ABOစာအုပ်ထဲကူးပြောင်းပြီး ဗီလ...
By Dora_Dora9696
144K 13.5K 160
Title - Rebirth to become a dominant omega သွေးသန့်အိုမီဂါလေး ဂျူလီယမ် Author - latteechrie With Original Au... More
Description
အခန်း ၁ Rebirth
အခန်း ၂ အိုမီဂါ
အခန်း ၃ စိတ်သစ်လူသစ်
အခန်း ၄ သူငယ်ချင်း
အခန်း ၅ ဖွင့်ပြောမယ်
အခန်း ၆ ပြန်လည်တွေ့ဆုံခြင်း
အခန်း ၇ ဗီလိန်
အခန်း ၈ မထင်မှတ်ထားသော တွေ့ဆုံမှု
အခန်း ၉ ဇာတ်ကြောင်း
အခန်း ၁၀ ကိုယ်ထိလက်ရောက် ကျူးလွန်မှု
အခန်း ၁၁ အကြည့်တစ်ချက်
အခန်း ၁၃ တည်"ငြိမ်"
အခန်း ၁၄ Trauma
အခန်း ၁၅ ပြောင်းလဲမှု
အခန်း ၁၆ သောက်မယ်!!
အခန်း ၁၇ ပွေ့ဖက်ခြင်း
အခန်း ၁၈ မှတ်ညဏ်
အခန်း ၁၉ ဘဝရဲ့ လက်တွဲဖော်
အခန်း ၂၀ အကြောက်တရား
အခန်း ၂၁ ကလေး
အခန်း ၂၂ ရင်တုန်ခြင်း
အခန်း ၂၃ ကောင်း‌ေသာညပါ
အခန်း ၂၄ အပန်းဖြေဥယျာဉ်
အခန်း ၂၅ ဒိတ်မဟုတ်ဖူး
အခန်း ၂၆ သံသယများ
အခန်း ၂၇ ဘား
အခန်း ၂၈ အန္တရယ်
အခန်း ၂၉ အနမ်း
အခန်း ၃၀ မောနီး
အခန်း ၃၁ မနက်စာ
အခန်း ၃၂ အာဏာ ပါဝါ
အခန်း ၃၃ ပိုက်ဆံ
အခန်း ၃၄ နှင်းဆီဝါ
အခန်း ၃၅ ချေးငှားခြင်း
အခန်း ၃၆ လျှို့ဝှက်ချက်များ
အခန်း ၃၇ ဖော်ထုတ်ခြင်း
အခန်း ၃၈ ဆန္ဒ
အခန်း ၃၉ ဖြုန်းတီးခြင်း
အခန်း ၄၀ အတွေ့အကြုံ
အခန်း ၄၁ အလည်သွားခြင်း
အခန်း ၄၂ နမ်းရှိုက်ခြင်း
အခန်း ၄၃ ခွေး
အခန်း ၄၄ အခွင့်အလမ်း
အခန်း ၄၅ ကျွန်တော်က ကျွန်တော်ပါပဲ
အခန်း ၄၆ အင်တာဗျူး
အခန်း ၄၇ ဂရုစိုက်ခံရခြင်း
အခန်း ၄၈ အက်တီယမ်
Reminder For Omega
Reminder 🎗️
အခန်း ၄၉
အခန်း ၅၀
အခန်း ၁၂ လွှမ်းမိုးနိုင်စွမ်း
3K 338 5
By Dora_Dora9696
Unicode
Systemကသူ့ရဲ့အတိတ်ဘဝအကြောင်းအမှန်ကို သိရှိထားပြီးတော့ သူယုံကြည်ရတဲ့တစ်ခုတည်းသောအရာလည်း ဖြစ်၏။ သူတို့က သူငယ်ချင်းတွေလို့ထင်ရပေမယ့် သူငယ်ချင်းမဟုတ်ကြတဲ့သူတွေပါပဲ။
Systemကလူသားတစ်‌ယောက်လည်းမဟုတ်သလို ဘာအသိစိတ်မှမရှိတဲ့စက်ပစ္စည်းတစ်ခုလည်း မဟုတ်ဘူး။ စိတ်ချင်းဆက်သွယ်တဲ့နည်းပညာနဲ့ အသိဉာဏ်အတုတို့ကို ပေါင်းစပ်ပြီး တီထွင်ပြုလုပ်ထားခြင်းဖြစ်သည်။ အဲ့ဒီလို ကိုယ်ရေးကိုယ်တာလက်ထောက်မျိုးကို OmegaSense 5.0 လို့သုံးနှုန်းခေါ်ဝေါ်လေ့ရှိကြ၏။
ဂျူလီယန်ထပ်ပြီးရှာဖွေသိရှိထားတဲ့တစ်ချက်က Systemတွေကခံစားချက်တွေဖြစ်ပေါ်လာနိုင်စွမ်း သို့မဟုတ် ခံစားချက်တွေကိုထုတ်ဖော်ပြသနိုင်စွမ်းအထိရှိပါတယ်တဲ့။ ဒါပေမယ့် သူတို့ကိုယ်တိုင် အဲ့ဒီခံစားချက်တွေကို နားလည်နိုင်စွမ်းတော့ မရှိကြပါဘူး။ တစ်ခါတစ်လေ သူတို့ပြောဆိုပုံတွေကရက်စက်တယ်လို့ခံစားသွားရစေနိုင်ပေမယ့် တကယ်ကတော့ သူတို့လည်း နာကျင်သွားစေဖို့ရည်ရွယ်ပြီး ပြောလိုက်ခြင်းတော့မဟုတ်‌။
ဂျူလီယန်က သူ့မှာSystemကိုဖျောက်ဖျက်ရပ်ပစ်ဖို့ အခွင့်မရှိမှန်းကိုလည်းသိထားသည်။ ဒါပေမယ့် အဲ့ဒီမှာ သူ့အတွက် လုပ်ကိုလုပ်ရမယ့် တာဝန်တွေ ဥပမာအားဖြင့် ဆုပေးဒဏ်ပေးစနစ်တွေ အရမ်းကြီးမရှိသေးတာကြောင့်မလို့
ဂျူလီယန်က သူကိုယ်တိုင်နဲ့Systemတို့ ချိတ်ဆက်ထားရတယ်ဆိုတာကို စိတ်ထဲတောင်မရှိဘူးပေါ့။
ဒီလိုမျိုးကူးပြောင်းလာရတဲ့ဖြစ်စဉ်တစ်ခုလုံးက ရုပ်လွန်ပညာရပ်တစ်ရပ်လိုမျိုးနဲ့ပဲ ဆင်တူပါတယ်။ ဘာကြောင့်သူရွေးချယ်ခံလိုက်ရလဲဆိုတာက အရေးမကြီးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နေ့တစ်နေ့အဆုံးသတ်သွားရင်တောင် သူရှေ့ဆက်လျှောက်လို့ ရနေဦးမှာပါပဲ။
Systemနဲ့ဆက်သွယ်နိုင်ဖို့အတွက်ဆိုရင် သူပါးစပ်နဲ့ထုတ်ပြောဖို့တောင် မလိုပါဘူး။ စိတ်ထဲကနေပဲ ပြောလို့ရနိုင်သည်လေ။
"အမျိုးသားဇာတ်ဆောင်(နိုရယ်)က ငါ့ရဲ့အကိုကြီးလိုမျိုး ပြုမူနေတာကိုသာ အဓိကဇာတ်ဆောင်(ရွန်ဒီမီယို)သိသွားရင် ဘယ်လိုဖြစ်သွားမယ်ထင်လဲ?"
[System: အဲ့ဒါတော့ငါလည်းမသိပါဘူး။ ကံကောင်းစွာနဲ့ပဲ ငါကမင်းရဲ့‌စိတ်ထဲမှာရှိနေတာလေ။ သူ့ရဲ့စိတ်ထဲမှာမှမဟုတ်တာပဲ]
ဂျူလီယန်လည်းတစ်ခဏတော့အ‌တွေးများနေမိသည်။
"တစ်ခုခုတော့တစ်ခုခုပဲ"
နိုရယ်ရဲ့အသိဉာဏ်တွေက တစ်နေရာရာမှာ အမှားအယွင်းရှိနေမှန်း သူမြင်နေရသည်... အထူးသဖြင့် ရွန်ဒီမီယိုနဲ့ပတ်သက်လာတဲ့အခါ‌တွေမှာပေါ့။ အဲ့လိုမျိုး မိုက်မဲပြီး ကလေးအသိဉာဏ်သာသာပဲရှိတဲ့ မရင့်ကျက်သေးတဲ့ အကိုကြီးတစ်ယောက်ကိုတော့ သူအလိုမရှိဘူးလေ။
[T/N: နိုရယ်လေး မမဆီလာ ( T_T)\(^-^ ) ]
[System: မင်းက မူလလမ်းကြောင်းအတိုင်း လိုက်နာပြုမူတာမျိုးမရှိဘူး။ ပြီးတော့ မင်းနဲ့အိုင်ယမ်ရဲ့ ဆက်ဆံရေးမှာလည်း ကြိုတင်မသိနိုင်လောက်တဲ့ အပြောင်းအလဲဖြစ်စဉ်တွေ ဖြစ်သွားခဲ့တယ်လေ]
အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဂျူလီယန်လည်း မအံ့ဩမိပါဘူး။ သူကSystemကို တိုက်ရိုက်ပဲမေးချလိုက်တော့၏။
"ငါ့ရဲ့ဒီနေရာကိုကူးပြောင်းလာမှုနဲ့ပတ်သက်ပြီး တစ်ခုခုပြောင်းလဲသွားတာရှိလို့လား?"
[System: ရှိတာလည်းရှိသလို တစ်ချိန်ထဲမှာပဲ မရှိတာလည်းရှိပါတယ်]
Systemပြောတာကိုသဘောတူတဲ့အနေနဲ့ ဂျူလီယန် ခေါင်းညိတ်ပြလိုက်သည်။
"အခုတော့ ငါအားလုံးကိုသိသွားပါပြီ"
[System: ဟမ့်! အဲ့ဒါဟော်မုန်းတွေကိုပြောနေတာ။ ကိုယ်ခန္ဓာနဲ့ အသွေးအသားတွေက အရင်အတိုင်းပဲရှိနေတာမလို့ သူတို့ရဲ့စွမ်းအားတွေလည်း မပြောင်းလဲပေမယ့် ဟော်မုန်းတွေကတော့ စိတ်ရဲ့ပြတင်းပေါက်တွေလိုမျိုးပဲလေ]
ဂျူလီယန် ရုတ်တရက်ကြီး ပျော်သွားမိသလိုပဲ။
"ဒါဆို ငါ့ရဲ့ရနံ့က မတူတော့ဘူးလို့ ပြောတာလား?"
[System: သေချာတာပေါ့။ ပင်ကိုယ်သဘာဝနဲ့ အတွေး‌အခေါ်ထင်မြင်ချက်တွေမှ မတူတော့တဲ့ဟာကို]
ဂျူလီယန် သိချင်နေမိတဲ့ အကြောင်းတစ်ခုထပ်ရှိသေး၏။
"မင်းစွမ်းအားတွေအကြောင်းတစ်ခုခုပြောလိုက်သေးတယ်လေ။ ငါ့ကို အဲ့အကြောင်းလေး ပြောပြပါဦး"
[System: သွေးသန့်အိုမီဂါဆိုတာ သွေးသန့်အယ်လ်ဖာလိုမျိုး ရှားပါးတဲ့အမျိုးအစားပဲ။ အဲ့လိုအမျိုးအစားရှိတဲ့သူ တစ်ယောက်ချင်းစီတိုင်းက သွေးသန့်မဟုတ်တဲ့သူတွေကို ထိန်းချုပ်နိုင်စွမ်းရှိတယ်လေ]
ဂျူလီယန်က ပါဝါရိန်းဂျားတွေထဲမှာမှ အတွေ့များတဲ့ အဖြူကောင်မဟုတ်တဲ့ တခြားပါဝါရိန်းဂျားတစ်ယောက်လို ခံစားချက်မျိုး ရလာ၏။
"ဒါဆိုငါက သွေးသန့်တွေကိုရော လွှမ်းမိုးထားနိုင်တာလား?"
[System: အရမ်းတော့မဟုတ်ဘူးပေါ့။ ဒါပေမယ့် heatဝင်နေတဲ့အချိန်ကတော့ ချွင်းချက်ပေါ့။ အဲ့ဒါကြောင့် ဟော်မုန်းထိန်းစက်ဝတ်မထားဘဲ လျှောက်သွားပြီး စမ်းသပ်ကြည့်ရမယ်လို့ တွေးတောင်မတွေးမိစေနဲ့]
ဂျူလီယန်ကသူ့ရဲ့အဝတ်ဗီရိုဆီသို့ လျှောက်သွား‌လေသည်။ ဗီရိုထဲမှာ အသစ်ဝယ်ထားတဲ့ အဝတ်ထုပ်တွေ အများကြီးပုံနေ၏။ အဲ့ဒီအိတ်တွေထဲကို ဖွင့်ကြည့်လိုက်ပြီး တစ်စုံတစ်ခုကိုထုတ်ယူလိုက်သည်။ သူ့လက်ထဲမှာရှိနေတာကတော့ ပန်ဒါပုံစံညအိပ်ဝတ်စုံနဲ့ လိပ်ပုံစံညအိပ်ဝတ်စုံ တို့ပဲ ဖြစ်လေသည်။
အဲ့ဒီဝတ်စုံတွေကတော့ သူဈေးဝယ်ထွက်ခဲ့တုန်းက စင်တာတစ်ခုကနေ ဝယ်လာခဲ့လိုက်တဲ့ ညအိပ်ဝတ်စုံတွေပဲဖြစ်သည်။
ကဲ အခုတော့.... ဘယ်ဟာကိုအရင်ဝတ်ရင်ကောင်းမလဲ? ကွန်ဖူးပန်ဒါလား? လိပ်နင်ဂျာလား?
(T/N: ရွေးပေးလိုက်ကြပါဦး အဂျစ်တို့ရေ 🐼🐢)
သူကပန်ဒါညအိပ်ဝတ်စုံကိုလဲဝတ်လိုက်ပြီး အိုင်ယမ်ရဲ့ စာကြည့်ခန်းဆီ ‌ထွက်လာလိုက်သည်။
အိုင်ယမ်က ဗီဒီယိုကောလ်နဲ့ အလုပ်ကိစ္စဆွေးနွေးနေ၏။ အခန်းတံခါးဖွင့်သံကြားလိုက်ရတဲ့အခါ သူ့ရဲ့အကြည့်တွေက အလိုအလျောက်တံခါးဆီရောက်သွားပြီး သူ့ရဲ့ညီငယ်လေးကိုတွေ့လိုက်ရတဲ့အခါမှာတော့ သူ့မျက်လုံးတွေပြူးကျယ်လာပြီး တစ်ကိုယ်လုံးတောင့်ခဲသွား၏။
ရုတ်တရက်ကြီး အိုင်ယမ်ကတော့ စကားလုံးတွေ ပျောက်ဆုံးသွားသလိုပါပဲ...
"ညီ,ညီလေး...."
တခြားတစ်ဖက်ကစကားပြောနေတဲ့သူရဲ့အသံလည်း ရုတ်တရက် တိတ်ကျသွား၏။ အဲ့ဒီသူကလည်း အဖြူအမည်းညအိပ်ဝတ်စုံဝတ်ထားတဲ့ အိုမီဂါလေးကို လှမ်းကြည့်လာလေသည်။
ဂျူလီယန်က တခြားတစ်ယောက်ကြည့်နေတာကို သတိမထားမိပါဘူး။ သူကအိုင်ယမ်ရဲ့ရှေ့မှာရပ်လိုက်ပြီး ကွန်ဖူး‌ပညာရပ်ထဲမှာပါရှိတဲ့ မျောက်ပုံစံသိုင်းကွက်ကို လုပ်ပြလိုက်သည်။ ပုံစံကတော့ ရယ်စရာကောင်းနေနိုင်ပေမယ့် အဲ့ဒါက ဝူရှူးရဲ့ အားအပြင်းဆုံးစည်းမျဉ်းချက်တွေထဲက တစ်ခုပင်ဖြစ်ပေသည်။ အဲ့ဒီသိုင်းကွက်က မျောက်ဝံတွေရဲ့ လှုပ်ရှားမှုပုံစံတွေကိုသာမက မျက်နှာအမူအရာတွေအထိ အတုခိုးထားခြင်းဖြစ်သည်။
သူကခေါင်းကိုပြန်မော့လိုက်ပြီး မျက်တောင်တောင်မခတ်ဘဲ အိုင်ယမ့်ဆီကို စိုက်ကြည့်နေ၏။ သူ့ရဲ့အကြည့်တွေက အရမ်းကို စိတ်မလုံမခြုံဖြစ်စေနိုင်တဲ့အတွက်ကြောင့် အိုင်ယမ်တောင်မှ ကျက်သီးထသလို ခံစားလိုက်ရသည်။
"ကိုယ်လည်း ကွန်ဖူးလက်နက်အတော်များများကို သုံးတတ်ပါတယ်နော်..ဓားတို့၊ လှံတို့၊ ပုဆိန်တို့ ပြီးတော့ နံချပ်ကူကိုတောင် သုံးတတ်သေးတယ်"
ဂျူလီယန်ရဲ့ အနေအထားကတော့ စတိုင်ကျကျနှင့်ပင် ရှိနေခြင်းဖြစ်သည်။
"ဒါပေမယ့် ကွန်ဖူးဆရာတစ်ယောက်က သဘောမနောကောင်းရုံနဲ့ လွှမ်းမိုးနိုင်စွမ်းမရှိဘူးဆိုတာကိုတော့ စိတ်ထဲမှာအမြဲမှတ်သားထားရမယ်လေ"
အိုင်ယမ်ဆီက ဘာစကားပြန်မှမရလာတာက ဂျူလီယန့်ကို စိတ်ပျက်သွားစေ၏။
"အကို့အလုပ်ကိုပဲ ဆက်လုပ်လို့ရပြီ။ ကျွန်တော့်ကို ဂရုစိုက်မနေနဲ့တော့"
စိတ်ဓာတ်ကျနေတဲ့ပုခုံးနှစ်ဖက်နဲ့ လှည့်ထွက်မသွားခင်မှာ ဂျူလီယန်က စကားအချို့ပြောသွားသေး၏။
"ဘာကိုမှ လွှမ်းမိုးထားနိုင်စွမ်းမရှိသေးဘူးပဲ ㅜㅜ "
ဒီနည်းဗျူဟာက ဘာမှအကျိုးသက်ရောက်မှု မရှိတဲ့အတွက်ကြောင့်မလို့ သူတခြားတစ်ခုခုဘက်ကို တွေးတောကြည့်ရတော့သည်။
[System: ဒါက‌ဟော်မုန်းတွေနဲ့ဘာမှမဆိုင်မှန်း မင်းလည်း သိတယ်လေ.... ]
ဂျူလီယန်လည်း စိတ်ညစ်ညစ်နဲ့ လျှောက်ပြီးတွေးတောနေမိလေသည်။
"ဘယ်သူမှလာပြီး နှောင့်ယှက်လို့မရတဲ့ ငါ့ရဲ့အိမ်မက်လေးတွေ ရော"
နောက်ဆုံးတော့ အိုင်ယမ်လည်း ယောင်ဝါးဝါးဖြစ်နေရာမှ အသိစိတ်ပြန်ကပ်လာလေသည်။ အရင်တုန်းကတော့ အဲ့လိုအကောင်ပုံစံလေးတွေနဲ့ ချစ်စရာကောင်းတဲ့ ညအိပ်ဝတ်စုံလေးတွေကို အမေနဲ့သူနဲ့က ဂျူလီယန်လေး ဝတ်တာကိုတွေ့ချင်နေကြဖြစ်သည်။ အခုအခါမှာတော့ ဂျူလီယန်ကသူ့နောက်ကိုတောင်လိုက်လာပြီး အရမ်းကို ပျော်မြူးနေတဲ့ပုံမျိုးနဲ့ လုံးဝမထင်ထားတဲ့အပြုအမူလေးတွေကို လုပ်ပြသွားခြင်းပင်ဖြစ်သည်။ အဲ့ဒီအပြုအမူလေးတွေကို ပြန်တွေးကြည့်လိုက်ရုံနဲ့တင် အိုင်ယမ့်ရဲ့နှလုံးသားက အရည်ပျော်သွားတော့မလို ခံစားချက်မျိုးရလာ၏။
သူအဲ့တုန်းက ဂျူလီယန့်ရဲ့ပုံစံကို ဓာတ်ပုံရိုက်ယူထားပြီး အမှတ်တရအဖြစ်သိမ်းထားနိုင်မယ်ဆိုရင် ဘယ်လောက်တောင်ကောင်းလိမ့်မလဲ?
ကွန်ပျူတာကနေ တစ်ဖက်နဲ့အဆက်အသွယ်ကို မဖြတ်တောက်ခင် စကားလုံးအနည်းငယ်ကို ကတိုက်ကရိုက်သာ ပြောခဲ့မိလိုက်ပြီး သူလည်း ဂျူလီယန်နောက်ကို ထလိုက်သွားလိုက်တော့သည်။
အဲ့ဒီအချိန်မှာ လူးရှပ်စ်ကတော့ ဖုန်းထဲကနေ တစ်စုံတစ်ယောက်ကို စေခိုင်းချက်များပြောကြားနေ၏။
"နိုင်ငံခြားမှာရှိနေတုန်းက သူ့မှာဖြစ်ဖြစ် သူ့အနီးပတ်ဝန်းကျင်မှာဖြစ်ဖြစ် ဘာကိစ္စတွေ ဖြစ်ပျက်ခဲ့လဲဆိုတာကို မင်းစုံစမ်းလို့ရသမျှ ငါ့ကိုပြန်ပြီး အစီရင်ခံရမယ်"
သူလည်း ဂျူလီယန်ပတ်သက်ပြီး သူမသိအောင် စုံစမ်းတာမျိုး မလုပ်ချင်ပေမယ့် ဒီတိုင်းဂရုမစိုက်ဘဲနဲ့လည်း မနေချင်ပြန်ဘူး။
မွေးလာခဲ့ကတည်းက ဂျူလီယန်က ချမ်းသာတဲ့မိသားစုတစ်ခုရဲ့ အလိုလိုက်ခံရပြီး ကလေးဆိုးလေးတစ်ယောက်အနေနဲ့ပဲ ဘာပူပင်မှုမှမရှိဘဲ ဘဝကိုဖြတ်သန်းလာခဲ့ရတာမလို့ သူက အခုချိန်မှာ ဘာမှမလုပ်တတ်မကိုင်တတ်ဖြစ်နေသင့်တာလေ။ ဒါပေမယ့် အခုလက်ရှိဂျူလီယန်ကတော့ လုပ်နိုင်စွမ်းတွေ များစွာရှိနေပြီး အတိုက်အခိုက်စွမ်းရည်ရဲ့ အခြေခံတွေကိုတောင် သိနေသေးသည်။
(T/N: အိုင်ယမ်နဲ့စကားပြောနေတဲ့တစ်ဖက်ကသူက လူးရှပ်စ်‌ဖြစ်နေတယ် ဂျူလီလေးရေ🤭)
လူးရှပ်စ်ကဆိုဖာပေါ်မှာထိုင်ချလိုက်ပြီး အတွေးကမ္ဘာထဲကို ရောက်သွားတော့သည်။ သူ့ရဲ့ဂျူလီယန့်အပေါ် သာမန်လောက်ပါပဲလို့ထင်ခဲ့မိတဲ့အချိန်တွေနဲ့ အထင်သေးစက်ဆုပ်မှုတွေကို ပြန်လည်တွေးမိလာ၏။
သူ့ရဲ့ဂျူလီယန်အပေါ် အရင်လိုမျိုးမကောင်းတဲ့အမြင်တွေက အနည်းငယ်တော့ မှေးမှိန်ဖျော့တော့လာသည်။
ဂျူလီယန်က အားနည်းနေတဲ့ကောင်လေးတစ်ယောက် မဟုတ်ဘူးပဲ။ ရိုးရိုးစင်းစင်းနဲ့ သူ့ရဲ့ငယ်ရွယ်မှုမှာ ယုံကြည်မှုအပြည့်ရှိနေတဲ့သူတစ်ယောက်ပဲ ဖြစ်သည်။ ဒါပေမယ့်လည်း ဂျူလီယန်ကအိုမီဂါတစ်ယောက်ဖြစ်နေတဲ့ အချက်ကတော့ လူးရှပ်စ်ကို ဆက်ပြီး အထင်သေးစေမိနေတုန်းပါပဲ။
လူးရှပ်စ်ကတော့ ကလေးကို အထင်သေးနေတဲ့ ဗီလိန်ကြီးဖြစ်နေတုန်းပဲ >< သူ့ကိုဆက်ပြီးအတူတူစောင့်ကြည့်ကြတာပေါ့နော် 👀❤️
Thanks for your interest ( ˘ ³˘)♥
#L
Zawgyi
[T/N: နိုရယ်လေး မမဆီလာ ( T_T)\(^-^ ) ]
"ညီ,ညီလေး...."
#L
Continue Reading
You'll Also Like
569K 70.1K 89
FIND THE SOUL & LOVE HIM..... Start date_29.7.2020 End Date_ 26.12.2020. #Own Creation #Both Unicode and Zawgyi can be available!
17.7K 2K 16
Uni 'ငါ့မှာစွမ်းအားသာရှိရင် လတစ်လရဲ့ ဒုတိယမြောက်အပတ်ကို ဖြုတ်ထားလိုက်ချင်တယ်' 'ဘာလို့လဲ' 'အဲ့ဒီအပတ်ရဲ့ တနင်္လာနေ့ကို ကြောက်လို့လေ' Cover by Pinterest...
1.2M 64.1K 50
263K 34.4K 92
အထီးကျန်မှု ကလေးဘဝထဲက နာကျင်မှုတွေကိုသာ ခံစားခဲ့ရရှာတဲ့ ယွမ်ချင်းတစ်ယောက် သေဆုံးသွားသောအခါ System ဆိုတဲ့အရာရဲ့ကယ်တင်ခြင်းခံရပြီး ကောင်းမွန်တဲ့ဘဝကိုရေ...