ထိုနေ့ညမှာတင် စံကမ္ဘာမင်းတစ်ယောက် ဒေါက်တာ ခင်မောင်သွေးတို့ အိမ်သို့ အလည်တစ်ခေါက်ရောက်ခဲ့သည်။ ထိုအိမ်ထဲဝင်လိုက်တာနဲ့ အေးအေးစက်စက် လေထုက သူ့ကို ကြိုဆိုနေခဲ့တယ်။ သည်အိမ်မှာ နွေးထွေးတဲ့ လေ မရှိပါလား။ အိမ်စောင့်က သူ့ကို ခြံကနေ အိမ်အပေါက်ဝထိ လိုက်ပို့ပြီးတာနဲ့ သူ့အလုပ်ပြီးသွားလို့ ထင်သည်၊ သူ့အလုပ်ဆီသို့ ပြန်သွားလေပြီ။ သူကသာ ယောင်ချာချာနဲ့ အိမ်အပေါက်ဝမှာ ကျန်ရစ်လေတယ်။
"မောင်ရင်က. . ."
" မင်္ဂလာပါဗျ၊ ကျွန်တော်က မောင်ဂီယာမောင်ရဲ့ တာဝန်ခံ ဆရာဝန် ဒေါက်တာ စံကမ္ဘာမင်းပါဗျ"
" အော်. . . ဟုတ်ပြီ၊ ဒီမှာ လာထိုင်လေ"
"ဟုတ်ကဲ့ဗျ"
စံကမ္ဘာမင်းလဲ ညွှန်ပြတဲ့ ဆိုဖာမှာ ထိုင်လိုက်ပြီး သူမ စကားစလာသည်ကို စောင့်နေမိ၏။ ဘယ်နေရာကနေ စပြောရမလဲ မသိအောင်ပင် အတွေးများနေမိသည်။
"ဘာကိစ္စရှိလို့လဲ"
"ဂီဘာမောင်အ . . ."
"သူ့အကြောင်းဆိုရင် အန်တီနဲ့ ဘာမှမဆိုင်ဘူး သား"
"အန်တီက သူ့အမေလေဗျ"
"သူ့အဖေနဲ့ပဲ ဆွေးနွေးဖို့ အကြံပေးပရစေ"
"ကျွန်တော်က ဂီယာမောင့်အကြောင်းပဲ သိချင်တာပါဗျ"
"အန်တီ ဘာမှမသိဘူးလို့ ပြောပြီးပြီနော်၊ သူက အန်တီတို့ မိသားစုနဲ့ မသက်ဆိုင်တဲ့ လူတစ်ယောက်လို့ အန်တီသတ်မှတ်ထားတယ်ကွယ်၊ ဒါက မိသားစုရေးကိစ္စမို့ သူစိမ်းတစ်ယောက်ကို လွယ်လွယ် မပြောချင်ဘူးကွယ်"
"သူ့ကျန်းမာရေးနဲ့ သက်ဆိုင်နေလို့ပါ၊အန်တီလည်း ဆရာဝန်တစ်ယောက်ပါ အန်တီ၊ သူအခု ခံစားနေရတာ စိတ်ရောဂါ အဆင့်နှစ်ပါ"
"ဟင်းးးး"
ခနဲ့ ရယ်သံအချို့ပါလား၊ မိခင်တစ်ယောက်က သားသမီးတစ်ယောက်ရဲ့ ကျန်းမာရေးအကြောင်းကြားပြီး စိတ်ပူသွားမယ့်အစား သူက . . . သူက ဘာ့ကြောင်များ၊ ဇဝေဇဝါ အတွေးတေွနဲ့ သူ့ကို လှည့်ကြည့်စဉ် သူကလည်း ရွှင်မြူးဖွယ် မျက်လုံးတစ်စုံဖြင့် သူ့ကို စိုက်ကြည့်နေသည်။
"အန်တီတို့ မိသားစုကိစ္စကို မင်းနားလည်မှာ မဟုတ်ဘူး၊ အာ့ကြောင့် မင်းလာရာလမ်းကို ပြန်လှည့်နိုင်တယ်၊ ဂီယာ့ကို ပျော်ရွှင်အောင်ပဲ ထားပေးလိုက်ပါ၊ သူ့ရောဂါ အနည်းငယ်တော့ သက်သာလာနိုင်ပါတယ်၊ အန်တီ မင်းကို ပြောနိုင်တာ ဒါပဲသား"
တည်ငြိမ်စွာ ပြောပြသွားတဲ့ ဒေါက်တာ သီသီထွန်းကို ကြည့်ပြီး သူခဏတာ ဆွံ့အနေပြန်သည်။ သူကားမောင်းနေသည့်တိုင် သူ၏ အတွေးထဲတွင် ဗလာနိတ္ထ။ မိသားစုဆိုသည် စိတ်မလုံခြုံမှုကို စတင်နေသည့် အရာတစ်ခုဖြစ်သလို စိတ်လုံခြုံမှုကို အနှောင့်အယှက်ပေးနိုင်သော အရာတစ်ခုပင်။ သူ ဆေးကျောင်းသားဖြစ်စဉ် အလုပ်သင် ဘဝ၌ များစွာသော လူနာမျိုးစုံ မြင်တွေ့ခဲ့ရသည်။ ထိုလူနာတွေရဲ့ ၃ပုံ၂ပုံက မိသားစုကြောင့် စိတ်ရောဂါ ခံစားနေရသူများပင် ဖြစ်သည်။ ကမ္ဘာပေါ်မှာ မိသားစုက အနွေးထွေးဆုံးလို့ ရှေးလူကြီးတွေ ဆိုခဲ့ကြပေမဲ့ အခုတော့ ဘာ့ကြောင့်များးးးးးး။သူကားကို လမ်းဘေးချကာ တစ်စုံတစ်ယောက်ကို ဖုန်းဆက်လိုက်သည်၊ သူဆုံးဖြတ်ချက်က မှန်သလား၊ မှားသလား သူမသိပေ၊ သူအခု သိတာ နှလုံးသား တစ်စုံ ပျော်ရွှင်ဖို့ပဲ၊ သူ့စိတ်ထဲမှာ ထိုအရာသာရှိသည်။
**************************
"ပွင့်သောပန်းတိုင်းလည်း . . . . . . .မမွှေးတတ်လေပြီ . . . . . .
လှသောပန်းတိုင်းလည်း. . . . . . . . မမွှေးတတ်လေပြီ. . . . . . .
အများက စွှန့်ပယ်ခြင်းကို . . . . . . . .ခံထားရတဲ့ ပန်း . . . . . . . .
လမ်းဘေးတစ်လျှောက်မှာ ပေါက်နေတာ. . . . . လွှမ်းပြီ. . . . . ."
သီချင်းလေး ညည်းပြီး ပြတင်းပေါက်ဘက် မျက်နှာမူကာ လေပြေရဲ့ အငွေ့အသက်ကို ခံစားနေသော ကောင်ငယ်လေးကို ကြည့်မိကာ ကြည်နူးနေမိသည်။ အခုမှ အခန်းတံခါးပေါက်ကနေ ချောင်းကာ ကြည့်နေသော သူ့အဖြစ်ကို ကြည့်ပြီး ပြုံးစိစိဖြစ်မိပြန်သည်။ ဒီကောင်ငယ်လေးကြောင့် သူပြုံးမိတာ တော်တော်ပင် များနေပြီ၊ ကောင်ငယ်လေးရေ မင်းလေးကို ပြုံးမိအောင် ကိုယ်ဆရာဝန်အဖြစ်ကနေ စုံထောက်အဖြစ်ပြောင်းရတော့မယ် ထင်တယ်။ ကိုယ်ရဲ့ ရောဂါကတော့ ကုလို့မရအောင်ကို စွဲနေပြီကွ။ ဆေးယဉ်ပါးနေတဲ့ ရောဂါတစ်ခုဟာ မင်းအပြုံးလေးနဲ့ ကုသမှ ပျောက်မယ် ဆိုပါတော့ကွာ။
"ကဲ. . . . .နေရတာ အဆင်ပြေလား ကောင်ငယ်လေး'
"ဟုတ်ကဲ့ ဉ. . . . . . ဦးးးး"
ပြတင်းပေါက်ကို မျက်နှာမူရာမှ ရုတ်တရက်လှည့်ကြည့်ပြောလာသော ကောင်ငယ်လေးရဲ့ အကြည့်က သူ့နှလုံးသားထဲ လေပြေအေးတိုက်သွားသလို ရှက်ပြေးသွား၏။ အခုလည်း သူ့ရဲ့ အပြောလေးကြောင့် ရယ်မိပြန်တယ်၊ သိပ်ကို ပြုစားလွန်းပါတယ် ဦးရဲ့ ကောင်ငယ်လေးရယ်၊ ကိုယ့်တော့ အသက်မပြည့်တဲ့ ကလေးငယ်ကို မသမာတဲ့ စိတ် ထားနေပြန်တယ်။
" အဟင်းးးး"
သူရယ်မိပြန်တော့ မျက်မှောင်လေးကျုတ်ကာ ကြည့်လာသော ကောင်ငယ်လေးကို ကြည့်ပြီး ရင်ထဲ ကမ္ဘာပျက်နေပြီကွာ။
" ဘာလို့ ရယ်တာလဲဗျာ၊ ဂီယာမှ ဘာမှမလုပ်တာကို"
စူစူပုံ့ပုံ့လေး ပြောလာတဲ့ ကောင်ငယ်လေးရဲ့ နှုတ်ခမ်းလေးကို ကြည့်ပြီး လေလှိုင်းကတစ်ဆင့် ပစ်မှားနေမိပြန်တယ်။
"ဟောဗျာ၊ ကိုယ်က မင်းကို မရယ်ပါဘူးဗျာ၊ ကိုယ့်စိတ်ကို တွေးပြီး ရယ်ချင်နေတာပါကွာ"
" ဟုတ်လို့လား"
"ဟုတ်ပါတယ်ကွာ၊ခေါင်းမူးတာတွေ ဘာတွေရှိလား ကောင်ငယ်လေး"
"မရှိပါဘူး၊ ဟိုဟာလေ ဂီယာ့နာမည်က ဂီယာမောင်နော်၊ ကောင်ငယ်လေးမဟုတ်ဘူးနော်"
"ကိုယ်သိပါတယ်ကွာ၊ ဂီယာဆိုတာ လူတိုင်းခေါ်နေတာလေ၊ ကောင်ငယ်လေးဆိုတာ ကိုယ့်အတွက် တစ်ဦးတည်းသော ရည်ညွှန်းရာ"
"ဦးပြောနေတာကလည်း၊ ဆေးရုံကနေ ဘယ်နေ့ ဆင်းရမှာလဲဟင်"
"ကောင်ငယ်လေးက ဆင်းချင်ပြီလား"
"မဟုတ်ပါဘူး၊ ဒီအတိုင်းမေးကြည့်တာ"
"အိမ်ပြန်ချင်လား"
"ဟင့်အင်း၊ အိမ်အပြန်ချင်ဘူး၊ ဒီမှာနေရတာ လွတ်လပ်တယ်၊ အဆင်ပြေတယ်၊ ပျော်ရွှင်မှုကို ခံစားမိနေတယ်"
ဆွေးမြေ့မြေ့ပြောလာတဲ့ ကောင်ငယ်လေးရဲ့ မျက်ဝန်းက အိမ်ဆိုသည့် အရာကြီးကို စိတ်နာနေသည့်ဟန်ပင်။
"ကိုယ့်အိမ်ကို လိုက်ခဲ့ရမှာ"
"ဘယ်လိုမျိုးလဲဟင်"
"ကောင်ငယ်လေးက ဒေါက်တာ ဦးစံကမ္ဘာမင်းရဲ့ အိမ်ကို လိုက်ခဲ့ရမှာ"
ပြူးကျယ်သွားသော မျက်ဝန်းလေးနဲ့ သီသီလေး ဟသွားသော ကောင်ငယ်လေးကို ကြည့်ပြီး စံကမ္ဘာမင်းနှစ်နှစ်ခြိုက်ခြိုက်ပင် ပြုံးလိုက်မိ၏။ကောင်ငယ်လေးရေ မင်းလေးရယ်ဖို့သာ ပြင်ထားပေတော့ကွာ၊ မင်းရဲ့ ပြုံးခြင်း မဲ့ခြင်းက ကိုယ်နဲ့ ဆိုင်သွားပြီမို့။
ဒီနေ့ upလိုက်ပြီနော်၊ ကြိုက်ကြရဲ့လားဟင်၊ အဆင်မပြေမှုတွေ တွေ့ခဲ့ရင် ဝေဖန်ပေးကြပါနော်။ကြိုက်ရင် voteလေးတွေ ပေးသွားကြအုံးနော်။