သံသရာစက်ဝန်း(Season 2)(ongoin...

By Nao_Sesuko

8.2K 484 188

စိမ်းကားခြင်းတွေ နာကျင်ဖို့ကောင်းမှန်း အေးစက်သွားသည့်အခြေအနေမှသာ သိခဲ့ရသည်။ ဘုန်းရဲမာန်နိုင် ရှင်မရှိလည်း ကျွ... More

Story intro
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၄)
sorry for being late👏
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)

အပိုင်း(၃)

556 48 21
By Nao_Sesuko

Unicode

ရဲစစ်ဟန် ရန်ကုန်လဆိပ်သို့ခြေချမိသည်နှင့် Akariyaဆီသို့ ဦးတည်လာခဲ့သည်။Japanရှိ ပင်မရုံးချုပ်၏ ကိုယ်စားလှယ်ဟူသော ဂုဏ်ပုဒ်ကိုထမ်းဆောင်ထားသူဖြစ်၍ အတတ်နိုင်ဆုံး နောက်မကျချင်ပါသော်လည်း အချိန်အတိအကျမရှိသော flightများကြောင့် ၁၀ခါတွင်၅ခါက လက်ထောက်ဖြစ်သူ ထက်ပိုင် ထံမှသာ meetingတွင် ဘာတွေပြောသွားလဲ projectတွေ ဘယ်လိုစီစဥ်လိုက်လဲဆိုတာသိရသည်။

ယခုလည်း ထက်ပိုင် mailပို့လိုက်သည့် shareဝင်အသစ်၏ ကိုယ်ရေးအချက်အလက်များကို ကြည့်ရှုရင်း ကော်ဖီသောက်ကာ Akariyaသို့ဦးတည်သော ကားပေါ်တွင်လိုက်ပါလာသည်။

ရှယ်ယာဝင်အသစ်၏ မျက်နှာကိုမြင်မြင်ချင်း သောက်နေသာကော်ဖီပင် သီးသွားရသည်။ဒီမျက်နှာကိုသူသေချာမှတ်မိပါသည်။ဘုန်းရဲမာန်နိုင်ဆိုသူပင်။တစ်နည်းအားဖြင့် တစ်ချိန်က သူသဘောကျခဲ့ဖူးသော ရှင်း၏ဘေးနားတွင် ရှိခဲ့ရသူဖြစ်သည်။

အိနြေသွယ်ရှင်းဟူသော သူမကို သူကရှင်းဟူ၍ သာဖြစ်သည်။သူများတွေလို သွယ် ဟုမခေါ်ဘဲ တစ်မူထူးခြားအောင် ရှင်း ဟုခေါ်ခြင်းဖြစ်သည်။သူ ရှင်း ကိုယခုတိုင်သဘောကျဆဲပါ။

ကံကြမ္မာက သူ့ကိုမျက်နှာပေးဟန်တူသည် stateကျောင်းသားဘဝက လွဲကွာခဲ့ရသော ရှင်းက မမျှော်လင့်စွာပင် Japan၌ သူ့နားပြန်ရောက်လာသည်။ပြန်တွေ့တွေ့ချင်း အတိတ်တို့ကိုပြေပုန်းကားချ၍ သာမိန်မိတ်ဆွေများအဖြစ်သာ ခင်မင်ခဲ့သည်။

ဘုန်းရဲမာန်နိုင်နဲ့ ဘာဖြစ်သွားတာလဲ ဟူသည်ကိုသိချင်ပါသော်လည်း တိုက်ရိုက်မေးဆိုမဆိုသာဘဲ ဘုန်းရဲမာန်နိုင်အကြောင်းစကားစက်မိရုံ မထင်မှတ်ဘဲစကားထဲတွင် ဘုန်းရဲမာန်နိုင်အကြောင်းပါလိုက်ရုံနှင့် စကားဝိုင်းကထွက်သွားလေ့ရှိသည်။

ဘုန်းရဲမာန်နိုင်ဆိုသည်နှင့် နှုတ်ဆိတ်သွားပြီး သူမ၏ပုလဲကြည်မျက်ဝန်းထဲရှိ အရိပ်အသက်တို့ကို သူအမည်မတပ်တတ်ပါ။သူမတို့ဘာတွေဖြစ်ခဲ့သည်လဲ မေးချင်ပါသော်လည်း မဖြေချင်သူကို သူအတင်းမမေးပါ။ရှင်း ဘာသာစိတ်လိုလက်ရ ပြောလာသည့်အချိန်ကို သူစောင့်ဆိုင်းနေဆဲဖြစ်သည်။

Akariyaရှေ့ ကားရပ်လိုက်သည်နှင့် အသင့်လာကြိုနေသော လက်ထောက်ဖြစ်သူ ထက်ပိုင် က သူ့laguageကို လာကူဆွဲသည်။

"meeting ဘယ်ချိန်ပြီးသွားတာလဲ ထက်ပိုင်"

"လွန်ခဲ့တဲ့၂နာရီလောက်ကပါ ကိုယ်စားလှယ် han"

သူတို့စကားတပြောပြောဖြင့် ဓာတ်လှေကားထဲသို့ လျှောက်လာကြသည်။လမ်းတစ်လျောက် ခေါင်းညှိမ့်နှုတ်ဆတ်လာသော ဝန်ထမ်းတို့ကို အကြည့်ဖြင့်အသိအမှတ်ပြုရင်းပေါ့

"သွယ်CEO ရုံးမှာရှိပါသေးတယ် ကိုယ်စားလှယ်han"

မမေးဘဲ ပြောလာသော လက်ထောက်ဖြစ်သူကြောင့် ဘာရယ်မဟုတ် သူ့လက်ချောင်းထိပ်အချင်းချင်း ပွတ်တိုက်နေမိသည်။

"မင်းကို မေးမိလို့လား"

"ဟို ကိုယ်စားလှယ်han က Akariyaမှာ meeting လာတက်တာနဲ့ သွယ်CEOကိုပဲ အရင်စရှာတာဆိုတော့ သိချင်မလားလို့ပါ"

ရီစပ်စပ်ပြောလာသော လက်ထောက်ဖြစ်သူကို ဘာမှပြန်မပြောဘဲ သူ့ဘာသာသူရှက်နေမိသည်။သူပြောသည်ကလည်း မှန်နေသည်ကိုး။ တစ်ခြား shareဝင်များနှင့် စကားသိပ်မပြောဖြစ်ဘဲ လုပ်ငန်း နှစ်ပတ်လည်ပွဲတွေ dinnerလောက်မှသာ ပြောတယ်ဆိုရုံလေးပြောဖြစ်သည်။

စုCEOက project ပူးပေါင်းရေးကိုသာ အဓိက ဦးစီးသည်မို့ သိပ်အဆက်အသွယ်မရှိ။လုပ်ငန်းကိစ္စဆိုလျှင် ရှင်း နှင့်သာ အများဆုံးဆွေးနွေးဖြစ်သည်။

"မင်းက hotelမှာ သွားနားလို့ရပြီ fileတွေ ငါ့ဆီလွဲခဲ့ lugageပါ တစ်ခါတည်း hotel ယူသွားပေး"

"ဟုတ်ကဲ့ပါ ကိုယ်စားလှယ် han သွယ်CEOနဲ့ ကောင်းကောင်းအချိန်ဖြုန်းလို့ရအောင် ကျွန်တော်ရှောင်ပေးပါ့မယ် "

"အလုပ်ကိစ္စပြောမှာကွ"

"ကျွန်တော်ကလည်း အလုပ်ကိစ္စပြောတာပါဗျ ခုတော့ခွင့်ပြုပါအုံး"

ပြောချင်တာပြောပြီး သူ့ထံဖိုင်တွဲတွေထိုးပေးကာ lugageကိုဆွဲသွားသော လက်ထောက်ဖြစ်သူကြောင့် သူ့ကိုဘယ်သူမှကြည့်မနေပါဘဲ အရှက်ပြေနားထင်သို့လက်ညှိုးဖြင့် ကုတ်နေမိသည်။အမှန်တွေဆိုသော်လည်း ကြားရတာတစ်မျိုးပင်။

ရှင်း၏ ရုံးခန်းထဲမဝင်ခင် အင်္ဂျီကိုဆွဲဆန့်ကာ ကြက်သွေးရောင် necktileကို တစ်ချက်မတင်လိုက်သည်။ကိုယ်ကသဘောကျနေသူမို့ ရှင်းရှေ့တွင် သပ်သပ်ရပ်ရပ်ဖြစ်ဖို့လိုသည်။

"ကိုယ် ဝင်လာပြီနော် ရှင်း"

ရုံးခန်းတံခါးကိုဖွင့်ကာ တံခါးအတွင်းကို လက်ဆစ်ဖြင့် သုံးချက်ခေါက်ရင်း အသံပေးလိုက်သည်။ရှင်းက တစ်ခုခုကိုတွေးတောနေဟန်တူသည်။မျက်လုံးနက်နက်များကို စုကြုံထားပြီး သွားဖွေးဖွေးလေးများကလည်း အောက်နှုတ်ခမ်းကိုဖွဖွကိုက်ထားသေးသည်။

သူဒုတိယအကြိမ် တံခါးကိုခေါက်လိုက်တော့မှ ရှင်းက မျက်လုံးလေးလှန်ကြည့်ကာ

"ဝင်လာလေဟန် မနက်ဖြန်မှရောက်မယ်တောင်ထင်တာ"

"မနက်ဖြန်မှရောက်ရင်တော့ ဘယ်ဖြစ်မလဲ ဒီနေ့တော့meeting တက်မယ်စိတ်ကူးထားတာ ထုံးစံတိုင်းနောက်ကျပြန်ပြီ"

"ရပါတယ် flightကိုတော့ သွားပြောလို့မရဘူးလေ"

ရယ်မောကာ ပြောလာသော ရှင်းမျက်နှာသည် ပကတိကြည်လင်နေသည်။ရှင်းတစ်ခါရယ်လိုက်တိုင်း ပေါ်လာသည့် သွားတန်းညီညီဖွေးဖွေးနှင့် မနီမစိုနှုတ်ခမ်းလေးက ပနံ့သင့်လှသည်။

"ဒါနဲ့ ရောင်းအားတွေဘယ်လိုရှိလဲ"

အလုပ်ကိစ္စစပြောတော့မည်မို့ ရှင်းကရှေ့ကျနေသော ဆံပင်တို့ကိုနောက်သို့သပ်ကာ

"ဒီရက်ပိုင်းက ဆောက်လုပ်ရေးရာသီဆိုတော့ ရောင်းအားက plusတွေပဲ အရင်ကထက်orderတွေများလာလို့ လက်မလည်အောင်ဘဲ တစ်ခါတစ်လေ ဆိုင်ခွဲတွေကပစ္စည်းတွေနည်းနေတဲ့ချိန် orderတင်ဖို့မေ့လို့ တစ်ခြားဆိုင်ခွဲတွေဆီ ညွှန်လိုက်ရတဲ့အခါတွေတောင်ရှိတယ်"

"serviceပိုင်းမှာကလည်း အရင်ကထက်လူပိုလိုလာတယ် cilentတွေကများပြီး staffတွေကနည်းနေတော့ staffတွေပင်ပန်းတာပေါ့ ပြီးတော့ cilentတစ်ယောက်နဲ့တစ်ယောက်ဆီ သွားရတဲ့ ကုန်ကျစရိတ်တို့ ကားတွေပိတ်လို့ တစ်နေရာနဲ့တစ်နေရာကြားမှာ အချိန်တွေဟာနေတာလည်းရှိတာပေါ့"

ဂရုတစိုက်ပြောလာသော ရှင်း၏အကွက်စေ့အကြောင်းအရာများကို တစ်လေးတစ်စားနားထောင်ကာ

"ok ကိုယ်တို့အခုလိုတာက staffတွေပိုလိုတယ် itemတွေခပ်များများorderတင်ထားရမယ် အဲတာပဲမလား ရှင်း"

"ပြောစရာကျန်သေးတယ် ဟန်"

"ပြောလေ ရှင်း"

"staffတွေကို profissonalပိုလိုချင်တယ် decoration itemအများစုက သစ်သားတွေ ပန်းချီကားတွေ ရုပ်ထုတွေ မီးဆိုင်းတွေ နဲ့ တစ်ခြားတန်ဖို့ကြီးတာတွေမလို့ ကျွန်မတို့serviceပိုင်းမှာ တစ်ခုခုerrorဖြစ်ရင် ပြန်လျော်ရမဲ့ ပမာဏကသိပ်များတယ်"

ဒီအချက်ကိုသူမတွေးမိလိုက်ပေ။errorတစ်ခုဖြစ်လျှင် cilentတွေကို မျက်နှာပျက်ရသည့်အပြင် Akaria၏ ratingကိုလည်း လျော့ကျစေသည်။

staffတွေဆီက errorအတွက်လစာထဲမှ အရစ်ကျပြန်ဖြတ်သော်လည်း ကုမ္မဏီဘက်မှအရင်စိုက်ထားရသည်။

ပမာဏတော်တော်များများက တစ်လုံးတစ်ခဲတည်း အမြတ်ငွေများမှထွက်သွားပြီး နည်းနည်းစီသာအရစ်ကျပြန်ဝင်လျှင် လုပ်ငန်းစုဝင်ငွေမြှပ်နေသည့်အပြင် ဆုံးရှုံးသွားသော ပမာဏကိုပြန်ရဖို့ အချိန်အတော်ကြာသည်။

"နောက်တစ်ချက်က Akariyaရဲ့ ကျွန်းသစ်စိုက်ပျိုးရေး ဧရိယာကိုချဲ့တွင်ချင်တယ်"

ရှင်း ​ဆိုလိုသည့်အဓိပ္ပာယ်ကို သူနားမလည်သောကြောင့် သူခနမျှတွေသွားသည်။သူ့အခြေအနေကို ရှင်း ကလည်းရိပ်မိဟန်တူသည်။အမောပြေ ရေတစ်ခွက်သောက်ကာ

"ဒီလို ဟန် Akariyaရဲ့ decoration materialရဲ့ 50% က ကျွန်းသစ်တွေ ပိတောက်တွေ နဲ့ပဲအသုံးပြုတာမလား ပြီးတော့ funiture တွေကလည်း သစ်သားတွေနဲ့ပဲ အလှဆင်တာများတယ် Akariyaပိုင် သစ်ထုတ်လုပ်ရေးတွေရှိပေမဲ့ သစ်ပင်ခူတ်တဲ့ ပမာဏနဲ့ စိုက်ပျိုးတဲ့ ပမာဏက မမျှဘူးဖြစ်နေတယ် တစ်ခါတစ်လေ ခုတ်ဖို့သက်တမ်းမပြည့်ဘဲ ခုတ်လိုက်ရတာတွေလည်းရှိတော့ အဲ့သစ်တွေက qualityပိုင်းမှာ အရည်အသွေးမပြည့်ပဲ ခြစားတာတွေ ဆွေးရိတာတွေဖြစ်လာနိုင်တယ်"

ရှင်း ပြောသမျှကို ဂရုတစိုက်နားထောင်ရင် အားမာန်တက်ကြွနေသော ဟန်ပန်လေးကိုလည်း ခနခနခိုးကြည့်နေမိသည်။သူ့အဖြစ်က ရေထဲကငါးမန်းက ကုန်းပေါ်ရှိ ပန်းလေးကို အမြတ်တနိုးငေးကြည့်နေပုံနှင့်တူသည်။

"ခုထက်ထိတော့ ဒီလောက်ပဲ ဟန် ရုံးချုပ်ကိုတော့ staffအင်အားလိုတာနဲ့ staffတွေရဲ့ qualityပိုင်းကိုပဲ အရင်တင်ပြပေးပါ ကျန်တဲ့ကိစ္စတွေရှိပေမဲ့ နောက်မှပေါ့ ရုံးချုပ်မှာလည်း ကိစ္စတွေရှိသေးတာပဲလေ အများကြီးစုပုံနေရင် လက်မလည်ဘဲဖြစ်လိမ့်မယ်"

ရှင်း၏ သဘောထားပြည့်ဝနေမှုကြောင့် မသိလိုက်ခင်မှာပင် ပြုံးမိရက်သားဖြစ်သွားသည်။ရှင်းကို သဘောကျသည့် အချက်တွေထဲတွင် တစ်ဖက်သားအပေါ် နားလည်တတ်မှုလည်းပါဝင်သည်။

ရုံးချုပ်တွင်လည်း projectတွေမအားလပ်ပါ။သူဒီကို meetingလာဖို့တောင် အလုပ်တွေမနည်းဖြတ်ထားခဲ့ရခြင်းဖြစ်သည်။သူ သဘောကျရပါသော ရှင်းက ထိုအချက်ကို နားလည်ဟန်တူသည်။

သူကစ သဘောကျမိသူမို့ ရှင်းနဲ့ ပက်သတ်တဲ့အရာရာက သဘောကျဖွယ်ဖြစ်သည်။

"နောက်ထပ်ကိစ္စတွေရှိသေးလား ရှင်း"

အဓိပ္ပာယ်ပါပါမေးလာသော ဟန် ကြောင့်သွယ် အနည်းငယ်စိတ်မသက်သာဖြစ်သွားရသည်။ဟန့်ကိုကြည်ရတာ ဘုန်းရဲမာန်နိုင်အကြောင်း သိပြီးပုံပင်။

ဘုန်းရဲမာန်နိုင်နှင့် ပက်သတ်လျှင် သဲမှုန်လောက်သေးငယ်နေပါစေ သွယ်အရေးမစိုက်ချင်ပါသော်လည်း shareရှင်အသစ်က သူဖြစ်နေ၍ အချိန်ကုန်ခံကာပင် ဆွေးနွေးရပေတော့မည်။

"ဦးထွန်းလှိုင်ရဲ့ shareတွေက ဒီမနက်လေးကတင်ရောင်းထွက်သွားပြီး ဘုန်းရဲမာန်နိုင်ဆိုတဲ့ လူက ဝယ်သွားတယ်"

"ဦးထွန်းလှုင်ဆီက ချက်ချင်းဝယ်သွားနိုင်တယ်ဆိုတည်းက တော်ရုံမဟုတ်ဘူးနော်"

သူ့အပြောကို ရှင်း ကထောက်ခံသလို ခေါင်းလေးညှိမ့်ကာ

"ဟန့် လက်ထောက်ကိုတော့ သူ့အချက်အလက်တွေmailပို့ပြီးပါပြီ ဟန်မကြည့်ရသေးရင် ဟန့်ရှေ့က fileတွဲထဲမှာ ရှိပါတယ်"

သူ့ရှေ့က အနီရောင်ဖိုင်တွဲကို လှန်ကြည့်လိုက်သည်။

"သူက Americaကပြန်ရောက်တာ မကြာသေးဘူးပဲ"

"ဟုတ်တယ် ဟန် businese နယ်ပယ်ထဲ ခြေချတာမကြာသေးဘူးထင်တယ် သူ့historyမှာ ဘာမှမရှိဘူး "

"ဒါဆို လူသစ်လေးပေါ့"

"လူသစ်ဆိုပေမဲ့ သူက လှည့်ကွက်များတယ် ဟန် သူ့စိတ်ကို မခန့်မှန်းနိုင်ဘူး"

" ရှင်းက သူ့အကြောင်းသိတယ်နော်"

သွယ့် ကိုယ့်ပါးစပ်ကိုယ်ပြန်ရိုက်လိုက်ချင်သည်။အရှိန်လွန်သွားပြီး မပြောသင့်တာတွေ ပြောသင့်ကုန်ပြီ။အရှေ့က စူးစမ်းလိုမှုအပြည့်ဖြင့် ဟန့် အကြည့်တွေကို မျက်လုံးချင်းမဆုံရဲပေ။

"ဒီလိုပါပဲ စု ရှာထားတာတွေပြောပြတာပါ"

ဘုန်းရဲမာန်နိုင်အကြောင်း စကားစမိရုံရှိသေး အမူအရာတို့က တစ်မျိုးတစ်မည်ထူးဆန်းသွားသော ရှင်းကို ကြည့်ပြီး သူ ဘုန်းရဲမာန်နိုင်ကို အားကျမိသည်။

အတိတ်မှာရော ပစ္စုပ္ပန်မှာပါ သူက ရှင်းစိတ်ထဲတွင် နေရာတစ်ခုယူထားဆဲဖြစ်သည်။

အတိတ်က ဘုန်းရဲမာန်နိုင် ရှင်းအပေါ်မည်သို့သဘောထားသည်ကိုမသိပါ သို့သော် သူ့အပေါ်ထားရှိသည့် ရှင်း၏ သဘောထားများသည် တစ်ခါကြည့်ရုံဖြင့် သိသာလှပါသည်။

အခုရော သူ့အပေါ်လေးနက်တဲ့ ခံစားချက်တွေရှိနေတုန်းပဲလားရှင်း
မင်း အတိတ်က ဘုန်းရဲမာန်နိုင်အပေါ်ထားတဲ့ လေးနက်မှုတစ်ဝက်လောက် အခုကိုယ့်အပေါ်ထားရင်ကျေနပ်ပါပြီ။

သံသရာတစ်ကွေ့မှာတော့ ကိုယ့်အတွက် အခွင့်အရေးရှိသေးတယ်မလား။

သူ့ရှေ့က ရှင်းကတော့ သူ့အတွေးတို့ကို မသိပါဘဲ ဖိုင်တွဲတို့ကိုသာ လှန်လှောကြည့်နေသည်။သူ့အဖြစ်က မျက်စိရှေ့မြင်နေရက်နဲ့ ဖွင့်ဟပြောဆိုခွင့်မရှိသည့်အဖြစ်ပင်။

********

"စု နင်က နေ့လယ်ဘက်လည်း clubတက်တာပဲလား"

menu ကြည့်နေရင်းမှ ဝေယံ့စကားကြောင့် စုခေါင်းထောင်ကြည့်မိသည်။

"clubတက်တာ နေ့ညခွဲထားလို့လား ဒီတိုင်း အုံးနှောက်ဆေးတဲ့သဘောပါ"

"အုံးနှောက်ဆေးရအောင် နင့်အုံးနှောက်က ညစ်ပတ်နေလို့လား ရေမချိုးဘူးလား"

"ဝေယံနိုင်!!!! "

အသံစူးစူးလေးက ယခင်ကလို စူးမြနေသည်။

"အသံပြဲကြီးနဲ့ အော်ပြန်ပြီ နင်ကအကျင့်ကိုမပျောက်ဘူး"

"ဘာလဲ နင်ကငါ့ကို ငြိုငြင်ပြီလား ငါ့ကိုဆို နင်အမြဲဆူဖို့ပဲ မခေါ်တော့ဘူး စိတ်ဆိုးတယ် နင့်ကို ဟွန့်"

ငယ်ကျိုးငယ်နာတွေပြန်ဖော်နေသော ဝေယံကြောင့် ထုံးစံအတိုင်း မျက်လုံးလေးကို ကလယ်ကလယ် puppy eyesလေးများဖြစ်အောင် မျက်တောင်တဖျက်ဖျက်ခတ်လိုက်တော့ ရှူးရှူးရှဲရှဲဖြစ်ကာ မျက်နှာကို ဟိုဘက်လှည့်သွားသည်။

"ကလေးမဟုတ်သူငယ်မဟုတ် မျက်လုံးကို ဘယ်လိုတွေလုပ်နေတာလဲ"

"ဟွန့် နင်မသိဘူးလား ငါက ခုမှ ကလေးပဲ ရှိသေးတာ"

သူ့ကိုသူ နှုတ်ခမ်းလုံးလုံးလေးကို ထော်ကာ ကလေးလေးလို့ ပြောလာသူကိုကြည့်လိုက်တော့ မျက်နှာက တစ်ကယ့် ကလေးမျက်နှာလေးပင်။

"နင်က၂၄ နှစ်အရွယ် Akariyaရဲ့ CEO တစ်ယောက်နော် ဘာမှကလေးလေးမဟုတ်ဘူး"

"age is just a number ငါက CEOတစ်ယောက်ဆိုပေမဲ့ လုပ်ငန်းချိန်ပြင်ပမှာတော့ ကိုကို့ကလေးလေးပဲ"

ကိုကို့ကလေးလေး ဟူသောအခေါ်အဝေါ်ကြောင့် သောက်လက်စရေပင်သီးသွားရသည်။သူ့သေးသေးလေးက ဘယ်သူ့ကို ကိုကိုခေါ်နေတာလဲ

"ကိုကို့ကလေးလေးဆိုတော့ နင့်မှာကိုကိုရှိလို့လား ရည်းစားရှိတာတောင် ငါမသိပါလား ဘယ်ကကောင်လဲ နင်နဲ့ဘယ်လိုတွေ့တာလဲ နင်ယောက်ျားတိုင်းကိုမယုံရဘူး လူကောင်းသူကောင်းမဟုတ်ရင် ဘယ်လိုလုပ်မလဲ"

အလန့်တကြား မျက်စိပြူးမျက်စံပြူး မေးလာသူကြောင့် စု၏နောက်ချင်စိတ်မှာ ပိုမိုထကြွလာသည်။အစက သက်သက်နောက်သည့်သဘောဖြင့်ပင်ပြောလိုက်သော်လည်း တစ်ကယ်အတည်ထင်သွားသော ဝေယံ​ကိုကြည့်ကာ

"ကိုကိုက လူကောင်းပါ ငါ့ကိုလည်း သိပ်ချစ်တာ ငါကလည်း ကိုကို့ကိုသိပ်ချစ်တာ ပြီးတော့လေ"

နှုတ်ခမ်းလေးထော်ကာ အားရပါးရ ပြောနေသော စုကိုကြည့်ပြီး သူ့ရင်ထဲအရူးမီးဝိုင်းသလိုပင် သူ့သေးသေးမှာက သူမဟုတ်တဲ့ တစ်ခြားယောက်ျားတစ်ယောက်ကို ကိုကိုခေါ်သည်တဲ့

"နင့်ကိုကိုကဘာဖြစ်လဲ ဆက်ပြော"

"ကိုကိုက ချစ်စရာကြီး"

သူကဖြင့် ဘာပြောမလဲ နားထောင်လိုက်ရတာ နီတာရဲနှုတ်ခမ်းလေးက ထွက်ကျလာတဲ့ စကားက ကိုကိုကချစ်စရာကြီးတဲ့ ဒီသေးသေးကို စိတ်ရှိလက်ရှိသာ ရင်ခွင်ထဲထည်ထားလိုက်ချင်တယ်။

"နင့်ကိုကိုကဘယ်ကလဲ"

"ကိုကိုက အနားသာ နင်ရှင်က ပြောရရင် imigination က ဟီးး"

စူးရိမ်ပူပန်မှုများသည် သေးသေးလေး၏ imiginationကဟူသော စကားလုံး၌ အငွေ့ပျံ့တက်ကုန်သည်။တော်သေးသည် သူ့သေးသေးလေးက သူ့ကိုစနေခြင်းဖြစ်သည်။

"အတည်ထင်နေတာ ပေါက်ပေါက်ရှာရှာကွာ "

"ဟီး ငါကမစရရင်မနေနိုင်တာကို"

ထိုစဥ် waiterမှ မှာထားသည့်ဟင်းပွဲများလာချ၍ စကားစပြတ်သွားသည်။သေးသေးလေးကို ချောဖို့ရာ ပင်လယ်စာစားသောက်ဆိုင်တွင် နေ့လယ်စာစားရသည်။ရည်းစားမဟုတ်ပေမဲ့ ရည်းစားတွေလို စိတ်ကောက်တတ်၍ ရည်းစားမဟုတ်တဲ့ ဝေယံက လိုက်ချော့ရပါသည်။

ပင်လယ်စာအစပ်တွေ ပါးစပ်အပြည့် စားနေသော သေးသေးလေးကိုကြည့်၍ ဝေယံယားကျိယားကျိဖြစ်လာရသည်။သူ့မှာalargicရှိ၍ ပင်လယ်စာတွေမစားသော်လည်း သေးသေးလေးကတော့ ပင်လယ်စာဆို ထမင်းမေ့ဟင်းမေ့ပင်။

"ဗိုက်တင်းလိုက်တာ"

စားချင်တာစားလိုက်ရ၍ ဗိုက်လေးကို လက်ဖြင့်ပုတ်ကာ ပြောလာသော သေးသေးလေးက ချစ်ဖို့ကောင်းလွန်း၍ သူဘာပြောရမှန်းမသိတော့

"ဝေယံ့ နင်alargicရှိတာမမိုက်ဘူး ခုတော့ sea foodဆိုင်မှာ ကြေးအိုးပဲသောက်နေရတယ်"

သူ့ရှေ့က ​စားပြီးသားကြေးအိုးပန်းကန်ကိုကြည့်ကာ ပြောလာသော စုက သူ့အကြံကိုမသိသေးတဲ့ပုံပင်။

"ငါရည်းစားလိုချင်တယ်"

"ရှာပေါ့"

"သွယ့်ကိုအဖော်ရပြီထင်နေတာ ဘုန်းရဲပြန်လာတော့ မမိုက်ဘူး သွန်းကလည်း သူ့ကိုကြီးနဲ့ အဆင်ကိုပြေလို့ ငါကျဘာလို့ singleဖြစ်နေရတာလဲ"

"နင်အဲ့လိုပြောကြေးဆို နင်လည်းsingle ငါလည်း singleပဲ"

သေးသေးလေးက သူ့ကိုအလန့်တကြားကြည့်လာသည်။

"နင်က ခုထိရည်းစားမရှိသေးတာလား"

"ငါချစ်နေတဲ့လူရှိပေမဲ့ သေးသေးလေးက ငါ့ကိုတလွဲဇုန်ထဲထည့်နေတာ"

"သေးသေးလေးက ဘယ်သူလဲ ဘယ်ကကောင်မလေးလဲ မိန်းမတွေကမယုံရဘူး သူဘယ်သူလဲနင်ပြော"

သူ့ကိုပြောလို့ ပြောနေမှန်းမသိဘဲ တလွဲတွေးနေတဲ့ သေးသေးလေးရယ်ပါ။စူးစမ်းဟန်အပြည့် အမူအရာလေးထဲတွင် သဝန်တိုသည့်အရိပ်အယောင်များကို သူတွေ့လိုက်ရသည်။

သေးသေးလေးက သဝန်တိုနေတယ် ဆိုသည့်အချက်က ဝေယံလိုချင်သည့် အကြောင်းအရာကို ဦးတည်နေလေည်။

2937 Words
A/N
Vote & comment လေးတွေပေးကြပါလို့🥺

Unicode

ရဲစစ္ဟန္ ရန္ကုန္လဆိပ္သို႔ေျခခ်မိသည္ႏွင့္ Akariyaဆီသို႔ ၪီးတည္လာခဲ့သည္။Japanရိွ ပင္မရံုးခ်ဳပ္၏ ကိုယ္စားလွယ္ဟူေသာ ဂုဏ္ပုဒ္ကိုထမ္းေဆာင္ထားသူျဖစ္၍ အတတ္ႏိုင္ဆံုး ေနာက္မက်ခ်င္ပါေသာ္လည္း အခ်ိန္အတိအက်မရိွေသာ flightမ်ားေၾကာင့္ ၁၀ခါတြင္၅ခါက လက္ေထာက္ျဖစ္သူ ထက္ပိုင္ ထံမွသာ meetingတြင္ ဘာေတြေျပာသြားလဲ projectေတြ ဘယ္လိုစီစဥ္လိုက္လဲဆိုတာသိရသည္။

ယခုလည္း ထက္ပိုင္ mailပို႔လိုက္သည့္ shareဝင္အသစ္၏ ကိုယ္ေရးအခ်က္အလက္မ်ားကို ၾကည့္ရႈရင္း ေကာ္ဖီေသာက္ကာ Akariyaသို႔ၪီးတည္ေသာ ကားေပၚတြင္လိုက္ပါလာသည္။

ရွယ္ယာဝင္အသစ္၏ မ်က္ႏွာကိုျမင္ျမင္ခ်င္း ေသာက္ေနသာေကာ္ဖီပင္ သီးသြားရသည္။ဒီမ်က္ႏွာကိုသူေသခ်ာမွတ္မိပါသည္။ဘုန္းရဲမာန္ႏိုင္ဆိုသူပင္။တစ္နည္းအားျဖင့္ တစ္ခ်ိန္က သူသေဘာက်ခဲ့ဖူးေသာ ရွင္း၏ေဘးနားတြင္ ရိွခဲ့ရသူျဖစ္သည္။

အိေျႏသြယ္ရွင္းဟူေသာ သူမကို သူကရွင္းဟူ၍ သာျဖစ္သည္။သူမ်ားေတြလို သြယ္ ဟုမေခၚဘဲ တစ္မူထူးျခားေအာင္ ရွင္း ဟုေခၚျခင္းျဖစ္သည္။သူ ရွင္း ကိုယခုတိုင္သေဘာက်ဆဲပါ။

ကံၾကမၼာက သူ႔ကိုမ်က္ႏွာေပးဟန္တူသည္ stateေက်ာင္းသားဘဝက လြဲကြာခဲ့ရေသာ ရွင္းက မေမ်ွာ္လင့္စြာပင္ Japan၌ သူ႔နားျပန္ေရာက္လာသည္။ျပန္ေတြ့ေတြ့ခ်င္း အတိတ္တို႔ကိုေျပပုန္းကားခ်၍ သာမိန္မိတ္ေဆြမ်ားအျဖစ္သာ ခင္မင္ခဲ့သည္။

ဘုန္းရဲမာန္ႏိုင္နဲ႔ ဘာျဖစ္သြားတာလဲ ဟူသည္ကိုသိခ်င္ပါေသာ္လည္း တိုက္ရိုက္ေမးဆိုမဆိုသာဘဲ ဘုန္းရဲမာန္ႏိုင္အေၾကာင္းစကားစက္မိရံု မထင္မွတ္ဘဲစကားထဲတြင္ ဘုန္းရဲမာန္ႏိုင္အေၾကာင္းပါလိုက္ရံုႏွင့္ စကားဝိုင္းကထြက္သြားေလ့ရိွသည္။

ဘုန္းရဲမာန္ႏိုင္ဆိုသည္ႏွင့္ ႏႈတ္ဆိတ္သြားၿပီး သူမ၏ပုလဲၾကည္မ်က္ဝန္းထဲရိွ အရိပ္အသက္တို႔ကို သူအမည္မတပ္တတ္ပါ။သူမတို႔ဘာေတျြဖစ္ခဲ့သည္လဲ ေမးခ်င္ပါေသာ္လည္း မေျဖခ်င္သူကို သူအတင္းမေမးပါ။ရွင္း ဘာသာစိတ္လိုလက္ရ ေျပာလာသည့္အခ်ိန္ကို သူေစာင့္ဆိုင္းေနဆဲျဖစ္သည္။

Akariyaေရ႔ွ ကားရပ္လိုက္သည္ႏွင့္ အသင့္လာႀကိဳေနေသာ လက္ေထာက္ျဖစ္သူ ထက္ပိုင္ က သူ႔laguageကို လာကူဆြဲသည္။

"meeting ဘယ္ခ်ိန္ၿပီးသြားတာလဲ ထက္ပိုင္"

"လြန္ခဲ့တဲ့၂နာရီေလာက္ကပါ ကိုယ္စားလွယ္ han"

သူတို႔စကားတေျပာေျပာျဖင့္ ဓာတ္ေလွကားထဲသို႔ ေလ်ွာက္လာၾကသည္။လမ္းတစ္ေလ်ာက္ ေခါင္းၫွိမ့္ႏႈတ္ဆတ္လာေသာ ဝန္ထမ္းတို႔ကို အၾကည့္ျဖင့္အသိအမွတ္ျပဳရင္းေပါ့

"သြယ္CEO ရံုးမွာရိွပါေသးတယ္ ကိုယ္စားလွယ္han"

မေမးဘဲ ေျပာလာေသာ လက္ေထာက္ျဖစ္သူေၾကာင့္ ဘာရယ္မဟုတ္ သူ႔လက္ေခ်ာင္းထိပ္အခ်င္းခ်င္း ပြတ္တိုက္ေနမိသည္။

"မင္းကို ေမးမိလို႔လား"

"ဟို ကိုယ္စားလွယ္han က Akariyaမွာ meeting လာတက္တာနဲ႔ သြယ္CEOကိုပဲ အရင္စရွာတာဆိုေတာ့ သိခ်င္မလားလို႔ပါ"

ရီစပ္စပ္ေျပာလာေသာ လက္ေထာက္ျဖစ္သူကို ဘာမျွပန္မေျပာဘဲ သူ႔ဘာသာသူရွက္ေနမိသည္။သူေျပာသည္ကလည္း မွန္ေနသည္ကိုး။ တစ္ျခား shareဝင္မ်ားႏွင့္ စကားသိပ္မေျပာျဖစ္ဘဲ လုပ္ငန္း ႏွစ္ပတ္လည္ပြဲေတြ dinnerေလာက္မွသာ ေျပာတယ္ဆိုရံုေလးေျပာျဖစ္သည္။

စုCEOက project ပူးေပါင္းေရးကိုသာ အဓိက ၪီးစီးသည္မို႔ သိပ္အဆက္အသြယ္မရိွ။လုပ္ငန္းကိစၥဆိုလ်ွင္ ရွင္း ႏွင့္သာ အမ်ားဆံုးေဆြးေနြးျဖစ္သည္။

"မင္းက hotelမွာ သြားနားလို႔ရၿပီ fileေတြ ငါ့ဆီလြဲခဲ့ lugageပါ တစ္ခါတည္း hotel ယူသြားေပး"

"ဟုတ္ကဲ့ပါ ကိုယ္စားလွယ္ han သြယ္CEOနဲ႔ ေကာင္းေကာင္းအခ်ိန္ျဖဳန္းလို႔ရေအာင္ ကြၽန္ေတာ္ေရွာင္ေပးပါ့မယ္ "

"အလုပ္ကိစၥေျပာမွာကြ"

"ကြၽန္ေတာ္ကလည္း အလုပ္ကိစၥေျပာတာပါဗ် ခုေတာ့ခြင့္ျပဳပါအံုး"

ေျပာခ်င္တာေျပာၿပီး သူ႔ထံဖိုင္တြဲေတြထိုးေပးကာ lugageကိုဆြဲသြားေသာ လက္ေထာက္ျဖစ္သူေၾကာင့္ သူ႔ကိုဘယ္သူမွၾကည့္မေနပါဘဲ အရွက္ေျပနားထင္သို႔လက္ၫွိုးျဖင့္ ကုတ္ေနမိသည္။အမွန္ေတြဆိုေသာ္လည္း ၾကားရတာတစ္မ်ိဳးပင္။

ရွင္း၏ ရံုးခန္းထဲမဝင္ခင္ အဂ်ႌကိုဆြဲဆန္႔ကာ ၾကက္ေသြးေရာင္ necktileကို တစ္ခ်က္မတင္လိုက္သည္။ကိုယ္ကသေဘာက်ေနသူမို႔ ရွင္းေရ႔ွတြင္ သပ္သပ္ရပ္ရပ္ျဖစ္ဖို႔လိုသည္။

"ကိုယ္ ဝင္လာၿပီေနာ္ ရွင္း"

ရံုးခန္းတံခါးကိုဖြင့္ကာ တံခါးအတြင္းကို လက္ဆစ္ျဖင့္ သံုးခ်က္ေခါက္ရင္း အသံေပးလိုက္သည္။ရွင္းက တစ္ခုခုကိုေတြးေတာေနဟန္တူသည္။မ်က္လံုးနက္နက္မ်ားကို စုႀကံဳထားၿပီး သြားေဖြးေဖြးေလးမ်ားကလည္း ေအာက္ႏႈတ္ခမ္းကိုဖြဖြကိုက္ထားေသးသည္။

သူဒုတိယအႀကိမ္ တံခါးကိုေခါက္လိုက္ေတာ့မွ ရွင္းက မ်က္လံုးေလးလွန္ၾကည့္ကာ

"ဝင္လာေလဟန္ မနက္ျဖန္မွေရာက္မယ္ေတာင္ထင္တာ"

"မနက္ျဖန္မွေရာက္ရင္ေတာ့ ဘယ္ျဖစ္မလဲ ဒီေန့ေတာ့meeting တက္မယ္စိတ္ကူးထားတာ ထံုးစံတိုင္းေနာက္က်ျပန္ၿပီ"

"ရပါတယ္ flightကိုေတာ့ သြားေျပာလို႔မရဘူးေလ"

ရယ္ေမာကာ ေျပာလာေသာ ရွင္းမ်က္ႏွာသည္ ပကတိၾကည္လင္ေနသည္။ရွင္းတစ္ခါရယ္လိုက္တိုင္း ေပၚလာသည့္ သြားတန္းညီညီေဖြးေဖြးႏွင့္ မနီမစိုႏႈတ္ခမ္းေလးက ပနံ႔သင့္လွသည္။

"ဒါနဲ႔ ေရာင္းအားေတြဘယ္လိုရိွလဲ"

အလုပ္ကိစၥစေျပာေတာ့မည္မို႔ ရွင္းကေရ႔ွက်ေနေသာ ဆံပင္တို႔ကိုေနာက္သို႔သပ္ကာ

"ဒီရက္ပိုင္းက ေဆာက္လုပ္ေရးရာသီဆိုေတာ့ ေရာင္းအားက plusေတြပဲ အရင္ကထက္orderေတြမ်ားလာလို႔ လက္မလည္ေအာင္ဘဲ တစ္ခါတစ္ေလ ဆိုင္ခြဲေတြကပစၥည္းေတြနည္းေနတဲ့ခ်ိန္ orderတင္ဖို႔ေမ့လို႔ တစ္ျခားဆိုင္ခြဲေတြဆီ ၫႊန္လိုက္ရတဲ့အခါေတြေတာင္ရိွတယ္"

"serviceပိုင္းမွာကလည္း အရင္ကထက္လူပိုလိုလာတယ္ cilentေတြကမ်ားၿပီး staffေတြကနည္းေနေတာ့ staffေတြပင္ပန္းတာေပါ့ ၿပီးေတာ့ cilentတစ္ေယာက္နဲ႔တစ္ေယာက္ဆီ သြားရတဲ့ ကုန္က်စရိတ္တို႔ ကားေတြပိတ္လို႔ တစ္ေနရာနဲ႔တစ္ေနရာၾကားမွာ အခ်ိန္ေတြဟာေနတာလည္းရိွတာေပါ့"

ဂရုတစိုက္ေျပာလာေသာ ရွင္း၏အကြက္ေစ့အေၾကာင္းအရာမ်ားကို တစ္ေလးတစ္စားနားေထာင္ကာ

"ok ကိုယ္တို႔အခုလိုတာက staffေတြပိုလိုတယ္ itemေတြခပ္မ်ားမ်ားorderတင္ထားရမယ္ အဲတာပဲမလား ရွင္း"

"ေျပာစရာက်န္ေသးတယ္ ဟန္"

"ေျပာေလ ရွင္း"

"staffေတြကို profissonalပိုလိုခ်င္တယ္ decoration itemအမ်ားစုက သစ္သားေတြ ပန္းခ်ီကားေတြ ရုပ္ထုေတြ မီးဆိုင္းေတြ နဲ႔ တစ္ျခားတန္ဖို႔ႀကီးတာေတြမလို႔ ကြၽန္မတို႔serviceပိုင္းမွာ တစ္ခုခုerrorျဖစ္ရင္ ျပန္ေလ်ာ္ရမဲ့ ပမာဏကသိပ္မ်ားတယ္"

ဒီအခ်က္ကိုသူမေတြးမိလိုက္ေပ။errorတစ္ခုျဖစ္လ်ွင္ cilentေတြကို မ်က္ႏွာပ်က္ရသည့္အျပင္ Akaria၏ ratingကိုလည္း ေလ်ာ့က်ေစသည္။

staffေတြဆီက errorအတြက္လစာထဲမွ အရစ္က်ျပန္ျဖတ္ေသာ္လည္း ကုမၼဏီဘက္မွအရင္စိုက္ထားရသည္။

ပမာဏေတာ္ေတာ္မ်ားမ်ားက တစ္လံုးတစ္ခဲတည္း အျမတ္ေငြမ်ားမွထြက္သြားၿပီး နည္းနည္းစီသာအရစ္က်ျပန္ဝင္လ်ွင္ လုပ္ငန္းစုဝင္ေငျြမႇပ္ေနသည့္အျပင္ ဆံုးရႈံးသြားေသာ ပမာဏကိုျပန္ရဖို႔ အခ်ိန္အေတာ္ၾကာသည္။

"ေနာက္တစ္ခ်က္က Akariyaရဲ့ ကြၽန္းသစ္စိုက္ပ်ိဳးေရး ဧရိယာကိုခ်ဲ့တြင္ခ်င္တယ္"

ရွင္း ​ဆိုလိုသည့္အဓိပၸာယ္ကို သူနားမလည္ေသာေၾကာင့္ သူခနမ်ွေတြသြားသည္။သူ႔အေျခအေနကို ရွင္း ကလည္းရိပ္မိဟန္တူသည္။အေမာေျပ ေရတစ္ခြက္ေသာက္ကာ

"ဒီလို ဟန္ Akariyaရဲ့ decoration materialရဲ့ 50% က ကြၽန္းသစ္ေတြ ပိေတာက္ေတြ နဲ႔ပဲအသံုးျပဳတာမလား ၿပီးေတာ့ funiture ေတြကလည္း သစ္သားေတြနဲ႔ပဲ အလွဆင္တာမ်ားတယ္ Akariyaပိုင္ သစ္ထုတ္လုပ္ေရးေတြရိွေပမဲ့ သစ္ပင္ခူတ္တဲ့ ပမာဏနဲ႔ စိုက္ပ်ိဳးတဲ့ ပမာဏက မမ်ွဘူးျဖစ္ေနတယ္ တစ္ခါတစ္ေလ ခုတ္ဖို႔သက္တမ္းမျပည့္ဘဲ ခုတ္လိုက္ရတာေတြလည္းရိွေတာ့ အဲ့သစ္ေတြက qualityပိုင္းမွာ အရည္အေသြးမျပည့္ပဲ ျခစားတာေတြ ေဆြးရိတာေတျြဖစ္လာႏိုင္တယ္"

ရွင္း ေျပာသမ်ွကို ဂရုတစိုက္နားေထာင္ရင္ အားမာန္တက္ႂကြေနေသာ ဟန္ပန္ေလးကိုလည္း ခနခနခိုးၾကည့္ေနမိသည္။သူ႔အျဖစ္က ေရထဲကငါးမန္းက ကုန္းေပၚရိွ ပန္းေလးကို အျမတ္တႏိုးေငးၾကည့္ေနပံုႏွင့္တူသည္။

"ခုထက္ထိေတာ့ ဒီေလာက္ပဲ ဟန္ ရံုးခ်ဳပ္ကိုေတာ့ staffအင္အားလိုတာနဲ႔ staffေတြရဲ့ qualityပိုင္းကိုပဲ အရင္တင္ျပေပးပါ က်န္တဲ့ကိစၥေတြရိွေပမဲ့ ေနာက္မွေပါ့ ရံုးခ်ဳပ္မွာလည္း ကိစၥေတြရိွေသးတာပဲေလ အမ်ားႀကီးစုပံုေနရင္ လက္မလည္ဘဲျဖစ္လိမ့္မယ္"

ရွင္း၏ သေဘာထားျပည့္ဝေနမႈေၾကာင့္ မသိလိုက္ခင္မွာပင္ ၿပံဳးမိရက္သားျဖစ္သြားသည္။ရွင္းကို သေဘာက်သည့္ အခ်က္ေတြထဲတြင္ တစ္ဖက္သားအေပၚ နားလည္တတ္မႈလည္းပါဝင္သည္။

ရံုးခ်ဳပ္တြင္လည္း projectေတြမအားလပ္ပါ။သူဒီကို meetingလာဖို႔ေတာင္ အလုပ္ေတြမနည္းျဖတ္ထားခဲ့ရျခင္းျဖစ္သည္။သူ သေဘာက်ရပါေသာ ရွင္းက ထိုအခ်က္ကို နားလည္ဟန္တူသည္။

သူကစ သေဘာက်မိသူမို႔ ရွင္းနဲ႔ ပက္သတ္တဲ့အရာရာက သေဘာက်ဖြယ္ျဖစ္သည္။

"ေနာက္ထပ္ကိစၥေတြရိွေသးလား ရွင္း"

အဓိပၸာယ္ပါပါေမးလာေသာ ဟန္ ေၾကာင့္သြယ္ အနည္းငယ္စိတ္မသက္သာျဖစ္သြားရသည္။ဟန္႔ကိုၾကည္ရတာ ဘုန္းရဲမာန္ႏိုင္အေၾကာင္း သိၿပီးပံုပင္။

ဘုန္းရဲမာန္ႏိုင္ႏွင့္ ပက္သတ္လ်ွင္ သဲမႈန္ေလာက္ေသးငယ္ေနပါေစ သြယ္အေရးမစိုက္ခ်င္ပါေသာ္လည္း shareရွင္အသစ္က သူျဖစ္ေန၍ အခ်ိန္ကုန္ခံကာပင္ ေဆြးေနြးရေပေတာ့မည္။

"ၪီးထြန္းလိႈင္ရဲ့ shareေတြက ဒီမနက္ေလးကတင္ေရာင္းထြက္သြားၿပီး ဘုန္းရဲမာန္ႏိုင္ဆိုတဲ့ လူက ဝယ္သြားတယ္"

"ၪီးထြန္းလႈင္ဆီက ခ်က္ခ်င္းဝယ္သြားႏိုင္တယ္ဆိုတည္းက ေတာ္ရံုမဟုတ္ဘူးေနာ္"

သူ႔အေျပာကို ရွင္း ကေထာက္ခံသလို ေခါင္းေလးၫွိမ့္ကာ

"ဟန္႔ လက္ေထာက္ကိုေတာ့ သူ႔အခ်က္အလက္ေတြmailပို႔ၿပီးပါၿပီ ဟန္မၾကည့္ရေသးရင္ ဟန္႔ေရ႔ွက fileတြဲထဲမွာ ရိွပါတယ္"

သူ႔ေရ႔ွက အနီေရာင္ဖိုင္တြဲကို လွန္ၾကည့္လိုက္သည္။

"သူက Americaကျပန္ေရာက္တာ မၾကာေသးဘူးပဲ"

"ဟုတ္တယ္ ဟန္ businese နယ္ပယ္ထဲ ေျခခ်တာမၾကာေသးဘူးထင္တယ္ သူ႔historyမွာ ဘာမွမရိွဘူး "

"ဒါဆို လူသစ္ေလးေပါ့"

"လူသစ္ဆိုေပမဲ့ သူက လွၫ့္ကြက္မ်ားတယ္ ဟန္ သူ႔စိတ္ကို မခန္႔မွန္းႏိုင္ဘူး"

" ရွင္းက သူ႔အေၾကာင္းသိတယ္ေနာ္"

သြယ့္ ကိုယ့္ပါးစပ္ကိုယ္ျပန္ရိုက္လိုက္ခ်င္သည္။အရိွန္လြန္သြားၿပီး မေျပာသင့္တာေတြ ေျပာသင့္ကုန္ၿပီ။အေရ႔ွက စူးစမ္းလိုမႈအျပည့္ျဖင့္ ဟန္႔ အၾကည့္ေတြကို မ်က္လံုးခ်င္းမဆံုရဲေပ။

"ဒီလိုပါပဲ စု ရွာထားတာေတြေျပာျပတာပါ"

ဘုန္းရဲမာန္ႏိုင္အေၾကာင္း စကားစမိရံုရိွေသး အမူအရာတို႔က တစ္မ်ိဳးတစ္မည္ထူးဆန္းသြားေသာ ရွင္းကို ၾကည့္ၿပီး သူ ဘုန္းရဲမာန္ႏိုင္ကို အားက်မိသည္။

အတိတ္မွာေရာ ပစၥုပၸန္မွာပါ သူက ရွင္းစိတ္ထဲတြင္ ေနရာတစ္ခုယူထားဆဲျဖစ္သည္။

အတိတ္က ဘုန္းရဲမာန္ႏိုင္ ရွင္းအေပၚမည္သို႔သေဘာထားသည္ကိုမသိပါ သို႔ေသာ္ သူ႔အေပၚထားရိွသည့္ ရွင္း၏ သေဘာထားမ်ားသည္ တစ္ခါၾကည့္ရံုျဖင့္ သိသာလွပါသည္။

အခုေရာ သူ႔အေပၚေလးနက္တဲ့ ခံစားခ်က္ေတြရိွေနတုန္းပဲလားရွင္း
မင္း အတိတ္က ဘုန္းရဲမာန္ႏိုင္အေပၚထားတဲ့ ေလးနက္မႈတစ္ဝက္ေလာက္ အခုကိုယ့္အေပၚထားရင္ေက်နပ္ပါၿပီ။

သံသရာတစ္ေကြ့မွာေတာ့ ကိုယ့္အတြက္ အခြင့္အေရးရိွေသးတယ္မလား။

သူ႔ေရ႔ွက ရွင္းကေတာ့ သူ႔အေတြးတို႔ကို မသိပါဘဲ ဖိုင္တြဲတို႔ကိုသာ လွန္ေလွာၾကည့္ေနသည္။သူ႔အျဖစ္က မ်က္စိေရ႔ျွမင္ေနရက္နဲ႔ ဖြင့္ဟေျပာဆိုခြင့္မရိွသည့္အျဖစ္ပင္။

********

"စု နင္က ေန့လယ္ဘက္လည္း clubတက္တာပဲလား"

menu ၾကည့္ေနရင္းမွ ေဝယံ့စကားေၾကာင့္ စုေခါင္းေထာင္ၾကည့္မိသည္။

"clubတက္တာ ေန့ညခြဲထားလို႔လား ဒီတိုင္း အံုးေနွာက္ေဆးတဲ့သေဘာပါ"

"အံုးေနွာက္ေဆးရေအာင္ နင့္အံုးေနွာက္က ညစ္ပတ္ေနလို႔လား ေရမခ်ိဳးဘူးလား"

"ေဝယံႏိုင္!!!! "

အသံစူးစူးေလးက ယခင္ကလို စူးျမေနသည္။

"အသံၿပဲႀကီးနဲ႔ ေအာ္ျပန္ၿပီ နင္ကအက်င့္ကိုမေပ်ာက္ဘူး"

"ဘာလဲ နင္ကငါ့ကို ၿငိဳျငင္ၿပီလား ငါ့ကိုဆို နင္အၿမဲဆူဖို႔ပဲ မေခၚေတာ့ဘူး စိတ္ဆိုးတယ္ နင့္ကို ဟြန္႔"

ငယ္က်ိဳးငယ္နာေတျြပန္ေဖာ္ေနေသာ ေဝယံေၾကာင့္ ထံုးစံအတိုင္း မ်က္လံုးေလးကို ကလယ္ကလယ္ puppy eyesေလးမ်ားျဖစ္ေအာင္ မ်က္ေတာင္တဖ်က္ဖ်က္ခတ္လိုက္ေတာ့ ရႉးရႉးရွဲရွဲျဖစ္ကာ မ်က္ႏွာကို ဟိုဘက္လွၫ့္သြားသည္။

"ကေလးမဟုတ္သူငယ္မဟုတ္ မ်က္လံုးကို ဘယ္လိုေတြလုပ္ေနတာလဲ"

"ဟြန္႔ နင္မသိဘူးလား ငါက ခုမွ ကေလးပဲ ရိွေသးတာ"

သူ႔ကိုသူ ႏႈတ္ခမ္းလံုးလံုးေလးကို ေထာ္ကာ ကေလးေလးလို႔ ေျပာလာသူကိုၾကည့္လိုက္ေတာ့ မ်က္ႏွာက တစ္ကယ့္ ကေလးမ်က္ႏွာေလးပင္။

"နင္က၂၄ ႏွစ္အရြယ္ Akariyaရဲ့ CEO တစ္ေယာက္ေနာ္ ဘာမွကေလးေလးမဟုတ္ဘူး"

"age is just a number ငါက CEOတစ္ေယာက္ဆိုေပမဲ့ လုပ္ငန္းခ်ိန္ျပင္ပမွာေတာ့ ကိုကို႔ကေလးေလးပဲ"

ကိုကို႔ကေလးေလး ဟူေသာအေခၚအေဝၚေၾကာင့္ ေသာက္လက္စေရပင္သီးသြားရသည္။သူ႔ေသးေသးေလးက ဘယ္သူ႔ကို ကိုကိုေခၚေနတာလဲ

"ကိုကို႔ကေလးေလးဆိုေတာ့ နင့္မွာကိုကိုရိွလို႔လား ရည္းစားရိွတာေတာင္ ငါမသိပါလား ဘယ္ကေကာင္လဲ နင္နဲ႔ဘယ္လိုေတြ့တာလဲ နင္ေယာက္်ားတိုင္းကိုမယံုရဘူး လူေကာင္းသူေကာင္းမဟုတ္ရင္ ဘယ္လိုလုပ္မလဲ"

အလန္႔တၾကား မ်က္စိျပဴးမ်က္စံျပဴး ေမးလာသူေၾကာင့္ စု၏ေနာက္ခ်င္စိတ္မွာ ပိုမိုထႂကြလာသည္။အစက သက္သက္ေနာက္သည့္သေဘာျဖင့္ပင္ေျပာလိုက္ေသာ္လည္း တစ္ကယ္အတည္ထင္သြားေသာ ေဝယံ​ကိုၾကည့္ကာ

"ကိုကိုက လူေကာင္းပါ ငါ့ကိုလည္း သိပ္ခ်စ္တာ ငါကလည္း ကိုကို႔ကိုသိပ္ခ်စ္တာ ၿပီးေတာ့ေလ"

ႏႈတ္ခမ္းေလးေထာ္ကာ အားရပါးရ ေျပာေနေသာ စုကိုၾကည့္ၿပီး သူ႔ရင္ထဲအရူးမီးဝိုင္းသလိုပင္ သူ႔ေသးေသးမွာက သူမဟုတ္တဲ့ တစ္ျခားေယာက္်ားတစ္ေယာက္ကို ကိုကိုေခၚသည္တဲ့

"နင့္ကိုကိုကဘာျဖစ္လဲ ဆက္ေျပာ"

"ကိုကိုက ခ်စ္စရာႀကီး"

သူကျဖင့္ ဘာေျပာမလဲ နားေထာင္လိုက္ရတာ နီတာရဲႏႈတ္ခမ္းေလးက ထြက္က်လာတဲ့ စကားက ကိုကိုကခ်စ္စရာႀကီးတဲ့ ဒီေသးေသးကို စိတ္ရိွလက္ရိွသာ ရင္ခြင္ထဲထည္ထားလိုက္ခ်င္တယ္။

"နင့္ကိုကိုကဘယ္ကလဲ"

"ကိုကိုက အနားသာ နင္ရွင္က ေျပာရရင္ imigination က ဟီးး"

စူးရိမ္ပူပန္မႈမ်ားသည္ ေသးေသးေလး၏ imiginationကဟူေသာ စကားလံုး၌ အေငြ့ပ်ံ့တက္ကုန္သည္။ေတာ္ေသးသည္ သူ႔ေသးေသးေလးက သူ႔ကိုစေနျခင္းျဖစ္သည္။

"အတည္ထင္ေနတာ ေပါက္ေပါက္ရွာရွာကြာ "

"ဟီး ငါကမစရရင္မေနႏိုင္တာကို"

ထိုစဥ္ waiterမွ မွာထားသည့္ဟင္းပြဲမ်ားလာခ်၍ စကားစျပတ္သြားသည္။ေသးေသးေလးကို ေခ်ာဖို႔ရာ ပင္လယ္စာစားေသာက္ဆိုင္တြင္ ေန့လယ္စာစားရသည္။ရည္းစားမဟုတ္ေပမဲ့ ရည္းစားေတြလို စိတ္ေကာက္တတ္၍ ရည္းစားမဟုတ္တဲ့ ေဝယံက လိုက္ေခ်ာ့ရပါသည္။

ပင္လယ္စာအစပ္ေတြ ပါးစပ္အျပည့္ စားေနေသာ ေသးေသးေလးကိုၾကည့္၍ ေဝယံယားက်ိယားက်ိျဖစ္လာရသည္။သူ႔မွာalargicရိွ၍ ပင္လယ္စာေတြမစားေသာ္လည္း ေသးေသးေလးကေတာ့ ပင္လယ္စာဆို ထမင္းေမ့ဟင္းေမ့ပင္။

"ဗိုက္တင္းလိုက္တာ"

စားခ်င္တာစားလိုက္ရ၍ ဗိုက္ေလးကို လက္ျဖင့္ပုတ္ကာ ေျပာလာေသာ ေသးေသးေလးက ခ်စ္ဖို႔ေကာင္းလြန္း၍ သူဘာေျပာရမွန္းမသိေတာ့

"ေဝယံ့ နင္alargicရိွတာမမိုက္ဘူး ခုေတာ့ sea foodဆိုင္မွာ ေၾကးအိုးပဲေသာက္ေနရတယ္"

သူ႔ေရ႔ွက ​စားၿပီးသားေၾကးအိုးပန္းကန္ကိုၾကည့္ကာ ေျပာလာေသာ စုက သူ႔အႀကံကိုမသိေသးတဲ့ပံုပင္။

"ငါရည္းစားလိုခ်င္တယ္"

"ရွာေပါ့"

"သြယ့္ကိုအေဖာ္ရၿပီထင္ေနတာ ဘုန္းရဲျပန္လာေတာ့ မမိုက္ဘူး သြန္းကလည္း သူ႔ကိုႀကီးနဲ႔ အဆင္ကိုေျပလို႔ ငါက်ဘာလို႔ singleျဖစ္ေနရတာလဲ"

"နင္အဲ့လိုေျပာေၾကးဆို နင္လည္းsingle ငါလည္း singleပဲ"

ေသးေသးေလးက သူ႔ကိုအလန္႔တၾကားၾကည့္လာသည္။

"နင္က ခုထိရည္းစားမရိွေသးတာလား"

"ငါခ်စ္ေနတဲ့လူရိွေပမဲ့ ေသးေသးေလးက ငါ့ကိုတလြဲဇုန္ထဲထည့္ေနတာ"

"ေသးေသးေလးက ဘယ္သူလဲ ဘယ္ကေကာင္မေလးလဲ မိန္းမေတြကမယံုရဘူး သူဘယ္သူလဲနင္ေျပာ"

သူ႔ကိုေျပာလို႔ ေျပာေနမွန္းမသိဘဲ တလြဲေတြးေနတဲ့ ေသးေသးေလးရယ္ပါ။စူးစမ္းဟန္အျပည့္ အမူအရာေလးထဲတြင္ သဝန္တိုသည့္အရိပ္အေယာင္မ်ားကို သူေတြ့လိုက္ရသည္။

ေသးေသးေလးက သဝန္တိုေနတယ္ ဆိုသည့္အခ်က္က ေဝယံလိုခ်င္သည့္ အေၾကာင္းအရာကို ၪီးတည္ေနေလည္။

2937 Words
A/N
Vote & comment ေလးေတြေပးၾကပါလို႔🥺

Continue Reading

You'll Also Like

45.7K 1.3K 25
🙄 သူငယ်ချင်း 😏 သို့မဟုတ် 😒 ဇနီးမောင်နှံ 😍 💕 Invisible Love 💕 လူတိုင်းနီးပါး အိမ်ထောင်ဖက်ကို �...
102K 16.4K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
21.5K 1.2K 20
ဇာတ်လမ်းအညွှန်း စာချုပ်ပေါ်က လက်မှတ်တွေကြောင့် အိမ်ထောင်ရေးတစ်ခုမှာ အချုပ်အနှောင် ခံနေရတဲ့ ထွန်းမခ အမွေရဖို့ ပိုက်ဆံရဖို့ ပိုက်ဆံခြွေတာဖို့ကလွဲရင် ဘာ...
55.9K 2.4K 80
( Unicode & Zawgyi ) အချိန်တစ်ခုကြာလာတဲ့အခါ တစ်ဘဝလုံးကိုရင်းပြီး တစ်ယောက်ထဲကိုဘဲ ပုံအောချစ်ခဲ့တဲ့ချစ်ခြင်းတွေရှိကြောင်းကိုတော့ တချို့သောသူတို့ ခံစားမ...