ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပ...

By MelMoRii

131K 19.8K 510

စာရေးသူ : အားချင်အားချင် အမျိုးအစား : romance,yaoi,Amnesia,possessive,M preg I own nothing. This is belongs t... More

Description
Chapter 1: Part 1
Chapter 1 : Part 2
Chapter 1 : Part 3
Chapter 2 : Part 2
Chapter 2 : Part 3
Chapter 3 : Part 1
Chapter 3 : Part 2
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10 : Part 1
Chapter 10 : Part 2
Chapter 11
Chapter 12.1
Chapter 12.2
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22 + 23
Chapter 24.1
Chapter 24.2
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35

Chapter 2 : Part 1

4.1K 703 25
By MelMoRii

Unicode

နှစ်ယောက်သားက တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ထိုင်ကာ မနက်စာ စားလိုက်ကြသည်။ စူးယိရန်က ကုယွမ်းထင်တစ်ယောက် စိတ်အခြေအနေဆိုးဝါးနေဆဲဖြစ်မှာကို စိုးရိမ်တာကြောင့်

"ဒီနေ့ ဆိုင်ကို မလိုက်နဲ့တော့လေ။ ဟုတ်ပြီလား အိမ်မှာပဲကောင်းကောင်းနားလိုက်။ ကျွန်တော် စောစောပြန်လာခဲ့မယ်" ဟု ဆိုလိုက်သည်။

သူဟာ အချိုပွဲတွေလုပ်ဖို့ သုံးရမည့် စက်ပေါင်း တစ်ဒါဇင်ကျော်ကို Electric City ကနေ မှာထားပြီးပြီဖြစ်သည်။ ဘော့စ်က ဤမနက်မှာ ဆိုင်ကို စက်တွေလာပို့ပေးဖို့ သူနှင့် ချိန်းထားပြီးချေပြီ ဖြစ်၏။

အကယ်၍ သူသာ တစ်စုံတစ်ယောက်နှင့် ချိန်းထားတာမျိုးမရှိခဲ့လျှင် သူသည်လည်း ထင်ကောနှင့်အတူ အိမ်မှာပင် နေချင်လှပါပေသည်။

စူးယိရန် တွေးလိုက်၏။

ဆိုင်ကိုရောက်ရင်တော့ လုပ်စရာရှိတာလေး မြန်မြန်လုပ်ပြီး အိမ်ကိုစောစောပြန်ရမယ် ဟူ၍။

ကုယွမ်းထင်ကလည်း သူ့အစီအစဥ်နှင့်သူ ရှိနေတာကြောင့် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ပန်းကန်ပြားတွေနှင့် တူတွေ၊ ဇွန်းတွေကို ဆေးကြောသန့်စင်အပြီးမှာတော့ အချိန်က ၈နာရီ ၂၀ကျော်နေပြီဆိုတာကို မြင်လိုက်ရသည်မို့ စူးယိရန်က ကုယွမ်းထင်ကို နှုတ်ဆက်ကာ သော့ကိုယူ၍ အပြင်ထွက်ဖို့ ဟန်ပြင်တော့သည်။

သူက အိမ်ဦးခန်းမှာ ချထားသည့် သေတ္တာကြီးကြီးနှစ်လုံးကို ကောက်မ,ကာ ကျန်နေသေးသည့်အိတ်တွေကိုယူဖို့ ခါးကိုင်းလိုက်သည်။ အနည်းငယ် အခက်တွေ့နေတာကြောင့် သူက ကုယွမ်းထင်အား ပေါ့ပေါ့ပါးပါးဟန်ဖြင့်ပင် အကူညီလှမ်းတောင်းလိုက်လေသည်။

"ထင်ကော...ကျွန်တော့်ကို ကူညီပါဦး"

ကုယွမ်းထင် : "......."

ကုယွမ်းထင်ဟာ အောက်ထပ်ဆင်း၍ ပတ်ဝန်းကျင်ကို တစ်ချက်လောက်ကြည့်ဖို့ရာ တွေးလိုက်၏။ သူက ရှေ့တစ်လှမ်းတိုးကာ စူးယိရန်လက်မောင်းကြားထဲက သေတ္တာနှစ်လုံးကိုယူ၍ စူးယိရန်ကိုတော့ အိတ်တွေသယ်ဖို့ လက်ဟန်ပြလိုက်သည်။

"ကိုယ်မင်းကို အောက်လိုက်ပို့ပေးမယ်"

စူးယိရန်က ခေါင်းမော့ကာ သူ့ကို ပြုံးပြလာလေသည်။

ကုယွမ်းထင်က ထိုသူ၏ ညာဘက်ပါးပေါ်က ပါးချိုင့်ရာသေးသေးလေးကို တစ်ချက်ကြည့်ကာ အသံပြန်မပြုတော့ဘဲ တံခါးကနေအရင်ဦးအောင် ထွက်သွားလေတော့သည်။

အခန်းပြင်ရောက်ချိန်မှာ ကုယွမ်းထင်က အခန်းနံပါတ်ကို ပြန်လှည့်ကြည့်ရင်း ဤအဆောက်အဦးက တစ်ထပ်စီမှာ အခန်း၈ခန်းပါသည့် အဆောက်အဦးမှန်း သတိပြုမိသွားရသည်။ လူအလွန်ရှုပ်ကာ စင်္ကြန်လမ်းကလည်း အတော်ကျဥ်းမြောင်းပေသည်။

ဓါတ်လှေကားက သူတို့အလွှာမှာ ရပ်သွားကာ တံခါးပွင့်လာသည်။ အထဲမှာတော့ ဟင်းရွက်ခြင်းတောင်းနှင့်အတူ သက်လတ်ပိုင်းအန်တီကြီးတစ်ယောက် မတ်တပ်ရပ်နေတာကိုတွေ့လိုက်ရသည်။ ထိုအန်တီကြီးက သူတို့ကို သိနေပုံပေါ်ကာ ရင်းနှီးခင်မင်စွာ နှုတ်ဆက်ရင်း စနောက်လာသည်။

"ငယ်ငယ်လေးနဲ့လက်ထပ်ထားကြတဲ့ လင်လင်အတွဲတို့ပါလားဟေ့။ အပြင်အတူထွက်ကြတယ်ပေါ့"

ကုယွမ်းထင် ခဏမျှတောင့်ခဲသွားကာ အနည်းငယ် မျက်မှောင်ကြုတ်သွားလေသည်။

စူးယိရန်က အပြုံးလေးနှင့် တုံ့ပြန်လိုက်လေ၏။

"ဟုတ်ကဲ့။ အဒေါ်ရော ဈေးဝယ်ထွက်တာလား"

အန်တီကြီးနှင့် စူးယိရန်က ရွှင်ရွှင်မြူးမြူးဖြင့် စကားစမြည်ပြောနေကြရင်း ဓါတ်လှေကားက ပထမထပ်မှာ ရပ်သွားလေသည်။

နှစ်ယောက်သားက ပထမထပ်ရှိ ဓါတ်လှေကားထဲက ထွက်လိုက်ကာ မြေအောက်ကားပါကင်ဆီ သွားလိုက်ကြသည်။ကုယွမ်းထင်မှာ စူးယိရန်၏ ကားက စီးရီးအမျိုးအမည်မသိရသည့် Volkswagen ဖြစ်နေတာကို သတိထားမိသွား၏။

စူးယိရန်ကတော့ ကားနောက်ဖုံးကိုဖွင့်ကာ သေတ္တာနှင့် အိတ်တွေကို ထည့်ပြီးမှ ကုယွမ်းထင်ဘက် ပြန်လှည့်ကြည့်ကာ ဆိုလိုက်သည်။

"ဒါဆို ကျွန်တော် အရင်သွားတော့မယ်။ ခင်ဗျား အိမ်မှာကောင်းကောင်းနားလိုက်နော်"

ယာဥ်မောင်းထိုင်ခုံဘက်ကတံခါးကို ဖွင့်လိုက်ချိန်မှာ စူးယိရန်ဟာ သည်နေ့ တစ်ခုခုကို မေ့နေ​သလို ခံစားမိနေကာ အနည်းငယ် နေမသိထိုင်မသာ ဖြစ်လို့နေသည်။

သူက မောင်းသူ ထိုင်ခုံနေရာမှာ ဝင်ထိုင်ဖို့ ဟန်ပြင်လိုက်စဥ်မှာပင် ဒီနေ့အတွက် မောနင်းကစ်စ် ပေးဖို့မေ့နေကြောင်း ရုတ်တရက်ကြီး သတိရသွားတော့သည်။

စူးယိရန်က ကုယွမ်းထင်ဘက် ပြန်လှည့်ကြည့်လိုက်တော့ ထိုသူက နေရာမှာ ငြိမ်ငြိမ်လေးရပ်နေဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူ ခပ်သွက်သွက်လေး ပြန်လှည့်ပြေးတော့၏။

ကုယွမ်းထင်က စူးယိရန် မောင်းထွက်သွားမှာကို ကြည့်ဖို့လုပ်နေစဥ်မှာပင် တစ်ဖက်လူက ရုတ်တရက်ကြီး ပြန်လှည့်ပြေးလာတာကို မြင်လိုက်ရသည်။ ထိုသူက အရည်လဲ့နေသည့်မျက်ဝန်းတို့ဖြင့် သူ့ကို မော့ကြည့်လာရင်း တစ်စုံတစ်ရာပြောဖို့ကို တုံ့ဆိုင်းနေလေ၏။

ကုယွမ်းထင် : "?"

စူးယိရန်က ကုယွမ်းထင်ကို မော့ကြည့်လိုက်သည်။ ထိုသူဟာ အရပ်ရှည်ပြီး လူကောင်ထွားကာ မျက်နှာက လေးနက်၍တည်တင်းသည်။ရှည်လျားကာ ကျဥ်းမြောင်းသည့် ဖီးနစ်မျက်ဝန်းများဟာ သူ့အပေါ် လေးလေးနက်နက်နှင့် ကြင်နာနူးညံ့စွာ စိုက်ကြည့်လေ့ရှိသည်။ သူ့ကိုပွေ့ဖက်ထားချိန်မှာဆို လူတစ်ကိုယ်လုံးကို လက်မောင်းနှစ်ဖက်ကြားမှာ နစ်မြုပ်နေအောင် ပွေ့ဖက်ထားတတ်၏။

ကုယွမ်းထင်၏ မျက်ဝန်းထဲက မေးခွန်းထုတ်လိုမှုတွေကို မြင်လိုက်ရတော့ သူ့မှာ မတတ်သာစွာ ရှက်သွေးဖြာမိသွားရသည်။

သူဟာ အရွယ်ရောက်လူကြီးတစ်ယောက်ဖြစ်နေပေမဲ့လည်း သည်ကိစ္စမျိုးနှင့်ပတ်သက်၍ အနည်းငယ်ရှက်သလိုတော့ ခံစားနေရဆဲပင်။

အနမ်းပေးဖို့လိုကိစ္စမျိုးကို သူ့ဘက်ကပဲ စတောင်းဆိုလိုက်ရမလား......

စူးယိရန် သူ့ပါးပြင်က အနည်းငယ်ပူနွေးလာကာ မျက်နှာက နီရဲလာတာကို ခံစားမိလိုက်သည်။ သို့သော်လည်း ခဏမျှစောင့်ပြီးသည့်နောက်မှာ ထင်ကောဘက်က ခေါင်းငုံ့ကာ သူ့ကိုပွေ့ဖက်ပြီးနမ်းရှိုက်လာတာမျိုး သူမစောင့်နိုင်တော့ချေ။

စူးယိရန်မှာ နားသန်သီးလေးတောင်မှ နီရဲလာရင်း မျက်လုံးကိုမှိတ်ကာ အရှက်သည်းမှုကိုဘေးချိတ်ပြီး ခြေဖျားထောက်၍ ကုယွမ်းထင်၏ နှုတ်ခမ်းပေါ်သို့ နူးညံ့စွာဖြင့် ဖျတ်ခနဲ နမ်းလိုက်ရင်း တိုးတိုးလေး ဆိုလိုက်သည်။

"မောနင်းကစ်စ်"

ပြောပြီးသည်နှင့် နေရာမှာ ကြောင်အမ်းကျန်ခဲ့သော ကုယွမ်းထင်ကို ထားခဲ့ကာ အပြေးတစ်ပိုင်း ထွက်ပြေးသွားလေတော့သည်။

ကုယွမ်းထင်ခမျာ ထိုနေရာမှာတင် ငုတ်တုတ်မေ့သွားရင်း သတိဝင်လာချိန်မှာတော့ ခြေတစ်လှမ်းလောက် နောက်ဆုတ်မိသွားလေသည်။ ဤအချိန်မှာတော့ စူးယိရန်က ကားပါကင်ကနေ မောင်းထွက်သွားပြီဖြစ်ပြီး ကားနောက်မြီးတောင် မမြင်ရတော့ပါချေ။

ချိုမြလိုက်တဲ့ အနမ်းဖွဖွလေး.......

သူ့နှုတ်ခမ်းတွေက သိသိသာသာ တုန်ယင်နေကာ နှလုံးသားကလည်း ထိန်းချုပ်မရစွာ ကဆုန်ပေါက်နေတော့သည်။

========================

Zawgyi

ႏွစ္ေယာက္သားက တစ္ေယာက္ႏွင့္တစ္ေယာက္ မ်က္ႏွာခ်င္းဆိုင္ထိုင္ကာ မနက္စာ စားလိုက္ၾကသည္။ စူးယိရန္က ကုယြမ္းထင္တစ္ေယာက္ စိတ္အေျခအေနဆိုးဝါးေနဆဲျဖစ္မွာကို စိုးရိမ္တာေၾကာင့္

"ဒီေန႔ ဆိုင္ကို မလိုက္နဲ႔ေတာ့ေလ။ ဟုတ္ၿပီလား အိမ္မွာပဲေကာင္းေကာင္းနားလိုက္။ ကြၽန္ေတာ္ ေစာေစာျပန္လာခဲ့မယ္" ဟု ဆိုလိုက္သည္။

သူဟာ အခ်ိဳပြဲေတြလုပ္ဖို႔ သုံးရမည့္ စက္ေပါင္း တစ္ဒါဇင္ေက်ာ္ကို Electric City ကေန မွာထားၿပီးၿပီျဖစ္သည္။ ေဘာ့စ္က ဤမနက္မွာ ဆိုင္ကို စက္ေတြလာပို႔ေပးဖို႔ သူႏွင့္ ခ်ိန္းထားၿပီးေခ်ၿပီ ျဖစ္၏။

အကယ္၍ သူသာ တစ္စုံတစ္ေယာက္ႏွင့္ ခ်ိန္းထားတာမ်ိဳးမရွိခဲ့လွ်င္ သူသည္လည္း ထင္ေကာႏွင့္အတူ အိမ္မွာပင္ ေနခ်င္လွပါေပသည္။

စူးယိရန္ ေတြးလိုက္၏။

ဆိုင္ကိုေရာက္ရင္ေတာ့ လုပ္စရာရွိတာေလး ျမန္ျမန္လုပ္ၿပီး အိမ္ကိုေစာေစာျပန္ရမယ္ ဟူ၍။

ကုယြမ္းထင္ကလည္း သူ႔အစီအစဥ္ႏွင့္သူ ရွိေနတာေၾကာင့္ သေဘာတူသည့္အေနျဖင့္ ေခါင္းညိတ္ျပလိုက္သည္။

ပန္းကန္ျပားေတြႏွင့္ တူေတြ၊ ဇြန္းေတြကို ေဆးေၾကာသန္႔စင္အၿပီးမွာေတာ့ အခ်ိန္က ၈နာရီ ၂၀ေက်ာ္ေနၿပီဆိုတာကို ျမင္လိုက္ရသည္မို႔ စူးယိရန္က ကုယြမ္းထင္ကို ႏႈတ္ဆက္ကာ ေသာ့ကိုယူ၍ အျပင္ထြက္ဖို႔ ဟန္ျပင္ေတာ့သည္။

သူက အိမ္ဦးခန္းမွာ ခ်ထားသည့္ ေသတၱာႀကီးႀကီးႏွစ္လုံးကို ေကာက္မ,ကာ က်န္ေနေသးသည့္အိတ္ေတြကိုယူဖို႔ ခါးကိုင္းလိုက္သည္။ အနည္းငယ္ အခက္ေတြ႕ေနတာေၾကာင့္ သူက ကုယြမ္းထင္အား ေပါ့ေပါ့ပါးပါးဟန္ျဖင့္ပင္ အကူညီလွမ္းေတာင္းလိုက္ေလသည္။

"ထင္ေကာ...ကြၽန္ေတာ့္ကို ကူညီပါဦး"

ကုယြမ္းထင္ : "......."

ကုယြမ္းထင္ဟာ ေအာက္ထပ္ဆင္း၍ ပတ္ဝန္းက်င္ကို တစ္ခ်က္ေလာက္ၾကည့္ဖို႔ရာ ေတြးလိုက္၏။ သူက ေရွ႕တစ္လွမ္းတိုးကာ စူးယိရန္လက္ေမာင္းၾကားထဲက ေသတၱာႏွစ္လုံးကိုယူ၍ စူးယိရန္ကိုေတာ့ အိတ္ေတြသယ္ဖို႔ လက္ဟန္ျပလိုက္သည္။

"ကိုယ္မင္းကို ေအာက္လိုက္ပို႔ေပးမယ္"

စူးယိရန္က ေခါင္းေမာ့ကာ သူ႔ကို ၿပဳံးျပလာေလသည္။

ကုယြမ္းထင္က ထိုသူ၏ ညာဘက္ပါးေပၚက ပါးခ်ိဳင့္ရာေသးေသးေလးကို တစ္ခ်က္ၾကည့္ကာ အသံျပန္မျပဳေတာ့ဘဲ တံခါးကေနအရင္ဦးေအာင္ ထြက္သြားေလေတာ့သည္။

အခန္းျပင္ေရာက္ခ်ိန္မွာ ကုယြမ္းထင္က အခန္းနံပါတ္ကို ျပန္လွည့္ၾကည့္ရင္း ဤအေဆာက္အဦးက တစ္ထပ္စီမွာ အခန္း၈ခန္းပါသည့္ အေဆာက္အဦးမွန္း သတိျပဳမိသြားရသည္။ လူအလြန္ရႈပ္ကာ စၾကၤန္လမ္းကလည္း အေတာ္က်ဥ္းေျမာင္းေပသည္။

ဓါတ္ေလွကားက သူတို႔အလႊာမွာ ရပ္သြားကာ တံခါးပြင့္လာသည္။ အထဲမွာေတာ့ ဟင္း႐ြက္ျခင္းေတာင္းႏွင့္အတူ သက္လတ္ပိုင္းအန္တီႀကီးတစ္ေယာက္ မတ္တပ္ရပ္ေနတာကိုေတြ႕လိုက္ရသည္။ ထိုအန္တီႀကီးက သူတို႔ကို သိေနပုံေပၚကာ ရင္းႏွီးခင္မင္စြာ ႏႈတ္ဆက္ရင္း စေနာက္လာသည္။

"ငယ္ငယ္ေလးနဲ႔လက္ထပ္ထားၾကတဲ့ လင္လင္အတြဲတို႔ပါလားေဟ့။ အျပင္အတူထြက္ၾကတယ္ေပါ့"

ကုယြမ္းထင္ ခဏမွ်ေတာင့္ခဲသြားကာ အနည္းငယ္ မ်က္ေမွာင္ၾကဳတ္သြားေလသည္။

စူးယိရန္က အၿပဳံးေလးႏွင့္ တုံ႔ျပန္လိုက္ေလ၏။

"ဟုတ္ကဲ့။ အေဒၚေရာ ေဈးဝယ္ထြက္တာလား"

အန္တီႀကီးႏွင့္ စူးယိရန္က ႐ႊင္႐ႊင္ျမဴးျမဴးျဖင့္ စကားစျမည္ေျပာေနၾကရင္း ဓါတ္ေလွကားက ပထမထပ္မွာ ရပ္သြားေလသည္။

ႏွစ္ေယာက္သားက ပထမထပ္ရွိ ဓါတ္ေလွကားထဲက ထြက္လိုက္ကာ ေျမေအာက္ကားပါကင္ဆီ သြားလိုက္ၾကသည္။ကုယြမ္းထင္မွာ စူးယိရန္၏ ကားက စီးရီးအမ်ိဳးအမည္မသိရသည့္ Volkswagen ျဖစ္ေနတာကို သတိထားမိသြား၏။

စူးယိရန္ကေတာ့ ကားေနာက္ဖုံးကိုဖြင့္ကာ ေသတၱာႏွင့္ အိတ္ေတြကို ထည့္ၿပီးမွ ကုယြမ္းထင္ဘက္ ျပန္လွည့္ၾကည့္ကာ ဆိုလိုက္သည္။

"ဒါဆို ကြၽန္ေတာ္ အရင္သြားေတာ့မယ္။ ခင္ဗ်ား အိမ္မွာေကာင္းေကာင္းနားလိုက္ေနာ္"

ယာဥ္ေမာင္းထိုင္ခုံဘက္ကတံခါးကို ဖြင့္လိုက္ခ်ိန္မွာ စူးယိရန္ဟာ သည္ေန႔ တစ္ခုခုကို ေမ့ေန​သလို ခံစားမိေနကာ အနည္းငယ္ ေနမသိထိုင္မသာ ျဖစ္လို႔ေနသည္။

သူက ေမာင္းသူ ထိုင္ခုံေနရာမွာ ဝင္ထိုင္ဖို႔ ဟန္ျပင္လိုက္စဥ္မွာပင္ ဒီေန႔အတြက္ ေမာနင္းကစ္စ္ ေပးဖို႔ေမ့ေနေၾကာင္း ႐ုတ္တရက္ႀကီး သတိရသြားေတာ့သည္။

စူးယိရန္က ကုယြမ္းထင္ဘက္ ျပန္လွည့္ၾကည့္လိုက္ေတာ့ ထိုသူက ေနရာမွာ ၿငိမ္ၿငိမ္ေလးရပ္ေနဆဲျဖစ္ေၾကာင္း ေတြ႕လိုက္ရသည္။ သူ ခပ္သြက္သြက္ေလး ျပန္လွည့္ေျပးေတာ့၏။

ကုယြမ္းထင္က စူးယိရန္ ေမာင္းထြက္သြားမွာကို ၾကည့္ဖို႔လုပ္ေနစဥ္မွာပင္ တစ္ဖက္လူက ႐ုတ္တရက္ႀကီး ျပန္လွည့္ေျပးလာတာကို ျမင္လိုက္ရသည္။ ထိုသူက အရည္လဲ့ေနသည့္မ်က္ဝန္းတို႔ျဖင့္ သူ႔ကို ေမာ့ၾကည့္လာရင္း တစ္စုံတစ္ရာေျပာဖို႔ကို တုံ႔ဆိုင္းေနေလ၏။

ကုယြမ္းထင္ : "?"

စူးယိရန္က ကုယြမ္းထင္ကို ေမာ့ၾကည့္လိုက္သည္။ ထိုသူဟာ အရပ္ရွည္ၿပီး လူေကာင္ထြားကာ မ်က္ႏွာက ေလးနက္၍တည္တင္းသည္။ရွည္လ်ားကာ က်ဥ္းေျမာင္းသည့္ ဖီးနစ္မ်က္ဝန္းမ်ားဟာ သူ႔အေပၚ ေလးေလးနက္နက္ႏွင့္ ၾကင္နာႏူးညံ့စြာ စိုက္ၾကည့္ေလ့ရွိသည္။ သူ႔ကိုေပြ႕ဖက္ထားခ်ိန္မွာဆို လူတစ္ကိုယ္လုံးကို လက္ေမာင္းႏွစ္ဖက္ၾကားမွာ နစ္ျမဳပ္ေနေအာင္ ေပြ႕ဖက္ထားတတ္၏။

ကုယြမ္းထင္၏ မ်က္ဝန္းထဲက ေမးခြန္းထုတ္လိုမႈေတြကို ျမင္လိုက္ရေတာ့ သူ႔မွာ မတတ္သာစြာ ရွက္ေသြးျဖာမိသြားရသည္။

သူဟာ အ႐ြယ္ေရာက္လူႀကီးတစ္ေယာက္ျဖစ္ေနေပမဲ့လည္း သည္ကိစၥမ်ိဳးႏွင့္ပတ္သက္၍ အနည္းငယ္ရွက္သလိုေတာ့ ခံစားေနရဆဲပင္။

အနမ္းေပးဖို႔လိုကိစၥမ်ိဳးကို သူ႔ဘက္ကပဲ စေတာင္းဆိုလိုက္ရမလား......

စူးယိရန္ သူ႔ပါးျပင္က အနည္းငယ္ပူေႏြးလာကာ မ်က္ႏွာက နီရဲလာတာကို ခံစားမိလိုက္သည္။ သို႔ေသာ္လည္း ခဏမွ်ေစာင့္ၿပီးသည့္ေနာက္မွာ ထင္ေကာဘက္က ေခါင္းငုံ႔ကာ သူ႔ကိုေပြ႕ဖက္ၿပီးနမ္းရႈိက္လာတာမ်ိဳး သူမေစာင့္ႏိုင္ေတာ့ေခ်။

စူးယိရန္မွာ နားသန္သီးေလးေတာင္မွ နီရဲလာရင္း မ်က္လုံးကိုမွိတ္ကာ အရွက္သည္းမႈကိုေဘးခ်ိတ္ၿပီး ေျခဖ်ားေထာက္၍ ကုယြမ္းထင္၏ ႏႈတ္ခမ္းေပၚသို႔ ႏူးညံ့စြာျဖင့္ ဖ်တ္ခနဲ နမ္းလိုက္ရင္း တိုးတိုးေလး ဆိုလိုက္သည္။

"ေမာနင္းကစ္စ္"

ေျပာၿပီးသည္ႏွင့္ ေနရာမွာ ေၾကာင္အမ္းက်န္ခဲ့ေသာ ကုယြမ္းထင္ကို ထားခဲ့ကာ အေျပးတစ္ပိုင္း ထြက္ေျပးသြားေလေတာ့သည္။

ကုယြမ္းထင္ခမ်ာ ထိုေနရာမွာတင္ ငုတ္တုတ္ေမ့သြားရင္း သတိဝင္လာခ်ိန္မွာေတာ့ ေျခတစ္လွမ္းေလာက္ ေနာက္ဆုတ္မိသြားေလသည္။ ဤအခ်ိန္မွာေတာ့ စူးယိရန္က ကားပါကင္ကေန ေမာင္းထြက္သြားၿပီျဖစ္ၿပီး ကားေနာက္ၿမီးေတာင္ မျမင္ရေတာ့ပါေခ်။

ခ်ိဳျမလိုက္တဲ့ အနမ္းဖြဖြေလး.......

သူ႔ႏႈတ္ခမ္းေတြက သိသိသာသာ တုန္ယင္ေနကာ ႏွလုံးသားကလည္း ထိန္းခ်ဳပ္မရစြာ ကဆုန္ေပါက္ေနေတာ့သည္။

Continue Reading

You'll Also Like

2M 130K 78
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
2.8M 164K 38
Lenora did not have a wonderful life. After her engagement to Prince Ronan is broken, she loses everything... her reputation, her home, and her famil...
467K 26.2K 47
𝐒𝐜𝐞𝐧𝐭 𝐎𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ☆|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
929K 22.5K 41
While moonlighting as a stripper, Emery Jones' mundane life takes a twisted and seductive turn when she finds herself relentlessly pursued by reclusi...