လူစားထိုး

由 Htoo-6

87.9K 10.4K 707

Title: Ti Shen / 替身 Translation: Body Double Translator: Giraffe Corps Author: Bei Tang Mo / 北棠墨 Publisher:... 更多

Description
Vol 1, Ch 1.1
Ch 1.2
Ch 2
Ch 3
Ch 4
Ch 5
Ch 6
Ch 7
Ch 8
Ch 9
Ch 10
Ch 11
Ch 12
Ch 13
Ch 14
Ch 15
Ch 16
Ch 17
Ch 18
Ch 19
Ch 20
Ch 21
Ch 22
Ch 23
Ch 24
Ch 25
Ch 26
Ch 27
Ch 28
Ch 29
Ch 30
Ch 31
Ch 32
Ch 33
Not An Update
Ch 34
Ch 35
Ch 36
Ch 37
Ch 38
Ch 39
Ch 40
Ch 41
Ch 42
Ch 43
Ch 44
Ch 45
Vol 1 complete, Ch 46+47
Ch 48
Ch 49
Ch 50
Ch 51
Ch 52,53,54
Ch 57
Ch 58

Ch 55,56

663 94 14
由 Htoo-6

Unicode

Vol 2 Ch 8 Force over words

_______________________

ရန်ဖုန်ကော အခန်းထဲမှထွက်လာချိန်  ရှေးမဆွက သူလှည့်စားခဲ့သော ဆုယီမော့၏နောက်လိုက်များမှာ မည်သည်ကိုမျှ မပြောနိုင်သေးခင် သူ့ကို လာဝိုင်းကြ၏။ အားလုံးတွင် အတွေးတစ်ခုတည်းသာရှိသည်။ သူတို့ သူ့အား သင်ခန်းစာတစ်ခုပေးချင်၏။

ရန်ဖုန်ကောက မျက်ဖြူလှန်လိုက်ကာ ထိုသူတို့ထံဝတ်ကျေတန်းကျေ ပြုံးပြလိုက်သည်။ လက်ညှိုးကို နှုတ်ခမ်းပေါ်တင်ပြီး "တိုးတိုး"ဟူသော အမူအရာပြလိုက်သေး၏။

ထိုလက်ညှိုးက သူတို့ထံထိုးလာ၍ တဖြည်းဖြည်း ပြန်ရုတ်သွားပြီး သူတို့အလိုရှိပါက သူ့အား တိုက်ခိုက်ရန်ခွင့်ပြုကြောင်း အရိပ်အယောင်ပြနေသည်ကို မြင်ရသောအခါ လူအနည်းငယ်မှာ ကြက်သေသေ သွားကြသည်။

သူ၏ ထိကပါးရိကပါး ရန်စမှုကြောင့် ရန်ဖုန်ကော၏ ညှိုးဘက်အားလုံးတို့သည် သူ့ထံပြေးဝင်လာကြကုန်သည်။

ဆုယီမော့၏နောက်လိုက်များကို ရန်ဖုန်ကောတစ်ယောက် ဗျာပါမများဘဲ စာရင်းရှင်းထုတ်လိုက်သည်။ ချွေးပင်မထွက်လိုက်.....
ဆုယီမော့၏ ငယ်သားအားလုံး နံရံဘေး၌အပုံလိုက်ထပ်ကျန်ခဲ့ခြင်းသာ ပြောစရာကျန်သည်။

လူချမ်းသာသခင်ကြီးတစ်ယောက်ပမာ ပြုမူရင်း ရန်ဖုန်ကော၏ခြေထောက်တစ်ဖက်မှာ နောက်ဆုံးကျန်သည့် အကောင်ကြီးကြီးလူ၏ပုခုံးပေါ်တွင် အနားယူနေသည်။ သူ၏ အင်္ကျီလက်အနားများကိုလည်း အလွန်အကြူး ဒရာမာဆန်ဆန် ခါထုတ်လိုက်သေးသည်။ ခြေထောက်အတင်ခံထားရသည့် လူမှာ နောက်ပြန်လှဲချရန်ဆုံးဖြတ်လိုက်ပြီးနောက် သူ၏နောက်စေ့မှာ ကြမ်းပြင်နှင့် ဒုတ်ခနဲမိတ်ဆတ်သွား၍ အကျိုးဆက်အနေဖြင့် သူ့ကိုယ်သူ အပြတ်ခိုက်အောင်လုပ်မိသွားသည်။

တစ်ချက်သမ်းလိုက်ရင်း ရန်ဖုန်ကော ခြေထောက်ကို ရုတ်၊ လက်နှစ်ဖက်ကို ဖြည်းဖြည်းချင်းပိုက်ကာ နံရံကိုပျင်းပျင်းရိရိ မှီလိုက်၏။ ထို့နောက် သိုးတစ်ကောင် သိုးနှစ်ကောင် ရေတွက်နေလိုက်သည်။
ကြာလိုက်တာ.......

ထိို့သို့ရေတွက် နေခဲ့သည်မှာ ခဏသာဖြစ်ပြီး နောက်ဆုံးတွင် ဆုယီမော့ အခန်းပြင်သို့ ထွက်လာသည်။

ရန်ဖုန်ကော ခန္ဓာကိုယ်ကို ဆန့်လိုက်၍ သူကသာ စတင်လှုပ်ရှားသူဖြစ်ရန် ဆုံးဖြတ်လိုက်ပြီး ခြေကို ရှေ့သို့လွှဲကန်လိုက်သည်။

ရန်ဖုန်ကောဘက်ကစတင် လက်ဦးမှုယူလိမ့်မည်ဟု ဆုယီမော့ မျှော်လင့်မထား။ ဤလူက သူအခွင့်အရေးမရခင် သူ့ကိုရန်စရန် သတ္တိရှိနေပြီး ဦးစွာ လက်စားချေရန်ပင် ကြိုးပမ်းနေသေးသည်။
ထို့ကြောင့် ဆုယီမော့လည်း လျင်လျင်မြန်မြန် တုန့်ပြန်လိုက်သည်။ ရန်ဖုန်ကော၏ကန်ချက်ကို ရှောင်ရင်း တံခါးကို ပိတ်လိုက်ကာ ကိုယ်ကိုအမြန်လှည့်၍ ရန်ဖုန်ကော၏ညာဘက်သို့ တန်ပြန်လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။

ရန်ဖုန်ကော သူ့ရန်သူ၏ ရည်ရွယ်ချက်ကို နားလည်သည်။
အနောက်သို့ ရုတ်ခြည်းဆုတ်လိုက်ပြီးမှ ဆုယီမော့ထံ အဖြောင့်ကန်ချက်တစ်ခုထပ်ပေးသည်။

Falcon ရဲ့ ခေါင်းဆောင်... သူက တော်တော်လေး အထင်ကြီးစရာကောင်းသင့်တာပေါ့..မဟုတ်ဘူးလား?

ကောင်းပြီ...
ဆုယီမော့၏ အမျက်ဒေါသကို မည်မျှအတိုင်းအတာအထိရောက် အောင် သူတွန်းအားပေးနိုင်မည်လဲ ရန်ဖုန်ကောစိတ်မဝင်စား...သူဆန္ဒရှိသည့်တစ်ခုတည်းသော အရာမှာ အရည်အသွေးမြင့်သည့် တစ်စုံတစ်ယောက်နှင့် လက်ရည်ဖလှယ်ရန်သာဖြစ်သည်။

ဆုယီမော့က စိတ်မပျက်စေခဲ့ပါ။
သူ၏လှုပ်ရှားမှုတိုင်းသည် တိကျဖျတ်လတ်နေခဲ့သည်။ ရန်ဖုန်ကောက ရှေ့သို့ကန်လိုက်သောအခါ ဆုယီမော့က ကျွမ်းကျွမ်းကျင်ကျင် ရှောင်ပြီးခြေထောက်နှင့် လွတ်လွတ်ကျွတ်ကျွတ်ဖြစ်သွားသည်နှင့် အားအပျော့ဆုံးသော ထောင့်ချိုးမှတဆင့် လက်ကိုဆတ်ခနဲဆန့်၍ ခြေကျင်းဝတ်ကို ဖမ်းကိုင်၊ ခွန်အားအပြည့်ပစ်ပေါက်လိုက်သည်။

ရန်ဖုန်ကောကလည်း လျင်မြန်သွက်လက်လှပြီး လေထဲတွင် ကျွမ်းတစ်ပတ်​ပစ်ကာ သူ့ကိုယ်သူ ပြန်တည့်ရင်း ကြမ်းပြင်ပေါ်သို့ လှလှပပကျလာခဲ့သည်။ ထို့နောက် ဆုယီမော့ထံ နောက်တစ်ကြိမ်တိုးဝင်သွား၏။

ဆုယီမော့က ကိုယ်လုံးချင်းဆောင့်ချက်ကို လွှဲရှောင်ကာ ရန်ဖုန်ကော၏ ရက်ညွန့်နေရာသို့ တံတောင်ဖြင့်တိုက်သည်။ဆုယီမော့၏ ဆန့်ထုတ်လိုက်သည့်တံတောင်နှင့် တွေ့ဆုံခါနီးတွင် ရန်ဖုန်ကောအသက်ရှုအောင့်ကာ လက်က ဆုယီမော့၏ လည်ပင်းကိုလှမ်းလိမ် ဒူးနဲ့တိုက်၍ ဆောင့်ချပစ်ရန် အားထုတ်လိုက်သည်။ သို့ရာတွင် ဆုယီမော့က လှဲချမခံဘဲ ဟန်ချက်ကို ထိန်းကာ ကျောကိုမတ်၍ ထိုအစား ရန်ဖုန်ကောကို ကြမ်းပြင်ပေါ်ကိုင်ပေါက်လိုက်သည်။

ရန်ဖုန်ကော ​ကြမ်းပြင်ပေါ်သို့ မကျ၊မထိသေးဘဲ တန်းလန်းဖြစ်နေပြီး  အားအင်ကို စုစည်း၍မရသည့်အတွက်
ဆုယီမော့၏ အင်္ကျီကော်လံကို ဆုပ်ကိုင်ကာ မျှခြေကို ပြန်ယူသည်။ သူ့ကော်လံကို ရုတ်တရက်ဆွဲလိုက်သည့်အတွက်
ဆုယီမော့ဟန်ချက်မထိန်းနိုင်ဖြစ်သွားပြီး ခြေ​နှစ်လှမ်းလောက် ရှေ့တိုးလိုက်ရသည်။ ကံဆိုးချင်သဖြင့် ခြေထောက်မှာ ယခင်ကလှဲသိပ်ခံထားရသည့် သူ့ငယ်သားများထဲက တစ်ဦး၏ ခြေကျင်းဝတ်နှင့်တိုက်မိသွားသည်။ ဆုယီမော့​ နောက်တစ်လှမ်းဆက်လှမ်းလိုက်လျှင် သူ၏ မတော်တဆ ခြေနင်းက တစ်ဖက်သူကို ဒဏ်ရာပြင်းထန်သွားစေမှာ စိုးရိမ်သွားသည်။ သူ့တွင် ဂရုမစိုက်တတ်သည့် စရိုက်မျိုး​ရှိကောင်းရှိနိုင်သော်လည်း သွေးအေးသူဟုတော့ မဆိုလိုနိုင်ပါ။ ထိုကြောင့် အခြားသောရွေးချယ်စရာမှာ သူ့ကိုယ်သူ ရန်ဖုန်ကော၏ အပေါ်သို့ လဲကျစေရန်သာ ရှိတော့သည်။

ရန်ဖုန်ကောမှာလည်း အစောကအကောင်ကြီးကြီးလူ၏ လက်များကြောင့် ခြေငြိသွားပြီး ဆုယီမော့လဲကျလာသည့်တည့်တည့်တွင် ရောက်သွားသည်။

လူနှစ်ယောက်၏အလေးချိန်နှင့် ဆောင့်လိုက်သည့်ဆောင့်ချက်က အကောင်ကြီးကြီးလူအား လက်တွေ့လောကသို့ ထပ်တစ်ဖန်သတိလည်လာစေသည်။ မှုန်ဝါးနေသည့် သူ့မျက်လုံးများ ကြည်လင်သွားချိန် မြင်လိုက်ရသည့် ပထမဆုံးအရာမှာ သူ့ဘော့စ်နဲ့သူ့ဘော့စ်.....
နမ်းနေကြတာ...?

ရန်ဖုန်ကော ကျောအောင့်သွား၏။ အခြားသူတစ်ယောက်အပေါ် ပြုတ်ကျသွားခြင်း ဖြစ်သော်လည်း အကောင်​ကြီးကြီးလူ၏ ခန္ဓာကိုယ်မှာ သံမဏိအလားပင်.. ဘာမျှထူးသွားသည်ဟု မခံစားရ။

သူမော့ကြည့်လိုက်ချိန် ဆုယီမော့၏ တုန်လှုပ်သွားသည့် အကြည့်များကို ဖမ်းမိလိုက်သေးသည်။

'ငါ့အထင်... သူက ငါတို့နှစ်ယောက် အနမ်းနဲ့ဖြေရှင်းလိုက်ကြဖို့ တွေးနေတာတော့ မဟုတ်လောက်ပါဘူးနော်?'

အခြားတစ်ဖက်တွင်လည်း ရန်ဖုန်ကော ထူးထူးခြားခြားမခံစားရ။ ယခင်ကလည်း သူတို့နှစ်ဦး အကြောင်းအမျိုးအမျိုးနှင့် နမ်းဖူးကြသည်။ အသစ်အဆန်းမဟုတ်ချေ။

ဆုယီမော့ ခပ်မြန်မြန်ထလိုက်ပြီး ဘေးတွင် ခါးဆန့်ရပ်ကာ မျက်နှာပေးသေနှင့် ရန်ဖုန်ကောကို ဒေါသထွက် ခံပြင်းသည့် မျက်နှာဖြင့် ကြည့်သည်။

တကယ်တော့ ပြဿနာမှာ သူ ရန်ဖုန်ကောနှင့် နမ်းလိုက်မိသည့်အတွက် မဟုတ်။ ဤသည်မှာ သူတို့၏ ပထမဆုံးအကြိမ်မှ မဟုတ်လေဘဲ။ သောက်ပြဿနာအစစ်မှာ မည်သူက သူနှင့် ချွပ်စွပ်တူသည့်မျက်နှာကို အနမ်းပေးချင်ပါသနည်း ဆိုတာပင်။

စိတ်ငြိမ်အောင် အချိန်ပေးလိုက်ပြီးမှ ဆုယီမော့တစ်ယောက် သူ့မျက်နှာကိုတပ်ထားသည့် ရန်ဖုန်ကောကို ပြန်ကြည့်သည်။ သူ့ကိုယ်သူလည်း နောက်ထပ်ဒေါသမထွက်ခိုင်းတော့ပါ။ အဆုံးမှာ ကိုယ့်မျက်နှာကိုယ် လက်သီးနဲ့ထိုးရက်သည်လည်း မဟုတ်ပါဘဲ။

"မင်း ဟာသလုပ်လို့ပြီးပြီဆိုရင်လည်း ငါ့နောက်ကလိုက်ခဲ့"
ဆုယီမော့ ဗျစ်တောက်​ဗျစ်တောက်လုပ်ပြီး စင်္ကြံအတိုင်းလျှောက်သွားတော့သည်။

သူ၏ စိုနေသေးသော နှုတ်ခမ်းကို လက်ခုံဖြင့်သုတ်​လိုက်ပြီးနောက် ရန်ဖုန်ကောတစ်ယောက် ရင်ထဲ၌ ပြောမပြတတ်သော ခံစားချက်များ ပေါက်ဖွားလာသည်။

ခဏတာ သတိလက်လွတ်ဖြစ်သွားပြီးမှ သူ့အောက်က ငယ်သား၏ စူးစမ်းနေသော အကြည့်ပြင်းပြင်းတို့ကို ခံစားလိုက်ရသည်။ ရန်ဖုန်ကော လက်မှိုင်ချကာ မျက်ဖြူကိုလှန်၍ ထိုအကောင်ကြီးကြီးလူထံ လျှာထုတ်ပြလိုက်သည်။ပြီးမှ ဆုယီမော့၏ နောက်သို့ လိုက်သွား၏။

သူ၏ဘော့စ်က သူ့ကို လျှာထုတ်ပြသည်ကို မြင်လိုက်ရလျှင် အကောင်ကြီးကြီးလူမှာ ကြောက်လန့်၍  မူးမေ့မတတ်ဖြစ်သွားသည်။ ဆုယီမော့မှာ ကျိန်းသေပေါက် ထိုသို့လုပ်မည့် လူတစ်ယောက်မဟုတ်ပါ။ ဤလူလွန်မသားမှာ မည်သူများနည်း...?
ဘော့စ်ယောင်ဆောင်၍ ကိစ္စတွေရှုပ်ထွေးအောင်လုပ်ခဲ့တာတောင် ဘော့စ်က သူ့ကို ဒေါသမထွက်ဘူးလား?
အံ့ဖွယ်သရဲပေ.....

သူနှင့် နောက်တစ်ကြိမ်ဆုံကြလျှင် သူတို့ ဝေးဝေးကရှောင်သွားသင့်သည်ဟုအခြားသူများကို ပြောသင့်ပါပြီလော....?

>>>>>>>>>>>><<<<<<<<<<<

Vol 2 Ch 9 Difficulty Breathing

_______________________

ရန်ဖုန်ကော လေးတိလေးကန်ဖြင့် စင်္ကြံတစ်လျှောက် ဆုယီမော့နောက်သို့လိုက်လာခဲ့သည်။ ဆုယီမော့က သူ့အတွက်သီးသန့်ထားသည့် ကိုယ်ပိုင်အခန်း၏ တံခါးကိုဖွင့်ကာရှေ့ကဝင်သွားသည်။
ရန်ဖုန်ကော ဝင်သွားပြီးနောက် သူက ချက်ချင်းပင် တံခါးကိုပိတ်ကာ လော့ခ်ချလိုက်သည်။

နှာခေါင်းကို ဖွဖွထိရင်း ရန်ဖုန်ကောမေးလိုက်သည်။
"ထပ်တိုက်ချင်သေးတယ်လို့​​တော့
ငါ့ကိုမပြောဘူးမလား?"

အ​ဖြေပေးရမည့်အစား ဆုယီမော့က လှည့်လာကာ ရန်ဖုန်ကောကိုအသံတိတ် ကြည့်သည်။ သူ၏အကြည့်တွေက ယခင်ကလို အေးစက်ခြင်းမရှိတော့။

စိုက်ကြည့်ခံနေရခြင်းက အနေရခက်သည့်အတွက် ရန်ဖုန်ကော သူရပ်နေရာ နေရာမှသည် အခန်း၏အတွင်းပိုင်းသို့ စားပွဲရှိရာသို့ တန်းဝင်သွားလိုက်သည်။ ထို့နောက် ၄င်းပေါ်တွင်ထိုင်ကာ ခြေနှစ်ဖက်ကို ဖွဖွလွှဲနေသည်။ ဆုယီမော့ကို မော့မကြည့်လိုသည့်အတွက် ကိုယ့်ခြေထောက်များကိုကိုယ်ပြန်ကြည့်ရင်း မေးလိုက်သည်။
"ဒါနဲ့...ဘာကိစ္စများလဲ?"

"ငါ့မှာ မင်းကို တောင်းဆိုစရာကိစ္စတစ်ခုရှိတယ်"

"အာ...အဲဒါက ချော့ချည်တစ်ခါ ခြောက်ခါတစ်လှည့်ဆိုတဲ့ စကားလို့လား?"
ရန်ဖုန်ကော မေးကိုငေါ့ရင်း မလိုလားမှုအပြည့်ဖြင့် ကြည့်လိုက်သည်။

"အကြောင်းပြချက်မရှိဘဲနဲ့ မင်းက ငါ့ကို စတိုက်ခဲ့တာ"
ဆုယီမော့က
အသားပေး၍ပြောသည်။
"ငါက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခဲ့ရုံပဲ"

"ကျစ်"
ရန်ဖုန်ကော စုတ်သပ်၍ မျက်ဖြူလှန်လိုက်သည်။
"မင်း စိတ်ရင်းအတိုင်းပြောနေတာဆိုရင် အဲဒီမှာရပ်နေပြီး ငါ့ကိုရိုက်ခွင့်ပြုလေ"

"ငါက ဘာလို့ ဒီမှာရပ်ပြီး မင်းရိုက်တာကို ခံရမှာလဲ?"

"...ဒါကြောင့်မို့လို့ မင်းစိတ်ရင်းက အမှန်မဟုတ်ပါဘူးလို့ ငါပြောတာပေါ့"
ဆုယီမော့ကို ​ကြောက်သည့်အတွက် ကျင့်ချိုးဟန်ကို လှည့်စားရန် ဆုယီမော့လိုဟန်ဆောင်ခဲ့ရသည့်အကြောင်းပြချက်ကို ဝန်ခံဖို့ သူငြင်းဆန်လိုက်သည်။ ဤအရာသည် အဘယ်ကြောင့် လက်ဦးမှုယူ၍ ထိုသူ့ကိုတိုက်ခိုက်ရန်ဆုံးဖြတ်ခဲ့ရသလဲဆိုသည်၏ အကြောင်းဖြစ်သည်။

သည့်အပြင်... ရန်ဖုန်ကော သူ့ဟန်ဆောင်၍ သူ့ချစ်သူကလေးကို လှည့်စားရန်ကြိုးစားခြင်းကို သိသွားသည့်အတွက် ဆုယီမော့တော့ အတော်ကလေး မပျော်မရွှင်ဖြစ်သွားမှာပင်။ ထို့အတွက် အနည်းငယ်ကိုယ်လက်လှုပ်ရှားစေလိုက်ခြင်းက သူ့ကို ထိုခံစားချက်မှ ချော့မြူရန် ​အကူအညီပေးလိမ့်မည်။

'ကြည့်ပါလား...ဆုယီမော့ အခုဆို ပိုပြီး ထိန်းရသိမ်းရလွယ်သွားပြီ မဟုတ်ဘူးလား?'

သူ၏ ရေခဲတုံးသရုပ်ကို ထိန်းသိမ်းရန် ခက်တော့မည်မှန်း ဆုယီမော့နားလည်လိုက်သည်။

သူက အရာရာကို ပြတ်ပြတ်သားသားလုပ်တတ်သည့်တစ်စုံတစ်ယောက်ဖြစ်ဖူးခဲ့သည်။ ။ ဖြစ်ဖူးသည်က ဖြစ်ဖူးသည်ပင်။ သို့သော် ရန်ဖုန်ကောက ပုံပါအတိုင်းဖြစ်နေရာ ယခင်ကလိုတူညီသည့်သဘောထားကို ဆက်ထိန်းရန် အလွန်ခက်တော့မည်ဖြစ်ကြောင်း သူတွေ့လိုက်ရသည်။ ဆက်ထိန်းရန် ကြိုးပမ်းပြန်လျှင်လည်း တစ်ဖက်သူက ဝန်ခံရန်ငြင်းဆန်နေပါက မည်သို့တတ်နိုင်ပါမည်နည်း။

ယခုလိုပါပေ။

ဆုယီမော့ ဒေါသထွက်စရာတွန်းအားတစ်ခုကိုရှာဖွေရန် မတတ်နိုင်ပါလျှင်ပင်
သူ၏ ကိုယ်ပိုင်မျက်နှာကို စွပ်ထားသော ငတိက စားပွဲတွင်ထိုင်နေရင်း သူ၏ခြေထောက်နှစ်ဖက်ကို ထိုသို့ယမ်းပြနေလေ၏။ တဇွတ်ထိုးနိုင်မည့်ပုံလည်း သူ့မျက်နှာထက်​တွင် ပေါ်နေလေသည်။

သူ၏ ဒေါသများ ပျောက်ကွယ်သွားပြီးဖြစ်စေကာမူ ယခုအခါ ကူရာမဲ့သည့်ခံစားချက်တစ်ခု ပြည့်သိပ်လာသည်။

"အရင်ဆုံး မင်းရဲ့ မျက်နှာကိုပြန်ပြောင်းနိုင်မလား?"
သက်ပြင်းကျယ်ကျယ်ချလိုက်ချင်သည့် သူ့ဆန္ဒကိုချိုးနှိမ်ရင်း ဆုယီမော့မေးလိုက်သည်။ ထို့နောက် ခြေလှမ်းကျဲကျဲဖြင့် ရန်ဖုန်ကော၏ ရှေ့သို့ လျှောက်သွားလိုက်သည်။ သူနှင့်တစ်ထပ်တည်းတူသည့် လူစားထိုးကို ကြည့်ရင်း ဝိဉာဥ်လွှင့်သွားရသည့်အတွေ့အကြုံလိုမျိုး မခံစားရမိဘဲ မနေနိုင်ပါ။

ပါးပေါ်သို့ တစ်ချက်နှစ်ချက်ကုတ်ရင်း ရန်ဖုန်ကောက ဆိုသည်။
"ဘာကြောင့် ပြောင်းသင့်တာလဲ? ငါ့အထင် တော်တော်လေးကောင်းပါတယ်ဒါက"

"တော်တော်ကြီးထူးဆန်းတယ်လို့ခံစားရလို့"
ရန်ဖုန်ကောထံတွင် တစ်စုံတရာလုပ်ဆောင်မည့်ရည်ရွယ်ချက်ကို မတွေ့ရလျှင် ဆုယီမော့သည် မျက်နှာဖုံးကိုဆွဲခွာရန် ရည်ရွယ်ချက်ဖြင့် လက်ကိုလှမ်းလိုက်သည်။

"အိုက်ယား...နာတယ်လို့ နာတယ်... ဖြည်းဖြည်းလုပ်ပါ"
သူ့မျက်နှာမှာ သူ့ဆန္ဒမပါဘဲ ခြယ်လှယ်ခံနေရသည့်အတွက်
ရန်ဖုန်ကောတစ်ယောက် ဆုယီမော့ဆွဲခွာရာနောက်သို့ပါသွားရသည်။ သူ့မှာ စကားလုံးများကိုပင် အဆီအငေါ်တည့်အောင် မပြောနိုင်တော့ချေ။
"ကိုယ်ဘာသာကိုယ် လုပ်မယ်လို့...ကိုယ်ဘာသာ... လွှတ်...အာ့"

အစပိုင်းတွင် သူ၏လုပ်ဆောင်ချက်ကြောင့် နီတာလန်သွားသော မျက်နှာရုပ်ကြွင်းကို ကြည့်နေရင်း ဆုယီမော့တစ်ယောက် ဝိဉာဥ်နုတ်ခံလိုက်ရသလိုမျိုး ခံစားလိုက်ရသည်။ ဤမျှ စိတ်ပျက်ဖွယ်ရာမျိုး သူ ယခင်က ကြုံ မကြုံဖူးပါ။

ဆုယီမော့၏ မဲ့တဲ့တဲ့ ဖြစ်နေသည့် နှုတ်ခမ်းများကို ကြည့်ကာ ရန်ဖုန်ကော မျက်ဝန်းများက စိတ်သက်သာရာရမှု ​ဖျဖျလက်သွားသည်။

'သူ အကြာကြီး စိတ်ဆိုးမနေဘူးပဲ'

သူ့အတိုင်းအဆကိုသိသော ရန်ဖုန်ကောက ပါးနှင့် နားသယ်တို့ဆုံရာ နေရာတစ်ဝိုက်ကို စမ်းလိုက်သည်။
ထို့နောက် တစ်ချိန်လုံး သွားလေရာ ဆောင်ထားသည့်
အကြည်ရောင်မိတ်ကပ်ဖျက်ဆေးတစ်ဘူးကို ထုတ်ယူလိုက်၏။ နေ့ဝက်လောက်ထင်ရမည့် အချိန်ကြာသွားပြီးနောက်ဆုံးတွင် မျက်နှာဖုံးကို ခွာလိုက်နိုင်သည်။

"ဟူး...."
သက်ပြင်းတစ်ချက်ချကာ ဆုယီမော့ထံ သူ၏မျက်လုံးထောင့်မှ တစ်ချက်ကြည့်ပြီး ရန်ဖုန်ကော မေးလိုက်သည်။
"အခု...ငါတို့ အရေးကြီးတဲ့ကိစ္စတွေဆိုတာ ပြောကြတော့မလား?"

အရှေ့က အသားရောင်ဖြူဖြူနုနုထက်တွင် အောက်စီဂျင်ပြတ်လပ်မှုကြောင့် အနီရောင်အကွက်အကွက်ထနေသည့် မျက်နှာလေးကို သူအနည်းငယ်ငေးကြည့်မိသွားကြောင်း ဆုယီမော့သတိပြုလိုက်မိသည်။ သို့သော် ထိုမျှသာဖြစ်ပြီး အမူအရာကတုန့်ဆိုင်းမသွားခဲ့ချေ။

"တကယ်ဆို မင်းဗရုတ်ကျခဲ့တာ ငါတော်တော်စိတ်ဆိုးတယ်။ ဒါပေမဲ့ အခုငါစိတ်ငြိမ်သွားတော့ မင်းကို ဖုံးကွယ်နေမဲ့အစား ငါ့ရဲ့ကတ်တွေကို အကုန်လုံးပြလိုက်မယ်လို့ စိတ်ကူးမိတယ်။ အခု မင်းလည်း ကျင့်ချိုးဟန်နဲ့ဆုံပြီးပြီ။ သူ့ရဲ့စရိုက်၊ သူ့ရဲ့အမူအရာ၊ ဘယ်အခြေအနေမှာ သူဘယ်လိုတုန့်ပြန်တယ်ဆိုတာတွေ အူမချေးခါးမကျန် မင်းသိသွားပြီလို့ ငါထင်တယ်။ ဒါကြောင့်မို့လို့ ငါနောက်ထပ်ပြောမဲ့ဟာကို သေချာနားထောင်စေချင်တယ်"
ဆုယီမော့အသံမှာ ရုတ်ခြည်း ပို၍လေးနက်လာချေသည်။

"ငါ့ဘေးမှာ သူနေတဲ့ကာလတစ်လျှောက်လုံး တကယ်ပဲ ငါ့မိသားစုရဲ့စီးပွားရေးကို ပျက်သုဥ်းသွားစေနိုင်တဲ့ Falcon နဲ့ပတ်သတ်တဲ့ အချက်အလက်တွေ လန်ခွမ်းကိုပေးခဲ့တယ်။ တကယ်တော့ချိုးဟန်က ဒီလိုလုပ်ဖို့ဖိအားပေးခံနေရတာ "

"ငါ ချိုးဟန်ကိုလက်ခံခါစက သူငါ့ဆီ ရည်ရွယ်ချက်နဲ့ချဥ်းကပ်လာတာလားဆိုတာ သိချင်ခဲ့တယ်။ ဒါပေမဲ့ စမ်းသပ်မှုတွေအများကြီးပြီးတဲ့နောက်မှာတောင် သူက ငါ့ကို စိတ်မပျက်စေသေးဘူး"

"ဒါ့အပြင် ငါက သူ့ကိုသုံးပြီး လန်ခွမ်းကိုလည်း လက်စားချေခဲ့သေးတယ်။ ပြန်တွေးကြည့်ရရင် အဲဒါကို သရေလို့ ခေါ်ရမလား.."

"ချိုးဟန် ငါ့အပေါ်ရိုးသားဖို့ ငြင်းဆန်နေရတဲ့ အဓိက အကြောင်းက သူ့ညီမလေးက လန်ခွမ်းရဲ့လက်ထဲမှာ ရှိနေသေးလို့ပဲ"

"ဒါကြောင့်"

"ဒါကြောင့် ဒါကို မင်းက အခွင့်အရယူချင်တယ်။ ငါ့ကို အတွင်းသတင်းတချို့ပေးပြီး ကျင့်ချိုးဟန်လိုဟန်ဆောင်ပြီး လန်ခွမ်းနဲ့ညှိနှိုင်းစေမယ်၊ သူ့ညီမလေးကို ကယ်တင်စေမယ်။ ဒီနည်းလမ်းနဲ့ သူရော သူ့ညီမလေးရော မင်းရဲ့ကာကွယ်မှုအောက်ကို ရောက်လာလိမ့်မယ် မှန်လား?" ရန်ဖုန်ကောက ချက်ဆို နားခွက်ကမီးတောက်ပြီးသားပင်။ ဆုယီမော့ သူ့ဘာသာရှင်းပြပြီးသည်နှင့်နောက်တစ်ဆင့်က ဘာကိုဆိုလိုသည်ကို ရန်ဖုန်ကော ခန့်မှန်းနိုင်သွားလေပြီ။

'အား..သူက တကယ်ကြီး အစွဲ​​ကြီး
ရူးသွပ်တဲ့ငတုံးပဲ။ အရာအားလုံးကို စီမံလာပြီး အဆုံးကျမှ အသာစီးရတော့မဲ့ အမြတ်ကို စွန့်လွှတ်ဖို့ဆန္ဒရှိနေတယ်'

ဆုယီမော့ အနည်းငယ်အပြစ်ရှိသလိုခံစားနေရသည်။ သူ ရန်ဖုန်ကောနှင့် လက်ဦးစာချုပ်ခဲ့စဥ်က ရန်ဖုန်ကောကို ဤမျှ ထဲထဲဝင်ဝင်ခေါ်သွင်းဖို့ရန် စိတ်ကူးမရှိပေ။ ထိုသူ၏ အဓိကတာဝန်မှာ သံသယဖြစ်ဖွယ်များ ကြီးထွားမလာစေရေး ကျင့်ချိုးဟန်လိုတုပ​၍
ဖျော်ဖြေရေးအသိုင်းအဝိုင်းတွင် တစ်နှစ်သရုပ်ဆောင်ပေးရန်မျှသာ ဖြစ်သည်။

အလိုလေး..အပြီးသတ်တော့လည်း လူ့အကြံဆိုသည်မှာ မရေရာတတ်ရန်ကော...။
ယခုမူ ရန်ဖုန်ကော၏ ဖော်ထုတ်မှုဖြင့် ကျင့်ချိုးဟန်၏ သူလျှိုသတင်းပေးဟူသော အထောက်အထားက ပေါ်လာပြီး ချိုးဟန်ကလည်း သူ့ကို ဖွင့်ဟရှင်းပြလာခဲ့ပြီဖြစ်သည်။ သို့ဖြစ်ရာ ချိုးဟန်ညီမငယ် ဒုက္ခတောထဲမှ လွတ်မြောက်ရေးကို လျစ်လျူရှုပစ်ဖို့ရန် နည်းလမ်းမရှိတော့ချေ။
သို့အတွက် ရန်ဖုန်ကောကိုသာလျှင် အားကိုးစရာရှိတော့သည်။

'သူ့ကိုယ်သူတော့ ကာကွယ်နိုင်မှာပါနော်... ။
မဆိုင်တာပြောရရင်...အဲဒါက
အဲဒါက...
သိပ်တော့ အန္တရာယ်မကြီးလောက်ဘူးမလား...?'

"ငါမင်းရဲ့လုပ်အားခအတွက် နောက်ထပ် ဆယ်သန်းထပ်ပေးပါ့မယ်'
ဆုယီမော့က ငြင်ငြင်သာသာပြောသည်။ ထိုအခိုက်တွင် သူကလွန်စွာယုံကြည်မှုနည်းနေသလို ခံစားနေရသည်။

မည်သို့ပြောရမည်မသိတော့ဘဲ ရန်ဖုန်ကော သူ၏လက်တွင်းက လတ်လတ်ဆတ်ဆတ် အခွာခံထားရသည့် မျက်နှာဖုံးဆီ ကြည့်နေမိ၏။ အချိန်တွေဆွဲပြီးမှ ပဟေဠိဆန်သောအသံဖြင့် သူပြောလာသည်။
"မင်းရဲ့ ချစ်သူလေးအပေါ် တအားကောင်းတာပဲ"

"ဒါ ဒါဆို.. မင်း"
ဆုယီမော့ ရင်ထဲတွင် ဘာဖြစ်သွားမှန်းမသိပါ။ သူလုပ်နိုင်လိုက်သည်မှာ မသက််မသာနှင့် ထစ်အထစ်အ ဖြစ်သွားခြင်းသာ။

ထိုသူ၏ စိတ်ဒုက္ခရောက်သွားသည့် အမူအရာကို မြင်ရလျှင် ရန်ဖုန်ကော၏ ရင်ထဲတွင် ကြိုးများဖြင့် ဆောင့်ဆွဲခံလိုက်ရသလိုဖြစ်သွားပြီး ကြွတက်လာသော ထူးဆန်းသည့် သူ့ခံစားများကို နှိမ်နင်းရန် ဆုံးဖြတ်လိုက်ရသည်။ လက်ထဲက မျက်နှာဖုံးကို တင်းတင်းကြပ်ကြပ်စုကိုင်မိရင်း ရန်ဖုန်ကောစားပွဲပေါ်က ခုန်ဆင်းလိုက်သည်။
"အိုခေ...သဘောတူတယ်"

ဆုယီမော့ဘက်က ကျေးဇူးတင်စကားပြောရန် သူ့နှုတ်ကို မဟရသေးခင်ပင် ရန်ဖုန်ကောက တန်းပြောလိုက်သည်။
"ဒါပေမဲ့...ဒီအချိန်မှာ အရင်ဆုံး ငါ့အကောင့်ထဲကို ငွေရောက်နေတာ မြင်ချင်တယ်။ ငါ အတည်ပြုပြီးတာနဲ့ အားလုံးလုပ်ပေးမယ်"

[TN/ 😣 သနားလိုက်တာ]

"ကိစ္စမရှိဘူး။ ငါအခုပဲ ငါ့လူတွေကို ဖုန်းခေါ်ပြီး မင်းအကောင့်ထဲ ငွေတွေလွှဲခိုင်းလိုက်မယ်"
ရှားရှားပါးပါး ပီတိဖြစ်သွားသည့်အမူအရာမျိုး ဆုယီမော့၏ မျက်နှာထက်တွင် ပေါ်လာသည်။

ရန်ဖုန်ကော၏မျက်ဝန်းများထဲ၌ လျှို့ဝှက်သည့်ခံစားချက်တစ်မျိုး ဖြတ်ပြေးသွားပါသည်။

ဆုယီမော့၏ လက်နှစ်ဖက်က ရန်ဖုန်ကော၏ ပုခုံးကို ပုတ်လာ၏။
"မင်းက ဒါကို ငွေရလို့လုပ်တယ်ဆိုရင်တောင်...ငါ တကယ်ပဲမင်းကို ကျေးဇူးတင်ဖို့လိုသေးတယ်"

"ဒါဆို မင်းရဲ့ကျေးဇူးတင်မှုကို လက်ခံလိုက်မယ်"
ရန်ဖုန်ကောက အေးဆေးတည်ငြိမ်စွာတုန့်ပြန်သည်။

ဆုယီမော့က ပုခုံးများကို တင်းတင်းကြပ်ကြပ် ညှစ်လာရင်း
"ဒီလိုဆို ငါသွားပြီးစီစဥ်လိုက်တော့မယ်။ ငါတို့အိမ်ပြန်ရောက်မှ ဒီအကြောင်းနဲ့ပတ်သတ်ပြီး ဆက်ဆွေးနွေးကြတာပေါ့"ဟုဆိုသည်။

"ကောင်းပြီ"
မည့်သည့် အားနည်းမှုကိုမျှမပြဘဲ ပြီးပြည့်စုံသည့်အပြုံးတစ်ခုနှင့်
သူ ဖြေလိုက်သည်။

ဆုယီမော့ အခန်းတွင်းမှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ရန်ဖုန်ကော၏ နှုတ်ခမ်းပါးထက်က ထိုအပြုံးမှာ တောင့်တောင့်ခဲခဲကြီး ဖြစ်သွားတော့သည်။ သူ၏ခေါင်းက တွေတွေဝေဝေဖြင့် ငုံ့သွားပြီး လက်ထဲက တွန့်ကြေနေသည့် အရေပြားတုကို ငုံ့ကြည့်နေလေသည်။
သူ ၄င်းကို သူ၏ရင်ဘတ်နားဆီ မြှောက်ကိုင်လိုက်ပြီး အဘယ်ကြောင့် ဤရပ်ဝန်း၌ မသက်မသာခံစားနေရသည်ကိုသိချင်နေလေသည်။
သူ၏ရင်ဘတ်တည့်တည့်တွင်ကား ကျောက်တုံးကြီး ဆွဲထားခံရသလိုမျိုးနှင့် အသက်ရှူရန် ခက်လှပါဘိ။

_____________

လန့်ထင်ဟိုတယ်....

ဥက္ကဌရုံးခန်း

"ဘော့စ်...ဒါဘော့စ်လိုချင်နေတဲ့ အချက်အလက်တွေပါ"

"အဲဒီမှာ ထားလိုက်"
လန်ခွမ်းက သူ၏လက်ကို အမှတ်တမဲ့ ယမ်းလိုက်သည်။ လက်ဖက်ရည်ပွဲဘေးတွင် မှတ်တမ်းမှတ်ရာများကို ဂရုတစိုက်နေရာချပြီး သူ၏ငယ်သားသည် အခန်းထဲမှထွက်သွားကာ လန်ခွမ်းကို အခန်းကျယ်ကြီးထဲတွင် တစ်ဦးတည်းထားခဲ့လေသည်။

လန်ခွမ်းမှာ သူ့ကိုယ်သူ အလွန်တော်ရိလျော်ရိသာ ဝတ်စားထားပုံရသည်။ အဖြူရောင်ပြောင် ဝတ်ရုံတစ်ထည်ကိုခါးတွင်လျော့တိလျော့ရဲ စည်းဝတ်ကာ သူ၏လက်ထဲက ဝီစကီခွက်မှာ တစ်ချိန်လုံးခွာခဲ့ပုံမရချေ။

ဆိုဖာပေါ်တွင် ခြေပစ်လက်ပစ်ထိုင်ကာ သူ၏ ရေချိုးခန်းဝတ်ရုံက တစ်ဝက်တပျက် လျော့တွဲကျလျက် သူ၏ကောင်းစွာထုဆစ်ထားသည့် ရင်ဘတ်ကို ကမ္ဘာကြီးထံလှစ်ဟပြထား၏... ဤသည်မှာ လန်ခွမ်း အတိအကျနှစ်သက်သည့် နေပုံနေနည်းပင်ဖြစ်သည်။

တစ်စုံတစ်ယောက်သည် ဂရုတစိုက်ရှုစားပါလျှင် ထိုပြီးပြည့်စုံသည့် ရင်အုပ်ထက်တွင် ရုပ်ဖျက်နေသည့် အမာရွတ်ရာ ခပ်မှိန်မှိန်တစ်ခုကိုတွေ့ရလိမ့်မည်။ စင်စစ် အမာရွတ်မှာ ဘယ်နေရာတွင် ရှာရမည်မှန်းမသိပါက သတိမထားမိလောက်အောင်ကို မှိန်နေပြီတော့ဖြစ်သည်။

အကယ်တန္တု လန်ခွမ်း၏ ရင်အုပ်ထက်က အမာရွတ်ရာမှာ အန်းမူ၏ ကိုယ်ပေါ်ကတစ်ခုနှင့် အလွန်ကိုတူလှသည်။ နှစ်ခုစလုံးက ကြက်ခြေခတ်ရာများဖြစ်ကြ၏။

တစ်ယောက်တွင် ထင်ထင်ရှားရှားဖြစ်ပြီး တစ်ယောက်တွင် မှိန်နေခြင်းသာ ကွာခြားသည်။

လန်ခွမ်းက ဝီစကီကို ဖြည်းဖြည်းချင်းစုပ်သောက်ရင်း လျှာဖျားထက်တွင်အရသာခံနေသည်။ သူကရှေ့သို့ကိုင်း၍ သူ့ငယ်သားယူလာပေးသည့် ဖိုင်ကို လှမ်းယူကာ ပေါင်ပေါ်တွင်တင်၍ ပထမစာမျက်နှာသို့ လှန်လိုက်သည်။

၄င်းစာမျက်နှာတွင် သူနှင့်အန်းမူအတူရှိစဥ်က သတင်းစာပါအကြောင်းအရာများ..ကောလာဟလများ အားလုံးပါဝင်သည်။

သူ့မျက်လုံးက ဓာတ်ပုံတစ်ပုံပေါ်ရောက်သွား၏။ ၄င်းက ဝါးနေသည်။

လူနှစ်ယောက်၏ အဖွဲ့လိုက်ပုံဖြစ်သည်။

အမှန်တော့..ထိုဟာက အဖွဲ့လိုက်ပုံမဟုတ်။ သတင်းသမားတစ်ယောက်ထံမှ လန်ခွမ်းဖြတ်ယူထားသော အရာသာဖြစ်သည်။ ထို့နောက် သူ ဓာတ်ပုံကူးခဲ့ခြင်းဖြစ်၏။

လွန်ခဲ့သော နှစ်နှစ်ခန့်ကပင်။

အမျိုးသားနှစ်ဦးလုံး၏ မျက်နှာများမှာမှတ်မိရန်မဖြစ်နိုင်ပေ။ သို့သော် နှစ်ယောက်စလုံးတွင် စီးပိုးသော အရှိန်အဝါများရှိနေလေသည်။

ကုတင်​၏အလယ်တွင် လဲကျနေသည့် တစ်ယောက်က မြင်းစီးတစ္ဆေမျက်နှာဖုံးကို ဝတ်ဆင်ထားပြီး ကုတင်ဘေးတွင် ရပ်နေသည့်အရပ်ရှည်ရှည်လူက နတ်ဆိုးမျက်နှာဖုံးကို ဝင်ဆင်ထားကာ ဒိုမီနန့်တစ်ယောက်၏ပုံပေါ်နေသည်။

Costume ပါတီတစ်ခု၏ ညမှာဖြစ်သည်။ ပုံမှန်အားဖြင့် လန်ခွမ်းသည် ထိုလိုအခမ်းအနားမျိုး၌ ပါဝင်တတ်သူတစ်ယောက်မဟုတ်။ သို့သော် ယင်းမှာ သူ၏ ထောက်ပံ့သူများမှ စုရုံးကျင်းပသည့် ပွဲတစ်ခုဖြစ်ရာ လန်ခွမ်းလည်းတက်ရောက်ရန် ဖိအားပေးခြင်းခံရတော့သည်။

ထိုညတွင်လန်ခွမ်းက မြင်းစီးတစ္ဆေမျက်နှာဖုံးကို ဝတ်ဆင်ခဲ့ပြီး နတ်ဆိုးမျက်နှာဖုံးအောက်က လူမှာ အန်းမူဖြစ်သည်။

ထိုညတွင် အားလုံးသည် နတ်ဆိုး၏မျက်လုံးပေါက်များအောက်မှ ထွက်ပေါ်နေသည့် ညှို့ယူဖမ်းစားတတ်၍ ဉာဏ်နီဉာဏ်နက်များဟန်ရသော မျက်ဝန်းတစ်စုံကို မြင်နိုင်ခဲ့ကြသည်။

အကြည့်တစ်ချက်မှာ လန်ခွမ်း၏နှလုံးသားကို ဖမ်းမိရန် လုံလောက်ခဲ့ပါပေ၏။

>>>>>>>>><<<<<<<<<<<<<<


Zawgyi

Vol 2 Ch 8 Force over words

_______________________

ရန္ဖုန္ေကာ အခန္းထဲမွထြက္လာခ်ိန္  ေရွးမဆြက သူလွည့္စားခဲ့ေသာ ဆုယီေမာ့၏ေနာက္လိုက္မ်ားမွာ မည္သည္ကိုမွ် မေျပာနိုင္ေသးခင္ သူ႕ကို လာဝိုင္းၾက၏။ အားလုံးတြင္ အေတြးတစ္ခုတည္းသာရွိသည္။ သူတို႔ သူ႕အား သင္ခန္းစာတစ္ခုေပးခ်င္၏။

ရန္ဖုန္ေကာက မ်က္ျဖဴလွန္လိုက္ကာ ထိုသူတို႔ထံဝတ္ေက်တန္းေက် ၿပဳံးျပလိုက္သည္။ လက္ညွိုးကို ႏႈတ္ခမ္းေပၚတင္ၿပီး "တိုးတိုး"ဟူေသာ အမူအရာျပလိုက္ေသး၏။

ထိုလက္ညွိုးက သူတို႔ထံထိုးလာ၍ တျဖည္းျဖည္း ျပန္႐ုတ္သြားၿပီး သူတို႔အလိုရွိပါက သူ႕အား တိုက္ခိုက္ရန္ခြင့္ျပဳေၾကာင္း အရိပ္အေယာင္ျပေနသည္ကို ျမင္ရေသာအခါ လူအနည္းငယ္မွာ ၾကက္ေသေသ သြားၾကသည္။

သူ၏ ထိကပါးရိကပါး ရန္စမႈေၾကာင့္ ရန္ဖုန္ေကာ၏ ညွိုးဘက္အားလုံးတို႔သည္ သူ႕ထံေျပးဝင္လာၾကကုန္သည္။

ဆုယီေမာ့၏ေနာက္လိုက္မ်ားကို ရန္ဖုန္ေကာတစ္ေယာက္ ဗ်ာပါမမ်ားဘဲ စာရင္းရွင္းထုတ္လိုက္သည္။ ေခြၽးပင္မထြက္လိုက္.....
ဆုယီေမာ့၏ ငယ္သားအားလုံး နံရံေဘး၌အပုံလိုက္ထပ္က်န္ခဲ့ျခင္းသာ ေျပာစရာက်န္သည္။

လူခ်မ္းသာသခင္ႀကီးတစ္ေယာက္ပမာ ျပဳမူရင္း ရန္ဖုန္ေကာ၏ေျခေထာက္တစ္ဖက္မွာ ေနာက္ဆုံးက်န္သည့္ အေကာင္ႀကီးႀကီးလူ၏ပုခုံးေပၚတြင္ အနားယူေနသည္။ သူ၏ အကၤ်ီလက္အနားမ်ားကိုလည္း အလြန္အၾကဴး ဒရာမာဆန္ဆန္ ခါထုတ္လိုက္ေသးသည္။ ေျခေထာက္အတင္ခံထားရသည့္ လူမွာ ေနာက္ျပန္လွဲခ်ရန္ဆုံးျဖတ္လိုက္ၿပီးေနာက္ သူ၏ေနာက္ေစ့မွာ ၾကမ္းျပင္ႏွင့္ ဒုတ္ခနဲမိတ္ဆတ္သြား၍ အက်ိဳးဆက္အေနျဖင့္ သူ႕ကိုယ္သူ အျပတ္ခိုက္ေအာင္လုပ္မိသြားသည္။

တစ္ခ်က္သမ္းလိုက္ရင္း ရန္ဖုန္ေကာ ေျခေထာက္ကို ႐ုတ္၊ လက္ႏွစ္ဖက္ကို ျဖည္းျဖည္းခ်င္းပိုက္ကာ နံရံကိုပ်င္းပ်င္းရိရိ မွီလိုက္၏။ ထို႔ေနာက္ သိုးတစ္ေကာင္ သိုးႏွစ္ေကာင္ ေရတြက္ေနလိုက္သည္။
ၾကာလိုက္တာ.......

ထိို႔သို႔ေရတြက္ ေနခဲ့သည္မွာ ခဏသာျဖစ္ၿပီး ေနာက္ဆုံးတြင္ ဆုယီေမာ့ အခန္းျပင္သို႔ ထြက္လာသည္။

ရန္ဖုန္ေကာ ခႏၶာကိုယ္ကို ဆန့္လိုက္၍ သူကသာ စတင္လႈပ္ရွားသူျဖစ္ရန္ ဆုံးျဖတ္လိုက္ၿပီး ေျခကို ေရွ႕သို႔လႊဲကန္လိုက္သည္။

ရန္ဖုန္ေကာဘက္ကစတင္ လက္ဦးမႈယူလိမ့္မည္ဟု ဆုယီေမာ့ ေမွ်ာ္လင့္မထား။ ဤလူက သူအခြင့္အေရးမရခင္ သူ႕ကိုရန္စရန္ သတၱိရွိေနၿပီး ဦးစြာ လက္စားေခ်ရန္ပင္ ႀကိဳးပမ္းေနေသးသည္။
ထို႔ေၾကာင့္ ဆုယီေမာ့လည္း လ်င္လ်င္ျမန္ျမန္ တုန့္ျပန္လိုက္သည္။ ရန္ဖုန္ေကာ၏ကန္ခ်က္ကို ေရွာင္ရင္း တံခါးကို ပိတ္လိုက္ကာ ကိုယ္ကိုအျမန္လွည့္၍ ရန္ဖုန္ေကာ၏ညာဘက္သို႔ တန္ျပန္လက္သီးတစ္လုံးပစ္သြင္းလိုက္သည္။

ရန္ဖုန္ေကာ သူ႕ရန္သူ၏ ရည္႐ြယ္ခ်က္ကို နားလည္သည္။
အေနာက္သို႔ ႐ုတ္ျခည္းဆုတ္လိုက္ၿပီးမွ ဆုယီေမာ့ထံ အေျဖာင့္ကန္ခ်က္တစ္ခုထပ္ေပးသည္။

Falcon ရဲ႕ ေခါင္းေဆာင္... သူက ေတာ္ေတာ္ေလး အထင္ႀကီးစရာေကာင္းသင့္တာေပါ့..မဟုတ္ဘူးလား?

ေကာင္းၿပီ...
ဆုယီေမာ့၏ အမ်က္ေဒါသကို မည္မွ်အတိုင္းအတာအထိေရာက္ ေအာင္ သူတြန္းအားေပးနိုင္မည္လဲ ရန္ဖုန္ေကာစိတ္မဝင္စား...သူဆႏၵရွိသည့္တစ္ခုတည္းေသာ အရာမွာ အရည္အေသြးျမင့္သည့္ တစ္စုံတစ္ေယာက္ႏွင့္ လက္ရည္ဖလွယ္ရန္သာျဖစ္သည္။

ဆုယီေမာ့က စိတ္မပ်က္ေစခဲ့ပါ။
သူ၏လႈပ္ရွားမႈတိုင္းသည္ တိက်ဖ်တ္လတ္ေနခဲ့သည္။ ရန္ဖုန္ေကာက ေရွ႕သို႔ကန္လိုက္ေသာအခါ ဆုယီေမာ့က ကြၽမ္းကြၽမ္းက်င္က်င္ ေရွာင္ၿပီးေျခေထာက္ႏွင့္ လြတ္လြတ္ကြၽတ္ကြၽတ္ျဖစ္သြားသည္ႏွင့္ အားအေပ်ာ့ဆုံးေသာ ေထာင့္ခ်ိဳးမွတဆင့္ လက္ကိုဆတ္ခနဲဆန့္၍ ေျခက်င္းဝတ္ကို ဖမ္းကိုင္၊ ခြန္အားအျပည့္ပစ္ေပါက္လိုက္သည္။

ရန္ဖုန္ေကာကလည္း လ်င္ျမန္သြက္လက္လွၿပီး ေလထဲတြင္ ကြၽမ္းတစ္ပတ္​ပစ္ကာ သူ႕ကိုယ္သူ ျပန္တည့္ရင္း ၾကမ္းျပင္ေပၚသို႔ လွလွပပက်လာခဲ့သည္။ ထို႔ေနာက္ ဆုယီေမာ့ထံ ေနာက္တစ္ႀကိမ္တိုးဝင္သြား၏။

ဆုယီေမာ့က ကိုယ္လုံးခ်င္းေဆာင့္ခ်က္ကို လႊဲေရွာင္ကာ ရန္ဖုန္ေကာ၏ ရက္ၫြန့္ေနရာသို႔ တံေတာင္ျဖင့္တိုက္သည္။ဆုယီေမာ့၏ ဆန့္ထုတ္လိုက္သည့္တံေတာင္ႏွင့္ ေတြ႕ဆုံခါနီးတြင္ ရန္ဖုန္ေကာအသက္ရႈေအာင့္ကာ လက္က ဆုယီေမာ့၏ လည္ပင္းကိုလွမ္းလိမ္ ဒူးနဲ႕တိုက္၍ ေဆာင့္ခ်ပစ္ရန္ အားထုတ္လိုက္သည္။ သို႔ရာတြင္ ဆုယီေမာ့က လွဲခ်မခံဘဲ ဟန္ခ်က္ကို ထိန္းကာ ေက်ာကိုမတ္၍ ထိုအစား ရန္ဖုန္ေကာကို ၾကမ္းျပင္ေပၚကိုင္ေပါက္လိုက္သည္။

ရန္ဖုန္ေကာ ​ၾကမ္းျပင္ေပၚသို႔ မက်၊မထိေသးဘဲ တန္းလန္းျဖစ္ေနၿပီး  အားအင္ကို စုစည္း၍မရသည့္အတြက္
ဆုယီေမာ့၏ အကၤ်ီေကာ္လံကို ဆုပ္ကိုင္ကာ မွ်ေျခကို ျပန္ယူသည္။ သူ႕ေကာ္လံကို ႐ုတ္တရက္ဆြဲလိုက္သည့္အတြက္
ဆုယီေမာ့ဟန္ခ်က္မထိန္းနိုင္ျဖစ္သြားၿပီး ေျခ​ႏွစ္လွမ္းေလာက္ ေရွ႕တိုးလိုက္ရသည္။ ကံဆိုးခ်င္သျဖင့္ ေျခေထာက္မွာ ယခင္ကလွဲသိပ္ခံထားရသည့္ သူ႕ငယ္သားမ်ားထဲက တစ္ဦး၏ ေျခက်င္းဝတ္ႏွင့္တိုက္မိသြားသည္။ ဆုယီေမာ့​ ေနာက္တစ္လွမ္းဆက္လွမ္းလိုက္လွ်င္ သူ၏ မေတာ္တဆ ေျခနင္းက တစ္ဖက္သူကို ဒဏ္ရာျပင္းထန္သြားေစမွာ စိုးရိမ္သြားသည္။ သူ႕တြင္ ဂ႐ုမစိုက္တတ္သည့္ စရိုက္မ်ိဳး​ရွိေကာင္းရွိနိုင္ေသာ္လည္း ေသြးေအးသူဟုေတာ့ မဆိုလိုနိုင္ပါ။ ထိုေၾကာင့္ အျခားေသာေ႐ြးခ်ယ္စရာမွာ သူ႕ကိုယ္သူ ရန္ဖုန္ေကာ၏ အေပၚသို႔ လဲက်ေစရန္သာ ရွိေတာ့သည္။

ရန္ဖုန္ေကာမွာလည္း အေစာကအေကာင္ႀကီးႀကီးလူ၏ လက္မ်ားေၾကာင့္ ေျခၿငိသြားၿပီး ဆုယီေမာ့လဲက်လာသည့္တည့္တည့္တြင္ ေရာက္သြားသည္။

လူႏွစ္ေယာက္၏အေလးခ်ိန္ႏွင့္ ေဆာင့္လိုက္သည့္ေဆာင့္ခ်က္က အေကာင္ႀကီးႀကီးလူအား လက္ေတြ႕ေလာကသို႔ ထပ္တစ္ဖန္သတိလည္လာေစသည္။ မႈန္ဝါးေနသည့္ သူ႕မ်က္လုံးမ်ား ၾကည္လင္သြားခ်ိန္ ျမင္လိုက္ရသည့္ ပထမဆုံးအရာမွာ သူ႕ေဘာ့စ္နဲ႕သူ႕ေဘာ့စ္.....
နမ္းေနၾကတာ...?

ရန္ဖုန္ေကာ ေက်ာေအာင့္သြား၏။ အျခားသူတစ္ေယာက္အေပၚ ျပဳတ္က်သြားျခင္း ျဖစ္ေသာ္လည္း အေကာင္​ႀကီးႀကီးလူ၏ ခႏၶာကိုယ္မွာ သံမဏိအလားပင္.. ဘာမွ်ထူးသြားသည္ဟု မခံစားရ။

သူေမာ့ၾကည့္လိုက္ခ်ိန္ ဆုယီေမာ့၏ တုန္လႈပ္သြားသည့္ အၾကည့္မ်ားကို ဖမ္းမိလိုက္ေသးသည္။

'ငါ့အထင္... သူက ငါတို႔ႏွစ္ေယာက္ အနမ္းနဲ႕ေျဖရွင္းလိုက္ၾကဖို႔ ေတြးေနတာေတာ့ မဟုတ္ေလာက္ပါဘူးေနာ္?'

အျခားတစ္ဖက္တြင္လည္း ရန္ဖုန္ေကာ ထူးထူးျခားျခားမခံစားရ။ ယခင္ကလည္း သူတို႔ႏွစ္ဦး အေၾကာင္းအမ်ိဳးအမ်ိဳးႏွင့္ နမ္းဖူးၾကသည္။ အသစ္အဆန္းမဟုတ္ေခ်။

ဆုယီေမာ့ ခပ္ျမန္ျမန္ထလိုက္ၿပီး ေဘးတြင္ ခါးဆန့္ရပ္ကာ မ်က္ႏွာေပးေသႏွင့္ ရန္ဖုန္ေကာကို ေဒါသထြက္ ခံျပင္းသည့္ မ်က္ႏွာျဖင့္ ၾကည့္သည္။

တကယ္ေတာ့ ျပႆနာမွာ သူ ရန္ဖုန္ေကာႏွင့္ နမ္းလိုက္မိသည့္အတြက္ မဟုတ္။ ဤသည္မွာ သူတို႔၏ ပထမဆုံးအႀကိမ္မွ မဟုတ္ေလဘဲ။ ေသာက္ျပႆနာအစစ္မွာ မည္သူက သူႏွင့္ ခြၽပ္စြပ္တူသည့္မ်က္ႏွာကို အနမ္းေပးခ်င္ပါသနည္း ဆိုတာပင္။

စိတ္ၿငိမ္ေအာင္ အခ်ိန္ေပးလိုက္ၿပီးမွ ဆုယီေမာ့တစ္ေယာက္ သူ႕မ်က္ႏွာကိုတပ္ထားသည့္ ရန္ဖုန္ေကာကို ျပန္ၾကည့္သည္။ သူ႕ကိုယ္သူလည္း ေနာက္ထပ္ေဒါသမထြက္ခိုင္းေတာ့ပါ။ အဆုံးမွာ ကိုယ့္မ်က္ႏွာကိုယ္ လက္သီးနဲ႕ထိုးရက္သည္လည္း မဟုတ္ပါဘဲ။

"မင္း ဟာသလုပ္လို႔ၿပီးၿပီဆိုရင္လည္း ငါ့ေနာက္ကလိုက္ခဲ့"
ဆုယီေမာ့ ဗ်စ္ေတာက္​ဗ်စ္ေတာက္လုပ္ၿပီး စၾကၤံအတိုင္းေလွ်ာက္သြားေတာ့သည္။

သူ၏ စိုေနေသးေသာ ႏႈတ္ခမ္းကို လက္ခုံျဖင့္သုတ္​လိုက္ၿပီးေနာက္ ရန္ဖုန္ေကာတစ္ေယာက္ ရင္ထဲ၌ ေျပာမျပတတ္ေသာ ခံစားခ်က္မ်ား ေပါက္ဖြားလာသည္။

ခဏတာ သတိလက္လြတ္ျဖစ္သြားၿပီးမွ သူ႕ေအာက္က ငယ္သား၏ စူးစမ္းေနေသာ အၾကည့္ျပင္းျပင္းတို႔ကို ခံစားလိုက္ရသည္။ ရန္ဖုန္ေကာ လက္မွိုင္ခ်ကာ မ်က္ျဖဴကိုလွန္၍ ထိုအေကာင္ႀကီးႀကီးလူထံ လွ်ာထုတ္ျပလိုက္သည္။ၿပီးမွ ဆုယီေမာ့၏ ေနာက္သို႔ လိုက္သြား၏။

သူ၏ေဘာ့စ္က သူ႕ကို လွ်ာထုတ္ျပသည္ကို ျမင္လိုက္ရလွ်င္ အေကာင္ႀကီးႀကီးလူမွာ ေၾကာက္လန့္၍  မူးေမ့မတတ္ျဖစ္သြားသည္။ ဆုယီေမာ့မွာ က်ိန္းေသေပါက္ ထိုသို႔လုပ္မည့္ လူတစ္ေယာက္မဟုတ္ပါ။ ဤလူလြန္မသားမွာ မည္သူမ်ားနည္း...?
ေဘာ့စ္ေယာင္ေဆာင္၍ ကိစၥေတြရႈပ္ေထြးေအာင္လုပ္ခဲ့တာေတာင္ ေဘာ့စ္က သူ႕ကို ေဒါသမထြက္ဘူးလား?
အံ့ဖြယ္သရဲေပ.....

သူႏွင့္ ေနာက္တစ္ႀကိမ္ဆုံၾကလွ်င္ သူတို႔ ေဝးေဝးကေရွာင္သြားသင့္သည္ဟုအျခားသူမ်ားကို ေျပာသင့္ပါၿပီေလာ....?

Vol 2 Ch 9 Difficulty Breathing

_______________________

ရန္ဖုန္ေကာ ေလးတိေလးကန္ျဖင့္ စၾကၤံတစ္ေလွ်ာက္ ဆုယီေမာ့ေနာက္သို႔လိုက္လာခဲ့သည္။ ဆုယီေမာ့က သူ႕အတြက္သီးသန့္ထားသည့္ ကိုယ္ပိုင္အခန္း၏ တံခါးကိုဖြင့္ကာေရွ႕ကဝင္သြားသည္။
ရန္ဖုန္ေကာ ဝင္သြားၿပီးေနာက္ သူက ခ်က္ခ်င္းပင္ တံခါးကိုပိတ္ကာ ေလာ့ခ္ခ်လိဳက္သည္။

ႏွာေခါင္းကို ဖြဖြထိရင္း ရန္ဖုန္ေကာေမးလိုက္သည္။
"ထပ္တိုက္ခ်င္ေသးတယ္လို႔​​ေတာ့
ငါ့ကိုမေျပာဘူးမလား?"

အ​ေျဖေပးရမည့္အစား ဆုယီေမာ့က လွည့္လာကာ ရန္ဖုန္ေကာကိုအသံတိတ္ ၾကည့္သည္။ သူ၏အၾကည့္ေတြက ယခင္ကလို ေအးစက္ျခင္းမရွိေတာ့။

စိုက္ၾကည့္ခံေနရျခင္းက အေနရခက္သည့္အတြက္ ရန္ဖုန္ေကာ သူရပ္ေနရာ ေနရာမွသည္ အခန္း၏အတြင္းပိုင္းသို႔ စားပြဲရွိရာသို႔ တန္းဝင္သြားလိုက္သည္။ ထို႔ေနာက္ ၄င္းေပၚတြင္ထိုင္ကာ ေျခႏွစ္ဖက္ကို ဖြဖြလႊဲေနသည္။ ဆုယီေမာ့ကို ေမာ့မၾကည့္လိုသည့္အတြက္ ကိုယ့္ေျခေထာက္မ်ားကိုကိုယ္ျပန္ၾကည့္ရင္း ေမးလိုက္သည္။
"ဒါနဲ႕...ဘာကိစၥမ်ားလဲ?"

"ငါ့မွာ မင္းကို ေတာင္းဆိုစရာကိစၥတစ္ခုရွိတယ္"

"အာ...အဲဒါက ေခ်ာ့ခ်ည္တစ္ခါ ေျခာက္ခါတစ္လွည့္ဆိုတဲ့ စကားလို႔လား?"
ရန္ဖုန္ေကာ ေမးကိုေငါ့ရင္း မလိုလားမႈအျပည့္ျဖင့္ ၾကည့္လိုက္သည္။

"အေၾကာင္းျပခ်က္မရွိဘဲနဲ႕ မင္းက ငါ့ကို စတိုက္ခဲ့တာ"
ဆုယီေမာ့က
အသားေပး၍ေျပာသည္။
"ငါက ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ခဲ့႐ုံပဲ"

"က်စ္"
ရန္ဖုန္ေကာ စုတ္သပ္၍ မ်က္ျဖဴလွန္လိုက္သည္။
"မင္း စိတ္ရင္းအတိုင္းေျပာေနတာဆိုရင္ အဲဒီမွာရပ္ေနၿပီး ငါ့ကိုရိုက္ခြင့္ျပဳေလ"

"ငါက ဘာလို႔ ဒီမွာရပ္ၿပီး မင္းရိုက္တာကို ခံရမွာလဲ?"

"...ဒါေၾကာင့္မို႔လို႔ မင္းစိတ္ရင္းက အမွန္မဟုတ္ပါဘူးလို႔ ငါေျပာတာေပါ့"
ဆုယီေမာ့ကို ​ေၾကာက္သည့္အတြက္ က်င့္ခ်ိဳးဟန္ကို လွည့္စားရန္ ဆုယီေမာ့လိုဟန္ေဆာင္ခဲ့ရသည့္အေၾကာင္းျပခ်က္ကို ဝန္ခံဖို႔ သူျငင္းဆန္လိုက္သည္။ ဤအရာသည္ အဘယ္ေၾကာင့္ လက္ဦးမႈယူ၍ ထိုသူ႕ကိုတိုက္ခိုက္ရန္ဆုံးျဖတ္ခဲ့ရသလဲဆိုသည္၏ အေၾကာင္းျဖစ္သည္။

သည့္အျပင္... ရန္ဖုန္ေကာ သူ႕ဟန္ေဆာင္၍ သူ႕ခ်စ္သူကေလးကို လွည့္စားရန္ႀကိဳးစားျခင္းကို သိသြားသည့္အတြက္ ဆုယီေမာ့ေတာ့ အေတာ္ကေလး မေပ်ာ္မ႐ႊင္ျဖစ္သြားမွာပင္။ ထို႔အတြက္ အနည္းငယ္ကိုယ္လက္လႈပ္ရွားေစလိုက္ျခင္းက သူ႕ကို ထိုခံစားခ်က္မွ ေခ်ာ့ျမဴရန္ ​အကူအညီေပးလိမ့္မည္။

'ၾကည့္ပါလား...ဆုယီေမာ့ အခုဆို ပိုၿပီး ထိန္းရသိမ္းရလြယ္သြားၿပီ မဟုတ္ဘူးလား?'

သူ၏ ေရခဲတုံးသ႐ုပ္ကို ထိန္းသိမ္းရန္ ခက္ေတာ့မည္မွန္း ဆုယီေမာ့နားလည္လိုက္သည္။

သူက အရာရာကို ျပတ္ျပတ္သားသားလုပ္တတ္သည့္တစ္စုံတစ္ေယာက္ျဖစ္ဖူးခဲ့သည္။ ။ ျဖစ္ဖူးသည္က ျဖစ္ဖူးသည္ပင္။ သို႔ေသာ္ ရန္ဖုန္ေကာက ပုံပါအတိုင္းျဖစ္ေနရာ ယခင္ကလိုတူညီသည့္သေဘာထားကို ဆက္ထိန္းရန္ အလြန္ခက္ေတာ့မည္ျဖစ္ေၾကာင္း သူေတြ႕လိုက္ရသည္။ ဆက္ထိန္းရန္ ႀကိဳးပမ္းျပန္လွ်င္လည္း တစ္ဖက္သူက ဝန္ခံရန္ျငင္းဆန္ေနပါက မည္သို႔တတ္နိုင္ပါမည္နည္း။

ယခုလိုပါေပ။

ဆုယီေမာ့ ေဒါသထြက္စရာတြန္းအားတစ္ခုကိုရွာေဖြရန္ မတတ္နိုင္ပါလွ်င္ပင္
သူ၏ ကိုယ္ပိုင္မ်က္ႏွာကို စြပ္ထားေသာ ငတိက စားပြဲတြင္ထိုင္ေနရင္း သူ၏ေျခေထာက္ႏွစ္ဖက္ကို ထိုသို႔ယမ္းျပေနေလ၏။ တဇြတ္ထိုးနိုင္မည့္ပုံလည္း သူ႕မ်က္ႏွာထက္​တြင္ ေပၚေနေလသည္။

သူ၏ ေဒါသမ်ား ေပ်ာက္ကြယ္သြားၿပီးျဖစ္ေစကာမူ ယခုအခါ ကူရာမဲ့သည့္ခံစားခ်က္တစ္ခု ျပည့္သိပ္လာသည္။

"အရင္ဆုံး မင္းရဲ႕ မ်က္ႏွာကိုျပန္ေျပာင္းနိုင္မလား?"
သက္ျပင္းက်ယ္က်ယ္ခ်လိဳက္ခ်င္သည့္ သူ႕ဆႏၵကိုခ်ိဳးႏွိမ္ရင္း ဆုယီေမာ့ေမးလိုက္သည္။ ထို႔ေနာက္ ေျခလွမ္းက်ဲက်ဲျဖင့္ ရန္ဖုန္ေကာ၏ ေရွ႕သို႔ ေလွ်ာက္သြားလိုက္သည္။ သူႏွင့္တစ္ထပ္တည္းတူသည့္ လူစားထိုးကို ၾကည့္ရင္း ဝိဉာဥ္လႊင့္သြားရသည့္အေတြ႕အႀကဳံလိုမ်ိဳး မခံစားရမိဘဲ မေနနိုင္ပါ။

ပါးေပၚသို႔ တစ္ခ်က္ႏွစ္ခ်က္ကုတ္ရင္း ရန္ဖုန္ေကာက ဆိုသည္။
"ဘာေၾကာင့္ ေျပာင္းသင့္တာလဲ? ငါ့အထင္ ေတာ္ေတာ္ေလးေကာင္းပါတယ္ဒါက"

"ေတာ္ေတာ္ႀကီးထူးဆန္းတယ္လို႔ခံစားရလို႔"
ရန္ဖုန္ေကာထံတြင္ တစ္စုံတရာလုပ္ေဆာင္မည့္ရည္႐ြယ္ခ်က္ကို မေတြ႕ရလွ်င္ ဆုယီေမာ့သည္ မ်က္ႏွာဖုံးကိုဆြဲခြာရန္ ရည္႐ြယ္ခ်က္ျဖင့္ လက္ကိုလွမ္းလိုက္သည္။

"အိုက္ယား...နာတယ္လို႔ နာတယ္... ျဖည္းျဖည္းလုပ္ပါ"
သူ႕မ်က္ႏွာမွာ သူ႕ဆႏၵမပါဘဲ ျခယ္လွယ္ခံေနရသည့္အတြက္
ရန္ဖုန္ေကာတစ္ေယာက္ ဆုယီေမာ့ဆြဲခြာရာေနာက္သို႔ပါသြားရသည္။ သူ႕မွာ စကားလုံးမ်ားကိုပင္ အဆီအေငၚတည့္ေအာင္ မေျပာနိုင္ေတာ့ေခ်။
"ကိုယ္ဘာသာကိုယ္ လုပ္မယ္လို႔...ကိုယ္ဘာသာ... လႊတ္...အာ့"

အစပိုင္းတြင္ သူ၏လုပ္ေဆာင္ခ်က္ေၾကာင့္ နီတာလန္သြားေသာ မ်က္ႏွာ႐ုပ္ႂကြင္းကို ၾကည့္ေနရင္း ဆုယီေမာ့တစ္ေယာက္ ဝိဉာဥ္ႏုတ္ခံလိုက္ရသလိုမ်ိဳး ခံစားလိုက္ရသည္။ ဤမွ် စိတ္ပ်က္ဖြယ္ရာမ်ိဳး သူ ယခင္က ႀကဳံ မႀကဳံဖူးပါ။

ဆုယီေမာ့၏ မဲ့တဲ့တဲ့ ျဖစ္ေနသည့္ ႏႈတ္ခမ္းမ်ားကို ၾကည့္ကာ ရန္ဖုန္ေကာ မ်က္ဝန္းမ်ားက စိတ္သက္သာရာရမႈ ​ဖ်ဖ်လက္သြားသည္။

'သူ အၾကာႀကီး စိတ္ဆိုးမေနဘူးပဲ'

သူ႕အတိုင္းအဆကိုသိေသာ ရန္ဖုန္ေကာက ပါးႏွင့္ နားသယ္တို႔ဆုံရာ ေနရာတစ္ဝိုက္ကို စမ္းလိုက္သည္။
ထို႔ေနာက္ တစ္ခ်ိန္လုံး သြားေလရာ ေဆာင္ထားသည့္
အၾကည္ေရာင္မိတ္ကပ္ဖ်က္ေဆးတစ္ဘူးကို ထုတ္ယူလိုက္၏။ ေန႕ဝက္ေလာက္ထင္ရမည့္ အခ်ိန္ၾကာသြားၿပီးေနာက္ဆုံးတြင္ မ်က္ႏွာဖုံးကို ခြာလိုက္နိုင္သည္။

"ဟူး...."
သက္ျပင္းတစ္ခ်က္ခ်ကာ ဆုယီေမာ့ထံ သူ၏မ်က္လုံးေထာင့္မွ တစ္ခ်က္ၾကည့္ၿပီး ရန္ဖုန္ေကာ ေမးလိုက္သည္။
"အခု...ငါတို႔ အေရးႀကီးတဲ့ကိစၥေတြဆိုတာ ေျပာၾကေတာ့မလား?"

အေရွ႕က အသားေရာင္ျဖဴျဖဴႏုႏုထက္တြင္ ေအာက္စီဂ်င္ျပတ္လပ္မႈေၾကာင့္ အနီေရာင္အကြက္အကြက္ထေနသည့္ မ်က္ႏွာေလးကို သူအနည္းငယ္ေငးၾကည့္မိသြားေၾကာင္း ဆုယီေမာ့သတိျပဳလိုက္မိသည္။ သို႔ေသာ္ ထိုမွ်သာျဖစ္ၿပီး အမူအရာကတုန့္ဆိုင္းမသြားခဲ့ေခ်။

"တကယ္ဆို မင္းဗ႐ုတ္က်ခဲ့တာ ငါေတာ္ေတာ္စိတ္ဆိုးတယ္။ ဒါေပမဲ့ အခုငါစိတ္ၿငိမ္သြားေတာ့ မင္းကို ဖုံးကြယ္ေနမဲ့အစား ငါ့ရဲ႕ကတ္ေတြကို အကုန္လုံးျပလိုက္မယ္လို႔ စိတ္ကူးမိတယ္။ အခု မင္းလည္း က်င့္ခ်ိဳးဟန္နဲ႕ဆုံၿပီးၿပီ။ သူ႕ရဲ႕စရိုက္၊ သူ႕ရဲ႕အမူအရာ၊ ဘယ္အေျခအေနမွာ သူဘယ္လိုတုန့္ျပန္တယ္ဆိုတာေတြ အူမေခ်းခါးမက်န္ မင္းသိသြားၿပီလို႔ ငါထင္တယ္။ ဒါေၾကာင့္မို႔လို႔ ငါေနာက္ထပ္ေျပာမဲ့ဟာကို ေသခ်ာနားေထာင္ေစခ်င္တယ္"
ဆုယီေမာ့အသံမွာ ႐ုတ္ျခည္း ပို၍ေလးနက္လာေခ်သည္။

"ငါ့ေဘးမွာ သူေနတဲ့ကာလတစ္ေလွ်ာက္လုံး တကယ္ပဲ ငါ့မိသားစုရဲ႕စီးပြားေရးကို ပ်က္သုဥ္းသြားေစနိုင္တဲ့ Falcon နဲ႕ပတ္သတ္တဲ့ အခ်က္အလက္ေတြ လန္ခြမ္းကိုေပးခဲ့တယ္။ တကယ္ေတာ့ခ်ိဳးဟန္က ဒီလိုလုပ္ဖို႔ဖိအားေပးခံေနရတာ "

"ငါ ခ်ိဳးဟန္ကိုလက္ခံခါစက သူငါ့ဆီ ရည္႐ြယ္ခ်က္နဲ႕ခ်ဥ္းကပ္လာတာလားဆိုတာ သိခ်င္ခဲ့တယ္။ ဒါေပမဲ့ စမ္းသပ္မႈေတြအမ်ားႀကီးၿပီးတဲ့ေနာက္မွာေတာင္ သူက ငါ့ကို စိတ္မပ်က္ေစေသးဘူး"

"ဒါ့အျပင္ ငါက သူ႕ကိုသုံးၿပီး လန္ခြမ္းကိုလည္း လက္စားေခ်ခဲ့ေသးတယ္။ ျပန္ေတြးၾကည့္ရရင္ အဲဒါကို သေရလို႔ ေခၚရမလား.."

"ခ်ိဳးဟန္ ငါ့အေပၚရိုးသားဖို႔ ျငင္းဆန္ေနရတဲ့ အဓိက အေၾကာင္းက သူ႕ညီမေလးက လန္ခြမ္းရဲ႕လက္ထဲမွာ ရွိေနေသးလို႔ပဲ"

"ဒါေၾကာင့္"

"ဒါေၾကာင့္ ဒါကို မင္းက အခြင့္အရယူခ်င္တယ္။ ငါ့ကို အတြင္းသတင္းတခ်ိဳ႕ေပးၿပီး က်င့္ခ်ိဳးဟန္လိုဟန္ေဆာင္ၿပီး လန္ခြမ္းနဲ႕ညွိႏွိုင္းေစမယ္၊ သူ႕ညီမေလးကို ကယ္တင္ေစမယ္။ ဒီနည္းလမ္းနဲ႕ သူေရာ သူ႕ညီမေလးေရာ မင္းရဲ႕ကာကြယ္မႈေအာက္ကို ေရာက္လာလိမ့္မယ္ မွန္လား?" ရန္ဖုန္ေကာက ခ်က္ဆို နားခြက္ကမီးေတာက္ၿပီးသားပင္။ ဆုယီေမာ့ သူ႕ဘာသာရွင္းျပၿပီးသည္ႏွင့္ေနာက္တစ္ဆင့္က ဘာကိုဆိုလိုသည္ကို ရန္ဖုန္ေကာ ခန့္မွန္းနိုင္သြားေလၿပီ။

'အား..သူက တကယ္ႀကီး အစြဲ​​ႀကီး
႐ူးသြပ္တဲ့ငတုံးပဲ။ အရာအားလုံးကို စီမံလာၿပီး အဆုံးက်မွ အသာစီးရေတာ့မဲ့ အျမတ္ကို စြန့္လႊတ္ဖို႔ဆႏၵရွိေနတယ္'

ဆုယီေမာ့ အနည္းငယ္အျပစ္ရွိသလိုခံစားေနရသည္။ သူ ရန္ဖုန္ေကာႏွင့္ လက္ဦးစာခ်ဳပ္ခဲ့စဥ္က ရန္ဖုန္ေကာကို ဤမွ် ထဲထဲဝင္ဝင္ေခၚသြင္းဖို႔ရန္ စိတ္ကူးမရွိေပ။ ထိုသူ၏ အဓိကတာဝန္မွာ သံသယျဖစ္ဖြယ္မ်ား ႀကီးထြားမလာေစေရး က်င့္ခ်ိဳးဟန္လိုတုပ​၍
ေဖ်ာ္ေျဖေရးအသိုင္းအဝိုင္းတြင္ တစ္ႏွစ္သ႐ုပ္ေဆာင္ေပးရန္မွ်သာ ျဖစ္သည္။

အလိုေလး..အၿပီးသတ္ေတာ့လည္း လူ႕အႀကံဆိုသည္မွာ မေရရာတတ္ရန္ေကာ...။
ယခုမူ ရန္ဖုန္ေကာ၏ ေဖာ္ထုတ္မႈျဖင့္ က်င့္ခ်ိဳးဟန္၏ သူလွ်ိုသတင္းေပးဟူေသာ အေထာက္အထားက ေပၚလာၿပီး ခ်ိဳးဟန္ကလည္း သူ႕ကို ဖြင့္ဟရွင္းျပလာခဲ့ၿပီျဖစ္သည္။ သို႔ျဖစ္ရာ ခ်ိဳးဟန္ညီမငယ္ ဒုကၡေတာထဲမွ လြတ္ေျမာက္ေရးကို လ်စ္လ်ဴရႈပစ္ဖို႔ရန္ နည္းလမ္းမရွိေတာ့ေခ်။
သို႔အတြက္ ရန္ဖုန္ေကာကိုသာလွ်င္ အားကိုးစရာရွိေတာ့သည္။

'သူ႕ကိုယ္သူေတာ့ ကာကြယ္နိုင္မွာပါေနာ္... ။
မဆိုင္တာေျပာရရင္...အဲဒါက
အဲဒါက...
သိပ္ေတာ့ အႏၱရာယ္မႀကီးေလာက္ဘူးမလား...?'

"ငါမင္းရဲ႕လုပ္အားခအတြက္ ေနာက္ထပ္ ဆယ္သန္းထပ္ေပးပါ့မယ္'
ဆုယီေမာ့က ျငင္ျငင္သာသာေျပာသည္။ ထိုအခိုက္တြင္ သူကလြန္စြာယုံၾကည္မႈနည္းေနသလို ခံစားေနရသည္။

မည္သို႔ေျပာရမည္မသိေတာ့ဘဲ ရန္ဖုန္ေကာ သူ၏လက္တြင္းက လတ္လတ္ဆတ္ဆတ္ အခြာခံထားရသည့္ မ်က္ႏွာဖုံးဆီ ၾကည့္ေနမိ၏။ အခ်ိန္ေတြဆြဲၿပီးမွ ပေဟဠိဆန္ေသာအသံျဖင့္ သူေျပာလာသည္။
"မင္းရဲ႕ ခ်စ္သူေလးအေပၚ တအားေကာင္းတာပဲ"

"ဒါ ဒါဆို.. မင္း"
ဆုယီေမာ့ ရင္ထဲတြင္ ဘာျဖစ္သြားမွန္းမသိပါ။ သူလုပ္နိုင္လိုက္သည္မွာ မသက္္မသာႏွင့္ ထစ္အထစ္အ ျဖစ္သြားျခင္းသာ။

ထိုသူ၏ စိတ္ဒုကၡေရာက္သြားသည့္ အမူအရာကို ျမင္ရလွ်င္ ရန္ဖုန္ေကာ၏ ရင္ထဲတြင္ ႀကိဳးမ်ားျဖင့္ ေဆာင့္ဆြဲခံလိုက္ရသလိုျဖစ္သြားၿပီး ႂကြတက္လာေသာ ထူးဆန္းသည့္ သူ႕ခံစားမ်ားကို ႏွိမ္နင္းရန္ ဆုံးျဖတ္လိုက္ရသည္။ လက္ထဲက မ်က္ႏွာဖုံးကို တင္းတင္းၾကပ္ၾကပ္စုကိုင္မိရင္း ရန္ဖုန္ေကာစားပြဲေပၚက ခုန္ဆင္းလိုက္သည္။
"အိုေခ...သေဘာတူတယ္"

ဆုယီေမာ့ဘက္က ေက်းဇူးတင္စကားေျပာရန္ သူ႕ႏႈတ္ကို မဟရေသးခင္ပင္ ရန္ဖုန္ေကာက တန္းေျပာလိုက္သည္။
"ဒါေပမဲ့...ဒီအခ်ိန္မွာ အရင္ဆုံး ငါ့အေကာင့္ထဲကို ေငြေရာက္ေနတာ ျမင္ခ်င္တယ္။ ငါ အတည္ျပဳၿပီးတာနဲ႕ အားလုံးလုပ္ေပးမယ္"

[TN/ 😣 သနားလိုက္တာ]

"ကိစၥမရွိဘူး။ ငါအခုပဲ ငါ့လူေတြကို ဖုန္းေခၚၿပီး မင္းအေကာင့္ထဲ ေငြေတြလႊဲခိုင္းလိုက္မယ္"
ရွားရွားပါးပါး ပီတိျဖစ္သြားသည့္အမူအရာမ်ိဳး ဆုယီေမာ့၏ မ်က္ႏွာထက္တြင္ ေပၚလာသည္။

ရန္ဖုန္ေကာ၏မ်က္ဝန္းမ်ားထဲ၌ လွ်ို႔ဝွက္သည့္ခံစားခ်က္တစ္မ်ိဳး ျဖတ္ေျပးသြားပါသည္။

ဆုယီေမာ့၏ လက္ႏွစ္ဖက္က ရန္ဖုန္ေကာ၏ ပုခုံးကို ပုတ္လာ၏။
"မင္းက ဒါကို ေငြရလို႔လုပ္တယ္ဆိုရင္ေတာင္...ငါ တကယ္ပဲမင္းကို ေက်းဇူးတင္ဖို႔လိုေသးတယ္"

"ဒါဆို မင္းရဲ႕ေက်းဇူးတင္မႈကို လက္ခံလိုက္မယ္"
ရန္ဖုန္ေကာက ေအးေဆးတည္ၿငိမ္စြာတုန့္ျပန္သည္။

ဆုယီေမာ့က ပုခုံးမ်ားကို တင္းတင္းၾကပ္ၾကပ္ ညွစ္လာရင္း
"ဒီလိုဆို ငါသြားၿပီးစီစဥ္လိုက္ေတာ့မယ္။ ငါတို႔အိမ္ျပန္ေရာက္မွ ဒီအေၾကာင္းနဲ႕ပတ္သတ္ၿပီး ဆက္ေဆြးႏြေးၾကတာေပါ့"ဟုဆိုသည္။

"ေကာင္းၿပီ"
မည့္သည့္ အားနည္းမႈကိုမွ်မျပဘဲ ၿပီးျပည့္စုံသည့္အၿပဳံးတစ္ခုႏွင့္
သူ ေျဖလိုက္သည္။

ဆုယီေမာ့ အခန္းတြင္းမွ ထြက္သြားသည္ႏွင့္တစ္ၿပိဳင္နက္ ရန္ဖုန္ေကာ၏ ႏႈတ္ခမ္းပါးထက္က ထိုအၿပဳံးမွာ ေတာင့္ေတာင့္ခဲခဲႀကီး ျဖစ္သြားေတာ့သည္။ သူ၏ေခါင္းက ေတြေတြေဝေဝျဖင့္ ငုံ႕သြားၿပီး လက္ထဲက တြန့္ေၾကေနသည့္ အေရျပားတုကို ငုံ႕ၾကည့္ေနေလသည္။
သူ ၄င္းကို သူ၏ရင္ဘတ္နားဆီ ျမႇောက္ကိုင္လိုက္ၿပီး အဘယ္ေၾကာင့္ ဤရပ္ဝန္း၌ မသက္မသာခံစားေနရသည္ကိုသိခ်င္ေနေလသည္။
သူ၏ရင္ဘတ္တည့္တည့္တြင္ကား ေက်ာက္တုံးႀကီး ဆြဲထားခံရသလိုမ်ိဳးႏွင့္ အသက္ရႉရန္ ခက္လွပါဘိ။

_____________

လန့္ထင္ဟိုတယ္....

ဥကၠဌ႐ုံးခန္း

"ေဘာ့စ္...ဒါေဘာ့စ္လိုခ်င္ေနတဲ့ အခ်က္အလက္ေတြပါ"

"အဲဒီမွာ ထားလိုက္"
လန္ခြမ္းက သူ၏လက္ကို အမွတ္တမဲ့ ယမ္းလိုက္သည္။ လက္ဖက္ရည္ပြဲေဘးတြင္ မွတ္တမ္းမွတ္ရာမ်ားကို ဂ႐ုတစိုက္ေနရာခ်ၿပီး သူ၏ငယ္သားသည္ အခန္းထဲမွထြက္သြားကာ လန္ခြမ္းကို အခန္းက်ယ္ႀကီးထဲတြင္ တစ္ဦးတည္းထားခဲ့ေလသည္။

လန္ခြမ္းမွာ သူ႕ကိုယ္သူ အလြန္ေတာ္ရိေလ်ာ္ရိသာ ဝတ္စားထားပုံရသည္။ အျဖဴေရာင္ေျပာင္ ဝတ္႐ုံတစ္ထည္ကိုခါးတြင္ေလ်ာ့တိေလ်ာ့ရဲ စည္းဝတ္ကာ သူ၏လက္ထဲက ဝီစကီခြက္မွာ တစ္ခ်ိန္လုံးခြာခဲ့ပုံမရေခ်။

ဆိုဖာေပၚတြင္ ေျခပစ္လက္ပစ္ထိုင္ကာ သူ၏ ေရခ်ိဳးခန္းဝတ္႐ုံက တစ္ဝက္တပ်က္ ေလ်ာ့တြဲက်လ်က္ သူ၏ေကာင္းစြာထုဆစ္ထားသည့္ ရင္ဘတ္ကို ကမၻာႀကီးထံလွစ္ဟျပထား၏... ဤသည္မွာ လန္ခြမ္း အတိအက်ႏွစ္သက္သည့္ ေနပုံေနနည္းပင္ျဖစ္သည္။

တစ္စုံတစ္ေယာက္သည္ ဂ႐ုတစိုက္ရႈစားပါလွ်င္ ထိုၿပီးျပည့္စုံသည့္ ရင္အုပ္ထက္တြင္ ႐ုပ္ဖ်က္ေနသည့္ အမာ႐ြတ္ရာ ခပ္မွိန္မွိန္တစ္ခုကိုေတြ႕ရလိမ့္မည္။ စင္စစ္ အမာ႐ြတ္မွာ ဘယ္ေနရာတြင္ ရွာရမည္မွန္းမသိပါက သတိမထားမိေလာက္ေအာင္ကို မွိန္ေနၿပီေတာ့ျဖစ္သည္။

အကယ္တႏၱဳ လန္ခြမ္း၏ ရင္အုပ္ထက္က အမာ႐ြတ္ရာမွာ အန္းမူ၏ ကိုယ္ေပၚကတစ္ခုႏွင့္ အလြန္ကိုတူလွသည္။ ႏွစ္ခုစလုံးက ၾကက္ေျခခတ္ရာမ်ားျဖစ္ၾက၏။

တစ္ေယာက္တြင္ ထင္ထင္ရွားရွားျဖစ္ၿပီး တစ္ေယာက္တြင္ မွိန္ေနျခင္းသာ ကြာျခားသည္။

လန္ခြမ္းက ဝီစကီကို ျဖည္းျဖည္းခ်င္းစုပ္ေသာက္ရင္း လွ်ာဖ်ားထက္တြင္အရသာခံေနသည္။ သူကေရွ႕သို႔ကိုင္း၍ သူ႕ငယ္သားယူလာေပးသည့္ ဖိုင္ကို လွမ္းယူကာ ေပါင္ေပၚတြင္တင္၍ ပထမစာမ်က္ႏွာသို႔ လွန္လိုက္သည္။

၄င္းစာမ်က္ႏွာတြင္ သူႏွင့္အန္းမူအတူရွိစဥ္က သတင္းစာပါအေၾကာင္းအရာမ်ား..ေကာလာဟလမ်ား အားလုံးပါဝင္သည္။

သူ႕မ်က္လုံးက ဓာတ္ပုံတစ္ပုံေပၚေရာက္သြား၏။ ၄င္းက ဝါးေနသည္။

လူႏွစ္ေယာက္၏ အဖြဲ႕လိုက္ပုံျဖစ္သည္။

အမွန္ေတာ့..ထိုဟာက အဖြဲ႕လိုက္ပုံမဟုတ္။ သတင္းသမားတစ္ေယာက္ထံမွ လန္ခြမ္းျဖတ္ယူထားေသာ အရာသာျဖစ္သည္။ ထို႔ေနာက္ သူ ဓာတ္ပုံကူးခဲ့ျခင္းျဖစ္၏။

လြန္ခဲ့ေသာ ႏွစ္ႏွစ္ခန့္ကပင္။

အမ်ိဳးသားႏွစ္ဦးလုံး၏ မ်က္ႏွာမ်ားမွာမွတ္မိရန္မျဖစ္နိုင္ေပ။ သို႔ေသာ္ ႏွစ္ေယာက္စလုံးတြင္ စီးပိုးေသာ အရွိန္အဝါမ်ားရွိေနေလသည္။

ကုတင္​၏အလယ္တြင္ လဲက်ေနသည့္ တစ္ေယာက္က ျမင္းစီးတစ္ေဆမ်က္ႏွာဖုံးကို ဝတ္ဆင္ထားၿပီး ကုတင္ေဘးတြင္ ရပ္ေနသည့္အရပ္ရွည္ရွည္လူက နတ္ဆိုးမ်က္ႏွာဖုံးကို ဝင္ဆင္ထားကာ ဒိုမီနန့္တစ္ေယာက္၏ပုံေပၚေနသည္။

Costume ပါတီတစ္ခု၏ ညမွာျဖစ္သည္။ ပုံမွန္အားျဖင့္ လန္ခြမ္းသည္ ထိုလိုအခမ္းအနားမ်ိဳး၌ ပါဝင္တတ္သူတစ္ေယာက္မဟုတ္။ သို႔ေသာ္ ယင္းမွာ သူ၏ ေထာက္ပံ့သူမ်ားမွ စု႐ုံးက်င္းပသည့္ ပြဲတစ္ခုျဖစ္ရာ လန္ခြမ္းလည္းတက္ေရာက္ရန္ ဖိအားေပးျခင္းခံရေတာ့သည္။

ထိုညတြင္လန္ခြမ္းက ျမင္းစီးတစ္ေဆမ်က္ႏွာဖုံးကို ဝတ္ဆင္ခဲ့ၿပီး နတ္ဆိုးမ်က္ႏွာဖုံးေအာက္က လူမွာ အန္းမူျဖစ္သည္။

ထိုညတြင္ အားလုံးသည္ နတ္ဆိုး၏မ်က္လုံးေပါက္မ်ားေအာက္မွ ထြက္ေပၚေနသည့္ ညွို႔ယူဖမ္းစားတတ္၍ ဉာဏ္နီဉာဏ္နက္မ်ားဟန္ရေသာ မ်က္ဝန္းတစ္စုံကို ျမင္နိုင္ခဲ့ၾကသည္။

အၾကည့္တစ္ခ်က္မွာ လန္ခြမ္း၏ႏွလုံးသားကို ဖမ္းမိရန္ လုံေလာက္ခဲ့ပါေပ၏။

>>>>>>>>><<<<<<<<<<<<<<

繼續閱讀

You'll Also Like

68.2K 5.3K 35
မကျွံခဲ့မိရင်အကောင်းသား ဆိုတဲ့နောင်တစိတ်သေးသေးကလေးပင် မရခဲ့မိတဲ့ ကျွန်မ ။နွံ...ထိုနွံပေါ့ ။ အချိုကြွယ်သည်။ နွံ+သံလွင်ဦး(ဒေါက်တာ+ကျောင်းဆရာမလေး) U+Z ...
1.1M 64K 58
သူ႕နာမည္က ' ေတာ္၀င္မင္းခက္ထန္ ' တဲ့... ကြၽန္ေတာ့္ရဲ႕ ခက္ထန္ ၊ ကြၽန္ေတာ့္ကို မုန္းတဲ့ခက္ထန္ ၊ ကြၽန္ေတာ့္ကို ေျမႀကီးေပၚက သဲမႈန္႔ေလးလို စုပ္ေခ် ဖ်က္စီးပ...
896K 101K 59
The contents of this fiction are purely the author's imagination.
1.6M 91K 49
ဘယ်သူကိုမှစောက်ဂရုမစိုက်လို့ မင်းလို မောက်မာပြီးမာနခေါက်ခိုက်နေတဲ့ကောင်ကို ရအောင်ခိုးပြေးလာတာရှင်းလား ဘယ္သူကိုမွေစာက္ဂ႐ုမစိုက္လို႔ မင္းလို ေမာက္မာၿပီ...