Unicode
စူးယိရန်က ရေနွေးပူပူတစ်ခွက်နှင့် သဘတ်အပူတစ်ထည်ကိုယူကာ ပြန်ဝင်လာတော့ ကုယွမ်းထင်က ကုတင်ဘေးမှာ ခေါင်းငိုက်စိုက်ချထိုင်နေတာကိုမြင်လိုက်ရသည်။ မျက်နှာကတော့ အရိပ်ကျနေတာမို့ အမူအရာကို မမြင်ရပေ။
သူက ခွက်ကို ကုယွမ်းထင်ထံ ကမ်းပေးလိုက်သည်။
"ရေနွေးနည်းနည်းလောက် သောက်မလား"
တစ်ဖက်လူက ပြန်မဖြေသလို လှုပ်လည်းမလှုပ်တာကိုမြင်တော့ သူက ခွက်ကို ဘေးနားက စားပွဲပေါ်တင်ကာ ကုယွမ်းထင်၏ ရှေ့တည့်တည့်၌ ငုတ်တုတ်ထိုင်ချရင်း ထိုသူ၏ ဘယ်ဘက်က ညအိပ်ဘောင်းဘီကို လိပ်တင်လိုက်သည်။
"ကျွန်တော် ကြည့်ကြည့်ရအောင်"
သည်တစ်ခါတော့ ကုယွမ်းထင်က စူးယိရန်ကို တွန်းမဖယ်တော့။ သူက ခေါင်းငုံ့ထားကာသာ တစ်ဖက်လူကို တိတ်တိတ်လေး လေ့လာနေလိုက်သည်။
စူးယိရန်က ကုယွမ်းထင်၏ ဘယ်ဘက်ညအိပ်ဘောင်းဘီကို ဒူးအထိရောက်အောင် လိပ်တင်လိုက်သည်။ သူက ခြေသလုံးနှင့် ဒူးနေရာ တော်တော်များများကို လက်ဖြင့် ဖွဖွ ဖိကြည့်နေရင်းမှ ခေါင်းမော့ကာ မေးလာသည်။
"ဒီနေရာက နာနေသေးလား"
ကုယွမ်းထင် မတုံ့ပြန်တာကိုမြင်တော့ သူက အတော်နာနေလို့ပဲဟု တွေးကာ တစ်ဖက်လူကို ကုတင်ပေါ် ခြေထောက်တင်ဖို့ ပြော၍ ဒူးနှင့် ခြေသလုံးအပေါ် သဘတ်ပူပူကို တင်လိုက်သည်။ ထို့နောက်မှ သဘတ်ပူပူကနေတဆင့် ကုယွမ်းထင်၏ ခြေသလုံးသားတို့ကို နှိပ်နယ်ပေးလိုက်လေသည်။
ကုယွမ်းထင်ကတော့ ဤစူးယိရန်ကို တိတ်ဆိတ်စွာ၊ ငြိမ်သက်စွာ လေ့လာနေဆဲ။
နက်မှောင်ကာ နူးညံ့သော ဆံနွယ်မျှင်တချို့က စူးယိရန်ခေါင်းငုံ့ထားချိန်မှာ သူ့နဖူးပေါ် ဝဲကျနေသည်။ သူ၏ မျက်နှာဖွေးဖွေးသေးသေးလေးနှင့် ငိုက်စိုက်ချထားသော ဗာဒံစေ့မျက်ဝန်းအိမ်ကြီးကြီးတို့က အပြစ်ကင်းရိုးသားသည့်ဟန် ပေါက်နေစေ၏။ရှည်လျားသည့် မျက်တောင်တို့ဟာလည်း စိုက်စိုက်ကလေးဖြစ်နေကာ ခြေသလုံးကို အလေးအနက် နှိပ်နယ်ပေးနေသော ပုံစံလေးဟာလည်း ချောမောသည့်ဆယ်ကျော်သက်ဟန်လေး ပေါက်နေပေသည်။
မျက်နှာက အတူတူပေမဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ခံစားရသည့် ခံစားချက်ကတော့ သူ့မှတ်ဥာဏ်ထဲက ရန်သူတော်ကြီးနှင့် လုံးလုံးကို ကွာခြားနေ၏။
သူက ဘယ်သူများလဲ။
စူးယိရန်က သဘတ်ပူပူဟာ နွေးလာတာကို ခံစားမိတော့ ဖယ်ရှားလိုက်ရင်း ကုယွမ်းထင်ကို မေးလိုက်သည်။
"ပိုကောင်းလာပြီလား"
ကုယွမ်းထင် စိတ်ထဲမှာ ခန့်မှန်းချက်များစွာ ဖျတ်ခနဲပေါ်လာကာ "အင်း"ဟု ခပ်ပေါ့ပေါ့ဆိုလိုက်သည်။ သူ၏ ရှည်လျားကာ နက်မှောင်သည့် ဖီးနစ်မျက်ဝန်းတို့ကတော့ စူးယိရန်ကို သုန်သုန်မှုန်မှုန်စိုက်ကြည့်နေကာ လူတစ်ကိုယ်လုံးကလည်း မှုန်မှိုင်းကာ အေးစက်နေသည်။
စူးယိရန်ဟာ ကုယွမ်းထင်က ကလေးဘဝက အဖြစ်အပျက်ကြောင့် မကြာခဏဆိုသလို ခံစားချက်မတည်မငြိမ်ဖြစ်တတ်ကြောင်း သိပါ၏။ သို့သော်လည်းသူတို့နှစ်ယောက် ချစ်မြတ်နိုးကြ၍ လက်ထပ်ပြီးချိန်မှာ ထိုအခြေအမျိုးက ဘယ်တုန်းကမှ ထပ်ဖြစ်ခဲ့ခြင်းမျိုး မရှိတော့ပေ။
ကုယွမ်းထင် သေချာပေါက် အခြေအနေမူမမှန်တာကို သူမြင်ရချိန်မှာ တစ်ဖက်လူက ခြေထောက်နာကျင်မှုကြောင့် အတိတ်ကိုပြန်အမှတ်ရမိနေတာပဲဟုသာ တွေးမိလိုက်သည်။သူ မနေနိုင်စွာပင် ကုယွမ်းထင်အနားသို့ စိတ်မကောင်းစွာ ချဥ်းကပ်၍လက်မောင်းကြားမှာ ထွေးပွေ့လိုက်ရင်း ဆံပင်တို့ကို ပွတ်သပ်ပေးလိုက်သည်။
"အဆင်ပြေပါတယ်။ကျွန်တော် ဒီမှာရှိတယ်လေ"
ခပ်နွေးနွေး ဝင်သက်ထွက်သက် တစ်ခုက သူ့အနား ဝိုင်းရံလာချိန်မှာ ကုယွမ်းထင် တုံ့ပြန်ချိန်မရလိုက်။ သူ့နှာခေါင်းဖျားကတော့ သကြားလုံး၏ ခပ်ဖျောဖျော့ချိုအီအီနံ့လေးကို ရှုမိသွားရသည်။ သူ ကြက်သေသေသွားတော့၏။ မည်သူကမျှ သူ့အား ဤနှယ် မဆက်ဆံရဲဖူးကြပေ။
သူ့အနေဖြင့် ဤလူနှင့် ဤလူ၏ အထိအတွေ့အားလုံးကို အလွန်အမင်းရွံ့မုန်းသင့်ပေမဲ့လည်း သူ့ခန္ဓာကိုယ်ကတော့ ခုခံတာမျိုးမရှိသလို ခံပြင်းတာမျိုးလည်းမရှိခဲ့။ အလိုက်သင့် လက်ခံနေသည်မှာ ဖြစ်သင့်ဖြစ်ထိုက်သော ကိစ္စတစ်ခုအလား။
ရုတ်တရက်ဆိုသလို ကုယွမ်းထင်မှာ သူ့နဖူးထက်ကနေ နူးညံ့သည့်အထိအတွေ့တစ်ခုကို ခံစားလိုက်ရသည်။ စူးယိရန်က သူ့ နဖူးအား ညင်သာစွာ နမ်းရှိုက်လိုက်ခြင်းဖြစ်ပြီး သူ့မျက်နှာအား ကလေးတစ်ယောက်ကို ချော့မြူသည့်နှယ် ထိတွေ့လာကာ ခေါင်းငုံ့ရင်း နူးနူးညံ့ညံ့ကြည့်လာသည်။ထိုသူ၏ အညိုရောင်သူငယ်အိမ်တို့က ဖြူစင်နေကာ စိုးရိမ်ပူပန်မှုနှင့် ချစ်ခြင်းမေတ္တာတို့ဖြင့် ပြည့်နှက်နေ၏။
"ဘာမှမဖြစ်တော့ဘူးနော် ထင်ကော"
ကုယွမ်းထင် လုံးဝကြီးကို တောင့်ခဲသွားရတော့သည်။
စူးယိရန်က ကုယွမ်းထင် သက်သာလာသည့်ပုံပေါက်တာကို ခံစားမိတာကြောင့် သူ့လက်ဖြင့် နဖူးကို အပူချိန်စမ်းလိုက်ပြန်သည်။ နဖူးက အပူချိန်ကတော့ ပုံမှန်ဖြစ်နေတာကို ခံစားမိတော့ သူ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။
"ခင်ဗျားနည်းနည်းလောက် ထပ်အိပ်ဦးမလားဟင်"
သူက နိုးစက်နာရီကိုကြည့်ရင်း လက်ကိုပြန်ရုတ်လိုက်သည်။
"၆နာရီကျော်ကျော်ပဲရှိသေးတယ်။ ကျွန်တော် အရင်လုပ်စရာရှိတာလေးတွေ လုပ်လိုက်ဦးမယ်။ မနက်စာရရင် ခင်ဗျားကို ခေါ်လိုက်မယ်နော်"
ကုယွမ်းထင်က စူးယိရန်၏ နောက်ကျောကိုကြည့်ရင်း တစ်ဖက်လူ၏ နှုတ်ခမ်းထက်က နူးညံ့သောအထိတွေ့ကို ယခုထိတိုင်ခံစားရနေနိုင်သေးသည့်အလား သူ့နဖူးကို လက်ချောင်းတို့ဖြင့် ထိကြည့်လိုက်သည်။သူ့မျက်နှာက သုန်မှုန်လာကာ မသေချာမရေရာမှုတို့ ရှိလာလေသည်။
========================
Zawgyi
စူးယိရန္က ေရေႏြးပူပူတစ္ခြက္ႏွင့္ သဘတ္အပူတစ္ထည္ကိုယူကာ ျပန္ဝင္လာေတာ့ ကုယြမ္းထင္က ကုတင္ေဘးမွာ ေခါင္းငိုက္စိုက္ခ်ထိုင္ေနတာကိုျမင္လိုက္ရသည္။ မ်က္ႏွာကေတာ့ အရိပ္က်ေနတာမို႔ အမူအရာကို မျမင္ရေပ။
သူက ခြက္ကို ကုယြမ္းထင္ထံ ကမ္းေပးလိုက္သည္။
"ေရေႏြးနည္းနည္းေလာက္ ေသာက္မလား"
တစ္ဖက္လူက ျပန္မေျဖသလို လႈပ္လည္းမလႈပ္တာကိုျမင္ေတာ့ သူက ခြက္ကို ေဘးနားက စားပြဲေပၚတင္ကာ ကုယြမ္းထင္၏ ေရွ႕တည့္တည့္၌ ငုတ္တုတ္ထိုင္ခ်ရင္း ထိုသူ၏ ဘယ္ဘက္က ညအိပ္ေဘာင္းဘီကို လိပ္တင္လိုက္သည္။
"ကြၽန္ေတာ္ ၾကည့္ၾကည့္ရေအာင္"
သည္တစ္ခါေတာ့ ကုယြမ္းထင္က စူးယိရန္ကို တြန္းမဖယ္ေတာ့။ သူက ေခါင္းငုံ႔ထားကာသာ တစ္ဖက္လူကို တိတ္တိတ္ေလး ေလ့လာေနလိုက္သည္။
စူးယိရန္က ကုယြမ္းထင္၏ ဘယ္ဘက္ညအိပ္ေဘာင္းဘီကို ဒူးအထိေရာက္ေအာင္ လိပ္တင္လိုက္သည္။ သူက ေျခသလုံးႏွင့္ ဒူးေနရာ ေတာ္ေတာ္မ်ားမ်ားကို လက္ျဖင့္ ဖြဖြ ဖိၾကည့္ေနရင္းမွ ေခါင္းေမာ့ကာ ေမးလာသည္။
"ဒီေနရာက နာေနေသးလား"
ကုယြမ္းထင္ မတုံ႔ျပန္တာကိုျမင္ေတာ့ သူက အေတာ္နာေနလို႔ပဲဟု ေတြးကာ တစ္ဖက္လူကို ကုတင္ေပၚ ေျခေထာက္တင္ဖို႔ ေျပာ၍ ဒူးႏွင့္ ေျခသလုံးအေပၚ သဘတ္ပူပူကို တင္လိုက္သည္။ ထို႔ေနာက္မွ သဘတ္ပူပူကေနတဆင့္ ကုယြမ္းထင္၏ ေျခသလုံးသားတို႔ကို ႏွိပ္နယ္ေပးလိုက္ေလသည္။
ကုယြမ္းထင္ကေတာ့ ဤစူးယိရန္ကို တိတ္ဆိတ္စြာ၊ ၿငိမ္သက္စြာ ေလ့လာေနဆဲ။
နက္ေမွာင္ကာ ႏူးညံ့ေသာ ဆံႏြယ္မွ်င္တခ်ိဳ႕က စူးယိရန္ေခါင္းငုံ႔ထားခ်ိန္မွာ သူ႔နဖူးေပၚ ဝဲက်ေနသည္။ သူ၏ မ်က္ႏွာေဖြးေဖြးေသးေသးေလးႏွင့္ ငိုက္စိုက္ခ်ထားေသာ ဗာဒံေစ့မ်က္ဝန္းအိမ္ႀကီးႀကီးတို႔က အျပစ္ကင္း႐ိုးသားသည့္ဟန္ ေပါက္ေနေစ၏။ရွည္လ်ားသည့္ မ်က္ေတာင္တို႔ဟာလည္း စိုက္စိုက္ကေလးျဖစ္ေနကာ ေျခသလုံးကို အေလးအနက္ ႏွိပ္နယ္ေပးေနေသာ ပုံစံေလးဟာလည္း ေခ်ာေမာသည့္ဆယ္ေက်ာ္သက္ဟန္ေလး ေပါက္ေနေပသည္။
မ်က္ႏွာက အတူတူေပမဲ့ ခႏၶာကိုယ္တစ္ခုလုံးကို ခံစားရသည့္ ခံစားခ်က္ကေတာ့ သူ႔မွတ္ဥာဏ္ထဲက ရန္သူေတာ္ႀကီးႏွင့္ လုံးလုံးကို ကြာျခားေန၏။
သူက ဘယ္သူမ်ားလဲ။
စူးယိရန္က သဘတ္ပူပူဟာ ေႏြးလာတာကို ခံစားမိေတာ့ ဖယ္ရွားလိုက္ရင္း ကုယြမ္းထင္ကို ေမးလိုက္သည္။
"ပိုေကာင္းလာၿပီလား"
ကုယြမ္းထင္ စိတ္ထဲမွာ ခန္႔မွန္းခ်က္မ်ားစြာ ဖ်တ္ခနဲေပၚလာကာ "အင္း"ဟု ခပ္ေပါ့ေပါ့ဆိုလိုက္သည္။ သူ၏ ရွည္လ်ားကာ နက္ေမွာင္သည့္ ဖီးနစ္မ်က္ဝန္းတို႔ကေတာ့ စူးယိရန္ကို သုန္သုန္မႈန္မႈန္စိုက္ၾကည့္ေနကာ လူတစ္ကိုယ္လုံးကလည္း မႈန္မႈိင္းကာ ေအးစက္ေနသည္။
စူးယိရန္ဟာ ကုယြမ္းထင္က ကေလးဘဝက အျဖစ္အပ်က္ေၾကာင့္ မၾကာခဏဆိုသလို ခံစားခ်က္မတည္မၿငိမ္ျဖစ္တတ္ေၾကာင္း သိပါ၏။ သို႔ေသာ္လည္းသူတို႔ႏွစ္ေယာက္ ခ်စ္ျမတ္ႏိုးၾက၍ လက္ထပ္ၿပီးခ်ိန္မွာ ထိုအေျခအမ်ိဳးက ဘယ္တုန္းကမွ ထပ္ျဖစ္ခဲ့ျခင္းမ်ိဳး မရွိေတာ့ေပ။
ကုယြမ္းထင္ ေသခ်ာေပါက္ အေျခအေနမူမမွန္တာကို သူျမင္ရခ်ိန္မွာ တစ္ဖက္လူက ေျခေထာက္နာက်င္မႈေၾကာင့္ အတိတ္ကိုျပန္အမွတ္ရမိေနတာပဲဟုသာ ေတြးမိလိုက္သည္။သူ မေနႏိုင္စြာပင္ ကုယြမ္းထင္အနားသို႔ စိတ္မေကာင္းစြာ ခ်ဥ္းကပ္၍လက္ေမာင္းၾကားမွာ ေထြးေပြ႕လိုက္ရင္း ဆံပင္တို႔ကို ပြတ္သပ္ေပးလိုက္သည္။
"အဆင္ေျပပါတယ္။ကြၽန္ေတာ္ ဒီမွာရွိတယ္ေလ"
ခပ္ေႏြးေႏြး ဝင္သက္ထြက္သက္ တစ္ခုက သူ႔အနား ဝိုင္းရံလာခ်ိန္မွာ ကုယြမ္းထင္ တုံ႔ျပန္ခ်ိန္မရလိုက္။ သူ႔ႏွာေခါင္းဖ်ားကေတာ့ သၾကားလုံး၏ ခပ္ေဖ်ာေဖ်ာ့ခ်ိဳအီအီနံ႔ေလးကို ရႈမိသြားရသည္။ သူ ၾကက္ေသေသသြားေတာ့၏။ မည္သူကမွ် သူ႔အား ဤႏွယ္ မဆက္ဆံရဲဖူးၾကေပ။
သူ႔အေနျဖင့္ ဤလူႏွင့္ ဤလူ၏ အထိအေတြ႕အားလုံးကို အလြန္အမင္း႐ြံ႕မုန္းသင့္ေပမဲ့လည္း သူ႔ခႏၶာကိုယ္ကေတာ့ ခုခံတာမ်ိဳးမရွိသလို ခံျပင္းတာမ်ိဳးလည္းမရွိခဲ့။ အလိုက္သင့္ လက္ခံေနသည္မွာ ျဖစ္သင့္ျဖစ္ထိုက္ေသာ ကိစၥတစ္ခုအလား။
႐ုတ္တရက္ဆိုသလို ကုယြမ္းထင္မွာ သူ႔နဖူးထက္ကေန ႏူးညံ့သည့္အထိအေတြ႕တစ္ခုကို ခံစားလိုက္ရသည္။ စူးယိရန္က သူ႔ နဖူးအား ညင္သာစြာ နမ္းရႈိက္လိုက္ျခင္းျဖစ္ၿပီး သူ႔မ်က္ႏွာအား ကေလးတစ္ေယာက္ကို ေခ်ာ့ျမဴသည့္ႏွယ္ ထိေတြ႕လာကာ ေခါင္းငုံ႔ရင္း ႏူးႏူးညံ့ညံ့ၾကည့္လာသည္။ထိုသူ၏ အညိဳေရာင္သူငယ္အိမ္တို႔က ျဖဴစင္ေနကာ စိုးရိမ္ပူပန္မႈႏွင့္ ခ်စ္ျခင္းေမတၱာတို႔ျဖင့္ ျပည့္ႏွက္ေန၏။
"ဘာမွမျဖစ္ေတာ့ဘူးေနာ္ ထင္ေကာ"
ကုယြမ္းထင္ လုံးဝႀကီးကို ေတာင့္ခဲသြားရေတာ့သည္။
စူးယိရန္က ကုယြမ္းထင္ သက္သာလာသည့္ပုံေပါက္တာကို ခံစားမိတာေၾကာင့္ သူ႔လက္ျဖင့္ နဖူးကို အပူခ်ိန္စမ္းလိုက္ျပန္သည္။ နဖူးက အပူခ်ိန္ကေတာ့ ပုံမွန္ျဖစ္ေနတာကို ခံစားမိေတာ့ သူ စိတ္သက္သာရာရစြာ သက္ျပင္းခ်လိုက္၏။
"ခင္ဗ်ားနည္းနည္းေလာက္ ထပ္အိပ္ဦးမလားဟင္"
သူက ႏိုးစက္နာရီကိုၾကည့္ရင္း လက္ကိုျပန္႐ုတ္လိုက္သည္။
"၆နာရီေက်ာ္ေက်ာ္ပဲရွိေသးတယ္။ ကြၽန္ေတာ္ အရင္လုပ္စရာရွိတာေလးေတြ လုပ္လိုက္ဦးမယ္။ မနက္စာရရင္ ခင္ဗ်ားကို ေခၚလိုက္မယ္ေနာ္"
ကုယြမ္းထင္က စူးယိရန္၏ ေနာက္ေက်ာကိုၾကည့္ရင္း တစ္ဖက္လူ၏ ႏႈတ္ခမ္းထက္က ႏူးညံ့ေသာအထိေတြ႕ကို ယခုထိတိုင္ခံစားရေနႏိုင္ေသးသည့္အလား သူ႔နဖူးကို လက္ေခ်ာင္းတို႔ျဖင့္ ထိၾကည့္လိုက္သည္။သူ႔မ်က္ႏွာက သုန္မႈန္လာကာ မေသခ်ာမေရရာမႈတို႔ ရွိလာေလသည္။