~~All of my life~~

By Essential_Of_You

1.4K 96 0

All kinds of emotional နှစ်​သက်​ခြင်းမရှိရင်​ဥပက္ခာပြုထား​ပေးပါ ။ ~*~*~~~*~*~ More

To/Dear
To/Dear
To/Dear
To/Dear
To/Dear
To/Dear
To/Dear
To/Dear
To/Dear
To/Dear
To/Dear
To/Dear
To/Dear
To/Dear
To/Dear
To/Dear
To/Dear
To/Dear
To/Dear
Family Life

တန်​ဖိုးထားမိ​သောသူစိမ်းဆီသို့/

32 6 0
By Essential_Of_You

မွေးနေ့မှာပျော်ရွှင်ပါစေချစ်ရသူရေ
မင်းရဲ့မွေးနေ့ကိုပါဝင်ဖြတ်သန်းခွင့်ရခဲ့တာ အခုဆို လေးကြိမ်မြောက်ရှိသွားခဲ့ပြီ။
ငါနာကျင်နေခဲ့တဲ့အချိန်၊ ငါခက်ခဲနေခဲ့တဲ့အချိန်၊ ငါကဘာမှမဟုတ်ပါဘူးလို့အားငယ်နေတဲ့အချိန်မှာ ဘုရားသခင်က ငါတို့ကိုဆုံဆည်းပေးခဲ့တယ်။ ဒါအတွက် ငါဘုရားသခင်ကိုအစဥ်မပြတ်ကျေးဇူးတင်နေပါတယ်။ မင်းကြောင့်ပဲ ငါ့ဆိုတဲ့ဖြစ်တည်မှုကို ပြန်လည်တည်ဆောက်နိုင်ခဲ့တယ်။ ငါရှင်သန်ရမယ့်နေရာကို ပြန်လည်ရှာတွေ့ခဲ့တာလည်းမင်းကြောင့်ပါပဲ။ မင်းကြိုးစားခဲ့တာတွေက ငါ့ကို စိတ်ခွန်အားတွေဖြစ်စေခဲ့တယ်။ မင်းရဲ့ဖြစ်တည်မှုက ငါ့ဘဝကို ဆက်လက်ရှင်သန်လိုစိတ်ဖြစ်ပေါ်စေတယ်။ မင်းလုပ်နိုင်သလို၊ ငါလည်းလုပ်နိုင်ရမယ်။ အခက်အခဲတွေအများကြီးကိုဖြတ်သန်းပြီး မင်းကအမြင့်ဆုံးကိုရောက်နိုင်ခဲ့တယ်။ မင်းလိုအမြင့်ဆုံးမရောက်နိုင်ရင်တောင် မင်းရှိရာရပ်ဝန်းအထိရောက်အောင်လာမယ်။ မင်းအကြောင်းကိုအလုံးစုံသိပြီးကတည်းက တနေ့မင်းရှိရာရပ်ဝန်းကိုအရောက်လာနိုင်ဖို့ ငါအားသွန်ခွန်စိုက်ကြိုးစားနေတယ်။ ဒါက သူစိမ်းတစ်ယောက်အတွက် ပထမဆုံးအကြိမ်ရရှိခဲ့တဲ့ စိတ်တွန်းအားတစ်ခုပါ။
အဆင့်ပေါင်းများစွာ တက်လှမ်းအပြီးမှာ မင်းအနားကိုရောက်ဖို့ မျှော်လင့်ချက်ရောင်ခြည်မှိန်မှိန်လေးကိုငါမြင်နေရပြီ။ မင်းနဲ့တွေ့ရဖို့ မကြာတော့ပါဘူး။
၂၀၁၉ တုန်းက ငါနဲ့ ၂၀၂၂ မှာရှိနေတဲ့ငါက တော်တော်ကြီးကိုကွာခြားသွားပြီ။ ဒါဘယ်သူ့ကြောင့်လဲလို့မေးလာတဲ့အခါ ငါအားမနာတမ်း မင်းကိုပဲလက်ညှိုးထိုးပြမယ်။  ငါအခု ဒီအချိန် ဒီလိုနေရာမှာ တည်ရှိနေနိုင်တာက မင်းဆိုတဲ့ဖြစ်တည်မှုကြောင့်ပဲ။

မင်းအတွက်ငါက မြူမှုန်ထက်တောင်သေးငယ်လွန်းတဲ့ဖြစ်တည်မှုလေးပါ။
ဒါပင်မဲ့ဝမ် ... မှောင်ရိပ်ထဲရောက်နေခဲ့တဲ့ငါ့အတွက်တော့ မင်းက ကောင်းကင်ယံက လမ်းပြကြယ်လေးတစ်ပွင့်လိုပါပဲ။

မွေးနေ့မှာပျော်ရွှင်ပါစေဝမ်။
မင်းက မင်းချစ်ရသူကိုကြည့်ပါ
ငါက မင်းကိုကြည့်နေပါ့မယ်။

#Jully
#Essential_Of_You

Continue Reading

You'll Also Like

263K 1K 30
Just some AO3 shots not mine credit to owner ❤️
58.2K 2.7K 96
for everyone to know this story is just fiction and no truth
23.3K 1.4K 31
The story is about a very prominent Rajput family in Rajasthan, well-known in their village, and they have a large business empire of the jewelry and...
77.8K 6K 16
𝗦𝗵𝗲 𝗜𝘀 𝗧𝗼𝗼 𝗗𝗲𝗹𝗶𝗰𝗮𝘁𝗲 𝗙𝗼𝗿 His 𝗗𝗲𝘀𝗶𝗿𝗲 "Fuck, whenever you're in my arms, I feel like I might crush you. You're so delicate," he...