ABOစာအုပ်ထဲကူးပြောင်းပြီး ဗီလ...
By Dora_Dora9696
143K 13.4K 160
Title - Rebirth to become a dominant omega သွေးသန့်အိုမီဂါလေး ဂျူလီယမ် Author - latteechrie With Original Au... More
Description
အခန်း ၁ Rebirth
အခန်း ၂ အိုမီဂါ
အခန်း ၃ စိတ်သစ်လူသစ်
အခန်း ၄ သူငယ်ချင်း
အခန်း ၅ ဖွင့်ပြောမယ်
အခန်း ၆ ပြန်လည်တွေ့ဆုံခြင်း
အခန်း ၇ ဗီလိန်
အခန်း ၈ မထင်မှတ်ထားသော တွေ့ဆုံမှု
အခန်း ၉ ဇာတ်ကြောင်း
အခန်း ၁၀ ကိုယ်ထိလက်ရောက် ကျူးလွန်မှု
အခန်း ၁၁ အကြည့်တစ်ချက်
အခန်း ၁၂ လွှမ်းမိုးနိုင်စွမ်း
အခန်း ၁၄ Trauma
အခန်း ၁၅ ပြောင်းလဲမှု
အခန်း ၁၆ သောက်မယ်!!
အခန်း ၁၇ ပွေ့ဖက်ခြင်း
အခန်း ၁၈ မှတ်ညဏ်
အခန်း ၁၉ ဘဝရဲ့ လက်တွဲဖော်
အခန်း ၂၀ အကြောက်တရား
အခန်း ၂၁ ကလေး
အခန်း ၂၂ ရင်တုန်ခြင်း
အခန်း ၂၃ ကောင်း‌ေသာညပါ
အခန်း ၂၄ အပန်းဖြေဥယျာဉ်
အခန်း ၂၅ ဒိတ်မဟုတ်ဖူး
အခန်း ၂၆ သံသယများ
အခန်း ၂၇ ဘား
အခန်း ၂၈ အန္တရယ်
အခန်း ၂၉ အနမ်း
အခန်း ၃၀ မောနီး
အခန်း ၃၁ မနက်စာ
အခန်း ၃၂ အာဏာ ပါဝါ
အခန်း ၃၃ ပိုက်ဆံ
အခန်း ၃၄ နှင်းဆီဝါ
အခန်း ၃၅ ချေးငှားခြင်း
အခန်း ၃၆ လျှို့ဝှက်ချက်များ
အခန်း ၃၇ ဖော်ထုတ်ခြင်း
အခန်း ၃၈ ဆန္ဒ
အခန်း ၃၉ ဖြုန်းတီးခြင်း
အခန်း ၄၀ အတွေ့အကြုံ
အခန်း ၄၁ အလည်သွားခြင်း
အခန်း ၄၂ နမ်းရှိုက်ခြင်း
အခန်း ၄၃ ခွေး
အခန်း ၄၄ အခွင့်အလမ်း
အခန်း ၄၅ ကျွန်တော်က ကျွန်တော်ပါပဲ
အခန်း ၄၆ အင်တာဗျူး
အခန်း ၄၇ ဂရုစိုက်ခံရခြင်း
အခန်း ၄၈ အက်တီယမ်
Reminder For Omega
Reminder 🎗️
အခန်း ၄၉
အခန်း ၅၀
အခန်း ၁၃ တည်"ငြိမ်"
2.6K 342 1
By Dora_Dora9696
Unicode
အခန်း 13 - တည်တည်ငြိမ်ငြိမ်ဖြင့်
သွေးသန့်အိုမီဂါလေးအဖြစ် ကူးပြောင်းလာခြင်း
စာရေးဆရာ- latteectrie
ဘာသာပြန်စာရေးသူ - VioletM780
ထိုညနေခင်းမှာအိုင်ယန် မှာ တာဝန်တစ်ခုရှိခဲ့သည်
သူ ဂျူလီယမ် နဲ့ ဓာတ်ပုံတွဲရိုက်ရသည်
အိုင်ယန်က သူ့ကိုယ်သူ ဖြောင့်ချက်ပေးလိုက်သည် -
"ကုမ္ပဏီက လက်ထောက်တွေက အဲ့ဒါကို တောင်းတယ် ဒါပေမဲ့ အဲဒါက ငါနဲ့ ဘာမှမဆိုင်ဘူး"
သူသည် သူ့ညီလေးနဲ့ မိသားစုဓာတ်ပုံရိုက်ဖို အဲဒါကို ဆင်ခြေအနေနဲ့ သုံးဖို့ အစီအစဉ်ချနေသည်
ဂျူလီယမ်၏ ဝက်ရုံရုပ်နဲ့ ညဝတ် ၀တ်စုံဖြင့်
သူတိုနှစ်ဦး၏မိသားစု ဓာတ်ပုံလေးသည် အသေအချာပင် ချစ်စရာကောင်းနေသည်
သူသည် ထမင်းစားခန်းထဲမှာ ဂျီလီယမ် ကိုတွေ့ပြီး သူ့ကို မျှော်တလင့်တကြီးကြည့်ရင်း
"ညီငယ်လေး၊ နောက်ကျ ငါတို့ အတူတူ ဓာတ်ပုံရိုက်ပြီး အင်တာနက်ပေါ်တင်လို့ ရမလား၊
ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက စောင့်မျှော်နေကြတာ"
ဂျူလီယမ်သည် သူ၏လက်မနှင့် လက်ညှိးကို ဝိုင်ဖန်ခွက်၏ခြေရင်းတွင် ထားပြီး
ဝိုင်ခွက်ကို စတင်လှုပ်ယမ်းလိုက်သည်။
ထိုနောက် မျက်ခုံးပင့်ကာ "မင်း Weibo မှာ ဘယ်လောက် နာမည်ကြီးလဲ"
အိုင်ယန်သည် ဂျူလီယမ် ၏ စကားကြောင့် ဆို့နင့်သွားပြီး သူ့စိတ်ထဲတွင် အနည်းငယ် ကမောက်ကမ ဖြစ်သွားသည်-
'' ငါ့ မှာ Follower တစ်သန်းလောက် ရှိတယ်"
ဂျူလီယမ်က ဘာခံစားချက်မှ မရှိပေ
အထူးသဖြင့် ဂျူလီယမ်သည် လူအများ၏နှလုံးသားတွင် အမြစ်တွယ်စေဖို့ သံသယမျိုးစေ့ကို စိုက်ပျိုးရန်သာ ဖြစ်သည်- "ကောင်းပြီ အဲဒါ ဆို ငါ့အကောင့်ကို tag တွဲလိုက် ......"
နောက်ဆုံးတွင် သူသည် ကြွယ်ဝပြီး အစွမ်းထက်တဲ့ 'California Cabernet' ကို မြည်းစမ်းကြည့်လိုက်သည်။
( T/N California Cabernet ဆိုတာက ကယ်လီဖိုးနီးယား USA ကနေ ထုတ်တဲ့ ဝိုင်တစ်မျိုးပါ ပုလင်းအပြည့် သူကပါရှိသည် အရသာက အစိမ်းရောင်အနံ့အရသာ ချိုမြိန်ပြီး ခြောက်သွေ့ပါသည်
နက်မှောင်တဲ့ အရောင်နဲ့ ကြွယ်ဝသော ဘလက်ဘယ်ရီသီး , ဘလူးဘယ်ရီသီး , ငရုတ်ပွသီး , ယူကလစ်ပင် , ပင်စိမ်း ,
ကော်ဖီစေ့ , အာရဇ်သစ်စုများ ပါဝင်ပါတယ် )
လှုပ်လှုပ်ရွရွဖြစ်ခြင်းကြောင့် အရက်အငွေ့ပျံသွားကာ စပျစ်ရည်ထဲရှိ အနံ့များသည် သူ့နှာခေါင်းတွင်းသို့ ပေါ်လာသည်
ဂျူလီယမ်သည် ဘလက်ဘယ်ရီ၊ အာရဇ်နှင့် ဗနီလာ တို့ ကို တချိန်တည်းမှာပဲ တွေ့ရှိခဲ့သည်။
သူရဲ့ ဝိုင်ကြိုက်နှစ်သက်ခြင်း၏ ကြီးမားသော အစိတ်အပိုင်းသည် ဝိုင်တွေကို အနံ့ခံနိုင်စွမ်းရှိသည်။
မကြာခင်မှာပဲ မိသားစုဓာတ်ပုံကို တင်ခဲ့ပါသည်
ချောမောသော အယ်လ်ဖာ တစ်ယောက် နဲ့ လှပသော အိုမီဂါလေးတစ်ယောက်
ချက်ချင်းပဲ ဓာတ်ပုံသည် မရေမတွက်နိုင်သော လူများ၏ အာရုံကို ဖမ်းစားခဲ့သည်။
[မင်းကို ရည်စူးတယ် : ဒီအိုမီဂါလေးက ဘယ်သူလဲ? ]
[ပွေ့ဖက်ထားမယ် : အိုး ဘုရားသခင် အဲဒီအိုမီဂါက ဘာမျိုးစိတ်လဲ။ ဒီလိုမျိုး ပုံစံမျိုးလေး ငါ တစ်ခါမှ မတွေ့ဖူးဘူး။ သူက ချစ်ဖိုကောင်းတာ မဟုတ်ဘူးလား ? ]
[နိုးနိုးကြားရှိပါစေ : သူက အာဏာရှင် သူဠေးကြီးရဲ့ အိမ်မွေးတိရစ္ဆာန်လေးနဲ့ ဆင်တယ် ]
[ရယ်စရာမဟုတ်ဖူး - ပွဲဦးထွက် အရှုပ်တော်ပုံတွေထဲက ပရိုဖိုင်ထဲက အိုမီဂါမဟုတ်ဖူးလား ''
ဒေါသထွက်ဖွယ်ကောင်းလောက်တဲ့ အရာတွေ ထွက်ပေါ်မလာသေးသော်လည်း
ဒါပေမဲ့ ဒါက အစပဲရှိသေးသည်
ဂျူလီယမ်သည် ဖျော်ဖြေရေး စက်ဝိုင်း၏ နည်းလမ်းများကို သိရှိပြီး ပြောင်းလဲမှုများကိုလည်း ကောင်းစွာသိသည်။
သူ့ရဲ့ Weibo မှာ အကောင့်ဝင်လိုက်သည်
သူသည် Weibo တွင် လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက active မဖြစ်သေးပေ
သို့သော်လည်း သူ့အကောင့်သည် ကောလဟာလတွေကြောင့် သောင်းဂဏာန်းအထိလျော့သွားသည်
တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်တော့မယ်လို ပိုစ်တစ်ခု တင်ထားလိုက်သည်
သူသည် အသုံးပြုသူအသွားအလာများသော streaming site တစ်ခုကို ရွေးပြီး အခန်းတစ်ခုကို ဖွင့်လိုက်သည် ။ သူ့နံပါတ်ကို ကျေနပ်သောအခါတွင် သူသည် သူ့ရဲ့ stream ကို စတင်ခဲ့သည်။
ဂျူလီယမ်သည် ကွန်ပြူတာရှေ့တွင်ထိုင်ကာ ပရိသတ် များ အား
"အားလုံပဲ မဂ်လာပါ ကျွန်တော့်ကို မြင်ကြရလား ..."
သူပြောပြီးရုံပဲ ရှိသေးတယ် နဲ့ အောက်ထပ်ကလူက စတင်ပြီး
"အစ်ကိုကြီး ပြိုင်ကားတစ်စီး x1 ပေးတယ်"
"အစ်ကိုကြီး က အိမ်ကြီး x1 ပေးတယ်။"
"အစ်ကိုကြီး ရွက်လှေ x၁ စီး ပေးတယ်။"
ဒါက တစ်ကြိမ်တောင် မဟုတ်ဖူး ဆယ်ခါတောင်
ရုတ်တရက်ဆိုသလိုပဲ ဆုကြေးအချက်အလက်ဘားမှာ 'Big Brother' အကြောင်း သတင်းတွေနဲ့ ပြည့်နှက်နေသွားသည်
ဂျူလီယမ်က ပရိသတ်ကို "ဒါက ငါ့အစ်ကိုကြီး ရှုပ်နေတာပဲ၊ အကိုကြီး၊ မရှုပ်နဲ့။"
အိုင်ယန်၏လက်များ တုန်ခါသွားသည်။ သူက ဖော်ထုတ်ခဲ့သည်
အကောင့်ပြောင်းရန် ချက်ချင်းပင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ထွက်ခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် လူများမများပြားသော်လည်း ဝဘ်ဆိုက်ကိုယ်တိုင်ယူဆောင်လာသည့် အသွားအလာနှင့် အိုင်ယန် မှလက်ဆောင်များနှင့်အတူ ချက်ခြင်း ကလစ်သုံးထောင်ကျော်နှင့်
အွန်လိုင်းကြည့်ရှုသူ ဆယ်ရာကျော်ရှိနေသည်။ ထုတ်လွှင့်သူအသစ်အတွက်
ဒါက တော်တော်ကောင်းတဲ့နံပါတ်ဖြစ်နေပါပြီဖြစ်၏
ဂျူလီယန်က ဂစ်တာအဟောင်းတစ်လုံးကို ကောက်ကိုင်လိုက်သည်။ ကျေးဇူးတင်စွာဖြင့်
သူသည် အခြေခံ chord အနည်းငယ်ကို ဘယ်လို တီးခတ်ရမလဲဆိုတာကို သိ၏
သူ့လည်ချောင်းကို စိုစွတ်စေရန် ရေတစ်ကျိုက်ယူကာ ကင်မရာကို မှိတ်ပြလိုက်သည်-
"တကယ်တော့ ဒါက 'ကလေးတွေ' အားလုံးအတွက် ဘေဘီ သီချင်းလေးပါ .."
သူသီချင်းစစချင်းမှာ သူ့မျက်နှာမှာ အပြုံးအနည်းငယ်ရှိပြီး တူရိယာနဲ့တူတဲ့ အသံကြိုးလေးတွေက သက်တောင့်သက်သာနဲ့ တုန်ခါနေပါသည်
အိပ်ရာဝင်ခါနီး ပုံပြင်တစ်ပုဒ်ကို တိုးတိုးလေး ပြောပြပါရစေ...
ဟိုးရှည်ရှည်တုန်းက ဆံပင်ရှည်မင်းသမီးလေးရှိတယ်
သူမက ဖားလေးကို တိတ်တဆိတ် ချစ်မိသွားတယ်
ဖားလေးက သူ မအတွက် နေ့တိုင်း သီချင်းဆိုပေးတယ်
ဘုရင်နဲ့ ဘုရင်မက သူ့ကို သဘောမတူ
ဒါ ပေမယ့် မင်းသမီးလေးက 'သူဟာ ကျန်မရဲ့ချစ်သူ'
သူမက သူ့ကို နှုတ်ဆက်စကား မပြောနိုင်ပေ
ဖားလေးဟာ မင်းသားတစ်ပါးဖြစ်လာမယ်လို့ ဘယ်သူကထင်မှာလဲ
ပြီးတော့ သူက မင်းသမီးလေးနဲ့အတူ နန်းတော်ကထွက်ပြေးသွားတယ်
ဘယ်သူကမှ မနှောင့်ယှက်တဲ့ အရပ်ဆီ ပြေးသွားလိုက်ကြတာ
ဒီအပိုင်းက သီချင်းစာသားတွေမှာ သူကျေနပ်သလို နှိမ့်ချစွာ ညည်းတွားနေရုံပါပဲ
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
သူက ပေါ့ပေါ့ပါးပါး သီဆိုရင်း ဂစ်တာသံနဲ့ သူ့အသံ ရောစပ်ထားတာက တကယ် အရမ်းပြီးပြည့်စုံလွန်းတယ်
အဲ့ဒီအချိန်ကစပြီး လူနှစ်ယောက် အတူတူ ပျော်ရွှင်စွာ နေထိုင်ခဲ့ကြတယ်
ဒါလေးက သူနဲ့ သူမအကြောင်း ဒဏ္ဍာရီပုံပြင်ပဲ
နောက်တစ်ခါ ငါ မင်းကို နောက်ထပ် ပုံပြင်တစ်ပုဒ် ပြောပြမယ်
လမင်းကြီးကလဲ အိပ်စက်နေပြီ
ပြီးတော့ ကောင်းသောည ပါလို့ တိုးတိုးလေးပြောရင်း
ပရိသတ်တွေရဲ့ တုံပြန်မှုကို မစောင့်ဘဲ မကြာခင်မှာပဲ သူ livestream ကို အဆုံးသတ်ခဲ့ပါသည်
သူ့ mouse ကိုချပြီး ဂျူလီယမ်သည် ဘောပင်တစ်ချောင်းကို သူ့လက်ချောင်းထဲတွင် လှည့်လိုက်သည်
ဘောပင်လှည့်ခြင်းက တစ်စုံတစ်ခုကို အာရုံစိုက်နေချိန်တွင် သူ၏ လုပ်နေကျအရာတွေထဲမှ တစ်စုံဖြစ်သည်
ဂျူလီယမ်၏ဆန္ဒနှင့်အညီ အဓိက ဖိုရမ်များနှင့် ဆိုရှယ်မီဒီယာပလက်ဖောင်းများသည် အလွန်အကျွံပါဝင်ခြင်းမရှိခဲ့ဘဲ သူ၏သီဆိုမှုစွမ်းရည်အတွက် ချီးကျူးမှုလှိုင်းလုံးများသာရှိခဲ့သည်။
သူသည် ဇာတ်ကောင်၏နောက်ထပ်လှုပ်ရှားမှုပြုလုပ်မှာကို စောင့်ဆိုင်းနေသည်။
အစကတည်းက နောက်ကွယ်မှာ ဘယ်သူရှိတယ်ဆိုတာ သူကောင်းကောင်းသိနေသည်
သူ အဲ့ကြာပန်းဖြူ ဇာတ်ကောင်ကို ဘယ်လို ဆက်ဆံရမလဲဆိုတာ တွေးထားပြီးသား။
တုံပြန်မှုကို နှိးဆော်ရန် ကြိုးစားနေသည်
သူက အိုင်ယန် ကိုကာကွယ်ပေးမယ်လို့ ကတိပေးထားပြီးတာကြောင့် သူ အဲဒါကို သေချာလုပ်ပေးရမည် ။
မလိုအပ်တဲ့ ဒရာမာတွေ သူ့ကို လွှမ်းမိုးလာတာ မခံစေချင်ဖူး
သူ ကလေးဘဝတုန်းက လူတွေသေရင် ကြယ်တွေဖြစ်လာမယ်လို ယုံကြည်ခဲ့သည်
ဒီကမ္ဘာကို ရောက်ပြီးနောက်တွင်ပင် သူသည် မိမိချစ်ခင်ရသူများကို ရှာဖွေရန် ကြယ်များကို မျှော်ကြည့်နေဆဲဖြစ်သည်။ ဒါက တူညီတဲ့ ကမ္ဘာကြီး မဟုတ်တော့ပေ
သူ့မိဘတွေက သူ့ကို သဘာဝအတိုင်း မတွေ့နိုင်တော့ဘူး။
ဒါပေမယ့် သူတိုဟာ ကြယ်ပွင့်တွေဖြစ်ခဲ့ရင် သင်ဟာ နှစ်ပေါင်းများစွာ အတူတကွ ပေါင်းစည်းနိုင်လိမ့်မယ်
ရာပေါင်းများစွာ... နှုတ်ဆက်ခြင်းမှ တစ်စုံတစ်ကို ဖယ်ထုတ်နိုင်လျှင် အဲဒါက သူ့ကို ချစ်သောသူများသည်
တူညီသော ကောင်းကင်ကြီး၌ မရှိကြသော်လည်း ညတိုင်း အတူရှိနေကြဆဲပင်ဖြစ်သည် ။
အိုင်ယမ် သူ့အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာက သူ့အတွက် မသိသေးတဲ့ နွေးထွေးမှုကို ပေးစွမ်းနိုင်သည်
သူလည်း တစ်ယောက်တည်း မဟုတ်တော့ဘဲ အခုချိန်မှာ တစ်ခါမှ မရှိခဲ့ဖူးသော ယုံကြည်ချက် သူ့မှာရှိနေပြီဖြစ်သည်
# translate_by_VioletM
12-5-2022
( T/Nဘာသာပြန်ကို ဖတ်ပေးတ‌ဲ့ ဒါဒါတိုင်းကို ကျေးဇူးပါ
မှတ်ချက်လေးများဖြင့် ကူညီပေးပါအုံး
Voteလေးတွေလဲ ပေးပါအုံး
ဆက်လက်ကြိုးစားပါအုံးမယ် 🙇🏻‍♀️ 🐼 )
__________________________________
Zawgyi
စာရေးဆရာ- latteectrie