Unicode
ဂျူလီယန်သည် သူကထိုကဲ့သို့သော အပြုအမူမျိုး ပြုလုပ်ခဲ့မိသည်ကို လုံးဝဝန်မခံနိုင်ပေ။ ဤကဲ့သို့ အသိစိတ်မကပ်စွာ စိတ်ပျက်ဖွယ်ပြုမူမိခဲ့သည့်အတွက် သူ့ကိုယ်သူသာ အပြစ်တင်နေလိုက်တော့သည်။ Heatဝင်သောကာလပတ်အတွင်းတွင် သူ၏အသိဉာဏ်များသည် ကောင်းစွာဆင်ခြင်တွေးတောနိုင်ခြင်း မရှိခဲ့သလိုပင် နောက်လာမည့်ထိုကာလပတ်များတွင်လည်း ဤအချက်သည် ပြောင်းလဲမည်မဟုတ်ချေ။ ကံကောင်းစွာပင် လူးရှပ်စ်သည် သူ့အပေါ်တွင် စိတ်ဝင်စားခြင်းမျိုးရှိမနေခဲ့သည့်အတွက် နမ်းခဲ့မိသည့်အခြေအနေကိုလည်း ဂရုမစိုက်ဘဲနေမည်မှာ လုံးဝကို အသေအချာပင်ဖြစ်သည်။ လူးရှပ်စ်ထံသို့ တောင်းပန်စာနှင့်တကွ နစ်နာကြေးပါ ပေးဆပ်ပေးပါမည်ဟူသော ကတိစကားနှင့်အတူ စာတစ်စောင်ပေးပို့ပေးရန်အတွက် အိုင်ယမ့်ကို ပြောရဦးမည်ဟု စိတ်ထဲတွင် မှတ်သားထားလိုက်သည်။
ဂျူလီယန်သည် သားရေဂျာကင်အင်္ကျီအိတ်များထဲသို့ လက်နှစ်ဖက်လုံးထည့်လိုက်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။ သူသည် အထပ်မြင့် အဆောက်အအုံများကြားတွင် လမ်းပတ်လျှောက်နေပြီးနောက် မြို့လယ်ခေါင်ရှိ လူထူထပ်သောလမ်းများအထိပါ လျှောက်သွားနေကာ သူ၏စိတ်ရှုပ်နေမှုများကို ထိန်းချုပ်ရန် ကြိုးစားခဲ့သည်။ သစ်ပင်များရှိ သစ်ရွက်များသည်ပင် အရောင်ပြောင်းစပြုလာ၏။ အချိန်သည် ညနေငါးနာရီပင် ရှိနေပြီးဖြစ်သည်။ နေလုံးကြီးသည် အနောက်ဘက်သို့ ဖြည်းညင်းစွာ ရွေ့လျားသွားပြီး ကောင်းကင်ယံတွင်မူ ပန်းနုရောင်အစင်းများစွာကို ချန်ထားခဲ့ပေသည်။
ဂျူလီယန်သည် နောက်ဆုံးတွင် ဆေးဆိုင်တစ်ဆိုင်သို့ ဝင်သွားလိုက်သည်။ ဆိုင်ထဲတွင် လူတန်းရှည်ကြီးတစ်တန်း ရှိနေ၏။ အဘွားအိုများသည် လတ်ဆတ်နေသော မုန့်ဖုတ်ပေါင်မုန့်လုံးများကဲ့သို့ပင် ဆေးများဝယ်ယူရန် ထိုနေရာသို့ ရောက်ရှိနေကြသည်။ သူဘယ်နေရာသို့ ကူးပြောင်းလာသည်ဖြစ်စေ ဘာတစ်ခုမှမပြောင်းလဲသွားဘဲ လူသားများသည်လည်း တစ်ပုံစံတည်းအတူတူပင် ဖြစ်သည်။
သူသည် စင်များပေါ်ရှိ ပစ္စည်းများကို လှည့်ပတ်ကြည့်ရှုရင်း ထိုလူတန်းရှည်ကြီး၏နောက်ဆုံးတွင် ဝင်ရပ်လိုက်သည်။ အသက်ရှည်စေပြီး မည်သည့်ရောဂါကိုမဆို ကုသပေးနိုင်သည်ဟု ကတိပြုပြောဆိုထားသည့် ဈေးအကြီးဆုံး ဖြည့်စွက်စာများသည် ဂျူလီယန်၏ အကြည့်များကို တစ်ခဏလောက်ဖမ်းစားသွား၏။ သူသည် သက်ပြင်းရှည်တစ်ခုသာ မှုတ်ထုတ်လိုက်ပြီး မျက်လုံးများကို စိတ်ပျက်ဖွယ်လှည့်လိုက်၏။
လူတန်းရှည်ကြီးသည် နှေးကွေးသောနှုန်းဖြင့်သာ ရွေ့လျားနေ၏။ တချို့သောအငြိမ်းစားယူပြီးသူများသည် သူတို့ဝယ်ယူရမည့်ဆေးညွှန်းများကို မေ့နေကြပြီး တခြားသူများမှာ သူတို့ဆေးဆိုင်သို့ မည်သည့်ဆေးဝယ်ယူရန် ရောက်လာကြသည်ကိုပင် အတိအကျမပြောနိုင်ကြပေ။ နောက်ဆုံး ဂျူလီယန်၏ အလှည့်ရောက်လာသောအခါ သူသည် ငွေရှင်းကောင်တာဆီသို့ လျှောက်သွားလိုက်ကာ ကောင်တာသို့ မှီကာရပ်လိုက်၏။
သူ၏မေးစေ့ကို လက်ဖြင့်ထောက်လိုက်ပြီး -
"အိုမီဂါတွေအတွက်ထိန်းချုပ်ဆေး၅ဘူးနဲ့ ကျန်းမာရေးအတွက်အကျိုးပြုတဲ့ဒီဗီတာမင်တွေပါ အစုံလိုက်တစ်စုံ ထည့်ပေးပါ"
လူငယ်ဆေးဝါးပညာရှင်လေးသည် သူမှာယူထားသမျှကို အလျင်အမြန်ပင် ထုပ်ပိုးပေးလိုက်ပြီး ကတ်ဖြင့် ငွေရှင်းခြင်းကိုပါ အပြီးသတ်ဆောင်ရွက်ပေးလိုက်သည်။
ဆေးဆိုင်တွင် ယွမ်သုံးရာကျော် ကုန်ကျသွား၏။ ဂျူလီယန်သည် ဆေးထုပ်ကို ကြိုးမှကိုင်ကာ လက်တွင် ရစ်ပတ်ထားလိုက်ပြီး ထိုလက်တစ်ဖက်ကို အင်္ကျီအိတ်ကပ်ထဲ ထည့်ထားလိုက်သည်။
[System: မင်းဆရာဝန်ပြောတာကိုနားမထောင်ဘူးလား? ငါအတွက်တော့ ၅ဘူးကတော်တော်ကိုများတယ်နော်]
ဂျူလီယန်သည် မျက်လုံးများကို နောက်တစ်ကြိမ် လှည့်ပတ်ပြလိုက်ပြီး ပြန်ပြောလိုက်သည်။
"ဒါကမင်းအတွက်လေ..တကယ့်ဘဝမှာ ကြုံလာနိုင်တဲ့ တိုက်ပွဲတွေအတွက် လုံးဝအသင့်ပြင်ထားပြီးသား ဖြစ်နေဖို့က မဖြစ်နိုင်တာပဲလေ..အဲ့ဒါကြောင့် ငါကတော့ ငါ့ဆေးလေးတွေကို အနီးကပ်ဆောင်ထားပြီး ဆက်ရှင်သန်ရမှာပဲ"
ဆေးဆိုင်မှထွက်လာသောအချိန်တွင် အပြင်ဘက်၌ လုံးဝမှောင်မိုက်နေပြီ ဖြစ်သော်လည်း လမ်းမများပေါ်တွင်တော့ စိတ်လှုပ်ရှားဖွယ်ရာများနှင့် ပြည့်နှက်နေ၏။ ကားများသည်လည်း အမှိုက်ပုံးများထဲမှ ကြွက်များကဲ့သို့ပင် များပြားကြပ်သိပ်နေသည်။
ကားများအလွန်ကြပ်နေသည့်အတွက်ကြောင့် ဂျူလီယန်သည် တက္ကစီတစ်စီးကို လှမ်းတားနိုင်မည့်အချိန်ကိုပင် ရပ်စောင့်နေရသည်။ ထိုအခိုက်တွင် သူသည် ကျောင်းလွယ်အိတ်ကို ကျောတွင်လွယ်ထားသော အလွန်ချစ်စရာကောင်းသည့် ကောင်ငယ်လေးတစ်ယောက်ကို မသိမသာလိုက်ကြည့်နေမိသည်။ ထိုကောင်လေးသည် လူအုပ်ကြီးကြားတွင် မရည်ရွယ်ဘဲ ညပ်နေပြီး လူတိုးခံရသောကြောင့် လူသွားစင်္ကြန်၏ အပြင်ဘက်အစွန်းနားသို့ ရောက်သွားလေသည်။
ဂျူလီယန်သည် လမ်းမပေါ်သို့ မထင်မှတ်ဘဲ ရောက်သွားသည့် ကောင်ငယ်လေးဆီသို့ တည့်မတ်စွာ မောင်းနှင်လာသော အနက်ရောင်ဇိမ်ခံကားတစ်စီးကို တွေ့လိုက်ရ၏။
ထိုအခြေအနေကိုမြင်လိုက်ရသည့် လူအုပ်များထံမှလည်း အော်သံများထွက်ပေါ်လာသော်လည်း ကောင်ငယ်လေးသည် ကြောက်လန့်နေသောကြောင့်ပင် ထိုနေရာမှာပင် တစ်လှမ်းမှရွေ့မသွားဘဲ တောင့်ခဲနေ၏။ ဂျူလီယန်သည် ကားမီးရောင်ပိုပြီးနီးကပ်လာသည်ကိုသာ ရူးမိုက်စွာ မြင်နေရသည်။
[System: Host, သတိထားဦး! ]
ထိုအချိန်တွင် ကောင်ငယ်လေးသည် နွေးထွေးသော လက်တစ်စုံက သူ၏နောက်ကျောဘက်မှ ပွေ့ပိုက်လိုက်သည်ကို ခံစားသိလိုက်ရသည်။ သူ့ကိုပွေ့ပိုက်ထားသူသည် သူ့ကို တင်းကြပ်စွာပွေ့ထားလျက်နှင့်ပင် ထိုသူကိုယ်တိုင်ပါ ဘေးဘက်ဆီသို့ ပစ်လှဲချလိုက်ပြီး သူယခင်ရပ်နေခဲ့သော နေရာနှင့် အလွန်ဝေးဝေးရောက်သည်အထိ အကြိမ်များစွာ လှိမ့်ချသွားသည်။ ထို့နောက် နွေးထွေးသောလက်တစ်စုံသည် ကောင်ငယ်လေး၏ ကြုံတွေ့နေရသော ထိတ်လန့်ဖွယ်မြင်ကွင်းကို ကာဆီးပေးနိုင်ရန် သူ၏မျက်လုံးများဆီသို့ ဖုံးအုပ်ပေးလာ၏။
ထိုလမ်းမမှသူတို့နှစ်ဦးလွတ်သွားသည်နှင့်တစ်ပြိုင်နက် ဇိမ်ခံကားသည်လည်း ရုတ်တရက် အရှိန်လျှော့ချလိုက်ရင်း ထိုနေရာကို ဖြတ်ကျော်ကာ ရပ်တန့်သွား၏။ အချိန်မီ မလွတ်မြောက်နိုင်ခဲ့လျှင် နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အကျိုးဆက်ဖြစ်ရပ်များမှာ စိတ်ကူးကြည့်ရန်ပင် အလွန်ကြောက်မက်ဖွယ်ကောင်းနေသည်ကို အလွယ်တကူပင် မြင်ယောင်ကြည့်နိုင်ပေသည်။
ကလေးငယ်အား ထိုလမ်းမပေါ်မှ ဆွဲပွေ့ခေါ်သွားလိုက်နိုင်ပြီးနောက်တွင် ဂျူလီယန်သည် စိတ်သက်သာရာရသလို သက်ပြင်းရှည်တစ်ခုကို မှုတ်ထုတ်လိုက်မိသည်။ ကံကောင်းစွာပင် သူတို့နှစ်ယောက်စလုံး ဘေးကင်းစွာဖြင့် အသက်ရှင်နေသေးပေသည်။
လှိမ့်ချလိုက်ရသည့်အကြိမ်ရေများမှာ အဆင်ချောမနေသော်လည်း ဂျူလီယန်သည် ကောင်ငယ်လေး၏ ဦးခေါင်းမထိခိုက်မိစေရန် သတိကြီးစွာထား၍ ကာကွယ်ပေးခဲ့သည်။ ထိခိုက်မှုဒဏ်များအားလုံးကို အပြည့်အဝ ကာကွယ်ပေးနိုင်ခဲ့၏။ လှိမ့်ချလိုက်ရသည့် ပုံစံအနေအထားမှာ မှားယွင်းနေနိုင်သော်လည်း သူတို့သည် ယခုလေးတင် ထိုနေရာရှိသေမင်းတံခါးဝဆီမှ လွတ်မြောက်လာနိုင်ခဲ့သည်။ ဂျူလီယန်သည် ဆက်၍ ဆက်၍ လှိမ့်ချနေလိုက်သည်။ သူ၏ ကျောသည် ခြံစည်းရိုးတစ်ခုနှင့် 'ဘုန်း'ခနဲ တိုက်မိသွားသည်အထိပင် ဖြစ်၏။
ဂျူလီယန်သည် ရင်ဘတ်ထဲမှ တုန်လှုပ်ချောက်ချားသွားမှုကို ခေတ္တမျှပင် မထိန်းထားနိုင်တော့ချေ။ သူသည် အလွန်ပင် ကြောက်လန့်သွားကာ ထိုအခိုက်တွင် နောက်တစ်ကြိမ် သေသွားနိုင်သည်ဟုလည်း တွေးလိုက်မိ၏။
ဂျူလီယန်၏ ရင်ခွင်ထဲရှိ ကောင်ငယ်လေးသည်လည်း ဖရိုဖရဲနှင့်ပင် ငြိမ်သက်နေသည်။ အသိပြန်ဝင်လာသောအခါတွင်မူ သူ၏နောက်ကျောဆီမှ ထိုသူသည် အလွန်ဆိုးရွားစွာ တုန်လှုပ်နေသည်ကို ခံစားသိလိုက်ရသော်လည်း သူ့ကျောပေါ်ရှိ လက်များမှာမူ ညင်သာစွာပွတ်ပေးနေရင်း သူ့အားနှစ်သိမ့်ပေးနေ၏။ ကြောက်ရွံ့နေသောကလေးငယ်သည် သတိမထားမိစွာပင် ဂျူလီယန်၏အင်္ကျီစကို တင်းကြပ်စွာ ဆုတ်ကိုင်ထားမိပြီး တဖြည်းဖြည်းချင်း လုံခြုံနွေးထွေးမှုကို ခံစားမိလာသည်။ ကောင်ငယ်လေးသည် သူ၏လက်ကိုမြှောက်နိုင်ရန် ကြိုးစားကြည့်လိုက်ပြီး ဂျူလီယန်၏နောက်ကျောကို ပွတ်သပ်နှစ်သိမ့်ပေးလိုက်သည်။
တစ်ဖက်တွင်တော့ ဂျူလီယန်သည် ထိန်းမထားနိုင်တော့ဘဲ ကောင်ငယ်လေး၏ပုခုံးတစ်ဖက်တွင် သူ့ခေါင်းကိုနှစ်ကာ စတင်ငိုလေ၏။
"အင့်..ဟီး....."
ကောင်ငယ်လေး၏မျက်လုံးများသည် ပြူးကျယ်သွားကာ သူ၏ကလေးဆန်ဆန်မျက်နှာလေးမှာလည်း တည်တည်ငြိမ်ငြိမ်လေး ဖြစ်သွားသည်။
"ဘာမှမဖြစ်ဘူး...ဘာမှမဖြစ်တော့ဘူးလေနော်"
ဂျူလီယန်သည် ခေါင်းရမ်းပြလိုက်ကာ ကောင်ငယ်လေးကို ပို၍တင်းကြပ်စွာပင်တိုးဖက်လိုက်ပြီး အော်ငိုနေရင်း ပြန်ပြောလာသည်။
"အင့်..ထပ်ပြီးတော့...အင့်...မသေချင်တော့ဘူး.."
သူ၏စိတ်နှလုံးသားထဲမှ မကောင်းသော အတွေးအမြင်များအားလုံး ပွင့်ထွက်ကျလာပုံရ၏။ ဂျူလီယန်သည် အလွန်ဂရုဏာသက်ဖွယ်ကောင်းစွာပင် ဆက်၍ ငိုနေခဲ့သည်။
ကောင်လေးတစ်ယောက်နှင့် ကလေးငယ်လေးတစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ပွေ့ဖက်ထားလျက်ပင် ဆက်၍ ရှိနေသည်။ ယခုလေးတင် ဖြစ်ပျက်သွားသော ဖြစ်ရပ်သည် အလွန်ပင် အန္တရာယ်များခဲ့သော်လည်း ယခုလက်ရှိ တွေ့မြင်နေရသော အခြေအနေသည် အနီးနားရှိသူများကိုပါ နွေးထွေးမှုကို ခံစားသွားရစေသည်။
#L
Updateကြာတာကိုသည်းခံပြီးongoingလိုက်ပေးကြလို့တကယ်ကျေးဇူးတင်ပါတယ်နော် 🙇🏻♀️
voteလေးတွေcmtလေးတွေအတွက်ရောRLလေးတွေထဲထည့်ပေးကြတာအတွက်ရောကျေးဇူးပါ..Wǒ zhēn de hěn ài nǐ 😚❤️
Zawgyi
ဂ်ဴလီယန္သည္ သူကထိုကဲ့သို႔ေသာ အျပဳအမူမ်ိဳး ျပဳလုပ္ခဲ့မိသည္ကို လုံးဝဝန္မခံႏိုင္ေပ။ ဤကဲ့သို႔ အသိစိတ္မကပ္စြာ စိတ္ပ်က္ဖြယ္ျပဳမူမိခဲ့သည့္အတြက္ သူ႔ကိုယ္သူသာ အျပစ္တင္ေနလိုက္ေတာ့သည္။ Heatဝင္ေသာကာလပတ္အတြင္းတြင္ သူ၏အသိဉာဏ္မ်ားသည္ ေကာင္းစြာဆင္ျခင္ေတြးေတာႏိုင္ျခင္း မရွိခဲ့သလိုပင္ ေနာက္လာမည့္ထိုကာလပတ္မ်ားတြင္လည္း ဤအခ်က္သည္ ေျပာင္းလဲမည္မဟုတ္ေခ်။ ကံေကာင္းစြာပင္ လူးရွပ္စ္သည္ သူ႔အေပၚတြင္ စိတ္ဝင္စားျခင္းမ်ိဳးရွိမေနခဲ့သည့္အတြက္ နမ္းခဲ့မိသည့္အေျခအေနကိုလည္း ဂ႐ုမစိုက္ဘဲေနမည္မွာ လုံးဝကို အေသအခ်ာပင္ျဖစ္သည္။ လူးရွပ္စ္ထံသို႔ ေတာင္းပန္စာႏွင့္တကြ နစ္နာေၾကးပါ ေပးဆပ္ေပးပါမည္ဟူေသာ ကတိစကားႏွင့္အတူ စာတစ္ေစာင္ေပးပို႔ေပးရန္အတြက္ အိုင္ယမ့္ကို ေျပာရဦးမည္ဟု စိတ္ထဲတြင္ မွတ္သားထားလိုက္သည္။
ဂ်ဴလီယန္သည္ သားေရဂ်ာကင္အက်ႌအိတ္မ်ားထဲသို႔ လက္ႏွစ္ဖက္လုံးထည့္လိုက္ကာ အသက္ျပင္းျပင္းရႉလိုက္သည္။ သူသည္ အထပ္ျမင့္ အေဆာက္အအုံမ်ားၾကားတြင္ လမ္းပတ္ေလွ်ာက္ေနၿပီးေနာက္ ၿမိဳ႕လယ္ေခါင္ရွိ လူထူထပ္ေသာလမ္းမ်ားအထိပါ ေလွ်ာက္သြားေနကာ သူ၏စိတ္ရႈပ္ေနမႈမ်ားကို ထိန္းခ်ဳပ္ရန္ ႀကိဳးစားခဲ့သည္။ သစ္ပင္မ်ားရွိ သစ္႐ြက္မ်ားသည္ပင္ အေရာင္ေျပာင္းစျပဳလာ၏။ အခ်ိန္သည္ ညေနငါးနာရီပင္ ရွိေနၿပီးျဖစ္သည္။ ေနလုံးႀကီးသည္ အေနာက္ဘက္သို႔ ျဖည္းညင္းစြာ ေ႐ြ႕လ်ားသြားၿပီး ေကာင္းကင္ယံတြင္မူ ပန္းႏုေရာင္အစင္းမ်ားစြာကို ခ်န္ထားခဲ့ေပသည္။
ဂ်ဴလီယန္သည္ ေနာက္ဆုံးတြင္ ေဆးဆိုင္တစ္ဆိုင္သို႔ ဝင္သြားလိုက္သည္။ ဆိုင္ထဲတြင္ လူတန္းရွည္ႀကီးတစ္တန္း ရွိေန၏။ အဘြားအိုမ်ားသည္ လတ္ဆတ္ေနေသာ မုန႔္ဖုတ္ေပါင္မုန႔္လုံးမ်ားကဲ့သို႔ပင္ ေဆးမ်ားဝယ္ယူရန္ ထိုေနရာသို႔ ေရာက္ရွိေနၾကသည္။ သူဘယ္ေနရာသို႔ ကူးေျပာင္းလာသည္ျဖစ္ေစ ဘာတစ္ခုမွမေျပာင္းလဲသြားဘဲ လူသားမ်ားသည္လည္း တစ္ပုံစံတည္းအတူတူပင္ ျဖစ္သည္။
သူသည္ စင္မ်ားေပၚရွိ ပစၥည္းမ်ားကို လွည့္ပတ္ၾကည့္ရႈရင္း ထိုလူတန္းရွည္ႀကီး၏ေနာက္ဆုံးတြင္ ဝင္ရပ္လိုက္သည္။ အသက္ရွည္ေစၿပီး မည္သည့္ေရာဂါကိုမဆို ကုသေပးႏိုင္သည္ဟု ကတိျပဳေျပာဆိုထားသည့္ ေဈးအႀကီးဆုံး ျဖည့္စြက္စာမ်ားသည္ ဂ်ဴလီယန္၏ အၾကည့္မ်ားကို တစ္ခဏေလာက္ဖမ္းစားသြား၏။ သူသည္ သက္ျပင္းရွည္တစ္ခုသာ မႈတ္ထုတ္လိုက္ၿပီး မ်က္လုံးမ်ားကို စိတ္ပ်က္ဖြယ္လွည့္လိုက္၏။
လူတန္းရွည္ႀကီးသည္ ေႏွးေကြးေသာႏႈန္းျဖင့္သာ ေ႐ြ႕လ်ားေန၏။ တခ်ိဳ႕ေသာအၿငိမ္းစားယူၿပီးသူမ်ားသည္ သူတို႔ဝယ္ယူရမည့္ေဆးၫႊန္းမ်ားကို ေမ့ေနၾကၿပီး တျခားသူမ်ားမွာ သူတို႔ေဆးဆိုင္သို႔ မည္သည့္ေဆးဝယ္ယူရန္ ေရာက္လာၾကသည္ကိုပင္ အတိအက်မေျပာႏိုင္ၾကေပ။ ေနာက္ဆုံး ဂ်ဴလီယန္၏ အလွည့္ေရာက္လာေသာအခါ သူသည္ ေငြရွင္းေကာင္တာဆီသို႔ ေလွ်ာက္သြားလိုက္ကာ ေကာင္တာသို႔ မွီကာရပ္လိုက္၏။
သူ၏ေမးေစ့ကို လက္ျဖင့္ေထာက္လိုက္ၿပီး -
"အိုမီဂါေတြအတြက္ထိန္းခ်ဳပ္ေဆး၅ဘူးနဲ႔ က်န္းမာေရးအတြက္အက်ိဳးျပဳတဲ့ဒီဗီတာမင္ေတြပါ အစုံလိုက္တစ္စုံ ထည့္ေပးပါ"
လူငယ္ေဆးဝါးပညာရွင္ေလးသည္ သူမွာယူထားသမွ်ကို အလ်င္အျမန္ပင္ ထုပ္ပိုးေပးလိုက္ၿပီး ကတ္ျဖင့္ ေငြရွင္းျခင္းကိုပါ အၿပီးသတ္ေဆာင္႐ြက္ေပးလိုက္သည္။
ေဆးဆိုင္တြင္ ယြမ္သုံးရာေက်ာ္ ကုန္က်သြား၏။ ဂ်ဴလီယန္သည္ ေဆးထုပ္ကို ႀကိဳးမွကိုင္ကာ လက္တြင္ ရစ္ပတ္ထားလိုက္ၿပီး ထိုလက္တစ္ဖက္ကို အက်ႌအိတ္ကပ္ထဲ ထည့္ထားလိုက္သည္။
[System: မင္းဆရာဝန္ေျပာတာကိုနားမေထာင္ဘူးလား? ငါအတြက္ေတာ့ ၅ဘူးကေတာ္ေတာ္ကိုမ်ားတယ္ေနာ္]
ဂ်ဴလီယန္သည္ မ်က္လုံးမ်ားကို ေနာက္တစ္ႀကိမ္ လွည့္ပတ္ျပလိုက္ၿပီး ျပန္ေျပာလိုက္သည္။
"ဒါကမင္းအတြက္ေလ..တကယ့္ဘဝမွာ ႀကဳံလာႏိုင္တဲ့ တိုက္ပြဲေတြအတြက္ လုံးဝအသင့္ျပင္ထားၿပီးသား ျဖစ္ေနဖို႔က မျဖစ္ႏိုင္တာပဲေလ..အဲ့ဒါေၾကာင့္ ငါကေတာ့ ငါ့ေဆးေလးေတြကို အနီးကပ္ေဆာင္ထားၿပီး ဆက္ရွင္သန္ရမွာပဲ"
ေဆးဆိုင္မွထြက္လာေသာအခ်ိန္တြင္ အျပင္ဘက္၌ လုံးဝေမွာင္မိုက္ေနၿပီ ျဖစ္ေသာ္လည္း လမ္းမမ်ားေပၚတြင္ေတာ့ စိတ္လႈပ္ရွားဖြယ္ရာမ်ားႏွင့္ ျပည့္ႏွက္ေန၏။ ကားမ်ားသည္လည္း အမႈိက္ပုံးမ်ားထဲမွ ႂကြက္မ်ားကဲ့သို႔ပင္ မ်ားျပားၾကပ္သိပ္ေနသည္။
ကားမ်ားအလြန္ၾကပ္ေနသည့္အတြက္ေၾကာင့္ ဂ်ဴလီယန္သည္ တကၠစီတစ္စီးကို လွမ္းတားႏိုင္မည့္အခ်ိန္ကိုပင္ ရပ္ေစာင့္ေနရသည္။ ထိုအခိုက္တြင္ သူသည္ ေက်ာင္းလြယ္အိတ္ကို ေက်ာတြင္လြယ္ထားေသာ အလြန္ခ်စ္စရာေကာင္းသည့္ ေကာင္ငယ္ေလးတစ္ေယာက္ကို မသိမသာလိုက္ၾကည့္ေနမိသည္။ ထိုေကာင္ေလးသည္ လူအုပ္ႀကီးၾကားတြင္ မရည္႐ြယ္ဘဲ ညပ္ေနၿပီး လူတိုးခံရေသာေၾကာင့္ လူသြားစၾကၤန္၏ အျပင္ဘက္အစြန္းနားသို႔ ေရာက္သြားေလသည္။
ဂ်ဴလီယန္သည္ လမ္းမေပၚသို႔ မထင္မွတ္ဘဲ ေရာက္သြားသည့္ ေကာင္ငယ္ေလးဆီသို႔ တည့္မတ္စြာ ေမာင္းႏွင္လာေသာ အနက္ေရာင္ဇိမ္ခံကားတစ္စီးကို ေတြ႕လိုက္ရ၏။
ထိုအေျခအေနကိုျမင္လိုက္ရသည့္ လူအုပ္မ်ားထံမွလည္း ေအာ္သံမ်ားထြက္ေပၚလာေသာ္လည္း ေကာင္ငယ္ေလးသည္ ေၾကာက္လန႔္ေနေသာေၾကာင့္ပင္ ထိုေနရာမွာပင္ တစ္လွမ္းမွေ႐ြ႕မသြားဘဲ ေတာင့္ခဲေန၏။ ဂ်ဴလီယန္သည္ ကားမီးေရာင္ပိုၿပီးနီးကပ္လာသည္ကိုသာ ႐ူးမိုက္စြာ ျမင္ေနရသည္။
[System: Host, သတိထားဦး! ]
ထိုအခ်ိန္တြင္ ေကာင္ငယ္ေလးသည္ ေႏြးေထြးေသာ လက္တစ္စုံက သူ၏ေနာက္ေက်ာဘက္မွ ေပြ႕ပိုက္လိုက္သည္ကို ခံစားသိလိုက္ရသည္။ သူ႔ကိုေပြ႕ပိုက္ထားသူသည္ သူ႔ကို တင္းၾကပ္စြာေပြ႕ထားလ်က္ႏွင့္ပင္ ထိုသူကိုယ္တိုင္ပါ ေဘးဘက္ဆီသို႔ ပစ္လွဲခ်လိုက္ၿပီး သူယခင္ရပ္ေနခဲ့ေသာ ေနရာႏွင့္ အလြန္ေဝးေဝးေရာက္သည္အထိ အႀကိမ္မ်ားစြာ လွိမ့္ခ်သြားသည္။ ထို႔ေနာက္ ေႏြးေထြးေသာလက္တစ္စုံသည္ ေကာင္ငယ္ေလး၏ ႀကဳံေတြ႕ေနရေသာ ထိတ္လန႔္ဖြယ္ျမင္ကြင္းကို ကာဆီးေပးႏိုင္ရန္ သူ၏မ်က္လုံးမ်ားဆီသို႔ ဖုံးအုပ္ေပးလာ၏။
ထိုလမ္းမမွသူတို႔ႏွစ္ဦးလြတ္သြားသည္ႏွင့္တစ္ၿပိဳင္နက္ ဇိမ္ခံကားသည္လည္း ႐ုတ္တရက္ အရွိန္ေလွ်ာ့ခ်လိုက္ရင္း ထိုေနရာကို ျဖတ္ေက်ာ္ကာ ရပ္တန႔္သြား၏။ အခ်ိန္မီ မလြတ္ေျမာက္ႏိုင္ခဲ့လွ်င္ ေနာက္ဆက္တြဲ ျဖစ္ေပၚလာမည့္ အက်ိဳးဆက္ျဖစ္ရပ္မ်ားမွာ စိတ္ကူးၾကည့္ရန္ပင္ အလြန္ေၾကာက္မက္ဖြယ္ေကာင္းေနသည္ကို အလြယ္တကူပင္ ျမင္ေယာင္ၾကည့္ႏိုင္ေပသည္။
ကေလးငယ္အား ထိုလမ္းမေပၚမွ ဆြဲေပြ႕ေခၚသြားလိုက္ႏိုင္ၿပီးေနာက္တြင္ ဂ်ဴလီယန္သည္ စိတ္သက္သာရာရသလို သက္ျပင္းရွည္တစ္ခုကို မႈတ္ထုတ္လိုက္မိသည္။ ကံေကာင္းစြာပင္ သူတို႔ႏွစ္ေယာက္စလုံး ေဘးကင္းစြာျဖင့္ အသက္ရွင္ေနေသးေပသည္။
လွိမ့္ခ်လိုက္ရသည့္အႀကိမ္ေရမ်ားမွာ အဆင္ေခ်ာမေနေသာ္လည္း ဂ်ဴလီယန္သည္ ေကာင္ငယ္ေလး၏ ဦးေခါင္းမထိခိုက္မိေစရန္ သတိႀကီးစြာထား၍ ကာကြယ္ေပးခဲ့သည္။ ထိခိုက္မႈဒဏ္မ်ားအားလုံးကို အျပည့္အဝ ကာကြယ္ေပးႏိုင္ခဲ့၏။ လွိမ့္ခ်လိုက္ရသည့္ ပုံစံအေနအထားမွာ မွားယြင္းေနႏိုင္ေသာ္လည္း သူတို႔သည္ ယခုေလးတင္ ထိုေနရာရွိေသမင္းတံခါးဝဆီမွ လြတ္ေျမာက္လာႏိုင္ခဲ့သည္။ ဂ်ဴလီယန္သည္ ဆက္၍ ဆက္၍ လွိမ့္ခ်ေနလိုက္သည္။ သူ၏ ေက်ာသည္ ၿခံစည္း႐ိုးတစ္ခုႏွင့္ 'ဘုန္း'ခနဲ တိုက္မိသြားသည္အထိပင္ ျဖစ္၏။
ဂ်ဴလီယန္သည္ ရင္ဘတ္ထဲမွ တုန္လႈပ္ေခ်ာက္ခ်ားသြားမႈကို ေခတၱမွ်ပင္ မထိန္းထားႏိုင္ေတာ့ေခ်။ သူသည္ အလြန္ပင္ ေၾကာက္လန႔္သြားကာ ထိုအခိုက္တြင္ ေနာက္တစ္ႀကိမ္ ေသသြားႏိုင္သည္ဟုလည္း ေတြးလိုက္မိ၏။
ဂ်ဴလီယန္၏ ရင္ခြင္ထဲရွိ ေကာင္ငယ္ေလးသည္လည္း ဖ႐ိုဖရဲႏွင့္ပင္ ၿငိမ္သက္ေနသည္။ အသိျပန္ဝင္လာေသာအခါတြင္မူ သူ၏ေနာက္ေက်ာဆီမွ ထိုသူသည္ အလြန္ဆိုး႐ြားစြာ တုန္လႈပ္ေနသည္ကို ခံစားသိလိုက္ရေသာ္လည္း သူ႔ေက်ာေပၚရွိ လက္မ်ားမွာမူ ညင္သာစြာပြတ္ေပးေနရင္း သူ႔အားႏွစ္သိမ့္ေပးေန၏။ ေၾကာက္႐ြံ႕ေနေသာကေလးငယ္သည္ သတိမထားမိစြာပင္ ဂ်ဴလီယန္၏အက်ႌစကို တင္းၾကပ္စြာ ဆုတ္ကိုင္ထားမိၿပီး တျဖည္းျဖည္းခ်င္း လုံၿခဳံေႏြးေထြးမႈကို ခံစားမိလာသည္။ ေကာင္ငယ္ေလးသည္ သူ၏လက္ကိုေျမႇာက္ႏိုင္ရန္ ႀကိဳးစားၾကည့္လိုက္ၿပီး ဂ်ဴလီယန္၏ေနာက္ေက်ာကို ပြတ္သပ္ႏွစ္သိမ့္ေပးလိုက္သည္။
တစ္ဖက္တြင္ေတာ့ ဂ်ဴလီယန္သည္ ထိန္းမထားႏိုင္ေတာ့ဘဲ ေကာင္ငယ္ေလး၏ပုခုံးတစ္ဖက္တြင္ သူ႔ေခါင္းကိုႏွစ္ကာ စတင္ငိုေလ၏။
"အင့္..ဟီး....."
ေကာင္ငယ္ေလး၏မ်က္လုံးမ်ားသည္ ျပဴးက်ယ္သြားကာ သူ၏ကေလးဆန္ဆန္မ်က္ႏွာေလးမွာလည္း တည္တည္ၿငိမ္ၿငိမ္ေလး ျဖစ္သြားသည္။
"ဘာမွမျဖစ္ဘူး...ဘာမွမျဖစ္ေတာ့ဘူးေလေနာ္"
ဂ်ဴလီယန္သည္ ေခါင္းရမ္းျပလိုက္ကာ ေကာင္ငယ္ေလးကို ပို၍တင္းၾကပ္စြာပင္တိုးဖက္လိုက္ၿပီး ေအာ္ငိုေနရင္း ျပန္ေျပာလာသည္။
"အင့္..ထပ္ၿပီးေတာ့...အင့္...မေသခ်င္ေတာ့ဘူး.."
သူ၏စိတ္ႏွလုံးသားထဲမွ မေကာင္းေသာ အေတြးအျမင္မ်ားအားလုံး ပြင့္ထြက္က်လာပုံရ၏။ ဂ်ဴလီယန္သည္ အလြန္ဂ႐ုဏာသက္ဖြယ္ေကာင္းစြာပင္ ဆက္၍ ငိုေနခဲ့သည္။
ေကာင္ေလးတစ္ေယာက္ႏွင့္ ကေလးငယ္ေလးတစ္ေယာက္သည္ တစ္ေယာက္ႏွင့္တစ္ေယာက္ ေပြ႕ဖက္ထားလ်က္ပင္ ဆက္၍ ရွိေနသည္။ ယခုေလးတင္ ျဖစ္ပ်က္သြားေသာ ျဖစ္ရပ္သည္ အလြန္ပင္ အႏၲရာယ္မ်ားခဲ့ေသာ္လည္း ယခုလက္ရွိ ေတြ႕ျမင္ေနရေသာ အေျခအေနသည္ အနီးနားရွိသူမ်ားကိုပါ ေႏြးေထြးမႈကို ခံစားသြားရေစသည္။
#L
Updateၾကာတာကိုသည္းခံၿပီးongoingလိုက္ေပးၾကလို႔တကယ္ေက်းဇူးတင္ပါတယ္ေနာ္ 🙇🏻♀️
voteေလးေတြcmtေလးေတြအတြက္ေရာRLေလးေတြထဲထည့္ေပးၾကတာအတြက္ေရာေက်းဇူးပါ..Wǒ zhēn de hěn ài nǐ 😚❤️