IDOL

By Thurein__

48.2K 3.2K 580

Stage ပေါ်မှာ တောက်ပနေမယ့် Idol တစ်ယောက်အကြောင်း More

IDOL (Intro)
(Announcement)
1 (Uni)
1 (Zawgyi)
2 (Uni)
2 (Zawgyi)
3 (Uni)
3 (Zawgyi)
4 (Uni)
4 (Zawgyi)
(A/N)
5 (Uni)
5 (Zawgyi)
6 (Uni)
6 (Zawgyi)
7 (Uni)
7 (Zawgyi)
8 (Uni)
8 (Zawgyi)
9 (Uni)
9 (Zawgyi)
10 (Uni)
10 (Zawgyi)
11 (Uni)
11 (Zawgyi)
12 (Uni)
12 (Zawgyi)
13 (Uni)
13 (Zawgyi)
14 (Uni)
14 (Zawgyi)
15 (Uni)
15 (Zawgyi)
16 (Uni)
16 (Zawgyi)
17 (Uni)
17 (Zawgyi)
18 (Uni)
18 (Zawgyi)
19 (Uni)
19 (Zawgyi)
20 (Uni)
20 (Zawgyi)
21 (Uni)
21 (Zawgyi)
22 (Uni)
22 (Zawgyi)
23 (Uni)
23 (Zawgyi)
24 (Uni)
24 (Zawgyi)
25 (Uni)
25 (Zawgyi)
26 (Uni)
26 (Zawgyi)
27 (Uni)
27 (Zawgyi)
28 (Uni)
28 (Zawgyi)
29 (Uni)
29 (Zawgyi)
30 (Uni)
30 (Zawgyi)
Members' Biology
31 (Uni)
31 (Zawgyi)
CLICK!!
32 (Uni)
32 (Zawgyi)
33 (Uni)
33 (Zawgyi)
34 (Zawgyi)
35 (Uni)
35 (Zawgyi)
36 (Uni)
36 (Zawgyi)
37 (Uni)
37 (Zawgyi)
38 (Uni)
38 (Zawgyi)
39 (Uni)
39 (Zawgyi)
40 (Uni)
40 (Zawgyi)
41 (Uni)
41 (Zawgyi)
42 (Uni)
42 (Zawgyi)
43 (Uni)
43 (Zawgyi)
44 (Uni)
44 (Zawgyi)
45 (Uni)
45 (Zawgyi)
46 (Uni)
46 (Zawgyi)
47 (Uni)
47 (Zawgyi)
48 (Uni)
48 (Zawgyi)
49 (Uni) 🔞
49 (Zawgyi) 🔞
50 (Uni)
50 (Zawgyi)
51 (Uni)
51 (Zawgyi)
52 (Uni)
52 (Zawgyi)
53 (Uni)
53 (Zawgyi)
54 (Uni)
54 (Zawgyi)
55 (Uni)
55 (Zawgyi)
56 (Uni)
56 (Zawgyi)
57 (Uni)
57 (Zawgyi)
58 (Uni)
58 (Zawgyi)
59 (Uni)
59 (Zawgyi)
60 (Uni)
60 (Zawgyi)
61 (Uni)
61 (Zaw gyi)
62 (Uni) 🔞
62 (Zawgyi) 🔞
63 (Uni)
63 (Zawgyi)
64 (Uni)
64 (Zawgyi)
ဇာတ်သိမ်းပိုင်း
ဇာတ်သိမ်းပိုင်း
Thanking

34 (Uni)

360 35 2
By Thurein__


"Artist-K နဲ့ တွေဆုံခွင့်ရခဲ့တဲ့ မြန်မာ့နိုင်ငံကျော်အဆိုတော် သက်မင်းခန့်ထင်"

"Artist-K နဲ့အတူညစာစားခဲ့သည့်ပုံများကို IG တွင်မျှဝေလိုက်သည့် အဆိုတော်သက်မင်းခန့်ထင်"

"Artist-K အဖွဲ့ဝင် Eagle နဲ့ ညီအစ်ကိုလိုရင်းနှီးသည့် အဆိုတော်သက်မင်းခန့်ထင်"

"Artist-K ၏အမာခံပရိတ်သတ်ဖြစ်ကြောင်း ဂုဏ်ယူစွာပြသလိုက်သည့် အဆိုတော်သက်ထင်တို့မောင်နှမ"

Article ပေါင်းစုံကနေ ခေါင်းစဥ်အမျိုးမျိုးတွင် အဓိက Hightlight ပေးခြင်းခံရတာ သက်ထင်ပင်ဖြစ်လေသည်။

သက်ထင်တင်လိုက်သည့်ပုံများသည် မြန်မာ့
K pop fandom တွေကြားမှာအကြီးကြီးလှုပ်ခတ်သွားပြီး ကိုယ့်အပေါ်အာရုံစိုက်လာကြသည်။ နဂိုကတည်းက ညီညီနဲ့ခင်မင်ရင်းနှီးမှုကြောင့် ကိုယ်ကပါအချစ်ခံအားပေးခံလာရသည့်အပြင် ခုလိုလူချင်းတွေ့လာပြီး တရင်းတနှီးညစာပါစားလာသည့်အခါ သက်ထင်သည်သူတို့အိုင်ဒေါ်လ်နဲ့ရင်းနှီးသူဖြစ်သွားကာ သူတို့အကာအကွယ်ခံအောက် အလိုလိုရောက်သွားသည်။

သက်နှင်းကပါ ဘယ်လိုပါလာလဲဆိုရင် Artist-K မန်ဘာတွေ တစ်ယောက်ချင်းထိုးပေးလိုက်သည့် လက်မှတ်ခြောက်ခုကိုသူ့မှာကြွားမဝရှိနေတာကြောင့်။

လူတစ်ကိုယ်ပါးစပ်တစ်ပေါက်ဆိုတော့ ဖြစ်သမျှအကြောင်းမှာ အကောင်းရောအဆိုးပါပါလာသည်။ သက်ထင်ကဖန်ချုချင်လို့ ညီညီ့ကိုအသုံးချသည်ပေါ့လေ။ အမှန်ဆိုမြန်မာ့အဆိုတော်လောကမှာ အမျိုးသမီးအဆိုတော်ဖန်တွေသာ အပြိုင်အဆိုင်များကြတာ။ ယောက်ျားလေးအဆိုတော်ဖန်တွေအချင်းချင်း Idol နဲ့ပတ်သတ်ပြီးရန်ဖြစ်ကြတယ်ဆိုတာ ခပ်ရှားရှား။

သို့သော် သက်ထင်ကျမှမဖြစ်စဖူးစဖြစ်သည်။
နာမည်ကြီးချင်လို့ ညီညီ့ကိုအချိန်ကိုက်ကပ်တယ်ပေါ့လေ။ သို့သော်လည်း မကြာပါ။ Artist-K
ဖန်တွေရော K pop fandom အသီသီးကရောဝင်အုပ်လိုက်တာ သတင်းထပ်ထွက်မလာတော့။ K pop fandom တွေက သူတို့အချင်းချင်းသာချကြတာ နဂိုကတည်းက ကိုယ့်နိုင်ငံက Idol တစ်ယောက်ထွက်ခဲ့ရင်ဆိုတဲ့စိတ်အခံရှိကြတော့ သူတိူ့အိုင်ဒေါ်လ်နဲ့ပတ်သတ်လာရင်အကုန်စည်းလုံးပြီးသား။

ဖန်ချူချင်လို့ တမင်သွားတွေ့တာမဟုတ်တာ ကိုယ်အသိဆုံး။ ညစ်သမျှစိတ်တွေ လေသမျှစိတ်တွေကို ညီညီနဲ့တွေ့ရင်ပျောက်သွားမယ်လို့ထင်လို့။ ညီညီက ကိုယ့်ရဲ့စိတ်ကိုအရင်လိုဖြစ်အောင် ပြန်မြှင့်တင်ပေးနိုင်မယ်လို့ယုံကြည်လို့။

ပိုတိတိကျကျပြောရရင် နှစ်ခြားပြီးဝေးကွာနေတဲ့ ညီညီ့ကိုလွမ်းလို့ကွာ.....။

ရောင်စဥ့်ကိုအားနာပေမယ့် သူ ညီညီ့ကို ချစ်နေမိတာသေချာသွားပြီ။ အချစ်ဆိုတာနှစ်ခုပြိုင်မလာတာမို့လို့ ဘယ်ဟာကအမှန်လဲ ဘယ်ဟာကအမှားလဲ သက်ထင်မသိ။

"ကို သီချင်းအသစ်အတွက်လုပ်သင့်ပြီ"

အတွေးများသည်လက်ရှိကိုပြန်ရောက်လာတော့ Lover seat တွင်ထိုင်နေသည့် ရောင်စဥ့်မျက်နှာလေးဝင်းမွှတ်မွှတ်ကို မြင်ရသည်။ စိတ်ထင်လို့လားပဲမသိ။ ရောင်စဥ့်မျက်နှာသည် လှသာလှသည် ကြည်လင်မနေပါ။

"ဘာလို့လဲ"

"ခုချိန်က ကို့အပေါ်လူတွေ စိတ်ဝင်စားမှုများနေတဲ့အချိန်လေ။ သီချင်းထွက်လိုက်ရင် အောင်မြင်မှာအသေအချာပဲ"

သက်ထင်စိတ်ပျက်သွားသည်။ အောင်မြင်မှု၊ အောင်မြင်မှု။ ဒါတွေပဲထပ်ခါတလဲလဲကြားနေရတာ။ "ငါ့ကိုချစ်တာမဟုတ်ဘဲ ငါ့ရဲ့အောင်မြင်မှုဂုဏ်ပုဒ်တွေကိုချစ်တာလား"လို့ကိုမေးပစ်ချင်တာ။ သူ့မှာ ကိုယ်နဲ့ပတ်သတ်ရင် ဘာတွေစိတ်ဝင်တစားရှိလဲမေးကြည့်။ "သီချင်းအသစ်ဘယ်ချိန်ထွက်မှာလဲ" "ဘယ်တေးရေးနဲ့လဲ" "ဘယ်သူကိုတွဲဆိုဖို့ကမ်းလှမ်းမှာလဲ" ဒါမျိုးတွေပဲစိတ်ဝင်စားတာ။ ပြောလိုက်မိရင် ကိုယ်ကအတိတ်တွေပြန်ဖော်ပြီးနာကျင်နေတယ်ဖြစ်ဦးမယ်။

"မထွက်ချင်သေးပါဘူး ရောင်စဥ်ရာ။ သီချင်းလည်းအသင့်မရှိသေးဘူး"

"အသင့်မရှိရင် အသင့်ဖြစ်အောင်လုပ်လိုက်ပေါ့ ကိုရ။ သီချင်းတစ်ပုဒ်များဘာခက်တာမှတ်လို့"

သင်ထင် မျက်စောင်းတစ်ခုဒိုင်းခနဲရောက်သွားသည်။ ကိုယ့်သက်မွေးပညာကိုလာထိတော့ ပရော်ဖက်ရှင်နယ်တစ်ယောက်အတွက် ဆတ်ဆတ်ကိုနာသည်။ သီချင်းတစ်ပုဒ်ဖြစ်လာတာကို လွယ်တယ်မှတ်နေတာလား။

"ခက်တာပေါ့။ သီချင်းတစ်ပုဒ်ဖြစ်တာလွယ်တာမှတ်လို့။ သံစဥ်ကမှအစ စာသားအထိလုပ်ချင်သလိုလုပ်ရတာမဟုတ်တာ။ ကာရံနဘေတွေနဲ့
ထည့်စပ်ရတာ ရောင်စဥ်တို့ဇာတ်ကားတွေထက်ပိုခက်တယ်"

"ဟင်....ရုပ်ရှင်ကားတစ်ကားဖြစ်ရတာမလွယ်ပါဘူးနော်။ ဘယ်လောက်ပင်ပန်းတယ်ဆိုတာ ကိုမြင်ဖူးသားနဲ့အတင်းစကားနိုင်မလုပါနဲ့။ သီချင်းတစ်ပုဒ်များ ရေးပြီးသားအသင့်ဝယ်ပြီးဆိုလိုက်ရုံပဲကို"

"သြော် ဟော် ဟော် ဝယ်ပြီးရလာတဲ့သီချင်းက သူများခံစားချက်လေ။ ကိုယ့်ခံစားချက်မှမဟုတ်တာ။ သူများခံစားချက်အတိုင်းရေးထားတဲ့သီချင်းကို ကောက်ဆိုလိုက်တော့ ဘယ်ကအနှစ်ကပါတော့မတုန်း။ ကိုယ့်မုဒ်နဲ့ကိုယ်မှ အဆင်ပြေတာ။ ​ရောင်စဥ်တောင်လိုချင်တဲ့မုဒ်ရဖို့ မဆီမဆိုင်မိန်းမပျက်ကားရိုက်ပြီးမုဒ်သွင်းရတာမလား"

သက်ထင်ခပ်မာမာပင်ပြောလိုက်သည်။ မတတ်နိုင်။ ကိုယ့်ပရော်ဖက်ရှင်နယ်ကျ တန်ဖိုးထားပြီးသူများ​ပရော်ဖက်ရှင်ကျ စော်ကားမော်ကား။ ဒါမျိုးကတော့ သက်ထင်မရ။ စိတ်ကထောင်းခနဲပဲ။

"ကို.... ဘာလို့စကားပြောအဲ့လောက်ကြမ်းရတာလဲ"

သင်ထင် မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။
အရင်ကလို ကိုယ်ပြောပြီးတဲ့စကားအပေါ် ပြန်အပြစ်တင်နေတာမျိုးလည်းမရှိနေ။ စိတ်ကမာဆတ်နေသည်။ တစ်ဖက်လူ၏ စိတ်ဆိုးစိတ်ကောက်ခြင်းကိုလည်း ကိုယ့်အနေနဲ့ပူမနေမိတော့။ ဒါ ကိုရီးယားကပြန်ရောက်လာကတည်းက ပြောင်းလဲသွားသည့် သက်ထင်ရဲ့စိတ်တွေပဲ။

"ရွှတ် ရွှတ်"

တစ်ဖက်ခုံက ငိုသံထွက်လာသည်။ ရှူံးပွဲချငိုနေတာမဟုတ်ဘဲ အတင်းအကြပ်ထိန်းချုပ်ထားရင်း တိုးထွက်လာသည့် ရှိုက်သံသဲ့သဲ့ကြောင့်
သက်ထင်စိတ်ပိုပျက်သွားသည်။ ရောင်စဥ်ကတော်ရုံမငိုတတ်တာမို့ မျက်ရည်လက်နက်သုံးတတ်သူမဟုတ်။ စကားတွေကျွံတာချင်းအတူတူ ကိုယ်သာငိုလိုက်ရင် ယောက်ျားလေးဖြစ်ပြီးဆိုပြီး လာဦးမှာ။ လုံးဝမချော့ဘူး။ ချော့လိုက်ရင်ကိုယ်အပြစ်ပိုရှိရာရောက်တယ်။

"ကားကိုဒီမှာပဲရပ်ပေးတော့"

"မရပ်နိုင်ဘူး"

"စေတနာကိုနားမလည်တဲ့သူရဲ့ကားပေါ်လိုက်မစီးနိုင်ဘူး"

"စေတနာ..... ဟင်း စေတနာမှမဟုတ်တာ​... လောဘတွေကို"

ထိုအခါသက်ထင် မျက်ရည်များပြည့်နေသည့်မျက်လုံးများနှင့် စူးစူးရဲရဲကြည့်တာခံရသည်။ မျက်လုံးထဲမှဓားသွားများသည် အပေါ်ယံအရည်ကြည်မျက်ရည်များကိုကျော်လျက် သက်ထင်ကိုယ်ပေါ်ဆီမှာကျူးကျူးကျော်ကျော်။

"လောဘ.... ဘာလောဘလဲ"

"ရောင်စဥ်အသိဆုံးနေမှာပေါ့"

"ဘာကိုဘယ်လိုထင်နေသလဲမသိပေမယ့် ကို မှားနေပြီ။ ​ကို့ကို ကိုချစ်တဲ့အနုပညာကိုဆက်လုပ်နေရတာမြင်ချင်တဲ့စိတ်ကို လောဘလို့တပ်လိုက်တာလား။ ဝေလေလေဖြစ်နေတဲ့ ကိုယ့်ချစ်သူကိုမြင်နေရတာကရောအဆင်ပြေတယ်လို့ထင်နေတာလား။ စိတ်တောင်မကောင်းဘူး......ဟင့် လောဘတဲ့။ လတ်စသတ်တော့ တလွဲတွေထင်နေတာပဲ"

"ကျွီ"

ကားကိုပိတ်ရပ်ပစ်လိုက်သည်။ စကား​ကိုပြတ်အောင်ရှင်းတော့မလို့။ တစ်ခါတည်း ခံစားချက်တွေရောအကုန်အမြစ်ပြတ်ပါသွားလည်း မနှောမြောမိတာမို့အကုန်လံားကိုရှင်းတောမည်ဟူသည့်စိတ်နှင့်ပိတ်ရပ်ပစ်သည်။

"ရောင်စဥ် မင်းအတင်းမဖုံးနဲ့။ မင်းချစ်တာ ငါ့ကိုမဟုတ်ဘူး။ အောင်မြင်တဲ့အဆိုတော်သက်မင်း
ခန့်ထင်ကိုမင်းချစ်တာ။ ခုလိုနာမည်​ကျ နေတဲ့သက်မင်းခန့်ထင်ကိုမင်းမချစ်ဘူး။ မင်းလိုချင်တာ ငါ့ထက် ငါ့အောင်မြင်မှုတွေကိုပဲ ဟုတ်တယ်မလား"

"ဘာတွေလာပြောနေတာလဲ"

"မင်းမငြင်းနဲ့။ ငါ့ထက်ငါ့အောင်မြင်မှု ငါ့နာမည်ကိုပိုစိတ်ဝင်စားပြီး ငါ့အလုပ်ကိုငါ့ထက်ပဲပိုစိတ်ဝင်စားလောဘတက်နေတာကို စေတနာလို့တော့ခေါင်းစဥ်မတပ်နဲ့။ အဲ့လောက်တောင် မင်းရဲ့ချစ်သူက မင်းနဲ့အရှိန်အဝါတူတာမျိုးကိုလိုချင်ရင် ငါကိုရီးယားကိုသွားဖို့လုပ်တုန်းက မင်းမတားနဲ့လေ"

"ဘယ်တုန်းကတားလို့လဲ။ ဘယ်သူကတားနေလို့လဲ။ ရောင်စဥ့်ပါးစပ်ကနေ မသွားပါနဲ့လို့ဘယ်နှစ်ခါထုတ်ပြောဖူးလိူ့လဲ"

သက်ထင် ဒေါသတွေလှိုက်လှိုက်တက်လာသည်။ ဒီနေ့ကသူတို့နှစ်ယောက်ရဲ့အဆုံးသတ်ဖြစ်မယ်ထင်သည်။

"ဟင့် နှုတ်ကတော့မပြောဖူးပေါ့။ အဲ့တုန်းကမင်းဆီမသွားနဲ့လို့မပြောရုံတမယ် ငါနဲ့မခွဲချင်တဲ့မျက်နှာ၊ ချစ်သူပူ​ပူနွေးနွေးကိုမသွားစေချင်တဲ့အရိပ်အယောင်တွေကို မင်းဘာလို့ပြခဲ့လဲ။ အဲ့တုန်းကသာကိုရီးယားကိုသွားဖြစ်ရင် မင်းလိုလူမျိုးကို ငါထည့်စဥ်းစားမှာမဟုတ်ဘူး"

"ဟင့် ဟားဟား ..... သွားဖြစ်ခဲ့ရင်​တောင် ဂုဏ်ရည်ညီညီ့လို ပွဲဦးထွက်ရမယ်ထင်လို့လား။ ကို့မှာ အဆိုတော်တာနဲ့ရုပ်ချောတာကလွဲလို့ ကျန်တဲ့အရည်အချင်းကဘာရှိသေးလို့လဲ"

ရောင်စဥ့်စကားသည် သက်ထက်ကိုမီးစနဲ့ထိုးသလို စူးခနဲပူသွားစေသည်။

"အေး အဲ့ပုံစံပဲ။ တလျှောက်လုံးမှာမင်းငါ့ကိုမြင်နေခဲ့တဲ့ မင်းပုံစံအမှန်ကိုမင်းကိုယ်တိုင်ဝန်ခံလိုက်တာပဲ။ မင်းငါ့ကိုအမြဲတမ်းအထင်သေးနေခဲ့တာ။ မင်းကသာအမြဲတမ်းကြိုးစားသူဖြစ်ပြီး ငါကတော့လေသလပ်နေတဲ့သူပေါ့။ ငါ့ကိုကျဟိုလိုလုပ်ဒီလိုလုပ်နဲ့ အမြဲတမ်းစွက်ဖက်ပြီး မင်းကိုနည်းနည်းလောက် အကြံပေးမိရင်တောင် မင်းမကြိုက်ဘူး။ မင်းမှန်တယ်ဆိုတဲ့စိတ်နဲ့ပဲ အမြဲတမ်းအကုန်လုပ်ချင်ရာလုပ်တယ်။ ငါကတော့ မင်းလောက် Impact မကြီးလို့ ငါ့စကားနားဝင်စရာမလိုဘူးဆိုတဲ့ မင်းအချိုးတွေလည်းခဏခဏတွေ့ခဲ့ဖူးတယ်။ မင်းသာအနားရှိရင် ဘာမဆိုအဆင်ပြေတယ်ဆိုပြီး ဒေါ်မေရည်ချိုကိုယ်တိုင်ရဲ့ ကမ်းလှမ်းချက်ကိုတောင် တစ်မိသားစုလုံးနဲ့အတိုက်အခံလုပ်ပြီး ရှိမြဲနေရာမှာပဲနေဖို့ဆုံးဖြတ်လိုက်မိတာ ငါမှားသွားတာ။ ညီညီ့ကိုဆွဲမထည့်နဲ့။ ငါကိုရီးယားကိုသွားတဲ့ကိစ္စမှာ မင်းကိုယ်တိုင်ကငါ့ကို ဖန်ချူတယ်ထင်နေတာမလား"

"မဟုတ်လို့လား .... မဟုတ်လို့လား .....ဂုဏ်ရည်ညီညီ့ကိုခုတုံးလုပ်ပြီး လူတွေအများကြီး ချစ်တာခံလိုက်ရတယ်လေ။ အချိန်ကိုက်ပဲနော်"

"မဟုတ်ဘူး ..... လုံးဝမဟုတ်ဘူး"

"ဒါဆိုဘာလဲ.....ပြောပါဦးအကြောင်းပြချက်တစ်ခုခုလောက်။ ညီညီ့ကိုကြိုက်နေတာတို့ဘာတို့လား"

သက်ထင်ရင်ထဲတစ်ချက်စို့သွားသည်။ ခုချိန်မှာ အမှန်တိုင်းပြောလိုက်ရင် သူနဲ့ရောင်စဥ်၏လမ်းခွဲသည် သည်နေရာမှာတင်ဖြစ်လေမည်။ သူအခုဘာဆက်လုပ်ရတော့မလဲ။ လမ်းခွဲလိုက်ရတော့မှာလား။ ရောင်စဥ်ကရောအကြောင်းပြချက်ရေရေရာရာမရှိဘဲ လမ်းခွဲပေးပါ့မလား။ လိုနေတာကအကြောင်းပြချက်...။ ခုနကမှအဖြေမသိသေးသည် ခုတော့သိသွားခဲ့ပြီ။ သူရောင်စဥ့်ကိုမချစ်ခဲ့တာမဟုတ်ပါ။

ရောင်စဥ်ကသက်ထင်အတွက် အချစ်ဦးလည်းဖြစ်တဲ့အပြင် ရည်းစားဦးရောပါ။ ရောင်စဥ့်အပေါ်တခမ်းတနားကြီးချစ်ခဲ့ပါ​သည်။ ရောင်စဥ့်အပေါ်ချစ်တဲ့စိတ်တွေဟာ လေနဲ့ရောရေနဲ့ပါ တမြေ့မြေ့တိုက်စားခံနေရသည့် ကမ်းပါးကသဲသောင်လိုပါပင်။ ပါးပါးသွားရာကနေ ခုတော့လုံးဝလုံးဝမရှိတော့။

သူအမှန်တိုင်းပြောလိုက်တော့မည်။ ဒီထက် အဆင်မပြေတဲ့ဆက်ဆံရေးကို ကြာကြာဆက်ဆွဲမထားချင်တော့။

"ဟုတ်တယ်....."

ရောင်စဥ်ကြောင်သွားပုံရသည်။ အဖြေကိုသေချာသိ​ပြီးသားဆိုပြီးမေးချလိုက်တာ မမျှော်လင့်ထားသည့်အဖြေဖြစ်နေတော့ ရောင်စဥ်ကြောင်သွားပုံရသည်။ နှုတ်ခမ်းဝလေးနှစ်ခုပွင့်ဝလျက် သက်ထင်ကိုမျက်လုံးအဝိုင်းသားများနှင့်စိုက်ကြည့်နေသည်။

"ငါ ညီညီ့ကိုချစ်မိနေပြီ"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"ဖြစ်နိုင်ပါတယ်။ ညီညီပွဲဦးထွက်လာမှ ဖန်ချူချင်လို့ကိုရီးယားထိသွားတွေ့တာမဟုတ်ဘူး။ ပွဲဦးမထွက်ခင်ကတည်းက ညီညီ့ဆီကအဆက်အသွယ်မရရင် လွမ်းတတ်တယ်။ မျှော်နေတတ်တယ်။ ဖုန်းပြောနေရတဲ့အချိန်မှာတောင် မရောင့်ရဲနိုင်ဘူး။ အပြင်မှာကိုတွေ့ချင်တာ။ ခုလိုကိုရီးယားထိသွားမိတာ ညီညီကပေးတဲ့သတ္တိတွေပဲ။ လူချင်းတွေ့တော့ ငါ့ခံစားချက်တွေသေချာသွားတယ်။ ညီညီ့ကိုငါချစ်နေပြီ"

သက်ထင် တစ်ဖက်ဆီခေါင်းပြန်လှည့်လာတော့ ရောင်စဥ်ကနားနှစ်ဖက်ကိုပိတ်လျက် ကားအပြင်ဘက် တစ်ဖက်လမ်းဆီမျက်နှာလွှဲထားသည်။ မင်းမကြားချင်လည်းကြားရမယ် ရောင်စဥ်။ ဒါအမှန်တရားပဲ။ မင်းပေါ်ကအချစ်တွေကိုမင်းကပဲလျော့အောင်ပျောက်သွားအောင်လုပ်တာ။

"ကိုယ်တို့လမ်းခွဲရအောင်"

ရောင်စဥ်ကလည်းအဖြေတန်းပြန်ပေးသည်။

"ကောင်းပါပြီ"ဟူ၍။ သက်ထင်သိတာပေါ့။

ရောင်စဥ်ကအချစ်ထက် မာနကိုပိုဦးစားပေးတယ်ဆိုတာ။ ညီညီ့ကိုချစ်မိသွားမှန်းမသိခင်
မသေချာခင်တုန်းက ကိုယ်ကပဲအလျော့ပေးရ ကိုယ်ကပဲချော့ရ ကိုယ်ကပဲမာနတွေအကုန်ချခင်းထားရတာ။ အဲ့လိုချခင်းထားရတာကိုလည်းပျော်ခဲ့တာပေါ့။ ကိုယ်ကသိပ်ချစ်ခဲ့သူဖြစ်တာကိုး။

အဲ့လိုကိုယ့်ဘက်နေ ရနေကျမို့ ရောင့်တက်လာသလားမသိ။ နည်းနည်းငြင်းမိရင်ပြဿနာကဖြစ်ပြီ။ အဖုအထစ်ပေါင်းများစွာနဲ့သူတို့နှစ်ယောက် ဆက်ဆံရေးသည် ခုတော့အပြီးသတ်ခဲ့လေပြီ။ ပြန်ဆက်ချင်လာရင်တောင် မဆက်မိအောင် စိတ်ပျက်စေမယ့်စကားရန်ပွဲအကြီးကြီးပြောပြီးဖြစ်ခဲ့တာမို့ သက်ထင်တို့နှစ်ယောက်ထပ်မဆုံကြတော့မှာအသေအချာပါပင်။ ထို့ပြင် နှစ်ဦးနှစ်ဖက်သဘောတူလမ်းခွဲခဲ့တာမို့ သက်ထင်ရင်ထဲအများကြီးပေါ့ပြီးပျော်မိသည်။

ခုဆိုရင် ညီညီ့အကြောင်းကို လွတ်လွတ်လပ်လပ်တွေးလို့ရပြီ။ ညီညီ့အပြုံး၊ ညီညီ့မျက်နှာလေး၊ ညီညီ့အပြုအမူလေးတွေကို သူတဝကြီးစိတ်ကူးလို့ရပြီ။ ကိုယ်ဟာလူလွတ်တစ်ယောက်မို့ ညီညီ့ကို​ပိုင်ဆိုင်နိုင်ဖို့ကြိုးစားဖို့ လိပ်ပြာသန့်သွားလေပြီ။

သက်နှင်းပြောသလို ညီညီက ကိုယ့်ကိုငါးရာနှစ်ဆယ့်ရှစ်နဲ့ချစ်ပြီးသား။ ကိုယ်ကသူ့အိုင်ဒေါ်လ်။ ချစ်သူရည်းစားလိုချစ်မိလာဖို့ ညီညီအတွက်ဘာမှမခဲယဥ်းဘူးတဲ့။ သက်ထင်ကြိုးစားရတော့မည်။

ညီညီရေကိုယ့်ကိုပြန်ချစ်ဖို့သာစဥ်းစားထားတော့ကွာ......။

............

"ဒီမှာဝတ်ဖို့ထုတ်ထားပေးတယ်လေ"

"ငါကမင်းထုတ်ထားတာ ဘာလို့ဝတ်ရမှာလဲ။ ငါ့မှာလည်းလက်ပါတယ်"

"မရဘူး ဒါကိုပဲဝတ်ရမှာ"

"မဝတ်ပါဘူးဆိုနေ"

ဇေ အတော်စိတ်အချဥ်ပေါက်နေလေပြီ။ တော်တော်အမှတ်သည်းခြေကြီးတဲ့ကောင်။

သက်ထင်မပြန်ခင်က နောက်လိုက်လွတ်အောင်နေဖို့ပြောလိုက်တာကို တေးမှတ်ထားတာ
တစ်ပတ်ကျော်ပြီ။ အဲ့ကတည်းက သူ့အဝတ်သူလျှော်သည်။ သူ့အဝတ်သူထုတ်ဝတ်သည်။ ကုမ္ပဏီကနေဘယ်လောက်ပဲ ပင်ပန်းလာလာ သူ့ကိစ္စသူပြီးမှ စိတ်ချလက်ချနားသည်။ ဇေလုပ်ပေးတာမခံ။ ​ပြောချင်တာက သူနောက်လိုက်လွတ်တယ်ပေါ့လေ။ တော်တော်နောက်လိုက်လွတ်တယ်ဆိုတော့။ ဘယ်နှစ်ခါအဝတ်လျှော်ဖူးတဲ့သူမို့လို့လဲ။ ချေးလည်းမပြောင် အနံ့လည်းမကျွတ်။ သူမရှိတဲ့အချိန်မှာဇေပြန်လျှော်ပေး ပြန်ခေါက်ပေးရတာပါပဲ။

နောက်လိုက်လွတ်ဖို့စကားက ကိုယ်သဝန်တိုတာကို သက်သက်အကြောင်းပြဖုံးဖို့ ပြောလိုက်တဲ့စကားပါလို့ ဘယ်လိုပြောပြရပါ့မလဲ ဂုဏ်ရည်ရယ်.....။

"ဒီနေ့ သွားမှာက ဆိုင်ဖွင့်ပွဲနော်။ မင်းရွေးထားတာ မလိုက်မဖက်ကြီး"

"မင်းကဒီဇိုင်နာလား။ ဖက်ရှင်းသင်တန်းဆင်းလား။ ထပ်မပြောနဲ့နော် ငါဝတ်ချင်တာဝတ်မှာ"

ဇေ ထပ်အာညောင်းမခံနိုင်တော့။ ချင်ချင်းဖုန်းကိုထုတ်ပြီး ခေါ်လိုက်တာကအစ်ကိုဒယ်ဟိုဆီ။

"အွန်း ဇေး....မူဆွန်းအော်သီရား"
(ဘာကိစ္စရှိလို့လဲ)

အစ်ကိုဒယ်ဟို့အသံကြားတော့ တစ်ယောက်သောသူကအလန့်တကြားလှည့်ကြည့်၏။ သူ့တိုင်တယ်ထင်နေမှာပေါ့။

"Hyung တို့လူစုနေပြီလား"

"အင်း ထယ်ဆော့နဲ့ ဆိုးချန်နဲ့ပဲစုမိသေးတယ်။ Eagle ရောထွက်မလာသေးဘူးလား။ အချိန်နီးနေပြီ"

"Hyung ကင်မရာဖွင့်လိုက်ပါလား"

"ဟေး ဘာလုပ်နေတာလဲ"

ညီညီကတိုးတိုးလေးလှမ်းပြောသည်။ ကင်မရာ
ပွင့်လာတော့ အစ်ကိုဒယ်ဟိုကအဖြူရောင်ကုတ်လက်ရှည် အထူသားကြီးကိုဝတ်ထားသည်။ ဒယ်ဟို့ဘေးထိုင်နေကြသည့် ထယ်ဆော့လည်းကုတ်လက်ရှည်ကြီးနဲ့ဘောစိဆိုက်။ ဆိုးချန်လည်းမဲပြာရောင်လက်ရှည်နဲ့ပင်။

"Eagle က အစ်ကိုတို့တိုင်ပင်ထားတဲ့ဟာကိုမဝတ်ချင်ဘူးတဲ့။ သူ့ဘာသာဒီဟာကြီးကိုဝတ်ဖို့လုပ်နေတယ်"

အဝါရောင်အစင်းကြားတီရှပ်လက်တိုအင်္ကျီကိုကင်မရာနှင့်ချိန်ရင်း လက်ညိုးထိုးပြလိုက်သည်။

"ရား...အစ်ကိုတို့နဲ့တိုင်ပင်ထားတာလို့ မင်းဘယ်တုန်းကပြောလို့လဲ"

"ပြောရင်မင်းကဝတ်မှာမို့လို့လား"

"ဝတ်မှာပေါ့"

ကုတင်ပေါ်က ဝတ်စုံကိုယူသွားလေပြီ။ ကိုယ်ကလည်းကိုယ်ပါပဲ။ တစ်ပတ်လုံးကိုယ့်ကိုအကပ်မခံသည်မို့ ပြေလည်အောင်​လုပ်မယ်ဆိုပြီး ကိုယ်ရွေးပေးထားသလိုနဲ့ပြောလိုက်တာ။ တကယ်က Artist-K Stylist တွေစီစဥ်ထားတဲ့ဝတ်စုံ။

"ဟေး....မြန်မာလို့မပြောကြနဲ့လေ။ ကြည့်ရတာရန်ဖြစ်နေတာလား။ Eagle.... တစ်ယောက်တည်းထင်းထွက်နေချင်တာလား။ သဘောလေ ဝတ်ချင်လည်းဝတ်ခဲ့ပေါ့"

"အာညင်း Hyung.... ဝတ်မှာ ဝတ်မှာ။ ကျွန်တော်မသိလို့"

ဇေ့လက်ထဲကဖုန်းကိုလုပြီး တစ်ဖက်လှည့်ကာပြောသည်။ ကြားထဲမျက်စောင်းနဲ့ပါအထိုးခံရသေး၏။

"အတည်ပြောတာ အစ်ကိုတို့နဲ့မတူချင်လည်းတခြားဟာဝတ်ခဲ့။ စတိုင်လစ်တွေကိုပြောလိုက်မယ်။ Eagle အတွက်ထည့်မချုပ်နဲ့ သူ့မှာစီစဥ်ပြီးသားလို့"

ခေါင်းဆောင်ပီပီ စကားနာထိုး ချုပ်နေ​တာမြင်ရတော့ ဇေအားရသည်။ မှတ်ထား ငဂျစ်ကလေး။

"Hyung အဲ့လိုပြောရင်ကျွန်တော်ငိုမှာနော်။ မဟုတ်ပါဘူးဆိုနေ .... နောက်အဲ့လိုမပြောတော့ပါဘူး"

"ဟားဟား..... အစ်ကိုစတာပါ.... မြန်မြန်လာတော့ ယောင်းမင်းလည်းရောက်လာပြီ"

"Nae...."

ကိုယ်နဲ့ဆိုချော့မရခြောက်မရနဲ့။ သူ့အဖွဲ့ကလူစကားကျတစ်ခွန်းတည်း။ ဇေနှာခေါင်းသာရှုံ့မိပါသည်။

"အာ....ဇေ့ကိုလည်းစိတ်ဆိုးပြေလိုက်ဦး။ သူမနေတတ်လို့တဲ့"

"ဟင်"

"အာ.....အစ်ကိုရေ.... ဒါပဲနော် ဖုန်းချပြီ"

​ဇေပဲ မြန်မြန်ပြန်လု၍ဖုန်းချလိုက်သည်။

တော်သေးသည် မျက်စောင်းပျော့ပျော့တစ်ချက်သာထိုးပြီးဘာမှတော့မပြော။ ကျန်တဲ့ကိစ္စဆိုသူ့အစ်ကိုတွေစကားနားထောင်ပေမယ့် ကိုယ့်ကိုပြန်ခေါ်ဖို့ကိုတော့နားမထောင်ပါ။

ဘယ်တတ်နိုင်ပါ့မလဲ ..... ကိုယ်ကပဲဆက်ချော့ရုံပေါ့။

........

#Thurein

June 1 2022 8:57 PM

Continue Reading

You'll Also Like

326K 13K 40
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
3.5M 217K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
2.3M 148K 94
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
519K 34.1K 84
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary