Unicode
ဒါက ဘယ်လိုဖြစ်ရတာလဲ။ တအားထူးဆန်းလွန်းတယ်။
ပုံမှန်ရှိနေတတ်တဲ့ သတိနိုးကြားမှုတွေက လုံးဝကို မတည်ရှိတော့သလိုမျိုး။ အဲ့ဒါတွေက စူးယိရန်ရှေ့မှာဆို အသုံးမဝင်တော့သလိုမျိုး။
ကုယွမ်းထင် မျက်မှောင်ကြုတ်ကာ ကားပါကင်တစ်ဝိုက်ကို ကြည့်လိုက်သည်။ ပုံမှန်မဟုတ်တာ ဘာမှရှိမနေချေ။ သာမန်မြေအောက်ကားပါကင်တစ်ခုနှင့်ပင်တူသည်။
သူ ကားပါကင်ကနေ ထွက်ကာ အနီးအနားဝန်းကျင်ကို လမ်းလျှောက်ကြည့်ဖို့ အစီအစဥ်ချလိုက်၏။
ဤနေရာက စိမ်းလန်းစိုပြေသည့် ရှေးဆန်ဆန် ရပ်ကွက်ဝန်းကျင်ဖြစ်သည်။ သို့ပေမဲ့ တချို့နောက်ဆက်တွဲအဆောက်အအုံတွေက သိပ်မပြည့်စုံသေးသလို ရှိသည့်အဆောက်အဦးတွေကလည်း အလွန်အိုဟောင်းနေသည်။နေစရာလိုအပ်နေသည့် လူငယ်များမှလွဲလျှင် ဤရပ်ကွက်မှာနေသူများဟာ သက်ကြီးရွယ်အိုများသာ ဖြစ်ကြပေသည်။
ကုယွမ်းထင် လမ်းပေါ်မှာ လမ်းလျှောက်နေတုန်းမှာ မနက်ခင်းလမ်းလျှောက်ရန်ထွက်လာသည့် အန်တီကြီး၊ အန်ကယ်ကြီးများကို တွေ့လိုက်ရသည်။ သူတို့ထဲက တချို့က သူ့ကိုသိနေပုံရကာ သူ့ကိုမြင်ချိန်မှာ ရင်းရင်းနှီးနှီး နှုတ်ဆက်သွားကြလေသည်။
ယင်းက သူ့အား ထူးဆန်းလှသည့် အထီးကျန်ခံစားချက်ကို ဖြစ်ပေါ်စေသည်။ ယခင်ကဆို သူ့အနားက လူတွေဟာ ဟန်ဆောင်ပြုံးပြတာမျိုး ဖြစ်ချင်ဖြစ် မဟုတ်လျှင် အဝေးကနေကြောက်လန့်တကြားရှောင်တိမ်းသွားတာမျိုးပဲရှိခဲ့သည်။ သူကလည်း ထိုအရာတွေနှင့်သာ အသားကျနေခဲ့၏။
သို့ပေမဲ့ သူ့မျက်လုံးတွေဖွင့်လို့ ထပ်မံနိုးထလာချိန်မှာတော့ အရာအားလုံးက ပြောင်းလဲသွားပုံ ပေါ်လေသည်။
ကုယွမ်းထင်က လှည့်ပတ်ကြည့်ကာ ထို့နောက်မှာတော့ သူနိုးထလာခဲ့သည့် တိုက်ခန်းဆီ ပြန်လှည့်လာခဲ့လိုက်သည်။ တံခါးလော့ခ်က လက်ဗွေစနစ်ဖြစ်၏။ သူက လက်မကို ဖိကာ တံခါးကို ဖွင့်လိုက်လေသည်။
သူက စာကြည့်ခန်းထဲဝင်ကာ မှတ်စုစာအုပ်ကိုဖွင့်၍ စတင်ဖတ်ရှုလိုက်၏။
ခဏကြာတော့ သူရပ်တန့်လိုက်လေသည်။
ရုတ်တရက်ဆိုသလို ဓါတ်လှေကားထဲက ကုန်စုံဆိုင်ကိုဈေးဝယ်ထွက်မည့် အန်တီကြီးပြောသည့် "ငယ်ငယ်ရွယ်ရွယ်လက်ထပ်ထားတဲ့လင်လင်အတွဲ" ဟူသောစကားလုံးတွေက သူ့ခေါင်းထဲ ဖျတ်ခနဲပေါ်လာ၏။
ကုယွမ်းထင် စားပွဲခုံအလယ်က အံဆွဲကိုဖွင့်ကြည့်လိုက်သည်။ထိုအခါ အနောက်ဘက်နားလေးက အနီရောင်သစ်သားသေတ္တာလေးကိုတွေ့လိုက်ရလေသည်။
သူ သေတ္တာကိုထုတ်ကာ ဖွင့်ကြည့်လိုက်၏။ အတွင်းမှာတော့ အနီရောင်စာအုပ်နှစ်အုပ်က တိတ်ဆိတ်စွာ လဲလျောင်းနေပေသည်။
စာအုပ်ကိုဖွင့်လိုက်တော့ အနီရောင်နောက်ခံဖြင့် အိုင်ဒီဓါတ်ပုံမှာ သူနှင့်စူးယိရန် နှစ်ယောက်လုံးက အဖြူရောင်ရှပ်အင်္ကျီတွေကို ဝတ်ဆင်ထားပြီး ခေါင်းချင်းထိထားကာ ကင်မရာဘက်ကို မျက်နှာမူထား၍ နှုတ်ခမ်းများကလည်း ကော့တက်လျက် ပျော်ရွှင်စွာ ပြုံးနေခဲ့လေသည်။
အထောက်အထားကိုင်ဆောင်သူ : ကုယွမ်းထင်
မှတ်ပုံတင်သည့်ရက်စွဲ : ဒီဇင်ဘာ ၂၆-၂၀၁၇
လက်ထပ်မှတ်ပုံတင်စာချုပ်ဖောင့်အရွယ်အစား : *********
လက်ထပ်မှတ်ပုံတင်စာချုပ်တဲ့။
လွန်ခဲ့တဲ့ သုံးနှစ်က သူနဲ့ စူးယိရန်က လက်ထပ်ပြီးပြီပေါ့လေ။
ကုယွမ်းထင်အနေဖြင့် သူနှင့် စူးယိရန်၏ လက်ရှိဆက်ဆံရေးကို တွေးကြည့်ဖူးပါ၏။ အပျော်ချစ်သူတွေလား? အတူနေချစ်သူတွေလား? ပေါ့လေ။ သို့ပေမဲ့ လက်ထပ်သည့်အခြေအနေထိ ဖြစ်နေမည်ဟုတော့ ဘယ်တုန်းကမှ တွေးမထားမိခဲ့ပေ။
ခဏလောက် တုံ့ဆိုင်းနေပြီးမှ သူဟာ လက်ထပ်မှတ်ပုံတင်စာချုပ်ကို ပြန်ထားကာ မှတ်စုစာအုပ်ကို ဆက်ဖတ်နေလိုက်တော့သည်။
*************
စူးယိရန်က အသစ်စက်စက်ငှားထားသည့် ဆိုင်လေးရှေ့သို့ရောက်လာကာ အိမ်ကယူလာသည့်အရာများကို စတင်နေရာချစီစဥ်နေလိုက်သည်။
သူနှင့်ကုယွမ်းထင်ဟာ ဤဆိုင်ကို အချိန်အကြာကြီး အတူတူ ရွေးချယ်ခဲ့ကြတာဖြစ်၏။ အလတ်စား စီးပွားရေး ဧရိယာမှာ ကားအသွားအလာ များပြားပြီး တည်နေရာက အနည်းငယ်ဝေးကွာပေမဲ့လည်း ဈေးနှုန်းမှာ သင့်တင့်သည်။အိမ်ကနေ ကားမောင်းထွက်လာဖို့တော့ မိနစ်၃၀လောက် ကြာပေသည်။
သူ စီစဥ်ပြီးရုံရှိသေးသည်။ ဖုန်းကမြည်လာ၏။ စက်တွေလာပို့ပေးဖို့ ချိန်းထားသည့် လျှပ်စစ်ပစ္စည်းမြို့တော်မှ ဝန်ထမ်းများဖြစ်ကာ သူတို့က ရောက်ရှိနေပြီဖြစ်ပြီး ဘယ်နေရာမှာလဲဆိုတာကို မေးလာခဲ့လေသည်။
စူးယိရန်က တစ်ဖက်လူကိုပြောပြအပြီး ခဏအကြာမှာ လျှပ်စ်ပစ္စည်းမြို့တော်မှ ဝန်ထမ်းနှစ်ယောက်က စက်လာပို့ဖို့ရောက်လာကာ သူမှာထားသည့် freezer များ၊ မုန့်ဖုတ်စက်များ၊ မိုက်ခရိုဝေ့မီးဖိုများ၊ ပေါင်မုန့်ဖုတ်စက်များနှင့် ဖျော်စက်များကဲ့သို့သော စက်ပေါင်းဒါဇင်ကျော်ကို သယ်လာလေသည်။
ထို့နောက်မှာ အတော်ကြာအောင် အထုတ်အပိုးတွေဖြည်၊ စက်တွေပြည့်စုံအောင်တပ်ဆင်အပြီးမှာ အရာအားလုံးက ပြီးဆုံးသွားပြီဖြစ်သည်။
စက်တွေကို စမ်းသပ်စစ်ဆေးအပြီးမှာ ဘာပြဿနာမှ မရှိချေ။စူးယိရန်က ပြေစာမှာ လက်မှတ်ထိုးပေးလိုက်သည်။လျှပ်စစ်ပစ္စည်းမြို့တော်မှဝန်ထမ်းနှစ်ဦးက သူတို့ထုတ်ယူထားသော ဖော့များနှင့် ဘူးအလွတ်များကို တုပ်နှောင်ကာ ကားပေါ်တင်၍ ခဏအကြာမှာ လျှပ်စစ်ပစ္စည်းမြို့တော်သို့ပြန်ယူသွားလေတော့သည်။
သူတို့ကို လိုက်ပို့အပြီးမှာ စူးယိရန်ဟာ ဆိုင်တွင်းရှိ သေသေသပ်သပ်စီစဥ်ပြီးသွားသည့် ပစ္စည်းပစ္စယတွေကိုကြည့်ကာ ပျော်ရွှင်လာသည်။ အနာဂါတ်မှာ ထင်ကောနှင့်အတူ သည်နေရာလေးမှာ အချိုပွဲတွေလုပ်ရမည့် ကြည်နူးဖွယ်ဘဝလေးအကြောင်း စဥ်းစားမိတော့ လူတစ်ကိုယ်လုံး ချိုမြလာသလို ခံစားလိုက်ရသည်။
စူးယိရန်က ချိုသောအရာများကို အလွန်ကြိုက်ပြီး သူ၏ အမြဲတမ်းသောဆန္ဒဟာ အချိုပွဲမုန့်ဆိုင်လေး ဖွင့်နိုင်ဖို့ပင်။
၎င်းက သူ့လျို့ဝှက်ချက်နှင့်လည်း သက်ဆိုင်နေပေသေး၏။
တကယ်တော့ သူဟာ အစကတည်းက ဤကမ္ဘာကလူ မဟုတ်ချေ။ သူဟာ တခြားကမ္ဘာက ကူးပြောင်းလာခဲ့ခြင်းသာ ဖြစ်လေသည်။
========================
Zawgyi
ဒါက ဘယ္လိုျဖစ္ရတာလဲ။ တအားထူးဆန္းလြန္းတယ္။
ပုံမွန္ရွိေနတတ္တဲ့ သတိႏိုးၾကားမႈေတြက လုံးဝကို မတည္ရွိေတာ့သလိုမ်ိဳး။ အဲ့ဒါေတြက စူးယိရန္ေရွ႕မွာဆို အသုံးမဝင္ေတာ့သလိုမ်ိဳး။
ကုယြမ္းထင္ မ်က္ေမွာင္ၾကဳတ္ကာ ကားပါကင္တစ္ဝိုက္ကို ၾကည့္လိုက္သည္။ ပုံမွန္မဟုတ္တာ ဘာမွရွိမေနေခ်။ သာမန္ေျမေအာက္ကားပါကင္တစ္ခုႏွင့္ပင္တူသည္။
သူ ကားပါကင္ကေန ထြက္ကာ အနီးအနားဝန္းက်င္ကို လမ္းေလွ်ာက္ၾကည့္ဖို႔ အစီအစဥ္ခ်လိုက္၏။
ဤေနရာက စိမ္းလန္းစိုေျပသည့္ ေရွးဆန္ဆန္ ရပ္ကြက္ဝန္းက်င္ျဖစ္သည္။ သို႔ေပမဲ့ တခ်ိဳ႕ေနာက္ဆက္တြဲအေဆာက္အအုံေတြက သိပ္မျပည့္စုံေသးသလို ရွိသည့္အေဆာက္အဦးေတြကလည္း အလြန္အိုေဟာင္းေနသည္။ေနစရာလိုအပ္ေနသည့္ လူငယ္မ်ားမွလြဲလွ်င္ ဤရပ္ကြက္မွာေနသူမ်ားဟာ သက္ႀကီး႐ြယ္အိုမ်ားသာ ျဖစ္ၾကေပသည္။
ကုယြမ္းထင္ လမ္းေပၚမွာ လမ္းေလွ်ာက္ေနတုန္းမွာ မနက္ခင္းလမ္းေလွ်ာက္ရန္ထြက္လာသည့္ အန္တီႀကီး၊ အန္ကယ္ႀကီးမ်ားကို ေတြ႕လိုက္ရသည္။ သူတို႔ထဲက တခ်ိဳ႕က သူ႔ကိုသိေနပုံရကာ သူ႔ကိုျမင္ခ်ိန္မွာ ရင္းရင္းႏွီးႏွီး ႏႈတ္ဆက္သြားၾကေလသည္။
ယင္းက သူ႔အား ထူးဆန္းလွသည့္ အထီးက်န္ခံစားခ်က္ကို ျဖစ္ေပၚေစသည္။ ယခင္ကဆို သူ႔အနားက လူေတြဟာ ဟန္ေဆာင္ၿပဳံးျပတာမ်ိဳး ျဖစ္ခ်င္ျဖစ္ မဟုတ္လွ်င္ အေဝးကေနေၾကာက္လန္႔တၾကားေရွာင္တိမ္းသြားတာမ်ိဳးပဲရွိခဲ့သည္။ သူကလည္း ထိုအရာေတြႏွင့္သာ အသားက်ေနခဲ့၏။
သို႔ေပမဲ့ သူ႔မ်က္လုံးေတြဖြင့္လို႔ ထပ္မံႏိုးထလာခ်ိန္မွာေတာ့ အရာအားလုံးက ေျပာင္းလဲသြားပုံ ေပၚေလသည္။
ကုယြမ္းထင္က လွည့္ပတ္ၾကည့္ကာ ထို႔ေနာက္မွာေတာ့ သူႏိုးထလာခဲ့သည့္ တိုက္ခန္းဆီ ျပန္လွည့္လာခဲ့လိုက္သည္။ တံခါးေလာ့ခ္က လက္ေဗြစနစ္ျဖစ္၏။ သူက လက္မကို ဖိကာ တံခါးကို ဖြင့္လိုက္ေလသည္။
သူက စာၾကည့္ခန္းထဲဝင္ကာ မွတ္စုစာအုပ္ကိုဖြင့္၍ စတင္ဖတ္ရႈလိုက္၏။
ခဏၾကာေတာ့ သူရပ္တန္႔လိုက္ေလသည္။
႐ုတ္တရက္ဆိုသလို ဓါတ္ေလွကားထဲက ကုန္စုံဆိုင္ကိုေဈးဝယ္ထြက္မည့္ အန္တီႀကီးေျပာသည့္ "ငယ္ငယ္႐ြယ္႐ြယ္လက္ထပ္ထားတဲ့လင္လင္အတြဲ" ဟူေသာစကားလုံးေတြက သူ႔ေခါင္းထဲ ဖ်တ္ခနဲေပၚလာ၏။
ကုယြမ္းထင္ စားပြဲခုံအလယ္က အံဆြဲကိုဖြင့္ၾကည့္လိုက္သည္။ထိုအခါ အေနာက္ဘက္နားေလးက အနီေရာင္သစ္သားေသတၱာေလးကိုေတြ႕လိုက္ရေလသည္။
သူ ေသတၱာကိုထုတ္ကာ ဖြင့္ၾကည့္လိုက္၏။ အတြင္းမွာေတာ့ အနီေရာင္စာအုပ္ႏွစ္အုပ္က တိတ္ဆိတ္စြာ လဲေလ်ာင္းေနေပသည္။
စာအုပ္ကိုဖြင့္လိုက္ေတာ့ အနီေရာင္ေနာက္ခံျဖင့္ အိုင္ဒီဓါတ္ပုံမွာ သူႏွင့္စူးယိရန္ ႏွစ္ေယာက္လုံးက အျဖဴေရာင္ရွပ္အက်ႌေတြကို ဝတ္ဆင္ထားၿပီး ေခါင္းခ်င္းထိထားကာ ကင္မရာဘက္ကို မ်က္ႏွာမူထား၍ ႏႈတ္ခမ္းမ်ားကလည္း ေကာ့တက္လ်က္ ေပ်ာ္႐ႊင္စြာ ၿပဳံးေနခဲ့ေလသည္။
အေထာက္အထားကိုင္ေဆာင္သူ : ကုယြမ္းထင္
မွတ္ပုံတင္သည့္ရက္စြဲ : ဒီဇင္ဘာ ၂၆-၂၀၁၇
လက္ထပ္မွတ္ပုံတင္စာခ်ဳပ္ေဖာင့္အ႐ြယ္အစား : *********
လက္ထပ္မွတ္ပုံတင္စာခ်ဳပ္တဲ့။
လြန္ခဲ့တဲ့ သုံးႏွစ္က သူနဲ႔ စူးယိရန္က လက္ထပ္ၿပီးၿပီေပါ့ေလ။
ကုယြမ္းထင္အေနျဖင့္ သူႏွင့္ စူးယိရန္၏ လက္ရွိဆက္ဆံေရးကို ေတြးၾကည့္ဖူးပါ၏။ အေပ်ာ္ခ်စ္သူေတြလား? အတူေနခ်စ္သူေတြလား? ေပါ့ေလ။ သို႔ေပမဲ့ လက္ထပ္သည့္အေျခအေနထိ ျဖစ္ေနမည္ဟုေတာ့ ဘယ္တုန္းကမွ ေတြးမထားမိခဲ့ေပ။
ခဏေလာက္ တုံ႔ဆိုင္းေနၿပီးမွ သူဟာ လက္ထပ္မွတ္ပုံတင္စာခ်ဳပ္ကို ျပန္ထားကာ မွတ္စုစာအုပ္ကို ဆက္ဖတ္ေနလိုက္ေတာ့သည္။
*************
စူးယိရန္က အသစ္စက္စက္ငွားထားသည့္ ဆိုင္ေလးေရွ႕သို႔ေရာက္လာကာ အိမ္ကယူလာသည့္အရာမ်ားကို စတင္ေနရာခ်စီစဥ္ေနလိုက္သည္။
သူႏွင့္ကုယြမ္းထင္ဟာ ဤဆိုင္ကို အခ်ိန္အၾကာႀကီး အတူတူ ေ႐ြးခ်ယ္ခဲ့ၾကတာျဖစ္၏။ အလတ္စား စီးပြားေရး ဧရိယာမွာ ကားအသြားအလာ မ်ားျပားၿပီး တည္ေနရာက အနည္းငယ္ေဝးကြာေပမဲ့လည္း ေဈးႏႈန္းမွာ သင့္တင့္သည္။အိမ္ကေန ကားေမာင္းထြက္လာဖို႔ေတာ့ မိနစ္၃၀ေလာက္ ၾကာေပသည္။
သူ စီစဥ္ၿပီး႐ုံရွိေသးသည္။ ဖုန္းကျမည္လာ၏။ စက္ေတြလာပို႔ေပးဖို႔ ခ်ိန္းထားသည့္ လွ်ပ္စစ္ပစၥည္းၿမိဳ႕ေတာ္မွ ဝန္ထမ္းမ်ားျဖစ္ကာ သူတို႔က ေရာက္ရွိေနၿပီျဖစ္ၿပီး ဘယ္ေနရာမွာလဲဆိုတာကို ေမးလာခဲ့ေလသည္။
စူးယိရန္က တစ္ဖက္လူကိုေျပာျပအၿပီး ခဏအၾကာမွာ လွ်ပ္စ္ပစၥည္းၿမိဳ႕ေတာ္မွ ဝန္ထမ္းႏွစ္ေယာက္က စက္လာပို႔ဖို႔ေရာက္လာကာ သူမွာထားသည့္ freezer မ်ား၊ မုန္႔ဖုတ္စက္မ်ား၊ မိုက္ခ႐ိုေဝ့မီးဖိုမ်ား၊ ေပါင္မုန္႔ဖုတ္စက္မ်ားႏွင့္ ေဖ်ာ္စက္မ်ားကဲ့သို႔ေသာ စက္ေပါင္းဒါဇင္ေက်ာ္ကို သယ္လာေလသည္။
ထို႔ေနာက္မွာ အေတာ္ၾကာေအာင္ အထုတ္အပိုးေတြျဖည္၊ စက္ေတြျပည့္စုံေအာင္တပ္ဆင္အၿပီးမွာ အရာအားလုံးက ၿပီးဆုံးသြားၿပီျဖစ္သည္။
စက္ေတြကို စမ္းသပ္စစ္ေဆးအၿပီးမွာ ဘာျပႆနာမွ မရွိေခ်။စူးယိရန္က ေျပစာမွာ လက္မွတ္ထိုးေပးလိုက္သည္။လွ်ပ္စစ္ပစၥည္းၿမိဳ႕ေတာ္မွဝန္ထမ္းႏွစ္ဦးက သူတို႔ထုတ္ယူထားေသာ ေဖာ့မ်ားႏွင့္ ဘူးအလြတ္မ်ားကို တုပ္ေႏွာင္ကာ ကားေပၚတင္၍ ခဏအၾကာမွာ လွ်ပ္စစ္ပစၥည္းၿမိဳ႕ေတာ္သို႔ျပန္ယူသြားေလေတာ့သည္။
သူတို႔ကို လိုက္ပို႔အၿပီးမွာ စူးယိရန္ဟာ ဆိုင္တြင္းရွိ ေသေသသပ္သပ္စီစဥ္ၿပီးသြားသည့္ ပစၥည္းပစၥယေတြကိုၾကည့္ကာ ေပ်ာ္႐ႊင္လာသည္။ အနာဂါတ္မွာ ထင္ေကာႏွင့္အတူ သည္ေနရာေလးမွာ အခ်ိဳပြဲေတြလုပ္ရမည့္ ၾကည္ႏူးဖြယ္ဘဝေလးအေၾကာင္း စဥ္းစားမိေတာ့ လူတစ္ကိုယ္လုံး ခ်ိဳျမလာသလို ခံစားလိုက္ရသည္။
စူးယိရန္က ခ်ိဳေသာအရာမ်ားကို အလြန္ႀကိဳက္ၿပီး သူ၏ အၿမဲတမ္းေသာဆႏၵဟာ အခ်ိဳပြဲမုန္႔ဆိုင္ေလး ဖြင့္ႏိုင္ဖို႔ပင္။
၎က သူ႔လ်ိဳ႕ဝွက္ခ်က္ႏွင့္လည္း သက္ဆိုင္ေနေပေသး၏။
တကယ္ေတာ့ သူဟာ အစကတည္းက ဤကမာၻကလူ မဟုတ္ေခ်။ သူဟာ တျခားကမာၻက ကူးေျပာင္းလာခဲ့ျခင္းသာ ျဖစ္ေလသည္။