IDOL

By Thurein__

48.2K 3.2K 580

Stage ပေါ်မှာ တောက်ပနေမယ့် Idol တစ်ယောက်အကြောင်း More

IDOL (Intro)
(Announcement)
1 (Uni)
1 (Zawgyi)
2 (Uni)
2 (Zawgyi)
3 (Uni)
3 (Zawgyi)
4 (Uni)
4 (Zawgyi)
(A/N)
5 (Uni)
5 (Zawgyi)
6 (Uni)
6 (Zawgyi)
7 (Uni)
7 (Zawgyi)
8 (Uni)
8 (Zawgyi)
9 (Uni)
9 (Zawgyi)
10 (Uni)
10 (Zawgyi)
11 (Uni)
11 (Zawgyi)
12 (Uni)
12 (Zawgyi)
13 (Uni)
13 (Zawgyi)
14 (Uni)
14 (Zawgyi)
15 (Uni)
15 (Zawgyi)
16 (Uni)
16 (Zawgyi)
17 (Uni)
17 (Zawgyi)
18 (Uni)
18 (Zawgyi)
19 (Uni)
19 (Zawgyi)
20 (Uni)
20 (Zawgyi)
21 (Uni)
21 (Zawgyi)
22 (Uni)
22 (Zawgyi)
23 (Uni)
23 (Zawgyi)
24 (Uni)
24 (Zawgyi)
25 (Uni)
25 (Zawgyi)
26 (Uni)
26 (Zawgyi)
27 (Uni)
27 (Zawgyi)
28 (Uni)
28 (Zawgyi)
29 (Uni)
29 (Zawgyi)
30 (Uni)
30 (Zawgyi)
Members' Biology
31 (Uni)
31 (Zawgyi)
CLICK!!
32 (Uni)
32 (Zawgyi)
33 (Uni)
33 (Zawgyi)
34 (Uni)
34 (Zawgyi)
35 (Uni)
35 (Zawgyi)
36 (Uni)
36 (Zawgyi)
37 (Uni)
37 (Zawgyi)
38 (Uni)
38 (Zawgyi)
39 (Uni)
39 (Zawgyi)
40 (Uni)
40 (Zawgyi)
41 (Zawgyi)
42 (Uni)
42 (Zawgyi)
43 (Uni)
43 (Zawgyi)
44 (Uni)
44 (Zawgyi)
45 (Uni)
45 (Zawgyi)
46 (Uni)
46 (Zawgyi)
47 (Uni)
47 (Zawgyi)
48 (Uni)
48 (Zawgyi)
49 (Uni) 🔞
49 (Zawgyi) 🔞
50 (Uni)
50 (Zawgyi)
51 (Uni)
51 (Zawgyi)
52 (Uni)
52 (Zawgyi)
53 (Uni)
53 (Zawgyi)
54 (Uni)
54 (Zawgyi)
55 (Uni)
55 (Zawgyi)
56 (Uni)
56 (Zawgyi)
57 (Uni)
57 (Zawgyi)
58 (Uni)
58 (Zawgyi)
59 (Uni)
59 (Zawgyi)
60 (Uni)
60 (Zawgyi)
61 (Uni)
61 (Zaw gyi)
62 (Uni) 🔞
62 (Zawgyi) 🔞
63 (Uni)
63 (Zawgyi)
64 (Uni)
64 (Zawgyi)
ဇာတ်သိမ်းပိုင်း
ဇာတ်သိမ်းပိုင်း
Thanking

41 (Uni)

340 39 5
By Thurein__

"ဒီနေ့ကစပြီး Artist-K ရဲ့မန်နေဂျာအဖြစ်တာဝန်ယူသွားမယ့် ဇေသုခ ဖြစ်ပါတယ်ခင်ဗျာ။ ကူညီပေးပါဦး"

ညီညီ့မှာပါးစပ်အဟောင်းသားနဲ့။ ဖြစ်လာလိမ့်မယ်လို့ တကယ်ထင်မထားတဲ့ကိစ္စကြီး။

"ယေး....မိုက်ပြီကွ"

"မင်းနဲ့ဆုံဖို့ဖြစ်လာလို့ အရှေ့မှာလူမမြဲတာပဲဖြစ်ရမယ်။ ခုတော့လူမှန်တွေ့ပြီပေါ့ကွာ"

"Artist-K ရဲ့မန်နေဂျာလို့မထင်ဘဲ မန်ဘာအသစ်လို့ထင်နေဦးမယ်"

ညီညီကလွဲလို့ကျန်တဲ့သူတွေ အကြီးအကျယ်ပျော်နေကြသည်။ မေမေကသူ့လက်ထောက်ကို ကြည်ကြည်ဖြူဖြူလွှတ်ပေးလိုက်တယ်တဲ့လား။ ညီညီကမပျော်တာမဟုတ်။ ပျော်ပါတယ်။ ပျော်တာထက်အံ့သြနေတာ။ ဇေ သူတို့မန်နေဂျာဖြစ်လာလို့ဆုတ်ယုတ်သွားမှာမျိုး လုံးဝမရှိမှာလည်းသိသည်။

မေမေနဲ့ CEO ဆောလ်တို့တိုင်ပင်ပြီး ဇေ့ကိုမန်နေဂျာအဖြစ်လာခိုင်းတာတဲ့။ ဇေကတော့ မေမေစေရာသွား ထားရာနေမှာ။ မလုပ်ချင်ရင်မလုပ်ချင်ဘူး ငြင်းရမှာပေါ့။ ကိုယ့်ကြောင့်တင်မဟုတ်ဘူး အဖွဲ့ကြောင့်ပါပိုပင်ပန်းရတော့မှာ။
မရဘူး မင်းမန်နေဂျာလုပ်လို့မရဘူး။

"အပြောနဲ့အလုပ်နဲ့လည်းမကိုက်ဘူး"

ညီညီ မြန်မာလိုပြောလိုက်တာမို့ မန်ဘာတွေက ဘာလဲဆိုသည့်အကြည့်နဲ့ ကြည့်လာကြပေမယ့် နားမလည်ကြ။ ဇေ​သာ မျက်ခုံးနှစ်ဖက်ပင့်သွားသည်။ သူလာခြင်းကိုကိုယ်မကြိုဆိုမှန်း ကိုယ့်မျက်နှာတစေအရိပ်အကဲခတ်နေတတ်တဲ့သူ သိမှာပေါ့။

"မင်းပြောတော့မန်နေဂျာမမြဲတဲ့အဖွဲ့မှာမလုပ်ချင်ဘူးဆို။ ခုတော့ဘာလို့လာလုပ်လဲ"

"ဒီတိုင်းပဲ..... အဲ့လိုဖြစ်သွားတယ်"

ပြန်ဖြေပုံကဘုဆတ်ဆတ်။ အမြင်ကပ်လိုက်တာ။

"ကုမ္ပဏီကိုပြန်....။ မင်းကိုမန်နေဂျာအဖြစ်လက်မခံဘူး။ မန်နေဂျာလုပ်မယ့်သူတွေပေါတယ်"

ဘာသာစကားမတူ၍ မျက်နှာရိပ်ကိုသာကြည့်နေကြသည့်မန်ဘာများသည် မြန်မာနှစ်ယောက်အခြေအနေတင်းမာနေသည်ဆိုတာ သိလာကြ၏။

"ရား ရား....မင်းတို့ကကိုရီးယားလိုပြောကြလေကွာ။ ငါတို့နားမလည်ဘူး"

"မပြန်နိုင်ဘူး။ မင်းဘာသာပေါပေါ မပေါပေါ ငါ့အလုပ်ကဒီမှာ"

"မင်းစကားကိုမင်းတည်လေ"

"မင်းကမှဘာဖြစ်နေတာလဲ။ ငါကစနောက်ပြီးပြောလိုက်တဲ့စကားတစ်ခွန်းကို ဘာလို့အထအနကောက်နေရတာလဲ။ ငါရောက်လာတာကဘာဖြစ်နေလို့လဲ။ မင်းတို့အဖွဲ့အတွက်ငါ့ထက်ပိုသင့်တော်မယ့်သူရှိသေးလို့လား။ ရှိရင်ပြ"

ဇေ့အသံတွေမှာလည်း ဒေါသတွေပါနေတာ။ ထွက်မှာပေါ့။ ရှေ့လျှောက် ကိုယ်ကအကောင်းဆုံးစီမံခန့်ခွဲပေးမှာ။ ညီညီ့အနားမှာနေပြီး စောင့်ရှောက်ပေးရမှာ။ ဒီစေတနာတွေကိုနားမလည် ​ကြိုတောင်မကြိုဆိုနိုင်ပဲ မြင်ရုံနဲ့ဘာလို့ပထုတ်နေရတာလဲ။ စိတ်တိုလိုက်တာ။

"ရှိတယ်....အများကြီးရှိတယ်လို့ပြောပြီးပြီလေ။ အဲ့လောက်အားနေရင်တခြားအဖွဲ့မှာသွားလုပ်။ ငါကတော့လက်မခံဘူး)

"ဒါဆိုမဲခွဲကြည့်လေ။ ငါကဒီမှာဆက်နေသင့်လားမသင့်လား"(ကိုရီးယားစကားဖြင့်)

"ဘာလို့မဲခွဲမှာလဲ"

"ခွဲရမှာပေါ့။ အဖွဲ့ဖြစ်နေတဲ့အတွက် တစ်ယောက်ချင်းစီရဲ့ဆန္ဒကအရေးကြီးတယ်"

"ငါကတော့နေစေချင်တယ်"

အကြောင်းရင်းကိုမသိကြပေမယ့် အယောင်ယောင်အနနနဲ့ဝင်မဲမေးကြလေသည်။
ထယ်ဆော့ကအရင် မဲပေးသည်။ မဆိုင်းမတွပင်ကျန်လေးယောက်ကပါ ဇေ့ကိုနေစေချင်သည့်ဘက်ကမဲပေးကြကာ ​ငါးမဲတစ်မဲနှင့် ညီညီရှုံးသွားသည်။

သူနိုင်သွားလို့ ထေ့ပြီးကြည့်နေတဲ့မျက်လုံးတွေကိုလက်ညိုးနဲ့နှိုက်ပစ်ချင်တာ။ သူပင်ပန်းမှာစိုးလို့ ကိုယ်ကပြောတာကို။ ကြားထဲအားရင်အားသလိုမေမေက အလုပ်တွေလှမ်းလှမ်းပေးနေမှာသိတယ်။ ညီညီတို့သားအမိနှစ်ယောက်ကြားမှာ ညပ်ပြီးပင်ပန်းမှာစိုးလို့ စေတနာနဲ့။

သူ့ကိုပဲကိုယ်ကမနေစေချင်တာတဲ့လား။ သူရှိနေရင်ကိုယ်ပိုတောင်လုံခြုံသေးတယ်။ မနေစေချင်စရာလား။

သိူ့နှင့် ဇေသည်မန်နေဂျာဖြစ်လာခဲ့ပါသည်။

"ကိုးနာကီကျ Idol to Air Radio Talking Show ဆီသွားရမယ်။ နာရီဝက်လောက်စောသွားမယ်။ ကြိုပြင်ထားကြပါ"

"Radio Show ပြီးရင် နေ့လယ်သုံးနာရီကျ Music Show သွားရမယ်"

"MML ပွဲတစ်ခုကလာကမ်းလှမ်းလာတယ်။ ခုည ခဏဖျော်ဖြေပေးရမှာ။ ကြိုမပြောဘဲနဲ့ ရမလားဆိုပြီးလာစမ်းတာ။ မင်းတို့ပင်ပန်းနေမယ်ထင်လို့ ဖျက်လိုက်မယ်နော်"

တစ်နေကုန် အလုပ်တွေမနားတမ်းကိုလုပ်နေခြင်းပင်။ သူ့ကိုဘယ်သူက အပြစ်ပြောမှာကျနေတာပဲ။ ​ညီညီကတော့စကားကိုပြောချင်စိတ်မရှိဘူး။ မနက်စကားများပြီးကတည်းက ခုထိတစ်လုံးမှမပြော။ မန်ဘာတွေ ဝင်ဖျန်ဖြေတာလည်းမရ။ တစ်အိမ်တည်းအတူနေတဲ့သူနှစ်ယောက်မတည့်တာမြင်တော့ သူတို့လည်းကြားထဲကမနေသာဖြစ်ကြရသည်။

မေမေ့ကိုပဲ ပြောကြည့်ရမှာပဲ။ မေမေ့ကုမ္ပဏီမှာပဲ ဇေ့ကိုလုပ်ခိုင်းဖို့၊ ဒါမှမဟုတ် မန်နေဂျာလုပ်နေတဲ့တလျှောက်လုံး ဇေက ညီညီတို့ပိုင်တဲ့သူမို့ မေမေ့အလုပ်တွေနဲ့​ဝေးဝေးထားဖို့။ တစ်ခုမဟုတ်တစ်ခုပေါ့။

.........

"ယနေ့ Artist-K အတွက် ​စီအီးအိုဆောလ်က မန်နေဂျာအသစ်ထပ်ခန့်လိုက်ပြန်ပါတယ်။ မန်နေဂျာကံခေတဲ့ ​တို့ကောင်လေးတွေဆီ ခုထပ်ရောက်လာတဲ့သူကတော့ Flowers လေးတို့ လုံးဝစိတ်ချလို့ရပြီဖြစ်တဲ့ အဆင်ပြေတဲ့သူဖြစ်ပါတယ်။ မင်မင်တို့လည်း အစကစိတ်မချလို့စုံစမ်းကြည့်တော့ မန်နေဂျာအသစ်က  Eagle လေး
အမေရဲ့လက်ထောက်ဖြစ်ပြီး Eagle လေးနဲ့တစ်အိမ်တည်းတစ်ခန်းတည်းအတူနေတဲ့ ငယ်သူငယ်ချင်းပါတဲ့။ မြန်မာလူမျိုးပါပဲရှင်။ Eagle နဲ့ရော Artist-K နဲ့ရောသိပ်ရင်းနှီးပြီး လုပ်ရည်ကိုင်ရည်လည်း သိပ်ကိုစေ့စပ်ပြီးတော်ပါတယ်တဲ့။ နာမည်ကတော့ ဇေသုခလင်းမို့ မင်မင်ကတော့ ဂျာဇေလို့ခေါ်လိုက်ပါပြီရှင်။ မင်မင်ကတော့ Artist-K ကို မန်ဘာအသစ်တိုးပေးလိုက်တယ်လို့ကို ထင်လိုက်တာပါ။ ဘာလို့ဆို ချောလွန်းလို့လေ ဟက်ဟက်။ တို့ကောင်လေးတွေကိုကျော်ပြီး မကျူးရဘူးနော် ဟွန်း .... ဟွန်း....."

မြန်မာ့ဆိုရှယ်မီဒီယာမျက်နှာစာများတွင် တက်နေသည့် လတ်တလောလူတွေစိတ်ဝင်စားရာသတင်းထဲကလူတစ်ယောက်။
ဇေသုခလင်း.....။

နေ့ချင်းညချင်းကို အများစိတ်ဝင်စားမှူခံရပြီး နောက်ကြောင်းတွေအထိလိုက်ခံရတာ အလေ့အထတစ်ခုလိုပင်ဖြစ်နေလေပြီ။

မြန်မာနိုင်ငံသားပါသည့် K Pop အဖွဲ့၏ မန်နေဂျာမြန်မာလူမျိုး။ ခန့်ညားသန့်ပြန့်လွန်း
သည့်ရုပ်ရည်ရူပကာ။ ရှည်လျားလှသည့်အရပ်အမောင်း။ အသားလတ်လတ်နှင့် တည်တည်ကြည်ကြည်မျက်နှာထား။
အဖက်ဖက်ကပြည့်စုံသည့် သူ၏ အတိတ်ရာဇဝင်နောက်ကြောင်းတွေကို​ ဖော်ကြရင်းတစ်ချို့ထွက်လာကြသည်။

ကုန်ထမ်းရတဲ့အဖေနဲ့ ဆိုင်လေးဖွင့်စျေးရောင်းရတဲ့အမေတို့ရဲ့သားမှန်းသိသွားကြသည့်အခါ ပိုလို့တောင်စိတ်ဝင်စားကုန်ကြ၏။ ဘဝကဆင်းရဲပေမယ့် အရှုံးမပေးဘဲ အမြင့်ရောက်အောင်တက်နိုင်ခဲ့တဲ့ လူတစ်ယောက်အဖြစ် နေ့ချင်းညချင်း ဘုန်းတော်ဘွဲ့တွေရေးကုန်ကြလေသည်။

တစ်ရက်ကနေ နှစ်ရက်၊ နှစ်ရက်ကနေ တစ်ပတ်ဖြစ်လာသည်အထိ ဇေ့သတင်းတွေကပလူပျံနေဆဲ။ ထိုကြားထဲဇေကိုယ်တိုင်မေ့လျော့နေပြီဖြစ်တဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေထိပါပါလာခဲ့သည်။

"ဇေသုခလင်းက မင်းသမီးရောင်စဥ်လှိုင်းကို ဖွင့်ပြောဖူးခဲ့"ဆိုသည့်သတင်းအောက်မှာ လူတွေရဲ့အထင်အမြင်မျိုးစုံဟာ ပွထနေခဲ့သည်။

"လူသိရှင်ကြား ငြင်းခံလိုက်ရပြီး ရောင်စဥ်လှိုင်းရဲ့ပရိတ်သတ်တွေထိုးတာတောင်ခံလိုက်ရသေးတယ်"

"အမလေးလေး လူသိရှင်ကြားတဲ့လား။ တိတ်တိတ်ငြင်းလည်းရပါတယ်ဟဲ့"

"ဇေသုခလင်းကို ငြင်းပေးတာကျေးဇူးပါ"

"သုခကိုထိုးတဲ့ကောင်တွေကို သိတဲ့သူတွေပြပေးကြပါ။ -င်ဂေါင်းကျယ်တဲ့အကောင်တွေကိုသွားဖြဲပေးဦးမယ်"

"ခုတော့ ဟိုမင်းသမီးနဲ့တန်းတူဖြစ်သွားပြီ"

မှတ်ချက်တွေကိုစုံရော။ နှစ်ဦးနှစ်ဖက်ထိခိုက်စေသည့်မှတ်ချက်များပါသလို တစ်ဖက်တည်းကိုစောင်းနင်းထားသည့်မှတ်ချက်များလည်းပါသည်။ မင်းသမီးဖန်များက မင်းသမီးဘက်ကကာပြောကြသလို Artist-K နဲ့ K Pop fandom အသိုင်းအဝိုင်းက ဇေ့ဘက်ကကာပြောကြသည်။

ဖြစ်ချိန်တန်လို့ဖြစ်သွားတဲ့ အတိတ်ကဖြစ်ရပ်များမို့ ဇေ အမှားအမှန်မခွဲခြားချင်ပါ။
ခုအချိန်မှပေါ်လာတော့ရော အတိတ်ကပြောင်းလဲသွားမှာမဟုတ်တာ။ အနာဂတ်ကိုလည်း လုံးဝထိခိုက်စေမှာလည်းမဟုတ်။

"ဇေ့"

သူနားကြားမမှားပါဘူး။ ညီညီရယ်ခေါ်လိုက်တာအမှန်ပဲ။ တစ်ပတ်တိတိ ကိုယ့်ကိုစကားမပြောဘူးလေ။ တစ်ခန်းတည်းအတူနေပေ​မယ့် မျက်နှာချင်းကိုမဆိုင်ဖြစ်ကြတာ။ သူ့အပေါ်အမြဲအလိုလိုက်လို့ ကိုယ့်ပေါ်ဆိုဆိုးနေတာ။ ဒီတစ်ခါတော့မရဘူးဆိုပြီး ကိုယ်လည်းတင်းထားလိုက်တာ ခုမှ သူ့ဘက်ကစခေါ်တာခြင်း။

ဇေထင်တာမမှားရင် ခုတက်နေတဲ့သတင်းတွေနဲ့ပတ်သတ်မယ်ထင်တယ်။ ဇေ သူ့ကိုလှည့်ကြည့်ရုံကြည့်လိုက်သည်။ ဒီမှာ Artist-K အတွက်နောက်တစ်ပတ်အချိန်ဇယားလုပ်နေတာ။

"မင်း အဆင်ပြေရဲ့လား"

ဘာကိုမေးမှန်းသိပေမယ့် ဇေမသိချင်ယောင်ပဲဆောင်လိုက်သည်။

"ဘာကိုလဲ"

"ခုတက်နေတဲ့သတင်းတွေကိုပေါ့။ မင်းအဆင်ပြေရဲ့လားလို့"

ညီညီ့ပုံစံက ထူးခြားနေသည်။ ခါတိုင်းလို သွက်သွက်လက်လက် အားအင်အပြည့်နဲ့ သူ့ကိုဆိုရန်ဆောင်နေတတ်တဲ့ပုံမဟုတ်တော့။ အေးအေးလူလူ ကိုယ်လေးကျုံ့လို့ စိုးရိမ်နေတဲ့မျက်လုံးလေးတွေနဲ့။ ဇေ ရင်ထဲနွေးခနဲ။ ဘဝမှာ ညီညီ့ဘက်ကစိတ်ပူပေးတာမျိုးခံဖူးသေးတာပဲ။

"မင်းကငါ့ကိုစိတ်ပူလို့လား"

"အင်း"

မဆိုင်းမတွ ဝန်ခံပုံက အူယားဖွယ်။

"ငါကအဆင်မပြေတဲ့ပုံပေါက်နေလို့လား"

"မပေါက်ပါဘူး။ မင်းကဖုံးကွယ်တာတော်တယ်လေ။ မပြေတာကြီးကိုအတင်းဖုံးထားမှာစိုးလို့ အဆင်မပြေရင်ပြော"

ဇေ ထိုင်ခံနောက်မှီကိုမှီရင်း ညီညီ့ကိုစိုက်ကြည့်နေသည်။ မျက်နှာမှာဘာမာန်မှမရှိဘဲ ပကတိကြည်လင်နေ၏။ ညီညီ့ကိုကြည့်မိတိုင်း အလိုအလျောက်ကြည့်မိသည့်နေရာလေးက ဇေ ပိုင်ဆိုင်ရယူငုံထွေးဖူးသည့် နှုတ်ခမ်းနေရာလေး။  လူအများချစ်ကြတဲ့ ကမ္ဘာကျော်မျက်နှာလေးပေါ်က နှုတ်ခမ်းတစ်စုံကိုသူနမ်းရှိုက်ခဲ့ဖူးပါလားဆိုတာ သူတစ်ယောက်သာသိသည်လေ....။

"ဇေ မင်းကိုမေးစရာရှိတယ်"

"မေး"

"မင်းကိုဒီအခြေအနေထိရောက်အောင် လုပ်စေခဲ့တာဘယ်သူလဲဟင်။ ဘာကြောင့်လဲ"

မေးခွန်းကအကြီးကြီးဖြစ်သည်။ မေးရတဲ့အကြောင်းပြချက်ကရော ဘာပါလဲ။

"မင်းကဘာကိုဆိုလိုချင်တာလဲ"

"မင်းက မေမေ့ရဲ့ပြီးပြည့်စုံတဲ့ အရုပ်တစ်ရုပ်လိုဖြစ်နေတာ။ ငါတို့မိသားစုရဲ့ကျေးဇူးတွေကြောင့် ဝတ္တရားအရလုပ်ပေးနေတဲ့ပုံလည်းမပေါ်ဘူး။ အစကတည်းကမလုပ်ချင်ရင် ငြင်းလိုက်လို့ရရက်နဲ့  မင်းကိုယ်တိုင်က လိုလျားပြီး ကြိုးစားနေပုံပေါ်ပြီး မင်းဘဝကိုမင်းထပ်ထပ်ခိုင်မာအောင်အုတ်မြစ်ချနေတာမြင်ရတော့ ဘယ်သူ့ဆီကရလာတဲ့ မခံချင်စိတ်ကြောင့်လဲဆိုတာ သိချင်လာလို့"

ဇေ ညီညီ့ဆီကအကြည့်မလွှဲပါ။ မခံချင်စိတ်ကြောင့်လုပ်ခဲ့တာမဟုတ်ဘူး ညီညီ။ တစ်ဦးတစ်ယောက်ကြောင့်ပြောင်းလဲခဲ့တာတော့ဟုတ်တယ်။ အဲ့ဒါက တခြားသူမဟုတ်ဘူး.... မင်းပဲ။

ငါ့ရဲ့စိတ်တွေဟိုးအောက်ဆုံးကျနေချိန်မှာ အပြုံးအရယ်မျက်နှာတစ်ခုကြောင့် ငါ့စိတ်တွေပြန်လန်းဆန်းလာခဲ့တာပါ။ အထင်သေးကြတဲ့သူငယ်ချင်းတွေကြားမှာ အရည်အချင်းကိုပြဖို့ မလျော့တမ်း သူကြိုးစားနေပါလား၊ သူမခံချင်စိတ်တွေဖြစ်နေတာပါလား၊ တစ်ခါရှုံးသွားလည်း လက်မလျော့သွားပါလား၊ အားအင်တွေကုန်တယ်မရှိဘဲ အသစ်အသစ်တွေထပ်ပေါ်နေတာပါလားလို့တွေးမိတိုင်း လွယ်လွယ်နဲ့ပြိုလဲနေတဲ့ငါ့ကိုယ်ငါရှက်လာခဲ့တယ်။

ဒါ့ကြောင့်မင်းကိုအတုယူခဲ့ပါတယ်။ မင်းကြောင့်ဖြစ်လာတဲ့ခွန်အားနဲ့ အန်တီဖွင့်ပေးတဲ့လမ်းမှာ ငါလျှောက်ဖို့ဖြစ်လာခဲ့တာပါ။ လျှောက်နေရင်းနဲ့မှ အနာဂတ်မှာ နေမင်းကြီးထက်ပိုတောက်ပနေမယ့်အနာဂတ်ရှိတဲ့မင်းအနားမှာ နေနိုင်ဖို့ဆို ငါလည်းအဆင့်တစ်ခုထိမြင့်မှရမယ်ဆိုတာသိလာခဲ့တာပါ။ ဒါ့ကြောင့်ငါကြိုးစားခဲ့တာပါ။

ငါ့အတွက်ငါကြိုးစားတာမဟုတ်ဘဲ မင်းအနားမှာဆက်နေနိုင်ဖို့၊ မင်းကိုပဲဆက်ကြည့်နေချင်သေးလို့ ငါကြိုးစားခဲ့တာပါ။

နေရာမြင့်လေတာဝန်ကြီးလေဆိုပေမယ့် တာဝန်ကြီးတာမျိုးကိုငါကြိုက်တယ်။ မင်းနဲ့အနေနီးဖို့ ဘာမဆိုငါဆက်လုပ်နေဦးမှာဖြစ်ပြီး မင်းကိုပဲအမြဲတမ်းအတုယူနေရဦးမှာပါ။

ဒါ ငါ့ရဲ့မှန်သောသစ္စာပါ ညီညီရယ်။

"ဟေး... ဖြေလေ"

ဇေ နှုတ်ကနေတော့ထွက်ပြီးမဖြေချင်ပါ။ ခံစားချက်တွေမြိုသိပ်ရတာ အကျင့်တောင်ဖြစ်နေခဲ့ပြီ။ ထို့ကြောင့်ဆိတ်ဆိတ်သာနေလိုက်သည်။

"မပြောလည်းငါသိပါတယ်"

ညီညီထပ်မမေးတော့။ အဖြေကသိနှင့်နေပြီသားလေ။ ဇေ့ရင်ထဲက ယောက်ျားမာနအခံကြောင့်ပဲ။

သူ့အချစ်ဦးရောင်စဥ်လှိုင်းကြောင့်ဖြစ်လာတဲ့ မခံချင်စိတ်ကပဲ ခုလိုနေရာအထိရောက်အောင် တွန်းအားဖြစ်ခဲ့တာ။ ကာယကံရှင်ကဝန်မခံပေမယ့် ညီညီသိပြီးသားပါ။ လူအများကြီးရှေ့မှာ ငြင်းခံရတဲ့အပြင် နှစ်ကိုယ်ကြားမှာလည်း "အရည်အချင်းရှိပြီးအောင်မြင်တဲ့သူကိုမှ သဘောကျတာပါ"ဆိုတဲ့ ရောင်စဥ့်စကားကြောင့်သာ ခုလိုအမြင့်ထိတက်လာခဲ့တာ။

Artist-K ရဲ့မန်နေဂျာဖြစ်လာတာ တစ်စုံတစ်ယောက်ကို "ငါအောင်မြင်နေပြီ မြင်တယ်မလား"လို့ လှမ်းအသိပေးလိုက်သယောင်။ ဒါဆိုဇေက ရောင်စဥ့်အပေါ် ခံစားချက်တွေကုန်သွားတာလား ရှိနေသေးတာလား။ ခံစားချက်တွေကျန်နေသေးလိူ့မဟုတ်ဘဲ မင်းငြင်းခဲ့တဲ့လူတစ်ယောက်က ဒီလိုအခြေအနေရောက်နေပြီဆိုပြီးများ ပြန်ချေဖို့များလား။ မသိတော့။ သေချာတာကတော့ ဇေ ဟာရောင်စဥ်နဲ့မပြီးမပြတ်တာတော့အမှန်ပါပဲ။

"ညီညီ"

ဇေကခေါ်မှ စိတ်နဲ့ကိုယ်ပြန်ကပ်လာသည်။

"ဟင်"

"မင်း သက်ထင်နဲ့ Series ရိုက်ဖို့ကိုဘာလို့လက်ခံလိုက်တာလဲ။ မင်း ဒီထက်နာမည်ရအောင်ပိုကြိုးစားသင့်သေးတာ"

"ရောင်စဥ်ကိုယ်တိုင်ကဖုန်းဆက်ပြီးလက်ခံပေးခိုင်းနေတာ။ သူ့အဖေက လွန်ခဲ့တဲ့ လေးနှစ်ကတည်းကရိုက်ဖို့ကြိုးစားနေတာတဲ့။ မဟုတ်တောင် ငါကိုယ်တိုင်ကလည်း ကိုသက်ထင်နဲ့အလုပ်တစ်ခုလုပ်ကြည့်ချင်တယ်။ အာ့ကြောင့်လက်ခံလိုက်တာပါ"

"ခုက Boy Love Series လေကွာ။ ဟို ..... ကျစ် .... ဟို အခန်းတွေ...."

"ရား....အဲ့အခန်းတွေမပါပါဘူး။ မင်းကလည်း Boy Love Series ​ဆိုတာနဲ့ အဲ့တာတွေပဲမြင်လား"

"အဲ့တာပြောတာမဟုတ်ဘူး။ ဟို ဟိုအခန်းပါဆို....."

ဇေ့ နှုတ်ကပြောမထွက်။ နမ်းတဲ့အခန်းလို့ ဘယ်လိုပြောရပါ့မလဲ။ မြန်မာဇာတ်ကားတွေကလည်း ဇေတို့ငယ်ငယ်တုန်းကလို ကင်မရာသဘောတရားနဲ့ တကယ်နမ်းတယ်ထင်အောင်လုပ်တာမျိုးမဟုတ်ကြတော့။ အနမ်းအစစ်တွေများလာသည်။ သက်ထင်နဲ့ ညီညီနဲ့နမ်းတာ သူဘယ်လိုကြည့်ရပါ့မလဲ။

"သြော် ..... Kiss Scenes လား။ ဒါတော့ပါမှာပေါ့။ ပါတော့လည်းဘာဖြစ်လဲ။ တကယ်နမ်းရုံပေါ့"

"ညီညီ...."

ဘာမှမဖြစ်သလိုပေါ့ပေါ့ပါးပါးလေးပြောနေ၏။ တကယ်နမ်းမှာတဲ့လား။ အဲ့လောက်တောင်စိတ်အားထက်သန်နေတာလား။ တကယ်နမ်းမယ်ဆိုတာနဲ့တင် ဇေ စိတ်တွေတိုလာသည်။

"ဟို.....ပြန်ငြင်းလိုက်လို့မရဘူးလား"

"မငြင်းပါဘူး။ ဇေနော် ငါဒီကားကိုရိုက်ကိုရိုက်မှာ"

"သဘောကွာ....လုပ်ချင်တာလုပ်"

"ဘာဖြစ်သွားတာလဲ အဲ့တာ"

"ငါဒီမှာအလုပ်ရှုပ်နေတယ်။ တစ်ဦးချင်းအချိန်ဇယားဆွဲနေတာ ဘာလို့စကားလာပြောတာလဲ။ သွားတော့"

ညီညီ့မှာ ဘာလဲဟဆိုတာပဲ ရေရွတ်နိုင်တော့သည်။  ရုတ်တရက်ကြီးဘာဖြစ်သွားမှန်းမသိဘူး။ တစ်ခါတလေကျ အဲ့လိုကြောင်တောင်တောင်။ နေပေါ့ ..... သူ့တင်အလုပ်ရှိတာလား။ ကိုယ့်မှာလည်း အလုပ်ရှိပါ့။ ဂျပန်စာသွားလေ့လာနေတာကမှ ပိုကောင်းသေးတယ်။

...........

"ဒီသတင်းတွေကဘာလဲ"

ရောင်စဥ့်ရှေ့က စားပွဲပေါ်မှာ တဘလက်အပြားကြီးကလင်းနေသည်။ ထိုအထဲမှာ လတ်တလောပွထနေသည့်သတင်းစာမျက်နှာကိုဖွင့်ထားလေသည်။ ထိုကိစ္စအတွက် ရောင်စဥ့်မှာပြောစရာစကားမရှိ။

ဒယ်ဒီကရေးကြီးခွင်ကျယ်လုပ်နေပြန်​၏။

"တစ်ခါလာလည်း ရောင်စဥ်လှိုင်း၊ တစ်ခါလာလည်းရောင်စဥ်လှိုင်း၊ တခြားမင်းသမီးနာမည်မထွက်ဘူး ရောင်စဥ်လှိုင်းပဲနာမည်ထွက်နေတာ။ ပြောလိုက်ရင် ကိုယ့်ကိုယ်ကိုယ်ထိန်းကျောင်းနိုင်တယ်၊ ကိုယ့်တက်လမ်းကိုယ်သိတယ်ဆိုပြီး မိဘစကားဆိုအမြဲတမ်းပယ်ချတယ်။ ဟိုတလောကပဲ သက်ထင်နဲ့လမ်းခွဲပြီးတယ်။ ခုကလည်းဘယ်တုန်းကဘယ်လိုရှုပ်ထားမှန်းမသိတဲ့ ​ဇာတ်ကပေါ်လာပြန်ပြီ။ ရှင်းပါဦး ဒီကိစ္စကို"

ဒယ်ဒီကစိတ်အတော်ဆိုးနေလေသည်။ တစ်ခါမှအဲ့လိုလေသံနဲ့ ရောင်စဥ့်ကိုမဆူဖူးဘူး။ ရောင်စဥ်ကလည်းကိုယ်မှန်တဲ့ဘက်ကမို့ မျက်နှာကိုခပ်တင်းတင်း။ ရှင်းဆိုတော့လည်းရှင်းရုံပေါ့။

"ဒယ်ဒီတို့အဲ့ကိစ္စကိုသိပါတယ်။ သမီးကိုရည်းစားစကားပြောလို့ အထိုးခံလိုက်ရတဲ့ကောင်လေးလေ။ အဲ့တုန်းကလည်း ဒယ်ဒီနဲ့သမီးစကားများရတယ်။ ခုလည်းများရပြန်ပြီ။ သမီးကတော့တူညီတဲ့စကားကိုထပ်ပြောနေရဦးမှာပဲ။ သမီးမချစ်တဲ့သူတစ်ယောက်ကို ငြင်းလိုက်တာသမီးမမှားဘူး။ သူ့ဘာသာ မန်နေဂျာမကလို့ ဘီလျံနာဖြစ်နေလည်း သမီးမချစ်တာကမချစ်တာပဲ။ သူ့စန်းထလာလို့သူ့အကြောင်းတွေဖော်ကြတဲ့ကိစ္စမှာ တကယ်တမ်းကြားညပ်သူကသမီးပါ။ သမီးကပဲ Attention လိုချင်လို့တမင်ဖော်တာလည်းမဟုတ်ဘူး။ Accident ဆိုတာ ကိုယ်မှန်နေ​ရင်တောင် ဖြစ်တတ်ပါတယ်။ နောက်ကိုသမီးကိုယ်တိူင် အနေရွဲလို့ ထွက်လာ​တဲ့သတင်းကလွဲရင်တခြားကိစ္စတွေအတွက်နဲ့တော့ မဆူပါနဲ့"

"သမီး..... ကိုယ့်ခြေထောက်အပေါ်ကိုယ်ရပ်နေနိုင်တယ်ဆိုဦးတော့ ခုလုဲကြီးမာနမကြီးစမ်းနဲ့"

မာမီကပါပါလာသည်။ ရောင်စဥ့်စကားတွေရင့်နေမှန်းသိပါတယ်။ သို့သော် ထိန်းလို့ကိုမရတာ။

"မိဘဆိုတာ အမြဲထိန်းကျောင်းပေးသူပဲ။ ကိုယ့်သားသမီးရဲ့ကောင်းရာကိုညွှန်ကြတဲ့သူတွေချည်းပဲ။ မိဘအမြင်တွေမှားနေရင် မိဘသိတဲ့အသိ​က ကိုယ်နဲ့မကိုက်ရင်၊ မိဘရဲ့လမ်းညွှန်မှုက ကိုယ့်အတွက်တော့အဆင်မပြေဖြစ်နေရင် ရှင်းပြရမယ်။ ပြန်ပြောရမှာမဟုတ်ဘူး။ လေသံအေးအေးနဲ့ လုံးစေ့ပတ်စေရှင်းပြရမှာ။ သားသမီးကဘယ်လောက်မိုးထိုးအောင်တော်နေနေ ဂါရဝတရားမရှိရင် အဲ့သားသမီးသေတောင်မကြီးပွားဘူး"

ဒယ်ဒီရောမာမီပါ ထသွားတော့သည်။ 
ရောင်စဥ်တစ်ယောက်တည်း ဧည့်ခန်းမှာငူငူကြီးကျန်ခဲ့သည်။ ရောင်စဥ့်နောင်တတွေနဲ့ အပြစ်ရှိ​စိတ်တွေသာ ခေါင်းထဲကျန်ခဲ့သည်။

ရောင်စဥ်မမှားဘူးလေ။ ဘာအမှားမှလုပ်မထားဘူးလေ။ ဘယ်ဘဝကဘယ်လိုအကုသိုလ်ဝဋ်ကြွေးလဲ။

တစ်ခါတစ်ခါ လာလာရိုက်ခတ်တဲ့ ဂယက်တွေက ရောင်စဥ့်အတွက်တော့အရေခွံထူနေပြီဆိုပေ
မယ့် တစ်ခါတစ်ခါ အသက်ကိုဆက်မရှင်ချင်တော့တာ။ တစ်လောကလုံးကငါ့အကြောင်းတွေပြောနေကြပါလား။ ငါ့အကြောင်းမှတ်ချက်တွေပေးနေကြပါလားဆိုတာမျိုးတွေမြင်ရရင် နှလုံးကမငြိမ်ချင်။

ဇေသုခလင်း..... ဇေသုခလင်း။

ရောင်စဥ့်မှတ်ဉာဏ်ထဲ မျက်နှာတောင်သေချာမမှတ်မိတော့တဲ့ သူတစ်ယောက်ကြောင့် ခုလိုအပြောခံသွားရတာ။ ဂုဏ်ရည်ညီညီရယ်.... နင်က ငါ့ကိုဒုက္ခပေးဖို့များ မွေးဖွားလာသလား။
ငါလည်းဘာမှမလုပ်မိပါဘဲနဲ့ နင်နဲ့ပတ်သတ်သမျှလူတိုင်းက ငါ့ကိုဒုက္ခတွေပေးပေးသွားကြတာ။

ငါနင့်ကိုမုန်းလိုက်တာ ဂုဏ်ရည်ညီညီရယ်.....။

နောက်တစ်ခါဆို ငါထပ်သည်းမခံတော့ဘူး.....။

........

#Thurein

June 16 2022 8:13 PM

Continue Reading

You'll Also Like

1.5M 68.5K 37
adult story(18+) သင့်သခင်×ရုပ်သေး 9.1.2023...
289K 5.1K 47
ဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လ...
372K 36.8K 114
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
156K 8K 33
Start date : 22.3.2023 ဆန်းကြယ်တဲ့ချစ်ခြင်းမေတ္တာတရားတွေကလည်း လောကကြီးရဲ့တစ်စိတ်တစ်ပိုင်းပဲလို့ ပြောရင် ယုံကြမလား...အသွင်မတူတဲ့သူနှစ်ယောက်ရဲ့ချစ်ခြင်...