ABOစာအုပ်ထဲကူးပြောင်းပြီး ဗီလ...

By Dora_Dora9696

144K 13.5K 160

Title - Rebirth to become a dominant omega သွေးသန့်အိုမီဂါလေး ဂျူလီယမ် Author - latteechrie With Original Au... More

Description
အခန်း ၁ Rebirth
အခန်း ၂ အိုမီဂါ
အခန်း ၃ စိတ်သစ်လူသစ်
အခန်း ၄ သူငယ်ချင်း
အခန်း ၅ ဖွင့်ပြောမယ်
အခန်း ၆ ပြန်လည်တွေ့ဆုံခြင်း
အခန်း ၇ ဗီလိန်
အခန်း ၈ မထင်မှတ်ထားသော တွေ့ဆုံမှု
အခန်း ၉ ဇာတ်ကြောင်း
အခန်း ၁၀ ကိုယ်ထိလက်ရောက် ကျူးလွန်မှု
အခန်း ၁၁ အကြည့်တစ်ချက်
အခန်း ၁၂ လွှမ်းမိုးနိုင်စွမ်း
အခန်း ၁၃ တည်"ငြိမ်"
အခန်း ၁၄ Trauma
အခန်း ၁၅ ပြောင်းလဲမှု
အခန်း ၁၆ သောက်မယ်!!
အခန်း ၁၇ ပွေ့ဖက်ခြင်း
အခန်း ၁၈ မှတ်ညဏ်
အခန်း ၁၉ ဘဝရဲ့ လက်တွဲဖော်
အခန်း ၂၀ အကြောက်တရား
အခန်း ၂၁ ကလေး
အခန်း ၂၃ ကောင်း‌ေသာညပါ
အခန်း ၂၄ အပန်းဖြေဥယျာဉ်
အခန်း ၂၅ ဒိတ်မဟုတ်ဖူး
အခန်း ၂၆ သံသယများ
အခန်း ၂၇ ဘား
အခန်း ၂၈ အန္တရယ်
အခန်း ၂၉ အနမ်း
အခန်း ၃၀ မောနီး
အခန်း ၃၁ မနက်စာ
အခန်း ၃၂ အာဏာ ပါဝါ
အခန်း ၃၃ ပိုက်ဆံ
အခန်း ၃၄ နှင်းဆီဝါ
အခန်း ၃၅ ချေးငှားခြင်း
အခန်း ၃၆ လျှို့ဝှက်ချက်များ
အခန်း ၃၇ ဖော်ထုတ်ခြင်း
အခန်း ၃၈ ဆန္ဒ
အခန်း ၃၉ ဖြုန်းတီးခြင်း
အခန်း ၄၀ အတွေ့အကြုံ
အခန်း ၄၁ အလည်သွားခြင်း
အခန်း ၄၂ နမ်းရှိုက်ခြင်း
အခန်း ၄၃ ခွေး
အခန်း ၄၄ အခွင့်အလမ်း
အခန်း ၄၅ ကျွန်တော်က ကျွန်တော်ပါပဲ
အခန်း ၄၆ အင်တာဗျူး
အခန်း ၄၇ ဂရုစိုက်ခံရခြင်း
အခန်း ၄၈ အက်တီယမ်
Reminder For Omega
Reminder 🎗️
အခန်း ၄၉
အခန်း ၅၀

အခန်း ၂၂ ရင်တုန်ခြင်း

2.2K 270 0
By Dora_Dora9696

Unicode

မီနိုတို့နှင့်နှုတ်ဆက်ပြီးနောက်တွင် လူးရှပ်စ်သည် ကားရှေ့ထိုင်ခုံဘက်ရှိတံခါးကို ဖွင့်ပေးလာကာ ပေါ့ပါးစွာဖြင့် ပြောလာသည်။
"သွားကြမယ်လေ..ကိုယ်မင်းကိုပြန်လိုက်ပို့ပေးမယ်"

ဂျူလီယန်သည်လည်း သေချာပြန်ထ,ရပ်လိုက်၏။ သို့သော် သူ၏အကြည့်များကိုမူ မြေကြီးဆီသို့ပင် ပို့ထားလေသည်။
"ရတယ်..."

သူပြန်ပြောလို့မပြီးသေးခင် တစ်စုံတစ်ယောက်သည် ရည်ရွယ်ချက်ရှိရှိဖြင့် ကြားဖြတ်ကာဝင်ပြောလာပြန်၏။
"ကိုယ်ပြန်လိုက်ပို့ပေးမှာ.."

လူးရှပ်စ်၏အသံအနေအထားသည် မည်သို့သော ငြင်းဆိုမှုမျိုးကိုမဆို လုံးဝခွင့်မပြုနိုင်သည့် အသံမျိုး ဖြစ်နေပေသည်။

ကားသည်နေရာမှ တဖြည်းဖြည်းချင်း မောင်းထွက်သွား၏။ လမ်းဆုံ‌မီးပွိုင့်တစ်ခုတွင် ရပ်စောင့်နေရင်း လူးရှပ်စ်သည် အိုမီဂါလေး၏ဖုန်းကို မတော်တဆ တစ်ချက်ကြည့်မိသွားရင်း GPSဖွင့်ထားသည်ကို သတိထားမိသွားသည်။
"ကိုယ်ဒီလမ်းတွေမှတ်မိပါတယ်"

ဂျူလီယန်သည် ခေါင်းမော့ကြည့်လာပြီး -
"ကျွန်တော်ဘယ်နေရာရောက်နေလဲဆိုတာကိုသိထားဖို့ကတော့ အရေးကြီးတာပဲလေ"

လူးရှပ်စ်၏ မျက်လုံးထောင့်မှ မြင်နေရသော ဂျူလီယန်သည် အခွံတစ်ခုအတွင်းသို့ သူ့ကိုယ်သူ ကျုံ့ဝင်နေသည့်ပုံစံလေးဖြင့် လူးရှပ်စ်ကိုရှောင်ရှားနိုင်ရန် ဆက်တိုက်ကြိုးစားနေသည်ကို လူးရှပ်စ်သည်ပင် သတိပြုမိသွားသည်။ ဂျူလီယန်၏ အတည်ကြီးသူ့အားရှောင်ခွာချင်နေသည့်ပုံကို တွေ့လိုက်ရပြီး မသိမသာပြုံးကာ ခေါင်းကိုပင်ခါရမ်းမိလိုက်၏။

ရုတ်တရက်ပင် လူးရှပ်စ်သည် ထိုအိုမီဂါလေးကို စနောက်ချင်စိတ်များ ဖြစ်ပေါ်လာရသည်။ သူသည် ကောင်ငယ်လေး၏မျက်နှာတွင်ထင်ဟပ်နေသော သူ့အားရှောင်ပြေးချင်နေသည့် ထိုခံစားချက်များ ပို၍များပြားလာသည်ကို တွေ့မြင်ချင်နေမိပြီး ဤကဲ့သို့သော စိတ်ထက်သန်မှုမျိုးသည် သူ့ဘဝတစ်လျှောက်လုံးတွင် မဖြစ်ပေါ်ခဲ့ဖူးချေ။ လူးရှပ်စ်သည် ကားကို လမ်းသွယ်တစ်ခုထဲသို့ မောင်းနှင်ချလိုက်ပြီး ကောင်ငယ်လေးအား လှည့်ကြည့်ရန် ကားကိုရပ်လိုက်သည်။ ဂျူလီယန်သည်ခေါင်းလှည့်လာပြီး အလွန်အန္တရာယ်များသည့် အခြေအနေသို့ ကျရောက်နေသည့် ကျောရှိဆူးများထောင်ကာ အသင့်ရှိနေသော ဖြူကောင်လေးတစ်ကောင်ကဲ့သို့ သတိချပ်စွာဖြင့် အယ်လ်ဖာအား လှမ်းကြည့်လာသည်။

လူးရှပ်စ်သည် မျက်ခုံးတစ်ဖက်ပင့်တင်မိသွား၏။ အိုမီဂါလေးတွင် သူနှင့်ပတ်သက်ပြီး ခက်ခဲသော အခြေအနေတစ်ရပ်ရှိလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။ တွေ့မြင်နေရသော ကောင်ငယ်လေး၏ထိတ်လန့်မှုသည် သူမျှော်လင့်မိခဲ့သည်ထက် အဆများစွာပိုမိုများပြားနေသည်။ ဤကဲ့သို့ အထိတ်တလန့်ဖြင့် သူ့အားရှောင်ရှားချင်နေမှုသည် လူးရှပ်စ်အား မပျော်ရွှင်စေခဲ့ချေ။

လူးရှပ်စ်သည် ဖော်ဖော်ရွေရွေဖြင့် ပြုံးပြလိုက်ပြီး သူ၏ မျက်လုံးများထဲတွင်လည်း လေးနက်သည့်အရိပ်များ ပြည့်နှက်လာသည်။
"ကိုယ်နဲ့မင်းမှာပြောစရာတစ်ခုခုရှိသေးတယ်ထင်တာပဲ"

ဂျူလီယန်သည် မနေ့ညကကိစ္စများကို ပြန်သတိရသွား၏။မခံမရပ်နိုင်စိတ်တိုနေသည့်မျက်နှာလေးပြောင်းသွားပြီး သူ၏ အမူအရာများမှတစ်ဆင့် ရှက်ရွံ့နေသည်ကိုလည်း သိရှိနိုင်ပေသည်။ သူသည် အတော်လေးကို ရှုပ်ထွေးနေသည်ဟုလည်း ခံစားမိလိုက်သည်။

ဂျူလီယန်သည် နှစ်‌ခါလောက် ချောင်းဟန့်လိုက်သည်။
"ဘာကိစ္စမလို့လဲ"

လူးရှပ်စ်၏အကြည့်များသည် အနည်းငယ်နီရဲနေသော အိုမီဂါလေး၏နားရွက်ဖျားများဆီသို့ ရောက်ရှိသွားသည်။ ထို့နောက်သူသည် ဆိတ်ငြိမ်စွာပဲ ပြန်ပြောလိုက်၏။
"ကောင်းပြီ..မနေ့ညကဘာမှမဖြစ်ခဲ့ဘူးလို့ပဲထားလိုက်ပါတော့"

သူ၏အသံ သို့မဟုတ် အပြောအဆိုများတွင် မကျေမနပ်ဖြစ်နေသည်မျိုး လုံးဝမရှိပေ။ ဂျူလီယန်ဆီသို့ ငုံ့ကြည့်လာသည့်အခါတွင် သူ၏မျက်လုံးများထဲ၌ နွေးထွေးမှုများပင် အနည်းငယ်ပါရှိနေသေးသည်။

ဂျူလီယန်သည် အနည်းငယ် မူးနောက်သွားသည်။ လူးရှပ်စ်၏အကြည့်များအောက်တွင် သူ့ခြေထောက်နှစ်ချောင်းလုံး ပျော့ခွေသွား၏။ သူ့စိတ်သည် ကြည်ကြည်လင်လင်ရှိနေဆဲဖြစ်သဖြင့် သူ့ခန္ဓာကိုယ်၏ အပြောင်းအလဲကို ပိုမိုထင်ရှားစွာပင် ခံစားသိလိုက်ရသည်။

ဒုတ်၊ ဒုတ်၊ ဒုတ် -

သူ၏နှလုံးခုန်နှုန်းများ မြင့်တက်လာပြီး အင်္ကျီအိတ်ကပ်ထဲရှိ ဆေးများကို ထုတ်ယူလိုက်သည်။

ပုံရိပ်ယောင်ဆန်တဲ့တစ်ခုခုအပေါ်မှာ သူလွန်လွန်ကဲကဲ တုံ့ပြန်နေမိတာများလား?

ဂျူလီယန်သည် မော့ကြည့်လိုက်ပြီး သူသည် သူ့ဘေးရှိ တစ်စုံတစ်ယောက်၏ နက်ရှိုင်းသည့် တစိုက်မတ်မတ် အကြည့်များအောက်တွင် ပိတ်မိနေသည်ကို သတိထားမိသွား၏။

ထပ်ပြီး နှလုံး‌ရောဂါရတော့မှာပဲ...

လူးရှပ်စ်၏အကြည့်များသည် ယိမ်းယိုင်မှုမရှိ ပြင်းထန်စူးရှနေပြီး ဂျူလီယန့်လက်ထဲရှိ ထိန်းချုပ်ဆေးများထံတွင် ရပ်တန့်နေ၏။

ဂျူလီယန်သည် အသိတရားပြန်ဝင်လာစေရန် ခေါင်းယမ်းပစ်လိုက်သည်။ သူ၏နှလုံးသားသည် ရူးသွပ်သွားသကဲ့သို့ ကမန်းကတန်းခုန်ပေါက်နေပြီး သူသည်လည်း အကြောင်းတစ်စုံတစ်ရာကြောင့် ‌ဒေါသကြီးစွာ နီရဲတက်လာပေသည်။

ဂျူလီယန်သည် အနောက်ဘက်သို့ ဆုတ်လိုက်ကာ နှစ်ယောက်ကြားအကွာအဝေးကို ချဲ့ရန်ကြိုးစားသော်လည်း လူးရှပ်စ်သည် သူ့အားလှုပ်ရှားခွင့်မပြုဘဲ သူ့ပုခုံးများအား ဖိကိုင်ထားသည်။ ဤအခြေအနေတွင် ဂျူလီယန်သည် တိုးညင်းစွာ‌ပင် စကားပြောနိုင်တော့သည်။
"ခင်ဗျား..ကိုယ်ဘာလုပ်နေတယ်ဆိုတာရောသိသေးရဲ့လား"

ထိုသူ၏နှုတ်ခမ်းများတွင် နူးညံ့သည့်အပြုံးအရိပ်အယောင်များ တည်ရှိနေပြီး မျက်လုံးများထဲတွင်လည်း ဟာသအချို့ကို သဘောကျနေသကဲ့သို့ပင် ‌ရွှင်မြူးရိပ်များဖြင့် တောက်ပနေ၏။
"ကိုယ်မင်းရှေ့မှာကိုယ့်ရဲ့ဟော်မုန်းတွေကိုထုတ်လွှတ်ခဲ့ဖူးတာများရှိလို့လား"

ဂျူလီယန်သည် တိုးဖျော့စွာ တောင်းဆိုလိုက်၏ - သူ၏အသံသည် နူးညံ့ဖျော့တော့နေကာ တုန်ယင်နေပေသည်။
"ကျေးဇူးပြုပြီး.. ကျွန်တော်ပြန်ချင်နေပြီ"

လူးရှပ်စ်သည်လည်း အသံကိုနှိမ့်ချလိုက်ပြီး နက်ရှိုင်းသော မျက်လုံးများမှာမူ အိုမီဂါလေးပေါ်တွင် အာရုံစူးစိုက်လျက် ရှိနေ၏။
"တခြားရော?"

တစ်ဖက်သူသည် ပြန်ဆုတ်သွားသည့်အတွက် ဂျူလီယန်သည် တုန်ယင်နေသောလက်ချောင်းများဖြင့် အလျင်အမြန်ပင် ဆေးကို လှမ်းယူထားလိုက်သည်။ သူ့ဆီလှမ်းမကြည့်ရဲတော့ဘဲ ပြန်ဖြေပေးလိုက်သည်။
"မလိုပါဘူး"

လူးရှပ်စ်သည် ကားပြန်လှည့်ပြီး စတင်မောင်းနှင်လိုက်သည်။
"ဟုတ်ပါပြီ"

ဂျူလီယန်သည် သူ၏နေအိမ်ဗီလာသို့ ပြန်လည်ဦးတည်ကာ မောင်းနှင်လာသည့်တစ်လျှောက်လုံး စိတ်မအေးစွာဖြင့် စောင့်ကြည့်လိုက်ပါလာခဲ့၏။

လူးရှပ်စ်သည် ဂျူလီယန်၏ အိမ်တံခါးရှေ့တွင် ကားရပ်လိုက်ပြီးနောက် တစ်ဖက်သို့ လှည့်ကြည့်လိုက်ရာ အိုမီဂါလေး၏ တစ်ခုခုအားမဖော်ပြနိုင်သောအမူအရာမျိုးကို တွေ့မြင်လိုက်ရသည့်အတွက် ထုတ်မေးကြည့်လိုက်သည်။
"အခုရော.. မင်းရဲ့အမူအရာက ဘာဖြစ်ချင်နေတာလဲ?"

ဂျူလီယန်သည် လှည့်ထွက်သွားရန်ပြင်ပြီးမှ ရပ်သွားပြန်၏။ သူသည် ပြတ်တောင်းပြတ်တောင်းနှင့်ပင် တိုးတိတ်စွာ ပြန်ပြောလာ‌သည်။
"ဒီမတော်တဆဖြစ်တဲ့အကြောင်း..အိုင်ယမ့်ကိုပြန်မပြောနဲ့နော်..သူကအရမ်းစိတ်ပူတတ်တဲ့သူလေ"

လူးရှပ်စ်သည် ရယ်မြူးနေသည့်ဟန်ဖြင့် မျက်ခုံးတစ်ဖက်ပင် ပင့်တင်မိသွားသော်လည်း ကောင်ငယ်လေး၏တောင်းဆိုမှုအား ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီလေ..လာမယ့်အပတ်ပိတ်ရက်မှထပ်တွေ့ကြတာပေါ့.. ဂျူလီယန်"

လူးရှပ်စ်၏လျှာဖျားမှ သူ၏နာမည်သည် နူးညံ့ကြင်နာစွာပင် ထွက်ကျလာသောအခါ ဂျူလီယန်၏နှလုံးသားသည်လည်း နောက်ထပ်တစ်ကြိမ် ကသုတ်ကရက်နိုင်စွာဖြင့် တုန်လှုန်သွားပြန်သည်။ သူသည် အသက်ရှူခက်ခဲမတတ်ပင် ဖြစ်လာပြီး အလျင်အမြန် ကားထဲမှ ထွက်လိုက်ရသည်။

မတော်တဆမှုမဖြစ်ခင် သူသတိမထားမိလိုက်သည့် တစ်ခုရှိနေ၏။ ထိုအနီးတစ်ဝိုက်တွင် စုံတွဲတစ်တွဲသည် ပျင်းနေသဖြင့် သူတို့ကိုယ်သူတို့ ဗီဒီယိုရိုက်နေခဲ့လေသည်။ သူတို့၏ကင်မရာသည် ဂျူလီယန်က ကလေးငယ်အား ဘီးအောက်နားဆီမှ ဆွဲပွေ့လိုက်သောဖြစ်ရပ်တစ်ခုလုံးကို မှတ်တမ်းတင်မိထား၏။ ဤဗီဒီယိုအား ထိုစုံတွဲမှ Weiboတွင် ပို့စ်တင်လိုက်တော့သည်။ တစ်ခဏချင်းပင် ထိုဗီဒီယိုသည် လူပေါင်းများစွာထံသို့ ပျံ့နှံ့သွားပြီး မကြာမီ နာမည်ကြီးသည့်လူအများဆုံးရှာဖွေကြည့်ရှုမှုစာရင်းထဲသို့ပင် ဝင်ရောက်သွားလေသည်။

[ရူးမိုက်တဲ့ဖရုံသီးလေး : ဒါက နာမည်ကြီးတဲ့ သူဌေးလေး အိုမီဂါမဟုတ်ဘူးလား? ဂျူလီယန်လေ, ဟုတ်တယ်မလား? အရမ်းကိုသတ္တိရှိတာပဲ! ]

[တော်ဝင်တဲ့အမ်မာ : +၅၆ .. ဟုတ်တယ်လေ သူပဲ! ကလေးလေးကိုလက်ထဲမှာပွေ့ထားပြီး ဂျူလီယန်ပါ ဘေးကို လှိမ့်ချလိုက်တုန်းကလည်း သူက ကလေးရဲ့မျက်လုံးတွေကို ကာထားပေးနေတုန်းဆိုတာရော သတိထားမိကြသေးလား?! သူက ကလေးလန့်သွားမှာကို စိုးရိမ်နေလို့များလား? အရမ်းတွေးပေးတတ်တာပဲ, ဒီလိုအန္တရာယ်များတဲ့အချိန်မှာတောင် ကလေးကို ဂရုတစိုက်ရှိနေတုန်းပဲ! ]

[ဗုဒ္ဓဘာသာဝင်ကောင်လေး : ဘာလဲဟ.. ကြည့်နေရင်းတောင် လန့်နေပြီ။ ကားကရုတ်တရက်ကြီး ဖြတ်ကျော်သွားတာ။ ငါတောင် ဘာမှမတုံ့ပြန်နိုင်သေးခင် ဒီလူကတော့ အဲ့နားထိ ပြေးသွားနေပြီးပြီလား! ]

[ဝတုတ်ပေါက်စ : ငါတော့ငိုနေမိပြီ! သူတို့နှစ်ယောက် ဖက်ထားကြပြီး တစ်ယောက်ကိုတစ်ယောက် နှစ်သိမ့်ပေးနေကြတာလေးက အရမ်းကိုလှပလွန်းတယ်! ]

ဤဗီဒီယိုသည် မယုံနိုင်စရာကောင်းသည့်နှုန်းဖြင့် ပျံ့နှံ့သွားခဲ့ပြီး အိုင်ယမ်သည်လည်း ထိုမတော်တဆမှုအကြောင်းအား သိရှိထားပြီးပင် ဖြစ်သည်။

#L
Thanks for your reading 😚❤️
ကလေးကရင်တုန်လို့တောင်မပြီးသေးတာကို အိုင်ယမ့်ဆီမှာ ဆူခံရတော့မယ်နဲ့တူတယ်... 👀
ကိုယ်တွေလည်းအဆူမခံရအောင်တတ်နိုင်သလောက်ကူပေးကြမယ်နော် 🙆🏻‍♀️✨

Zawgyi

မီႏိုတို႔ႏွင့္ႏႈတ္ဆက္ၿပီးေနာက္တြင္ လူးရွပ္စ္သည္ ကားေရွ႕ထိုင္ခုံဘက္ရွိတံခါးကို ဖြင့္ေပးလာကာ ေပါ့ပါးစြာျဖင့္ ေျပာလာသည္။
"သြားၾကမယ္ေလ..ကိုယ္မင္းကိုျပန္လိုက္ပို႔ေပးမယ္"

ဂ်ဴလီယန္သည္လည္း ေသခ်ာျပန္ထ,ရပ္လိုက္၏။ သို႔ေသာ္ သူ၏အၾကည့္မ်ားကိုမူ ေျမႀကီးဆီသို႔ပင္ ပို႔ထားေလသည္။
"ရတယ္..."

သူျပန္ေျပာလို႔မၿပီးေသးခင္ တစ္စုံတစ္ေယာက္သည္ ရည္႐ြယ္ခ်က္ရွိရွိျဖင့္ ၾကားျဖတ္ကာဝင္ေျပာလာျပန္၏။
"ကိုယ္ျပန္လိုက္ပို႔ေပးမွာ.."

လူးရွပ္စ္၏အသံအေနအထားသည္ မည္သို႔ေသာ ျငင္းဆိုမႈမ်ိဳးကိုမဆို လုံးဝခြင့္မျပဳႏိုင္သည့္ အသံမ်ိဳး ျဖစ္ေနေပသည္။

ကားသည္ေနရာမွ တျဖည္းျဖည္းခ်င္း ေမာင္းထြက္သြား၏။ လမ္းဆုံ‌မီးပြိဳင့္တစ္ခုတြင္ ရပ္ေစာင့္ေနရင္း လူးရွပ္စ္သည္ အိုမီဂါေလး၏ဖုန္းကို မေတာ္တဆ တစ္ခ်က္ၾကည့္မိသြားရင္း GPSဖြင့္ထားသည္ကို သတိထားမိသြားသည္။
"ကိုယ္ဒီလမ္းေတြမွတ္မိပါတယ္"

ဂ်ဴလီယန္သည္ ေခါင္းေမာ့ၾကည့္လာၿပီး -
"ကြၽန္ေတာ္ဘယ္ေနရာေရာက္ေနလဲဆိုတာကိုသိထားဖို႔ကေတာ့ အေရးႀကီးတာပဲေလ"

လူးရွပ္စ္၏ မ်က္လုံးေထာင့္မွ ျမင္ေနရေသာ ဂ်ဴလီယန္သည္ အခြံတစ္ခုအတြင္းသို႔ သူ႔ကိုယ္သူ က်ဳံ႕ဝင္ေနသည့္ပုံစံေလးျဖင့္ လူးရွပ္စ္ကိုေရွာင္ရွားႏိုင္ရန္ ဆက္တိုက္ႀကိဳးစားေနသည္ကို လူးရွပ္စ္သည္ပင္ သတိျပဳမိသြားသည္။ ဂ်ဴလီယန္၏ အတည္ႀကီးသူ႔အားေရွာင္ခြာခ်င္ေနသည့္ပုံကို ေတြ႕လိုက္ရၿပီး မသိမသာၿပဳံးကာ ေခါင္းကိုပင္ခါရမ္းမိလိုက္၏။

႐ုတ္တရက္ပင္ လူးရွပ္စ္သည္ ထိုအိုမီဂါေလးကို စေနာက္ခ်င္စိတ္မ်ား ျဖစ္ေပၚလာရသည္။ သူသည္ ေကာင္ငယ္ေလး၏မ်က္ႏွာတြင္ထင္ဟပ္ေနေသာ သူ႔အားေရွာင္ေျပးခ်င္ေနသည့္ ထိုခံစားခ်က္မ်ား ပို၍မ်ားျပားလာသည္ကို ေတြ႕ျမင္ခ်င္ေနမိၿပီး ဤကဲ့သို႔ေသာ စိတ္ထက္သန္မႈမ်ိဳးသည္ သူ႔ဘဝတစ္ေလွ်ာက္လုံးတြင္ မျဖစ္ေပၚခဲ့ဖူးေခ်။ လူးရွပ္စ္သည္ ကားကို လမ္းသြယ္တစ္ခုထဲသို႔ ေမာင္းႏွင္ခ်လိုက္ၿပီး ေကာင္ငယ္ေလးအား လွည့္ၾကည့္ရန္ ကားကိုရပ္လိုက္သည္။ ဂ်ဴလီယန္သည္ေခါင္းလွည့္လာၿပီး အလြန္အႏၲရာယ္မ်ားသည့္ အေျခအေနသို႔ က်ေရာက္ေနသည့္ ေက်ာရွိဆူးမ်ားေထာင္ကာ အသင့္ရွိေနေသာ ျဖဴေကာင္ေလးတစ္ေကာင္ကဲ့သို႔ သတိခ်ပ္စြာျဖင့္ အယ္လ္ဖာအား လွမ္းၾကည့္လာသည္။

လူးရွပ္စ္သည္ မ်က္ခုံးတစ္ဖက္ပင့္တင္မိသြား၏။ အိုမီဂါေလးတြင္ သူႏွင့္ပတ္သက္ၿပီး ခက္ခဲေသာ အေျခအေနတစ္ရပ္ရွိလိမ့္မည္ဟု မထင္ထားမိခဲ့ေပ။ ေတြ႕ျမင္ေနရေသာ ေကာင္ငယ္ေလး၏ထိတ္လန႔္မႈသည္ သူေမွ်ာ္လင့္မိခဲ့သည္ထက္ အဆမ်ားစြာပိုမိုမ်ားျပားေနသည္။ ဤကဲ့သို႔ အထိတ္တလန႔္ျဖင့္ သူ႔အားေရွာင္ရွားခ်င္ေနမႈသည္ လူးရွပ္စ္အား မေပ်ာ္႐ႊင္ေစခဲ့ေခ်။

လူးရွပ္စ္သည္ ေဖာ္ေဖာ္ေ႐ြေ႐ြျဖင့္ ၿပဳံးျပလိုက္ၿပီး သူ၏ မ်က္လုံးမ်ားထဲတြင္လည္း ေလးနက္သည့္အရိပ္မ်ား ျပည့္ႏွက္လာသည္။
"ကိုယ္နဲ႔မင္းမွာေျပာစရာတစ္ခုခုရွိေသးတယ္ထင္တာပဲ"

ဂ်ဴလီယန္သည္ မေန႔ညကကိစၥမ်ားကို ျပန္သတိရသြား၏။မခံမရပ္ႏိုင္စိတ္တိုေနသည့္မ်က္ႏွာေလးေျပာင္းသြားၿပီး သူ၏ အမူအရာမ်ားမွတစ္ဆင့္ ရွက္႐ြံ႕ေနသည္ကိုလည္း သိရွိႏိုင္ေပသည္။ သူသည္ အေတာ္ေလးကို ရႈပ္ေထြးေနသည္ဟုလည္း ခံစားမိလိုက္သည္။

ဂ်ဴလီယန္သည္ ႏွစ္‌ခါေလာက္ ေခ်ာင္းဟန႔္လိုက္သည္။
"ဘာကိစၥမလို႔လဲ"

လူးရွပ္စ္၏အၾကည့္မ်ားသည္ အနည္းငယ္နီရဲေနေသာ အိုမီဂါေလး၏နား႐ြက္ဖ်ားမ်ားဆီသို႔ ေရာက္ရွိသြားသည္။ ထို႔ေနာက္သူသည္ ဆိတ္ၿငိမ္စြာပဲ ျပန္ေျပာလိုက္၏။
"ေကာင္းၿပီ..မေန႔ညကဘာမွမျဖစ္ခဲ့ဘူးလို႔ပဲထားလိုက္ပါေတာ့"

သူ၏အသံ သို႔မဟုတ္ အေျပာအဆိုမ်ားတြင္ မေက်မနပ္ျဖစ္ေနသည္မ်ိဳး လုံးဝမရွိေပ။ ဂ်ဴလီယန္ဆီသို႔ ငုံ႔ၾကည့္လာသည့္အခါတြင္ သူ၏မ်က္လုံးမ်ားထဲ၌ ေႏြးေထြးမႈမ်ားပင္ အနည္းငယ္ပါရွိေနေသးသည္။

ဂ်ဴလီယန္သည္ အနည္းငယ္ မူးေနာက္သြားသည္။ လူးရွပ္စ္၏အၾကည့္မ်ားေအာက္တြင္ သူ႔ေျခေထာက္ႏွစ္ေခ်ာင္းလုံး ေပ်ာ့ေခြသြား၏။ သူ႔စိတ္သည္ ၾကည္ၾကည္လင္လင္ရွိေနဆဲျဖစ္သျဖင့္ သူ႔ခႏၶာကိုယ္၏ အေျပာင္းအလဲကို ပိုမိုထင္ရွားစြာပင္ ခံစားသိလိုက္ရသည္။

ဒုတ္၊ ဒုတ္၊ ဒုတ္ -

သူ၏ႏွလုံးခုန္ႏႈန္းမ်ား ျမင့္တက္လာၿပီး အက်ႌအိတ္ကပ္ထဲရွိ ေဆးမ်ားကို ထုတ္ယူလိုက္သည္။

ပုံရိပ္ေယာင္ဆန္တဲ့တစ္ခုခုအေပၚမွာ သူလြန္လြန္ကဲကဲ တုံ႔ျပန္ေနမိတာမ်ားလား?

ဂ်ဴလီယန္သည္ ေမာ့ၾကည့္လိုက္ၿပီး သူသည္ သူ႔ေဘးရွိ တစ္စုံတစ္ေယာက္၏ နက္ရႈိင္းသည့္ တစိုက္မတ္မတ္ အၾကည့္မ်ားေအာက္တြင္ ပိတ္မိေနသည္ကို သတိထားမိသြား၏။

ထပ္ၿပီး ႏွလုံး‌ေရာဂါရေတာ့မွာပဲ...

လူးရွပ္စ္၏အၾကည့္မ်ားသည္ ယိမ္းယိုင္မႈမရွိ ျပင္းထန္စူးရွေနၿပီး ဂ်ဴလီယန႔္လက္ထဲရွိ ထိန္းခ်ဳပ္ေဆးမ်ားထံတြင္ ရပ္တန႔္ေန၏။

ဂ်ဴလီယန္သည္ အသိတရားျပန္ဝင္လာေစရန္ ေခါင္းယမ္းပစ္လိုက္သည္။ သူ၏ႏွလုံးသားသည္ ႐ူးသြပ္သြားသကဲ့သို႔ ကမန္းကတန္းခုန္ေပါက္ေနၿပီး သူသည္လည္း အေၾကာင္းတစ္စုံတစ္ရာေၾကာင့္ ‌ေဒါသႀကီးစြာ နီရဲတက္လာေပသည္။

ဂ်ဴလီယန္သည္ အေနာက္ဘက္သို႔ ဆုတ္လိုက္ကာ ႏွစ္ေယာက္ၾကားအကြာအေဝးကို ခ်ဲ႕ရန္ႀကိဳးစားေသာ္လည္း လူးရွပ္စ္သည္ သူ႔အားလႈပ္ရွားခြင့္မျပဳဘဲ သူ႔ပုခုံးမ်ားအား ဖိကိုင္ထားသည္။ ဤအေျခအေနတြင္ ဂ်ဴလီယန္သည္ တိုးညင္းစြာ‌ပင္ စကားေျပာႏိုင္ေတာ့သည္။
"ခင္ဗ်ား..ကိုယ္ဘာလုပ္ေနတယ္ဆိုတာေရာသိေသးရဲ႕လား"

ထိုသူ၏ႏႈတ္ခမ္းမ်ားတြင္ ႏူးညံ့သည့္အၿပဳံးအရိပ္အေယာင္မ်ား တည္ရွိေနၿပီး မ်က္လုံးမ်ားထဲတြင္လည္း ဟာသအခ်ိဳ႕ကို သေဘာက်ေနသကဲ့သို႔ပင္ ‌႐ႊင္ျမဴးရိပ္မ်ားျဖင့္ ေတာက္ပေန၏။
"ကိုယ္မင္းေရွ႕မွာကိုယ့္ရဲ႕ေဟာ္မုန္းေတြကိုထုတ္လႊတ္ခဲ့ဖူးတာမ်ားရွိလို႔လား"

ဂ်ဴလီယန္သည္ တိုးေဖ်ာ့စြာ ေတာင္းဆိုလိုက္၏ - သူ၏အသံသည္ ႏူးညံ့ေဖ်ာ့ေတာ့ေနကာ တုန္ယင္ေနေပသည္။
"ေက်းဇူးျပဳၿပီး.. ကြၽန္ေတာ္ျပန္ခ်င္ေနၿပီ"

လူးရွပ္စ္သည္လည္း အသံကိုႏွိမ့္ခ်လိုက္ၿပီး နက္ရႈိင္းေသာ မ်က္လုံးမ်ားမွာမူ အိုမီဂါေလးေပၚတြင္ အာ႐ုံစူးစိုက္လ်က္ ရွိေန၏။
"တျခားေရာ?"

တစ္ဖက္သူသည္ ျပန္ဆုတ္သြားသည့္အတြက္ ဂ်ဴလီယန္သည္ တုန္ယင္ေနေသာလက္ေခ်ာင္းမ်ားျဖင့္ အလ်င္အျမန္ပင္ ေဆးကို လွမ္းယူထားလိုက္သည္။ သူ႔ဆီလွမ္းမၾကည့္ရဲေတာ့ဘဲ ျပန္ေျဖေပးလိုက္သည္။
"မလိုပါဘူး"

လူးရွပ္စ္သည္ ကားျပန္လွည့္ၿပီး စတင္ေမာင္းႏွင္လိုက္သည္။
"ဟုတ္ပါၿပီ"

ဂ်ဴလီယန္သည္ သူ၏ေနအိမ္ဗီလာသို႔ ျပန္လည္ဦးတည္ကာ ေမာင္းႏွင္လာသည့္တစ္ေလွ်ာက္လုံး စိတ္မေအးစြာျဖင့္ ေစာင့္ၾကည့္လိုက္ပါလာခဲ့၏။

လူးရွပ္စ္သည္ ဂ်ဴလီယန္၏ အိမ္တံခါးေရွ႕တြင္ ကားရပ္လိုက္ၿပီးေနာက္ တစ္ဖက္သို႔ လွည့္ၾကည့္လိုက္ရာ အိုမီဂါေလး၏ တစ္ခုခုအားမေဖာ္ျပႏိုင္ေသာအမူအရာမ်ိဳးကို ေတြ႕ျမင္လိုက္ရသည့္အတြက္ ထုတ္ေမးၾကည့္လိုက္သည္။
"အခုေရာ.. မင္းရဲ႕အမူအရာက ဘာျဖစ္ခ်င္ေနတာလဲ?"

ဂ်ဴလီယန္သည္ လွည့္ထြက္သြားရန္ျပင္ၿပီးမွ ရပ္သြားျပန္၏။ သူသည္ ျပတ္ေတာင္းျပတ္ေတာင္းႏွင့္ပင္ တိုးတိတ္စြာ ျပန္ေျပာလာ‌သည္။
"ဒီမေတာ္တဆျဖစ္တဲ့အေၾကာင္း..အိုင္ယမ့္ကိုျပန္မေျပာနဲ႔ေနာ္..သူကအရမ္းစိတ္ပူတတ္တဲ့သူေလ"

လူးရွပ္စ္သည္ ရယ္ျမဴးေနသည့္ဟန္ျဖင့္ မ်က္ခုံးတစ္ဖက္ပင္ ပင့္တင္မိသြားေသာ္လည္း ေကာင္ငယ္ေလး၏ေတာင္းဆိုမႈအား ေခါင္းညိတ္ျပလိုက္သည္။
"ေကာင္းၿပီေလ..လာမယ့္အပတ္ပိတ္ရက္မွထပ္ေတြ႕ၾကတာေပါ့.. ဂ်ဴလီယန္"

လူးရွပ္စ္၏လွ်ာဖ်ားမွ သူ၏နာမည္သည္ ႏူးညံ့ၾကင္နာစြာပင္ ထြက္က်လာေသာအခါ ဂ်ဴလီယန္၏ႏွလုံးသားသည္လည္း ေနာက္ထပ္တစ္ႀကိမ္ ကသုတ္ကရက္ႏိုင္စြာျဖင့္ တုန္လႈန္သြားျပန္သည္။ သူသည္ အသက္ရႉခက္ခဲမတတ္ပင္ ျဖစ္လာၿပီး အလ်င္အျမန္ ကားထဲမွ ထြက္လိုက္ရသည္။

မေတာ္တဆမႈမျဖစ္ခင္ သူသတိမထားမိလိုက္သည့္ တစ္ခုရွိေန၏။ ထိုအနီးတစ္ဝိုက္တြင္ စုံတြဲတစ္တြဲသည္ ပ်င္းေနသျဖင့္ သူတို႔ကိုယ္သူတို႔ ဗီဒီယို႐ိုက္ေနခဲ့ေလသည္။ သူတို႔၏ကင္မရာသည္ ဂ်ဴလီယန္က ကေလးငယ္အား ဘီးေအာက္နားဆီမွ ဆြဲေပြ႕လိုက္ေသာျဖစ္ရပ္တစ္ခုလုံးကို မွတ္တမ္းတင္မိထား၏။ ဤဗီဒီယိုအား ထိုစုံတြဲမွ Weiboတြင္ ပို႔စ္တင္လိုက္ေတာ့သည္။ တစ္ခဏခ်င္းပင္ ထိုဗီဒီယိုသည္ လူေပါင္းမ်ားစြာထံသို႔ ပ်ံ႕ႏွံ႔သြားၿပီး မၾကာမီ နာမည္ႀကီးသည့္လူအမ်ားဆုံးရွာေဖြၾကည့္ရႈမႈစာရင္းထဲသို႔ပင္ ဝင္ေရာက္သြားေလသည္။

[႐ူးမိုက္တဲ့ဖ႐ုံသီးေလး : ဒါက နာမည္ႀကီးတဲ့ သူေဌးေလး အိုမီဂါမဟုတ္ဘူးလား? ဂ်ဴလီယန္ေလ, ဟုတ္တယ္မလား? အရမ္းကိုသတၱိရွိတာပဲ! ]

[ေတာ္ဝင္တဲ့အမ္မာ : +၅၆ .. ဟုတ္တယ္ေလ သူပဲ! ကေလးေလးကိုလက္ထဲမွာေပြ႕ထားၿပီး ဂ်ဴလီယန္ပါ ေဘးကို လွိမ့္ခ်လိုက္တုန္းကလည္း သူက ကေလးရဲ႕မ်က္လုံးေတြကို ကာထားေပးေနတုန္းဆိုတာေရာ သတိထားမိၾကေသးလား?! သူက ကေလးလန႔္သြားမွာကို စိုးရိမ္ေနလို႔မ်ားလား? အရမ္းေတြးေပးတတ္တာပဲ, ဒီလိုအႏၲရာယ္မ်ားတဲ့အခ်ိန္မွာေတာင္ ကေလးကို ဂ႐ုတစိုက္ရွိေနတုန္းပဲ! ]

[ဗုဒၶဘာသာဝင္ေကာင္ေလး : ဘာလဲဟ.. ၾကည့္ေနရင္းေတာင္ လန႔္ေနၿပီ။ ကားက႐ုတ္တရက္ႀကီး ျဖတ္ေက်ာ္သြားတာ။ ငါေတာင္ ဘာမွမတုံ႔ျပန္ႏိုင္ေသးခင္ ဒီလူကေတာ့ အဲ့နားထိ ေျပးသြားေနၿပီးၿပီလား! ]

[ဝတုတ္ေပါက္စ : ငါေတာ့ငိုေနမိၿပီ! သူတို႔ႏွစ္ေယာက္ ဖက္ထားၾကၿပီး တစ္ေယာက္ကိုတစ္ေယာက္ ႏွစ္သိမ့္ေပးေနၾကတာေလးက အရမ္းကိုလွပလြန္းတယ္! ]

ဤဗီဒီယိုသည္ မယုံႏိုင္စရာေကာင္းသည့္ႏႈန္းျဖင့္ ပ်ံ႕ႏွံ႔သြားခဲ့ၿပီး အိုင္ယမ္သည္လည္း ထိုမေတာ္တဆမႈအေၾကာင္းအား သိရွိထားၿပီးပင္ ျဖစ္သည္။

#L
Thanks for your reading 😚❤️
ကေလးကရင္တုန္လို႔ေတာင္မၿပီးေသးတာကို အိုင္ယမ့္ဆီမွာ ဆူခံရေတာ့မယ္နဲ႔တူတယ္... 👀
ကိုယ္ေတြလည္းအဆူမခံရေအာင္တတ္ႏိုင္သေလာက္ကူၾကမယ္ေနာ္ 🙆🏻‍♀️✨

Continue Reading

You'll Also Like

439K 16.4K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
208K 25.8K 21
- သေးငယ်ပြီး အင်အားနည်းသောတိုင်းပြည်တခုမှ ဘုရင်ငယ်လေးသည် ပင်လယ်ကြီး၏ဘေးမှ နဂါးကြီးတကောင်ကို နေ့တနေ့တွင် ကယ်ယူခဲ့မိလေသည်။ -ထိုအချိန်မှ စတင်ကာ သူ၏တိုင်...
141K 19.3K 32
Title - သေမင်းနယ်မြေ?? မဟုတ်ဘူး! အဲ့တာ ငါအရှင်သခင်ရဲ့ဘုံဗိမာန္! (System) ေသမင္းနယ္ေျမ?? မဟုတ္ဘူး! အဲ့တာ ငါအရွင္သခင္ရဲ႕ဘုံဗိမာႏ္! (System) author...
347K 8.6K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်