ရှောင်းကျန့် ဝမ်နန်းအိမ်ကို ရောက်နေတာ တစ်ပတ်တင်းတင်းပြည့်ခဲ့ပြီ။ ဝမ်ရိပေါ်၏ အစ်ကိုဖြစ်သူ ဝမ်ကျိုးချန်က ရှောင်းကျန့်ကို ကြည့်မရပေမယ့် သူညီလေးကိုတော့ အတော်ချစ်ရှာပုံပင်။
"အားပေါ်ကို သေချာဂရုစိုက်ပေး"
မနက်စာစားနေတုန်း တုံးတိကြီးလာပြောသွားတာမို့ ထမင်းကြော်စားနေသည့် ဇွန်းက နှုတ်ခမ်းမှာ တန်းလန်းနှင့် ကြောင်တောင်တောင် ကျန်ခဲ့ရသည်က ရှောင်းကျန့်ပင်။
ဝမ်နန်းအိမ်ကို ရောက်ပြီးသည့် ရက်အပိုင်းအခြားတော်တော်များများမှာ ရိပေါ်က အိပ်မက်ဆိုးတွေရက်ဆက်လို့မက်သည်။
မက်တိုင်းလည်း အမြဲ ငိုယိုနေတော့ အိမ်တော်ကလူတွေပါ သိပြီး ရိပေါ်ကို အနားကောင်းကောင်းယူခိုင်းထား၏။
"ကိုကို... ဘာတွေစားနေတာလဲ"
"ထမင်းကြော်"
ရိပေါ်က မီးဖိုချောင်က နံရံကပ်ဗိီဒိုကိုဖွင့်လို့ nutella ဘူးတစ်ဘူးကိုယူပြီး ဇွန်းရှည်တစ်ချောင်းကိုယူသည်။ ပြီးတော့ ပေါင်မုန့်အထုပ်လိုက်ကြီး ဆွဲကာ သူဘေးနားမှာ လာထိုင်သည်။
"မအီဘူးလား အဲ့ဒါ"
"မအီပါဘူး အရမ်းကောင်းတယ် ကိုကိုစားကြည့်မလား"
ချောကလက်တွေအများကြီးသုတ်ထားသည့် ပေါင်မုန့်တစ်ချပ်ကို ရှောင်းကျန့်ကိုပေးသည်။
"အတွင်းအားကျင့်တဲ့ တစ်လလုံးက ထမင်းနဲ့အသားဟင်းပဲစားရတာ"
"ပင်ပန်းလား"
"နည်းနည်းပါ... အဆင့်နှစ်ကတော့ အများကြီးပင်ပန်းတယ်တဲ့"
ပေါင်မုန့်ကို ချောကလက်သုတ်ခြင်းထဲစိတ်ရောက်နေသည့် ရိပေါ်က သူပြောတာကို နားထောင်လိုက်ပြန်ပြောလိုက်လုပ်နေပေမယ့် ပေါင်မုန့်ကိုတော့ အစားမပျက်။
"ကျွန်တော်ပင်ပန်းလည်း ကိုကိုရှိပေးမှာပေါ့"
"ဒါပေါ့ ဒါပေါ့ ရှိပေးရမှာပေါ့"
ဆံပင်ထူထူလေးတွေအပေါ် လက်တင်လို့ ပွတ်လိုက်သည်။ ဒီချစ်စရာကလေးကို အိပ်မက်ဆိုးတွေရန်က အမြန်ဆုံးလွတ်စေချင်နေပြီ။
•
•
•
"မယ်မယ် ကျွန်တော် ကိုကိုနဲ့ မြို့ထဲ ခဏသွားမလို့"
"မသွားရဘူး"
"မယ်မယ်... ကိုကိုပျင်းနေမှာစိုးလို့ပါ"
ရိပေါ်က ကိုကို့ကို အားနာသည်။ သူ့အနားကိုလိုက်နေရပေမယ့် ကိုကိုက ဒီနန်းအိမ်တော်မှာပဲ ပိတ်မိနေသလိုဖြစ်နေမှာကိုလည်း စိုးရိမ်ပါသည်။
ကိုကိုမပျော်တော့ဘဲ ထွက်ပြေးသွားရင် ဒုက္ခ။
"အစောင့်ထည့်ပေးလိုက်မယ်... မြန်မြန်ပြန်လာခဲ့ အားပေါ်... အပြင်မှာက လုံခြုံတာမဟုတ်ဘူး"
ရိပေါ်က မယ်မယ်ရဲ့ ခွင့်ပြုချက်နှင့် ကိုကို့ကိုခေါ်ကာ မြို့ထဲခဏဝင်ပြီး အင်္ကျီဝယ်မည်။ ကိုကိုက သူသွားနေခဲ့တဲ့ရက်တွေတုန်းက တီရှပ်တွေအများကြီးပေးဝတ်ထားတာမဟုတ်လား။
ပြီးတော့ အပြန် ပီဇာလည်းစားကြမည်။ ကိုကိုက ပီဇာသိပ်ကြိုက်တဲ့အကြောင်း ရိပေါ်ကို ပြောပြဖူးသည်။
"ကိုကိုရေ ပြီးပြီလား"
အခန်းတံခါးကို ခေါက်လိုက်တော့ ကိုကိုက တံခါးကိုဟရုံလေးဟပေးသည်။
"အင့်"
တံခါးအကွယ်ကနေ လျင်မြန်စွာပဲ ဆွဲလိုက်သည့် ကိုကို့ကြောင့် ရိပေါ် အခန်းထဲကို ခပ်မြန်မြန်ရောက်သွားသည်။
နောက်တော့ နံရံမှာ ဆွဲကပ်တာခံလိုက်ရသည်။
ရိပေါ်ရဲ့ ပါးတစ်ဖက်ကို ကိုကိုက လက်ဖဝါးလေးတင်ကာ ထားသည်။
"ရိပေါ်"
"ကိုကိုကလည်း လန့်လိုက်တာ"
ကျားသစ်နက်ကလေးကို လန့်အောင်လုပ်နိုင်တာ ကိုကိုပဲရှိပါသည်။
"နမ်းချင်တယ်"
ကိုကိုက ရိပေါ်ရဲ့ နှုတ်ခမ်းကိုငုံထွေးလိုက်သည်။ တစ်ပတ်နှစ်ပတ်အတွင်းမှာ ရိပေါ်ကို ကိုကို ဒီလို ခဏခဏ နမ်းနေတာ ၃၂၈ ခါလောက်ရှိနေပြီဖြစ်သည်။
"ခဏပဲနမ်းနော်... အပြင်သွားမှာကို"
•
•
•
အစောင့်တွေထည့်ပေးလိုက်တာကြောင့် ရိပေါ်က စိတ်နည်းနည်းအေးရပေမယ့် သိပ်မကောင်းတဲ့ခံစားချက်ကတော့ရှိနေသေးသည်။
မယ်မယ့်စကားနားထောင်ခဲ့ရင် ကောင်းသားပါလေ။
"ကိုကို... "
"ဟင်... ဘာဖြစ်လို့လဲရိပေါ်"
ဝယ်ဖို့အတွက် အင်္ကျီရွေးပေးနေသည့် ကိုကိုက မျက်နှာမကောင်းသည့် သူ့ကို သတိထားမိဟန်ပင်။
"ပီဇာစားပြီးပဲ ပြန်ကြမယ်လေ"
"နေလို့ကောင်းရဲ့လား"
ကိုကို့လက်က နဖူးပေါ်ရောက်လာသည်။
"ကောင်းပါတယ်"
"ပြန်ချင်ပြီဆို ပြန်ကြစို့လေ"
ကိုကိုက သူ့လက်ကို တွဲကာ အင်္ကျီဆိုင်ထဲကနေ ထွက်သည်။ ပီဇာကိုတော့ ထိုင်မစားတော့ဘဲ မှာလိုက်ကာ အိမ်ပြန်သယ်ဖို့ဆုံးဖြတ်လိုက်သည်။
"ကိုကို... "
"ပြောလေ အားပေါ်"
"ကျွန်တော့်ကို ဖက်ထားပါလား"
ပီဇာစောင့်နေတုန်းကိုကို့ကို ဆိုင်အဝက်အထွက်ဘေးက လူရှင်းတဲ့ နေရာလေးမှာရပ်နေကြရင်း ပွေ့ဖက်ချင်လာသည်။
"အားပေါ်... ဒီနေ့ တအားချွဲနေပါလား"
ကိုကိုက ဖက်ထားပေးသည်။
သိပ်မကြာ ပီဇာရလာသည်နှင့် ကိုကိုက အထုပ်တွေဆွဲကာ တစ်ဖက်လက်က သူ့လက်ကို ဆွဲရင်းနှင့် ကားရပ်ထားသည့် အထပ်သို့သွားကြသည်။
•
•
•
ကားပါကင်သို့ရောက်သည်နှင့် ကားတစ်စီးက အရှိန်အဟုန်နဲ့ ဝင်လာကာ သူတို့နှစ်ဦးအနားမှာ ပိတ်ရပ်လိုက်သည်။ အစောင့်တွေကလည်း အလျင်အမြန်ပြေးလာခဲ့ပေမယ့် ရှောင်းကျန့်၏ ခေါင်းအနောက်ဖက်ကို တစ်စူံတစ်ခုနှင့်ရိုက်ချလိုက်ခြင်းကြောင့် နာကျင်သွားပြီး လဲကျသွားသည်။
မလဲကျခင် ထိုဗန်ကားထဲက လူနှစ်ယောက်သုံးယောက်လောက်က ရိပေါ်၏ လည်ပင်းကို တစ်ခုခုလုပ်ပြီး ကားပေါ်ဆွဲတင်ကာ ပြေးထွက်သွားကြသည်။
ထို့နောက်တော့ ရှောင်းကျန့် မျက်လုံးတွေလဲ လေးလံလာကာ အစောင့်တွေလာဆွဲထူတာကိုတောင် မသိနိုင်တော့ချေ။
ပီဇာပူပူလောလောလေးက ကားပါကင်ရဲ့ ကြမ်းပြင်မှာ ပစ်စလက်ခတ်ပြုတ်ကျသွားသည်။
နန်းအိမ်၌ နှင်းဆီပန်းအလှဆင်နေသည့် သခင်မဝမ်၏လက်ချောင်းထဲသို့ ၁ စင်တီမီတာလောက်ရှည်လျားသည့် နှင်းဆီစူးဟာ စိုက်ဝင်သွားသည်။
"အားပေါ်"
သူမ၏ ရေရွတ်သံကြောင့် နန်းအိမ်တော်တစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြ၏။
မကြာလိုက် နန်းအိမ်တော်၏ ခြံဝန်းတံခါးဟာ ပွင့်လာပြီး ကားတစ်စီးက ကမူးရှူးထိုးဝင်ရောက်လာခဲ့သည်။
"မယ်မယ် သခင်လေး... "
ဖြောင်း***
အစောင့်ခေါင်းဆောင်၏ ခေါင်းဟာ ပြင်းထန်သည့် ရိုက်ချက်ကြောင့် လည်ထွက်မတတ်ဖြစ်သွားခဲ့သည်။
"လူနှစ်ယောက်ကိုတောင် သေချာ မစောင့်ရှောက်နိုင်တာ... အကုန်လုံးသေလိုက်ကြ"
မယ်မယ်က မျက်ရည်တွေဝိုင်းလာသည်။ အစောင့်နှစ်ယောက်ကူတွဲထားရသည့် ရှောင်းကျန့်ကိုဆွဲခေါ်ကာ ဧည့်ခန်းမှာအသာထိုင်စေသည်။
"မယ်မယ်... အားပေါ်က"
"မင်း ငါမေးတာဖြေရမယ်"
ရှောင်းကျန့်က ခေါင်းတွေနောက်ကျိနေပေမယ့် မယ်မယ်မေးသမျှတော့ ဖြေဖို့ အားရှိပါသေးသည်။
"ဘယ်သူလဲ... ဘယ်သူတွေလဲ"
"ဗန်ကားနဲ့ပါ... ကျွန်တော့်ခေါင်းကိုရိုက်လိုက်ပြီး ကျွန်တော်လဲသွားတော့ အားပေါ်ရဲ့ လည်ပင်းကို တစ်ခုခု လုပ်လိုက်တယ်။ ပြီးတော့ သူလဲကျသွားတာနဲ့ ကားပေါ်ဆွဲတင်သွားတာပဲ"
"အဲ့အချိန်မင်းတို့ဘာလုပ်နေလဲ"
ရပ်နေသည့် အစောင့်တွေဘက်ကိုလှည့်ကာ ဟိန်းဟောက်လိုက်သည့် သခင်မ၏သံကြောင့် အစောင့်တွေ အားလုံးဟာ ခန္ဓာကိုယ်တွေမတ်ကနဲ။ ရှောင်းကျန့်လို ယောက်ျားလေးတစ်ယောက်ပင် တုန်သွားရသည်။
"သေချာတယ်။ ယန် ဂိုဏ်းက ကောင်တွေပဲ... ရိပေါ်ကို ငယ်ငယ်ကတည်းက စောင့်နေတာ... အတွင်းအားအဆင့် အောင်ထားတာကို ဘယ်လိုသိသွားလဲမသိဘူး။ ရှာ! ရအောင်ရှာကြစမ်း!!! "
သခင်မက စိမ်းပြာရောင်မျက်လုံးတွေလင်းလာပြီးနောက်တော့ ထိုဧည့်ခန်းအပြင်ကိုထွက်သွားသည်။
"ယန်ဂိုဏ်းက လူယုတ်မာတွေပဲ... သခင်ကြီးဝမ်ကလည်း ယန်ဂိုဏ်းကြောင့် အတွင်းအားတွေပျက်စီးပြီး အစွမ်းတွေရှိနိုင်သလောက်မရှိတော့တာ... အမြုတေကို ခိုးဖို့ကြံကြပေမယ့် သခင်မဝမ်ရဲ့ အားထုတ်မှုကြောင့် အမြုတေက အရောင်မှိန်သွားရုံပဲ... ဒါကြောင့် အတွင်းအားပျက်စီးတာပဲ"
"အမြုတေမရှိတော့ရင်ရော"
"သေသွားလိမ့်မယ်... အားပေါ် သေသွားမှာ"
ရှောင်းကျန့်က ကျိုးချန်ရဲ့ ပြောစကားကြောင့် မျက်ဆံတွေ လှုပ်ရှားကာ လက်ဖျားတွေ အေးစက်လာရသည်။
"ကလေးက လွန်ခဲ့တဲ့လကမှ ကျင့်စဉ်ကာလက ထွက်ထားတာ... တအားအားနည်းနေတာ... သူတို့အတွက်တော့ အမြုတေကို အလွယ်လေးထုတ်လို့ရလိမ့်မယ်"
"သူတို့က ဘယ်မှာရှိနိုင်လဲ"
"ငါသိရင် မင်းကို ဒီမှာထိုင်ပြီး ရှင်းပြနေဦးမလား"
ကျိုးချန်က သူ့ကို မကျေနပ်သလို ကြည့်ပြီးမှ ဧည့်ခန်းထဲက ထွက်သွားသည်။
ရှောင်းကျန့် မျက်ရည်တွေကျလာသည်။ တုန်ယင်နေတဲ့လက်တွေနဲ့အတူ ခန္ဓာကိုယ်က အေးစက်နေသည်။
ရိပေါ်လေး အန္တရာယ်ရှိတာတောင် ကာကွယ်မပေးနိုင်တဲ့ ချစ်သူမို့ ရှက်လည်းရှက်သလို ယူကျုံးမရလည်းဖြစ်ရသည်။
ကြံရာမရတော့သည့် အချိန်တွင်ပဲ ဖုန်းထဲက မေးလ်တစ်စောင် ဝင်လာခဲ့သည်။
လိပ်စာတစ်ခုပါသည်။
ပြီးတော့ စာတစ်ကြောင်းပါသေးသည်။
"ရှောင်းကျန့် တစ်ယောက်တည်းပဲ လာခဲ့"
ရှောင်းကျန့် နန်းအိမ်တော်ကနေ ပြေးထွက်ကာ ခြံဝန်းအထွက်မှာ တက်စီတစ်စီးပေါ်တက်လို့ လိပ်စာအတိုင်း လာခဲ့၏။
လမ်းတစ်လျှောက်လည်း လေးလံနေသည့် စိတ်တွေအတွက် သက်ပြင်း ချရသည်မှာ အခါခါ။
•
•
•
ကိုကိုက အရိုက်ခံလိုက်ရသည့် အချိန် ရိပေါ်ကလှည့်ပြီး တိုက်ခိုက်ဖို့လုပ်ပေမယ့် နောက်ထပ်တစ်ယောက်က ရိပေါ်ရဲ့ လည်ပင်းကို ဆေးထိုးအပ်နဲ့ တစ်ခုခုထိုးသွင်းခဲ့ပုံပေါ်သည်။
လဲကျသွားသည့် ကိုကို့ကို မြင်နေရပေမယ့် ဘာမှမခုခံနိုင်အောင် ချက်ချင်းအားနည်းသွားသည်သူက ထိုလူတွေခေါ်ဆောင်တဲ့ ကားပေါ်ကို အသာလေးပါသွားခဲ့သည်။
ဗန်ကားပေါ်မှာ မျက်လုံးတွေ မှိတ်မကျသွားခင် ရိပေါ်ရဲ့မျက်ဝန်းက မျက်ရည်တစ်ချို့ကျဆင်းသွားသည်။
"ဝိုး... ဆက်ခံသူ သခင်လေးက တကယ်ချစ်တတ်သွားတာပါလား"
အသံကြားရသည် ။ ဘယ်သူမှန်းမသိတော့... ဘယ်ကိုခေါ်သွားမည်လဲမသိ။ အရာရာဟာ အမှောင်ကျလို့ ရိပေါ် အိပ်ပျော်သွားခဲ့သည်။
နိုးလာတော့ ကုတင်တစ်ခုပေါ်မှာ သူ့ရင်ဘတ်ကို ကြိုးတစ်ချောင်းနှင့် သိုင်းကာ ကုတင်နှင့် တွဲချီထားသည်။
ခွဲစိတ်သည့် ခုံလိုမျိုးမို့ သိပ်ကျယ်သည့် ကုတင်မျိုးတော့မဟုတ်။ ခြေတွေ လက်တွေလည်း ချုပ်နှောင်ထားခြင်းခံရထားရသည်။
"အိုး... အဖိုးတန်လေး နိုးလာပြီပဲ"
အသံလာရာကိုလှမ်းကြည့်မိတော့ ကိုကို့ဆီက အိုးတွေ ဝယ်လို့ သွားပို့ပေးတဲ့နေ့က တွေ့ခဲ့သည့် ထိုလူ။ ခရမ်းရောင်သမ်းသည့် မျက်လုံးတွေကို တွေ့ကတည်းက ရိပေါ် တုန်လှုပ်နေခဲ့တာ။
"ခင်... ခင်ဗျား"
"စိတ်မပူပါနဲ့ အဖိုးတန်လေးရဲ့... မင်းကိုကိုက မင်းကိုချစ်ရင် လာမှာပေါ့"
ပြောရင်နှင့် ရိပေါ်၏ ခေါင်းကို လက်ဖွသည်။
ရိပေါ်က ခေါင်းကိုင်တာ တကယ်မကြိုက်တာကြောင့် ဒေါသကိုဆွပေးနေသလိုပင်။
"ကိုကို့ကို မလုပ်နဲ့"
"ကိုကို့ကို မလုပ်ပါဘူး... မင်းကိုပဲ"
"အိုး နိုးနေပြီလား"
ေနာက်ထပ် ခပ်ဖိုင့်ဖိုင့်လူတစ်ယောက်က ဝင်လာပြီး ရိပေါ်ကို အမဲဖြတ်တော့မလို အကြည့်တွေနှင့်ကြည့်သည်။
ရိပေါ်က ခက်ထန်နေသည့် မျက်လုံးတွေနဲ့ အကြောက်တရားကို ဖုံးကွယ်ထားပေမယ့် တကယ်တော့ ငိုချင်တဲ့အထိကြောက်ရွံ့ပါသည်။
"ခင်ဗျားတို့ဘာလိုချင်တာလဲ"
"ဒေါသအိုးလေးပဲ... ထွေထွေထူးထူးမဟုတ်ပါဘူး။ မင်းကိုယ်ထဲက ကျားသစ်နက်ရဲ့ အမြုတေပေါ့"
ထိုလူ့လက်ထဲက ဖုန်းက မီးလင်းလာသည်။ ပြီးနောက်ဖုန်းကိုကြည့်ရင် ပြုံးကာ
"ဟော... ကယ်တင်ရှင် မင်းသားလေးတော့ရောက်လာပြီ"
ရိပေါ် အိပ်မက်ထဲက ဒီအသံကို မှတ်မိပါသည်။ အခန်းကိုဝေ့ဝိုက်ကြည့်တော့ သူတစ်လျှောက်လုံးမက်နေခဲ့တာ အိပ်မက်မဟုတ်မှန်းသဘောပေါက်ခဲ့သည်။
"မဖြစ်ဘူး... မဖြစ်ဘူး...ကိုကို"
တိတ်တဆိတ်ရေရွတ်သံနှင့်အတူ ရိပေါ်နှုတ်ဖျားလေးတွေတုန်ယင်နေခဲ့သည်။
•••••
(ရှေ့ကပဲ ဖတ်ဖတ် နောက်ကပဲ ဖတ်ဖတ် Happy Endingပါ... ချိကလိန်းတို့ ဟင်းဟင်း)
••••
Zawgyi
ေရွာင္းက်န႔္ ဝမ္နန္းအိမ္ကို ေရာက္ေနတာ တစ္ပတ္တင္းတင္းျပည့္ခဲ့ၿပီ။ ဝမ္ရိေပၚ၏ အစ္ကိုျဖစ္သူ ဝမ္က်ိဳးခ်န္က ေရွာင္းက်န႔္ကို ၾကည့္မရေပမယ့္ သူညီေလးကိုေတာ့ အေတာ္ခ်စ္ရွာပုံပင္။
"အားေပၚကို ေသခ်ာဂ႐ုစိုက္ေပး"
မနက္စာစားေနတုန္း တုံးတိႀကီးလာေျပာသြားတာမို႔ ထမင္းေၾကာ္စားေနသည့္ ဇြန္းက ႏႈတ္ခမ္းမွာ တန္းလန္းႏွင့္ ေၾကာင္ေတာင္ေတာင္ က်န္ခဲ့ရသည္က ေရွာင္းက်န႔္ပင္။
ဝမ္နန္းအိမ္ကို ေရာက္ၿပီးသည့္ ရက္အပိုင္းအျခားေတာ္ေတာ္မ်ားမ်ားမွာ ရိေပၚက အိပ္မက္ဆိုးေတြရက္ဆက္လို႔မက္သည္။
မက္တိုင္းလည္း အၿမဲ ငိုယိုေနေတာ့ အိမ္ေတာ္ကလူေတြပါ သိၿပီး ရိေပၚကို အနားေကာင္းေကာင္းယူခိုင္းထား၏။
"ကိုကို... ဘာေတြစားေနတာလဲ"
"ထမင္းေၾကာ္"
ရိေပၚက မီးဖိုေခ်ာင္က နံရံကပ္ဗိီဒိုကိုဖြင့္လို႔ nutella ဘူးတစ္ဘူးကိုယူၿပီး ဇြန္းရွည္တစ္ေခ်ာင္းကိုယူသည္။ ၿပီးေတာ့ ေပါင္မုန႔္အထုပ္လိုက္ႀကီး ဆြဲကာ သူေဘးနားမွာ လာထိုင္သည္။
"မအီဘူးလား အဲ့ဒါ"
"မအီပါဘူး အရမ္းေကာင္းတယ္ ကိုကိုစားၾကည့္မလား"
ေခ်ာကလက္ေတြအမ်ားႀကီးသုတ္ထားသည့္ ေပါင္မုန႔္တစ္ခ်ပ္ကို ေရွာင္းက်န႔္ကိုေပးသည္။
"အတြင္းအားက်င့္တဲ့ တစ္လလုံးက ထမင္းနဲ႔အသားဟင္းပဲစားရတာ"
"ပင္ပန္းလား"
"နည္းနည္းပါ... အဆင့္ႏွစ္ကေတာ့ အမ်ားႀကီးပင္ပန္းတယ္တဲ့"
ေပါင္မုန႔္ကို ေခ်ာကလက္သုတ္ျခင္းထဲစိတ္ေရာက္ေနသည့္ ရိေပၚက သူေျပာတာကို နားေထာင္လိုက္ျပန္ေျပာလိုက္လုပ္ေနေပမယ့္ ေပါင္မုန႔္ကိုေတာ့ အစားမပ်က္။
"ကြၽန္ေတာ္ပင္ပန္းလည္း ကိုကိုရွိေပးမွာေပါ့"
"ဒါေပါ့ ဒါေပါ့ ရွိေပးရမွာေပါ့"
ဆံပင္ထူထူေလးေတြအေပၚ လက္တင္လို႔ ပြတ္လိုက္သည္။ ဒီခ်စ္စရာကေလးကို အိပ္မက္ဆိုးေတြရန္က အျမန္ဆုံးလြတ္ေစခ်င္ေနၿပီ။
•
•
•
"မယ္မယ္ ကြၽန္ေတာ္ ကိုကိုနဲ႔ ၿမိဳ႕ထဲ ခဏသြားမလို႔"
"မသြားရဘူး"
"မယ္မယ္... ကိုကိုပ်င္းေနမွာစိုးလို႔ပါ"
ရိေပၚက ကိုကို႔ကို အားနာသည္။ သူ႔အနားကိုလိုက္ေနရေပမယ့္ ကိုကိုက ဒီနန္းအိမ္ေတာ္မွာပဲ ပိတ္မိေနသလိုျဖစ္ေနမွာကိုလည္း စိုးရိမ္ပါသည္။
ကိုကိုမေပ်ာ္ေတာ့ဘဲ ထြက္ေျပးသြားရင္ ဒုကၡ။
"အေစာင့္ထည့္ေပးလိုက္မယ္... ျမန္ျမန္ျပန္လာခဲ့ အားေပၚ... အျပင္မွာက လုံၿခဳံတာမဟုတ္ဘူး"
ရိေပၚက မယ္မယ္ရဲ႕ ခြင့္ျပဳခ်က္ႏွင့္ ကိုကို႔ကိုေခၚကာ ၿမိဳ႕ထဲခဏဝင္ၿပီး အက်ႌဝယ္မည္။ ကိုကိုက သူသြားေနခဲ့တဲ့ရက္ေတြတုန္းက တီရွပ္ေတြအမ်ားႀကီးေပးဝတ္ထားတာမဟုတ္လား။
ၿပီးေတာ့ အျပန္ ပီဇာလည္းစားၾကမည္။ ကိုကိုက ပီဇာသိပ္ႀကိဳက္တဲ့အေၾကာင္း ရိေပၚကို ေျပာျပဖူးသည္။
"ကိုကိုေရ ၿပီးၿပီလား"
အခန္းတံခါးကို ေခါက္လိုက္ေတာ့ ကိုကိုက တံခါးကိုဟ႐ုံေလးဟေပးသည္။
"အင့္"
တံခါးအကြယ္ကေန လ်င္ျမန္စြာပဲ ဆြဲလိုက္သည့္ ကိုကို႔ေၾကာင့္ ရိေပၚ အခန္းထဲကို ခပ္ျမန္ျမန္ေရာက္သြားသည္။
ေနာက္ေတာ့ နံရံမွာ ဆြဲကပ္တာခံလိုက္ရသည္။
ရိေပၚရဲ႕ ပါးတစ္ဖက္ကို ကိုကိုက လက္ဖဝါးေလးတင္ကာ ထားသည္။
"ရိေပၚ"
"ကိုကိုကလည္း လန႔္လိုက္တာ"
က်ားသစ္နက္ကေလးကို လန႔္ေအာင္လုပ္ႏိုင္တာ ကိုကိုပဲရွိပါသည္။
"နမ္းခ်င္တယ္"
ကိုကိုက ရိေပၚရဲ႕ ႏႈတ္ခမ္းကိုငုံေထြးလိုက္သည္။ တစ္ပတ္ႏွစ္ပတ္အတြင္းမွာ ရိေပၚကို ကိုကို ဒီလို ခဏခဏ နမ္းေနတာ ၃၂၈ ခါေလာက္ရွိေနၿပီျဖစ္သည္။
"ခဏပဲနမ္းေနာ္... အျပင္သြားမွာကို"
•
•
•
အေစာင့္ေတြထည့္ေပးလိုက္တာေၾကာင့္ ရိေပၚက စိတ္နည္းနည္းေအးရေပမယ့္ သိပ္မေကာင္းတဲ့ခံစားခ်က္ကေတာ့ရွိေနေသးသည္။
မယ္မယ့္စကားနားေထာင္ခဲ့ရင္ ေကာင္းသားပါေလ။
"ကိုကို... "
"ဟင္... ဘာျဖစ္လို႔လဲရိေပၚ"
ဝယ္ဖို႔အတြက္ အက်ႌေ႐ြးေပးေနသည့္ ကိုကိုက မ်က္ႏွာမေကာင္းသည့္ သူ႔ကို သတိထားမိဟန္ပင္။
"ပီဇာစားၿပီးပဲ ျပန္ၾကမယ္ေလ"
"ေနလို႔ေကာင္းရဲ႕လား"
ကိုကို႔လက္က နဖူးေပၚေရာက္လာသည္။
"ေကာင္းပါတယ္"
"ျပန္ခ်င္ၿပီဆို ျပန္ၾကစို႔ေလ"
ကိုကိုက သူ႔လက္ကို တြဲကာ အက်ႌဆိုင္ထဲကေန ထြက္သည္။ ပီဇာကိုေတာ့ ထိုင္မစားေတာ့ဘဲ မွာလိုက္ကာ အိမ္ျပန္သယ္ဖို႔ဆုံးျဖတ္လိုက္သည္။
"ကိုကို... "
"ေျပာေလ အားေပၚ"
"ကြၽန္ေတာ့္ကို ဖက္ထားပါလား"
ပီဇာေစာင့္ေနတုန္းကိုကို႔ကို ဆိုင္အဝက္အထြက္ေဘးက လူရွင္းတဲ့ ေနရာေလးမွာရပ္ေနၾကရင္း ေပြ႕ဖက္ခ်င္လာသည္။
"အားေပၚ... ဒီေန႔ တအားခြၽဲေနပါလား"
ကိုကိုက ဖက္ထားေပးသည္။
သိပ္မၾကာ ပီဇာရလာသည္ႏွင့္ ကိုကိုက အထုပ္ေတြဆြဲကာ တစ္ဖက္လက္က သူ႔လက္ကို ဆြဲရင္းႏွင့္ ကားရပ္ထားသည့္ အထပ္သို႔သြားၾကသည္။
•
•
•
ကားပါကင္သို႔ေရာက္သည္ႏွင့္ ကားတစ္စီးက အရွိန္အဟုန္နဲ႔ ဝင္လာကာ သူတို႔ႏွစ္ဦးအနားမွာ ပိတ္ရပ္လိုက္သည္။ အေစာင့္ေတြကလည္း အလ်င္အျမန္ေျပးလာခဲ့ေပမယ့္ ေရွာင္းက်န႔္၏ ေခါင္းအေနာက္ဖက္ကို တစ္စူံတစ္ခုႏွင့္႐ိုက္ခ်လိုက္ျခင္းေၾကာင့္ နာက်င္သြားၿပီး လဲက်သြားသည္။
မလဲက်ခင္ ထိုဗန္ကားထဲက လူႏွစ္ေယာက္သုံးေယာက္ေလာက္က ရိေပၚ၏ လည္ပင္းကို တစ္ခုခုလုပ္ၿပီး ကားေပၚဆြဲတင္ကာ ေျပးထြက္သြားၾကသည္။
ထို႔ေနာက္ေတာ့ ေရွာင္းက်န႔္ မ်က္လုံးေတြလဲ ေလးလံလာကာ အေစာင့္ေတြလာဆြဲထူတာကိုေတာင္ မသိႏိုင္ေတာ့ေခ်။
ပီဇာပူပူေလာေလာေလးက ကားပါကင္ရဲ႕ ၾကမ္းျပင္မွာ ပစ္စလက္ခတ္ျပဳတ္က်သြားသည္။
နန္းအိမ္၌ ႏွင္းဆီပန္းအလွဆင္ေနသည့္ သခင္မဝမ္၏လက္ေခ်ာင္းထဲသို႔ ၁ စင္တီမီတာေလာက္ရွည္လ်ားသည့္ ႏွင္းဆီစူးဟာ စိုက္ဝင္သြားသည္။
"အားေပၚ"
သူမ၏ ေရ႐ြတ္သံေၾကာင့္ နန္းအိမ္ေတာ္တစ္ခုလုံး လႈပ္လႈပ္ရွားရွားျဖစ္ကုန္ၾက၏။
မၾကာလိုက္ နန္းအိမ္ေတာ္၏ ၿခံဝန္းတံခါးဟာ ပြင့္လာၿပီး ကားတစ္စီးက ကမူးရွဴးထိုးဝင္ေရာက္လာခဲ့သည္။
"မယ္မယ္ သခင္ေလး... "
ေျဖာင္း***
အေစာင့္ေခါင္းေဆာင္၏ ေခါင္းဟာ ျပင္းထန္သည့္ ႐ိုက္ခ်က္ေၾကာင့္ လည္ထြက္မတတ္ျဖစ္သြားခဲ့သည္။
"လူႏွစ္ေယာက္ကိုေတာင္ ေသခ်ာ မေစာင့္ေရွာက္ႏိုင္တာ... အကုန္လုံးေသလိုက္ၾက"
မယ္မယ္က မ်က္ရည္ေတြဝိုင္းလာသည္။ အေစာင့္ႏွစ္ေယာက္ကူတြဲထားရသည့္ ေရွာင္းက်န႔္ကိုဆြဲေခၚကာ ဧည့္ခန္းမွာအသာထိုင္ေစသည္။
"မယ္မယ္... အားေပၚက"
"မင္း ငါေမးတာေျဖရမယ္"
ေရွာင္းက်န႔္က ေခါင္းေတြေနာက္က်ိေနေပမယ့္ မယ္မယ္ေမးသမွ်ေတာ့ ေျဖဖို႔ အားရွိပါေသးသည္။
"ဘယ္သူလဲ... ဘယ္သူေတြလဲ"
"ဗန္ကားနဲ႔ပါ... ကြၽန္ေတာ့္ေခါင္းကို႐ိုက္လိုက္ၿပီး ကြၽန္ေတာ္လဲသြားေတာ့ အားေပၚရဲ႕ လည္ပင္းကို တစ္ခုခု လုပ္လိုက္တယ္။ ၿပီးေတာ့ သူလဲက်သြားတာနဲ႔ ကားေပၚဆြဲတင္သြားတာပဲ"
"အဲ့အခ်ိန္မင္းတို႔ဘာလုပ္ေနလဲ"
ရပ္ေနသည့္ အေစာင့္ေတြဘက္ကိုလွည့္ကာ ဟိန္းေဟာက္လိုက္သည့္ သခင္မ၏သံေၾကာင့္ အေစာင့္ေတြ အားလုံးဟာ ခႏၶာကိုယ္ေတြမတ္ကနဲ။ ေရွာင္းက်န႔္လို ေယာက္်ားေလးတစ္ေယာက္ပင္ တုန္သြားရသည္။
"ေသခ်ာတယ္။ ယန္ ဂိုဏ္းက ေကာင္ေတြပဲ... ရိေပၚကို ငယ္ငယ္ကတည္းက ေစာင့္ေနတာ... အတြင္းအားအဆင့္ ေအာင္ထားတာကို ဘယ္လိုသိသြားလဲမသိဘူး။ ရွာ! ရေအာင္ရွာၾကစမ္း!!! "
သခင္မက စိမ္းျပာေရာင္မ်က္လုံးေတြလင္းလာၿပီးေနာက္ေတာ့ ထိုဧည့္ခန္းအျပင္ကိုထြက္သြားသည္။
"ယန္ဂိုဏ္းက လူယုတ္မာေတြပဲ... သခင္ႀကီးဝမ္ကလည္း ယန္ဂိုဏ္းေၾကာင့္ အတြင္းအားေတြပ်က္စီးၿပီး အစြမ္းေတြရွိႏိုင္သေလာက္မရွိေတာ့တာ... အျမဳေတကို ခိုးဖို႔ႀကံၾကေပမယ့္ သခင္မဝမ္ရဲ႕ အားထုတ္မႈေၾကာင့္ အျမဳေတက အေရာင္မွိန္သြား႐ုံပဲ... ဒါေၾကာင့္ အတြင္းအားပ်က္စီးတာပဲ"
"အျမဳေတမရွိေတာ့ရင္ေရာ"
"ေသသြားလိမ့္မယ္... အားေပၚ ေသသြားမွာ"
ေရွာင္းက်န႔္က က်ိဳးခ်န္ရဲ႕ ေျပာစကားေၾကာင့္ မ်က္ဆံေတြ လႈပ္ရွားကာ လက္ဖ်ားေတြ ေအးစက္လာရသည္။
"ကေလးက လြန္ခဲ့တဲ့လကမွ က်င့္စဥ္ကာလက ထြက္ထားတာ... တအားအားနည္းေနတာ... သူတို႔အတြက္ေတာ့ အျမဳေတကို အလြယ္ေလးထုတ္လို႔ရလိမ့္မယ္"
"သူတို႔က ဘယ္မွာရွိႏိုင္လဲ"
"ငါသိရင္ မင္းကို ဒီမွာထိုင္ၿပီး ရွင္းျပေနဦးမလား"
က်ိဳးခ်န္က သူ႔ကို မေက်နပ္သလို ၾကည့္ၿပီးမွ ဧည့္ခန္းထဲက ထြက္သြားသည္။
ေရွာင္းက်န႔္ မ်က္ရည္ေတြက်လာသည္။ တုန္ယင္ေနတဲ့လက္ေတြနဲ႔အတူ ခႏၶာကိုယ္က ေအးစက္ေနသည္။
ရိေပၚေလး အႏၲရာယ္ရွိတာေတာင္ ကာကြယ္မေပးႏိုင္တဲ့ ခ်စ္သူမို႔ ရွက္လည္းရွက္သလို ယူက်ဳံးမရလည္းျဖစ္ရသည္။
ႀကံရာမရေတာ့သည့္ အခ်ိန္တြင္ပဲ ဖုန္းထဲက ေမးလ္တစ္ေစာင္ ဝင္လာခဲ့သည္။
လိပ္စာတစ္ခုပါသည္။
ၿပီးေတာ့ စာတစ္ေၾကာင္းပါေသးသည္။
"ေရွာင္းက်န႔္ တစ္ေယာက္တည္းပဲ လာခဲ့"
ေရွာင္းက်န႔္ နန္းအိမ္ေတာ္ကေန ေျပးထြက္ကာ ၿခံဝန္းအထြက္မွာ တက္စီတစ္စီးေပၚတက္လို႔ လိပ္စာအတိုင္း လာခဲ့၏။
လမ္းတစ္ေလွ်ာက္လည္း ေလးလံေနသည့္ စိတ္ေတြအတြက္ သက္ျပင္း ခ်ရသည္မွာ အခါခါ။
•
•
•
ကိုကိုက အ႐ိုက္ခံလိုက္ရသည့္ အခ်ိန္ ရိေပၚကလွည့္ၿပီး တိုက္ခိုက္ဖို႔လုပ္ေပမယ့္ ေနာက္ထပ္တစ္ေယာက္က ရိေပၚရဲ႕ လည္ပင္းကို ေဆးထိုးအပ္နဲ႔ တစ္ခုခုထိုးသြင္းခဲ့ပုံေပၚသည္။
လဲက်သြားသည့္ ကိုကို႔ကို ျမင္ေနရေပမယ့္ ဘာမွမခုခံႏိုင္ေအာင္ ခ်က္ခ်င္းအားနည္းသြားသည္သူက ထိုလူေတြေခၚေဆာင္တဲ့ ကားေပၚကို အသာေလးပါသြားခဲ့သည္။
ဗန္ကားေပၚမွာ မ်က္လုံးေတြ မွိတ္မက်သြားခင္ ရိေပၚရဲ႕မ်က္ဝန္းက မ်က္ရည္တစ္ခ်ိဳ႕က်ဆင္းသြားသည္။
"ဝိုး... ဆက္ခံသူ သခင္ေလးက တကယ္ခ်စ္တတ္သြားတာပါလား"
အသံၾကားရသည္ ။ ဘယ္သူမွန္းမသိေတာ့... ဘယ္ကိုေခၚသြားမည္လဲမသိ။ အရာရာဟာ အေမွာင္က်လို႔ ရိေပၚ အိပ္ေပ်ာ္သြားခဲ့သည္။
ႏိုးလာေတာ့ ကုတင္တစ္ခုေပၚမွာ သူ႔ရင္ဘတ္ကို ႀကိဳးတစ္ေခ်ာင္းႏွင့္ သိုင္းကာ ကုတင္ႏွင့္ တြဲခ်ီထားသည္။
ခြဲစိတ္သည့္ ခုံလိုမ်ိဳးမို႔ သိပ္က်ယ္သည့္ ကုတင္မ်ိဳးေတာ့မဟုတ္။ ေျခေတြ လက္ေတြလည္း ခ်ဳပ္ေႏွာင္ထားျခင္းခံရထားရသည္။
"အိုး... အဖိုးတန္ေလး ႏိုးလာၿပီပဲ"
အသံလာရာကိုလွမ္းၾကည့္မိေတာ့ ကိုကို႔ဆီက အိုးေတြ ဝယ္လို႔ သြားပို႔ေပးတဲ့ေန႔က ေတြ႕ခဲ့သည့္ ထိုလူ။ ခရမ္းေရာင္သမ္းသည့္ မ်က္လုံးေတြကို ေတြ႕ကတည္းက ရိေပၚ တုန္လႈပ္ေနခဲ့တာ။
"ခင္... ခင္ဗ်ား"
"စိတ္မပူပါနဲ႔ အဖိုးတန္ေလးရဲ႕... မင္းကိုကိုက မင္းကိုခ်စ္ရင္ လာမွာေပါ့"
ေျပာရင္ႏွင့္ ရိေပၚ၏ ေခါင္းကို လက္ဖြသည္။
ရိေပၚက ေခါင္းကိုင္တာ တကယ္မႀကိဳက္တာေၾကာင့္ ေဒါသကိုဆြေပးေနသလိုပင္။
"ကိုကို႔ကို မလုပ္နဲ႔"
"ကိုကို႔ကို မလုပ္ပါဘူး... မင္းကိုပဲ"
"အိုး ႏိုးေနၿပီလား"
ေနာက္ထပ္ ခပ္ဖိုင့္ဖိုင့္လူတစ္ေယာက္က ဝင္လာၿပီး ရိေပၚကို အမဲျဖတ္ေတာ့မလို အၾကည့္ေတြႏွင့္ၾကည့္သည္။
ရိေပၚက ခက္ထန္ေနသည့္ မ်က္လုံးေတြနဲ႔ အေၾကာက္တရားကို ဖုံးကြယ္ထားေပမယ့္ တကယ္ေတာ့ ငိုခ်င္တဲ့အထိေၾကာက္႐ြံ႕ပါသည္။
"ခင္ဗ်ားတို႔ဘာလိုခ်င္တာလဲ"
"ေဒါသအိုးေလးပဲ... ေထြေထြထူးထူးမဟုတ္ပါဘူး။ မင္းကိုယ္ထဲက က်ားသစ္နက္ရဲ႕ အျမဳေတေပါ့"
ထိုလူ႔လက္ထဲက ဖုန္းက မီးလင္းလာသည္။ ၿပီးေနာက္ဖုန္းကိုၾကည့္ရင္ ၿပဳံးကာ
"ေဟာ... ကယ္တင္ရွင္ မင္းသားေလးေတာ့ေရာက္လာၿပီ"
ရိေပၚ အိပ္မက္ထဲက ဒီအသံကို မွတ္မိပါသည္။ အခန္းကိုေဝ့ဝိုက္ၾကည့္ေတာ့ သူတစ္ေလွ်ာက္လုံးမက္ေနခဲ့တာ အိပ္မက္မဟုတ္မွန္းသေဘာေပါက္ခဲ့သည္။
"မျဖစ္ဘူး... မျဖစ္ဘူး...ကိုကို"
တိတ္တဆိတ္ေရ႐ြတ္သံႏွင့္အတူ ရိေပၚႏႈတ္ဖ်ားေလးေတြတုန္ယင္ေနခဲ့သည္။
•••••