သံသရာစက်ဝန်း(Season 2)(ongoin...

By Nao_Sesuko

8K 479 185

စိမ်းကားခြင်းတွေ နာကျင်ဖို့ကောင်းမှန်း အေးစက်သွားသည့်အခြေအနေမှသာ သိခဲ့ရသည်။ ဘုန်းရဲမာန်နိုင် ရှင်မရှိလည်း ကျွ... More

Story intro
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
sorry for being late👏
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)

အပိုင်း(၄)

547 43 15
By Nao_Sesuko

Unicode

နေ့လယ်၁၂နာရီနေမွန်းတည့်ချိန်ဖြစ်၍ ရန်ကုန်မြို့၏အပူချိန်မှာ ကြက်တစ်ကောင်လုံးကင်လို့ပင်ရသည်။

ပေ 30×20 အကျယ်မျှရှိသော ရုံးခန်းထဲတွင် ဘုန်းရဲမာန်နိုင်သည် အဲကွန်းမှလေအေးတို့ဖြင့် နွေအပူကိုအန်တုကာ computerဖန်သားပြင်ထက် အာရုံတို့ကို ကပ်ညိစေကာ လည်ချောင်းရှည်ရှည်တို့ဟာလည်း အနက်ရောင်keyboardထက် စည်းချက်ညီစွာ လှုပ်ရှားရွေ့လျားနေသည်။

ရုံးခန်းတံခါးကိုဖွင့်ကာဝင်လာသော ဝေယံသည် ခုထက်ထိcomputerရှေ့ကမခွာဘဲ အလုပ်လုပ်နေသော ဘုန်းရဲကို တွေ့လိုက်ရသည်။

"ငါကမင်းမနက်ဖြန်မှ ရုံးခန်းထိုင်မယ်ထင်တာ"

"အချိန်နဲ့အချစ်ကလူကိုမစောင့်ဘူးကွ"

နဖူးကချွေးကိုလက်ဖမိုးနှင့်သုတ်ကာ ဘေးနားရှိ ပလတ်စတစ်ရေဘူးကို တစ်ကျိုက်မော့လျက် ပြောလာသောဘုန်းရဲကြောင့် ဝေယံသွေးတက်ချင်သွားရသည်။

"အသဲလေး၅နှစ်လောက်ကွဲလိုက်တာနဲ့ စောက်ကြီးစောက်ကျယ်ကပြောလာပြီ"

"၅နှစ်ဆိုတဲ့အချိန်မှာ ငါအသဲကွဲစာတွေရေးရင်တော်တော်အောင်မြင်မှာ"

အလုပ်ပြီးသွား၍ ဆိုဖာပေါ်ထိုင်နေသော ဝေယံ့ဘက်လှည့်ကာ ပြောလိုက်သည်။သကောင့်သားက ဆိုဖာပေါ် ပိုးလိုးပက်လက် ဖြစ်နေတာများ သူ့အမေအိမ်ကြနေတာပဲ။

"အဲ့ဆိုလည်း ဆက်ကွဲနေလိုက် Akariyaက ရှယ်ယာတွေငါဝယ်လိုက်မယ်"

"မင်းပဲကွဲစမ်းပါ"

"မင်းက ဒီလောက်အိုက်နေတာ ဒီလိုတွေဝတ်ပြီး ဘာလုပ်နေတာလဲ"

necktileကိုခုမှ အပူတပြင်းဆွဲချွတ်နေသော ဝေယံကို မေးငေါ့ပြလိုက်သည်။သကောင့်သားက style pantတွေ coatတွေနဲ့ နေပူချိန်မြင့်လွန်းလို့ရူးသွားတာလားပဲ

"စုနဲ့ နေ့လယ်စာသွားစားတာ"

"မင်းကပြန်ရောက်တာ ၁ရက်မပြည့်သေးဘူး နေ့လယ်စာတောင်စားနေပြီးနေပြီ ဘယ်တုန်းတည်းကကြိတ်ကြံထားတာလဲ"

"အချစ်နဲ့အချိန်က လူကိုမစောင့်ဘူးကွ"

"လက်မမြန်ရင် ငါ့သေးသေးလေး တစ်ခြားလူလက်ထဲပါသွားလိမ့်မယ် နေ့ခင်းဘက်လည်း clubတက်တာပဲ"

ဝေယံ့စကားကြောင့် ဘုန်းရဲအံ့သြသွားကာ

"မင်းတော့မလွယ်ဘူး မင်းပြန်ချော့ခဲ့ရတယ်မလား စုကို"

"ပြန်တွေ့တာ ငါအရင်မခါ်လို့တဲ့ ပင်လယ်စာနဲ့ချော့ခဲ့ရတယ်"

မအီမသာ​ရုပ်ကြီးနှင့် ​ဝေယံ့ကိုကြည့်ကာ ဘုန်းရဲအူလှိုက်သဲလှိုက်ရယ်မိသည်။

"မင်းရော ဘယ်လိုနေလဲ"

ဘုန်းရဲမျက်နှာရုတ်ချည်းတည်သွားပြီး

"အစကပြန်စရမယ်နဲ့တူပါတယ်ကွာ အချစ်မှာ အမှားပြင်ဆင်ချက်မရှိဘူးပဲ တစ်ချက်မှားတာနဲ့ အစကပြန်စရမှာ"

"ခိုင်မြင့်မိုရ်ရော ဘယ်ရောက်သွားတာလဲ"

"Englandက စက်ရုံဟောင်းတစ်ခုဆီပို့ထားတယ် ဝေးနိုင်သမျှအဝေးဆုံးပဲ သူ့ကြောင့်ငါ၂ခါအဝေးမခံနိုင်ဘူး"

အံကြိတ်လျက်ပြောလာသော ဘုန်းရဲ ပုခုံးကို ဝေယံပုတ်ကာ

"သူ့ကိုလည်းကျေးဇူးတင်ရမယ် သူ့ကြောင့်မင်း ခံစားချက်တွေပွင့်သွားတာမလား အရှုံးထဲကအမြတ်ပဲ"

ပြောပြီးသည်နှင့် ချွတ်ထားသော ကုတ်ကိုပုခုံးပေါ်တင်ကာ ရုံးခန်းထဲမှ ထွက်သွားသည်။

ရုံးခန်းထဲကျန်ခဲ့သော ဘုန်းရဲသည် ဘောပင်ကိုလက်ချောင်းများကြား ဆော့ကစားကာ ဟန်ပါပါပြုံးလျက်

အချစ်မှာ အမှားပြင်ဆင်ချက်မရှိရင် အစကပြန်စမှာပေါ့ အချစ်အတွက်သာဆို ကောင်းကင်ကြီးကို အစကပြန်ဖန်တီးလဲ ဘာအရေးလဲ

*******

ရဲစစ်ဟန်သည် hotelမှ စီစဥ်ပေးသည့် နေ့လယ်စာကို စားပြီးသည်နှင့် အခန်းထဲပြန်ဝင်ကာ အဲကွန်းကို volumeအကုန်တင်ထားလိုက်သည်။

မြန်မာနိုင်ငံသားဆိုသော်ငြား ဂျပန်နိုင်ငံတွင်အနေကြာခဲ့သူဖြစ်၍ ပူအိုက်သောမြန်မာရာသီဥတုကို အသားမကျသေးပေ။ဒီချိန် japanနိုင်ငံမှာသာဆို ပူသည်ဆိုသော်လည်း နေသာထိုင်သာသည့်အပူဖြစ်သည်။

ထမင်းစားပြီးသည်နှင့် ထုံးစံတိုင်း ဂျပန်ရိုးရာနှပ်ကော်ဖီကို တကျိုက်ချင်းအရာသာခံကာ စိမ်ပြေနပြေသောက်နေသည်။ဆာကူရာတောင်ထိပ်ရှိ ဆေးဖက်ဝင်အပင်များကိုအသုံးပြုထားသောကြောင့် ဘေးထွက်ဆိုးကျိုးနည်းသည့်အပြင် စိတ်ကိုလည်း လန်းဆန်းစေသည်။

Akariyaမှတင်ပြသော အကြောင်းအရာများကို ရုံးချုပ်ထံmailပို့ပြီးသည်နှင့် Akariyaရှိ projectများကို တစ်ခုချင်းအသေးစိတ်စစ်ဆေးနေသည်။

projectများကို အပေါ်ယံကြည့်လျှင် သာမန်ပင်ဖြစ်သော်လည်း အသေးစိတ်ကြည့်မည်ိုလျှင် အနုစိပ်ကာ ပညာသားပါလှသည်။အရည်အချင်းရှိသည့် CEO ၂ယောက်၏ ကုမ္မဏီသည် ၂နှစ်အတွင်း ဈေးကွက်တွင်နေရာယူနိုင်လောက်တဲ့အထိ အောင်မြင်လာသည်မှာ အထူးအဆန်းမဟုတ်တော့ပေ။

လာရောက်ရင်းနှီးမြှပ်နှံရန် shareရှင်များကို အရင်မကမ်းလှမ်းဘဲ shareရှင်များကိုယ်တိုင် လာရောက်ကမ်းလှမ်းချင်စဖွယ် ဖြစ်အောင် productပိုင်းရော serviccပိုင်းမှာပါ လုံးဝဟာကွက်မရှိပေ။

စိးပွားရေးလောကတွင် မုဆိုးနှင့်သားကောင်ဟူ၍ လူနှစ်စားရှိသည်။သင်က မုဆိုးလိုဥာဏ်မများလျှင် သားကောင်လို ဝါးမျိုခံရပေမည်။ရိုးရှင်းသလောက် ရှုပ်ထွေးနက်နဲလွန်းသည်မှာ စီးပွားရေးလောကပင်ဖြစ်သည်။

shareရှင်များဆိုတိုင်း အတူပူပေါင်းဆောင်ရွက်တာက နည်းသည်။shareဝင်နေရာနှင့်မကျေနပ်နိုင်ဘဲ CEO ထိုင်ခုံလုယူချင်သူတွေက ဒုနဲ့ဒေးပင်။shareဝင်များကို ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်နိုင်သော စုCEO၏ အရည်အချင်းကိုလည်း သူချီးကျူးမိသည်။

သူမ၏ project ပူးပေါင်းရေး ဇယားကွက်သည် အပေါင်းဘက်သို့သာဦးတည်လျက်ရှိသည်။လုပ်ငန်းတစ်ခုတွက် project ပူးပေါင်းရေးသည် အခက်ခဲဆုံးနှင့် အန္တရယ်အရှိဆုံးဖြစ်သည်။

ပူးပေါင်းသလိိုလိုနှင့် ကုမ္မဏီ၏ အချက်အလက်များကို နှိုက်ယူသွားပြီး မရှိသည့်အပြစ်တို့ကို ဖန်တီးကာ နေရာယူချင်သူများလည်းရှိ၍ information အကုန်ချမပြရန်က မပြဋ္ဌာန်းထားပေမဲ့ လူတိုင်းလိုက်နာကြသည့် အချက်ပင်ဖြစ်သည်။

အချက်အလက်အကုန်ချမပြရင်လည်း ပူးပေါင်းရေးတွင် အဆင်မပြေဖြစ်၍ ပြောသင့်တာပြော ထိန်သင့်တာထိန် ချန်သင့်တာချန် လိုအပ်သည့် inforတို့ကိုသာ ထိန်းပြောရသည်။လွှတ်ခနဲထွက်မိသွားသည့် အချက်အလက်တစ်ခုက ကုမ္မဏီကိုများစွာထိခိုက်စေနိုင်သည်။

သူအတွေးများနေရင်းနှင့် ဖုန်းသံကြားလိုက်၍ ဘေးဘက်ရှိဖုန်းကိုကောက်ယူလိုက်ကာ secreenကိုကြည်လိုက်တော့ Shin ဟူသည့်contact nameကြောင့် ပါးစပ်နားရောက်ခါက ကော်ဖီကိုပင် ချထားလိုက်သည်။အဓိက က အဓိက။သာမည က သာမညပင်။

"ဟယ်လို ဟန် နေ့လယ်ဘက်ကြီး ​ဖုန်းဆက်ရတာ အားနာပေမဲ့ အရေးကြီးတိုင်ပင်စရာရှိလို့ပါ"

"မဟုတ်တာ ရှင်း ကိုယ်အားပါတယ် ​"

လက်ထဲရှိသောက်လက်စ ကော်ဖီခွက်သာ စကားပြောတတ်လျှင် မင်းညာတယ်ဆိုပြီးပြောမှာ အသအချာပင်။ကော်ဖီသောက်နေရင်း ဘယ်သူနဲ့မှဖုန်းပြောရိုးထုံးစံ သူ့မှာမရှိပေ။ရှင်းကလွဲပေလို့ပေါ့။အချစ်ဟူသော အရာလေးက သူ့အတွက်အမြဲဦးစားပေးပင်။

"ကျေးဇူးပါပဲ ဟန် မနက်က စု ညှိနှိုင်းခဲ့တဲ့ projectက အောင်မြင်သွားပြီဆိုတော့ အဲ့projectကို shareဝင် ဘုန်းရဲမာန်နိုင်ကို ဦးစီးခိုင်းရင်ကောင်းမလားလို့ သူ့အကြောင်းပိုသိရတာက Akariyaအတွက် ပိုအဆင်ပြေမလားလို့"

"ကိုယ်သဘောတူပါတယ်"

"အဲ့ဆို ကျွန်မ သူ့လက်ထောက်ဆီ mailပို့လိုက်မယ်နော်"

"အာ...ခန ကိုယ်ပြောစရာရှိသေးတယ်"

အလောတကြီးဟန်အပြည့်ရှင်းကို သူ အမြန်ပင်တားလိုက်ရသည်။သူ့မှာ​ပြောစရာမှ မကုန်သေးဘဲ

"ဒီprojectက hotelသစ်ဖွင့်ပွဲမှာ အလှဆင်ရမှာမလား hotelရဲ့သဘောထား ဧည့်သည်တွေရဲ့ အကြိုက်ကိုလိုက်၍ decorationပိုင်းကိုဆောင်ရွက်ရတာ သူက မြန်မာပြည်ရောက်တာသိပ်မကြာသေးတော့ သိပါ့မလား"

"သူ့အတွက် အချိန်ရှိပါတယ် hotelဖွင့်ပွဲက နောက်၃လနေမှာပါ"

တွေးဆဆလေးဖြင့် ပြောလာသော ရှင်းက သူ့အထင်မှာ ဘုန်းရဲမာန်နိုင် ကိုအထင်ကြီးလွန်းနေသလိုပင်။

"ဒီလိုလုပ်ပါလား အဓိက စီစဥ်သူက ဘုန်းရဲမာန်နိုင်ဆိုပေမဲ့ ကိုယ်လည်း သူလိုအပ်တာနည်းနည်းကူညီပေးလိုက်မယ်လေ"

"okလေ ကျွန်မ သဘောတူပါတယ် နှောင့်ယှက်မိလို့ သာယာတဲ့ coffee timeလေးဖြစ်ပါစေရှင့်"

ဖုန်းမချခင်ကြားလိုက်ရသော အသံချိုချိုလေးကြောင့် ဖုန်းချသွားသည့်တိုင် ဖုန်းကိုကြည့်ကာ သူပြုံးနေမိသည်။

အချစ်၏ စကားတစ်ခွန်းက ကော်ဖီတွေထက်ပင် သူ့ကိုလန်းဆန်းစေပါသည်။

*******

ဘုန်းရဲ Akariyaထဲ ခြေချမိသည်နှင့် သွယ့် ရုံးခန်းကို ပထမဆုံးရှာနေမိသည်။လမ်းတစ်လျှောက် သူ့ကိုတွေ့သည်နှင့် ပြုံးပြသောဝန်ထမ်းများကို ဘုမသိဘမသိ ပြန်ပြုံးရသေးသည်။သူက Akariyaရဲ့ ရှယ်ယာရှင်သစ်ဖြစ်တာ သိပ်မကြာသေးသည်ကို ဝန်ထမ်းများကသူ့ကိုသိနေသည်လား။

အခန်းတစ်ခန်းရှေ့အရောက် ဆူဆူညံညံအသံများကြားရ၍ သူရပ်နားထောင်နေမိသည်။

"ရှင်အဲ့လိုလုပ်လို့မရဘူးလေ ဒါတာဝန်ကိုမလေးစားတာပဲ တို့သာအရန်အစီအစဥ်မလုပ်ထားရင် ဘယ်လိုလုပ်မလဲ"

စု၏ ဒေါသတကြီးအော်ငေါက်သံအောက်တွင် ဝန်ထမ်းအမျိူးသမီးသည် အပြစ်ရှိထားသူပီပီ ဦးခေါင်းကို မြေကြီးနှင့်ထိလုမတက် ငိုက်စင်းထားပြီး ခါးကိုလည်း မြားရိုးသဖွယ်ကွေးညွတ်ထားသည်။

"တောင်းပန်ပါတယ် စုCEO"

"ရှင်တောင်းပန်ရုံနဲ့ ဒီကိစ္စကပြေလည်သွားမှာမဟုတ်ဘူး ရှင့်ရဲ့တာဝန်ပေါ့ဆမှုကြောင့် ကုမ္မဏီဘယ်လောက်နစ်နာပြီး လုပ်ငန်းရှင်တွေရှေ့မှာ ဘယ်လောက်နာမည်ပျက်လိမ့်မလဲ"

"ရှင့်လိုဝန်ထမ်းမျိုး Akariyaကအလိုမရှိပါဘူး ရှင်ဒီလိုအမှားမျိုးကျူးလွန်တာ ၃ကြိမ်ရှိပြီမို့ သည်းခံနိုင်တဲ့အတိုင်းအတာကျော်လွန်သွားပါပြီ ၁နာရီီအတွင်း ရှင့်ပစ္စည်းတွေသိမ်းပြီး ကုမ္မဏီကထွက်သွားပေးပါ"

အခန်းထဲမှ တောက်ခေါက်သံနှင့် မျက်စိပျက်မျက်နှာပျက်ကာ အခန်းထဲမှထွက်လာသော ဝန်ထမ်းဖြစ်သူကြောင့် ဘုန်းရဲကြက်သီးပင်ထသွားရသည်။အသက်အရွယ်တစ်ခုရောက်လာသည်နှင့်အမျှ လူတွေ၏စိတ်အခြေအနေလည်း တစ်မျိုးတစ်ဖုံပြောင်းလဲသွားသည်။

ခပ်ပျော်ပျာ်နေတတ်သောစုတောင် ကုမ္မဏီတစ်ခု၏ CEOဖြစ်လာတော့ အချိုးမပြေသည့်ဝန်ထမ်းများ၏ ဆူငေါက်ရသည့် အခါများလည်းရှိသေးသည်။ဒါဆို သွယ်ကရော။သွယ်အရင်လိုနွေးထွေးတုန်းပဲလား။သူသဘောကျခဲ့ရသော မျက်ဝန်းနက်နက်ထဲတွင် ယခုအခါ မည်သည့်အငွေ့အသက်များရှိနေမည်လဲ။

*********

"ဟုတ်ကဲ့ ဝင်လာခဲ့ပါရှင့်"

project စာရင်းများကိုကြည့်နေရာမှ တံခါးခေါက်သံသုံးချက်ကိုကြား၍ မျက်လုံးကလေးလှန်အကြည့် မြင်လွှာထဲရောက်လာသော လူကြောင့် သွယ့် မျက်ဝန်းများဝိုင်းစက်သွားရသည်။

ထိုလူက ထိုင်ပါတစ်ခွန်းမပြောရသေးဘဲ သူမရှေ့ထိုင်ခုံတွင်ဝင်ထိုင်နေပုံက မသိရင်ရုံးခန်းကို သူ့အိမသူ့ရာလို သဘောထားသည့်ပုံပင်။

"ဘာကိစ္စရှိလို့ပါလဲ shareဝင် ဘုန်းရဲမာန်နိုင်"

"ကိစ္စကအထွေအထူးမဟုတ်ပါဘူး နှလုံးသားလေးကတောင်းဆိုလို့ပါ"

ဝဲဘက်ရင်အုံကို လက်ဖဝါးဖြင့် တို့ထိကာပြောလာသူ​ကို သွယ်အကြည့်ကြည့်စူးစူးပေးပို့လိုက်ရာ

"ကုမ္မဏီဆိုတာ လုပ်ငန်းကိစ္စတွေဆွေးနွေးတဲ့နေရာပါ ပေါက်ကရတွေပြောတဲ့နေရာမဟုတ်ပါဘူး"

"ကိုယ်ကအမှန်တွေပြောပေမဲ့ မင်းကပေါက်ကရဆိုတော့လည်း ပေါက်ကရပေါ့ကွာ အရာရာမင်းသဘောပါပဲ"

ရီစပ်စပ်ပြောလာသော ဘုန်းရဲကို သွယ်က ခပ်တည်တည်ပင်တုန့်ပြန်တော့ ဘုန်းရဲရင်ထဲဆစ်ခနဲနာကျင်သွားသော်လည်း နာကျင်မှုကို အပြုံးဖြင့်ပင်ဖုံးအုပ်လိုက်သည်။

"လာရင်းကိစ္စပြောပါ"

"ကိုယ့်လက်ထောက်ကိုmailပို့ထားတဲ့ကိစ္စ ကိုယ့်လက်ထောက်မအားလို့ ကိုယ်ကိုတိုင်ဘာခဲ့တာ မင်းကိုတွေ့ချင်တာလည်းပါတာပေါ့"

"ကျွန်မပြောပြီးသာ ပေါက်ကရတွေမပြောပါနဲ့"

သွယ်လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။ဖြစ်နိုင်ရင် သူ့ရှေ့က ကြက်သွေးရောင်suitနဲ့လူကို ကော်ပြားနဲ့ကော်ပြီး လွှင့်ပစ်လိုက်ချင်တယ်။

"ကျွန်မတို့ လုပ်ငန်းကိစ္စပြောကြတာပေါ့"

"ပြောပါဗျ"

"ဒီhotelကခုမှဆောက်ပြီးတာ မကြာသေးဘူး hotelလို့ပြောလို့ရရုံလောက်ဘဲအကြမ်းဖျင်းဆောက်ထားတာ နောက်၃လအတွင်းမှာ ကျင်းပမဲ့hotelဖွင့်ပွဲအတွက် decorationပိုင်းကို Akariyaကိုအပ်ထားတာ အဲ့တာရှင့်ကို တာဝန်ယူစေချင်တယ် "

"okလေ နောက်၃လအတွင်းနော်"

"မပြီးသေးဘူး ရှင်ကခုမှshareဝင်အသစ်ဆိုတော့ သိပ်မကျွမ်းကျင်မှာဆိုးလို့ ကိုယ်စားလှယ် ဟန်ကိုပါကူညီပေးဖို့ပြောထားတယ် ဒီမှာကိုယ်စားလှယ်ဟန်ရဲ့အချက်အလက်တွေ"

သွယ်က အနီရောင်fileတစ်ခုကို ဘုန်းရဲထံထိုးပေးလာသည်။ဘုန်းရဲကတော့ ဖိုင်ကိုမကြည့် သွယ့်ကိုသာ မျက်တောင်မတ်တမ်းငေးကြည့်နေသည်။

အဝါရောင်ပေါ့ပေါ့ပါးပါး office suitလေးကြောင့် နဂိုကြည်လင်နေသော အသားအရေလေးသည် ဝင်းဖန့်ဖန့်ဖြစ်နေသည်။ဆံပင်အခွေအလိပ်များကိုလည်း pony tailပုံစံ စည်းနှောင်ထားသေးသည်။သူကြည့်နေတုန်းသွယ်နှင့်မျက်လုံးချင်းဆုံသွားတော့ သွယ်ကဘာမှမဖြစ်သလိုအကြည့်လွှဲသွားသည်။

ဖျက်ခနဲအကြည့်ချင်းဆုံသွားသော မျက်ဝန်းနက်နက်ထဲတွင် သူမြင်နေရသည်က သူစိမ်းဆန်ခြင်းတို့ဖြစ်သည်။

"ပြောချင်တာကတော့ ဒီလောက်ပါပဲ ဒီfileထဲမှာ ကိုယ်စားလှယ်ဟန်ကိုဆက်သွယ်လို့ရတာတွေ အကုန်ပါတာမို့ ရှင်အချိန်မရွေး သိချင်တာတွေမေးနိုင်ပါတယ်"

"မင်းကိုရောမေးလို့မရဘူးလား"

သွယ့်စိတ်ထဲဒီလူဘာဖြစ်ချင်နေတာလဲ ဟုတွေးလိုက်မိသည်။

ဆုံးခန်းတိုင်သွားတဲ့ဇာတ်လမ်းတစ်ပုဒ်ကို အစကပြန်စလည်း အဆုံးသတ်ကတူတူပါပဲမို့ အချိန်ကုန်အပင်ပန်းခံမနေပါနဲ့တော့ ဘုန်းရဲမာန်နိုင်။

"ကိုယ်စားလှယ်ဟန်ကို ကူညီဖို့ပြောပေးတာတင် ရှင့်ကိုသက်ညှာလွန်းနေပါပြီ"

"သက်ညှာလက်စနဲ့ မင်းကြောင့်ရောဂါကျွမ်းနေတဲ့ ကိုယ့်နှလုံးသားကိုရော သက်ညှာမပေးချင်ဘူးလား"

အကြင်နာမျက်ဝန်းတို့ဖြင့် မျက်ဝန်းလှလှတို့ကို တည့်တည့်ကြည့်ကာ ဆိုလိုက်တော့ နာကျင်ဖွယ်စကားတို့သာ ထွက်ကျလာသည်။

"အဲ့ဆို နှလုံးသားကိုအစားထိုးလိုက်ပါ ရှယ်ယာရှင်ဘုန်းရဲမာန်နိုင်"

ဝဲဘက်ရင်အုံက ဆစ်ခနဲနာကျင်မှုကို ခံစားလိုက်ရသည်။

"ရှင်သွားလို့ရပါပြီ ဘုန်းရဲမာန်နိုင်"

"တစ်ဆိတ် ကိုယ့်ကို ဘုန်းရဲမာန်နိုင်လို့မခေါ်ဘဲ မင်းအရင်ခေါ်နေကြ ဘုန်းရဲလို့ပြောင်းခေါ်ပါလားကွာ"

"အတိတ်မှတ်ဥာဏ်တွေကို အမှောင်ချလိုက်ပြီမို့ ကျွန်မမှာရှင်နဲ့ပက်သက်တဲ့မှတ်ဥာဏ်တွေဘာမှမကျန်တော့တဲ့အတွက် ကျွန်မကိုအရင်ကအကြောင်းတွေလာမပြောပါနဲ့"

အသံချိုအေးအေးလေးမှ ထွက်ကျလာသော စကားတို့သည် ဓားသွားသဖွယ် သူ့ထံထိုးစိုက်လျက်ရှိသည်။

"ရှင်ခေါ်စေချင်ရင် ရှယ်ယာဝင်ဘုန်းရဲ လို့ခေါ်ပါ့မယ်"

ရှယ်ယာဝင်ဘုန်းရဲဟူသောစကားကြောင့် ဘုန်းရဲမျက်နှာဝင်းပသွားသည်။

"ကိုယ့်ကိုခွင့်ပြုပါအုံး ရင်ခုန်သံအရင်းမြစ်လေး မကြာခင်ပြန်တွေ့ကြတာပေါ့"

ကိုယ်ကိုရှေ့သို့ကိုင်းကာ နားသယ်စနားတစ်ဝိုက်ဝဲကျနေသော ဆံနွယ်စတို့ကို နားရွက်နောက်သို့သပ်ပြီးသည်နှင့် တံခါးဝမှထွက်သွားသူကြောင့် သွယ် စားပွဲပေါ်ရှိရေတစ်ခွက်ကို အမြန်သောက်လိုက်ရသည်။

လက်ရဲဇက်ရဲဆန်တဲ့အကျင့်ကအရင်လိုပါပဲလား။

*******

မှိုင်းပျပျကောင်းကင်ပိတ်ကားပေါ်တွင် ကြယ်စင်တို့က ဟိုတစ်ပေါက်ဒီတစ်ပေါက် အလှဆင်လျက်ရှိသည်။စန္ဒာလမင်းသည်လည်း ကြယ်စင်တို့ကိုအားကျမခံ ရောင်ခြည်တို့ကို ဖြန့်ကျက်လျက်ရှိသည်။ညကောင်းကင်အောက်ရှိမြို့ပြသည်လည်း မီးရောင်တစ်စွန်းတစ်ဖြင့် သက်ဝင်လှုပ်ရှားနေသည်။

ညအလှ၏ ဆွဲငင်ရာသို့လိုက်ပါသွားကြသော လေညှင်းတို့၏ တို့ဝေ့မှုကြောင့် ဝရံတာတွင်ရပ်နေသော သွယ့်ညအိပ်ဂါဝန်အနားစလေးသည် အနည်းငယ်လွင့်တက်သွားသည်။

ထိုကောင်းကင် ထိုလမင်း ထိုလေပြေတို့က သော့ခတ်သိမ်းဆည်းထားသော အတိတ်မှတ်ဥာဏ်တို့ကို အမှတ်ရအောင်ပြလုပ်နေကြသည်မို့ အကြည့်လွဲကာ အခန်းထဲပြန်ဝင်လာခဲ့သည်။

*******

ဘုန်းရဲသည် လရောင်ဝင်းဖြာကျနေသော ဝရံတာတွင် စာအုပ်တစ်အုပ်ကိုဖတ်ကာ အတိတ်ကာလတို့ထံ အလည်အပတ်သွားရင်း စည်းစိမ်ယစ်မူးလျက်ရှိသည်။

နှလုံးသားရေးရာတွင် ပစ္စုပ္ပန်သည်မရေရာ အနာဂတ်သည်ဘာမှန်းတံခါးခေါက်သံသုံးချက်ကိုကြား၍မသိသူမို့ နှလုံးသားကလွမ်းဆွတ်မိတိုင်း အတိတ်အမှတ်တရတို့ဖြင့် စားမြုန့်ပြန်လေ့ရှိသည်။

တိုးဝှေ့တိုက်ခက်သွားသော လေပြေတို့က လွမ်းဆွတ်ခြင်းအဓိပ္ပာယ်ကိုဆောင်ကြဥ်းလျက်ရှိသည်။ညကောင်းကင် မှောင်မှောင်မဲမဲသည်ပင် ဆွေးရိပ်ထင်ကာ အလွမ်းကြောင့်နာကျင်မှုကို ပိုစေပါသည်။

လက်ထဲတွင်ကိုင်ထားသောစာအုပ်အမည်က'ဆုံနေရက်နဲ့လွမ်းနေခြင်း'တဲ့။လက်ရှိဖြစ်ပျက်နေသော သူ့အဖြစ်အပျက်နှင့် စာအုပ်ပါအကြောင်းအရာများသည် အနည်းငယ်ဆင်တူသည်ဟုဆိုရမည်။

သူလည်း မျက်စိရှေ့တွင် မြင်ရတွေ့ရပါသော်လည်း ထိုမြင်ရတွေ့ရသည်အရာလေးက အတိတ်ကာလများကလို နွေးထွေးဖော်ရွေမနေဘဲ အေးစက်စိမ်းကားနေလေသည်။

သံယောဇဥ်နှင့်အချစ်၏ ခြားနားချက်ကို သူသေသေချာချာ ကွဲကွဲပြားပြားသိခဲ့လျှင်ကောင်းမည်။

ခုတော့ သူ့မှာ ကောင်းကင်ကိုတစ်ဖန်ပြန်ဖန်တီးရတော့မည်။

3013 Words
A/N
Vote & Commentပေးကြပါလို့

Zawji

ေန့လယ္၁၂နာရီေနမြန္းတည့္ခ်ိန္ျဖစ္၍ ရန္ကုန္ၿမိဳ႔၏အပူခ်ိန္မွာ ၾကက္တစ္ေကာင္လံုးကင္လို႔ပင္ရသည္။

ေပ 30×20 အက်ယ္မ်ွရိွေသာ ရံုးခန္းထဲတြင္ ဘုန္းရဲမာန္ႏိုင္သည္ အဲကြန္းမွေလေအးတို႔ျဖင့္ ေနြအပူကိုအန္တုကာ computerဖန္သားျပင္ထက္ အာရံုတို႔ကို ကပ္ညိေစကာ လည္ေခ်ာင္းရွည္ရွည္တို႔ဟာလည္း အနက္ေရာင္keyboardထက္ စည္းခ်က္ညီစြာ လႈပ္ရွားေရြ့လ်ားေနသည္။

ရံုးခန္းတံခါးကိုဖြင့္ကာဝင္လာေသာ ေဝယံသည္ ခုထက္ထိcomputerေရ႔ွကမခြာဘဲ အလုပ္လုပ္ေနေသာ ဘုန္းရဲကို ေတြ့လိုက္ရသည္။

"ငါကမင္းမနက္ျဖန္မွ ရံုးခန္းထိုင္မယ္ထင္တာ"

"အခ်ိန္နဲ႔အခ်စ္ကလူကိုမေစာင့္ဘူးကြ"

နဖူးကေခြၽးကိုလက္ဖမိုးႏွင့္သုတ္ကာ ေဘးနားရိွ ပလတ္စတစ္ေရဘူးကို တစ္က်ိဳက္ေမာ့လ်က္ ေျပာလာေသာဘုန္းရဲေၾကာင့္ ေဝယံေသြးတက္ခ်င္သြားရသည္။

"အသဲေလး၅ႏွစ္ေလာက္ကြဲလိုက္တာနဲ႔ ေစာက္ႀကီးေစာက္က်ယ္ကေျပာလာၿပီ"

"၅ႏွစ္ဆိုတဲ့အခ်ိန္မွာ ငါအသဲကြဲစာေတြေရးရင္ေတာ္ေတာ္ေအာင္ျမင္မွာ"

အလုပ္ၿပီးသြား၍ ဆိုဖာေပၚထိုင္ေနေသာ ေဝယံ့ဘက္လွၫ့္ကာ ေျပာလိုက္သည္။သေကာင့္သားက ဆိုဖာေပၚ ပိုးလိုးပက္လက္ ျဖစ္ေနတာမ်ား သူ႔အေမအိမ္ၾကေနတာပဲ။

"အဲ့ဆိုလည္း ဆက္ကြဲေနလိုက္ Akariyaက ရွယ္ယာေတြငါဝယ္လိုက္မယ္"

"မင္းပဲကြဲစမ္းပါ"

"မင္းက ဒီေလာက္အိုက္ေနတာ ဒီလိုေတြဝတ္ၿပီး ဘာလုပ္ေနတာလဲ"

necktileကိုခုမွ အပူတျပင္းဆြဲခြၽတ္ေနေသာ ေဝယံကို ေမးေငါ့ျပလိုက္သည္။သေကာင့္သားက style pantေတြ coatေတြနဲ႔ ေနပူခ်ိန္ျမင့္လြန္းလို႔ရူးသြားတာလားပဲ

"စုနဲ႔ ေန့လယ္စာသြားစားတာ"

"မင္းကျပန္ေရာက္တာ ၁ရက္မျပည့္ေသးဘူး ေန့လယ္စာေတာင္စားေနၿပီးေနၿပီ ဘယ္တုန္းတည္းကႀကိတ္ႀကံထားတာလဲ"

"အခ်စ္နဲ႔အခ်ိန္က လူကိုမေစာင့္ဘူးကြ"

"လက္မျမန္ရင္ ငါ့ေသးေသးေလး တစ္ျခားလူလက္ထဲပါသြားလိမ့္မယ္ ေန့ခင္းဘက္လည္း clubတက္တာပဲ"

ေဝယံ့စကားေၾကာင့္ ဘုန္းရဲအံ့ၾသသြားကာ

"မင္းေတာ့မလြယ္ဘူး မင္းျပန္ေခ်ာ့ခဲ့ရတယ္မလား စုကို"

"ျပန္ေတြ့တာ ငါအရင္မခၚလို႔တဲ့ ပင္လယ္စာနဲ႔ေခ်ာ့ခဲ့ရတယ္"

မအီမသာ​ရုပ္ႀကီးႏွင့္ ​ေဝယံ့ကိုၾကည့္ကာ ဘုန္းရဲအူလိႈက္သဲလိႈက္ရယ္မိသည္။

"မင္းေရာ ဘယ္လိုေနလဲ"

ဘုန္းရဲမ်က္ႏွာရုတ္ခ်ည္းတည္သြားၿပီး

"အစကျပန္စရမယ္နဲ႔တူပါတယ္ကြာ အခ်စ္မွာ အမွားျပင္ဆင္ခ်က္မရိွဘူးပဲ တစ္ခ်က္မွားတာနဲ႔ အစကျပန္စရမွာ"

"ခိုင္ျမင့္မိုရ္ေရာ ဘယ္ေရာက္သြားတာလဲ"

"Englandက စက္ရံုေဟာင္းတစ္ခုဆီပို႔ထားတယ္ ေဝးႏိုင္သမ်ွအေဝးဆံုးပဲ သူ႔ေၾကာင့္ငါ၂ခါအေဝးမခံႏိုင္ဘူး"

အံႀကိတ္လ်က္ေျပာလာေသာ ဘုန္းရဲ ပုခံုးကို ေဝယံပုတ္ကာ

"သူ႔ကိုလည္းေက်းဇူးတင္ရမယ္ သူ႔ေၾကာင့္မင္း ခံစားခ်က္ေတြပြင့္သြားတာမလား အရႈံးထဲကအျမတ္ပဲ"

ေျပာၿပီးသည္ႏွင့္ ခြၽတ္ထားေသာ ကုတ္ကိုပုခံုးေပၚတင္ကာ ရံုးခန္းထဲမွ ထြက္သြားသည္။

ရံုးခန္းထဲက်န္ခဲ့ေသာ ဘုန္းရဲသည္ ေဘာပင္ကိုလက္ေခ်ာင္းမ်ားၾကား ေဆာ့ကစားကာ ဟန္ပါပါၿပံဳးလ်က္

အခ်စ္မွာ အမွားျပင္ဆင္ခ်က္မရိွရင္ အစကျပန္စမွာေပါ့ အခ်စ္အတြက္သာဆို ေကာင္းကင္ႀကီးကို အစကျပန္ဖန္တီးလဲ ဘာအေရးလဲ

*******

ရဲစစ္ဟန္သည္ hotelမွ စီစဥ္ေပးသည့္ ေန့လယ္စာကို စားၿပီးသည္ႏွင့္ အခန္းထဲျပန္ဝင္ကာ အဲကြန္းကို volumeအကုန္တင္ထားလိုက္သည္။

ျမန္မာႏိုင္ငံသားဆိုေသာ္ျငား ဂ်ပန္ႏိုင္ငံတြင္အေနၾကာခဲ့သူျဖစ္၍ ပူအိုက္ေသာျမန္မာရာသီဥတုကို အသားမက်ေသးေပ။ဒီခ်ိန္ japanႏိုင္ငံမွာသာဆို ပူသည္ဆိုေသာ္လည္း ေနသာထိုင္သာသည့္အပူျဖစ္သည္။

ထမင္းစားၿပီးသည္ႏွင့္ ထံုးစံတိုင္း ဂ်ပန္ရိုးရာႏွပ္ေကာ္ဖီကို တက်ိဳက္ခ်င္းအရာသာခံကာ စိမ္ေျပနေျပေသာက္ေနသည္။ဆာကူရာေတာင္ထိပ္ရိွ ေဆးဖက္ဝင္အပင္မ်ားကိုအသံုးျပဳထားေသာေၾကာင့္ ေဘးထြက္ဆိုးက်ိဳးနည္းသည့္အျပင္ စိတ္ကိုလည္း လန္းဆန္းေစသည္။

Akariyaမွတင္ျပေသာ အေၾကာင္းအရာမ်ားကို ရံုးခ်ဳပ္ထံmailပို႔ၿပီးသည္ႏွင့္ Akariyaရိွ projectမ်ားကို တစ္ခုခ်င္းအေသးစိတ္စစ္ေဆးေနသည္။

projectမ်ားကို အေပၚယံၾကည့္လ်ွင္ သာမန္ပင္ျဖစ္ေသာ္လည္း အေသးစိတ္ၾကည့္မည္ိုလ်ွင္ အႏုစိပ္ကာ ပညာသားပါလွသည္။အရည္အခ်င္းရိွသည့္ CEO ၂ေယာက္၏ ကုမၼဏီသည္ ၂ႏွစ္အတြင္း ေဈးကြက္တြင္ေနရာယူႏိုင္ေလာက္တဲ့အထိ ေအာင္ျမင္လာသည္မွာ အထူးအဆန္းမဟုတ္ေတာ့ေပ။

လာေရာက္ရင္းႏွီးျမႇပ္ႏွံရန္ shareရွင္မ်ားကို အရင္မကမ္းလွမ္းဘဲ shareရွင္မ်ားကိုယ္တိုင္ လာေရာက္ကမ္းလွမ္းခ်င္စဖြယ္ ျဖစ္ေအာင္ productပိုင္းေရာ serviccပိုင္းမွာပါ လံုးဝဟာကြက္မရိွေပ။

စိးပြားေရးေလာကတြင္ မုဆိုးႏွင့္သားေကာင္ဟူ၍ လူႏွစ္စားရိွသည္။သင္က မုဆိုးလိုဥာဏ္မမ်ားလ်ွင္ သားေကာင္လို ဝါးမ်ိဳခံရေပမည္။ရိုးရွင္းသေလာက္ ရႈပ္ေထြးနက္နဲလြန္းသည္မွာ စီးပြားေရးေလာကပင္ျဖစ္သည္။

shareရွင္မ်ားဆိုတိုင္း အတူပူေပါင္းေဆာင္ရြက္တာက နည္းသည္။shareဝင္ေနရာႏွင့္မေက်နပ္ႏိုင္ဘဲ CEO ထိုင္ခံုလုယူခ်င္သူေတြက ဒုနဲ႔ေဒးပင္။shareဝင္မ်ားကို ပိုင္ပိုင္ႏိုင္ႏိုင္ ကိုင္တြယ္ႏိုင္ေသာ စုCEO၏ အရည္အခ်င္းကိုလည္း သူခ်ီးက်ူးမိသည္။

သူမ၏ project ပူးေပါင္းေရး ဇယားကြက္သည္ အေပါင္းဘက္သို႔သာၪီးတည္လ်က္ရိွသည္။လုပ္ငန္းတစ္ခုတြက္ project ပူးေပါင္းေရးသည္ အခက္ခဲဆံုးႏွင့္ အႏၲရယ္အရိွဆံုးျဖစ္သည္။

ပူးေပါင္းသလိုလိုႏွင့္ ကုမၼဏီ၏ အခ်က္အလက္မ်ားကို ႏိႈက္ယူသြားၿပီး မရိွသည့္အျပစ္တို႔ကို ဖန္တီးကာ ေနရာယူခ်င္သူမ်ားလည္းရိွ၍ information အကုန္ခ်မျပရန္က မျပ႒ာန္းထားေပမဲ့ လူတိုင္းလိုက္နာၾကသည့္ အခ်က္ပင္ျဖစ္သည္။

အခ်က္အလက္အကုန္ခ်မျပရင္လည္း ပူးေပါင္းေရးတြင္ အဆင္မေျပျဖစ္၍ ေျပာသင့္တာေျပာ ထိန္သင့္တာထိန္ ခ်န္သင့္တာခ်န္ လိုအပ္သည့္ inforတို႔ကိုသာ ထိန္းေျပာရသည္။လႊတ္ခနဲထြက္မိသြားသည့္ အခ်က္အလက္တစ္ခုက ကုမၼဏီကိုမ်ားစြာထိခိုက္ေစႏိုင္သည္။

သူအေတြးမ်ားေနရင္းႏွင့္ ဖုန္းသံၾကားလိုက္၍ ေဘးဘက္ရိွဖုန္းကိုေကာက္ယူလိုက္ကာ secreenကိုၾကည္လိုက္ေတာ့ Shin ဟူသည့္contact nameေၾကာင့္ ပါးစပ္နားေရာက္ခါက ေကာ္ဖီကိုပင္ ခ်ထားလိုက္သည္။အဓိက က အဓိက။သာမည က သာမညပင္။

"ဟယ္လို ဟန္ ေန့လယ္ဘက္ႀကီး ​ဖုန္းဆက္ရတာ အားနာေပမဲ့ အေရးႀကီးတိုင္ပင္စရာရိွလို႔ပါ"

"မဟုတ္တာ ရွင္း ကိုယ္အားပါတယ္ ​"

လက္ထဲရိွေသာက္လက္စ ေကာ္ဖီခြက္သာ စကားေျပာတတ္လ်ွင္ မင္းညာတယ္ဆိုၿပီးေျပာမွာ အသအခ်ာပင္။ေကာ္ဖီေသာက္ေနရင္း ဘယ္သူနဲ႔မွဖုန္းေျပာရိုးထံုးစံ သူ႔မွာမရိွေပ။ရွင္းကလြဲေပလို႔ေပါ့။အခ်စ္ဟူေသာ အရာေလးက သူ႔အတြက္အၿမဲၪီးစားေပးပင္။

"ေက်းဇူးပါပဲ ဟန္ မနက္က စု ၫွိႏိႈင္းခဲ့တဲ့ projectက ေအာင္ျမင္သြားၿပီဆိုေတာ့ အဲ့projectကို shareဝင္ ဘုန္းရဲမာန္ႏိုင္ကို ၪီးစီးခိုင္းရင္ေကာင္းမလားလို႔ သူ႔အေၾကာင္းပိုသိရတာက Akariyaအတြက္ ပိုအဆင္ေျပမလားလို႔"

"ကိုယ္သေဘာတူပါတယ္"

"အဲ့ဆို ကြၽန္မ သူ႔လက္ေထာက္ဆီ mailပို႔လိုက္မယ္ေနာ္"

"အာ...ခန ကိုယ္ေျပာစရာရိွေသးတယ္"

အေလာတႀကီးဟန္အျပည့္ရွင္းကို သူ အျမန္ပင္တားလိုက္ရသည္။သူ႔မွာ​ေျပာစရာမွ မကုန္ေသးဘဲ

"ဒီprojectက hotelသစ္ဖြင့္ပြဲမွာ အလွဆင္ရမွာမလား hotelရဲ့သေဘာထား ဧည့္သည္ေတြရဲ့ အႀကိဳက္ကိုလိုက္၍ decorationပိုင္းကိုေဆာင္ရြက္ရတာ သူက ျမန္မာျပည္ေရာက္တာသိပ္မၾကာေသးေတာ့ သိပါ့မလား"

"သူ႔အတြက္ အခ်ိန္ရိွပါတယ္ hotelဖြင့္ပြဲက ေနာက္၃လေနမွာပါ"

ေတြးဆဆေလးျဖင့္ ေျပာလာေသာ ရွင္းက သူ႔အထင္မွာ ဘုန္းရဲမာန္ႏိုင္ ကိုအထင္ႀကီးလြန္းေနသလိုပင္။

"ဒီလိုလုပ္ပါလား အဓိက စီစဥ္သူက ဘုန္းရဲမာန္ႏိုင္ဆိုေပမဲ့ ကိုယ္လည္း သူလိုအပ္တာနည္းနည္းကူညီေပးလိုက္မယ္ေလ"

"okေလ ကြၽန္မ သေဘာတူပါတယ္ ေနွာင့္ယွက္မိလို႔ သာယာတဲ့ coffee timeေလးျဖစ္ပါေစရွင့္"

ဖုန္းမခ်ခင္ၾကားလိုက္ရေသာ အသံခ်ိဳခ်ိဳေလးေၾကာင့္ ဖုန္းခ်သြားသည့္တိုင္ ဖုန္းကိုၾကည့္ကာ သူၿပံဳးေနမိသည္။

အခ်စ္၏ စကားတစ္ခြန္းက ေကာ္ဖီေတြထက္ပင္ သူ႔ကိုလန္းဆန္းေစပါသည္။

*******

ဘုန္းရဲ Akariyaထဲ ေျခခ်မိသည္ႏွင့္ သြယ့္ ရံုးခန္းကို ပထမဆံုးရွာေနမိသည္။လမ္းတစ္ေလ်ွာက္ သူ႔ကိုေတြ့သည္ႏွင့္ ၿပံဳးျပေသာဝန္ထမ္းမ်ားကို ဘုမသိဘမသိ ျပန္ၿပံဳးရေသးသည္။သူက Akariyaရဲ့ ရွယ္ယာရွင္သစ္ျဖစ္တာ သိပ္မၾကာေသးသည္ကို ဝန္ထမ္းမ်ားကသူ႔ကိုသိေနသည္လား။

အခန္းတစ္ခန္းေရ႔ွအေရာက္ ဆူဆူညံညံအသံမ်ားၾကားရ၍ သူရပ္နားေထာင္ေနမိသည္။

"ရွင္အဲ့လိုလုပ္လို႔မရဘူးေလ ဒါတာဝန္ကိုမေလးစားတာပဲ တို႔သာအရန္အစီအစဥ္မလုပ္ထားရင္ ဘယ္လိုလုပ္မလဲ"

စု၏ ေဒါသတႀကီးေအာ္ေငါက္သံေအာက္တြင္ ဝန္ထမ္းအမ်ိူးသမီးသည္ အျပစ္ရိွထားသူပီပီ ၪီးေခါင္းကို ေျမၾကီးႏွင့္ထိလုမတက္ ငိုက္စင္းထားၿပီး ခါးကိုလည္း ျမားရိုးသဖြယ္ေကြးၫြတ္ထားသည္။

"ေတာင္းပန္ပါတယ္ စုCEO"

"ရွင္ေတာင္းပန္ရံုနဲ႔ ဒီကိစၥကေျပလည္သြားမွာမဟုတ္ဘူး ရွင့္ရဲ့တာဝန္ေပါ့ဆမႈေၾကာင့္ ကုမၼဏီဘယ္ေလာက္နစ္နာၿပီး လုပ္ငန္းရွင္ေတြေရ႔ွမွာ ဘယ္ေလာက္နာမည္ပ်က္လိမ့္မလဲ"

"ရွင့္လိုဝန္ထမ္းမ်ိဳး Akariyaကအလိုမရိွပါဘူး ရွင္ဒီလိုအမွားမ်ိဳးက်ူးလြန္တာ ၃ႀကိမ္ရိွၿပီမို႔ သည္းခံႏိုင္တဲ့အတိုင္းအတာေက်ာ္လြန္သြားပါၿပီ ၁နာရီအတြင္း ရွင့္ပစၥည္းေတြသိမ္းၿပီး ကုမၼဏီကထြက္သြားေပးပါ"

အခန္းထဲမွ ေတာက္ေခါက္သံႏွင့္ မ်က္စိပ်က္မ်က္ႏွာပ်က္ကာ အခန္းထဲမွထြက္လာေသာ ဝန္ထမ္းျဖစ္သူေၾကာင့္ ဘုန္းရဲၾကက္သီးပင္ထသြားရသည္။အသက္အရြယ္တစ္ခုေရာက္လာသည္ႏွင့္အမ်ွ လူေတြ၏စိတ္အေျခအေနလည္း တစ္မ်ိဳးတစ္ဖံုေျပာင္းလဲသြားသည္။

ခပ္ေပ်ာ္ပ်ာ္ေနတတ္ေသာစုေတာင္ ကုမၼဏီတစ္ခု၏ CEOျဖစ္လာေတာ့ အခ်ိဳးမေျပသၫ့္ဝန္ထမ္းမ်ား၏ ဆူေငါက္ရသည့္ အခါမ်ားလည္းရိွေသးသည္။ဒါဆို သြယ္ကေရာ။သြယ္အရင္လိုေနြးေထြးတုန္းပဲလား။သူသေဘာက်ခဲ့ရေသာ မ်က္ဝန္းနက္နက္ထဲတြင္ ယခုအခါ မည္သည့္အေငြ့အသက္မ်ားရိွေနမည္လဲ။

*********

"ဟုတ္ကဲ့ ဝင္လာခဲ့ပါရွင့္"

project စာရင္းမ်ားကိုၾကည့္ေနရာမွ တံခါးေခါက္သံသံုးခ်က္ကိုၾကား၍ မ်က္လံုးကေလးလွန္အၾကည့္ ျမင္လႊာထဲေရာက္လာေသာ လူေၾကာင့္ သြယ့္ မ်က္ဝန္းမ်ားဝိုင္းစက္သြားရသည္။

ထိုလူက ထိုင္ပါတစ္ခြန္းမေျပာရေသးဘဲ သူမေရ႔ွထိုင္ခံုတြင္ဝင္ထိုင္ေနပံုက မသိရင္ရံုးခန္းကို သူ႔အိမသူ႔ရာလို သေဘာထားသည့္ပံုပင္။

"ဘာကိစၥရိွလို႔ပါလဲ shareဝင္ ဘုန္းရဲမာန္ႏိုင္"

"ကိစၥကအေထြအထူးမဟုတ္ပါဘူး ႏွလံုးသားေလးကေတာင္းဆိုလို႔ပါ"

ဝဲဘက္ရင္အံုကို လက္ဖဝါးျဖင့္ တို႔ထိကာေျပာလာသူ​ကို သြယ္အၾကည့္ၾကည့္စူးစူးေပးပို႔လိုက္ရာ

"ကုမၼဏီဆိုတာ လုပ္ငန္းကိစၥေတြေဆြးေနြးတဲ့ေနရာပါ ေပါက္ကရေတြေျပာတဲ့ေနရာမဟုတ္ပါဘူး"

"ကိုယ္ကအမွန္ေတြေျပာေပမဲ့ မင္းကေပါက္ကရဆိုေတာ့လည္း ေပါက္ကရေပါ့ကြာ အရာရာမင္းသေဘာပါပဲ"

ရီစပ္စပ္ေျပာလာေသာ ဘုန္းရဲကို သြယ္က ခပ္တည္တည္ပင္တုန္႔ျပန္ေတာ့ ဘုန္းရဲရင္ထဲဆစ္ခနဲနာက်င္သြားေသာ္လည္း နာက်င္မႈကို အၿပံဳးျဖင့္ပင္ဖံုးအုပ္လိုက္သည္။

"လာရင္းကိစၥေျပာပါ"

"ကိုယ့္လက္ေထာက္ကိုmailပို႔ထားတဲ့ကိစၥ ကိုယ့္လက္ေထာက္မအားလို႔ ကိုယ္ကိုတိုင္ဘာခဲ့တာ မင္းကိုေတြ့ခ်င္တာလည္းပါတာေပါ့"

"ကြၽန္မေျပာၿပီးသာ ေပါက္ကရေတြမေျပာပါနဲ႔"

သြယ္ေလပူတစ္ခ်က္မႈတ္ထုတ္လိုက္သည္။ျဖစ္ႏိုင္ရင္ သူ႔ေရ႔ွက ၾကက္ေသြးေရာင္suitနဲ႔လူကို ေကာ္ျပားနဲ႔ေကာ္ၿပီး လႊင့္ပစ္လိုက္ခ်င္တယ္။

"ကြၽန္မတို႔ လုပ္ငန္းကိစၥေျပာၾကတာေပါ့"

"ေျပာပါဗ်"

"ဒီhotelကခုမွေဆာက္ၿပီးတာ မၾကာေသးဘူး hotelလို႔ေျပာလို႔ရရံုေလာက္ဘဲအၾကမ္းဖ်င္းေဆာက္ထားတာ ေနာက္၃လအတြင္းမွာ က်င္းပမဲ့hotelဖြင့္ပြဲအတြက္ decorationပိုင္းကို Akariyaကိုအပ္ထားတာ အဲ့တာရွင့္ကို တာဝန္ယူေစခ်င္တယ္ "

"okေလ ေနာက္၃လအတြင္းေနာ္"

"မၿပီးေသးဘူး ရွင္ကခုမွshareဝင္အသစ္ဆိုေတာ့ သိပ္မကြၽမ္းက်င္မွာဆိုးလို႔ ကိုယ္စားလွယ္ ဟန္ကိုပါကူညီေပးဖို႔ေျပာထားတယ္ ဒီမွာကိုယ္စားလွယ္ဟန္ရဲ့အခ်က္အလက္ေတြ"

သြယ္က အနီေရာင္fileတစ္ခုကို ဘုန္းရဲထံထိုးေပးလာသည္။ဘုန္းရဲကေတာ့ ဖိုင္ကိုမၾကည့္ သြယ့္ကိုသာ မ်က္ေတာင္မတ္တမ္းေငးၾကည့္ေနသည္။

အဝါေရာင္ေပါ့ေပါ့ပါးပါး office suitေလးေၾကာင့္ နဂိုၾကည္လင္ေနေသာ အသားအေရေလးသည္ ဝင္းဖန္႔ဖန္႔ျဖစ္ေနသည္။ဆံပင္အေခြအလိပ္မ်ားကိုလည္း pony tailပံုစံ စည္းေနွာင္ထားေသးသည္။သူၾကည့္ေနတုန္းသြယ္ႏွင့္မ်က္လံုးခ်င္းဆံုသြားေတာ့ သြယ္ကဘာမွမျဖစ္သလိုအၾကည့္လႊဲသြားသည္။

ဖ်က္ခနဲအၾကည့္ခ်င္းဆံုသြားေသာ မ်က္ဝန္းနက္နက္ထဲတြင္ သူျမင္ေနရသည္က သူစိမ္းဆန္ျခင္းတို႔ျဖစ္သည္။

"ေျပာခ်င္တာကေတာ့ ဒီေလာက္ပါပဲ ဒီfileထဲမွာ ကိုယ္စားလွယ္ဟန္ကိုဆက္သြယ္လို႔ရတာေတြ အကုန္ပါတာမို႔ ရွင္အခ်ိန္မေရြး သိခ်င္တာေတြေမးႏိုင္ပါတယ္"

"မင္းကိုေရာေမးလို႔မရဘူးလား"

သြယ့္စိတ္ထဲဒီလူဘာျဖစ္ခ်င္ေနတာလဲ ဟုေတြးလိုက္မိသည္။

ဆံုးခန္းတိုင္သြားတဲ့ဇာတ္လမ္းတစ္ပုဒ္ကို အစကျပန္စလည္း အဆံုးသတ္ကတူတူပါပဲမို႔ အခ်ိန္ကုန္အပင္ပန္းခံမေနပါနဲ႔ေတာ့ ဘုန္းရဲမာန္ႏိုင္။

"ကိုယ္စားလွယ္ဟန္ကို ကူညီဖို႔ေျပာေပးတာတင္ ရွင့္ကိုသက္ၫွာလြန္းေနပါၿပီ"

"သက္ၫွာလက္စနဲ႔ မင္းေၾကာင့္ေရာဂါကြၽမ္းေနတဲ့ ကိုယ့္ႏွလံုးသားကိုေရာ သက္ၫွာမေပးခ်င္ဘူးလား"

အၾကင္နာမ်က္ဝန္းတို႔ျဖင့္ မ်က္ဝန္းလွလွတို႔ကို တည့္တည့္ၾကည့္ကာ ဆိုလိုက္ေတာ့ နာက်င္ဖြယ္စကားတို႔သာ ထြက္က်လာသည္။

"အဲ့ဆို ႏွလံုးသားကိုအစားထိုးလိုက္ပါ ရွယ္ယာရွင္ဘုန္းရဲမာန္ႏိုင္"

ဝဲဘက္ရင္အံုက ဆစ္ခနဲနာက်င္မႈကို ခံစားလိုက္ရသည္။

"ရွင္သြားလို႔ရပါၿပီ ဘုန္းရဲမာန္ႏိုင္"

"တစ္ဆိတ္ ကိုယ့္ကို ဘုန္းရဲမာန္ႏိုင္လို႔မေခၚဘဲ မင္းအရင္ေခၚေနၾက ဘုန္းရဲလို႔ေျပာင္းေခၚပါလားကြာ"

"အတိတ္မွတ္ဥာဏ္ေတြကို အေမွာင္ခ်လိုက္ၿပီမို႔ ကြၽန္မမွာရွင္နဲ႔ပက္သက္တဲ့မွတ္ဥာဏ္ေတြဘာမွမက်န္ေတာ့တဲ့အတြက္ ကြၽန္မကိုအရင္ကအေၾကာင္းေတြလာမေျပာပါနဲ႔"

အသံခ်ိဳေအးေအးေလးမွ ထြက္က်လာေသာ စကားတို႔သည္ ဓားသြားသဖြယ္ သူ႔ထံထိုးစိုက္လ်က္ရိွသည္။

"ရွင္ေခၚေစခ်င္ရင္ ရွယ္ယာဝင္ဘုန္းရဲ လို႔ေခၚပါ့မယ္"

ရွယ္ယာဝင္ဘုန္းရဲဟူေသာစကားေၾကာင့္ ဘုန္းရဲမ်က္ႏွာဝင္းပသြားသည္။

"ကိုယ့္ကိုခြင့္ျပဳပါအံုး ရင္ခုန္သံအရင္းျမစ္ေလး မၾကာခင္ျပန္ေတြ့ၾကတာေပါ့"

ကိုယ္ကိုေရ႔ွသို႔ကိုင္းကာ နားသယ္စနားတစ္ဝိုက္ဝဲက်ေနေသာ ဆံႏြယ္စတို႔ကို နားရြက္ေနာက္သို႔သပ္ၿပီးသည္ႏွင့္ တံခါးဝမွထြက္သြားသူေၾကာင့္ သြယ္ စားပြဲေပၚရိွေရတစ္ခြက္ကို အျမန္ေသာက္လိုက္ရသည္။

လက္ရဲဇက္ရဲဆန္တဲ့အက်င့္ကအရင္လိုပါပဲလား။

*******

မိႈင္းပ်ပ်ေကာင္းကင္ပိတ္ကားေပၚတြင္ ၾကယ္စင္တို႔က ဟိုတစ္ေပါက္ဒီတစ္ေပါက္ အလွဆင္လ်က္ရိွသည္။စႏၵာလမင္းသည္လည္း ၾကယ္စင္တို႔ကိုအားက်မခံ ေရာင္ျခည္တို႔ကို ျဖန္႔က်က္လ်က္ရိွသည္။ညေကာင္းကင္ေအာက္ရိွၿမိဳ႔ျပသည္လည္း မီးေရာင္တစ္စြန္းတစ္ျဖင့္ သက္ဝင္လႈပ္ရွားေနသည္။

ညအလွ၏ ဆြဲငင္ရာသို႔လိုက္ပါသြားၾကေသာ ေလၫွင္းတို႔၏ တို႔ေဝ့မႈေၾကာင့္ ဝရံတာတြင္ရပ္ေနေသာ သြယ့္ညအိပ္ဂါဝန္အနားစေလးသည္ အနည္းငယ္လြင့္တက္သြားသည္။

ထိုေကာင္းကင္ ထိုလမင္း ထိုေလေျပတို႔က ေသာ့ခတ္သိမ္းဆည္းထားေသာ အတိတ္မွတ္ဥာဏ္တို႔ကို အမွတ္ရေအာင္ျပလုပ္ေနၾကသည္မို႔ အၾကည့္လြဲကာ အခန္းထဲျပန္ဝင္လာခဲ့သည္။

*******

ဘုန္းရဲသည္ လေရာင္ဝင္းျဖာက်ေနေသာ ဝရံတာတြင္ စာအုပ္တစ္အုပ္ကိုဖတ္ကာ အတိတ္ကာလတို႔ထံ အလည္အပတ္သြားရင္း စည္းစိမ္ယစ္မူးလ်က္ရိွသည္။

ႏွလံုးသားေရးရာတြင္ ပစၥုပၸန္သည္မေရရာ အနာဂတ္သည္ဘာမွန္းတံခါးေခါက္သံသံုးခ်က္ကိုၾကား၍မသိသူမို႔ ႏွလံုးသားကလြမ္းဆြတ္မိတိုင္း အတိတ္အမွတ္တရတို႔ျဖင့္ စားျမဳန္႔ျပန္ေလ့ရိွသည္။

တိုးေဝ႔ွတိုက္ခက္သြားေသာ ေလေျပတို႔က လြမ္းဆြတ္ျခင္းအဓိပၸာယ္ကိုေဆာင္ၾကဥ္းလ်က္ရိွသည္။ညေကာင္းကင္ ေမွာင္ေမွာင္မဲမဲသည္ပင္ ေဆြးရိပ္ထင္ကာ အလြမ္းေၾကာင့္နာက်င္မႈကို ပိုေစပါသည္။

လက္ထဲတြင္ကိုင္ထားေသာစာအုပ္အမည္က'ဆံုေနရက္နဲ႔လြမ္းေနျခင္း'တဲ့။လက္ရိျွဖစ္ပ်က္ေနေသာ သူ႔အျဖစ္အပ်က္ႏွင့္ စာအုပ္ပါအေၾကာင္းအရာမ်ားသည္ အနည္းငယ္ဆင္တူသည္ဟုဆိုရမည္။

သူလည္း မ်က္စိေရ႔ွတြင္ ျမင္ရေတြ့ရပါေသာ္လည္း ထိုျမင္ရေတြ့ရသည္အရာေလးက အတိတ္ကာလမ်ားကလို ေနြးေထြးေဖာ္ေရြမေနဘဲ ေအးစက္စိမ္းကားေနေလသည္။

သံေယာဇဥ္ႏွင့္အခ်စ္၏ ျခားနားခ်က္ကို သူေသေသခ်ာခ်ာ ကြဲကြဲျပားျပားသိခဲ့လ်ွင္ေကာင္းမည္။

ခုေတာ့ သူ႔မွာ ေကာင္းကင္ကိုတစ္ဖန္ျပန္ဖန္တီးရေတာ့မည္။

3013 Words
A/N
Vote & Commentေပးၾကပါလို႔

Continue Reading

You'll Also Like

45.9K 1.2K 22
ဒီ 'အခ်စ္မ်ားစြာ' fic ေလးကေတာ့ မီပထမဆံုးေရးတဲ့ fic ျဖစ္တဲ့အတြက္ အေရးအသားေတြ လိုအပ္ခ်က္ေတြ ရွိနိုင္ပါတယ္ ဒါေၾကာင့္ ေ၀ဖန္ေပးနိုင္ပါတယ္ အားေပးၾကပါဦ...
5.5K 157 7
Myanmar Water Festival Fiction
152K 3.2K 35
🥀🥀🥀အတိတ်ကကိစ္စ​တွေ​ကြောင့်​ဘ​ဝကိုတိတ်တိတ်​လေးဖြတ်သန်း​နေရတဲ့​"ကြာရိပ်ချို " ဟာသူ​ကျောင်းတုန်းက တစ်ဖက်သတ်ချစ်ခဲ့ရတဲ့​ "ထက်" ဆိုတဲ့ကောင်​လေးနဲ့ပြန်...
32.9K 1.6K 20
လူတွေရဲ့ဘဝဟာ အစစအရာရာ ပြည့်စုံတယ်လို့ ထင်ရပေမယ့် အခြားလူတွေမသိခဲ့တဲ့ အားနည်းချက်၊ စိတ်ခံစားမှုတွေ၊ လူသိမခံရဲတဲ့ Dark side တွေ၊ ဖုံးဖိချင်ထားတဲ့ကိစ္စရ...