"ဒီနေ့ ဆွန်းဝူ ပြောတဲ့ ဒယ်ဂူက တက်တူးဆိုင်ကို သွားကြည့်မယ်...အဲမှာ ငါသဘောကျတဲ့ တက်တူးတွေထိုးမယ်...ဒါမှ ဂျွန်ဂျောင်မင် ဆိုပီးဖြစ်လာမာ မဟုတ်ရင် ငါ့အစ်ကိုမှတ်ပီး ပတ်ခေါ်နေအူးမာ...မတူဘူးလေ ငါကငါ အစ်ကိုက အစ်ကို ပေါ့ ...ဒယ်ဂူက ကောင်မလေးချောချော လေးတစ်ယောက်လဲ ကောက်တွဲအူးမှ အဟီး...."
ဂျောင်မင်တစ်ယောက် မှန်တင်ခုံရှေ့ မျက်နှာလေးပွတ်ရင်း ပြောသည်။ ရေမိုးချိုး အ၀တ်အစားလဲပြင်ဆင်ပီး ခရီးဆောင်အိတ်တစ်လုံး ကင်မရာကို လည်ပင်းမှာ ချိတ်ဆွဲလိုက်သည်။
သူနဲ့ ဂျောင်ဂုက နှုတ်ခမ်းအောက်မှာရှိတဲ့မှဲ့လေးကအစ အကုန်တူသည်။ခွဲလို့မရ။ကြာကြာပေါင်းမှ သိသည်။ဆိုးလ်က လူတွေက ဂျောင်ဂုမှာ အမွှာညီရှိမှန်းတော့သိသည်။နှစ်ယောက်လုံးမှာ ဘယ်တစ်ယောက်ပဲ့တွေ့တွေ့ ဂျောင်ဂု လို့သာ ခေါ်သည်။ဂျောင်ဂုနဲ့ဂျောင်မင် အတူသွားတဲ့အချိန်ဆို မရှိသလောက်ရှားသည်။ဂျောင်မင်က သူ့ကိုဂျောင်ဂုလို့အထင်ခံရတာ မကြိုက်ပါ။သူက ဖော်ရွေသည်။ကူညီတတ်သည်။နည်းနည်းတော့ ဂျစ်ကန်ကန်နိုင်သည်။ဂျောင်ဂုကတော့ မာနခဲ ရေခဲတုံး။ဒါကြောင့်လဲ ခွဲထွက်လို့ရအောင် သူ့လက်တစ်ဖက်မှာ တက်တူးအပြည့်ထိုးဖို့ စဉ်းစားထားသည်။
"မေမေဆီမှာ မုန့်ဖိုးတောင်းအူးမှ..."
ပြောရင်း အောက်ထပ်သို့ ဆင်းလာလိုက်သည်။
"အော်...သားငယ် ..အဆင်သင့်ဖြစ်နေပီလား မနက်စာ စားသွားအုံး...လာ..လာထိုင် ..မေမေ ပြင်ထားတယ်..."
"ထမင်းစားခန်းထဲ ကော်ဖီသောက်ရင်း သူ့ကိုစောင့်နေသော အမေဖြစ်သူကို ခေါင်းလေးငြိမ့်တစ်ချက် ပြုံးပြရင်း ၀င်ထိုင်လိုက်ပီး မနက်စာ စားနေသည်..."
…"အားရှီး...မေမေ ချက်ထားတဲ့ မနက်စာလေးက သိပ်အရသာရှိတာပဲ့....မေမေပေးတဲ့ အာဘွားလေးကိုတော့ မမှီဘူး ဟီး😁"
"အမယ်....မုန့်ဖိုးလိုချင်လို့ ဉာဏ်ဆင်နေတာမလား...သိတယ်နော် ..."
"ဟုတ်တယ်မေမေ ...ဟီး"
မျက်စောင်းလေး တချက် ထိုးရင်း ပြောလိုက်သည်။ဂျောင်မင်က သူမဆီမှာ တစ်ခုခု လိုချင်လို့ရှိရင် အဲလိုပဲ့ ချွဲနေကျ။အသက်ကဖြင့် ၃၀ နားကပ်နေပီ ခုထိချွဲလို့ကောင်းတုန်း...။သူမအမြင်မှာတော့ သားနှစ်ေယာက်လံုးငါးနှစ်သား ကလေးတွေလိုပါပဲ့။ပိုသည်လိုသည်မရှိ။တန်းတူ ချစ်သည်။အလိုလိုက်သည်။အတ္တတော့ကြီးသည်။
"ဒီနေ့ ဒယ်ဂူ သွားမယ်မလား...လမ်းမှာ ဂရုစိုက်အုံး..ခနစောင့် မေမေ ပိုက်ဆံသွားယူလိုက်အုံးမယ်"
"ဟုတ် မေမေ"
"ရော့......ဒီမှာ သားငယ်...ဟိုမှာ ဘယ်နှရက်ကြာမာလဲ ပီးတော့ဘယ်မှာတည်းမှာလဲ ဟိုရောက်ရင် မေမေဆီ ဖုန်းဆက်အုံးနော်...ပိုက်ဆံကော လောက်တယ်မလား ဒီလောက်ဆို..."
"ဟုတ် လောက်တယ်မေမေ...ဟိုက ဟိုတယ်တစ်ခုမှာ တည်းမှာပါ နှစ်ရက်လောက်တော့ ကြာမာ မေမေ အဲမာ ရှုခင်းလှတယ် ကြားတယ် ပုံလှလှ လေး လိုချင်လို့..."
"အင်း သားငယ်..အာ့ဆို ဂရုစိုက်သွား...ဟိုမှာ ...ရန်ဖြစ်မနေနဲ့အူး"
"ဟုတ်....မေမေ....ချစ်တယ်နော် ....အာဘွား....အစ်ကို ကိုလဲ ပြောပြလိုက်အုံးနော် မေမေသားသွားတော့မယ် ...."
"အင်း...သားငယ်..."
မနက်စာစားပီးသည်နှင့် သူ့အမေရဲ့ပါးကို တချက်နမ်းကာ ...ခရီးဆောင်အိတ်ဆွဲလျက် ထွက်လာလိုက်သည်။ဆိုးလ်နှင့် အနည်းငယ်ဝေးသော ဒယ်ဂူမြို့လေးသို့ ကားမောင်းထွက်လာခဲ့တော့သည်။
"ပါးပါး...."
"ဟင့်.....သားသားနိုးပီလား...နေသာရဲ့လား...ဘယ်နားနာနေသေးလဲ...."
ဂူဂူလေး ဆေးရုံကုတင်ပေါ်အိပ်နေသည်မှာ တစ်ရက်ကြာသွားသည်။ထယ်ယောင်း ညမအိပ်နိုင်ပါ။ အစားအသောက်လဲ မစားဖြစ်ခဲ့။ဂူဂူလေးလက်လေးတွေကိုင်လိုက် စကားတွေပြောလိုက်နဲ့ ပျာယာခတ်နေသည်။ဘိုဂမ်က သူစောင့်နေပေးပါမယ် အနားယူလိုက်ပါအုံး ပြောလဲ မရ။တစ်ညလုံးအရိပ်တကြည့်ကြည့်နဲ့ ။မနက်လင်းခါနီး ပင်ပန်းလို့အိပ်ပျော်သွားချိန်..ဂူဂူ့အသံကြားလို့နိုးလာပီး စိုးရိမ်တကြီး မေးနေလေးသည်။
"ပါးပါး....သားသားဘယ်ရောက်နေတာလဲဟင်...."
"ဆေးရုံရောက်နေတာ သားသား.....ခနနော် ပါးပါး ဦးဦးဘိုဂမ်ကို သွားခေါ်အူးမယ်"
"ဟင် ဦးဦးဆရာ၀န် ဒီရောက်နေတာလား"
"အင်း...ခနစောင့်နော်"
ပြောရင်း ဘိုဂမ်ကိုခေါ်ဖို့ ထွက်လာလိုက်သည်။
"ဂူဂူလေး နိုးလာပီလား...ပြပါအူး ဦးဦး စစ်ကြည့်အူးမယ်"
ပြောရင်း နားကျပ်လေးနဲ့ ဂူဂူ့ ရင်ဘတ်ဆီ စမ်းသပ်နေသည်။
"ဘာမှ မဖြစ်တော့ဘူးပဲ့။ နေကောင်းလာနေပီ ယောင်း....ညနေ အိမ်ပြန်မယ်ဆို ပြန်လို့ရပီ"
ထယ်ယောင်းဆီ ပြုံးပြကာ ပြောလိုက်သည်။
"ဦးဦးဆရာ၀န် သားသားက ဘာဖြစ်တာလဲဟင်.."
"မတည့်တာစားလို့ ဆေးရုံရောက်နေတာ ဂူဂူ"
"မတည့်တာ....ဟင့်...သားသားချောကလက်လဲ မစားမိဘူး....."
"အင်း ...ဂူဂူ သတိမထားမိလို့ နေမာ...နောက်ဆို သေချာလေးသတိထား ရွေးစားနော် ....သားပါးပါးကို စိတ်ပူရအောင်မလုပ်နဲ့တော့နော်"
ဘိုဂမ်ပြောလိုက်တော့ ဂူဂူလေး ထယ်ယောင်းဖက် လှည့်ကြည့်လာသည်။ထယ်ယောင်းမျက်လုံးအိမ်မှာ မျက်ရည်လေးများဝဲနေတာ မြင်တော့
"ပါးပါး...ဂူဂူ တောင်းပန်ပါတယ်....နောက်...ပါးပါးကို စိတ်ဆင်းရဲအောင်မလုပ်တော့ပါဘူး...ဂူဂူလဲ သတိထားစားနေတာပဲ့.....မထင်မှတ်ပဲဖြစ်သွားတာနော်...ပါးပါး...မငိုပါနဲ့နော်"
"ပါးပါး မငိုပါဘူးသား ဂူဂူလေးနိုးလာတာ ပျော်လို့မျက်ရည်ဝဲသွားတာ....ဂူဂူက ပါးပါးရဲ့ ဘ၀မို့လို့ နောက်အဲလိုမဖြစ်အောင် ဂရုစိုက်နေပေးနော်"
ပြောရင်း ဂူဂူလေးကို သူ့ရင်ခွင်ထဲ ထည့်ကာ ပွေ့ဖက်ထားလိုက်တော့သည်။ဘိုဂမ်လဲ ပြုံးကာသိပ်ချစ်ကြတဲ့သားအဖပဲ့။ဂူဂူ့ကိုချစ်သလိုမျိုးေယာင်းလဲ ကိုယ့်ကိုချစ်ရင် ကောင်းမှာပဲ့....ေတွးရင်း လက်ပိုက် ရပ်ကြည့်နေတော့သည်။
"ဂူဂူရေ...ပါးပါးတို့ အိမ်ပြန်ကြမယ်...အဆင်သင့်ဖြစ်နေပီ....လာခဲ့.....Let go!"
"Let's go.....ပါးပါး....."
"ဂူဂူ ....ပါးပါး ကျောပေါ်တက် ပါးပါးကုန်းပိုးပေးမယ်...."
"ရတယ်ပါးပါး ဂူဂူ လမ်းလျှောက်နိုင်တယ်......."
"ဦးဦးဆရာ၀န် သားသားတို့ပြန်လိုက်အူးမယ်နော် ....အားရင်ဦးဦးဆီလာလည်မယ်နော်"
"ဟုတ်ကဲ့ပါ ဂူဂူ....အော်...ယောင်း ကို့ကိုယောင်းတို့အိမ်လိပ်စာပေးခဲ့ပါလား အားရင်လာလည်ပါမယ်"
"ဟုတ် အစ်ကို အချိန်မရွေးလာလည်လို့ရတယ်နော် အစ်ကိုက ယောင်းကျေးဇူးရှင်ပဲ့...ဒီတစ်ခေါက်လဲ ဂူဂူလေးကိုကယ်ပေးလို့ ကျေးဇူးတင်ပါတယ် အစ်ကို ရော့....ဒါ ယောင်းတို့အိမ်လိပ်စာကဒ်ပါ"
"အင်း အာ့ဆို ရပီ နောက်မှ တွေ့မယ်နော် ....ဂူဂူရေ ကျန်းမာရေးဂရုစိုက်နော်....ကောင်းကောင်းသွား တာ့တာ....🙋🙋"
"ဟုတ်ကဲ့...ဦးဦး ဆရာ၀န်...ကျေးဇူးတင်ပါတယ်ဗျာ ....တာ့တာ...."
ဂူဂူလေးတို့ ဘိုဂမ်ကို အရိုအသေပေးကာ တစ်ယောက်လက်တစ်ယောက်ဆွဲရင်း ထွက်လာလိုက်တော့သည်။
"အဟင်း....ဒီတက်တူးတွေနဲ့ လှသွားပီ...ဒါမှ ငါ ဂျွန်ဂျောင်မင်ကွ....ဆွန်းဝူပြောတာ သိပ်မှန်တာပဲ့ ...ဒီဆိုင်က အဆင်ပြေတယ်..."
ဘယ်ဖက်လက် တစ်ဖက်လုံး အမျိုးစုံအောင် ထိုးထားသော တက်တူးများကိုကြည့်ကာ ကျေနပ်နေသည်။ရှပ်အကျီအဖြူလက်တို အနီရောင် ဘောင်းဘီတိုလေး တွဲ၀တ်ထားသည်။ခနကြာတော့ တက်တူးဆိုင်မှ ထွက်လာခဲ့သည်။
"ဟင် !!.....မောင်......😳😳!!"
မောင့်မူပိုင် 💜 Part 5
"ဟုတ်တယ်မေမေ ...ဟီး"
"ဟုတ် မေမေ"
"အင်း...သားငယ်..."
"ပါးပါး...."
"အင်း...ခနစောင့်နော်"
"Let's go.....ပါးပါး....."
"ဟင် !!.....မောင်......😳😳!!"
😁တန်းလန်းကြီးထားခဲ့တော့မယ် 😙