Unicode
"ဂျောင်ကုကီး~~ဟွာရန်းလေး~~
ထမင်းစားကြမယ်"
""လာပါပီ မေမေ~~""
"ရားးးဂျောင်ဂုကီး အဲ့တာငါ့အမေပါနော်
မေမေလို့မခေါ်နဲ့.."
"နင့်အမေလဲ ငါ့အမေဘဲလေ ခေါ်တော့
ဘာဖြစ်လဲ.. "
"မခေါ်နဲ့!"
"ခေါ်မှာဘဲ!"
အသက်၇နှစ်အရွယ်တူ အိမ်နီးချင်း
ကလေးငယ်နှစ်ယောက်သည် ရွံ့ရုပ်တွေဖြင့်ကစားထားတာမို့ နှစ်ယောက်လုံးရဲ့
အဝတ်စားခပ်နွမ်းနွမ်းလေးတွေမှာ
ညစ်ပတ်ပေတူးလို့ နေသည်။
"အဲ့တာဆို မေမေ့ဆီရောက်အောင် အပြေးပြိုင်မယ် အရင်ရောက်ရင် ခေါ်ခွင့်ပေးမယ်"
"စိန်လိုက်လေ.."
ထို့သို့ နို့နှစ်ရောင် အသားအရောင်ရှိသော
ကောင်ငယ်လေး နှင့် ဝါနုနုအရောင်အဆင်းရှိသော မိန်းကလေးငယ်တို့ အတူတူတကွ
စားအတူ၊ သွားအတူနဲ့ ၁၆နှစ်အရွယ်ထိတိုင်ကြီးပြင်းလာခဲ့ကြသည်။
ဖခင်များက စစ်ပွဲများအတွင်း အသီးသီး
ကျဆုံးခဲ့ကြကာ ကျန်ရစ်သူ ဇနီးများမှ
တစ်ယောက်ကို တစ်ယောက် အမှီအတင်းပြု၍ နေထိုင်ခဲ့ကြသည်။ သူတို့သားနှင့်သမီးကိုလဲ အိမ်ထောင်ဘက်တွေအဖြစ်
အစောကတည်းက သဘောတူထားကြသည်။
"ကုကီး..ငါနိုင်တယ်နော် ဟူးးမောလိုက်တာ"
"သေချာလို့လား"
ဟွာရန်းရဲ့အမေကို ဖက်ထားပြီးပီဖြစ်တဲ့
ဂျောင်ကုကီးကို ထုံးစံအတိုင်း အမေလုကြရင်း ရန်ဖြစ်ကြပြန်သည်။ အမေနှစ်ယောက်ကတော့ မနိုင်ဘူး ဆိုတဲ့အကြည့်နဲ့ တစ်ယောက်ကို တစ်ယောက် ခေါင်းခါပြရင်း
သားနှင့်သမီး ကို သဘောကျနေသည်။
"တော်ကြပါတော့.. မကြာခင်ဘဲ ဒေါ်လေးက မင်းရဲ့မေမေ ဖြစ်လာမှာဘဲလေ မဟုတ်ဘူးလား..ခမည်းခမက်"
"ဟုတ်တာပေါ့..ဟွာရန်းလေးလို ချွေးမလှလှလေးကိုလဲ မြန်မြန်ဆွေမျိုးတော်ချင်နေပြီ"
"မင်္ဂလာဆောင်ရက်ကို လပြည့်နေ့
ဆိုရင်ရော.."
"အို..ဘာနေနေ ရက်နီးလေကောင်းလေဘဲ"
"ဟာ..မေမေတို့ကလည်း.."
"ဟော..ရှက်သွားပီ လိုက်ချော့လိုက်ပါဦး သားရေ ပြီးတော့..မေမေတို့သဘောတူထားတဲ့ကိစ္စ သားတို့ချင်းမေးကြည့်လိုက်ပါဦး"
"ဟုတ်ကဲ့ မေမေတို့.."
အရောင်လွင့်နေပြီးဖြစ်တဲ့ ဟန်းဘော့ဂ်အညိုရောင် ဝတ်စုံလေးနှင့် နဖူးစည်းအညိုလေးကိုပါ တွဲဖက်ဝတ်ဆင်ထားသူသည် ဟွာရန်းလေးထက် ပို၍ရင့်ကျက်ပြီး လူကြီးဆန်သော်လည်း ထုတ်မပြဘဲ မိန်းကလေးငယ် ဆော့သလို၊ ပျော်သည့်အတိုင်း သူပါလိုက်၍ စီးမြောပေးသည်။
စာပေတတ်မြောက်သော မျိုးရိုးကဆင်းသက်လာသူမို့ စာပေကျမ်းဂန်တချို့ကိုတော့
ဂျောင်ငယ်လေးတတ်မြောက်ထားပြီးဖြစ်သည်။
ဟွာရန်းထွက်သွားသော တောလမ်းလေးအတိုင်း လက်နောက်ပစ်လျက် အေးအေးလူလူလိုက်သွားသော ကောင်လေးသည် ဟွာရန်းရဲ့ အစ၊ အလယ်၊အဆုံးကို ကောင်းကောင်း သိထားသည့်
ငယ်ကျွမ်းဆွေ ဆိုပါတော့။
"ထင်းရှူးပင်အောက်မှာ ဘယ်ကကောက်စိန်လေးပါလိမ့်..ထွက်ခဲ့ပါလေ"
"ဟွန့်"
"အိုမို..ခင်ပွန်းလောင်းကို ဒီလိုပစ်ခါရက်
လှချီလား"
သည်းမခံနိုင်တဲ့အဆုံး အပင်ခြေရင်းက ဆောင့်ကြောင့်ထိုင်နေသော ဟွာရန်း ထလာကာ ကျီစားနေသူအား တောထဲက ဌက်တွေထပြန်သည်အထိ အော်ထည့်ပစ်လိုက်သည်။
"ကုကီး!!"
"နားပင်းပါပီ ရှင်မရယ်.."
"ကဲလှချီလား ဘယ်လိုဖြစ်နေတာလဲ"
"နင်ကရော မိဘတွေစီစဉ်တာသဘောတူလား ငါ့ဘက်ကတော့ အဟမ်း..အချိန်မရွေးဘဲ"
"အာပေတူး နှပ်ချီးဘေးဆွဲအရွယ်ထဲက ပေါင်းလာတဲ့သူငယ်ချင်းတွေကနေ ချက်ချင်း အိမ်ထောင်ဖက်တွေဖြစ်လာတာ မြန်လွန်းမနေဘူးလား..ပြီးတော့ နင်က
ငါကြိုက်တဲ့ပုံစံမျိုးမဟုတ်သေးဘူး"
ဒီတစ်ခါစနောက်နေသော ဂျောင်ဂု ဆက်ပြီး
မနောက်နိုင်တော့။ ဟွာရန်းစကားမှာ အတည်ဆိုတာကြောင့် စိတ်မကောင်းဖြစ်သွားဟန်ရှိသည်။
"ငါ့မှာ လိုအပ်ချက်ရှိလို့လား..စည်းစိမ်ဥစ္စာ
မချမ်းသာပေမဲ့ ငါက အတတ်နိုင်ဆုံး.."
"ရှူးးမဟုတ်ဘူး ငါကဖေဖေ့လို နိုင်ငံအတွက် ရဲရင့်တဲ့စစ်သည်တစ်ယောက်နဲ့ဘဲ လက်ထပ်ချင်တာ..တသက်လုံးဂုဏ်ယူရမဲ့ယောင်္ကျားကောင်းပေါ့"
"ဒါဆို ငါတို့မင်္ဂလာဆောင်ကို နင်ငြင်းတယ်ပေါ့ ဟုတ်ပီလေ မေမေတို့ကိုပြောလိုက်ပါမယ်"
"ကုကီး..နေဦး"
"အုန်း!!"
တုန်ခါသွားသောမြေကြီးနှင့်အတူ လက်နက်ကြီးနဲ့ပစ်ချလိုက်ဟန်ရှိသော
ပစ်မှတ်ဆိုလို့ သေချာပေါက် ရွာတစ်ရွာကိုဘဲဖြစ်မည်။
"မြန်မြန်လာ ဟွာရန်း..မကြောက်နဲ့ ငါ့အနားမှာနေ"
"ကုကီး..မေမေတို့..မေမေတို့~~"
"ဘာမှမဖြစ်လောက်ပါဘူး ရွာကိုပြန်ရအောင်"
"အင်းအင်း"
ဟွာရန်းလက်ကိုဆွဲလျက် အရှေ့ကနေဦးဆောင်၍ ရွာထဲသို့အပြေးပြန်ကြတဲ့အခါ
သူတို့မျှော်လင့်ထားသလို မဟုတ်ခဲ့ဘဲ
မီးလောင်ပြာကျနေပြီဖြစ်သော အိမ်ခြေများနဲ့
ပြေးလွှားနေကျသော ရွာသူရွာသားများ၏မြင်ကွင်း။ မီးခိုးငွေ့တလူလူနှင့် ဘာကိုမှမသဲကွဲတော့အောင် ရွာကပြာဖြစ်နေချေပီ။
"မေမေတို့ကိုရှာရမယ်"
နောက်ဆုံးမျှော်လင့်ချက်ကို လက်ဆွဲလျက်
နေအိမ်လေးဆီ ဂျောင်ငယ်တို့ ပြေးလွှားရှာဖွေခဲ့ကြပေမဲ့ အပျက်အစီးပုံများကလွဲရင်
မိခင်တို့ကိုရှာမတွေ့ခဲ့ကြပါ။
"ကုကီး..မဟုတ်မှလွဲရော မေမေတို့မီးထဲ ပါသွားပီလား"
"မဖြစ်နိုင်ဘူး သူတို့တနေရာကိုတော့ ရှောင်ပြေးကြမှာဘဲ.."
ထိုစဉ် သေနတ်သံများနှင့် တင့်ကားကြီးများရွာထဲဝင်လာကာ မျက်နှာဖြူစစ်သားကြီးများကတွေ့သမျှရွာသားတို့ကို ဖမ်းဆီးချုပ်နှောင်နေကြသည်။
"ပြေးတော့ ဟွာရန်း.."
"Catch them!"
ဂျောင်ငယ်တို့ တောထဲသို့ထွက်ပြေးရန်ကြံစည်လိုက်သော်လည်း အနောက်ကလိုက်လာသော စစ်သားများ၏ခြေကို မမှီတာကြောင့် နှစ်ဦးလုံးဖမ်းမိသွားကြသည်။
ထို့နောက် ဖမ်းဆီးရမိသော ရွာသားများနှင့်အတူရောထိုင်စေကာ လက်နောက်ပြန်ကြိုးတုတ်ထားသည်။
"Bring the boys!"
ခေါင်းဆောင်ဖြစ်ဟန်ရှိသူက ဂျောင်ငယ်တို့လူမျိုးတွေနားမလည်နိုင်သော အမိန့်တစ်ခုပေးလိုက်ရာ ယောင်္ကျားလေးအုပ်စုလိုက်ကို
ဖမ်းချုပ်၍ တင့်ကားများဆီဆွဲခေါ်ကြတော့တယ်။
"ဂျောင်ဂုဂီကို မခေါ်သွားကြပါနဲ့
တောင်းပန်ပါတယ် ရှီခိုးဆိုရှီခိုးပါ့မယ် ကျေးဇူးပြုပြီးမခေါ်သွားပါနဲ့"
"ဟွာရန်း..နင်မငိုနဲ့ စိတ်ချငါမသေစေရဘူး
ငါပြန်လာခဲ့မှာမို့လို့ နင်ကကျိန်းသေအသက်ရှင်နေပေးပါ"
"မဖြစ်ဘူး ဂျောင်ဂု.."
ထို့နောက် အမျိုးသမီးများကိုသာ ချန်လှပ်ပြီး
တင့်ကားကြီးများ ပြန်လည်ဆုတ်ခွာသွားကြတော့သည်။
အချုပ်ကားထဲ ဂျောင်ငယ်ပါသွားတာကြောင့်
ယခု ဟွာရန်းတွင် ဟွာရန်း တစ်ယောက်သာရှိတော့သည်။ မိခင်တို့ကိုလည်းဘယ်ဆီမှာမှရှာမတွေ့။
"ငါမင်္ဂလာဆောင်ကို မငြင်းပါဘူး ဂျောင်ဂုဂီ..
ငါလဲ နင့်ကိုချစ်တယ်..ချစ်တာမို့လို့
စောင့်နေပါ့မယ်"
ထို့နောက် အနီးရှိအမျိုးသမီးကြီးများနှင့်အတူ ပျက်စီးသွားသောရွာလေးကိုစွန့်ခွာခဲ့ကြကာ တခြားမြို့၊ရွာ တွေဆီ ခိုလှုံဖို့ရာ ခရီးစတင်ခဲ့ကြသည်။ ဤကာလသည် အင်္ဂလိပ်တို့ကြီးစိုးနေသည့် တိုင်းပြည်အမှောင်ကျနေသောနေရက်များပင်ဖြစ်သည်။
___________________________________
အကောင်းဆုံးကြိုးစာထားပါတယ်။
စာဖတ်သူတစ်ယောက်ချင်းဆီတိုင်းကို
ကျေးဇူးတင်လျက်ပါ။
ကျားလီလီ၅၀၇
Zawgyi code
"ေဂ်ာင္ကုကီး~~ဟြာရန္းေလး~~
ထမင္းစားၾကမယ္"
""လာပါပီ ေမေမ~~""
"ရားးးေဂ်ာင္ကုကီး အဲ့တာငါ့အေမပါေနာ္
ေမေမလို႔မေခၚနဲ႔.."
"နင့္အေမလဲ ငါ့အေမဘဲေလ ေခၚေတာ့
ဘာျဖစ္လဲ.. "
"မေခၚနဲ႔!"
"ေခၚမွာဘဲ!"
အသက္၇ႏွစ္အ႐ြယ္တူ အိမ္နီးခ်င္း
ကေလးငယ္ႏွစ္ေယာက္သည္ ႐ြံ႕႐ုပ္ေတြျဖင့္ကစားထားတာမို႔ ႏွစ္ေယာက္လုံးရဲ႕
အဝတ္စားခပ္ႏြမ္းႏြမ္းေလးေတြမွာ
ညစ္ပတ္ေပတူးလို႔ ေနသည္။
"အဲ့တာဆို ေမေမ့ဆီေရာက္ေအာင္ အေျပးၿပိဳင္မယ္ အရင္ေရာက္ရင္ ေခၚခြင့္ေပးမယ္"
"စိန္လိုက္ေလ.."
ထို႔သို႔ ႏို႔ႏွစ္ေရာင္ အသားအေရာင္ရွိေသာ
ေကာင္ငယ္ေလး ႏွင့္ ဝါႏုႏုအေရာင္အဆင္းရွိေသာ မိန္းကေလးငယ္တို႔ အတူတူတကြ
စားအတူ၊ သြားအတူနဲ႔ ၁၆ႏွစ္အ႐ြယ္သို႔
ႀကီးျပင္းလာခဲ့ၾကသည္။
ဖခင္မ်ားက စစ္ပြဲမ်ားအတြင္း အသီးသီး
က်ဆုံးခဲ့ၾကကာ က်န္ရစ္သူ ဇနီးမ်ားမွ
တစ္ေယာက္ကို တစ္ေယာက္ အမွီအတင္းျပဳ၍ ေနထိုင္ခဲ့ၾကသည္။ သူတို႔သားႏွင့္သမီးကိုလဲ အိမ္ေထာင္ဘက္ေတြအျဖစ္
အေစာကတည္းက သေဘာတူထားၾကသည္။
"ကုကီး..ငါႏိုင္တယ္ေနာ္ ဟူးးေမာလိုက္တာ"
"ေသခ်ာလို႔လား"
ဟြာရန္းရဲ႕အေမကို ဖက္ထားၿပီးပီျဖစ္တဲ့
ေဂ်ာင္ကုကီးကို ထုံးစံအတိုင္း အေမလုၾကရင္း ရန္ျဖစ္ၾကျပန္သည္။ အေမႏွစ္ေယာက္ကေတာ့ မႏိုင္ဘူး ဆိုတဲ့အၾကည့္နဲ႔ တစ္ေယာက္ကို တစ္ေယာက္ ေခါင္းခါျပရင္း
သားႏွင့္သမီး ကို သေဘာက်ေနသည္။
"ေတာ္ၾကပါေတာ့.. မၾကာခင္ဘဲ ေဒၚေလးက မင္းရဲ႕ေမေမ ျဖစ္လာမွာဘဲေလ မဟုတ္ဘူးလား..ခမည္းခမက္"
"ဟုတ္တာေပါ့..ဟြာရန္းေလးလို ေခြၽးမလွလွေလးကိုလဲ ျမန္ျမန္ေဆြမ်ိဳးေတာ္ခ်င္ေနၿပီ"
"မဂၤလာေဆာင္ရက္ကို လျပည့္ေန႔
ဆိုရင္ေရာ.."
"အို..ဘာေနေန ရက္နီးေလေကာင္းေလဘဲ"
"ဟာ..ေမေမတို႔ကလည္း.."
"ေဟာ..ရွက္သြားပီ လိုက္ေခ်ာ့လိုက္ပါဦး သားေရ ၿပီးေတာ့..ေမေမတို႔သေဘာတူထားတဲ့ကိစၥ သားတို႔ခ်င္းေမးၾကည့္လိုက္ပါဦး"
"ဟုတ္ကဲ့ ေမေမတို႔.."
အေရာင္လြင့္ေနၿပီးျဖစ္တဲ့ ဟန္းေဘာ့ဂ္အညိဳေရာင္ ဝတ္စုံေလးႏွင့္ နဖူးစည္းအညိဳေလးကိုပါ တြဲဖက္ဝတ္ဆင္ထားသူသည္ ဟြာရန္းေလးထက္ ပို၍ရင့္က်က္ၿပီး လူႀကီးဆန္ေသာ္လည္း ထုတ္မျပဘဲ မိန္းကေလးငယ္ ေဆာ့သလို၊ ေပ်ာ္သည့္အတိုင္း သူပါလိုက္၍ စီးေျမာေပးသည္။
စာေပတတ္ေျမာက္ေသာ မ်ိဳး႐ိုးကဆင္းသက္လာသူမို႔ စာေပက်မ္းဂန္တခ်ိဳ႕ကိုေတာ့
ေဂ်ာင္ငယ္ေလးတတ္ေျမာက္ထားၿပီးျဖစ္သည္။
ဟြာရန္းထြက္သြားေသာ ေတာလမ္းေလးအတိုင္း လက္ေနာက္ပစ္လ်က္ ေအးေအးလူလူလိုက္သြားေသာ ေကာင္ေလးသည္ ဟြာရန္းရဲ႕ အစ၊ အလယ္၊အဆုံးကို ေကာင္းေကာင္း သိထားသည့္
ငယ္ကြၽမ္းေဆြ ဆိုပါေတာ့။
"ထင္းရႉးပင္ေအာက္မွာ ဘယ္ကေကာက္စိန္ေလးပါလိမ့္..ထြက္ခဲ့ပါေလ"
"ဟြန႔္"
"အိုမို..ခင္ပြန္းေလာင္းကို ဒီလိုပစ္ခါရက္
လွခ်ီလား"
သည္းမခံႏိုင္တဲ့အဆုံး အပင္ေျခရင္းက ေဆာင့္ေၾကာင့္ထိုင္ေနေသာ ဟြာရန္း ထလာကာ က်ီစားေနသူအား ေတာထဲက ဌက္ေတြထျပန္သည္အထိ ေအာ္ထည့္ပစ္လိုက္သည္။
"ကုကီး!!"
"နားပင္းပါပီ ရွင္မရယ္.."
"ကဲလွခ်ီလား ဘယ္လိုျဖစ္ေနတာလဲ"
"နင္ကေရာ မိဘေတြစီစဥ္တာသေဘာတူလား ငါ့ဘက္ကေတာ့ အဟမ္း..အခ်ိန္မေ႐ြးဘဲ"
"အာေပတူး ႏွပ္ခ်ီးေဘးဆြဲအ႐ြယ္ထဲက ေပါင္းလာတဲ့သူငယ္ခ်င္းေတြကေန ခ်က္ခ်င္း အိမ္ေထာင္ဖက္ေတြျဖစ္လာတာ ျမန္လြန္းမေနဘူးလား..ၿပီးေတာ့ နင္က
ငါႀကိဳက္တဲ့ပုံစံမ်ိဳးမဟုတ္ေသးဘူး"
ဒီတစ္ခါစေနာက္ေနေသာ ေဂ်ာင္ဂု ဆက္ၿပီး
မေနာက္ႏိုင္ေတာ့။ ဟြာရန္းစကားမွာ အတည္ဆိုတာေၾကာင့္ စိတ္မေကာင္းျဖစ္သြားဟန္ရွိသည္။
"ငါ့မွာ လိုအပ္ခ်က္ရွိလို႔လား..စည္းစိမ္ဥစၥာ
မခ်မ္းသာေပမဲ့ ငါက အတတ္ႏိုင္ဆုံး.."
"ရႉးးမဟုတ္ဘူး ငါကေဖေဖ့လို ႏိုင္ငံလြတ္လပ္ေရးအတြက္ ရဲရင့္တဲ့စစ္သည္တစ္ေယာက္နဲ႔ဘဲ လက္ထပ္ခ်င္တာ..တသက္လုံးဂုဏ္ယူရမဲ့ေယာက်ၤားေကာင္းေပါ့"
"ဒါဆို ငါတို႔မဂၤလာေဆာင္ကို နင္ျငင္းတယ္ေပါ့ ဟုတ္ပီေလ ေမေမတို႔ကိုေျပာလိုက္ပါမယ္"
"ကုကီး..ေနဦး"
"အုန္း!!"
တုန္ခါသြားေသာေျမႀကီးႏွင့္အတူ လက္နက္ႀကီးနဲ႔ပစ္ခ်လိုက္ဟန္ရွိေသာ
ပစ္မွတ္ဆိုလို႔ ေသခ်ာေပါက္ ႐ြာတစ္႐ြာကိုဘဲျဖစ္မည္။
"ျမန္ျမန္လာ ဟြာရန္း..မေၾကာက္နဲ႔ ငါ့အနားမွာေန"
"ကုကီး..ေမေမတို႔..ေမေမတို႔~~"
"ဘာမွမျဖစ္ေလာက္ပါဘူး ႐ြာကိုျပန္ရေအာင္"
"အင္းအင္း"
ဟြာရန္းလက္ကိုဆြဲလ်က္ အေရွ႕ကေနဦးေဆာင္၍ ႐ြာထဲသို႔အေျပးျပန္ၾကတဲ့အခါ
သူတို႔ေမွ်ာ္လင့္ထားသလို မဟုတ္ခဲ့ဘဲ
မီးေလာင္ျပာက်ေနၿပီျဖစ္ေသာ အိမ္ေျခမ်ားနဲ႔
ေျပးလႊားေနက်ေသာ ႐ြာသူ႐ြာသားမ်ား၏ျမင္ကြင္း။ မီးခိုးေငြ႕တလူလူႏွင့္ ဘာကိုမွမသဲကြဲေတာ့ေအာင္ ႐ြာကျပာျဖစ္ေနေခ်ပီ။
"ေမေမတို႔ကိုရွာရမယ္"
ေနာက္ဆုံးေမွ်ာ္လင့္ခ်က္ကို လက္ဆြဲလ်က္
ေနအိမ္ေလးဆီ ေဂ်ာင္ငယ္တို႔ ေျပးလႊားရွာေဖြခဲ့ၾကေပမဲ့ အပ်က္အစီးပုံမ်ားကလြဲရင္
မိခင္တို႔ကိုရွာမေတြ႕ခဲ့ၾကပါ။
"ကုကီး..မဟုတ္မွလြဲေရာ ေမေမတို႔မီးထဲ ပါသြားပီလား"
"မျဖစ္ႏိုင္ဘူး သူတို႔တေနရာကိုေတာ့ ေရွာင္ေျပးၾကမွာဘဲ.."
ထိုစဥ္ ေသနတ္သံမ်ားႏွင့္ တင့္ကားႀကီးမ်ား႐ြာထဲဝင္လာကာ မ်က္ႏွာျဖဴစစ္သားႀကီးမ်ား
ေတြ႕သမွ်႐ြာသားတို႔ကို ဖမ္းဆီးခ်ဳပ္ေႏွာင္ေနၾကသည္။
"ေျပးေတာ့ ဟြာရန္း.."
"Catch them!"
ေဂ်ာင္ငယ္တို႔ ေတာထဲသို႔ထြက္ေျပးရန္ႀကံစည္လိုက္ေသာ္လည္း အေနာက္ကလိုက္လာေသာ စစ္သားမ်ား၏ေျခကို မမွီတာေၾကာင့္ ႏွစ္ဦးလုံးဖမ္းမိသြားၾကသည္။
ထို႔ေနာက္ ဖမ္းဆီးရမိေသာ ႐ြာသားမ်ားႏွင့္အတူေရာထိုင္ေစကာ လက္ေနာက္ျပန္ႀကိဳးတုတ္ထားသည္။
"Bring the boys!"
ေခါင္းေဆာင္ျဖစ္ဟန္ရွိသူက ေဂ်ာင္ငယ္တို႔လူမ်ိဳးေတြနားမလည္ႏိုင္ေသာ အမိန႔္တစ္ခုေပးလိုက္ရာ ေယာက်ၤားေလးအုပ္စုလိုက္ကို
ဖမ္းခ်ဳပ္၍ တင့္ကားမ်ားဆီဆြဲေခၚၾကေတာ့တယ္။
"ေဂ်ာင္ဂုဂီကို မေခၚသြားၾကပါနဲ႔
ေတာင္းပန္ပါတယ္ ရွီခိုးဆိုရွီခိုးပါ့မယ္ ေက်းဇူးျပဳၿပီးမေခၚသြားပါနဲ႔"
"ဟြာရန္း..နင္မငိုနဲ႔ စိတ္ခ်ငါမေသေစရဘူး
ငါျပန္လာခဲ့မွာမို႔လို႔ နင္ကက်ိန္းေသအသက္ရွင္ေနေပးပါ"
"မျဖစ္ဘူး ေဂ်ာင္ဂု.."
ထို႔ေနာက္ အမ်ိဳးသမီးမ်ားကိုသာ ခ်န္လွပ္ၿပီး
တင့္ကားႀကီးမ်ား ျပန္လည္ဆုတ္ခြာသြားၾကေတာ့သည္။
အခ်ဳပ္ကားထဲ ေဂ်ာင္ငယ္ပါသြားတာေၾကာင့္
ယခု ဟြာရန္းတြင္ ဟြာရန္း တစ္ေယာက္သာရွိေတာ့သည္။ မိခင္တို႔ကိုလည္းဘယ္ဆီမွာမွရွာမေတြ႕။
"ငါမဂၤလာေဆာင္ကို မျငင္းပါဘူး ေဂ်ာင္ဂုဂီ..
ငါလဲ နင့္ကိုခ်စ္တယ္..ခ်စ္တာမို႔လို႔
ေစာင့္ေနပါ့မယ္"
အနီးရွိအမ်ိဳးသမီးႀကီးမ်ားႏွင့္အတူ ပ်က္စီးသြားေသာ႐ြာေလးကိုစြန႔္ခြာခဲ့ၾကကာ တျခားၿမိဳ႕၊႐ြာ ေတြဆီ ခိုလႈံဖို႔ရာ ခရီးစတင္ခဲ့ၾကသည္။ ဤကာလသည္ အဂၤလိပ္တို႔ႀကီးစိုးေနေသာ တိုင္းျပည္အေမွာင္က်ေနေသာေနရက္မ်ားပင္ျဖစ္သည္။
___________________________________
အေကာင္းဆုံးႀကိဳးစာထားပါတယ္။
စာဖတ္သူတစ္ေယာက္ခ်င္းဆီတိုင္းကို
ေက်းဇူးတင္လ်က္ပါ။
က်ားလီလီ၅၀၇