💙စေတန်ရဲ့သတို့သမီး💙
အပိုင်း(၁၆)
💜💜💜💜
"ကိုယ့်ကိုခွင့်လွှတ်ပါ ချာတိတ်ရယ်..."
တိုးရှရှတောင်းပန်စကားဆိုရင်း..နေ..ရင်ခွင်ထဲက
သူမမျက်နှာလေးကိုမော့ယူကာ..မျက်ရည်စလေးတွေကို
ညင်သာစွာ..သုတ်ဖယ်ပေးနေမိသည်။သူမက
မယုံကြည်နိုင်သလို..မျက်လုံးလေးဝိုင်းပြီး..နေ့ကို
ကြည့်နေဆဲ......။
"ကိုယ်နဲ့..အတူပြန်လိုက်ခဲ့...ကိုယ်ဒီလိုနေရာမှာ
မင်းကိုတစ်ယောက်ထဲမထားနိုင်ဘူး..."
အသင်..မျက်ရည်တွေကိုလက်ခုံနှင့်ကလေးလို
ပွတ်သုတ်ရင်း..ခေါင်းညိတ်လိုက်မိသည်။အသင်
ဒီနေရာမှာ...တစ်နာရီလောက်ပဲဆက်ရှိနေရင်
အသက်ထွက်မှာ...။
"မင်းပစ္စည်းတွေအထဲမှာ..မဟုတ်လား.."
နေ..အခန်းထဲကိုလှမ်းဝင်ရန်ပြင်တော့..သူမက
အထိတ်တလန့်မျက်နှာလေးနှင့်လက်ကိုလှမ်းဆွဲ
ထားသည်။
"ဘာမှမဖြစ်ဘူး..ကိုယ်ရှိတယ်..မကြောက်နဲ့."
သူက..အသင့်လက်လေးကိုထွေးဆုပ်ထားကာ...
အားပေးသလိုပြောသည်။အသင်..ကြောက်ကြောက်နှင့်
သူ့လက်မောင်းကိုအတင်းဖက်ထားရင်း..အထုတ်အပိုးတွေ
ယူရန်..မှောင်မဲနေတဲ့..အခန်းထဲကိုပြန်ဝင်လာခဲ့
ရသည်။
"ဒေါက်...ဒုန်း..."
ဘာမှန်းမသိတဲ့အသံတွေကကြားနေရဆဲဖြစ်ပေမဲ့.
အသင်ရှေ့မှာ..မားမားမတ်မတ်ရှိနေတဲ့သူ့ကြောင့်
ကြောက်ရွံ့စိတ်တွေကလွင့်ပါးကုန်ရသည်။
"လာ..သွားကြမယ်.."
သူက..အသင့်အထုတ်တွေကိုလဲကူဆွဲကာ..အသင့်.
လက်တစ်ဖက်ကိုလဲ..ဆုပ်ကိုင်ထားရင်း..တိုက်ခန်း
ထဲကနေပြန်ထွက်လာသည်။
တံခါးကိုအပြီးသတ်ပိတ်လိုက်ပြီး..သူဆွဲခေါ်ရာ
နောက်ကို..အသင်ပါလာခဲ့ရတော့သည်။
💜💜💜
"ဝေါ..ဝေါ.."
မိုးတွေက..သည်းထန်စွာရွာသွန်းနေဆဲပဲဖြစ်ကာ
သူ့ရဲ့ကားလေးကမိုးစက်မိုးပေါက်တွေကြားမှာ
ဖြေးဖြေးမှန်မှန်သာ..မောင်းနှင်လာသည်။သူက
ကားမောင်းနေရင်း..လက်တစ်ဖက်က...အသင့်
လက်ကိုဆုပ်ကိုင်ထားသည်။
"အဲ့ဒီ့တိုက်ခန်းက..သရဲခြောက်တယ်ဆိုတာ..မင်း
မသိဘူးလား.."
ကားထဲကတိတ်ဆိတ်မူ့ကို..ဖြိုခွင်းလိုက်နဲ့သူ့ရဲ့အမေး
အသင်..ခေါင်းလေးယမ်းလိုက်မိသည်။
"အသင်..ဒီညနေမှ..ထမင်းဆိုင်က..အန်တီကြီးတွေ
ပြောလို့သိတာပါ.."
အားမရှိသလို..အသံလေးကဖျော့တော့စွာထွက်ပေါ်
လာသည်။သူမအခုထိကြောက်စိတ်ပြေသေးပုံမရ၊
နေ..ဖြူဖျော့နေသည့်သူမရဲ့ပုံစံလေးကိုကြည့်ပြီး
စိတ်မကောင်းဖြစ်သွားရသည်။
"သိနေတာတောင်..ဘာလို့..အဲ့ဒီ့အခန်းမှာဆက်နေ
နေသေးတာလဲ.."
"အဲ့ဒီမှာမနေလို့..အသင်က..ဒီညဘယ်မှာသွားအိပ်
ရမှာလဲ..."
ပြောရင်း..အသံလေးကတိမ်ဝင်သွားကာ....သူမ
ခေါင်းငုံ့သွားပြန်သည်။နေ့..ရင်ထဲဆစ်ခနဲ..နာကျင်
သွားရ၏...ဒီလိုခိုကိုးရာမဲ့နေတဲ့..မိန်းမငယ်လေး
တစ်ယောက်ကိုမှ..နေ..ရက်ရက်စက်စက်မောင်း
ထုတ်မိသလိုဖြစ်ခဲ့ရသည်။
နေ..သူမလက်လေးကိုဆုပ်ကိုင်ထားတဲ့လက်ကို
လွတ်လိုက်ပြီး..ခေါင်းလေးကိုခပ်ဖွဖွပွတ်သပ်
လိုက်သည်။
"မင်းနားမလည်ဘူး..ချာတိတ်..လောကကြီးက
မင်းထက်တာထက်....မာယာများပြီးရက်စက်တယ်
မိန်းကလေးတစ်ယောက်ထဲ..ဘဝကိုလုံခြုံစွာနဲ့
ရပ်တည်ဖို့ဆိုတာ..မင်းထင်သလောက်မလွယ်ကူဘူး"
သူမက..နေ့စကားတွေကိုနားထောင်နေရင်း...
ခေါင်းလေးမော့ကြည့်လာသည်။နေ..သူမကို..
ငဲ့ကြည့်ပြုံးပြလိုက်ရင်း...။
"မနေ့က..ကိစ္စအတွက်..ကိုယ်မင်းကိုတောင်းပန်
ပါတယ်..မင်းခေါင်းထဲကထုတ်ပစ်လိုက်ပါ...."
"အသင်လဲ..ရှင့်ကိုတောင်းပန်ပါတယ်..အသင်
ရှင့်ရဲ့..ဂုဏ်သိကာ္ခကိုစော်ကားမိသလိုဖြစ်ခဲ့တယ်..
ဒါပေမဲ့..အသင်အဲ့လို..မရည်ရွယ်ခဲ့ဘူး..တစ်ကယ်
ပြောတာပါ.."
သူက..အသင့်စကားကြောင့်ပြုံးသည်။
"ကိုယ်မင်းကိုဗွေမယူပါဘူး..ကိုယ်မင်းအပေါ်..
လုပ်ခဲ့တဲ့အပြုအမူတွေနဲ့ယှဉ်ရင်..အဲ့လောက်ကတော့
ကိုယ်ပြန်ခံစားသင့်တာပဲမဟုတ်လား..အဟင်း"
ရယ်သွေးသွမ်းလျက်..ခပ်ပေါ့ပေါ့ပြောရင်း..သူက
အရှေ့ကိုပြန်လှည့်သွားသည်။အသင့်ဆံပင်တွေကို
ပွတ်သပ်ပေးနေသည့်..သူ့ရဲ့ညာဘက်လက်က..
စတီယာရင်ပေါ်..ပြန်ရောက်သွားမှ..လက်ကပေါက်ပြဲ
နေသည့်..ဒဏ်ရာကိုအသင်သတိထားမိသည်။
"အရမ်းနာနေလားဟင်.."
အသင်..သူ့လက်ကိုလှမ်း၍ထိကိုင်ပြီးမေးလိုက်
မိသည်။သူက..အသင့်လက်ကိုပြန်လည်ဆုပ်ကိုင်
လိုက်ရင်း..
"နည်းနည်းပါ..အခုမင်းလက်ကို..ကိုယ်ကိုင်ထား
နိုင်တယ်လေ..မနက်ကဆို..လက်သီးဆုပ်လို့တောင်
မရဘူး.."
"ဆေးမထည့်ဘူးလား..."
"ဒီဒဏ်ရာလောက်ကဆေးထည့်စရာမလိုပါဘူး..
ဒါအပေါ်ယံဒဏ်ရာပဲလေ..."
အသင်..ကိုယ်တိုင်သတိမထားမိခင်..သူ့လက်ချောင်း
ရှည်သွယ်သွယ်တွေကိုပြန်လည်ဆုပ်ကိုင်လိုက်မိသည်။
သူမဆီက..တုံ့ပြန်မူ့ကြောင့်..နေဖျပ်ခနဲဲသူမကို
ငဲ့ကြည့်လိုက်မိသည်။
"ဟာ..ချာတိတ်..."
သူမပါးပြင်ပေါ်သို့..စီးကျသွားတဲ့..မျက်ရည်တွေကို
မြင်တော့..နေ..ပျာယာခတ်သွားရသည်။ကားကို
လမ်းဘေးသို့ဆွဲချရပ်လိုက်ရင်း...၊
"ဘာလို့လဲကွာ..ဘာလို့ထပ်ငိုရတာလဲ..."
နေ..သူမနားကိုတိုးကပ်လိုက်ရင်း..ပခုံးလေးနှစ်ဖက်ကို
ဆုပ်ကိုင်ကာ..မေးလိုက်သည်။
"ဟင့်..ဟင့်.."
သူမက..မဖြေပဲ..ငိုပဲငိုနေတော့..နေမကြည့်ရက်စွာနှင့်
သူမကို..ရင်ခွင်ထဲပွေ့ဖက်ထားလိုက်မိသည်။
"အသင်က..အရမ်းရယ်စရာကောင်းတယ်မဟုတ်လား..
စကားကြီးစကားကျယ်တွေပြောပြီး..ရှင့်အိမ်က
ဆင်းသွားတာ..တစ်ရက်မပြည့်သေးဘူး..အခု
ရှင့်နောက်ကိုထပ်လိုက်လာရပြန်ပြီ..အသင်..
တစ်ကယ်အသုံးမကျဘူး..သူများ..အထင်အမြင်သေး
ဆက်ဆံတာကိုခံရသင့်တယ်..အဲ့ဒါတွေအားလုံးက
ရှင့််အပြစ်မဟုတ်ဘူး..အသင်..အသင်ကိုယ်တိုင်ကိုက
ဟင့်..အီး..."
နေ..သူမရဲ့ခံစားချက်ကိုနားလည်စွာနှင့်..ကျောပြင်
လေးကိုခပ်ဖွဖွပွတ်သပ်ပေးနေရင်း..
"မင်းအပေါ်လုပ်ခဲ့တဲ့..အပြုအမူအတွက်..ကိုယ့်ကို
အခုထိမကျေနပ်နိုင်သေးတာလား.."
ရင်ခွင်ထဲက..သူမျက်နှာလေးကိုမော့ယူကာ..
နေ...မေးလိုက်တော့..သူမကခေါင်းခါသည်။
"သေချာနားထောင်..အသင်္ချေ...မင်းကကိုယ့်အတွက်
ဘယ်မိန်းကလေးနဲ့မှမတူဘူး...မင်းကိုပါတ်သတ်ခဲ့တဲ့
ပုံစံမျိုးနဲ့ကိုယ်ဘယ်သူ့ကိုမှမပါတ်သတ်ခဲ့ဖူးဘူး..
မင်းကိုစိတ်ပူခဲ့သလိုမျိုး..ဘယ်သူ့ကိုမှစိတ်မပူခဲ့ဖူးဘူး..
မင်းကိုဒေါသဖြစ်ခဲ့ရသလောက်..ဘယ်မိန်းကလေးကိုမှ
ကိုယ်ဒေါသမဖြစ်ခဲ့ရဘူး..ပြီးတော့..."
စကားကိုခဏရပ်ပြီး.....သူကအသင့်ပါးပြင်
လေးကို..ပွတ်သပ်လာခဲ့ရင်း....။
"မင်းကို..ရင်ခုန်ခဲ့သလို..ဘယ်မိန်းကလေးကိုမှ..
ကိုယ်ရင်မခုန်ခဲ့ဖူးဘူး..ကိုယ်ရဲ့အပြုအမူတွေက
မင်းအတွက်..ကြမ်းတမ်းချင်ကြမ်းတမ်းနေလိမ့်မယ်
ဒါပေမဲ့..အဲ့ဒါတွေအားလုံးက..မင်းကိုတန်ဖိုးမထားလို့
မဟုတ်ပါဘူး....."
ပြောရင်း..သူကနဖူးပြင်ချင်းထိကပ်လိုက်သည်။
ရင်ခုန်သံမမှန်တဲ့လူတစ်ယောက်လို..ပြင်းရှလာတဲ့
သူ့အသက်ရူသံက..အသင့်ကိုကြက်သီးထစေသည်။
"မင်းကိုထိတွေ့လိုက်တိုင်း..ကိုယ့်ရင်ခုန်သံတွေက
ကိုယ့်ကိုပြန်ပြီးအနိုင်ယူသွားတယ်...ကိုယ်နူးညံ့
ချင်ပေမဲ့..ကိုယ့်စိတ်ကိုမထိန်းချုပ်နိုင်ခဲ့ဘူး..ကိုယ်.."
ဆက်မပြောပါနဲ့ဆိုတဲ့သဘောနှင့်..သူမရဲ့လက်ချောင်း
လေးတွေက..နေ့နူတ်ခမ်းပေါ်..လာတင်သည်။
နေ..မျက်နှာလေးရဲနေသည့်..သူမကိုကြည့်ကာ
ရယ်လိုက်မိသည်။
"မင်း..ရှက်သွားတာလား..."
"မရှက်ပဲနေမလား..ရှင်ဒီလောက်ကွက်ကွက်ကွင်းကွင်း
ရှင်းပြနေတဲ့ဟာ.."
အခုမှ..စွာတတ်တဲ့..ပုံစံလေးကပြန်ပေါ်လာတော့သည်။
နေ..နှစ်ခြိုက်စွာပြုံးလိုက်ရင်း...
"အခု..ကိုယ့်ရဲ့သဘောထားကိုသိပြီဆိုတော့..
မင်းရော..ကိုယ့်ကိုဘယ်လိုသဘောထားလဲ...
ကိုယ်သိချင်တယ်.."
မျက်လုံးချင်းဆုံကြည့်ကာ..သူမေးလာလျှင်..
အသင်..ရင်ထဲကဒိန်းခနဲဆောင့်ခုန်သည်။
"အသင်...အသင်မသိဘူး..."
အထစ်ထစ်..အငေါ့ငေါ့ဖြေရင်း..မျက်လုံးလေး
လွဲဖယ်လိုက်လျှင်..သူကထိုမျက်ဝန်းတွေထဲကို
မရရအောင်လိုက်ဆုံကြည့်ရင်း...
"မဖြေချင်သေးတာလား...Okလေ..ကိုယ်စောင့်နိုင်
ပါတယ်..ဒါပေမဲ့..တစ်ခုတော့..ရှိတယ်..မင်း..
အခုချိန်ကစပြီး..ကိုယ့်နားကနေ..ဘယ်ကိုမှ..
ထွက်သွားလို့..မရတော့ဘူး..ဆိုတာ..မှတ်ထား
လိုက်တော့..."
"ရှင်..."
မျက်လုံးလေးဝိုင်းသွားတဲ့..သူမရဲ့ဆံပင်တွေကို
နေ..ဖိပွတ်ပစ်ရင်း..သူမအနားကနေ
ခွာလိုက်သည်။
"သွားကြမယ်..."
အသင်..သူ့ကိုဘာမှပြန်မပြောနိုင်ခင်မှာပဲ...ကားလေးက
မောင်းထွက်လာခဲ့ပြီဖြစ်သည်။
💙💙💙💙
"မင်း..စောစောအိပ်လိုက်တော့..ပင်ပန်းနေမှာပဲ"
သူက..အသင့်ကို..အခန်းထဲထိ..လိုက်ပို့ပေးရင်း
ပြောသည်။
"ရှင်လဲ..စောစောနားလိုက်ပါ..."
"အင်း..."
နေ..ခေါင်းငြိမ့်လိုက်တော့..သူမက..ဘာမှ..
ထပ်မပြောတော့ပေ..အိမ်နေရင်း..တီရှပ်ပွပွတစ်ထည်ကို
ဂျင်းဘောင်းဘီတိုလေးနှင့်တွဲဝတ်ထားတဲ့သူမက
အမြဲတမ်း..အပြောင်သိမ်းကာ..ခပ်မြင့်မြင့်လေး
ထုံးထားတတ်တဲ့ဆံပင်တွေက...ဖြေချထားတာမို့..
ကပိုကရိုနှင့်ချစ်စရာကောင်းနေသည်။ငိုထားတဲ့
အရှိန်မကုန်သေး၍..နှာသီးထိပ်ဖျားလေးတွေက
ရဲနေပြီး..ပြောင်ရှင်းနေသည့်မျက်နှာလုံးလုံးလေးက
ကြည့်မဝချင်စရာ...။
နေ..စိုက်ကြည့်နေ၍ထင်သည်။သူမက..အနေခက်
သလို..လည်ပင်းလေးပွတ်ရင်း....။
"ရှင်..သွားတော့လေ..."
"ဪ..အင်း..."
သူမနှင်သလိုပြောမှ..နေ..သူမဆီမှအကြည့်လွဲကာ
ခြေလှမ်းတွေက..တံခါးဆီသို့..ဦးတည်လိုက်ရသည်။
"ဟူး..."
သူ..တံခါးဆီသို့..လျှောက်သွားမှ..အသင်မသိမသာလေး
သက်ပြင်းချကာ..ကျောခိုင်းလိုက်မိကာမှ...။
"အသင်..."
"ရှင်..."
သူ့ခေါ်သံကြောင့်..ထူးလိုက်မိကာ..ယောင်ပြီး..
နောက်လှည့်ကြည့်လိုက်မိလျှင်..
"အို...."
နူတ်ခမ်းထောင့်လေးမှာ..နွေးခနဲဖြစ်သွားရသည်။
"Goodnight ချာတိတ်..ဒီည..မင်းရဲ့အိပ်မက်ထဲ
ကိုယ်လာခဲ့မယ်..ထွက်မပြေးရဘူးနော်.."
မချိုမချဉ်..မျက်နှာနှင့်ပြောရင်း..မျက်ခွံလေးတွေကို
နှာခေါင်းချွန်ချွန်နှင့်..မထိတထိခလုတ်တိုက်သွား
သေးသည်။ဒီတစ်ခါတော့..အခန်းထဲက..သူတစ်ကယ်
ထွက်သွားပေမဲ့..အသင်ကတော့..နေရာမှာတင်..
ကျောက်ရုပ်လေးလို ရပ်နေမိဆဲ..အလိုက်မသိတဲ့..
နှလုံးသားကတော့..တဒိတ်ဒိတ်ခုန်ပေါက်နေလျက်...။
💜💜💜💜💜
လေလေးတစ်ချွန်ချွန်နှင့်..အခန်းတံခါးကိုဖွင့်ရန်
ြ့ပင်လိုက်သည့်နေ..မျက်ဝန်းထောင့်မှာမြင်လိုက်ရတဲ့
ပုံရိပ်ကြောင့်..ဖျပ်ခနဲငဲ့ကြည့်လိုက်မိသည်။
"အန်ကယ်ဂျိမ်း..."
"သခင်လေး..."
အန်ကယ်ဂျိမ်းက..နေ့အနားကိုလျောက်လာသည်။
"အိမ်ကထွက်သွားတာ..တစ်ရက်မပြည့်သေးဘူး
သခင်လေးက..အဲ့ဒီ့မိန်းကလေးကိုချက်ချင်းအိမ်ကို
ပြန်ခေါ်လာခဲ့တာလား..."
"သူနေတဲ့နေရာက..သူ့အတွက်..မသင့်တော်လို့..
ကျွန်တော်ပြန်ခေါ်လာတာ.."
နေ..စကားအများကြီးမပြောချင်တာမို့..ထိုမျှသာ
ပြောလိုက်မိသည်။
"ကျွန်တော်သိတဲ့..နေကုဋာက..တစ်ခုခုကိုဆုံးဖြတ်ပြီးရင်
ဘယ်တော့မှ..နောက်ပြန်လှည့်မကြည့်တတ်ဘူး..
ဘာလို့..ဒီမိန်းကလေးကိုမှ..သခင်လေးမပြတ်သား
နိုင်ဖြစ်နေတာလဲ....ဘာလို့...မပါတ်သတ်သင့်တဲ့
မိန်းကလေးကိုမှ..ပါတ်သတ်ဖ်ို့ကြိုးစားချင်နေရတာလဲ
သခင်လေး...အခုသခင်လေးဟာ..ကျွန်တော်သိတဲ့
သခင်လေးမဟုတ်တော့ဘူး..သခင်လေး.အသင်္ချေနဲ့
ပါတ်သတ်ပြီး..ပျော့ညံ့တတ်လာပြီ.."
အန်ကယ်ဂျိမ်းပြောတာတွေကို..နေ..ဆုံးအောင်
နားထောင်နေပြီးမှ..နူတ်ခမ်းမဖွင့်ပဲပြုံးလိုက်မိကာ။
"ကျွန်တော်က..အန်ကယ်သိတဲ့နေပါပဲ..ရက်စက်..
ပြတ်သားတတ်တဲ့နှလုံးသားနဲ့..စေတန်ဆိုတဲ့နတ်ဆိုး
တစ်ကောင်ပါ..ကျွန်တော်လုပ်ခဲ့သမျှ..အရာအားလုံးက
ဦးနှောက်နဲ့ဆုံးဖြတ်ခဲ့တာ..အဲ့ဒီ့အတွက်အရာ...
အားလုံးကိုပြတ်သားနိုင်တာပေါ့..ဒါပေမဲ့..အခု
အသင်္ချေကတော့မတူဘူး..သူနဲ့ပါတ်သတ်သမျှ
အားလုံးက..ဦးနှောက်နဲ့ဆုံးဖြတ်ခဲ့တာမဟုတ်ဘူး"
ပြောရင်း..ဘယ်ဘက်ရင်အုံကိုလက်မနှင့်ထိုးညွှန်
ပြကာ..။
"နှလုံးသားနဲ့ဆုံးဖြတ်ခဲ့တာ.."
"သခင်လေး.."
"ရှေ့လျောက်လဲ....သူနဲ့ပါတ်သတ်တဲ့အရာမှန်
သမျှကို..ကျွန်တော်နှလုံးသားနဲ့ပဲ..ဆုံးဖြတ်မှာ"
ဂျိမ်း..နေ့ကိုမမြင်ဖူးသလို..ငေးကြည့်နေမိသည်။
သခင်လေး..တစ်ကယ်ပဲပြောင်းလဲသွားတာလား??
"အန်ကယ်အသင်္ချေ့အပေါ်..မနှစ်သက်ဘူးဆိုတာ
ကျွန်တော်သိတယ်..ဒါပေမဲ့သူ့ကိုစိတ်အနှောင့်
အယှက်ဖြစ်အောင်..မလုပ်မိပါစေနဲ့.."
ထိုစကားက..တောင်းဆိုတာထက်..အမိန့်ပေး
လိုက်တာဆိုတာ..ဂျိမ်းနားလည်လိုက်သည်။
"သခင်လေး..သူ့အပေါ်ထားတဲ့..ခံစားချက်တွေ
လေးနက်လာလေလေ..သူကသခင်လေးရဲ့အကြီးမားဆုံး
အားနည်းချက်..ဖြစ်လာနိုင်တယ်ဆိုတာ..မမေ့ပါနဲ့..."
"ကျွန်တော်မမေ့ပါဘူး..လူတွေက..သူ့တို့ရဲ့အားနည်းချက်ကို
သူများမထိခိုက်လာနိုင်အောင်..အတတ်နိုင်ဆုံး
ကာကွယ်တတ်ကြတာပဲမဟုတ်လား..သူကကျွန်တော့်ရဲ့
အားနည်းချက်ဖြစ်လာခဲ့ရင်တောင်..ဘယ်လိုလူမျိုး
ကမှ..သူ့ကိုမထိခိုက်နိုင်အောင်..ကျွန်တော်ကာကွယ်
နိုင်တယ်..ညဉ့်နက်နေပြီ...အန်ကယ်သွားနား....
လိုက်ပါတော့..."
နှင်သလိုပြောရင်း..သခင်လေးကအခန်းထဲကို..
လှမ်းဝင်သွားသည်။ဂျိမ်းတစ်ယောက်ထဲအခန်း
ရှေ့မှာခြေစုံရပ်ကျန်နေခဲ့ရင်း...
"သခင်လေးက..အသင်္ချေ့အတွက်နဲ့..ငါ့ကိုပါ
အတိုက်အခံလုပ်လာပြီ..အဲ့ဒီ့မိန်းကလေးကြောင့်
သခင်လေးပြောင်းလဲသွားတာ..ဒီအတိုင်းငါစိုးရိမ်
တာတွေက..မကြာခင်ဖြစ်လာတော့မှာ.."
ဂျိမ်းတစ်ယောက်ထဲ..စိုးရိမ်မူ့တွေနဲ့..ရေရွတ်လိုက်မိရင်း....။
💜💜💜💜
"ဝေါ..ဝေါ...ဂျိမ်း..ဂျလိမ်း..."
အငြိုးကြီးစွာနှင့်..တညလုံးမိုးကမစဲနိုင်ပဲ..သည်းထန်စွာ
ရွာနေဆဲ...အသင်..မွေ့ယာပေါ်မှာ..အရုပ်လေး
ပိုက်ပြီး..ထိုင်နေမိသည်။မိုးတွေအရမ်းရွာတဲ့..
ညမျိုးဆို..အသင်အိပ်မပျော်တာများသည်။
ငယ်ငယ်တုန်းကဆိုရင်တော့..မိုးရွာတဲ့ညတွေ
အသင်အိပ်မပျော်တိုင်း....ကိုကိုကပုံပြင်တွေ..
ပြောပြပြီး..အသင်.....အိပ်ပျော်တဲ့အထိ..အနားမှာရှိနေ
ပေးတတ်တာလေ။
ကိုကို့အကြောင်းတွေးလိုက်မိတာနှင့်..ရင်ထဲမှာ
နွမ်းလျသွားခဲ့သည်။
"သမီးရဲ့ကိုကိုကလေ..သူ့ရဲ့အဖေနဲ့အတူပြန်လိုက်
သွားတာ..အသင်လေးရဲ့..ချမ်းလေးရဲ့အဖေက..
ကျန်းမာရေးမကောင်းဘူးလေ..အဲ့ဒါကြောင့်..
ချမ်းလေးကိုအနားမှာရှိနေစေချင်လို့တဲ့..သမီးကိုကိုက
ပြောသွားတယ်..မကြာခင်..အသင်လေးဆီ..
ပြန်လာခဲ့မှာမို့..ကျန်းကျန်းမာမာနဲ့..ပျော်ပျော်ရွှင်ရွှင်
နေပြီး..ကိုကို့ကိုစောင့်နေပါတဲ့..."
လွန်ခဲ့တဲ့..၁၂နှစ်က..ဂျပန်ပြည်ကဆေးရုံကြီးမှာ
အသင်..ခွဲစိတ်မူ့အပြီး..၂ရက်ကြာမှ..သတိ..
ပြန်လည်လာခဲ့သည်။ဒါပေမဲ့..အနားကနေဘယ်တော့မှ
ခွဲမသွားပါဘူးလို့..ကတိတွေပေးခဲ့တဲ့..ကိုကိုက..
အသင့်နားမှာရှိမနေတော့..
"အဘွား..ကိုကိုက..တစ်ကယ်ပြန်လာမှာပါနော်.."
အသင်..မျက်ရည်တွေဝဲပြီးမေးမိလျှင်..အဘွားက
အသင့်ကိုပွေ့ဖက်ထားရင်း....
"ပြန်လာမှာပေါ့..သမီးကိုကိုက..သမီးကိုပေးထားတဲ့
ကတိကိုဘယ်တုန်းကပျက်ဖူးလို့လဲ..ချမ်းကလေ
သမီးဆီ..သေချာပေါက်ပြန်လာမှာ..."
ထို..စကားတစ်ခွန်းကိုယုံကြည်ပြီး....၁၂နှစ်ကြာအောင်
တစ်ရက်မပျက်စောင့်မျှော်နေခဲ့ပေမဲ့..ကိုကိုက..
အသင့်ဆီပြန်မလာနိုင်ခဲ့တော့ပါ..
"ဘယ်တွေရောက်နေတာလဲ ကိုကို..အသင့်ကိုရော
သတိရသေးရဲ့လား.."
တစ်ကိုယ်တည်းရေရွတ်မိရင်း..ဝမ်းနည်းစိတ်ကြောင့်
မျက်ရည်တွေကဝဲတက်လာရပြန်သည်။အသင်..
စားပွဲပေါ်က..သံစဉ်သေတ္တာလေးကိုလှမ်းယူပြီး
အဖုံးဖွင့်လိုက်သည်။
"ကိုကိုသိလား..အသင်လေ..ကိုကိုနဲ့တူတဲ့လူတစ်ယောက်
ကိုတွေ့တယ်..သူ့မျက်ဝန်း..သူ့အပြုအမူတွေက.
ကိုကိုနဲ့အရမ်းတူတယ်..ပြီးတော့..သူကလေ..
အသင်ဒုက္ခရောက်ချိန်တိုင်း..အသင့်ရှေ့မှာ..အမြဲ
ပေါ်လာပြီး..အသင့်ရှေ့မှာ..မားမားမတ်မတ်နဲ့
ရပ်တည်ပေးခဲ့တယ်....သူကတစ်ကယ်ပဲ..အသင့်အတွက်
ယုံကြည်ရတဲ့..လူတစ်ယောက်ဖြစ်လာနိုင်ပါ့မလားဟင်
အသင်လေ...သူ့ကို..ယုံလဲယုံချင်တယ်..ယုံလဲ
မယုံရဲဘူး....ကိုကို..အသင့်နားကိုအမြန်ပြန်လာပြီး
အသင့်ကိုယ်စား..သူ့ကိုအကဲခတ်ပေးမယ်မဟုတ်လား"
တစ်ယောက်ထဲအတွေးလွန်နေရင်း..ဗိုက်ထဲက
ဆာသလိုလို..ရှိလာရသည်။တညနေလုံးဘာမှ.
မစားထားရသေးဘူးလေ...နာရီကိုကြည့်တော့လဲ
၁၂နာရီထိုးခါနီးနေပြီ....။
"အားလုံးအိပ်နေလောက်ပါပြီ..ဒီအချိန်မှတော့.."
ကိုယ့်အတွေးနဲ့ကိုယ် သံစဉ်သေတ္တာလေးကို...
ပြန်ပိတ်ရင်း..အခန်းထဲကထွက်လာခဲ့တာ.....
မီးဖိုဆောင်ထဲမှာ..စားစရာတစ်ခုခုသွားယူရန်
ရည်ရွယ်ချက်နှင့်ဖြစ်သည်။
💜💜💜💜
"🎵🎵🎵🎵"
အခန်းထဲကထွက်လာလာချင်းကြားလိုက်ရတဲ့
ငြိမ့်ငြောင်းလှတဲ့..စန္ဒယားသံ...
"စန္ဒယားသံပါလား..ဘယ်သူတီးနေပါလိမ့်.."
ပြောမဲ့သာပြောရတာ..ဒီအထပ်မှာ..သူနှင့်အသင်.
နှစ်ယောက်ထဲသာ..နေတာကိုသိထားသည်။
"သူတီးနေတာပဲ..ဖြစ်မယ်...သူဒီအချိန်ထိ..မအိပ်
သေးဘူးလား..."
အသင့်ရဲ့ခြေလှမ်းတွေက..ဓာတ်လှေကားရှိတဲ့.
ဘက်ကိုမဟုတ်ပဲ..အသံလာရာဆီသို့...လျှောက်လှမ်း
လာခဲ့မိသည်။
"ဒီအခန်းထဲကလာတဲ့အသံပဲ.."
အထပ်ကြီးရဲ့ထောင့်ဆုံးခန်းရှေ့မှာ..အသင်..
ခြေစုံရပ်လိုက်မိရင်း..ခပ်ဟဟပွင့်နေတဲ့..တံခါးကနေ
အထဲကိုချောင်းကြည့်လိုက်မိသည်။
"ဟင်.."
ထင်တဲ့အတိုင်း..နားနေခန်းဖြစ်ဟန်တူသည့်. ...
အခန်းကျယ်ကြီးထဲမှာ..စန္ဒယားခုံမှာထိုင်ပြီး...
တီးခတ်နေတဲ့သူ...မီးရောင်ခပ်မှိန်မှိန်သာထွန်းထားတဲ့
အခန်းထဲမှာ...သူ့ပုံစံကရှင်းလင်းနေသည်။
"သူကစန္ဒယားလဲတီးတတ်တာပဲလား..သူ့လက်သံက
အရမ်းနားထောင်လို့ကောင်းတာပဲ.."
အသင်..ခပ်တိုးတိုးရေရွတ်လိုက်စဉ်..စန္ဒယားသံက
တိခနဲရပ်သွားသည်။ထို့နောက်..သူကထိုင်ရာကနေ
ထပြီးလျှောက်လာတာ..အသင်ရပ်နေတဲ့..တံခါးနားကို..
"ဟင်...ဒုက္ခပဲ.."
အသင်..ဘယ်ပြေးလို့ပြေးရမလဲမသိဖြစ်သွားစဉ်..
ခပ်ဟဟပွင့်နေတဲ့..တံခါးကိုသူကဆွဲဖွင့်လိုက်သည်။
"ထင်တဲ့အတိုင်း မင်းကိုး..ဘာရပ်လုပ်နေတာလဲ
ခိုးကြောင်ခိုးဝှက်နဲ့.."
အသင်..စပ်စပ်စုစုနဲ့ဒီအထိရောက်လာမိတာကို..
သူစိတ်ဆိုးသွားမလားလို့..စိုးရိမ်လိုက်မိပေမဲ့...
သူ့ပုံစံကပကတိကြည်လင်နေခဲ့သည်။
"အသင်..အိပ်မပျော်လို့အပြင်ထွက်လာတာ..
အဲ့ဒါ..စန္ဒယားသံကြားတာနဲ့..."
သူမက..စကားကိုဆုံးအောင်မပြောပဲ..နေ့ကိုမျက်နှာ
ငယ်လေးနှင့်မော့ကြည့်သည်။
"အသင်..တမင်..သက်သက်လိုက်စပ်စုတာမဟုတ်ပါဘူး
စန္ဒယားသံကလေ..အရမ်းနားထောင်လို့ကောင်းလို့ပါ."
အသည်းအသန်ရှင်းပြနေသောကောင်မလေးကို
ကြည့်ပြီး..နေပြုံးလိုက်မိကာ..။
"ညဉ့်ပဲနက်နေပြီ..မင်းကဘာလို့အိပ်မရသေးတာလဲ
တစ်နေကုန်လဲ..ဟိုတိုက်ခန်းကိုရှင်းလင်းခဲ့ရလို့..
ပင်ပန်းနေတာမဟုတ်လား..."
"အသင်က..မိုးတွေ..အရမ်းရွာနေတဲ့ညတွေဆို
အိပ်မရတာများတယ်.."
တစ်နေနေရာမှာကြားဖူးနေသလို..ခံစားလိုက်ရတဲ့
သူမရဲ့စကား...ဘယ်မှာလဲ..နေဘယ်မှာကြားဖူး
နေတာလဲ..ရုတ်တရပ်စဉ်းစားမရပဲ..ခေါင်းထဲက
ဆစ်ခနဲထိုးသွားတော့..နေမျက်မှောင်ကြုတ်မိ
သွားရသည်။
"ရှင်...ဘာဖြစ်လို့လဲဟင်.."
သူမစိုးရိမ်တကြီးလှမ်းမေးတော့..နေ..မျက်နှာကို
ချက်ချင်းပြင်လိုက်ရင်း..
"ဘာမှမဖြစ်ပါဘူး..လာ...အခန်းထဲဝင်လေ.."
"ရှင်.."
နေ့စကားကြောင့်..သူမကမျက်လုံးလေးဝိုင်ကာ
အနောက်ကို..ခြေနှစ်လှမ်းလောက်..ဆုတ်သွားသည်။
"ဘာလဲ..ဘာဖြစ်တာလဲ.."
အထိတ်တလန့်ဟန်လေးဖြစ်သွားတဲ့သူမကြောင့်
နေ..ရယ်ချင်မိသွားရသည်။
"ဟို..အသင်သွားအိပ်တော့မှာ..ရှင့်ကို..မနှောင့်ယှက်
တော့ပါဘူး.."
ပြောရင်း..ကပျာကယာလေးလှည့်ပြေးရန်ပြင်နေသည့်
သူမကို..နေလှမ်းဆွဲထားလိုက်ရင်း...
"ခုနကပြောတော့..အိပ်မရလို့ဆို..."
"ဟို..အဲ့ဒါက..."
"စိတ်ချ..ကိုယ်မင်းကိုဘာမှမလုပ်ဘူး..ဝင်လာခဲ့.."
ပြောလဲပြော..အထဲကိုလဲဆွဲခေါ်ကာ..သူကတံခါးကို
ပိတ်လိုက်သည်။
အမြဲတမ်း..အနက်ရောင်တွေသာအဝတ်များတဲ့
သူက..ဒီနေ့မှာ..ဖြူလွနေသည့်ရှပ်အင်္ကျီတစ်ထည်ကို
ရင်ဘတ်တစ်ဝက်လောက်ထိ..ကြယ်သီးဖွင့်ထားပြီး
လက်ကိုလဲကြယ်သီးမတပ်ပဲ..ဖြစ်သလိုခေါက်တင်
ထားတာမို့..ပေါ့ပေါ့ပါးပါးနှင့်ကြည့်ကောင်းနေပြန်သည်။
အသင်..သူ့ကိုခဏမျှ..သတိလွတ်ငေးမိသွားရင်း
ချက်ချင်းအကြည့်လွဲလိုက်သည်။သူက..အသင့်ကို..
ဆွဲခေါ်လာကာ..အခန်းထောင့်က..ဆိုဖာပေါ်မှာ
ထိုင်စေသည်။ပြီးတော့..မှန်စားပွဲပေါ်တင်ထားတဲ့
စီးကရက်ဘူးနဲ့မီးခြစ်ကိုကောက်ယူမီးညှိရင်း
အသင့််ဘေးမှာဝင်ထိုင်သည်။
"ရှင်က...pianoလဲတီးတတ်တာပဲနော်..."
အသင်အမေးကိုသူကခေါင်းငြိမ့်သည်။
"ကိုယ်..တစ်ခါတစ်လေ..စိတ်ကြည်မှတီးဖြစ်တာပါ"
"ဒါဆို..ရှင်က..ဒီနေ့စိတ်ကြည်နေတာပေါ့..."
အသင်ထပ်မေးတော့..သူကမဖြေပဲ..အသင့်ကို..
ငဲ့ကြည့်ကာ..ပြုံးပြီး..အရှေ့ကိုပြန်လှည့်သွားသည်။
အသင်..အခန်းကျယ်ကြီးကိုဝေ့ဝဲကြည့်လိုက်မိသည်။
သူကစာဖတ်တော်တော်ဝါသနာပါပုံတော့ရသည်။
စာအုပ်စင်ကြီးက..အကြီးကြီး.....အခန်းရဲ့..
တစ်ဖက်ထောင့်မှာလဲ..မှန်ရိူးကေ့ကြီးထဲမှာ..
ထည့်ထားတဲ့ဝိုင်ပုလင်းတွေနှင့်..ဘားတစ်ခုလို..
ပြင်ဆင်ထားတာလဲတွေ့ရသည်။
"ဒါရှင့်ရဲ့နားနေခန်းပေါ့..."
"အင်း..."
"ဒီစံအိမ်ကြီးမှာ..အခန်းတွေအများကြီးပဲနော်..ဒါနဲ့
ရှင်ကပရိုဂရမ်မာလားဟင်..."
အသင်မေးလိုက်လျှင်..သူက..စီးကရက်ကို.....
တစ်ရိုက်ဖွာရင်း..အသင်ကိုငဲ့ကြည့်ပြန်သည်။
"ဪ..ဒီလိုပါ..ဒီစံအိမ်ကြီးမှာလေ..တံခါးတွေ
အားလုံးက..အလိုအလျောက်စနစ်တွေနဲ့ချည်းပဲလေ
ပြီးတော့..လုုံခြုံရေးစနစ်တွေကလဲ..အဲ့ဒီအတိုင်းပဲနော်."
" ကိုယ့်အိမ်ကကားတွေနဲ့ခြံတံခါးတွေမှာ..အလိုအလျောက်
တုံ့ပြန်တဲ့..စနစ်တွေရှိတယ်..ကိုယ့်စံအိမ်ထဲက..
ကားတွေကလွဲရင်အပြင်ကကားတွေက..ခြံထဲကို
ဒီအတိုင်းဝင်လို့မရဘူး.."
"ဒါဆို..ဒီစံအိမ်ကြီးမှာ..လျို့ဝှက်ခန်းတွေရောရှိမှာပေါ့"
"အဟင်း..ချာတိတ်..မင်းအရမ်းစပ်စုတာပါလား"
နေ့စကားကြောင့်..သူမကနူတ်ခမ်းလေးထော်ပြီး
ခေါင်းငုံ့သွားသည်။
"အသင်က..ရှင့်အကြောင်းတွေကိုသိချင်လို့ပါ...
ရှင်က..ဘာလုပ်တဲ့လူလဲ....ဘယ်လိုလူမျိူးလဲ
ဆိုတာကို..သိချင်တယ်..ရှင်ကစီးပွားရေးလုပ်ငန်း
တွေရဲ့နောက်ကွယ်မှာဘာတွေလုပ်နေတာလဲဟင်
ရှင်က..သေနတ်လဲကိုင်တယ်..ပြီးတော့..ရှင့်နားမှာ
သက်တော်စောင့်တွေကလဲအများကြီးပဲ..ပြီးတော့
ဘန်ကောက်ကဟိုတယ်ခန်းထဲမှာလဲ.."
အသင်..ဆက်မပြောပဲ..သူ့ကိုအကဲခတ်သလို..
ကြည့်လိုက်မိသည်။အဲ့ဒီတုန်းက..ဇ,ကိုသူညွှန်ကြား
နေတာတွေကို..အသင်သေချာကြားခဲ့တာလေ..
"အသင်..နားလည်ပါတယ်..မြန်မာပြည်က..သူဌေး
တော်တော်များများက..ငွေဖြူ(တရားဝင်ငွေကြေး)ထက်
ငွေမဲ(တရားမဝင်ငွေကြေး)တွေနဲ့ပိုပြီးချမ်းသာ
နေကြတာ..ရှင်ရော..အဲ့လိုပဲလားဟင်...........
The Sun Group ရဲ့နောက်ကွယ်မှာ...ဥပဒေ
အပြင်ဘက်က..တရားမဝင်လုပ်ငန်းတွေကိုလုပ်ကိုင်
နေတာလား..."
အသင့်..အမေးဆုံးတော့..သူက..သောက်လက်စ
စီးကရက်ကို..ပြာခွက်ထဲထိုးချေရင်း..အသင့်ဘက်ကို
လှည့်ထိုင်သည်။
"ကိုယ့်ကို...ဘိန်းရောင်းဝယ်နေတဲ့မူးယစ်ရာဇာ
တစ်ယောက်လို့မင်းထင်နေလို့လား"
"ရှင်.."
"ဒါမှမဟုတ်..လူကုန်ကူးတဲ့...မှောင်ခိုဂိုဏ်းချုပ်ကြီးလို့
ထင်နေတာလား..."
"အဲ့..အဲ့လိုတော့လဲ..မဟုတ်.."
အသင်..မဖြေတတ်တော့ပဲ..မျက်နှာလွဲလိုက်မိတော့
သူ့ဆီကရယ်သံခပ်သဲ့သဲ့ကိုကြားလိုက်ရသည်။
"မင်းနားမလည်သေးပါဘူး..ချာတိတ်..စီးပွားရေး
လောကကြီးမှာ..အားလုံးက..သူ့ထက်ငါမင်းမူ
နေကြတာ....တစ်ကွက်လောက်ပဲအကွက်ရွေ့
မှားတာနဲ့..ကိုယ့်နေရာကိုယ်ကာကွယ်နိုင်မှာ..
မဟုတ်ဘူး..အဲ့ဒီ့အတွက်..ရက်စက်သင့်ရက်စက်ရမယ်
ပြတ်သားသင့်..ပြတ်သားရမယ်..
ဥပဒေဆိုတာ..တစ်ကယ်တော့..စည်းတစ်ခုပဲ..
က်ိုယ်အဲ့ဒီ့စည်းကို..ကျော်ခဲ့တယ်ဆိုရင်တောင်..
အပြစ်မဲ့တဲ့..ဘယ်တစ်စုံတစ်ယောက်မှကိုယ့်ကြောင့်
ထိခိုက်ခဲ့ရတာမရှိဘူး..ကိုယ်က..က်ိုယ့်စီးပွားကိုယ်
လုပ်တာပဲလေ.."
စကားအဆုံး..သူက..အသင့်ခေါင်းကိုလှမ်းပွတ်သည်။
"အများကြီးမစဉ်းစားနဲ့..ပြီးတော့..ကိုယ့်အကြောင်းကိုလဲ
ဒီ့ထက်ပိုပြီး..မသိချင်ပါနဲ့..အဲ့ဒါမင်းအတွက်..
အကောင်းဆုံးပဲ..ကိုယ်ပြောတာ..နားလည်ရဲ့လား"
အသင်..ခေါင်းငြိမ့်လိုက်တော့..သူကပြုံးသည်။
"ဒါနဲ့..မင်းက..မိုးရွာရင်..ဒီလိုပဲ..အိပ်မရဘူးလား"
သူကစကားလမ်းကြောင်းလွှဲသည့်သဘောနှင့်
မေးသည်။
"အမြဲတမ်းတော့လဲ..မဟုတ်ပါဘူး..တစ်ခါတစ်လေပါ
အသင်ငယ်ငယ်လေးထဲကမိုးရွာတာကိုမကြိုက်ဘူး
မိုးအရမ်းသည်းတဲ့ညတွေဆို..အိပ်မပျော်တာ
များတယ်..အဲ့ဒီ့အခါ..ကိုကိုက..အသင့်ကို....
ပုံပြောပြပြီးအိပ်ပျော်တဲ့အထိ..အနားမှာရှိနေ
ပေးတတ်တာလေ..ကိုကိုက.."
ဆက်ပြောမဲ့စကားက..သူ့မျက်ဝန်းတွေတည်သွားတော့
အသင်ဆက်မပြောရဲတော့...
"တောင်းပန်ပါတယ်.."
အသင်..ခပ်တိုးတိုးပြောလိုက်တော့..သူကအသင့်ကို
ကြည့်သည်။
"ကိုယ်မကြိုက်မှန်းသိရဲ့သားနဲ့..တမင်ပြောတယ်ပေါ့"
"တမင်မဟုတ်ပါဘူး..အသင်က..ယောင်ပြီး..
ထွက်သွားတာ.."
အသင်..ဆင်ခြေပေးရင်း..နူတ်ခမ်းစူသွားရသည်။
တချင်တဲ့လူကိုတောင်..လွတ်လွတ်လပ်လပ်...
တမ်းတလို့မရတဲ့..ဘဝပါလား...။
"မင်းကိုတော့..အပြစ်ပေးမှဖြစ်တော့မယ်..လာခဲ့..."
"အို..အမေ့..."
ရုတ်တရပ်သူက..အသင်လက်မောင်းလေးကို..
ဆုပ်ကိုင်ဆွဲချကာ..သူ့ပေါင်ပေါ်မှာလှဲစေလိုက်သည်။
အသင်...ပြန်ရုန်းထရန်ပြင်တော့..သူကအသင့်ကို
ပြန်ဆွဲချသည်။
"ငြိမ်ငြိမ်နေလေ..မင်း..အိပ်မပျော်ဘူးဆိုလို့....
ကိုယ်ကအကောင်းနဲ့ချော့သိပ်မလို့..."
"ဟင်..ရှင်က..ပုံပြောပြမလို့လား.."
အသင်..သူ့ကိုမော့ကြည့်ပြီးမေးမိလျှင်..သူ့မျက်နှာက
ငုံ့ကျလာခဲ့ပြီး..
"ဟင့်အင်း..."
ငြင်းဆန်လိုက်သည့်..နူတ်ခမ်းလေးတွေမှာ..ခတ္တမျှ
နွေးခနဲဖြစ်သွားရသည်။
"အိပ်တော့..မင်းမအိပ်သေးရင်..ကိုယ့်ကိုကိုယ်
အာမမခံဘူးနော်.."
နေ့..စကားကြောင့်..သူမလန့်သွားသလို..မျက်လုံး
အဝိုင်းသားလေးဖြစ်သွားသည်။
"ဟုတ်..အသင်အိပ်တော့မယ်.."
မြန်မြန်ဆန်ဆန်..တစ်ဘက်ပြန်လှည့်သွားကာ..
ခြေထောက်လေးနှစ်ချောင်းကိုပါ..ဆိုဖာပေါ်..
ကွေးကွေးလေးတင်လိုက်သော..သူမကြောင့်..
နေရယ်မိသွားရသည်။မျက်လုံးတွေမှိတ်သွားတဲ့
သူမရဲ့ပခုံးလေးကို..ခပ်ပွပွပုတ်ကာ..ချော့သိပ်
နေမိရင်း...။
စေတန်..ကိုယ်တိုင်ကမင်းအတွက်အိပ်ဖနိစောင့်
လုပ်ပေးနေရတာ..မင်းသိရဲ့လား...။
ကိုယ့်အတွေးနဲ့ကိုယ်ပြုံးလိုက်မိကာ..ပါးဖောင်းဖောင်း
လေးတစ်ဖက်ကိုငုံ့နမ်းလိုက်တော့..အိပ်မပျော်သေးတဲ့
သူမကိုယ်လေး..တွန့်ခနဲဖြစ်သွားသည်။
"ပျော်အောင်အိပ်လိုက်တော့..ကိုယ့်ရဲ့ချာတိတ်မလေး"
💜💜💜💜ဆက်ရန်
#Hazel
💙ေစတန္ရဲ႕သတို႔သမီး💙
အပိုင္း(၁၆)
💜💜💜💜
"ကိုယ့္ကိုခြင့္လႊတ္ပါ ခ်ာတိတ္ရယ္..."
တိုး႐ွ႐ွေတာင္းပန္စကားဆိုရင္း..ေန..ရင္ခြင္ထဲက
သူမမ်က္ႏွာေလးကိုေမာ့ယူကာ..မ်က္ရည္စေလးေတြကို
ညင္သာစြာ..သုတ္ဖယ္ေပးေနမိသည္။သူမက
မယုံၾကည္ႏိုင္သလို..မ်က္လုံးေလးဝိုင္းၿပီး..ေန႔ကို
ၾကည့္ေနဆဲ......။
"ကိုယ္နဲ႔..အတူျပန္လိုက္ခဲ့...ကိုယ္ဒီလိုေနရာမွာ
မင္းကိုတစ္ေယာက္ထဲမထားႏိုင္ဘူး..."
အသင္..မ်က္ရည္ေတြကိုလက္ခုံႏွင့္ကေလးလို
ပြတ္သုတ္ရင္း..ေခါင္းညိတ္လိုက္မိသည္။အသင္
ဒီေနရာမွာ...တစ္နာရီေလာက္ပဲဆက္႐ွိေနရင္
အသက္ထြက္မွာ...။
"မင္းပစၥည္းေတြအထဲမွာ..မဟုတ္လား.."
ေန..အခန္းထဲကိုလွမ္းဝင္ရန္ျပင္ေတာ့..သူမက
အထိတ္တလန္႔မ်က္ႏွာေလးႏွင့္လက္ကိုလွမ္းဆြဲ
ထားသည္။
"ဘာမွမျဖစ္ဘူး..ကိုယ္႐ွိတယ္..မေၾကာက္နဲ႔."
သူက..အသင့္လက္ေလးကိုေထြးဆုပ္ထားကာ...
အားေပးသလိုေျပာသည္။အသင္..ေၾကာက္ေၾကာက္ႏွင့္
သူ႔လက္ေမာင္းကိုအတင္းဖက္ထားရင္း..အထုတ္အပိုးေတြ
ယူရန္..ေမွာင္မဲေနတဲ့..အခန္းထဲကိုျပန္ဝင္လာခဲ့
ရသည္။
"ေဒါက္...ဒုန္း..."
ဘာမွန္းမသိတဲ့အသံေတြကၾကားေနရဆဲျဖစ္ေပမဲ့.
အသင္ေ႐ွ႕မွာ..မားမားမတ္မတ္႐ွိေနတဲ့သူ႔ေၾကာင့္
ေၾကာက္ရြံ႔စိတ္ေတြကလြင့္ပါးကုန္ရသည္။
"လာ..သြားၾကမယ္.."
သူက..အသင့္အထုတ္ေတြကိုလဲကုူဆြဲကာ..အသင့္.
လက္တစ္ဖက္ကိုလဲ..ဆုပ္ကိုင္ထားရင္း..တိုက္ခန္း
ထဲကေနျပန္ထြက္လာသည္။
တံခါးကိုအၿပီးသတ္ပိတ္လိုက္ၿပီး..သူဆြဲေခၚရာ
ေနာက္ကို..အသင္ပါလာခဲ့ရေတာ့သည္။
💜💜💜
"ေဝါ..ေဝါ.."
မိုးေတြက..သည္းထန္စြာရြာသြန္းေနဆဲပဲျဖစ္ကာ
သူ႔ရဲ႕ကားေလးကမိုးစက္မိုးေပါက္ေတြၾကားမွာ
ေျဖးေျဖးမွန္မွန္သာ..ေမာင္းႏွင္လာသည္။သူက
ကားေမာင္းေနရင္း..လက္တစ္ဖက္က...အသင့္
လက္ကိုဆုပ္ကိုင္ထားသည္။
"အဲ့ဒီ့တိုက္ခန္းက..သရဲေျခာက္တယ္ဆိုတာ..မင္း
မသိဘူးလား.."
ကားထဲကတိတ္ဆိတ္မူ႔ကို..ၿဖိဳခြင္းလိုက္နဲ႔သူ႔ရဲ႕အေမး
အသင္..ေခါင္းေလးယမ္းလိုက္မိသည္။
"အသင္..ဒီညေနမွ..ထမင္းဆိုင္က..အန္တီႀကီးေတြ
ေျပာလို႔သိတာပါ.."
အားမ႐ွိသလို..အသံေလးကေဖ်ာ့ေတာ့စြာထြက္ေပၚ
လာသည္။သူမအခုထိေၾကာက္စိတ္ေျပေသးပုံမရ၊
ေန..ျဖဴေဖ်ာ့ေနသည့္သူမရဲ႕ပုံစံေလးကိုၾကည့္ၿပီး
စိတ္မေကာင္းျဖစ္သြားရသည္။
"သိေနတာေတာင္..ဘာလို႔..အဲ့ဒီ့အခန္းမွာဆက္ေန
ေနေသးတာလဲ.."
"အဲ့ဒီမွာမေနလို႔..အသင္က..ဒီညဘယ္မွာသြားအိပ္
ရမွာလဲ..."
ေျပာရင္း..အသံေလးကတိမ္ဝင္သြားကာ....သူမ
ေခါင္းငုံ႔သြားျပန္သည္။ေန႔..ရင္ထဲဆစ္ခနဲ..နာက်င္
သြားရ၏...ဒီလိုခိုကိုးရာမဲ့ေနတဲ့..မိန္းမငယ္ေလး
တစ္ေယာက္ကိုမွ..ေန..ရက္ရက္စက္စက္ေမာင္း
ထုတ္မိသလိုျဖစ္ခဲ့ရသည္။
ေန..သူမလက္ေလးကိုဆုပ္ကိုင္ထားတဲ့လက္ကို
လြတ္လိုက္ၿပီး..ေခါင္းေလးကိုခပ္ဖြဖြပြတ္သပ္
လိုက္သည္။
"မင္းနားမလည္ဘူး..ခ်ာတိတ္..ေလာကႀကီးက
မင္းထက္တာထက္....မာယာမ်ားၿပီးရက္စက္တယ္
မိန္းကေလးတစ္ေယာက္ထဲ..ဘဝကိုလုံျခဳံစြာနဲ႔
ရပ္တည္ဖို႔ဆိုတာ..မင္းထင္သေလာက္မလြယ္ကူဘူး"
သူမက..ေန႔စကားေတြကိုနားေထာင္ေနရင္း...
ေခါင္းေလးေမာ့ၾကည့္လာသည္။ေန..သူမကို..
ငဲ့ၾကည့္ျပံဳးျပလိုက္ရင္း...။
"မေန႔က..ကိစၥအတြက္..ကိုယ္မင္းကိုေတာင္းပန္
ပါတယ္..မင္းေခါင္းထဲကထုတ္ပစ္လိုက္ပါ...."
"အသင္လဲ..႐ွင့္ကိုေတာင္းပန္ပါတယ္..အသင္
႐ွင့္ရဲ႕..ဂုဏ္သိကာၡကိုေစာ္ကားမိသလိုျဖစ္ခဲ့တယ္..
ဒါေပမဲ့..အသင္အဲ့လို..မရည္ရြယ္ခဲ့ဘူး..တစ္ကယ္
ေျပာတာပါ.."
သူက..အသင့္စကားေၾကာင့္ျပံဳးသည္။
"ကိုယ္မင္းကိုေဗြမယူပါဘူး..ကိုယ္မင္းအေပၚ..
လုပ္ခဲ့တဲ့အျပဳအမူေတြနဲ႔ယွဥ္ရင္..အဲ့ေလာက္ကေတာ့
ကိုယ္ျပန္ခံစားသင့္တာပဲမဟုတ္လား..အဟင္း"
ရယ္ေသြးသြမ္းလ်က္..ခပ္ေပါ့ေပါ့ေျပာရင္း..သူက
အေ႐ွ႕ကိုျပန္လွည့္သြားသည္။အသင့္ဆံပင္ေတြကို
ပြတ္သပ္ေပးေနသည့္..သူ႔ရဲ႕ညာဘက္လက္က..
စတီယာရင္ေပၚ..ျပန္ေရာက္သြားမွ..လက္ကေပါက္ႁပဲ
ေနသည့္..ဒဏ္ရာကိုအသင္သတိထားမိသည္။
"အရမ္းနာေနလားဟင္.."
အသင္..သူ႔လက္ကိုလွမ္း၍ထိကိုင္ၿပီးေမးလိုက္
မိသည္။သူက..အသင့္လက္ကိုျပန္လည္ဆုပ္ကိုင္
လိုက္ရင္း..
"နည္းနည္းပါ..အခုမင္းလက္ကို..ကိုယ္ကိုင္ထား
ႏိုင္တယ္ေလ..မနက္ကဆို..လက္သီးဆုပ္လို႔ေတာင္
မရဘူး.."
"ေဆးမထည့္ဘူးလား..."
"ဒီဒဏ္ရာေလာက္ကေဆးထည့္စရာမလိုပါဘူး..
ဒါအေပၚယံဒဏ္ရာပဲေလ..."
အသင္..ကိုယ္တိုင္သတိမထားမိခင္..သူ႔လက္ေခ်ာင္း
႐ွည္သြယ္သြယ္ေတြကိုျပန္လည္ဆုပ္ကိုင္လိုက္မိသည္။
သူမဆီက..တုံ႔ျပန္မူ႔ေၾကာင့္..ေနဖ်ပ္ခနဲဲသူမကို
ငဲ့ၾကည့္လိုက္မိသည္။
"ဟာ..ခ်ာတိတ္..."
သူမပါးျပင္ေပၚသို႔..စီးက်သြားတဲ့..မ်က္ရည္ေတြကို
ျမင္ေတာ့..ေန..ပ်ာယာခတ္သြားရသည္။ကားကို
လမ္းေဘးသို႔ဆြဲခ်ရပ္လိုက္ရင္း...၊
"ဘာလို႔လဲကြာ..ဘာလို႔ထပ္ငိုရတာလဲ..."
ေန..သူမနားကိုတိုးကပ္လိုက္ရင္း..ပခုံးေလးႏွစ္ဖက္ကို
ဆုပ္ကိုင္ကာ..ေမးလိုက္သည္။
"ဟင့္..ဟင့္.."
သူမက..မေျဖပဲ..ငိုပဲငိုေနေတာ့..ေနမၾကည့္ရက္စြာႏွင့္
သူမကို..ရင္ခြင္ထဲေပြ႔ဖက္ထားလိုက္မိသည္။
"အသင္က..အရမ္းရယ္စရာေကာင္းတယ္မဟုတ္လား..
စကားႀကီးစကားက်ယ္ေတြေျပာၿပီး..႐ွင့္အိမ္က
ဆင္းသြားတာ..တစ္ရက္မျပည့္ေသးဘူး..အခု
႐ွင့္ေနာက္ကိုထပ္လိုက္လာရျပန္ၿပီ..အသင္..
တစ္ကယ္အသုံးမက်ဘူး..သူမ်ား..အထင္အျမင္ေသး
ဆက္ဆံတာကိုခံရသင့္တယ္..အဲ့ဒါေတြအားလုံးက
႐ွင့္္အျပစ္မဟုတ္ဘူး..အသင္..အသင္ကိုယ္တိုင္ကိုက
ဟင့္..အီး..."
ေန..သူမရဲ႕ခံစားခ်က္ကိုနားလည္စြာႏွင့္..ေက်ာျပင္
ေလးကိုခပ္ဖြဖြပြတ္သပ္ေပးေနရင္း..
"မင္းအေပၚလုပ္ခဲ့တဲ့..အျပဳအမူအတြက္..ကိုယ့္ကို
အခုထိမေက်နပ္ႏိုင္ေသးတာလား.."
ရင္ခြင္ထဲက..သူမ်က္ႏွာေလးကိုေမာ့ယူကာ..
ေန...ေမးလိုက္ေတာ့..သူမကေခါင္းခါသည္။
"ေသခ်ာနားေထာင္..အသေခ်ၤ...မင္းကကိုယ့္အတြက္
ဘယ္မိန္းကေလးနဲ႔မွမတူဘူး...မင္းကိုပါတ္သတ္ခဲ့တဲ့
ပုံစံမ်ိဳးနဲ႔ကိုယ္ဘယ္သူ႔ကိုမွမပါတ္သတ္ခဲ့ဖူးဘူး..
မင္းကိုစိတ္ပူခဲ့သလိုမ်ိဳး..ဘယ္သူ႔ကိုမွစိတ္မပူခဲ့ဖူးဘူး..
မင္းကိုေဒါသျဖစ္ခဲ့ရသေလာက္..ဘယ္မိန္းကေလးကိုမွ
ကိုယ္ေဒါသမျဖစ္ခဲ့ရဘူး..ၿပီးေတာ့..."
စကားကိုခဏရပ္ၿပီး.....သူကအသင့္ပါးျပင္
ေလးကို..ပြတ္သပ္လာခဲ့ရင္း....။
"မင္းကို..ရင္ခုန္ခဲ့သလို..ဘယ္မိန္းကေလးကိုမွ..
ကိုယ္ရင္မခုန္ခဲ့ဖူးဘူး..ကိုယ္ရဲ႕အျပဳအမူေတြက
မင္းအတြက္..ၾကမ္းတမ္းခ်င္ၾကမ္းတမ္းေနလိမ့္မယ္
ဒါေပမဲ့..အဲ့ဒါေတြအားလုံးက..မင္းကိုတန္ဖိုးမထားလို႔
မဟုတ္ပါဘူး....."
ေျပာရင္း..သူကနဖူးျပင္ခ်င္းထိကပ္လိုက္သည္။
ရင္ခုန္သံမမွန္တဲ့လူတစ္ေယာက္လို..ျပင္း႐ွလာတဲ့
သူ႔အသက္႐ူသံက..အသင့္ကိုၾကက္သီးထေစသည္။
"မင္းကိုထိေတြ႔လိုက္တိုင္း..ကိုယ့္ရင္ခုန္သံေတြက
ကိုယ့္ကိုျပန္ၿပီးအႏိုင္ယူသြားတယ္...ကိုယ္ႏူးညံ့
ခ်င္ေပမဲ့..ကိုယ့္စိတ္ကိုမထိန္းခ်ဳပ္ႏိုင္ခဲ့ဘူး..ကိုယ္.."
ဆက္မေျပာပါနဲ႔ဆိုတဲ့သေဘာႏွင့္..သူမရဲ႕လက္ေခ်ာင္း
ေလးေတြက..ေန႔ႏူတ္ခမ္းေပၚ..လာတင္သည္။
ေန..မ်က္ႏွာေလးရဲေနသည့္..သူမကိုၾကည့္ကာ
ရယ္လိုက္မိသည္။
"မင္း..႐ွက္သြားတာလား..."
"မ႐ွက္ပဲေနမလား..႐ွင္ဒီေလာက္ကြက္ကြက္ကြင္းကြင္း
႐ွင္းျပေနတဲ့ဟာ.."
အခုမွ..စြာတတ္တဲ့..ပုံစံေလးကျပန္ေပၚလာေတာ့သည္။
ေန..ႏွစ္ၿခိဳက္စြာျပံဳးလိုက္ရင္း...
"အခု..ကိုယ့္ရဲ႕သေဘာထားကိုသိႁပီဆိုေတာ့..
မင္းေရာ..ကိုယ့္ကိုဘယ္လိုသေဘာထားလဲ...
ကိုယ္သိခ်င္တယ္.."
မ်က္လုံးခ်င္းဆုံၾကည့္ကာ..သူေမးလာလ်ွင္..
အသင္..ရင္ထဲကဒိန္းခနဲေဆာင့္ခုန္သည္။
"အသင္...အသင္မသိဘူး..."
အထစ္ထစ္..အေငါ့ေငါ့ေျဖရင္း..မ်က္လုံးေလး
လြဲဖယ္လိုက္လ်ွင္..သူကထိုမ်က္ဝန္းေတြထဲကို
မရရေအာင္လိုက္ဆုံၾကည့္ရင္း...
"မေျဖခ်င္ေသးတာလား...Okေလ..ကိုယ္ေစာင့္ႏိုင္
ပါတယ္..ဒါေပမဲ့..တစ္ခုေတာ့..႐ွိတယ္..မင္း..
အခုခ်ိန္ကစၿပီး..ကိုယ့္နားကေန..ဘယ္ကိုမွ..
ထြက္သြားလို႔..မရေတာ့ဘူး..ဆိုတာ..မွတ္ထား
လိုက္ေတာ့..."
"႐ွင္..."
မ်က္လုံးေလးဝိုင္းသြားတဲ့..သူမရဲ႕ဆံပင္ေတြကို
ေန..ဖိပြတ္ပစ္ရင္း..သူမအနားကေန
ခြာလိုက္သည္။
"သြားၾကမယ္..."
အသင္..သူ႔ကိုဘာမွျပန္မေျပာႏိုင္ခင္မွာပဲ...ကားေလးက
ေမာင္းထြက္လာခဲ့ၿပီျဖစ္သည္။
💙💙💙💙
"မင္း..ေစာေစာအိပ္လိုက္ေတာ့..ပင္ပန္းေနမွာပဲ"
သူက..အသင့္ကို..အခန္းထဲထိ..လိုက္ပို႔ေပးရင္း
ေျပာသည္။
"႐ွင္လဲ..ေစာေစာနားလိုက္ပါ..."
"အင္း..."
ေန..ေခါင္းၿငိမ့္လိုက္ေတာ့..သူမက..ဘာမွ..
ထပ္မေျပာေတာ့ေပ..အိမ္ေနရင္း..တီ႐ွပ္ပြပြတစ္ထည္ကို
ဂ်င္းေဘာင္းဘီတိုေလးႏွင့္တြဲဝတ္ထားတဲ့သူမက
အျမဲတမ္း..အေျပာင္သိမ္းကာ..ခပ္ျမင့္ျမင့္ေလး
ထုံးထားတတ္တဲ့ဆံပင္ေတြက...ေျဖခ်ထားတာမို႔..
ကပိုက႐ိုႏွင့္ခ်စ္စရာေကာင္းေနသည္။ငိုထားတဲ့
အ႐ွိန္မကုန္ေသး၍..ႏွာသီးထိပ္ဖ်ားေလးေတြက
ရဲေနၿပီး..ေျပာင္႐ွင္းေနသည့္မ်က္ႏွာလုံးလုံးေလးက
ၾကည့္မဝခ်င္စရာ...။
ေန..စိုက္ၾကည့္ေန၍ထင္သည္။သူမက..အေနခက္
သလို..လည္ပင္းေလးပြတ္ရင္း....။
"႐ွင္..သြားေတာ့ေလ..."
"ဪ..အင္း..."
သူမႏွင္သလိုေျပာမွ..ေန..သူမဆီမွအၾကည့္လြဲကာ
ေျခလွမ္းေတြက..တံခါးဆီသို႔..ဦးတည္လိုက္ရသည္။
"ဟူး..."
သူ..တံခါးဆီသို႔..ေလ်ွာက္သြားမွ..အသင္မသိမသာေလး
သက္ျပင္းခ်ကာ..ေက်ာခိုင္းလိုက္မိကာမွ...။
"အသင္..."
"႐ွင္..."
သူ႔ေခၚသံေၾကာင့္..ထူးလိုက္မိကာ..ေယာင္ၿပီး..
ေနာက္လွည့္ၾကည့္လိုက္မိလ်ွင္..
"အို...."
ႏူတ္ခမ္းေထာင့္ေလးမွာ..ေႏြးခနဲျဖစ္သြားရသည္။
"Goodnight ခ်ာတိတ္..ဒီည..မင္းရဲ႕အိပ္မက္ထဲ
ကိုယ္လာခဲ့မယ္..ထြက္မေျပးရဘူးေနာ္.."
မခ်ိဳမခ်ဥ္..မ်က္ႏွာႏွင့္ေျပာရင္း..မ်က္ခြံေလးေတြကို
ႏွာေခါင္းခြၽန္ခြၽန္ႏွင့္..မထိတထိခလုတ္တိုက္သြား
ေသးသည္။ဒီတစ္ခါေတာ့..အခန္းထဲက..သူတစ္ကယ္
ထြက္သြားေပမဲ့..အသင္ကေတာ့..ေနရာမွာတင္..
ေက်ာက္႐ုပ္ေလးလို ရပ္ေနမိဆဲ..အလိုက္မသိတဲ့..
ႏွလုံးသားကေတာ့..တဒိတ္ဒိတ္ခုန္ေပါက္ေနလ်က္...။
💜💜💜💜💜
ေလေလးတစ္ခြၽန္ခြၽန္ႏွင့္..အခန္းတံခါးကိုဖြင့္ရန္
ျ့ပင္လိုက္သည့္ေန..မ်က္ဝန္းေထာင့္မွာျမင္လိုက္ရတဲ့
ပုံရိပ္ေၾကာင့္..ဖ်ပ္ခနဲငဲ့ၾကည့္လိုက္မိသည္။
"အန္ကယ္ဂ်ိမ္း..."
"သခင္ေလး..."
အန္ကယ္ဂိ်မ္းက..ေန႔အနားကိုေလ်ာက္လာသည္။
"အိမ္ကထြက္သြားတာ..တစ္ရက္မျပည့္ေသးဘူး
သခင္ေလးက..အဲ့ဒီ့မိန္းကေလးကိုခ်က္ခ်င္းအိမ္ကို
ျပန္ေခၚလာခဲ့တာလား..."
"သူေနတဲ့ေနရာက..သူ႔အတြက္..မသင့္ေတာ္လို႔..
ကြၽန္ေတာ္ျပန္ေခၚလာတာ.."
ေန..စကားအမ်ားႀကီးမေျပာခ်င္တာမို႔..ထိုမ်ွသာ
ေျပာလိုက္မိသည္။
"ကြၽန္ေတာ္သိတဲ့..ေနကုဋာက..တစ္ခုခုကိုဆုံးျဖတ္ၿပီးရင္
ဘယ္ေတာ့မွ..ေနာက္ျပန္လွည့္မၾကည့္တတ္ဘူး..
ဘာလို႔..ဒီမိန္းကေလးကိုမွ..သခင္ေလးမျပတ္သား
ႏိုင္ျဖစ္ေနတာလဲ....ဘာလို႔...မပါတ္သတ္သင့္တဲ့
မိန္းကေလးကိုမွ..ပါတ္သတ္ဖို္႔ၿကိဳးစားခ်င္ေနရတာလဲ
သခင္ေလး...အခုသခင္ေလးဟာ..ကြၽန္ေတာ္သိတဲ့
သခင္ေလးမဟုတ္ေတာ့ဘူး..သခင္ေလး.အသေခ်ၤနဲ႔
ပါတ္သတ္ၿပီး..ေပ်ာ့ညံ့တတ္လာၿပီ.."
အန္ကယ္ဂ်ိမ္းေျပာတာေတြကို..ေန..ဆုံးေအာင္
နားေထာင္ေနၿပီးမွ..ႏူတ္ခမ္းမဖြင့္ပဲျပံဳးလိုက္မိကာ။
"ကြၽန္ေတာ္က..အန္ကယ္သိတဲ့ေနပါပဲ..ရက္စက္..
ျပတ္သားတတ္တဲ့ႏွလုံးသားနဲ႔..ေစတန္ဆိုတဲ့နတ္ဆိုး
တစ္ေကာင္ပါ..ကြၽန္ေတာ္လုပ္ခဲ့သမ်ွ..အရာအားလုံးက
ဦးေႏွာက္နဲ႔ဆုံးျဖတ္ခဲ့တာ..အဲ့ဒီ့အတြက္အရာ...
အားလုံးကိုျပတ္သားႏိုင္တာေပါ့..ဒါေပမဲ့..အခု
အသေခ်ၤကေတာ့မတူဘူး..သူနဲ႔ပါတ္သတ္သမ်ွ
အားလုံးက..ဦးေႏွာက္နဲ႔ဆုံးျဖတ္ခဲ့တာမဟုတ္ဘူး"
ေျပာရင္း..ဘယ္ဘက္ရင္အုံကိုလက္မႏွင့္ထိုးၫႊန္
ျပကာ..။
"ႏွလုံးသားနဲ႔ဆုံးျဖတ္ခဲ့တာ.."
"သခင္ေလး.."
"ေ႐ွ႕ေလ်ာက္လဲ....သူနဲ႔ပါတ္သတ္တဲ့အရာမွန္
သမ်ွကို..ကြၽန္ေတာ္ႏွလုံးသားနဲ႔ပဲ..ဆုံးျဖတ္မွာ"
ဂ်ိမ္း..ေန႔ကိုမျမင္ဖူးသလို..ေငးၾကည့္ေနမိသည္။
သခင္ေလး..တစ္ကယ္ပဲေျပာင္းလဲသြားတာလား??
"အန္ကယ္အသေခ့်ၤအေပၚ..မႏွစ္သက္ဘူးဆိုတာ
ကြၽန္ေတာ္သိတယ္..ဒါေပမဲ့သူ႔ကိုစိတ္အေႏွာင့္
အယွက္ျဖစ္ေအာင္..မလုပ္မိပါေစနဲ႔.."
ထိုစကားက..ေတာင္းဆိုတာထက္..အမိန္႔ေပး
လိုက္တာဆိုတာ..ဂ်ိမ္းနားလည္လိုက္သည္။
"သခင္ေလး..သူ႔အေပၚထားတဲ့..ခံစားခ်က္ေတြ
ေလးနက္လာေလေလ..သူကသခင္ေလးရဲ႕အႀကီးမားဆုံး
အားနည္းခ်က္..ျဖစ္လာႏိုင္တယ္ဆိုတာ..မေမ့ပါနဲ႔..."
"ကြၽန္ေတာ္မေမ့ပါဘူး..လူေတြက..သူ႔တို႔ရဲ႕အားနည္းခ်က္ကို
သူမ်ားမထိခိုက္လာႏိုင္ေအာင္..အတတ္ႏိုင္ဆုံး
ကာကြယ္တတ္ၾကတာပဲမဟုတ္လား..သူကကြၽန္ေတာ့္ရဲ႕
အားနည္းခ်က္ျဖစ္လာခဲ့ရင္ေတာင္..ဘယ္လိုလူမ်ိဳး
ကမွ..သူ႔ကိုမထိခိုက္ႏိုင္ေအာင္..ကြၽန္ေတာ္ကာကြယ္
ႏိုင္တယ္..ညဥ့္နက္ေနၿပီ...အန္ကယ္သြားနား....
လိုက္ပါေတာ့..."
ႏွင္သလိုေျပာရင္း..သခင္ေလးကအခန္းထဲကို..
လွမ္းဝင္သြားသည္။ဂ်ိမ္းတစ္ေယာက္ထဲအခန္း
ေ႐ွ႕မွာေျခစုံရပ္က်န္ေနခဲ့ရင္း...
"သခင္ေလးက..အသေခ့်ၤအတြက္နဲ႔..ငါ့ကိုပါ
အတိုက္အခံလုပ္လာၿပီ..အဲ့ဒီ့မိန္းကေလးေၾကာင့္
သခင္ေလးေျပာင္းလဲသြားတာ..ဒီအတိုင္းငါစိုးရိမ္
တာေတြက..မၾကာခင္ျဖစ္လာေတာ့မွာ.."
ဂ်ိမ္းတစ္ေယာက္ထဲ..စိုးရိမ္မူ႔ေတြနဲ႔..ေရရြတ္လိုက္မိရင္း....။
💜💜💜💜
"ေဝါ..ေဝါ...ဂ်ိမ္း..ဂ်လိမ္း..."
အၿငိဳးႀကီးစြာႏွင့္..တညလုံးမိုးကမစဲႏိုင္ပဲ..သည္းထန္စြာ
ရြာေနဆဲ...အသင္..ေမြ႔ယာေပၚမွာ..အ႐ုပ္ေလး
ပိုက္ၿပီး..ထိုင္ေနမိသည္။မိုးေတြအရမ္းရြာတဲ့..
ညမ်ိဳးဆို..အသင္အိပ္မေပ်ာ္တာမ်ားသည္။
ငယ္ငယ္တုန္းကဆိုရင္ေတာ့..မိုးရြာတဲ့ညေတြ
အသင္အိပ္မေပ်ာ္တိုင္း....ကိုကိုကပုံျပင္ေတြ..
ေျပာျပၿပီး..အသင္.....အိပ္ေပ်ာ္တဲ့အထိ..အနားမွာ႐ွိေန
ေပးတတ္တာေလ။
ကိုကို႔အေၾကာင္းေတြးလိုက္မိတာႏွင့္..ရင္ထဲမွာ
ႏြမ္းလ်သြားခဲ့သည္။
"သမီးရဲ႕ကိုကိုကေလ..သူ႔ရဲ႕အေဖနဲ႔အတူျပန္လိုက္
သြားတာ..အသင္ေလးရဲ႕..ခ်မ္းေလးရဲ႕အေဖက..
က်န္းမာေရးမေကာင္းဘူးေလ..အဲ့ဒါေၾကာင့္..
ခ်မ္းေလးကိုအနားမွာ႐ွိေနေစခ်င္လို႔တဲ့..သမီးကိုကိုက
ေျပာသြားတယ္..မၾကာခင္..အသင္ေလးဆီ..
ျပန္လာခဲ့မွာမို႔..က်န္းက်န္းမာမာနဲ႔..ေပ်ာ္ေပ်ာ္ရႊင္ရႊင္
ေနၿပီး..ကိုကို႔ကိုေစာင့္ေနပါတဲ့..."
လြန္ခဲ့တဲ့..၁၂ႏွစ္က..ဂ်ပန္ျပည္ကေဆး႐ုံႀကီးမွာ
အသင္..ခြဲစိတ္မူ႔အၿပီး..၂ရက္ၾကာမွ..သတိ..
ျပန္လည္လာခဲ့သည္။ဒါေပမဲ့..အနားကေနဘယ္ေတာ့မွ
ခြဲမသြားပါဘူးလို႔..ကတိေတြေပးခဲ့တဲ့..ကိုကိုက..
အသင့္နားမွာ႐ွိမေနေတာ့..
"အဘြား..ကိုကိုက..တစ္ကယ္ျပန္လာမွာပါေနာ္.."
အသင္..မ်က္ရည္ေတြဝဲၿပီးေမးမိလ်ွင္..အဘြားက
အသင့္ကိုေပြ႔ဖက္ထားရင္း....
"ျပန္လာမွာေပါ့..သမီးကိုကိုက..သမီးကိုေပးထားတဲ့
ကတိကိုဘယ္တုန္းကပ်က္ဖူးလို႔လဲ..ခ်မ္းကေလ
သမီးဆီ..ေသခ်ာေပါက္ျပန္လာမွာ..."
ထို..စကားတစ္ခြန္းကိုယုံၾကည္ၿပီး....၁၂ႏွစ္ၾကာေအာင္
တစ္ရက္မပ်က္ေစာင့္ေမ်ွာ္ေနခဲ့ေပမဲ့..ကိုကိုက..
အသင့္ဆီျပန္မလာႏိုင္ခဲ့ေတာ့ပါ..
"ဘယ္ေတြေရာက္ေနတာလဲ ကိုကို..အသင့္ကိုေရာ
သတိရေသးရဲ႕လား.."
တစ္ကိုယ္တည္းေရရြတ္မိရင္း..ဝမ္းနည္းစိတ္ေၾကာင့္
မ်က္ရည္ေတြကဝဲတက္လာရျပန္သည္။အသင္..
စားပြဲေပၚက..သံစဥ္ေသတၱာေလးကိုလွမ္းယူၿပီး
အဖုံးဖြင့္လိုက္သည္။
"ကိုကိုသိလား..အသင္ေလ..ကိုကိုနဲ႔တူတဲ့လူတစ္ေယာက္
ကိုေတြ႔တယ္..သူ႔မ်က္ဝန္း..သူ႔အျပဳအမူေတြက.
ကိုကိုနဲ႔အရမ္းတူတယ္..ၿပီးေတာ့..သူကေလ..
အသင္ဒုကၡေရာက္ခ်ိန္တိုင္း..အသင့္ေ႐ွ႕မွာ..အျမဲ
ေပၚလာၿပီး..အသင့္ေ႐ွ႕မွာ..မားမားမတ္မတ္နဲ႔
ရပ္တည္ေပးခဲ့တယ္....သူကတစ္ကယ္ပဲ..အသင့္အတြက္
ယုံၾကည္ရတဲ့..လူတစ္ေယာက္ျဖစ္လာႏိုင္ပါ့မလားဟင္
အသင္ေလ...သူ႔ကို..ယုံလဲယုံခ်င္တယ္..ယုံလဲ
မယုံရဲဘူး....ကိုကို..အသင့္နားကိုအျမန္ျပန္လာၿပီး
အသင့္ကိုယ္စား..သူ႔ကိုအကဲခတ္ေပးမယ္မဟုတ္လား"
တစ္ေယာက္ထဲအေတြးလြန္ေနရင္း..ဗိုက္ထဲက
ဆာသလိုလို..႐ွိလာရသည္။တညေနလုံးဘာမွ.
မစားထားရေသးဘူးေလ...နာရီကိုၾကည့္ေတာ့လဲ
၁၂နာရီထိုးခါနီးေနၿပီ....။
"အားလုံးအိပ္ေနေလာက္ပါၿပီ..ဒီအခ်ိန္မွေတာ့.."
ကိုယ့္အေတြးနဲ႔ကိုယ္ သံစဥ္ေသတၱာေလးကို...
ျပန္ပိတ္ရင္း..အခန္းထဲကထြက္လာခဲ့တာ.....
မီးဖိုေဆာင္ထဲမွာ..စားစရာတစ္ခုခုသြားယူရန္
ရည္ရြယ္ခ်က္ႏွင့္ျဖစ္သည္။
💜💜💜💜
"🎵🎵🎵🎵"
အခန္းထဲကထြက္လာလာခ်င္းၾကားလိုက္ရတဲ့
ၿငိမ့္ေျငာင္းလွတဲ့..စႏၵယားသံ...
"စႏၵယားသံပါလား..ဘယ္သူတီးေနပါလိမ့္.."
ေျပာမဲ့သာေျပာရတာ..ဒီအထပ္မွာ..သူႏွင့္အသင္.
ႏွစ္ေယာက္ထဲသာ..ေနတာကိုသိထားသည္။
"သူတီးေနတာပဲ..ျဖစ္မယ္...သူဒီအခ်ိန္ထိ..မအိပ္
ေသးဘူးလား..."
အသင့္ရဲ႕ေျခလွမ္းေတြက..ဓာတ္ေလွကား႐ွိတဲ့.
ဘက္ကိုမဟုတ္ပဲ..အသံလာရာဆီသို႔...ေလ်ွာက္လွမ္း
လာခဲ့မိသည္။
"ဒီအခန္းထဲကလာတဲ့အသံပဲ.."
အထပ္ႀကီးရဲ႕ေထာင့္ဆုံးခန္းေ႐ွ႕မွာ..အသင္..
ေျခစုံရပ္လိုက္မိရင္း..ခပ္ဟဟပြင့္ေနတဲ့..တံခါးကေန
အထဲကိုေခ်ာင္းၾကည့္လိုက္မိသည္။
"ဟင္.."
ထင္တဲ့အတိုင္း..နားေနခန္းျဖစ္ဟန္တူသည့္. ...
အခန္းက်ယ္ႀကီးထဲမွာ..စႏၵယားခုံမွာထိုင္ၿပီး...
တီးခတ္ေနတဲ့သူ...မီးေရာင္ခပ္မွိန္မွိန္သာထြန္းထားတဲ့
အခန္းထဲမွာ...သူ႔ပုံစံက႐ွင္းလင္းေနသည္။
"သူကစႏၵယားလဲတီးတတ္တာပဲလား..သူ႔လက္သံက
အရမ္းနားေထာင္လို႔ေကာင္းတာပဲ.."
အသင္..ခပ္တိုးတိုးေရရြတ္လိုက္စဥ္..စႏၵယားသံက
တိခနဲရပ္သြားသည္။ထို႔ေနာက္..သူကထိုင္ရာကေန
ထၿပီးေလ်ွာက္လာတာ..အသင္ရပ္ေနတဲ့..တံခါးနားကို..
"ဟင္...ဒုကၡပဲ.."
အသင္..ဘယ္ေျပးလို႔ေျပးရမလဲမသိျဖစ္သြားစဥ္..
ခပ္ဟဟပြင့္ေနတဲ့..တံခါးကိုသူကဆြဲဖြင့္လိုက္သည္။
"ထင္တဲ့အတိုင္း မင္းကိုး..ဘာရပ္လုပ္ေနတာလဲ
ခိုးေၾကာင္ခိုးဝွက္နဲ႔.."
အသင္..စပ္စပ္စုစုနဲ႔ဒီအထိေရာက္လာမိတာကို..
သူစိတ္ဆိုးသြားမလားလို႔..စိုးရိမ္လိုက္မိေပမဲ့...
သူ႔ပုံစံကပကတိၾကည္လင္ေနခဲ့သည္။
"အသင္..အိပ္မေပ်ာ္လို႔အျပင္ထြက္လာတာ..
အဲ့ဒါ..စႏၵယားသံၾကားတာနဲ႔..."
သူမက..စကားကိုဆုံးေအာင္မေျပာပဲ..ေန႔ကိုမ်က္ႏွာ
ငယ္ေလးႏွင့္ေမာ့ၾကည့္သည္။
"အသင္..တမင္..သက္သက္လိုက္စပ္စုတာမဟုတ္ပါဘူး
စႏၵယားသံကေလ..အရမ္းနားေထာင္လို႔ေကာင္းလို႔ပါ."
အသည္းအသန္႐ွင္းျပေနေသာေကာင္မေလးကို
ၾကည့္ၿပီး..ေနျပံဳးလိုက္မိကာ..။
"ညဥ့္ပဲနက္ေနၿပီ..မင္းကဘာလို႔အိပ္မရေသးတာလဲ
တစ္ေနကုန္လဲ..ဟိုတိုက္ခန္းကို႐ွင္းလင္းခဲ့ရလို႔..
ပင္ပန္းေနတာမဟုတ္လား..."
"အသင္က..မိုးေတြ..အရမ္းရြာေနတဲ့ညေတြဆို
အိပ္မရတာမ်ားတယ္.."
တစ္ေနေနရာမွာၾကားဖူးေနသလို..ခံစားလိုက္ရတဲ့
သူမရဲ႕စကား...ဘယ္မွာလဲ..ေနဘယ္မွာၾကားဖူး
ေနတာလဲ..႐ုတ္တရပ္စဥ္းစားမရပဲ..ေခါင္းထဲက
ဆစ္ခနဲထိုးသြားေတာ့..ေနမ်က္ေမွာင္ၾကဳတ္မိ
သြားရသည္။
"႐ွင္...ဘာျဖစ္လို႔လဲဟင္.."
သူမစိုးရိမ္တႀကီးလွမ္းေမးေတာ့..ေန..မ်က္ႏွာကို
ခ်က္ခ်င္းျပင္လိုက္ရင္း..
"ဘာမွမျဖစ္ပါဘူး..လာ...အခန္းထဲဝင္ေလ.."
"႐ွင္.."
ေန႔စကားေၾကာင့္..သူမကမ်က္လုံးေလးဝိုင္ကာ
အေနာက္ကို..ေျခႏွစ္လွမ္းေလာက္..ဆုတ္သြားသည္။
"ဘာလဲ..ဘာျဖစ္တာလဲ.."
အထိတ္တလန္႔ဟန္ေလးျဖစ္သြားတဲ့သူမေၾကာင့္
ေန..ရယ္ခ်င္မိသြားရသည္။
"ဟို..အသင္သြားအိပ္ေတာ့မွာ..႐ွင့္ကို..မေႏွာင့္ယွက္
ေတာ့ပါဘူး.."
ေျပာရင္း..ကပ်ာကယာေလးလွည့္ေျပးရန္ျပင္ေနသည့္
သူမကို..ေနလွမ္းဆြဲထားလိုက္ရင္း...
"ခုနကေျပာေတာ့..အိပ္မရလို႔ဆို..."
"ဟို..အဲ့ဒါက..."
"စိတ္ခ်..ကိုယ္မင္းကိုဘာမွမလုပ္ဘူး..ဝင္လာခဲ့.."
ေျပာလဲေျပာ..အထဲကိုလဲဆြဲေခၚကာ..သူကတံခါးကို
ပိတ္လိုက္သည္။
အျမဲတမ္း..အနက္ေရာင္ေတြသာအဝတ္မ်ားတဲ့
သူက..ဒီေန႔မွာ..ျဖဴလြေနသည့္႐ွပ္အက်ႌတစ္ထည္ကို
ရင္ဘတ္တစ္ဝက္ေလာက္ထိ..ၾကယ္သီးဖြင့္ထားၿပီး
လက္ကိုလဲၾကယ္သီးမတပ္ပဲ..ျဖစ္သလိုေခါက္တင္
ထားတာမို႔..ေပါ့ေပါ့ပါးပါးႏွင့္ၾကည့္ေကာင္းေနျပန္သည္။
အသင္..သူ႔ကိုခဏမ်ွ..သတိလြတ္ေငးမိသြားရင္း
ခ်က္ခ်င္းအၾကည့္လြဲလိုက္သည္။သူက..အသင့္ကို..
ဆြဲေခၚလာကာ..အခန္းေထာင့္က..ဆိုဖာေပၚမွာ
ထိုင္ေစသည္။ၿပီးေတာ့..မွန္စားပြဲေပၚတင္ထားတဲ့
စီးကရက္ဘူးနဲ႔မီးျခစ္ကိုေကာက္ယူမီးညိွရင္း
အသင့္္ေဘးမွာဝင္ထိုင္သည္။
"႐ွင္က...pianoလဲတီးတတ္တာပဲေနာ္..."
အသင္အေမးကိုသူကေခါင္းၿငိမ့္သည္။
"ကိုယ္..တစ္ခါတစ္ေလ..စိတ္ၾကည္မွတီးျဖစ္တာပါ"
"ဒါဆို..႐ွင္က..ဒီေန႔စိတ္ၾကည္ေနတာေပါ့..."
အသင္ထပ္ေမးေတာ့..သူကမေျဖပဲ..အသင့္ကို..
ငဲ့ၾကည့္ကာ..ျပံဳးၿပီး..အေ႐ွ႕ကိုျပန္လွည့္သြားသည္။
အသင္..အခန္းက်ယ္ႀကီးကိုေဝ့ဝဲၾကည့္လိုက္မိသည္။
သူကစာဖတ္ေတာ္ေတာ္ဝါသနာပါပုံေတာ့ရသည္။
စာအုပ္စင္ႀကီးက..အႀကီးႀကီး.....အခန္းရဲ႕..
တစ္ဖက္ေထာင့္မွာလဲ..မွန္႐ိူးေက့ႀကီးထဲမွာ..
ထည့္ထားတဲ့ဝိုင္ပုလင္းေတြႏွင့္..ဘားတစ္ခုလို..
ျပင္ဆင္ထားတာလဲေတြ႔ရသည္။
"ဒါ႐ွင့္ရဲ႕နားေနခန္းေပါ့..."
"အင္း..."
"ဒီစံအိမ္ႀကီးမွာ..အခန္းေတြအမ်ားႀကီးပဲေနာ္..ဒါနဲ႔
႐ွင္ကပ႐ိုဂရမ္မာလားဟင္..."
အသင္ေမးလိုက္လ်ွင္..သူက..စီးကရက္ကို.....
တစ္႐ိုက္ဖြာရင္း..အသင္ကိုငဲ့ၾကည့္ျပန္သည္။
"ဪ..ဒီလိုပါ..ဒီစံအိမ္ႀကီးမွာေလ..တံခါးေတြ
အားလုံးက..အလိုအေလ်ာက္စနစ္ေတြနဲ႔ခ်ည္းပဲေလ
ၿပီးေတာ့..လုံုျခံဳေရးစနစ္ေတြကလဲ..အဲ့ဒီအတိုင္းပဲေနာ္."
" ကိုယ့္အိမ္ကကားေတြနဲ႔ျခံတံခါးေတြမွာ..အလိုအေလ်ာက္
တုံ႔ျပန္တဲ့..စနစ္ေတြ႐ွိတယ္..ကိုယ့္စံအိမ္ထဲက..
ကားေတြကလြဲရင္အျပင္ကကားေတြက..ျခံထဲကို
ဒီအတိုင္းဝင္လို႔မရဘူး.."
"ဒါဆို..ဒီစံအိမ္ႀကီးမွာ..လ်ိဳ႕ဝွက္ခန္းေတြေရာ႐ွိမွာေပါ့"
"အဟင္း..ခ်ာတိတ္..မင္းအရမ္းစပ္စုတာပါလား"
ေန႔စကားေၾကာင့္..သူမကႏူတ္ခမ္းေလးေထာ္ၿပီး
ေခါင္းငုံ႔သြားသည္။
"အသင္က..႐ွင့္အေၾကာင္းေတြကိုသိခ်င္လို႔ပါ...
႐ွင္က..ဘာလုပ္တဲ့လူလဲ....ဘယ္လိုလူမ်ိဴးလဲ
ဆိုတာကို..သိခ်င္တယ္..႐ွင္ကစီးပြားေရးလုပ္ငန္း
ေတြရဲ႕ေနာက္ကြယ္မွာဘာေတြလုပ္ေနတာလဲဟင္
႐ွင္က..ေသနတ္လဲကိုင္တယ္..ၿပီးေတာ့..႐ွင့္နားမွာ
သက္ေတာ္ေစာင့္ေတြကလဲအမ်ားႀကီးပဲ..ၿပီးေတာ့
ဘန္ေကာက္ကဟိုတယ္ခန္းထဲမွာလဲ.."
အသင္..ဆက္မေျပာပဲ..သူ႔ကိုအကဲခတ္သလို..
ၾကည့္လိုက္မိသည္။အဲ့ဒီတုန္းက..ဇ,ကိုသူၫႊန္ၾကား
ေနတာေတြကို..အသင္ေသခ်ာၾကားခဲ့တာေလ..
"အသင္..နားလည္ပါတယ္..ျမန္မာျပည္က..သူေဌး
ေတာ္ေတာ္မ်ားမ်ားက..ေငြျဖဴ(တရားဝင္ေငြေၾကး)ထက္
ေငြမဲ(တရားမဝင္ေငြေၾကး)ေတြနဲ႔ပိုၿပီးခ်မ္းသာ
ေနၾကတာ..႐ွင္ေရာ..အဲ့လိုပဲလားဟင္...........
The Sun Group ရဲ႕ေနာက္ကြယ္မွာ...ဥပေဒ
အျပင္ဘက္က..တရားမဝင္လုပ္ငန္းေတြကိုလုပ္ကိုင္
ေနတာလား..."
အသင့္..အေမးဆုံးေတာ့..သူက..ေသာက္လက္စ
စီးကရက္ကို..ျပာခြက္ထဲထိုးေခ်ရင္း..အသင့္ဘက္ကို
လွည့္ထိုင္သည္။
"ကိုယ့္ကို...ဘိန္းေရာင္းဝယ္ေနတဲ့မူးယစ္ရာဇာ
တစ္ေယာက္လို႔မင္းထင္ေနလို႔လား"
"႐ွင္.."
"ဒါမွမဟုတ္..လူကုန္ကူးတဲ့...ေမွာင္ခိုဂိုဏ္းခ်ဳပ္ႀကီးလို႔
ထင္ေနတာလား..."
"အဲ့..အဲ့လိုေတာ့လဲ..မဟုတ္.."
အသင္..မေျဖတတ္ေတာ့ပဲ..မ်က္ႏွာလြဲလိုက္မိေတာ့
သူ႔ဆီကရယ္သံခပ္သဲ့သဲ့ကိုၾကားလိုက္ရသည္။
"မင္းနားမလည္ေသးပါဘူး..ခ်ာတိတ္..စီးပြားေရး
ေလာကႀကီးမွာ..အားလုံးက..သူ႔ထက္ငါမင္းမူ
ေနၾကတာ....တစ္ကြက္ေလာက္ပဲအကြက္ေရြ႔
မွားတာနဲ႔..ကိုယ့္ေနရာကိုယ္ကာကြယ္ႏိုင္မွာ..
မဟုတ္ဘူး..အဲ့ဒီ့အတြက္..ရက္စက္သင့္ရက္စက္ရမယ္
ျပတ္သားသင့္..ျပတ္သားရမယ္..
ဥပေဒဆိုတာ..တစ္ကယ္ေတာ့..စည္းတစ္ခုပဲ..
ကိ္ုယ္အဲ့ဒီ့စည္းကို..ေက်ာ္ခဲ့တယ္ဆိုရင္ေတာင္..
အျပစ္မဲ့တဲ့..ဘယ္တစ္စုံတစ္ေယာက္မွကိုယ့္ေၾကာင့္
ထိခိုက္ခဲ့ရတာမ႐ွိဘူး..ကိုယ္က..ကိ္ုယ့္စီးပြားကိုယ္
လုပ္တာပဲေလ.."
စကားအဆုံး..သူက..အသင့္ေခါင္းကိုလွမ္းပြတ္သည္။
"အမ်ားႀကီးမစဥ္းစားနဲ႔..ၿပီးေတာ့..ကိုယ့္အေၾကာင္းကိုလဲ
ဒီ့ထက္ပိုၿပီး..မသိခ်င္ပါနဲ႔..အဲ့ဒါမင္းအတြက္..
အေကာင္းဆုံးပဲ..ကိုယ္ေျပာတာ..နားလည္ရဲ႕လား"
အသင္..ေခါင္းၿငိမ့္လိုက္ေတာ့..သူကျပံဳးသည္။
"ဒါနဲ႔..မင္းက..မိုးရြာရင္..ဒီလိုပဲ..အိပ္မရဘူးလား"
သူကစကားလမ္းေၾကာင္းလႊဲသည့္သေဘာႏွင့္
ေမးသည္။
"အျမဲတမ္းေတာ့လဲ..မဟုတ္ပါဘူး..တစ္ခါတစ္ေလပါ
အသင္ငယ္ငယ္ေလးထဲကမိုးရြာတာကိုမႀကိဳက္ဘူး
မိုးအရမ္းသည္းတဲ့ညေတြဆို..အိပ္မေပ်ာ္တာ
မ်ားတယ္..အဲ့ဒီ့အခါ..ကိုကိုက..အသင့္ကို....
ပုံေျပာျပၿပီးအိပ္ေပ်ာ္တဲ့အထိ..အနားမွာ႐ွိေန
ေပးတတ္တာေလ..ကိုကိုက.."
ဆက္ေျပာမဲ့စကားက..သူ႔မ်က္ဝန္းေတြတည္သြားေတာ့
အသင္ဆက္မေျပာရဲေတာ့...
"ေတာင္းပန္ပါတယ္.."
အသင္..ခပ္တိုးတိုးေျပာလိုက္ေတာ့..သူကအသင့္ကို
ၾကည့္သည္။
"ကိုယ္မႀကိဳက္မွန္းသိရဲ႕သားနဲ႔..တမင္ေျပာတယ္ေပါ့"
"တမင္မဟုတ္ပါဘူး..အသင္က..ေယာင္ၿပီး..
ထြက္သြားတာ.."
အသင္..ဆင္ေျခေပးရင္း..ႏူတ္ခမ္းစူသြားရသည္။
တခ်င္တဲ့လူကိုေတာင္..လြတ္လြတ္လပ္လပ္...
တမ္းတလို႔မရတဲ့..ဘဝပါလား...။
"မင္းကိုေတာ့..အျပစ္ေပးမွျဖစ္ေတာ့မယ္..လာခဲ့..."
"အို..အေမ့..."
႐ုတ္တရပ္သူက..အသင္လက္ေမာင္းေလးကို..
ဆုပ္ကိုင္ဆြဲခ်ကာ..သူ႔ေပါင္ေပၚမွာလွဲေစလိုက္သည္။
အသင္...ျပန္႐ုန္းထရန္ျပင္ေတာ့..သူကအသင့္ကို
ျပန္ဆြဲခ်သည္။
"ၿငိမ္ၿငိမ္ေနေလ..မင္း..အိပ္မေပ်ာ္ဘူးဆိုလို႔....
ကိုယ္ကအေကာင္းနဲ႔ေခ်ာ့သိပ္မလို႔..."
"ဟင္..႐ွင္က..ပုံေျပာျပမလို႔လား.."
အသင္..သူ႔ကိုေမာ့ၾကည့္ၿပီးေမးမိလ်ွင္..သူ႔မ်က္ႏွာက
ငုံ႔က်လာခဲ့ၿပီး..
"ဟင့္အင္း..."
ျငင္းဆန္လိုက္သည့္..ႏူတ္ခမ္းေလးေတြမွာ..ခတၱမ်ွ
ေႏြးခနဲျဖစ္သြားရသည္။
"အိပ္ေတာ့..မင္းမအိပ္ေသးရင္..ကိုယ့္ကိုကိုယ္
အာမမခံဘူးေနာ္.."
ေန႔..စကားေၾကာင့္..သူမလန္႔သြားသလို..မ်က္လုံး
အဝိုင္းသားေလးျဖစ္သြားသည္။
"ဟုတ္..အသင္အိပ္ေတာ့မယ္.."
ျမန္ျမန္ဆန္ဆန္..တစ္ဘက္ျပန္လွည့္သြားကာ..
ေျခေထာက္ေလးႏွစ္ေခ်ာင္းကိုပါ..ဆိုဖာေပၚ..
ေကြးေကြးေလးတင္လိုက္ေသာ..သူမေၾကာင့္..
ေနရယ္မိသြားရသည္။မ်က္လုံးေတြမွိတ္သြားတဲ့
သူမရဲ႕ပခုံးေလးကို..ခပ္ပြပြပုတ္ကာ..ေခ်ာ့သိပ္
ေနမိရင္း...။
ေစတန္..ကိုယ္တိုင္ကမင္းအတြက္အိပ္ဖနိေစာင့္
လုပ္ေပးေနရတာ..မင္းသိရဲ႕လား...။
ကိုယ့္အေတြးနဲ႔ကိုယ္ျပံဳးလိုက္မိကာ..ပါးေဖာင္းေဖာင္း
ေလးတစ္ဖက္ကိုငုံ႔နမ္းလိုက္ေတာ့..အိပ္မေပ်ာ္ေသးတဲ့
သူမကိုယ္ေလး..တြန္႔ခနဲျဖစ္သြားသည္။
"ေပ်ာ္ေအာင္အိပ္လိုက္ေတာ့..ကိုယ့္ရဲ႕ခ်ာတိတ္မေလး"
💜💜💜💜ဆက္ရန္
#Hazel