Zawgyi
အပိုင္း (၁၁၉၄) – အရွက္မဲ့ေသာ အၾကံျပဳခ်က္
သူတို႔သည္ ရီွမာယူယူ၏ စကားမ်ားကို စဥ္းစားၾကည့္သည္။ သို႔ေသာ္ အခုအေျခအေနသည္ သူတုိ႔ စိုးရိမ္ရမည့္အရာမဟုတ္ေသးေ။
ရီွမာလြီဖန္ႏွင့္ ရွီမာလြီယြင္တို႔သည္ မ်ိဳးႏြယ္ႏွင့္ပတ္သတ္ျပီး မေက်နပ္ ေသာ္လည္း သူတို႔မ်ိဳးႏြယ္ျဖစ္ေနေသးသျဖင့္ ဘာကိုမွမခံစားရေတာ့ေပ။ သူတို႔သည္ မ်ိဳးႏြယ္၏ လုပ္ပံုကိုင္ပံကိုမၾကိဳက္ေပ။ သို႔ေသာ္ တစ္ဖက္တြင္ လည္း မ်ိဳးႏြယ္၏ လက္ရွိအေျခအေနကို စိုးရိမ္ေနျပန္သည္။
ထို႔ေၾကာင့္ပင္ အၾကီးအကဲႏွင့္ အံ့ဖြယ္လက္နက္ ရွာလိုျခင္းျဖစ္သည္။
"တကယ္ေတာ့ ကၽြန္မမွာ အၾကံေကာင္းရွိတယ္ အံ့ဖြယ္လက္နက္ကို တျခားသူေတြလက္ထဲ မေရာက္မဲ့အျပင္ ရွီမာမ်ိဳးႏြယ္ကိုလည္း ျပႆနာျဖစ္ ေစမွာမဟုတ္ဘူး" ရွီမာယူယူ ေျပာလုိက္သည္။
"ဘာအၾကံလဲ" ရီွမာလြီဖန္သည္ ေျပာေလသည္။
"ကၽြန္မသာ အဲဒီအံ့ဖြယ္လက္နက္ရမယ္ဆုိရင္ ကၽြန္မလက္ထဲ ပစၥည္း ေရာက္လာရင္ မ်ိဳးႏြယ္ကို ျပႆနာျဖစ္ေစမွာမဟုတ္ဘူး"
"...."
"...."
သူမ ေျပာမည့္အရာကို ရွီမာလြီယြင္ ခန္႔မွန္းမိေသာ္လည္း သူ႔နားႏွင့္ ၾကားလုိက္ရေသာအခါ သူမ၏ အရွက္မဲ့မႈကို နက္နက္နဲနဲ ေတြ႕ၾကံဳရေလ သည္။
"ဟားဟား ဝမ္းကြဲညီမ မင္းက အရွက္မဲ့တဲ့အခ်ိန္ဆိုရင္ ခ်စ္စရာ ေကာင္းတာပဲ မင္း တကယ္လိုခ်င္ရင္ ငါ မင္းအတြက္ အံ့ဖြယ္လက္နက္ကို လုေပးမယ္" ဒိက်ဲ႕သည္ ေပ်ာ္ျမဴးစြာ ရယ္ေမာေလသည္။
သူမ အရွက္မဲ့သည့္အခ်ိန္ကို သူ သေဘာက်သည္။
"..."
သည္တစ္ၾကိမ္မွာ ရွီမာယူယူ ဆြံ႕ရမည့္အလွည့္ျဖစ္သည္။ အရွက္မဲ့ တယ္ဆိုတာ ဘာကိုဆိုလိုတာလဲ။ သူမက ဘယ္တုန္းက အရွက္မဲ့လို႔လဲ။
"အံ့ဖြယ္လက္နက္ရွိလားဆိုတာေတာင္ မသိေသးဘူး ဝင္သြားျပီး ၾကည့္ ၾကတာေပါ့" ရီွမာလြိယြင္သည္ ခ်က္ခ်င္း သေဘာမတူေပ။
ထိုေနရာရွိအေျခအေနကို မည္သူမွ မသိေပ။ အမွန္တကယ္ပင္ အံ့ဖြယ္ လက္နက္ရွိျပီး တစ္စံုတစ္ေယာက္မွ အံ့ဖြယ္လက္နက္ရထားျပီးသားျဖစ္ပါက ဆန္းၾကယ္မႈျဖစ္ေနဦးမည္။
"ဒါဆိုရင္ ဦးေလးတို႔ သက္သာတာေစာင့္ျပီးတာနဲ႔ သြားၾကမယ္" ရွီမာယူယူ ျပံဳးျပီးေျပာလုိက္သည္။
တစ္ရက္ၾကာျပီးေနာက္ သူတုိ႔ထြက္ခြာၾကရာ ရွီမာလြီယြင္သည္ ကုန္းျမင့္ဆီသို႔ ေခၚသြားေလသည္။ လမ္းတစ္ေလွ်ာက္တြင္ အႏၱရာယ္ ၾကီးၾကီးမားမားမေတြ႕ေပ။
သူမ တျခားသူ၏ ဖမ္းဆီးျခင္းကိုခံရျပီး လမ္းျပေခြးျဖစ္လုနီးပါးျဖစ္သြား သည္ကို ေတြးမိျပီး မြန္းၾကပ္မိသည္။
"ဒီလမ္းကို ဘိုးဘြားေတြေျပာထားတာ အဲေတာ့ အႏၱရာယ္မ်ားမ်ား စားစားမရွိဘူး" ရွီမာလြီယြင္ ရွင္းျပေလသည္ "လူေတြမသိေတာ့ အလြယ္တကူ ေရာက္မလာႏုိ္င္ဘူး"
အဲေတာ့ ဘိုးဘြားေတြက အခုထိအသံုးဝင္ေသးတယ္ေပါ့။
သူတို႔ထိုေနရာသို႔ ေရာက္ေသာအခါ လူမ်ားႏွင့္ေတြ႕ေလသည္။ ဂူအဝ တြင္ ေျခရာမ်ားျပည့္ေနသည္။
"လူေတြအမ်ားၾကီးေရာက္ေနၾကျပီ အထဲကအေျခအေနကဘယ္လို ျဖစ္မလဲမသိဘူး" ရီွမာလြီဖန္ ေျပာလုိက္သည္။
"ဝင္ၾကည့္ရင္သိလိမ့္မယ္" ရီွမာယူယူသည္ ေျပာျပီးသည္ႏွင့္ ဝင္သြား မည္အျပဳတြင္ ဒိက်ဲ႕မွ လွမ္းဆြဲေလသည္။
"ငါအရင္ဝင္မယ္ မင္း ငါ့အေနာက္မွာေန" ဒိက်ဲ႕သည္ ေျပာျပီးသည္ႏွင့္ ထြက္သြားေလသည္။
ရွီမာယူယူသည္ ျပံဳးျပီး ဒိက်ဲ႕ေနာက္လုိက္သြားေလသည္။ ထို႔ေနာက္တြင္ တေစၦသခင္ ဒိလ်ဴ ျပီးေနာက္တြင္ ရွီမာလြီဖန္ႏွင့္ ရီွမာလြီယြင္ တို႔ လိုက္လာၾကသည္။
"ဒီေကာင္ေလးက ငါတို႔ေနရာလုသြားျပီ" ရွီမာလြီဖန္သည္ အေရွ႕မွ လူမ်ား၏ ေက်ာျပင္ကိုၾကည့္ျပီး ေျပာေလသည္။
"မဆိုးပါဘူး" ရီွမာလြီယြင္သည္ တိုးညင္းစြာေျပာကာ ေနာက္မွလိုက္ လာသည္။
သူတို႔သည္ တေစၦမ်ိဳးႏြယ္ျဖစ္ေသာ္ျငား ရွီမာယူယူ႔အေပၚထားေသာ သေဘာထားမွာ ေကာင္းသည္။
ရွီမာလီြဖန္သည္ ပြစိပြစိလုပ္ရင္း လုိက္လာသည္။
ရွီမာယူယူႏွင့္ တျခားသူမ်ားဝင္ၾကရာ ဂူအစပိုင္း သူတို႔ဝင္လုိက္ခ်ိန္တြင္ ဝကၤဘာထဲသို႔ ေျခခ်လိုက္သကဲ့သုိ႔ျဖစ္ေလသည္။ အထဲရွိ ေလဟာျပင္သည္ အပိုင္းအျခားမရွိေပ။ ေရွးေဟာင္းစစ္ေျမျပင္ႏွင့္ပင္ မတူေပ။
"ဒီမွာ ဂိုဏ္းတစ္ခု အေျခခ်ခဲ့ဖူးတဲ့ပံုပဲ" ရွီမာယူယူ ေျပာလုိက္သည္။
"အမွန္ပဲ"
တျခားသူမ်ားလည္း ထိုသို႔ေတြးသည္။ ထိုသို႔ၾကီးမားေသာ ေနရာတစ္ခု သည္ ေျမေအာက္ခန္းသို႔မဟုတ္ေပ။
"နံရံေပၚမွာ တစ္ခုုခုရွိေနတယ္" ဒိက်ဲ႕ ေျပာလိုက္သည္။
ရွီမာယူယူသည္ မီးေတာက္ထြန္းလုိက္ရာ ခ်က္ခ်င္းပင္ နံရံေပၚမွ ပံုရိပ္ မ်ားကို ျမင္ရေလသည္။
ထိုနံရံေပၚတြင္ လူသားမ်ား၊ ဝိညာဥ္သားရဲ၊ နတ္ဆိုးမဟုတ္လွ်င္ တေစၦမ်ိဳးႏြယ္ဝင္ျဖစ္ႏုိင္သည့္ ရုပ္ဆုိးေသာ သတၱဝါမ်ားရွိေလသည္။
"ဒီပန္းခ်ီကားေတြက ဇာတ္လမ္းေတြကို ေျပာျပေနသလိုပဲ" ရီွမာယူယူ ေျပာလိုက္သည္။
သူမ ေနာက္ျပန္ၾကည့္လုိက္ရာ လာရာလမ္းတြင္လည္း ပန္းခ်ီမ်ားရွိ သည္ကို ေတြ႕လိုက္ရသည္။ သူမ သြားျပီးတစ္ေခါက္ျပန္ၾကည့္ရာ ေနာက္ဆံုး တြင္ ထိုေနရာရွိ အရာအားလံုးကို နားလည္သြားေလသည္။
"ဒီေနရာက တကယ္ပဲ အင္အားစုတစ္ခုရဲ႕ အေျခခ်ခဲ့တဲ့ေနရာျဖစ္ မယ္လို႔မထင္ထားဘူးပဲ" ရီွမာလြီဖန္ ဆက္ေျပာေလသည္ "ဘာျဖစ္လို႔လဲဆို သူတုိ႔က အံ့ဖြယ္လက္နက္ရသြားလို႔ အင္အားစုေတြရဲ႕ တိုက္ခိုက္တာ ႏွိပ္စက္ တာကိုခံရျပီး ေခ်မႈန္းခံလိုက္ရတာပဲ"
"အဲအံ့ဖြယ္လက္နက္က ဦးေလးတို႔ ဘိုးဘြားေတြေျပာတဲ့တစ္ခုလား" ရွီမာယူယူ ေျပာလုိက္သည္။
"ဦးေလးတို႔ ဘိုးဘြားေတြဆိုတာ ဘာကိုေျပာတာလဲ မင္းရဲ႕ ဘိုးဘြား ေတြပဲေလ" ရွီမာလြီယြင္သည္ သူမအား အမွန္ျပင္ေပးေလသည္။
"အခုက ကၽြန္မက ရွီမာမ်ိဳးႏြယ္မွမဟုတ္တာ" ရီွမာယူယူ ေျပာလုိက္ သည္။
"ဘယ္လိုလုပ္မဟုတ္ရမွာလဲ မင္းမွာ ရွီမာမ်ိဳးႏြယ္ရဲ႕ ေသြးရွိေနတယ္ အဲေတာ့ မင္းက ရွီမာမ်ိဳးႏြယ္ဝင္ပဲ" ရီွမာလြီယြင္သည္ သူမအား ခက္ထန္ ေသာအၾကည့္ျဖင့္ ၾကည့္ျပန္သည္။
"ကၽြန္မက မ်ိဳးႏြယ္မွတ္တမ္းထဲမွာမွ မရွိတာ" ရွီမာယူယူ ျငင္းဆန္ေလ သည္။
"..." ရီွမာလြီယြင္သည္ ဆြံ႕အစြာက်န္ခဲ့ေလသည္။ ခဏၾကာေအာင္ ႏႈတ္ဆက္ျပီးေနာက္တြင္ ေျပာေလသည္ "မင္းနာမည္ အဲမွာရွိမွာပါ မ်ိဳးႏြယ္ မွတ္တမ္းထဲမွာ အေတာက္ပအဆံုးျဖစ္လာမွာပါ"
ရွီမာယူယူသည္ ႏႈတ္ခမ္းေကြးညႊတ္လုိက္သည္။ သူမသည္ မ်ိဳးႏြယ္ မွတ္တမ္းတြင္ ရွိျခင္းကို ဂရုမစုိက္ေပ။
"မင္းအေဖနာမည္ကေတာ့ ရွိေနတုန္းပဲ" ရီွမာလြီယြင္ ေျပာလုိက္သည္။
ရွီမာယူယူ မွင္တက္သြားကာ ေျပာလုိက္သည္ "အဲဒါေတြျဖစ္ျပီးသြား ေတာ့ မ်ိဳးႏြယ္က သူ႔နာမည္ကို ဖယ္မပစ္ဘူးလား"
ထိုႏွစ္တြင္ ျဖစ္ခဲ့သည္မ်ားကိုေတြးျပီး ရီွမာမ်ိဳးႏြယ္သည္ သူမ ဖခင္ကို ထုတ္လုိက္မည္ဟု ထင္ခဲ့သည္။
"ရွီမာမ်ိဳးႏြယ္မွာ ေသြးေအးျပီး ညွာတာမဲ့တဲ့သူမရွိပါဘူး" ရွီမာလြီယြင္ ေျပာလိုက္သည္။
"ေကာင္းပါျပီ" ရီွမာယူယူ ပခံုးတြန္႔လုိက္သည္။ ထိုသတင္းသည္ သူမကို အံ့ၾသေစသည္။
"ဘယ္လိုပဲျဖစ္ျဖစ္ ငါတုိ႔ရဲ႕ မ်ိဳးႏြယ္ ငါတုိ႔ရဲ႕ အရင္းအျမစ္လည္းျဖစ္ေန တယ္ေလ" ရွီမာလြီယြင္ ေျပာလုိက္သည္။
"ဒါဆိုရင္ ကၽြန္မကို သတ္ခ်င္တဲ့လူေတြက် ဘယ္လိုလုပ္မလဲ" ရီွမာယူယူ ေျပာလိုက္သည္။
"သူတို႔က ရန္သူေတြပဲ မိသားစုမဟုတ္ဘူး ငါတို႔ သူတို႔ကိုရွင္းလိုက္ မယ္" ရွီမာလြီယြင္ ေျပာလုိက္သည္။
"..."
"ေအး တကယ္လုိ႔ ကၽြန္မကိုလာရွာရင္ ေသခ်ာေလး ေဖ်ာ္ေျဖေပးလုိက္ မယ္" ရီွမာယူယူ ေျပာလိုက္သည္။
"သူတို႔ကို သက္ညွာဖို႔မလိုဘူး" ရွီမာလြီယြင္ ထပ္ေပါင္းေျပာေလသည္။
ဆိုလိုသည္မွာ သူတို႔မ်ိဳးရိုးနာမည္မွာ ရီွမာမ်ိဳးရိုးျဖစ္ေစ ရွီမာမ်ိဳးႏြယ္၏ ေသြးသားျဖစ္ေစ သတ္လိုက သတ္ႏုိင္သည္ဟူ၍...
"ေကာင္းျပီ" ရွီမာယူယူသည္ နာခံစြာျဖင့္ ေခါင္းညိတ္လိုက္သည္။ သူမသည္ နာခံတတ္ေသာ ကေလးျဖစ္သည္။ ဦးေလးမွ သက္ညွာရန္မလိုဟု ေျပာလိုက္သည္ႏွင့္ သူမ သက္ညွာရန္မလိုေပ။ သူမကို သတ္ခ်င္ေသာလူမ်ား ကို သတ္လိုက္လွ်င္ေတာင္ မ်ိဳးႏြယ္အတြင္း သူတို႔ရာထူးမွာ အေရးၾကီးသည္ မၾကီးသည္ကို ဂရုစုိက္စရာမလိုေပ။
"ေျပာရင္းနဲ႔ အံ့ဖြယ္လက္နက္က အင္အားစုတစ္ခုလံုးကို ေခ်မႈန္းတဲ့ အထိျဖစ္ေစတာကို ဒီမွာရွိေနဦးမွာလား" ရွီမာလြီဖန္ ေမးခြန္းထုတ္ေလသည္။
"ေရွ႕မွာ ပန္းခ်ီေတြရွိေသးတယ္" ဒိက်ဲ႕ ေျပာလုိက္သည္။
ရွီမာယူယူႏွင့္ တျခားသူမ်ား ေလွ်ာက္သြားသည္။ ရုပ္ပံုမ်ားသည္ ထိုႏွစ္က အျဖစ္အပ်က္မ်ားကို ေရးဆြဲထားျခင္းျဖစ္သည္။
ထိုပန္းခ်ီေပၚရွိ အင္အားစုမ်ားသည္ အံ့ဖြယ္လက္နက္ကို အသက္သြင္း ရန္ သူတုိ႔အသက္ကိုအသံုးျပဳခဲ့ၾကသည္။ အံ့ဖြယ္လက္နက္သည္ အားျပင္း ေသာစြမ္းအားထုတ္လႊတ္ကာ က်ဴးေက်ာ္သူမ်ားကို သတ္ပစ္ခဲ့သည္။ ထိုအခါမွစျပီး အံ့ဖြယ္လက္နက္သည္ ေၾကးသတၱဳျဖစ္ကာ လံုးဝေပ်ာက္ကြယ္ သြားေလသည္။ မသန္မစြမ္းတပည့္တစ္ေယာက္သာ ပန္းခ်ီမ်ားဆြဲရင္း က်န္ခဲ့ ေလသည္။
ထိုပန္းခ်ီမ်ားကို ၾကည့္ျပီးေသာ အားလံုးသည္ ေငးမိႈင္သြားေလသည္။
"အံ့ဖြယ္လက္နက္မရွိေတာ့ဘူးလား"
"ပန္းခ်ီေတြအရဆိုရင္ အဲလိုပဲ"
ပန္းခ်ီမ်ားသာ အမွန္တကယ္ျဖစ္ပါက သူတို႔ဘာအတြက္ေရာက္လာၾက တာလဲ။
"မင္းတုိ႔ ဘိုးေဘးေတြက လွည့္စားခဲ့တာပဲ" ဒိက်ဲ႕သည္ ရွီမာလြီဖန္တို႔၏ မ်က္ႏွာအမူအရာမ်ားကို ၾကည့္ကာ သူတို႔၏ ကံဆိုးျခင္းကို ဝမ္းေျမာက္ေန ေလသည္။
Unicode
အပိုင်း (၁၁၉၄) – အရှက်မဲ့သော အကြံပြုချက်
သူတို့သည် ရှီမာယူယူ၏ စကားများကို စဉ်းစားကြည့်သည်။ သို့သော် အခုအခြေအနေသည် သူတို့ စိုးရိမ်ရမည့်အရာမဟုတ်သေးေ။
ရှီမာလွီဖန်နှင့် ရှီမာလွီယွင်တို့သည် မျိုးနွယ်နှင့်ပတ်သတ်ပြီး မကျေနပ် သော်လည်း သူတို့မျိုးနွယ်ဖြစ်နေသေးသဖြင့် ဘာကိုမှမခံစားရတော့ပေ။ သူတို့သည် မျိုးနွယ်၏ လုပ်ပုံကိုင်ပံကိုမကြိုက်ပေ။ သို့သော် တစ်ဖက်တွင် လည်း မျိုးနွယ်၏ လက်ရှိအခြေအနေကို စိုးရိမ်နေပြန်သည်။
ထို့ကြောင့်ပင် အကြီးအကဲနှင့် အံ့ဖွယ်လက်နက် ရှာလိုခြင်းဖြစ်သည်။
"တကယ်တော့ ကျွန်မမှာ အကြံကောင်းရှိတယ် အံ့ဖွယ်လက်နက်ကို တခြားသူတွေလက်ထဲ မရောက်မဲ့အပြင် ရှီမာမျိုးနွယ်ကိုလည်း ပြဿနာဖြစ် စေမှာမဟုတ်ဘူး" ရှီမာယူယူ ပြောလိုက်သည်။
"ဘာအကြံလဲ" ရှီမာလွီဖန်သည် ပြောလေသည်။
"ကျွန်မသာ အဲဒီအံ့ဖွယ်လက်နက်ရမယ်ဆိုရင် ကျွန်မလက်ထဲ ပစ္စည်း ရောက်လာရင် မျိုးနွယ်ကို ပြဿနာဖြစ်စေမှာမဟုတ်ဘူး"
"...."
"...."
သူမ ပြောမည့်အရာကို ရှီမာလွီယွင် ခန့်မှန်းမိသော်လည်း သူ့နားနှင့် ကြားလိုက်ရသောအခါ သူမ၏ အရှက်မဲ့မှုကို နက်နက်နဲနဲ တွေ့ကြုံရလေ သည်။
"ဟားဟား ဝမ်းကွဲညီမ မင်းက အရှက်မဲ့တဲ့အချိန်ဆိုရင် ချစ်စရာ ကောင်းတာပဲ မင်း တကယ်လိုချင်ရင် ငါ မင်းအတွက် အံ့ဖွယ်လက်နက်ကို လုပေးမယ်" ဒိကျဲ့သည် ပျော်မြူးစွာ ရယ်မောလေသည်။
သူမ အရှက်မဲ့သည့်အချိန်ကို သူ သဘောကျသည်။
"..."
သည်တစ်ကြိမ်မှာ ရှီမာယူယူ ဆွံ့ရမည့်အလှည့်ဖြစ်သည်။ အရှက်မဲ့ တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ သူမက ဘယ်တုန်းက အရှက်မဲ့လို့လဲ။
"အံ့ဖွယ်လက်နက်ရှိလားဆိုတာတောင် မသိသေးဘူး ဝင်သွားပြီး ကြည့် ကြတာပေါ့" ရှီမာလွိယွင်သည် ချက်ချင်း သဘောမတူပေ။
ထိုနေရာရှိအခြေအနေကို မည်သူမှ မသိပေ။ အမှန်တကယ်ပင် အံ့ဖွယ် လက်နက်ရှိပြီး တစ်စုံတစ်ယောက်မှ အံ့ဖွယ်လက်နက်ရထားပြီးသားဖြစ်ပါက ဆန်းကြယ်မှုဖြစ်နေဦးမည်။
"ဒါဆိုရင် ဦးလေးတို့ သက်သာတာစောင့်ပြီးတာနဲ့ သွားကြမယ်" ရှီမာယူယူ ပြုံးပြီးပြောလိုက်သည်။
တစ်ရက်ကြာပြီးနောက် သူတို့ထွက်ခွာကြရာ ရှီမာလွီယွင်သည် ကုန်းမြင့်ဆီသို့ ခေါ်သွားလေသည်။ လမ်းတစ်လျှောက်တွင် အန္တရာယ် ကြီးကြီးမားမားမတွေ့ပေ။
သူမ တခြားသူ၏ ဖမ်းဆီးခြင်းကိုခံရပြီး လမ်းပြခွေးဖြစ်လုနီးပါးဖြစ်သွား သည်ကို တွေးမိပြီး မွန်းကြပ်မိသည်။
"ဒီလမ်းကို ဘိုးဘွားတွေပြောထားတာ အဲတော့ အန္တရာယ်များများ စားစားမရှိဘူး" ရှီမာလွီယွင် ရှင်းပြလေသည် "လူတွေမသိတော့ အလွယ်တကူ ရောက်မလာနိုင်ဘူး"
အဲတော့ ဘိုးဘွားတွေက အခုထိအသုံးဝင်သေးတယ်ပေါ့။
သူတို့ထိုနေရာသို့ ရောက်သောအခါ လူများနှင့်တွေ့လေသည်။ ဂူအဝ တွင် ခြေရာများပြည့်နေသည်။
"လူတွေအများကြီးရောက်နေကြပြီ အထဲကအခြေအနေကဘယ်လို ဖြစ်မလဲမသိဘူး" ရှီမာလွီဖန် ပြောလိုက်သည်။
"ဝင်ကြည့်ရင်သိလိမ့်မယ်" ရှီမာယူယူသည် ပြောပြီးသည်နှင့် ဝင်သွား မည်အပြုတွင် ဒိကျဲ့မှ လှမ်းဆွဲလေသည်။
"ငါအရင်ဝင်မယ် မင်း ငါ့အနောက်မှာနေ" ဒိကျဲ့သည် ပြောပြီးသည်နှင့် ထွက်သွားလေသည်။
ရှီမာယူယူသည် ပြုံးပြီး ဒိကျဲ့နောက်လိုက်သွားလေသည်။ ထို့နောက်တွင် တစ္ဆေသခင် ဒိလျူ ပြီးနောက်တွင် ရှီမာလွီဖန်နှင့် ရှီမာလွီယွင် တို့ လိုက်လာကြသည်။
"ဒီကောင်လေးက ငါတို့နေရာလုသွားပြီ" ရှီမာလွီဖန်သည် အရှေ့မှ လူများ၏ ကျောပြင်ကိုကြည့်ပြီး ပြောလေသည်။
"မဆိုးပါဘူး" ရှီမာလွီယွင်သည် တိုးညင်းစွာပြောကာ နောက်မှလိုက် လာသည်။
သူတို့သည် တစ္ဆေမျိုးနွယ်ဖြစ်သော်ငြား ရှီမာယူယူ့အပေါ်ထားသော သဘောထားမှာ ကောင်းသည်။
ရှီမာလွီဖန်သည် ပွစိပွစိလုပ်ရင်း လိုက်လာသည်။
ရှီမာယူယူနှင့် တခြားသူများဝင်ကြရာ ဂူအစပိုင်း သူတို့ဝင်လိုက်ချိန်တွင် ဝင်္ကဘာထဲသို့ ခြေချလိုက်သကဲ့သို့ဖြစ်လေသည်။ အထဲရှိ လေဟာပြင်သည် အပိုင်းအခြားမရှိပေ။ ရှေးဟောင်းစစ်မြေပြင်နှင့်ပင် မတူပေ။
"ဒီမှာ ဂိုဏ်းတစ်ခု အခြေချခဲ့ဖူးတဲ့ပုံပဲ" ရှီမာယူယူ ပြောလိုက်သည်။
"အမှန်ပဲ"
တခြားသူများလည်း ထိုသို့တွေးသည်။ ထိုသို့ကြီးမားသော နေရာတစ်ခု သည် မြေအောက်ခန်းသို့မဟုတ်ပေ။
"နံရံပေါ်မှာ တစ်ခုခုရှိနေတယ်" ဒိကျဲ့ ပြောလိုက်သည်။
ရှီမာယူယူသည် မီးတောက်ထွန်းလိုက်ရာ ချက်ချင်းပင် နံရံပေါ်မှ ပုံရိပ် များကို မြင်ရလေသည်။
ထိုနံရံပေါ်တွင် လူသားများ၊ ဝိညာဉ်သားရဲ၊ နတ်ဆိုးမဟုတ်လျှင် တစ္ဆေမျိုးနွယ်ဝင်ဖြစ်နိုင်သည့် ရုပ်ဆိုးသော သတ္တဝါများရှိလေသည်။
"ဒီပန်းချီကားတွေက ဇာတ်လမ်းတွေကို ပြောပြနေသလိုပဲ" ရှီမာယူယူ ပြောလိုက်သည်။
သူမ နောက်ပြန်ကြည့်လိုက်ရာ လာရာလမ်းတွင်လည်း ပန်းချီများရှိ သည်ကို တွေ့လိုက်ရသည်။ သူမ သွားပြီးတစ်ခေါက်ပြန်ကြည့်ရာ နောက်ဆုံး တွင် ထိုနေရာရှိ အရာအားလုံးကို နားလည်သွားလေသည်။
"ဒီနေရာက တကယ်ပဲ အင်အားစုတစ်ခုရဲ့ အခြေချခဲ့တဲ့နေရာဖြစ် မယ်လို့မထင်ထားဘူးပဲ" ရှီမာလွီဖန် ဆက်ပြောလေသည် "ဘာဖြစ်လို့လဲဆို သူတို့က အံ့ဖွယ်လက်နက်ရသွားလို့ အင်အားစုတွေရဲ့ တိုက်ခိုက်တာ နှိပ်စက် တာကိုခံရပြီး ချေမှုန်းခံလိုက်ရတာပဲ"
"အဲအံ့ဖွယ်လက်နက်က ဦးလေးတို့ ဘိုးဘွားတွေပြောတဲ့တစ်ခုလား" ရှီမာယူယူ ပြောလိုက်သည်။
"ဦးလေးတို့ ဘိုးဘွားတွေဆိုတာ ဘာကိုပြောတာလဲ မင်းရဲ့ ဘိုးဘွား တွေပဲလေ" ရှီမာလွီယွင်သည် သူမအား အမှန်ပြင်ပေးလေသည်။
"အခုက ကျွန်မက ရှီမာမျိုးနွယ်မှမဟုတ်တာ" ရှီမာယူယူ ပြောလိုက် သည်။
"ဘယ်လိုလုပ်မဟုတ်ရမှာလဲ မင်းမှာ ရှီမာမျိုးနွယ်ရဲ့ သွေးရှိနေတယ် အဲတော့ မင်းက ရှီမာမျိုးနွယ်ဝင်ပဲ" ရှီမာလွီယွင်သည် သူမအား ခက်ထန် သောအကြည့်ဖြင့် ကြည့်ပြန်သည်။
"ကျွန်မက မျိုးနွယ်မှတ်တမ်းထဲမှာမှ မရှိတာ" ရှီမာယူယူ ငြင်းဆန်လေ သည်။
"..." ရှီမာလွီယွင်သည် ဆွံ့အစွာကျန်ခဲ့လေသည်။ ခဏကြာအောင် နှုတ်ဆက်ပြီးနောက်တွင် ပြောလေသည် "မင်းနာမည် အဲမှာရှိမှာပါ မျိုးနွယ် မှတ်တမ်းထဲမှာ အတောက်ပအဆုံးဖြစ်လာမှာပါ"
ရှီမာယူယူသည် နှုတ်ခမ်းကွေးညွှတ်လိုက်သည်။ သူမသည် မျိုးနွယ် မှတ်တမ်းတွင် ရှိခြင်းကို ဂရုမစိုက်ပေ။
"မင်းအဖေနာမည်ကတော့ ရှိနေတုန်းပဲ" ရှီမာလွီယွင် ပြောလိုက်သည်။
ရှီမာယူယူ မှင်တက်သွားကာ ပြောလိုက်သည် "အဲဒါတွေဖြစ်ပြီးသွား တော့ မျိုးနွယ်က သူ့နာမည်ကို ဖယ်မပစ်ဘူးလား"
ထိုနှစ်တွင် ဖြစ်ခဲ့သည်များကိုတွေးပြီး ရှီမာမျိုးနွယ်သည် သူမ ဖခင်ကို ထုတ်လိုက်မည်ဟု ထင်ခဲ့သည်။
"ရှီမာမျိုးနွယ်မှာ သွေးအေးပြီး ညှာတာမဲ့တဲ့သူမရှိပါဘူး" ရှီမာလွီယွင် ပြောလိုက်သည်။
"ကောင်းပါပြီ" ရှီမာယူယူ ပခုံးတွန့်လိုက်သည်။ ထိုသတင်းသည် သူမကို အံ့သြစေသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရဲ့ မျိုးနွယ် ငါတို့ရဲ့ အရင်းအမြစ်လည်းဖြစ်နေ တယ်လေ" ရှီမာလွီယွင် ပြောလိုက်သည်။
"ဒါဆိုရင် ကျွန်မကို သတ်ချင်တဲ့လူတွေကျ ဘယ်လိုလုပ်မလဲ" ရှီမာယူယူ ပြောလိုက်သည်။
"သူတို့က ရန်သူတွေပဲ မိသားစုမဟုတ်ဘူး ငါတို့ သူတို့ကိုရှင်းလိုက် မယ်" ရှီမာလွီယွင် ပြောလိုက်သည်။
"..."
"အေး တကယ်လို့ ကျွန်မကိုလာရှာရင် သေချာလေး ဖျော်ဖြေပေးလိုက် မယ်" ရှီမာယူယူ ပြောလိုက်သည်။
"သူတို့ကို သက်ညှာဖို့မလိုဘူး" ရှီမာလွီယွင် ထပ်ပေါင်းပြောလေသည်။
ဆိုလိုသည်မှာ သူတို့မျိုးရိုးနာမည်မှာ ရှီမာမျိုးရိုးဖြစ်စေ ရှီမာမျိုးနွယ်၏ သွေးသားဖြစ်စေ သတ်လိုက သတ်နိုင်သည်ဟူ၍...
"ကောင်းပြီ" ရှီမာယူယူသည် နာခံစွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူမသည် နာခံတတ်သော ကလေးဖြစ်သည်။ ဦးလေးမှ သက်ညှာရန်မလိုဟု ပြောလိုက်သည်နှင့် သူမ သက်ညှာရန်မလိုပေ။ သူမကို သတ်ချင်သောလူများ ကို သတ်လိုက်လျှင်တောင် မျိုးနွယ်အတွင်း သူတို့ရာထူးမှာ အရေးကြီးသည် မကြီးသည်ကို ဂရုစိုက်စရာမလိုပေ။
"ပြောရင်းနဲ့ အံ့ဖွယ်လက်နက်က အင်အားစုတစ်ခုလုံးကို ချေမှုန်းတဲ့ အထိဖြစ်စေတာကို ဒီမှာရှိနေဦးမှာလား" ရှီမာလွီဖန် မေးခွန်းထုတ်လေသည်။
"ရှေ့မှာ ပန်းချီတွေရှိသေးတယ်" ဒိကျဲ့ ပြောလိုက်သည်။
ရှီမာယူယူနှင့် တခြားသူများ လျှောက်သွားသည်။ ရုပ်ပုံများသည် ထိုနှစ်က အဖြစ်အပျက်များကို ရေးဆွဲထားခြင်းဖြစ်သည်။
ထိုပန်းချီပေါ်ရှိ အင်အားစုများသည် အံ့ဖွယ်လက်နက်ကို အသက်သွင်း ရန် သူတို့အသက်ကိုအသုံးပြုခဲ့ကြသည်။ အံ့ဖွယ်လက်နက်သည် အားပြင်း သောစွမ်းအားထုတ်လွှတ်ကာ ကျူးကျော်သူများကို သတ်ပစ်ခဲ့သည်။ ထိုအခါမှစပြီး အံ့ဖွယ်လက်နက်သည် ကြေးသတ္တုဖြစ်ကာ လုံးဝပျောက်ကွယ် သွားလေသည်။ မသန်မစွမ်းတပည့်တစ်ယောက်သာ ပန်းချီများဆွဲရင်း ကျန်ခဲ့ လေသည်။
ထိုပန်းချီများကို ကြည့်ပြီးသော အားလုံးသည် ငေးမှိုင်သွားလေသည်။
"အံ့ဖွယ်လက်နက်မရှိတော့ဘူးလား"
"ပန်းချီတွေအရဆိုရင် အဲလိုပဲ"
ပန်းချီများသာ အမှန်တကယ်ဖြစ်ပါက သူတို့ဘာအတွက်ရောက်လာကြ တာလဲ။
"မင်းတို့ ဘိုးဘေးတွေက လှည့်စားခဲ့တာပဲ" ဒိကျဲ့သည် ရှီမာလွီဖန်တို့၏ မျက်နှာအမူအရာများကို ကြည့်ကာ သူတို့၏ ကံဆိုးခြင်းကို ဝမ်းမြောက်နေ လေသည်။