ချစ်မိပြန်ပြီ မမမြိုင် ( Comp...

By morA_nyein

258K 22.7K 1.5K

‼️Bisexual Fiction‼️ ဒီနှစ် ၁၂ လပိုင်းမှာ စာအုပ်လေး ဖြစ်လာပါတော့မယ်ရှင် morA_nyein Complete 2.6.2022 14.3.20... More

အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
..
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန္း ၁၅
အခန္း ၁၆
အခန္း ၁၇
အခန္း ၁၈
အခန္း ၁၉
အခန္း ၂၀
မမၿမိဳင္ဆီသို႔
အခန္း ၂၁
အခန္း ၂၂
အခန္း ၂၃
အခန္း ၂၄
အခန္း ၂၅
အခန္း ၂၆
အခန္း ၂၇
အခန္း ၂၈
အခန္း ၂၉
အခန္း ၃၀
အခန္း ၃၁
အခန္း ၃၂
အခန္း ၃၃
အခန္း ၃၄
အခန္း ၃၅
အခန္း ၃၆
အခန္း ၃၇
အခန္း ၃၈
အခန္း ၃၉
အခန္း ၄၀
အခန္း ၄၁
အခန္း ၄၂
အခန္း ၄၃
အခန္း ၄၄
အခန္း ၄၅
အခန္း ၄၆
အခန္း ၄၇ ( ဇာတ္သိမ္းခန္း )
.. 100K ..
မမမြိုင် character
ညိုလေး character
Attention plz‼️

အခန်း ၁၄

5.3K 473 20
By morA_nyein

" မမၿမိဳင္ ။ "

စံအိမ္ေတာ္အေပၚထပ္ရိွ ျပတင္းေပါက္အနား၌ လႈပ္ထိုင္ခံုေလးနဲ႔ ထိုင္ေနတဲ့ မမၿမိဳင္အနားသို႔ ညိဳေလး ေရာက္လာခဲ့သည္ ။ ေဆြးတေျမ့ေျမ့ ခံစားခ်က္မ်ား ရွင္သန္ေနတဲ့ မမၿမိဳင္ရဲ႕ ခံစားခ်က္ေတြဟာ ညိဳေလးေရာက္လာစဥ္အတြင္းမွာပဲ ကြယ္ေပ်ာက္သြားခဲ့ရသည္ ။ လြမ္းရတယ္ ။ ေဆြးရတယ္ ။ အလြမ္းတမ္းခ်င္းေတြ လႈိင္းထန္ေနခဲ့သည့္အခ်ိန္ ကြယ္ေပ်ာက္သြားခဲ့ရသည္ ။

မမၿမိဳင္ဟာ ညိဳေလးအား ေခါင္းေလးအနည္းငယ္မ်ွ ေစာင္းလို႔ လွမ္းၾကည့္လိုက္ေတာ့သည္ ။ ၿပီးေနာက္ မူလေနရာအတုိုင္း ျပတင္းေပါက္ဘက္ကို ေငးရင္း ေနမင္းႀကီးနဲ႔အတူတူ လွပေနေသာ အျပာေရာင္ ေကာင္းကင္ႀကီးကို ၾကည့္ရင္း ထင္းရွဴးပင္တို႔ဆီမယ္ ခိုနားေနၾကေသာ ငွက္ကေလးမ်ားရဲ႕အသံကို နားစြင့္မိသည္ ။

ညိဳေလးဟာ မမၿမိဳင္ ထိုင္ေနေသာ လႈပ္ထိုင္ခံုအနားက ၾကမ္းျပင္ေပၚမွာ ထိုင္ခ်လိုက္ေတာ့သည္ ။ ၾကမ္းျပင္ေပၚမွာ က်ေရာက္ေနေသာ မမၿမိဳင္ရဲ႕ ျဖဴေဖြးေဖြးေျခေခ်ာင္းေလးမ်ားကို ငံု႔ၾကည့္မိသည္ ။ လံုခ်ည္စေလး ရစ္ဝဲေနေသာ ျပည့္ေဖာင္းေဖာင္းေျခေခ်ာင္းေလးေတြဟာ ျမတ္နိုးခ်င္စရာ အစဥ္ပါပင္ ။

ကိုကိုျမင့္ နမ္းခဲ့မယ့္ ေျခေခ်ာင္းေလးေတြပဲ ။ အို ။ သိပ္လွတာပဲ ကြယ္ ။

" ကိုျမင့္ေမာင္ ဆံေတာ္ဂါ့ဒ္ကို သြားၿပီလား ။ "

" ဟုတ္ ဟုတ္ကဲ့ မမၿမိဳင္ ။ အေစာကပဲ ထြက္သြားပါတယ္ ။ "

" ေၾသာ္ ။ "

ဟုသာ ေျပာၿပီး ေနာက္တစ္ခ်ီထပ္ေဆြးမိျပန္ၿပီ ။ မမၿမိဳင္ကေတာ့ သိနိုင္ပါ့မလား ။ အေဆြးဓာတ္ေတြ လႊမ္းမိုးေနတဲ့ မမၿမိဳင္ရဲ႕မ်က္နွာေလးကို ညိဳေလးမွာ ေမာ့ကာေငးေနမိသည္ ဆိုတာကိုေပါ့ ။

" မမၿမိဳင္အတြက္ စံပယ္ပန္းေတြသီလာတယ္ ။ "

မမၿမိဳင္ဟာ ညိဳေလးအား လွည့္ၾကည့္မိသည္ ။ ညိဳေလးလက္ထဲမွာ လက္တစ္ထြာခန္႔ရွည္ေသာ စံပယ္ပန္းကုန္းေလး ၃ ကုန္းကို ေတြ႕လိုက္ေတာ့သည္ ။ အေဆြးဓာတ္ခံေတြ ျပည့္လ်ွံေနခ်ိန္ စံပယ္ပန္းရနံ႔ကို ၿမိဳင္ မရရိွခဲ့ေပမယ့္ ယခုမွာမူ အသိတရားနဲ႔အတူ သင္းပ်ံ႕ပ်ံ႕စံပယ္ပန္းေလးေတြရဲ႕ ရနံ႔ေလးပါ ရရိွလာခဲ့ေတာ့သည္ ။

အဆိပ္သင့္ေစခဲ့တဲ့ ေဆာင္းအိပ္မက္ထဲမွ ၿမိဳင္ နိုးထလာခဲ့သလိုပါပဲ ။ အလြမ္းေတြျပည့္ေနတဲ့ ၿမိဳင္ ၊ အသက္ရွဴၾကပ္ကာျဖင့္ မြန္းၾကပ္ေနခဲ့တဲ့ ၿမိဳင့္ကို ဆြဲထုတ္လိုက္သလိုပါပဲ ။

ဒီ သီရိၿမိဳင္ ၿခံဝန္းႀကီးရိွ အိမ္ေတာ္အေနာက္ဘက္မွာရိွေသာ သစ္ပင္အႀကီးႀကီးနားမွာ ကိုျမင့္ေမာင္သီလာခဲ့ေသာ စံပယ္ပန္းကုန္းေတြကို အလင္းရဲ႕အလ်ွင္ကဲ့သို႔ သတိရမိေတာ့သည္ ။

" လွတယ္ မဟုတ္လား မမၿမိဳင္ ။ "

ၿပံဳးကာေျပာလိုက္တဲ့ ညိဳေလးရဲ႕ မ်က္နွာမွာ ေပ်ာ္႐ႊင္မႈဆိုေသာ ဓာတ္ေလးကို မမၿမိဳင္ ခံစားမိသည္ ။ ခံစားေနရသည္ ။ ခံစားေနဆဲပါပင္ ။

" ပန္လိုက္ေနာ္ မမၿမိဳင္ ။ "

" တို႔ဆံပင္ၾကားထဲမွာ ပန္ရတာထက္ သူ႔အပင္မွာ ထားတာက ပိုလွတာေလ ။ "

" မမၿမိဳင္က စံပယ္ပန္း ပန္ၿပီးတဲ့အခ်ိန္တိုင္း မွန္မၾကည့္ဖူးဘူး ထင္ပါရဲ႕ ။ ဘယ္သူေျပာတာလဲ ။

ဒီစံပယ္ေတြကေလ ။ မမၿမိဳင္ပန္ထားမွ ပိုလွတာ ။ ပိုၿပီး အသက္ဝင္တာ ။ ၿပီးေတာ့ မမၿမိဳင္ရဲ႕ လည္တိုင္နားေလးမွာ စံပယ္ပန္းရနံ႔ေတြ ရစ္ဝဲေနမွာ ။ ဘယ္ေလာက္ေတာင္ ခမ္းနားလိုက္မလဲ ။ ကိုကိုျမင့္ နမ္းရင္ စံပယ္ပန္းရနံ႔ေတြ ရေနမွာ က်ိန္းေသတယ္ ။ "

ညိဳေလးမွာ ဒီစကားကို ၿပံဳးကာေျပာေနေပမယ့္ မွန္ကိုပစ္ေပါက္လိုက္တဲ့ တူလိုပါပဲ ။ သူမရင္ထဲမယ္ တစ္စစီကြဲေၾကေနရတယ္လို႔ေလ ။

" ဒီစံပယ္ေတြ မမၿမိဳင္ကို ေစာင့္ေနၾကၿပီ ။ "

" ပန္ေပး ။ "

" ရွင္ ။ "

" မင္းကိုယ္တိုင္ ပန္ေပး ။ "

ႀကီးႀကီးတို႔ စံအိမ္ေတာ္မွာ မမၿမိဳင္ကို စံပယ္ပန္းခက္ေလး တစ္ခါမ်ွပန္ေပးဖူးေပမယ့္ ဒီတစ္ခါ ပန္ေပးဖို႔အတြက္ ရင္တုန္ေနမိသည္ ။

ညိဳေလးဟာ မမၿမိဳင္ရဲ႕အနားသို႔ မဝံ့မရဲေလးတိုးကပ္လာၿပီး ေဘးတစ္ဖက္သို႔ခ်ထားေသာ ဆံႏြယ္ေတြၾကားထဲမွာ ျဖဴျဖဴေဖြးေဖြးစံပယ္ကုန္းေလးမ်ားအား ပန္ဆင္ေပးလိုက္မိေတာ့သည္ ။ တစ္ခ်က္တစ္ခ်က္ ထိသြားမိေသာ မမၿမိဳင္ရဲ႕ လည္တိုင္ေလးမွာ ပိုးသားေလးလို႔ ႏူးညံ့လွသည္ ။

" လွလား ။ "

" ရွင္ ။ "

" မင္းမွာလည္း နားကန္းေနသလားပဲ ။ တို႔ လွလားလို႔ ေမးေနတာေလ ။ "

" လွတာေပါ့ မမၿမိဳင္ရယ္ ။ မမၿမိဳင္ အလွကို ဒီစံပယ္ေတြေတာင္ အရႈံးေပးရပါတယ္ဆို ။ မမၿမိဳင္က အဲ့သေလာက္အထိကို လွတာ ။ "

" တို႔ေတာ့ ရူးေနၿပီ ထင္တယ္ ။ "

" ဘာလို႔လဲ မမၿမိဳင္ ။ "

" မင္းကို မမုန္းမိလို႔ေလ ။ တကယ္ဆို မင္းကို အမုန္းႀကီး မုန္းရမွာ ။ ငါ့ေယာက္်ားကို လုယူေနတဲ့ မင္းကို မုန္းသင့္တာေပါ့ ။

ဒါေပမယ့္ မင္းနဲ႔ရိွေနတဲ့အခ်ိန္ေတြက တို႔ရဲ႕ငယ္႐ြယ္မႈကို ႏုိးထလာေစခဲ့တယ္ ။ "

" မမုန္းပါနဲ႔ ။ မမၿမိဳင္ရဲ႕အမုန္းေတြက ကြၽန္မ အပ်ဳိရည္ပ်က္တာထက္ နာရတယ္ ။ မမၿမိဳင္ မမုန္းဖို႔အတြက္ အသက္လည္း မနွေျမာဘူး ။ ေပးရဲတယ္ ။ "

" ဒီလို စကားေတြ မေျပာဖို႔ ေျပာထားတယ္ေလ ။ မင္း ေမ့ေနၿပီလား ။ "

" မေမ့ပါဘူး ။ မမၿမိဳင္ ေျပာတဲ့စကားေတြကို ကြၽန္မ ဦးေနွာက္ထဲမွာ အၿမဲသိမ္းထားပါတယ္ ။ "

မၾကာခင္ဆို နွလံုးသားထဲကိုပါ စီးဝင္ေတာ့မယ္ ထင္ပါရဲ႕ အခ်စ္ကေလးရယ္ ။

X  X  X  X  X

" ျမဴေတြကလည္း ထူလိုက္တာကြယ္ ။ ေအးစက္ေနတဲ့ ရာသီဥတုကလည္း အနာကို ဆားနဲ႔ပက္ေနသလိုပဲ ။ "

ညေနခင္းရဲ႕ ျဖဴျဖဴေဖြးေဖြး ျမဴမႈန္ေတြေၾကာင့္ သီရိၿမိဳင္ၿခံဝန္းထဲရိွ စံပယ္ရံုေလးကိုေတာင္ မမၿမိဳင္ မျမင္ရခဲ့ ။ မနက္ခင္းတိုင္းမွာ စံပယ္ရံုေလးနား လိပ္ျပာေလးလိုဝဲေနရွာတဲ့ ညိဳေလးကို အၿမဲၾကည့္ေနတတ္ၿပီး ညေနပိုင္းဆိုရင္ေတာ့ စံပယ္ရံု ျဖဴျဖဴေဖြးေဖြးေလးကိုသာ ေငးၾကည့္ေနတတ္သည္မွာ မမၿမိဳင္ရဲ႕ အလုပ္လိုပါပင္ ။ သူမကိုယ္တိုင္ေတာင္ သတိမထားမိတဲ့ အလုပ္တစ္ခုေပါ့ ။ ေနညိဳခ်ိန္ျမဴခိုးမ်ားေၾကာင့္ ဒီေန႔မွာေတာ့ စံပယ္ရံုျဖဴျဖဴေဖြးေဖြးေလးဟာ ျမဴမႈန္ေတြနဲ႔ ေရာယွက္ေနရွာသည္ ။

နွာဖ်ားမွ ရွဴသြင္းမိတဲ့ ေလေတြကလည္း ေအးစိမ့္ေနေပလို႔ ။ ေႏြးေထြးေအာင္ဝတ္ထားတဲ့ အက်ႌေတြကိုေတာင္ ထိုးေဖာက္နိုင္စြမ္းရိွတဲ့ ေမၿမိဳ႕ရဲ႕ ေဆာင္းဦးညေနခင္းေလးပါပဲလား ။ ဘယ္အခ်ိန္ ေနျပန္ပြင့္မလဲ မသိနိုင္တဲ့ ေမၿမိဳ႕ရဲ႕ ရာသီဥတုေလးေပါ့ ။ ျပတင္းေပါက္ေလးကိုသာမွီၿပီး ေတြးလို႔ ေဆြးလို႔ ။

" မမၿမိဳင္ ။ "

ခပ္ေဆြးေဆြးအသံေလးကို ၾကားလိုက္ရသည္ ။ သိုးေပါက္ေလးရဲ႕ အသံေလးျဖစ္မယ္ဆိုတာ မလြဲဧကန္ပဲေလ ။

" ဘာလဲ ။ သိုးေပါက္ ။ "

သိမ္ဝင္သြားေသာ ' သိုးေပါက္ ' ဆိုေသာ စကားလံုးေလးကို ညိဳေလး မၾကားမိလိုက္ပါ ။ သို႔ေပတည္း အရင္လိုသာ ေႏြးေထြးတဲ့အၿပံဳးေလးနဲ႔ ၿပံဳးျပေနေတာ့သည္ ။

" ရာသီဥတုေအးေအးေလးမွာ အေႏြးဓာတ္ေလး ဝင္သြားေအာင္ ႏြားနို႔ပူပူေလး ေသာက္လိုက္ပါလား မမၿမိဳင္ ။ ကြၽန္မ မမၿမိဳင္အတြက္ ေသခ်ာေလးကို က်ိဳလာတာ ။ "

" စံအိမ္မွာ ႏြားနို႔ကုန္ေနတယ္ဆို ။ သြားဝယ္လာတာလား ။ "

" ဟို ။ မဟုတ္ဘူး ။ ႀကီးႀကီးဆီက ကြၽန္မ သြားေတာင္းလာတာ ။ "

" ႀကီးႀကီးဆီက ။ "

" ဟုတ္တယ္ မမၿမိဳင္ ။ ႀကီးႀကီးဆီက သြားေတာင္းလာတာ ။ ႀကီးႀကီးကေလ မမၿမိဳင္အတြက္ ေကာ္ဖီေစ့ေတြ ၊ စေတာ္ဘယ္ရီ ၊ ခ်ယ္ရီေတြ ေပးလိုက္တယ္ ။ မမၿမိဳင္ကို ေသခ်ာဂရုစိုက္ ျပဳစုဖို႔ဆိုတာပါ မွာလိုက္ေသးတယ္ ။ "

" အို႔ ။ ဘာလို႔ ဂရုစိုက္ ျပဳစုဖို႔ မွာေနရတာလဲ ။ ဒီက ဒုကၡိတလည္း မဟုတ္ ။ "

" ဒုကၡိတ ဟုတ္ဟုတ္ မဟုတ္ဟုတ္ပါ ။ ကြၽန္မကိုယ္တိုင္ကလည္း မမၿမိဳင္ကို ဂရုစိုက္ေပးေစခ်င္တာေလ ။ ႀကီးႀကီး ခြင့္ျပဳခ်က္ရေတာ့ ကြၽန္မ ေပ်ာ္ရတာေပါ့ ။ "

ညိဳေလးဟာ ပုခံုးေလးကိုတြန္႔လို႔ ေခါင္းေလးလႈပ္ၿပီး ရယ္ေနေလရဲ႕ ။ သူမစကားကို သူမကိုယ္တိုင္ သေဘာက်ေနတယ္ ထင္ပါရဲ႕ ။

ညိဳေလးမျမင္ေအာင္ မမၿမိဳင္ ရယ္လိုက္မိသည္ ။ သေဘာက်မိပါသည္ ။ ၾကည္ႏူးမိပါသည္ ။

" ေရာ႕ ေရာ႕ ။ မမၿမိဳင္ ေသာက္လိုက္ ။ "

ဟု ေျပာၿပီ ႏြားနို႔ပူပူေလာေလာႀကီးကို မမၿမိဳင္ရဲ႕နႈတ္ခမ္း၌ ေတ့လိုက္ေတာ့ မမၿမိဳင္လည္း အေယာင္ေယာင္အမွားမွားနွင့္ နႈတ္ခမ္းဟေပးမိသည္ ။ ပူပူေလာင္ေလာင္ ႏြားနို႔ဟာ မမၿမိဳင္ရဲ႕ ပါးစပ္ဖ်ားထဲဝင္သြားၿပီး လ်ွာကိုၾကတ္သြားေတာ့သည္ ။

" အမေလး ။ အမေလး ။ ငါေတာ့ ေသေတာ့မွာပဲ ။ "

နေမာနမဲ့နိုင္မိသြားတဲ့ ညိဳေလးေၾကာင့္ မမၿမိဳင္ လ်ွာအပူေလာင္သြားရၿပီ ။ ညိဳေလးလည္း အလန္႔တၾကားနွင့္ ႏြားနို႔ခြက္ကို ၾကမ္းျပင္ေပၚမွာခ်လိုက္ၿပီး လ်ွာအပူေလာင္သြားတဲ့ မမၿမိဳင္ကို ကူညီေပးမိေတာ့သည္ ။

" မမၿမိဳင္ မမၿမိဳင္ ။ "

" နတ္႐ြာစံေတာ့မယ္ ႏြားမရဲ႕ ။ "

အပူေလာင္ေနေပမယ့္လည္း ညိဳေလးအား ဆဲနိုင္ပါေသးသည္ ။ မ်က္ရည္ေတြေဝ့ကာျဖစ္ေနတဲ့ မမၿမိဳင္ဟာ လ်ွာဖ်ားေလးကို တလစ္တလစ္ လုပ္ေနလို႔ပါပဲ ။ ဒါကို ညိဳေလးဟာ မမၿမိဳင္ရဲ႕ပါးျပင္နွစ္ဖက္ကို လက္နွင့္အုပ္ကိုင္လိုက္ၿပီး ထြက္ေနတဲ့လ်ွာဖ်ားေလးကို ေလမႈတ္ေပးေနေတာ့သည္ ။ သူမရဲ႕နႈတ္ခမ္းေလးကို စူထားလ်က္ တဖူးဖူး နွင့္ေပါ့ ။

" ဖူး ဖူး ။ "

" နတ္႐ြာစံေတာ့မယ္ ။ "

မပီကလာ ပီကလာနဲ႔ ေျပာေနတဲ့ မမၿမိဳင္ဟာ သူမရဲ႕လ်ွာေလးကိုပါ လႈပ္ရွားေနမိသည္ ။ ညိဳေလးကေတာ့ ဆက္၍ တဖူးဖူးေနဆဲ ။

" ဖူး ဖူး ။ သက္သာလား မမၿမိဳင္ ။ ဖူး ။ "

လႈပ္ရွားေနတဲ့ မမၿမိဳင္ရဲ႕ လ်ွာေလးဟာ ၿငိမ္သက္သြားရသည္ ။ သူမရဲ႕လက္ေတြဟာလည္း သူမရဲ႕ပါးျပင္ဆီက်ေရာက္ေနတဲ့ ညိဳေလးရဲ႕ လက္ဆစ္မ်ားကို ဆုပ္ကိုင္ထားမိေသးသည္ ။

အသက္ရွဴသံေတြ ရပ္သြားသလိုမ်ိဳး သူမတို႔နွစ္ဦးၾကားမွာ မ်က္ဝန္းညိဳမ်ားသာ အသက္ဝင္ေနခဲ့ပါေတာ့သည္ ။ မၿငိမ္မသက္ျဖစ္ေနတဲ့ မ်က္ဝန္းညိဳေတြအျပင္ သူမတို႔နွစ္ဦးၾကားထဲမွာ မၿငိမ္မသက္ျဖစ္ေနေသာ ခံစားခ်က္ေလးမ်ားပါ ရိွေနပါေတာ့သည္ ။ ခံစားေနရသည္ ။ ခံစားေနဆဲပင္ ။

ေအာင့္ထားတဲ့ အသက္ရွဴနႈန္းမ်ားကို ဖြင့္ဟလိုက္ခဲ့ရသလိုမ်ိဳး အၾကည့္စံုေနေသာ မ်က္ဝန္းမ်ားကို မမၿမိဳင္ဟာ ခ်က္ခ်င္းလႊဲခ်လိုက္ေတာ့သည္ ။ ၿပီးေနာက္ သူမပါးျပင္ေပၚက်ေရာက္ေနတဲ့ ညိဳေလးရဲ႕ လက္ကို ဖယ္ခ်ပစ္လိုက္ေတာ့သည္ ။

" အာ ။ ဟို ။ ေတာင္းပန္ပါတယ္ မမၿမိဳင္ ။ ကြၽန္မ အရမ္းစိတ္ပူမိသြားလို႔ပါ ။ "

" အြန္း ။ "

" အဆင္ေျပရဲ႕လား ဟင္ ။ "

" အြန္း ။ "

" တကယ္လား ဟင္ ။ "

" အြန္း ။ "

" ေသခ်ာပါတယ္ေနာ္ မမၿမိဳင္ ။ "

" အိုကြယ္ ။ တကယ္ပါဆိုမွ ။ ေတာ္ေတာ္ရွည္တာပဲ မိေက်ာင္းမရယ္ ။ "

" ဟူး ေတာ္ေသးတာေပါ့ ရန္ျပန္ေတြ႕နိုင္လို႔ ။ တအြန္းအြန္းနဲ႔ ဆိုေတာ့ ဒီကလူကျဖင့္ မမၿမိဳင္ လ်ွာတိုသြားတယ္ ထင္လို႔ ။ "

" မတိုဘူး မတိုဘူး ။ ဒီမွာၾကည့္ ။ "

မမၿမိဳင္ဟာ သူ၏ လ်ွာဖ်ားေလးကို ညိဳေလးျမင္ေအာင္ ထုတ္ျပေတာ့သည္ ။ ညိဳေလးမွာ မမၿမိဳင္ရဲ႕ ကေလးဆန္ဆန္ထိုအျပဳအမူေလးကို သေဘာက်လြန္းလို႔ မခ်ိဳမခ်ဥ္ၿပံဳးမိသည္ ။ ရင္ထဲအသည္းထဲကပါ ၿပံဳးမိပါသည္ ။

" အဟီးဟီး ။ "

" မရယ္ပါနဲ႔ေနာ္ ။ ရယ္စရာမပါဘူး ။ ဟြန္႔ ။ "

စိမ္းမမၿမိဳင္တို႔ရဲ႕ မ်က္ေစာင္းလက္နက္သည္ ညိဳေလးရဲ႕ အရိႈက္တည့္တည့္သို႔ ထိမွန္သြားခဲ့ရၿပီ ။

" မ်က္ေစာင္းေတြ အရမ္းထိုးတာပဲ ။ "

" ဒီမယ္ ။ "

" ဟုတ္ ။ "

" ေတာက္တဲ့လို လိုက္ကပ္ေနတာေတြ ေလ်ာ့စမ္းပါ ။ ဒီလို ဆက္ကပ္ေနဦးမယ္ဆို မင္းနဲ႔တို႔နဲ႔ နမ္းမိေတာ့မယ္ ။ "

" ရွင္ ။ နမ္း နမ္းမိမယ္ ။ "

" ဟုတ္တယ္ေလ ။ နမ္းမိမွာေပါ့ ။ "

စကားသည္ လစ္ခနဲထြက္သြားသည္ေၾကာင့္ မမၿမိဳင္ဟာ မ်က္နွာေလးလႊဲလို႔ စြံ႕အမိေနေတာ့သည္ ။ ပူေႏြးလာတဲ့ သူမရဲ႕ပါးျပင္နွစ္ဖက္ကို ညိဳေလးမျမင္ေစဖို႔အတြက္ ညိဳေလးအေရွ႕မွ ထြက္သြားမိေတာ့သည္ ။

အို ။ ဘာေတြေျပာေနမိသလဲ ၿမိဳင္ရယ္ ။

က်န္ခဲ့ေသာ ညိဳေလးမွာေတာ့ သူမရဲ႕ဘယ္ဘက္ရင္အံုကို အသာဖိရင္း ေအးစက္ေနေသာ ေက်ာက္ရုပ္ပမာသာ ျဖစ္ေနေတာ့သည္ ။ တဒုတ္ဒုတ္ ရင္ခုန္သံေလးကေတာ့ လႈပ္ရွားေနလို႔ပါပဲ ။

" ဘာႀကီးလဲ ။ ဘယ္လိုႀကီးလဲ ။ "

ကိုယ့္ရင္ခုန္သံဟာ တစ္ျဖည္းျဖည္းနဲ႔ နက္ရႈိင္းလာသည္ဆိုတာကို သူမ သတိထားမိေနသည္ ။ မမၿမိဳင္နဲ႔ ပထမဆံုး နီးစပ္သည့္အခ်ိန္တုန္းကေတာ့ ကိုျမင့္ေမာင္ထက္ပိုတဲ့ ရင္ခုန္သံ ခံစားခ်က္မ်ိဳး ရခဲ့တာမွန္ေပမယ့္ ။ ယခုမ်ားမူ အဆေပါင္းမ်ားစြာေသာ နက္ရႈိင္းသည့္ခံစားခ်က္ကို ညိဳေလး ခံစားမိေနသည္ ။ သိေနသည္ ။ သို႔ေပတည္း ။ မည့္သည့္အေၾကာင္းအရာကို ေခါင္းစဥ္တပ္ရမွန္းမသိတဲ့ ခံစားခ်က္မ်ိဳး ျဖစ္ေနရွာသည္ ။

" ဟူး ။ "

သက္ျပင္းအသာခ်လို႔ ေအာက္ကိုငံု႔ၾကည့္မိခ်ိန္၌ ၾကမ္းျပင္မွာခ်ထားေသာ ႏြားနို႔ခြက္ကို ေတြ႕မိေတာ့သည္ ။ ထိုအခါမွ အသိတရားမ်ားဝင္လာၿပီး ခြက္ကိုယူကာ မမၿမိဳင္အေနာက္ကို အေျပးလိုက္ပါေတာ့သည္ ။

" မမၿမိဳင္ မမၿမိဳင္ ။ ဒီမွာ ႏြားႏုိ႔ပူပူေလးေလ ။ "

မမၿမိဳင္ကေတာ့ သူ႔ကိုအပူေလာင္ေစခဲ့တဲ့ ညိဳေလးကို ဒီတစ္ခါေတာ့ က်ိန္ဆဲေတာ့မွာ က်ိန္းေသပါရဲ႕ ။

X  X  X  X  X

ေဆာင္းရဲ႕အေငြ႕အသက္ေတြ ပ်ံ႕နွံ႔ေနတဲ့ ေမၿမိဳ႕တစ္ခြင္မွာ ညဘက္ေကာင္းကင္ထက္၌ ျမဴခိုးေတြစိုင္းေနပါေတာ့သည္ ။ တိမ္လႊာမ်ား ေျမႀကီးေပၚက်ေရာက္ေနသလိုမ်ိဳး သီရိၿမိဳင္စံအိမ္ဝန္းထဲမွာ ျမဴခိုးမ်ားဟာ အေမွာင္ထုသဖြယ္ အျပည့္ျဖစ္ေနပါေပသည္ ။ နီယြန္မီးသီးႀကီးမ်ား ထြန္းထားေသာ သီရိၿမိဳင္စံအိမ္ကေတာ့ နန္းေတာ္ႀကီးသဖြယ္ပါပင္ ။

ဆြယ္တာေႏြးေႏြးေထြးေထြးဝတ္ထားတဲ့ မမၿမိဳင္ကေတာ့ မွန္တင္ခံုအေရွ႕မွာ ထိုင္ရင္း သူမရဲ႕ဆံႏြယ္ေတြအား ရွင္းလင္းလို႔ေနပါသည္ ။ မွန္ထဲက သူမပံုရိပ္ေလးကိုၾကည့္ရင္း မသိမသာၿပံဳးမိသည္ ။

အေတြးအာရံုထဲမယ္ ညိဳေလးရဲ႕ပံုရိပ္မ်ား ထင္ဟပ္လာသည္ ။ ဒီတစ္ခါေတာ့ ပါးေလးမို႔တဲ့အထိ ၿပံဳးမိသည္ ။ ရင္ထဲမယ္ ေႏြးေထြးသြားတာပဲ ။

အေတြးေတြမ်ားလာရင္း လ်ွာအပူေလာင္ခဲ့တဲ့ ညေနကကိစၥေလးကို ေတြးမိခဲ့သည္ ။ ၿပံဳးေနရင္းမွ ရုတ္တရက္ ရွက္သြားမိသည္ ။

" အို ။ "

ရွက္ေသြးျဖာမႈေၾကာင့္ နႈတ္ခမ္းေလးကို ဝိုင္းသြားခဲ့သည္ ။ လ်ွာအပူေလာင္ခဲ့စဥ္က သူမရဲ႕ပါးျပင္နွစ္ဖက္ကို ကိုင္ထားခဲ့တဲ့ ညိဳေလးရဲ႕ လက္ဖဝါးပူပူေႏြးေႏြးေလးကို ခံစားမိလို႔ ။ ခံတြင္းထဲက ထြက္လာတဲ့ ေလေအးေအးေလးကို ခံစားမိလို႔ ။ ညိဳေလးကို ေငးၾကည့္မိခဲ့တဲ့ သူမရဲ႕ပံုရိပ္ဟာ ညိဳေလးရဲ႕မ်က္ဝန္းညိဳညိဳေတြထဲမွာ ထင္ဟပ္ေနခဲ့တာကို ျပန္ေတြးၾကည့္ကာ ရွက္ေနပါေတာ့သည္ ။

" ငါ့အေတြးထဲ အာရံုထဲေတြပါ သင္းက ဘာ့ေၾကာင့္ ခဏခဏအလည္လာေနရတာလဲ ။ တစ္ခ်ိန္လံုး ေတာက္တဲ့လုပ္ထားရင္ လံုေလာက္ၿပီေလ ။ ေတာ္ေရာေပါ့ ။ ဘယ္လိုဝံပုေလြမ မွန္းကို မသိပါဘူး ေနာ္ ။ "

အေတြးအာရံုထဲမွာ ညိဳေလးေရာက္ရိွေနသည္ကို မမၿမိဳင္ မေက်နပ္နိုင္ ။ သို႔ေပမယ့္လည္း သူမရဲ႕ ဝမ္းနည္းျခင္း ေပ်ာ္႐ႊင္ျခင္းေတြပါဝင္တဲ့ သူမရဲ႕အေတြးေတြထဲမွာ ညိဳေလးပါဝင္ပတ္သက္ေနသည္ကိုေတာ့ မမၿမိဳင္ သတိထားမိပံုမေပၚပါ ။ လူအနားမွာမရိွေပမယ့္ အေတြးနယ္ပယ္ထဲကို လိုက္ေနွာက္ယွက္ေနသည္ဟာ ထက္ေနမိသည္ ။

၅ျပားေစ့ေလး ထည့္သိမ္းထားေသာ မွန္တင္ခံုေပၚက သစ္သားဗူးေသးေသးေလးကို လွမ္းၾကည့္မိခဲ့သည္ ။ ေဘာ္လီၾကားထဲက ၅ျပားေစ့ေလးကို ေတြးမိရင္း ေနာက္ထပ္တစ္ခ်ီ ၿပံဳးမိခဲ့သည္ ။

ဒီလိုပါပဲ ။ မမၿမိဳင္ရဲ႕ အေတြးနယ္ပယ္ထဲမွာ ညိဳေလးဟာ ႏြယ္ပင္လို ရစ္တြယ္ထားေတာ့သည္ ။

" မမၿမိဳင္ ။ မမၿမိဳင္ အိပ္ၿပီလား ။ "

" အခ်ိန္မွန္ပဲေဟ့ ။ "

ထံုးစံအတိုင္းပဲ ။ ညိဳေလးတစ္ေယာက္ မမၿမိဳင္ကို နံရံေပါက္ေလးကတစ္ဆင့္ လွမ္းေခၚျပန္ၿပီ ။ နံရံေပါက္ေလးက ၾကားရတဲ့အသံေၾကာင့္ စိတ္ထဲၾကည္လင္လာရၿပီး ပို၍ေပ်ာ္႐ႊင္လာသည္ ။

ပိတုန္းေရာင္လို နက္ေမွာင္လွတဲ့ ဆံႏြယ္ရွည္ရွည္ေတြအား ၿဖီးေနသည့္ ဘီးကို မွန္တင္ခံုမွာ ျပန္တင္လိုက္ၿပီး ဆံႏြယ္မ်ားအား ေဘးတစ္ဖက္သို႔ သိမ္းယူလိုက္ၿပီး ညိဳေလးရိွရာ နံရံေပါက္ေလးနားသို႔ သြားကာ ထိုင္လိုက္ပါေတာ့သည္ ။

ၿပီးေနာက္ ေလသံမာမာျဖင့္ ။

" ဘာလဲ ။ ဘာလဲ ။ မင္းမွာ တစ္ေန႔တစ္ေန႔ ေတာက္တဲ့လုပ္ရတာနဲ႔ အားမရေသးဘူးလား ။ သူမ်ား နားခ်ိန္ကိုေတာင္ သိပ္အေနွာက္အယွက္ေပးတာပဲေတာ္ ။ "

" အဟက္ဟက္ ။ ေျပာစရာရိွလို႔ပါ မမၿမိဳင္ရဲ႕ ။ "

" ေျပာစရာေရာ ေမးစရာေရာ မင္းမွာေတာ္ေတာ္မ်ားေနတာပဲ ။ ေျပာဟယ္ ။ ေျပာ ေျပာ ။ "

တစ္ဖက္အခန္းက ညိဳေလးဟာ သေဘာေတြက်ကာျဖင့္ ရယ္မိပါေတာ့သည္ ။ မမၿမိဳင္ကေတာ့ စိတ္မရွည္တဲ့မ်က္နွာေပးေလး ျဖစ္ေနေပမယ့္လို႔ ညိဳေလး ေျပာလာမယ့္စကားေတြကို နားစြင့္ေနမိပါေတာ့သည္ ။

ညိဳေလးဟာ နံရံကို ေခါင္းေလးမွီလိုက္ၿပီး သက္ျပင္းတစ္ခ်က္ရႈိက္လိုက္သည္ ။ ထြက္ေလ ဝင္ေလ တို႔မွာ ေဆာင္းေငြ႕မ်ား ပါဝင္ေနသည္ေၾကာင့္ နွာဖ်ားေလးဟာ ေအးစက္ေနေပသည္ ။

မမၿမိဳင္သည္လည္း နံရံကို မွီလိုက္မိေတာ့သည္ ။ ညိဳေလးေျပာလာမယ့္ စကားေတြကိုလည္း နံရံေပါက္ေလးမွ ေမ်ွာ္ေနမိပါသည္ ။

ေက်ာခ်င္းကပ္ထားတဲ့ သူမတို႔နွစ္ဦးၾကားမွာ နံရံေလးဟာ ျခားပါေတာ့သည္ ။

" ကြၽန္မေလ ။ အခုရက္ပိုင္း ခံစားခ်က္ေတြ တစ္မ်ိဳးႀကီး ျဖစ္ေနတယ္ ထင္ပါရဲ႕ ။ "

" ေဟ ။ ဘယ္လိုခံစားခ်က္လဲ ။ "

" ဘယ္လိုခံစားခ်က္ကို အမည္ေပးရမလဲေတာ့ ကြၽန္မ မသိဘူး ။ ဒါေပမယ့္ နက္နက္ရႈိင္းရႈိင္းႀကီးကို ျဖစ္ေနတယ္ ။ "

" မင္း အရမ္းပင္ပန္းေနလို႔္မ်ားလား ။ စိတ္ပင္ပန္းေနတာလား ။ "

" စိတ္ပင္ပန္းတာထက္ ပိုဆိုးတယ္ မမၿမိဳင္ ။ ကြၽန္မေလ ။ "

" ဘာျဖစ္သလဲ ။ ဆက္ေျပာေလကြယ္ ။ "

" မမၿမိဳင္နဲ႔အေဝးဆံုးေနရာမွာ ကြၽန္မ မေနနိုင္ဘူး ထင္ပါရဲ႕ ။ ခဏေလးေဝးသြားရင္ေတာင္ မမၿမိဳင္အနားကို အေျပးလာခ်င္မိေနတယ္ ။

ၿပီးေတာ့ေလ မမၿမိဳင္ရဲ႕အၿပံဳးကို မျမင္ဖူးလို႔ပဲလား ။ ဘယ္လိုပံုစံနဲ႔ လွပေနမလဲဆိုတဲ့ အၿပံဳးေတြကို ျမင္ခ်င္ေနတယ္ ။

ေနာက္ၿပီး မမၿမိဳင္အနားမွာေနရတာ ကြၽန္မ ေပ်ာ္ေနမိတယ္ ။ ဒီေပ်ာ္႐ႊင္မႈကိုလည္း ကြၽန္မ နွစ္သက္ေနမိတယ္ ။

ဒီခံစားခ်က္ရဲ႕ အဓိပၸါယ္ကို ကြၽန္မ နားမလည္နိုင္ေသးဘူး ။ ဒီပုစာၦရဲ႕အေျဖက ခက္တယ္ ။ နက္တယ္ ဆိုတာေတာ့ ကြၽန္မ သိတယ္ ။ နားလည္တယ္ ။

ဒါဟာ ေယာက္်ားတစ္ေယာက္တည္းကို ယူထားတဲ့ မိန္းမတစ္ေယာက္ရဲ႕ ခံစားခ်က္မဟုတ္ဘူးလို႔ ကြၽန္မ ထင္တယ္ ။

ကြၽန္မရဲ႕ အေတြးထဲမွာ မမၿမိဳင္ ပါဝင္ေနတယ္ ။ ညစဥ္အိပ္မက္ေတြထဲအထိပါ မမၿမိဳင္က ပါဝင္ပတ္သက္ေနတယ္ ။ "

အေတြး ။
ငါ့အေတြးေတြထဲမွာလည္း သူပါေနတာပဲ ။
ဒါဆို ငါကေရာ ။
သူေျပာေနတဲ့ ခံစားခ်က္ႀကီး ျဖစ္ေနတာလား ။
အို ။ မဟုတ္ေသးပါဘူး ။

" တကယ္မဟာတံတိုင္းႀကီးလိုပဲ မမၿမိဳင္ရယ္ ။ ကြၽန္မမရိွတဲ့ တစ္ျခားတစ္ဖက္မွာ ဘာမ်ားရိွေနမလဲဆိုတာ ။ ကြၽန္မ သိခ်င္တယ္ ။

မမၿမိဳင္ နားေထာင္ေနရဲ႕လား ။ "

" အင္း ။ အင္း နားေထာင္ေနတယ္ ။ "

" မမၿမိဳင္ေရာ ဘယ္လိုျမင္လဲ ဟင္ ။ ကြၽန္မရဲ႕ ဘာမွန္းမသိတဲ့ ခံစားခ်က္ႀကီးကို ။ "

" တို႔က ဘယ္သိမလဲ ။ မင္း သိခ်င္ရင္ အဲ့မဟာတံတိုင္းႀကီးကို ၿဖိဳၾကည့္ေပါ့ ။ ဒါဆို မင္းလိုခ်င္တဲ့ ပုစာၦရဲ႕အေျဖ ထြက္လာမွာပဲေလ ။ "

" ဟုတ္မယ္ေနာ္ ။ ဒီမဟာတံတိုင္းႀကီးက ၿဖိဳရမွာေပါ့ ။ ဒါနဲ႔ ဘယ္လိုၿဖိဳရမလဲ ။ "

" ဘယ္သိမလဲ ။ မင္းဘာသာမင္း ၿဖိဳခ်င္သလိုၿဖိဳကြယ္ ။ တို႔ေတာ့ အိပ္ေတာ့မယ္ ။ "

" ခဏေလး ခဏေလး ။ "

" ကဲ ။ ဘာျဖစ္ျပန္ၿပီလဲ ။ "

" မနက္ျဖန္ အျပင္လိုက္ပို႔ေပးေလ ။ ဘိုင္စကုပ္လိုက္ျပပါ ။ ကြၽန္မနဲ႔အတူတူ ေမၿမိဳ႕ကို ေလ်ွာက္လည္မယ္ဆိုၿပီး ကတိေပးထားၿပီးေတာ့ ။ အဲ့ကတိဖ်က္ရင္ သြားက်ိဳးမွာေနာ္ ။ "

" အမေလး ။ လိုက္လည္းလိုက္ပို႔ရဦးမယ္ ။ သြားက်ိဳးမယ္လို႔လည္း က်ိန္ခံေနရပါလား ။ ငါ့နွယ္ ။ ရယ္ေတာင္ မရယ္နိုင္ေတာ့ဘူးေနာ္ ။ "

" ေဟ ။ ရယ္မွာလား ။ ခဏေလး ။ ကြၽန္မ လာၾကည့္မယ္ မမၿမိဳင္ ။ "

" ဟဲ့ ။ ဒီမိန္းမ ။ မလာနဲ႔ ။ ညည္းအခန္းမွာ ညည္းေန ။ မနက္ျဖန္သြားမယ္ ။ ဒါပဲ ။ "

ဟု ေျပာၿပီး မမၿမိဳင္ကေတာ့ ကုတင္ဆီသို႔ လွမ္းေလ်ွာက္သြားပါေတာ့သည္ ။ တစ္ဖက္ခန္းက ညိဳေလးကေတာ့ နံရံအေပါက္ေလးေတြမွ ေခ်ာင္းၾကည့္မိေနၿပီး ၿပံဳးရယ္ေနမိခဲ့ေတာ့သည္ ။

မမၿမိဳင္သည္ ကုတင္ေပၚမွာထိုင္ကာ ေႏြးေႏြးေထြးေထြးရိွေသာ ေစာင္ထဲသို႔ဝင္ကာျဖင့္ လွဲလိုက္ၿပီး နံရံေပါက္ေလးရိွရာသို႔ ၾကည့္ရင္း ၿပံဳးေနမိေတာ့သည္ ။

ၿပီးေနာက္ ညိဳေလးေျပာခဲ့ေသာ အေၾကာင္းအရာမ်ားကို စဥ္းစားရင္း မမၿမိဳင္ရဲ႕မ်က္နွာတစ္ခြင္မွာ ေလးနက္မႈေတြ ဖံုးလႊမ္းေနခဲ့ေတာ့သည္ ။ ခုန္ေနေသာ ဘယ္ဘက္ရင္အံုကို အသာဖိလို႔ မမၿမိဳင္ သက္ျပင္းခ်လိုက္ေတာ့သည္ ။

ညိဳေလးသည္ ထိုနံရံေပါက္ေလးေဘးက ၾကမ္းျပင္ေလးမွာသာ ထိုင္ေနခဲ့ၿပီး အေတြးနယ္ပယ္ေတြ ျပန္႔က်ဲေနခဲ့ေတာ့သည္ ။ သက္ျပင္းေလးအသာ ရိႈက္ၿပီး ေအးစိမ့္ေနတဲ့ ေဆာင္းဦးရဲ႕ဒါဏ္ကို အေတြးမ်ားနဲ႔ တိုက္ခုိက္ေနေပေတာ့သည္ ။

ဒီညအဖို႔ေတာ့ အိပ္စက္လို႔မရနိုင္ပါ ။

X  X  X  X  X

ခ်စ္မိျပန္ၿပီ မမၿမိဳင္
morA_nyein
12.8.2022


credit 🖤



" မမမြိုင် ။ "

စံအိမ်တော်အပေါ်ထပ်ရှိ ပြတင်းပေါက်အနား၌ လှုပ်ထိုင်ခုံလေးနဲ့ ထိုင်နေတဲ့ မမမြိုင်အနားသို့ ညိုလေး ရောက်လာခဲ့သည် ။ ဆွေးတမြေ့မြေ့ ခံစားချက်များ ရှင်သန်နေတဲ့ မမမြိုင်ရဲ့ ခံစားချက်တွေဟာ ညိုလေးရောက်လာစဉ်အတွင်းမှာပဲ ကွယ်ပျောက်သွားခဲ့ရသည် ။ လွမ်းရတယ် ။ ဆွေးရတယ် ။ အလွမ်းတမ်းချင်းတွေ လှိုင်းထန်နေခဲ့သည့်အချိန် ကွယ်ပျောက်သွားခဲ့ရသည် ။

မမမြိုင်ဟာ ညိုလေးအား ခေါင်းလေးအနည်းငယ်မျှ စောင်းလို့ လှမ်းကြည့်လိုက်တော့သည် ။ ပြီးနောက် မူလနေရာအတိုင်း ပြတင်းပေါက်ဘက်ကို ငေးရင်း နေမင်းကြီးနဲ့အတူတူ လှပနေသော အပြာရောင် ကောင်းကင်ကြီးကို ကြည့်ရင်း ထင်းရှူးပင်တို့ဆီမယ် ခိုနားနေကြသော ငှက်ကလေးများရဲ့အသံကို နားစွင့်မိသည် ။

ညိုလေးဟာ မမမြိုင် ထိုင်နေသော လှုပ်ထိုင်ခုံအနားက ကြမ်းပြင်ပေါ်မှာ ထိုင်ချလိုက်တော့သည် ။ ကြမ်းပြင်ပေါ်မှာ ကျရောက်နေသော မမမြိုင်ရဲ့ ဖြူဖွေးဖွေးခြေချောင်းလေးများကို ငုံ့ကြည့်မိသည် ။ လုံချည်စလေး ရစ်ဝဲနေသော ပြည့်ဖောင်းဖောင်းခြေချောင်းလေးတွေဟာ မြတ်နိုးချင်စရာ အစဉ်ပါပင် ။

ကိုကိုမြင့် နမ်းခဲ့မယ့် ခြေချောင်းလေးတွေပဲ ။ အို ။ သိပ်လှတာပဲ ကွယ် ။

" ကိုမြင့်မောင် ဆံတော်ဂါ့ဒ်ကို သွားပြီလား ။ "

" ဟုတ် ဟုတ်ကဲ့ မမမြိုင် ။ အစောကပဲ ထွက်သွားပါတယ် ။ "

" သြော် ။ "

ဟုသာ ပြောပြီး နောက်တစ်ချီထပ်ဆွေးမိပြန်ပြီ ။ မမမြိုင်ကတော့ သိနိုင်ပါ့မလား ။ အဆွေးဓာတ်တွေ လွှမ်းမိုးနေတဲ့ မမမြိုင်ရဲ့မျက်နှာလေးကို ညိုလေးမှာ မော့ကာငေးနေမိသည် ဆိုတာကိုပေါ့ ။

" မမမြိုင်အတွက် စံပယ်ပန်းတွေသီလာတယ် ။ "

မမမြိုင်ဟာ ညိုလေးအား လှည့်ကြည့်မိသည် ။ ညိုလေးလက်ထဲမှာ လက်တစ်ထွာခန့်ရှည်သော စံပယ်ပန်းကုန်းလေး ၃ ကုန်းကို တွေ့လိုက်တော့သည် ။ အဆွေးဓာတ်ခံတွေ ပြည့်လျှံနေချိန် စံပယ်ပန်းရနံ့ကို မြိုင် မရရှိခဲ့ပေမယ့် ယခုမှာမူ အသိတရားနဲ့အတူ သင်းပျံ့ပျံ့စံပယ်ပန်းလေးတွေရဲ့ ရနံ့လေးပါ ရရှိလာခဲ့တော့သည် ။

အဆိပ်သင့်စေခဲ့တဲ့ ဆောင်းအိပ်မက်ထဲမှ မြိုင် နိုးထလာခဲ့သလိုပါပဲ ။ အလွမ်းတွေပြည့်နေတဲ့ မြိုင် ၊ အသက်ရှူကြပ်ကာဖြင့် မွန်းကြပ်နေခဲ့တဲ့ မြိုင့်ကို ဆွဲထုတ်လိုက်သလိုပါပဲ ။

ဒီ သီရိမြိုင် ခြံဝန်းကြီးရှိ အိမ်တော်အနောက်ဘက်မှာရှိသော သစ်ပင်အကြီးကြီးနားမှာ ကိုမြင့်မောင်သီလာခဲ့သော စံပယ်ပန်းကုန်းတွေကို အလင်းရဲ့အလျှင်ကဲ့သို့ သတိရမိတော့သည် ။

" လှတယ် မဟုတ်လား မမမြိုင် ။ "

ပြုံးကာပြောလိုက်တဲ့ ညိုလေးရဲ့ မျက်နှာမှာ ပျော်ရွှင်မှုဆိုသော ဓာတ်လေးကို မမမြိုင် ခံစားမိသည် ။ ခံစားနေရသည် ။ ခံစားနေဆဲပါပင် ။

" ပန်လိုက်နော် မမမြိုင် ။ "

" တို့ဆံပင်ကြားထဲမှာ ပန်ရတာထက် သူ့အပင်မှာ ထားတာက ပိုလှတာလေ ။ "

" မမမြိုင်က စံပယ်ပန်း ပန်ပြီးတဲ့အချိန်တိုင်း မှန်မကြည့်ဖူးဘူး ထင်ပါရဲ့ ။ ဘယ်သူပြောတာလဲ ။

ဒီစံပယ်တွေကလေ ။ မမမြိုင်ပန်ထားမှ ပိုလှတာ ။ ပိုပြီး အသက်ဝင်တာ ။ ပြီးတော့ မမမြိုင်ရဲ့ လည်တိုင်နားလေးမှာ စံပယ်ပန်းရနံ့တွေ ရစ်ဝဲနေမှာ ။ ဘယ်လောက်တောင် ခမ်းနားလိုက်မလဲ ။ ကိုကိုမြင့် နမ်းရင် စံပယ်ပန်းရနံ့တွေ ရနေမှာ ကျိန်းသေတယ် ။ "

ညိုလေးမှာ ဒီစကားကို ပြုံးကာပြောနေပေမယ့် မှန်ကိုပစ်ပေါက်လိုက်တဲ့ တူလိုပါပဲ ။ သူမရင်ထဲမယ် တစ်စစီကွဲကြေနေရတယ်လို့လေ ။

" ဒီစံပယ်တွေ မမမြိုင်ကို စောင့်နေကြပြီ ။ "

" ပန်ပေး ။ "

" ရှင် ။ "

" မင်းကိုယ်တိုင် ပန်ပေး ။ "

ကြီးကြီးတို့ စံအိမ်တော်မှာ မမမြိုင်ကို စံပယ်ပန်းခက်လေး တစ်ခါမျှပန်ပေးဖူးပေမယ့် ဒီတစ်ခါ ပန်ပေးဖို့အတွက် ရင်တုန်နေမိသည် ။

ညိုလေးဟာ မမမြိုင်ရဲ့အနားသို့ မဝံ့မရဲလေးတိုးကပ်လာပြီး ဘေးတစ်ဖက်သို့ချထားသော ဆံနွယ်တွေကြားထဲမှာ ဖြူဖြူဖွေးဖွေးစံပယ်ကုန်းလေးများအား ပန်ဆင်ပေးလိုက်မိတော့သည် ။ တစ်ချက်တစ်ချက် ထိသွားမိသော မမမြိုင်ရဲ့ လည်တိုင်လေးမှာ ပိုးသားလေးလို့ နူးညံ့လှသည် ။

" လှလား ။ "

" ရှင် ။ "

" မင်းမှာလည်း နားကန်းနေသလားပဲ ။ တို့ လှလားလို့ မေးနေတာလေ ။ "

" လှတာပေါ့ မမမြိုင်ရယ် ။ မမမြိုင် အလှကို ဒီစံပယ်တွေတောင် အရှုံးပေးရပါတယ်ဆို ။ မမမြိုင်က အဲ့သလောက်အထိကို လှတာ ။ "

" တို့တော့ ရူးနေပြီ ထင်တယ် ။ "

" ဘာလို့လဲ မမမြိုင် ။ "

" မင်းကို မမုန်းမိလို့လေ ။ တကယ်ဆို မင်းကို အမုန်းကြီး မုန်းရမှာ ။ ငါ့ယောက်ျားကို လုယူနေတဲ့ မင်းကို မုန်းသင့်တာပေါ့ ။

ဒါပေမယ့် မင်းနဲ့ရှိနေတဲ့အချိန်တွေက တို့ရဲ့ငယ်ရွယ်မှုကို နိုးထလာစေခဲ့တယ် ။ "

" မမုန်းပါနဲ့ ။ မမမြိုင်ရဲ့အမုန်းတွေက ကျွန်မ အပျိုရည်ပျက်တာထက် နာရတယ် ။ မမမြိုင် မမုန်းဖို့အတွက် အသက်လည်း မနှမြောဘူး ။ ပေးရဲတယ် ။ "

" ဒီလို စကားတွေ မပြောဖို့ ပြောထားတယ်လေ ။ မင်း မေ့နေပြီလား ။ "

" မမေ့ပါဘူး ။ မမမြိုင် ပြောတဲ့စကားတွေကို ကျွန်မ ဦးနှောက်ထဲမှာ အမြဲသိမ်းထားပါတယ် ။ "

မကြာခင်ဆို နှလုံးသားထဲကိုပါ စီးဝင်တော့မယ် ထင်ပါရဲ့ အချစ်ကလေးရယ် ။

X  X  X  X  X

" မြူတွေကလည်း ထူလိုက်တာကွယ် ။ အေးစက်နေတဲ့ ရာသီဥတုကလည်း အနာကို ဆားနဲ့ပက်နေသလိုပဲ ။ "

ညနေခင်းရဲ့ ဖြူဖြူဖွေးဖွေး မြူမှုန်တွေကြောင့် သီရိမြိုင်ခြံဝန်းထဲရှိ စံပယ်ရုံလေးကိုတောင် မမမြိုင် မမြင်ရခဲ့ ။ မနက်ခင်းတိုင်းမှာ စံပယ်ရုံလေးနား လိပ်ပြာလေးလိုဝဲနေရှာတဲ့ ညိုလေးကို အမြဲကြည့်နေတတ်ပြီး ညနေပိုင်းဆိုရင်တော့ စံပယ်ရုံ ဖြူဖြူဖွေးဖွေးလေးကိုသာ ငေးကြည့်နေတတ်သည်မှာ မမမြိုင်ရဲ့ အလုပ်လိုပါပင် ။ သူမကိုယ်တိုင်တောင် သတိမထားမိတဲ့ အလုပ်တစ်ခုပေါ့ ။ နေညိုချိန်မြူခိုးများကြောင့် ဒီနေ့မှာတော့ စံပယ်ရုံဖြူဖြူဖွေးဖွေးလေးဟာ မြူမှုန်တွေနဲ့ ရောယှက်နေရှာသည် ။

နှာဖျားမှ ရှူသွင်းမိတဲ့ လေတွေကလည်း အေးစိမ့်နေပေလို့ ။ နွေးထွေးအောင်ဝတ်ထားတဲ့ အင်္ကျီတွေကိုတောင် ထိုးဖောက်နိုင်စွမ်းရှိတဲ့ မေမြို့ရဲ့ ဆောင်းဦးညနေခင်းလေးပါပဲလား ။ ဘယ်အချိန် နေပြန်ပွင့်မလဲ မသိနိုင်တဲ့ မေမြို့ရဲ့ ရာသီဥတုလေးပေါ့ ။ ပြတင်းပေါက်လေးကိုသာမှီပြီး တွေးလို့ ဆွေးလို့ ။

" မမမြိုင် ။ "

ခပ်ဆွေးဆွေးအသံလေးကို ကြားလိုက်ရသည် ။ သိုးပေါက်လေးရဲ့ အသံလေးဖြစ်မယ်ဆိုတာ မလွဲဧကန်ပဲလေ ။

" ဘာလဲ ။ သိုးပေါက် ။ "

သိမ်ဝင်သွားသော ' သိုးပေါက် ' ဆိုသော စကားလုံးလေးကို ညိုလေး မကြားမိလိုက်ပါ ။ သို့ပေတည်း အရင်လိုသာ နွေးထွေးတဲ့အပြုံးလေးနဲ့ ပြုံးပြနေတော့သည် ။

" ရာသီဥတုအေးအေးလေးမှာ အနွေးဓာတ်လေး ဝင်သွားအောင် နွားနို့ပူပူလေး သောက်လိုက်ပါလား မမမြိုင် ။ ကျွန်မ မမမြိုင်အတွက် သေချာလေးကို ကျိုလာတာ ။ "

" စံအိမ်မှာ နွားနို့ကုန်နေတယ်ဆို ။ သွားဝယ်လာတာလား ။ "

" ဟို ။ မဟုတ်ဘူး ။ ကြီးကြီးဆီက ကျွန်မ သွားတောင်းလာတာ ။ "

" ကြီးကြီးဆီက ။ "

" ဟုတ်တယ် မမမြိုင် ။ ကြီးကြီးဆီက သွားတောင်းလာတာ ။ ကြီးကြီးကလေ မမမြိုင်အတွက် ကော်ဖီစေ့တွေ ၊ စတော်ဘယ်ရီ ၊ ချယ်ရီတွေ ပေးလိုက်တယ် ။ မမမြိုင်ကို သေချာဂရုစိုက် ပြုစုဖို့ဆိုတာပါ မှာလိုက်သေးတယ် ။ "

" အို့ ။ ဘာလို့ ဂရုစိုက် ပြုစုဖို့ မှာနေရတာလဲ ။ ဒီက ဒုက္ခိတလည်း မဟုတ် ။ "

" ဒုက္ခိတ ဟုတ်ဟုတ် မဟုတ်ဟုတ်ပါ ။ ကျွန်မကိုယ်တိုင်ကလည်း မမမြိုင်ကို ဂရုစိုက်ပေးစေချင်တာလေ ။ ကြီးကြီး ခွင့်ပြုချက်ရတော့ ကျွန်မ ပျော်ရတာပေါ့ ။ "

ညိုလေးဟာ ပုခုံးလေးကိုတွန့်လို့ ခေါင်းလေးလှုပ်ပြီး ရယ်နေလေရဲ့ ။ သူမစကားကို သူမကိုယ်တိုင် သဘောကျနေတယ် ထင်ပါရဲ့ ။

ညိုလေးမမြင်အောင် မမမြိုင် ရယ်လိုက်မိသည် ။ သဘောကျမိပါသည် ။ ကြည်နူးမိပါသည် ။

" ရော့ ရော့ ။ မမမြိုင် သောက်လိုက် ။ "

ဟု ပြောပြီ နွားနို့ပူပူလောလောကြီးကို မမမြိုင်ရဲ့နှုတ်ခမ်း၌ တေ့လိုက်တော့ မမမြိုင်လည်း အယောင်ယောင်အမှားမှားနှင့် နှုတ်ခမ်းဟပေးမိသည် ။ ပူပူလောင်လောင် နွားနို့ဟာ မမမြိုင်ရဲ့ ပါးစပ်ဖျားထဲဝင်သွားပြီး လျှာကိုကြတ်သွားတော့သည် ။

" အမလေး ။ အမလေး ။ ငါတော့ သေတော့မှာပဲ ။ "

နမောနမဲ့နိုင်မိသွားတဲ့ ညိုလေးကြောင့် မမမြိုင် လျှာအပူလောင်သွားရပြီ ။ ညိုလေးလည်း အလန့်တကြားနှင့် နွားနို့ခွက်ကို ကြမ်းပြင်ပေါ်မှာချလိုက်ပြီး လျှာအပူလောင်သွားတဲ့ မမမြိုင်ကို ကူညီပေးမိတော့သည် ။

" မမမြိုင် မမမြိုင် ။ "

" နတ်ရွာစံတော့မယ် နွားမရဲ့ ။ "

အပူလောင်နေပေမယ့်လည်း ညိုလေးအား ဆဲနိုင်ပါသေးသည် ။ မျက်ရည်တွေဝေ့ကာဖြစ်နေတဲ့ မမမြိုင်ဟာ လျှာဖျားလေးကို တလစ်တလစ် လုပ်နေလို့ပါပဲ ။ ဒါကို ညိုလေးဟာ မမမြိုင်ရဲ့ပါးပြင်နှစ်ဖက်ကို လက်နှင့်အုပ်ကိုင်လိုက်ပြီး ထွက်နေတဲ့လျှာဖျားလေးကို လေမှုတ်ပေးနေတော့သည် ။ သူမရဲ့နှုတ်ခမ်းလေးကို စူထားလျက် တဖူးဖူး နှင့်ပေါ့ ။

" ဖူး ဖူး ။ "

" နတ်ရွာစံတော့မယ် ။ "

မပီကလာ ပီကလာနဲ့ ပြောနေတဲ့ မမမြိုင်ဟာ သူမရဲ့လျှာလေးကိုပါ လှုပ်ရှားနေမိသည် ။ ညိုလေးကတော့ ဆက်၍ တဖူးဖူးနေဆဲ ။

" ဖူး ဖူး ။ သက်သာလား မမမြိုင် ။ ဖူး ။ "

လှုပ်ရှားနေတဲ့ မမမြိုင်ရဲ့ လျှာလေးဟာ ငြိမ်သက်သွားရသည် ။ သူမရဲ့လက်တွေဟာလည်း သူမရဲ့ပါးပြင်ဆီကျရောက်နေတဲ့ ညိုလေးရဲ့ လက်ဆစ်များကို ဆုပ်ကိုင်ထားမိသေးသည် ။

အသက်ရှူသံတွေ ရပ်သွားသလိုမျိုး သူမတို့နှစ်ဦးကြားမှာ မျက်ဝန်းညိုများသာ အသက်ဝင်နေခဲ့ပါတော့သည် ။ မငြိမ်မသက်ဖြစ်နေတဲ့ မျက်ဝန်းညိုတွေအပြင် သူမတို့နှစ်ဦးကြားထဲမှာ မငြိမ်မသက်ဖြစ်နေသော ခံစားချက်လေးများပါ ရှိနေပါတော့သည် ။ ခံစားနေရသည် ။ ခံစားနေဆဲပင် ။

အောင့်ထားတဲ့ အသက်ရှူနှုန်းများကို ဖွင့်ဟလိုက်ခဲ့ရသလိုမျိုး အကြည့်စုံနေသော မျက်ဝန်းများကို မမမြိုင်ဟာ ချက်ချင်းလွှဲချလိုက်တော့သည် ။ ပြီးနောက် သူမပါးပြင်ပေါ်ကျရောက်နေတဲ့ ညိုလေးရဲ့ လက်ကို ဖယ်ချပစ်လိုက်တော့သည် ။

" အာ ။ ဟို ။ တောင်းပန်ပါတယ် မမမြိုင် ။ ကျွန်မ အရမ်းစိတ်ပူမိသွားလို့ပါ ။ "

" အွန်း ။ "

" အဆင်ပြေရဲ့လား ဟင် ။ "

" အွန်း ။ "

" တကယ်လား ဟင် ။ "

" အွန်း ။ "

" သေချာပါတယ်နော် မမမြိုင် ။ "

" အိုကွယ် ။ တကယ်ပါဆိုမှ ။ တော်တော်ရှည်တာပဲ မိကျောင်းမရယ် ။ "

" ဟူး တော်သေးတာပေါ့ ရန်ပြန်တွေ့နိုင်လို့ ။ တအွန်းအွန်းနဲ့ ဆိုတော့ ဒီကလူကဖြင့် မမမြိုင် လျှာတိုသွားတယ် ထင်လို့ ။ "

" မတိုဘူး မတိုဘူး ။ ဒီမှာကြည့် ။ "

မမမြိုင်ဟာ သူ၏ လျှာဖျားလေးကို ညိုလေးမြင်အောင် ထုတ်ပြတော့သည် ။ ညိုလေးမှာ မမမြိုင်ရဲ့ ကလေးဆန်ဆန်ထိုအပြုအမူလေးကို သဘောကျလွန်းလို့ မချိုမချဉ်ပြုံးမိသည် ။ ရင်ထဲအသည်းထဲကပါ ပြုံးမိပါသည် ။

" အဟီးဟီး ။ "

" မရယ်ပါနဲ့နော် ။ ရယ်စရာမပါဘူး ။ ဟွန့် ။ "

စိမ်းမမမြိုင်တို့ရဲ့ မျက်စောင်းလက်နက်သည် ညိုလေးရဲ့ အရှိုက်တည့်တည့်သို့ ထိမှန်သွားခဲ့ရပြီ ။

" မျက်စောင်းတွေ အရမ်းထိုးတာပဲ ။ "

" ဒီမယ် ။ "

" ဟုတ် ။ "

" တောက်တဲ့လို လိုက်ကပ်နေတာတွေ လျော့စမ်းပါ ။ ဒီလို ဆက်ကပ်နေဦးမယ်ဆို မင်းနဲ့တို့နဲ့ နမ်းမိတော့မယ် ။ "

" ရှင် ။ နမ်း နမ်းမိမယ် ။ "

" ဟုတ်တယ်လေ ။ နမ်းမိမှာပေါ့ ။ "

စကားသည် လစ်ခနဲထွက်သွားသည်ကြောင့် မမမြိုင်ဟာ မျက်နှာလေးလွှဲလို့ စွံ့အမိနေတော့သည် ။ ပူနွေးလာတဲ့ သူမရဲ့ပါးပြင်နှစ်ဖက်ကို ညိုလေးမမြင်စေဖို့အတွက် ညိုလေးအရှေ့မှ ထွက်သွားမိတော့သည် ။

အို ။ ဘာတွေပြောနေမိသလဲ မြိုင်ရယ် ။

ကျန်ခဲ့သော ညိုလေးမှာတော့ သူမရဲ့ဘယ်ဘက်ရင်အုံကို အသာဖိရင်း အေးစက်နေသော ကျောက်ရုပ်ပမာသာ ဖြစ်နေတော့သည် ။ တဒုတ်ဒုတ် ရင်ခုန်သံလေးကတော့ လှုပ်ရှားနေလို့ပါပဲ ။

" ဘာကြီးလဲ ။ ဘယ်လိုကြီးလဲ ။ "

ကိုယ့်ရင်ခုန်သံဟာ တစ်ဖြည်းဖြည်းနဲ့ နက်ရှိုင်းလာသည်ဆိုတာကို သူမ သတိထားမိနေသည် ။ မမမြိုင်နဲ့ ပထမဆုံး နီးစပ်သည့်အချိန်တုန်းကတော့ ကိုမြင့်မောင်ထက်ပိုတဲ့ ရင်ခုန်သံ ခံစားချက်မျိုး ရခဲ့တာမှန်ပေမယ့် ။ ယခုများမူ အဆပေါင်းများစွာသော နက်ရှိုင်းသည့်ခံစားချက်ကို ညိုလေး ခံစားမိနေသည် ။ သိနေသည် ။ သို့ပေတည်း ။ မည့်သည့်အကြောင်းအရာကို ခေါင်းစဉ်တပ်ရမှန်းမသိတဲ့ ခံစားချက်မျိုး ဖြစ်နေရှာသည် ။

" ဟူး ။ "

သက်ပြင်းအသာချလို့ အောက်ကိုငုံ့ကြည့်မိချိန်၌ ကြမ်းပြင်မှာချထားသော နွားနို့ခွက်ကို တွေ့မိတော့သည် ။ ထိုအခါမှ အသိတရားများဝင်လာပြီး ခွက်ကိုယူကာ မမမြိုင်အနောက်ကို အပြေးလိုက်ပါတော့သည် ။

" မမမြိုင် မမမြိုင် ။ ဒီမှာ နွားနို့ပူပူလေးလေ ။ "

မမမြိုင်ကတော့ သူ့ကိုအပူလောင်စေခဲ့တဲ့ ညိုလေးကို ဒီတစ်ခါတော့ ကျိန်ဆဲတော့မှာ ကျိန်းသေပါရဲ့ ။

X  X  X  X  X

ဆောင်းရဲ့အငွေ့အသက်တွေ ပျံ့နှံ့နေတဲ့ မေမြို့တစ်ခွင်မှာ ညဘက်ကောင်းကင်ထက်၌ မြူခိုးတွေစိုင်းနေပါတော့သည် ။ တိမ်လွှာများ မြေကြီးပေါ်ကျရောက်နေသလိုမျိုး သီရိမြိုင်စံအိမ်ဝန်းထဲမှာ မြူခိုးများဟာ အမှောင်ထုသဖွယ် အပြည့်ဖြစ်နေပါပေသည် ။ နီယွန်မီးသီးကြီးများ ထွန်းထားသော သီရိမြိုင်စံအိမ်ကတော့ နန်းတော်ကြီးသဖွယ်ပါပင် ။

ဆွယ်တာနွေးနွေးထွေးထွေးဝတ်ထားတဲ့ မမမြိုင်ကတော့ မှန်တင်ခုံအရှေ့မှာ ထိုင်ရင်း သူမရဲ့ဆံနွယ်တွေအား ရှင်းလင်းလို့နေပါသည် ။ မှန်ထဲက သူမပုံရိပ်လေးကိုကြည့်ရင်း မသိမသာပြုံးမိသည် ။

အတွေးအာရုံထဲမယ် ညိုလေးရဲ့ပုံရိပ်များ ထင်ဟပ်လာသည် ။ ဒီတစ်ခါတော့ ပါးလေးမို့တဲ့အထိ ပြုံးမိသည် ။ ရင်ထဲမယ် နွေးထွေးသွားတာပဲ ။

အတွေးတွေများလာရင်း လျှာအပူလောင်ခဲ့တဲ့ ညနေကကိစ္စလေးကို တွေးမိခဲ့သည် ။ ပြုံးနေရင်းမှ ရုတ်တရက် ရှက်သွားမိသည် ။

" အို ။ "

ရှက်သွေးဖြာမှုကြောင့် နှုတ်ခမ်းလေးကို ဝိုင်းသွားခဲ့သည် ။ လျှာအပူလောင်ခဲ့စဉ်က သူမရဲ့ပါးပြင်နှစ်ဖက်ကို ကိုင်ထားခဲ့တဲ့ ညိုလေးရဲ့ လက်ဖဝါးပူပူနွေးနွေးလေးကို ခံစားမိလို့ ။ ခံတွင်းထဲက ထွက်လာတဲ့ လေအေးအေးလေးကို ခံစားမိလို့ ။ ညိုလေးကို ငေးကြည့်မိခဲ့တဲ့ သူမရဲ့ပုံရိပ်ဟာ ညိုလေးရဲ့မျက်ဝန်းညိုညိုတွေထဲမှာ ထင်ဟပ်နေခဲ့တာကို ပြန်တွေးကြည့်ကာ ရှက်နေပါတော့သည် ။

" ငါ့အတွေးထဲ အာရုံထဲတွေပါ သင်းက ဘာ့ကြောင့် ခဏခဏအလည်လာနေရတာလဲ ။ တစ်ချိန်လုံး တောက်တဲ့လုပ်ထားရင် လုံလောက်ပြီလေ ။ တော်ရောပေါ့ ။ ဘယ်လိုဝံပုလွေမ မှန်းကို မသိပါဘူး နော် ။ "

အတွေးအာရုံထဲမှာ ညိုလေးရောက်ရှိနေသည်ကို မမမြိုင် မကျေနပ်နိုင် ။ သို့ပေမယ့်လည်း သူမရဲ့ ဝမ်းနည်းခြင်း ပျော်ရွှင်ခြင်းတွေပါဝင်တဲ့ သူမရဲ့အတွေးတွေထဲမှာ ညိုလေးပါဝင်ပတ်သက်နေသည်ကိုတော့ မမမြိုင် သတိထားမိပုံမပေါ်ပါ ။ လူအနားမှာမရှိပေမယ့် အတွေးနယ်ပယ်ထဲကို လိုက်နှောက်ယှက်နေသည်ဟာ ထက်နေမိသည် ။

၅ပြားစေ့လေး ထည့်သိမ်းထားသော မှန်တင်ခုံပေါ်က သစ်သားဗူးသေးသေးလေးကို လှမ်းကြည့်မိခဲ့သည် ။ ဘော်လီကြားထဲက ၅ပြားစေ့လေးကို တွေးမိရင်း နောက်ထပ်တစ်ချီ ပြုံးမိခဲ့သည် ။

ဒီလိုပါပဲ ။ မမမြိုင်ရဲ့ အတွေးနယ်ပယ်ထဲမှာ ညိုလေးဟာ နွယ်ပင်လို ရစ်တွယ်ထားတော့သည် ။

" မမမြိုင် ။ မမမြိုင် အိပ်ပြီလား ။ "

" အချိန်မှန်ပဲဟေ့ ။ "

ထုံးစံအတိုင်းပဲ ။ ညိုလေးတစ်ယောက် မမမြိုင်ကို နံရံပေါက်လေးကတစ်ဆင့် လှမ်းခေါ်ပြန်ပြီ ။ နံရံပေါက်လေးက ကြားရတဲ့အသံကြောင့် စိတ်ထဲကြည်လင်လာရပြီး ပို၍ပျော်ရွှင်လာသည် ။

ပိတုန်းရောင်လို နက်မှောင်လှတဲ့ ဆံနွယ်ရှည်ရှည်တွေအား ဖြီးနေသည့် ဘီးကို မှန်တင်ခုံမှာ ပြန်တင်လိုက်ပြီး ဆံနွယ်များအား ဘေးတစ်ဖက်သို့ သိမ်းယူလိုက်ပြီး ညိုလေးရှိရာ နံရံပေါက်လေးနားသို့ သွားကာ ထိုင်လိုက်ပါတော့သည် ။

ပြီးနောက် လေသံမာမာဖြင့် ။

" ဘာလဲ ။ ဘာလဲ ။ မင်းမှာ တစ်နေ့တစ်နေ့ တောက်တဲ့လုပ်ရတာနဲ့ အားမရသေးဘူးလား ။ သူများ နားချိန်ကိုတောင် သိပ်အနှောက်အယှက်ပေးတာပဲတော် ။ "

" အဟက်ဟက် ။ ပြောစရာရှိလို့ပါ မမမြိုင်ရဲ့ ။ "

" ပြောစရာရော မေးစရာရော မင်းမှာတော်တော်များနေတာပဲ ။ ပြောဟယ် ။ ပြော ပြော ။ "

တစ်ဖက်အခန်းက ညိုလေးဟာ သဘောတွေကျကာဖြင့် ရယ်မိပါတော့သည် ။ မမမြိုင်ကတော့ စိတ်မရှည်တဲ့မျက်နှာပေးလေး ဖြစ်နေပေမယ့်လို့ ညိုလေး ပြောလာမယ့်စကားတွေကို နားစွင့်နေမိပါတော့သည် ။

ညိုလေးဟာ နံရံကို ခေါင်းလေးမှီလိုက်ပြီး သက်ပြင်းတစ်ချက်ရှိုက်လိုက်သည် ။ ထွက်လေ ဝင်လေ တို့မှာ ဆောင်းငွေ့များ ပါဝင်နေသည်ကြောင့် နှာဖျားလေးဟာ အေးစက်နေပေသည် ။

မမမြိုင်သည်လည်း နံရံကို မှီလိုက်မိတော့သည် ။ ညိုလေးပြောလာမယ့် စကားတွေကိုလည်း နံရံပေါက်လေးမှ မျှော်နေမိပါသည် ။

ကျောချင်းကပ်ထားတဲ့ သူမတို့နှစ်ဦးကြားမှာ နံရံလေးဟာ ခြားပါတော့သည် ။

" ကျွန်မလေ ။ အခုရက်ပိုင်း ခံစားချက်တွေ တစ်မျိုးကြီး ဖြစ်နေတယ် ထင်ပါရဲ့ ။ "

" ဟေ ။ ဘယ်လိုခံစားချက်လဲ ။ "

" ဘယ်လိုခံစားချက်ကို အမည်ပေးရမလဲတော့ ကျွန်မ မသိဘူး ။ ဒါပေမယ့် နက်နက်ရှိုင်းရှိုင်းကြီးကို ဖြစ်နေတယ် ။ "

" မင်း အရမ်းပင်ပန်းနေလို့်များလား ။ စိတ်ပင်ပန်းနေတာလား ။ "

" စိတ်ပင်ပန်းတာထက် ပိုဆိုးတယ် မမမြိုင် ။ ကျွန်မလေ ။ "

" ဘာဖြစ်သလဲ ။ ဆက်ပြောလေကွယ် ။ "

" မမမြိုင်နဲ့အဝေးဆုံးနေရာမှာ ကျွန်မ မနေနိုင်ဘူး ထင်ပါရဲ့ ။ ခဏလေးဝေးသွားရင်တောင် မမမြိုင်အနားကို အပြေးလာချင်မိနေတယ် ။

ပြီးတော့လေ မမမြိုင်ရဲ့အပြုံးကို မမြင်ဖူးလို့ပဲလား ။ ဘယ်လိုပုံစံနဲ့ လှပနေမလဲဆိုတဲ့ အပြုံးတွေကို မြင်ချင်နေတယ် ။

နောက်ပြီး မမမြိုင်အနားမှာနေရတာ ကျွန်မ ပျော်နေမိတယ် ။ ဒီပျော်ရွှင်မှုကိုလည်း ကျွန်မ နှစ်သက်နေမိတယ် ။

ဒီခံစားချက်ရဲ့ အဓိပ္ပါယ်ကို ကျွန်မ နားမလည်နိုင်သေးဘူး ။ ဒီပုစ္ဆာရဲ့အဖြေက ခက်တယ် ။ နက်တယ် ဆိုတာတော့ ကျွန်မ သိတယ် ။ နားလည်တယ် ။

ဒါဟာ ယောက်ျားတစ်ယောက်တည်းကို ယူထားတဲ့ မိန်းမတစ်ယောက်ရဲ့ ခံစားချက်မဟုတ်ဘူးလို့ ကျွန်မ ထင်တယ် ။

ကျွန်မရဲ့ အတွေးထဲမှာ မမမြိုင် ပါဝင်နေတယ် ။ ညစဉ်အိပ်မက်တွေထဲအထိပါ မမမြိုင်က ပါဝင်ပတ်သက်နေတယ် ။ "

အတွေး ။
ငါ့အတွေးတွေထဲမှာလည်း သူပါနေတာပဲ ။
ဒါဆို ငါကရော ။
သူပြောနေတဲ့ ခံစားချက်ကြီး ဖြစ်နေတာလား ။
အို ။ မဟုတ်သေးပါဘူး ။

" တကယ်မဟာတံတိုင်းကြီးလိုပဲ မမမြိုင်ရယ် ။ ကျွန်မမရှိတဲ့ တစ်ခြားတစ်ဖက်မှာ ဘာများရှိနေမလဲဆိုတာ ။ ကျွန်မ သိချင်တယ် ။

မမမြိုင် နားထောင်နေရဲ့လား ။ "

" အင်း ။ အင်း နားထောင်နေတယ် ။ "

" မမမြိုင်ရော ဘယ်လိုမြင်လဲ ဟင် ။ ကျွန်မရဲ့ ဘာမှန်းမသိတဲ့ ခံစားချက်ကြီးကို ။ "

" တို့က ဘယ်သိမလဲ ။ မင်း သိချင်ရင် အဲ့မဟာတံတိုင်းကြီးကို ဖြိုကြည့်ပေါ့ ။ ဒါဆို မင်းလိုချင်တဲ့ ပုစ္ဆာရဲ့အဖြေ ထွက်လာမှာပဲလေ ။ "

" ဟုတ်မယ်နော် ။ ဒီမဟာတံတိုင်းကြီးက ဖြိုရမှာပေါ့ ။ ဒါနဲ့ ဘယ်လိုဖြိုရမလဲ ။ "

" ဘယ်သိမလဲ ။ မင်းဘာသာမင်း ဖြိုချင်သလိုဖြိုကွယ် ။ တို့တော့ အိပ်တော့မယ် ။ "

" ခဏလေး ခဏလေး ။ "

" ကဲ ။ ဘာဖြစ်ပြန်ပြီလဲ ။ "

" မနက်ဖြန် အပြင်လိုက်ပို့ပေးလေ ။ ဘိုင်စကုပ်လိုက်ပြပါ ။ ကျွန်မနဲ့အတူတူ မေမြို့ကို လျှောက်လည်မယ်ဆိုပြီး ကတိပေးထားပြီးတော့ ။ အဲ့ကတိဖျက်ရင် သွားကျိုးမှာနော် ။ "

" အမလေး ။ လိုက်လည်းလိုက်ပို့ရဦးမယ် ။ သွားကျိုးမယ်လို့လည်း ကျိန်ခံနေရပါလား ။ ငါ့နှယ် ။ ရယ်တောင် မရယ်နိုင်တော့ဘူးနော် ။ "

" ဟေ ။ ရယ်မှာလား ။ ခဏလေး ။ ကျွန်မ လာကြည့်မယ် မမမြိုင် ။ "

" ဟဲ့ ။ ဒီမိန်းမ ။ မလာနဲ့ ။ ညည်းအခန်းမှာ ညည်းနေ ။ မနက်ဖြန်သွားမယ် ။ ဒါပဲ ။ "

ဟု ပြောပြီး မမမြိုင်ကတော့ ကုတင်ဆီသို့ လှမ်းလျှောက်သွားပါတော့သည် ။ တစ်ဖက်ခန်းက ညိုလေးကတော့ နံရံအပေါက်လေးတွေမှ ချောင်းကြည့်မိနေပြီး ပြုံးရယ်နေမိခဲ့တော့သည် ။

မမမြိုင်သည် ကုတင်ပေါ်မှာထိုင်ကာ နွေးနွေးထွေးထွေးရှိသော စောင်ထဲသို့ဝင်ကာဖြင့် လှဲလိုက်ပြီး နံရံပေါက်လေးရှိရာသို့ ကြည့်ရင်း ပြုံးနေမိတော့သည် ။

ပြီးနောက် ညိုလေးပြောခဲ့သော အကြောင်းအရာများကို စဉ်းစားရင်း မမမြိုင်ရဲ့မျက်နှာတစ်ခွင်မှာ လေးနက်မှုတွေ ဖုံးလွှမ်းနေခဲ့တော့သည် ။ ခုန်နေသော ဘယ်ဘက်ရင်အုံကို အသာဖိလို့ မမမြိုင် သက်ပြင်းချလိုက်တော့သည် ။

ညိုလေးသည် ထိုနံရံပေါက်လေးဘေးက ကြမ်းပြင်လေးမှာသာ ထိုင်နေခဲ့ပြီး အတွေးနယ်ပယ်တွေ ပြန့်ကျဲနေခဲ့တော့သည် ။ သက်ပြင်းလေးအသာ ရှိုက်ပြီး အေးစိမ့်နေတဲ့ ဆောင်းဦးရဲ့ဒါဏ်ကို အတွေးများနဲ့ တိုက်ခိုက်နေပေတော့သည် ။

ဒီညအဖို့တော့ အိပ်စက်လို့မရနိုင်ပါ ။

X  X  X  X  X

ချစ်မိပြန်ပြီ မမမြိုင်
morA_nyein
12.8.2022


credit 🖤

Continue Reading

You'll Also Like

268K 14.4K 52
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...
6K 734 30
"ယောက်ယောက် နင်သာဆိုရင်ရော ကျွမ်းကျင် ဂိမ်းကစားသမားတစ်ယောက်နဲ့တွဲမလား?" ထုံယောက်က အလောတကြီးပြန်မဖြေခင်မှာ ခဏတာစဥ်းစားလိုက်တယ်... "တကယ်လို့ ငါသာဆိုရင...
36.6K 4.4K 14
တို့ , မင်းကိုစောင့်မျှော်နေခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ ကြိုဆိုပါတယ် ဟန်နီ
362K 32.7K 49
မည်သူတစ်ဦးတစ်ယောက်မှ ရည်ရွယ်ခြင်းမရှိ ကျွန်တော်၏ စိတ်ကူးသက်သက်ပင်ဖြစ်သည်။