Callous
By snowydawnlwin
183 13 0
ငါနင့်ကိုမုန်းတယ်............မုန်းရက်နဲ့ချစ်မိနေခြင်းကိုပဲ💔 Zawgyi and unicode available 🥰 More
Intro
Chapter 1
Chapter 2
41 2 0
By snowydawnlwin
Unicode
တစ်ရက်တစ်ဖန်ဂျီမင်းကိုနှိပ်စက်လိုက်၊အခန်းထဲပြန်သွင်းထားလိုက်နဲ့ရက်သတ္တပတ်များစွာလေထဲမှာပင်ပျောက်ဆံုးသွားသလိုကုန်ဆံုးသွားတယ်။
ဂျီမင်းမှာလည်းနေ့တိုင်းသွေးတွေမျက်နှာပေါ်တွင်မကပဲတစ်ကိုယ်လံုးမှာဒဏ်ရာဒဏ်ချက်များစွာနဲ့.....
မှတ်မှတ်ရရတစ်ရက်သူ့ကိုနှိပ်စက်နေစဉ်လူတစ်ယောက်ကဖြတ်ဝင်လာတယ်၊ခြေတံများသည်လည်းရှည်လျားပြီးခေါင်းအစခြေအဆံုးအပြစ်ရှာမရအောင်ချောမောနေတယ်၊ဘယ်သူလည်းသေချာမသိပေမဲ့သူ့ကိုစိတ်ထဲကပြိုလဲသွားတယ်ဆိုတာဂျီမင်းကပါးစပ်ကမပြောရံုတစ်မယ်။
ရိုက်တာခနရပ်ပြီးတိတ်ဆိတ်နေအောင်ဂျောင်ကုကလက်ခနပြလိုက်တယ်။
"ဂျောင်ဆွန်းဟူ၊နင်ကဘာလာလုပ်တာလည်း၊ငါ့အခန်းထဲဝင်တာမကြိုက်ဘူးဆိုတာငါဘယ်နှစ်ခါပြောရမလည်း"
"ငါဂရုမစိုက်ဘူး၊ပြောချင်တာကတစ်ရက်တစ်ရက်နှိပ်စက်တာလည်းဟယ်နင်ဘာမှမဖြစ်ပေမဲ့ဟိုဘက်အခန်းမှာနေတဲ့ငါတို့လည်းသနားပါအုန်း"
ပါခ့်ဂျီမင်းသိလိုက်တာကဒီစံအိမ်ထဲမှာသူတစ်ယောက်တည်းမဟုတ်ဘူး၊သူ့ရဲ့ညီဟုထင်ရသော၊သူနဲ့ဘာမှမဆိုင်အောင်ကိုခေတ်ဆန်လွန်းတဲ့၊ဂျောင်ကုရဲ့လူတွေကိုနှိပ်စက်တတ်တဲြအကျင့်ကိုကောင်းကောင်းသိတဲ့လူ......
"ဒါငါ့စံအိမ်၊မခံနိုင်ရင်ဆင်းသွား၊ငါမအားသေးဘူးသွား၊ငါဒီနေရာကိုရောက်ဖို့မင်းတို့ရဲ့အကူအညီတစ်ပြားတစ်‌ေစ့မှမယူခဲ့တာဖြစ်တဲ့အတွက်မင်းတို့ပေါ်ကျေးဇူးတင်စရာဆိုလို့ဆန်တစ်စိမရှိ"
ဟိုဘက်လူကမျက်နှာကိုတစ် ချက်တည်းပျက်သွားပြီးအခန်းထဲကနေထွက်သွား‌ေတာ့သည်။
ဂျီမင်းသည်ထိုလူလမ်းလျှောက်ထွက်တာကိုပါးစပ်လေးအဟလေးနဲ့ငမ်းနေချိန်သူ့အရှေ့မှာသူ့ကိုအညှိုးကြီးလှသောမျက်လုံးများစွာနဲ့စိုက်ကြည့်နေသောမျက်စိတစ်စုံ။
ဂျီမင်းဒီဘက်ကိုပြန်ကြည့်ချိန်လန့်သွားတာအသားတွေပင်တုန်တဲ့အထိ
"ဂျောင်ကု
နင်ငါ့ကိုသေလောက်အောင်မုန်းမှန်းငါသိတယ်၊ငါ့ကိုသက်ဆုံးတိုင်လည်းနှိပ်စက်နိုင်တယ်
ဒါပေမဲ့ငါအခုပြောမဲ့စကားလေးကိုနားထောင်ပေးပါကွာ။
ငါလေငါ့ဘဝမှာတစ်ခါပင်မိဘအပြင်တခြားလူတစ်ယောက်ကိုတစ်ကြိမ်မျှဒူးမထောက်ဖူးဘူး၊
ဒါပေမဲ့ငါ့ရဲ့မာနကိုခနခဝါချထားပြီးငါမင်းကိုတောင်းပန်ပါတယ်၊ငါ့အ ‌ေဖကိုယ်စား၊ငါတောင်းပန်ပါတယ်၊မင်းငါ့မိသားစုကိုသတ်ခဲ့တာလည်းငါဘာမှပြန်မလုပ်တော့ပါဘူး၊
နင်လည်းဘဝရဲ့အမြင့်တစ်နေရာကိုရောက်နေပြီပဲ‌ကို၊ငါ့လောက်နဲ့နင်ဘာမှမဖြစ်သွားပေးမဲ့၊ငါ့အဖို့ငါ့အနာဂတ်ကြီးတစ်ခုရှိသေးတယ်..."
"ပါခ့်ဂျီမင်း!!!!!!"
ပြောနေသောစကားပင်လမ်းပျောက်ပြီးချက်ချင်းတုန်တောင်တုန်သွား
"မင်းပြောတဲ့အိပ်မက်ဟုတ်လား၊ငါကကောဒါတွေလုပ်ချင်နေတယ်ထင်လား၊ငါ့ရဲ့အောင်မြင်မှုနောက်ကွယ်မှာငါ့ရဲ့ပေးဆပ်မှုတွေအများကြီး၊ မင်းမြင်ကြည့်စမ်းပါ၊
ကို့ရဲ့ချစ်လွန်းရပါသောလူကတစ်စိမ့်စိမ့်ထိုင်ကြည့်ရင်းနဲ့ပျောက်ကွယ်သွားတဲ့ခံစားချက်မျိုးမင်းနားမလည်ဘူး။
မင်းပြောသလိုပဲ၊မင်းလောက်ကတော့ငါ့ဘဝကြီးထဲမှာအိမ်မွေးတိရစ္ဆာန်လောက်တောင်အ‌ေရးမကြီးဘူး၊ဒီလို‌ေပြာနိုင်တာလည်းငါ့မှာခံစားချက်‌ေတွမျိုသိပ်ပြီးလာသမျှ‌လောကဓံကို‌ချွေးတွေသွေးနဲ့ရင်းပြီးလာခဲ့ရတာ၊
ဒါပေမဲ့တစ်ခါတ‌လေငါ့ဘဝမှာသာမိသားစုရှိနေခဲ့‌သေးရင်ငါအဲ့လောက်ထိကြမ်းတမ်းတဲ့ဘဝကတက်ခဲ့ရမှာမဟုတ်ဘူးဒါပေမဲ့မင်းတို့မိသားစုဖျက်စီးခဲ့တဲ့ငါ့ဘဝကြီးကနေပြန်ကြည့်လှည့်ပါ၊မင်းဆိုကောငါ‌့နေရာမှာခွင့်လွှတ်နိုင်မယ်ထင်လား"
ပြောရင်းပင်စာရေးသူနှင့်စာဖတ်သူများမျက်ရည်ကျသွားမယ်၊ဂျောင်ကုကတော့ဒဏ်ရာတွေများလွန်းလို့မျက်ရည်ဆိုလို့သိရဲ့လားတောင်စဉ်းစားမိတယ်။
"ကဲပါ၊ကောင်းပြီလေ၊ငါနင့်ကိုနည်းနည်းလေးသက်ညှာပေးမယ်၊မင်းကအရင်ကရဲမဟုတ်လား၊ငါ့ကိုဖမ်းချင်နေတာမလား၊ဒီလိုလုပ်ရအောင်နင်ငါ့သက်တော်စောင့်လုပ်၊ကိုယ်သတ်ချင်လွန်းလှတဲ့လူကိုသက်တော်စောင့်ပေးရမှာဘယ်လောက်တောင်ပျော်ဖို့ကောင်းမလည်း။"
"နင့်ဆီမှာငါအလုပ်မလုပ်နိုင်ဘူး၊ငါသေတာကမှနင့်ဆီမှာအလုပ်လုပ်ရတာထက်ပိုကောင်းအုန်းမယ်။"
"အိုးအရမ်းတွေရဲရင့်နေပါလား၊ငါကအဲ့လိုကိုပို‌သဘောကျတာ၊မင်းသိထားဖို့ကမင်းအသက်ကငါ့လက်‌ေဖျာက်တစ်ချက်စာပဲရှိတယ်၊ငါ့ဆီကအလုပ်ထွက်လို့လည်းမရအောင်လည်းငါလုပ်နိုင်တာမို့ငြိမ်ငြိမ်နေစမ်းပါ"
အဲ့အချိန်မှာချက်ချင်းကြီးမတ်တပ်ရပ်ပြီးသူလက်ဖျောက်တစ်ချက်တီးပြီးခေါ်လိုက်ချိန်မှာလူတစ်ယောက်ရောက်လာပြီး
"လာမ‌ဲ့စနေနေ့အလုပ်စဆင်းဖို့ပြင်ဆင်ပေးထားလိုက်"
ဆိုပြီးတာနဲ့နောက်ကျောတန်းလှည့်ပြီးအခန်းထဲမှာဖိနပ်အသံကလွဲပြီးဘာအသံမှမရှိ၊သူဖြတ်သွားတဲ့လူတိုင်းသူ့ကိုဦးညွှတ်ပေးရတယ်။
ဂျွန်ဂျောင်ကုဆိုတဲ့နာမည်‌ေပြာလိုက်တာနဲ့အောင်မြင်မှုဆိုတဲ့စကားလုံးတန်းကြားရတာပဲ၊
အသက်နဲ့မလိုက်အောင်ပင်တော်လွန်းလှသော၊သို့ပေမဲ့လည်းရက်စက်ကြမ်းကြုတ်မှုကလည်းနှစ်ယောက်မရှိအောင်ပင်....
သူ့ရဲ့ဖြစ်တည်မှုကိုမှီခိုနေသောလူတွေကလက်ချိုးမရေနိုင်အောင်ပင်
သူကမကောင်းဆိုးဝါလို့ပြောရင်လည်းမှန်နေသလိုလူကောင်းပါလို့ပြောရင်လည်းမမှားပေဘူး.....
ဘာလိုလိုနဲ့စနေနေ့ရောက်ခဲ့ပြီလေ၊အနောက်တိုင်းဝတ်စုံအောက်ကနေကျည်ကာတစ်ထပ်ပါဝတ်ထားရသောဂျီမင်းမှာအသက်ရှူတွေကျပ်၊နေလို့ထိုင်လို့ကအဆင်မပြေနဲ့တိုင်ကိုပတ်နေတာပဲ။သေချင်တာလည်းပေးမသေတဲ့ဘဝပါလား။
ပြင်ဆင်ပြီးသည်နှင့်နစ်ပြိုင်နက်တည်းဂျီမင်းနဲ့အတူနောက်ထပ်တစ်ယောက်ကဂျောင်ကုရုံးခန်းအရှေ့မှာမတ်တပ်ရပ်လျက်။‌ ဂျောင်ကုအခန်းထဲကမထွက်မချင်း၊စံအိမ်ကမည်သူမှထမင်းမစားရ၊ သူထွက်လာမှသူ့အခန်းရှေ့မှာတာဝန်ကျသူတွေကထိုင်ရတဲ့အထိစည်းကမ်းတင်းကျပ်ထားတော့ဂျီမင်းတစ်ယောက်ငိုချင်စိတ်တွေလှိုက်ပြီးတက်လာပါလေရော။
ထို့ပေမဲ့ဂျောင်ကုကအစောကြီးထွက်လာတော့ကိုယ်ရံတော်တွေနည်းနည်းသက်သာသွားတာပေါ့။
ဂျောင်ကုကအနောက်တိုင်းဝတ်စုံဝိုင်အနီရောင်ကိုဝတ်ထားပြီးသူ့အနောက်ကကြည့်ရင်တကယ့်ကို ယောင်္ကျားအရင့်အမာကြီးတောင်ကြွေဆင်းနိုင်တယ်။ဖြူဉလွန်းလှသောအသားပေါ်မှာတက်တူးတွေနဲ့ဆေးချယ်ထားတယ်။နှုတ်ခမ်းနဲ့မျက်ခုံးမှာလည်းဖောက်ထားပြီးသံကွင်းတွေနဲ့ကိုဆင်မြန်းထားတာတကယ့်ကိုပြည့်စုံခြင်းဆိုသောစကားလုံးကိုဖော်ကြူးနေတယ်။
ထိုအချိန်မှာပဲဂျောင်ကုကလက်ဖျောက်တီးလိုက်တော့ဂျီမင်းအတွေးတွေပြန့်နေရာကနေပြန်စုစည်းပြီးသူ့အဖော်နဲ့အတူဂျောင်ကုနားချဉ်းကပ်သွားသည်။
"နေရီ၊ သူ့ကိုခေါ်သွားပြီးလေ့ကျင့်ခန်းရုံထဲမှာလေ့ကျင်းထားပေး၊နောက်သွားစရာရှိရင်သူ့ပါခေါ်သွားမှာ"
"ဟုတ်ကဲ့ဆရာ"
"ဂျီမင်း၊ငါ့ဆီမှာအလုပ်လုပ်ရတာပျော်ဖို့ကောင်းတယ်မလား၊ဘယ်သွားသွားငါရှိနေမှာမို့၊မင်းရဲ့အိပ်မက်ဆိုးလေးပေါ့"
ဂျီမင်းမှာဆွဲထိုးချင်ပါသော်လည်းမနည်းအောင့်အီးထားလိုက်ကာဘာမှမပြောဘဲနေရီ့နောက်သာလိုက်သွားတော့တယ်။
နေရီကကိုယ်ရံတော်တွေထဲမှာအတော်တကာ့အတော်ဆုံး၊ကျည်ဆန်ကိုသူ့ခေါင်းချိန်ပစ်ရင်တောင်ရှောင်နိုင်တဲ့အထိမြန်တယ်။
ဂျီမင်းလေးတစ်ယောက်ဒဏ်ရာကမကျက်သေးတာတောင်နေရီရဲ့လေ့ကျင့်မှုကိုခံရမယ်ဆိုတော့...........
Zawgyi
တစ်ရက်တစ်ဖန်ဂျီမင်းကိုနှိပ်စက်လိုက်၊အခန်းထဲပြန်သွင်းထားလိုက်နဲ့ရက်သတ္တပတ်များစွာလေထဲမှာပင်ပျောက်ဆုံးသွားသလိုကုန်ဆုံးသွားတယ်။
ဂျီမင်းမှာလည်းနေ့တိုင်းသွေးတွေမျက်နှာပေါ်တွင်မကပဲတစ်ကိုယ်လုံးမှာဒဏ်ရာဒဏ်ချက်များစွာနဲ့.....
မှတ်မှတ်ရရတစ်ရက်သူ့ကိုနှိပ်စက်နေစဉ်လူတစ်ယောက်ကဖြတ်ဝင်လာတယ်၊ခြေတံများသည်လည်းရှည်လျားပြီးခေါင်းအစခြေအဆုံးအပြစ်ရှာမရအောင်ချောမောနေတယ်၊ဘယ်သူလည်းသေချာမသိပေမဲ့သူ့ကိုစိတ်ထဲကပြိုလဲသွားတယ်ဆိုတာဂျီမင်းကပါးစပ်ကမပြောရုံတစ်မယ်။
ပါခ့်ဂျီမင်းသိလိုက်တာကဒီစံအိမ်ထဲမှာသူတစ်ယောက်တည်းမဟုတ်ဘူး၊သူ့ရဲ့ညီဟုထင်ရသော၊သူနဲ့ဘာမှမဆိုင်အောင်ကိုခေတ်ဆန်လွန်းတဲ့၊ဂျောင်ကုရဲ့လူတွေကိုနှိပ်စက်တတ်တဲအြကျင့်ကိုကောင်းကောင်းသိတဲ့လူ......
"ဒါငါ့စံအိမ်၊မခံနိုင်ရင်ဆင်းသွား၊ငါမအားသေးဘူးသွား၊ငါဒီနေရာကိုရောက်ဖို့မင်းတို့ရဲ့အကူအညီတစ်ပြားတစ်‌စေ့မှမယူခဲ့တာဖြစ်တဲ့အတွက်မင်းတို့ပေါ်ကျေးဇူးတင်စရာဆိုလို့ဆန်တစ်စိမရှိ"
ဟိုဘက်လူကမျက်နှာကိုတစ် ချက်တည်းပျက်သွားပြီးအခန်းထဲကနေထွက်သွား‌တော့သည်။
"ဂျောင်ကု
ဒါပေမဲ့ငါ့ရဲ့မာနကိုခနခဝါချထားပြီးငါမင်းကိုတောင်းပန်ပါတယ်၊ငါ့အ ‌ဖေကိုယ်စား၊ငါတောင်းပန်ပါတယ်၊မင်းငါ့မိသားစုကိုသတ်ခဲ့တာလည်းငါဘာမှပြန်မလုပ်တော့ပါဘူး၊
"ပါခ့်ဂျီမင်း!!!!!!"
မင်းပြောသလိုပဲ၊မင်းလောက်ကတော့ငါ့ဘဝကြီးထဲမှာအိမ်မွေးတိရစ္ဆာန်လောက်တောင်အ‌ရေးမကြီးဘူး၊ဒီလို‌ပြောနိုင်တာလည်းငါ့မှာခံစားချက်‌တွေမျိုသိပ်ပြီးလာသမျှ‌လောကဓံကို‌ချွေးတွေသွေးနဲ့ရင်းပြီးလာခဲ့ရတာ၊
"အိုးအရမ်းတွေရဲရင့်နေပါလား၊ငါကအဲ့လိုကိုပို‌သဘောကျတာ၊မင်းသိထားဖို့ကမင်းအသက်ကငါ့လက်‌ဖျောက်တစ်ချက်စာပဲရှိတယ်၊ငါ့ဆီကအလုပ်ထွက်လို့လည်းမရအောင်လည်းငါလုပ်နိုင်တာမို့ငြိမ်ငြိမ်နေစမ်းပါ"
ဂျွန်ဂျောင်ကုဆိုတဲ့နာမည်‌ပြောလိုက်တာနဲ့အောင်မြင်မှုဆိုတဲ့စကားလုံးတန်းကြားရတာပဲ၊
"ဟုတ်ကဲ့ဆရာ"
Continue Reading
You'll Also Like
144K 5.1K 39
❝ if I knew that i'd end up with you then I would've been pretended we were together. ❞ She stares at me, all the air in my lungs stuck in my throat...
208K 7.3K 97
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
1.9M 86.2K 194
"Oppa", she called. "Yes, princess", seven voices replied back. It's a book about pure sibling bond. I don't own anything except the storyline.
137K 6.3K 36
"I can never see you as my wife. This marriage is merely a formality, a sham, a marriage on paper only." . . . . . . She was 10 years younger than hi...