Boundary Of War Empire With L...
By TigerLily507
2.4K 367 93
စစ်အင်ပါယာနယ်နိမိတ်တွေကြားက မေတ္တာကြိုးနွယ်လေး။ JungKook xOC (Unicode+Zawgyi) Starting Date-August19 More
{စကားချီး}
{နောက်ခံသမိုင်း}
{အပိုင်း-၁}
{အပိုင်း-၃}
{အပိုင်း-၄}
{အပိုင်း-၅}
အပိုင်း{၆}
{အပိုင်း-၂}
227 47 13
By TigerLily507
Unicode
၄နှစ်ခန့်အကြာ...
သူရင်းဌားအိမ်တစ်အိမ်၏ မီးဖိုချောင်တွင်
တကုတ်ကုတ်နှင့် အလှုပ်ရှုပ်နေသူ ဟွာရန်းသည် ယခုဆိုအသက် ၂၀ မျှရှိပြီဖြစ်သည်။
ရွာဟောင်းကိုစွန့်ခဲ့ကျပြီးကတည်းက မြို့ပေါ်တက်၍ သူဌေးအိမ်များတွင် အောက်ခြေသိမ်းအလုပ်မှန်သမျှကိုလုပ်သည်။ သူတို့က နေစရာ၊စားစရာ ကိုသာပေးပြီး သုံးစွဲဖို့ငွေအသပြာကို တခြားအလုပ်
တစ်ခုခိုးလုပ်မှသာ သုံးစွဲရသည်။ အိမ်ရှင်တွေမရှိခင် ခဝါသည်လုပ်တာမျိုးပေါ့။
"ဟွာရန်း..ဘာလုပ်နေတာလဲ!!ငါအော်ခေါ်နေတာကြာလှပီလေ.."
"လာပါပီ သခင်မကြီး..ဟွာရန်း ထမင်းရည်ငှဲ့လက်စဖြစ်.."
"ဖြန်း!"
"ငါ့ခေါ်ရင်လာ..ငါခိုင်းရင်လုပ် ဘာမှအတွန့်မတက်နဲ့"
"ဟုတ်..ဟုတ်ကဲ့"
"ဒီနေ့ အိမ်ကို အရာရှိတစ်ယောက်လာဖို့ရှိတယ် အဲ့တာအိမ်ကိုပြောင်နေအောင် ကြမ်းတိုက်ထား ကြားလား!"
"ဟုတ်ကဲ့ ကြားပါတယ်"
"အချိုးပြေပြေနေ ဟွန်း!"
ရဲရဲနီသွားသော ပါးပြင်လေးကိုအုပ်လျက်
ဟွာရန်း မီဖိုးချောင်ဆီပြန်ကာ ချက်လက်စဟင်းရာများကို မျက်ရည်စက်လက်ဖြင့် မငြီးမညူ ချက်ပြုတ်ပေးရပြန်သည်။
ထို့နောက် တုံကင်မှာ ရေနှိပ်ရင်း
အိမ်ကြမ်းတိုက်ဖို့ရေခတ်ကာ ကြမ်းစတိုက်သည်။
"ဂျောင်..နင်ဘယ်မှာလဲ"
ကြမ်းပြားပေါ်သို့ လိမ့်ဆင်းသွားသော မျက်ရည်စများကို ဘယ်သူမှညှာတာသနားမဲ့သူမရှိ။ ပြေးရင်းလွှားရင်း ဝမ်း‌ရေး အတွက်
ဟွာရန်း နှစ်တွေအကြာကြီးရုန်းကန်ခဲ့ပြီးပီ။
ဂျောင် လာခေါ်ရင်တော့ သူဒီဘဝကလွှတ်မြောက်တော့မှာဆိုသော မျှော်လင့်ချက်နဲ့
ဆက်လက်ရှင်သန် စောင့်မျှော်နေခဲ့တယ်။
သူများရဲ့ အနှိမ်ခံ ၊အနှိပ်စက်ခံဘဝ နဲ့ လူ့အသိစိတ်ကင်းမဲ့ကျသော ယောင်္ကျားကြီးများရန်ကိုလဲ ဟွာရန်း ဈေးသွားတိုင်း
ကာကွယ်ရသည်။ မြို့ပေါ်တွင် အင်္ဂလိပ်တပ်များ၏ တပ်ခွဲများရှိကာ လူမျိုးမတူ ၊ဘာသာမတူတွေကြောင့် ဟွာရန်းအတွက် အပြင်လောကဟာ သိပ်ကြောက်ဖို့ကောင်းလွန်းနေသည်။
"မိဟွာရန်း! အဆင်သင့်ပြင်ထားပြီးပီလား.."
"ဟုတ်ကဲ့ သခင်မကြီး.."
"သွား..သွား..နင့်အင်္ကျီအဝတ်အစားတွေလှဲလာခဲ့ သန့်သန့်ပြန့်ပြန့်ရှိပါစေနော်"
"ဟုတ်ကဲ့"
ဟွာရန်းအိပ်ရသော အိမ်နောက်ဖေးတင်းကုပ်
လေးဆီသွားကာ အဝတ်အစားသေတ္တာလေးထဲက အကောင်းဆုံးလို့ယူဆလို့ရတဲ့ အပေါက်အပြဲအနာအဆာ သိပ်မရှိတဲ့တာလေးကို ရွေး၍ ဝတ်လိုက်သည်။
ထို့နောက် မျက်နှာခြေမှုန့်ပါးပါးလေး
လူးလိုက်သည်။ တလောက‌ဈေးသွားရင်း ဝယ်ထားတာလေး အိမ်ရှင်တွေမသိအောင်
ဖွက်ထားရတယ် မဟုတ်ရင် သူတို့ပိုက်ဆံနဲ့ခိုးဝယ်ပါတယ်ဆိုပြီး လူပုံအလည်အရှက်ခွဲလိမ့်မယ်။
"ကြွပါ အင်စပက်တာရှင့်"
ခပ်ဝဝပုံပန်းနှင့် ပန်းဆိုးပန်းရိုက်အလှအပတွေပြင်ဆင်ချယ်သထားသော သခင်မကြီးသည် အရာရှိမင်းအား တရိုတသေခါးကျိုးမတတ် ဧည့်ဝတ်ကျေပွန်သည်။ မြို့ရဲ့ ငွေတိုးချေးစားသော သခင်မကြီးထံ ဒီရဲအရာရှိက
အဘယ်သောအရာကိုလို၍လာလဲမသိ။
ဟွာရန်း သူတို့၏ ခပ်လှမ်းလှမ်းထောင့်အကွယ်မှာသာ ရပ်လျက် နားစွင့်‌ထားသည်။
"ဟွာရန်းရေ...သမီး အရာရှိမင်းကို တည်သီးလက်ဖက်ရည်လေး ချပေးပါဦးကွယ်"
"ဟုတ်ကဲ့ လာပါပြီ"
လက်ဖက်ရည်ဗန်းကိုင်လျက် သူတို့ဆီသွားနေသော ဟွာရန်းကို နှုတ်ခမ်းမွှေးသပ်လျက်
မျက်နှာဖြူအရာရှိမင်းသည် မထီတထီဖြင့်
ခြေဆုံးခေါင်းကြည့်ပြီးနောက် သခင်မကြီးအား ခေါင်းညိမ့်ပြသည်။
"သမီးရေ..သမီးအတွက် အိမ်ရှင်အသစ်ရထားပြီ ဒီအရာရှိက သမီးကိုသူ့အိမ်မှာ အလုပ်လုပ်စေချင်လို့တဲ့ကွယ်..ပိုက်ဆံလဲပေးအုံးမှာတဲ့"
"မလုပ်ပါနဲ့ သခင်မကြီး ဟွာရန်းကိုတိုင်း
တပါးသားလက်ထဲတော့ မထည့်လိုက်ပါနဲ့..
သခင်မကြီး ကြိုက်သလို‌ခိုင်းပါ ရိုက်နှပ်လဲကိစ္စမရှိပါဘူး တောင်းပန်ပါတယ်"
"စိတ်မကောင်းပါဘူးကွယ် ပိုက်ဆံလက်ခံလိုက်ပြီးပီမို့ပါ"
သခင်မကြီးသည် ယခုငွေထုပ်ပိုက်လျက် ပြုံးပြုံးကြီး ရှိနေပြီး အရာရှိအား ကျွန်အဖြစ်
ဟွာရန်းကိုရောင်းစားလိုက်သည်။ ဟွာရန်းကို ကိုယ့်လူမျိုး ဒုက္ခသည်တစ်ယောက်လို့ မြင်ပုံမပေါ်ခဲ့ဘူးထင်ပါ့။
"သွားကြစို့ မိန်းကလေး အထုပ်အပိုးပြင်ပါ"
အင်္ဂလိပ်မျက်နှာဖြူ၏ ကိုရီးယားစကားပြန်မှ ဆိုသည်။
တစ်ကောင်ကြွက် စားစရာ၊နေစရာမရှိတဲ့ မိန်းကလေးတစ်ယောက်ဘဲလေ ။
မြေနစ်ရာလှံစိုက်ချင်ကြတော့လဲ ခံရရုံပေါ့။
ငါ့မှာပြန်တွန်းလှန်နိုင်တဲ့ ခွန်အားတွေမရှိဘူးလေ ။ ‌ဂျောင်ရေ..ငါ့ကိုဒီထက်ပစ်မထားပါနဲ့တော့။
ထိုသူတို့ခေါ်ရာနောက် အဝတ်ထုပ်ပိုက်လျက်
ဟွာရန်းလိုက်သွားခဲ့သည်။ ပတ်ဝန်းကျင်က
လူများကလဲ ကွက်ကြည့်ကွက်ကြည့်ဖြင့်
ဟွာရန်း သိပ်ရှက်သည်။ အခုချိန်မှာ
တမ်းတစရာလူဟူ၍ တစ်ယောက်သာရှိသည်။ ဟွာရန်းရဲ့ကမ္ဘာကြီးထဲမှာ ဂျောင်ဂုတစ်ယောက်ထဲရှိတော့တာကြောင့်
တမ်းတမိတာပါ အချစ်ရယ်။
"နင်ဒီမှာနေပြီး အိမ်မှု့ကိစ္စအားလုံးလုပ်ရမယ်၊ အရာရှိမင်းခိုင်းတာမှန်သမျှ ငြင်းဆန်ခွင့်မရှိလုပ်ရမယ် အခုနင်ကသူ့ကျွန်ဘဲ
နားလည်လား"
"တောင်းပန်ပါတယ် လူမျိုးတူချင်းဘဲဟာ ကျွန်မကိုကူညီပါရှင် ဒီအိမ်မှာမနေချင်လို့ပါ"
"မရဘူး ဒါငါ့ကိစ္စမဟုတ်ဘူး"
ဒူးဖက်လျက် အောက်ကျခံတောင်းပန်သော်လည်း ထိုလူသည် ပစ်ပစ်ခါခါထွက်သွားရက်သည်။ ဟွာရန်းတွင် သိက္ခာတွေ မာနတွေ ဘာမှကုန်းကောက်စရာမရှိအောင်
လူဖြစ်ရှုံးရသည်။
"Hey,come to me.."
ပြောတာကိုနားမလည်ပေမဲ့ လက်ဟန်ပြကာ
တာကြောင့် သူ့အနားလာဖို့ခေါ်လိုက်တာမှန်း
ဟွာရန်း သဘောပေါက်လိုက်သည်။
သူခေါ်တာကိုမလာတာကြောင့် အရာရှိသည်
ကြမ်းပေါ်ထိုင်နေသာ ဟွာရန်း၏ လက်မောင်းမှ ဆွဲခေါ်ကာ သူ့အိပ်ခန်းထဲ
ပစ်ထည့်လိုက်သည်။
"Don't cry..I will be gentle Hahahah!"
"မလုပ်ပါနဲ့"
ကျောပြင်နဲ့ကုတင်ထိစပ်ခံလိုက်ရပြီးနောက်
အရာရှိ၏ ယုတ်မာသောအကြံကိုရိပ်မိလိုက်တာကြောင့် အနီးအနားကိုအကဲခတ်လိုက်ရာ
ကြွေပန်းအိုးတစ်လုံး ရှိနေသည်။
"Come on.. Don't be shy"
ငြိမ်သက်နေသော ဟွာရန်းကို အတူနေဖို့လက်ခံသည့်အထင်ဖြင့် ဖြေးဖြေးချင်းတိုးကပ်လာရာ အနားရောက်မှ ပန်းအိုးဖြင့် ရိုက်လိုက်တာကြောင့် ထိုလူ၏ခေါင်းမှ သွေးနီနီများစီးကျလာသည်။
"How Dare you!!"
အခန်းပြင်သို့ထွက်ပြေးသော ဟွာရန်းကိုအမှီလိုက်ကာ တွန်းလှဲပစ်လိုက်ပြီး သူ့လက်ထဲ ကြာပွတ်ဖြင့် ဒေါသတကြီးရိုက်တော့သည်။
ပြောလည်းပြော ရိုက်လဲရိုက်ဖြင့် ခံရသူ
ဟွာရန်းမှာ သတိပင်လွှတ်ချင်နေပြီ။
"Please stop, or else she will die.."
အိမ်ပြင်ကရပ်စောင့်နေသော စကားပြန် ဝင်၍တားတော့မှရိုက်‌နေရာက
ရပ်ပေးကာ ဆဲဆိုကျိန်းမောင်း၍ သူ့အခန်းဆီပြန်သွားတော့သည်။
ထိုနေ့က စကားပြန်ကြောင့်သာမဟုတ်ရင်
ဟွာရန်း ဂျောင့်ကိုပင်မမြင်လိုက်ရဘဲ လောကကြီးထဲကထွက်သွားရတော့မည့်
ဆဲဆဲပင်ဖြစ်ခဲ့သည်။
_____________________________________
နောက်အပိုင်းတွေမှာတော့ အင်္ဂလိပ်လိုထည့်မရေးတော့ဘဲနဲ့ အင်္ဂလိပ်လိုပြောကြဆိုကြတယ်လို့တော့ သိထားပေးရပါမယ်။
စာဖတ်သူတစ်ယောက်ချင်းဆီတိုင်းကို
ကျေးဇူးတင်လျက်ပါ။
ကျားလီလီ၅၀၇
Zawgyi code
၎နှစ်ခန့်အကြာ...
"ဖြန်း!"
"ဟုတ်..ဟုတ်ကဲ့"
"ဟုတ်ကဲ့ ကြားပါတယ်"
"အချိုးပြေပြေနေ ဟွန်း!"
"ဂျောင်..နင်ဘယ်မှာလဲ"
"ဟုတ်ကဲ့ သခင်မကြီး.."
"ဟုတ်ကဲ့"
"ကြွပါ အက်စပက်တာရှင့်"
"ဟုတ်ကဲ့ လာပါပြီ"
မြေနှစ်ရာလှံစိုက်ချင်ကြတော့လဲ ခံရရုံပေါ့။
ဟွာရန်း သိပ်ရှက်သည်။ အခုချိန်မှာ
တမ်းတမိတာပါ အချစ်ရယ်။
နားလည်လား"
လူဖြစ်ရှုံးရသည်။
"Hey,come to me.."
ပစ်ထည့်လိုက်သည်။
"မလုပ်ပါနဲ့"
"Come on.. Don't be shy"
"How Dare you!!"
ဆဲဆဲပင်ဖြစ်ခဲ့သည်။
_____________________________________
ကျေးဇူးတင်လျက်ပါ။
ကျားလီလီ၅၀၇
Continue Reading
You'll Also Like
159K 5.7K 42
❝ if I knew that i'd end up with you then I would've been pretended we were together. ❞ She stares at me, all the air in my lungs stuck in my throat...
109K 3.3K 31
"she does not remind me of anything, everything reminds me of her." lando norris x femoc! social media x real life 2023 racing season
943K 21.6K 49
In wich a one night stand turns out to be a lot more than that.
75.2K 1.7K 32
!Uploads daily! Max starts his first year at college. Everything goes well for him and his friends PJ and Bobby until he meets Bradley Uppercrust the...