သေးသွယ်တဲ့ခါးကျဥ်းသေးသေးလေးက
ဖက်တွယ်ချင်လေသော လက်တွေကိုတနည်းတနည်းတဖုံ ဆွဲဆောင်နေလေသည်။
ရင်ခွင်ထဲမြုပ်သွားမတတ် ကိုယ်လုံးလေးရဲ့
နူးညံ့ပျော့ပျောင်းမူတွေက ဖယောင်းရုပ်လေးလို ချစ်ရသူမျက်ဝန်းထဲ၌နေရာအပြည့်
ယူလို့ထား၏။
သေချာတယ်...သူလေးကသိပ်ကိုဆွဲဆောင်ညို့ငင်နိင်တဲ့ မာနခဲနတ်ဘုရားလေး။
သိပ်ကိုအသန့်အပြန်ကြိုက်လွန်းသူလေး၊ရွှေပေါ်မြတင်ဘဝနဲ့ ဘယ်သူတစ်ဦးမှအထိမခံပဲ ဝါဂွမ်းလေးလိုနုဖတ်ဖတ်အသားအရည်လေးနဲ့ ဦးမော့၍ ခစားရလေတဲ့မာနမင်းသား
လေးကသူ့ရင်ခွင်ထဲ ကိုယ်လုံးလေးကိုမှီ၍
နှုတ်ခမ်းပါးလေးတွေတုန်ဆင်းသွားလေအောင်ပြုံးရယ်နေပါ၏။
"ဘယ်တုန်းကဝါသနာပါသွားလဲ...ကိုတောင်မသိလိုက်ဘူး"
"မင်းကနေဒါကိုသွားနေတဲ့ အချိန်တုန်းကစိတ်ကူးပေါက်ရာလုပ်မိရင်းပေါ့၊မင်းကိုလွမ်း
လေ အလှဆုံးပုံဖော်မိလေပဲ"
အရှေ့ကနေ နှုတ်ခမ်းလေးတလှုပ်လှုပ်နှင့်စကားပြောရင်း လက်သွယ်လေးတွေက ရွှံတုံးတစ်ခုအပေါ်အလှဆုံးပုံဖော်နေမူကိုကြည့်
ပြီးအနောက်ကနေ ခါးသွယ်လေးကိုဖက်ကာ
မရမကမထိတထိလိုက်စနေတဲ့ တည်စေရာမိုင်။
အခုလိုညဘက်ခိုးတွေ့ရတဲ့အချိန်လေးက ချစ်သူနှစ်ယောက်အတွက် ချိုမြိန်တဲ့သကြား
ခဲလေးကိုစားသုံးရသလိုပါပဲ။
ချမ်းသာလွန်းပြီးမာနခေါက်ခိုက်တဲ့ရွှေမင်းသားလေးရဲ့ အခန်းကကျယ်ဝန်းလွန်းသ
တာကြောင့် ဝါသနာပါရာ ရွှံစေးပုံဖော်တဲ့အရာအတွက် သက်သက်အခန်းငယ်လေးတစ်ခုထားရှိထား၏။
အထူးအဆန်းမဖြစ်မိပေမဲ့ အနည်းငယ်မှင်သက်မိလေတဲ့ မျက်နှာချောချောက အပြုံးလေးတစ်ခုက ကန်ရေပြင်မှာဖြတ်ပြေးသွားတဲ့လရောင်ငယ်လေးလို။
အခုတော့ သေးသွယ်တဲ့ခါးလေးကိုအနောက်ကထိုင်ရင်းဖက်တွယ်ကာ ဂုတ်ပိုးလေးကိုနမ်းလိုက် ၊အသဲယားလို့ဆိုပြီး နှုတ်ခမ်းလေးကို
ဆွဲဆွဲနမ်းရှိုက်တာကြောင့် နှုတ်ခမ်းပါးလေးတွေဆို တည်စေရာမိုင်ရဲ့ရန်ရှာမူကြောင့်ပူထူလို့ ဆူထော်နေလေ၏။
ဇွတ်တရွတ် ဂျစ်တိုက်ပြီးရုတ်တရပ်ဆန်ဆန်
လုပ်တတ်တဲ့အပြုအမူကို ပိုင်ဆိုင်ထားလေတဲ့ချစ်သူကို ပိုင်ဆိုင်ထားရတဲ့သူဆိုတော့ပြုသမျှနုနေရသည်ကအဆန်းတကြယ်မဟုတ်တော့။
"ဘယ်လောက်လွမ်းလဲ"
"မင်းကိုလွမ်းကြောင့်အတိုင်းအတာမရှိဘူး
အိမ်မက်ထဲတောင်တွေ့သမျှလူကိုမင်းကိုလွမ်းကြောင်းပြောပြနေရတာနဲ့မအားဘူး"
"အိမ်မက်ထဲတောင် ဘယ်သူတွေကိုတွေ့နေပြန်သေးတာ...ကိုကျထည့်မမက်ပဲနဲ့ဟွန့်"
ကြည့်ဦး ရုပ်ကြီးက၊ဒါလား မြို့ကနာမည်
ကြီးလူဆိုး၊ဒါကြီးက ဖေဖေရဲ့ညာလက်ရုံးတပည့်ကြီးတဲ့လား။
မားဖီးယားဂိုဏ်းသားတွေရဲ့ပါးစပ်ဖျားဖိတ်ဖိတ်တုန်အောင်ကြောက်ရတဲ့ နာမည်
ကြီးလူဆိုးကောင်က ဟွန့်တဲ့၊ ခါးလေးကိုဖက်ထားတဲ့လက်ကိုရုတ်သိမ်း၊ဂုတ်ပိုးလေး
ကိုတဖွဖွနမ်းရှိုက်နေတဲ့ နှုတ်ခမ်းညိုတွေကို
အခစားဝင်ရာမှ ဆုတ်ခွာလို့ အနောက်ကနေ
ခပ်ခွာခွာအနေအထားနဲ့ ဆူဆူပုတ်ပုတ်ကြီး။
သဝန်တိုတာကြီးက အိမ်မက်တွေကိုတောင်
သဝန်တိုနေပြန်တယ်။
"အဲ့အိမ်မက်တွေကို ငါပိုင်လို့မရဘူးလား"
ဟုတည်စေရာမိုင်က ခပ်ဂျစ်ဂျစ်အသံနဲ့ပြောလိုက်တဲ့စကားက ဇွတ်။
"အိမ်မက်ထဲမှာတွေ့တဲ့လူတွေက အတိအကျမရှိဘူး၊သေမင်းဆိုရင်တောင် ငါကမင်းရှိနေလို့ ပြန်ခုခံခဲ့တာချည်း၊ အတိအကျမှတ်မိနေရအောင် ငါ့ယောကျ်ားကလွဲလို့စိတ်မဝင်စားဘူး...ယုံလိုက်"
"ဒီနေ့ကစပြီးအဲ့အိမ်မက်တွေကို ယောကျ်ားဝယ်လိုက်ပြီနော်"
"ယောကျ်ား...သဘော"
ထိုအခါမှ ပြီတီတီမျက်နှာပေးကြီးနဲ့ နှုတ်ခမ်းလေးကွေးရုံပြုံးကာ တဖန်ပြန်၍အနားကပ်
လာလေပြီး တစ်ကိုယ်လုံးကိုသိမ်းကျုံးဆွဲဖက်ပြီးနမ်းရှိုက်လိုက်ပြန်တယ်။
ကိုက တကယ်ငဂျစ်ကလေး။
"မင်းကွာ...လိုက်မစနေနဲ့၊ဒီမှာ ပုံမကျတော့ဘူးပေကုန်ပြီလို့"
"မွှေးနေတာပဲ၊ ကိုက်စားချင်လာပြီ"
"ကိုက်စားချင်နောက်မှကိုက်စား...အခုတော့မရသေးဘူး...အာ့...ခ်ခ်...လွှတ်ကွာ"
"မလွှတ်ဘူး...ယောကျ်ားကိုဂရုမစိုက်ပဲ၊ဒါတွေကိုအရေးတယူလုပ်နေလို့အပြစ်ပေးရမယ်"
"နောက်မှလို့...ဘာလို့ကလိထိုးနေတာလဲ..လူယုတ်မာကြီး...ခ်ခ်"
"လူယုတ်မာလို့ပြောလာပြီဆိုတော့...ယုတ်မာပြရတာပေါ့....လာခဲ့"
"ခဏနေဦး တန်းလန်းကြီး...ကိုနော်"
"မရဘူး...လာခဲ့တော့၊အပြစ်ပေးမယ်"
အတင်းဆွဲလွဲပွေ့ဖက်ကာ ရင်ခွင်ထဲကမခွာ
အောင်တင်းကျပ်အောင်ဖက်ထားတဲ့ တည်စေရာမိုင်ရဲ့ ပါးပြင်ထက် ရွှံအနည်းငယ်ကပေသွားလေတော့၏။
မွှန်နေတော့လည်း ဘာလုပ်လုပ်မသိလေတော့သည်ဆိုတော့ အခက်သား။
"ဟား...မင်းမျက်နှာမှာပေကုန်ပြီ၊ကောင်းတယ်ပြောမရဆိုမရလေး"
"ယောကျ်ားကိုလှောင်တယ်ပေါ့...တွေ့မယ်"
"အမေ့...ဘယ်ကိုချီသွားတာလဲလို့"
"ရေချိုးခန်းထဲကို...ရေချိုးရင်းအပြစ်ပေးမို့"
အပြစ်ပေးတာက ရိုးရိုးတန်းတန်းအပြစ်ပေးခြင်းမဟုတ်လေတော့ နိူင်းမှာ မလိုက်ချင်သလိုမူရပေမဲ့ ကိုယ့်လူလက်ဆကိုသိနေတော့ အနောက်ကတောင်ကြိမ်းသွားလေတယ်။
ရင်ဘတ်ကြီးကိုထုရိုက်ပြီး ငြင်းဆန်တဲ့စကားလေးတွေပလုံစီနေအောင် ပြောကာခပ်ဖွဖွထုရိုက်တာတွေကြား လူကိုလုံးဝလွှတ်ပေးခြင်းပင်မရှိ အစွမ်းကုန်ချစ်ပစ်မဲ့မျက်ဝန်းညိုတွေရဲ့ကြား နိူင်းမှာ ပိုက်ကွန်တဲ့ကျေကျေနပ်
နပ်ကြီးအမိခံလေတဲ့ လိပ်ပြာလေးလိုတောင်
ပံတဖျပ်ဖျပ်နဲ့ ထွန့်ထွန့်လူးလို့ပါပဲ။
သိပ်ချစ်မိသွားလေသူက နူးညံ့တဲ့အယုအယ
တွေကြားထဲ ရုမ်းကိုမထွက်နိင်တဲ့ ဝင်္ကပါထဲ
ရောက်ကာမျက်စီတဝဲလည်လည်။
"မနက်ဖြန်ချိန်းတွေ့ကြရအောင်"
အနိမ့်အမြင့် တဖိုဖိုအသက်ရှုသံခပ်ပြင်းပြင်း
သံတွေနဲ့ ခပ်သြသြအသံပိုင်ရှင်ကြောင့် ရင်ခုန်သံတွေကိုနားဆင်ရင်း တောင့်တင်းခိုင်မာလေတဲ့ ရင်ဘတ်ကြီးပေါ်မှီတွယ်နေလေတဲ့ ကိုယ်လုံးလေးကလှုပ်ရှားကာ ခေါင်းလေးမော့လာပြီးမျက်လုံးဝိုင်းလေးတွေကဝိုင်းစက်ပြူးကျယ်လို့။
"မနက်ဖြန်ဟုတ်လား"
ဟု မောဟိုက်တဲ့လေသံလေးနဲ့တိုးဖွဖွမေးလိုက်၏။
ချွေးတွေနဲ့ရွှဲနစ်နေတဲ့နှစ်ကိုယ်ကြားအထိအ
တွေ့တွေကြား ဒဏအရာအမာရွတ်တွေနဲ့မင်းမူနေတဲ့ရင်ဘတ်ကျယ်ကြီးက နိူင်းအတွက်တော့သိပ်ကိုဆွဲဆောင်မူပြင်းပြလေတဲ့ဝိုင်တစ်ခွက်လိုပင်။
ထိုအမာရွတ်တခုတိုင်းကို ထိတွေ့ပွတ်သပ်လို့ချစ်တင်းနှောလေတိုင်း တယုတယနဲ့နမ်းရှိုက်ခဲ့လေသည့်အကြိမ်ပေါင်းကမနည်းလှ။
တည်စေရာမိုင် မင်းကသိပ်ငြိတွယ်စရာကောင်းတဲ့ သိုးမည်းလေးပဲ။
"အင်း....မနက်ဖြန် လွတ်လပ်စွာချိန်းတွေ့ကြရအောင်...မင်းကိုပြောစရာစကားလည်းရှိတယ်"
"အခုပြောလို့မရဘူးလား...အရမ်းသိချင်နေပြီ"
"မနက်ကျသိရမှာပေါ့...အချစ်ရယ်ပြွတ်"
ဒီကမ္ဘာမှာ တယောက်တည်းသာထိတွေ့လို့ရတဲ့ နိူင်းရဲ့ကိုယ်လုံးလေးက သူပြုမူထားလို့ဖွတ်ဖွတ်ညက်ညက်ကိုကျေလွင့်လို့။
ဒါကိုပဲ နိူင်းကလိုလင့်တကြီးနဲ့ကို ခွင့်ပြုထားတာ၊ မထိမှာစိုးလို့တောင်အရင်ကထက်ပိုတောင်အသန့်အပြန်ကြိုက်ပြီး ခန္ဓာကိုယ်ကိုဘယ်လောက်ဂရုစိုက်လာလဲ။
နိူင်းကိုလိုချင်သူတွေ ထိတွေ့ချင်သူတွေဝိုင်းဝိုင်းလည်နေတဲ့ကြားက အနားကပ်လို့မရအောင်အစောင့်အရှောက်တွေ ဝိုင်းရံနေအောင်ချထားလေတဲ့ ရွှေမင်းသားလေးကသူ့အပိုင်ဖြစ်လို့ ရင်ခွင်ထဲပြုံးပျော်ခိုနားလို့။
ထွေးဖက်နှောင်တွယ်လာတဲ့လက်တွေကြား
ပို၍တိုးဝင်ကာ ကျောပြင်ကြီးကိုဖက်တွယ်ရင်း ပို၍ပို၍။
"သား....ဒီနေ့အပြင်မှာ လျှောက်လည်ချင်တယ်၊ အခုကလည်းခွင့်တောင်းတာထက်အသိပေးရုံ"
ဟုနိူင်းရဲ့စကားကြားတော့ မနက်မိုးလင်းတည်းကနိူင်းကိုတွေ့ဖို့ ရောက်နေတဲ့ကိုကိုကမျက်လုံးတွေ ဝိုင်းကျယ်လို့ အကြည့်တွေကသူ့ဆီစုပြုံရောက်လာ၏။
ဒါကိုလည်း နိူင်းသိပေမဲ့ဂရုမစိုက်နိင်အားအခုချိန်မှာ သူ့ရင်ထဲ တည်စေရာမိုင်ကလွဲရင်ဘယ်သူမှရှိမနေ။
"ကိုကို့နဲ့ အပြင်သွားမှာမို့နဲ့တူတယ်ကလေးက"
"အို...မဟုတ်ပါဘူး၊ကိုကို့ကိုအားနာပေမဲ့နိူင်းဘာသာလွတ်လပ်စွာသွားချင်လို့"
"ဘာလို့လဲ ကလေးကဘာလို့စိမ်းကားသွားရတာလဲ၊ကိုကိုအလုပ်တွေမအားလို့ဂရုမစိုက်နိင်လို့များလား...တောင်းပန်ပါတယ်ကွာ"
ဟုပြောရင်း နိူင်းရဲ့ပုခုံးစွန်းနှစ်ဖက်ကိုဆုပ်ကိုင်ချိန်မှာ နိူင်းရဲ့ BodyGuard အဖြစ်မလှမ်းမကမ်းမှာရပ်နေလေတဲ့ တည်စေရာမိုင်မျက်ဝန်းတွေက အထင်းသား။
နိူင်းကလည်းဒါကိုရိပ်စားအကဲခတ်မိသူပီပီကဗျာကယာ ရုမ်းထွက်ကာ မကြိုက်လေတဲ့မျက်ဝန်းများဖြင့် ထက်ကောင်းကင်ယံ ကိုစိုက်ကြည့်ကာ။
"နိူင်းကိုအဲ့လိုအကြမ်းပတမ်းမလုပ်နဲ့မကြိုက်ဘူး...နိူင်းမကြည်ဖြူပဲ ထိတွေ့တာအရမ်းမုန်းတယ်၊ကိုကို့ကို စိတ်လည်းမဆိုးသလိုစိတ်ကောက်တဲ့စိတ်လေးတောင်မရှိဘူး"
"ဒါဆိုဘာလို့လဲ...ဘာလို့အခုတလောအတွေ့မခံရတာလဲ၊ဘာလို့ဖုန်းဆက်ရင် စကားသိပ်မပြောတော့တာလဲ၊ ကိုကိုဘာအမှားလုပ်မိလို့လဲကွာ"
"ကလေးတယောက်လို နိူင်းကိုကိုအပေါ်ပြုမူနေတာမျိုးတွေမလုပ်ချင်တော့ဘူး၊ပြီးတော့
နိူင်းဘဝနိူင်းရပ်တည်ချင်ပြီ၊ကိုကိုအပေါ်လည်းခင်မင်တဲ့စိတ်ကပျောက်ပျက်သွားမှာမဟုလို့စိတ်မပူပါနဲ့ညီအရင်းတယောက်လိုဆက်ဆံနိင်ပါသေးတယ်"
နိူင်းတို့နှစ်ယောက်ရဲ့အချေအတင်စကားတွေကို ဒေါ်ရတနာက နားမလည်တော့သလိုကြားထဲဘာမှဝင်မပြောတတ်လေတော့၊သားနိူင်းပြောင်းလဲသွားတာကို သူကိုယ်တိုင်အဖြေရှာမရ။
အရင်ကဆို တကိုကိုနဲ့ပါးစပ်ဖျားကမချချွဲနွဲ့နေတတ်သူလေးက အခုတော့သားကောင်း
ကင်ကိုငြင်းဆန်နေသည့်တဲ့လေ။
"နိူင်း အပြင်သွားတော့မယ်၊စိတ်မပူနဲ့နော်အနီးကပ်စောင့်ရှောက်ပေးမဲ့ BodyGuard
လည်းပါတာမို့ စိတ်ချလက်ချထားနိင်တယ်"
ထိုမျှသာ ပြောပြီးထသွားလေတဲ့ နိူင်းကို ထက်ကောင်းကင်ယံ တွေဝေရီဝေစွာစိုက်ကြည့်ရင်းကျန်ခဲ့ရုံမှတပါးမရှိ။
နိူင်းလေးကသူ့အပေါ်လုံးဝ စပရိုက်တိုက်
တာထက်ကို အပြောင်းအလဲဆန်လွန်းလေသည်။သူစိမ်းပြင်ပြင်ဆက်ဆံရေးကြီးကခါးသီးရက်စက်လွန်းလိုက်တာ။
ဘာလို့များ၊ဘာလို့များလဲ....ဒါမှမဟုတ်ဟိုကောင်ကြောင့်များ။
"ပြွတ်....ပြွတ်"
"လွှတ်တော့ကွာ...မင်းမှာလည်းလစ်တာနဲ့နမ်းနေတော့တာပဲ"
"ချစ်ယောကျ်ားလေးကတော်လို့ဆုချတာလေ၊မင်းအရမ်းပြတ်သားလွန်းခဲ့တယ်"
"ငါကအရင်တည်းကပြတ်သားပြီးသား၊မင်းကိုသာ မပြတ်သားနိင်တာ၊မင်းကလူဆိုးပဲ"
"အသဲသိပ်ယားအောင်လုပ်တယ်...ပြွတ်"
"သိပ်အသားယူတဲ့လူကြီး...ပြီးရင်ချားရဟတ်စီးမှာနော်...ရိုလာကိုစတာကောပဲ"
ကစားကွင်းကိုရောက်နေတဲ့ နှစ်ယောက်သားမှာတယောက်ကဘာဆော့ရမလဲငေးနေသလိုတယောက်ကအနမ်းကောင်းတုန်း။
လူစည်လွန်းတဲ့ကစားကွင်းမို့ လှည့်ကြည့်လှည့်ကြည့်လုပ်သွားလေတဲ့လူတွေကိုတွေ့တော့တဖုန်းဖုန်းထုရိုက်နှက်တာတောင် အနမ်းကမခွာ။
"လျှောက်လည်ပြီးရင် အမေ့ဆီကိုသွားရအောင်"
"ကို့ရဲ့အမေဆီလား"
"အင်း...ကို့မိသားစုနဲ့မိတ်ဆက်ပေးမို့ဒါလေးကကိုပိုင်တဲ့ရွှေတုံးလေးဆိုတာ"
"အမေကသဘောမတူရင်ကော"
"သဘောမတူလည်း ညားနေကြပြီလေအချစ်ရယ်"
"စကားကတတ်လိုက်တာ"
ချားရဟတ်ကြီးရဲ့ရှေ့ ပူဖောင်းလေးတွေကိုင်ကာကလေးလေးလို လွတ်လပ်စွာရယ်မောနေတဲ့ နိူင်းလေးကသိပ်ကိုချစ်ဖို့ကောင်းလွန်းနေ၏။
ဒီကောင်ကမင်းကိုချစ်လွန်းလို့ရူးရတော့မယ်။
"ငါမင်းကိုချစ်တယ်...နိူင်း"
"ဟမ်...ဘာ...ဘာပြောလိုက်တာ"
"ငါ...မင်းကို အရမ်းချစ်တယ် "
အသံခပ်ကျယ်ကျယ်နဲ့ ဘေးပတ်ဝန်းကျင်ကိုတောင်ဂရုမစိုက်လေပဲပြောလာတဲ့ တည်စေရာမိုင်ကြောင့် နိူင်းမှာလည်းမထင်မှတ်ထားတဲ့အကြားချင်ဆုံးစကားလေးကိုကြားရသော်အခါမျက်ရည်တွေစီးကျလျက်။
ငါရူးသွားရင်မင်းရဲ့အပြစ်ပဲ။
✨✨✨✨✨
Upပေးလိုက်ပြီနော်....
Zawgyi
ေသးသြယ္တဲ့ခါးက်ဥ္းေသးေသးေလးက
ဖက္တြယ္ခ်င္ေလေသာ လက္ေတြကိုတနည္းတနည္းတဖုံ ဆြဲေဆာင္ေနေလသည္။
ရင္ခြင္ထဲျမဳပ္သြားမတတ္ ကိုယ္လုံးေလးရဲ႕
ႏူးညံ့ေပ်ာ့ေပ်ာင္းမူေတြက ဖေယာင္း႐ုပ္ေလးလို ခ်စ္ရသူမ်က္ဝန္းထဲ၌ေနရာအျပည့္
ယူလို႔ထား၏။
ေသခ်ာတယ္...သူေလးကသိပ္ကိုဆြဲေဆာင္ညို႔ငင္နိင္တဲ့ မာနခဲနတ္ဘုရားေလး။
သိပ္ကိုအသန့္အျပန္ႀကိဳက္လြန္းသူေလး၊ေ႐ႊေပၚျမတင္ဘဝနဲ႕ ဘယ္သူတစ္ဦးမွအထိမခံပဲ ဝါဂြမ္းေလးလိုႏုဖတ္ဖတ္အသားအရည္ေလးနဲ႕ ဦးေမာ့၍ ခစားရေလတဲ့မာနမင္းသား
ေလးကသူ႕ရင္ခြင္ထဲ ကိုယ္လုံးေလးကိုမွီ၍
ႏႈတ္ခမ္းပါးေလးေတြတုန္ဆင္းသြားေလေအာင္ၿပဳံးရယ္ေနပါ၏။
"ဘယ္တုန္းကဝါသနာပါသြားလဲ...ကိုေတာင္မသိလိုက္ဘူး"
"မင္းကေနဒါကိုသြားေနတဲ့ အခ်ိန္တုန္းကစိတ္ကူးေပါက္ရာလုပ္မိရင္းေပါ့၊မင္းကိုလြမ္း
ေလ အလွဆုံးပုံေဖာ္မိေလပဲ"
အေရွ႕ကေန ႏႈတ္ခမ္းေလးတလႈပ္လႈပ္ႏွင့္စကားေျပာရင္း လက္သြယ္ေလးေတြက ႐ႊံတုံးတစ္ခုအေပၚအလွဆုံးပုံေဖာ္ေနမူကိုၾကည့္
ၿပီးအေနာက္ကေန ခါးသြယ္ေလးကိုဖက္ကာ
မရမကမထိတထိလိုက္စေနတဲ့ တည္ေစရာမိုင္။
အခုလိုညဘက္ခိုးေတြ႕ရတဲ့အခ်ိန္ေလးက ခ်စ္သူႏွစ္ေယာက္အတြက္ ခ်ိဳၿမိန္တဲ့သၾကား
ခဲေလးကိုစားသုံးရသလိုပါပဲ။
ခ်မ္းသာလြန္းၿပီးမာနေခါက္ခိုက္တဲ့ေ႐ႊမင္းသားေလးရဲ႕ အခန္းကက်ယ္ဝန္းလြန္းသ
တာေၾကာင့္ ဝါသနာပါရာ ႐ႊံေစးပုံေဖာ္တဲ့အရာအတြက္ သက္သက္အခန္းငယ္ေလးတစ္ခုထားရွိထား၏။
အထူးအဆန္းမျဖစ္မိေပမဲ့ အနည္းငယ္မွင္သက္မိေလတဲ့ မ်က္ႏွာေခ်ာေခ်ာက အၿပဳံးေလးတစ္ခုက ကန္ေရျပင္မွာျဖတ္ေျပးသြားတဲ့လေရာင္ငယ္ေလးလို။
အခုေတာ့ ေသးသြယ္တဲ့ခါးေလးကိုအေနာက္ကထိုင္ရင္းဖက္တြယ္ကာ ဂုတ္ပိုးေလးကိုနမ္းလိုက္ ၊အသဲယားလို႔ဆိုၿပီး ႏႈတ္ခမ္းေလးကို
ဆြဲဆြဲနမ္းရွိုက္တာေၾကာင့္ ႏႈတ္ခမ္းပါးေလးေတြဆို တည္ေစရာမိုင္ရဲ႕ရန္ရွာမူေၾကာင့္ပူထူလို႔ ဆူေထာ္ေနေလ၏။
ဇြတ္တ႐ြတ္ ဂ်စ္တိုက္ၿပီး႐ုတ္တရပ္ဆန္ဆန္
လုပ္တတ္တဲ့အျပဳအမူကို ပိုင္ဆိုင္ထားေလတဲ့ခ်စ္သူကို ပိုင္ဆိုင္ထားရတဲ့သူဆိုေတာ့ျပဳသမွ်ႏုေနရသည္ကအဆန္းတၾကယ္မဟုတ္ေတာ့။
"ဘယ္ေလာက္လြမ္းလဲ"
"မင္းကိုလြမ္းေၾကာင့္အတိုင္းအတာမရွိဘူး
အိမ္မက္ထဲေတာင္ေတြ႕သမွ်လူကိုမင္းကိုလြမ္းေၾကာင္းေျပာျပေနရတာနဲ႕မအားဘူး"
"အိမ္မက္ထဲေတာင္ ဘယ္သူေတြကိုေတြ႕ေနျပန္ေသးတာ...ကိုက်ထည့္မမက္ပဲနဲ႕ဟြန့္"
ၾကည့္ဦး ႐ုပ္ႀကီးက၊ဒါလား ၿမိဳ႕ကနာမည္
ႀကီးလူဆိုး၊ဒါႀကီးက ေဖေဖရဲ႕ညာလက္႐ုံးတပည့္ႀကီးတဲ့လား။
မားဖီးယားဂိုဏ္းသားေတြရဲ႕ပါးစပ္ဖ်ားဖိတ္ဖိတ္တုန္ေအာင္ေၾကာက္ရတဲ့ နာမည္
ႀကီးလူဆိုးေကာင္က ဟြန့္တဲ့၊ ခါးေလးကိုဖက္ထားတဲ့လက္ကို႐ုတ္သိမ္း၊ဂုတ္ပိုးေလး
ကိုတဖြဖြနမ္းရွိုက္ေနတဲ့ ႏႈတ္ခမ္းညိုေတြကို
အခစားဝင္ရာမွ ဆုတ္ခြာလို႔ အေနာက္ကေန
ခပ္ခြာခြာအေနအထားနဲ႕ ဆူဆူပုတ္ပုတ္ႀကီး။
သဝန္တိုတာႀကီးက အိမ္မက္ေတြကိုေတာင္
သဝန္တိုေနျပန္တယ္။
"အဲ့အိမ္မက္ေတြကို ငါပိုင္လို႔မရဘူးလား"
ဟုတည္ေစရာမိုင္က ခပ္ဂ်စ္ဂ်စ္အသံနဲ႕ေျပာလိုက္တဲ့စကားက ဇြတ္။
"အိမ္မက္ထဲမွာေတြ႕တဲ့လူေတြက အတိအက်မရွိဘူး၊ေသမင္းဆိုရင္ေတာင္ ငါကမင္းရွိေနလို႔ ျပန္ခုခံခဲ့တာခ်ည္း၊ အတိအက်မွတ္မိေနရေအာင္ ငါ့ေယာက်္ားကလြဲလို႔စိတ္မဝင္စားဘူး...ယုံလိုက္"
"ဒီေန႕ကစၿပီးအဲ့အိမ္မက္ေတြကို ေယာက်္ားဝယ္လိုက္ၿပီေနာ္"
"ေယာက်္ား...သေဘာ"
ထိုအခါမွ ၿပီတီတီမ်က္ႏွာေပးႀကီးနဲ႕ ႏႈတ္ခမ္းေလးေကြး႐ုံၿပဳံးကာ တဖန္ျပန္၍အနားကပ္
လာေလၿပီး တစ္ကိုယ္လုံးကိုသိမ္းက်ဳံးဆြဲဖက္ၿပီးနမ္းရွိုက္လိုက္ျပန္တယ္။
ကိုက တကယ္ငဂ်စ္ကေလး။
"မင္းကြာ...လိုက္မစေနနဲ႕၊ဒီမွာ ပုံမက်ေတာ့ဘူးေပကုန္ၿပီလို႔"
"ေမႊးေနတာပဲ၊ ကိုက္စားခ်င္လာၿပီ"
"ကိုက္စားခ်င္ေနာက္မွကိုက္စား...အခုေတာ့မရေသးဘူး...အာ့...ခ္ခ္...လႊတ္ကြာ"
"မလႊတ္ဘူး...ေယာက်္ားကိုဂ႐ုမစိုက္ပဲ၊ဒါေတြကိုအေရးတယူလုပ္ေနလို႔အျပစ္ေပးရမယ္"
"ေနာက္မွလို႔...ဘာလို႔ကလိထိုးေနတာလဲ..လူယုတ္မာႀကီး...ခ္ခ္"
"လူယုတ္မာလို႔ေျပာလာၿပီဆိုေတာ့...ယုတ္မာျပရတာေပါ့....လာခဲ့"
"ခဏေနဦး တန္းလန္းႀကီး...ကိုေနာ္"
"မရဘူး...လာခဲ့ေတာ့၊အျပစ္ေပးမယ္"
အတင္းဆြဲလြဲေပြ႕ဖက္ကာ ရင္ခြင္ထဲကမခြာ
ေအာင္တင္းက်ပ္ေအာင္ဖက္ထားတဲ့ တည္ေစရာမိုင္ရဲ႕ ပါးျပင္ထက္ ႐ႊံအနည္းငယ္ကေပသြားေလေတာ့၏။
မႊန္ေနေတာ့လည္း ဘာလုပ္လုပ္မသိေလေတာ့သည္ဆိုေတာ့ အခက္သား။
"ဟား...မင္းမ်က္ႏွာမွာေပကုန္ၿပီ၊ေကာင္းတယ္ေျပာမရဆိုမရေလး"
"ေယာက်္ားကိုေလွာင္တယ္ေပါ့...ေတြ႕မယ္"
"အေမ့...ဘယ္ကိုခ်ီသြားတာလဲလို႔"
"ေရခ်ိဳးခန္းထဲကို...ေရခ်ိဳးရင္းအျပစ္ေပးမို႔"
အျပစ္ေပးတာက ရိုးရိုးတန္းတန္းအျပစ္ေပးျခင္းမဟုတ္ေလေတာ့ နိူင္းမွာ မလိုက္ခ်င္သလိုမူရေပမဲ့ ကိုယ့္လူလက္ဆကိုသိေနေတာ့ အေနာက္ကေတာင္ႀကိမ္းသြားေလတယ္။
ရင္ဘတ္ႀကီးကိုထုရိုက္ၿပီး ျငင္းဆန္တဲ့စကားေလးေတြပလုံစီေနေအာင္ ေျပာကာခပ္ဖြဖြထုရိုက္တာေတြၾကား လူကိုလုံးဝလႊတ္ေပးျခင္းပင္မရွိ အစြမ္းကုန္ခ်စ္ပစ္မဲ့မ်က္ဝန္းညိုေတြရဲ႕ၾကား နိူင္းမွာ ပိုက္ကြန္တဲ့ေက်ေက်နပ္
နပ္ႀကီးအမိခံေလတဲ့ လိပ္ျပာေလးလိုေတာင္
ပံတဖ်ပ္ဖ်ပ္နဲ႕ ထြန့္ထြန့္လူးလို႔ပါပဲ။
သိပ္ခ်စ္မိသြားေလသူက ႏူးညံ့တဲ့အယုအယ
ေတြၾကားထဲ ႐ုမ္းကိုမထြက္နိင္တဲ့ ဝကၤပါထဲ
ေရာက္ကာမ်က္စီတဝဲလည္လည္။
"မနက္ျဖန္ခ်ိန္းေတြ႕ၾကရေအာင္"
အနိမ့္အျမင့္ တဖိုဖိုအသက္ရႈသံခပ္ျပင္းျပင္း
သံေတြနဲ႕ ခပ္ၾသၾသအသံပိုင္ရွင္ေၾကာင့္ ရင္ခုန္သံေတြကိုနားဆင္ရင္း ေတာင့္တင္းခိုင္မာေလတဲ့ ရင္ဘတ္ႀကီးေပၚမွီတြယ္ေနေလတဲ့ ကိုယ္လုံးေလးကလႈပ္ရွားကာ ေခါင္းေလးေမာ့လာၿပီးမ်က္လုံးဝိုင္းေလးေတြကဝိုင္းစက္ျပဴးက်ယ္လို႔။
"မနက္ျဖန္ဟုတ္လား"
ဟု ေမာဟိုက္တဲ့ေလသံေလးနဲ႕တိုးဖြဖြေမးလိုက္၏။
ေခြၽးေတြနဲ႕႐ႊဲနစ္ေနတဲ့ႏွစ္ကိုယ္ၾကားအထိအ
ေတြ႕ေတြၾကား ဒဏအရာအမာ႐ြတ္ေတြနဲ႕မင္းမူေနတဲ့ရင္ဘတ္က်ယ္ႀကီးက နိူင္းအတြက္ေတာ့သိပ္ကိုဆြဲေဆာင္မူျပင္းျပေလတဲ့ဝိုင္တစ္ခြက္လိုပင္။
ထိုအမာ႐ြတ္တခုတိုင္းကို ထိေတြ႕ပြတ္သပ္လို႔ခ်စ္တင္းႏွောေလတိုင္း တယုတယနဲ႕နမ္းရွိုက္ခဲ့ေလသည့္အႀကိမ္ေပါင္းကမနည္းလွ။
တည္ေစရာမိုင္ မင္းကသိပ္ၿငိတြယ္စရာေကာင္းတဲ့ သိုးမည္းေလးပဲ။
"အင္း....မနက္ျဖန္ လြတ္လပ္စြာခ်ိန္းေတြ႕ၾကရေအာင္...မင္းကိုေျပာစရာစကားလည္းရွိတယ္"
"အခုေျပာလို႔မရဘူးလား...အရမ္းသိခ်င္ေနၿပီ"
"မနက္က်သိရမွာေပါ့...အခ်စ္ရယ္ႁပြတ္"
ဒီကမၻာမွာ တေယာက္တည္းသာထိေတြ႕လို႔ရတဲ့ နိူင္းရဲ႕ကိုယ္လုံးေလးက သူျပဳမူထားလို႔ဖြတ္ဖြတ္ညက္ညက္ကိုေက်လြင့္လို႔။
ဒါကိုပဲ နိူင္းကလိုလင့္တႀကီးနဲ႕ကို ခြင့္ျပဳထားတာ၊ မထိမွာစိုးလို႔ေတာင္အရင္ကထက္ပိုေတာင္အသန့္အျပန္ႀကိဳက္ၿပီး ခႏၶာကိုယ္ကိုဘယ္ေလာက္ဂ႐ုစိုက္လာလဲ။
နိူင္းကိုလိုခ်င္သူေတြ ထိေတြ႕ခ်င္သူေတြဝိုင္းဝိုင္းလည္ေနတဲ့ၾကားက အနားကပ္လို႔မရေအာင္အေစာင့္အေရွာက္ေတြ ဝိုင္းရံေနေအာင္ခ်ထားေလတဲ့ ေ႐ႊမင္းသားေလးကသူ႕အပိုင္ျဖစ္လို႔ ရင္ခြင္ထဲၿပဳံးေပ်ာ္ခိုနားလို႔။
ေထြးဖက္ႏွောင္တြယ္လာတဲ့လက္ေတြၾကား
ပို၍တိုးဝင္ကာ ေက်ာျပင္ႀကီးကိုဖက္တြယ္ရင္း ပို၍ပို၍။
"သား....ဒီေန႕အျပင္မွာ ေလွ်ာက္လည္ခ်င္တယ္၊ အခုကလည္းခြင့္ေတာင္းတာထက္အသိေပး႐ုံ"
ဟုနိူင္းရဲ႕စကားၾကားေတာ့ မနက္မိုးလင္းတည္းကနိူင္းကိုေတြ႕ဖို႔ ေရာက္ေနတဲ့ကိုကိုကမ်က္လုံးေတြ ဝိုင္းက်ယ္လို႔ အၾကည့္ေတြကသူ႕ဆီစုၿပဳံေရာက္လာ၏။
ဒါကိုလည္း နိူင္းသိေပမဲ့ဂ႐ုမစိုက္နိင္အားအခုခ်ိန္မွာ သူ႕ရင္ထဲ တည္ေစရာမိုင္ကလြဲရင္ဘယ္သူမွရွိမေန။
"ကိုကို႔နဲ႕ အျပင္သြားမွာမို႔နဲ႕တူတယ္ကေလးက"
"အို...မဟုတ္ပါဘူး၊ကိုကို႔ကိုအားနာေပမဲ့နိူင္းဘာသာလြတ္လပ္စြာသြားခ်င္လို႔"
"ဘာလို႔လဲ ကေလးကဘာလို႔စိမ္းကားသြားရတာလဲ၊ကိုကိုအလုပ္ေတြမအားလို႔ဂ႐ုမစိုက္နိင္လို႔မ်ားလား...ေတာင္းပန္ပါတယ္ကြာ"
ဟုေျပာရင္း နိူင္းရဲ႕ပုခုံးစြန္းႏွစ္ဖက္ကိုဆုပ္ကိုင္ခ်ိန္မွာ နိူင္းရဲ႕ BodyGuard အျဖစ္မလွမ္းမကမ္းမွာရပ္ေနေလတဲ့ တည္ေစရာမိုင္မ်က္ဝန္းေတြက အထင္းသား။
နိူင္းကလည္းဒါကိုရိပ္စားအကဲခတ္မိသူပီပီကဗ်ာကယာ ႐ုမ္းထြက္ကာ မႀကိဳက္ေလတဲ့မ်က္ဝန္းမ်ားျဖင့္ ထက္ေကာင္းကင္ယံ ကိုစိုက္ၾကည့္ကာ။
"နိူင္းကိုအဲ့လိုအၾကမ္းပတမ္းမလုပ္နဲ႕မႀကိဳက္ဘူး...နိူင္းမၾကည္ျဖဴပဲ ထိေတြ႕တာအရမ္းမုန္းတယ္၊ကိုကို႔ကို စိတ္လည္းမဆိုးသလိုစိတ္ေကာက္တဲ့စိတ္ေလးေတာင္မရွိဘူး"
"ဒါဆိုဘာလို႔လဲ...ဘာလို႔အခုတေလာအေတြ႕မခံရတာလဲ၊ဘာလို႔ဖုန္းဆက္ရင္ စကားသိပ္မေျပာေတာ့တာလဲ၊ ကိုကိုဘာအမွားလုပ္မိလို႔လဲကြာ"
"ကေလးတေယာက္လို နိူင္းကိုကိုအေပၚျပဳမူေနတာမ်ိဳးေတြမလုပ္ခ်င္ေတာ့ဘူး၊ၿပီးေတာ့
နိူင္းဘဝနိူင္းရပ္တည္ခ်င္ၿပီ၊ကိုကိုအေပၚလည္းခင္မင္တဲ့စိတ္ကေပ်ာက္ပ်က္သြားမွာမဟုလို႔စိတ္မပူပါနဲ႕ညီအရင္းတေယာက္လိုဆက္ဆံနိင္ပါေသးတယ္"
နိူင္းတို႔ႏွစ္ေယာက္ရဲ႕အေခ်အတင္စကားေတြကို ေဒၚရတနာက နားမလည္ေတာ့သလိုၾကားထဲဘာမွဝင္မေျပာတတ္ေလေတာ့၊သားနိူင္းေျပာင္းလဲသြားတာကို သူကိုယ္တိုင္အေျဖရွာမရ။
အရင္ကဆို တကိုကိုနဲ႕ပါးစပ္ဖ်ားကမခ်ခြၽဲႏြဲ႕ေနတတ္သူေလးက အခုေတာ့သားေကာင္း
ကင္ကိုျငင္းဆန္ေနသည့္တဲ့ေလ။
"နိူင္း အျပင္သြားေတာ့မယ္၊စိတ္မပူနဲ႕ေနာ္အနီးကပ္ေစာင့္ေရွာက္ေပးမဲ့ BodyGuard
လည္းပါတာမို႔ စိတ္ခ်လက္ခ်ထားနိင္တယ္"
ထိုမွ်သာ ေျပာၿပီးထသြားေလတဲ့ နိူင္းကို ထက္ေကာင္းကင္ယံ ေတြေဝရီေဝစြာစိုက္ၾကည့္ရင္းက်န္ခဲ့႐ုံမွတပါးမရွိ။
နိူင္းေလးကသူ႕အေပၚလုံးဝ စပရိုက္တိုက္
တာထက္ကို အေျပာင္းအလဲဆန္လြန္းေလသည္။သူစိမ္းျပင္ျပင္ဆက္ဆံေရးႀကီးကခါးသီးရက္စက္လြန္းလိုက္တာ။
ဘာလို႔မ်ား၊ဘာလို႔မ်ားလဲ....ဒါမွမဟုတ္ဟိုေကာင္ေၾကာင့္မ်ား။
"ႁပြတ္....ႁပြတ္"
"လႊတ္ေတာ့ကြာ...မင္းမွာလည္းလစ္တာနဲ႕နမ္းေနေတာ့တာပဲ"
"ခ်စ္ေယာက်္ားေလးကေတာ္လို႔ဆုခ်တာေလ၊မင္းအရမ္းျပတ္သားလြန္းခဲ့တယ္"
"ငါကအရင္တည္းကျပတ္သားၿပီးသား၊မင္းကိုသာ မျပတ္သားနိင္တာ၊မင္းကလူဆိုးပဲ"
"အသဲသိပ္ယားေအာင္လုပ္တယ္...ႁပြတ္"
"သိပ္အသားယူတဲ့လူႀကီး...ၿပီးရင္ခ်ားရဟတ္စီးမွာေနာ္...ရိုလာကိုစတာေကာပဲ"
ကစားကြင္းကိုေရာက္ေနတဲ့ ႏွစ္ေယာက္သားမွာတေယာက္ကဘာေဆာ့ရမလဲေငးေနသလိုတေယာက္ကအနမ္းေကာင္းတုန္း။
လူစည္လြန္းတဲ့ကစားကြင္းမို႔ လွည့္ၾကည့္လွည့္ၾကည့္လုပ္သြားေလတဲ့လူေတြကိုေတြ႕ေတာ့တဖုန္းဖုန္းထုရိုက္ႏွက္တာေတာင္ အနမ္းကမခြာ။
"ေလွ်ာက္လည္ၿပီးရင္ အေမ့ဆီကိုသြားရေအာင္"
"ကို႔ရဲ႕အေမဆီလား"
"အင္း...ကို႔မိသားစုနဲ႕မိတ္ဆက္ေပးမို႔ဒါေလးကကိုပိုင္တဲ့ေ႐ႊတုံးေလးဆိုတာ"
"အေမကသေဘာမတူရင္ေကာ"
"သေဘာမတူလည္း ညားေနၾကၿပီေလအခ်စ္ရယ္"
"စကားကတတ္လိုက္တာ"
ခ်ားရဟတ္ႀကီးရဲ႕ေရွ႕ ပူေဖာင္းေလးေတြကိုင္ကာကေလးေလးလို လြတ္လပ္စြာရယ္ေမာေနတဲ့ နိူင္းေလးကသိပ္ကိုခ်စ္ဖို႔ေကာင္းလြန္းေန၏။
ဒီေကာင္ကမင္းကိုခ်စ္လြန္းလို႔႐ူးရေတာ့မယ္။
"ငါမင္းကိုခ်စ္တယ္...နိူင္း"
"ဟမ္...ဘာ...ဘာေျပာလိုက္တာ"
"ငါ...မင္းကို အရမ္းခ်စ္တယ္ "
အသံခပ္က်ယ္က်ယ္နဲ႕ ေဘးပတ္ဝန္းက်င္ကိုေတာင္ဂ႐ုမစိုက္ေလပဲေျပာလာတဲ့ တည္ေစရာမိုင္ေၾကာင့္ နိူင္းမွာလည္းမထင္မွတ္ထားတဲ့အၾကားခ်င္ဆုံးစကားေလးကိုၾကားရေသာ္အခါမ်က္ရည္ေတြစီးက်လ်က္။
ငါ႐ူးသြားရင္မင္းရဲ႕အျပစ္ပဲ။
✨✨✨✨✨
Upေပးလိုက္ၿပီေနာ္....