Unicode
Coffee ဆိုင်မှာချိန်းထားတာဖြစ်ပြီး သူတို့ ထက်ပင် တစ်ဖက်က မိန်းကလေးက ပင်အရင်ရောက်နေသေးသည် ။
သူခပ်တည်တည်ပင် ဆိုင့်လက်ကို ဆွဲကာ ဝင်ထိုင်လိုက်တယ် ။
" ရောက်ပြီလား အဏ္ဏဝါ "
" ဟုတ်ကဲ့ ဒါ ကျွန်တော့် အမျိုးသား ပါ မအမရာမောင်"
အကြည့်တစ်ချက်သာ ပို့လာပြီး မအမရာမောင်က Coffee ခွက်ကို ဆက်မွှေနေသည် ။
" တစ်ခုခု မှာလေ မင်းအတွက်ရော မင်း အမျိုးသား အတွက် ရော တို့က မင်း ဘာကြိုက်မှန်း မသိလို့ မမှာထားတာ "
ဖြူဖွေးနေသော အသားအရည်ပေါ်မှာ အနက်ရောင် အင်ဒိုနီးရှား ပါတိတ်ဝမ်းဆက်ကို ဆင်ထားပြီး လက်ဝတ်ရတနာဆိုလို့
ပလကိတီနမ် ဆွဲကြိုးလေး တစ်ကြိုးသာ ဝတ်ထားပေမဲ့ ဒီအမရဲ့ အရှိန်အဝါ က မနည်းဘူးဆိုတာ ခံစားနေရပြီး အမရာမောင်ဆိုတဲ့ အမကို နေကြည်အလင်းဆိုင် ရှိန်နေမိသည် ။
" နွားနို့နဲ့ ပူတင်းပဲ စားနော် ဆိုင် ကိုယ် သွားမှာပေးမယ် "
" ဟုတ် ကိုကို "
ကိုကို မုန့်သွားယူနေတုန်း ဆိုင် မနေတတ်စွာ ခေါင်းကို တင်းတင်းငုံ့ထားမိတယ် ။
ဘာအကြောင်းနဲ့ကို သူသိမ်ငယ်နေလဲ မသိ ပညာအရည်အချင်း ကြောင့်လား ဒါမှမဟုတ် သူ ဒီအမကို မယှဉ်နိုင်၍လား ။
" မင်း တို့ ကို အဲ့လောက် ထိ ကြောက်နေစရာ မလိုဘူး ဆိုင် အင်း "
" နေကြည်အလင်းဆိုင် ပါ မမ "
သူ့ကို သူ မိတ်ဆက်ပြီး မှားသွားပြီ ဟု ခံစားလိုက်ရသည် ။ ဒီအမက သူ့ကို သဘောကြပါ့မလား ။ အစတုန်းက တော့ ကိုကို့ ဒယ်ဒီ ပေးတွေ့သည့် အမျိုးသမီး တစ်ယောက် က ပေါ့ပေါ့ပါးပါး ငယ်ငယ်ရွယ်ရွယ်နဲ့ မိန်းကလေး တစ်ယောက် လို့ သူထင်ထားခဲ့တာ ။ အခုတော့ မျက်စိရှေ့က အမျိုးသမီး က အများကြီး ရင့်ကျက်သည့်ဟန် ပေါက်နေသည် ။
" ခေါင်းကြီး အတင်း ငုံ့ထားစရာ မလိုဘူး ပြီးတော့ မင်း ဘာလို့ အဲ့လောက် သိမ်ငယ်နေရတာလဲ နေကြည်အလင်းဆိုင် "
" မမ "
သူ့စိတ်ကို သိသည့်အလား မေးခွန်းထုတ်လိုက်တာမို့ မျက်နှာပါ ပူတက်လာရတယ် ။
" အသက်ဘယ်လောက် ရှိသွားပြီ လဲ "
" 12 လပိုင်းမှ 25 နှစ်ပြည့်မှာပါ မမ "
" ပညာအရည်အချင်း ကရော "
" ကျွန်တော် ဆယ်တန်းနဲ့ ကျောင်းထွက်လိုက်တာပါ "
ဘာမှ ထပ်မမေးလာစေဖို့ ဆုတောင်းမိတယ် အကယ်၍ များ ထပ်မေးလာရင် သူက ထောင်ထွက်တစ်ယောက်ဆိုတာ ပေါ်တော့ မည်။ ဒါဆို ကိုကို့ အတွက် လူအထင်သေးစရာဖြစ်သွားနိုင်တယ်လို့ ထင်တာပဲ ။
" ရပြီ ဆိုင် နို့က ပူတယ် ဖြေးဖြေးမှုတ်သောက် ခဏ ကိုယ်ပဲ လုပ်ပေးမယ် "
ကိုကို အနားကို ပြန်လာမှသာ ဆိုင် သက်ပြင်း အသာချမိသည် ။
" ကျွန်တော် မအမရာမောင် ကို အားနာပေမဲ့ လက်ထပ်ဖို့ ကိစ္စက ဘယ်လို မှ မဖြစ်နိုင်တော့ ပါဘူး ။ ပြီးတော့ ကျွန်တော် တစ်သက်လုံး ဆိုင့်ကို ပဲ ချစ်သွားမှာမို့ မတော်တဆ မအမရာမောင် နဲ့ ပက်သတ်ခဲ့ရရင်တောင် ကျွန်တော့် စိတ်အလုံးစုံက ကျွန်တော့် သက်ဆိုင်သူ ဆီမှာ ပဲ ရာသက်ပန် တည်ရှိနေမှာပါ "
သူ့လက်ကလေးကို ကိုကို က အသာညှစ်ကာ မကြောက်နဲ့ ဆိုသည့် သဘောဖြင့် အားပေးလာသည် ။
" သူက တို့ထက် ဘာတွေများ သာနေလို့လဲ ငွေကြေး ပညာရေး စီးပွားရေး လူမှုရေး နောက်ဆုံး အချက် သူက ယောကျ်ားသား တစ်ယောက် ဖြစ်ပြီး တို့က မင်း ရင်သွေးကို ဖွားပေးနိုင်တဲ့ မိန်းမတစ်ယောက် ဆိုပြီး မျက်ရည်ချူ မယ် ပြီးရင် အဖန်တရာ ထပ်တလဲလဲ ကြားနေကြဖြစ်တဲ့ ဒီ အဓိပ္ပာယ် မရှိတဲ့ စကားတွေနဲ့ တို့က မင်းတို့ နှစ်ယောက် ကို ခွဲမယ် ထင်နေသလား အဏ္ဏဝါ "
အစောက စကားတွေကြောင့် အဏ္ဏဝါ ထထိုးဖို့တောင် ရွယ်ထားပြီးပြီ ။ ဆိုင်က လက်ကို ဆွဲထားလို့ သူစိတ်လျှော့နေတုန်း နောက်ဆက်တွဲ စကားကြောင့် နှစ်ယောက် သား ကြောင်ပြီး ဘာမှ ပင် ပြန်မပြောနိုင် ဖြစ်သွားရသည် ။
" အစောထဲက မင်းကို စိတ်ဝင်စားမနေဘူး အဏ္ဏဝါ ။ တို့က တာဝန်အရ လာတွေ့ပေးရုံပဲ မင်းကို သဘောမကျတာမို့ စိတ်တိုမနေနဲ့ "
" ကိုကို့ အစား ကျွန်တော် တောင်းပန်ပါတယ် မမ ။ ကိုကို က စိတ်က နည်းနည်း မြန်လို့ပါ "
တော်သေး ဆိုင်ရဲ့ အတွင်းကျကျ နေရာမှာ ခုံယူထားလို့ပေါ့ မဟုတ်ရင် သူတို့ စကားများနေကြတဲ့ အသံတွေကို အကုန်ကြာကုန်ဦးမယ် ။
" သူ့ကို သာ စိတ်ဝင်မစားတာ မင်းကို တော့ တို့ စိတ်ဝင်စားတယ် ဆိုင် "
" ဗျာ "
" ခင်ဗျား "
ကိုကို့ ကို စိတ်မဝင်စား ဘဲ သူ့ကို စိတ်ဝင်စားတာတဲ့ ။
" တို့ က တစ်ဦးတည်းသော သမီး ။ ရှင်းရှင်းပြောမယ် မောင်လေး သိပ်လိုချင်တဲ့ သူမို့ နေကြည်အလင်းဆိုင် မင်းကို တို့ အမွေစား အမွေခံနဲ့ မွေးစားမယ် ။ တို့မိဘနှစ်ယောက်လုံးက နယ်သာလန်မှာ အေးအေးဆေးဆေး နေနေကြတယ် အဲ့တော့ ဒီကိစ္စကို ဝင်စွပ်ဖက်မှာတော့ မဟုတ်ဘူး ။ မင်း သဘောတူလား "
" ကျွန်တော် "
" မရပါဘူး ဆိုင့်ကို ခင်ဗျား မွေးစားဖို့ မလိုဘူး ကျွန်တော် ခင်ဗျား ထက်သာ အောင် ထားပေးနိုင်တယ် လိုအပ်ချက် တစ်ခုတောင် မရှိစေရဘူး "
" တို့ မင်းကို မေးနေလို့ လား တို့ မောင်လေး ဖြစ်လာမဲ့သူကို မေးနေတာ လေ "
" ခင်ဗျား သူက ကျွန်တော့် အမျိုးသား ဆိုတာ မသိဘူး လား "
အမရာမောင် အခုချိန်မှာ စိတ်တွေလှုပ်ရှားနေသည်ဟု ပြောရင် ဘယ်သူမှတောင် ယုံမယ် မထင် ။
သူက အစောထဲက အိမ်ထောင်ပြုဖို့ မတွေးထားတဲ့ မိန်းမတစ်ယောက် ပင် ။ အဏ္ဏဝါ့ကို လာတွေ့တယ်ဆိုတာလည်း ဖေဖေ့ ၏ တွေ့ကြည့်လို့ သဘောမကျရင် အိမ်ထောင်ပြုဖို့ ကိစ္စ ကို ထပ်ဖိအားမပေးတော့ဘူးဆို၍ပင် ။
ဖေဖေက အဏ္ဏဝါ ကို သိပ်သဘောကျနေ
သည့် သူမို့ အမရာမောင် ခဏလာတွေ့လိုက်တာ ဒီလိုနဲ့ သူတစ်ကယ် မောင်လေး တစ်ယောက် ကောက်ရလိုက်မည် ဟု မထင်ထားဘူး ။
ခပ်တည်တည် နေတတ်သည့် သူ့မျက်နှာကို ကြည့်ပြီး နေကြည်အလင်းဆိုင် ဆိုသည့်ကောင်လေး စိုးရိမ်နေသည်ကို သိတာမို့ ဒီကိစ္စ မြန်မြန်ဖြတ်ရမည် ။
နေကြည်အလင်းဆိုင် သာ လက်ခံလိုက်တာနဲ့ သူ တစ်နေ့နေ့မှာ မောင်လေး တစ်ယောက် မွေးစားဖြစ်ခဲ့ရင် ဆိုပြီး သူ့မောင်လေးဖြစ်လာမည့် သူအတွက် အကုန်လုံး စီစဥ်ထားသမျှ ကို နေကြည်အလင်းဆိုင် အား
စီစဥ်ပေးတော့မယ် ။
" ကျွန်တော် က ဒီအတိုင်း ထောင်ထွက် တစ်ယောက် ပါ မမ "
" ဆိုင် "
" အဲ့လိုလူမျိုးက ကိုကို့ကို ဒုက္ခပေးပြီး ကိုကို့ အမျိုးသား ဖြစ်ရတာနဲ့တင် လုံလောက်ပါပြီ ဒီထပ် အများကြီး မမျှော်လင့်ထားတော့ပါဘူး စေတနာ အတွက် ကျေးဇူး တင်ပါတယ် မမ "
အစကတော့ သူမ ဒီကောင်လေးကို သဘောမတူရင် ဖြည်းဖြည်းချင်း နားချရမယ်လို့ စိတ်ကူးထားတာ ဒီလို အပြတ်ငြင်းမယ်လို့တော့ မထင်ထား ။ ပြီးတော့ ထောင်ထွက်ဆိုသည့် စကားကြောင့် အမရာမောင် ဆုံးဖြတ်ချက်တွေ ပိုခိုင်မာသွားရသည် ။
နေကြည်အလင်းဆိုင် အား မောင်လေး အဖြစ် ရအောင် ကို သူ မွေးစားပြစ်ဦးမယ် ။
အိမ်ပြန်လမ်း တစ်လျှောက် ဆိုင်ကသာ အိပ်ပျော်နေပေမဲ့ အဏ္ဏဝါကတော့ တောက်တစ်ခေါက်ခေါက်နဲ့ ပင် ။
ဘယ်နှယ့် သူ့များ အမျိုးသား ကို မွေးစားချင်နေရတာလဲ ။
ဒါပေမဲ့ တစ်ခုတော့ ကျေးဇူး တင်ရမည် မအမရာမောင် ဟာ သူတွေ့ဖူးသမျှ မိန်းကလေးတွေနဲ့ မတူဘူးဆိုတာပဲ ။
ဆိုပေမဲ့ လည်း ဆိုင့်ကို မွေးစားဖို့ ကိစ္စ က သူ့ကို ကျော်ပြီးတောင် လုပ်နေလိုက်သေးတယ်။ ဒီမိန်းမက တော့ သူ့ကို ဒေါသထွက်အောင် လာလုပ်နေတာပဲ ။
အဏ္ဏဝါ အပြင်ဘက်ကို တစ်ချက် ကြည့်ရင်း နဲ့ တစ်နေရာ အရောက် ကားကို ခဏရပ်လိုက်ရသည် ။
" ဘာဖြစ်လို့လဲ ကိုကို "
ကားရပ်တာနဲ့ ဆိုင် မျက်လုံးတွေ ဖွင့်လိုက်တော့ ကျောင်းတစ်ကျောင်းရှေ့မှာ ကားရပ်ထားတာမို့ ကိုကို့ ကို မေးလိုက်သည် ။ သူတစ်ကယ် တော့ အိပ်နေတာ မဟုတ် မျက်လုံး တွေ မှိတ်ထားခြင်းသာ ။
" ဘာလို့ ရပ်လိုက်တာလဲ ကျွန်တော် အိပ်ချင်နေပြီ ကိုကို ရ "
" အင်း ပြန်ကြမယ် ဆိုင် "
" ခဏ ကိုကို "
တံခါးဝကနေ သူ့ကို စူးစိုက်ကြည့်နေတဲ့ ကလေးကြောင့် ဆိုင် ပြန်ကြည့်ပေးလိုက်တော့ မျက်နှာလွှဲသွားသည် ။
သေချာပေါက် ထိုကလေးက ဒေါ်ခိုင်ဖူးသွယ် ရဲ့ ရင်နှစ်သည်းခြာ နိုဗီလေး ပေါ့ ။
" လာမကြိုသေးဘူး ထင်တယ် ဆိုင် ကိုယ်တို့ ပြန်ကြမယ် "
" သွားခေါ်လိုက် ကိုကို "
" ဆိုင် "
" စကားနားထောင် ကိုကို သွား ခေါ်ပေး ကျွန်တော် သူ့ကို ပြောစရာရှိတယ် "
ကိုကို က ဘာမှ မပြောဘဲ သူ့စကားအတိုင်း နိုဗီ့ကို သွားခေါ်ပေးလာသည် ။
" ကိုကြီး "
" မင်းအဲ့မှာ နေ ငါ နောက်ခန်း ဆင်းလာမယ် ။ ကိုကို မောင်းလို့ ရပြီ အိမ်ကို ပဲ မောင်း "
ကလေးတစ်ယောက်ကို စိတ်ဒဏ်ရာ မပေးချင်ပေမဲ့ မတတ်နိုင်ဘူး ပြောစရာ ရှိတာတော့ ပြောရမှာပဲ ။
" အရင်ဆုံး ငါ့ကို ကိုကြီး လို့ မခေါ်နဲ့ မင်းနဲ့ငါ ဘာမှ မတော်စပ်ဘူး နားလည်လား "
" နိုနို တောင်းပန်ပါတယ် ကိုကြီး က နိုနို့ ကို မုန်းလို့ မရဘူး လားဟင် "
" မရဘူး မင်းမာမီနဲ့ ဒယ်ဒီ ငါ့အပေါ် လုပ်ခဲ့တာတွေက တော်ရုံတောင် မဟုတ်ဘူး ပြီးတော့ ငါ့ကို ကိုကြီး လို့ လာမခေါ်နဲ့ "
တွေးရင်းနဲ့ ဒေါသထွက်လာတာမို့ ဆိုင် နိုဗီ့ခေါင်းကို လက်သီးဆုပ်နဲ့ ထုချမိသွားသည် ။
" ကိုကြီး နိုနို့ ကို ထုလို့ ရပါတယ် မကျေနပ်ရင် ရိုက်လို့ပါ ရတယ် ဒါပေမဲ့ မုန်းတော့ မမုန်းပါနဲ့ နော် "
" မင်းဒယ်ဒီက လူယုတ်မာ ဆိုတာ သိရဲ့လား ပြီးတော့ မင်းမာမီ သူလည်း အတူတူပဲ မင်း
ဒယ်ဒီ့ထက်ပိုဆိုးတယ် ရွံစရာ တွေ "
ကလေးရှေ့ ပြောသင့် မပြောသင့်လည်း နေကြည်အလင်းဆိုင် ဂရုမစိုက်တော့ ။
နိုဗီဆိုတဲ့ ကောင်လေး ခေါင်းထဲ သူရိုက်သွင်းရမည့် အတွေးက တစ်ခုပဲ ရှိသည် အဲ့ဒါ ဒီကောင်လေး စိတ်ထဲ ဦးထက်သာရော ဒေါ်ခိုင်ဖူးသွယ် ရော နှစ်ယောက် လုံးအပေါ် မကောင်းမြင်နေဖို့ပဲ ။
သူက နဂိုထဲက စိတ်ကောင်းမရှိတဲ့သူ မဟုတ်ပေမယ့် ဒီမိသားစုကို တော့ ဘယ်လိုမှ စိတ်ကောင်းထားမပေးနိုင် ။
" သူတို့ မကောင်းတာနဲ့ ပဲ နိုနိုပါ လူဆိုး မဟုတ်ဘူး လေ "
ခုနှစ်နှစ်သာ ရှိသေးလို့ စကားပြောတဲ့နေရာမှာတော့ ဆရာကျသည့် သူ့ကိုတောင် ပြန်ချေပနိုင်သေးတာ ။
" ပြောမရဘူး လေ မျိုးရိုးဗီဇဆိုတာ လိုက်တတ်တယ်မဟုတ်လား "
" ကိုကြီး အခု နိုနို့ ကို ကိုကြီး တို့ အိမ် ခေါ်သွားမလို့လား "
" မခေါ်ပါဘူး မင်းကို မင်းအိမ်က ရှာမတွေ့နိုင်တဲ့ ခပ်ဝေးဝေး တစ်နေရာမှာ ပစ်ထားခဲ့မှာ မင်းအိမ်က စိတ်ပူပြီး လိုက်ရှာနေမဲ့ ပုံစံကို မြင်ယောင်ပြီး ငါတော့ လှောင်ချင်နေပြီ "
" ကိုကြီး "
အဏ္ဏဝါ လည်း သူ့အမျိုးသားလေး ပြောတဲ့အတိုင်း နိုဗီ့ကို ထားခဲ့ဖို့ လုပ်ရသည် ။
ဆိုင့် စိတ်ကို သိတာမို့ အဏ္ဏဝါ ဘာမှ ဝင်မပြောခြင်းပင် ။
" ထားခဲ့တော့ ကိုကို အိမ်ပြန်မယ် ကျွန်တော့် တော့ ကိုကို့ရင်ခွင်ထဲ ဝင်ပြီး နွေးနွေးထွေးထွေး နေရမဲ့ အချိန်လေးရောက်ပြီ တစ်စုံတစ်ယောက် ကတော့ လာကြိုမဲ့သူ တွေကို ဒီအတိုင်း ကြောက်စိတ်လေးနဲ့ စောင့်နေပေါ့ "
ပြုံးပြုံးလေး ပြောကာ သူတို့ တစ်ကယ် ကို နိုဗီ့အား ကျောင်းနဲ့ ခပ်ဝေးဝေး နေရာရှိ Minimart ဆိုင်တစ်ဆိုင်ရှေ့တွင်ထားပစ်ခဲ့သည် ။
" ကိုကို ကျွန်တော် မှားလားဟင် "
" ဆိုင်က အမှားမလုပ်ဖူးပါဘူး ကလေးရဲ့ "
လမ်းဘေးတစ်နေရာမှာ ကားထိုးရပ်ကာ အဏ္ဏဝါ ဆိုင့်ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည် ။
" ပြန်သွားခေါ်ချင်လား "
" ကိုကို သိလား ကျွန်တော် အခုထိ အနိုင်မရသေးဘူး "
"မဟုတ်ဘူး ဆိုင် မင်း အနိုင်ရပြီးပါပြီ ဘာလို့ ဆို ကိုယ်တစ်ယောက်လုံး မင်း ပိုင်ဆိုင်ပြီးပြီလေ ပြီးတော့ ကိုယ် မင်းကို လက်ဆောင် ပေးစရာ တစ်ခု ကျန်နေသေးတယ် ဆိုင် "
" ကျွန်တော် မယူချင်ပါဘူး နော် ကိုကို ပေးတာ များနေပြီ လေဗျာ "
" ဆိုင် သေချာပေါက် လိုနေတဲ့ အရာပါ ကိုယ်ပေးမှာ "
သူ သေချာပေါက် လိုနေတဲ့ အရာဆိုတော့ ။
" ကိုကို !!! "
" ဟုတ်တယ် ဆိုင့်ဖေဖေ ကို လိင်စိတ်ကြွဆေး ခတ်တဲ့သူက ဘယ်သူလဲ ဆိုတဲ့ သက်သေ ပဲ "
ဖေကြီး အကြောင်း ပါလာ၍ လှိုက်တက်လာသော ဝမ်းနည်းမှုတွေကို မြိုသိပ်ကာ စိတ်ကို ထိန်းလိုက်ရတယ် ။
" ကျွန်တော့်ကို ပေးလေ ကိုကို အခု "
" စိတ်ကို ငြိမ်ငြိမ်ထား ဆိုင် အဲ့သက်သေက နိုဗီ့ဆီမှာ ရှိနေတာ "
" ဘာဖြစ်တယ် အဲ့ကလေး လက်ထဲ ရှိနေတာ ဟုတ်လား ကိုကို "
" ဟုတ်တယ် ဆိုင် အဲ့တော့ ဆိုင် ဘာလုပ်ရမလဲ သိပြီလား ကိုယ်လည်း နိုဗီ့ကို သဘောမကျပါဘူး ဒါပေမဲ့ အဲ့ကလေးက ဆိုင့်အတွက် အကူအညီ ဖြစ်လာနိုင်တယ် နားလည်ပြီလား "
" နိုဗီ့ ကို ပြန်သွားခေါ်ကြမယ် ကိုကို အခု "
အဏ္ဏဝါ ခေါင်းငြိမ့်ပြကာ ကားပြန်လှည့်လိုက်သည် ။
ပြဿနာတွေ အားလုံး ပြီးသွားတဲ့ တစ်နေ့
ဆိုင့်ကိုခေါ်ပြီး အေးအေးချမ်းချမ်း ရှိတဲ့ တစ်နေရာမှာ ဇာတ်မြှုပ်ပြီး နေထိုင်တော့မယ် ။
GarlicBoom
Thu/July28
2:36PM
Zawgyi
Coffee ဆိုင္မွာခ်ိန္းထားတာျဖစ္ၿပီး သူတို႔ ထက္ပင္ တစ္ဖက္က မိန္းကေလးက ပင္အရင္ေရာက္ေနေသးသည္ ။
သူခပ္တည္တည္ပင္ ဆိုင့္လက္ကို ဆြဲကာ ဝင္ထိုင္လိုက္တယ္ ။
" ေရာက္ၿပီလား အဏၰဝါ "
" ဟုတ္ကဲ့ ဒါ ကြၽန္ေတာ့္ အမ်ိဳးသား ပါ မအမရာေမာင္"
အၾကည့္တစ္ခ်က္သာ ပို႔လာၿပီး မအမရာေမာင္က Coffee ခြက္ကို ဆက္ေမႊေနသည္ ။
" တစ္ခုခု မွာေလ မင္းအတြက္ေရာ မင္း အမ်ိဳးသား အတြက္ ေရာ တို႔က မင္း ဘာႀကိဳက္မွန္း မသိလို႔ မမွာထားတာ "
ျဖဴေဖြးေနေသာ အသားအရည္ေပၚမွာ အနက္ေရာင္ အင္ဒိုနီးရွား ပါတိတ္ဝမ္းဆက္ကို ဆင္ထားၿပီး လက္ဝတ္ရတနာဆိုလို႔
ပလကိတီနမ္ ဆြဲႀကိဳးေလး တစ္ႀကိဳးသာ ဝတ္ထားေပမဲ့ ဒီအမရဲ႕ အရွိန္အဝါ က မနည္းဘူးဆိုတာ ခံစားေနရၿပီး အမရာေမာင္ဆိုတဲ့ အမကို ေနၾကည္အလင္းဆိုင္ ရွိန္ေနမိသည္ ။
" ႏြားနို႔နဲ႕ ပူတင္းပဲ စားေနာ္ ဆိုင္ ကိုယ္ သြားမွာေပးမယ္ "
" ဟုတ္ ကိုကို "
ကိုကို မုန႔္သြားယူေနတုန္း ဆိုင္ မေနတတ္စြာ ေခါင္းကို တင္းတင္းငုံ႕ထားမိတယ္ ။
ဘာအေၾကာင္းနဲ႕ကို သူသိမ္ငယ္ေနလဲ မသိ ပညာအရည္အခ်င္း ေၾကာင့္လား ဒါမွမဟုတ္ သူ ဒီအမကို မယွဥ္နိုင္၍လား ။
" မင္း တို႔ ကို အဲ့ေလာက္ ထိ ေၾကာက္ေနစရာ မလိုဘူး ဆိုင္ အင္း "
" ေနၾကည္အလင္းဆိုင္ ပါ မမ "
သူ႕ကို သူ မိတ္ဆက္ၿပီး မွားသြားၿပီ ဟု ခံစားလိုက္ရသည္ ။ ဒီအမက သူ႕ကို သေဘာၾကပါ့မလား ။ အစတုန္းက ေတာ့ ကိုကို႔ ဒယ္ဒီ ေပးေတြ႕သည့္ အမ်ိဳးသမီး တစ္ေယာက္ က ေပါ့ေပါ့ပါးပါး ငယ္ငယ္႐ြယ္႐ြယ္နဲ႕ မိန္းကေလး တစ္ေယာက္ လို႔ သူထင္ထားခဲ့တာ ။ အခုေတာ့ မ်က္စိေရွ႕က အမ်ိဳးသမီး က အမ်ားႀကီး ရင့္က်က္သည့္ဟန္ ေပါက္ေနသည္ ။
" ေခါင္းႀကီး အတင္း ငုံ႕ထားစရာ မလိုဘူး ၿပီးေတာ့ မင္း ဘာလို႔ အဲ့ေလာက္ သိမ္ငယ္ေနရတာလဲ ေနၾကည္အလင္းဆိုင္ "
" မမ "
သူ႕စိတ္ကို သိသည့္အလား ေမးခြန္းထုတ္လိုက္တာမို႔ မ်က္ႏွာပါ ပူတက္လာရတယ္ ။
" အသက္ဘယ္ေလာက္ ရွိသြားၿပီ လဲ "
" 12 လပိုင္းမွ 25 ႏွစ္ျပည့္မွာပါ မမ "
" ပညာအရည္အခ်င္း ကေရာ "
" ကြၽန္ေတာ္ ဆယ္တန္းနဲ႕ ေက်ာင္းထြက္လိုက္တာပါ "
ဘာမွ ထပ္မေမးလာေစဖို႔ ဆုေတာင္းမိတယ္ အကယ္၍ မ်ား ထပ္ေမးလာရင္ သူက ေထာင္ထြက္တစ္ေယာက္ဆိုတာ ေပၚေတာ့ မည္။ ဒါဆို ကိုကို႔ အတြက္ လူအထင္ေသးစရာျဖစ္သြားနိုင္တယ္လို႔ ထင္တာပဲ ။
" ရၿပီ ဆိုင္ နို႔က ပူတယ္ ေျဖးေျဖးမႈတ္ေသာက္ ခဏ ကိုယ္ပဲ လုပ္ေပးမယ္ "
ကိုကို အနားကို ျပန္လာမွသာ ဆိုင္ သက္ျပင္း အသာခ်မိသည္ ။
" ကြၽန္ေတာ္ မအမရာေမာင္ ကို အားနာေပမဲ့ လက္ထပ္ဖို႔ ကိစၥက ဘယ္လို မွ မျဖစ္နိုင္ေတာ့ ပါဘူး ။ ၿပီးေတာ့ ကြၽန္ေတာ္ တစ္သက္လုံး ဆိုင့္ကို ပဲ ခ်စ္သြားမွာမို႔ မေတာ္တဆ မအမရာေမာင္ နဲ႕ ပက္သတ္ခဲ့ရရင္ေတာင္ ကြၽန္ေတာ့္ စိတ္အလုံးစုံက ကြၽန္ေတာ့္ သက္ဆိုင္သူ ဆီမွာ ပဲ ရာသက္ပန္ တည္ရွိေနမွာပါ "
သူ႕လက္ကေလးကို ကိုကို က အသာညွစ္ကာ မေၾကာက္နဲ႕ ဆိုသည့္ သေဘာျဖင့္ အားေပးလာသည္ ။
" သူက တို႔ထက္ ဘာေတြမ်ား သာေနလို႔လဲ ေငြေၾကး ပညာေရး စီးပြားေရး လူမႈေရး ေနာက္ဆုံး အခ်က္ သူက ေယာက်္ားသား တစ္ေယာက္ ျဖစ္ၿပီး တို႔က မင္း ရင္ေသြးကို ဖြားေပးနိုင္တဲ့ မိန္းမတစ္ေယာက္ ဆိုၿပီး မ်က္ရည္ခ်ဴ မယ္ ၿပီးရင္ အဖန္တရာ ထပ္တလဲလဲ ၾကားေနၾကျဖစ္တဲ့ ဒီ အဓိပၸာယ္ မရွိတဲ့ စကားေတြနဲ႕ တို႔က မင္းတို႔ ႏွစ္ေယာက္ ကို ခြဲမယ္ ထင္ေနသလား အဏၰဝါ "
အေစာက စကားေတြေၾကာင့္ အဏၰဝါ ထထိုးဖို႔ေတာင္ ႐ြယ္ထားၿပီးၿပီ ။ ဆိုင္က လက္ကို ဆြဲထားလို႔ သူစိတ္ေလွ်ာ့ေနတုန္း ေနာက္ဆက္တြဲ စကားေၾကာင့္ ႏွစ္ေယာက္ သား ေၾကာင္ၿပီး ဘာမွ ပင္ ျပန္မေျပာနိုင္ ျဖစ္သြားရသည္ ။
" အေစာထဲက မင္းကို စိတ္ဝင္စားမေနဘူး အဏၰဝါ ။ တို႔က တာဝန္အရ လာေတြ႕ေပး႐ုံပဲ မင္းကို သေဘာမက်တာမို႔ စိတ္တိုမေနနဲ႕ "
" ကိုကို႔ အစား ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ မမ ။ ကိုကို က စိတ္က နည္းနည္း ျမန္လို႔ပါ "
ေတာ္ေသး ဆိုင္ရဲ႕ အတြင္းက်က် ေနရာမွာ ခုံယူထားလို႔ေပါ့ မဟုတ္ရင္ သူတို႔ စကားမ်ားေနၾကတဲ့ အသံေတြကို အကုန္ၾကာကုန္ဦးမယ္ ။
" သူ႕ကို သာ စိတ္ဝင္မစားတာ မင္းကို ေတာ့ တို႔ စိတ္ဝင္စားတယ္ ဆိုင္ "
" ဗ်ာ "
" ခင္ဗ်ား "
ကိုကို႔ ကို စိတ္မဝင္စား ဘဲ သူ႕ကို စိတ္ဝင္စားတာတဲ့ ။
" တို႔ က တစ္ဦးတည္းေသာ သမီး ။ ရွင္းရွင္းေျပာမယ္ ေမာင္ေလး သိပ္လိုခ်င္တဲ့ သူမို႔ ေနၾကည္အလင္းဆိုင္ မင္းကို တို႔ အေမြစား အေမြခံနဲ႕ ေမြးစားမယ္ ။ တို႔မိဘႏွစ္ေယာက္လုံးက နယ္သာလန္မွာ ေအးေအးေဆးေဆး ေနေနၾကတယ္ အဲ့ေတာ့ ဒီကိစၥကို ဝင္စြပ္ဖက္မွာေတာ့ မဟုတ္ဘူး ။ မင္း သေဘာတူလား "
" ကြၽန္ေတာ္ "
" မရပါဘူး ဆိုင့္ကို ခင္ဗ်ား ေမြးစားဖို႔ မလိုဘူး ကြၽန္ေတာ္ ခင္ဗ်ား ထက္သာ ေအာင္ ထားေပးနိုင္တယ္ လိုအပ္ခ်က္ တစ္ခုေတာင္ မရွိေစရဘူး "
" တို႔ မင္းကို ေမးေနလို႔ လား တို႔ ေမာင္ေလး ျဖစ္လာမဲ့သူကို ေမးေနတာ ေလ "
" ခင္ဗ်ား သူက ကြၽန္ေတာ့္ အမ်ိဳးသား ဆိုတာ မသိဘူး လား "
အမရာေမာင္ အခုခ်ိန္မွာ စိတ္ေတြလႈပ္ရွားေနသည္ဟု ေျပာရင္ ဘယ္သူမွေတာင္ ယုံမယ္ မထင္ ။
သူက အေစာထဲက အိမ္ေထာင္ျပဳဖို႔ မေတြးထားတဲ့ မိန္းမတစ္ေယာက္ ပင္ ။ အဏၰဝါ့ကို လာေတြ႕တယ္ဆိုတာလည္း ေဖေဖ့ ၏ ေတြ႕ၾကည့္လို႔ သေဘာမက်ရင္ အိမ္ေထာင္ျပဳဖို႔ ကိစၥ ကို ထပ္ဖိအားမေပးေတာ့ဘူးဆို၍ပင္ ။
ေဖေဖက အဏၰဝါ ကို သိပ္သေဘာက်ေန
သည့္ သူမို႔ အမရာေမာင္ ခဏလာေတြ႕လိုက္တာ ဒီလိုနဲ႕ သူတစ္ကယ္ ေမာင္ေလး တစ္ေယာက္ ေကာက္ရလိုက္မည္ ဟု မထင္ထားဘူး ။
ခပ္တည္တည္ ေနတတ္သည့္ သူ႕မ်က္ႏွာကို ၾကည့္ၿပီး ေနၾကည္အလင္းဆိုင္ ဆိုသည့္ေကာင္ေလး စိုးရိမ္ေနသည္ကို သိတာမို႔ ဒီကိစၥ ျမန္ျမန္ျဖတ္ရမည္ ။
ေနၾကည္အလင္းဆိုင္ သာ လက္ခံလိုက္တာနဲ႕ သူ တစ္ေန႕ေန႕မွာ ေမာင္ေလး တစ္ေယာက္ ေမြးစားျဖစ္ခဲ့ရင္ ဆိုၿပီး သူ႕ေမာင္ေလးျဖစ္လာမည့္ သူအတြက္ အကုန္လုံး စီစဥ္ထားသမွ် ကို ေနၾကည္အလင္းဆိုင္ အား
စီစဥ္ေပးေတာ့မယ္ ။
" ကြၽန္ေတာ္ က ဒီအတိုင္း ေထာင္ထြက္ တစ္ေယာက္ ပါ မမ "
" ဆိုင္ "
" အဲ့လိုလူမ်ိဳးက ကိုကို႔ကို ဒုကၡေပးၿပီး ကိုကို႔ အမ်ိဳးသား ျဖစ္ရတာနဲ႕တင္ လုံေလာက္ပါၿပီ ဒီထပ္ အမ်ားႀကီး မေမွ်ာ္လင့္ထားေတာ့ပါဘူး ေစတနာ အတြက္ ေက်းဇူး တင္ပါတယ္ မမ "
အစကေတာ့ သူမ ဒီေကာင္ေလးကို သေဘာမတူရင္ ျဖည္းျဖည္းခ်င္း နားခ်ရမယ္လို႔ စိတ္ကူးထားတာ ဒီလို အျပတ္ျငင္းမယ္လို႔ေတာ့ မထင္ထား ။ ၿပီးေတာ့ ေထာင္ထြက္ဆိုသည့္ စကားေၾကာင့္ အမရာေမာင္ ဆုံးျဖတ္ခ်က္ေတြ ပိုခိုင္မာသြားရသည္ ။
ေနၾကည္အလင္းဆိုင္ အား ေမာင္ေလး အျဖစ္ ရေအာင္ ကို သူ ေမြးစားျပစ္ဦးမယ္ ။
အိမ္ျပန္လမ္း တစ္ေလွ်ာက္ ဆိုင္ကသာ အိပ္ေပ်ာ္ေနေပမဲ့ အဏၰဝါကေတာ့ ေတာက္တစ္ေခါက္ေခါက္နဲ႕ ပင္ ။
ဘယ္ႏွယ့္ သူ႕မ်ား အမ်ိဳးသား ကို ေမြးစားခ်င္ေနရတာလဲ ။
ဒါေပမဲ့ တစ္ခုေတာ့ ေက်းဇူး တင္ရမည္ မအမရာေမာင္ ဟာ သူေတြ႕ဖူးသမွ် မိန္းကေလးေတြနဲ႕ မတူဘူးဆိုတာပဲ ။
ဆိုေပမဲ့ လည္း ဆိုင့္ကို ေမြးစားဖို႔ ကိစၥ က သူ႕ကို ေက်ာ္ၿပီးေတာင္ လုပ္ေနလိုက္ေသးတယ္။ ဒီမိန္းမက ေတာ့ သူ႕ကို ေဒါသထြက္ေအာင္ လာလုပ္ေနတာပဲ ။
အဏၰဝါ အျပင္ဘက္ကို တစ္ခ်က္ ၾကည့္ရင္း နဲ႕ တစ္ေနရာ အေရာက္ ကားကို ခဏရပ္လိုက္ရသည္ ။
" ဘာျဖစ္လို႔လဲ ကိုကို "
ကားရပ္တာနဲ႕ ဆိုင္ မ်က္လုံးေတြ ဖြင့္လိုက္ေတာ့ ေက်ာင္းတစ္ေက်ာင္းေရွ႕မွာ ကားရပ္ထားတာမို႔ ကိုကို႔ ကို ေမးလိုက္သည္ ။ သူတစ္ကယ္ ေတာ့ အိပ္ေနတာ မဟုတ္ မ်က္လုံး ေတြ မွိတ္ထားျခင္းသာ ။
" ဘာလို႔ ရပ္လိုက္တာလဲ ကြၽန္ေတာ္ အိပ္ခ်င္ေနၿပီ ကိုကို ရ "
" အင္း ျပန္ၾကမယ္ ဆိုင္ "
" ခဏ ကိုကို "
တံခါးဝကေန သူ႕ကို စူးစိုက္ၾကည့္ေနတဲ့ ကေလးေၾကာင့္ ဆိုင္ ျပန္ၾကည့္ေပးလိုက္ေတာ့ မ်က္ႏွာလႊဲသြားသည္ ။
ေသခ်ာေပါက္ ထိုကေလးက ေဒၚခိုင္ဖူးသြယ္ ရဲ႕ ရင္ႏွစ္သည္းျခာ နိုဗီေလး ေပါ့ ။
" လာမႀကိဳေသးဘူး ထင္တယ္ ဆိုင္ ကိုယ္တို႔ ျပန္ၾကမယ္ "
" သြားေခၚလိုက္ ကိုကို "
" ဆိုင္ "
" စကားနားေထာင္ ကိုကို သြား ေခၚေပး ကြၽန္ေတာ္ သူ႕ကို ေျပာစရာရွိတယ္ "
ကိုကို က ဘာမွ မေျပာဘဲ သူ႕စကားအတိုင္း နိုဗီ့ကို သြားေခၚေပးလာသည္ ။
" ကိုႀကီး "
" မင္းအဲ့မွာ ေန ငါ ေနာက္ခန္း ဆင္းလာမယ္ ။ ကိုကို ေမာင္းလို႔ ရၿပီ အိမ္ကို ပဲ ေမာင္း "
ကေလးတစ္ေယာက္ကို စိတ္ဒဏ္ရာ မေပးခ်င္ေပမဲ့ မတတ္နိုင္ဘူး ေျပာစရာ ရွိတာေတာ့ ေျပာရမွာပဲ ။
" အရင္ဆုံး ငါ့ကို ကိုႀကီး လို႔ မေခၚနဲ႕ မင္းနဲ႕ငါ ဘာမွ မေတာ္စပ္ဘူး နားလည္လား "
" နိုနို ေတာင္းပန္ပါတယ္ ကိုႀကီး က နိုနို႔ ကို မုန္းလို႔ မရဘူး လားဟင္ "
" မရဘူး မင္းမာမီနဲ႕ ဒယ္ဒီ ငါ့အေပၚ လုပ္ခဲ့တာေတြက ေတာ္႐ုံေတာင္ မဟုတ္ဘူး ၿပီးေတာ့ ငါ့ကို ကိုႀကီး လို႔ လာမေခၚနဲ႕ "
ေတြးရင္းနဲ႕ ေဒါသထြက္လာတာမို႔ ဆိုင္ နိုဗီ့ေခါင္းကို လက္သီးဆုပ္နဲ႕ ထုခ်မိသြားသည္ ။
" ကိုႀကီး နိုနို႔ ကို ထုလို႔ ရပါတယ္ မေက်နပ္ရင္ ရိုက္လို႔ပါ ရတယ္ ဒါေပမဲ့ မုန္းေတာ့ မမုန္းပါနဲ႕ ေနာ္ "
" မင္းဒယ္ဒီက လူယုတ္မာ ဆိုတာ သိရဲ႕လား ၿပီးေတာ့ မင္းမာမီ သူလည္း အတူတူပဲ မင္း
ဒယ္ဒီ့ထက္ပိုဆိုးတယ္ ႐ြံစရာ ေတြ "
ကေလးေရွ႕ ေျပာသင့္ မေျပာသင့္လည္း ေနၾကည္အလင္းဆိုင္ ဂ႐ုမစိုက္ေတာ့ ။
နိုဗီဆိုတဲ့ ေကာင္ေလး ေခါင္းထဲ သူရိုက္သြင္းရမည့္ အေတြးက တစ္ခုပဲ ရွိသည္ အဲ့ဒါ ဒီေကာင္ေလး စိတ္ထဲ ဦးထက္သာေရာ ေဒၚခိုင္ဖူးသြယ္ ေရာ ႏွစ္ေယာက္ လုံးအေပၚ မေကာင္းျမင္ေနဖို႔ပဲ ။
သူက နဂိုထဲက စိတ္ေကာင္းမရွိတဲ့သူ မဟုတ္ေပမယ့္ ဒီမိသားစုကို ေတာ့ ဘယ္လိုမွ စိတ္ေကာင္းထားမေပးနိုင္ ။
" သူတို႔ မေကာင္းတာနဲ႕ ပဲ နိုနိုပါ လူဆိုး မဟုတ္ဘူး ေလ "
ခုႏွစ္ႏွစ္သာ ရွိေသးလို႔ စကားေျပာတဲ့ေနရာမွာေတာ့ ဆရာက်သည့္ သူ႕ကိုေတာင္ ျပန္ေခ်ပနိုင္ေသးတာ ။
" ေျပာမရဘူး ေလ မ်ိဳးရိုးဗီဇဆိုတာ လိုက္တတ္တယ္မဟုတ္လား "
" ကိုႀကီး အခု နိုနို႔ ကို ကိုႀကီး တို႔ အိမ္ ေခၚသြားမလို႔လား "
" မေခၚပါဘူး မင္းကို မင္းအိမ္က ရွာမေတြ႕နိုင္တဲ့ ခပ္ေဝးေဝး တစ္ေနရာမွာ ပစ္ထားခဲ့မွာ မင္းအိမ္က စိတ္ပူၿပီး လိုက္ရွာေနမဲ့ ပုံစံကို ျမင္ေယာင္ၿပီး ငါေတာ့ ေလွာင္ခ်င္ေနၿပီ "
" ကိုႀကီး "
အဏၰဝါ လည္း သူ႕အမ်ိဳးသားေလး ေျပာတဲ့အတိုင္း နိုဗီ့ကို ထားခဲ့ဖို႔ လုပ္ရသည္ ။
ဆိုင့္ စိတ္ကို သိတာမို႔ အဏၰဝါ ဘာမွ ဝင္မေျပာျခင္းပင္ ။
" ထားခဲ့ေတာ့ ကိုကို အိမ္ျပန္မယ္ ကြၽန္ေတာ့္ ေတာ့ ကိုကို႔ရင္ခြင္ထဲ ဝင္ၿပီး ႏြေးႏြေးေထြးေထြး ေနရမဲ့ အခ်ိန္ေလးေရာက္ၿပီ တစ္စုံတစ္ေယာက္ ကေတာ့ လာႀကိဳမဲ့သူ ေတြကို ဒီအတိုင္း ေၾကာက္စိတ္ေလးနဲ႕ ေစာင့္ေနေပါ့ "
ၿပဳံးၿပဳံးေလး ေျပာကာ သူတို႔ တစ္ကယ္ ကို နိုဗီ့အား ေက်ာင္းနဲ႕ ခပ္ေဝးေဝး ေနရာရွိ Minimart ဆိုင္တစ္ဆိုင္ေရွ႕တြင္ထားပစ္ခဲ့သည္ ။
" ကိုကို ကြၽန္ေတာ္ မွားလားဟင္ "
" ဆိုင္က အမွားမလုပ္ဖူးပါဘူး ကေလးရဲ႕ "
လမ္းေဘးတစ္ေနရာမွာ ကားထိုးရပ္ကာ အဏၰဝါ ဆိုင့္ကို ရင္ခြင္ထဲ ဆြဲသြင္းလိုက္သည္ ။
" ျပန္သြားေခၚခ်င္လား "
" ကိုကို သိလား ကြၽန္ေတာ္ အခုထိ အနိုင္မရေသးဘူး "
"မဟုတ္ဘူး ဆိုင္ မင္း အနိုင္ရၿပီးပါၿပီ ဘာလို႔ ဆို ကိုယ္တစ္ေယာက္လုံး မင္း ပိုင္ဆိုင္ၿပီးၿပီေလ ၿပီးေတာ့ ကိုယ္ မင္းကို လက္ေဆာင္ ေပးစရာ တစ္ခု က်န္ေနေသးတယ္ ဆိုင္ "
" ကြၽန္ေတာ္ မယူခ်င္ပါဘူး ေနာ္ ကိုကို ေပးတာ မ်ားေနၿပီ ေလဗ်ာ "
" ဆိုင္ ေသခ်ာေပါက္ လိုေနတဲ့ အရာပါ ကိုယ္ေပးမွာ "
သူ ေသခ်ာေပါက္ လိုေနတဲ့ အရာဆိုေတာ့ ။
" ကိုကို !!! "
" ဟုတ္တယ္ ဆိုင့္ေဖေဖ ကို လိင္စိတ္ႂကြေဆး ခတ္တဲ့သူက ဘယ္သူလဲ ဆိုတဲ့ သက္ေသ ပဲ "
ေဖႀကီး အေၾကာင္း ပါလာ၍ လွိုက္တက္လာေသာ ဝမ္းနည္းမႈေတြကို ၿမိဳသိပ္ကာ စိတ္ကို ထိန္းလိုက္ရတယ္ ။
" ကြၽန္ေတာ့္ကို ေပးေလ ကိုကို အခု "
" စိတ္ကို ၿငိမ္ၿငိမ္ထား ဆိုင္ အဲ့သက္ေသက နိုဗီ့ဆီမွာ ရွိေနတာ "
" ဘာျဖစ္တယ္ အဲ့ကေလး လက္ထဲ ရွိေနတာ ဟုတ္လား ကိုကို "
" ဟုတ္တယ္ ဆိုင္ အဲ့ေတာ့ ဆိုင္ ဘာလုပ္ရမလဲ သိၿပီလား ကိုယ္လည္း နိုဗီ့ကို သေဘာမက်ပါဘူး ဒါေပမဲ့ အဲ့ကေလးက ဆိုင့္အတြက္ အကူအညီ ျဖစ္လာနိုင္တယ္ နားလည္ၿပီလား "
" နိုဗီ့ ကို ျပန္သြားေခၚၾကမယ္ ကိုကို အခု "
အဏၰဝါ ေခါင္းၿငိမ့္ျပကာ ကားျပန္လွည့္လိုက္သည္ ။
ျပႆနာေတြ အားလုံး ၿပီးသြားတဲ့ တစ္ေန႕
ဆိုင့္ကိုေခၚၿပီး ေအးေအးခ်မ္းခ်မ္း ရွိတဲ့ တစ္ေနရာမွာ ဇာတ္ျမႇုပ္ၿပီး ေနထိုင္ေတာ့မယ္ ။
GarlicBoom
Thu/July28
2:36PM