💜စေတန်ရဲ့သတို့သမီး💜
အပိုင်း(၁၉)
💜💜💜💜
"အဖွား..လူမှားနေပြီထင်တယ်..ကျွန်တော့်နာမည်
ချမ်း..မဟုတ်ဘူး..."
"ဟင်...."
အရှေ့မှာ..ရပ်နေတဲ့..လူငယ်လေးစကားကြောင့်
ဒေါ်ငြိမ်းလှအံ့ဩသွားရသည်။တူလိုက်တာ.တစ်ကယ်ကို
တူတာပဲ..ချမ်းက..ငယ်ရုပ်မပျောက်ဘူးဆိုုတဲ့
အတွေးနဲ့ဝမ်းသာအားရလှမ်းခေါ်လိုက်မိသည့်
အထိတူလွန်းနေတာ..မျက်ခုံး၊မျက်လုံးတွေတူရုံ
သာမက..မေးစေ့အလယ်က..မေးချိုင့်လေးက..
အစတူနေတာ..
"တောင်းပန်ပါတယ်..သားရယ်..အဖွားကလေ...
အဖွားမြေးလေးနဲ့တူနေလို့..လူမှားသွားတာပါကွယ်..."
"ရပါတယ်ဗျာ.."
နေ..ဟန်မပျက်ပြောလိုက်မိပေမဲ့...အရှေ့က..
အမျိုးသမီးကြီးကိုလူစိမ်းတစ်ယောက်လို..ခံစား
မနေရတာ..ကိုယ့်ကိုကိုယ်သိသည်။အထူးသဖြင့်.
နေနဲ့..ရင်းနှီးနေသလိုခံစားနေရတဲ့...ချမ်းဆိုတဲ့
အဲ့ဒီ့နာမည်..
အတွေးတွေနဲ့ရူပ်သွားရကာ..ခေါင်းထဲမိုက်ကနဲ
ဖြစ်သွားတော့..နေခြေထောက်တွေ..ယိုင်ခနဲ.
ဖြစ်သွားရသည်။
"boss...ရရဲ့လား.."
နေ့ရဲအရိပ်အကဲကိုကြည့်နေတဲ့..ဇ,ကချက်ချင်းပင်
အနားကိုရောက်လာသည်။နေ..ဇ,ကိုလက်ကာ
ုပြလိုက်ပြီး. ...
"ခွင့်ပြုပါဦး..အဖွား..."
ထိုအမျိုးသမီးကြီးကို.နူတ်ဆက်ပြီး...နေ...လှမ်း
ထွက်လာခဲ့ချိန်..ခေါင်းထဲမှာ..တဆစ်ဆစ်ထိုးကိုက်
နေတဲ့..ဝေဒနာက..အခံရခက်လွန်းလှသည်။
"လောကကြီးမှာ..နာမည်တူမရှား၊လူတူမရှားဆိုတာ
တစ်ကယ်ကိုမှန်ပါလား.."
လှမ်းထွက်သွားတဲ့.လူငယ်လေးရဲ့ကျောပြင်ကို
ငေးကြည့်ရင်း..ဒေါ်ငြိမ်းလှခပ်တိုးတိုးရေရွတ်
လိုက်မိသည်။
"ချမ်းတစ်ယောက်ရော..အခုဆိုဘယ်မှာများ...
ရှိနေပါလိမ့်...."
💜💜💜
အသင်..ရုံးဆင်းလာခဲ့တော့..ကားနားမှာရပ်စောင့်နေတဲ့
ဇ,ကိုမြင်လိုက်ရသည်။
"မမလေး..."
ဇ,ကအသင့်ကိုမြင်တာနှင့်..နောက်ခန်းတံခါးကို
ဖွင့်ပေးသည်။အသင်..ကားထဲကိုလှမ်းကြည့်လိုက်ပေမဲ့
သူ့ကိုမတွေ့ပေ..
"ကိုနေကုဋာရော..."
"bossက..နေမကောင်းလို့..ရုံးအစောကြီးဆင်းပြီး
စံအိမ်ကိုပြန်သွားတယ်..မမလေးကိုကြိုဖို့...ကျွန်တော့်ကို
လွှတ်လိုက်တာပါ..."
"သူနေမကောင်းဘူးလား..."
အသင်စိုးရိမ်သွားရသည်။
"မမလေး..ဘယ်သွားဦးမလဲ...ကျွန်တော်ဘယ်ကို
ပို့ပေးရဦးမလဲ..."
အစက..အသင်ဆေးရုံမှာအဖွားကိုသွားတွေ့မလို့
လုပ်ထားပေမဲ့..ရုံးဆင်းခါနီးမှ..အဖွားက..ဒေါ်စိုးရဲ့
မိသားစုတွေရောက်လာတာကြောင့်..ရိပ်သာကိုပြန်
သွားပြီဆိုပြီး..ဖုန်းဆက်လာတာကြောင့်သွားစရာ
မလိုတော့ပေ...
"အသင်..ဘယ်မှမသွားတော့ဘူး...."
"ဟုတ်ကဲ့..."
အသင်ကားပေါ်တက်လိုက်တာနှင့်..ကားလေးက
မောင်းထွက်လာခဲ့တော့သည်။
💜💜💜💜
"သက်သာရဲ့လား..သခင်လေး..."
အန်ကယ်ဂျိမ်းရဲအမေးကို..နေခေါင်းငြိမ့်ရုံ..အဖြေ
ပေးလိုက်ကာ..ဆေးကုန်သွားတဲ့..ဆေးထိုးအပ်ကို
လက်ဖျံကနေဆွဲနူတ်လိုက်သည်။
"ဦးထွန်းမြတ်ကိုလာမကြည့်ခိုင်းလို့ရောဖြစ်ရဲ့လား"
"ရတယ်..အန်ကယ်..စိတ်မပူပါနဲ့..."
စိတ်မပူပါနဲ့ဆိုတဲ့..မျက်နှာက..ဖြူဖျော့နေတာကို
မြင်ရတာ.ဂျိမ်း..တစ်ကယ်စိတ်မကောင်း......
သခင်လေးအဲ့လို..ခေါင်းကိုက်ဝေဒနာကို..အပြင်း
အထန်ခံစားရတဲ့အခါတိုင်း....ဂျိမ်း..အရမ်းခံစား
ရသည်။
"ကျွန်တော်..ခဏလောက်အိပ်ချင်တယ်..."
"နားပါ..သခင်လေးနေမှမကောင်းတာ..စောစော
အနားယူမှဖြစ်မှာပေါ့..."
ဂျိမ်း..အလိုက်တသိနှင့်..အခန်းထဲကထွက်သွားရန်
ပြင်လိုက်သည်။
"အန်ကယ်..."
အခန်းတံခါးနားထိရောက်သွားတဲ့..ဂျိမ်း..နေ့
ခေါ်သံကြောင့်..အနောက်ကိုပြန်လှည့်လာသည်။
"သခင်လေး..ဘာပြောစရာများရှိလို့လဲ.."
"ကျွန်တော့်မှာ..နေကုဋာဆိုတဲ့နာမည်အပြင်...
တခြားနာမည်တစ်ခုခုများ..ရှိခဲ့သေးလား..."
"ဗျာ..."
အာမေဋိတ်သံပင်ထွက်သွားရတဲ့..ဂျိမ်း...သခင်လေး
နားကိုပြန်လျှောက်လာမိတော့..သခင်လေးက..
ဂျိမ်းကိုမော့ကြည့်လာသည်။
"ဒီနေ့..မိန်းမကြီးတစ်ယောက်က..ကျွန်တော့်ကို
လူတစ်ယောက်နဲ့မှားပြီး..ခေါ်ခဲ့တာ..အဲ့ဒီလူနာမည်က
ခ်မ်းတဲ့..."
သခင်လေးနူတ်ကထွက်ကျလာတဲ့စကားကြောင့်
ဂျိမ်း..ခြေထောက်တွေယိုင်ခနဲဖြစ်သွားရသည်။
ဒါပေမဲ့....ခံစားနေရတဲ့ဝေဒနာနှင့်ရင်ထဲက..ဇဝေဇဝါ
ခံစားချက်တွေရောထွေးနေတဲ့..နေကတော့...
ဂျိမ်း..အမူအယာပျက်သွားတာကို..မရိပ်မိလိုက်ပါချေ..
"ဘာ့ကြောင့်မှန်းမသိဘူး..ကျွန်တော်အဲ့ဒီ့နာမည်နဲ့
ရင်းနှီးနေသလိုခံစားရတယ်..ပြီးတော့..အဲ့ဒီ့...
အမျိုးသမီးကြီးကိုရောပဲ..."
ဂျိမ်း..ဘာမှဝင်မပြောမိ..ထိုအခါ..သခင်လေးထံက
သက်ပြင်းချသံခပ်သဲ့သဲ့ကိုကြားလိုက်ရသည်။
"သခင်လေးသိရဲ့သားနဲ့..လောကကြီးမှာက..နာမည်တူ
မရှား..လူတူမရှားလေ..ပြီးတော့..ကျွန်တော်..
သခင်လေးငယ်စဉ်ထဲက..သခင်လေးကိုစောင့်ရှောက်
လာတာ..သခင်လေးမှတ်ညဏ်တွေမပျောက်ခင်
အထိ..သခင်လေးမှာ..အရင်းနှီးဆုံးမိသားစုဝင်ဆိုလို့
သူဌေးကြီးနဲ့..ကျွန်တော်ပဲရှိတာပါ..."
"ဟုတ်ပါတယ်လေ...ကိုယ့်ကိုမွေးခဲ့တဲ့..မိခင်ရဲ့
မျက်နှာကိုတောင်..စိတ်ကူးနဲ့ပုံဖော်မကြည့်နိုင်တဲ့..
ကျွန်တော်လိုလူရဲ့..မှတ်ညဏ်ထဲမှာ..ထင်ယောင်
ထင်မှား...ဖြစ်နေတာတွေပဲဖြစ်မှာပါ.."
"သခင်လေး.."
ဂျိမ်း..ဟန့်တားသလို..ခေါ်လိုက်မိလျှင်..နေက..
ယဲ့ယဲ့ပြုံးသည်။
"အန်ကယ်သွားလို့ရပြီ..."
ပြောရင်း..နေ..ကုတင်ပေါ်လှဲချကာ..မျက်ဝန်းတွေ
မှိတ်ထားလိုက်မိသည်။ဂျိမ်း..သခင်လေးကို....
ခဏမျှရပ်ကြည့်နေမိပြီး..သက်ပြင်းချကာလှည့်
ထွက်လာမိသည်။
"ကျွန်တော့်ကို..ခွင့်လွှတ်ပါ..သခင်လေးရယ်..."
စိတ်ထဲကနေ..တောင်းပန်စကားဆိုလိုက်မိရင်း...။
💜💜💜💜
"သူအရမ်းနေမကောင်းဖြစ်နေတာလား..မသိဘူး.."
အသင်..အိမ်ပြန်ရောက်ကထဲက..သူ့ရဲ့အရိပ်အယောင်ကို
မတွေ့ရသေး......ညစာဆင်းစားတော့လဲ..တစ်ယောက်ထဲ
အန်ကယ်ဂျိမ်းကို..သူ့အခြေအနေဘယ်လိုလဲ..
မေးကြည့်ချင်ပေမဲ့..ကိုယ့်ကိုမနှစ်မြို့တာကို..
သိနေတော့လဲ..မမေးချင်ပေ...
"ဘန်ကောက်မှာလို..ခေါင်းတွေအရမ်းကိုက်ပြီး
အဖျားတက်နေရင်ဘယ်လိုလုပ်မလဲ..ဒီအထပ်မှာက
သူနဲ့ငါ..နှစ်ယောက်ထဲနေတာ..တော်ကြာ..တစ်ယောက်
ယောက်ကို..လှမ်းမခေါ်နိုင်လောက်အောင်..နေမကောင်း
ဖြစ်နေတာဆို..ဒုက္ခပဲ..."
ကိုယ့်ဟာကိုယ်....ရှာကြံပူပန်နေမိပြီး..အသင်..
နေလို့မရတော့...
သူ့အခြေအနေကိုသိချင်တာကြောင့်..အခန်းထဲက
ထွက်လာခဲ့သည်။သူ့အခန်းရှေ့ကိုရောက်တော့..
"ဒေါက်..ဒေါက်..."
အခန်းတံခါးကိုခေါက်လိုက်ပေမဲ့...ခဏကြာသည်
အထိ..ဘာတုံ့ပြန်မူ့မှမရှိ....အသင်..logမချထားတဲ့
အခန်းတံခါးကို..ခပ်ဖြေးဖြေးဖွင့်လိုက်ကာ..သူ့
အခန်းထဲကို..ဝင်လာခဲ့သည်။
"ဟင်း..တော်ပါသေးရဲ့ "
ကုတင်ပေါ်မှာ..အိပ်မောကျနေဟန်တူသည့်..
သူ့ကိုမြင်လိုက်ရမှ..အသင်သက်ပြင်းချနိုင်တော့သည်။
ဒါတောင်..စိတ်မချနိုင်သေးပဲ..မွေ့ယာပေါ်ခပ်ဖြေးဖြေး
ထိုင်ချလိုက်ကာ..သူ့နဖူးကိုဖွဖွစမ်းကြည့်လိုက်
သည်။
"ကိုယ်လဲမပူပါဘူး...အိပ်ပျော်နေတာပဲ..ဖြစ်မှာပါ.."
အသင်..မနက်ကနှင့်ခြားနားစွာဖြူဖျော့နေသည့်
သူ့မျက်နှာကိုကြည့်ရင်း..ရင်ထဲနင့်သွားရသည်။
"ကိုယ်..၁၆နှစ်အရွယ်တုန်းက..အက်စီးဒင့်တစ်ခုကြောင့်
ဦးခေါင်းကိုခွဲစိတ်မူ့လုပ်ခဲ့ရတယ်..."
အသင်..သူပြောတဲ့စကားကိုပြန်ကြားယောင်မိသွား
ရသည်။
"သူကအဲ့လိုပဲ..ခေါင်းကိုက်ဝေဒနာကို..ခဏခဏ
ခံစားရတယ်နဲ့တူတယ်..."
ခပ်တိုးတိုးရေရွတ်ရင်း..အသင့်လက်တွေက..
အဲကွန်းကြောင့်..အေးစိမ့်စိမ့်လေးဖြစ်နေသည့်
အခန်းထဲမှာတောင်..ချွေးစို့နေသည့်..သူ့နဖူးပြင်က
ချွေးစတွေကို..လက်ဖမိုးလေးနှင့်.တို့သုတ်ပေး
နေမိသည်။
"အဲကွန်း..အအေးတင်ပေးလိုက်ရင်ကောင်းမယ်...."
ကိုယ့်အတွေးနဲ့ကိုယ်.....သူ့ကုတင်ရဲ့..ခေါင်းရင်း
ဘောင်ပေါ်မှာတင်ထားသည့်..အဲကွန်းရီမုဒ်ကို..
သူ့ကိုကျော်ပြီး..မမှီ့တမှီနှင့်..လှမ်းယူလိုက်စဉ်..
"အို..အမေ့..."
ရုတ်တရပ်..ခါးလေးကနေ.သိမ်းဖက်ကာ..ဆွဲချ
ခံလိုက်ရတော့..အသင်..သူ့ရင်ဘတ်ပေါ်..မှောက်လျှက်
လေးကျသွားရသည်။ထိုအခါ..သူ့မျက်ဝန်းတွေက
ခပ်ဖြေးဖြေးပွင့်လာခဲ့သည်။
"မင်းရောက်နေတာလား..."
ဪ..ဖက်တုန်းကဖက်လိုက်ပြီး..မေးနေရသေးတယ်....
နေမကောင်းတာကိုသိပေမဲ့..အချိုးမပြေတဲ့သူ့
အမေးကြောင့်..အသင်..စိတ်တိုချင်ချင်ဖြစ်သွားရသည်။
"ရှင်..အိပ်ချင်ယောင်ဆောင်နေတာမလား..."
အသင်..အမေးကြောင့်..သူကခပ်ယဲ့ယဲ့ပြုံးသည်။
"ကိုယ်...တစ်ကယ်..အိပ်ပျော်နေတာ..ပီကေနံ့ရလို့
နိုးလာတာ..."
သူ့စကားကြောင့်..အသင်ပါးစပ်ကိုလက်နှင့်အမြန်
အုပ်လိုက်မိသည်။
"မင်း..ပီကေတွေစားနေပြန်ပြီလား..."
"အနံ့ကျန်နေသေးတာဖြစ်မှာပေါ့..ထွေးထုတ်လိုက်တာ
ကြာပြီ..လုစားဖို့တွေးမနေနဲ့..."
"အဟင်း..အဲ့လောက်လဲကြောက်မနေပါနဲ့..ချာတိတ်ရယ်
မင်းကျွေးရင်တောင်..ကိုယ်ကအခုစားနိုင်တဲ့..
အခြေအနေမဟုတ်ဘူး..."
တိုးဖျော့နေတာပေမဲ့..သူ့အသံကပြတ်သားကြည်လင်
နေဆဲ....
"ရှင်..သက်သာရဲ့လားဟင်......"
အသင်..မေးလဲမေး.သူ့ရင်ဘတ်ပေါ်ကလဲ..ရုန်းထရန်
ပြင်ပေမဲ့..နေမကောင်းတာတောင်..သန်မာနေဆဲ
သူ့လက်တွေက..အသင့်ကိုလွတ်မပေးပဲ..ကိုယ်ချင်း
ထပ်သွားအောင်ပါ..ဆွဲချဖက်လိုက်သည်။
"မင်း..အမြဲတမ်း..ရုန်းကန်နေတာ..မမောဘူးလား"
"ရုန်းတော့ရော..ရတာကျနေတာပဲ..."
မကျေမနပ်သံလေးနှင့်..သူမပြောတော့..နေ..
နူတ်ခမ်းမဖွင့်ပဲပြုံးလိုက်မိသည်။သူမရဲ့ဦးခေါင်း
လေးကိုရင်ဘတ်နှင့်ဖိကပ်စေလိုက်ရင်း..နွေးအိနေတဲ့
ခနာ္တကိုယ်လေးကိုခပ်တင်းတင်းပွေ့ပိုက်ထားလိုက်
မိသည်။
"ကိုယ်....အခုထိခေါင်းတွေကိုက်နေတုန်းပဲ...
ဒီညကိုယ့်ဘေးမှာရှိနေပေးပါလား..."
နေ့စကားကြောင့်..သူမလန့်သွားသလို..ခနာ္တကိုယ်
လေးကတွန့်ခနဲဖြစ်သွားသည်။
"ကိုယ်ကတိပေးတယ်..ကိုယ်မင်းကိုဘာမှမလုပ်ဘူး...."
"ရှင်တစ်ကယ်ပြောတာလား..."
"အင်း..."
"ရှင်..အသင့်ကိုလုံးဝမနမ်းပါဘူးလို့ကတိပေး..."
"အင်း..ကိုယ်ကတိပေးတယ် "
သူကမဆိုင်းမတွလိုက်လျောနေတာကြောင့်..
အသင်..သူ့ကိုနည်းနည်းယုံချင်ချင်ဖြစ်သွားရသည်။
တစ်ကယ်လဲ...နေမကောင်းတဲ့သူ့ကိုအသင်စိတ်မချ
နိုင်ပေ..အသင်..သူ့ကိုဘာ့ကြောင့်..ဒီလောက်ထိ..
စိတ်ပူနေရသလဲဆိုတာ..ကိုယ့်ကိုက်ိုယ်လဲ..မသိတော့ပါ.။
💜💜💜💜💜
မီးရောင်ခပ်ဖျော့ဖျော့သာရှိနေတဲ့အခန်းကျယ်ကြီးထဲက
ဖြူစွတ်နေတဲ့မွေ့ယာကြီးထက်မှာ..နေ့ကိုကျောပေးလျက်
လှဲလျောင်းနေတဲ့သူမ..
နေ့ရဲ့..လက်မောင်းတစ်ဖက်ကို..သူမကို
ခေါင်းအုံး
ထားစေပြီး..နောက့လက်တစ်ဖက်က..သူမရဲ့
ခါးလေးကိုပွေ့ဖက်ထားတာမို့..သူမကနေ့ရဲ့..
ရင်ခွင်ထဲ..ရောက်နေသည်။
"ချာတိတ်...."
"ဟင်.."
နေ..ခေါ်လိုက်တော့..သူမကချက်ချင်းထူးသည်။
"မင်းအိပ်နေပြီလား..."
သူမအိပ်မပျော်သေးဘူးဆိုတာ..သိလျက်နှင့်....
နေမေးလိုက်မိသည်။ခါတိုင်း..အနားမှာရှိနေရင်..
စကားများလွန်းလှတဲ့သူမ..အခုလိုတိတ်ဆိတ်နေ
တော့..နေ..မနေတတ်သလိုဖြစ်နေမိသည်။
"မင်းအိပ်မပျော်သေးဘူးမဟုတ်လား..ဘာလို့ငြိမ်
နေတာလဲ.."
"ရှင်မှနေမကောင်းတာ..အသင်က..ရှင်..အနှောင့်
အယှက်ဖြစ်မှာစိုးလို့ပါ.."
"အဟင်း..အခုမှအလိုက်သိတတ်နေလိုက်တာ.."
"ရှင်နော်..လူကိုမရွဲ့ပါနဲ့..အနားမှာနေပေးဆိုလို့လဲ
နေပေးနေရသေးတယ်..."
သူမကမကျေမနပ်လေးပြောတော့..နေ..သူမဦးခေါင်း
လေးကို..ပါးပြင်နှင့်ထိကပ်ထားလိုက်သည်။
"ထူးဆန်းတယ်..မင်းကိုအခုလိုလေးဖက်ထားရတာ
ကိုယ်ခံစားနေရတဲ့ဝေဒနာတွေ..သက်သာသွား
သလိုပဲ."
ခပ်တိုးတိုးပြောနေတဲ့..သူ့ရဲ့လေငွေ့နွေးနွေးတွေက
လည်ဂုတ်သားဝင်းဝင်းလေးထက်မှာတိုးဝှေ့ကျီစယ်
နေတော့..အသင်ကြက်သီးထသွားရသည်။အသင်
သူကလွဲရင်ဘယ်ယောကျာင်္းနဲ့မှ..မနီးစပ်ခဲ့ဖူးတာ
အမှန်ပါ...
"လျှောက်ပြောမနေပါနဲ့..အသင်..ဆရာဝန်မှ
မဟုတ်တာ.."
ကိုယ့်အတွေးနဲ့ကိုယ်မို့..သူ့စကားကို..တစ်အောင့်
ကြာမှ.ပြန်လည်ချေပနိုင်သည်။
"မင်းက..ကိုယ့်အတွက်..ဒေါက်တာတွေထက်ပိုပြီး
အစွမ်းထက်နေတာဖြစ်မယ်..."
နေ..ပြောရင်း..သူမရဲ့ဂုတ်သားလေးကို..နူတ်ခမ်း
တွေနှင့်ဖိကပ်နမ်းလိုက်တော့...သူမပခုံးလေး..
ကျုံ့သွားကာ....
"ရှင်..အသင့်ကိုဘာမှမလုပ်ဘူးလို့ကတိပေးထား
တယ်နော်..."
"ဒါ..နမ်းတာမှမဟုတ်တာ..နူတ်ခမ်းနဲ့ထိလိုက်တာ"
"ဘာပြောတယ်.."
အသင်..စိတ်တိုတိုနှင့်..သတိလက်လွတ်သူ့ဘက်ကို..
လှည့်ကြည့်လိုက်မိလျှင်...အနောက်မှာ..ကပ်ကပ်လေး
ရှိနေသည့်..သူ့မျက်နှာနှင့်..လက်တစ်လုံးပင် ..
မကွာတော့တဲ့အထိ..နီးကပ်သွားရတာမို့..လန့်ဖျပ်
သွားရသည်။
"ရှင်..ယောကျာင်္းဆိုကတိတည်ပါ..."
ပြုံးယောင်သမ်းနေသည့် သူ့နူတ်ခမ်းတွေကိုကြည့်ပြီး
ရန်တွေ့လိုက်ပေမဲ့..အသံကမမာထန်နိုင်ခဲ့ပေ...
"ကိုယ့်ကို..ယောကျာင်္းမစစ်ဘူးလို့မင်းကထင်လို့လား"
ညစ်ကျယ်ကျယ်အပြုံးနှင့်သူမေးလိုက်တော့..အသင်
ကိုယ်စကားမှားသွားမှန်းသိကာ..ရင်ထဲမှာ....
ပျာယာခတ်သွားရသည်။
"ပြောကြည့်..ကိုယ်ဘယ်လောက်ယောကျာင်္းပီသ
ကြောင်းပြရမလား..ကိုယ်နေမကောင်းပေမဲ့လဲ....
မင်းကိုသက်သေပြနိုင်တယ်နော်..."
"ရှင်..ရှင်..မညစ်ပတ်နဲ့နော်..အသင်ပြောတာ...
အဲ့လိုမဟုတ်ဘူး..."
အသင်.သူ့ရင်ဘတ်ကို..လက်နှစ်ဖက်နှင့်စုံတွန်း
ထားမိရင်း..အသည်းအသန်ပြောလိုက်မိသည်။
ဒါပေမဲ့..ပြုံးယောင်သမ်းနေဆဲနူတ်ခမ်းတွေနဲ့သူ့ရဲ့
လက်ချောင်းသွယ်သွယ်တွေက..အသင့်ရဲ့..
နူတ်ခမ်းသားလေးတွေကို..မထိတထိကြည်စယ်
လာခဲ့ချိန်...။
"ဟင့်အင်း..တော်ပြီ...အသင်ရှင့်နားမှာမနေတော့ဘူး"
အသင်..သူ့လက်ကိုအတင်းဖယ်ချပြီး..ရုန်းထလိုက်
ပေမဲ့..သူကအတင်းပြန်ဆွဲချကာဖက်ထားသည်။
"လွှတ်..အသင့်ကိုလွှတ်..."
နေ...ရင်ခွင်ထဲမှာရုန်းကန်နေတဲ့ကောင်မလေးကို
မလူပ်နိုင်အောင်..တင်းကြပ်စွာဖက်ထားလိုက်သည်။
"ကျေးဇူးပြုပြီး..ငြိမ်ငြိမ်လေးနေပါလားကွာ...
က်ိုယ်..တစ်ညလုံးမင်းကိုဒီလိုဖက်ထားပြီး..ကိုယ့်ကတိ
ကိုယ်တည်အောင်..မနည်းထိန်းချုပ်ထားရမှာ...
မင်းအလိုက်မသိရင်တော့.ကိုယ်လဲအာမမခံနိုင်ဘူး"
နေ.ခြိမ်းခြောက်လိုက်မှ..သူမကြောက်ပြီးငြိမ်
သွားသည်။
"အဟင်း..."
နေ..သဘောကျသလိုရယ်လိုက်မိရင်း..ချက်ချင်းပင်
ငြိမ်သက်သွားသည့်..သူမရဲ့ဆံပင်တွေကို..ဆံပင်တွေကို
တိုးဝှေ့နမ်းရိူက်နေမိရင်း..တသိမ့်သိမ့်လူပ်ခတ်လာတဲ့
ရင်ခုန်သံတွေရဲ့စေစားမူ့ကို..ကြိုးစားထိန်းချုပ်
နေခဲ့ရသည်။
"မင်းသိရဲ့လား...ချာတိတ်..မင်းက..တစ်ကယ့်
ဂြိုလ်သူမလေးပဲ..ကိုယ့်လိုနတ်ဆိုးတစ်ကောင်ကို
ရင်ခုန်တတ်အောင်သင်ပေးဖို့အတွက်..ကိုယ့်ကမာ္ဘ
ကိုရောက်လာတဲ့..ဂြိုလ်သားမလေး...."
နေ..အသံတိတ်ဆိုလိုက်မိရင်း....။
💜💜💜💜
"ကိုကို...ကိုကို....."
နားထဲမှာ..ကြားနေရတဲ့..အသံသေးသေးလေး
တစ်ခုကြောင့်..နေ..မျက်လုံးတွေကိုကြိုးစား
ဖွင့်ကြည့်ဖို့ကြိုးစားပေမဲ့လဲ..မရ....
"ကိုကို.."
"ချမ်း...သားရဲ့ညီမလေးစောင့်နေတယ်လေ...
သား..သူ့ဆီပြန်သွားရမယ်...မဟုတ်လား..."
နေ..ကြားနေရတဲ့..အသံတွေနဲ့..မျက်လုံးမဖွင့်နိုင်ပဲ
ခေါင်းကိုဘယ်ညာခါရမ်းနေမိစဉ်..အာရုံထဲမှာ..
ပီပြင်စွာပေါ်လာတဲ့ပုံရိပ်တွေ......
"ချမ်း..."
"သားလေး...ချမ်း...."
"ကိုကို...."
ခန့်ညားသည့်လူကြီးတစ်ဦးနှင့်၊ချောမောလှပသော
အမျိုးသမီးတစ်ဦး..သူတို့နှစ်ယောက်ရဲ့အလယ်မှာ
အဖြူရောင်ဂါဝန်လေးနှင့်ရပ်နေတဲ့..၁၃နှစ်အရွယ်
ချစ်စရာကလေးမလေးတစ်ယောက်.....
"ကိုကို....."
ထိုကလေးမလေးက...ချိုသာသောအပြုံးလေးနှင့်
နေ့ထံဝမ်းသာအားရဟန်နှင့်..ပြေးလာနေစဉ်..
"အ...က်စ်..."
နေ..အိပ်ယာကနေ..ဖျပ်ခနဲလန့်နိုးသွားခဲ့သည်။
လူတစ်ကိုယ်လုံးချွေးတွေရွဲနစ်နေပြီး..ခေါင်းထဲက
တဆစ်ဆစ်ထိုးကိုက်လာတဲ့..ဝေဒနာက...စာဖွဲ့
ပြလို့မရအောင်ပင်...
သူမကတော့..နေ့ဘေးမှာ..ဘေးစောင်းလေး...
အိပ်မောကျနေသည်။
"ချမ်း...ချမ်းတဲ့..သူတို့ငါ့ကို...ချမ်းလို့ခေါ်နေတာ
ငါ့နာမည်ကချမ်းလား..."
နေ..ဦးနှောက်ကိုအသည်းအသန်အလုပ်ပေးလိုက်မိစဉ်
ခေါင်းထဲကမခံမရပ်နိုင်အောင်..ထိုးကိုက်လာခဲ့ပြီး...။
"အား..."
ခေါင်းထဲကမခံမရပ်နိုင်အောင်..ထိုးကိုက်နေတဲ့
ဝေဒနာကြောင့်..နေ..အံကြိတ်ကာ..ခပ်တိုးတိုး..
ငြီးငြူလိုက်မိသည်။နေ့ကြောင့်..သူမကို..အိပ်ရေး
မပျက်စေချင်တာကြောင့်..ကုတင်ပေါ်ကနေ...
ဖြေးဖြေးဆင်းလိုက်ပြီး...ယိုင်နဲ့နေတဲ့..ခြေလှမ်းတွေနှင့်
ရေချိုးခန်းထဲ..ဝင်လာခဲ့သည်။
"ဗြုတ်..ဗြုတ်..."
ဝတ်ထားတဲ့..ရှပ်အင်္ကျီကကြယ်သီးတွေကို...
ခပ်ကြမ်းကြမ်းဆွဲဖြုတ်လိုက်ရင်း..အင်္ကျီကို..
ချွတ်ပစ်ကာ..ရေချိုးခန်းကြမ်းပြင်ကို..လုံးထွေး
ပစ်ပေါက်ပစ်လိုက်သည်။
"ဟား..."
"ဒုန်း.."
နေ..ဒေါသနှင့်..ရေချိူးခန်းနံရံကိုလက်သီးနှင့်ပစ်ထိုးလိုက်၏..
နဂိုထဲက..စိတ်ကြီးသူမို့..ခံစားနေရတဲ့ဝေဒနာရော
အာရုံထဲမှာ..ထင်ရှားစွာမြင်နေရပေမဲ့..ဘယ်သူတွေ
ဆိုတာ..လုံးဝကိုစဉ်းစားလို့မရတဲ့...အခြေအနေက..
တစ်ကယ့်ကိုစိတ်ပျက်စရာ...
"ဘာတွေလဲ..သူတို့ကဘယ်သူတွေလဲ..ပျောက်ဆုံး
နေတဲ့ငါ့မှတ်ညဏ်တွေထဲမှာ..ဘာတွေရှိခဲ့တာလဲ..
သူတို့က..ငါ့ကိုဘာလို့ချမ်းလို့ခေါ်နေရတာလဲ..
ဒါမှမဟုတ်..နေ့လည်က..ငါ့ကိုလူမှားခဲ့တဲ့..အမျိုးသမီး
ကြောင့်..ငါစိတ်စွဲပြီး..ထင်ယောင်ထင်မှား..ဖြစ်
နေတာလား...ဟား..တစ်ကယ်ပဲ..."
နေ..ရေချိုးခန်းနံရံကိုလက်တစ်ဖက်ထောက်ထားရင်း
ရေပန်းကိုဖွင့်ချလိုက်သည်။အေးမြနေတဲ့ရေတွေက
ခေါင်းကနေတစ်ဆင့်..တစ်ကိုယ်လုံးကိုစီးကျနေ
သော်လဲ..နေ့ရင်ထဲမှာရော..ခေါင်းထဲမှာပါ..မီးတောက်
နေခဲ့သည်။
နေ..မျက်နှာကိုမော့လိုက်ကာ..ရေပန်းအောက်မှာ
ရပ်နေမိရင်း....
~~~~~~~~~~~~
"အင်း...."
အသင်..ဖျပ်ခနဲတရေးနိုးလာတော့..အနားမှာ..
သူရှိမနေတော့....
"ဟင်..ဘယ်ရောက်သွားတာလဲ.."
အသင်..မွေ့ယာပေါ်ကနေထထိုင်လိုက်ပြီး..အခန်းထဲကို
ဝေ့ကြည့်လိုက်တော့..ရေချိုးခန်းတံခါးပွင့်နေတာကို
မြင်လိုက်ရသည်။
အသင်..ကုတင်ပေါ်ကဆင်းကာ..ရေချိုးခန်းနားကို
လျှောက်သွားလိုက်တော့..အထဲကနေ..ရေသံ
ခပ်သဲ့သဲ့ကိုကြားလိုက်ရ၏..
"ဟင်..သူ..ဒီအချိန်ကြီးရေချိုးနေတာလား....နေလဲ
မကောင်းတာကို..ဒီလူကတော့..."
အသင်..သူ့ကိုစိတ်ပူသွားရတာမို့..သတိလက်လွတ်နှင့်
ရေချိုးခန်းထဲ..လှမ်းဝင်လာခဲ့မိရာ...။
" ကိုနေကုဋာ.... "
💜💜💜💜ဆက်ရန်^^^
#Hazel
💜ေစတန္ရဲ႕သတို႔သမီး💜
အပိုင္း(၁၉)
💜💜💜💜
"အဖြား..လူမွားေနၿပီထင္တယ္..ကြၽန္ေတာ့္နာမည္
ခ်မ္း..မဟုတ္ဘူး..."
"ဟင္...."
အေ႐ွ႕မွာ..ရပ္ေနတဲ့..လူငယ္ေလးစကားေၾကာင့္
ေဒၚၿငိမ္းလွအံ့ဩသြားရသည္။တူလိုက္တာ.တစ္ကယ္ကို
တူတာပဲ..ခ်မ္းက..ငယ္႐ုပ္မေပ်ာက္ဘူးဆိုုတဲ့
အေတြးနဲ႔ဝမ္းသာအားရလွမ္းေခၚလိုက္မိသည့္
အထိတူလြန္းေနတာ..မ်က္ခုံး၊မ်က္လုံးေတြတူ႐ုံ
သာမက..ေမးေစ့အလယ္က..ေမးခ်ိဳင့္ေလးက..
အစတူေနတာ..
"ေတာင္းပန္ပါတယ္..သားရယ္..အဖြားကေလ...
အဖြားေျမးေလးနဲ႔တူေနလို႔..လူမွားသြားတာပါကြယ္..."
"ရပါတယ္ဗ်ာ.."
ေန..ဟန္မပ်က္ေျပာလိုက္မိေပမဲ့...အေ႐ွ႕က..
အမ်ိဳးသမီးႀကီးကိုလူစိမ္းတစ္ေယာက္လို..ခံစား
မေနရတာ..ကိုယ့္ကိုကိုယ္သိသည္။အထူးသျဖင့္.
ေနနဲ႔..ရင္းႏွီးေနသလိုခံစားေနရတဲ့...ခ်မ္းဆိုတဲ့
အဲ့ဒီ့နာမည္..
အေတြးေတြနဲ႔႐ူပ္သြားရကာ..ေခါင္းထဲမိုက္ကနဲ
ျဖစ္သြားေတာ့..ေနေျခေထာက္ေတြ..ယိုင္ခနဲ.
ျဖစ္သြားရသည္။
"boss...ရရဲ႕လား.."
ေန႔ရဲအရိပ္အကဲကိုၾကည့္ေနတဲ့..ဇ,ကခ်က္ခ်င္းပင္
အနားကိုေရာက္လာသည္။ေန..ဇ,ကိုလက္ကာ
ုျပလိုက္ၿပီး. ...
"ခြင့္ျပဳပါဦး..အဖြား..."
ထိုအမ်ိဳးသမီးႂကီးကို.ႏူတ္ဆက္ၿပီး...ေန...လွမ္း
ထြက္လာခဲ့ခ်ိန္..ေခါင္းထဲမွာ..တဆစ္ဆစ္ထိုးကိုက္
ေနတဲ့..ေဝဒနာက..အခံရခက္လြန္းလွသည္။
"ေလာကႀကီးမွာ..နာမည္တူမ႐ွား၊လူတူမ႐ွားဆိုတာ
တစ္ကယ္ကိုမွန္ပါလား.."
လွမ္းထြက္သြားတဲ့.လူငယ္ေလးရဲ႕ေက်ာျပင္ကို
ေငးၾကည့္ရင္း..ေဒၚၿငိမ္းလွခပ္တိုးတိုးေရရြတ္
လိုက္မိသည္။
"ခ်မ္းတစ္ေယာက္ေရာ..အခုဆိုဘယ္မွာမ်ား...
႐ွိေနပါလိမ့္...."
💜💜💜
အသင္..႐ုံးဆင္းလာခဲ့ေတာ့..ကားနားမွာရပ္ေစာင့္ေနတဲ့
ဇ,ကိုျမင္လိုက္ရသည္။
"မမေလး..."
ဇ,ကအသင့္ကိုျမင္တာႏွင့္..ေနာက္ခန္းတံခါးကို
ဖြင့္ေပးသည္။အသင္..ကားထဲကိုလွမ္းၾကည့္လိုက္ေပမဲ့
သူ႔ကိုမေတြ႔ေပ..
"ကိုေနကုဋာေရာ..."
"bossက..ေနမေကာင္းလို႔..႐ုံးအေစာႀကီးဆင္းႁပီး
စံအိမ္ကိုျပန္သြားတယ္..မမေလးကိုႀကိဳဖို႔...ကြၽန္ေတာ့္ကို
လႊတ္လိုက္တာပါ..."
"သူေနမေကာင္းဘူးလား..."
အသင္စိုးရိမ္သြားရသည္။
"မမေလး..ဘယ္သြားဦးမလဲ...ကြၽန္ေတာ္ဘယ္ကို
ပို႔ေပးရဦးမလဲ..."
အစက..အသင္ေဆး႐ုံမွာအဖြားကိုသြားေတြ႔မလို႔
လုပ္ထားေပမဲ့..႐ုံးဆင္းခါနီးမွ..အဖြားက..ေဒၚစိုးရဲ႕
မိသားစုေတြေရာက္လာတာေၾကာင့္..ရိပ္သာကိုျပန္
သြားၿပီဆိုၿပီး..ဖုန္းဆက္လာတာေၾကာင့္သြားစရာ
မလိုေတာ့ေပ...
"အသင္..ဘယ္မွမသြားေတာ့ဘူး...."
"ဟုတ္ကဲ့..."
အသင္ကားေပၚတက္လိုက္တာႏွင့္..ကားေလးက
ေမာင္းထြက္လာခဲ့ေတာ့သည္။
💜💜💜💜
"သက္သာရဲ႕လား..သခင္ေလး..."
အန္ကယ္ဂ်ိမ္းရဲအေမးကို..ေနေခါင္းၿငိမ့္႐ုံ..အေျဖ
ေပးလိုက္ကာ..ေဆးကုန္သြားတဲ့..ေဆးထိုးအပ္ကို
လက္ဖ်ံကေနဆြဲႏူတ္လိုက္သည္။
"ဦးထြန္းျမတ္ကိုလာမၾကည့္ခိုင္းလို႔ေရာျဖစ္ရဲ႕လား"
"ရတယ္..အန္ကယ္..စိတ္မပူပါနဲ႔..."
စိတ္မပူပါနဲ႔ဆိုတဲ့..မ်က္ႏွာက..ျဖဴေဖ်ာ့ေနတာကို
ျမင္ရတာ.ဂ်ိမ္း..တစ္ကယ္စိတ္မေကာင္း......
သခင္ေလးအဲ့လို..ေခါင္းကိုက္ေဝဒနာကို..အျပင္း
အထန္ခံစားရတဲ့အခါတိုင္း....ဂ်ိမ္း..အရမ္းခံစား
ရသည္။
"ကြၽန္ေတာ္..ခဏေလာက္အိပ္ခ်င္တယ္..."
"နားပါ..သခင္ေလးေနမွမေကာင္းတာ..ေစာေစာ
အနားယူမွျဖစ္မွာေပါ့..."
ဂ်ိမ္း..အလိုက္တသိႏွင့္..အခန္းထဲကထြက္သြားရန္
ျပင္လိုက္သည္။
"အန္ကယ္..."
အခန္းတံခါးနားထိေရာက္သြားတဲ့..ဂ်ိမ္း..ေန႔
ေခၚသံေၾကာင့္..အေနာက္ကိုျပန္လွည့္လာသည္။
"သခင္ေလး..ဘာေျပာစရာမ်ား႐ွိလို႔လဲ.."
"ကြၽန္ေတာ့္မွာ..ေနကုဋာဆိုတဲ့နာမည္အျပင္...
တျခားနာမည္တစ္ခုခုမ်ား..႐ွိခဲ့ေသးလား..."
"ဗ်ာ..."
အာေမဋိတ္သံပင္ထြက္သြားရတဲ့..ဂ်ိမ္း...သခင္ေလး
နားကိုျပန္ေလ်ွာက္လာမိေတာ့..သခင္ေလးက..
ဂ်ိမ္းကိုေမာ့ၾကည့္လာသည္။
"ဒီေန႔..မိန္းမႀကီးတစ္ေယာက္က..ကြၽန္ေတာ့္ကို
လူတစ္ေယာက္နဲ႔မွားၿပီး..ေခၚခဲ့တာ..အဲ့ဒီလူနာမည္က
ခ္မ္းတဲ့..."
သခင္ေလးႏူတ္ကထြက္က်လာတဲ့စကားေၾကာင့္
ဂ်ိမ္း..ေျခေထာက္ေတြယိုင္ခနဲျဖစ္သြားရသည္။
ဒါေပမဲ့....ခံစားေနရတဲ့ေဝဒနာႏွင့္ရင္ထဲက..ဇေဝဇဝါ
ခံစားခ်က္ေတြေ႐ာေထြးေနတဲ့..ေနကေတာ့...
ဂ်ိမ္း..အမူအယာပ်က္သြားတာကို..မရိပ္မိလိုက္ပါေခ်..
"ဘာ့ေၾကာင့္မွန္းမသိဘူး..ကြၽန္ေတာ္အဲ့ဒီ့နာမည္နဲ႔
ရင္းႏွီးေနသလိုခံစားရတယ္..ၿပီးေတာ့..အဲ့ဒီ့...
အမ်ိဳးသမီးႀကီးကိုေရာပဲ..."
ဂ်ိမ္း..ဘာမွဝင္မေျပာမိ..ထိုအခါ..သခင္ေလးထံက
သက္ျပင္းခ်သံခပ္သဲ့သဲ့ကိုၾကားလိုက္ရသည္။
"သခင္ေလးသိရဲ႕သားနဲ႔..ေလာကႀကီးမွာက..နာမည္တူ
မ႐ွား..လူတူမ႐ွားေလ..ၿပီးေတာ့..ကြၽန္ေတာ္..
သခင္ေလးငယ္စဥ္ထဲက..သခင္ေလးကိုေစာင့္ေ႐ွာက္
လာတာ..သခင္ေလးမွတ္ညဏ္ေတြမေပ်ာက္ခင္
အထိ..သခင္ေလးမွာ..အရင္းႏွီးဆုံးမိသားစုဝင္ဆိုလို႔
သူေဌးႀကီးနဲ႔..ကြၽန္ေတာ္ပဲ႐ွိတာပါ..."
"ဟုတ္ပါတယ္ေလ...ကိုယ့္ကိုေမြးခဲ့တဲ့..မိခင္ရဲ႕
မ်က္ႏွာကိုေတာင္..စိတ္ကူးနဲ႔ပုံေဖာ္မၾကည့္ႏိုင္တဲ့..
ကြၽန္ေတာ္လိုလူရဲ႕..မွတ္ညဏ္ထဲမွာ..ထင္ေယာင္
ထင္မွား...ျဖစ္ေနတာေတြပဲျဖစ္မွာပါ.."
"သခင္ေလး.."
ဂ်ိမ္း..ဟန္႔တားသလို..ေခၚလိုက္မိလ်ွင္..ေနက..
ယဲ့ယဲ့ျပံဳးသည္။
"အန္ကယ္သြားလို႔ရၿပီ..."
ေျပာရင္း..ေန..ကုတင္ေပၚလွဲခ်ကာ..မ်က္ဝန္းေတြ
မွိတ္ထားလိုက္မိသည္။ဂ်ိမ္း..သခင္ေလးကို....
ခဏမ်ွရပ္ၾကည့္ေနမိၿပီး..သက္ျပင္းခ်ကာလွည့္
ထြက္လာမိသည္။
"ကြၽန္ေတာ့္ကို..ခြင့္လႊတ္ပါ..သခင္ေလးရယ္..."
စိတ္ထဲကေန..ေတာင္းပန္စကားဆိုလိုက္မိရင္း...။
💜💜💜💜
"သူအရမ္းေနမေကာင္းျဖစ္ေနတာလား..မသိဘူး.."
အသင္..အိမ္ျပန္ေရာက္ကထဲက..သူ႔ရဲ႕အရိပ္အေယာင္ကို
မေတြ႔ရေသး......ညစာဆင္းစားေတာ့လဲ..တစ္ေယာက္ထဲ
အန္ကယ္ဂ်ိမ္းကို..သူ႔အေျခအေနဘယ္လိုလဲ..
ေမးၾကည့္ခ်င္ေပမဲ့..ကိုယ့္ကိုမႏွစ္ၿမိဳ႕တာကို..
သိေနေတာ့လဲ..မေမးခ်င္ေပ...
"ဘန္ေကာက္မွာလို..ေခါင္းေတြအရမ္းကိုက္ၿပီး
အဖ်ားတက္ေနရင္ဘယ္လိုလုပ္မလဲ..ဒီအထပ္မွာက
သူနဲ႔ငါ..ႏွစ္ေယာက္ထဲေနတာ..ေတာ္ၾကာ..တစ္ေယာက္
ေယာက္ကို..လွမ္းမေခၚႏိုင္ေလာက္ေအာင္..ေနမေကာင္း
ျဖစ္ေနတာဆို..ဒုကၡပဲ..."
ကိုယ့္ဟာကိုယ္....႐ွာၾကံပူပန္ေနမိၿပီး..အသင္..
ေနလို႔မရေတာ့...
သူ႔အေျခအေနကိုသိခ်င္တာေၾကာင့္..အခန္းထဲက
ထြက္လာခဲ့သည္။သူ႔အခန္းေ႐ွ႕ကိုေရာက္ေတာ့..
"ေဒါက္..ေဒါက္..."
အခန္းတံခါးကိုေခါက္လိုက္ေပမဲ့...ခဏၾကာသည္
အထိ..ဘာတုံ႔ျပန္မူ႔မွမ႐ွိ....အသင္..logမခ်ထားတဲ့
အခန္းတံခါးကို..ခပ္ေျဖးေျဖးဖြင့္လိုက္ကာ..သူ႔
အခန္းထဲကို..ဝင္လာခဲ့သည္။
"ဟင္း..ေတာ္ပါေသးရဲ႕ "
ကုတင္ေပၚမွာ..အိပ္ေမာက်ေနဟန္တူသည့္..
သူ႔ကိုျမင္လိုက္ရမွ..အသင္သက္ျပင္းခ်ႏိုင္ေတာ့သည္။
ဒါေတာင္..စိတ္မခ်ႏိုင္ေသးပဲ..ေမြ႔ယာေပၚခပ္ေျဖးေျဖး
ထိုင္ခ်လိုက္ကာ..သူ႔နဖူးကိုဖြဖြစမ္းၾကည့္လိုက္
သည္။
"ကိုယ္လဲမပူပါဘူး...အိပ္ေပ်ာ္ေနတာပဲ..ျဖစ္မွာပါ.."
အသင္..မနက္ကႏွင့္ျခားနားစြာျဖဴေဖ်ာ့ေနသည့္
သူ႔မ်က္ႏွာကိုၾကည့္ရင္း..ရင္ထဲနင့္သြားရသည္။
"ကိုယ္..၁၆ႏွစ္အရြယ္တုန္းက..အက္စီးဒင့္တစ္ခုေၾကာင့္
ဦးေခါင္းကိုခြဲစိတ္မူ႔လုပ္ခဲ့ရတယ္..."
အသင္..သူေျပာတဲ့စကားကိုျပန္ၾကားေယာင္မိသြား
ရသည္။
"သူကအဲ့လိုပဲ..ေခါင္းကိုက္ေဝဒနာကို..ခဏခဏ
ခံစားရတယ္နဲ႔တူတယ္..."
ခပ္တိုးတိုးေရရြတ္ရင္း..အသင့္လက္ေတြက..
အဲကြန္းေၾကာင့္..ေအးစိမ့္စိမ့္ေလးျဖစ္ေနသည့္
အခန္းထဲမွာေတာင္..ေခြၽးစို႔ေနသည့္..သူ႔နဖူးျပင္က
ေခြၽးစေတြကို..လက္ဖမိုးေလးႏွင့္.တို႔သုတ္ေပး
ေနမိသည္။
"အဲကြန္း..အေအးတင္ေပးလိုက္ရင္ေကာင္းမယ္...."
ကိုယ့္အေတြးနဲ႔ကိုယ္.....သူ႔ကုတင္ရဲ႕..ေခါင္းရင္း
ေဘာင္ေပၚမွာတင္ထားသည့္..အဲကြန္းရီမုဒ္ကို..
သူ႔ကိုေက်ာ္ၿပီး..မမွီ႔တမွီႏွင့္..လွမ္းယူလိုက္စဥ္..
"အို..အေမ့..."
႐ုတ္တရပ္..ခါးေလးကေန.သိမ္းဖက္ကာ..ဆြဲခ်
ခံလိုက္ရေတာ့..အသင္..သူ႔ရင္ဘတ္ေပၚ..ေမွာက္လ်ွက္
ေလးက်သြားရသည္။ထိုအခါ..သူ႔မ်က္ဝန္းေတြက
ခပ္ေျဖးေျဖးပြင့္လာခဲ့သည္။
"မင္းေရာက္ေနတာလား..."
ဪ..ဖက္တုန္းကဖက္လိုက္ႁပီး..ေမးေနရေသးတယ္....
ေနမေကာင္းတာကိုသိေပမဲ့..အခ်ိဳးမေျပတဲ့သူ႔
အေမးေၾကာင့္..အသင္..စိတ္တိုခ်င္ခ်င္ျဖစ္သြားရသည္။
"႐ွင္..အိပ္ခ်င္ေယာင္ေဆာင္ေနတာမလား..."
အသင္..အေမးေၾကာင့္..သူကခပ္ယဲ့ယဲ့ျပံဳးသည္။
"ကိုယ္...တစ္ကယ္..အိပ္ေပ်ာ္ေနတာ..ပီေကနံ႔ရလို႔
ႏိုးလာတာ..."
သူ႔စကားေၾကာင့္..အသင္ပါးစပ္ကိုလက္ႏွင့္အျမန္
အုပ္လိုက္မိသည္။
"မင္း..ပီေကေတြစားေနျပန္ၿပီလား..."
"အနံ႔က်န္ေနေသးတာျဖစ္မွာေပါ့..ေထြးထုတ္လိုက္တာ
ၾကာၿပီ..လုစားဖို႔ေတြးမေနနဲ႔..."
"အဟင္း..အဲ့ေလာက္လဲေၾကာက္မေနပါနဲ႔..ခ်ာတိတ္ရယ္
မင္းေကြၽးရင္ေတာင္..ကိုယ္ကအခုစားႏိုင္တဲ့..
အေျခအေနမဟုတ္ဘူး..."
တိုးေဖ်ာ့ေနတာေပမဲ့..သူ႔အသံကျပတ္သားၾကည္လင္
ေနဆဲ....
"႐ွင္..သက္သာရဲ႕လားဟင္......"
အသင္..ေမးလဲေမး.သူ႔ရင္ဘတ္ေပၚကလဲ..႐ုန္းထရန္
ျပင္ေပမဲ့..ေနမေကာင္းတာေတာင္..သန္မာေနဆဲ
သူ႔လက္ေတြက..အသင့္ကိုလြတ္မေပးပဲ..ကိုယ္ခ်င္း
ထပ္သြားေအာင္ပါ..ဆြဲခ်ဖက္လိုက္သည္။
"မင္း..အျမဲတမ္း..႐ုန္းကန္ေနတာ..မေမာဘူးလား"
"႐ုန္းေတာ့ေရာ..ရတာက်ေနတာပဲ..."
မေက်မနပ္သံေလးႏွင့္..သူမေျပာေတာ့..ေန..
ႏူတ္ခမ္းမဖြင့္ပဲျပံဳးလိုက္မိသည္။သူမရဲ႕ဦးေခါင္း
ေလးကိုရင္ဘတ္ႏွင့္ဖိကပ္ေစလိုက္ရင္း..ေႏြးအိေနတဲ့
ခႏာၱကိုယ္ေလးကိုခပ္တင္းတင္းေပြ႔ပိုက္ထားလိုက္
မိသည္။
"ကိုယ္....အခုထိေခါင္းေတြကိုက္ေနတုန္းပဲ...
ဒီညကိုယ့္ေဘးမွာ႐ွိေနေပးပါလား..."
ေန႔စကားေၾကာင့္..သူမလန္႔သြားသလို..ခႏာၱကိုယ္
ေလးကတြန္႔ခနဲျဖစ္သြားသည္။
"ကိုယ္ကတိေပးတယ္..ကိုယ္မင္းကိုဘာမွမလုပ္ဘူး...."
"႐ွင္တစ္ကယ္ေျပာတာလား..."
"အင္း..."
"႐ွင္..အသင့္ကိုလုံးဝမနမ္းပါဘူးလို႔ကတိေပး..."
"အင္း..ကိုယ္ကတိေပးတယ္ "
သူကမဆိုင္းမတြလိုက္ေလ်ာေနတာေၾကာင့္..
အသင္..သူ႔ကိုနည္းနည္းယုံခ်င္ခ်င္ျဖစ္သြားရသည္။
တစ္ကယ္လဲ...ေနမေကာင္းတဲ့သူ႔ကိုအသင္စိတ္မခ်
ႏိုင္ေပ..အသင္..သူ႔ကိုဘာ့ေၾကာင့္..ဒီေလာက္ထိ..
စိတ္ပူေနရသလဲဆိုတာ..ကိုယ့္ကိုကို္ယ္လဲ..မသိေတာ့ပါ.။
💜💜💜💜💜
မီးေရာင္ခပ္ေဖ်ာ့ေဖ်ာ့သာ႐ွိေနတဲ့အခန္းက်ယ္ႀကီးထဲက
ျဖဴစြတ္ေနတဲ့ေမြ႔ယာႀကီးထက္မွာ..ေန႔ကိုေက်ာေပးလ်က္
လွဲေလ်ာင္းေနတဲ့သူမ..
ေန႔ရဲ႕..လက္ေမာင္းတစ္ဖက္ကို..သူမကို
ေခါင္းအုံး
ထားေစၿပီး..ေနာက့လက္တစ္ဖက္က..သူမရဲ႕
ခါးေလးကိုေပြ႔ဖက္ထားတာမို႔..သူမကေန႔ရဲ႕..
ရင္ခြင္ထဲ..ေရာက္ေနသည္။
"ခ်ာတိတ္...."
"ဟင္.."
ေန..ေခၚလိုက္ေတာ့..သူမကခ်က္ခ်င္းထူးသည္။
"မင္းအိပ္ေနၿပီလား..."
သူမအိပ္မေပ်ာ္ေသးဘူးဆိုတာ..သိလ်က္ႏွင့္....
ေနေမးလိုက္မိသည္။ခါတိုင္း..အနားမွာ႐ွိေနရင္..
စကားမ်ားလြန္းလွတဲ့သူမ..အခုလိုတိတ္ဆိတ္ေန
ေတာ့..ေန..မေနတတ္သလိုျဖစ္ေနမိသည္။
"မင္းအိပ္မေပ်ာ္ေသးဘူးမဟုတ္လား..ဘာလို႔ၿငိမ္
ေနတာလဲ.."
"႐ွင္မွေနမေကာင္းတာ..အသင္က..႐ွင္..အေႏွာင့္
အယွက္ျဖစ္မွာစိုးလို႔ပါ.."
"အဟင္း..အခုမွအလိုက္သိတတ္ေနလိုက္တာ.."
"႐ွင္ေနာ္..လူကိုမရြဲ႔ပါနဲ႔..အနားမွာေနေပးဆိုလို႔လဲ
ေနေပးေနရေသးတယ္..."
သူမကမေက်မနပ္ေလးေျပာေတာ့..ေန..သူမဦးေခါင္း
ေလးကို..ပါးျပင္ႏွင့္ထိကပ္ထားလိုက္သည္။
"ထူးဆန္းတယ္..မင္းကိုအခုလိုေလးဖက္ထားရတာ
ကိုယ္ခံစားေနရတဲ့ေဝဒနာေတြ..သက္သာသြား
သလိုပဲ."
ခပ္တိုးတိုးေျပာေနတဲ့..သူ႔ရဲ႕ေလေငြ႔ေႏြးေႏြးေတြက
လည္ဂုတ္သားဝင္းဝင္းေလးထက္မွာတိုးေဝွ့က်ီစယ္
ေနေတာ့..အသင္ၾကက္သီးထသြားရသည္။အသင္
သူကလြဲရင္ဘယ္ေယာက်ာၤးနဲ႔မွ..မနီးစပ္ခဲ့ဖူးတာ
အမွန္ပါ...
"ေလ်ွာက္ေျပာမေနပါနဲ႔..အသင္..ဆရာဝန္မွ
မဟုတ္တာ.."
ကိုယ့္အေတြးနဲ႔ကိုယ္မို႔..သူ႔စကားကို..တစ္ေအာင့္
ၾကာမွ.ျပန္လည္ေခ်ပႏိုင္သည္။
"မင္းက..ကိုယ့္အတြက္..ေဒါက္တာေတြထက္ပိုၿပီး
အစြမ္းထက္ေနတာျဖစ္မယ္..."
ေန..ေျပာရင္း..သူမရဲ႕ဂုတ္သားေလးကို..ႏူတ္ခမ္း
ေတြႏွင့္ဖိကပ္နမ္းလိုက္ေတာ့...သူမပခုံးေလး..
က်ဳံ့သြားကာ....
"႐ွင္..အသင့္ကိုဘာမွမလုပ္ဘူးလို႔ကတိေပးထား
တယ္ေနာ္..."
"ဒါ..နမ္းတာမွမဟုတ္တာ..ႏူတ္ခမ္းနဲ႔ထိလိုက္တာ"
"ဘာေျပာတယ္.."
အသင္..စိတ္တိုတိုႏွင့္..သတိလက္လြတ္သူ႔ဘက္ကို..
လွည့္ၾကည့္လိုက္မိလ်ွင္...အေနာက္မွာ..ကပ္ကပ္ေလး
႐ွိေနသည့္..သူ႔မ်က္ႏွာႏွင့္..လက္တစ္လုံးပင္ ..
မကြာေတာ့တဲ့အထိ..နီးကပ္သြားရတာမို႔..လန္႔ဖ်ပ္
သြားရသည္။
"႐ွင္..ေယာက်ာၤးဆိုကတိတည္ပါ..."
ျပံဳးေယာင္သမ္းေနသည့္ သူ႔ႏူတ္ခမ္းေတြကိုၾကည့္ၿပီး
ရန္ေတြ႔လိုက္ေပမဲ့..အသံကမမာထန္ႏိုင္ခဲ့ေပ...
"ကိုယ့္ကို..ေယာက်ာၤးမစစ္ဘူးလို႔မင္းကထင္လို႔လား"
ညစ္က်ယ္က်ယ္အျပံဳးႏွင့္သူေမးလိုက္ေတာ့..အသင္
ကိုယ္စကားမွားသြားမွန္းသိကာ..ရင္ထဲမွာ....
ပ်ာယာခတ္သြားရသည္။
"ေျပာၾကည့္..ကိုယ္ဘယ္ေလာက္ေယာက်ာၤးပီသ
ေၾကာင္းျပရမလား..ကိုယ္ေနမေကာင္းေပမဲ့လဲ....
မင္းကိုသက္ေသျပႏိုင္တယ္ေနာ္..."
"႐ွင္..႐ွင္..မညစ္ပတ္နဲ႔ေနာ္..အသင္ေျပာတာ...
အဲ့လိုမဟုတ္ဘူး..."
အသင္.သူ႔ရင္ဘတ္ကို..လက္ႏွစ္ဖက္ႏွင့္စုံတြန္း
ထားမိရင္း..အသည္းအသန္ေျပာလိုက္မိသည္။
ဒါေပမဲ့..ျပံဳးေယာင္သမ္းေနဆဲႏူတ္ခမ္းေတြနဲ႔သူ႔ရဲ႕
လက္ေခ်ာင္းသြယ္သြယ္ေတြက..အသင့္ရဲ႕..
ႏူတ္ခမ္းသားေလးေတြကို..မထိတထိၾကည္စယ္
လာခဲ့ခ်ိန္...။
"ဟင့္အင္း..ေတာ္ၿပီ...အသင္႐ွင့္နားမွာမေနေတာ့ဘူး"
အသင္..သူ႔လက္ကိုအတင္းဖယ္ခ်ၿပီး..႐ုန္းထလိုက္
ေပမဲ့..သူကအတင္းျပန္ဆြဲခ်ကာဖက္ထားသည္။
"လႊတ္..အသင့္ကိုလႊတ္..."
ေန...ရင္ခြင္ထဲမွာ႐ုန္းကန္ေနတဲ့ေကာင္မေလးကို
မလူပ္ႏိုင္ေအာင္..တင္းၾကပ္စြာဖက္ထားလိုက္သည္။
"ေက်းဇူးျပဳၿပီး..ၿငိမ္ၿငိမ္ေလးေနပါလားကြာ...
ကို္ယ္..တစ္ညလုံးမင္းကိုဒီလိုဖက္ထားၿပီး..ကိုယ့္ကတိ
ကိုယ္တည္ေအာင္..မနည္းထိန္းခ်ဳပ္ထားရမွာ...
မင္းအလိုက္မသိရင္ေတာ့.ကိုယ္လဲအာမမခံႏိုင္ဘူး"
ေန.ၿခိမ္းေျခာက္လိုက္မွ..သူမေၾကာက္ၿပီးၿငိမ္
သြားသည္။
"အဟင္း..."
ေန..သေဘာက်သလိုရယ္လိုက္မိရင္း..ခ်က္ခ်င္းပင္
ၿငိမ္သက္သြားသည့္..သူမရဲ႕ဆံပင္ေတြကို..ဆံပင္ေတြကို
တိုးေဝွ့နမ္း႐ိူက္ေနမိရင္း..တသိမ့္သိမ့္လူပ္ခတ္လာတဲ့
ရင္ခုန္သံေတြရဲ႕ေစစားမူ႔ကို..ႀကိဳးစားထိန္းခ်ဳပ္
ေနခဲ့ရသည္။
"မင္းသိရဲ႕လား...ခ်ာတိတ္..မင္းက..တစ္ကယ့္
ၿဂိဳလ္သူမေလးပဲ..ကိုယ့္လိုနတ္ဆိုးတစ္ေကာင္ကို
ရင္ခုန္တတ္ေအာင္သင္ေပးဖို႔အတြက္..ကိုယ့္ကမာၻ
ကိုေရာက္လာတဲ့..ၿဂိဳလ္သားမေလး...."
ေန..အသံတိတ္ဆိုလိုက္မိရင္း....။
💜💜💜💜
"ကိုကို...ကိုကို....."
နားထဲမွာ..ၾကားေနရတဲ့..အသံေသးေသးေလး
တစ္ခုေၾကာင့္..ေန..မ်က္လုံးေတြကိုႀကိဳးစား
ဖြင့္ၾကည့္ဖို႔ႀကိဳးစားေပမဲ့လဲ..မရ....
"ကိုကို.."
"ခ်မ္း...သားရဲ႕ညီမေလးေစာင့္ေနတယ္ေလ...
သား..သူ႔ဆီျပန္သြားရမယ္...မဟုတ္လား..."
ေန..ၾကားေနရတဲ့..အသံေတြနဲ႔..မ်က္လုံးမဖြင့္ႏိုင္ပဲ
ေခါင္းကိုဘယ္ညာခါရမ္းေနမိစဥ္..အာ႐ုံထဲမွာ..
ပီျပင္စြာေပၚလာတဲ့ပုံရိပ္ေတြ......
"ခ်မ္း..."
"သားေလး...ခ်မ္း...."
"ကိုကို...."
ခန္႔ညားသည့္လူႀကီးတစ္ဦးႏွင့္၊ေခ်ာေမာလွပေသာ
အမ်ိဳးသမီးတစ္ဦး..သူတို႔ႏွစ္ေယာက္ရဲ႕အလယ္မွာ
အျဖဴေရာင္ဂါဝန္ေလးႏွင့္ရပ္ေနတဲ့..၁၃ႏွစ္အရြယ္
ခ်စ္စရာကေလးမေလးတစ္ေယာက္.....
"ကိုကို....."
ထိုကေလးမေလးက...ခ်ိဳသာေသာအျပံဳးေလးႏွင့္
ေန႔ထံဝမ္းသာအားရဟန္ႏွင့္..ေျပးလာေနစဥ္..
"အ...က္စ္..."
ေန..အိပ္ယာကေန..ဖ်ပ္ခနဲလန္႔ႏိုးသြားခဲ့သည္။
လူတစ္ကိုယ္လုံးေခြၽးေတြရြဲနစ္ေနၿပီး..ေခါင္းထဲက
တဆစ္ဆစ္ထိုးကိုက္လာတဲ့..ေဝဒနာက...စာဖြဲ႔
ျပလို႔မရေအာင္ပင္...
သူမကေတာ့..ေန႔ေဘးမွာ..ေဘးေစာင္းေလး...
အိပ္ေမာက်ေနသည္။
"ခ်မ္း...ခ်မ္းတဲ့..သူတို႔ငါ့ကို...ခ်မ္းလို႔ေခၚေနတာ
ငါ့နာမည္ကခ်မ္းလား..."
ေန..ဦးေႏွာက္ကိုအသည္းအသန္အလုပ္ေပးလိုက္မိစဥ္
ေခါင္းထဲကမခံမရပ္ႏိုင္ေအာင္..ထိုးကိုက္လာခဲ့ၿပီး...။
"အား..."
ေခါင္းထဲကမခံမရပ္ႏိုင္ေအာင္..ထိုးကိုက္ေနတဲ့
ေဝဒနာေၾကာင့္..ေန..အံႀကိတ္ကာ..ခပ္တိုးတိုး..
ၿငီးျငဴလိုက္မိသည္။ေန႔ေၾကာင့္..သူမကို..အိပ္ေရး
မပ်က္ေစခ်င္တာေၾကာင့္..ကုတင္ေပၚကေန...
ေျဖးေျဖးဆင္းလိုက္ၿပီး...ယိုင္နဲ႔ေနတဲ့..ေျခလွမ္းေတြႏွင့္
ေရခ်ိဳးခန္းထဲ..ဝင္လာခဲ့သည္။
"ျဗဳတ္..ျဗဳတ္..."
ဝတ္ထားတဲ့..႐ွပ္အက်ႌကၾကယ္သီးေတြကို...
ခပ္ၾကမ္းၾကမ္းဆြဲျဖဳတ္လိုက္ရင္း..အက်ႌကို..
ခြၽတ္ပစ္ကာ..ေရခ်ိဳးခန္းၾကမ္းျပင္ကို..လုံးေထြး
ပစ္ေပါက္ပစ္လိုက္သည္။
"ဟား..."
"ဒုန္း.."
ေန..ေဒါသႏွင့္..ေရခ်ိဴးခန္းနံရံကိုလက္သီးႏွင့္ပစ္ထိုးလိုက္၏..
နဂိုထဲက..စိတ္ႀကီးသူမို႔..ခံစားေနရတဲ့ေဝဒနာေရာ
အာ႐ုံထဲမွာ..ထင္႐ွားစြာျမင္ေနရေပမဲ့..ဘယ္သူေတြ
ဆိုတာ..လုံးဝကိုစဥ္းစားလို႔မရတဲ့...အေျခအေနက..
တစ္ကယ့္ကိုစိတ္ပ်က္စရာ...
"ဘာေတြလဲ..သူတို႔ကဘယ္သူေတြလဲ..ေပ်ာက္ဆုံး
ေနတဲ့ငါ့မွတ္ညဏ္ေတြထဲမွာ..ဘာေတြ႐ွိခဲ့တာလဲ..
သူတို႔က..ငါ့ကိုဘာလို႔ခ်မ္းလို႔ေခၚေနရတာလဲ..
ဒါမွမဟုတ္..ေန႔လည္က..ငါ့ကိုလူမွားခဲ့တဲ့..အမ်ိဳးသမီး
ေၾကာင့္..ငါစိတ္စြဲၿပီး..ထင္ေယာင္ထင္မွား..ျဖစ္
ေနတာလား...ဟား..တစ္ကယ္ပဲ..."
ေန..ေရခ်ိဳးခန္းနံရံကိုလက္တစ္ဖက္ေထာက္ထားရင္း
ေရပန္းကိုဖြင့္ခ်လိုက္သည္။ေအးျမေနတဲ့ေရေတြက
ေခါင္းကေနတစ္ဆင့္..တစ္ကိုယ္လုံးကိုစီးက်ေန
ေသာ္လဲ..ေန႔ရင္ထဲမွာေရာ..ေခါင္းထဲမွာပါ..မီးေတာက္
ေနခဲ့သည္။
ေန..မ်က္ႏွာကိုေမာ့လိုက္ကာ..ေရပန္းေအာက္မွာ
ရပ္ေနမိရင္း....
~~~~~~~~~~~~
"အင္း...."
အသင္..ဖ်ပ္ခနဲတေရးႏိုးလာေတာ့..အနားမွာ..
သူ႐ွိမေနေတာ့....
"ဟင္..ဘယ္ေရာက္သြားတာလဲ.."
အသင္..ေမြ႔ယာေပၚကေနထထိုင္လိုက္ၿပီး..အခန္းထဲကို
ေဝ့ၾကည့္လိုက္ေတာ့..ေရခ်ိဳးခန္းတံခါးပြင့္ေနတာကို
ျမင္လိုက္ရသည္။
အသင္..ကုတင္ေပၚကဆင္းကာ..ေရခ်ိဳးခန္းနားကို
ေလ်ွာက္သြားလိုက္ေတာ့..အထဲကေန..ေရသံ
ခပ္သဲ့သဲ့ကိုၾကားလိုက္ရ၏..
"ဟင္..သူ..ဒီအခ်ိန္ႀကီးေရခ်ိဳးေနတာလား....ေနလဲ
မေကာင္းတာကို..ဒီလူကေတာ့..."
အသင္..သူ႔ကိုစိတ္ပူသြားရတာမို႔..သတိလက္လြတ္ႏွင့္
ေရခ်ိဳးခန္းထဲ..လွမ္းဝင္လာခဲ့မိရာ...။
" ကိုေနကုဋာ.... "
💜💜💜💜ဆက္ရန္^^^
#Hazel