Unicode
သူတောင် ဝင်ခွင့်မပြုရသေးဘဲ အိမ်ထဲ အတင်းဝင်လာကြတာမို့ အဏ္ဏဝါ ဒယ်ဒီ့ လက်ချက်မှန်း သိလိုက်ပြီ ။
ပြီးတော့ ဒီနှစ်ယောက် က သူနဲ့ ပြဿနာ တက်ဖူးသည့် နှစ်ယောက် ။ အလုပ်ကိစ္စတစ်ခုနဲ့ ပက်သတ်ရင်း ငြိတာဖြစ်ပြီး သူတို့ တောင်းသည့် ပိုက်ဆံ ကို အဏ္ဏဝါ မပေးလို့ အငြိုးထားနေပုံပင် ။ နောက်တစ်ခုကတော့ ဒီနှစ်ယောက် ထဲက ဦးဝေလင်း ရဲ့ သမီးက သူ့ကို သဘောကျနေတာ ဖြစ်ပြီး အဏ္ဏဝါ ကတော့ အပြတ်ငြင်းထားတာမို့ သူ့သမီး အတွက် အဏ္ဏဝါ့ကို မကျေမနပ်ဖြစ် နေသည်မှာ ထင်ရှားလှသည် ။
" ဘယ်မှာလဲ နေကြည်အလင်းဆိုင် "
" ကျွန်တော့် လူကို ခင်ဗျား တို့ က ဘာလုပ်ဖို့လဲ "
" ဦးထက်သာနဲ့ ဇနီးဖြစ်သူ ဒေါ်ခိုင်ဖူးသွယ် ကို ထိခိုက် ဒဏ်ရာရအောင်လုပ်ပြီး သူတို့ သားအငယ်ဆုံးကို ပိုက်ဆံ အတွက် ပြန်ပေးဆွဲသွားတယ်လေ "
" အခြေအမြစ် မရှိတဲ့ စကားတွေ ပြောနေမယ်ဆိုရင် ခင်ဗျား တို့ နှစ်ယောက် ပြန်လိုက်တော့ "
" ငါတို့က တာဝန်အရ လာခဲ့တာ အဏ္ဏဝါဇေး မင်းကြည်ကြည်ဖြူဖြူ မလိုက်နာဘူးဆိုရင် ငါတို့ အဆိုးမဆိုနဲ့ "
" တာဝန်အရလား ပိုက်ဆံ ရလို့ ချက်ချင်း ပြေးလာခဲ့ကြတာ လား ဦးဝေလင်း "
သူ့စကားကြောင့် မျက်နှာအကြီးအကျယ်ပျက်သွားကာ အိတ်ထဲက သေနတ်ပါထုတ်လိုက်တာမို့ အဏ္ဏဝါ မျက်မှောင်ကြုတ်သွားရသည် ။
" ငါ့သမီး လို အချောအလှလေးကို ဖယ်ပြီး ရူးနေတဲ့ ကောင်ကို မင်းဘာကြည့်ပြီး လက်ထပ်လိုက်တာ လဲ ပြောပါဦး အဏ္ဏဝါဇေး "
" ခင်ဗျား သမီးကို စိတ်မဝင်စားလို့လေ မဟုတ်ဘူး နေကြည်အလင်းဆိုင် ကလွဲပြီး ဘယ်တစ်ဦး တစ်ယောက် မှကို စိတ်မဝင်စားတာ လို့ ပြောရင် ပိုမှန်မယ် "
" ကျော်စွာ အခန်းထဲ ဝင်သွား ငါဒီကောင့်ကို ထိန်းထားလိုက်မယ် "
ခွပ်
ကျော်စွာဆိုတဲ့ ကောင် ခြေလှမ်းမရွေ့ရသေးခင်မှာဘဲ အဏ္ဏဝါ လက်ပါမိသွားသည် ။
" ခင်ဗျားတို့ သူ့အသား မပြောနဲ့ သူဝတ်ထားတဲ့ အဝတ်ကိုတောင် ထိရဲရင် ထိကြည့်လိုက်လေ "
" အဏ္ဏဝါဇေး ငါတို့ မှာ ပစ်မိန့် ပါတယ်နော် "
ဘယ်ကောင်ကများ ပစ်မိန့်ပေးပြီး လူကောင်း တစ်ယောက် ကို ဖမ်းခိုင်းလိုက်တာလဲ အဏ္ဏဝါ ဒီလူတွေ စကားကို မယုံပါ ။
" ရူးနေတဲ့သူပဲ ခင်ဗျား တို့ စကားကို ယုံလိမ့်မယ် ထွက်သွားလိုက်တော့ "
" သူမပါဘဲ ငါတို့ ဘယ်မှ မသွားနိုင်ဘူး အဏ္ဏဝါ "
" ကျွန်တော် ရှိနေသ၍လည်း ခင်ဗျား တို့ လက်ထဲ သူ့ကို ထည့်မပေးလိုက်နိုင်ဘူး "
" ကျော်စွာ ချုပ်ထားလိုက် "
သူ့ကို ချုပ်ရန်ပြင်လာသော လက်နှစ်ဖက်ကို အဏ္ဏဝါ ဘေးက ပန်းအိုးယူကာ ရိုက်ချလိုက်တော့ ပို ဒေါသထွက်သွားပုံရသည် ။
" ဒယ်ဒီ ပေးတာထက် သုံးဆ ပိုပေးမယ် ထွက်သွားလိုက်တော့ "
" နေကြည်အလင်းဆိုင် မင်းထွက်မလာရင် ငါတို့ အဏ္ဏဝါ့ကို သတ်ပစ်လိုက်မှာနော် ကြားလား "
ထို့နောက် ဦးဝေလင်းက သေနတ်ကို မိုးပေါ် နှစ်ချက် ထောင်ပစ်လိုက်သည် ။
" ဆိုင် !!!!! "
ဆိုင် လန့်ပြီး နိုးသွားမှာ စိုးရိမ်သောကြောင့်အဏ္ဏဝါ အခန်းထဲ ပြေးဝင်ဖို့ လုပ်တော့ နောက်ကနေ အားပြင်းပြင်းနဲ့ ကန်တာခံလိုက်ရတယ် ။
" ဘေးက တုတ်ပေး ကျော်စွာ "
" ခင်ဗျား "
သုံးချက်ဆက်တိုက် တံကောက်ကွေးကို ရိုက်ချလာတာမို့ အဏ္ဏဝါ ခြေမခိုင်တော့ ။
" ငါတို့ ကို မလေးစားချင်ဦး အဏ္ဏဝါဇေး ငါ့သမီး မင်းကြောင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ခဲ့ရတာ တွေ ရှိသေးတယ် "
သူတို့ ပြောနေတာတွေ နားထဲမဝင်ဘဲ ဆိုင် အခန်းထဲ ကနေ ထွက်မလာဖို့နဲ့ မအမရာမောင်မြန်မြန်ပြန်လာဖို့သာ ဆုတောင်း မိသည် ။
အခုတော့ ရသလောက်လေး သူ ပြန်ခုခံထားရမယ် ။
" ကို ကို "
မျက်လုံး ဖွင့်ကြည့်လိုက်တော့ ကိုကို က သူ့ဘေးမှာ ရှိမနေ ။
သူ့နားထဲ ဆူညံသံ တစ်ချို့ ကြားရတာ
ကြောင့် ဆိုင် နိုးလာခြင်းပင် ။
" နှာရည်တွေ ယိုနေတာလား "
နှာခေါင်းထဲကနေ အရည်တစ်ချို့ စီးကျလာတာမို့ ဆိုင် Tissue ယူကာ သုတ်လိုက်တော့ နှာရည်တွေ ဟုတ်မနေချေ ။
နီရဲရဲ အရည်တွေက Tissue မှာ ကြည့်မကောင်းစွာ စွန်းထင်းနေသည် ။
မှန်ထဲ ပြန်ကြည့်တော့ သူ့မျက်နှာ ဘာလို့ တအားဖျော့နေရတာလဲ ။ လူမမာရုပ်ကြီး ပေါက်နေတာ ကရော ဘာလို့လဲ ။
" ရိုးရိုး နှာခေါင်းသွေး လျှံတာပဲ နေမှာပါ အိပ်ရေးပျက်တော့ မျက်ကွင်းတွေ ညိုနေတာပေါ့ ငါကလည်း ဘာတွေ တွေးပူနေလဲ မသိ "
ကိုကို့ကို ရှာဖို့ သာ သူအပြင်ထွက်လာခဲ့လိုက်တယ် ။
" ကိုကို ! !!!! "
မျက်နှာမှာ ထိုးရာကြိတ်ရာတွေနဲ့ ကိုကို့ကို ကြည့်ပြီး သူရင်တွေနာလိုက်တာ ။
ဒူးထောက်လျက်သား ကိုကိုက သူ့ကို မြင်တော့ အမြန်ထွက်ပြေးခိုင်းလာသည် ။ ဘေးမှာလည်း ရဲနှစ်ယောက်က ဒဏ်ရာတွေ ရထားပြန်သည် ။
" နောက်ဆုံးတော့ အဏ္ဏဝါဇေး ရဲ့ အရူးလေး နိုးလာပြီပေါ့ "
" မဟုတ်ဘူး နော် ဆိုင် ။ သူတို့ ပြောတာ နားမထောင်နဲ့ ဆိုင်က အရူးလေး မဟုတ်ဘူး "
" ကိုကို့ကို ဘယ်သူလုပ်တာလဲ "
" ငါတို့ လုပ်တာလေ မင်းယောကျ်ားက မင်းကို ထုတ်ပေးဆိုတာကို ကောင်းကောင်း မှ ပြောလို့ မရတာ ။ အခုလည်း မင်း ကြည်ကြည်ဖြူဖြူ ငါတို့ နဲ့ လိုက်ခဲ့မယ် ဆိုရင် သူ့ကို လွှတ်ပေးမယ် "
" မလိုက်နဲ့ ဆိုင် အထဲပြန်ဝင်နေလို့ ကိုယ်ပြောနေတယ် "
" မင်း ပါးစပ် ပိတ်ထား "
ဖုန်း !
" ကိုကို့ကို မထိနဲ့! !!! "
စိတ်တွေ လွတ်မထွက်သွားအောင် ဆိုင် မနည်းထိန်းနေရသည်မို့ ဆိုင် ကိုကို့ အနား တိုးမသွားရဲသေး ။
သူ စိတ်လွတ်သွားရင် ကျိမ်းသေပေါက် တစ်ခုခု ဖြစ်ကုန်လိမ့်မယ် ။ ကိုကို့ ကို သူ့မသိစိတ်ကြောင့် အန္တရာယ်ပြုမိမှာ သိပ်ကြောက်ပါတယ် ။
" အထဲပြန်ဝင်နေ နေကြည်အလင်းဆိုင် ကိုယ်ဘာမှ မဖြစ်ဘူး လို့ ပြော "
ဖုန်း !
" ကိုကို့ကို မထိစမ်းနဲ့ !!!! "
" အားးးးးး "
ဘယ်ကနေ သတ္တိတွေရလာသည်လဲတော့ မသိ နေကြည်အလင်းဆိုင် ရှေ့က လူကို အရှိန်နဲ့ ခုန်အုပ်ကာ ကွဲနေသည့်ပန်းအိုးအပိုင်းအစတစ်ခုနဲ့ မျက်နှာကို ရိုက်ချနေမိသည် ။
" မလုပ်နဲ့ ဆိုင် ကိုယ် ဘာမှ မဖြစ်ဘူး "
လက်လွန်သွားမှာ အဏ္ဏဝါ စိုးရိမ်တာမို့ ဆိုင့်ဘေး အမြန်တရွတ်တိုက်သွားကာ တားလိုက်တယ် ။
" ကိုကို့ ကို မထိနဲ့ လို့ ပြောနေတာ သေစမ်း "
သူ့မျက်လုံးထဲ ကိုကို့ ကို ဒီလူကြီးက ရိုက်နေတာ ကိုကို လည်း ဘာမှ မလုပ်ဘဲနဲ့ ။
သူ အသေသတ်ပစ်လိုက်မယ် ဒါမှ ကိုကို့ ကို မရိုက်ရဲတော့မှာ ။
" ကလေးလေး ကိုယ် ဘာမှ မဖြစ်ဘူး "
ဂဏာမငြိမ် ဖြစ်နေသော မျက်ဝန်းတွေ
ကြောင့် ဆိုင့်အခြေနေကို အဏ္ဏဝါ နားလည်လိုက်ပြီ ။
" ကိုယ် ဘာမှ မဖြစ်ဘူး ကလေးလေး ။ သဲငယ် ကိုယ့်ကို ကြည့်ပါဦး ကွာ "
" သူ ကိုကို့ကို ရိုက်နေတာ မကြိုက်ဘူး "
" နေကြည်အလင်းဆိုင် တော်တော့ လို့ "
သူဘာပြောပြော ဆိုင်ကတော့ သူ့အောက်က လူကို ရိုက်နှက်နေဆဲ ။
" ကိုယ် ခြေထောက်တွေ နာတယ် သဲငယ် ။ ဆေးရုံ ပို့ပေးလို့ ရမလား "
အဲ့တော့မှ သူ့ကို တွေတွေလေး ငေးကြည့်လာသူ ။
" ကိုယ် ခြေထောက် တွေ အရမ်းနာတယ် ဆိုင် "
" ကျွန်တော် သိပြီ ကိုကို ဆေးရုံ သွားကြမယ် နော် ဆေးရုံ သွားကြမယ် ကိုကို ကျွန်တော် ကုန်းပိုးမယ် "
" ဆိုင် "
လူကောင်သေးသေးလေးက သူ့ကို ဆွဲထူကာ ကျောပေါ်တင်ဖို့ ပြင်သည် ။
" ကိုယ် လမ်းလျှောက်မယ် ဆိုင် ကိုယ့်ကို တွဲပေး "
" ဟင့်အင်း ကျော ပေါ် တက် "
" ရတယ် လို့ ကလေးရဲ့ ကိုယ် လမ်းလျှောက်နိုင်ပါတယ် "
နေကြည်အလင်းဆိုင် ကိုကို့ ကို တစ်ချက်သာ ကြည့်ပြီး မရရအောင် ကျောပေါ်တင်လိုက်သည် ။
" ကိုကို ခြေထောက် ထိခိုက် "
" သဲငယ် "
ဖိနပ်မစီးဘဲ အပြင်ကို တန်းပြေးသွားသည့် ဆိုင့်ကြောင့် အဏ္ဏဝါ ရင်ဘတ်ထဲမှာ နာကျင်လွန်းလှသည် ။ သူတစ်ကယ် လည်း လမ်းမလျှောက်နိုင်တော့ ဒါပေမယ့် ကူ တွဲပြီး လျှောက်ပေးမယ်ထင်ထားခဲ့ပေမဲ့ ဆိုင် က သူ့ကို တစ်ကယ်ကြီး ကျောပိုးလာသည် ။
" ဆေးရုံ သွားမယ် ကိုကို့ခြေထောက် အနာ "
" မပြေးနဲ့ တော့ ဆိုင် ကိုယ့်စကား နားထောင်နော် ကလေးလေး "
" ဟင့်အင်း ကိုကို့ခြေထောက် ပိုနာနေမှာ "
သူ့ခြေထောက်ကို စိုးရိမ်နေတဲ့ သူက ကိုယ်တိုင်တော့ ဖိနပ်စီးထားခြင်းမရှိဘဲ လမ်းမပေါ်မှာ ပြေးလွှားနေခဲ့တယ် ။
ဆိုင်က စိတ်တွေ လွတ်ထွက်နေတဲ့ အချိန် တဇွတ်ထိုး လုပ်တတ်တယ် ။
နောက်ဆုံး အနီးနားက ဆေးရုံတစ်ခုမှာပဲ အဏ္ဏဝါ ရပ်ခိုင်းလိုက်ရသည် ။
" သဲငယ် ခဏထိုင်စောင့်နေနော် ကိုယ် အထဲ ခဏဝင်ပြီး ခြေထောက် ပြကြည့်ရမယ် "
" ကိုကို "
" အင်း "
" စောင့်နေမယ် "
သူ ဆိုင့်လက်ကလေးကို ဖိကပ်နမ်းကာ သူနာပြုတစ်ယောက်အကူအညီနဲ့ ဝှီးချဲလ်ပေါ် ထိုင်ကာ အခန်းထဲ ဝင်သွားလိုက်သည် ။
အထဲရောက်မှ ဆရာဝန်ဆီက ဖုန်းခဏငှားကာ မအမရာမောင် ဆီ ဖုန်းဆက်ပြီး ဆေးရုံတန်းလာဖို့ ပြောပြလိုက်တယ် ။
အပြင်မှာ ကျန်ခဲ့တဲ့ နေကြည်အလင်းဆိုင် ကတော့ သူ့ကိုကို တစ်ယောက် အမြန်ဆုံး အဆင်ပြေဖို့ သာ လက်ကလေးနှစ်ဖက်ကို ပွတ်ပြီး ဆုတောင်းနေရှာသည် ။
" ကျေးဇူးပြုပြီး ကိုကို သူ့ကို မစွန့်ပစ်လိုက်ပါနဲ့ "
" ဆိုင် "
သူ့ကို မြင်တာနဲ့ အလောတကြီး ခန္ဓာကိုယ် မှာ ဘာဒဏ်ရာတွေရသွားသေးလဲ စစ်ဆေးနေသည့် မမကြောင့် နေကြည်အလင်းဆိုင် ကြောက်စိတ်ကလေး အနည်းငယ် လျှော့သွားရသည် ။
" မမ "
" အဏ္ဏဝါ အထဲမှာ မလား ။ ဘာမှ မဖြစ်တော့ဘူးနော် ဆိုင် အားလုံး အဆင်ပြေအောင် လုပ်ပေးမယ် လို့ တို့ ကတိပေးတယ် နော် "
" ကိုကို တစ်ခုခု ဖြစ်သွားမှာ ကြောက်တယ် "
" မဖြစ်ဘူး မဖြစ်ဘူး မောင်လေး မင်းကိုကိုဘာမှ မဖြစ်ဘူး "
" ကျွန်တော့်ကြောင့် ကိုကို အရိုက်ခံရတာ "
ငြိမ်ကျသွားသည့် ဆိုင့်ကြောင့် အမရာမောင် ခေါင်းလေးကို အသာပုတ်ပေးကာ ချော့နေမိတယ် ။
တအောင့်အကြာမှာတော့ သူနာပြုအမ ပြန်ထွက်လာပြီး အထဲဝင်တွေ့လို့ ရပြီ ဖြစ်ကြောင်း ပြောလာသည် ။
" သွားမယ် လေ ဆိုင် အဏ္ဏဝါ စောင့်နေလောက်ပြီ "
လိုက်ဖို့ ခြေလှမ်းပြင်ပြီးမှ နေကြည်အလင်းဆိုင် ခြေလှမ်းတွေ နောက်ကို ပြန်ဆုတ်လိုက်တယ် ။
ဒါတွေအားလုံး က ဘယ်သူ့ကြောင့် ဖြစ်ရတာမို့လို့လဲ ။
သူ့ကြောင့် ဖြစ်ရတာ တွေပဲ မဟုတ်ဘူး လား ။
" ကျွန်တော် မလိုက်တော့ဘူး မမ "
" ဆိုင် "
" ကိုကို့ကို အိမ်ပြန်ခေါ်လာပေးပါနော် ကျွန်တော် ပြန်နှင့်ပြီ "
မမဆီက စကားပြန်ပြောတာ သူမစောင့်တော့ဘဲ ဆေးရုံဝန်းထဲကနေ ပြေးထွက်လာလိုက်သည် ။
သူရှိနေလို့ ကိုကို ဒီလိုမျိုး ခံစားနေရတာ သူသာပျောက်ကွယ်သွားလိုက်ရင်ရော ကိုကို့ဆီ ကံကောင်းမှုလေးတွေ ရောက်လာနိုင်မလား သူမသိပါ ။
သူမချစ်သင့်ဘူး အဏ္ဏဝါဇေး ကို နေကြည်အလင်းဆိုင် ဘယ်တုန်းကမှ မချစ်ခဲ့သင့်ဘူး ဟင့်အင်း ချစ်ခဲ့မိရင်တောင် မြိုသိပ်ထားခဲ့ရမှာ ။
သူတစ်ကယ် အားလုံး ကို အဆုံးသတ်ပြီး ကိုကို့ တစ်မျက်နှာ ပဲ ကြည့်ဖို့ အချိန်တန်ပြီ လား ။
အိမ်ပြန်ရောက်တာနဲ့ ဟိုလူနှစ်ယောက်လည်း မရှိတော့ တာမို့ ရှုပ်ပွနေတာတွေ အကုန် ရှင်းလင်းပြီး ကိုကို သောက်ဖို့အတွက် စွတ်ပြုတ် ပူပူလေး တစ်အိုးချက်ဖို့ ပြင်လိုက်သည် ။
" ကျစ် "
နှာခေါင်းထဲက နေ သွေးတွေ ထပ်ပြီး ကျလာပြန်ပြီ ။ Tissue တစ်ထုပ်လုံး ကုန်သည်အထိ ဆိုင် နှာခေါင်းကို ပွတ်သုတ်နေလိုက်တယ် ။
သွေးစတွေ ပေနသည့် Tissue တွေက ကြမ်းပြင်ပေါ် မှာ အပြန့်ပြန့်အကျဲကျဲ မြင်မကောင်းစွာပင် ရှိနေပြန်သည် ။ ဆိုင် အားလုံး ကို သိမ်းကြုံးပြီး အမှိုက်ပုံးထဲ ထည့်ပြီးမှ Kitchen ထဲ ဝင်လာလိုက်သည် ။
" ကိုကိုသောက်ဖို့စွတ်ပြုတ်ပူပူလေး လုပ်ရမယ် "
_________
အခန်းထဲ ဝင်လာသည် က မအမရာမောင် တစ်ယောက်ထဲ ဖြစ်နေကာ ဆိုင့်ကိုမတွေ့ရ ။
" ဘယ်မှာလဲ "
" အိမ်မှာ စောင့်နေမယ် ပြောပြီး ပြန်သွားတယ် "
" ငိုသွားသေးလား "
" မငိုပါဘူး တို့ မင်းကို ပြောစရာရှိတယ် အဏ္ဏဝါ "
" ဟုတ်ကဲ့ ပြောပါ ဒါနဲ့ ကျွန်တော် ဆေးရုံ ကနေ ဆင်းလို့ ရပြီ မလား "
" အခု တို့ ပြောမှာကို မင်းသေချာ နားထောင် ပါ အဏ္ဏဝါ ဒါက တို့ မင်းရော ဆိုင့်အတွက်ရော နှစ်ဦးနှစ်ဖက် လုံး ကောင်းဖို့ ဒီကိစ္စ ကို ပြောရတာ ပါ "
" ဘာများလဲ ပြောလေ အမ ပြီးရင်တော့ ကျွန်တော် အိမ်ပြန်ဖို့ ကူညီပါဦး ဆိုင် တစ်ယောက်ထဲ ကြောက်နေမှာ စိုးရိမ်တယ် "
ပြောသင့်မပြောသင့် အမရာမောင် တွေဝေနေပေမဲ့ နောက်ဆုံး ပြောမှ ဖြစ်တော့မည်ကို သိတာမို့ အဏ္ဏဝါ့ကို အားနာနာနဲ့ ကြည့်လိုက်သည် ။
" နေကြည်အလင်းဆိုင် ကို ဆီ တစ်နှစ်တိတိအပ်လိုက်ပါ အဏ္ဏဝါ "
" ဘာပြောတယ် "
" အခု ဖြစ်သွားတဲ့ ကိစ္စ တွေ ကို အပြီးပြတ်ရှင်းနိုင်ဖို့ဆို သူ့ကို အခြေနေတစ်ခုထိ တို့ ဆွဲခေါ်ထားမှ ဖြစ်မယ် "
" ဘာစောက်ကြောင်းနဲ့လဲ ခင်ဗျား သူ့ကို
ကျုပ်ဆီက ဆွဲထုတ်သွားဖို့ ကြိုးစားနေတာလား မအမရာမောင် "
လက်မှာ စိုက်ထားတဲ့ အပ်ကို ဒေါသတကြီး ဆွဲဖြုတ်ကာ အဏ္ဏဝါ မတ်တပ်ထရပ်လိုက် သည် ။
" ထပ်ပြီး ထပ်ပြီးတော့ သူ့ကို အချုပ်အနှောင်တွေကြားမှာ နေစေချင်တာလား အဏ္ဏဝါ "
မအမရာမောင် သူ့ကို ဘာတွေ လာပြောနေတာလဲ ။
" တစ်နှစ်တိတိ ပဲ အဏ္ဏဝါ ဒီတစ်နှစ် ကြီး ပြီးသွားရင် အားလုံး ငြိမ်းချမ်းပြီ ။ ငါတို့ ရဲ့ နေရောင်ကြည်လေး အေးချမ်းသွားလိမ့်မယ် တို့ကို ယုံပါ "
" ဦးဝေလင်း အခြေနေက "
" စိုးရိမ်ရတယ် မျက်နှာက လုံးဝ စုတ်ပြတ်သတ်သွားတယ် အဏ္ဏဝါ "
အံကို တင်းတင်းကြိတ်ကာ အဏ္ဏဝါ ဆိုင့်ကို ပြန်တွေးမိသည် ။ သူက ဘယ်လို အင်အားနဲ့များ ။
" စွန့်ပစ်ခံရမှာ သိပ်ကြောက်နေတဲ့ သူကို ကျွန်တော် က ဘယ်လို မျိူး အားတင်းပြီး "
ထိန်းထားပေမဲ့ ရှိုက်သံတွေ ထွက်လာတာ ကြောင့် အဏ္ဏဝါ နံရံနဲ့ ခေါင်းနဲ့ သာဆောင့်နေမိသည် ။
မအမရာမောင် ပြောတာကို သူနားလည်ပါတယ် ။ ဆိုင့်ကို စိတ်ကျန်းမာရေး အကြောင်းပြပြီး ဒီပြစ်မှုကနေ အပြီးပထုတ်သွားရမှာကို ။
ဒါပေမဲ့ လည်း သူ့ကလေးလေး ကို တစ်နှစ်ကြီးများတောင် လက်လွှတ်ပေးလိုက်ရမဲ့အစား သေလိုက်တာမှ ပိုမကောင်းဘူးလား ။
" တို့ မနက်ဖြန် ဦးထက်သာနဲ့ ဒေါ်ခိုင်ဖူးသွယ် ကို ဝင်ဖမ်းဖို့အတွက် အကြောင်းကြားပြီးပြီ အဏ္ဏဝါ သက်သေတွေလည်း တို့ဆီ စုံပြီ ဒီနေ့ညထဲက သူတို့ အိမ်နားတစ်ဝိုက် လုံခြုံရေး တွေ ချခိုင်းထားတယ် သူတို့ လင်မယား ဘယ်လိုမှ မလွတ်တော့ပါဘူး "
" ကျွန်တော် ရူးသွားလိမ့်မယ် အမ ။ နေကြည်အလင်းဆိုင် က အမြဲတမ်း သူ့ကိုယ်သူ ထက် ကျွန်တော့် ကို ပိုချစ်တဲ့ ကလေး "
" တို့ နားလည်ပေမဲ့ အဏ္ဏဝါရယ် 10 နှစ်ကြီးများတောင် မင်း နဲ့ သူ ခွဲခဲ့ပြီးပြီပဲ 1 နှစ်ပဲလေ သည်းခံလိုက် ဖို့ တို့ တောင်းဆိုပါတယ် "
" ကျွန်တော် "
အိမ်မှာ စောင့်နေမည့် ဆိုင့်မျက်နှာ နုနုလေးကို မြင်တော့ အဏ္ဏဝါ တစ်ချက်ပြုံးလိုက်သည် ။
" အိမ်ပြန်ကြရအောင် "
ဘာကို အကြောင်းပြပြီး သူက ဆိုင့်ကို အဝေးကို တွန်းထုတ်ရမှာလဲ ။
" အဆင်ပြေသွားမှာပါ အဏ္ဏဝါ မင်းတို့ နှစ်ယောက် ရဲ့ အချစ် ကို မင်းတို့ ယုံတယ် မလား "
သူက အခုချိန် ဘာများပြောနိုင်ဦးမှာတဲ့လဲ ။
" ဆိုင်က အေးတဲ့ ဒေသတွေ ကြိုက်တယ် မအမရာမောင် "
" ပြီးတော့ ဆိုင်က အစားသိပ်မက်တယ် "
" အိပ်ရေးလည်း မက်သေးတယ် အိပ်ရေးမပျက်အောင် ဂရုစိုက်ပေးပါ "
" အပျင်းတစ်တဲ့ အကျင့်လေးလည်း ရှိတယ် ချစ်စရာကောင်းတယ် ကျွန်တော့် အမျိုးသား က "
" အအေးကြိုက်ပေမဲ့ သူတစ်ကယ်တော့ အအေးမခံနိုင်ဘူး မိုးရာသီကို ကြိုက်ပေမယ့် မိုးရေမချိုးခိုင်းပါနဲ့ "
" သူအိပ်မက်ဆိုးတွေ မက်လာတိုင်း ကျွန်တော်က ကိုယ်ရှိနေတယ် လို့ ပြောပေးရင် ချက်ချင်း အိပ်ပျော်သွားတယ် "
အမရာမောင့်ဘဝမှာ မျက်ရည်ကျသည်ဆိုတာရှားပေမဲ့အခုတော့သူမလည်း မျက်ရည်နဲ့မျက်ခွက် ဖြစ်နေပြီ ။ အကြောင်းရင်းက တော့ ဒီသူစိမ်းကောင်လေး နှစ်ယောက်ကြောင့်တဲ့လေ။
" ဆိုင် "
ခြံအဝမှာ ရပ်စောင့်နေသည့် အရိပ်လေးကြောင့် အဏ္ဏဝါ လှိုက်တက်လာတဲ့ ဝမ်းနည်းမှုတွေကို အမြန်မြိုချလိုက်ရတယ် ။
" ကိုကို ပြန်လာပြီ "
သူ့ကို တွေ့တော့ ပြုံးသွားတဲ့ မျက်နှာလေးကို သာ အဏ္ဏဝါ မျက်တောင်မခတ်ငေးနေမိတာ ။
" အမ အထဲဝင်နှင့်မယ် ဆိုင် မင်း ကိုကို့ကို ခြံထဲ က ခုံတန်းလေးဆီ ခေါ်သွားလိုက် "
အမရာမောင် အလိုက်တသိ ပင် ရှောင်ပေးကာ ခြံအနောက်ဘက်ကို ပြေးထွက်သွားလိုက်တယ် ။
" ကိုကို ကျွန်တော် ကိုကို့ အတွက် စွတ်ပြုတ်ပူပူလေး လုပ်ပေးထားတယ် ကိုကို သောက်မယ် မဟုတ်လားဟင် "
" ကိုယ် သောက်မှာပေါ့ သဲငယ် "
" ဒါဆို ခဏစောင့် ပေး ကျွန်တော် သွားယူလာခဲ့ လိုက်မယ် ကိုကို "
အိမ်ထဲ ကို ကပြာကယာ ပြေးဝင်သွားကာ သူ့အတွက် အိမ်ကြီးရှင်လေးက စွတ်ပြုတ်ပူပူလေး သွားယူပေးနေတာ မြင်တော့ အဏ္ဏဝါ ရူးသာသွားလိုက်ချင်ပါပြီ ။
" ရပြီ ကိုကို ကျွန်တော် အအေးခံထားပေးထားတာမို့ သိပ်မပူတော့ဘူးနော် "
" ဆိုင် "
" ကျွန်တော် တောင်းပန်ပါတယ် ကိုကို "
" ကိုယ့်ကို စွတ်ပြုတ် မတိုက်တော့ဘူးလား သဲငယ် "
ကြွေဇွန်း ဖြူဖြူလေးကို ကိုင်ထားတဲ့ လက်ကလေးကအနည်းငယ်တုန်ရီနေသည်မို့ အဏ္ဏဝါ ထွေးပွေ့လိုက်ချင်သည်မှာ မဟားတရားပင် ။
" ကောင်းရဲ့လားဟင် ကျွန်တော် သိပ်မလုပ်တတ်ဘူး ကိုကို ရာ "
" ကိုယ် အမြဲတမ်း အမှတ်ရနေမဲ့ လက်ရာလေးပါပဲ ဆိုင် "
" ကျွန်တော် ကိုကို့ ကို ပြောစရာရှိတယ် "
" ကိုယ်လည်း မင်းကို ပြောစရာ ရှိနေတယ် "
" ဒါဆို ကိုကို့ အရင်ပြော "
စွတ်ပြုတ် ပန်းကန်ကို ဆိုင် အသာမကာ ဘေးကစားပွဲပေါ်ကို တင်ဖို့ ပြင်နေတုန်း ကိုကို့ နှုတ်ဖျားမှ အေးစက်စက်စကားသံထွက်လာသည် ။
" ကိုယ် မင်းကို စိတ်ကျန်းမာရေးဆေးရုံပို့ဖို့
စဥ်းစားထားတယ် နေကြည်အလင်းဆိုင် "
ခလွမ်း
စွတ်ပြုတ်ပန်းကန်လေးဟာ မြေပြင်ပေါ် မှာ အစိတ်စိတ်အမွှာမွှာ ။
" ကို ကို "
" မင်းစိတ်တွေ ပြန်ပြီး တည်ငြိမ်လာအောင် ကြိုးစားသင့်တယ် လို့ ကိုယ် ထင်တယ် ဆိုင် ခုနက မင်း ဦးဝေလင်း ကို လုပ်သလိုမျိုး
စိတ်တ်လွတ်သွားတဲ့ အချိန် ကိုယ့်ကို မလုပ်ဘူးလို့ အာမခံနိုင်သလား "
ကိုကို ဘာတွေပြောနေမှန်း သူနားမလည်တာမို့ အူကြောင်ကြောင် လေးသာ ကြည့်နေမိသည် ။
သူက ရူးမှ မရူးတာ သူက လူကောင်းတစ်ယောက် ပါ ။
စိတ်ကျန်းမာရေးဆေးရုံ သူ မသွားချင်ပါဘူး ကိုကို့ဘေးနားကနေ သူဘယ်မှ ထွက်မသွားနိုင်ဘူးလေ ။
" ကိုယ်မေးနေတယ်လေ နေကြည်အလင်းဆိုင် မင်းစိတ်လွတ်သွားတဲ့အချိန် ကိုယ့်အသက်ကို အန္တရာယ် မပြုပါဘူးလို့ မင်းကတိပေးနိုင်လား "
" ကိုကို မို့ ဒီလိုအတွေး မျိုး တွေးရက်တယ် "
" မင်းတော့ မသိဘူး ကိုယ်ကြောက်တယ် နေကြည်အလင်းဆိုင် ကိုယ် မင်းကို ချစ်ပါတယ် "
" ကျွန်တော် မရူးပါဘူး ကိုကို ရယ် "
ကိုယ် သိပါတယ် ကလေးရယ် မင်းမျက်ရည်တွေ မကျပါနဲ့ ကွာ ။
" ကိုကို့ ကို ရိုက်တာ မြင်တော့ စိတ်က မထိန်းနိုင်ဘူး ဖြစ်သွားတာ ပါ ။ ဆိုင်လေ ဦးထက်သာနဲ့ဒေါ်ခိုင်ဖူးသွယ်ကို လွှတ်ပေးလိုက်တော့ မယ် သိလား ကိုကို နဲ့ ပဲ အေးအေးချမ်းချမ်း နေချင်ပြီ ကျွန်တော် ခွင့်လွှတ်ပေးလိုက်ဖို့ တွေးထားတယ် ကိုကိုရဲ့ "
" မင်း ရူးနေလား နေကြည်အလင်းဆိုင် "
" အထီးမကျန်ချင်တော့ဘူး တစ်ယောက်ထဲ နေရတာ မုန်းဖို့ကောင်းတယ် ။ ကိုကို ဘေးမှာ ဆို ပျော်တယ် "
အဏ္ဏဝါ ဆိုင့်မျက်ရည်တွေ မြင်နေရတာ မို့ ကိုယ့်ကိုကိုယ် သာ ပိုပြီး မုန်းတီးမိသည် ။
" မင်းဘယ်လိုပဲ ဆုံးဖြတ် ဆုံးဖြတ် ကိုယ်နဲ့ အတူရှိနေချင်တယ်ဆိုရင် မင်းကိုယ်ပြောတာ လက်ခံရမယ် "
" ကိုကို မချစ်တော့ဘူး လား "
မူးဝေနေသည့် စိတ်ကြောင့် ဆိုင် မေ့သွားလိုက်ချင်ပြီ ။ တစ်ယောက် ယောက် ကများ သူ့ကို ကိုကိုက လိမ်နေတာ လို့ ပြောပေးကြပါ့လားဟင် ။
" နေကြည်အလင်းဆိုင် "
မော့ကြည့်လာတဲ့အချိန် ဆိုင့်နှာခေါင်းကနေ သွေးတွေ စီးကျလာတာမို့ အဏ္ဏဝါ ဆက်ပြီး ဟန်မဆောင် နိုင်တော့ ။
" ကိုကို "
ဆိုင့် ခန္ဓာကိုယ်လေးအား ရင်ခွင်ထဲ အမြန်ဆွဲဖက်ကာ နားထင်အနားကို တရှုံ့ရှုံ့နဲ့ ဖိကပ်နမ်းနေမိတယ် ။
" ကိုယ် ကတိပေးပါတယ် တစ်နှစ် ပဲ ဆိုင် "
" ဆယ်နှစ်ကြီးများတောင် ခွဲပြီးသွားပြီလေ "
" ကိုယ်တို့ ဒီတစ်နှစ်ကို လုံးဝ ဖြတ်ကျော်နိုင်ရင်ရပြီ"
" ကိုကို သိလား တစ်ယောက် ထဲ နေခဲ့ရတဲ့ အချိန်က ကျွန်တော့်အတွက်တော့ ငရဲလိုပဲ "
" ဆိုင် "
" ဒါပေမယ့် ကိုကို့ စကား ကို နားထောင်မှာပါ ။ ပြီးတော့ တစ်ခုမှတ်ထား ပေး ကျွန်တော်အသိ စိတ်တွေ လွတ်သွားရင် တောင် မှ ကိုကို့ ကို အန္တရာယ် ဖြစ်အောင် မလုပ်ဘူးဆိုတာ ကိုပေါ့ "
နှစ်ယောက် သား စကားဆက်မပြောဖြစ်ကြဘဲ အချင်းချင်း လေပင်မတိုးနိုင်အောင် တစ်ယောက် နဲ့ တစ်ယောက် ထွေးပွေ့ထားမိသည် ။
[ Recommend songs - ငါ့ကိုချစ်ရင် ( မီးနို ) / လိမ်လိမ်မာမာနေပါကလေးရယ် ( ဟန်ထူးစျာန် ) / နေညိုရင် ( လင်းနစ် ) ]
GarlicBoom
Tue/August 9
5:57PM
Zawgyi
သူေတာင္ ဝင္ခြင့္မျပဳရေသးဘဲ အိမ္ထဲ အတင္းဝင္လာၾကတာမို႔ အဏၰဝါ ဒယ္ဒီ့ လက္ခ်က္မွန္း သိလိုက္ၿပီ ။
ၿပီးေတာ့ ဒီႏွစ္ေယာက္ က သူနဲ႕ ျပႆနာ တက္ဖူးသည့္ ႏွစ္ေယာက္ ။ အလုပ္ကိစၥတစ္ခုနဲ႕ ပက္သတ္ရင္း ၿငိတာျဖစ္ၿပီး သူတို႔ ေတာင္းသည့္ ပိုက္ဆံ ကို အဏၰဝါ မေပးလို႔ အၿငိဳးထားေနပုံပင္ ။ ေနာက္တစ္ခုကေတာ့ ဒီႏွစ္ေယာက္ ထဲက ဦးေဝလင္း ရဲ႕ သမီးက သူ႕ကို သေဘာက်ေနတာ ျဖစ္ၿပီး အဏၰဝါ ကေတာ့ အျပတ္ျငင္းထားတာမို႔ သူ႕သမီး အတြက္ အဏၰဝါ့ကို မေက်မနပ္ျဖစ္ ေနသည္မွာ ထင္ရွားလွသည္ ။
" ဘယ္မွာလဲ ေနၾကည္အလင္းဆိုင္ "
" ကြၽန္ေတာ့္ လူကို ခင္ဗ်ား တို႔ က ဘာလုပ္ဖို႔လဲ "
" ဦးထက္သာနဲ႕ ဇနီးျဖစ္သူ ေဒၚခိုင္ဖူးသြယ္ ကို ထိခိုက္ ဒဏ္ရာရေအာင္လုပ္ၿပီး သူတို႔ သားအငယ္ဆုံးကို ပိုက္ဆံ အတြက္ ျပန္ေပးဆြဲသြားတယ္ေလ "
" အေျခအျမစ္ မရွိတဲ့ စကားေတြ ေျပာေနမယ္ဆိုရင္ ခင္ဗ်ား တို႔ ႏွစ္ေယာက္ ျပန္လိုက္ေတာ့ "
" ငါတို႔က တာဝန္အရ လာခဲ့တာ အဏၰဝါေဇး မင္းၾကည္ၾကည္ျဖဴျဖဴ မလိုက္နာဘူးဆိုရင္ ငါတို႔ အဆိုးမဆိုနဲ႕ "
" တာဝန္အရလား ပိုက္ဆံ ရလို႔ ခ်က္ခ်င္း ေျပးလာခဲ့ၾကတာ လား ဦးေဝလင္း "
သူ႕စကားေၾကာင့္ မ်က္ႏွာအႀကီးအက်ယ္ပ်က္သြားကာ အိတ္ထဲက ေသနတ္ပါထုတ္လိုက္တာမို႔ အဏၰဝါ မ်က္ေမွာင္ၾကဳတ္သြားရသည္ ။
" ငါ့သမီး လို အေခ်ာအလွေလးကို ဖယ္ၿပီး ႐ူးေနတဲ့ ေကာင္ကို မင္းဘာၾကည့္ၿပီး လက္ထပ္လိုက္တာ လဲ ေျပာပါဦး အဏၰဝါေဇး "
" ခင္ဗ်ား သမီးကို စိတ္မဝင္စားလို႔ေလ မဟုတ္ဘူး ေနၾကည္အလင္းဆိုင္ ကလြဲၿပီး ဘယ္တစ္ဦး တစ္ေယာက္ မွကို စိတ္မဝင္စားတာ လို႔ ေျပာရင္ ပိုမွန္မယ္ "
" ေက်ာ္စြာ အခန္းထဲ ဝင္သြား ငါဒီေကာင့္ကို ထိန္းထားလိုက္မယ္ "
ခြပ္
ေက်ာ္စြာဆိုတဲ့ ေကာင္ ေျခလွမ္းမေ႐ြ႕ရေသးခင္မွာဘဲ အဏၰဝါ လက္ပါမိသြားသည္ ။
" ခင္ဗ်ားတို႔ သူ႕အသား မေျပာနဲ႕ သူဝတ္ထားတဲ့ အဝတ္ကိုေတာင္ ထိရဲရင္ ထိၾကည့္လိုက္ေလ "
" အဏၰဝါေဇး ငါတို႔ မွာ ပစ္မိန့္ ပါတယ္ေနာ္ "
ဘယ္ေကာင္ကမ်ား ပစ္မိန့္ေပးၿပီး လူေကာင္း တစ္ေယာက္ ကို ဖမ္းခိုင္းလိုက္တာလဲ အဏၰဝါ ဒီလူေတြ စကားကို မယုံပါ ။
" ႐ူးေနတဲ့သူပဲ ခင္ဗ်ား တို႔ စကားကို ယုံလိမ့္မယ္ ထြက္သြားလိုက္ေတာ့ "
" သူမပါဘဲ ငါတို႔ ဘယ္မွ မသြားနိုင္ဘူး အဏၰဝါ "
" ကြၽန္ေတာ္ ရွိေနသ၍လည္း ခင္ဗ်ား တို႔ လက္ထဲ သူ႕ကို ထည့္မေပးလိုက္နိုင္ဘူး "
" ေက်ာ္စြာ ခ်ဳပ္ထားလိုက္ "
သူ႕ကို ခ်ဳပ္ရန္ျပင္လာေသာ လက္ႏွစ္ဖက္ကို အဏၰဝါ ေဘးက ပန္းအိုးယူကာ ရိုက္ခ်လိဳက္ေတာ့ ပို ေဒါသထြက္သြားပုံရသည္ ။
" ဒယ္ဒီ ေပးတာထက္ သုံးဆ ပိုေပးမယ္ ထြက္သြားလိုက္ေတာ့ "
" ေနၾကည္အလင္းဆိုင္ မင္းထြက္မလာရင္ ငါတို႔ အဏၰဝါ့ကို သတ္ပစ္လိုက္မွာေနာ္ ၾကားလား "
ထို႔ေနာက္ ဦးေဝလင္းက ေသနတ္ကို မိုးေပၚ ႏွစ္ခ်က္ ေထာင္ပစ္လိုက္သည္ ။
" ဆိုင္ !!!!! "
ဆိုင္ လန့္ၿပီး နိုးသြားမွာ စိုးရိမ္ေသာေၾကာင့္အဏၰဝါ အခန္းထဲ ေျပးဝင္ဖို႔ လုပ္ေတာ့ ေနာက္ကေန အားျပင္းျပင္းနဲ႕ ကန္တာခံလိုက္ရတယ္ ။
" ေဘးက တုတ္ေပး ေက်ာ္စြာ "
" ခင္ဗ်ား "
သုံးခ်က္ဆက္တိုက္ တံေကာက္ေကြးကို ရိုက္ခ်လာတာမို႔ အဏၰဝါ ေျခမခိုင္ေတာ့ ။
" ငါတို႔ ကို မေလးစားခ်င္ဦး အဏၰဝါေဇး ငါ့သမီး မင္းေၾကာင့္ စိတ္ဆင္းရဲ ကိုယ္ဆင္းရဲ ျဖစ္ခဲ့ရတာ ေတြ ရွိေသးတယ္ "
သူတို႔ ေျပာေနတာေတြ နားထဲမဝင္ဘဲ ဆိုင္ အခန္းထဲ ကေန ထြက္မလာဖို႔နဲ႕ မအမရာေမာင္ျမန္ျမန္ျပန္လာဖို႔သာ ဆုေတာင္း မိသည္ ။
အခုေတာ့ ရသေလာက္ေလး သူ ျပန္ခုခံထားရမယ္ ။
" ကို ကို "
မ်က္လုံး ဖြင့္ၾကည့္လိုက္ေတာ့ ကိုကို က သူ႕ေဘးမွာ ရွိမေန ။
သူ႕နားထဲ ဆူညံသံ တစ္ခ်ိဳ႕ ၾကားရတာ
ေၾကာင့္ ဆိုင္ နိုးလာျခင္းပင္ ။
" ႏွာရည္ေတြ ယိုေနတာလား "
ႏွာေခါင္းထဲကေန အရည္တစ္ခ်ိဳ႕ စီးက်လာတာမို႔ ဆိုင္ Tissue ယူကာ သုတ္လိုက္ေတာ့ ႏွာရည္ေတြ ဟုတ္မေနေခ် ။
နီရဲရဲ အရည္ေတြက Tissue မွာ ၾကည့္မေကာင္းစြာ စြန္းထင္းေနသည္ ။
မွန္ထဲ ျပန္ၾကည့္ေတာ့ သူ႕မ်က္ႏွာ ဘာလို႔ တအားေဖ်ာ့ေနရတာလဲ ။ လူမမာ႐ုပ္ႀကီး ေပါက္ေနတာ ကေရာ ဘာလို႔လဲ ။
" ရိုးရိုး ႏွာေခါင္းေသြး လွ်ံတာပဲ ေနမွာပါ အိပ္ေရးပ်က္ေတာ့ မ်က္ကြင္းေတြ ညိုေနတာေပါ့ ငါကလည္း ဘာေတြ ေတြးပူေနလဲ မသိ "
ကိုကို႔ကို ရွာဖို႔ သာ သူအျပင္ထြက္လာခဲ့လိုက္တယ္ ။
" ကိုကို ! !!!! "
မ်က္ႏွာမွာ ထိုးရာႀကိတ္ရာေတြနဲ႕ ကိုကို႔ကို ၾကည့္ၿပီး သူရင္ေတြနာလိုက္တာ ။
ဒူးေထာက္လ်က္သား ကိုကိုက သူ႕ကို ျမင္ေတာ့ အျမန္ထြက္ေျပးခိုင္းလာသည္ ။ ေဘးမွာလည္း ရဲႏွစ္ေယာက္က ဒဏ္ရာေတြ ရထားျပန္သည္ ။
" ေနာက္ဆုံးေတာ့ အဏၰဝါေဇး ရဲ႕ အ႐ူးေလး နိုးလာၿပီေပါ့ "
" မဟုတ္ဘူး ေနာ္ ဆိုင္ ။ သူတို႔ ေျပာတာ နားမေထာင္နဲ႕ ဆိုင္က အ႐ူးေလး မဟုတ္ဘူး "
" ကိုကို႔ကို ဘယ္သူလုပ္တာလဲ "
" ငါတို႔ လုပ္တာေလ မင္းေယာက်္ားက မင္းကို ထုတ္ေပးဆိုတာကို ေကာင္းေကာင္း မွ ေျပာလို႔ မရတာ ။ အခုလည္း မင္း ၾကည္ၾကည္ျဖဴျဖဴ ငါတို႔ နဲ႕ လိုက္ခဲ့မယ္ ဆိုရင္ သူ႕ကို လႊတ္ေပးမယ္ "
" မလိုက္နဲ႕ ဆိုင္ အထဲျပန္ဝင္ေနလို႔ ကိုယ္ေျပာေနတယ္ "
" မင္း ပါးစပ္ ပိတ္ထား "
ဖုန္း !
" ကိုကို႔ကို မထိနဲ႕! !!! "
စိတ္ေတြ လြတ္မထြက္သြားေအာင္ ဆိုင္ မနည္းထိန္းေနရသည္မို႔ ဆိုင္ ကိုကို႔ အနား တိုးမသြားရဲေသး ။
သူ စိတ္လြတ္သြားရင္ က်ိမ္းေသေပါက္ တစ္ခုခု ျဖစ္ကုန္လိမ့္မယ္ ။ ကိုကို႔ ကို သူ႕မသိစိတ္ေၾကာင့္ အႏၱရာယ္ျပဳမိမွာ သိပ္ေၾကာက္ပါတယ္ ။
" အထဲျပန္ဝင္ေန ေနၾကည္အလင္းဆိုင္ ကိုယ္ဘာမွ မျဖစ္ဘူး လို႔ ေျပာ "
ဖုန္း !
" ကိုကို႔ကို မထိစမ္းနဲ႕ !!!! "
" အားးးးးး "
ဘယ္ကေန သတၱိေတြရလာသည္လဲေတာ့ မသိ ေနၾကည္အလင္းဆိုင္ ေရွ႕က လူကို အရွိန္နဲ႕ ခုန္အုပ္ကာ ကြဲေနသည့္ပန္းအိုးအပိုင္းအစတစ္ခုနဲ႕ မ်က္ႏွာကို ရိုက္ခ်ေနမိသည္ ။
" မလုပ္နဲ႕ ဆိုင္ ကိုယ္ ဘာမွ မျဖစ္ဘူး "
လက္လြန္သြားမွာ အဏၰဝါ စိုးရိမ္တာမို႔ ဆိုင့္ေဘး အျမန္တ႐ြတ္တိုက္သြားကာ တားလိုက္တယ္ ။
" ကိုကို႔ ကို မထိနဲ႕ လို႔ ေျပာေနတာ ေသစမ္း "
သူ႕မ်က္လုံးထဲ ကိုကို႔ ကို ဒီလူႀကီးက ရိုက္ေနတာ ကိုကို လည္း ဘာမွ မလုပ္ဘဲနဲ႕ ။
သူ အေသသတ္ပစ္လိုက္မယ္ ဒါမွ ကိုကို႔ ကို မရိုက္ရဲေတာ့မွာ ။
" ကေလးေလး ကိုယ္ ဘာမွ မျဖစ္ဘူး "
ဂဏာမၿငိမ္ ျဖစ္ေနေသာ မ်က္ဝန္းေတြ
ေၾကာင့္ ဆိုင့္အေျခေနကို အဏၰဝါ နားလည္လိုက္ၿပီ ။
" ကိုယ္ ဘာမွ မျဖစ္ဘူး ကေလးေလး ။ သဲငယ္ ကိုယ့္ကို ၾကည့္ပါဦး ကြာ "
" သူ ကိုကို႔ကို ရိုက္ေနတာ မႀကိဳက္ဘူး "
" ေနၾကည္အလင္းဆိုင္ ေတာ္ေတာ့ လို႔ "
သူဘာေျပာေျပာ ဆိုင္ကေတာ့ သူ႕ေအာက္က လူကို ရိုက္ႏွက္ေနဆဲ ။
" ကိုယ္ ေျခေထာက္ေတြ နာတယ္ သဲငယ္ ။ ေဆး႐ုံ ပို႔ေပးလို႔ ရမလား "
အဲ့ေတာ့မွ သူ႕ကို ေတြေတြေလး ေငးၾကည့္လာသူ ။
" ကိုယ္ ေျခေထာက္ ေတြ အရမ္းနာတယ္ ဆိုင္ "
" ကြၽန္ေတာ္ သိၿပီ ကိုကို ေဆး႐ုံ သြားၾကမယ္ ေနာ္ ေဆး႐ုံ သြားၾကမယ္ ကိုကို ကြၽန္ေတာ္ ကုန္းပိုးမယ္ "
" ဆိုင္ "
လူေကာင္ေသးေသးေလးက သူ႕ကို ဆြဲထူကာ ေက်ာေပၚတင္ဖို႔ ျပင္သည္ ။
" ကိုယ္ လမ္းေလွ်ာက္မယ္ ဆိုင္ ကိုယ့္ကို တြဲေပး "
" ဟင့္အင္း ေက်ာ ေပၚ တက္ "
" ရတယ္ လို႔ ကေလးရဲ႕ ကိုယ္ လမ္းေလွ်ာက္နိုင္ပါတယ္ "
ေနၾကည္အလင္းဆိုင္ ကိုကို႔ ကို တစ္ခ်က္သာ ၾကည့္ၿပီး မရရေအာင္ ေက်ာေပၚတင္လိုက္သည္ ။
" ကိုကို ေျခေထာက္ ထိခိုက္ "
" သဲငယ္ "
ဖိနပ္မစီးဘဲ အျပင္ကို တန္းေျပးသြားသည့္ ဆိုင့္ေၾကာင့္ အဏၰဝါ ရင္ဘတ္ထဲမွာ နာက်င္လြန္းလွသည္ ။ သူတစ္ကယ္ လည္း လမ္းမေလွ်ာက္နိုင္ေတာ့ ဒါေပမယ့္ ကူ တြဲၿပီး ေလွ်ာက္ေပးမယ္ထင္ထားခဲ့ေပမဲ့ ဆိုင္ က သူ႕ကို တစ္ကယ္ႀကီး ေက်ာပိုးလာသည္ ။
" ေဆး႐ုံ သြားမယ္ ကိုကို႔ေျခေထာက္ အနာ "
" မေျပးနဲ႕ ေတာ့ ဆိုင္ ကိုယ့္စကား နားေထာင္ေနာ္ ကေလးေလး "
" ဟင့္အင္း ကိုကို႔ေျခေထာက္ ပိုနာေနမွာ "
သူ႕ေျခေထာက္ကို စိုးရိမ္ေနတဲ့ သူက ကိုယ္တိုင္ေတာ့ ဖိနပ္စီးထားျခင္းမရွိဘဲ လမ္းမေပၚမွာ ေျပးလႊားေနခဲ့တယ္ ။
ဆိုင္က စိတ္ေတြ လြတ္ထြက္ေနတဲ့ အခ်ိန္ တဇြတ္ထိုး လုပ္တတ္တယ္ ။
ေနာက္ဆုံး အနီးနားက ေဆး႐ုံတစ္ခုမွာပဲ အဏၰဝါ ရပ္ခိုင္းလိုက္ရသည္ ။
" သဲငယ္ ခဏထိုင္ေစာင့္ေနေနာ္ ကိုယ္ အထဲ ခဏဝင္ၿပီး ေျခေထာက္ ျပၾကည့္ရမယ္ "
" ကိုကို "
" အင္း "
" ေစာင့္ေနမယ္ "
သူ ဆိုင့္လက္ကေလးကို ဖိကပ္နမ္းကာ သူနာျပဳတစ္ေယာက္အကူအညီနဲ႕ ဝွီးခ်ဲလ္ေပၚ ထိုင္ကာ အခန္းထဲ ဝင္သြားလိုက္သည္ ။
အထဲေရာက္မွ ဆရာဝန္ဆီက ဖုန္းခဏငွားကာ မအမရာေမာင္ ဆီ ဖုန္းဆက္ၿပီး ေဆး႐ုံတန္းလာဖို႔ ေျပာျပလိုက္တယ္ ။
အျပင္မွာ က်န္ခဲ့တဲ့ ေနၾကည္အလင္းဆိုင္ ကေတာ့ သူ႕ကိုကို တစ္ေယာက္ အျမန္ဆုံး အဆင္ေျပဖို႔ သာ လက္ကေလးႏွစ္ဖက္ကို ပြတ္ၿပီး ဆုေတာင္းေနရွာသည္ ။
" ေက်းဇူးျပဳၿပီး ကိုကို သူ႕ကို မစြန့္ပစ္လိုက္ပါနဲ႕ "
" ဆိုင္ "
သူ႕ကို ျမင္တာနဲ႕ အေလာတႀကီး ခႏၶာကိုယ္ မွာ ဘာဒဏ္ရာေတြရသြားေသးလဲ စစ္ေဆးေနသည့္ မမေၾကာင့္ ေနၾကည္အလင္းဆိုင္ ေၾကာက္စိတ္ကေလး အနည္းငယ္ ေလွ်ာ့သြားရသည္ ။
" မမ "
" အဏၰဝါ အထဲမွာ မလား ။ ဘာမွ မျဖစ္ေတာ့ဘူးေနာ္ ဆိုင္ အားလုံး အဆင္ေျပေအာင္ လုပ္ေပးမယ္ လို႔ တို႔ ကတိေပးတယ္ ေနာ္ "
" ကိုကို တစ္ခုခု ျဖစ္သြားမွာ ေၾကာက္တယ္ "
" မျဖစ္ဘူး မျဖစ္ဘူး ေမာင္ေလး မင္းကိုကိုဘာမွ မျဖစ္ဘူး "
" ကြၽန္ေတာ့္ေၾကာင့္ ကိုကို အရိုက္ခံရတာ "
ၿငိမ္က်သြားသည့္ ဆိုင့္ေၾကာင့္ အမရာေမာင္ ေခါင္းေလးကို အသာပုတ္ေပးကာ ေခ်ာ့ေနမိတယ္ ။
တေအာင့္အၾကာမွာေတာ့ သူနာျပဳအမ ျပန္ထြက္လာၿပီး အထဲဝင္ေတြ႕လို႔ ရၿပီ ျဖစ္ေၾကာင္း ေျပာလာသည္ ။
" သြားမယ္ ေလ ဆိုင္ အဏၰဝါ ေစာင့္ေနေလာက္ၿပီ "
လိုက္ဖို႔ ေျခလွမ္းျပင္ၿပီးမွ ေနၾကည္အလင္းဆိုင္ ေျခလွမ္းေတြ ေနာက္ကို ျပန္ဆုတ္လိုက္တယ္ ။
ဒါေတြအားလုံး က ဘယ္သူ႕ေၾကာင့္ ျဖစ္ရတာမို႔လို႔လဲ ။
သူ႕ေၾကာင့္ ျဖစ္ရတာ ေတြပဲ မဟုတ္ဘူး လား ။
" ကြၽန္ေတာ္ မလိုက္ေတာ့ဘူး မမ "
" ဆိုင္ "
" ကိုကို႔ကို အိမ္ျပန္ေခၚလာေပးပါေနာ္ ကြၽန္ေတာ္ ျပန္ႏွင့္ၿပီ "
မမဆီက စကားျပန္ေျပာတာ သူမေစာင့္ေတာ့ဘဲ ေဆး႐ုံဝန္းထဲကေန ေျပးထြက္လာလိုက္သည္ ။
သူရွိေနလို႔ ကိုကို ဒီလိုမ်ိဳး ခံစားေနရတာ သူသာေပ်ာက္ကြယ္သြားလိုက္ရင္ေရာ ကိုကို႔ဆီ ကံေကာင္းမႈေလးေတြ ေရာက္လာနိုင္မလား သူမသိပါ ။
သူမခ်စ္သင့္ဘူး အဏၰဝါေဇး ကို ေနၾကည္အလင္းဆိုင္ ဘယ္တုန္းကမွ မခ်စ္ခဲ့သင့္ဘူး ဟင့္အင္း ခ်စ္ခဲ့မိရင္ေတာင္ ၿမိဳသိပ္ထားခဲ့ရမွာ ။
သူတစ္ကယ္ အားလုံး ကို အဆုံးသတ္ၿပီး ကိုကို႔ တစ္မ်က္ႏွာ ပဲ ၾကည့္ဖို႔ အခ်ိန္တန္ၿပီ လား ။
အိမ္ျပန္ေရာက္တာနဲ႕ ဟိုလူႏွစ္ေယာက္လည္း မရွိေတာ့ တာမို႔ ရႈပ္ပြေနတာေတြ အကုန္ ရွင္းလင္းၿပီး ကိုကို ေသာက္ဖို႔အတြက္ စြတ္ျပဳတ္ ပူပူေလး တစ္အိုးခ်က္ဖို႔ ျပင္လိုက္သည္ ။
" က်စ္ "
ႏွာေခါင္းထဲက ေန ေသြးေတြ ထပ္ၿပီး က်လာျပန္ၿပီ ။ Tissue တစ္ထုပ္လုံး ကုန္သည္အထိ ဆိုင္ ႏွာေခါင္းကို ပြတ္သုတ္ေနလိုက္တယ္ ။
ေသြးစေတြ ေပနသည့္ Tissue ေတြက ၾကမ္းျပင္ေပၚ မွာ အျပန့္ျပန့္အက်ဲက်ဲ ျမင္မေကာင္းစြာပင္ ရွိေနျပန္သည္ ။ ဆိုင္ အားလုံး ကို သိမ္းႀကဳံးၿပီး အမွိုက္ပုံးထဲ ထည့္ၿပီးမွ Kitchen ထဲ ဝင္လာလိုက္သည္ ။
" ကိုကိုေသာက္ဖို႔စြတ္ျပဳတ္ပူပူေလး လုပ္ရမယ္ "
_________
အခန္းထဲ ဝင္လာသည္ က မအမရာေမာင္ တစ္ေယာက္ထဲ ျဖစ္ေနကာ ဆိုင့္ကိုမေတြ႕ရ ။
" ဘယ္မွာလဲ "
" အိမ္မွာ ေစာင့္ေနမယ္ ေျပာၿပီး ျပန္သြားတယ္ "
" ငိုသြားေသးလား "
" မငိုပါဘူး တို႔ မင္းကို ေျပာစရာရွိတယ္ အဏၰဝါ "
" ဟုတ္ကဲ့ ေျပာပါ ဒါနဲ႕ ကြၽန္ေတာ္ ေဆး႐ုံ ကေန ဆင္းလို႔ ရၿပီ မလား "
" အခု တို႔ ေျပာမွာကို မင္းေသခ်ာ နားေထာင္ ပါ အဏၰဝါ ဒါက တို႔ မင္းေရာ ဆိုင့္အတြက္ေရာ ႏွစ္ဦးႏွစ္ဖက္ လုံး ေကာင္းဖို႔ ဒီကိစၥ ကို ေျပာရတာ ပါ "
" ဘာမ်ားလဲ ေျပာေလ အမ ၿပီးရင္ေတာ့ ကြၽန္ေတာ္ အိမ္ျပန္ဖို႔ ကူညီပါဦး ဆိုင္ တစ္ေယာက္ထဲ ေၾကာက္ေနမွာ စိုးရိမ္တယ္ "
ေျပာသင့္မေျပာသင့္ အမရာေမာင္ ေတြေဝေနေပမဲ့ ေနာက္ဆုံး ေျပာမွ ျဖစ္ေတာ့မည္ကို သိတာမို႔ အဏၰဝါ့ကို အားနာနာနဲ႕ ၾကည့္လိုက္သည္ ။
" ေနၾကည္အလင္းဆိုင္ ကို ဆီ တစ္ႏွစ္တိတိအပ္လိုက္ပါ အဏၰဝါ "
" ဘာေျပာတယ္ "
" အခု ျဖစ္သြားတဲ့ ကိစၥ ေတြ ကို အၿပီးျပတ္ရွင္းနိုင္ဖို႔ဆို သူ႕ကို အေျခေနတစ္ခုထိ တို႔ ဆြဲေခၚထားမွ ျဖစ္မယ္ "
" ဘာေစာက္ေၾကာင္းနဲ႕လဲ ခင္ဗ်ား သူ႕ကို
က်ဳပ္ဆီက ဆြဲထုတ္သြားဖို႔ ႀကိဳးစားေနတာလား မအမရာေမာင္ "
လက္မွာ စိုက္ထားတဲ့ အပ္ကို ေဒါသတႀကီး ဆြဲျဖဳတ္ကာ အဏၰဝါ မတ္တပ္ထရပ္လိုက္ သည္ ။
" ထပ္ၿပီး ထပ္ၿပီးေတာ့ သူ႕ကို အခ်ဳပ္အႏွောင္ေတြၾကားမွာ ေနေစခ်င္တာလား အဏၰဝါ "
မအမရာေမာင္ သူ႕ကို ဘာေတြ လာေျပာေနတာလဲ ။
" တစ္ႏွစ္တိတိ ပဲ အဏၰဝါ ဒီတစ္ႏွစ္ ႀကီး ၿပီးသြားရင္ အားလုံး ၿငိမ္းခ်မ္းၿပီ ။ ငါတို႔ ရဲ႕ ေနေရာင္ၾကည္ေလး ေအးခ်မ္းသြားလိမ့္မယ္ တို႔ကို ယုံပါ "
" ဦးေဝလင္း အေျခေနက "
" စိုးရိမ္ရတယ္ မ်က္ႏွာက လုံးဝ စုတ္ျပတ္သတ္သြားတယ္ အဏၰဝါ "
အံကို တင္းတင္းႀကိတ္ကာ အဏၰဝါ ဆိုင့္ကို ျပန္ေတြးမိသည္ ။ သူက ဘယ္လို အင္အားနဲ႕မ်ား ။
" စြန့္ပစ္ခံရမွာ သိပ္ေၾကာက္ေနတဲ့ သူကို ကြၽန္ေတာ္ က ဘယ္လို မ်ိဴး အားတင္းၿပီး "
ထိန္းထားေပမဲ့ ရွိုက္သံေတြ ထြက္လာတာ ေၾကာင့္ အဏၰဝါ နံရံနဲ႕ ေခါင္းနဲ႕ သာေဆာင့္ေနမိသည္ ။
မအမရာေမာင္ ေျပာတာကို သူနားလည္ပါတယ္ ။ ဆိုင့္ကို စိတ္က်န္းမာေရး အေၾကာင္းျပၿပီး ဒီျပစ္မႈကေန အၿပီးပထုတ္သြားရမွာကို ။
ဒါေပမဲ့ လည္း သူ႕ကေလးေလး ကို တစ္ႏွစ္ႀကီးမ်ားေတာင္ လက္လႊတ္ေပးလိုက္ရမဲ့အစား ေသလိုက္တာမွ ပိုမေကာင္းဘူးလား ။
" တို႔ မနက္ျဖန္ ဦးထက္သာနဲ႕ ေဒၚခိုင္ဖူးသြယ္ ကို ဝင္ဖမ္းဖို႔အတြက္ အေၾကာင္းၾကားၿပီးၿပီ အဏၰဝါ သက္ေသေတြလည္း တို႔ဆီ စုံၿပီ ဒီေန႕ညထဲက သူတို႔ အိမ္နားတစ္ဝိုက္ လုံၿခဳံေရး ေတြ ခ်ခိဳင္းထားတယ္ သူတို႔ လင္မယား ဘယ္လိုမွ မလြတ္ေတာ့ပါဘူး "
" ကြၽန္ေတာ္ ႐ူးသြားလိမ့္မယ္ အမ ။ ေနၾကည္အလင္းဆိုင္ က အၿမဲတမ္း သူ႕ကိုယ္သူ ထက္ ကြၽန္ေတာ့္ ကို ပိုခ်စ္တဲ့ ကေလး "
" တို႔ နားလည္ေပမဲ့ အဏၰဝါရယ္ 10 ႏွစ္ႀကီးမ်ားေတာင္ မင္း နဲ႕ သူ ခြဲခဲ့ၿပီးၿပီပဲ 1 ႏွစ္ပဲေလ သည္းခံလိုက္ ဖို႔ တို႔ ေတာင္းဆိုပါတယ္ "
" ကြၽန္ေတာ္ "
အိမ္မွာ ေစာင့္ေနမည့္ ဆိုင့္မ်က္ႏွာ ႏုႏုေလးကို ျမင္ေတာ့ အဏၰဝါ တစ္ခ်က္ၿပဳံးလိုက္သည္ ။
" အိမ္ျပန္ၾကရေအာင္ "
ဘာကို အေၾကာင္းျပၿပီး သူက ဆိုင့္ကို အေဝးကို တြန္းထုတ္ရမွာလဲ ။
" အဆင္ေျပသြားမွာပါ အဏၰဝါ မင္းတို႔ ႏွစ္ေယာက္ ရဲ႕ အခ်စ္ ကို မင္းတို႔ ယုံတယ္ မလား "
သူက အခုခ်ိန္ ဘာမ်ားေျပာနိုင္ဦးမွာတဲ့လဲ ။
" ဆိုင္က ေအးတဲ့ ေဒသေတြ ႀကိဳက္တယ္ မအမရာေမာင္ "
" ၿပီးေတာ့ ဆိုင္က အစားသိပ္မက္တယ္ "
" အိပ္ေရးလည္း မက္ေသးတယ္ အိပ္ေရးမပ်က္ေအာင္ ဂ႐ုစိုက္ေပးပါ "
" အပ်င္းတစ္တဲ့ အက်င့္ေလးလည္း ရွိတယ္ ခ်စ္စရာေကာင္းတယ္ ကြၽန္ေတာ့္ အမ်ိဳးသား က "
" အေအးႀကိဳက္ေပမဲ့ သူတစ္ကယ္ေတာ့ အေအးမခံနိုင္ဘူး မိုးရာသီကို ႀကိဳက္ေပမယ့္ မိုးေရမခ်ိဳးခိုင္းပါနဲ႕ "
" သူအိပ္မက္ဆိုးေတြ မက္လာတိုင္း ကြၽန္ေတာ္က ကိုယ္ရွိေနတယ္ လို႔ ေျပာေပးရင္ ခ်က္ခ်င္း အိပ္ေပ်ာ္သြားတယ္ "
အမရာေမာင့္ဘဝမွာ မ်က္ရည္က်သည္ဆိုတာရွားေပမဲ့အခုေတာ့သူမလည္း မ်က္ရည္နဲ႕မ်က္ခြက္ ျဖစ္ေနၿပီ ။ အေၾကာင္းရင္းက ေတာ့ ဒီသူစိမ္းေကာင္ေလး ႏွစ္ေယာက္ေၾကာင့္တဲ့ေလ။
" ဆိုင္ "
ၿခံအဝမွာ ရပ္ေစာင့္ေနသည့္ အရိပ္ေလးေၾကာင့္ အဏၰဝါ လွိုက္တက္လာတဲ့ ဝမ္းနည္းမႈေတြကို အျမန္ၿမိဳခ်လိဳက္ရတယ္ ။
" ကိုကို ျပန္လာၿပီ "
သူ႕ကို ေတြ႕ေတာ့ ၿပဳံးသြားတဲ့ မ်က္ႏွာေလးကို သာ အဏၰဝါ မ်က္ေတာင္မခတ္ေငးေနမိတာ ။
" အမ အထဲဝင္ႏွင့္မယ္ ဆိုင္ မင္း ကိုကို႔ကို ၿခံထဲ က ခုံတန္းေလးဆီ ေခၚသြားလိုက္ "
အမရာေမာင္ အလိုက္တသိ ပင္ ေရွာင္ေပးကာ ၿခံအေနာက္ဘက္ကို ေျပးထြက္သြားလိုက္တယ္ ။
" ကိုကို ကြၽန္ေတာ္ ကိုကို႔ အတြက္ စြတ္ျပဳတ္ပူပူေလး လုပ္ေပးထားတယ္ ကိုကို ေသာက္မယ္ မဟုတ္လားဟင္ "
" ကိုယ္ ေသာက္မွာေပါ့ သဲငယ္ "
" ဒါဆို ခဏေစာင့္ ေပး ကြၽန္ေတာ္ သြားယူလာခဲ့ လိုက္မယ္ ကိုကို "
အိမ္ထဲ ကို ကျပာကယာ ေျပးဝင္သြားကာ သူ႕အတြက္ အိမ္ႀကီးရွင္ေလးက စြတ္ျပဳတ္ပူပူေလး သြားယူေပးေနတာ ျမင္ေတာ့ အဏၰဝါ ႐ူးသာသြားလိုက္ခ်င္ပါၿပီ ။
" ရၿပီ ကိုကို ကြၽန္ေတာ္ အေအးခံထားေပးထားတာမို႔ သိပ္မပူေတာ့ဘူးေနာ္ "
" ဆိုင္ "
" ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ ကိုကို "
" ကိုယ့္ကို စြတ္ျပဳတ္ မတိုက္ေတာ့ဘူးလား သဲငယ္ "
ေႂကြဇြန္း ျဖဴျဖဴေလးကို ကိုင္ထားတဲ့ လက္ကေလးကအနည္းငယ္တုန္ရီေနသည္မို႔ အဏၰဝါ ေထြးေပြ႕လိုက္ခ်င္သည္မွာ မဟားတရားပင္ ။
" ေကာင္းရဲ႕လားဟင္ ကြၽန္ေတာ္ သိပ္မလုပ္တတ္ဘူး ကိုကို ရာ "
" ကိုယ္ အၿမဲတမ္း အမွတ္ရေနမဲ့ လက္ရာေလးပါပဲ ဆိုင္ "
" ကြၽန္ေတာ္ ကိုကို႔ ကို ေျပာစရာရွိတယ္ "
" ကိုယ္လည္း မင္းကို ေျပာစရာ ရွိေနတယ္ "
" ဒါဆို ကိုကို႔ အရင္ေျပာ "
စြတ္ျပဳတ္ ပန္းကန္ကို ဆိုင္ အသာမကာ ေဘးကစားပြဲေပၚကို တင္ဖို႔ ျပင္ေနတုန္း ကိုကို႔ ႏႈတ္ဖ်ားမွ ေအးစက္စက္စကားသံထြက္လာသည္ ။
" ကိုယ္ မင္းကို စိတ္က်န္းမာေရးေဆး႐ုံပို႔ဖို႔
စဥ္းစားထားတယ္ ေနၾကည္အလင္းဆိုင္ "
ခလြမ္း
စြတ္ျပဳတ္ပန္းကန္ေလးဟာ ေျမျပင္ေပၚ မွာ အစိတ္စိတ္အမႊာမႊာ ။
" ကို ကို "
" မင္းစိတ္ေတြ ျပန္ၿပီး တည္ၿငိမ္လာေအာင္ ႀကိဳးစားသင့္တယ္ လို႔ ကိုယ္ ထင္တယ္ ဆိုင္ ခုနက မင္း ဦးေဝလင္း ကို လုပ္သလိုမ်ိဳး
စိတ္တ္လြတ္သြားတဲ့ အခ်ိန္ ကိုယ့္ကို မလုပ္ဘူးလို႔ အာမခံနိုင္သလား "
ကိုကို ဘာေတြေျပာေနမွန္း သူနားမလည္တာမို႔ အူေၾကာင္ေၾကာင္ ေလးသာ ၾကည့္ေနမိသည္ ။
သူက ႐ူးမွ မ႐ူးတာ သူက လူေကာင္းတစ္ေယာက္ ပါ ။
စိတ္က်န္းမာေရးေဆး႐ုံ သူ မသြားခ်င္ပါဘူး ကိုကို႔ေဘးနားကေန သူဘယ္မွ ထြက္မသြားနိုင္ဘူးေလ ။
" ကိုယ္ေမးေနတယ္ေလ ေနၾကည္အလင္းဆိုင္ မင္းစိတ္လြတ္သြားတဲ့အခ်ိန္ ကိုယ့္အသက္ကို အႏၱရာယ္ မျပဳပါဘူးလို႔ မင္းကတိေပးနိုင္လား "
" ကိုကို မို႔ ဒီလိုအေတြး မ်ိဳး ေတြးရက္တယ္ "
" မင္းေတာ့ မသိဘူး ကိုယ္ေၾကာက္တယ္ ေနၾကည္အလင္းဆိုင္ ကိုယ္ မင္းကို ခ်စ္ပါတယ္ "
" ကြၽန္ေတာ္ မ႐ူးပါဘူး ကိုကို ရယ္ "
ကိုယ္ သိပါတယ္ ကေလးရယ္ မင္းမ်က္ရည္ေတြ မက်ပါနဲ႕ ကြာ ။
" ကိုကို႔ ကို ရိုက္တာ ျမင္ေတာ့ စိတ္က မထိန္းနိုင္ဘူး ျဖစ္သြားတာ ပါ ။ ဆိုင္ေလ ဦးထက္သာနဲ႕ေဒၚခိုင္ဖူးသြယ္ကို လႊတ္ေပးလိုက္ေတာ့ မယ္ သိလား ကိုကို နဲ႕ ပဲ ေအးေအးခ်မ္းခ်မ္း ေနခ်င္ၿပီ ကြၽန္ေတာ္ ခြင့္လႊတ္ေပးလိုက္ဖို႔ ေတြးထားတယ္ ကိုကိုရဲ႕ "
" မင္း ႐ူးေနလား ေနၾကည္အလင္းဆိုင္ "
" အထီးမက်န္ခ်င္ေတာ့ဘူး တစ္ေယာက္ထဲ ေနရတာ မုန္းဖို႔ေကာင္းတယ္ ။ ကိုကို ေဘးမွာ ဆို ေပ်ာ္တယ္ "
အဏၰဝါ ဆိုင့္မ်က္ရည္ေတြ ျမင္ေနရတာ မို႔ ကိုယ့္ကိုကိုယ္ သာ ပိုၿပီး မုန္းတီးမိသည္ ။
" မင္းဘယ္လိုပဲ ဆုံးျဖတ္ ဆုံးျဖတ္ ကိုယ္နဲ႕ အတူရွိေနခ်င္တယ္ဆိုရင္ မင္းကိုယ္ေျပာတာ လက္ခံရမယ္ "
" ကိုကို မခ်စ္ေတာ့ဘူး လား "
မူးေဝေနသည့္ စိတ္ေၾကာင့္ ဆိုင္ ေမ့သြားလိုက္ခ်င္ၿပီ ။ တစ္ေယာက္ ေယာက္ ကမ်ား သူ႕ကို ကိုကိုက လိမ္ေနတာ လို႔ ေျပာေပးၾကပါ့လားဟင္ ။
" ေနၾကည္အလင္းဆိုင္ "
ေမာ့ၾကည့္လာတဲ့အခ်ိန္ ဆိုင့္ႏွာေခါင္းကေန ေသြးေတြ စီးက်လာတာမို႔ အဏၰဝါ ဆက္ၿပီး ဟန္မေဆာင္ နိုင္ေတာ့ ။
" ကိုကို "
ဆိုင့္ ခႏၶာကိုယ္ေလးအား ရင္ခြင္ထဲ အျမန္ဆြဲဖက္ကာ နားထင္အနားကို တရႈံ႕ရႈံ႕နဲ႕ ဖိကပ္နမ္းေနမိတယ္ ။
" ကိုယ္ ကတိေပးပါတယ္ တစ္ႏွစ္ ပဲ ဆိုင္ "
" ဆယ္ႏွစ္ႀကီးမ်ားေတာင္ ခြဲၿပီးသြားၿပီေလ "
" ကိုယ္တို႔ ဒီတစ္ႏွစ္ကို လုံးဝ ျဖတ္ေက်ာ္နိုင္ရင္ရၿပီ"
" ကိုကို သိလား တစ္ေယာက္ ထဲ ေနခဲ့ရတဲ့ အခ်ိန္က ကြၽန္ေတာ့္အတြက္ေတာ့ ငရဲလိုပဲ "
" ဆိုင္ "
" ဒါေပမယ့္ ကိုကို႔ စကား ကို နားေထာင္မွာပါ ။ ၿပီးေတာ့ တစ္ခုမွတ္ထား ေပး ကြၽန္ေတာ္အသိ စိတ္ေတြ လြတ္သြားရင္ ေတာင္ မွ ကိုကို႔ ကို အႏၱရာယ္ ျဖစ္ေအာင္ မလုပ္ဘူးဆိုတာ ကိုေပါ့ "
ႏွစ္ေယာက္ သား စကားဆက္မေျပာျဖစ္ၾကဘဲ အခ်င္းခ်င္း ေလပင္မတိုးနိုင္ေအာင္ တစ္ေယာက္ နဲ႕ တစ္ေယာက္ ေထြးေပြ႕ထားမိသည္ ။
[ Recommend songs - ငါ့ကိုခ်စ္ရင္ ( မီးနို ) / လိမ္လိမ္မာမာေနပါကေလးရယ္ ( ဟန္ထူးစ်ာန္ ) / ေနညိုရင္ ( လင္းနစ္ ) ]
GarlicBoom
Tue/August 9
5:57PM