့္တည့္မတ္မတ္ပင္ စည္းခ်က္ညီညီ ၿငိမ္ၿငိမ္ေလး ကေနတာကို ေတြ႕ရသည္။

မၾကာခင္ ေမှာင်တော့မှာမို့ တိမ္တိုက္ႏွင့္ ရွန္မင္းတို႔ အုပ္စု ကို ကားေပၚတင္ဖို႔ လုပ္ရေတာ့သည္။

ရွန္မင္းတို႔ယူသြားေသာ ကားကိုေမာင္းေပးဖို႔ ဟိုတယ္က ဝန္ထမ္းတစ္ေယာက္ကို ေခၚလာလိုက္တာမွန္သြားသည္။ သည္ပုံအတိုင္း သာ ျပန္လာၾကရင္ လမ္းမွာ အေလာင္းလိုက္ေကာက္ေနရေတာ့မည္မွာ က်ိန္းေသသည္။

ရွန္မင္းတို႔ အုပ္စုကို အရင္ ကားေပၚ တင္ေပးလိုက္သည္။ ေခၚရခက္ေနသည္က အေဒြးႏွင့္တိမ္တိုက္ပင္။ ႏွစ္ေယာက္ သား ဘယ္ကမၻာ က Dancer ေတြ ဝင္စားသလဲ မသိ ။ မျမင္ဖူးသည့္ အကြက္ေတြပါ ထုတ္သုံးၿပီး ကေနၾကတာပင္။

ခြန္း ေျပာမရသည့္အဆုံး အေဒြးကို ဇက္ပိုးအုပ္ခ်လိဳက္ေတာ့မွ တ ဟင္ ဟင္ လုပ္ရင္း ခြန္းဆြဲေခၚရာေနာက္ပါသြားေတာ့သည္။ ထိုလူေတြအုပ္စုကို ဟိုတယ္ေကာင္ေလးႏွင့္ ျပန္လႊတ္လိုက္ၿပီး တိမ္တိုက္ကိုေခၚဖို႔လုပ္ရေတာ့သည္။

နည္းနည္းေလးေသာက္ထား၍ ၿငိ္မ္ေနသည္မွတ္တာ အမွန္ေတာ့တိမ္တိုက္က အမ်ားႀကီး ေသာက္ထားၿပီး အရမ္းမူးေနလို႔ ၿငိမ္ေနတာပင္။

'' ကေလး ျပန္ရေအာင္ ''

အေပၚက ပက္ျဖန္းလာသည့္ေရေတြႏွင့္ Dj သံေတြၾကား တိမ္တိုက္ၾကားေအာင္ ခြန္းေအာ္ေျပာရသည္။

'' ဟင္ ေမာင္...ေရာက္လာၿပီ.ေအ့...ကၾကမယ္ေလ ''

ခြန္းလက္ႀကီး ကို ဆြဲကာ ကေနေသာ တိမ္တိုက္။ ကေနရင္း တျဖည္းျဖည္း တိမ္တိုက္ၿငိမ္သြားၿပီး သူဆုပ္ကိုင္ထားေသာ ခြန္းလက္ကို ဖ်စ္ညစ္ကာ လိုက္ကိုင္ရင္း....ေျခဖ်ားေထာက္ကာ ခြန္းနဖူးကို လွမ္းစမ္းသည္။ သို႔ေသာ္ ကိုယ့္ကိုယ္ကို မထိန္းနိုင္တာေၾကာင့္ တိမ္တိုက္ကိုယ္ေလးက ခြန္းအေပၚၿပိဳက်ျပန္သည္။

'' ေမာင္...ဖ်ားေနတယ္....ေအ့....ဖ်ားေန...''

'' အင္း ေမာင္ဖ်ားေနတာ... အဲ့တာေၾကာင့္ ျပန္ၾကမယ္ေနာ္။ ''

'' အင္း ေအ့...ျပန္မယ္..ေမာင္ဖ်ားေနတာ ေရစိုလို႔မရဘူး ေအ့ ...ျပန္ရမယ္ ''

အမူးသမားေလး တိမ္တိုက္က ခြန္းလက္ကို ေရွ႕ကေနဦးေဆာင္ဆြဲကာ ယိုင္တိုင္တိုင္ႏွင့္ ေခၚထုတ္သြားေတာ့သည္။ ထိုစဥ္လမ္းမွာ ဟိုေန႕က အမ်ိဴးသမီးအုပ္စုက ခြန္းကို ေနာက္ဆုံးေန႕မို႔ ေရေလာင္းခ်င္သည္ဟုဆိုကာ ေရဖလားေလးေတြကိုင္ကာ လမ္းတြင္ ပိတ္ရပ္ေနၾကသည္။ တိမ္တိုက္ ထို အမ်ိဴးသမီးေလးေတြ လက္ထဲက ေရဖလားေတြကို ျမင္ေတာ့... ခြန္းကိုသူ႕ေနာက္ပို႔ကာ လက္ႏွစ္ဖက္ ေဘးကို ဆန့္ထုတ္ၿပီး သူ႕ကိုယ္ေလးႏွင့္ ခြန္းကိုကာလိုက္သည္။

'' ဒီမွာ အမတို႔... ေအ့...ေရေလာင္းခ်င္ ကြၽန္ေတာ့္ကို...ေအ့ ေလာင္း....ေမာင္ဖ်ားေနတယ္.....ေမာင့္..ကို မေလာင္း နဲ႕..ေအ့။... ''

'' ဟယ္ ဟုတ္လား တို႔ေတြက ေနာက္ဆုံးေန႕ေလးမို႔ သၾကၤန္ၿပီးရင္ ရန္ကုန္ ျပန္ၾကေတာ့မွာမလား။ ''

အမ်ိဴးသမီးေလးေတြ က အေနာက္က ခြန္းကို မ်က္ႏွာငယ္ေလးႏွင့္ေလာင္းခ်င္၍ ၾကည့္ေနၾကသည္။

ဗြမ္း
..
'' အမေလး ပလုတ္တုတ္ ''

တိမ္တိုက္တစ္ေယာက္ အမ်ိဴးသမီးေတြလက္ထဲက ေရဖလားေတြ ပရမ္းပတာ ဆြဲယူကာ သူ႕ကိုယ္သူ ျပန္ေလာင္းခ်ေနေတာ့သည္။

'' တိမ္တိုက္ အဲ့လို မလုပ္ရဘူးေလ ''

ခြန္း လွမ္းေအာ္ေတာ့ တိမ္တိုက္ မ်က္ေစာင္းက ဒိုင္းခနဲ ခြန္းဆီေရာက္လာေတာ့သည္။

'' ေမာင္က ကြၽန္ေတာ့္ကိုေအာ္တယ္ေပါ့ေလ....ေအ့....ကြၽန္ေတာ္ က ေမာင္ဖ်ားေနလို႔....''

ေျပာရင္း ေဘးကိုယိုင္က်သြားေတာ့မည့္ တိမ္တိုက္ကိုယ္ေလးကို ခြန္းဝင္ထိန္းလိုက္ၿပီး တစ္ဆက္တည္း ဒူးေအာက္ လက္လ်ိဴကာ ေကာက္ေပြ႕လိုက္ေတာ့သည္။ ဒါကို လက္ေပၚတြင္ ႐ုန္းကန္ေနေသာ တိမ္တိုက္ကို

'' ၿငိမ္ၿငိမ္ေန....''

ခြန္း ခပ္ရွရွအမိန့္အသံေၾကာင့္ေဘးက အမ်ိဴးသမီးေတြပါ ၿငိမ္သြားၿပီး မလႈပ္ရဲၾကေတာ့။ ေနာက္ေတာ့ ထိုထဲမွ မိုင္လိုယူလာေပးေသာ ေကာင္မေလးက

'' ဟိုဟို...ဒီတိုင္းေလး ေလာင္းပါရေစေနာ္.. ''

ဟုေျပာကာ တိမ္တိုက္ကို ခ်ီထားေသာ ခြန္းကို ျဖည္းျဖည္းေလာင္းေတာ့သည္။ အဲ့သည္လိုႏွင့္ ေရအေလာင္းခံၿပီးသည့္ေနာက္မွ ခြန္းတိမ္တိုက္ကို ကားဆီသို႔ေခၚလာကာ ဟိုတယ္သို႔ျပန္ခဲ့ေတာ့သည္။

အခန္းထဲမွာေတာ့ ရွန္မင္း တို႔အုပ္စု ဖရုိဖရဲ အိပ္ေပ်ာ္ေနၾကေလၿပီ။ ခြန္းလက္ေပၚက တိမ္တိုက္ကလည္း တရႉးရႉးႏွင့္အိပ္ေပ်ာ္ေနေလၿပီ။ ခြန္း တိမ္တိုက္ကို သန့္စင္ေပးကာ သူကိုယ္တိုင္လည္း ေဆးေသာက္ၿပီး အိပ္ရာဝင္လိုက္ေတာ့သည္။

ႏွစ္ဆန္းတစ္ရက္ေန႕မွာေတာ့ အရက္နာက်ေနၾကေသာ တစ္အုပ္စုလုံး ကို ေနမေကာင္းေသာ ခြန္းက ျပဳစုေပးရေတာ့သည္။

'' အား...ေမာင္ နာတယ္ ျဖည္းျဖည္း ''

'' ျဖည္းျဖည္း ေလးပဲဟာကို....''

'' ေမာင့္အားႀကီးနဲ႕....''

'' ေဆာ့တုန္းကေဆာ့ၿပီး အခုမွ ဘာေတြလာေျပာေနတာလဲ ''

ပ႐ုပ္ဆီနံ႕ဟာ အခန္းထဲ ေတာ္ေတာ္ေလးေနရာယူထားသည္။ မေန႕က အေသကခဲ့သည့္အက်ိဴးဆက္ကို ဒီေန႕မွာ ခံစားေနရတာျဖစ္သည္။ ခြန္းကေတာ့ တိမ္တိုက္ ေျခသလုံးေတြ ေပါင္ေတြကို ေဆးလူးၿပီး ႏွိပ္ေပးေနရေတာ့သည္။

12.8.2022

Continue Reading

You'll Also Like

101K 12.7K 106
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
65.1K 4.4K 54
႐ြာ၂႐ြာၾကား ေခ်ာင္းကေလးကစည္းျခားထားသလို ကြၽန္ေတာ္တို႔၂ေယာက္ၾကားမွာလည္းစည္းတခ်ိဳ႕ကျခားထားသည္ေလ.... ဒါေပမယ့္ ႐ြာ၂႐ြာကိုဆက္သြယ္ဖို႔တံတားေလးတည္ေဆာက္ထားလိ...
485K 33.5K 31
story description>>>>> start-5/10/2021 end-1/1/2022
61.1K 2.2K 68
မေမေကတော့ ပြောရှာပါတယ်။ သားလေးရင်ခုန်မိတာ ကောင်လေးတစ်ယောက်ဘဲရှိသေးတယ်။ နောက်တစ်ယောက်ကို သားရင်ခုန်မိသွားရင် အဲ့တစ်ယောက်ကတော့ မိန်းကလေးတစ်ယောက်ဖြစ်နို...