Empress Xiao

By Amarayoyo94

85.1K 6.9K 308

Start date...7.6.2021 More

Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Request
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao

Empress Xiao

3.9K 227 44
By Amarayoyo94

ထုံဘုရင်​လင်မယားဟာ ငယ်စဥ်ကတည်းက တော်ဝင်မိသားစုမှာကြီးပြင်းလာသူတွေဖြစ်သည်။ နှစ်ဦးစလုံးဟာ မွေးဖွားလာပြီးကတည်းက မင်းသား မင်းသမီးအနေဖြင့် နေထိုင်လာရတာကြောင့် သူတို့ရဲ့စိတ်နေစိတ်ထားဟာ မောက်မာနေကြသည်။ တိုင်းပြည်ကိုမအုပ်ချုပ်ရခင်အချိန်အထိ တိုင်းတစ်ပါးနှင့်ထိတွေ့ဖူးခြက်းမရှိသူများဖြစ်တာကြောင့် သူတို့တိုင်းပြည်သာလျှင် အကောင်းဆုံးဟုမှတ်ယူထားကြသည်။

အခြားနိုင်ငံများနှင့်ထိတွေ့ဖူးသည့်တိုင် သူတို့ကခေါင်းမာစွာ ငြင်းဆန်လေ့ရှိကြပြီး မိမိကိုယ်ကိုသာ ကြီးမြတ်သူများဟု ထင်မှတ်နေကြသည်။
ဒါကြောင့် ယခုလို အချုပ်ထဲရောက်နေသည့်အခါ အလွန်ကိုမှဒေါသထွက်နေကြသည်။ ငယ်စဥ်ကတည်းကရင်းနှီးလာသည့်တော်ဝင်စည်းမျဥ်းတွေကိုမေ့လျော့စွာ အယုတ္တအနတ္တစကားများကိုဆိုနေကြလေသည်။

"ဘယ်လိုတောင် အတင့်ရဲရတာလဲဟမ် ရှောင်းကျန့် မျိုးမစစ်ကောင် မိန်းမလိုကောင် မိဘတွေကိုဖမ်းထားရဲတယ်ကျန်း နင်ဟာ အသေဆိုးနဲ့သေမယ့်ကောင်"

"ဟဲ့ အမျိုးမကောင်းတဲ့ အဲ့ဒီကလေးကို ငါတို့က ချီပိုးချော့မြူ ရမှာလား ရွံစရာ ဘာဘုရင့်သားလား ဘာမင်းသားလေးလဲ အလကား"

အချုပ်ထဲမှာရောက်နေတာကိုပင် ရာဇပုလ္လင်ပေါ်ထိုင်နေသည့်အလား သူတို့ရဲ့အာဏာရူးသွပ်မှုက ကြောက်ခမန်းလိလိပင်။

"တိတ်ကြစမ်း"

အချုပ်ခန်းဆီသို့လာရာလမ်းတစ်လျောက်ကြားလာရတဲ့ စကားတွေကို သည်းခံနေခဲ့ပေမယ့် သားတော် ဝူဝူလေးကို ထိခိုက်လာတဲ့စကားတွေကိုကြားရတဲ့အခါမှာ ရှောင်းကျန့်က လက်တွေတုန်လာသည်အထိပင် ဒေါသထွက်လာရသည်။ မိမိကိုယ်ကိုလည်း သူတို့ရဲ့သားအရင်းဟုတ်မှဟုတ်ပါလေစဟုတွေးမိလာသည်။ ကိုယ်တိုင်မိဘဖြစ်လာသည့်အခါမှ နားလည်လာသည့်မိဘမေတ္တာကြောင့် သူတို့ကို ပိုလို့နားမလည်လာရသည်။

ဘေးမှာပါလာသည့်အရှင်ကလည်း ဒေါသတွေကိုထိန်းချုပ်ထားသော်ငြား မျက်ခုံးတွေကိုတွန့်ချိုးလျှက်

"ဒီလောက်တောင် ကြီးမြတ်နေတဲ့ သူတွေကို ဘယ်လိုလုပ်ရရင်ကောင်းမလဲ"

အရှင့်ရဲ့လေသံကအေးစက်နေပြီး ကောင်းတဲ့ကိစ္စများဖြစ်လာစရာ အကြောင်းမရှိတော့ပင်။
ရှောင်းကျန့်ပင်အနည်းငယ်ထိတ်လန့်နေပြီး သူ့မိဘတွေအတွက် အနည်းငယ်စိုးရိမ်သွားရသည်။ နောက်တော့ ထိုအတွေးတွေကို မောင်းထုတ်လိုက်ပြီး သူတို့နဲ့ထိုက်တန်တဲ့အပြစ်တွေကိုပြန်ဆပ်ရမည်။ ဒါကဓမ္မတာပင်။

"ရှောင်း ထုံနန်းတော်ရဲ့ တည်ဆောက်ပုံကို ယောသိအစီအရင်နဲ့ဟုတ်တယ်မဟုတ်လား"

"မှန်လှပါအရှင်"

"အဟွန့် ထုံဘုရင် ဒီလောက်တောင် သီလသမာဓိနဲ့ပြည့်စုံမှတော့ ငါကိုယ်တော်က နဂါးသွေးကိုဆုချလိုက်မယ် ကိုယ်ရံတော်တပ်မှူး ထုံပြည်မှာရှိတဲ့ လူယုံတွေကို နဂါးသွေးပို့ပေးလိုက် ယောသိအစီရင်နဲ့ နဂါးသွေးတွေ့ရင် ဘယ်လိုတောင်အံ့သြစရာတွေဖြစ်လာမလဲ"

ရှောင်းကျန့်ပင်အနည်းငယ် အံ့သြသွားရသည်။ ဒါကဘယ်လိုရက်စက်မှုမျိုးလဲ။ ယောသိအစီရင်ဆိုတာဟာ အင်မတန်မြင့်မြတ်တဲ့အစီရင်မျိုးဖြစ်သည်။ ထုံဘုရင်အဆက်ဆက်ဟာ မိမိကိုယ်ကိုသွေးကြီးကြသူများဖြစ်သည်။ ယောသိအစီရင်ဟာ မြင့်မြတ်တာကြောင့် အစီအရင်ကိုအုပ်ချုပ်သူဟာ သီလသမာဓိနဲ့ပြည့်စုံသူမျိုးဖြစ်ရမည်။ တိုင်းပြည်ကိုမေတ္တာတရားနဲ့အုပ်ချုပ်သူမျိုးဖြစ်ရမည်။ ထိုသို့မှမဟုတ်ရင် ယောသိအစီရင်ဟာ အသက်ဝင်ပြီးအုပ်ချူပ်သူကို ပြင်းထန်စွာ အပြစ်ပေးလိမ့်မည်။

သို့သော် ဒါဟာ စကားသက်သက်သာ အသက်မဝင်နေတဲ့ အစီအရင်ဟာ ဘယ်လိုမှအပြစ်မပေးနိုင်ပေ။ နဂါးသွေးကသာ ထိုအစီအရင်ကို အသက်သွင်းနိုင်မည်ဖြစ်သည်။ ဒါကြောင့် အရှင်က နဂါးသွေးကိုချီးမြှင့်ပြီး အစီအရင်ကိုအသက်ဝင်စေခြင်းဖြစ်သည်။ ဒါဆိုရင် ထုံဘုရင်လင်မယားဟာ တိုင်းပြည်အတွင်းကိုဝင်နိုင်ဖို့အရေးပက်မသေချာတော့ပေ။ ဒါဟာ သူတို့အပေါ်ကြီးမားတဲ့သက်ရောက်မှုဖြစ်စေလိမ့်မည်။

ဒေါသအလျောက်တုံ့ပြန်တာထက် ဒီနည်းလမ်းကပိုအသုံးဝင်သည်။ သွေးနားထင်ရောက်နေသည်​ြ ထုံဘုရင်လင်မယားကတော့ အရှက်အကြီးကြီးကွဲပေရော့မည်။

"အစီအရင်ကို အသက်သွင်းပြီးရင် ထုံဘုရင်ကို တိုင်းပြည်ပြန်ပို့လိုက် ကျန်တိုင်းပြည်တွေကိုလည်း ပြည်ဝင်ခွင့်ပိတ်ထားဖို့ စာလွှာတွေပို့ပေးလိုက် ထုံပြည်ကိုမှဝင်ခွင့်မရရင် သူတို့ဘယ်လိုလုပ်ကြလိမ့်မလဲ"

ထုံဘုရင် လင်မယားကတော့ ပြောစရာစကားတွေပင်ပျောက်ရှနေလေပြီ။ သူတို့ရဲ့မင်းအဆက်ဆက်မှာ ယောသိအစီရင်ဟာ တစ်ခါမျှပင်အသက်မဝင်ဖူးပေ။ ဘယ်လိုအကျိုးသက်ရောက်လိမ့်မည်မသိပေမယ့် ကောင်းလိမ့်မည်တော့မဟုတ်ပေ။

"နင် နင်တို့"

"အရှင် မင်းသားလေးနိုးနေပါပြီ ကြင်ယာတော်ရှောင်းကိုလည်းရှာနေပါတယ်"

ယွီအာ့ဆီမှ စကားရပြီးနောက်

"ကောင်းပြီ ငါကိုယ်တော်တို့လာခဲ့မယ်"

သူမဆီစကားပြန်ပြီးနောက် အရှင်က အချုပ်ခန်းဘက်လှည့်ကာ

"ကံကောင်းကြပါစေ"

အရှင်လှည့်ထွက်သွားတာနဲ့ ရှောင်းကျန့် အချုပ်ခန်းဆီ တိုးကပ်သွားလိုက်သည်။

"ကျွန်တော့်ကို အပြစ်မတင်ကြနဲ့ အရှင်ကသိပ်ကိုတရားမျှတပါတယ်"

"ရှောင်းကျန့်  နင်"

ရှောင်းကျန့် နောက်ကိုလှည့်မကြည့်တော့။ သူအဆောင်ကိုရောက်တော့ အရှင့်လက်ထဲမှာဆော့ကစားနေတဲ့ဝူဝူလေးက သူ့ဆီကို လက်လှမ်းလာသည်။

"အယ် အဲ့"

ရှောင်းကျန့်က နူးညံစွာပြုံးလိုက်ရင်း

"လာပါအုံး ပါးပါး သားတော်လေး နို့ဆာနေပြန်ပြီလား"

သားတော်ကပါးစပ်ဖြင့်ပြန်မဖြေတတ်ပေမယ့် သူ့ခေါင်းလေးကိုရင်ဘက်ဆီတိုးကပ်လာသည်။

"အဟက် မင်းကအစားပုတ်လေးဘဲကွာ"

ရှောင်းကျန့် သားတော်လေးနှာခေါင်းကိုတို့ထိကာ စနေတုန်း

"ရှောင်း ကိုယ်တော်လုပ်တာ လွန်သွားတယ်ထင်လား"

အရှင်ကရှောင်းကျန့်ကို အနောက်ကသိုင်းဖက်ရင်းမေးလာသည်။

ရှောင်းကျန့်အနောက်ကိုလှည့်ကြည့်ရင်း

"ကျွန်တော် သူတို့ကိုဘာပြောခဲ့လဲ အရှင်သိလား"

အရှင်ကသူ့ကိုစိုက်ကြည့်နေဆဲ

"အရှင်က သိပ်ကိုတရားမျှတပါတယ်လို့လေ"

အရှင်ကသဘောကျသလိုရယ်လိုက်ပြီး

"ကိုယ်တော်တော့ ချစ်လိုက်ရတာကွာ"

နောက်ပါးဆီမှရှောင်းကျန့်ရဲ့ဂုတ်ပိုးဆီအနမ်းတဖွဖွ ခြွေလျှက်

"ကျွန်တော်လည်း သိပ်ချစ်ပါတယ် အရှင်"

///////////////////////////////////////////////////////////////////////
ငပျင်းမလေး yoyo##





ထုံဘုရင္​လင္မယားဟာ ငယ္စဥ္ကတည္းက ေတာ္ဝင္မိသားစုမွာႀကီးျပင္းလာသူေတြျဖစ္သည္။ ႏွစ္ဦးစလုံးဟာ ေမြးဖြားလာၿပီးကတည္းက မင္းသား မင္းသမီးအေနျဖင့္ ေနထိုင္လာရတာေၾကာင့္ သူတို႔ရဲ႕စိတ္ေနစိတ္ထားဟာ ေမာက္မာေနၾကသည္။ တိုင္းျပည္ကိုမအုပ္ခ်ဳပ္ရခင္အခ်ိန္အထိ တိုင္းတစ္ပါးႏွင့္ထိေတြ႕ဖူးျခက္းမရွိသူမ်ားျဖစ္တာေၾကာင့္ သူတို႔တိုင္းျပည္သာလွ်င္ အေကာင္းဆုံးဟုမွတ္ယူထားၾကသည္။

အျခားနိုင္ငံမ်ားႏွင့္ထိေတြ႕ဖူးသည့္တိုင္ သူတို႔ကေခါင္းမာစြာ ျငင္းဆန္ေလ့ရွိၾကၿပီး မိမိကိုယ္ကိုသာ ႀကီးျမတ္သူမ်ားဟု ထင္မွတ္ေနၾကသည္။
ဒါေၾကာင့္ ယခုလို အခ်ဳပ္ထဲေရာက္ေနသည့္အခါ အလြန္ကိုမွေဒါသထြက္ေနၾကသည္။ ငယ္စဥ္ကတည္းကရင္းႏွီးလာသည့္ေတာ္ဝင္စည္းမ်ဥ္းေတြကိုေမ့ေလ်ာ့စြာ အယုတၱအနတၱစကားမ်ားကိုဆိုေနၾကေလသည္။

"ဘယ္လိုေတာင္ အတင့္ရဲရတာလဲဟမ္ ေရွာင္းက်န့္ မ်ိဳးမစစ္ေကာင္ မိန္းမလိုေကာင္ မိဘေတြကိုဖမ္းထားရဲတယ္က်န္း နင္ဟာ အေသဆိုးနဲ႕ေသမယ့္ေကာင္"

"ဟဲ့ အမ်ိဳးမေကာင္းတဲ့ အဲ့ဒီကေလးကို ငါတို႔က ခ်ီပိုးေခ်ာ့ျမဴ ရမွာလား ႐ြံစရာ ဘာဘုရင့္သားလား ဘာမင္းသားေလးလဲ အလကား"

အခ်ဳပ္ထဲမွာေရာက္ေနတာကိုပင္ ရာဇပုလႅင္ေပၚထိုင္ေနသည့္အလား သူတို႔ရဲ႕အာဏာ႐ူးသြပ္မႈက ေၾကာက္ခမန္းလိလိပင္။

"တိတ္ၾကစမ္း"

အခ်ဳပ္ခန္းဆီသို႔လာရာလမ္းတစ္ေလ်ာက္ၾကားလာရတဲ့ စကားေတြကို သည္းခံေနခဲ့ေပမယ့္ သားေတာ္ ဝူဝူေလးကို ထိခိုက္လာတဲ့စကားေတြကိုၾကားရတဲ့အခါမွာ ေရွာင္းက်န့္က လက္ေတြတုန္လာသည္အထိပင္ ေဒါသထြက္လာရသည္။ မိမိကိုယ္ကိုလည္း သူတို႔ရဲ႕သားအရင္းဟုတ္မွဟုတ္ပါေလစဟုေတြးမိလာသည္။ ကိုယ္တိုင္မိဘျဖစ္လာသည့္အခါမွ နားလည္လာသည့္မိဘေမတၱာေၾကာင့္ သူတို႔ကို ပိုလို႔နားမလည္လာရသည္။

ေဘးမွာပါလာသည့္အရွင္ကလည္း ေဒါသေတြကိုထိန္းခ်ဳပ္ထားေသာ္ျငား မ်က္ခုံးေတြကိုတြန့္ခ်ိဳးလွ်က္

"ဒီေလာက္ေတာင္ ႀကီးျမတ္ေနတဲ့ သူေတြကို ဘယ္လိုလုပ္ရရင္ေကာင္းမလဲ"

အရွင့္ရဲ႕ေလသံကေအးစက္ေနၿပီး ေကာင္းတဲ့ကိစၥမ်ားျဖစ္လာစရာ အေၾကာင္းမရွိေတာ့ပင္။
ေရွာင္းက်န့္ပင္အနည္းငယ္ထိတ္လန့္ေနၿပီး သူ႕မိဘေတြအတြက္ အနည္းငယ္စိုးရိမ္သြားရသည္။ ေနာက္ေတာ့ ထိုအေတြးေတြကို ေမာင္းထုတ္လိုက္ၿပီး သူတို႔နဲ႕ထိုက္တန္တဲ့အျပစ္ေတြကိုျပန္ဆပ္ရမည္။ ဒါကဓမၼတာပင္။

"ေရွာင္း ထုံနန္းေတာ္ရဲ႕ တည္ေဆာက္ပုံကို ေယာသိအစီအရင္နဲ႕ဟုတ္တယ္မဟုတ္လား"

"မွန္လွပါအရွင္"

"အဟြန့္ ထုံဘုရင္ ဒီေလာက္ေတာင္ သီလသမာဓိနဲ႕ျပည့္စုံမွေတာ့ ငါကိုယ္ေတာ္က နဂါးေသြးကိုဆုခ်လိဳက္မယ္ ကိုယ္ရံေတာ္တပ္မႉး ထုံျပည္မွာရွိတဲ့ လူယုံေတြကို နဂါးေသြးပို႔ေပးလိုက္ ေယာသိအစီရင္နဲ႕ နဂါးေသြးေတြ႕ရင္ ဘယ္လိုေတာင္အံ့ၾသစရာေတြျဖစ္လာမလဲ"

ေရွာင္းက်န့္ပင္အနည္းငယ္ အံ့ၾသသြားရသည္။ ဒါကဘယ္လိုရက္စက္မႈမ်ိဳးလဲ။ ေယာသိအစီရင္ဆိုတာဟာ အင္မတန္ျမင့္ျမတ္တဲ့အစီရင္မ်ိဳးျဖစ္သည္။ ထုံဘုရင္အဆက္ဆက္ဟာ မိမိကိုယ္ကိုေသြးႀကီးၾကသူမ်ားျဖစ္သည္။ ေယာသိအစီရင္ဟာ ျမင့္ျမတ္တာေၾကာင့္ အစီအရင္ကိုအုပ္ခ်ဳပ္သူဟာ သီလသမာဓိနဲ႕ျပည့္စုံသူမ်ိဳးျဖစ္ရမည္။ တိုင္းျပည္ကိုေမတၱာတရားနဲ႕အုပ္ခ်ဳပ္သူမ်ိဳးျဖစ္ရမည္။ ထိုသို႔မွမဟုတ္ရင္ ေယာသိအစီရင္ဟာ အသက္ဝင္ၿပီးအုပ္ခ်ဴပ္သူကို ျပင္းထန္စြာ အျပစ္ေပးလိမ့္မည္။

သို႔ေသာ္ ဒါဟာ စကားသက္သက္သာ အသက္မဝင္ေနတဲ့ အစီအရင္ဟာ ဘယ္လိုမွအျပစ္မေပးနိုင္ေပ။ နဂါးေသြးကသာ ထိုအစီအရင္ကို အသက္သြင္းနိုင္မည္ျဖစ္သည္။ ဒါေၾကာင့္ အရွင္က နဂါးေသြးကိုခ်ီးျမႇင့္ၿပီး အစီအရင္ကိုအသက္ဝင္ေစျခင္းျဖစ္သည္။ ဒါဆိုရင္ ထုံဘုရင္လင္မယားဟာ တိုင္းျပည္အတြင္းကိုဝင္နိုင္ဖို႔အေရးပက္မေသခ်ာေတာ့ေပ။ ဒါဟာ သူတို႔အေပၚႀကီးမားတဲ့သက္ေရာက္မႈျဖစ္ေစလိမ့္မည္။

ေဒါသအေလ်ာက္တုံ႕ျပန္တာထက္ ဒီနည္းလမ္းကပိုအသုံးဝင္သည္။ ေသြးနားထင္ေရာက္ေနသည္​ျ ထုံဘုရင္လင္မယားကေတာ့ အရွက္အႀကီးႀကီးကြဲေပေရာ့မည္။

"အစီအရင္ကို အသက္သြင္းၿပီးရင္ ထုံဘုရင္ကို တိုင္းျပည္ျပန္ပို႔လိုက္ က်န္တိုင္းျပည္ေတြကိုလည္း ျပည္ဝင္ခြင့္ပိတ္ထားဖို႔ စာလႊာေတြပို႔ေပးလိုက္ ထုံျပည္ကိုမွဝင္ခြင့္မရရင္ သူတို႔ဘယ္လိုလုပ္ၾကလိမ့္မလဲ"

ထုံဘုရင္ လင္မယားကေတာ့ ေျပာစရာစကားေတြပင္ေပ်ာက္ရွေနေလၿပီ။ သူတို႔ရဲ႕မင္းအဆက္ဆက္မွာ ေယာသိအစီရင္ဟာ တစ္ခါမွ်ပင္အသက္မဝင္ဖူးေပ။ ဘယ္လိုအက်ိဳးသက္ေရာက္လိမ့္မည္မသိေပမယ့္ ေကာင္းလိမ့္မည္ေတာ့မဟုတ္ေပ။

"နင္ နင္တို႔"

"အရွင္ မင္းသားေလးနိုးေနပါၿပီ ၾကင္ယာေတာ္ေရွာင္းကိုလည္းရွာေနပါတယ္"

ယြီအာ့ဆီမွ စကားရၿပီးေနာက္

"ေကာင္းၿပီ ငါကိုယ္ေတာ္တို႔လာခဲ့မယ္"

သူမဆီစကားျပန္ၿပီးေနာက္ အရွင္က အခ်ဳပ္ခန္းဘက္လွည့္ကာ

"ကံေကာင္းၾကပါေစ"

အရွင္လွည့္ထြက္သြားတာနဲ႕ ေရွာင္းက်န့္ အခ်ဳပ္ခန္းဆီ တိုးကပ္သြားလိုက္သည္။

"ကြၽန္ေတာ့္ကို အျပစ္မတင္ၾကနဲ႕ အရွင္ကသိပ္ကိုတရားမွ်တပါတယ္"

"ေရွာင္းက်န့္  နင္"

ေရွာင္းက်န့္ ေနာက္ကိုလွည့္မၾကည့္ေတာ့။ သူအေဆာင္ကိုေရာက္ေတာ့ အရွင့္လက္ထဲမွာေဆာ့ကစားေနတဲ့ဝူဝူေလးက သူ႕ဆီကို လက္လွမ္းလာသည္။

"အယ္ အဲ့"

ေရွာင္းက်န့္က ႏူးညံစြာၿပဳံးလိုက္ရင္း

"လာပါအုံး ပါးပါး သားေတာ္ေလး နို႔ဆာေနျပန္ၿပီလား"

သားေတာ္ကပါးစပ္ျဖင့္ျပန္မေျဖတတ္ေပမယ့္ သူ႕ေခါင္းေလးကိုရင္ဘက္ဆီတိုးကပ္လာသည္။

"အဟက္ မင္းကအစားပုတ္ေလးဘဲကြာ"

ေရွာင္းက်န့္ သားေတာ္ေလးႏွာေခါင္းကိုတို႔ထိကာ စေနတုန္း

"ေရွာင္း ကိုယ္ေတာ္လုပ္တာ လြန္သြားတယ္ထင္လား"

အရွင္ကေရွာင္းက်န့္ကို အေနာက္ကသိုင္းဖက္ရင္းေမးလာသည္။

ေရွာင္းက်န့္အေနာက္ကိုလွည့္ၾကည့္ရင္း

"ကြၽန္ေတာ္ သူတို႔ကိုဘာေျပာခဲ့လဲ အရွင္သိလား"

အရွင္ကသူ႕ကိုစိုက္ၾကည့္ေနဆဲ

"အရွင္က သိပ္ကိုတရားမွ်တပါတယ္လို႔ေလ"

အရွင္ကသေဘာက်သလိုရယ္လိုက္ၿပီး

"ကိုယ္ေတာ္ေတာ့ ခ်စ္လိုက္ရတာကြာ"

ေနာက္ပါးဆီမွေရွာင္းက်န့္ရဲ႕ဂုတ္ပိုးဆီအနမ္းတဖြဖြ ေႁခြလွ်က္

"ကြၽန္ေတာ္လည္း သိပ္ခ်စ္ပါတယ္ အရွင္"

///////////////////////////////////////////////////////////////////////
ငပ်င္းမေလး yoyo##

Continue Reading

You'll Also Like

1.5M 226K 163
Both Unicode and Zawgyi are available ! Title - 穿成炮灰反派怎么破 Author - 莫西辞 (Mò xī cí) Type - web novel (CN) Status in COO- 303 chapters + 3 extras(Comple...
1.5M 192K 123
အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝင်တွင်မကျန်ခဲ့တဲ့ ဒဏ္ဏာရီဇာတ်လမ်းလေးပဲလာ...
4.4M 501K 92
Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်းယုံတို့၏ ကြည်နူးဖွယ် ဒဏ္ဍာရီတစ်ပုဒ်... N...
57.4K 5.8K 51
ဘာသာပြန်သူ စွဲညို့အသင်း