ON AIR (completed)

By ANKhine

23.4K 4K 2.2K

အထီးကျန်မှုတွေအတွက် ကျနော်ကလမ်းပြပေးမယ့်အလင်းရောင် More

Intro
ON AIR 1
ON AIR 2
ON AIR 3
ON AIR 4
ON AIR 5
ON AIR 6
ON AIR 7
ON AIR 8
ON AIR 9
ON Air 10
ON AIR 11
ON AIR 12
ON AIR 14
ON AIR 15
ON AIR 16
ON AIR 17
ON Air 18
ON Air 19
ON AIR 20
ON AIR 21
On Air 22
disclaimer
On Air 23
ON Air 24
ON AiR 25 (Ending)
new fic

ON AIR 13

744 143 99
By ANKhine

မနေ့က ကောင်လေး၏စကားကိုနားထောင်ကာ အိပ်ခဲ့သဖြင့် ယနေ့တွင် ဂျောင်ကုတစ်ယောက်လန်းဆန်းတက်ကြွစွာဖြင့် အစီအစဥ်မလာခင် တစ်နာရီအလိုကပင်နိုးထလို့နေခဲ့သည်။

ကြမ်းပြင်ထက်တွင် ပုံလို့ကျနေသော အဝတ်အစား တစ်ချို့ကို ကောက်ကာ ဆပ်ပြာရည်ဖျော်ထားသောရေဇလုံထဲသို့ပစ်ထည့်ကာ လျှော်လိုက်သည်။

လျှော်ဖွတ်ပြီးသည်များကို အိမ်ရှေ့ဝရန်တာသို့သယ်ကာ ထွက်ခါကနေရောင်အောက်တွင် ဖြန့်ကာလှမ်းနေခဲ့သည်။

ဂျောင်ကုအားမြင်သွားဟန်ရှိသော အိမ်ရှင်အဒေါ်ကြီးသည် အပေါ်ထပ်သို့မော့ကြည့်ကာ

"ဟဲ့ကောင်လေး... နင်နေကောင်းရဲ့လား... နင့်ကို မနေ့ကမတွေ့လို့ နင်ဘယ်တွေရောက်နေတာလဲ...ပြန်ရောအိပ်ရဲ့လား!!"

အသံကျယ်ကျယ်နှင့် အော်နေသော အဒေါ်ကြီးကို ဂျောင်ကုတစ်ချက်ငုံ့ကြည့်လိုက်သည်။

"နေကောင်းတယ်... ဘာမှမဖြစ်ဘူး... မအားသေးလို့ ဝင်တော့မယ်!!"

ပြောပြောဆိုဆိုနှင့် အဝတ်ထည့်လာသော ကော်ဇလုံကြီး မကာ အခန်းထဲသို့ဂျောင်ကုပြန်ဝင်သွားခဲ့သည်။

"ဟဲ့... ဪ ဘယ်လိုအပေအတေလေးမှန်းကိုမသိဘူး လူကြီးစကားပြောနေရင် နားထောင်ရ ကောင်းမှန်းမသိနဲ့!!"

လျစ်လျူရှုခံလိုက်ရသော အဒေါ်ကြီးသည် မကျေနပ်ကြောင်းမြည်တွန်တောက်တီးကာကျန်ရစ်ခဲ့တော့သည်။

နာရီသို့တစ်ချက်မော့ကြည့်လေတော့ နာရီဝက်အချိန်ရလို့နေသေးသည်။

ရေဒီယိုအားဖွင့်ကာထားလိုက်ပြီး ရေချိုးရန်တစ်ဖန်ပြန်ဝင်သွားလေသည်။

သဘက်ဖြူအစအား ခါးတွင်ပတ်ကာပြန်ထွက်လာလေတော့ ဆယ့်ငါးမိနစ်အချိန်ကျန်လို့နေသေးသည်။

ခပ်ပွပွ အင်္ကျီအနက်တစ်ထည်နှင့် ဘောင်းဘီအပွတစ်ထည်ကို ယူ၍ဝတ်ဆင်ပြီးနောက် အားသွင်းထားသောဖုန်းလေးကိုလည်းဖြုတ်လို့ထားလိုက်သည်။

ဆာလောင်လာသော ဗိုက်၏မြည်သံကြောင့် နာရီကိုမော့ကြည့်ရသေးသည်။ ငါးမိနစ်သာလိုတော့သည့်အတွက် ရုံးလွယ်အိတ်အားမွေနှောက်ကြည့်လိုက်ရသည်။

မည်သည့်အချိန်ကထဲက ရှိနေခဲ့မှန်းမသိရပါသော ကော်ဖီတစ်ထုပ်နှင့် ကွတ်ကီးတစ်ထုပ်ကြောင့် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။

ဖျော်ထားပြီးသော ကော်ဖီခွက်ကိုစားပွဲပေါ်တင်လိုက်ပြီး​နောက် မုန့်ထုတ်ကိုပါဖောက်လိုက်သည်။

ကုလားထိုင်တွင်ထိုင်လိုက်ရင်းမုန့်ကိုပါ အလျင်အမြန်ဝါးစားလို့နေခဲ့သည်။

နာရီလက်တံတို့သည် 7:00 အတိသို့ညွှန်ပြချိန်တွင်ရေဒီယိုအတွင်းမှ တီးလုံးသံသည်လည်းပေါ်ထွက်လို့လာခဲ့သည်။

ရေဒီယိုလေးအား လက်လှမ်း၍အသံဘောလုံးလေးအားလှည့်ကာချဲ့လိုက်သေးသည်။

"မင်္ဂလာပါ..The Next Day ချန်နယ်မှ ကြိုဆိုပါတယ်ဗျ!!"

ပထမဆုံးသော နှုတ်ဆက်စကားကြားရချိန်တွင် ဂျောင်ကုမျက်ခုံးနှစ်ခုသည် အနည်းငယ်ကြုံ့သွားရသည်။

ပြေလျော့စွာထိုင်နေခဲ့သော ခါးတို့သည်လညိး မတ်လို့သွားခဲ့သည်။
နားထဲသို့လက်သန်းလေးဖြင့် ကလော်ကာ နားကြားမှားလေသလားပုံစံဖြင့်ထပ်၍နားထောင်နေလိုက်သည်။

"The Next Day ချန်နယ်ရဲ့ Morning Call အစီအစဥ်လေးကို ကျနော် ပတ်ဂျီမင် မှ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်!!"

"ဟင်... ဒါဆို ကောင်လေးရော... ဆော့ဂျင်ငယ်လေးလေ!!"

ရေဒီယိုထဲမှ ကောင်လေးအသံသည် ချိုသာလွန်းသော်လည်း သူ့ကောင်လေးမဟုတ်ဘူးဆိုသော အသိက ဖုန်းကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားရင်း ရေဒီယိုကြီးအားလည်စောင်းကြည့်ကာ ဘယ်ညာလျှောက်လ်ို့နေခဲ့သည်။

"ပထမဆုံး ဖုန်းခေါ်ဆိုမှုလေးကို စတင်လို့ရပါပြီနော်.. !!"

ကြေငြာသံထွက်လာသော်လည်း ကောင်လေးအသံမဟုတ်သည့်အတွက် ဂျောင်ကု ဖုန်းခေါ်ဖို့ရာ စိတ်မဝင်စားတော့ပေ။

"ကောင်လေးက ဘယ်မှာလဲ!!"

လျှောက်နေရာမှ ရပ်ကာ ရေဒီယိုကိုကြည့်၍မေးလိုက်သည်။

"ကောင်လေးကပြောတော့ နေ့တိုင်းဒီအချိန်ဆို သူရှိနေမှာဆို..!!"

"ပြောလေ... အခုကောင်လေးက ဘယ်မှာလဲလို့!!"

ရေဒီယိုအား မေးနေသည်မှာ လူတစ်ယောက်အားမေးခွန်းထုတ်နေသလိုပင်။

တွေတွေကြီးငေးကာ စိုက်ကြည့်နေရာမှ အသိဝင်လာခဲ့သလို ဖုန်းကိုပြန်ကြည့်လိုက်သည်။
တစ်ဖန်ရေဒီယိုကြေငြာချက်အားနားထောင်လေတော့ နောက်ဆုံး call သို့ပင်ရောက်လို့နေခဲ့သည်။

"ဖုန်းဆက်မေးရမယ်... ဟုတ်တယ်... ကောင်လေးဘယ်မှာလဲဆိုတာ ဖုန်းဆက်မေးရမယိ!!"

9297 ဟူသော နံပါတ်လေးအား ခေါ်ဆိုဖို့အချိန်မကျခင်ကတည်းက ဂျောင်ကုခေါ်နေခဲ့မိသည်။
သို့သော် နောက်ဆုံး call ပိုင်ရှင်သည် ဂျောင်ကုမဟုတ်ခဲ့ပေ။

ထို့ကြောင့် ထိုနေရာမှာတင် ငုတ်တုတ်ထိုင်ချကာ ရေဒီယိုကြီးအား မျက်ရည်လည်ရွဲဖြင့် ငေးကြည့်နေခဲ့သည်။

"ကောင်လေးဘယ်မှာလဲဆိုနေ.... အဲ့တာလေးပဲမေးချင်တာပါကွာ!!"

"ဘာလို့ မေးဖို့အခွင့်အရေးမရှိရတာလဲ!!"

"ကောင်လေးပြောတော့ နေ့တိုင်းရှိနေမှာဆို... ဘာလဲ ကျ​နော့်ကို လိမ်သွားတာလား!!"

ငိုရင်းနှင့်ပင် ပြောနေပြီးကာမှ မျက်ရည်တို့ကို လက်ခုံဖြင့် ဖိပွတ်ကာ သုတ်လိုက်သည်။

"ဟင့်အင်း... ဒါက အိမ်မက်ကြီး... ငါက အိပ်နေတုန်း ဟုတ်တယ်!!"

"နိုးလာရင် ဒါအိမ်မက်ဖြစ်နေမှာ!!"

"ကောင်လေးက ငါ့ကိုစောင့်နေမှာ... ဟုတ်တယ်!!"

"အိပ်ရမယ်... အိမ်မက်က နိုးလာဖို့ ငါအိပ်ရမယ်!!"

အငိုတိတ်သွားသော်ငြားတစ်ကိုယ်ထဲရေရွတ်ရင်း ကုတင်ပေါ်သို့ ကုန်းရုန်းတက်ကာ လှဲချလိုက်သည်။

မျက်လုံးတို့ကို မှိတ်ထားသော်ငြား မပိတ်ထားသေးသော ရေဒီယိုမှ အသံထွက်လာတိုင်း

"ဒါအိမ်မက်ကြီး...ငါအိပ်တော့မှာမို့ တိတ်တိတ်နေကွာ!!"

ထိုကဲ့သို့ဟိန်းဟောက်ကာ ရေဒီယိုကိုပိတ်ချလိုက်သည်။

အိပ်စက်မှုထံတစ်ဖန် တိုးဝင်သွားသော ဂျောင်ကုသည် နိုးထလာလျှင်အိမ်မက်ဖြစ်နေစေဖို့သာ ဆုတောင်းလို့နေခဲ့သည်။

သေချာသည်က ဒီနေ့လည်းဂျောင်ကု ရုံးမသွားဖြစ်တော့ပေ။

ခွင့်မဲ့ရုံးပျက်ရက်များကြောင့် တဒီဒီမြည်နေသောဖုန်းလေးသည် ရုံးမှ လှမ်းဆက်နေရှာသော်လည်းကိုင်မည့်သူမှာ အိမ်မက်ဖြစ်စေရန်ဆုတောင်းရင်းသာအိပ်လို့နေခဲ့တော့သည်။

တစ်ရွေ့ရွေ့နှင့် နာရီလက်တံတို့ရွေ့လျားပြောင်းလဲသွားချိန်တွင် ဂျောင်ကုတစ်ယောက်အိပ်စက်ရာမှ နိုးထလာခဲ့သည်။

မျှော်လင့်တကြီးနဲ့ နာရီအားမော့လို့ကြည့်လိုက်သည်။

မနက်7:00 ဟုတ်မနေခဲ့ပါပဲ နေ့လည် 2:00 သို့သာ ညွှန်ပြလို့ထားသည်။

ခေါင်းငိုက်စိုက်ချကာ ကုတင်ပေါ်တွင်ထိုင်နေရင်း အိမ်ရှေ့တံခါးဆီမှ တဒုန်းဒုန်းနှင့်အတူအော်ခေါ်သံပါထွက်ပေါ်လာသည်။

အသံကြားရုံနှင့် သိနေသောကြောင့် ဖြေးဖြေးချင်းသာ ထ၍ဖွင့်ပေးလိုက်သည်။

"ဟဲ့ကောင်လေး... ဘာစားပြီးပြီလဲ...နင်အလုပ်ပြုတ်လို့တစ်နေ့တစ်နေ့ အိပ်ပဲနေနေတာလား!!"

"......."

"မေးလည်းဖြေမယ့်ဟာလေးမဟုတ်ဘူး... လာ ဒီကို ငါချက်ထားတာတွေပိုနေတယ်... ထမင်းစားချည်!!"

အခန်းဝတွင်ရပ်နေသော ဂျောင်ကုကို လက်မောင်းရင်းမှဆွဲကာ ဝရန်တာတွင် အဒေါ်ကြီးယူလာပုံပေါ်သော ထမင်းစားပွဲလေးက အသင့်ရှိလို့နေသည်။

စားပွဲရှေ့တွင်ထိုင်ခိုင်းပြီးနောက် လက်ထဲသို့ဇွန်းတစ်ချောင်းထိုးထည့်ပေးကာ

"စားစား... များများစား.. အလုပ်ပြုတ်လည်းစိတ်ညစ်မနေနဲ့ ထမင်းတစ်နပ်လောက်တော့ ငါကျွေးနိုင်တယ်...နောက်အလုပ်ရမှ ပြန်ပေးပေါ့!!"

သူထင်ရာသူပြောနေသော အဒေါ်ကြီးသည်တူတစ်စုံကိုကိုင်ကာ ဟင်းများကိုလည်းထည့်၍ပေးနေသေးသည်။

"အဒေါ်ကြီး!!"

"ဟေ!!"

"ဒါတွေက အိမ်မက်တွေမလား... ကျနော်မနိုးသေးဘူးမလား!!"

ဟင်းများပြည့်နေသည့်ဇွန်းကိုကိုင်ထားရင်း အဒေါ်ကြီးမျက်နှာအားကြည့်ကာမေးလိုက်မိသည်။

အဖြေအား ပါးစပ်မှမဖြေခင် ဂျောင်ကုပေါင်ပေါ်သို့ လက်ဝါးတစ်ခုက ဖြန်းကနဲမြည်အောင် ရောက်ချလာခဲ့သည်။

"အား....နာလိုက်တာ!!"

"သိပြီလား အိမ်မက်လား...တကယ်လားဆိုတာ!!"

နာကျင်မှုကြောင့်လား နွေးထွေးမှုကြောင့်လား ကောင်လေးကိုသတိရစိတ်ကြောင့်လားမသိ မျက်ရည်တို့ဝဲတတ်လာကာ ခေါင်းငြိမ့်ပြရင်းနဲ့သာ ပြန်ဖြေနေမိသည်။

"စားစား...များများစား!!"

အဒေါ်ကြီးထပ်ပြောလာလေတော့ ထမင်းတစ်လုပ်အား ပါးစပ်ထဲသို့ထိုးသွပ်လိုက်​တော့သည်။

ဝါးနေဆဲထမင်းလုတ်နှင့်အတူ ကျနေသောမျက်ရည်တို့ကလည်း ဖြိုးဖြိုးဖြိုက်ဖြိုက်ပင်။

"ဒီကလေးနှယ်... ထမင်းစားနေတာကို ဘာလို့ငိုနေရတာတုန်း!!"

ခေါင်းကိုသာ ခါပြနေရင်း ထိုထမင်းနှင့်ဟင်းများကို ကုန်အောင်စားလိုက်တော့သည်။

စား၍ကုန်သွားလေမှ အဒေါ်ကြီးက မေးခွန်းထပ်ထုတ်လာသည်။

"အလုပ်ပြုတ်တာအပြင် အသဲပါကွဲနေတာလား!!"

"နှစ်ခုလုံးမဟုတ်ဘူး... ဒါပေမယ့် သတိရတယ်!!"

"ဟေ... သတိရရင် သွားတွေ့ပေါ့!!"

"သွားတွေ့ဖို့က သူဘယ်မှာလဲ မသိဘူး!!"

"မသိရင် ကြိုးစားရှာပေါ့... ဒီလိုမျိုးကြီူအရုပ်ကြိုးပျက်အိပ်နေလို့ မင်းရှာတွေ့မယ်ထင်နေတာလား!!"

မှန်သည်... အဒေါ်ကြီး၏ ထိုစကားသည်မှနိသည်။
လက်တွေ့ကို ငြင်းဆန်ပြီးနေမည့်အစား ကောင်လေးကို ရှာရမည်။

ထိုင်နေရာမှ ရုတ်တရက်ပြေးထကာ ဖုန်းယူ၍ ပြေးဆင်းတော့မည့်ဂျောင်ကုအား အဒေါ်ကြီးမှ

"ဟဲ့... အရေးကြီးသုတ်ပြာနဲ့ဘယ်တုန်း!!"

"ဟုတ်တယ်.. အဒေါ်ကြီးပြောတာမှန်တယ်!!"

ပြောပြောဆိုဆိုနှင့်သာ ဆင်းသွားသော ဂျောက်ကုကြောင့် အဒေါ်ကြီး နားမလည်နိုင်တော့ပေ။

"ဘာတွေပြောသွားမှန်းလဲမသိဘူး!!"

တီးတိုးစွာရေရွတ်နေစဥိ ဂျောင်ကုသည်အောက်မှလှမ်း၍အော်ပြောသွားသည်။

"ကျ​နော်သူ့ကိုသွားရှာမလို့ အဒေါ်ကြီး!!"

ချက်ချင်းပင်ပြုံးရွင်သွားသော ဂျောင်ကုကို ကြည့်ရင်း အဒေါ်ကြီးလည်းခေါင်းခါရင်းသာကျန်ခဲ့တော့သည်။

"အင်း... ရှာတွေ့ပါစေ ကလေးရယ်!!"

❤K
4.8.2022






zawgyi


























ရေဒီယိုထဲမှ ကောင်လေးအသံသည် ချိုသာလွန်းသော်လည်း သူ့ကောင်လေးမဟုတ်ဘူးဆိုသော အသိက ဖုန်းကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားရင်း ရေဒီယိုကြီးအားလည်စောင်းကြည့်ကာ ဘယ်ညာလျှောက်လို့နေခဲ့သည်။



"ကောင်လေးက ဘယ်မှာလဲ!!"






























"......."






"အဒေါ်ကြီး!!"

"ဟေ!!"




"အား....နာလိုက်တာ!!"



"စားစား...များများစား!!"





















❤K
4.8.2022

Continue Reading

You'll Also Like

1.1M 19.3K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
797K 18.1K 47
In wich a one night stand turns out to be a lot more than that.
417K 10.5K 59
Lady Florence Huntingdon, daughter of the well-known and more importantly, well-respected Earl and Countess Huntingdon is stepping into the 1813 marr...
377K 22.6K 81
Y/N L/N is an enigma. Winner of the Ascension Project, a secret project designed by the JFU to forge the best forwards in the world. Someone who is...