ABOစာအုပ်ထဲကူးပြောင်းပြီး ဗီလ...

By Dora_Dora9696

143K 13.4K 160

Title - Rebirth to become a dominant omega သွေးသန့်အိုမီဂါလေး ဂျူလီယမ် Author - latteechrie With Original Au... More

Description
အခန်း ၁ Rebirth
အခန်း ၂ အိုမီဂါ
အခန်း ၃ စိတ်သစ်လူသစ်
အခန်း ၄ သူငယ်ချင်း
အခန်း ၅ ဖွင့်ပြောမယ်
အခန်း ၆ ပြန်လည်တွေ့ဆုံခြင်း
အခန်း ၇ ဗီလိန်
အခန်း ၈ မထင်မှတ်ထားသော တွေ့ဆုံမှု
အခန်း ၉ ဇာတ်ကြောင်း
အခန်း ၁၀ ကိုယ်ထိလက်ရောက် ကျူးလွန်မှု
အခန်း ၁၁ အကြည့်တစ်ချက်
အခန်း ၁၂ လွှမ်းမိုးနိုင်စွမ်း
အခန်း ၁၃ တည်"ငြိမ်"
အခန်း ၁၅ ပြောင်းလဲမှု
အခန်း ၁၆ သောက်မယ်!!
အခန်း ၁၇ ပွေ့ဖက်ခြင်း
အခန်း ၁၈ မှတ်ညဏ်
အခန်း ၁၉ ဘဝရဲ့ လက်တွဲဖော်
အခန်း ၂၀ အကြောက်တရား
အခန်း ၂၁ ကလေး
အခန်း ၂၂ ရင်တုန်ခြင်း
အခန်း ၂၃ ကောင်း‌ေသာညပါ
အခန်း ၂၄ အပန်းဖြေဥယျာဉ်
အခန်း ၂၅ ဒိတ်မဟုတ်ဖူး
အခန်း ၂၆ သံသယများ
အခန်း ၂၇ ဘား
အခန်း ၂၈ အန္တရယ်
အခန်း ၂၉ အနမ်း
အခန်း ၃၀ မောနီး
အခန်း ၃၁ မနက်စာ
အခန်း ၃၂ အာဏာ ပါဝါ
အခန်း ၃၃ ပိုက်ဆံ
အခန်း ၃၄ နှင်းဆီဝါ
အခန်း ၃၅ ချေးငှားခြင်း
အခန်း ၃၆ လျှို့ဝှက်ချက်များ
အခန်း ၃၇ ဖော်ထုတ်ခြင်း
အခန်း ၃၈ ဆန္ဒ
အခန်း ၃၉ ဖြုန်းတီးခြင်း
အခန်း ၄၀ အတွေ့အကြုံ
အခန်း ၄၁ အလည်သွားခြင်း
အခန်း ၄၂ နမ်းရှိုက်ခြင်း
အခန်း ၄၃ ခွေး
အခန်း ၄၄ အခွင့်အလမ်း
အခန်း ၄၅ ကျွန်တော်က ကျွန်တော်ပါပဲ
အခန်း ၄၆ အင်တာဗျူး
အခန်း ၄၇ ဂရုစိုက်ခံရခြင်း
အခန်း ၄၈ အက်တီယမ်
Reminder For Omega
Reminder 🎗️
အခန်း ၄၉
အခန်း ၅၀

အခန်း ၁၄ Trauma

2.6K 310 3
By Dora_Dora9696

Unicode

ဂျူလီယမ်က သရုပ်ဆောင်ဘဝတုန်းက အဖြစ်အပျက်များစွာကို တွေ့ကြုံခဲ့ရသည်။ သူက နှစ်အနည်းငယ်လောက်ကြာအောင် ဆက်တိုက်ကို ခြိမ်းခြောက်အနိုင်ကျင့်ခံခဲ့ရပြီး သူ့နောက်ကို နောက်ယောင်ခံလိုက်တဲ့သူတစ်ယောက်လည်း ရှိခဲ့ဖူးသည်။

အဲ့ဒီလူက သူ့အိမ်မှာ လူကိုယ်တိုင်ပေါ်လာတာမျိုး မဟုတ်ပေမယ့် အဲ့ဒီသူက သူလုပ်သမျှအရာအားလုံးကို သိနိုင်ဖို့, သူ့ဘဝရဲ့အသေးစိတ်အချက်အလက် တစ်ခုချင်းစီကို သိရပြီး အွန်လိုင်းပေါ်မှာ တင်နိုင်ဖို့ အဲ့ဒီရည်ရွယ်ချက်တွေပေါ်မှာပဲ သူတို့ဘဝရဲ့
နှစ်အနည်းငယ်လောက်ကို နှစ်မြှပ်ပြီးတော့တောင် ‌ပြုမူလုပ်ဆောင်ခဲ့ကြတာ။ တချို့သူတွေက‌တော့ အဲ့လို‌လူတစ်ယောက်ရှိနေတာက သူ့အတွက် အရမ်းအန္တရာယ်များတယ်လို့ ယူဆပြောဆိုပေးကြတာတွေ ရှိပေမယ့် ပထမတော့ သူလည်း အဲ့ဒီဖြစ်ရပ်ကြီးက သူ့ဆီမှာ လာဖြစ်နေတာကို လက်မခံချင်ခဲ့ဘူး၊ အဲ့လိုနဲ့ပဲ တစ်ခုခုမှားနေတာ ဖြစ်လောက်မှာပါဆိုပြီးတော့ စိတ်ပြင်းပြစွာနဲ့ပဲ ငြင်းဆိုချက်တွေ ထုတ်ပြန်နေခဲ့မိသည်။

အဲ့ဒီဖြစ်ရပ်တွေက သူ့ရဲ့သရုပ်ဆောင်လောကကို ဝင်ရောက်ခဲ့တဲ့ အစောပိုင်းလောက်မှာပဲ စတင်လာခဲ့ခြင်း ဖြစ်သည်။ သူ့အကြောင်းတွေနဲ့ သူ့ရဲ့သရုပ်ဆောင်စွမ်းရည်တွေအပေါ် ဝေဖန်စာအတော်များများကို သူကိုယ်တိုင်ကြားခဲ့ရ၏။ သူက သရုပ်ဆောင်လောကမှာ ရပ်တည်နေတာ ဖြစ်တဲ့အတွက်ကြောင့် သူ့အပေါ် အတွေးအမြင်မျိုးစုံကို လက်ခံရရှိခဲ့ရလေသည်။ အတော်များများကတော့ ကောင်းမွန်ပြီး အကောင်းမြင်စိတ်တွေပဲ ဖြစ်ပေမယ့် အင်တာနက်ရဲ့ မကောင်းတဲ့ဘက်ခြမ်းကတော့ ရှိနေသေးသည်လေ။ သူ့ကိုအားပေးကြတဲ့သူတွေကိုတောင် ရှုံ့ချကြတဲ့ဖိုရမ်တစ်ခု ပြုလုပ်ထားသေး၏။ လူတွေက ကြောက်စရာကောင်းလှတဲ့ စိတ်ပျက်စရာတွေကို ရေးသားနေကြပြီး အကြောင်းပြချက်မရှိ သူ့အား မုန်းတီးနေကြသေးသည်။ သူတို့တွေ မုန်းတီးနေရတဲ့ အကြောင်းပြချက်တွေကတော့ သူပျော်နေရင်လည်း ပျော်နေလို့၊ ဝမ်းနည်းရင်လည်းဝမ်းနည်းနေလို့၊ နောက်ဆုံး သူဖြစ်တည်နေလို့ဆိုပြီး သူ့ရဲ့ဖြစ်တည်မှုကိုတောင် မုန်းတီးကြသူတွေရှိပေသည်။ ပြီးတော့ အဲ့ဒီအကြောင်းတွေ အားလုံးကို ပွင့်ပွင့်လင်းလင်းပဲ ရေးသားပြောဆိုထားကြခြင်း ဖြစ်သည်။

လုံးဝသည်းမခံနိုင်တော့တဲ့အထိဖြစ်လာပြီး တကယ့်ကို ပေါက်ကွဲသွားစေတာကတော့ လူတစ်ယောက်က သူ့အကြောင်းတွေကို ပြင်းပြင်းထန်ထန် ရေးသားပြီး ပုံမှန်လိုလို အမြဲတင်နေခဲ့တုန်းက ဖြစ်သည်။ အဲ့ဒီလူက လျှို့ဝှက်သတင်းဆိုပြီးတော့ သူ့ရဲ့အချစ်ရေး၊ သူ့ရဲ့ ကိုယ်ရေးကိုယ်တာအကြောင်းတွေနဲ့ ပတ်သက်ပြီး ကောလဟာလတွေနဲ့ ရက်စက်တဲ့ရေးသားစွပ်စွဲချက်တွေ ရောတိရောရာပါရှိနေတာတွေကို ဖြန့်ဝေနေခြင်းဖြစ်သည်။

အနှောင့်အယှက်ဖြစ်စေတဲ့ ဖုန်းခေါ်ဆိုမှုတွေနဲ့ စာပေးပို့မှုတွေက ဂျူလီယမ်ရဲ့နေ့စဉ်ဘဝလိုပင် ဖြစ်လာ၏။ နောက်ယောင်ခံလိုက်နေတဲ့သူကိုတော့ ဘယ်တော့မှ မတွေ့ရဘဲ ဂျူလီယမ်နဲ့ မီတာတချို့အကွာလောက်က ဓာတ်ပုံလှမ်းရိုက်ထားတယ်ဆိုရင်တောင်မှ ဘယ်သောအခါမှ ခြေရာလက်ရာမကျန်ခဲ့ဖူးဘူး။ သူ့တစ်ယောက်တည်းပဲသိနိုင်တဲ့ ကိစ္စရပ်တစ်ခုခု ဖြစ်ပျက်သွားတယ်ဆိုရင်တောင် နောက်နာရီအနည်းငယ်အကြာမှာ အဲ့ဒီလူကလည်း သိရှိသွားပြီး နောက်တော့ အင်တာနက်တစ်ခုလုံးမှာလည်း ပျံ့နှံ့သိရှိသွားကြ၏။

လူတွေက စုံထောက်တွေလိုမျိုး 'ညစ်ညမ်းတဲ့' လျှို့ဝှက်ချက်မှန်သမျှကို အပြင်းအထန် လိုက်လံစုံစမ်းနေခဲ့ကြသေးသည်။ ဒါပေမယ့် အကုန်လုံးကတော့ အဲ့လိုလျှို့ဝှက်ချက်တွေပဲ ဖြစ်နေတာတော့ မဟုတ်ဘူး, အဲ့ဒါတွေက သူနဲ့ပတ်သက်ပြီး ပြောကြားထားပြီးသားဖြစ်တဲ့ အကြောင်းအရာအမှန်တွေလည်း ပါရှိနေ၏။

အဲ့ဒါက နှောင့်ယှက်အနိုင်ကျင့်တာနဲ့တောင် မတူတော့ဘဲ အမှန်တကယ်ကို ကြောက်စရာကောင်းလာ၏။

ဂျူလီယမ်တွေးခဲ့မိတာက နှောင့်ယှက်ခံနေရတာတွေ၊ တခြားသူတွေရဲ့ပြောစကားတွေကြောင့် နာကျင်နေရတာ‌တွေကို သူ့ကိုယ်သူလက်မခံထားဘူးဆိုရင် အခြေအနေတွေကလည်း တကယ်ဖြစ်နေတာ မဟုတ်လောက်တော့ဘူးလို့ပေါ့။

သူကအဲ့ဒီကိစ္စရပ်ကြီးကနေ အချိန်အတော်ကြာ ရှောင်ပြေးနေခဲ့မိပေမယ့်လည်း အဲ့ဒီကြားထဲမှာတောင်မှ တစ်ခါတစ်လေ တအားကို နာကျင်ခံစားမိခဲ့ရသေး၏။

အဲ့လိုနဲ့ပဲ trauma(ကိစ္စရပ်တစ်ခုခုကြုံတွေ့ရပြီးနောက် နောက်ဆက်တွဲအနေနဲ့ ပြင်းထန်တဲ့ စိတ်တုန်လှုပ်ခြောက်ခြားမှုကို အချိန်အတော်ကြာ ခံစားနေရခြင်း)တစ်ရပ်က တစ်နေ့ထက်တစ်နေ့ ပို,ပိုပြီး ပေါ်လွင်သိသာလာတော့သည်။ အဲ့ဒီနောက်မှာတော့ သူကိုယ်တိုင်လည်း အဲ့ဒီပြဿနာကြီးကို မသိဟန်ဆောင်ကာ ရှောင်ပြေးနေလို့လည်း မရတော့ပေ။ သူလုံးဝကို ပြိုလဲသွားပြီး လူတစ်ယောက်အနေနဲ့တောင် ဘာတစ်ခုကိုမှ လုပ်ဆောင်နိုင်ခြင်း မရှိတော့ချေ။

သူက ဘယ်သူ့ကိုမှ မယုံကြည်နိုင်တော့ဘူး။ သူ့ပို အနှောင့်အယှက်ပေးနေတဲ့သူကို မသိရသေးတာ‌ကြောင့် ကမ္ဘာပေါ်ကသူတွေအားလုံးက သူ့အတွက်‌တော့ ရန်သူလိုပဲ ဖြစ်၏။ သူစိတ်ဓာတ်ကျနေတာပဲဖြစ်ဖြစ် အခက်အခဲတစ်ခုခုကြုံတွေ့နေရတာပဲဖြစ်ဖြစ် မှီခိုအားထားရနိုင်မယ့်သူတစ်ယောက်ယောက်ကို လိုအပ်လာတဲ့အချိန်တိုင်း မည်သူတစ်ဦးတစ်ယောက်ကိုမှ ဆက်သွယ်နိုင်ခြင်းမရှိခဲ့သလို စကားလည်းမပြောနိုင်ခဲ့ဘူး။

ဂျူလီယမ်က သူတစ်ယောက်တည်းပဲ သူ့ကိုယ်သူကန့်သတ်ထားပြီး ရပ်တည်နေထိုင်ခဲ့သည်။

အဲ့ဒီဖြစ်ရပ်ကသူ့အပေါ်မှာ တအားလွှမ်းမိုးထားပြီး သူ့ရဲ့ပရိသတ်တွေနဲ့လည်း အဆက်အဆံမပြုလုပ်နိုင်ခဲ့ပေ။ သူ့ရဲ့ပရိသတ်တွေက သူတို့သူ့ပိုချစ်မြတ်နိုးပါတယ်တို့၊ သူပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားတွေကို သဘောကျနှစ်သက်ပါတယ်တို့ ပြောလာခဲ့ရင်တောင်မှ သူကမယုံကြည်နိုင်ခဲ့ဘူး။ အဲ့ဒါတွေက အမှန်တွေပြောနေကြတာ မဟုတ်ဘူးပဲဆိုတဲ့ traumaတစ်ရပ်ဝင်နေ၏။

အဲ့ဒါက သူ့ကိုယ်သူ အမြဲသံသယဝင်နေစေတာကြောင့် ဖိအားဒဏ်တွေနဲ့ သူ့‌အပေါ်မျှော်လင့်ထားကြတာတွေကို တောင့်ခံနိုင်စွမ်း မရှိတော့တာပဲ ဖြစ်သည်။ သူကသရုပ်ဆောင်ရတာကို မနှစ်သက်တော့တာလည်း မဟုတ်သလို လူကြိုက်များတာကနေ ဖြစ်တည်လာတဲ့ မကောင်းတဲ့အမြင်တွေကို မုန်းနေတာလည်း မဟုတ်ပါဘူး။

အားပေးမှုတွေက သူနဲ့မထိုက်တန်သလို ခံစားလာရပြီး လူတွေသူ့အပေါ် အာရုံမထားနိုင်တော့မယ့် ထောင့်တစ်နေရာဆီကို ထွက်လာမိချင်တဲ့အထိ ဖြစ်လာခဲ့ပြီး သူတစ်ယောက်တည်းပဲ ရှိနေချင်တော့သည်။

သူ့ကိုအဲ့ဒီလိုဖြစ်စေရတဲ့ အကြောင်းရင်းတွေက ဂျူလီယမ်နဲ့ ကြာကြာရင်မဆိုင်နိုင်ပါဘူး။ စိတ်ဓာတ်ကျပြီး နှောင့်ယှက်အနိုင်ကျင့်ခံရတာတွေကြောင့် အရမ်းနာကျင်နေရပေမယ့်လည်း သူကတော့ ရှေ့ဆက်သွားနိုင်ဖို့ကိုပဲ သူ့ကိုသူ တွန်းအားပေးခဲ့သည်။

ဂျူလီယမ်က မထိုက်တန်သလိုခံစားနေရတာတွေနဲ့ သူ့ကိုယ်သူ အရှုံးသမားတစ်ယောက်လို ခံစားနေရတာတွေကို လျစ်လျူရှုနိုင်ခဲ့သည်။

သူက ခုခံနိုင်မယ့် နည်းအသစ်ကို တည်ဆောက်နိုင်ခဲ့ပြီး အင်တာနက်ပေါ်ကသူနဲ့ သူ့ရဲ့တကယ့်အစစ်အမှန်ဖြစ်တည်မှုကို ဝေးနိုင်သမျှဝေးကွာအောင် ထားရှိခဲ့သည်။ သူ့ကိုယ်သူ ကာကွယ်နိုင်ဖို့အတွက် လူတွေရဲ့ရှေ့ကို ဘာတစ်ခုမှ စိတ်ထဲမှာ အလေးအနက်မထားတဲ့ပုံစံနဲ့ ပြန်လည်ပေါ်ထွက်လာခဲ့လိုက်သည်။ ဒါပေမယ့် အဲ့လိုကြောင့်ပဲ သူ့ရဲ့အစစ်အမှန်ဖြစ်တည်မှုကို ချမပြနိုင်ခဲ့သလို ထုတ်ဖော်ပြသရတာကို နှစ်သက်တတ်တဲ့ သူ့ရဲ့ ပင်ကိုစရိုက်တွေကလည်း လုံးဝပျောက်ကွယ်နေခဲ့လေသည်။

ဂျူလီယမ်က ပျော်ရွှင်ရတာဖြစ်ဖြစ် စိတ်လှုပ်ရှားရတာဖြစ်ဖြစ် ထုတဖော်မပြသနိုင်ခဲ့ဘူး။ အပေါ်ယံအနည်းငယ်လောက်ကလွဲရင် သူ့ရဲ့စစ်မှန်တဲ့ စိတ်ဝင်စားမှုတွေနဲ့ သူ့ရဲ့အကြောင်း ပြောပြတာမျိုးတွေကို ရပ်တန့်ပစ်လိုက်သည်။

သူ့မှာ လစ်လပ်နေသလိုမျိုး ခံစားနေရပေမယ့် အရှုံးသမားတစ်ယောက်အဖြစ်နေဖို့ စိတ်ကူးကိုတော့ လုံးဝပယ်ချခဲ့ပြီး အရာအားလုံး အဆင်ပြေပြေရှိနေတယ် ဆိုတာကို သူ့ကိုယ်သူ သက်သေပြနိုင်ဖို့အတွက်ပဲ လုံးပမ်းနေခဲ့သည်။

သူ့ကိုယ်သူ အမုန်းဆုံးဖြစ်နေခဲ့တဲ့ အချိန်မှာတောင်မှ ဂျူလီယမ်က ဆက်လက်ပြီး ဖန်တီးကြိုးစားမှုတွေ လုပ်ဆောင်ခဲ့၏။

ပြန်တွေးကြည့်ရင်တော့ သူ့ကိုယ်သူ ပြဿနာဖြစ်နေတာကို လက်မခံထားဘဲနဲ့ လူတွေရှေ့မှာ ဆက်ပြီး အလုပ်လုပ်နိုင်ခဲ့တယ် ဆိုတာက တကယ်ကို အံ့ဩဖို့ကောင်းတာပါပဲ။

သူ့ကိုယ်သူ လုံးဝအဆက်ဖြတ်ပြီး နေထိုင်ခဲ့မိတာက traumaဖြစ်စဉ်ကို တုံ့ပြန်လေ့ရှိကြတဲ့ သဘာဝကျတဲ့ အမူအကျင့်တစ်ခုပဲဆိုတာကို အဲ့ဒီအချိန်တုန်းကတော့ ဂျူလီယမ်လည်း မသိခဲ့ဘူးပေါ့။

အဲ့ဒီနောက်ယောင်ခံလိုက်တဲ့သူက ဘယ်သူလဲဆိုတာကို ဂျူလီယမ် သိရှိသွားခဲ့တဲ့အချိန်မှာ သူဘယ်လိုခံစားနေရလဲဆိုတာကို မသိတော့တာက တကယ်ကို အထိတ်တလန့်ဖြစ်ခဲ့ရသည်။ သူက အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ရက်သတ္တပတ်အနည်းငယ်လောက် အချိန်ယူတွေးတောနေခဲ့ရ၏။ အဲ့လိုဆင်ခြင်တွေးတောမိပြီးနောက်မှာတော့ သူ့ရဲ့ကြောက်လန့်မှုတွေ, စိုးရိမ်ပူပန်မှုတွေက လျော့ပါးလာမှန်းကို သတိထားမိလာရသည်။ ကျိန်စာတစ်ခုကနေ လွတ်မြောက်သွားသလို ခံစားမိခဲ့လေသည်။

ရုတ်တရက်ပဲ သူ့ရဲ့ကြိုးစားမှုတွေကို နှစ်သက်ပါတယ်လို့ ပြောကြတဲ့ သူ့ပရိသတ်တွေရဲ့ မှတ်ချက်တွေနဲ့ တိုက်ရိုက်စာပို့မှုတွေကို ဖတ်မိလိုက်တဲ့အခါမှာလည်း အစစ်အမှန်တွေဆိုတာကို ပြန်လည်ခံစားရလာလေသည်။ ဒါတွေက ဘယ်သူမှန်းမသိခဲ့တဲ့ သူ့အပေါ် မကောင်းမြင်စိတ်တွေနဲ့ အမုန်းတွေက နောက်ဆုံးမှာတော့ မျက်နှာသွင်ပြင်တစ်ခု ရှိလာခဲ့တဲ့အတွက်ကြောင့်ပဲ ဖြစ်သည်။

သူက လူတွေကို ကြောက်လန့်နေတာမျိုးလည်း မရှိတော့ဘဲ အဲ့ဒီလူရဲ့ သူ့အပေါ် လွှမ်းမိုးနိုင်စွမ်းတွေအားလုံးလည်း ပျောက်ပျက်သွား၏။ ဒုတိယအနေနဲ့ကတော့ သူတို့တွေရဲ့ သရုပ်မှန်ကို ဖော်ထုတ်ခံလိုက်ရတာကြောင့် သူတို့တွေက သူ့ရဲ့ဘဝကို ဆက်ပြီး ချုပ်ကိုင်နိုင်စွမ်းလည်း မရှိတော့ချေ။

သူ့ကိုမုန်းတီးနေသူတွေ စုဖွဲ့ထားကြတဲ့ဖိုရမ်ကတော့ သူ့အတွက် အရမ်းကြီး အရေးမပါလှပေ။ ဘယ်သူမှမသိနိုင်တဲ့ အကြီးမားဆုံးမကောင်းဆိုးဝါးကိုတောင် သူကျော်ဖြတ်နိုင်ခဲ့တာကြောင့် ကျန်တဲ့အသေးအမွှားလေးတွေကိုလည်း ကျော်ဖြတ်နိုင်တာ အသေအချာပါပဲ။

ဂျူလီယမ်က နောက်တစ်ကြိမ် ပွင့်ပွင့်လင်းလင်း နေရမှာကိုတော့ ဆက်ပြီးကြောက်လန့်နေသေးပေမယ့် နောက်ဆုံးမှာတော့ ကြိုးစားကြည့်နိုင်ခဲ့၏။

သူက သူ့ရဲ့အစစ်အမှန်ဖြစ်တည်မှု ပင်ကိုစရိုက်အတိုင်း နေရတာကို စတင်ပြီး သက်တောင့်သက်သာရှိလာခဲ့သည်။

သူကကုထုံးတွေလည်း လိုက်နာလုပ်ဆောင်ခဲ့သည်။ နှောင့်ယှက်အနိုင်ကျင့်ခံခဲ့ရတဲ့အတွက်ကြောင့်သာမက သူ့ဆီမှာ ဖြစ်ပေါ်နေတဲ့traumaကနေ လွတ်မြောက်နိုင်အောင်အတွက်ပါ ကုသမှုခံယူခဲ့၏။

ဂျူလီယမ်က သူ့ကိုယ်သူ ရင့်ကျက်သွားဖို့အတွက် အဆင်သင့်ဖြစ်နေပြီး ကိုယ့်ကိုယ်ကိုရှာဖွေတွေ့ရှိနိုင်ဖို့နဲ့ ဒီဖြစ်ရပ်တွေခံစားပြီးနောက်မှာ အရင်အတိုင်း ပြန်လည်ကောင်းမွန်နိုင်ဖို့တို့အတွက် ခရီးတစ်ခုလောက် သွားသင့်တဲ့အချိန်ပဲလို့ တွေးမိခဲ့သည်။

တစ်နေ့မှာတော့ သူက လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်တုန်းက သူ့ကိုကြောက်လန့်မှုတွေပေးခဲ့ပြီး မုန်းတီးနေခဲ့ကြတဲ့သူတွေအတွက် မျက်နှာဖုံးတစ်ခုကိုတပ်ဆင်ထားခဲ့ပြီး ဖျော်ဖြေပေးခဲ့တာပဲဆိုပြီး အသိစိတ်တစ်ခု ဝင်လာခဲ့၏။ သူ့မှာဘာကြောင့်ဒီလိုtraumaမျိုးဝင်ခဲ့ရတာလဲဆိုတဲ့ အကြောင်းရင်းကိုသိသွားတာနဲ့ ချက်ချင်းပဲ သူက အဲ့ဒီပြဿနာကို မတူညီတဲ့ရှုထောင့်ကနေ ဆင်ခြင်လေ့လာခဲ့ပြီး ပြဿနာတွေကိုဖြေရှင်းနိုင်ဖို့ စတင်ကြိုးစားခဲ့သည်။

ဂျူလီယမ်ကသူ့ရဲ့အားအင်တွေကို ပြန်လည်ရရှိလာခဲ့ပြီး အရင်ကသူနေနေကျပုံစံအတိုင်း ပြန်လည်ကောင်းမွန်သွားလေသည်။ သူက အဲ့ဒီဖြစ်ရပ်တွေကနေ ရုန်းထွက်နိုင်ခဲ့ပြီးတော့ ဘယ်အရာကမှ သူ့ရဲ့ပုံစံအစစ်အမှန်အတိုင်းနေတာကို မရပ်တန့်စေနိုင်ခဲ့ဘူး။

အဲ့လိုအတွေ့အကြုံများစွာ ရရှိခဲ့တဲ့အတွက်လည်း ဂျူလီယမ်က တကယ်ကို ကျေးဇူးတင်မိနေတုန်းပါပဲ။

Thanks for your interest ( ˘ ³˘)♥
Voteလေးတွေနဲ့cmtလေးတွေပေးကြလို့တကယ်ကျေးဇူးတင်ပါတယ်နော်. ဒီထက်ပိုပြီးပေးပေးကြရင် လျှပ်စစ်မီးလိုမလုပ်တော့ဘဲ လျှပ်စီးလို updateပေးပါမယ်😁❤️
#L

Zawgyi

ဂ်ဴလီယမ္က သ႐ုပ္ေဆာင္ဘဝတုန္းက အျဖစ္အပ်က္မ်ားစြာကို ေတြ႕ႀကဳံခဲ့ရသည္။ သူက ႏွစ္အနည္းငယ္ေလာက္ၾကာေအာင္ ဆက္တိုက္ကို ၿခိမ္းေျခာက္အႏိုင္က်င့္ခံခဲ့ရၿပီး သူ႔ေနာက္ကို ေနာက္ေယာင္ခံလိုက္တဲ့သူတစ္ေယာက္လည္း ရွိခဲ့ဖူးသည္။

အဲ့ဒီလူက သူ႔အိမ္မွာ လူကိုယ္တိုင္ေပၚလာတာမ်ိဳး မဟုတ္ေပမယ့္ အဲ့ဒီသူက သူလုပ္သမွ်အရာအားလုံးကို သိႏိုင္ဖို႔, သူ႔ဘဝရဲ႕အေသးစိတ္အခ်က္အလက္ တစ္ခုခ်င္းစီကို သိရၿပီး အြန္လိုင္းေပၚမွာ တင္ႏိုင္ဖို႔ အဲ့ဒီရည္႐ြယ္ခ်က္ေတြေပၚမွာပဲ သူတို႔ဘဝရဲ႕
ႏွစ္အနည္းငယ္ေလာက္ကို ႏွစ္ျမႇပ္ၿပီးေတာ့ေတာင္ ‌ျပဳမူလုပ္ေဆာင္ခဲ့ၾကတာ။ တခ်ိဳ႕သူေတြက‌ေတာ့ အဲ့လို‌လူတစ္ေယာက္ရွိေနတာက သူ႔အတြက္ အရမ္းအႏၲရာယ္မ်ားတယ္လို႔ ယူဆေျပာဆိုေပးၾကတာေတြ ရွိေပမယ့္ ပထမေတာ့ သူလည္း အဲ့ဒီျဖစ္ရပ္ႀကီးက သူ႔ဆီမွာ လာျဖစ္ေနတာကို လက္မခံခ်င္ခဲ့ဘူး၊ အဲ့လိုနဲ႔ပဲ တစ္ခုခုမွားေနတာ ျဖစ္ေလာက္မွာပါဆိုၿပီးေတာ့ စိတ္ျပင္းျပစြာနဲ႔ပဲ ျငင္းဆိုခ်က္ေတြ ထုတ္ျပန္ေနခဲ့မိသည္။

အဲ့ဒီျဖစ္ရပ္ေတြက သူ႔ရဲ႕သ႐ုပ္ေဆာင္ေလာကကို ဝင္ေရာက္ခဲ့တဲ့ အေစာပိုင္းေလာက္မွာပဲ စတင္လာခဲ့ျခင္း ျဖစ္သည္။ သူ႔အေၾကာင္းေတြနဲ႔ သူ႔ရဲ႕သ႐ုပ္ေဆာင္စြမ္းရည္ေတြအေပၚ ေဝဖန္စာအေတာ္မ်ားမ်ားကို သူကိုယ္တိုင္ၾကားခဲ့ရ၏။ သူက သ႐ုပ္ေဆာင္ေလာကမွာ ရပ္တည္ေနတာ ျဖစ္တဲ့အတြက္ေၾကာင့္ သူ႔အေပၚ အေတြးအျမင္မ်ိဳးစုံကို လက္ခံရရွိခဲ့ရေလသည္။ အေတာ္မ်ားမ်ားကေတာ့ ေကာင္းမြန္ၿပီး အေကာင္းျမင္စိတ္ေတြပဲ ျဖစ္ေပမယ့္ အင္တာနက္ရဲ႕ မေကာင္းတဲ့ဘက္ျခမ္းကေတာ့ ရွိေနေသးသည္ေလ။ သူ႔ကိုအားေပးၾကတဲ့သူေတြကိုေတာင္ ရႈံ႕ခ်ၾကတဲ့ဖိုရမ္တစ္ခု ျပဳလုပ္ထားေသး၏။ လူေတြက ေၾကာက္စရာေကာင္းလွတဲ့ စိတ္ပ်က္စရာေတြကို ေရးသားေနၾကၿပီး အေၾကာင္းျပခ်က္မရွိ သူ႔အား မုန္းတီးေနၾကေသးသည္။ သူတို႔ေတြ မုန္းတီးေနရတဲ့ အေၾကာင္းျပခ်က္ေတြကေတာ့ သူေပ်ာ္ေနရင္လည္း ေပ်ာ္ေနလို႔၊ ဝမ္းနည္းရင္လည္းဝမ္းနည္းေနလို႔၊ ေနာက္ဆုံး သူျဖစ္တည္ေနလို႔ဆိုၿပီး သူ႔ရဲ႕ျဖစ္တည္မႈကိုေတာင္ မုန္းတီးၾကသူေတြရွိေပသည္။ ၿပီးေတာ့ အဲ့ဒီအေၾကာင္းေတြ အားလုံးကို ပြင့္ပြင့္လင္းလင္းပဲ ေရးသားေျပာဆိုထားၾကျခင္း ျဖစ္သည္။

လုံးဝသည္းမခံႏိုင္ေတာ့တဲ့အထိျဖစ္လာၿပီး တကယ့္ကို ေပါက္ကြဲသြားေစတာကေတာ့ လူတစ္ေယာက္က သူ႔အေၾကာင္းေတြကို ျပင္းျပင္းထန္ထန္ ေရးသားၿပီး ပုံမွန္လိုလို အၿမဲတင္ေနခဲ့တုန္းက ျဖစ္သည္။ အဲ့ဒီလူက လွ်ိဳ႕ဝွက္သတင္းဆိုၿပီးေတာ့ သူ႔ရဲ႕အခ်စ္ေရး၊ သူ႔ရဲ႕ ကိုယ္ေရးကိုယ္တာအေၾကာင္းေတြနဲ႔ ပတ္သက္ၿပီး ေကာလဟာလေတြနဲ႔ ရက္စက္တဲ့ေရးသားစြပ္စြဲခ်က္ေတြ ေရာတိေရာရာပါရွိေနတာေတြကို ျဖန႔္ေဝေနျခင္းျဖစ္သည္။

အေႏွာင့္အယွက္ျဖစ္ေစတဲ့ ဖုန္းေခၚဆိုမႈေတြနဲ႔ စာေပးပို႔မႈေတြက ဂ်ဴလီယမ္ရဲ႕ေန႔စဥ္ဘဝလိုပင္ ျဖစ္လာ၏။ ေနာက္ေယာင္ခံလိုက္ေနတဲ့သူကိုေတာ့ ဘယ္ေတာ့မွ မေတြ႕ရဘဲ ဂ်ဴလီယမ္နဲ႔ မီတာတခ်ိဳ႕အကြာေလာက္က ဓာတ္ပုံလွမ္း႐ိုက္ထားတယ္ဆိုရင္ေတာင္မွ ဘယ္ေသာအခါမွ ေျခရာလက္ရာမက်န္ခဲ့ဖူးဘူး။ သူ႔တစ္ေယာက္တည္းပဲသိႏိုင္တဲ့ ကိစၥရပ္တစ္ခုခု ျဖစ္ပ်က္သြားတယ္ဆိုရင္ေတာင္ ေနာက္နာရီအနည္းငယ္အၾကာမွာ အဲ့ဒီလူကလည္း သိရွိသြားၿပီး ေနာက္ေတာ့ အင္တာနက္တစ္ခုလုံးမွာလည္း ပ်ံ႕ႏွံ႔သိရွိသြားၾက၏။

လူေတြက စုံေထာက္ေတြလိုမ်ိဳး 'ညစ္ညမ္းတဲ့' လွ်ိဳ႕ဝွက္ခ်က္မွန္သမွ်ကို အျပင္းအထန္ လိုက္လံစုံစမ္းေနခဲ့ၾကေသးသည္။ ဒါေပမယ့္ အကုန္လုံးကေတာ့ အဲ့လိုလွ်ိဳ႕ဝွက္ခ်က္ေတြပဲ ျဖစ္ေနတာေတာ့ မဟုတ္ဘူး, အဲ့ဒါေတြက သူနဲ႔ပတ္သက္ၿပီး ေျပာၾကားထားၿပီးသားျဖစ္တဲ့ အေၾကာင္းအရာအမွန္ေတြလည္း ပါရွိေန၏။

အဲ့ဒါက ေႏွာင့္ယွက္အႏိုင္က်င့္တာနဲ႔ေတာင္ မတူေတာ့ဘဲ အမွန္တကယ္ကို ေၾကာက္စရာေကာင္းလာ၏။

ဂ်ဴလီယမ္ေတြးခဲ့မိတာက ေႏွာင့္ယွက္ခံေနရတာေတြ၊ တျခားသူေတြရဲ႕ေျပာစကားေတြေၾကာင့္ နာက်င္ေနရတာ‌ေတြကို သူ႔ကိုယ္သူလက္မခံထားဘူးဆိုရင္ အေျခအေနေတြကလည္း တကယ္ျဖစ္ေနတာ မဟုတ္ေလာက္ေတာ့ဘူးလို႔ေပါ့။

သူကအဲ့ဒီကိစၥရပ္ႀကီးကေန အခ်ိန္အေတာ္ၾကာ ေရွာင္ေျပးေနခဲ့မိေပမယ့္လည္း အဲ့ဒီၾကားထဲမွာေတာင္မွ တစ္ခါတစ္ေလ တအားကို နာက်င္ခံစားမိခဲ့ရေသး၏။

အဲ့လိုနဲ႔ပဲ trauma(ကိစၥရပ္တစ္ခုခုႀကဳံေတြ႕ရၿပီးေနာက္ ေနာက္ဆက္တြဲအေနနဲ႔ ျပင္းထန္တဲ့ စိတ္တုန္လႈပ္ေျခာက္ျခားမႈကို အခ်ိန္အေတာ္ၾကာ ခံစားေနရျခင္း)တစ္ရပ္က တစ္ေန႔ထက္တစ္ေန႔ ပို,ပိုၿပီး ေပၚလြင္သိသာလာေတာ့သည္။ အဲ့ဒီေနာက္မွာေတာ့ သူကိုယ္တိုင္လည္း အဲ့ဒီျပႆနာႀကီးကို မသိဟန္ေဆာင္ကာ ေရွာင္ေျပးေနလို႔လည္း မရေတာ့ေပ။ သူလုံးဝကို ၿပိဳလဲသြားၿပီး လူတစ္ေယာက္အေနနဲ႔ေတာင္ ဘာတစ္ခုကိုမွ လုပ္ေဆာင္ႏိုင္ျခင္း မရွိေတာ့ေခ်။

သူက ဘယ္သူ႔ကိုမွ မယုံၾကည္ႏိုင္ေတာ့ဘူး။ သူ႔ပို အေႏွာင့္အယွက္ေပးေနတဲ့သူကို မသိရေသးတာ‌ေၾကာင့္ ကမာၻေပၚကသူေတြအားလုံးက သူ႔အတြက္‌ေတာ့ ရန္သူလိုပဲ ျဖစ္၏။ သူစိတ္ဓာတ္က်ေနတာပဲျဖစ္ျဖစ္ အခက္အခဲတစ္ခုခုႀကဳံေတြ႕ေနရတာပဲျဖစ္ျဖစ္ မွီခိုအားထားရႏိုင္မယ့္သူတစ္ေယာက္ေယာက္ကို လိုအပ္လာတဲ့အခ်ိန္တိုင္း မည္သူတစ္ဦးတစ္ေယာက္ကိုမွ ဆက္သြယ္ႏိုင္ျခင္းမရွိခဲ့သလို စကားလည္းမေျပာႏိုင္ခဲ့ဘူး။

ဂ်ဴလီယမ္က သူတစ္ေယာက္တည္းပဲ သူ႔ကိုယ္သူကန႔္သတ္ထားၿပီး ရပ္တည္ေနထိုင္ခဲ့သည္။

အဲ့ဒီျဖစ္ရပ္ကသူ႔အေပၚမွာ တအားလႊမ္းမိုးထားၿပီး သူ႔ရဲ႕ပရိသတ္ေတြနဲ႔လည္း အဆက္အဆံမျပဳလုပ္ႏိုင္ခဲ့ေပ။ သူ႔ရဲ႕ပရိသတ္ေတြက သူတို႔သူ႔ပိုခ်စ္ျမတ္ႏိုးပါတယ္တို႔၊ သူပါဝင္သ႐ုပ္ေဆာင္ထားတဲ့ဇာတ္ကားေတြကို သေဘာက်ႏွစ္သက္ပါတယ္တို႔ ေျပာလာခဲ့ရင္ေတာင္မွ သူကမယုံၾကည္ႏိုင္ခဲ့ဘူး။ အဲ့ဒါေတြက အမွန္ေတြေျပာေနၾကတာ မဟုတ္ဘူးပဲဆိုတဲ့ traumaတစ္ရပ္ဝင္ေန၏။

အဲ့ဒါက သူ႔ကိုယ္သူ အၿမဲသံသယဝင္ေနေစတာေၾကာင့္ ဖိအားဒဏ္ေတြနဲ႔ သူ႔‌အေပၚေမွ်ာ္လင့္ထားၾကတာေတြကို ေတာင့္ခံႏိုင္စြမ္း မရွိေတာ့တာပဲ ျဖစ္သည္။ သူကသ႐ုပ္ေဆာင္ရတာကို မႏွစ္သက္ေတာ့တာလည္း မဟုတ္သလို လူႀကိဳက္မ်ားတာကေန ျဖစ္တည္လာတဲ့ မေကာင္းတဲ့အျမင္ေတြကို မုန္းေနတာလည္း မဟုတ္ပါဘူး။

အားေပးမႈေတြက သူနဲ႔မထိုက္တန္သလို ခံစားလာရၿပီး လူေတြသူ႔အေပၚ အာ႐ုံမထားႏိုင္ေတာ့မယ့္ ေထာင့္တစ္ေနရာဆီကို ထြက္လာမိခ်င္တဲ့အထိ ျဖစ္လာခဲ့ၿပီး သူတစ္ေယာက္တည္းပဲ ရွိေနခ်င္ေတာ့သည္။

သူ႔ကိုအဲ့ဒီလိုျဖစ္ေစရတဲ့ အေၾကာင္းရင္းေတြက ဂ်ဴလီယမ္နဲ႔ ၾကာၾကာရင္မဆိုင္ႏိုင္ပါဘူး။ စိတ္ဓာတ္က်ၿပီး ေႏွာင့္ယွက္အႏိုင္က်င့္ခံရတာေတြေၾကာင့္ အရမ္းနာက်င္ေနရေပမယ့္လည္း သူကေတာ့ ေရွ႕ဆက္သြားႏိုင္ဖို႔ကိုပဲ သူ႔ကိုသူ တြန္းအားေပးခဲ့သည္။

ဂ်ဴလီယမ္က မထိုက္တန္သလိုခံစားေနရတာေတြနဲ႔ သူ႔ကိုယ္သူ အရႈံးသမားတစ္ေယာက္လို ခံစားေနရတာေတြကို လ်စ္လ်ဴရႈႏိုင္ခဲ့သည္။

သူက ခုခံႏိုင္မယ့္ နည္းအသစ္ကို တည္ေဆာက္ႏိုင္ခဲ့ၿပီး အင္တာနက္ေပၚကသူနဲ႔ သူ႔ရဲ႕တကယ့္အစစ္အမွန္ျဖစ္တည္မႈကို ေဝးႏိုင္သမွ်ေဝးကြာေအာင္ ထားရွိခဲ့သည္။ သူ႔ကိုယ္သူ ကာကြယ္ႏိုင္ဖို႔အတြက္ လူေတြရဲ႕ေရွ႕ကို ဘာတစ္ခုမွ စိတ္ထဲမွာ အေလးအနက္မထားတဲ့ပုံစံနဲ႔ ျပန္လည္ေပၚထြက္လာခဲ့လိုက္သည္။ ဒါေပမယ့္ အဲ့လိုေၾကာင့္ပဲ သူ႔ရဲ႕အစစ္အမွန္ျဖစ္တည္မႈကို ခ်မျပႏိုင္ခဲ့သလို ထုတ္ေဖာ္ျပသရတာကို ႏွစ္သက္တတ္တဲ့ သူ႔ရဲ႕ ပင္ကိုစ႐ိုက္ေတြကလည္း လုံးဝေပ်ာက္ကြယ္ေနခဲ့ေလသည္။

ဂ်ဴလီယမ္က ေပ်ာ္႐ႊင္ရတာျဖစ္ျဖစ္ စိတ္လႈပ္ရွားရတာျဖစ္ျဖစ္ ထုတေဖာ္မျပသႏိုင္ခဲ့ဘူး။ အေပၚယံအနည္းငယ္ေလာက္ကလြဲရင္ သူ႔ရဲ႕စစ္မွန္တဲ့ စိတ္ဝင္စားမႈေတြနဲ႔ သူ႔ရဲ႕အေၾကာင္း ေျပာျပတာမ်ိဳးေတြကို ရပ္တန႔္ပစ္လိုက္သည္။

သူ႔မွာ လစ္လပ္ေနသလိုမ်ိဳး ခံစားေနရေပမယ့္ အရႈံးသမားတစ္ေယာက္အျဖစ္ေနဖို႔ စိတ္ကူးကိုေတာ့ လုံးဝပယ္ခ်ခဲ့ၿပီး အရာအားလုံး အဆင္ေျပေျပရွိေနတယ္ ဆိုတာကို သူ႔ကိုယ္သူ သက္ေသျပႏိုင္ဖို႔အတြက္ပဲ လုံးပမ္းေနခဲ့သည္။

သူ႔ကိုယ္သူ အမုန္းဆုံးျဖစ္ေနခဲ့တဲ့ အခ်ိန္မွာေတာင္မွ ဂ်ဴလီယမ္က ဆက္လက္ၿပီး ဖန္တီးႀကိဳးစားမႈေတြ လုပ္ေဆာင္ခဲ့၏။

ျပန္ေတြးၾကည့္ရင္ေတာ့ သူ႔ကိုယ္သူ ျပႆနာျဖစ္ေနတာကို လက္မခံထားဘဲနဲ႔ လူေတြေရွ႕မွာ ဆက္ၿပီး အလုပ္လုပ္ႏိုင္ခဲ့တယ္ ဆိုတာက တကယ္ကို အံ့ဩဖို႔ေကာင္းတာပါပဲ။

သူ႔ကိုယ္သူ လုံးဝအဆက္ျဖတ္ၿပီး ေနထိုင္ခဲ့မိတာက traumaျဖစ္စဥ္ကို တုံ႔ျပန္ေလ့ရွိၾကတဲ့ သဘာဝက်တဲ့ အမူအက်င့္တစ္ခုပဲဆိုတာကို အဲ့ဒီအခ်ိန္တုန္းကေတာ့ ဂ်ဴလီယမ္လည္း မသိခဲ့ဘူးေပါ့။

အဲ့ဒီေနာက္ေယာင္ခံလိုက္တဲ့သူက ဘယ္သူလဲဆိုတာကို ဂ်ဴလီယမ္ သိရွိသြားခဲ့တဲ့အခ်ိန္မွာ သူဘယ္လိုခံစားေနရလဲဆိုတာကို မသိေတာ့တာက တကယ္ကို အထိတ္တလန႔္ျဖစ္ခဲ့ရသည္။ သူက အဲ့ဒီကိစၥနဲ႔ပတ္သက္ၿပီး ရက္သတၱပတ္အနည္းငယ္ေလာက္ အခ်ိန္ယူေတြးေတာေနခဲ့ရ၏။ အဲ့လိုဆင္ျခင္ေတြးေတာမိၿပီးေနာက္မွာေတာ့ သူ႔ရဲ႕ေၾကာက္လန႔္မႈေတြ, စိုးရိမ္ပူပန္မႈေတြက ေလ်ာ့ပါးလာမွန္းကို သတိထားမိလာရသည္။ က်ိန္စာတစ္ခုကေန လြတ္ေျမာက္သြားသလို ခံစားမိခဲ့ေလသည္။

႐ုတ္တရက္ပဲ သူ႔ရဲ႕ႀကိဳးစားမႈေတြကို ႏွစ္သက္ပါတယ္လို႔ ေျပာၾကတဲ့ သူ႔ပရိသတ္ေတြရဲ႕ မွတ္ခ်က္ေတြနဲ႔ တိုက္႐ိုက္စာပို႔မႈေတြကို ဖတ္မိလိုက္တဲ့အခါမွာလည္း အစစ္အမွန္ေတြဆိုတာကို ျပန္လည္ခံစားရလာေလသည္။ ဒါေတြက ဘယ္သူမွန္းမသိခဲ့တဲ့ သူ႔အေပၚ မေကာင္းျမင္စိတ္ေတြနဲ႔ အမုန္းေတြက ေနာက္ဆုံးမွာေတာ့ မ်က္ႏွာသြင္ျပင္တစ္ခု ရွိလာခဲ့တဲ့အတြက္ေၾကာင့္ပဲ ျဖစ္သည္။

သူက လူေတြကို ေၾကာက္လန႔္ေနတာမ်ိဳးလည္း မရွိေတာ့ဘဲ အဲ့ဒီလူရဲ႕ သူ႔အေပၚ လႊမ္းမိုးႏိုင္စြမ္းေတြအားလုံးလည္း ေပ်ာက္ပ်က္သြား၏။ ဒုတိယအေနနဲ႔ကေတာ့ သူတို႔ေတြရဲ႕ သ႐ုပ္မွန္ကို ေဖာ္ထုတ္ခံလိုက္ရတာေၾကာင့္ သူတို႔ေတြက သူ႔ရဲ႕ဘဝကို ဆက္ၿပီး ခ်ဳပ္ကိုင္ႏိုင္စြမ္းလည္း မရွိေတာ့ေခ်။

သူ႔ကိုမုန္းတီးေနသူေတြ စုဖြဲ႕ထားၾကတဲ့ဖိုရမ္ကေတာ့ သူ႔အတြက္ အရမ္းႀကီး အေရးမပါလွေပ။ ဘယ္သူမွမသိႏိုင္တဲ့ အႀကီးမားဆုံးမေကာင္းဆိုးဝါးကိုေတာင္ သူေက်ာ္ျဖတ္ႏိုင္ခဲ့တာေၾကာင့္ က်န္တဲ့အေသးအမႊားေလးေတြကိုလည္း ေက်ာ္ျဖတ္ႏိုင္တာ အေသအခ်ာပါပဲ။

ဂ်ဴလီယမ္က ေနာက္တစ္ႀကိမ္ ပြင့္ပြင့္လင္းလင္း ေနရမွာကိုေတာ့ ဆက္ၿပီးေၾကာက္လန႔္ေနေသးေပမယ့္ ေနာက္ဆုံးမွာေတာ့ ႀကိဳးစားၾကည့္ႏိုင္ခဲ့၏။

သူက သူ႔ရဲ႕အစစ္အမွန္ျဖစ္တည္မႈ ပင္ကိုစ႐ိုက္အတိုင္း ေနရတာကို စတင္ၿပီး သက္ေတာင့္သက္သာရွိလာခဲ့သည္။

သူကကုထုံးေတြလည္း လိုက္နာလုပ္ေဆာင္ခဲ့သည္။ ေႏွာင့္ယွက္အႏိုင္က်င့္ခံခဲ့ရတဲ့အတြက္ေၾကာင့္သာမက သူ႔ဆီမွာ ျဖစ္ေပၚေနတဲ့traumaကေန လြတ္ေျမာက္ႏိုင္ေအာင္အတြက္ပါ ကုသမႈခံယူခဲ့၏။

ဂ်ဴလီယမ္က သူ႔ကိုယ္သူ ရင့္က်က္သြားဖို႔အတြက္ အဆင္သင့္ျဖစ္ေနၿပီး ကိုယ့္ကိုယ္ကိုရွာေဖြေတြ႕ရွိႏိုင္ဖို႔နဲ႔ ဒီျဖစ္ရပ္ေတြခံစားၿပီးေနာက္မွာ အရင္အတိုင္း ျပန္လည္ေကာင္းမြန္ႏိုင္ဖို႔တို႔အတြက္ ခရီးတစ္ခုေလာက္ သြားသင့္တဲ့အခ်ိန္ပဲလို႔ ေတြးမိခဲ့သည္။

တစ္ေန႔မွာေတာ့ သူက လြန္ခဲ့တဲ့ႏွစ္အနည္းငယ္ေလာက္တုန္းက သူ႔ကိုေၾကာက္လန႔္မႈေတြေပးခဲ့ၿပီး မုန္းတီးေနခဲ့ၾကတဲ့သူေတြအတြက္ မ်က္ႏွာဖုံးတစ္ခုကိုတပ္ဆင္ထားခဲ့ၿပီး ေဖ်ာ္ေျဖေပးခဲ့တာပဲဆိုၿပီး အသိစိတ္တစ္ခု ဝင္လာခဲ့၏။ သူ႔မွာဘာေၾကာင့္ဒီလိုtraumaမ်ိဳးဝင္ခဲ့ရတာလဲဆိုတဲ့ အေၾကာင္းရင္းကိုသိသြားတာနဲ႔ ခ်က္ခ်င္းပဲ သူက အဲ့ဒီျပႆနာကို မတူညီတဲ့ရႈေထာင့္ကေန ဆင္ျခင္ေလ့လာခဲ့ၿပီး ျပႆနာေတြကိုေျဖရွင္းႏိုင္ဖို႔ စတင္ႀကိဳးစားခဲ့သည္။

ဂ်ဴလီယမ္ကသူ႔ရဲ႕အားအင္ေတြကို ျပန္လည္ရရွိလာခဲ့ၿပီး အရင္ကသူေနေနက်ပုံစံအတိုင္း ျပန္လည္ေကာင္းမြန္သြားေလသည္။ သူက အဲ့ဒီျဖစ္ရပ္ေတြကေန ႐ုန္းထြက္ႏိုင္ခဲ့ၿပီးေတာ့ ဘယ္အရာကမွ သူ႔ရဲ႕ပုံစံအစစ္အမွန္အတိုင္းေနတာကို မရပ္တန႔္ေစႏိုင္ခဲ့ဘူး။

အဲ့လိုအေတြ႕အႀကဳံမ်ားစြာ ရရွိခဲ့တဲ့အတြက္လည္း ဂ်ဴလီယမ္က တကယ္ကို ေက်းဇူးတင္မိေနတုန္းပါပဲ။

Thanks for your interest ( ˘ ³˘)♥
Voteေလးေတြနဲ႔cmtေလးေတြေပးၾကလို႔တကယ္ေက်းဇူးတင္ပါတယ္ေနာ္. ဒီထက္ပိုၿပီးေပးေပးၾကရင္ လွ်ပ္စစ္မီးလိုမလုပ္ေတာ့ဘဲ လွ်ပ္စီးလို updateေပးပါမယ္😁❤️
#L

Continue Reading

You'll Also Like

4.8M 529K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
4.9K 273 8
Chapters - 4 Volume & 1 Extra ❗ The novel contains intense violence, blood/ gore, sexual content and strong language that may be appropriate for ages...
455K 10.9K 87
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
31.3K 4.4K 25
Zawgyi + Unicode [Zawgyi] ငါ့ဆီကို သုံးရက္တစ္ႀကိမ္ ေၾကာက္စရာ ဓာတ္ပုံ၃ပုံ ေရာက္လာတတ္တယ္။ ဒါေတြရဲ႕ လက္သည္ကို ရွာဖို႔ စိတ္ဆုံးျဖတ္လိုက္ၿပီးတဲ့အခါမွာေတာ့...