မောင့်မူပိုင်💜 (Completed)
By zuri9597
26.3K 1.2K 11
Taekook 🔥🔥 မောင့်ကိုနောက်တကြိမ်လောက်တွေ့ဖို့အခွင့်အရေးရှိလာခဲ့ရင် ထယ် အရင်ကဆိုးခဲ့တာတွေအတွက် ခွင့်လွတ်ပေးဖိ... More
Intro 💜
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 9
Part 10
Part 11
Part 12
Part 13
Part 14
‌Part 15
Part 16
Part 17
Final 💜
Part 8
1K 59 0
By zuri9597
"ဒါက ဘယ် လဲ..."
"အလုပ်သွားမလို့လေ မေမေ..."
"သား ထယ်ယောင်းနဲ့ ဆက်မပတ်သက်ရင်တော့ မေမေ ခွင့်ပြုတယ်"
"မေမေကလဲ...ကျွန်တော် သူနဲ့မပတ်သက်တော့ပါဘူးဗျာ အမေစကားနားထောင်ပါမယ် ဆယ်နာကိုလက်ထပ်မှာပါ သွားတော့မယ်အမေ နောက်ကျနေပီ..."
ဂျောင်ဂုကျောခိုင်းကာ မဲ့ပြုံးတစ်ချက်ပြုံးရင်း ထွက်လာခဲ့သည်။ ဂျွန်ကတော်က နှစ်ရက်လောက်သူ့ကိုအလုပ်မသွားခိုင်းပဲ့အိမ်မှာပဲ့နေစေသည်။ကုမ္ပဏီကိစ္စကိုတော့ ထယ်ယောင်းနဲ့မန်နေဂျာကို ကြည့်ထားခိုင်းလိုက်သည်။ဂျောင်ဂု ထယ်ယောင်းမျက်နှာလေးတွေ့ချင်လွန်းလို့ ကုမ္ပဏီသွားဖို့ ဆင်းလာတာ ဧည့်ခန်းထဲသတင်းစာဖတ်ကာ ထိုင်နေသော အမေတွေ့လို့ မေးတာဖြစ်သည်။ဂျောင်ဂု ခပ်မြန်မြန်ကားမောင်းကာ ထွက်လာခဲ့သည်။
ရုံးခန်းထဲ ရောက်တော့ ထယ်ယောင်းကိုခေါ်လိုက်သည်။
"အတွင်းရေးမှူး ကင်မ်ထယ်ယောင်း...."
ခနကြာတော့ ထယ်ယောင်းအချိန်ဇယားစာရင်းကိုင်ရင်း၀င်လာသည်။
"ဒီနေ့အတွက်အချိန်ဇယားတွေပါ စီအီးအို..."
ပြောကာ ထယ်ယောင်း စာရင်းလှမ်းပေးလိုက်သည်။
"ကိုယ့်ကိုမလွမ်းဘူးလား..."
".........."
"ဘာမှမှာစရာရှိရင် ကျွန်တော်သွားတော့မယ်"
"နေပါအုံး...ထယ်..."
လှည့်ထွက်မည်အလုပ် ဂျောင်ဂု ထယ့်လက်ကိုဆွဲလိုက်သည်။
"သားရေ...မေမေ ၀င်လာမယ်နော်"
ဂျွန်ကတော့် အသံကြားတော့ ထယ်ယောင်းလက်ပြန်ရုတ်ကာ စာအုပ်လေးပိုက်ရင်း ရပ်နေသည်။
"သား ဒီကို ...ဘယ်သူ လာလဲ ကြည့်ပါအုံး"
"ဂျွန်....."
"အော်....ဆယ်နာ..."
"ကျွန်တော့ကို သွားခွင့်ပြုပါအူး"
ထယ်ယောင်း အရိုအသေပေးကာ အခန်းထဲက ထွက်ခဲ့သည်။စီးကျလာမယ့်မျက်ရည်တွေ ထိန်းရင်းနဲ့ပေါ့။
"သား ကြည့်ပါအုံး.....ဆယ်နာလေးမလှလာဘူးလား"
"အင်း ကြည့်ကောင်းပါတယ်"
စိတ်ထဲတွင်တော့ ထယ်လောက်မလှပါဘူး...ဟန်ဆောင်မိတ်ကပ်တွေနဲ့ ကြည့်ရဆိုးတယ်။
"ဂျွန်....ဆယ်နာ ကခုမှရောက်တာ ဘာမှမစားရသေးလို့ ဗိုက်ဆာနေတယ် ဆယ်နာကို မနက်စာလိုက်ကျွေးပါလားဟင်"
ချွဲနွဲကာ ရုံးပတေသီးလေသံနဲ့ပြောသည်။
"သားရေ ...ဆယ်နာ နဲ့လိုက်ခဲ့ပေးလိုက်အုံး မေမေ မန်နေဂျာလီကို ကုမ္ပဏီ ကိစ္စကြည့်ခိုင်းထားလိုက်မယ်"
"လာပါဂျွန်ရေ ...ဆယ်နာ ဗိုက်ဆာနေပီ"
ဂျောင်ဂု လက်မောင်းကိုင်ကာ အတင်းဆွဲခေါ်တော့ ဂျောင်ဂု ပါသွားတော့သည်။
"အော်...မနက်ဖြန် သားတို့စေ့စပ်ပွဲရှိတယ်နော်.."
.
ဂျွန်က‌ေတာ်အော်ပြောရင်းပြံုးကာကျန်ခဲ့လေသည်။တစ်ဖက်ခြမ်းတံခါး‌ေနာက်ကွယ်မှာ ကောင်လေးတစ်ယောက်ကြိတ်ငိုနေတာကို တော့ဘယ်သူသိမှာလဲ။သည်းခံပေးပါ ထယ် ကို့ကို ခနတော့အချိန်ပေးပါ ကိုယ်ထယ့်ကို လာခေါ်ပါမယ်....
နောက်တစ်နေ့ မနက်ခင်း....
"ဟယ်လို ...စီနီယာ ဟိုဆော့ ကျွန်တော်တို့ ခနနေရောက်မယ်နော် စောင့်နေပေး"
"အင်း...ဂျောင်ဂု ငါစောင့်နေမယ်"
အဲတုန်းက ဂျောင်ဟိုဆော့ ‌ကျောင်းတုန်းက ဂျောင်ဂုတို့ ရဲ့ စီနီယာအစ်ကိုဖြစ်သည်။
"သား ဒီနေ့ စောစောအလုပ်ဆင်းနော် ဆယ်နာတို့အိမ်သွားရမယ်"
"ဟုတ်ကဲ့ပါ မေမေ"
"လက်ထဲက အထုပ်က ဘာကြီးလဲ"
"အော် ..ဒါက ကုမ္ပဏီပစ္စည်းတွေပါ"
"အင်းအင်း စောစောပြန်ခဲ့"
ဂျောင်ဂု အထုပ်ဆွဲကာ ကားဆီသို့ထွက်လာသည်။
ဒီနေ့မှ ထယ်ကိုမပိုင်ဆိုင်ရရင်လဲ ကိုယ့်ပျော်ရွှင်မှုဆိုတာ မရှိတော့ပြီထယ်...
ကားပေါ်တက် ကားမောင်းထွက်လာသည်။
"ကင်မ်ထယ်ယောင်း ...ဒီနေ့သွားစရာရှိတယ် ငါနဲ့တစ်နေရာ လိုက်ခဲ့..."
"ဟင်...CEO...ဒီနေ့ သွားဖို့ ဘာအချိန်ဇယားမှ မရှိဘူးလေ"
"လျှာမရှည်နဲ့ ငါက မင်း ရဲ့ CEO ..ငါခေါ်တာ လိုက်ခဲ့ရမယ် လာ...အနောက်က လိုက်ခဲ့"
ပြောရင်း ရှေ့က သွားသည်။ ထယ်ယောင်းလဲ ကုပ်ကုပ်လေး ပါလာသည်။
"ကားပေါ်တက်"
"ဟုတ်ကဲ့"
ဂျောင်ဂု တစ်လမ်းပြီးတစ်လမ်း မောင်းနေသည်။
"ဂျောင်ဂု ..ထယ်တို့ဘယ်သွားနေတာလဲ ...ဒီလမ်းတွေက"
"ငြိမ်ငြိမ်လေးထိုင်နေပါထယ်...ဟိုရောက်ရင် သိမှာပါ.."
ဆိုးလ်မြို့ တရားရုံးရှေ့ ရောက်တော့ ကားရပ်လိုက်သည်။
"ဂျောင်ဂု ....ဒါက ..."
"အင်း...တရားရုံးရောက်နေတာ....အစ်ကို ဟိုဆော့ ကျွန်တော်တို့ ဒီမှာ...🙋"
ကားပေါ်ကဆင်းကာ တရားရုံးရှေ့ ရပ်စောင့်နေသော ဟိုဆော့ကို လှမ်း‌ေပြာသည်။
"ဝါး...မင်းအမျိုးသားလောင်းလေးက တော်တော်ချောတာပဲ့..."
"ဒါပဲ့လေ ...😉"
"ဂျောင်ဂု ဒါက ဘာတွေလဲ..."
"လာ...ထယ်...ကိုယ်တို့အထဲ၀င်ရအောင်.."
ထယ့်လက်ဆွဲကာ အထဲ၀င်လိုက်သည်။ နားမလည်လို့ ပြောနေသော ထယ်အမေးကို ဂျောင်ဂု ပြန်မဖြေခဲ့။အထဲရောက်တော့ ရှေ့နေရယ် လူကြီးနှစ်ယောက်သုံးယောက်ထိုင်နေသည်။ဂျောင်ဂုတို့ ထိုင်ခုံမှာ ၀င်ထိုင်တော့ လက်ထပ်စာချုပ်လေး နှစ်ခု ချပေးသည်။
"ဂျောင်ဂု ...ဒါက..."
"အင်း...ကိုယ်ထယ့်ကို ခိုးလာတာ...ထယ့်ကို အဆုံးရှုံးမခံနိုင်ဘူး...ဒါကြောင့်လဲ ကို အစ်ကိုဟိုဆော့နဲ့တိုင်ပင်ပီး ထယ်နဲ့ အတူနေဖို့ လက်မှတ်ထိုးဖို့ ခေါ်လာတာ....ကိုယ့်ကို လက်ခံတယ်မလားဟင်"
ဂျောင်ဂု ထိုသို့ပြော‌လိုက်တော့ ထယ်ယောင်း ငိုပါတော့သည်။
"အင့်.....ဟင့်....ဟင့်...."
"ထယ် ဘာလို့ ငိုတာလဲ ‌ကိုယ်နဲ့လက်မထပ်ချင်လို့လား လက်မခံချင်လို့လား"
ဂျောင်ဂု စိုးရိမ်တကြီးပြောတော့
"အရူး....လက်မခံပဲနေမလား...ဂျောင်ဂုကို ဆုံးရှုံးရမယ် ထင်ထားတာ ထယ့်ကိုထားပီးဟိုမိန်းကလေးနဲ့လက်ထပ်မယ်ထင်ထားတာ ဒီလိုတွေဖြစ်လာတော့လဲ ပျော်လွန်းလို့ ငိုတာပေါ့....အီးဟီး...."
အာပြဲကြီးနဲ့ ကလေးတစ်ယောက်လိုငိုနေသော ထယ်ယောင်းကို ဂျောင်ဂု အသဲယားကာ မျက်ရည်များသုတ်ကာ ရင်ခွင်ထဲထည့်ချော့နေတော့သည်။ရှေ့က လူကြီးတွေကိုမှ အားမနာ 😂။ခနကြာတော့ စာချုပ်ထဲလက်မှတ်ထိုးကြသည်။ဟိုဆော့က အသိသက်သေ နေရာမှာ ထိုးသည်။
"ကဲ ....လက်မှတ်လဲ ထိုးပီးပီဆိုတော့ သားတို့နှစ်ယောက် တရား၀င် ဇနီးမောင်နှံ အယ့်..မှားလို့ တရား၀င် လင်လင်တွေ ဖြစ်ကြပါပီကွယ်.."
နှစ်ယောက်လုံးတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြုံးနေကြတော့သည်။
"ဂျောင်ဂု ...ငါ လေယာဉ်လက်မှတ် လုပ်ထားပီးပီ ဒီညနေသွားလိုက်နော် ...ရော့...ဒီမှာ ငါ့အိမ်သော့...အိမ်လိပ်စာ မှတ်မိတယ်မလား..."
"ဟုတ် မှတ်မိတယ် အစ်ကို ...ကျေးဇူးအများကြီးတင်ပါတယ်အစ်ကို အစ်ကို့ကျေးဇူး မမေ့ပါဘူး"
"အင်း..ရတယ် ဂျောင်ဂု ..ဒါဆို ငါသွားပီနော်...ထယ်ယောင်း အစ်ကိုသွားလိုက်အုံးမယ်နော်"
"ဟုတ်ကဲ့.."
ဟိုဆော့ ထွက်သွားတော့သည်။
"ဂျောင်ဂု ...ထယ်တို့ဘယ်သွားကြမလဲ"
"ဘန်ကောက်သွားမလို့ထယ်....ဟိုမှာ အစ်ကိုဟိုဆော့အိမ်ရှိတယ် ခနလောက်တော့ ကိုတို့နေရအောင် ..."
"အင်း ဂျောင်ဂု"
"မောင်လို့ ခေါ် ...ကို့ကို မောင်လို့ခေါ်"
"ဟာ မခေါ်ချင်ပါဘူး အဲနာမ်စားက မိန်းကလေးတွေပဲ့ခေါ်လို့‌ေကာင်းတာ ငါကယောက်ျားလေး မခေါ်ချင်ပါဘူး"
"မောင် ကြိုက်တယ်လေ ထယ်ရယ်...ခေါ်ပါနော် မခေါ်ရင် ငိုမှာနော်"
"ဟော....ကလေးလဲ မဟုတ်ပဲ...အင်းပါ ခေါ်မယ်"
"ခေါ်ကြည့် ကြားချင်လို့"
"......"
"ထယ် ‌မောင်လို့ ခေါ်လို့....မောင်စိတ်သိပ်ရှည်တာ မဟုတ်ဘူးနော်...."
‌နှုတ်ခမ်းထော် ခြေ နှစ်ဖက်ဆောင့်ကာ ပြောနေသော ဂျောင်ဂုကို ထယ်‌ေယာင်းအသဲယားလာသည်။
"မောင်...."
"ဗျာ ...အာ ...နား‌ေထာင်လို့ ကောင်းလိုက်တာ ထပ်ခေါ်ပါအုံး"
"မောင်......မောင်...မောင် "
"အား.....နှလုံးတွေ ဇောက်ထိုးဖြစ် အရည်တွေ ပျော်ကုန်ပီ....နောက်တစ်ခေါက်လောက်"
"ဟာ...အရူးကြီး...."
"ဖြန်း
"အား...နာတယ်....ထယ်....."
ထယ်ယောင်း အမြင်ကပ်လာပီးမျက်စောင်းခဲရင်း ဂျောင်ဂုလက်မောင်းကိုပြင်းပြင်းလေးရိုက်ကာ ကားထဲ၀င်ထိုင်နေ‌လိုက်သည်။ဂျောင်ဂုလဲ ပြုံးဖြီးကာလက်မောင်းလေးပွတ်ရင်း ကားထဲ၀င် လေဆိပ်ဆီ မောင်းတော့သည်။
တစ်ဖက်က ယွန်းဆယ်နာတို့ကတော့ အကြီးအကျယ် ပေါက်ကွဲလျက်...
ထယ်မှာ မောင် ရှိတယ် အားကျနေပီမလား 😂
မောင့်မူပိုင် 💜 Part 8
"ဒါက ဘယ် လဲ..."
".........."
"နေပါအုံး...ထယ်..."
"ဂျွန်....."
"အော်....ဆယ်နာ..."
.
နောက်တစ်နေ့ မနက်ခင်း....
"ဟုတ်ကဲ့ပါ မေမေ"
"ကားပေါ်တက်"
"ဟုတ်ကဲ့"
"ဂျောင်ဂု ....ဒါက ..."
ကားပေါ်ကဆင်းကာ တရားရုံးရှေ့ ရပ်စောင့်နေသော ဟိုဆော့ကို လှမ်း‌ပြောသည်။
"ဒါပဲ့လေ ...😉"
"ဂျောင်ဂု ဒါက ဘာတွေလဲ..."
"ဂျောင်ဂု ...ဒါက..."
"အင့်.....ဟင့်....ဟင့်...."
"ဟုတ်ကဲ့.."
"အင်း ဂျောင်ဂု"
"ဟာ မခေါ်ချင်ပါဘူး အဲနာမ်စားက မိန်းကလေးတွေပဲ့ခေါ်လို့‌ကောင်းတာ ငါကယောက်ျားလေး မခေါ်ချင်ပါဘူး"
"......"
‌နှုတ်ခမ်းထော် ခြေ နှစ်ဖက်ဆောင့်ကာ ပြောနေသော ဂျောင်ဂုကို ထယ်‌ယောင်းအသဲယားလာသည်။
"မောင်...."
"ဗျာ ...အာ ...နား‌ထောင်လို့ ကောင်းလိုက်တာ ထပ်ခေါ်ပါအုံး"
"မောင်......မောင်...မောင် "
"ဟာ...အရူးကြီး...."
"ဖြန်း
"အား...နာတယ်....ထယ်....."
Continue Reading
You'll Also Like
770K 46.5K 30
A love contest between a boy who likes to kick football and a little doctor.
341K 8.4K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
324K 34.5K 172
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...