Purple Dream [Complete]
By Sakawar-Hlaing
79.5K 6.6K 1.1K
အချစ်ကိုသေချာနားမလည်ပါပဲ တစ်ဖက်သတ်အယူသီးခဲ့သည့် ကောင်လေးတစ်ယောက်၏ အချစ်ဇာတ်လမ်းသည်ကား အဆုံးသတ်၌မည်သို့ဖြစ်မည်... More
ခရမ်းရောင်အိမ်မက်
အလှဆုံးရွေးယူလာသောပန်းလေးတစ်ပွင့်
ဂျွန်နဲ့သူ့ကောင်မလေးတွေ
ခရမ်းရောင်လီလီနှင့်တူသောဂျွန်
ကျွန်တော်မမှတ်မိသောသူမ
ညစျေးအမှတ်တရ
နာကျင်မူကိုသဘောကျမိခြင်း
အနည်းငယ်သော ဂရုစိုက်မူလေး
ပြုစားနိုင်လွန်းတဲ့ဂျွန်
တစ်ရက်တာကမ်းခြေသို့
အမှတ်တရသစ်ပင်ငယ်
မုန်းတယ်ဂျွန် ဒါပေမဲ့..ဒီနေ့တစ်ရက်တည်း
ရက်စက်လွန်းပါတယ်ဂျွန်....
အရောင်နုနုအတ္တဖြင့်သာ
ချစ်ခြင်းနှင့်သံယောဇဥ်အားပြိုင်ရန်
ယောင်းကငါ့အပိုင်
ခိုးယူပိုင်ဆိုင်ခြင်း
မုန်း၍မရနိုင်သောဂျွန်...
လိမ္မော်ခင်းကြီးထဲကကုကီ
စကားတစ်ခွန်းတွင်ပြိုလဲခဲ့ရခြင်း....
မြတ်နိုးရလွန်းတဲ့ထယ်....
ပထမဆုံးသောနောင်တ
ငါ့ကိုဂရုမစိုက်နဲ့ယောင်း.....
ဝဋ်ကြွေးလှလှလေး
မရည်ရွယ်ပါပဲ ရယူမိခြင်း...
အနီရောင်နွေဦးပန်းတို့ကြားဝယ်....
ထားရက်ခဲ့လေသောဂျွန်....
ပြောင်းလဲဖြစ်ပျက်သွားခဲ့သော
ချစ်ခြင်း၏အရောင်နုသောအတ္တ
ခရမ်းရောင်လီလီတို့၏အတိတ်
နှင်းမြူများကြားဝယ်...
အကြင်သူဖြင့်ပြန်လည်တွေ့ဆုံခြင်း
အကြင်သူ၏ခေါ်သံ...
အကြင်သူ၏‌တောင်းပန်စကား
ကံကြမ္မာလှည့်ကွက်...
ရှုပ်ထွေးခြင်းများကြား...
ကြေမွနေသောနှလုံးသားများ...
ပြသာနာတို့ပြီးဆုံးချိန် ...
အဆုံးသတ်....
အမေး/အဖြေ
ခရမ်းလီလီ၏ နောင်တ...
1.2K 128 80
By Sakawar-Hlaing
Unicode
taehyungနှင့်jimin​တို့ ကျောပိုးအိပ်လေးကိုယ်စီလွယ်ရင်း သူတို့စာသန်ခန်လေးရှိရာသို့ ရယ်မောပျော်ရွှင်စွာဝင်လာခဲ့ကြသည်။ taehyung၏ လက်ချောင်းရှည်ရှည်သွယ်သွယ်လေးတွေကို jiminရဲ့ချစ်စရာလက်ချောင်းဖောင်းဖောင်းတိုတိုလေးတွေဖြင့် ဆုတ်ကိုင်ထားပြီး... ထိုဆုပ်ကိုင်ထားတဲ့လက်လေးတွေကိုလှုပ်ရမ်း၍ဝင်လာကြပုံက သူတို့သူငယ်ချင်လေးနှစ်ယောက်မည်မျှချစ်ကြကြောင်းကို မြင်သူတိုင်းသိနိုင်သည်။
taehyungမှာjiminလက်ကိုကိုင်၍ စနောက်ပြီးမိမိတို့ထိုင်ရာဆီ လျှောက်နေချိန်တစ်စုံတစ်ယောက်စိုက်ကြည့်နေသလိုခံစားရတာကြောင့် အတန်းကိုပတ်လည်တစ်ချက်ကြည့်လိုက်သည်။
ထိုအခါအတန်း၏ နောက်ဆုံးခုံတွင် တစ်ယောက်တည်းထိုင်၍သူတို့ကို မျက်လုံးဝိုင်းကြီးတွေစိုက်ကြည့်နေတဲ့ ကောင်လေးတစ်ယောက်။
ဘာလဲ... ကျောင်းသားသစ်လား။
"ဘာလဲထယ်ထယ်..."
minieကသူကြည့်ရာကို လိုက်ကြည့်ပြီးမေးလာသည်ကြောင့်ခေါင်းခါမိသည်။
"ဟင့်အင်း ဘာမှမဟုတ်ပါဘူး။ ထိုင်ရအောင်minie"
သူတို့ထိုင်ရာမှာဝင်ထိုင်လိုက်ပြီး ခဏအကြာအတန်းပိုင်ဆရာမဝင်လာသည်။
ထို့နောက်ကျောင်းသားသစ်ရောက်ကြောင်းနှင့် ချစ်ချစ်ခင်ခင်နေကြဖို့ပြောလာခဲ့ပြီး နာမည်ပါတစ်ခါတည်းမိတ်ဆက်ခဲ့တာကြောင့် ထိုမျက်လုံးဝိုင်းဝိုင်းနှင့်ကောင်လေးနှာမည်ကို Jeon Jungkookမှန်းသိရသည်။
အတန်းပိုင်ဆရာမပြန်ထွက်သွားတော့ဘာသာသင်ဆရာမတွေက ကိုယ်စီသက်ဆိုင်ရာဘာသာများအားလာသင်ကြသည်။ ဆရာမတွေစာနေတုန်း taehyungလေးစိတ်ဝင်စားစွာဖြင့် နောက်မှ မျက်လုံးဝိုင်းလေးဆီလှည့်ကြည့်နေမိသည်။
သူလှည့်ကြည့်လိုက်တိုင်း ဆရာမသင်နေတာကိုဂရုစိုက်မစိုက်ပဲ စာအုပ်တစ်အုပ်နှင့်ဘာတွေခြစ်နေသည်မသိ။
နောက်ဆုံးမုန့်စားဆင်းချိန်ရောက်တော့ မနေနိုင်စွာထိုကောင်လေးဆီသွားမိတော့သည်။
သူသွားတိုင်းအမြဲလိုပါတဲ့ minieလည်းဘေးနားတွင်ပါလာခဲ့သည်။
"Hi Jeon Jungkook"
မုန့်စားဆင်းချိန်ခုံပေါ်မှောက်အိပ်နေသော ထိုကောင်လေးကိုtaehyungလေးနူတ်ဆက်လိုက်သည်။ taehyungအသံကြောင့် ခေါင်းထောင်လာကာ မျက်လုံးဝိုင်းကြီးတွေနဲ့စိုက်ကြည့်လာလျှင် taehyungဟီးခနဲ့ သွားတွေဖြဲကာရယ်ပြပြီး မျက်နှာချိုးသွင်းလိုက်သည်။
"ငါကKim Taehyungပါ။ သူကPark Jimin"
ထိုကောင်လေးက ဘာစကားမှပြန်မပြောပဲသူတို့နှစ်ယောက်ကိုသာ ကြည့်မြဲကြည့်နေခဲ့သည်။ taehyungမှာလည်း သူတို့နူတ်ဆက်သည်ကိုပင် ပြန်နှုတ်မဆက်သောကောင်းလေးကြောင့် ဘာလုပ်ရမှန်းမသိရဖြစ်သည်။
"ငါတို့က လူကောင်းတွေပါ"
ဤသည်မှာတော့ jiminပြောလိုက်ခြင်းဖြစ်သည်။ မူလတန်းနောက်ဆုံးနှစ်ကျောင်းသားလေးက ကိုယ့်ကိုယ်လူကောင်းဟု အာမခံပြောနေသည်မှာ ရယ်စရာလည်းကောင်းပြီး တစ်ဖက်တွင်ချစ်စရာလည်းကောင်းနေသည်။
"အဟမ်း! ငါတို့ကိုဘာလို့စကားပြန်မပြောတာလဲဂျောင်ကု ။ မင်းကအခုကျောင်းမှာသူငယ်ချင်းမရှိသေးဘူးမလား ... ငါတို့ကမင်းနဲ့ခင်ချင်လို့ပါ။ ငါတို့နဲ့သူငယ်ချင်းလုပ်မယ်မလားဟင်"
ထိုအခါ မျက်လုံးဝိုင်းတွေကအရင်ကလိုစူးရဲမနေတော့ပဲ taehyungကိုအမျိုးအမည်တတ်ရန်မရသောအကြည့်တို့ဖြင့်ကြည့်လာသည်။
taehyungကအခြေအနေကောင်းလာပုံကို အခွင့်ကောင်းယူကာ လက်လေးတစ်ဖက်အားjungkookရှေ့သို့ကမ်းပေးလာ၏။
"နော်... ငါတို့သူငယ်ချင်းလုပ်ကြရအောင်ပါဂျွန်"
ပြုံးပြုံးလေးနေ၍ ပြောလာသော taehyungစကားသံအဆုံးမှာတော့ jungkookရဲ့လက်လေးသည်လည်းtaehyung၏ လက်လေးအားပြန်လည်ဆုပ်ကိုင်လိုက်တော့သည်။
"အင်း..."
ထိုအချိန်မျက်လုံးလှလှလေးများပျောက်အောင်၊ ပါးဖောင်းဖောင်းလေးတွေမို့တက်လာအောင်အထိ အလှဆုံးပြုံးနေသောကောင်လေးနှင့် ထိုအပြုံးလှလှလေးကိုမျက်တောင်မခတ်ငေးကြည့်နေသောကောင်လေးတစ်ယာက်သည် မူလတန်းနောက်ဆုံးနှစ်စာသင်ခန်းတွင် ရှိနေခဲ့လေသည်။
Purple Dream
ငယ်ငယ်က သူငယ်ချင်းလုပ်အောင်ဆိုပြီး ငါ့ကိုလက်ကမ်းပေးခဲ့တဲ့ လက်တစ်ဖက်အတွက်ကျေးဇူးတင်ပါယောင်း....
ငါနေရာအသစ်မှာဝမ်းနည်းကြောက်ရွံ့စိတ်နဲ့ တုန်လှုပ်နေခဲ့တဲ့အချိန် ငါ့ကိုနွေးထွေးတဲ့အပြုံးနဲ့ သူငယ်ချင်းအဖြစ်ကြိုဆိုခဲ့ပေးလို့ကျေးဇူးတင်ပါတယ်....
မင်းတော့သိမယ်မထင်ဘူးယောင်း....
ငါရဲ့ကြောက်ရွံ့ဝမ်းနည်းနေတဲ့စိတ်က အပြုံးကြီးကြီးပြုံးပြီးစာသင်ခန်းထဲဝင်လာတဲ့ မင်းကိုတွေ့လိုက်ရတဲ့အချိန်မှာ နွေးထွေးသွားသလိုခံစားရစေခဲ့ရတယ်။
မင်းအပြုံးတွေက ငါ့အတွက်တော့နေရောင်ခြည်တွေလိုနွေးတယ်...။
ဘာကြောင့်နွေးလဲလို့တော့ ငါတစ်ခါမှအဖြေမရှာခဲ့ဘူး။ ငါကတစ်ကယ် တုံးခဲ့တဲ့ကောင်ပဲယောင်း....
ငါ မင်းတို့ကျောင်းကိုပထမဆုံးတက်လာခဲ့တဲ့နေ့က ငါ့မာမီနိုင်ငံခြားကို ငါ့ဒေဒီမဟုတ်တဲ့တစ်ခြားအမျိုးသားတ​စ်ယောက်နှင့်အပြီးထွက်သွားတဲ့နေ့လေ....။ ငါ့ကိုနောက်ဆုံးအကြိမ်ကျောင်းလိုက်ပို့ခဲ့ပြီး ထွက်သွားခဲ့တာ...
အဲနေ့ကငါအရမ်းဝမ်းနည်းနေခဲ့တာ....
ဒါပေမဲ့ အဲဒီအရွယ်လေးနဲ့ ငါကအဆင်ပြေနေသလိုကောင်းကောင်းဟန်ဆောင်နေခဲ့ရတယ်။ငါငိုရင်လည်း အရင်လိုချော့ပေးမဲ့မာမီမှမရှိတော့တာလေ....
ငါ့ဒေဒီဆိုတာလည်း ညနက်ရင်တောင်အိမ်ပြန်ရောက်ချင်မှရောက်တဲ့သူမလား...။
မငိုဖို့ ငါကြိုးစားခဲ့ရတယ်။
အဲလိုကြိုးစားရင်း အချိန်တွေကြာလာတော့ငါမငိုတတ်တော့ဘူး။
ဝမ်းနည်းရင်လည်း ငိုရမဲ့အစားပေါက်ကွဲပစ်တတ်လာတယ်။ နာကျင်နေလည်း ပေါက်ကွဲပစ်လိုက်တတ်တာပဲ။
ငိုရမဲ့အစား ပေါင်ကွဲခြင်းကိုပဲငါအမြဲရွေးချယ်ခဲ့တယ်။ ငါမငိုတော့ဘူး။
ငါမငိုတတ်တော့ဘူးယောင်း။
ငါ့မှာမျက်ရည်တွေလည်း မရှိတော့ဘူးလို့ထင်ခဲ့တယ်။ ဒါပေမဲ့ မဟုတ်ခဲ့ဘူး။
ငါမင်းကို မထင်မှတ်ပဲကျူးလွန်းလိုက်မိတဲ့အချိန်မှာတုန်းက ငါယူကြုံးမရဖြစ်ပြီးငါမျက်ရည်ကျခဲ့တယ်...
တစ်ကယ်တော့ ငါအဲလိုမဖြစ်စေချင်ခဲ့တာ ငါ့စိတ်ရင်းအမှန်ပါယောင်းရယ်.... ငါမင်းအပေါ်ကျူးလွန်လိုက်မိပြီဆိုတာသိတဲ့အချိန်တုန်းက ငါတစ်ကိုယ်လုံးမီးလောင်မြိုင်နေသလိုပဲ ပူလောင်ပြီးခြောက်ခြားထိန့်လန့်ခဲ့ရတယ်။ မင်းကိုမျက်နှာချင်းဆိုင်ဖို့တောင် မဝံရဲတော့တဲ့အထိပါပဲယောင်းရယ်....
ပြန်စဉ်းစားကြည့်တော့ ငါဆိုတဲ့jeon jungkookကမင်းပေါ်တစ်လျှောက်လုံးအမှားတွေပဲ ဆက်တိုက်ကျူးလွန်နေခဲ့မိတာပဲ။
မင်းငါ့အပေါ် ခံစားချက်တွေရှိနေမှန်းသိရနဲ့တောင် မင်းကိုနာကျင်အောင်ငါလုပ်ခဲ့မိတာအများကြီးပဲ။
အချစ်ဆိုတဲ့အရာကို တစ်ဖတ်သတ်သတ်မှတ်ချက်တွေနဲ့ အယူသီးစွာလက်စွဲဆုတ်ကိုင်ထားတဲ့ငါက အချစ်ကိုသေချာနားမလည်ခဲ့ဘူး။
အချစ်ဆိုတာ ငါ့အတွက်တော့အရေးမပါတဲ့စိတ်ပျက်စရာ၊နာကျင်မူတွေပဲပေးတဲ့အရာတစ်ခုအဖြစ်လို့ သတ်မှတ်ခဲ့တယ်။
တစ်လမှာဘယ်နှစ်ယောက်လောက်မှန်းမသိပြောင်းတွဲနေတဲ့ဒေဒီရယ်.... ဒေဒီကြောင့်တိတ်တိတ်ငိုနေခဲ့ရပြီး တစ်ခြားတစ်ယောက်ပြောင်းရွေးသွားတဲ့မာမီရယ်...
ငါကိုယ်တွေ့ တွေ့ခဲ့ရတဲ့ဒေဒီနဲ့မာမီတို့ရဲ့အချစ်က အဲဒါပဲ။
အချစ်ကသိပ်လှပကြောင်းမသိခဲ့ဘူး။
အချစ်ကခွန်အားတွေပေးကြောင်းလည်း ငါမသိခဲ့ဘူး။ အချစ်ကနွေးထွေးမူတွေပေးမှန်းလည်း နားမလည်ခဲ့ဘူး။
ငါ့အချစ်တွေကိုငါကိုယ်တိုင် တလွဲအထင်တွေနှင့် မြှပ်နှံထားခဲ့တာ။
မင်းကငါ့ကို ခရမ်းရောင်လီလီနဲ့တူပါတယ်တဲ့။ ငါက မင်းတွက်အဖိုးတန်မြင့်မြတ်လို့ပါတဲ့လေ။ နောက်ပြီး...လီလီတွေကမတည့်တဲ့တစ်ချို့လူတွေကို အဆိပ်သင့်ထိခိုက်စေတတ်သေးတယ်လို့ မင်းပြောခဲ့သေးတာမလားယောင်း.... ငါက မင်းကိုအဆိပ်သင့်စေတဲ့ခရမ်းရောင်လီလီတစ်ပွင့်​ဖြစ်ခဲ့တာပါ။
မင်းကျန်းမာရေးခြူချာမှန်းသိပေမဲ့ မင်းဒီနေ့နေကောင်းရဲ့လားလို့တစ်ခါမှမမေးခဲ့မိဘူး။
နေမကောင်းဖြစ်နေတဲ့မင်းကိုတောင် နေကောင်းလားတစ်ချက်မမေးပဲ ခိုင်းချင်သလိုခိုင်းခဲ့မိတာ....။ မသိလိုက်ခင်မှာပဲ ငါကငါမယုံတဲ့အချစ်ကိုသုံးပြီး မင်းကိုခိုင်းနေခဲ့မိတယ်။ ငါခိုင်းတစ်မျှ မင်းကတော့ငါ့ကိုချစ်လို့အကုန်လုပ်ပေးခဲ့တယ်မလား....
ငါက jiminပြောသလို မင်းအချစ်နှင့်လုံးဝမထိုက်တန်တဲ့ကောင်ပါယောင်းရယ်...
ငါ့ကြောင့် မင်းတစ်ခြားတစ်ယောက်အတင်းထိပါးတာတောင် ခံရတော့မလိုဖြစ်ခဲ့တယ်။ငါရှိနေတဲ့နေရာ၊ ငါခေါ်လာလို့မင်းရောက်လာရတဲ့နေရာမှာ မင်းအဲလိုဖြစ်နေမှန်းတောင် ငါမသိခဲ့ဘူး။ငါဘယ်လောက်တောင် စောက်သုံးမကျလိုက်လဲ။ ငါသိလိုက်တဲ့အချိန်မှာ jiminအဲကောင်ကိုဆွဲထိုးနေခဲ့ပြီ။
မင်းမေ့လဲသွားလို့ jiminဆေးရုံခေါ်သွားနေတဲ့အချိန် မင်းကိုထိပါးခဲ့တဲ့ အဲခွေးလိုကောင်ရဲ့လက်တွေကို တစ်သက်လုံးမလှုပ်ရှားနိုင်အောင် ငါလုပ်ပစ်လိုက်တယ်ယောင်း....
ရယ်စရာကောင်းတာက အဲကောင်ကအဖေက
ဝန်ကြီးတစ်ယောက်ဖြစ်နေတော့ ငါအချုပ်ထဲတစ်ညလောက်နေခဲ့ရပြီး ငါ့အဖေတောင်အတော်ရှင်းခဲ့ရတာပဲ။
ဒါပေမဲ့ ငါအဲလိုလုပ်ခဲ့လဲ အသုံးမှမဝင်တော့တာ။ ငါကြောင့်မင်းထိခိုက်သွားခဲ့ရပြီးပြီယောင်း...။ အဲအမှန်တရားက ဘယ်လောက်ပဲခါးခါး ပြောင်းလဲမရတော့ဘူး။
ဆေးရုံမှာရှိနေတဲ့မင်းကို အရမ်းငါစိတ်ပူခဲ့ရတာ။ ငါကြောင့် ဆိုတဲ့အသိကြောင့် ငါဘယ်လောက်တောင်စိတ်မကောင်းဖြစ်ပြီး သိမ်ငယ်စိတ်ဝင်ခဲ့ရလဲဆိုတာ...ငါကလွဲဘယ်သူမှမသိခဲ့ကြဘူး။ ငါ့ကိုအမြဲနွေးထွေးတဲ့အပြုံးတွေပြုံးပြတတ်မင်းကို ငါအရမ်းစိတ်ပူနေခဲ့တာပါ။ အဲလိုအချိန်မှာ ထိုးနှက်လာတဲ့jiminစကားတွေက ငါ့ကိုရူးမတော့မလိုခြောက်ခြားစေခဲ့တယ်။
မင်းကိုသူချစ်ကြောင်းဖွင့်ပြောမယ်တဲ့။
မင်းရင်ထဲရှိနေတဲ့ ငါ့နေရာကိုသူရဲ့စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေနဲ့ရအောင်ယူမယ်တဲ့။ jiminရဲ့မင်းအပေါ်ထားတဲ့ခံစားချက်တွေကိုကောင်းကောင်းသိတဲ့ငါက အဲစကားကိုပဲ နေ့ရက်တိုင်းကြားနေရတဲ့အထိ စွဲလန်းကြောက်လန့်ခဲ့ရတယ်။
မင်းငါ့ကို မချစ်တော့မှာကြောက်ခဲ့တယ်။
မင်းကိုနာကျင်မူတွေပဲပေးခဲ့တဲ့ငါ့ကို လျစ်လျူရှူ့မေ့ပစ်လိုက်မှာလည်း အတ္တကြီးစွာနဲ့ပဲငါကြောက်ခဲ့တယ်။
မင်းကိုငါ ဆုံးရှုံးလိုက်မှာကြောက်နေခဲ့တယ်ယောင်း.... မင်းကိုဆုံးရှုံးရမှာ သေမလိုကြောက်နေခဲ့တာတောင် ငါဆိုတဲ့ကောင်က ငါ့ကိုယ်ငါထက်မင်းကိုချစ်နေခဲ့ပြီးမှန်းမသိခဲ့သေးဘူး။ ဘာကြောင့်ဆုံးရှုံးရမှာကြောက်နေမှန်းလည်း အဖြေမရှာနိုင်ခဲ့ဘူး။ ငါဘယ်လောက်တောင် အသုံးမကျလိုက်လဲ။
သေချာတဲ့အဖြေရဖို့ ကြိုးစားခဲ့ရမဲ့အစား အသုံးမကျခဲ့တဲ့ငါက မင်းကိုအတင်းသိမ်းပိုက်ဖို့ပဲကြိုးစားခဲ့တယ်။
မင်းမလိုမတူပဲ မင်းကိုခိုးပြေးခဲ့တယ်။ မင်းချစ်လားမေးတိုင်း စောက်ရူးငါကမသိဘူးဖြေခဲ့တယ်။ ငါကြောင့် ဘယ်လောက်တောင်မှ မင်းနာကျင်နေခဲ့ရမလဲမတွေးခဲ့ဘူးယောင်း.... ငါဘယ်လောက်တောင်တစ်ကိုယ်ကောင်းဆန်အတ္တကြီးလိုက်လဲ။
ခွင့်လွှတ်မရနိုင်တဲ့အမှားတွေဆက်တိုက်လုပ်ခဲ့တဲ့ ငါ့ကိုမင်းအပြစ်မတင်ခဲ့ရင်တောင် ကံကြမ္မာကကြီးကလှလှကြီးအပစ်ပေးလာခဲ့တယ်။ မင်းကိုအတင်းခိုးယူခဲ့တဲ့ငါက မင်းရဲ့အမြတ်တနိုးဂရုစိုက်မူတွေကြား ရှက်ပြီးမျက်နှာမပြဝံ့ဖြစ်ပြီး အားနာလာခဲ့ရတယ်။
ဘယ်လောက်တောင်လဲဆို တစ်အိမ်ထဲနေတဲ့မင်းကိုအတွေ့မခံဝံ့တဲ့အထိ...
မျက်လုံးတွေကို မကြည့်ရဲတော့တဲ့အထိ...။
ငါ့အပြစ်တွေကကြီးလွန်းလို့ထင်တယ်ယောင်းရယ်.... ကံကြမ္မာကငါ့ကိုအဲလောက်နဲ့အပြစ်ပေးတာမရပ်ခဲ့ဘူး။ ငါမင်းရဲ့ အသွေးအသားတွေကိုရယူမိအောင်ထပြီး ဖန်တီးခဲ့ပြန်တယ်။
ငါ...ငါအဲအချိန်တုန်းကဘယ်လိုရတည်ရမှန်းတောင်မသိတော့ဘူး။ ငါ့နှလုံးတစ်ချက်ခုန်တိုင်း ထိန့်လန့်စိတ်က ငါ့ကိုမင်းရှေ့နေစရာမရှိအောင်ကြောက်ရွံ့စေခဲ့တယ်။
ငါသွေးပျက်မတတ်ကြောက်လန့်ပြီး တောင်းပန်တော့ "ငါတို့ကလက်ထပ်ထားကြတာပဲ ငါနားလည်ပါတယ်" ဆိုတဲ့စကားနဲ့နားလည်ပေးပြန်တယ်။
မင်းအဲလိုနားလည်ပေးတာက မင်းကိုအလိုမတူပဲခိုးယူခဲ့မိတဲ့ငါ့ကို လှလှကြီးထိုးနှက်ပစ်လိုက်သလိုပဲယောင်း...
အဲဒါကြောင့်ငါထပ်ပြီး တစ်ကိုယ်ကောင်းဆန်တဲ့လမ်းကိုရွေးဖို့လုပ်ခဲ့တယ်။
မင်းမျက်ရည်တွေနဲ့ မထားခဲ့ဖို့တောင်းပန်နေတာတောင်၊ မင်းအနားအမြဲရှိနေပေးဖို့တောင်းဆိုနေတာတောင် မင်းအပေါ်အပြစ်တွေများလွန်းတဲ့ငါက အဲလိုလုပ်ဖို့သတ္တိမရှိခဲ့ဘူး။ ငါမင်းအပေါ်အဆုံးအထိ ရက်စက်ပြီးထွက်သွားခဲ့တယ်။
ဒါပေမဲ့ ငါမင်းအနားကထွက်လာခဲ့တာက ငါသတ္တိမရှိတော့လို့လည်းပါသလို မင်းအတွက်လည်းပါတယ်လို့ငါပြောရင်မင်းယုံမှာလားယောင်း.... ငါကြောင့်မင်းကို မနာကျင်စေချင်တော့တာလည်း ငါထွက်သွားခဲ့တဲ့အကြောင်းရဲ့ အချက်တစ်ခုပါပဲ။
ငါမင်းအနားမှာရှိနေရင် မင်းကိုထပ်ပြီးနာကျင်ရအောင်လုပ်မိမှာကိုငါကြောက်ခဲ့တာ။ ငါမရှိရင် မင်းပိုပြီးအဆင်ပြေမယ်လို့ထင်ခဲ့တာကြောင့်ပဲယောင်း...
ဘာလို့ထင်လဲဆိုတော့ မင်းကိုအသေးစိတ်ဂရုစိုက်ပြီး ချစ်ပေးမဲ့jiminရှိနေခဲ့လို့ငါစိတ်ချပြီး ထားခဲ့တာပါယောင်းရယ်...
ငါ့အနားမှာမင်းရှိနေတာထက် jiminအနားမှာရှိနေတာက ပိုကောင်းမယ်ထင်ခဲ့လို့ပါ.....။
မင်းအနားက ထွက်လာခဲ့ပြီးမှငါတစ်ဖြည်းဖြည်းသိလာခဲ့ရတယ်။ ငါ
...မင်းမရှိပဲမနေနိုင်ဘူးဆိုတာပဲ။ မင်းအရိပ်အငွေ့တွေမရှိပဲ ရှင်သန်ရတာအရမ်းနာကျင်ရတယ်ဆိုတာ ငါသိလာခဲ့တယ်။
မင်းကိုထားခဲ့ရမဲ့လမ်းကိုရွေးမဲ့အစား jiminလိုချစ်တတ်အောင်ငါလုပ်ခဲ့ရမှာ။
မင်းကိုငါ့ကြောင့် ထပ်ပြီးနာကျင်ရမှာကြောက်နေမဲ့အစား မင်းမနာကျင်ရအောင်ကြိုးစားချစ်ပေးခဲ့သင့်တာ။
အဲဒါတွေက မင်းအနားကထွက်လာပြီးမှငါသိခဲ့ရတာတွေပဲ။ အဲဒါအပြင် ငါ့အပြစ်တွေအတွက်ငါ့ကိုအပြစ်ပေးသွားတာ ကံကြမ္မာမဟုတ်ပဲ မင်းကိုသိပ်မြတ်နိုးပြီးချစ်နေမိတဲ့ ငါအချစ်တွေမှန်းလည်းငါသိခဲ့ရတယ်။
ဒါပေမဲ့... ငါနောက်ကျခဲ့ပါပြီ။
ငါ့အချစ်တွေကို ငါအတည်ပြုနိုင်တဲ့အခါအရာရာဟာ ဖမ်းဆုတ်လို့မရအောင်နောက်ကျသွားခဲ့ပြီ... မင်းပြိုင်လဲနေတဲ့အချိန်တွေမှာ ငါမင်းကိုထားရစ်ခဲ့မိပြီ.....
မင်းအတွက်နွေးထွေးစွာပွေ့ဖက်မူ လိုအပ်နေတဲ့အချိန်မှာငါမင်းအနားမှာမရှိတော့ဘူး။ မင်းအင်အားလိုနေတဲ့အချိန်မှာ ငါမင်းကိုလျစ်လျူရူ့ထားခဲ့ပြီး အဝေးတစ်နေရာရောက်နေခဲ့ပြီ။
ငါမင်းဆီနောင်တတွေပြန်လာခဲ့ခြင်းက အနောက်ကျကြီးနောက်ကျခဲ့ပြီယောင်း...
မင်းကိုအင်အားပေးပြီး နွေးထွေးစွာပွေ့ဖက်ပေးမဲ့ရင်ခွင်တစ်ခုက ရှိနှင့်နေခဲ့ပြီ။ မင်းအခက်အခဲတွေကို ဖြေရှင်းပေးမဲ့လက်တစ်စုံရှိနှင့်နေခဲ့ပြီ။ အမှန်တော့ အရာအားလုံးဟာ ငါအသုံးမကျခဲ့လို့ဖြစ်ခဲ့တာချည်းပဲ။
ငါ့ကိုယ်ငါအပြစ်တင် ဒေါသထွက်ရုံကလွဲပြီးငါဘာမှမတတ်နိုင်ခဲ့ဘူး။
ငါ့ကိုမလိုအပ်တော့တဲ့မင်းအနားမှာ မင်းကိုဂရုစိုက်ပေးဖို့အတွက်ဆိုပြီး ဘန်ဘန်ကိုထားခဲ့တယ်။ မင်းသိရင်ငါ့ကိုလှောင်ရယ်လောက်တယ်မလားယောင်း....
ထားတုန်းကထားခဲ့ပြီး အခုမှအရေးမပါတာတွေလုပ်နေလို့လေ။
ဒါပေမဲ့ ငါဘယ်လိုလုပ်ရမလဲယောင်းရယ်...
အခုချိန်မှာ ငါလုပ်ပေးနိုင်တာကမင်းအတွက်သေးသေးလေးပဲဖြစ်ဖြစ်အသုံးဝင်ရင်ကျေနပ်ပါတယ်....
မင်းအနားကိုဘန်ဘန့်ကိုပို့ပေးခဲ့တဲ့နောက်မှမင်းအကြောင်းတွေကို ဘန်ဘန့်ဆီကကြားခဲ့ရတယ်။ မင်းမှာနှလုံးရောဂါ ရှိနေပြီတဲ့။
ငါ့ကြောင့်... ငါကြောင့်မင်းဘယ်လောက်တောင်နာကျင်ခဲ့ရလဲဆိုတဲ့အဖြေပေါ့ယောင်းရယ်...သိရချင်း ငါ့နှလုံးသားတစ်ခုလုံးမွမွကြေသွားသလို နာကျင်လိုက်တာ...။
ငါနာကျင်နေရတာက မင်းနာကျင်ခဲ့ရတာတွေစာရင်မပြောပလောက်ဘူးမလား....
မင်းငါ့ကို မလိုအပ်တဲ့အချိန်မှ ငါမင်းအနားမှာအရိပ်လိုရှိနေခဲ့တယ်ယောင်း....
ငါကခွင့်လွှတ်ဖို့မထိုက်တန်တော့မှန်းသိပါတယ်။ ဒါပေမဲ့ ငါအတ္တကြီးစွာနဲ့ပဲနောက်ကျမှသိခဲ့ရတဲ့ငါ့အချစ်တွေကို မင်းသိအောင်ဖွင့်ပြောချင်ခဲ့တယ်။ အရှက်မရှိနောက်ထပ်တစ်ကြိမ် မင်းရှေ့ပြန်လာဖို့ကြိုးစားခဲ့တယ်...
ပထမဆုံးမင်းရှေ့ရုပ်လုံးထွက်ပြမိတုန်းက မင်းငိုပြီးထွက်ပြေးသွားခဲ့တယ်....
မင်းမွေးနေ့ မှာပေါ့....
ငါမင်းကိုလိုက်လာချင်ခဲ့ပေမဲ့ မင်းအဆင်မပြေမှာစိုးလို့ မလိုက်လာခဲ့ရဘူး။
ဒုတိယအကြိမ် မင်းရှေ့လာမိတဲ့အခိုက်ကအဝါရောင်လီလီတွေရှေ့မှာ။
အဝါရောင်လီလီတွေက ကျေးဇူးတင်ခြင်းနှင့်ပျော်ရွှင်ခြင်းကိုကိုယ်စားပြုတယ်တဲ့။
ပန်းတွေကိုစိတ်မဝင်စားခဲ့တဲ့ငါက မင်းကိုချစ်မိနေပြီမှန်းသိတော့မင်းချစ်သလိုပန်းတွေကိုလည်းချစ်တတ်ခဲ့တယ်။
ပန်းတွေရဲ့အကြောင်းတွေကိုပါ ငါသေချာသိခဲ့ပြီယောင်း...။ ပန်းတွေကြောင်းကိုမင်းနဲ့အတူနွေးဆွေးခွင့်ရခဲ့ရင် ဘယ်လောက်တောင်မှကောင်းလိုက်မလဲ။ ဒါပေမဲ့ အခုငါ့မှာ....ငါ့မှာအဲလို မျော်လင့်ချက်လေးတောင်ထားခွင့်မရှိတော့ဘူး။
ပထမဆုံးငါ့ကိုတွေ့တုန်းက ငိုပြီးထွက်ပြေးသွားတဲ့မင်းက ဒုတိယအကြိမ်တွေ့တုန်းကတော့ပြတ်သားပြီးသန်မာလိုက်တာ...
မျက်ဝန်းတွေကလည်းအေးစက်ပြီးတည်ငြိမ်နေလိုက်တာယောင်းရယ်....
မင်းမခွင့်လွှတ်နိုင်မှန်းသိရဲ့နဲ့ တောင်းပန်စကားဆိုတော့ ပြန်တုံ့ပြန်လာတဲ့မင်းစကားတွေက သိပ်ထိမိတာပဲယောင်း...
ငါ့နှလုံးသားကိုဓားချွန်တွေနဲ့အချက်ပေါင်းများစွာ ထိုးစိုက်လိုက်သလိုပဲ။
မင်းနာကျင်ခဲ့ရတုန်းကမသိခဲ့ကောင်က အဲကျမှနာရကောင်းမှန်းသိနေလိုက်တာ။
သေမတတ်ပဲ။ အဟက်...ရယ်စရာကောင်းစွာနဲ့မျက်ရည်ပါကျလိုက်သေးတယ်။
ငါမင်းကိုချစ်ကြောင်းဖွင့်ပြောချင်ခဲ့ပေမဲ့ "မင်းကခွင့်လွှတ်ဖို့မထိုက်တန်သလို အဲစကားပြောဖို့လည်းမထိုက်တန်ဘူး"ဆိုတဲ့ မင်းစကားမှာငါထပ်ပြီးအတ္တကြီးမိပြန်ပြီမှန်းသိခဲ့တယ်.... ငါကတစ်ကယ်အဲစကားပြောဖို့မထိုက်တန်တဲ့ကောင်ပါယောင်း...
ငါ့ကိုခွင့်မလွှတ်ပါနဲ့.... ချစ်ကြောင်းလည်းပြောခွင့်မပေးပါနဲ့။
ငါသိမ်းထားပါ့မယ်။ နာကျင်ကျင်နဲ့အဲစကားကို ငါ့နောက်ဆုံးထွက်သက်အထိသိမ်းထားပါ့မယ်ယောင်း....
ဒါပေမဲ့ ချစ်ကြောင်းဖွင့်ပြောခွင့်မရှိတော့ရင်တောင် မင်းအနားမှာအရိပ်တစ်ခုလိုပဲငါရှိနေခွင့်ရှိသေးတယ်မလားယောင်း...
မင်းကို တိတ်တိတ်လေးပဲဖြစ်ဖြစ်ဂရုစိုက်ခွင့်ရချင်ခဲ့တာပါ။
ငါမသိခဲ့ဘူး။ ငါမင်းအနားမှာအရိပ်လိုရှိနေတာက မင်းကိုအရမ်းနာကျင်စေမှန်း။
အဲနေ့... မင်းEnn Hanaနဲ့သွားတွေ့ပြီးပြန်လာတဲ့နေ့။ အဲနေ့ကအသိစိတ်တောင် ကောင်းကောင်းမကပ်တဲ့မင်းကို ငါစိတ်ပူလွန်ပြီးမင်းရှေ့ရောက်လာခဲ့မိပြန်တယ်။
အဲနေ့မှ ငါသိခဲ့တာ... မင်းအနားမှာငါရှိနေတာကမင်းကို အရမ်းနာကျင်စေတယ်လို့....မင်းကိုယ်တိုင်ထုတ်ပြောတော့မှ ငါနာနာကျင်ကျင်သိခဲ့ရတာ....။
နောက်ပြီးမင်းပြောခဲ့တယ်မလား...
" ဘယ်တုန်းကမှ ငါ့ဘဝမှမရှိခဲ့သလိုမျိုးထာဝရပျောက်ကွယ်ပေးပါ"လို့။
အဲစကားကြားတုန်းက ငါ့ကမ္ဘာကြီးရပ်တန့်သွားသလိုပဲ။ငါ့ခန္ဒာက သမုဒ္ဒရာရဲ့ဟိုး... အနက်ဆုံးမှာပျောက်ဆုံးသွားသလိုပဲ။ ငါ့ကိုယ်ငါတောင် ကမ္ဘာကြီးထဲရှိနေသေးလား ငါသေချာမသိတော့ဘူး။
ငါ့ရဲ့တည်ရှိမူကို ငါကိုယ်တိုင်တောင်မသိတော့တဲ့အချိန်ပဲ။ ခန္ဒာကိုယ်ထဲကသွေးကြောမျှင်တွေတစ်မျှင်တိုင်းကို အဆိပ်အပ်တွေထိုးစိုက်နေသလိုကိုနာကျင်ရတယ်။
မင်းရဲ့အဲဒီစကားကိုပဲ ထပ်တစ်လဲလဲကြားပြီးအမှောင်ချထားတဲ့အခန်းမှာ ပြိုလဲနေခဲ့တယ်။
ဒါပေမဲ့ သုံးရက်လောက်ပါပဲ။
အဲသုံးရက်လောက်ပဲ ငါ့ကိုငါနာကျင်ပြိုလဲခွင့်ပေးခဲ့တယ်။ ဘာလို့လဲဆိုတော့ ငါမှာပြိုင်လဲနေဖို့အချိန်မရှိတော့လို့။
ငါက သေချာပေါက်မင်းအနားကထွက်သွားရတော့မှာလေ။ မင်းပြောသလို မင်းဘဝထဲဘယ်တော့မှမရှိခဲ့သလိုမျိုး....
ထာဝရမင်းအနားက ပျောက်ကွယ်သွားရတော့မှာ။ အဲမတိုင်ခင်ငါမင်းအတွက်လုပ်ပေးနိုင်တာတွေလုပ်ပေးခဲ့အုံးရမယ်မလား။ ငါ့မှာအချိန်မရှိတော့ဘူးလေ....
အဲအတွက်ပြိုလဲနေမဲ့အစားမင်းအတွက်အကျိုးရှိတာတွေကိုပဲ ငါလုပ်ခဲ့သင့်တယ်။
ငါ့ကြောင့်မင်းကိုထပ်ပြီးနာကျင်စေခဲ့လို့တောင်ပန်းပါတယ်ယောင်း....
မင်းနာကျင်ရရင်.... ငါမင်းရဲ့အဝေးမှာမရှင်သန်နိုင်ရင်တောင် ငါမင်းနားကငါသေချာပျောက်ထွက်သွားပေးမှာပါ။
ငါ့မှာမင်းကိုအဝေးကတောင်ဂရုစိုက်ခွင့်မရှိတော့ဘူး။ အဝေးကတောင် ငေးကြည့်ခွင့်မရှိတော့ဘူး။ အဲလိုဆိုမှတော့ ငါကမင်းကိုဂရုစိုက်ပေးနိုင်တဲ့သူကိုပဲ ကူညီရမှာပေါ့ယောင်းရယ်.... မင်းအတွက်... မင်းအတွက်... jiminကို အခုဖြစ်နေတဲ့ပြသနာတွေကနေရုန်းထွက်နိုင်အောင်ငါလုပ်ပေးပါ့မယ်။
ဘယ်လောက်ပဲခက်ခဲပါစေ.... ဘယ်လောက်ပဲငွေတွေသုံးရပါစေ။ ငါရအောင်လုပ်ပေးခဲ့ပါ့မယ်။
မင်းjiminနဲ့ဆိုသေချာပေါက် အဆင်ပြေနေမယ်မလားယောင်း....
jiminနဲ့ဆိုသေချာပေါက်ပျော်နေမှာမလား....
င်းအဆင်ပြေနိုင်မယ်၊ ပျောနိုင်မယ်ဆိုငါကျေနပ်ပါတယ်။ ငါ့ထက်တောင်လည်း jiminကမင်းကိုဂရုစိုက်ပေးနိုင်မှာပါ။
မင်းအနားက ထာဝရပျောက်ကွယ်သွားရတော့မယ့်ငါက နှလုံးသားတစ်ခုလုံးစတေးပြီးဆုတောင်းပေးခဲ့မယ်ယောင်း....
ငါနာကျင်စေခဲ့တဲ့... ငါသိပ်ချစ်တဲ့ယောင်း... ငါမရှိတော့တဲ့အချိန်တွေမှာ အမြဲပြုံးနေနိုင်ပါစေ။ မင်းကိုပြုံးအောင်လုပ်ရတဲ့သူက ငါမဟုတ်ခဲ့တာကလွဲလို့ မင်းကိုပြုံးအောင်လုပ်နိုင်မဲ့သူကိုမင်းအနားမှာ ငါထားနိုင်ခဲ့လို့ကျေနပ်ပါတယ်........။
ချစ်တဲ့ယောင်း.... ကျန်ရှိတဲ့ဘဝကိုပျော်ရွှင်စွာပဲဖြတ်သန်းရ​ပါစေ....
Purple Dream
Updated 19.08.2022
Sakawar
Thank you votes and comments.
ဒီအပိုင်းဖတ်ပြီး ဘယ်လိုခံစားရလဲပြောခဲ့လို့ရမလားငယ်လေးတို့။
Zawgyi
taehyungမွာjiminလက်ကိုကိုင်၍ စနောက်ပြီးမိမိတို့ထိုင်ရာဆီ လျှောက်နေချိန်တစ်စုံတစ်ယောက်စိုက်ကြည့်နေသလိုခံစားရတာကြောင့် အတန်းကိုပတ်လည်တစ်ချက်ကြည့်လိုက်သည်။
"ဘာလဲထယ်ထယ်..."
ထို့နောက်ကျောင်းသားသစ်ရောက်ကြောင်းနှင့် ချစ်ချစ်ခင်ခင်နေကြဖို့ပြောလာခဲ့ပြီး နာမည်ပါတစ်ခါတည်းမိတ်ဆက်ခဲ့တာကြောင့် ထိုမျက်လုံးဝိုင်းဝိုင်းနှင့်ကောင်လေးနှာမည်ကို Jeon Jungkookမှန်းသတိရသည်။
"Hi Jeon Jungkook"
"ငါကKim Taehyungပါ။ သူကPark Jimin"
"အင်း..."
Purple Dream
ငယ်ငယ္က သူငယ်ချင်းလုပ်အောင်ဆိုပြီး ငါ့ကိုလက်ကမ်းပေးခဲ့တဲ့ လက်တစ်ဖက်အတွက်ကျေးဇူးတင်ပါယောင်း....
ငါ့ဒေဒီဆိုတာလည်း ညနက်ရင်တောင်အိမ်ပြန်ရောက်ချင်မှရောက်တဲ့လးမလား...။
အခ်စ်ဆိုတဲ့အရာကို တစ်ဖတ်သတ်သတ်မှတ်ချက်တွေနဲ့ အယူသီးစွာလက်စွဲဆုတ်ကိုင်ထားတဲ့ငါက အချစ်ကိုသေချာနားမလည်ခဲ့ဘူး။
အခ်စ်ဆိုတာ ငါ့အတွက်တော့အရေးမပါတဲ့စိတ်ပျက်စရာ၊နာကျင်မူတွေပဲပေးတဲ့အရာတစ်ခုအဖြစ်လို့ သတ်မှတ်ခဲ့တယ်။
တစ်လမှာဘယ်နှစ်ယောက်လောက်ပြောင်းတွဲနေလဲမသိတဲ့ဒေဒီရယ်.... ဒေဒီကြောင့်တိတ်တိတ်ငိုနေခဲ့ရပြီး တစ်ခြားတစ်ယောက်ပြောင်းရွေးသွားတဲ့မာမီရယ်...
ဝန်ကြီးတစ်ယောက်ဖြစ်နေတော့ ငါအချုပ်ထဲတစ်ညလောက်နေခဲ့ပြီး ငါ့အဖေတောင်အတော်ရှင်းခဲ့ရတာပဲ။
သေချာတဲ့အဖြေရဖို့ ကြိုးစားခဲ့ရမဲ့အစား အသုံးမက်ခဲ့တဲ့ငါက မင်းကိုအတင်းသိမ်းပိုက်ဖို့ပဲကြိုးစားခဲ့တယ်။
ဒါပေမဲ့ ငါမင်းအနားကထွက်လာခဲ့တာက ငါသတ္တိမရှိတော့လို့လည်းပါသလို မင်းအတွက်လည်းပါတယ်လို့ငါပြောရင်မင်းယုံမှာလားယောင်း.... ငါကြောင့်မင်းကို မနာကျင်စေချင်တော့တာလည်း ငါထွက်သွားခဲ့တဲ့အကြောင်းရဲ့ အခ်က္တစ္ခုပါပဲ။
မင်းမွေးနေ့ မှာပေါ့....
ငါမင်းကိုလိုက်လာချင်ခဲ့ပေမဲ့ မင်းအဆင်မပြေမှာစိုးလို့ မလိုက္လာခဲ့ရဘူး။
ငါ့နှလုံးသားကိုဓားချွန်တွေနဲ့အချက်ပေါင်းများစွာ ထိုးစိုက္လိုက်သလိုပဲ။
မငျးအနားက ထာဝရပျောက်ကွယ်သွားရတော့မယ့်ငါက နှလုံးသားတစ်ခုလုံးစတေးပြီးဆုတောင်းပေးခဲ့မယ်ယောင်း....
Purple Dream
Updated 19.08.2022
Sakawar
Continue Reading
You'll Also Like
618K 31K 23
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...
86K 6.9K 17
"Babe..." "ချီးကို​ babe ... ငါကိုအဲ့လိုမ​ခေါ်နဲ့လို့​ပြောထားတယ်​​လေ... " "Babe ရယ်​ Babe ကို ကိုယ်​က Babe မို့ Babe လို့ ​​ခေါ်တာကို Babe က ညိုညင်​တာလ...
719K 24.3K 70
A story where a girl would do anything to get rid of her studies including getting married with a Mafia king but fate played opposite of it even afte...
136K 11.1K 15
{ Zawgyi + Unicode } မင်းသာလျှင် ကိုယ့်အတွက် တစ်ဦးတည်းသောချစ်ရသူ... Only You~~~ 🐯🐰 မင်းသာလျှင် ကိုယ့်အတွက် တစ္ဦးတည်းသောချစ်ရသူ... Only You~~~ 🐯🐰