မောင့်လေပြေ (Completed)

By hannawizard

53.4K 2.9K 180

ကျောင်းစိမ်းဘဝကနေ အရွယ်ရောက်လာတဲ့အထိ ပြဿနာတွေကြားထဲကနေ မြဲမြဲမြံမြံချစ်သွားကြတဲ့ကောင်လေးနှစ်ယောက်ကြားက နွေးထွ... More

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
ခွင့်တောင်းလွှာ
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း (၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၄၀)
ဇာတ်သိမ်းပိုင်း
ကျေးဇူးတင်လွှာ

အပိုင်း(၃၉)

1.1K 63 10
By hannawizard

"ခွန်ပြည့်တို့ကွာ.အိမ်မှာစောင့်နေမယ့်အလှလေးရှိတော့ အိမ်ဘဲပြန်ချင်နေတော့တာဘဲနော်"

ဒါဟာ ကွင်းထဲကလူတိုင်းမပြောမဖြစ် သူ့ကိုစနေကျစကားတစ်ခုပင်။ ပထမအကြိမ်တွင် ရှက်ရှက်နဲ့ မဟုတ်ပါဘူးကွာ လို့ငြင်းမိပေမယ့် နောင်ကြာလာတော့ အရေထူကာ အိမ်မှာစောင့်နေမယ့်ကောင်လေးရှိတာကိုပင် ကြွားစရာတစ်ခုလို စပ်ဖြဲဖြဲလုပ်တတ်လာခဲ့ပြီ။

"မင်းတို့တောင် ရှိလို့လား"

"ဟ! မင်း အဲ့လိုချည်းတော့မပြောပါနဲ့ကွာ"

"မဟုတ်လို့လား"

"ဟုတ်နေလို့ပေါ့ကွာ ဒီသူတောင်းစားကလဲ. ပြန်မှာသာ ပြန် ပြန်.. နေပါဦး မင်းဘောလုံးရော ကစားချင်သေးရဲ့လား။ အိမ်မှာဘဲ ဆယ့်နှစ်ရာသီကပ်နေချင်တာများလား"

တစ်ယောက် တစ်ပေါက်ပြောသံများ
... ငြိမ်သက်နေသူတစ်ဦးသာရှိသည်။

သူ့လေပြေကို ကျွန်တော့်အတွက်တော့ အချစ်ဆိုတာ ဆံပင်ညှပ်ဆိုင်ကကောင်လေးလို့ ၀န်ခံခဲ့တဲ့ သူ့ဂျူနီယာကောင်လေးပင်။ သူတို့အဖွဲ့ထဲ အငယ်ဆုံး. စကားအများဆုံးဖြစ်သောကောင်လေးသည် ယခုနောက်ပိုင်း အတော်ပင်စကားနည်းသွားတာ သူသတိထားမိသည်။

"အေး ကပ်လို့ရရင်ပေါ့. ပြန်မယ်ကွာ ဟိုကောင် စိုင်းဖြိုး"

"ဗျာ. ကိုကြီး"

"မင်း အဆောင်ဘက်ပြန်မှာမလား. ငါလဲလိုက်ယူစရာရှိလို့ သွားရအောင်"

"ဟုတ်ကဲ့"

ကွင်းထဲမှဖြတ်ပြီး အဆောင်ဘက်ပြန်ချိန်တွင် စိုင်းဖြိုးပုံစံက နေရခက်နေတဲ့ပုံ.. သူကပင် အကြီးပီပီစကားအစပျိုးရသည်။

"မင်း စကားနည်းသွားတယ်နော် ‌ဟေ့ကောင်"

"ဗျာ. အော် ဟုတ်"

"ပြီးခဲ့တဲ့အပါတ်က ဟိုကောင်တွေ ငါတို့အိမ်လိုက်လည်တာ မင်းကဘာလို့မလိုက်လာတာလဲ"

"ဟို. အဲ့တာက ကျွန်တော်"

စိုင်းဖြိုးကို ခွန်ပြည့်အကိုတစ်ယောက်ကဲ့သို့ နားလည်မှုအပြည့်ရှိသောအကြည့်များဖြင့်စိုက်ကြည့်နေမိသည်။ အဖွဲ့သားအချင်းချင်း နေရခက်နေတာမျိုးကို သူလဲတကယ်သဘောမကျတာမို့..။

"ကျွန်တော် တောင်းပန်ပါတယ် ကိုကြီး"

ရုတ်တရက် ခေါင်းငုံ့ကာ ခါးပါကိုင်းချလိုက်သောစိုင်းဖြိုးကြောင့် ခွန်ပြည့်ပါနောက်သို့တွန့်သွားမိသည်။ နောက်မှ သတိရကာ ရယ်မိရင်း

"စိုင်းဖြိုး မင်းကလုပ်လိုက်ရင် အလန့်တကြားချည်းဘဲကွာ"

"ကျွန်တော် တောင်းပန်ချင်လို့ပါ"

"အေးပါ. ဘာကိုလဲ အိမ်လိုက်မလာတာကိုလား"

စိုင်းဖြိုးကို သံသယရှင်းစေချင်တာမို့ ပွင့်ပွင့်လင်းလင်းပြောနိုင်ရန် အစပျိုးပေးလိုက်သည်။

"အဲ့တာလဲပါပါတယ်. ဒါပေမယ့် အဓိကက. ဟိုဟာ ကိုကြီးရဲ့. သူ့ကိုသဘောကျမိလို့ပါ. ကျွန်တော် တကယ်အကို့ကောင်လေးမှန်းမသိလို့ပါ"

"အော် မင်းကအဲ့တာကိုမျက်နှာပူလို့ပေါ့ ဟုတ်လား. အဲ့တာကြောင့် ငါရှိရင် စကားသိပ်မပြောတော့တာပေါ့"

"ဟုတ်တယ် ကိုကြီး"

"အေးပါ ငါလဲ အဲ့တာကိုပြောချင်တာဘဲ. မင်းမသိလို့ဖြစ်တာဘဲ။ ငါစိတ်ထဲမထားပါဘူး. မင်းလဲစိတ်ထဲမထားနဲ့ပေါ့ကွာ ဟုတ်လား"

"ဟုတ်ကဲ့"

ခွန်ပြည့် စိုင်းဖြိုးပုခုံးကို တစ်ချက်လှမ်းပုတ်ရင်း အဆောင်ဘက်ဆက်လျှောက်လာလိုက်၏။ တကယ်လဲ ဘယ်သူ့အပြစ်မှမဟုတ်. အရာရာဟာ ယောင်္ကျားလေးတန်မဲ့လှရက်လွန်းတဲ့ အိမ်ကအကြောတင်းလေးအပြစ်ပင်..။

ဒီလိုတွေးမိတော့ ပြုံးမိရပြန်သည်။ အတူတူမနေခင်ကပင် အချစ်ပိုခဲ့ရသောကောင်လေးသည် ယခုဆို သူ့ကိုအနီးကပ် တနေ့တမျိုးမရိုးရအောင်ပြုစားတတ်နေလေပြီ။ 

... 💜 ...

Market ထဲမှာစျေး၀ယ်နေကြသောကောင်လေးနှစ်ယောက်။

လေပြေကပင် အိမ်အတွက်လိုအပ်မယ့်ပစ္စည်းတချို့နဲ့ဟင်းချက်စရာတွေကို စဥ်းစားရင်း၀ယ်ယူနေကာ ခွန်ပြည့်ကတွန်းလှည်းကိုတွန်းရင်း ညအိပ်၀တ်စုံထဲမြုပ်နေသောအကောင်ပေါက်လေးကိုငေးကြည့်နေရုံသာ။

"မောင် အိမ်မှာဘာလိုလဲ ဝိုင်းမစဥ်းစားပေးတော့ဘူးလား"

သူပြောသမျှခေါင်းညိတ်ကာ ပြုံးစိစိလုပ်နေသောမောင့်ကို လေပြေစိတ်မရှည်တော့..။

"မစဥ်းစားပေးပါဘူး"

"မောင် မင်းကလေ"

"မောင်ကတော့ အိမ်မှာလေပြေရှိနေမှတော့ ဘာမှမလိုဘူးထင်တာဘဲ"

"အေး အေး မောင့်ကိုအငတ်ထားမှာ ကြည့်နေ"

သူ့ကိုမကျေနပ်စွာနဲ့ ဂျိုကြည့်ကြည့်နေသောလေပြေ့နှာတံလေးကို ခွန်ပြည့်လက်နဲ့လှမ်းသပ်လိုက်ရင်း

"ဟုတ်လို့လား.. ညကျ ရင်ခွင်ထဲကမထွက်တာဘယ်သူလဲ"

"ဟာ မောင် လူတွေရှိတယ်လေ.. မရှက်ဘူးလား"

"မရှက်ပါဘူး. ဘာလို့ရှက်ရမှာလဲ"

"မောင့်အမေက မောင့်ကိုရှက်ကြောနဲ့ချက်ကြောမှားဖျက်မိတာနေမှာ. မောင့်ကို ငါကထမင်းမချက်ကျွေးဘဲ အငတ်ထားမယ်လို့ပြောနေတာ"

"ရတယ်လေ ထမင်းမစားရရင် မောင်ကလေပြေ့ကိုစားမှာဘဲ"

"မောင်က နှာဘူးဘဲ"

လေပြေက သူ့လက်ထဲမှ ဟင်းရွက်ထုပ်နဲ့ ခွန်ပြည့်ကိုကောက်ပေါက်တာမို့ ခွန်ပြည့်ကအမိအရဖမ်းယူလိုက်ရင်း

"မင်းယောင်္ကျားက ဘောလုံးသမားနော် ခွန်ပြည့်. ဒီလောက်ကတော့ အပျော့ဘဲ"

တမင်ခပ်ကျယ်ကျယ်ပြောလိုက်သောမောင့်ကြောင့် ဘေးနားမှာစျေး၀ယ်နေကြသောကောင်မလေးနှစ်ယောက်က အသံထွက်အောင်ပင်ရယ်ကာ သူတို့နှစ်ယောက်ကိုကြည့်တာမို့ လေပြေ့မှာ မျက်နှာပင်မထားတတ်တော့.. ဒီလူဟာတကယ်ဘဲအရှက်မရှိတဲ့လူ။

"မုန်းဖို့ကောင်းလိုက်တာ"

ပြောပြီးတာနဲ့ လေပြေကတချိုးတည်းလစ်ပြေးသော်လည်း ‌မောင့်ရယ်သံက နောက်မှကပ်ပါလာ၏။

အကွေ့တစ်ခုကိုချိုး၀င်ကာ မောင့်ကိုပုန်းဖို့နေရာရှာနေခိုက် သူ့ညာဘက်လက်ကောက်၀တ်ကို ဆုပ်ကိုင်လိုက်သော လက်တစ်ဖက်..။

"အကို"

"ဟင်း.. တော်တော်ပျော်နေလား ညီ"

တဖြည်းဖြည်းချင်းအားပါလာသောလက်ကြောင့် လေပြေစတင်ရုန်းကာ မောင့်ကိုတွေ့ရလို့တွေ့ရငြားလိုက်ကြည့်နေမိသည်။

"အကိုနဲ့ခဏလိုက်ခဲ့"

"မောင့်ကို"

"မင်းတို့နှစ်ယောက် လူချင်းကွဲဖို့ ကိုယ်တော်တော်စောင့်လိုက်ရတယ်. မင်းတို့ရန်ကုန်ရောက်ကတည်းကဘဲ"

ခွန်ပြည့် ပိုင့်ကိုဖျက်ခနဲလှမ်းကြည့်မိသည်။ ပါးရိုးတွေကျတဲ့အထိ ပိန်သွားသည်မှန်သော်လည်း ရီ‌ဝေဝေမျက်လုံးတွေဟာ ပိုကြောက်စရာကောင်းလာသလို။

ပိုင်ဟာ လေပြေ့အတွက်တော့ ကြောက်ရွံ့စရာဖြစ်လာခဲ့တာဟာ သူတို့နှစ်ယောက်စတွဲတဲ့အချိန်ကတည်းကပင်။

"အကို ဘာပြောစရာရှိလို့လဲ"

"နမ်းချင်တာ.."

လေပြေ့မျက်လုံးတွေထဲမှာ ဖုံးဖိမရတဲ့စိုးရိမ်ကြောက်ရွံ့မှုတွေကို ပိုင်အထင်းသားမြင်နေရတာမို့ အရသာခံကြည့်နေမိသည်။

ဒီလောက်တော့ မင်းလဲခံစားသင့်တယ် လေပြေ. မဟုတ်ဘူး မင်းရော၊ မင်းကောင်ရော ဒီထပ်ပိုခံစားသင့်တာ။ လေပြေ့ရဲ့နှုတ်ခမ်းတွေကို လက်နဲ့ခပ်ဖွဖွသပ်မိတော့ မျက်နှာလွှဲသွားသည်။

"ဒီနေရာမှာ ကိုယ်နမ်းလို့ ခွန်ပြည့်တွေ့သွားရင် ဘာဖြစ်မယ်ထင်လဲ။ ကိုယ်ကြားဖူးတာ သူတို့ကုမ္ပဏီက အမှုအခင်းရှိတဲ့လူတွေဆို လက်မခံဘူးထင်တယ်. ဟုတ်လား"

"အကို ဘာဖြစ်ချင်တာလဲ"

"အော်. ကိုယ်ပြောပါရောလား . မင်းကိုနမ်းချင်တာလို့။ ဒီနှုတ်ခမ်းပါးတွေကို ကိုယ်ဘယ်လောက်လွမ်းနေခဲ့ရလဲ။ အသက်ရှုမ၀ဖြစ်နေတတ်တဲ့ မင်းမောဟိုက်သံလေးတွေကိုရောပေါ့"

"ကျွန်တော်နဲ့ခွန်ပြည့်က တရား၀င်လက်ထပ်ထားတာ"

"ကျစ်! အပိုတွေပြောမနေစမ်းနဲ့ ညီ... မင်းကိုယ့်နောက်လိုက်မှာလား။ ခွန်ပြည့်ကို သံတိုင်တွေရဲ့နောက်မှာမြင်ချင်တာလား"

"အကိုက မထင်ထားလောက်အောင် ယုတ်မာတတ်တာဘဲ"

"အဟက်! ဒါက မင်းကြိုက်သလိုထင် လေပြေ. အချိန်သိပ်မရှိဘူး.. မင်းအတွက်နဲ့သေရမယ်ဆိုရင်တောင် ကိုယ်ကတော့တန်တယ်‌လေပြေ။  ကိုယ့်ကိုသတ်လို့ ခွန်ပြည့်ထောင်ကျပြီး သူ့ဝါသနာကိုဆက်မလုပ်နိုင်မှာကိုသာ တန်၊ မတန် မင်းတွက်ရမှာ"

လေပြေအိပ်ကပ်ထဲကဖုန်းမြည်လာ၏။ လေပြေလှမ်းကြည့်တော့ ခွန်ပြည့်ကိုရိပ်ခနဲမြင်လိုက်ရသည်။ တစ်တန်း၀င်. တစ်တန်းထွက်နဲ့သူ့ကိုလိုက်ရှာနေပုံရသည်။

"ကျွန်တော် လိုက်ခဲ့မယ်. စကားပြောရုံဘဲနော်. ခင်ဗျားလွန်လာရင် ကျွန်တော်ကိုယ်တိုင် ခင်ဗျားကိုသတ်မှာ"

ပိုင်က ဟက်ခနဲတစ်ချက်ရယ်သော်လည်း ဘာမှမပြောတော့။ ရှေ့ကိုလက်နှစ်ဖက်နဲ့ပြရင်း လေပြေ့ကိုအရင်ကြွပါဆိုတဲ့ပုံစံမျိုးဖြင့် မထိတထိစသည်။ လေပြေက‌ မောင်မမြင်အောင် ခပ်သွက်သွက်လျှောက်လာလိုက်ရင်း..

"ဒီမှာဘဲ.."

မားကတ်ရဲ့အပြင်ဘက်ကားတွေရပ်နားတဲ့နေရာရောက်တာနဲ့ ပိုင့်ဘက်လှည့်ရန်ပြင်ခိုက် သူ့ကျောကိုခပ်မာမာအရာတစ်ခုကလာထောက်သည်။

"ဆက်လျှောက်"

"အကို"

"ဆက်လျှောက်လို့ ကိုယ်ပြောနေတယ် လေပြေ။ ကိုယ်တကယ်မင်းကိုမသတ်ဘူးလို့ မထင်နဲ့နော်"

ကားအနက်လေးတစ်စင်းနားရောက်တော့ ပိုင်ကရပ်ခိုင်းကာ လေပြေ့ကိုတက်ခိုင်းသည်။ ကားပေါ်တွင် အသင့်စောင့်နေသာလူလဲရှိကာ ကားကငြိမ့်ခနဲချက်ချင်းထွက်ခွာ၏။

ကြောက်ရွံ့မှုတွေကြောင့် လေပြေ့ရဲ့မျက်၀န်းမှာ မျက်ရည်တွေဝေ့တက်လာရသလို..။

မားကတ်ရှေ့က ကားလေးထွက်ခွာချိန်မှာတော့ လေပြေ့မျက်နှာပေါ်ကို တဘက်တစ်ခုရောက်ရှိကာ လေပြေ့အသိစိတ်တို့ပျောက်ကွယ်ကုန်ရသည်။

... 💜 ...

လေးလံသောခံစားမှုနဲ့အတူ. လေပြေ့မျက်လုံးများခပ်ဖြည်းဖြည်းဖွင့်လာရသည်။ မျက်လုံးထဲမှာအရင်၀င်ရောက်လာတာ မရေရာလှတဲ့ ပိုင့်ရဲ့ပုံရိပ်။

"နိုးပြီလား"

"ငါ့ကိုဘယ်ခေါ်လာတာလဲ"

"ဟား ငါလား. ကျွန်တော်မဟုတ်တော့ဘူးပေါ့"

"ဒီနေရာက"

"တစ်နေရာရာပေါ့. မင်းနဲ့ကိုယ်နဲ့ပူပူနွေးနွေးညလေးကို ဒီမှာတူတူဖြတ်သန်းကြမှာ"

လေပြေက သူ့ကိုယ်သူမလုံမလဲကြည့်တာမို့ ပိုင်သဘောတကျပြုံးလိုက်ရင်း

"စိတ်ချပါ. ကိုယ်ကအိပ်ပျော်နေတဲ့မင်းကိုတော့ ဘာမှမလုပ်ပါဘူး. ဒီတိုင်းထိုင်ကြည့်ရုံပါဘဲ။ မင်းနိုးနေမှပိုပြီးခံစားလို့ကောင်းမှာပေါ့. လူသေကိုဆက်ဆံရသလိုခံစားချက်က ဘယ် feel လာပါ့မလဲ"

"ခင်ဗျားက တကယ်ရူးနေတာဘဲ"

"အင်း ကိုယ်ကရူးလဲရူးတယ်. အောက်တန်းလဲကျတယ်လေ။ မင်းမှတ်မိလား. မင်းရဲ့နောက်ရည်းစားအဖြစ်နေဖို့ပြောတဲ့နေ့ကတည်းက ကိုယ်မပြောခဲ့ဘူးလား။ ကိုယ့်ကို စာရိတ္တပျက်ပြားတဲ့ကောင်ဖြစ်အောင် မင်းလုပ်လိုက်ပြီလို့"

"ကျွန်တော်က.. ကျွန်တော်က မောင့်ကိုဘဲချစ်တာ"

"အင်း ကိုယ်ကလဲ မင်းကိုဘဲချစ်ခဲ့တာ. ပြီးတော့ မင်းဆီကအချစ်ကိုဘဲ လိုချင်ခဲ့တာ။ အဲ့တာကြောင့် မင်းဟိုကောင်နဲ့ကုတင်ပေါ်ရောက်နေချိန်အရူးလိုဘာလုပ်ရမှန်းမသိဖြစ်နေခဲ့တာ"

လေပြေမျက်၀န်းပြာတွေဟာ သူ့ကိုကြောက်ရွံမှုတွေနဲ့ပြည့်နေတာကို အနီးကပ်မြင်ရတော့ သူ့စိတ်တွေပိုလှုပ်ရှားလာရသည်။ သူ့နည်းလမ်းဟာ မှန်တယ်လို့ပြောရမလား။

တကယ်ဆို သူ့ကိုတခါတရံ သနားစရာသတ္တဝါတစ်ကောင်လို ကြည့်နေတတ်တဲ့လေပြေ့မျက်လုံးတွေကို သူဘယ်တော့မှသဘောမကျခဲ့ဘူး။ လေပြေ့နှုတ်ခမ်းပါးလေးတွေကို လက်ဖြင့်သပ်မိတော့ မျက်နှာလွှဲကာ နှုတ်ခမ်းတွေကိုလက်ဖြင့်ခပ်ကြမ်းကြမ်းပွတ်ပစ်တာမို့.

"ကိုယ်နမ်းဖူးတဲ့နှုတ်ခမ်းတွေပါ. အဲ့လောက်ကြီးစိမ်းသက်ပြမနေနဲ့။ မင်း ကိုယ်နမ်းရင်အရမ်းသဘောကျခဲ့တယ်မလား. အသက်ရှုရပ်တဲ့အထိ ခပ်ကြမ်းကြမ်းနမ်းတာမျိုး"

"ကျွန်တော်နဲ့ခွန်ပြည့်က တရား၀င်လက်ထပ်ထားတာပါ. ကျေးဇူးပြုပြီး အကိုလဲ အကို့ဘ၀နဲ့နေပါတော့လား"

"အဟား. မင်းနှုတ်ခမ်းလေးကထွက်တော့လဲ လွယ်လိုက်တာ. ငါကရော မကြိုးစားခဲ့ဘူးထင်လို့လား။ မင်းက ငါ့ကိုလွယ်လွယ်မေ့နိုင်ပေမယ့် အော် မှားလို့ မင်းကငါ့ကိုတခါမှထည့်မတွက်ခဲ့ဘူးဘဲ။ မင်းကောင်စီက ဥပေက္ခာပြုခံရတုန်းကတော့ ငါ့ကိုအပျော်သုံးခဲ့ပြီး မင်းကောင်နောက်လိုက်သွားချိန်မှာရော ငါဘယ်လိုကျန်နေခဲ့လဲ တခါလေးတောင် မင်းစဥ်းစားပေးခဲ့ဘူးလား။ မင်းနဲ့မင်းကောင်ပျော်မြူးနေချိန်မှာ မင်းကိုမေ့ဖို့ကြိုးစားရင်း ငါဘယ်လောက်ခံစားခဲ့ရလဲ စဥ်းစားခဲ့ဘူးလား ဟမ်"

"..

"ငါလေ မင်းကိုမေ့ဖို့ကြိုးစားချိန်မှာသေချာသွားတာ တစ်ခုဘဲရှိတယ် . မင်းကိုလေ ငါဘဲပိုင်ရရင်ရ. မရရင် မင်းကိုလေ ငါကိုယ်တိုင်သတ်ပစ်မှာ"

ပိုင့်မျက်လုံးတွေ ပုံမှန်ထပ်ရီ‌ဝေလာပြီး အံ့ဆွဲထဲကဓားလေးကိုဆွဲထုတ်လိုက်ရင်းစိုက်ကြည့်ကာ တစ်ချက်ရယ်သည်။

"မင်း ငါ့ဘ၀ကိုဖျက်ပစ်လိုက်တာများ ကြည့်စမ်း လေပြေ. ခွဲစိတ်ခန်းဓားသုံးရဖို့တစ်သက်လုံးမျှော်မှန်းထားခဲ့တဲ့ ငါ့လက်တွေကို လူသတ်ဖို့သုံးဖို့ဓားကိုင်မိ‌စေတဲ့အထိဘဲ။ မင်းကြည့်. မင်းဖျက်စီးခဲ့တဲ့ ငါ့သိက္ခာ၊ ငါ့ဘ၀၊ ငါ့ရည်မှန်းချက်တွေကို မမေ့အောင် မင်းသေချာကြည့်ထား"

"မလုပ်နဲ့"

ပိုင်က ပြောရင်းမှ ဓားပါးဖြင့် သူ့လက်ဖဝါးသူဖျက်ခနဲလှီးလိုက်တာမို့ လေပြေအလန့်တကြားအော်ကာ ပိုင့်လက်ထဲမှဓားကိုဆွဲယူလွှတ်ပစ်မိ၏။

"ခင်ဗျား တကယ်ရူးနေပြီ ပိုင်"

သွေးထွက်နေတဲ့သူ့လက်ကိုမလွှတ်ချဘဲ သူ့ကိုစိုးရိမ်တကြီးကြည့်နေတဲ့လေပြေ့မျက်လုံးတွေဟာ တကယ့်ချစ်စရာ။ လေပြေဟာ သူထင်ထားသလို စိတ်ပျော့တဲ့ကောင်လေးဖြစ်နေတုန်းဘဲ။ လေပြေ့ကို ပြန်ပိုင်ရဖို့မျှော်လင့်ချက်တွေ သူ့စီတနင့်တပိုးပြေး၀င်လာ၏။

"အင်း ကိုယ်ရူးနေတာ. ညီ ကိုယ့်ကိုကြည့်စမ်း. ကိုယ့်မျက်လုံးတွေကိုတည့်တည့်ကြည့်။ ကိုယ်လေ မင်းနဲ့ပက်သက်ရင် ဒီထက်ရူးသွပ်တာတွေလုပ်နိုင်သေးတယ်"

လေပြေ ပိုင့်ကိုအံ့သြစွာငေးစိုက်နေမိသည်။ ပိုင်ဟာ သူ့ကိုယ်သူတကယ်ဘဲရူးသွပ်စွာ ထိခိုက်အောင်လုပ်နိုင်သလား။ သူ့လို ယောင်္ကျားလေးတစ်ယောက်အတွက်လေ။

"မင်းလဲ ကိုယ့်အပေါ် သံယောဇဥ်ရှိသေးတယ်မလား"

"ဆေးရှိလား. သွေးထွက်တာမရပ်သေးဘူး"

"ကိုယ့်ကို စိုးရိမ်တယ်မလား"

"..

"မင်းစဥ်းစားကြည့်စမ်း ..ကိုယ်ဒီလောက်ထိခိုက်တာတောင် မင်းစိုးရိမ်နေရင်း မင်းကိုမရလို့ ကိုယ်အဆုံးစီရင်သွားရင်ရော.."

"အကို"

လေပြေက စိုးရိမ်တကြီးထအော်ကာ ပိုင့်ပါးစပ်ကိုလက်တစ်ဖက်နဲ့လှမ်းအုပ်သည်။

သူ့ကိုကြည့်နေတဲ့လေပြေ့မျက်လုံးတွေကို ကြည့်ရင်း ပိုင့်ရင်ထဲကျေနပ်မှုတွေ တရွေ့ရွေ့၀င်‌ရောက်လာရသည်။

လေပြေဟာ သူ့ကိုယ်သူ အပြစ်ရှိတယ်လို့ လွယ်လင့်တကူခံစားတတ်လွန်းတဲ့ကောင်လေး။

လေပြေ သူ့ကိုမစွန့်ခွာနိုင်ခြင်း၊ လက်ထပ်ပါ့မယ်လို့ကတိပေးခဲ့ခြင်းတွေဟာ ပိုင်ဟာ သူ့ကြောင့်သိက္ခာကျခဲ့ရတာ၊ ခွန်ပြည့်စီမှာ ခေါင်းငုံ့နေခဲ့ရတာလို့တွေးတဲ့ အပြစ်စိတ်တွေကြောင့်ဘဲ။

"ကိုယ်နဲ့နေပါ.. မင်း ခွန်ပြည့်နဲ့နေဖူးပြီဘဲ။ ကိုယ့်ကို လက်ထပ်ပါ့မယ်ဆိုတဲ့ကတိကိုဖောက်ဖျက်ပြီး မင်းလုပ်ချင်တာလုပ်ဖူးခဲ့ပြီဘဲ။ အခု ကိုယ့်ကို ပြန်ကြည့်ပေးပါ"

"အကို ရူးနေလား"

လေပြေ သူ့ကိုမတည်ငြိမ်တဲ့မျက်လုံးများနဲ့ အသနားခံနေသောပိုင့်တစ်ယောက်ကိုကြည့်ကာ ဘာပြောရမလဲမတွေးတတ်တော့။ ရူးနေတာလားလို့ပင် ထပ်ခါ ထပ်ခါ အော်မေးမိနေတော့သည်။ ပိုင်ဟာ တကယ်ရူးနေခဲ့ပြီ။

သူ့မျက်လုံးထဲ ကျောင်းတုန်းကစာကြိုးစားပြီး ဘယ်သူ့ကိုမဆို နွေးထွေးစွာဆက်ဆံတတ်သောပိုင့်ကိုပြန်မြင်ယောင်လာ၏။ အခုသူ့ရှေ့မှာရှိနေခဲ့တဲ့အကိုဟာ အဲ့တုန်းကနဲ့အရာရာကွာခြားသွားပြီ။ သူဖျက်ဆီးခဲ့တာ.. အကိုပြောသလို အကို့ကို ဒီလိုလူမျိုးဖြစ်အောင် သူဖျက်ဆီးခဲ့တာ။

ပိုင်က လေပြေ့လက်တွေကို ငုံ့မိုးနမ်းလိုက်၏။

"အကို အကုန်မေ့ပေးမယ်. ညီ အကို့ဆီကထွက်ပြေးခဲ့တာတွေ၊ ခွန်ပြည့်နဲ့အတူရှိနေခဲ့တာတွေ. အကုန် အကုန်လုံးကို အကိုမေ့ပေးမယ်။ အကို့ဆီပြန်လာပေးပါ"

လေပြေ ပိုင့်ကို သနားစွာငေးစိုက်ကြည့်နေမိသည်။ မောင်ဟာ သူ့အတွက်ချစ်ခြင်းမေတ္တာဆိုတဲ့ခံစားချက်ကိုပြဌာန်းတယ်ဆို အကိုဟာ သူ့အတွက်များစွာသောခံစားချက်တွေကို ပြဌာန်းခံရသူဖြစ်တယ်လို့ ထင်လာသည်။

အကို့ကို သူကြောက်ရွံမိသလို သနားလဲသနားသည်။ ပြီးတော့ စိတ်လှုပ်ရှားခဲ့ရဖူးသည်။ ရင်ခုန်ခဲ့ရဖူးသည်။ ချစ်ဖူးခဲ့လား သူသေချာမသိ။

မောင့်ကြောင့်နာကျင်ရတိုင်း မောင်ဟာ တခြားမိန်းကလေးတွေနဲ့ချစ်ရည်မျှနေတာကို သူသိရတိုင်း အကိုကရော အကိုဟာ သူ့ကိုအိပ်ရာပေါ်မှာလဲ ပျော်ရွင်အောင်ထားနိုင်မယ့်လူလို့ သူတွေးမိခဲ့တာ အကြိမ်ကြိမ်။

လေပြေဟာ ဒီလိုဘဲ. လေယူရာသိမ်းတဲ့စပါးပင်လိုဘဲ။ နီးရာကိုယိမ်းချင်နေခဲ့တာလား. ဒါမှမဟုတ် ပိုင်ဆိုတဲ့လူရဲ့လောင်းရိပ်အောက်မှာကျင်လည်ရတာကို ပျော်မွေ့နေခဲ့တာလား။

တကယ်ဆို မောင်ဟာ လေပြေ့ကိုပိုင်လုမှာစိုးလို့ အမြန်ခိုးပြေးခဲ့တာမဟုတ်လား။ ပိုင်ကသာ လေပြေ့ရဲ့နောက်လူအဖြစ်ရှိနေတာကို မသိရင်ရော မောင်ဟာဒီတိုင်းဘဲ. ဒီတိုင်း ကောင်မလေးတွေနဲ့ပျော်ပါးနေခဲ့ဦးမှာလား။

"ညီ သိမှာပါ။ ကိုယ် မင်းကိုဘယ်လောက်ချစ်တယ်ဆိုတာကို. မင်းသိမှာပါ"

ပိုင်က လေပြေ့လက်ကိုနမ်းရှိုက်နေရာမှ လက်ချောင်းလေးတွေကို ငုံကာခပ်ဖွဖွကိုက်၏။ လေပြေ တစ်ချက်ညည်းမိချိန်မှာ ပိုင့်နှုတ်ခမ်းတွေ လေပြေ့နှုတ်ခမ်းပေါ်ရောက်ကာ နေရာယူတော့သည်။

အောက်နှုတ်ခမ်းကို ခပ်ဖွဖွကိုက်မိတော့ စေ့ထားတဲ့နှုတ်ခမ်းတို့ပွင့်သွားတာမို့ ပိုင့်အနမ်းတွေဟာ လေပြေ့နှုတ်ခမ်းထဲထိ ကျူးကျော်၀င်ရောက်လာသည်။ ပိုင်က လေပြေ့ခါးကိုသိမ်းဖက်ကာ အောက်သို့ခပ်ဖွဖွလှန်ချလိုက်တော့ လေပြေ့လက်တွေဟာ ပိုင့်ပုခုံးထက်မှာ..။

"မင်းက မောင့်လေပြေဘဲ လေပြေ. မောင်ဟာ ဆိုးသွမ်းတဲ့လူမို့ ဘယ်လိုဇာတ်တွေရှုပ်မိပါစေ အချိန်တန်မင်းဆီကို ‌မောင်ရောက်အောင်ပြန်ခဲ့မှာ"

"မင်းက မောင့်အိမ်ဘဲ. မင်းရှိရင် မောင်တို့အိမ်မှာ ဘာမှမလိုတော့ဘူး"

"အိမ်မှာ မောင်နဲ့ထမင်းတူတူစားဖို့စောင့်ဆိုင်းနေတဲ့ကောင်လေးတစ်ယောက်ရှိတယ်ဆိုတဲ့ခံစားချက်က မောင့်ကိုဘယ်လောက်နွေးထွေးစေလဲဆိုတာ လေပြေဘယ်တော့မှသိမှာမဟုတ်ဘူး"

နားထဲကို အထပ်ထပ်၀င်ရောက်လာတဲ့ မောင့်စကားသံချိုဝဲဝဲလေး။ လေပြေ ကမန်းကတမ်းပိုင့်လက်တွေကြားမှ ရုန်းမိသော်လည်း ပိုင်ကအလျော့မပေးတော့။

"ဖယ်ပေးပါ ပိုင်"

လေပြေ အထပ်ထပ်ငြင်းဆန်သော်လည်း ပိုင်ဟာအသိမရှိသူလို လေပြေ့လည်တိုင်တွေကိုသာ အငမ်းမရနမ်းနေတာမို့ နီးစပ်ရာကြည့်မိတော့ ကုတင်ဘေးနားမှာအသင့်ရှိသောစာကြည့်မီးအိမ်။

လေပြေ ရုန်းတာရပ်လိုက်ပြီး ပိုင့်အနမ်းကိုငြိမ်သက်စွာ ခံလိုက်၏။ အခြေအနေကိုရိပ်စားမိသောပိုင်က လေပြေ့နှုတ်ခမ်းတွေထံသို့ မျှားဦးလှည့်လာကာ ကြမ်းတမ်းစွာနမ်းရှိုက်တာမို့ လေပြေအလိုက်သင့်နမ်းရှိုက်နေလိုက်သည်။

တဖြေးဖြေးချင်းမှ ပိုင့်အပေါ်ကို သူနေရာယူလိုက်ပြီး နမ်းနေရင်းမှ လက်တွေကစာကြည့်မီးအိမ်စီသို့။

ခွမ်း...။

"အား..လေပြေ"

ပိုင့်အပေါ်က လေပြေဆင်းပြေးကာ တံခါး၀စီပြေးလိုက်၏။ တံခါးလော့ကိုဖွင့်ပြီး အပြင်ကိုပြေးထွက်လိုက်တော့ အ‌ဝေးပြေးလမ်းမလိုနေရာမျိုးဖြစ်နေတာကို တွေ့လိုက်ရသည်။

"လေပြေ မပြေးနဲ့.. ပြန်လာခဲ့"

ဖိနပ်မပါဘဲ အိမ်ခြံ၀န်းထဲကပြေးထွက်လာတော့ နောက်မှာခေါင်းကိုလက်နဲ့အုပ်ကာပြေးလိုက်လာသောပိုင့်ကိုတွေ့တာမို့ လေပြေ လမ်းမပေါ်အမြန်တက်ပြေးခိုက် ပြေး၀င်လာသောကားတစ်စီး။

သေရမှာကြောက်ရွံစိတ်နဲ့အတူ အသိတို့ဟာဝိုးတဝါး။ မှောင်မိုက်မှုနဲ့အတူ ခပ်ဝေးဝေးကအော်သံတွေဟာ ဆူညံလျက်။

နောက်ဆုံးမြင်မိတာဟာ မောင့်အပြုံးနဲ့ မောင့်အသံဝဲဝဲလေး။

ငါမသေချင်သေးဘူး .မောင့်အနား ရှိချင်သေးတာ......။

#Unicode

"ခြန္ျပည့္တို႔ကြာ.အိမ္မွာေစာင့္ေနမယ့္အလွေလး႐ွိေတာ့ အိမ္ဘဲျပန္ခ်င္ေနေတာ့တာဘဲေနာ္"

ဒါဟာ ကြင္းထဲကလူတိုင္းမေျပာမျဖစ္ သူ႕ကိုစေနက်စကားတစ္ခုပင္။ ပထမအႀကိမ္တြင္ ႐ွက္႐ွက္နဲ႔ မဟုတ္ပါဘူးကြာ လို႔ျငင္းမိေပမယ့္ ေနာင္ၾကာလာေတာ့ အေရထူကာ အိမ္မွာေစာင့္ေနမယ့္ေကာင္ေလး႐ွိတာကိုပင္ ႂကြားစရာတစ္ခုလို စပ္ၿဖဲၿဖဲလုပ္တတ္လာခဲ့ၿပီ။

"မင္းတို႔ေတာင္ ႐ွိလို႔လား"

"ဟ! မင္း အဲ့လိုခ်ည္းေတာ့မေျပာပါနဲ႔ကြာ"

"မဟုတ္လို႔လား"

"ဟုတ္ေနလို႔ေပါ့ကြာ ဒီသူေတာင္းစားကလဲ. ျပန္မွာသာ ျပန္ ျပန္.. ေနပါဦး မင္းေဘာလုံးေရာ ကစားခ်င္ေသးရဲ႕လား။ အိမ္မွာဘဲ ဆယ့္ႏွစ္ရာသီကပ္ေနခ်င္တာမ်ားလား"

တစ္ေယာက္ တစ္ေပါက္ေျပာသံမ်ား
... ၿငိမ္သက္ေနသူတစ္ဦးသာ႐ွိသည္။

သူ႕ေလေျပကို ကြၽန္ေတာ့္အတြက္ေတာ့ အခ်စ္ဆိုတာ ဆံပင္ညႇပ္ဆိုင္ကေကာင္ေလးလို႔ ၀န္ခံခဲ့တဲ့ သူ႕ဂ်ဴနီယာေကာင္ေလးပင္။ သူတို႔အဖြဲ႕ထဲ အငယ္ဆုံး. စကားအမ်ားဆုံးျဖစ္ေသာေကာင္ေလးသည္ ယခုေနာက္ပိုင္း အေတာ္ပင္စကားနည္းသြားတာ သူသတိထားမိသည္။

"ေအး ကပ္လို႔ရရင္ေပါ့. ျပန္မယ္ကြာ ဟိုေကာင္ စိုင္းၿဖိဳး"

"ဗ်ာ. ကိုႀကီး"

"မင္း အေဆာင္ဘက္ျပန္မွာမလား. ငါလဲလိုက္ယူစရာ႐ွိလို႔ သြားရေအာင္"

"ဟုတ္ကဲ့"

ကြင္းထဲမွျဖတ္ၿပီး အေဆာင္ဘက္ျပန္ခ်ိန္တြင္ စိုင္းၿဖိဳးပုံစံက ေနရခက္ေနတဲ့ပုံ.. သူကပင္ အႀကီးပီပီစကားအစပ်ိဳးရသည္။

"မင္း စကားနည္းသြားတယ္ေနာ္ ‌ေဟ့ေကာင္"

"ဗ်ာ. ေအာ္ ဟုတ္"

"ၿပီးခဲ့တဲ့အပါတ္က ဟိုေကာင္ေတြ ငါတို႔အိမ္လိုက္လည္တာ မင္းကဘာလို႔မလိုက္လာတာလဲ"

"ဟို. အဲ့တာက ကြၽန္ေတာ္"

စိုင္းၿဖိဳးကို ခြန္ျပည့္အကိုတစ္ေယာက္ကဲ့သို႔ နားလည္မႈအျပည့္႐ွိေသာအၾကည့္မ်ားျဖင့္စိုက္ၾကည့္ေနမိသည္။ အဖြဲ႕သားအခ်င္းခ်င္း ေနရခက္ေနတာမ်ိဳးကို သူလဲတကယ္သေဘာမက်တာမို႔..။

"ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ ကိုႀကီး"

႐ုတ္တရက္ ေခါင္းငုံ႔ကာ ခါးပါကိုင္းခ်လိုက္ေသာစိုင္းၿဖိဳးေၾကာင့္ ခြန္ျပည့္ပါေနာက္သို႔တြန္႔သြားမိသည္။ ေနာက္မွ သတိရကာ ရယ္မိရင္း

"စိုင္းၿဖိဳး မင္းကလုပ္လိုက္ရင္ အလန္႔တၾကားခ်ည္းဘဲကြာ"

"ကြၽန္ေတာ္ ေတာင္းပန္ခ်င္လို႔ပါ"

"ေအးပါ. ဘာကိုလဲ အိမ္လိုက္မလာတာကိုလား"

စိုင္းၿဖိဳးကို သံသယ႐ွင္းေစခ်င္တာမို႔ ပြင့္ပြင့္လင္းလင္းေျပာႏိုင္ရန္ အစပ်ိဳးေပးလိုက္သည္။

"အဲ့တာလဲပါပါတယ္. ဒါေပမယ့္ အဓိကက. ဟိုဟာ ကိုႀကီးရဲ႕. သူ႕ကိုသေဘာက်မိလို႔ပါ. ကြၽန္ေတာ္ တကယ္အကို႔ေကာင္ေလးမွန္းမသိလို႔ပါ"

"ေအာ္ မင္းကအဲ့တာကိုမ်က္ႏွာပူလို႔ေပါ့ ဟုတ္လား. အဲ့တာေၾကာင့္ ငါ႐ွိရင္ စကားသိပ္မေျပာေတာ့တာေပါ့"

"ဟုတ္တယ္ ကိုႀကီး"

"ေအးပါ ငါလဲ အဲ့တာကိုေျပာခ်င္တာဘဲ. မင္းမသိလို႔ျဖစ္တာဘဲ။ ငါစိတ္ထဲမထားပါဘူး. မင္းလဲစိတ္ထဲမထားနဲ႔ေပါ့ကြာ ဟုတ္လား"

"ဟုတ္ကဲ့"

ခြန္ျပည့္ စိုင္းၿဖိဳးပုခုံးကို တစ္ခ်က္လွမ္းပုတ္ရင္း အေဆာင္ဘက္ဆက္ေလွ်ာက္လာလိုက္၏။ တကယ္လဲ ဘယ္သူ႕အျပစ္မွမဟုတ္. အရာရာဟာ ေယာက်ၤားေလးတန္မဲ့လွရက္လြန္းတဲ့ အိမ္ကအေၾကာတင္းေလးအျပစ္ပင္..။

ဒီလိုေတြးမိေတာ့ ျပဳံးမိရျပန္သည္။ အတူတူမေနခင္ကပင္ အခ်စ္ပိုခဲ့ရေသာေကာင္ေလးသည္ ယခုဆို သူ႕ကိုအနီးကပ္ တေန႔တမ်ိဳးမ႐ိုးရေအာင္ျပဳစားတတ္ေနေလၿပီ။ 

... 💜 ...

Market ထဲမွာေစ်း၀ယ္ေနၾကေသာေကာင္ေလးႏွစ္ေယာက္။

ေလေျပကပင္ အိမ္အတြက္လိုအပ္မယ့္ပစၥည္းတခ်ိဳ႕နဲ႔ဟင္းခ်က္စရာေတြကို စဥ္းစားရင္း၀ယ္ယူေနကာ ခြန္ျပည့္ကတြန္းလွည္းကိုတြန္းရင္း ညအိပ္၀တ္စုံထဲျမဳပ္ေနေသာအေကာင္ေပါက္ေလးကိုေငးၾကည့္ေန႐ုံသာ။

"ေမာင္ အိမ္မွာဘာလိုလဲ ဝိုင္းမစဥ္းစားေပးေတာ့ဘူးလား"

သူေျပာသမွ်ေခါင္းညိတ္ကာ ျပဳံးစိစိလုပ္ေနေသာေမာင့္ကို ေလေျပစိတ္မ႐ွည္ေတာ့..။

"မစဥ္းစားေပးပါဘူး"

"ေမာင္ မင္းကေလ"

"ေမာင္ကေတာ့ အိမ္မွာေလေျပ႐ွိေနမွေတာ့ ဘာမွမလိုဘူးထင္တာဘဲ"

"ေအး ေအး ေမာင့္ကိုအငတ္ထားမွာ ၾကည့္ေန"

သူ႕ကိုမေက်နပ္စြာနဲ႔ ဂ်ိဳၾကည့္ၾကည့္ေနေသာေလေျပ့ႏွာတံေလးကို ခြန္ျပည့္လက္နဲ႔လွမ္းသပ္လိုက္ရင္း

"ဟုတ္လို႔လား.. ညက် ရင္ခြင္ထဲကမထြက္တာဘယ္သူလဲ"

"ဟာ ေမာင္ လူေတြ႐ွိတယ္ေလ.. မ႐ွက္ဘူးလား"

"မ႐ွက္ပါဘူး. ဘာလို႔႐ွက္ရမွာလဲ"

"ေမာင့္အေမက ေမာင့္ကို႐ွက္ေၾကာနဲ႔ခ်က္ေၾကာမွားဖ်က္မိတာေနမွာ. ေမာင့္ကို ငါကထမင္းမခ်က္ေကြၽးဘဲ အငတ္ထားမယ္လို႔ေျပာေနတာ"

"ရတယ္ေလ ထမင္းမစားရရင္ ေမာင္ကေလေျပ့ကိုစားမွာဘဲ"

"ေမာင္က ႏွာဘူးဘဲ"

ေလေျပက သူ႕လက္ထဲမွ ဟင္း႐ြက္ထုပ္နဲ႔ ခြန္ျပည့္ကိုေကာက္ေပါက္တာမို႔ ခြန္ျပည့္ကအမိအရဖမ္းယူလိုက္ရင္း

"မင္းေယာက်ၤားက ေဘာလုံးသမားေနာ္ ခြန္ျပည့္. ဒီေလာက္ကေတာ့ အေပ်ာ့ဘဲ"

တမင္ခပ္က်ယ္က်ယ္ေျပာလိုက္ေသာေမာင့္ေၾကာင့္ ေဘးနားမွာေစ်း၀ယ္ေနၾကေသာေကာင္မေလးႏွစ္ေယာက္က အသံထြက္ေအာင္ပင္ရယ္ကာ သူတို႔ႏွစ္ေယာက္ကိုၾကည့္တာမို႔ ေလေျပ့မွာ မ်က္ႏွာပင္မထားတတ္ေတာ့.. ဒီလူဟာတကယ္ဘဲအ႐ွက္မ႐ွိတဲ့လူ။

"မုန္းဖို႔ေကာင္းလိုက္တာ"

ေျပာၿပီးတာနဲ႔ ေလေျပကတခ်ိဳးတည္းလစ္ေျပးေသာ္လည္း ‌ေမာင့္ရယ္သံက ေနာက္မွကပ္ပါလာ၏။

အေကြ႕တစ္ခုကိုခ်ိဳး၀င္ကာ ေမာင့္ကိုပုန္းဖို႔ေနရာ႐ွာေနခိုက္ သူ႕ညာဘက္လက္ေကာက္၀တ္ကို ဆုပ္ကိုင္လိုက္ေသာ လက္တစ္ဖက္..။

"အကို"

"ဟင္း.. ေတာ္ေတာ္ေပ်ာ္ေနလား ညီ"

တျဖည္းျဖည္းခ်င္းအားပါလာေသာလက္ေၾကာင့္ ေလေျပစတင္႐ုန္းကာ ေမာင့္ကိုေတြ႕ရလို႔ေတြ႕ရျငားလိုက္ၾကည့္ေနမိသည္။

"အကိုနဲ႔ခဏလိုက္ခဲ့"

"ေမာင့္ကို"

"မင္းတို႔ႏွစ္ေယာက္ လူခ်င္းကြဲဖို႔ ကိုယ္ေတာ္ေတာ္ေစာင့္လိုက္ရတယ္. မင္းတို႔ရန္ကုန္ေရာက္ကတည္းကဘဲ"

ခြန္ျပည့္ ပိုင့္ကိုဖ်က္ခနဲလွမ္းၾကည့္မိသည္။ ပါး႐ိုးေတြက်တဲ့အထိ ပိန္သြားသည္မွန္ေသာ္လည္း ရီ‌ေဝေဝမ်က္လုံးေတြဟာ ပိုေၾကာက္စရာေကာင္းလာသလို။

ပိုင္ဟာ ေလေျပ့အတြက္ေတာ့ ေၾကာက္႐ြံ႕စရာျဖစ္လာခဲ့တာဟာ သူတို႔ႏွစ္ေယာက္စတြဲတဲ့အခ်ိန္ကတည္းကပင္။

"အကို ဘာေျပာစရာ႐ွိလို႔လဲ"

"နမ္းခ်င္တာ.."

ေလေျပ့မ်က္လုံးေတြထဲမွာ ဖုံးဖိမရတဲ့စိုးရိမ္ေၾကာက္႐ြံ႕မႈေတြကို ပိုင္အထင္းသားျမင္ေနရတာမို႔ အရသာခံၾကည့္ေနမိသည္။

ဒီေလာက္ေတာ့ မင္းလဲခံစားသင့္တယ္ ေလေျပ. မဟုတ္ဘူး မင္းေရာ၊ မင္းေကာင္ေရာ ဒီထပ္ပိုခံစားသင့္တာ။ ေလေျပ့ရဲ႕ႏႈတ္ခမ္းေတြကို လက္နဲ႔ခပ္ဖြဖြသပ္မိေတာ့ မ်က္ႏွာလႊဲသြားသည္။

"ဒီေနရာမွာ ကိုယ္နမ္းလို႔ ခြန္ျပည့္ေတြ႕သြားရင္ ဘာျဖစ္မယ္ထင္လဲ။ ကိုယ္ၾကားဖူးတာ သူတို႔ကုမၸဏီက အမႈအခင္း႐ွိတဲ့လူေတြဆို လက္မခံဘူးထင္တယ္. ဟုတ္လား"

"အကို ဘာျဖစ္ခ်င္တာလဲ"

"ေအာ္. ကိုယ္ေျပာပါေရာလား . မင္းကိုနမ္းခ်င္တာလို႔။ ဒီႏႈတ္ခမ္းပါးေတြကို ကိုယ္ဘယ္ေလာက္လြမ္းေနခဲ့ရလဲ။ အသက္႐ႈမ၀ျဖစ္ေနတတ္တဲ့ မင္းေမာဟိုက္သံေလးေတြကိုေရာေပါ့"

"ကြၽန္ေတာ္နဲ႔ခြန္ျပည့္က တရား၀င္လက္ထပ္ထားတာ"

"က်စ္! အပိုေတြေျပာမေနစမ္းနဲ႔ ညီ... မင္းကိုယ့္ေနာက္လိုက္မွာလား။ ခြန္ျပည့္ကို သံတိုင္ေတြရဲ႕ေနာက္မွာျမင္ခ်င္တာလား"

"အကိုက မထင္ထားေလာက္ေအာင္ ယုတ္မာတတ္တာဘဲ"

"အဟက္! ဒါက မင္းႀကိဳက္သလိုထင္ ေလေျပ. အခ်ိန္သိပ္မ႐ွိဘူး.. မင္းအတြက္နဲ႔ေသရမယ္ဆိုရင္ေတာင္ ကိုယ္ကေတာ့တန္တယ္‌ေလေျပ။  ကိုယ့္ကိုသတ္လို႔ ခြန္ျပည့္ေထာင္က်ၿပီး သူ႕ဝါသနာကိုဆက္မလုပ္ႏိုင္မွာကိုသာ တန္၊ မတန္ မင္းတြက္ရမွာ"

ေလေျပအိပ္ကပ္ထဲကဖုန္းျမည္လာ၏။ ေလေျပလွမ္းၾကည့္ေတာ့ ခြန္ျပည့္ကိုရိပ္ခနဲျမင္လိုက္ရသည္။ တစ္တန္း၀င္. တစ္တန္းထြက္နဲ႔သူ႕ကိုလိုက္႐ွာေနပုံရသည္။

"ကြၽန္ေတာ္ လိုက္ခဲ့မယ္. စကားေျပာ႐ုံဘဲေနာ္. ခင္ဗ်ားလြန္လာရင္ ကြၽန္ေတာ္ကိုယ္တိုင္ ခင္ဗ်ားကိုသတ္မွာ"

ပိုင္က ဟက္ခနဲတစ္ခ်က္ရယ္ေသာ္လည္း ဘာမွမေျပာေတာ့။ ေ႐ွ႕ကိုလက္ႏွစ္ဖက္နဲ႔ျပရင္း ေလေျပ့ကိုအရင္ႂကြပါဆိုတဲ့ပုံစံမ်ိဳးျဖင့္ မထိတထိစသည္။ ေလေျပက‌ ေမာင္မျမင္ေအာင္ ခပ္သြက္သြက္ေလွ်ာက္လာလိုက္ရင္း..

"ဒီမွာဘဲ.."

မားကတ္ရဲ႕အျပင္ဘက္ကားေတြရပ္နားတဲ့ေနရာေရာက္တာနဲ႔ ပိုင့္ဘက္လွည့္ရန္ျပင္ခိုက္ သူ႕ေက်ာကိုခပ္မာမာအရာတစ္ခုကလာေထာက္သည္။

"ဆက္ေလွ်ာက္"

"အကို"

"ဆက္ေလွ်ာက္လို႔ ကိုယ္ေျပာေနတယ္ ေလေျပ။ ကိုယ္တကယ္မင္းကိုမသတ္ဘူးလို႔ မထင္နဲ႔ေနာ္"

ကားအနက္ေလးတစ္စင္းနားေရာက္ေတာ့ ပိုင္ကရပ္ခိုင္းကာ ေလေျပ့ကိုတက္ခိုင္းသည္။ ကားေပၚတြင္ အသင့္ေစာင့္ေနသာလူလဲ႐ွိကာ ကားကၿငိမ့္ခနဲခ်က္ခ်င္းထြက္ခြာ၏။

ေၾကာက္႐ြံ႕မႈေတြေၾကာင့္ ေလေျပ့ရဲ႕မ်က္၀န္းမွာ မ်က္ရည္ေတြေဝ့တက္လာရသလို..။

မားကတ္ေ႐ွ႕က ကားေလးထြက္ခြာခ်ိန္မွာေတာ့ ေလေျပ့မ်က္ႏွာေပၚကို တဘက္တစ္ခုေရာက္႐ွိကာ ေလေျပ့အသိစိတ္တို႔ေပ်ာက္ကြယ္ကုန္ရသည္။

... 💜 ...

ေလးလံေသာခံစားမႈနဲ႔အတူ. ေလေျပ့မ်က္လုံးမ်ားခပ္ျဖည္းျဖည္းဖြင့္လာရသည္။ မ်က္လုံးထဲမွာအရင္၀င္ေရာက္လာတာ မေရရာလွတဲ့ ပိုင့္ရဲ႕ပုံရိပ္။

"ႏိုးၿပီလား"

"ငါ့ကိုဘယ္ေခၚလာတာလဲ"

"ဟား ငါလား. ကြၽန္ေတာ္မဟုတ္ေတာ့ဘူးေပါ့"

"ဒီေနရာက"

"တစ္ေနရာရာေပါ့. မင္းနဲ႔ကိုယ္နဲ႔ပူပူေႏြးေႏြးညေလးကို ဒီမွာတူတူျဖတ္သန္းၾကမွာ"

ေလေျပက သူ႕ကိုယ္သူမလုံမလဲၾကည့္တာမို႔ ပိုင္သေဘာတက်ျပဳံးလိုက္ရင္း

"စိတ္ခ်ပါ. ကိုယ္ကအိပ္ေပ်ာ္ေနတဲ့မင္းကိုေတာ့ ဘာမွမလုပ္ပါဘူး. ဒီတိုင္းထိုင္ၾကည့္႐ုံပါဘဲ။ မင္းႏိုးေနမွပိုၿပီးခံစားလို႔ေကာင္းမွာေပါ့. လူေသကိုဆက္ဆံရသလိုခံစားခ်က္က ဘယ္ feel လာပါ့မလဲ"

"ခင္ဗ်ားက တကယ္႐ူးေနတာဘဲ"

"အင္း ကိုယ္က႐ူးလဲ႐ူးတယ္. ေအာက္တန္းလဲက်တယ္ေလ။ မင္းမွတ္မိလား. မင္းရဲ႕ေနာက္ရည္းစားအျဖစ္ေနဖို႔ေျပာတဲ့ေန႔ကတည္းက ကိုယ္မေျပာခဲ့ဘူးလား။ ကိုယ့္ကို စာရိတၱပ်က္ျပားတဲ့ေကာင္ျဖစ္ေအာင္ မင္းလုပ္လိုက္ၿပီလို႔"

"ကြၽန္ေတာ္က.. ကြၽန္ေတာ္က ေမာင့္ကိုဘဲခ်စ္တာ"

"အင္း ကိုယ္ကလဲ မင္းကိုဘဲခ်စ္ခဲ့တာ. ၿပီးေတာ့ မင္းဆီကအခ်စ္ကိုဘဲ လိုခ်င္ခဲ့တာ။ အဲ့တာေၾကာင့္ မင္းဟိုေကာင္နဲ႔ကုတင္ေပၚေရာက္ေနခ်ိန္အ႐ူးလိုဘာလုပ္ရမွန္းမသိျဖစ္ေနခဲ့တာ"

ေလေျပမ်က္၀န္းျပာေတြဟာ သူ႕ကိုေၾကာက္႐ြံမႈေတြနဲ႔ျပည့္ေနတာကို အနီးကပ္ျမင္ရေတာ့ သူ႕စိတ္ေတြပိုလႈပ္႐ွားလာရသည္။ သူ႕နည္းလမ္းဟာ မွန္တယ္လို႔ေျပာရမလား။

တကယ္ဆို သူ႕ကိုတခါတရံ သနားစရာသတၱဝါတစ္ေကာင္လို ၾကည့္ေနတတ္တဲ့ေလေျပ့မ်က္လုံးေတြကို သူဘယ္ေတာ့မွသေဘာမက်ခဲ့ဘူး။ ေလေျပ့ႏႈတ္ခမ္းပါးေလးေတြကို လက္ျဖင့္သပ္မိေတာ့ မ်က္ႏွာလႊဲကာ ႏႈတ္ခမ္းေတြကိုလက္ျဖင့္ခပ္ၾကမ္းၾကမ္းပြတ္ပစ္တာမို႔.

"ကိုယ္နမ္းဖူးတဲ့ႏႈတ္ခမ္းေတြပါ. အဲ့ေလာက္ႀကီးစိမ္းသက္ျပမေနနဲ႔။ မင္း ကိုယ္နမ္းရင္အရမ္းသေဘာက်ခဲ့တယ္မလား. အသက္႐ႈရပ္တဲ့အထိ ခပ္ၾကမ္းၾကမ္းနမ္းတာမ်ိဳး"

"ကြၽန္ေတာ္နဲ႔ခြန္ျပည့္က တရား၀င္လက္ထပ္ထားတာပါ. ေက်းဇူးျပဳၿပီး အကိုလဲ အကို႔ဘ၀နဲ႔ေနပါေတာ့လား"

"အဟား. မင္းႏႈတ္ခမ္းေလးကထြက္ေတာ့လဲ လြယ္လိုက္တာ. ငါကေရာ မႀကိဳးစားခဲ့ဘူးထင္လို႔လား။ မင္းက ငါ့ကိုလြယ္လြယ္ေမ့ႏိုင္ေပမယ့္ ေအာ္ မွားလို႔ မင္းကငါ့ကိုတခါမွထည့္မတြက္ခဲ့ဘူးဘဲ။ မင္းေကာင္စီက ဥေပကၡာျပဳခံရတုန္းကေတာ့ ငါ့ကိုအေပ်ာ္သုံးခဲ့ၿပီး မင္းေကာင္ေနာက္လိုက္သြားခ်ိန္မွာေရာ ငါဘယ္လိုက်န္ေနခဲ့လဲ တခါေလးေတာင္ မင္းစဥ္းစားေပးခဲ့ဘူးလား။ မင္းနဲ႔မင္းေကာင္ေပ်ာ္ျမဴးေနခ်ိန္မွာ မင္းကိုေမ့ဖို႔ႀကိဳးစားရင္း ငါဘယ္ေလာက္ခံစားခဲ့ရလဲ စဥ္းစားခဲ့ဘူးလား ဟမ္"

"..

"ငါေလ မင္းကိုေမ့ဖို႔ႀကိဳးစားခ်ိန္မွာေသခ်ာသြားတာ တစ္ခုဘဲ႐ွိတယ္ . မင္းကိုေလ ငါဘဲပိုင္ရရင္ရ. မရရင္ မင္းကိုေလ ငါကိုယ္တိုင္သတ္ပစ္မွာ"

ပိုင့္မ်က္လုံးေတြ ပုံမွန္ထပ္ရီ‌ေဝလာၿပီး အံ့ဆြဲထဲကဓားေလးကိုဆြဲထုတ္လိုက္ရင္းစိုက္ၾကည့္ကာ တစ္ခ်က္ရယ္သည္။

"မင္း ငါ့ဘ၀ကိုဖ်က္ပစ္လိုက္တာမ်ား ၾကည့္စမ္း ေလေျပ. ခြဲစိတ္ခန္းဓားသုံးရဖို႔တစ္သက္လုံးေမွ်ာ္မွန္းထားခဲ့တဲ့ ငါ့လက္ေတြကို လူသတ္ဖို႔သုံးဖို႔ဓားကိုင္မိ‌ေစတဲ့အထိဘဲ။ မင္းၾကည့္. မင္းဖ်က္စီးခဲ့တဲ့ ငါ့သိကၡာ၊ ငါ့ဘ၀၊ ငါ့ရည္မွန္းခ်က္ေတြကို မေမ့ေအာင္ မင္းေသခ်ာၾကည့္ထား"

"မလုပ္နဲ႔"

ပိုင္က ေျပာရင္းမွ ဓားပါးျဖင့္ သူ႕လက္ဖဝါးသူဖ်က္ခနဲလွီးလိုက္တာမို႔ ေလေျပအလန္႔တၾကားေအာ္ကာ ပိုင့္လက္ထဲမွဓားကိုဆြဲယူလႊတ္ပစ္မိ၏။

"ခင္ဗ်ား တကယ္႐ူးေနၿပီ ပိုင္"

ေသြးထြက္ေနတဲ့သူ႕လက္ကိုမလႊတ္ခ်ဘဲ သူ႕ကိုစိုးရိမ္တႀကီးၾကည့္ေနတဲ့ေလေျပ့မ်က္လုံးေတြဟာ တကယ့္ခ်စ္စရာ။ ေလေျပဟာ သူထင္ထားသလို စိတ္ေပ်ာ့တဲ့ေကာင္ေလးျဖစ္ေနတုန္းဘဲ။ ေလေျပ့ကို ျပန္ပိုင္ရဖို႔ေမွ်ာ္လင့္ခ်က္ေတြ သူ႕စီတနင့္တပိုးေျပး၀င္လာ၏။

"အင္း ကိုယ္႐ူးေနတာ. ညီ ကိုယ့္ကိုၾကည့္စမ္း. ကိုယ့္မ်က္လုံးေတြကိုတည့္တည့္ၾကည့္။ ကိုယ္ေလ မင္းနဲ႔ပက္သက္ရင္ ဒီထက္႐ူးသြပ္တာေတြလုပ္ႏိုင္ေသးတယ္"

ေလေျပ ပိုင့္ကိုအံ့ၾသစြာေငးစိုက္ေနမိသည္။ ပိုင္ဟာ သူ႕ကိုယ္သူတကယ္ဘဲ႐ူးသြပ္စြာ ထိခိုက္ေအာင္လုပ္ႏိုင္သလား။ သူ႕လို ေယာက်ၤားေလးတစ္ေယာက္အတြက္ေလ။

"မင္းလဲ ကိုယ့္အေပၚ သံေယာဇဥ္႐ွိေသးတယ္မလား"

"ေဆး႐ွိလား. ေသြးထြက္တာမရပ္ေသးဘူး"

"ကိုယ့္ကို စိုးရိမ္တယ္မလား"

"..

"မင္းစဥ္းစားၾကည့္စမ္း ..ကိုယ္ဒီေလာက္ထိခိုက္တာေတာင္ မင္းစိုးရိမ္ေနရင္း မင္းကိုမရလို႔ ကိုယ္အဆုံးစီရင္သြားရင္ေရာ.."

"အကို"

ေလေျပက စိုးရိမ္တႀကီးထေအာ္ကာ ပိုင့္ပါးစပ္ကိုလက္တစ္ဖက္နဲ႔လွမ္းအုပ္သည္။

သူ႕ကိုၾကည့္ေနတဲ့ေလေျပ့မ်က္လုံးေတြကို ၾကည့္ရင္း ပိုင့္ရင္ထဲေက်နပ္မႈေတြ တေ႐ြ႕ေ႐ြ႕၀င္‌ေရာက္လာရသည္။

ေလေျပဟာ သူ႕ကိုယ္သူ အျပစ္႐ွိတယ္လို႔ လြယ္လင့္တကူခံစားတတ္လြန္းတဲ့ေကာင္ေလး။

ေလေျပ သူ႕ကိုမစြန္႔ခြာႏိုင္ျခင္း၊ လက္ထပ္ပါ့မယ္လို႔ကတိေပးခဲ့ျခင္းေတြဟာ ပိုင္ဟာ သူ႕ေၾကာင့္သိကၡာက်ခဲ့ရတာ၊ ခြန္ျပည့္စီမွာ ေခါင္းငုံ႔ေနခဲ့ရတာလို႔ေတြးတဲ့ အျပစ္စိတ္ေတြေၾကာင့္ဘဲ။

"ကိုယ္နဲ႔ေနပါ.. မင္း ခြန္ျပည့္နဲ႔ေနဖူးၿပီဘဲ။ ကိုယ့္ကို လက္ထပ္ပါ့မယ္ဆိုတဲ့ကတိကိုေဖာက္ဖ်က္ၿပီး မင္းလုပ္ခ်င္တာလုပ္ဖူးခဲ့ၿပီဘဲ။ အခု ကိုယ့္ကို ျပန္ၾကည့္ေပးပါ"

"အကို ႐ူးေနလား"

ေလေျပ သူ႕ကိုမတည္ၿငိမ္တဲ့မ်က္လုံးမ်ားနဲ႔ အသနားခံေနေသာပိုင့္တစ္ေယာက္ကိုၾကည့္ကာ ဘာေျပာရမလဲမေတြးတတ္ေတာ့။ ႐ူးေနတာလားလို႔ပင္ ထပ္ခါ ထပ္ခါ ေအာ္ေမးမိေနေတာ့သည္။ ပိုင္ဟာ တကယ္႐ူးေနခဲ့ၿပီ။

သူ႕မ်က္လုံးထဲ ေက်ာင္းတုန္းကစာႀကိဳးစားၿပီး ဘယ္သူ႕ကိုမဆို ေႏြးေထြးစြာဆက္ဆံတတ္ေသာပိုင့္ကိုျပန္ျမင္ေယာင္လာ၏။ အခုသူ႕ေ႐ွ႕မွာ႐ွိေနခဲ့တဲ့အကိုဟာ အဲ့တုန္းကနဲ႔အရာရာကြာျခားသြားၿပီ။ သူဖ်က္ဆီးခဲ့တာ.. အကိုေျပာသလို အကို႔ကို ဒီလိုလူမ်ိဳးျဖစ္ေအာင္ သူဖ်က္ဆီးခဲ့တာ။

ပိုင္က ေလေျပ့လက္ေတြကို ငုံ႔မိုးနမ္းလိုက္၏။

"အကို အကုန္ေမ့ေပးမယ္. ညီ အကို႔ဆီကထြက္ေျပးခဲ့တာေတြ၊ ခြန္ျပည့္နဲ႔အတူ႐ွိေနခဲ့တာေတြ. အကုန္ အကုန္လုံးကို အကိုေမ့ေပးမယ္။ အကို႔ဆီျပန္လာေပးပါ"

ေလေျပ ပိုင့္ကို သနားစြာေငးစိုက္ၾကည့္ေနမိသည္။ ေမာင္ဟာ သူ႕အတြက္ခ်စ္ျခင္းေမတၱာဆိုတဲ့ခံစားခ်က္ကိုျပဌာန္းတယ္ဆို အကိုဟာ သူ႕အတြက္မ်ားစြာေသာခံစားခ်က္ေတြကို ျပဌာန္းခံရသူျဖစ္တယ္လို႔ ထင္လာသည္။

အကို႔ကို သူေၾကာက္႐ြံမိသလို သနားလဲသနားသည္။ ၿပီးေတာ့ စိတ္လႈပ္႐ွားခဲ့ရဖူးသည္။ ရင္ခုန္ခဲ့ရဖူးသည္။ ခ်စ္ဖူးခဲ့လား သူေသခ်ာမသိ။

ေမာင့္ေၾကာင့္နာက်င္ရတိုင္း ေမာင္ဟာ တျခားမိန္းကေလးေတြနဲ႔ခ်စ္ရည္မွ်ေနတာကို သူသိရတိုင္း အကိုကေရာ အကိုဟာ သူ႕ကိုအိပ္ရာေပၚမွာလဲ ေပ်ာ္႐ြင္ေအာင္ထားႏိုင္မယ့္လူလို႔ သူေတြးမိခဲ့တာ အႀကိမ္ႀကိမ္။

ေလေျပဟာ ဒီလိုဘဲ. ေလယူရာသိမ္းတဲ့စပါးပင္လိုဘဲ။ နီးရာကိုယိမ္းခ်င္ေနခဲ့တာလား. ဒါမွမဟုတ္ ပိုင္ဆိုတဲ့လူရဲ႕ေလာင္းရိပ္ေအာက္မွာက်င္လည္ရတာကို ေပ်ာ္ေမြ႕ေနခဲ့တာလား။

တကယ္ဆို ေမာင္ဟာ ေလေျပ့ကိုပိုင္လုမွာစိုးလို႔ အျမန္ခိုးေျပးခဲ့တာမဟုတ္လား။ ပိုင္ကသာ ေလေျပ့ရဲ႕ေနာက္လူအျဖစ္႐ွိေနတာကို မသိရင္ေရာ ေမာင္ဟာဒီတိုင္းဘဲ. ဒီတိုင္း ေကာင္မေလးေတြနဲ႔ေပ်ာ္ပါးေနခဲ့ဦးမွာလား။

"ညီ သိမွာပါ။ ကိုယ္ မင္းကိုဘယ္ေလာက္ခ်စ္တယ္ဆိုတာကို. မင္းသိမွာပါ"

ပိုင္က ေလေျပ့လက္ကိုနမ္း႐ိႈက္ေနရာမွ လက္ေခ်ာင္းေလးေတြကို ငုံကာခပ္ဖြဖြကိုက္၏။ ေလေျပ တစ္ခ်က္ညည္းမိခ်ိန္မွာ ပိုင့္ႏႈတ္ခမ္းေတြ ေလေျပ့ႏႈတ္ခမ္းေပၚေရာက္ကာ ေနရာယူေတာ့သည္။

ေအာက္ႏႈတ္ခမ္းကို ခပ္ဖြဖြကိုက္မိေတာ့ ေစ့ထားတဲ့ႏႈတ္ခမ္းတို႔ပြင့္သြားတာမို႔ ပိုင့္အနမ္းေတြဟာ ေလေျပ့ႏႈတ္ခမ္းထဲထိ က်ဴးေက်ာ္၀င္ေရာက္လာသည္။ ပိုင္က ေလေျပ့ခါးကိုသိမ္းဖက္ကာ ေအာက္သို႔ခပ္ဖြဖြလွန္ခ်လိုက္ေတာ့ ေလေျပ့လက္ေတြဟာ ပိုင့္ပုခုံးထက္မွာ..။

"မင္းက ေမာင့္ေလေျပဘဲ ေလေျပ. ေမာင္ဟာ ဆိုးသြမ္းတဲ့လူမို႔ ဘယ္လိုဇာတ္ေတြ႐ႈပ္မိပါေစ အခ်ိန္တန္မင္းဆီကို ‌ေမာင္ေရာက္ေအာင္ျပန္ခဲ့မွာ"

"မင္းက ေမာင့္အိမ္ဘဲ. မင္း႐ွိရင္ ေမာင္တို႔အိမ္မွာ ဘာမွမလိုေတာ့ဘူး"

"အိမ္မွာ ေမာင္နဲ႔ထမင္းတူတူစားဖို႔ေစာင့္ဆိုင္းေနတဲ့ေကာင္ေလးတစ္ေယာက္႐ွိတယ္ဆိုတဲ့ခံစားခ်က္က ေမာင့္ကိုဘယ္ေလာက္ေႏြးေထြးေစလဲဆိုတာ ေလေျပဘယ္ေတာ့မွသိမွာမဟုတ္ဘူး"

နားထဲကို အထပ္ထပ္၀င္ေရာက္လာတဲ့ ေမာင့္စကားသံခ်ိဳဝဲဝဲေလး။ ေလေျပ ကမန္းကတမ္းပိုင့္လက္ေတြၾကားမွ ႐ုန္းမိေသာ္လည္း ပိုင္ကအေလ်ာ့မေပးေတာ့။

"ဖယ္ေပးပါ ပိုင္"

ေလေျပ အထပ္ထပ္ျငင္းဆန္ေသာ္လည္း ပိုင္ဟာအသိမ႐ွိသူလို ေလေျပ့လည္တိုင္ေတြကိုသာ အငမ္းမရနမ္းေနတာမို႔ နီးစပ္ရာၾကည့္မိေတာ့ ကုတင္ေဘးနားမွာအသင့္႐ွိေသာစာၾကည့္မီးအိမ္။

ေလေျပ ႐ုန္းတာရပ္လိုက္ၿပီး ပိုင့္အနမ္းကိုၿငိမ္သက္စြာ ခံလိုက္၏။ အေျခအေနကိုရိပ္စားမိေသာပိုင္က ေလေျပ့ႏႈတ္ခမ္းေတြထံသို႔ မွ်ားဦးလွည့္လာကာ ၾကမ္းတမ္းစြာနမ္း႐ိႈက္တာမို႔ ေလေျပအလိုက္သင့္နမ္း႐ိႈက္ေနလိုက္သည္။

တေျဖးေျဖးခ်င္းမွ ပိုင့္အေပၚကို သူေနရာယူလိုက္ၿပီး နမ္းေနရင္းမွ လက္ေတြကစာၾကည့္မီးအိမ္စီသို႔။

ခြမ္း...။

"အား..ေလေျပ"

ပိုင့္အေပၚက ေလေျပဆင္းေျပးကာ တံခါး၀စီေျပးလိုက္၏။ တံခါးေလာ့ကိုဖြင့္ၿပီး အျပင္ကိုေျပးထြက္လိုက္ေတာ့ အ‌ေဝးေျပးလမ္းမလိုေနရာမ်ိဳးျဖစ္ေနတာကို ေတြ႕လိုက္ရသည္။

"ေလေျပ မေျပးနဲ႔.. ျပန္လာခဲ့"

ဖိနပ္မပါဘဲ အိမ္ျခံ၀န္းထဲကေျပးထြက္လာေတာ့ ေနာက္မွာေခါင္းကိုလက္နဲ႔အုပ္ကာေျပးလိုက္လာေသာပိုင့္ကိုေတြ႕တာမို႔ ေလေျပ လမ္းမေပၚအျမန္တက္ေျပးခိုက္ ေျပး၀င္လာေသာကားတစ္စီး။

ေသရမွာေၾကာက္႐ြံစိတ္နဲ႔အတူ အသိတို႔ဟာဝိုးတဝါး။ ေမွာင္မိုက္မႈနဲ႔အတူ ခပ္ေဝးေဝးကေအာ္သံေတြဟာ ဆူညံလ်က္။

ေနာက္ဆုံးျမင္မိတာဟာ ေမာင့္အျပဳံးနဲ႔ ေမာင့္အသံဝဲဝဲေလး။

ငါမေသခ်င္ေသးဘူး .ေမာင့္အနား ႐ွိခ်င္ေသးတာ......။

#Zawgyi

#Blfic
-Hanna
2021 Aug 9, Tue
6:00PM

Continue Reading

You'll Also Like

247K 13.4K 50
Unicode> "ခင်ဗျား ဘယ်သူလဲ?" "ကိုကမင်းလေ!မင်းရဲ့Parallel Worldက ယင်းယာ!" Zawgyi> "ခင္ဗ်ား ဘယ္သူလဲ?" "ကိုကမင္းေလ!မင္းရဲ့Parallel Worldက ယင္းယာ!" Star D...
13.4K 643 22
"ကျုပ်ဘဝမှာ ဘယ်တုန်းကမှ ခံစားချက်တွေကို ရှေ့တန်းမတင်ဖူးဘူး လူသတ်သင့်ရင် သတ်တယ် ရိုက်သင့်ရင် ရိုက်မယ် ပိုက်ဆံရမယ်ဆို ဘာမဆိုလုပ်မယ် ပိုက်ဆံက ကိုးကွယ်ရာ...
244K 20.1K 30
The blue sea and its bright sun.
129K 17.8K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ