စိမ်း : ရောက်ပြီလား
: အင်း တတ်တော့
လမ်းပြောအုန်း ရှင့်အိမ်ကိုမသိဘူး
ကားထဲမှာအင်္ကျီုအဖြူအပါးလေးနှင့်
ဘောင်းဘီပေါင်လည်လောက်လေးကိုဝတ်ထားပြီး
ဆံပင်ကိုစုကာထုံးစည်းထားသည်မှာ
ကလေးပုံစံလေးပင်
လွိုင်း : ဘာကြည့်တာလဲ
စိမ်းသူ့ကိုကြည့်နေတာသိတော့
အနေခက်သည့်ပုံနှင့်
: မင်းပုံက
: ဪ အိမ်နေရင်းနဲ့လာတာလေ
ဘယ်သူနဲ့မှတွေ့စရာမှမရှိတာ
ရှင်တစ်ယောက်ရှိတာ
:ရေရော်ချိုးခဲ့ရဲ့လား
ကြည့်ရတာ ညစ်တီးညစ်ပတ်နဲ့
စိမ်းကိုမျက်စောင်းထိုးကြည့်လာကာ
:ဟာ မအိပ်ခင်ကတင် ရေချိုးပြီးပါပြီ
ရှင်ကိုအိမ်လိုက်ပို့ပေးမဲ့သူကိုဒီလိုပြောစရာလား
:တို့ က ညစ်ပတ်တာမကြိုက်ဘူးလေ
ကြည့်အုန်း စုတ်တီးစုတ်ပျက်လေး
ပခုံးပေါ်ကသူ့အင်္ကျီစလေးကိုမကာပြောတော့
စိမ်းလက်ကိုပုတ်ထုတ်သည်
: ဘယ်မှာ စုတ်ပျက် နေလို့လဲ
အိမ်နေရင်းနေရင်တောင်ရှင်ပြောသလို
တစ်ခါမှစုတ်စုတ်ပျက်ပျက်မနေဖူးဘူး
စိမ်းရယ်မိတော့ စိမ်းကိုမျက်စောင်းထိုးသည်လေ
*ဒီကလေးကတကယ့်ကလေးလိုဘဲ
ချစ်စရာတော့ကောင်းသား
တကယ်တော့ သူ့ပုံလေးကချစ်စရာလေးပင်မို့
သပ်သပ် စနောက်နေသည်
: မင်းပါးတွေကဖောင်းအစ်နေတာဘဲ
အခုမှအိပ်ရာကထလာတာလား
သူ့ပါးကိုစိမ်းလက်ညိုးနဲ့တို့တော့
စိမ်းလက်ကိုတွန်းထုတ်သည်
: ဟုတ်တယ်
: အယ် မင်း ကလေးလိုကြီး
အခုထိနေနေတုန်းလား
တို့ကမင်းရည်းစားတွေမှိုလိုထားပြီး
အလန်းလေး ထင်နေတာ
:ဘယ်သူကရည်းစားတွေမှိုလိုထားနေလို့လဲ
လွိုင်းမြန်မာ က အရှုပ်အရှင်းကင်းတယ်
အဲ့ဒါတွေထားပါ ရှင့်ကိုပြောနေတာနဲ့
နောက်ကျတော့မယ် ရှင့်အိမ်
သွားတဲ့လမ်းကိုပြောပါဆိုနေ
: ဒီလမ်းတန်းတန်းသွား
ပြီးရင် ၆၂ လမ်းပေါ်တတ်လိုက်
ထိုနေရာမှထွက်ခွာလာပြီး
: မင်းကဘယ်သွားစရာရှိလို့လဲ
:ဘယ်မှသွားစရာမရှိပါဘူး
ရှင့်ကိုလာကြိုပေးရုံဘဲ
စိမ်းကိုမကြည့်ဘဲကားကိုသာ
ဂရုတစိုက်မောင်းနေသည့်
ထိုကလေးကိုငေးကြည့်မိတော့
ကားဘက်မှန်မှတစ်ဆင့်
စိမ်းဆီကိုကြည့်လိုက်သည့်လွိုင်း
.
.
.
: ရပြီ ဒီအိမ်ဘဲ
အိမ်ထဲဝင်အုန်းမလား
စိမ်းကိုကြည့်ပြီးမျက်နှာလွဲကာ
ရှေ့ကိုကြည့်နေပြီးတစ်ခုခုစဥ်းစားနေသလိုနှင့်
လွိုင်းမျက်တောင်လေးဟာတစ်ဖျက်ဖျက်ခပ်လျှက်
ပြီးမှ စိမ်းဆီကိုဆက်ကနဲပြန်လှည့်ကြည့်သည်
: အွန်း ဝင်မယ်
: အဲ့ဆို ကားပေါ်ကဆင်းလေ
ကားပေါ်ကဆင်းလာပြီး
စိမ်းအနောက်မှလိုက်လာသည်
: သမီးဧည့်သည်ပါတာလား
: ဟုတ်မေမေ ဒါဆရာ့ရဲ့ မြေးလွိုင်းမြန်မာ
: ငယ်သေးတာဘဲရော် သမီးက
မေမေ့ကိုရယ်ပြနေသည်ကချစ်စရာ
: ကလေးအတွက်မုန့်ယူခဲ့ပါအုန်း သမီးရေ
: မေမေ သူက ကလေးမှမဟုတ်တာ
စိမ်းစနောက်တော့သူက
စိမ်းကိုမျက်စောင်းတထိုးထိုးနှင့်
သူလဲ ခဏခဏတိုင်း
မျက်စောင်းတွေကြည့်ထိုးနိုင်လွန်းတယ်
စိမ်းအင်္ကျီလဲပြီးအောက်ဆင်းလာတော့
လွိုင်းကစိမ်းကိုကြည့်လာသည်
စိမ်းမှာဂါဝန်အဝါနုလေးနှင့်အိမ်နေရင်း
ပုံစံလေးကတစ်မျိုးလေး လှသည်ကို
လွိုင်းမှာတစ်ချက်ချင်းစီလိုက်ကြည့်နေလေရဲ့
လွိုင်း *အတော်တော့လှရက်သား
စိမ်းကိုကြည့်နေတာသိသည်မို့
စိမ်းကပြုံးတုန်းတုန်းဖြစ်သွားတော့
သူကမသိချင်ယောင်ဆောင်ကာမျက်နှာလွဲသည်
: သမီးကားကမပြင်ရသေးဘူးလား
: ဆိုင်တော့ပို့ထားတယ် မေမေ
တစ်ပတ်လောက်တော့ကြာအုန်းမှာလို့ပြောတယ်
မီးဖိုချောင်ထဲဝင်သွားသည့်စိမ်းကို
သူလိုက်ကြည့်နေပြန်သည်
မျက်နှာချင်းဆိုင်မိလျှင်လည်း
သူဘက်ကစပြီးမျက်နှာလွဲအုန်းမည်
: ကျေးဇူးနော် သမီး
စိမ်း က အဲ့လိုဘဲ ဖြစ်သလိုနေတော့
အိမ်အပြန်တွေကသိပ်စိတ်မချရဘူးသမီးရဲ့
: ဟုတ် ရပါတယ်
မေမေကိုပြုံးပြီးခေါင်းငြိမ့်ပြသည်
: ဘာတွေပြောနေကြတာလဲ
လွိုင်းအနားကိုမုန့်ပန်းကန်နှင့်ရောက်လာကာ
လွိုင်းကိုစနောက်သလို နားရွက်လေးကိုအသာလေး
ပွတ်သပ်လိုက်ကာ
: နန်းစိန်ကိတ်မုန့် ကို မင်းကြိုက်တယ်မလား
: ကြိုက်ပါတယ်
: တို့ကမေမေနဲ့နှစ်ယောက်တည်းနေတော့
ကလေးကြိုက်တဲ့မုန့်တွေဝယ်လေ့မရှိတော့
: ကျွန်မကလေးမဟုတ်ပါဘူး
မျက်ခုံးလေးကိုတွန့်ချိုးလျှက်
လွိုင်းခပ်ဆက်ဆက်အသံနှင့်
စိတ်ဆိုးသလိုပြောတော့မေမေကရယ်သည်
: အာ ကလေးမဟုတ်ဘူးလား
မုန့်စားနေသည်မို့ပါးကပိုဖောင်းလာသည်ကို
စိမ်းကလက်ဖြင့်ညစ်တော့
စိမ်းကိုမျက်စောင်းထိုးပြီး
စိမ်းလက်ကိုတွန်းထုတ်သည်
: သမီးကလဲ လွိုင်းကိုစမနေပါနဲ့
. . . . . . . . . .
မုန့်စားပြီးနောက် အိမ်ပြန်တော့မည်ဟု
ပြောလာသည်မို့ ခြံဝကိုလိုက်ပို့တော့
လက်လေးကိုနောက်သို့ပြစ်ကာ
စိမ်း ကို လှည့်ကြည့်သည်
စိမ်း : ကားကိုသေချာမောင်းအုန်း
: သိပါတယ်
စိမ်းကိုအလကားနေရင်းတောင်
မျက်စောင်းထိုးနိုင်လွန်းသူပါ
လွိုင်း : ပြန်ပြီ
လှည့်ထွက်သွားသည့်
လွိုင်းရဲ့ကျောပြင်ကိုစိုက်ကြည့်ရင်းသာ
ဒီကလေးကို မှ တစိမ့်စိမ့်နဲ့ကြည့်ပြီး
ချစ်မိနေရတယ်လို့
နီလာစိမ်းကတော့ ရာဇဝင်ရိုင်းကုန်ပါပြီ
>>>>>>>>>>>>>>>>>>>>>>>>>>>
ညနေခင်းအဘိုးဖြစ်သူဆီလာရင်း
ဆေးရုံထဲက ပန်းခြံအတွင်းမှာထိုင်နေသည့်
လွိုင်း ကိုမြင်လိုက်သည်မို့
: ရော့
ဖုန်းကြည့်နေရင်း
မုန့်လာပေးသည့်စိမ်းကိုကြည့်လိုက်
မုန့်ကိုကြည့်လိုက်နှင့်
: ဟာ့ လဘ်ထိုးတာလား
မျက်ခုံးလေးပင့်တတ်ကာ
ရွှတ်နောက်နောက်လေသံနှင့်
ရုပ်တည်နေလျှင်လည်း
တစ်ချက်မှမပြုံးမရယ်
အခုကျတော့လဲရုပ်လေးဟာ
ပြုံးတုန်းတုန်းလေးပင်
စိမ်းကိုမြင်လို့ပြုံးသည်လား
မုန့်ကိုမြင်လို့ပြုံးသည်လား
: ဘာရယ်!
စိမ်းစိတ်ဆိုးတော့သူကရယ်သည်
: ဘာဘဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်
မျက်တောင်လေးဝပ်ဆင်းသွားသည့်ပုံစံလေးနှင့်
မုန့်စားနေသည့်လွိုင်းရဲ့
ပါးဖောင်းဖောင်းလေးတွေကိုဖြစ်ညစ်ချင်စရာ
သူစားနေသည်ကိုဘေးမှခုံကိုမှီကာကြည့်နေသည့် စိမ်းကိုကြည့်လာပြီး
သူကနှုတ်ခမ်းလေးကိုလျှာဖြင့်သပ်ကာ
: စားအုန်းမလား
: တို့ကြွေးတဲ့မုန့်ကို
တို့ကိုပြန်လာကြွေးနေရတယ်လို့
မင်းဟာလေ တကယ့်ကလေးဘဲ
: လွိုင်းအသက် အခုမှ၂၀ ကျော်ဘဲ ရှိသေးတာ
ရှင်ကသာ အသက်ကြီးနေတာ
စိတ်ထဲကချစ်စရာလေးဟု
ချီးကျူးနေသမျှကို
ပြန်ရုတ်သိမ်းချင်စိတ်တောင်ပေါ်လာမိသည်
မုသားမပါလင်္ကာမချော ဟူသည့် စကားပုံကို
ဒင်း က မကြားဖူးသည်လား
ဟန်ဆောင်ပန်ဆောင်လေးတော့
အရွယ်တင်တယ်လှတယ်လို့တော့ ပြောသင့်တာပေါ့
: မင်း ဘာပြောလိုက်တာလဲ
လူတိုင်းဆီကချီးကျူးစကားသာကြားရတတ်သည့်နီလာစိမ်းမှာအခုဆိုလျှင်ဒီကလေးဆီက
အသက်ကြီးနေသည်ဟု ခနဲ့ခံလိုက်ရသည်မို့
စိတ်ဆိုးသွားရသည်
: လွိုင်း ထပ်အသက်ကြီးတာလေ အဲ့ဒါပြောတာ
: မင်း တို့ကိုစကားကောင်းပြောလို့မရဘူးလား
မင်းကိုမုန့်လာကြွေးတဲ့သူကို မင်းမို့
မင်းကိုစိတ်တိုလိုက်တာတအားဘဲ
သွားပြီ! ဒီစောက်ကလေးပိတ်ကန်ပြစ်လိုက်ရ
မကောင်းရှိတော့မယ်
စိတ်ဆိုးကာခြေစောင့်သွားသည့်စိမ်းကို
မုန့်စားရင်းလိုက်ကြည့်နေသည့်လွိုင်း
လွိုင်း : အမှန်ပြောတဲ့ဟာကို ဘာလို့စိတ်ဆိုးရတာလဲ
.
.
မျက်စောင်းတထိုးထိုးနှင့်
ပွစိပွစိပြောကာဝင်လာသည့်စိမ်း
: ဘာဖြစ်လာတာလဲ
: ဘာဖြစ်လာရမှာလဲ ဟိုကလေးမလေ/-
: ဘယ်ကလေးမ?
: ဘာမှမဟုတ်တော့ဘူး
စိမ်းကစကားပြောနေရင်း
အပြင်ကိုလှမ်းကြည့်တော့
နဒီကပါလွိုင်းကိုမြင်သွားလေသည်
: အဲ့ဒါ နင်အသိလားခေါ်လိုက်လေ ဒီကို
: ခေါ်စရာကိုမလိုပါဘူး
အဲ့ကလေးကဆေးရုံအုပ်ရဲ့မြေး
မွန် : ဟယ် ဟုတ်လား ဘယ်မှာလဲ
မွန်ကပါပြတင်းပေါက်ဆီကို
စပ်စပ်စုစုပြေးကြည့်လေသည်
နဒီ : ဆရာဆီလာတာမြင်ဖူးသလိုဘဲ
မွန် :ကလေးမလေး က ချစ်စရာလေးနော်
နဒီ : စိမ်း နင်ကိုလိုက်ပို့ပေးတဲ့တစ်ယောက်မလား
: ဟုတ်တယ် သူဘဲ
လက်တို့ကာမေးလာသည်မို့
နဒီကိုခေါင်းငြိမ့်ပြလိုက်သည်
နဒီ : စိမ်း နင်ကလဲ
ကလေး က ငယ်သေးတာကို
: မောင် ငါကရော်
ဘာလုပ်မယ်လို့ပြောနေလို့လဲ
တကယ်ပါဘဲ နင်တအားနက်နက်နော်နော်
တွေးထည့်လိုက်တာဘဲ
နဒီ : မသိဘူးလေ နင်ကပြုံးနေတော့
မွန် : အမလေး နဒီမောင်နင်လဲနော်
အတွေးတွေနက်နည်းနေတာ
ပြောမပြောချင်ပါဘူး
: အိုခေ အိုခေ မပြောတော့ဘူး
အခုဘာဖြစ်လာတာလဲ စိမ်းက
: အဲ့ဟာလေးလေ ငါ့ကို ..............
.
.
နဒီ : ဘယ်နှဲ့လဲ နင့်ဟာလေးက
နီလာစိမ်းတို့လူတကာကိုချေငံခဲ့သမျှ
အခုတော့ဆုံးမပေးမဲ့သူပေါ်လာပြီ ဟား
နဒီ နဲ့ မွန် မှာ သဘောကျကာ တဟားဟားနှင့်ပင်
: လွန်လွန်းတယ် သူထပ်အသက်ကြီးတာနဲ့ဘဲ
အဲ့လိုတည့်ပြောစရာလား ငါလေ
သူ့ကိုပိတ်ကန်ပြစ်လိုက်ချင်တယ် တအားဘဲ
အပြင်ကလွိုင်းကိုမျက်စောင်းထိုးကာ
ကြည့်နေသည့်စိမ်း
လွိုင်းမှာတော့စိမ်းကြည့်နေသည်ကိုမသိသလို
ဆိုင်ကယ်ကို အရှိုန်နှင့်မောင်းထွက်သွားလေသည်
နဒီမောင် : အဟမ်း ဖက်နမ်းပြစ်ချင်တယ်
ပြောစမ်းပါဟယ်
စိမ်းကြည့်နေသည်ကိုနဒီကမြင်သည်လေ
မွန် : မောင် အဲ့ဒါကြောင့်လဲ နင့်ကို
ဆေးရုံကသူနာပြုမလေးတွေလဲ
ကြောက်နေကြတာ
: ငါဘာမှမလုပ်ဘူး သူတို့ဘာသာ
ငါ့ကိုရှိုန်နေတာ
စိမ်း : အဲ့လို တည့်တွေကြည့် ပြောချလိုက်တာကို
မောင် : ငါကအမှန်ပြောတာဘဲလေ
စိမ်း က သူ့ကလေးကို
အူယားပြီးဖက်နမ်းပြစ်ချင်နေတာ
တစ်ပိုင်းကိုသေတော့မလိုဘဲ
စိမ်း : အဲ့လောက်တော့ မဟုတ်လေဘူးနော်
မောင် : ငါဖြင့် အဲ့လိုဘဲ မြင်တာကို
မွန် : တော်တော် တော်ကြတော့
လူကြားမကောင်းဘူး လုပ်လုပ်
ငါတို့လူနာကြည့်ရတော့မှာကို
တကယ်လဲ စိမ်း ထိုကလေးကို
မြင်လိုက်ရတိုင်း အသည်းတယားယားပင်
ပါးဖောင်းဖောင်းလေးနဲ့ရယ်လိုက်လျှင်
သွားစွယ်လေးတွေကဖွေးတေးတေးနှင့်
တစ်ခါတစ်ခါတွေ့ရတတ်သည့်
ဂျစ်တစ်တစ်မျက်နှာပေးလေး
ဆံပင်ကိုဖြီးလိမ်းရမည်ကိုစိတ်မရှည်သည့်
ထိုကလေးမလေးလေးဟာအမြဲဆံပင်ကို
ဖြစ်သလိုစည်းနှောင်ထားတတ်သည်
ဖြူနုနုအသားအရည်လေးတွေ ရှည်သွယ်သွယ်
လက်ချောင်းလေးတွေရဲ့ အထိအတွေ့အထိ
သူ့ရဲ့အငွေ့အသက်ကလေးကအစ
စိမ်းဂရုတစိုက်ကြည့်ခဲ့မိသည်
ပြန်တွေးရင်းတော့ရှက်မိသား
ကိုယ်ကသာလွိုင်းကိုချစ်နေတာ
လွိုင်းသိသွားလျှင်စနောက်နေမည်လားမသိ
>>>>>>>>>>>>>>>>>>>>>>>>>>>>>
ကလေးချစ်တတ်လား
အဲ့စကားကိုကြားတိုင်း
ရယ်နေမိသည်ကအမှန်ပါ
ကလေးဆိုလျှင် တို့မျက်လုံးထဲ
မင်းကိုဘဲပြေးမြင်နေတာ
ဘယ်လိုလုပ်ရပါ့မလဲ
မင်းစိတ်နဲ့ရူးတော့မှာအသေချာပါဘဲကွာ
@ SxinNatNwe
အချိန်ကကြာသွားတော့
မေ့များသွားကြလေမလား ပျိုတို့ရေ...
ကိုယ် လည်း စာမရေးဖြစ်လို့ sorry ပါ
Zawgyi
စိမ်း : ရောက်ပြီလား
: အင်း တတ်တော့
ကလေးပုံစံလေးပင်
လွိုင်း : ဘာကြည့်တာလဲ
အနေခက်သည့်ပုံနှင့်
: မင်းပုံက
:ဪဒါလား အိမ်နေရင်းနဲ့လာတာလေ
ရှင်တစ်ယောက်ရှိတာ
အံ့ဩပါ့
သပ်သပ် စနောက်နေသည်
: ဟုတ်တယ်
: အယ် မင်း ကလေးလိုကြီး
အခုထိနေနေတုန်းလား
အလန်းလေး ထင်နေတာ
: ဒီလမ်းတန်းတန်းသွား
ကားဘက်မှန်မှတစ်ဆင့်
.
.
.
: ရပြီ ဒီအိမ်ဘဲ
အိမ်ထဲဝင်အုန်းမလား
: အွန်း ဝင်မယ်
ကားပေါ်ကဆင်းလာပြီး
: သမီးဧည့်သည်ပါတာလား
: ငယ်သေးတာဘဲရော် သမီးက
စိမ်းစနောက်တော့သူက
သူလဲ ခဏခဏတိုင်း
: ကျေးဇူးနော် သမီး
: ဟုတ် ရပါတယ်
: ဘာတွေပြောနေကြတာလဲ
ပွတ်သပ်လိုက်ကာ
: ကြိုက်ပါတယ်
: အာ ကလေးမဟုတ်ဘူးလား
. . . . . . . . . .
: သိပါတယ်
လွိုင်း : ပြန်ပြီ
လှည့်ထွက်သွားသည့်
ချစ်မိနေရတယ်လို့
>>>>>>>>>>>>>>>>>>>>>>>>>>>
: ရော့
ဖုန်းကြည့်နေရင်း
: ဟာ့ လဘ်ထိုးတာလား
ရုပ်တည်နေလျှင်လည်း
တစ်ချက်မှမပြုံးမရယ်
: ဘာရယ်!
: စားအုန်းမလား
မင်းဟာလေ တကယ့်ကလေးဘဲ
ရှင်ကသာ အသက်ကြီးနေတာ
စိတ်ထဲကချစ်စရာလေးဟု
ချီးကျူးနေသမျှကို
ဒင်း က မကြားဖူးသည်လား
: မင်း ဘာပြောတယ်
စိတ်ဆိုးသွားရသည်
မကောင်းရှိတော့မယ်
.
.
: ဘာဖြစ်လာတာလဲ
: ဘယ်ကလေးမ?
: ဘာမှမဟုတ်တော့ဘူး
: ခေါ်စရာကိုမလိုပါဘူး
: ဟုတ်တယ် သူဘဲ
နဒီ : စိမ်း နင်ကလဲ
ကလေး က ငယ်သေးတာကို
: မောင် ငါကရော်
တွေးထည့်လိုက်တာဘဲ
အတွေးတွေနက်နည်းနေတာ
ပြောမပြောချင်ပါဘူး
: အဲ့ဟာလေးလေ ငါ့ကို ..............
.
.
ကြည့်နေသည့်စိမ်း
ပြောစမ်းပါဟယ်
ကြောက်နေကြတာ
ငါ့ကိုရှိုန်နေတာ
စိမ်း က သူ့ကလေးကို
>>>>>>>>>>>>>>>>>>>>>>>>>>>>>
ကလေးချစ်တတ်လား
ရယ်နေမိသည်ကအမှန်ပါ
ဘယ်လိုလုပ်ရပါ့မလဲ
@ SxinNatNwe
အချိန်ကကြာသွားတော့