Artist-K's Second Comeback
Mini Albulm နောက်တစ်ချပ်နှင့်အတူ အဖွဲသက်တမ်း ၈လပြည့်တွင် ဒုတိယအကြိမ်မြောက် Comeback ပြုလုပ်လာသည့် Artist-K သည်
အရင်တစ်ခါကထက်ပင်ပိုပေါက်မြောက်နေလေသည်။ သည်တစ်ခေါက်သီချင်းသည် အဆွေးသီချင်းဖြစ်၏။
ချစ်သူ၏ထားခဲ့ခြင်းကိုခံရသည့် ယောက်ျားလေးတစ်ယောက်၏ရင်တွင်းခံစားချက်များကို သီဖွဲ့ထားသည့် အဆွေးသီချင်း။ မြူးကြွသွက်လက်ပြီး နားဝင်လွယ်သည့် Beat တီးလုံးများခေတ်စားရာ Generation Era တွင် ဆွေးမြေ့ဖွယ်တယောသံနှင့် Tempo နေရာ Orchestra တီးလုံးသံလွင်လွင်တို့ဖြင့် တစ်မူကွဲထွက်၍ ပေါင်းစပ်ထားသည့် သီချင်းတစ်ပုဒ်သည် အနည်းငယ်စိန်ခေါ်မှုမြင့်ရာရောက်ခဲ့ပါ၏။
Title ကတော့ "Branch"တဲ့။ မြန်မာလိုဆို "လမ်းခွဲ"ပေါ့။
သို့သော်လည်း ခေတ်ဂီတရေစီးကြောင်းကိုက တီထွင်ဆန်းသစ်မှုကိုကြိုက်သည့်ခေတ်ဖြစ်သည့်အတွက် "Branch" သည် အသစ်တစ်ခုလိုဖြစ်နေသောအခါ ထိုးထိုးဖောက်ဖောက်ကိုပေါက်လေသည်။ Album Sales အားလုံးပေါင်းဆို 700 K+ ထိရောက်ခဲ့ပြီး ခုနှစ်အတွင်း Debut လုပ်သည့်အဖွဲ့ပေါင်းများစွာထဲက Active အဖြစ်ဆုံးနဲ့အပေါက်မြောက်ဆုံးအဖွဲ့တစ်ဖွဲ့ဟုလည်းဆိုနိုင်သည်။
သည်အတိုင်းဆိုနှစ်အကုန်ဆုပေးပွဲများတွင် Rookie award, Best New Artist Award (BNA) တို့ပင်ရနိုင်လေကြောင်း ဖန်တွေကမှန်းဆကြကုန်၏။
ကုန်တိုက်တွေမှာ၊ ကဖေးဆိုင်တွေမှာ၊ မုန့်ဆိုင်တွေမှာ၊ ရုပ်ရှင်ရုံတွေမှာ ကြားနေရတာလည်း ဒီသီချင်း။ အများပြည်သူ Public နေရာများမှာဖွင့်နေတဲ့သီချင်းကလည်း ဒီသီချင်း။ ကိုရီးယားတစ်နိုင်ငံလုံးအသည်းကွဲနေတာများလားဟုပင် SNS ပေါ်မှာစကြနောက်ကြသည်အထိကို Trend တစ်ခုဆောင်နိုင်ခဲ့သည်။
"ထယ်ဆော့....ဘာတွေအဲ့လောက်ကြည့်နေတာလဲ"
ထယ်ဆော့အနား ဒယ်ဟိုရောက်လာသည်။ Music Show ဆီသွားခါနီး မန်နေဂျာရောက်မလာသေး၍ စောင့်နေကြခြင်း။
"အင်း ဒီမှာ ကျွန်တော့်အတန်းဖော်တစ်ယောက် ပွဲဉီးထွက်တော့မယ်ဆိုလို့ ကြည့်နေတာ။ HousePop Entertainment ကလေ"
"သြော် .... အဖွဲ့နာမည်ကဘာတဲ့လဲ"
"FLASH တဲ့"
"မင်းက စီနီယာဖြစ်သွားပြီပေါ့။ အတန်းဖော်ဆိုတော့များများဂရုစိုက်ပေးလိုက်ပါကွာ"
"ဟုတ်"
ထယ်ဆော့ ပုခုံးလေးကိုဖက်ရင်း လက်ထဲကဖုန်းမျက်နှာပြင်ဆီလှမ်းကြည့်မိသည်။ ငါးယောက်။ အဖွဲ့ဝင်ငါးယောက်။ ကိုယ်ကိုယ်တိုင်ကခက်ခက်ခဲခဲ ပွဲဉီးထွက်ခဲ့ရတာမို့ ပွဲဉီးထွက်လာသမျှအဖွဲ့တိုင်းကိုရော ပွဲဉီးထွက်ဖို့အသည်းအသန်ကြိုးစားနေတဲ့သူတွေကိုရော အားလုံးကိုလေးစားသည်။
ဟင်။ သူလား။ ငါအမြင်မှားတာလား။
"ခဏ"
ထယ်ဆော့ဆီကဖုန်းကိုယူလိုက်ပြီး အနီးကပ်ကြည့်လိုက်၏။ မမှား။ လုံးဝမမှား။ သူမှသူအစစ်။ နောက်ဆုံးတော့သူပွဲဉီးထွက်ခဲ့ပြီးပေါ့။
"Hyung....ဘာလို့်လဲ။ ဘယ်သူမို့လို့လဲ"
ဒယ်ဟို့မျက်နှာသည်အကြီးအကျယ်ပျက်ယွင်းနေသည်။ ကြောက်သွားမိတာလား။ မဟုတ်သေး အံ့သြမိသွားတာဆိုပိုမှန်မည်။ မဆီမဆိုင် ဘာလို့ဒီလောက်တောင်တုန်လှုပ်မိသွားရတာလဲ။
"ဘယ် ဘယ်သူမှမဟုတ်ပါဘူး။ လူမှားတာ"
ထယ်ဆော့ကလည်းထပ်မမေး။ ဒယ်ဟို ကိုယ့်ကိုယ်ကိုယ် တစ်ခုခုတော့ပြန်သုံးသပ်ဖို့လိုပါပြီ။ ကိုယ့်မှာအမှားမှမရှိတာ ကြောက်နေဖို့ရော စိတ်မသန့်သလိုခံစားနေဖို့ရော လိုလို့လား။ အခု ကိုယ်ဟာ သူနဲ့တစ်ဖွဲ့တည်းထွက်ဖို့ ဖြစ်ခဲ့တဲ့သူမဟုတ်တော့ဘူး။ သူ့စိတ်တိုင်းကျ နှိမ်နှိမ်ချိုးချိုးတွေအပြောခံမယ့်သူလည်းမဟုတ်တော့ဘူး။
ကိုယ့်အဖွဲ့နဲ့ကိုယ်။
တစ်လမ်းတည်းလျှောက်တဲ့သူတြွေဖစ်လာပြီဆိုတော့ တစ်ချိန်ချိန်မှာတော့တွေ့ရမှာ။ ကိုယ်ကအရင်ပွဲဉီးထွက်ထားတဲ့စီနီယာ။ ကိုယ့်မှာထိန်းသိမ်းရမယ့်ပုံရိပ်တွေအများကြီး။ မန်ဘာညီလေးတွေရဲ့ရှေ့မှာ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ပုံရိပ်၊ အဖွဲ့ရဲ့မန်ဘာဝင်တစ်ဉီးရဲ့ပုံရိပ်တွေကအစ ထိန်းသိမ်းရမည်။
"Hyung.... မန်နေဂျာကိုဖုန်းဆက်ကြည့်ပါဉီး"
ယောင်းမင်းရောက်လာတော့မှ သတိပြန်ဝင်လာပြီး ဖုန်းကိုထုတ်သည်။
"အချိန်နီးနေပြီ။ ခုထိရောက်မလာသေးဘူး"
"အင်းလေ.... သွားဖို့နီးနေပြီကို"
ကုမ္ပဏီမှာအဖွဲ့ဝင်တွေပင်အကုန်စုမိနေကြပြီ။ မန်နေဂျာကမရောက်သေး။ ကိုယ်ကအကျိုးအကြောင်းတော့လှမ်းပြောပြထားရအောင်လည်း မန်နေဂျာကဘယ်ရောက်နေမှန်းမသိ။ သူများအဖွဲ့ရောက်ရင်ကိုယ်လည်းရောက်ရမှာပေါ့။ ကိုယ့်အလှည့်ရောက်လို့မှ ကိုယ်မရောက်သေးရင် နာမည်ပျက်တာပေါ့။
ညီညီတို့ပြောချင်နေတာကြာပြီ။ မန်နေဂျာက နောက်ကျတတ်တာ ခုမှမဟုတ်။ ခုတလောအချိန်နောက်ကျတာတွေ အကြိမ်ရေများလာသည်။ CEO မျက်နှာသာပေးထားတဲ့သူမို့လို့သာ ဒီလောက်သည်းခံနေတာ။
မန်ဘာတွေကိုလည်း တအားဆူသည်။ တစ်ခါတလေဆဲတောင်ဆဲသည်။ အဲ့လိုအချိန်မျိုးဆို ဒေါသထွက်ဖို့ကောင်းသည်။
လူတကာရဲ့ဖူးဖူးမှုတ်ခံထားရတဲ့အချစ်ခံတြွေဖစ်နေပြီး ဘာမဟုတ်တဲ့သူရဲ့အဆဲဆိုခံရတာလောက် နာဖို့ကောင်းတာမရှိ။ လေ့ကျင့်နေချိန် ပင်ပန်းလွန်းလို့နားတာကိုဆူတာထား။ သူ့တာဝန်ပဲလေ။ တကယ်ကိုစည်းစနစ်ကျ တိကျမှန်ကန်ပြီး စီမံခန့်ခွဲမှုဆိုင်ရာအရည်အချင်းအပြည့်ရှိတဲ့မန်နေဂျာမို့လို့ အဆူခံရတာဆိုလည်း ထား။ ကိုယ်တွေကိုလမ်းကြောင်းပေးလို့ ကျေကျေနပ်နပ်ကြီးကိုအဆဲခံဉီးမည်။
ခုကအဲ့လိုမှမဟုတ်တာ။ သူခုလိုနောက်ကျတာကိုပြောကြည့်ပါလား။ အကြောင်းပြချက်မျိုးစုံနဲ့ဆင်ခြေပေးဉီးမှာ။ CEO ကိုကျဖားလိုက်ယားလိုက်တာ။ သူ့ကလေးတွေကိုကျနောက်ကွယ်မှာနိုင်စားပြနေတာ။ Artist-K က CEOရဲ့အချစ်တော်ငွေတွင်းမှန်းမသိသေးပုံပဲ။
အပြန်အလှန်လေးစားမှုမရှိဘဲ ရှေ့တစ်မျိုးကွယ်ရာတစ်မျိုးလုပ်တတ်သည့် မန်နေဂျာကိုပြောင်းပေးဖို့ တစ်ရက်ရက်တော့တောင်းဆိုရပါဉီးမည်။
"Taxi နဲ့သွားကြမလား"
"ရှီးတော့"
(မသွားဘူး)
မန်နေဂျာအကြောင်းကိုသိနေ၍ အဆူမခံချင်
သည့် ယောင်းမင်းကငြင်းသည်။ ညီညီတို့လည်းဘယ်သွားချင်ပါ့မလဲ။ ကိုယ့်ဘက်ကအဆုံးထိစောင့်ပြီးပြီပဲ။ တစ်ခုမဟုတ်တစ်ခုကတော့လုပ်ကြည့်ရမှာပင်။
"ဇေ့ကိုဆက်ကြည့်ဉီးမယ်"
ဇေ့ကိုဖုန်းဆက်တော့ ဇေကလည်း "Nightingale" နှင့်မို့လာလို့မရဟုဆို၏။
ဟုတ်သား မေ့နေတာ။ မေမေ့ကုမ္ပဏီကသူပဲ သူ့ကုမ္ပဏီကလူကိုလိုက်ပို့ရမှာပေါ့။ မိန်းကလေးအဖွဲ့နှင့်ယောက်ျားလေးအဖွဲ့သာအတူထွက်လာတာမြင်ကြရင် အတော်ပွဲဆူသွားမှာ။ ထို့ကြောင့်ဖန်တွေစိတ်တိုစေမည့်အဖြစ်မျိုး Idol တိုင်းကဝေးဝေးကရှောင်ကြပါသည်။
သို့သော် ဇေ့ကြောင့်ပင်အသက်ရှူချောင်ခဲ့ပါသည်။
"ဇေကကားတစ်စီးပို့လိုက်မယ်တဲ့။ ကျွန်တော်ကားမောင်းတတ်တယ်။ ကျွန်တော်မောင်းမယ်"
"ဂျင်ဂျား"
(တကယ်လား)
"အင်း"
"ဝါး... တကယ်ပဲ Eagle ရာ...မင်းလူရောဟုတ်ရဲ့လား။ မလုပ်နိုင်တာဘာရှိသေးလဲ....အဟက်ဟက်"
ရွှေဇွန်းကိုက်ယောင်းမင်းနဲ့ဆိုးချန်က မမောင်းတတ်ဘူးတဲ့လေ။ သင်တန်းသားဘဝနဲ့ပဲအချိန်ကုန်ခဲ့ရတော့ ကားမောင်းသင်ဖို့အချိန်မရှိခဲ့ဖူးတဲ့။ ကျန်တဲ့သူတွေထဲ အစ်ကိုဒယ်ဟိုကတော့ ပစ္စည်းပို့တဲ့အလုပ်လုပ်တုန်းကမောင်းခဲ့ဖူးပေ
မယ့် ကြာပြီမို့လို့မရဲဘူးတဲ့။ အဲ့တော့ညီညီ့တာဝန်သာ။
"ဒါဆိုအဲ့လိုပဲလုပ်ကြတာပေါ့"
မကြာခင်ပင် ကားတစ်စီးရောက်လာပါသည်။ ထိုအချိန်အထိမန်နေဂျာရောက်မလာသေး။ သူ့ကိုကျော်လုပ်တယ်ဖြစ်မှာစိုး၍ အဆုံးစွန်ထိစောင့်ခဲ့ပါသော်လည်း ကိုယ့်ဘက်ကတာဝန်ကျေခဲ့ပြီ။ ကားမောင်းလာပေးသူကို Taxi နှင့်ပြန်စေပြီး ညီညီမောင်းသည့်ကားပေါ်တွင် မန်ဘာတွေလိုက်ပါလျက်။
........
Music Show ရှိရာသို့အနည်းငယ်နောက်ကျပြီးမှရောက်သွားသည်။ အပေါက်ဝမှာ ထုံးစံအတိုင်း အဖွဲ့ပေါင်းစုံရဲ့ဖန်တွေစောင့်နေ၏။ နေ့ဘက်ကြီးတောင်ကင်မရာမီးတွေတဖြတ်ဖြတ်နဲ့။ ဆိုင်းဘုတ်တွေ၊ ဘုတ်ပြားတွေ၊ Lightstick တွေကိုင်လို့ Idol နဲ့တွေ့ရဖို့စောင့်နေကြတာ။
ညီညီ လုံခြုံရေးတစ်ယောက်ကိုကားပါကင်ထိုးခိုင်းလိုက်ပြီး လျှောက်လှမ်းကနေတဆင့် ဝင်ခဲ့သည်။
"Arrrr.... Artist-K!!!"
"ဆိုး....ချန်း.....ရား"
"X.Brand....X.Brand"
နာမည်အသံတွေရောထွေးနေကြသည်။ ဆိုးချန်ကိစ္စပြီးသွားသည့်နောက်ပိုင်းမှာ ပက်ခ်ဆိုးချန်အပါအဝင် Artist-K သည်အရင်ကထက်နာမည်ပိုကျော်လာသည်။ ဆိုးချန်၏အဘိုးကုမ္ပဏီဘက်က တမင်ချောက်ချလိုသည့်အကြံဖြင့် ပုံတွေတက်လာစေခဲ့ကြောင်းကိုဖော်ထုတ်ပြီး နောက်ကွယ်ကလူကိုပါ တစ်နိုင်ငံလုံးကိုချပြပစ်ခဲ့သည်။
ထိုအခါအထင်လွဲမှုအားလုံးပျောက်ကာ Artist-K ကိုအရင်ကထက်ပိုချစ်လာကြသည်။
တဖြည်းဖြည်း Flowers Fandom ကြီးသည် ကြီးသထက် ကြီးလာခဲ့ပေပြီ။
ထိုနေ့က Artist-K သည် "Branch"သီချင်းနှင့် ခုနစ်ခါမြောက် Win ခဲ့ပါသည်။
..........
"ဒုန်း
"တော်တော်ဂြိုဟ်မွှေတဲ့ကောင်တွေ။ ငါ့ကိုဘာလို့ကျော်လုပ်တာလဲပြောစမ်း....မင်းတို့ကလူတတ်ကြီးတွေလား....ဟမ်"
Artist K အဆူခံထိနေရပြီ။ အကြောင်းရင်းကတော့ထင်ထားသည့်အတိုင်း သူ့ကိုမပြောဘဲ Music Show ကိုသွား၍တဲ့။ CEO က မန်နေဂျာကိုပြင်းပြင်းထန်ထန်ခေါ်ဆူလိုက်တော့ ဒေါသတွေညီညီတို့အပေါ်လာပုံချနေတာ။
အဆူခံသင့်တာပဲ။ သူ့ဘာသာမူးနေတဲ့သူကို
စောင့်နေရင် ညီညီတို့သွားရမှာကိုမဟုတ်။ ဖုန်းဆက်လို့ရခဲ့လို့လား။ အကျိုးအကြောင်းသိခဲ့ရလို့လား။ အသိပေးပြီးမှသွားတာ တာဝန်မကျေတဲ့သူတပြန်ကြီးပြန်ဟစ်လို့ရရိုးလား။ ကိုယ်တွေကျအချိန်မတိကျရင်အော်လိုက်ငေါက်လိုက်နဲ့ ဒီအချိန်မှာဒါလုပ်ရမယ်ဆိုတာသိနေရင်း အရက်သောက်မိစရာလိုလို့လား။ သူ့အမှားထောက်ပြရင်လာပြန်ဉီးမယ် ကလေးအကွက်တွေ။
"အဲ့လောက်တောင်အရမ်းအောင်မြင်ချင်နေလား။ အဲ့ ရှိုး မသွားရလို့မင်းတို့နာမည်ပျက်သွားမှာမို့လို့လား။ အခြေအနေတစ်ခုကြောင့်မလာဖြစ်ဘူးလို့ပြောရင်ရနေတယ်ပဲမလား"
"အောင်မြင်ချင်တာပေါ့။ ခင်ဗျားမေးနေစရာတောင်မလိုဘူး"
ချောင်ဟီးဆီကစကားထွက်လာသည်။
"အောင်မြင်ချင်လို့မှ အချိန်တွေအများကြီး ရင်းနှီးခဲ့ရတာ။ ခင်ဗျားလိုလူကြောင့်နဲ့ ကျုပ်တို့အိပ်မက်အပျက်မခံနိုင်ဘူး။ ကျုပ်တို့ idol ဖြစ်အောင်ကြိုးစားခဲ့တာကလည်း ခင်ဗျားဆူတာခံရဖို့မဟုတ်ဘူး။ ခင်ဗျားမှာပြောပိုင်ခွင့်လည်းမရှိဘူး"
ညီညီတို့လည်း ကိုယ့်အမှားမဟုတ်ဘဲအဆူခံနေရတာကိုဒေါသထွက်ပေမယ့် မြိုသိပ်ထားရတာ။ စိတ်ဆတ်သူပီပီ ချောင်ဟီးရဲ့စကားကြောင့် မန်နေဂျာက မဲရွဲနေသည့်မျက်နှာနှင့်အနားကပ်လာလေ၏။
"မင်းကဘာလဲ။ ငါကမင်းတို့ထက်အသက်အများကြီးကြီးတယ်နော်။ Idol လုပ်နေပြီးရိုင်းနေတာ ဖန်တွေသိရင်မင်းသေသွားလိမ့်မယ်"
"ခင်ဗျားကရော ဘာလဲ။ အသက်ကြီးပြီးစဉ်းစားနိုင်စွမ်းမရှိတာလား။ Idol မန်နေဂျာလုပ်နေပြီး Idol ကို ဂရုမစိုက်ဆူဆဲမာန်ကြိမ်းလုပ်နေတာ ဖန်တွေသိရင် ခင်ဗျားတင်မဟုတ်ဘူး။ ခင်ဗျား တစ်မိသားစုလုံး ဘဝပျက်သွားလိမ့်မယ်"
"ဘာ....မင်း"
"ချောင်ဟီး တော်တော့"
အစ်ကိုဒယ်ဟိုက ချောင်ဟီးရင်ဘတ်ပေါ်လက်အုပ်၍တားသည်။ တစ်ယောက်မှစိတ်အခြေအနေကောင်းနေကြတာမဟုတ်ပေ
မယ့် အတတ်နိုင်ဆုံးစိတ်ကိုထိန်းချုပ်နေရခြင်းသာ။ ဒီလိုသာဆက်ပြီးပြောနေမယ်ဆိုရင် ခြောက်ယောက်တစ်ယောက်ဖြစ်သွားနိုင်သည်။
"မပြောချင်လို့ကြည့်နေတာကြာပြီ။ ခင်ဗျားမှာဒီလိုပြန်ပြောခွင့်မရှိဘူးထင်တယ်။ ကျုပ်တို့ကြောင့်ခင်ဗျားပိုက်ဆံရနေတာမဟုတ်ဘူးလား။ ကျုပ်တို့ကို မစော်ကားနဲ့"
"ဟားဟားဟားဟား နေဉီး နေဉီး....အဲ့စကားကိုထပ်ပြောပေးစမ်း.....ငါအသံသွင်းထားမလို့။ မီဒီယာတွေဆီဖွင့်ချပြီး အရမ်းတွေတော်လှပါရဲ့ဆိုတဲ့ Artist-K ရဲ့စိတ်ဓာတ်ကဒီလိုပါဆိုတာ အများသိအောင်လုပ်ပေးလိုက်မယ်။ မင်းတို့ရဲ့တက်လမ်းမှန်းမျှပိတ်ပစ်မယ် နားလည်လား။
ဟွန်...မင်းတို့ကိုယ် BTS လိုကမ္ဘာကျော်မှတ်နေလား"
"သွင်းချင်တယ်ဆိုလည်းသွင်းထားလေ။ ခင်ဗျားအကြောင်းတွေပါတစ်ခါတည်းဖော်ပေးရတာပေါ့။ အချိန်အမြဲနောက်ကျတာ၊ ဖုန်းအကောလ်ပေါင်းများစွာခေါ်တာတောင်မကိုင်တာ၊ နောက်ဆုံးအထိစောင့်ခဲ့တာတောင်ရောက်မလာတာ၊ အရင်ကတည်းကကြုံရင်ကြုံသလိုတာဝန်ပျက်ကွက်တာ၊ အားရင် ကျုပ်တို့ကိုဆဲတာ အဲ့အကြောင်းတွေပါ ဖော်ပေးရတာပေါ့။ ဘယ်သူကပိုရှုံးမယ်ထင်လဲ။ BTS လို ကမ္ဘာကျော်မဟုတ်လို့ပေါ့။ ကမ္ဘာကျော်သာဆိုရင် ခင်ဗျာယလိုလူမန်နေဂျာဖြစ်လာစရာအကြောင်းကိုမရှိဘူး။ ကျွန်တော်တို့က ကမ္ဘာကျော်မဟုတ်ပေမယ့် ဘာလဲသိလား။ Super Rookie Moonstar တွေလေ"
"တောက်စ်"
"ခင်ဗျားပြောလိုက်တဲ့စကားတွေကြောင့်ပဲ ကျွန်တော်တို့လမ်းကပြတ်သွားပြီ။ ခင်ဗျားကပဲစပြီးမီးနီပြလိုက်တာ။ ဒါ့ကြောင့် ဒီနေ့ကစပြီးခင်ဗျားလာစရာမလိုတော့ဘူး။ ကျုပ်တို့ခင်ဗျားကို မန်နေဂျာအဖြစ်ကနေ အလုပ်ထုတ်တယ်"
အစ်ကိုဒယ်ဟိုကပါဝင်ပြောသည်။
"ဟင်းဟင်း လုပ်လေ။ ငါ့ကိုခန့်ထားတာမင်းတို့မဟုတ်ဘူး။ မင်းတို့မှာထုတ်ပိုင်ခွင့်မရှိဘူးကွ"
ညီညီတို့လည်းငြိမ်မနေသင့်တော့။ ငြိမ်နေခဲ့လို့ ရောင့်တက်ခံရတာမလား။ Artist-K လိုအပ်နေတာ Artist - K ရှေ့ဆက်ဖို့အတွက် ကောင်းကောင်းထိန်းချုပ်လမ်းညွှန် စီမံပေးနိုင်တဲ့ မန်နေဂျာကောင်းတစ်ယောက်။ ကိုယ်ကျင့်တရားမကောင်းတဲ့သူမဟုတ်။
CEO ကမျက်နှာသာပေးတယ်ဆိုရင်တောင် သူ့ကလေးတွေလောက် မျက်နှာသာပေးမလားကြည့်ရတာပေါ့။ ထင်းချောင်းတွေများရင် ဘယ်သူမှမချိုးနိုင်ပါဘူး။
"ဒါဆိုကြည့်ကြည့်လိုက်လေ။ အဆုံးထိသွားကြတာပေါ့"
ထိုနေ့ချင်းပဲ CEO ကိုအကြောင်းစုံတင်ပြပြီးနောက်အနိုင်ရသည်က ညီညီတို့ပင်ဖြစ်လေသည်။ ကလေးတွေမျက်နှာ တစ်ကမ္ဘာဉီးစားပေးသည့် CEO ကြောင့် ကုမ္ပဏီရွေးမှန်သလို ခံစားရသည်။ Idol ရယ်လို့ဖြစ်လာရင် ကိစ္စကိုအစုံကိုကြုံရတာပါလားဟု တွေးမိသည်။
လစ်လပ်သွားသည့် မန်နေဂျာနေရာ လျှောက်သူတွေအများကြီးမို့ အလုပ်တွေပင်မအားသည့်ကြားက မန်ဘာတွေကိုယ်တိုင် စိစစ်ရသည်။
တစ်ခါသေဖူးပျဉ်ဖိုးနားလည်ဆိုသလို မန်နေဂျာဆိုးနဲ့ထပ်မကြုံရအောင် သေချာရွေးရသည်။ အချိန်တော့အရမ်းကြာလို့မဖြစ်ပေ။
နှစ်ကုန်ဆုပေးပွဲမတိုင်ခင်တော့ မန်နေဂျာတစ်ယောက်တော့ရမြှဖစ်မှာမို့။
........
#Thurein
June 8 2022 10:03 AM