ဖေဖေဖြစ်ရတာပျော်နေတဲ့ ဗီလိန်က...

By Cloudy_blueey

7.3K 721 16

'A' မြို့မှာရှိတဲ့ ပိုင်group ရဲ့ဥက္ကဠနှင့်ဇနီးက ‌လေယာဉ်ပျက်ကျမှုမှာ သေသွားပြီး 3နှစ်အရွယ် ကလေးလေးကို အမွေတွေ... More

Description [U]
ချမ်းသာတဲ့ဒုတိယမျိုးဆက်ဖေဖေကြီး Arc 1.1 [U]
ချမ်းသာတဲ့ဒုတိယမျိုးဆက်ဖေဖေကြီး Arc - 1.2 [U]
ချမ်းသာတဲ့ဒုတိယမျိုးဆက်ဖေဖေကြီး Arc - 1.4 [U]
Description [Z]
ချမ်းသာတဲ့ဒုတိယမျိုးဆက်ဖေဖေကြီး Arc - 1.1 [Z]
ချမ်းသာတဲ့ဒုတိယမျိုးဆက်ဖေဖေကြီး Arc - 1.2 [Z]
ချမ်းသာတဲ့ဒုတိယမျိုးဆက်ဖေဖေကြီး Arc - 1.3 [Z]
ချမ်းသာတဲ့ဒုတိယမျိုးဆက်ဖေဖေကြီး Arc - 1.4 [Z]

ချမ်းသာတဲ့ဒုတိယမျိုးဆက်ဖေဖေကြီး Arc - 1.3 [U]

669 119 0
By Cloudy_blueey

ညစာစားဖို့အချိန်ရောက်နေပြီမလို့ မစ္စလော့ကနေပြီး အိမ်စေတွေကို ထမင်းဝိုင်းပြင်ခိုင်းနေသည်။

သိပ်မကြာဘူး စားပွဲပေါ်မှာ အရသာရှိတဲ့အစားအစာအနံ့တွေနဲ့ ပြည့်လျှံသွားသည်။

အဲ့အချိန်မှာပဲ အိမ်ကြီးရှင်သခင်ကို နှုတ်ဆက်နေတဲ့ အိမ်စေတစ်ယောက်ရဲ့အသံထွက်လာသည် "ပြန်လာတာ ကြိုဆိုပါတယ် မစ္စတာလော့"

"‌ဟုတ်ပြီ...." မစ္စတာလော့က သူ့ဖိနပ်ကိုချွတ်လိုက်ပြီး အိမ်စီး slippers လေးကို လဲစီးလိုက်သည်။ ဘေးကိုငုံ့ကြည့်လိုက်တော့ အမွှေးလုံးလေးက သူ့နောက်နားမှာပဲရှိနေသေးသည်။ အိမ်တော်မှာ ကလေးသေးသေးလေးမရှိတာမလို့ သူမအတွက်လဲစီးစရာဖိနပ်မရှိဘူးဖြစ်နေ၏။

"မီးမီးဖိနပ်ကို ချွတ်လိုက်ပါ့မယ်.... slippers စီးဖို့မလိုပါဘူး" လူတွေရဲ့စိတ်ကို နားလည်နိုင်စွမ်းမြင့်မားတဲ့ ယင်ယင်သေးသေးလေးက ဝင်ပြောလာသည်။

ဧည့်ခန်းကြီးတစ်ခုလုံးက ကော်ဇောတွေအပြည့်ခင်းထားတာမလို့ သူမဖိနပ်မစီးရင်တောင် ဘာပြဿနာမှမရှိပေ။ မစ္စတာလော့က ခေါင်းငြိမ့်လိုက်ပြီး သူမလေးရဲ့ဖိနပ်ကို ကူချွတ်ပေးဖို့ လုပ်လိုက်သည်။

သူမလေးက ပြတ်ပြတ်သားသားငြင်းလိုက်ပြီးမှ သူမဘာသာ ဖိနပ်ချွတ်နေလိုက်သည်။

ယင်ယင့်တုံ့ပြန်ပုံက အန်ကယ်ကြီးကို ကြောင်အသွားစေချိန်မှာပဲ သူမကတော့ မျက်လှည့်ပြသလိုအလျှင်နဲ့ ဖိနပ်တွေကို ချွတ်ပြီးနေပြီ။ သူမက သူမရဲ့ပန်းရောင် မင်းသမီးဖိနပ်လေးကို မစ္စတာလော့ရဲ့ဖိနပ်ကြီးဘေးမှာ ချထားလိုက်ပြီး အနားမှာလည်း အပြာရောင် slippers တစ်ရံကိုတွေ့လိုက်ရသည်။ ပန်းရောင်ဖိနပ်လေးက ဖိနပ်အကြီးနှစ်ရံနားမှာ လှဲနေပုံက မထင်မှတ်ထားစဖွယ် လိုက်ဖက်ညီနေလေသည်။

ယင်ယင်လေးက ခိုးချောင်ခိုးဝှက်ကြည့်လိုက်ပြီးမှ သူမနှုတ်ခမ်းလေးတွေက တွန့်ကွေးသွားသည်။ သူမနားရွက်လေးတွေကတော့ သူမလုပ်နေပုံကို တွေ့သွားမှာစိုးသည့်အလား နီရဲနေလေသည်။ သူမရဲ့ဖိနပ်သေးသေးလေးတွေက သူမဖေဖေရဲ့ slippers ဘေးမှာရှိနေတယ်!!

သူမရဲ့ သေးငယ်ပြီး ချစ်ဖို့ကောင်းတဲ့ လက်တုတ်တုတ်လေးတွေက ဦးတည်ရာမဲ့နေသလို သူမရဲ့ ဖြူဖြူဖွေးဖွေး ခြေထောက်တုတ်တုတ်လေးတွေကို လျှောက်ပွတ်နေမိသည်။

မစ္စတာလော့: "......"

သူ မနေနိုင်ပဲ တွေးနေမိတယ်။ သူက "ဦးလေး"လို့ အခေါ်ခံရမှာလား?? "ဖိုးဖိုး" လို့အခေါ်ခံရမှာလား??

မဟုတ်ပါဘူး.... သူ ဘာလုပ်ချင်နေမိတာလဲ?? လက်ရှိအဓိကပြဿနာက သူ့သားမှာ ဘယ်တုန်းက ဒီလောက်ကြီးတဲ့သမီးရှိသွားရတာလဲ??

အဖေတစ်ယောက်အနေနဲ့ မစ္စတာလော့က သူ့ရဲ့မယုံကြည်ရတဲ့သား လော့ရှန်းအကြောင်း ကောင်းကောင်းသိသည်။ ပြီးတော့ ဒီကလေးက သူ့သားရဲ့ကလေးဟုတ်လားဆိုတာတောင် သူမသေချာဘူး။

ဒီကလေးမသေးသေးလေးက အရမ်းချစ်ဖို့ကောင်းပြီး သူ့ဘေးမှာ ရှက်ရွှံ့စွာရပ်နေကာ သူ့ကို ချစ်ဖို့ကောင်းစွာကြည့်နေ၏။ မစ္စတာလော့ရဲ့ ပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့ ဖခင်စိတ်တွေက တဖွားဖွားပေါ်ပေါက်လာခဲ့သည်။

သူက ဖော်ရွေတဲ့အပြုံးလေးပြုံးပြဖို့ ကြိုးစားလိုက်ပေမယ့်လည်း တစ်ခြားတစ်ဘက်ရဲ့မျက်လုံးထဲမှာ ကြောက်ဖို့ကောင်းတဲ့ ရက်စက်တဲ့မျက်နှာကြီးဖြစ်နေသည်။ ဦးထုပ်နီကောင်မလေးကို ပြန်ပေးဆွဲမယ့် ဝံပုလွေကြီးအတိုင်းပင်။

ကံကောင်းတာက ယင်ယင်က ကြောက်တတ်တဲ့ကလေးလေး မဟုတ်ဘူး။ သူမရဲ့ အလိုလိုသိစိတ်က တိရစ္ဆာန်ပေါက်စလေးတွေလိုပင်။ ဒီအန်ကယ်ကြီးက သူမကို အန္တရာယ်မပေးချင်တာ သိနေတဲ့အပြင် သူမဖေဖေကို တွေ့နိုင်ဖို့ ဒီအန်ကယ်ကြီးကို အားကိုးရဦးမည်။ ရုတ်တရက် သူမခေါင်းလေးကို မော့လိုက်ပြီး ချိုသာတဲ့အပြုံးလေးနဲ့ "အန်ကယ်... ဖေဖေ အိမ်မှာရှိလား?"

မစ္စတာလော့: "......"

အဲ့အကောင်စုတ်က သေသွားပြီ!!!

မစ္စလော့က တံခါးကအသံတွေကြားတော့ ထွက်လာသည်။

ပုံမှန်လိုပင် သူမယောက်ျားကို နှုတ်ဆက်ဖို့လုပ်လိုက်တဲ့အချိန် သူမရှေ့က မြင်ကွင်းကြောင့် ကြောင်အသွားသည်။ သူမပြောချင်တဲ့စကားတွေတောင် ထွက်မလာတော့ဘူး။

သူမယောက်ျားက နှစ်နှစ်၊သုံးနှစ်ပဲရှိဦးမယ့် ချစ်စရာကလေးမကို ငုံ့ပြီး စကားပြောနေတယ်။ မစ္စလော့က ရှေ့နောက်ပြန်ကြည့်ပြီးမှ မေးလိုက်သည် "ဒီဟာလေးက??"

"အိမ်ရှေ့ဂိတ်တံခါးမှာ ငုတ်တုတ်လေးထိုင်နေတာ တွေ့လို့"

မစ္စတာလော့က "အန်ကယ်" လို့ခေါ်ခိုင်းရမလား၊ "ဖိုးဖိုး" လို့ပင် ခေါ်ခိုင်းရမလားနဲ့ ဗျာများနေ၏။ သူမလေးက သူ့သားရဲ့တစ်ကယ့်မျိုးစေ့လေးဆို ဖိုးဖိုးလို့ခေါ်ခိုင်းတာက အဲ့ကောင်စုတ်ကို မျက်နှာသာပေးသလိုများ ဖြစ်သွားမလား??

သူကပြောလိုက်တယ် "သူမလေးကို မင်းနဲ့ခေါ်ထားလိုက်... ငါ လက်သွားဆေးဦးမယ်"

သူမနဲ့မရင်းနှီးတဲ့လူက အနားကပ်လာတော့ ဖက်ထုပ်လုံးလေးက နေရာမှာပင် ရပ်နေပြီး စိတ်လှုပ်ရှားစွာ သူမလက်နှစ်ဖက်ကို ပွတ်သပ်နေမိသည်။ သူမခြေထောက်က ဖိနပ်တွေကိုလည်း ချွတ်ပြီးနေပြီ။ နောက် သူမရဲ့ စိတ်လှုပ်ရှားမှုတွေကို ဖုံးကွယ်ဖို့ သူမလက်လေးတွေကို ဖွက်လိုက်ပြီး အရည်ရွှန်းလဲ့နေတဲ့ မျက်လုံးဝိုင်းကြီးတစ်စုံက ဖြူစင်ရိုးသားမှုအပြည့်နဲ့ ဘေးပတ်လည်ကို လိုက်ကြည့်နေသည်။

မစ္စလော့က သံသယတွေရှိနေပေမယ့်လည်း သူမရှေ့က မြင်ကွင်းလေးမှာ မတတ်နိုင်စွာ ကျရှုံးသွားရသည်။ သူမမထိန်းချုပ်နိုင်စွာ ကလေးမသေးသေးလေးရဲ့ ခေါင်းကို ပွတ်လိုက်မိတယ်။ မရည်ရွယ်ပါပဲ သူမ ကလေးမလေးခေါင်းကို ချစ်မက်နိုးမှုအပြည့်နဲ့ သွားသွားပုတ်မိနေသည်။

သူမက ပိုပြီးနှစ်လိုဖွယ်ကောင်းစွာ ပြုံးလာပြီး ကလေးမလေးလက်ကို‌ဆွဲကာ လျှောက်လာရင်း "မင်းနာမည် ဘယ်လိုခေါ်လဲ??"

"မီးမီးနာမည်က ယင်ယင်ပါ အန်တီ"

"ယင်ယင်လေးက ဘယ်ကလာတာလဲ?"

ပေါက်စီလုံးလေးက အနည်းငယ်ရှက်သွေးဖြာသွားပြီးနောက် ပြန်ဖြေသည် "အန်တီ ... မီးမီးမိသားစုက ဟိုးနားမှာနေတာ" သူမက အရှေ့ဘက်ကို လက်ညှိုးထိုးပြပြီးနောက် "နီးနီးလေးပဲလေ"

မစ္စလော့ကလည်း အတည်မယူပါဘူး။ ကလေးမလေးအိမ်ကို အရှေ့ဘက်လောက်မှာ ရှိလိမ့်မယ်လို့ပဲ တွေးလိုက်ပြီး သူမလက်လေးကို ကိုင်ထားကာ မေးခွန်းတွေမေးနေလိုက်သည်။

မစ္စတာလော့ လက်ဆေးပြီး ထမင်းစားခန်းဘက်ကိုထွက်လာတော့ သူ့အမျိုးသမီနဲ့ကလေးလေးက ထမင်းစားဖို့ စား‌ပွဲမှာ ထိုင်စောင့်နေတဲ့ မြင်ကွင်းလေးက စီးကြိုနေ‌သည်။ ဧည့်ခန်းက ထိုင်ခုံအမြင့်တွေက ကလေးအတွက် မသင့်တော်ဘူးဖြစ်နေသည်။ နောက်မှ မစ္စလော့က သူမသားရဲ့ အသုံးအ‌ဆောင်တွေကို မလွှတ်ပစ်ထားတာ သတိရသွားသည်။ သူမက အစေခံတွေကို စတိုခန်းက ခုံလေးတွေယူလာဖို့ ခိုင်းလိုက်သည်။
[T.N: ဖေဖေ‌လော့ရှန်းက ကလေးတစ်ယောက်တောင်ရတော့မယ် မာမားလော့က သူငယ်ငယ်တုန်းက ပစ္စည်းတွေ သိမ်းထားပေးတုန်း (。♡‿♡。)]

"လော့ရှန်း ကလေးတုန်းက သုံးခဲ့တဲ့တစ်ခုနော်"

ထမင်းစားပွဲမှာ မစ္စလော့က အဆုံးမရှိတဲ့မိခင်မေတ္တာတွေနဲ့ ကလေးမလေးကို တစ်ဇွန်းချင်းစီစားဖို့ ချော့မော့နေခဲ့သည်။ သူ့မိန်းမကို ကြည့်နေရင်း မစ္စတာလော့လည်း နူးညံ့စွာ ပြုံးလိုက်မိ၏။

စားသောက်ပြီးသွားတော့ ကလေးမကို အစေခံတွေက လက်ဆေးဖို့ခေါ်သွားချိန် မစ္စတာလော့က သူ့ဇနီးနားတိုးလာပြီး မေးလိုက်သည် "အဲ့ကလေးမလေးက ဘယ်ကလာလဲဆိုတာ မင်းသိလား??"

"ဘယ်ကပဲဖြစ်ဖြစ်ပေါ့... သူလည်း လူတစ်ယောက်ပဲမဟုတ်ဘူးလား?" မစ္စလော့ကတော့ စိုးရိမ်ပူပန်ခြင်း နတ္ထိ။

"အဲ့တာဆို နားထောင်"

"စားတာရပ်ပြီး... အသက်ကို ဝဝရှူထား...." မစ္စတာလော့မျက်နှာက တွန့်ချိုးသွားပြီး "အဲ့ကလေးမလေးက ငါတို့သားရဲ့ ကလေးဖြစ်နိုင်တယ်ကွ!!"

ခွပ်ကနဲ အသံနဲ့အတူ မစ္စလော့ရဲ့ဇွန်းက ဟင်းချိုပန်းကန်လုံးလေးထဲ ပြန်ပြုတ်ကျသွားပြီး ဟင်းချိုတွေ စင်ထွက်ကုန်သည်။ မစ္စလော့ရဲ့မျက်လုံးတွေကလည်း ပြူးကျယ်လာခဲ့တယ်။

မစ္စတာလော့ ယင်ယင်ပြောတာတွေ ပြန်ကြားလာခဲ့ပြီးနောက် သူ့အတွေးတွေကိုပါ ထပ်ပေါင်းထည့်လိုက်ကာ "ငါတို့ရဲ့ အားမကိုးရတဲ့သားက အမြဲတမ်း မယုံကြည်ရဘူးပဲ... ဖြစ်နိုင်တာ လွန်ခဲ့တဲ့သုံးနှစ်လောက်တုန်းက သူ့မျိုးစေ့တွေ ချန်ထားမိခဲ့တာပဲနေမယ်"

ယင်ယင်လက်ဆေးပြီးပြန်ရောက်လာတော့ မစ္စလော့က သူမလေးကို ကောက်ချီလိုက်ပြီး ထိုင်ခုံမှာ နေရာချပေးကာ "ငါတို့ရဲ့သားကို ဖုန်းခေါ်ပြီး ပြန်လာခဲ့ဖို့ပြောလိုက်... ဒါနဲ့ အခြေအနေတွေက ဘယ်လိုဖြစ်ကုန်တာလဲ?"

သူမက မျက်လုံးတွေကို အောက်စိုက်ပြီး ယင်ယင့်မျက်နှာလေးကို ဂရုတစိုက်ကြည့်လိုက်မိတယ်။ သူမရဲ့ ဖြူဖွေးနူးညံ့ပုံရတဲ့ ခပ်ပြည့်ပြည့်မျက်နှာလေးရယ် သိမ်မွေ့သေးငယ်တဲ့ အသွင်အပြင်နဲ့ ကြီးမားတောက်ပတဲ့မျက်လုံးတစ်စုံက လူတွေကို ယဉ်ကျေးပြီး ဖြူစင်တဲ့အကြည့်နဲ့ လိုက်ကြည့်နေသည်။ သူမလေးက ကောင်းစွာပြုစုပျိုးထောင်ခံခဲ့ရတာကို မြင်တာနဲ့ပြောနိုင်သည်။

ဒီလို ချစ်ဖို့ကောင်းပြီး နှစ်လိုဖွယ်ကလေးမလေးက သူမရဲ့မြေးမလေးတဲ့လား??

ခမ်းနားကျယ်ဝန်းတဲ့ဧည့်ခန်းထဲက ဆိုဖာခုံရှည်ကြီးပေါ်မှာ လူငယ်လေးတစ်ချို့က ပုံစံအမျိုးမျိုးနဲ့ လှဲလျောင်းနေကြပြီး တစ်ချို့ကတော့ အောက်က သားမွေးအခင်းပေါ် လှဲအိပ်နေကြသည်။

ဖုန်းမြည်သံတစ်ခုက အခန်းရဲ့တိတ်ဆိတ်မှုကို ချိုးဖောက်လိုက်တယ်။

"ဘယ်သူလဲကွ?? ဆူညံနေတာပဲ!!" ဟွမ်မောင်က အရင်ဆုံးနိုးလာခဲ့တယ်။ သူ့လက်မောင်းမှာ ကျားပုံ တက်တူးသေးသေးလေးရှိနေပြီး သူ့အပေါ်ဝတ်တွေလည်း ဘယ်ရောက်နေလဲ မသိဘူး။ သူ့မျက်လုံးကို ခက်ခက်ခဲခဲဖွင့်လိုက်ပြီးနောက် ကော်ဖီစားပွဲပေါ်မှာရှိနေတဲ့ ဖုန်းအမဲလေးက မြည်နေတာကို တွေ့လိုက်ရသည်။

ဟွမ်မောင်က ဖုန်းကို ယူကြည့်လိုက်တော့ "မစ္စယောင်" ဆိုတာကို ပြနေသည်။

လော့ရှန်းအမေရဲ့ မျိုးရိုးနာမည်က 'ယောင်' လေ။ ဟွမ်မောင် အိပ်ချင်စိတ်တွေတောင် ပျောက်သွားပြီးနောက် ဆိုဖာပေါ်မှာ အိပ်နေတဲ့လူကို လှုပ်နိုးလိုက်သည် "လော့ကော.... လော့ကော ထပါဦး!! မစ္စယောင် ဖုန်းခေါ်နေတယ်"

မစ္စလော့က သူမမျက်ခုံးတွေကို ပင့်လိုက်ပြီးမှ ဖုန်းကို ပြန်ကြည့်ပြီး စပီကာဖွင့်လိုက်သည်။ ဖုန်းတစ်ဘက်ခြမ်းက ဟောက်သံတစ်ချို့ကိုတောင် မပြတ်မသားကြားနေရတယ်။

သူမသားက အခုမှ နိုးလာပုံရပြီး သူ့အသံက ဝေဝေဝါးဝါးနဲ့ အက်ရှရှဖြစ်နေသည် "ဟယ်လို?"

မစ္စလော့က ဘာမှမပြောနိုင်သေးပဲ မစ္စတာလော့ကတော့ သူ့ကို အိမ်ချက်ချင်းပြန်လာဖို့ ဆဲဆိုအော်ဟစ်ချင်နေပြီ။

ဘယ်သူထင်မလဲ ဖုန်းတစ်ဘက်ခြမ်းက ယောက်ျားအသံကို ကြားလိုက်တာနဲ့ ယင်ယင်မျက်လုံးတွေ ပင့်တက်သွားပြီး ဖုန်းနားကို ကပ်သွားကာ အော်လိုက်သည် "ဖေဖေ!!"

မစ္စလော့: "......"

မစ္စ‌တာလော့: "......"

သူ့ဖုန်းကလည်း စပီကာဖွင့်ထားတာကြောင့် ယင်ယင့်အသံက သူ့ကိုတင်မကဘူး သူ့ဘော်ဒါတွေကိုပါ လန့်နိုးစေသည်။

"ဖေ.... ဖေဖေ??" ဟွမ်မောင်က တုန်လှုပ်သွားပြီးမှ သူ့ဘေးကလူကို ဂရုတစိုက် စူးစမ်းကြည့်ရင်း "လော့ကော.... အဲ့တာလေးက ဟိုပိုင်မိသားစုက ရွှေရုပ်လေးမလား??"

"အရမ်းကြီး အံ့ဩမနေနဲ့... ဒီအသံက သူကလွဲ ဘယ်သူရှိသေးလို့လဲ?"

"လော့ကော ပြောတာကလွယ်လိုက်တာ... အဲ့အရုပ်မလေးကို အိမ်ပြန်ပို့ဖို့ ခက်နေတာလား??" လော့ရှန်းက သု့သူငယ်ချင်းတွေ တွန်းအားပေးနေတဲ့ကြားက ဖုန်း speaker mood ကို ပိတ်လိုက်သည်။

ဟေး!!! ဒီရွှေရောင်အရုပ်ကလေးက ဒေါ်လာဘီလီယံချီတန်တယ်လေ... လော့မိသားစုထက်လည်း အများကြီးနိမ့်ကျနေတာမဟုတ်ဘူး!!

မင်းသာ ဒီရွှေအရုပ်လေးကို ရရင် ပိုင် group က ဘီလီယံဆယ်ချီတာကိုလည်း ရပြီလေ။ သူတို့က လော့ရှန်း မလှုပ်မယှက်ရှိနေတာကို အားမလိုအားမရဖြစ်နေကြသည်။ အဲ့နေ့တုန်းကလည်း မထင်မှတ်ထားစွာပဲ သူက အဝေးကို ထထွက်သွားပြီး ရွှေရောင်အရုပ်မလေးကို ချန်ထားခဲ့တယ်!!

ဘယ်သူ့ဆီမှာမှ အဲ့လိုသတ္တိမျိုးရှိမနေဘူး။

သူက ခဏလောက်ငြိမ်ကာ ထိုင်နေပြီးနောက် ဖုန်းချတဲ့အနီရောင်ခလုတ်လေးကို နှိပ်လိုက်သည်။

ပြီးတော့ ပြန်အိပ်သွားတယ်။

သူငယ်ချင်းများ: "......"

"မင်း အဖေဖြစ်ရတာမကြိုက်ဘူးလား?" ငါတောင် ဒေါ်လာဘီလီယံဆယ်ချီတန်တဲ့ အရုပ်မကလေးရဲ့အဖေဖြစ်ချင်နေတာလေ!!

"လော့ကော နိုးနေပြီမလား... ရွှေရောင်အရုပ်မလေးက မင်းတံခါးရှေ့ရပ်ပြီး သူမအဖေလုပ်စေချင်နေတာလေ... ငြင်းထုတ်ဖို့မကောင်းဘူးမလား??"

အညိုရောင်ဆံပင်နဲ့လူရွယ်က ပြောသမျှစကားတွေအပေါ် နားကန်းနေတဲ့လူတစ်ယောက်လို ပြုမူနေလိုက်သည်။ သူက ဆိုဖာပေါ်က ဂျက်ကက်တစ်ထည်ကို ကောက်လိုက်ပြီး သူ့ခေါင်းပေါ်အုပ်ထားလိုက်တယ်။ သူလှုပ်ဖို့တောင် ပျင်းနေပါပြီနော်။

မစ္စတာလော့က သူ့ဖုန်းနဲ့ခေါ်ရင် လော့ရှန်းဖုန်းချပစ်မှာစိုးလို့ မစ္စလော့ ဖုန်းနဲ့ခေါ်ခဲ့တာဖြစ်သည်။ သူမထင်ထားတာက ကလေး‌မ‌လေးရဲ့အသံထွက်လာပြီးတာနဲ့ သူ့သားက မစ္စလော့ရဲ့ဖုန်း‌ကိုတောင် ချပစ်လိုက်တာကိုပင်။

မစ္စတာလော့နဲ့ မစ္စလော့က အချင်းချင်းကြည့်လိုက်ပြီးနောက် ကလေးမလေးကို ပြန်ကြည့်လိုက်တယ်။

ယင်ယင်က ဘာလုပ်ရမလဲမသိဖြစ်နေပြီး သူမဖေဖေဖုန်းချသွားတာကိုလည်း သိနေတော့ အနည်းငယ် ပူဆွေးနေမိသည် "မီး... မီးမီးက...."

"ယင်ယင်က အဲ့လိုမရည်ရွယ်ပါဘူး"

သူမရှေ့က ဦးဦးနှင့်အန်တီက စိတ်ဆိုးသွားပြီး သူမကို မောင်းထုတ်လိုက်မှာစိုးတာကြောင့် သူမခေါင်းလေးငုံ့ပြီး ရှင်းပြမိသည်။

မစ္စလော့နဲ့သူမခင်ပွန်းက အချင်းချင်းကြည့်လိုက်ရင်း ဘာဖြစ်သွားလဲဆိုတာ တွေးနေကြသည်။ ကလေးရဲ့အသံကို အဲ့ကောင်လေး သေချာကြားလိုက်မှာပဲ။

မဟုတ်ရင် သူမဖုန်းကို သူဘယ်လိုတောင်ချရဲမှာလဲ??

သူမသားက သူမဖုန်းကို ချလိုက်တာ ဒီတစ်ခါကပထမဆုံးပင်။

သူမက သူ့ကိုပြန်မခေါ်တော့ပဲ တစ်ခြားနံပါတ်ကို ခေါ်လိုက်တယ်။

"Buzz...." ကော်ဖီစားပွဲပေါ်က vibrate mood ထားထားတဲ့ ဖုန်းက တုန်ခါလာသည်။ ဟွမ်မောင်က ကြက်သေသေနေပြီးမှ "လော့ကော.... လော့ကော ကျွန်တော့ဖုန်း"

ထိုလူကတော့ သူ့မျက်နှာကို ဂျက်ကက်အောက်မြှုပ်ထားပြီး ဟွမ်မောင်ကို လျစ်လျူရှုထားဆဲပင်။

"အာ... အန်တီက ကျွန်တော့်ကို ရိုက်တော့မှာပဲ..."

သူ့အ‌မေက ဒီဖက်ထုပ်လုံးလေးကို မြေးအဖြစ်သတ်မှတ်လိုက်ပြီဆိုတာ လော့ရှန်းနှလုံးသားထဲက သိနေသည်။ အခုလောက်ဆို သူမ ဧည့်ခန်းထဲမှာ ရှေ့နောက်လျှောက်နေရင်း သူပြန်လာတာကိုစောင့်ပြီး အသေရိုက်ဖို့ကြံနေလောက်မည်။

မစ္စလော့ကတော့ သူမတို့ဖုန်းထဲကနေ အရမ်းဆူလိုက်ရင် သူထွက်ပြေးသွားမှာစိုးတာကြောင့် "ကျွန်မတို့သားကို အိမ်ပြန်လာအောင် အရင်ခေါ်ပါရစေဦး... ရှင်နောက်မှ သူ့ကို သင်ခန်းစာပေးလို့ရတာပဲ"

မစ္စလော့ရဲ့အတွေးထဲမှာတော့ ဒီလိုချစ်စဖွယ်မြေးမသေးသေးလေးကို သုံးနှစ်လောက် အပြင်မှာဖွက်ထားစေပြီး သူမလက်ပေါ်မှာ မပျိုးထောင်ရတာ တာဝန်မဲ့တယ်လို့ ခံစားနေရသည်။

အနှစ်နှစ်ဆယ်ကျော်ကြာပြီးမှ သူမသားက ဆန်ကုန်မြေလေးဆိုတာ သိလိုက်ရတာပဲ!!!

ဖုန်းချပြီး ဟွမ်မောင်နှလုံးသားလည်း ထိတ်ပျာနေမိတယ်။ သူ ဘာအမှားမှမလုပ်ထားဘူးဆိုတာ ရှင်းလင်းနေတာတောင် သူ စိတ်အေးလက်အေးမနေရဲသေးပဲ "လော့ကော ဘာလို့ဖုန်းချလိုက်ရတာလဲ?"

"အန်တီတော့ ကျွန်တော်တို့မကောင်းတာ တစ်ခုခုလုပ်နေတယ်လို့ ထင်တော့မှာပဲ!!"

ဆံပင်အညိုနဲ့လူရွယ်လေးက ထလာပြီးနောက် မျက်နှာသစ်ကာ ကားသော့ယူပြီး ထွက်သွားဖို့လုပ်သည်။

"လော့ကော... ဘယ်သွားဦးမလို့လဲ??"

"အဖေလုပ်ဖို့လေ"

သူငယ်ချင်းများ: "......"

လော့ရှန်းက sports car လေးစီးပြီး ပြန်လာလိုက်သည်။ သူက အထဲထိ မောင်းဝင်မသွားပဲ လော့ခြံဝင်းရဲ့ဂိတ်ပေါက်မှာပဲ ရပ်လိုက်သည်။

ဧည့်ခန်းတစ်ခုလုံးက အပျော်တွေ၊ ရယ်သံတွေနဲ့ပြည့်နေပြီး လူအိုကြီးစုံတွဲကတော့ ကလေးမလေးကို ချော့မြူကာ သီချင်းဆိုခိုင်းနေကြသည်။ သူတို့မျက်နှာက အချစ်တွေ၊ နူးညံ့မှုတွေနဲ့ပြည့်နေပြီး လောလောလတ်လတ် အဖိုး၊အဖွားဖြစ်ခါစလူတွေလိုပင်။

လော့ရှန်းက ဝင်လာပြီးနောက် သူ့ခြေလှမ်းတွေရပ်တန့်သွားသည်။

ဖိနပ်ချွတ်ရာနေရာမှာ လက်ဖဝါးတစ်ဝက်စာလောက်ပဲရှိတဲ့ ပန်းရောင်ဖိနပ်လေးက သူ့ slippers နဲ့ သူ့အဖေဖိနပ်ကြားရှိနေသည်မှာ sandwich တစ်ခုလိုဖြစ်နေတဲ့အပြင် သူမလေးအဖေဖြစ်ပေးပြီး သူမလေးကို ပြုစုပျိုးထောင်ပေးဖို့ အော်ဟစ်နေသလိုပင်။

အသက်ကြီးကြီးစုံတွဲနဲ့ ကလေးလေးက ဘာကိုမှသတိမထားမိပဲ ပျော်ရွှင်နေကြပြီး ကလေးလေးကတော့ သူမရှေ့က အန်ကယ်နဲ့အန်တီတို့ရဲ့ သီချင်းဆိုပြဖို့ တောင်းဆိုမှုကြောင့် ရှက်ရွံ့နေသည်။ ရုတ်တရက်ကြီး သူမလေးက တောင့်တင်းသွားပြီးနောက် နှစ်ခါမစဉ်းစားပဲ တံခါးဘက်ကို လှည့်ကြည့်လိုက်တယ်။

"ဖေဖေ!!"

"ဖေဖေ ပြန်လာပြီ" ငယ်ရွယ်တဲ့အသံတစ်ခုက ထွက်လာသည်။

မစ္စတာလော့နဲ့မစ္စလော့: "........"
..............................................

Continue Reading

You'll Also Like

115K 3K 43
In which people from the past get sent into the future to watch movies about a special pair of twins lives.
194K 4.4K 67
imagines as taylor swift as your mom and travis kelce as your dad
1.2M 57K 83
"The only person that can change Mr. Oberois is their wives Mrs. Oberois". Oberois are very rich and famous, their business is well known, The Oberoi...
251K 1.4K 33
This is a mix of different animes that have smut in them