Only

By Yours_Moonlight

8.4K 663 93

v:ဖြူဝင်းပြီးချစ်စရာကောင်းနေတဲ့လမင်းလေးကကိုယ့်အတွက်သာနေတာမဟုတ်ဖူးဆိုတာသိရတာသိပ်ဝမ်းနည်းရတယ် jk:ဒါကငါတို့သူငယ်... More

Ep...1 For my lovely hater
Ep_2 It's you
Ep-3 Same to you
Ep-4 Wanna be
Ep-5 Me and you
Ep-6 Why me!
Ep-7 Is that so?
Ep-9 Don't Dare to touch mine
Ep -10 I Miss You
Ep -11 You means For Me
Ep -12 You got us
Ep -13 ( Beauty From my Heart)
Ep-14 Owner
Ep -15 Let Me to Let you Go
Ep - 16 Why Not Me
Ep - 17 You
Ep - 18

Ep-8 You

314 30 2
By Yours_Moonlight

အချို့ရင်ခုန်သံတွေဟာဝေးနေပေမဲ့ရင်ခုန်လျှက်ရှိနေဆဲပါပဲအချစ်ဆိုတာနားလည်ရခက်လိုက်တာဒါပေမဲ့အရမ်းကိုနှစ်သက်ဖို့ကောင်းတယ်
💜💜💜💜💜💜💜

အိမ်ပြန်ရောက်တော့အန်တီ Sooye ကခေါ်ပြီးကျောင်းတက်ရတာအဆင်ပြေရဲ့လားဘာညာခေါ်မေးသဖြင့်အဆင်ပြေကြောင်းအတန်းဖော်‌ေတွသဘောကောင်းကြောင်းကိုအားရပါးရပြောပြမိသည်။ထိုအခါဘေးကထိုင်နားထောင်နေသည့်နှစ်ယောက်ကလည်းသူဘယ်လောက်နာမည်ကြီးကြောင်းအားလံုးကိုဖောက်သည်ပြန်ချနေသဖြင့်ရှက်ရှက်နှင့်ပင်အိမ်ပေါ်တက်ခဲ့ကာအခန်းထဲဝင်နေလိုက်သည်။အာ......ဒီလောက်ရှက်စရာကောင်းတာတွေဘာလို့ပြောနေကြပါလိမ့်။ငါချောတာငါသိရင်ပြီးတာပဲကို။သူသတိတရနှင့်အမေ့ဆီဖုန်းဆက်ပြီးနေကြောင်းကြောင်းဘာညာသာရကပြောပြတော့အမေကသူ့အတွက်ဝမ်းသာကြောင်းနှင့်သူ့ကိုသတိရကြောင်းပြောသည်တကယ်လည်းသူတို့ကခွဲဖူးခဲ့တာမှဟုတ်တာအမြဲအတူနေခဲ့ကြတာယခုတက္ကသိုလ်တက်မည့်အချိန်မှခွဲဖူးခဲ့တာ ဟိုကတက္ကသိုလ်ကမကောင်းတာမဟုတ်ပေမဲ့ အန်တီ Sooye ဇွတ်ခေါ်တာကြောင့်သာသူစိတ်မပါ့တပါ့နဲ့လာခဲ့ရတာဒါပေမဲ့အခုအခြေအနေအရတော့သူကျေနပ်မိနေသည်ကုတင်ပေါ်လှဲနေရင်းမှထထိုင်လိုက်ကာရေချိုးရန်ရေချိုးခန်းထဲဝင်လိုက်သည်။ရေချိုး‌ကန်ထဲမှာစိမ်ရင်းခေါင်းလျှော်ရင်းလုပ်နေသည်မှာဘယ်လောက်ကြာသွားသည်သူသတိမထားမိ။သူသတိထားမိတာကသူ့တစ်ကိုယ်လုံးလန်းဆန်းသွားခြင်းပင်။အားရပါးရချိုးပြီးတော့တပတ်ကိုခါးတွင်ပတ် ခေါင်းကိုရေသုတ်တပတ်ဖြင့်သုတ်ကာထွက်လာသည်။သူရေချိုးခန်းတံခါးဖွင့်ဖွင့်ချင်းသူ့အခန်းတံခါးကိုဆွဲဖွင့်ကာငါခေါ်မှာသူခေါ်မှာပြောရင်းအခန်းထဲဇွတ်ဝင်လာသောမျောက်လောင်းနှစ်ကောင်ကိုတွေ့လိုက်ရသည်။သူ့ကိုမမြင်ပဲဇွတ်ငြင်းနေကြလို့စိတ်ပေါက်ပေါက်နဲ့ဟဲ့ကလေးတွေလို့အော်လိုက်တော့သူ့ကိုစိုက်ကြည့်လာကြသည့်ကောင်လေး‌နှစ်ယောက်သူ့ကိုစိုက်ကြည့်နေကြတာဘယ်လိုမှန်းမသိ။နဂိုကတည်းကမရှက်ရင်မရှက်ပြရှက်ရင်လည်းလုံးဝအရှက်သည်းတတ်သူမို့အခုသူတို့စိုက်ကြည့်နေတော့တစ်ကိုယ်လုံးဘယ်လိုဖြစ်သည်မသိထူပူလာသည်သူ့ကိုသူသတိထားပြန်ငုံ့ကြည့်တော့အင်္ကျီမပါသည့်အဖြစ်ကိုပြန်တွေးမိကာပိုရှက်လာသည်။
သူ့ကိုယ်သူခေါင်းသုတ်နေတဲ့တပတ်နဲ့ခန္ဓာကိုယ်ကိုဖုံးလိုက်တဲ့ Hyung ပြီးတော့မှထစ်ငေါ့ထစ်ငေါ့နှင့်
Jin- ဘာ ဘာကိုကြောင်‌ကြည့်နေကြတာလဲအဲ့လောက်တောင်ကြည့်စရာရှားနေတာလား သွားကြသွားအခန်းတံခါးလည်းမခေါက်ကြဘူးယဉ်ကျေးမှုမရှိတာ။သွားကြ
ဆိုကာအတင်းနှင်ထုတ်တော့သူတို့မနေတတ်စွာခေါင်းငုံ့ပြီးထွက်လာကြသည်။

ညနေစာစားချိန်ရောက်နေပြီမို့ ညနေစာစားရန် အမေကခေါ်ခိုင်းသဖြင့် Jungkook နဲ့ Taehyung အတူပြိုင်တက်ကာ Hyung ကိုခေါ်ဖို့အိမ်ပေါ်တက်လာခဲ့သည်။လှေကားတက်တော့တစ်ယောက်ကိုတစ်ယောက်ဆွဲချကာဆော့နေသဖြင့်အမေကတောင်လှမ်းငေါက်သည့်အဆင့် Hyung ရဲ့အခန်းတံခါးဖွင့်တော့လည်းပြိုင်ဖွင့်ကာ Hyung ကိုထမင်းစားဖို့သူခေါ်ငါခေါ်ပြိုင်ငြင်းကြရသေးသည်
ဟဲ့က‌ေလးတွေလို့ခေါ်မှသူမော့ကြည့်မိသည် ဖြူဖွေးသောအသားအရည်ပေါ်မှာကြည့်လင်နေတဲ့ရေစက်ကလေး‌တွေတွဲလဲခိုနေသည်။ရေစိုနေသည်ဆံပင်အဖျားလေးမှရေစက်ကလေးကနှဖူးပေါ်ကျကာနှုတ်ခမ်းသားလေးပေါ်ဖြတ်သွားသည်။ မနာလိုလိုက်တာ အနီးကပ်တောင်ကြည့်ခွင့်မရှိသေးတဲ့နှုတ်ခမ်းလေးပေါ်ရေစက်ကလေးကဖြတ်သွားသည်တဲ့လားထိရက်စရာတောင်မရှိသေးသည့်ဖြူဖွေးနေသည့်ခန္ဓာကိုယ်ပေါ်အညာအတာမရှိဖြတ်သန်းသွားသည်တဲ့လားပြီးတော့ Hyung ရင်ဘတ်ပေါ်က ချယ်ရီပန်းပွင့်လေးနှစ်ပွင့်လှရက်လိုက်တာ သွယ်လှဖြူဖွေးနေတဲ့ခြေတံတွေကပြေးကိုက်ချင်စရာ ဘာမှမပါသည့်ယောက်ျားလေးတစ်ယောက်ရဲ့မျက်နှာကဒီလောက်လှရက်သည်တဲ့လား သူ့ကိုစိုက်ကြည့်နေတာသတိထားမိသွားတော့နီရဲလာတာများ ခရမ်းချဉ်သီးလေးကျလို့ မျက်နှာလေးတင်မဟုတ်ပဲလည်ပင်း ပခုံးသား‌ေလးတွေကပါနီရဲလာတာ။ ပြီးတော့သူတို့ကိုအခန်းထဲကထွက်သွားခိုင်းနေတာ။
ရှက်နေတယ်ထင်ပါရဲ့။ဒီလိုပုံစံလေးသူများမြင်သွားမှာတောင်နှမြောမိသေးသည် သူတို့အခန်းထဲကထွက်လာကာ အခန်းတံခါးကိုပိတ်လိုက်ရင်းကျောဖြင့်မှီထားလိုက်သည် Hyung ပုံရိပ်ကလေးကမျက်စိထဲကမထွက်။
Jungkook - ဟေ့ကောင်မင်းမြင်လိုက်လားနတ်သားလေးများလားကွာ
Taehyung - အေးဟုတ်မယ် လှလိုက်တာ ဘာဝတ်ဝတ်လှတယ်မှတ်နေတာ ဘာမှမဝတ်ထားတာပိုတောင်လှနေသေးတာကိုး ဟီးးး
ထိုစဉ်အခန်းတံခါးကိုဆွဲဖွင့်ကာထွက်လာသောထိုလူသား ဘောင်းဘီဒူးဖုံး ရှပ်အင်္ကျီလက်တိုလေးနှင့်သူတို့ကိုမလုံမလဲကြည့်ကာ
Jin - မင်းတို့ကောင်တွေသူများအခန်းထဲဝင်တော့မယ်ဆိုတံခါးခေါက်ရမှာပေါ့အခြေခံယဉ်ကျေးမှုဆိုတာကိုမသိကြဖူးလား
သူပြောတာကိုခေါင်းငုံကာနားထောင်နေသည့်မျောက်လောင်းတွေကချစ်စဖွယ်
Taehyung - ဒီလိုဖြစ်လာလောက်မယ်ဆိုတာမသိလို့ပါ Hyung နောက်တး်ခါသတိထားပါ့မယ်
သူပြောပြီး Jungkook ကိုတံတောင်ဖြင့်တို့လိုက်တော့
Jungkook - ဟုတ်ကဲ့ Hyung နောက်ခါကျွန်တော်တို့သတိထားပါ့မယ် ဒါပေမဲ့ Hyung ဘာသာတံခါး lock မချထားတာလဲ။
Taehyung ခေါင်းငုံ့နေရာမှ ဟေ့ရောင် ဆိုတော့သူ့ကိုကြည့်ကာ တောင်းပန်ပါတယ် Hyung လို့ပြောလိုက်သည်
Jin- ကဲပါထားလိုက်ပါတော့ခုမှအပြစ်ကင်းတဲ့ပုံဖမ်းမနေကြနဲ့ညနေစာစားဖို့လာခေါ်တာမလားကဲသွားကြစို့အန်တီစောင့်နေတော့မယ်
ဆိုကာကော့ကော့ ကော့ကော့နှင့်ရှေ့ကထွက်သွားသည်မှာကြောင်နဲ့ကြွက်ထဲက အဝါရောင်ဘဲပေါက်လေးအတိုင်း။ ချစ်စရာကောင်းလိုက်တာလေ
အောက်ထပ်ရောက်တော့အဲ့နှစ်ကောင်ကိုမကြည့်ချင်တာနဲ့ခေါင်းငုံ့ကာစားပွဲမှာထမင်းထိုင်စားတော့သည်သူနဲ့မျက်နှာချင်းဆိုင်က Taehyung ထိုင်ကာသူ့ဘေးကတော့ Jungkook နဲ့ အန်တီ Sooye ကနေရာယူထားသည်။ပုံမှန်ဆို အန်တီကစားလို့ပြောသည်ကိုသူအလိုက်သင့်တုန့်ပြန်သော်လည်းခုတော့မတုံ့ပြန်မိ။အရှက်မပြေသဖြင့်ခေါင်းကိုသာငုံ့ကာ ထမင်းဇွတ်ငုံ့စားသည်။ထိုစဉ်သူ့‌ေခြ‌ေထာက်ကိုလာပွတ်သောခြေထောက်တစ်ဖက်သူမော့ကြည့်တော့ Taehyung ကသူ့ကိုကြည့်နေသည်။သူပိုရှက်ကာနရွက်လေးရဲလာတော့သူ့ကိုရယ်ကာခေါင်းငုံ့သွားသည်
ရင်တွေခုန်လိုက်တာ ငါ့ဘဝကြီးဘာတွေများဖြစ်နေတာလဲ

💜💜💜💜💜💜💜
ဟုတ်ကဲ့ ကျွန်မတို့ Jinလေးကတော့မျှစားခံရမဲ့ကိန်းဆိုက်နေပါပြီ Semeကြီးများထံကဆွဲဆောင်ခံနေရပါပြီနော်
ကဲကဲနောက်ထပ်ဘာတွေဖြစ်ဦးမှာလဲ

Continue Reading

You'll Also Like

37.6K 6.9K 105
Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Update schedule - Daily Start Da...
4.7M 527K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
1M 11.5K 101
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...