အမှောင်ခပ်ရိပ်ရိပ် အလင်းမှိန်မှိန်သာရှိနေတဲ့
အခန်းတစ်ခု၊ အခန်းနံရံ ရဲ့ထောင့်စွန်းပိုင်း
မြင်သာထင်သာရှိတဲ့ နေရာ၌ သံကြိုးတွေဖြင့်လက်တစ်ဖက်တစ်ချက်ကို နံရံ၌ ကပ်၍
ချည်နှောင်ထားလေ၏။
တနည်းပြောရရင် ထွက်ပြေးလို့မရသည့်ထက်ပို၍ ရုမ်းကန်ခြင်းမရှိအောင် သံကြိုး
တွေဖြင့်အထပ်ထပ်ချည်နှောင်စွာ။
ချောမောတည်ကြည်လွန်းသည့်မျက်နှာပြင်
ထက်မှာလည်း ထိုးနှက်ခံထားရသည့်ဒဏ်
ရာဒဏ်ချက်တွေဖြင့် ညိုမဲစွဲထင်လျက် ဥပ
တိရုပ်ကောင်းလွန်းသည့်ရုပ်ဆင်းရူပကာကို
ဖျတ်လိုဖျတ်စီးနှောက်ယှက်နေပါ၏။
သွေးရဲရဲစိုနေလေသည့် ပေါက်ပြဲထိရှနေသောနှုတ်ခမ်းညိုညိုတွေက တွန့်ကွေးရုံမျှ
နှစ်လိုဖွယ်အပြုံးနှင့် မခိုးမခန့်ပြုံးလိုက်ပြီး
ထိုအပြုံးတစ်ချက်၌တင် အကြိမ်ကြိမ်အသက်ပါရသည်နှယ်။
ထိုပုံစံကိုက ရုပ်ချောပေမယ့်ထောင့်မကျိုး၊
ဂျစ်ကန်ကန်၊မာကျောကျော ကျွတ်ဆတ်နေ
တာကိုကစတိုင်တစ်မျိုးအနေနဲ့ဆွဲဆောင်နေ
ပေ၏။ တည်စေရာမိုင်သာ တက္ကသိုလ် ကျောင်းသားဆိုပါက Kingဘွဲ့ရတဲ့သူဖြစ်
ပေလိမ့်မည်။
ကြံဖန်နာမည်ကြီးလူသိများ စိတ်ဝင်စားစရာ
ဖြစ်နေတဲ့ ကလန့်ကဆန့်ပေတိပေကပ်ကောင်
လေးက မထင်ထားသည့်နှယ် ပုံသဏ္ဍန်အ
မျိုးမျိုးမိန်းကလေးတွေရဲ့ ဝိုင်းဝိုင်းလည်နေ
ခြင်းခံရပေမဲ့ ချစ်မိသူကတစ်ယောက်တည်း။
ရင်အုပ်ကျယ်ကြီးရဲ့ ဖွေးဖွေးဖြူတဲ့ဗလာ
ကျင်းနေတဲ့ရင်ခွင်ပြင်ကြီးမှာတော့ ဒဏ်ရာ
တစ်ချို့နှင့် သွေးစိုစို့ရဲရဲက မြင်ရက်စရာမရှိ
အောင်နေရာယူလို့ထားလေသည်။ခေါင်းငိုက်
စိုက်လျက်နေပေမဲ့ လက်တစ်ဖက်တစ်ချက်ကိုသံကြိုး ခတ်ထားတာကြောင့် မတ်တပ်
တန်းလန်းအနေအထားဖြင့်သာ။
မနီးမဝေးအကွာအဝေးက ဂျိတ်စ်မှာတော့
တည်စေရာမိုင်ကိုကြည့်ပြီး အပြစ်မကင်းတဲ့
မျက်ဝန်း အားတုံ့အားနာရိပ်တွေပြည့်သိပ့်
နေတဲ့အကြည့်တွေဖြင့် သူလည်းထူးမခြားနားစွာ ထိုးနှက်ခံထားရသည့်အညိုအမဲစွဲ
ဒဏ်ရာတစ်ချို့နှင့် လက်နောက်ပစ်ကြိုးတုပ်
အနေအထားဖြင့် ထိုင်နေရာကာ ဖမ်းခေါ်လာ
ခဲ့သည့်AE snakeဂိုဏ်းသားတွေကို တဖန်မ
ကျေမနပ်ဖြစ်မိနေမိလေ၏။
သို့ပေမဲ့ သူတို့ရဲ့ပစ်မှတ်က တည်စေရာမိုင်
တစ်ဦးတည်းသာဖြစ်၏။ ဒီလိုအဖမ်းခံရသည်ဆိုပါက ကျိန်းသေပေါက်သတင်းက
တော့ဂိုဏ်းထံ ပေါက်ရောက်နိင်မှာပင်။
"ဘယ်သူလာကယ်မလဲလို့တွေးနေတာလား
စိတ်ကူးမယဥ်နဲ့"
ဂျိတ်စ်ရဲ့ခေါင်းကို လှမ်းပုတ်လိုက်ပြီးဂိုဏ်း
သားတစ်ယောက် ခနဲ့တဲ့လေသံဖြင့် ပြောကာ
ပီကေဝါးမပြတ်။
"သူ့ကိုလွှတ်ထားပေးလိုက်..မနှောက်ယှက်
နေနဲ့"
"အခုထိတောင်အသံကောင်းဟစ်နေသေး
တာပဲ...ဒဏ်ရာတွေကနည်းနေသေးလို့လား"
အပ်ကွဲကွဲအသံဖြင့် လေးလေးကန်ကန်ပြော
လိုက်ပြီး ဂျိတ်စ်ကို မထိတထိခနဲ့နေတဲ့ကောင်ကို တည်စေရာမိုင် ခေါင်းငိုက်စိုက်နေ
ရာမှ ခေါင်းမော့၍သတိပေးလိုက်၏။
"ခံပြင်းလို့လား...အငယ်တန်းဂိုဏ်းသားအဆင့်က...လေးစားရကောင်းမှန်းမသင်ထားဘူး
လား"
"ဒီကောင်ကတော့...ခွပ်!"
တည်စေရာမိုင်ရဲ့စကားကြောင့် ခံပြင်းဒေါသ
ဖြစ်သွားပြီးနောက် တစ်ချက်ထိုးလိုက်ပြီး
ထပ်မံထိုးရန်ဟန်ပြင်လိုက်စဥ်....။
"ရပ်လိုက်တော့...နောက်ဆုတ်နေ"
အနောက်ကအမိန့်ပေးလိုက်တဲ့ အသံပိုင်ရှင်ရဲ့ကြောင့် မျက်စီမျက်နှာပျက်ကာ ကြောက်
ရွံတုန်လှုပ်သော အမူအရာဖြင့်အနောက်သို့
ဆုတ်ခွာသွားလေသည်။
"မင်းကတည်စေရာမိုင်ပဲဖြစ်မယ်"
"မြင်နေရသားနဲ့ဘာလို့မေးတာလဲ..အမြင်အာ
ရုံတွေဝေဝါးနေတာလား...အဘိုးကြီး"
တည်စေရာမိုင်ကို ဘယ်သူမှလာကျောလို့မရ။
အရင်ထိပါးပြီးပြသနာလာရှာပါကလည်းတုန့်ပြန်မူကပြင်းထန်သည်၊ လက်ယှဥ်သလို လူ
ငယ်သဘာဝရန်ပွဲလေးတွေရှိခဲ့ပေမဲ့လည်း
ပြသနာတတ်စရာလောက်ထိ နာမည်ဆိုးမရှိ
ခဲ့။
မဟုတ်မခံ ဂျစ်ကန်ကန်လူဆိုးလေးကလုပ်
ယူရတဲ့အမည်နာမကို စိတ်မဝင်စားပေမဲ့ နေပုံထိုင်ပုံ ပီရိသေသပ်လွန်းတာကြောင့် သူ့ရဲ့
တိုက်ခိုက်စွမ်းရည်ကမသေးတာကြောင့်မာ
ဖီးယားဂိုဏ်းတွေနှင့် မြို့မှာနာမည်ကြီးလူဆိုး
လေးဇိုးဖြစ်နေခဲ့ခြင်းသာ။
ဆိုးသွမ်းနေတာကလည်း စည်းလွတ်ဝါး
လွတ်မျိုးမဟုတ်၊အပြင်လူတွေသာမသိနိင်တဲ့ မြေအောက်ဂိုဏ်းတွေနဲ့ပတ်သတ်ဆက်နွယ်မိသွားခြင်း။
တစ်ယောက်သောသူ၊ အမုန်းတွေကြားက
မာနထိပ်ခေါင်ရွှေမင်းသားလေးဖြစ်တဲ့ တစ်
ယောက်သောသူသာ။
"မင်းက လူချောတစ်ယောက်ပဲ"
"အဟွန်း"
"ဘယ်လိုလဲ...ငါနဲ့ပူးပေါင်းပြီး ဖာရိုနမ်လက်
ထဲကဒေါ်လာတုပလိတ်ပြားတွေကိုယူပြီး
မားဖီးယားဂိုဏ်းတွေကိုအုပ်ချုပ်ကြမလား"
တည်စေရာမိုင် မျက်နှာရိပ်ကဲဖမ်းတာမညံ့ဘူးဆိုရင်တော့ ဒီအဘိုးကြီးက AE snake
အဖွဲ့ရဲ့ဂိုဏ်းခေါင်တစ်ယောက်ပင်။တုတ်ကောက်တစ်ချောင်းကိုထောက်၍ သန့်ပြန်
သောအဝတ်အစားများဖြင့်အနောက်တိုင်းဆန်ဆန် အမူအရာဖြင့်။
သူ့စည်းရုံးသည့်စကားကိုပိုင်နိင် ကျိန်းသေ
ပေါက်ရလိမ့်မည့်မျက်နှာဖြစ်နေတာကြီးက
ရယ်ချင်စရာတစ်ခုဖြစ်နေပေ၏။
ထိုအတွေးမျိုးဖြင့် တည်စေရာမိုင်က ထိုအ
ဘိုးကြီးရဲ့စကားအဆုံးမှာ ထရယ်ကာ။
"စကားတွေကပြောင်းပြန်တွေဖြစ်နေပြီ..ကျုပ်က ဘယ်သူစည်းရုံးသိမ်းသွင်းတာ
ကိုမှလက်သင့်ခံတဲ့သူမဟုတ်ဘူး...လူမှားနေ
ပြီ"
"မင်းကကြားထားတာထက်တောင်ပိုလွန်းနေ
ပြီ...မြင်ရသလောက်ခက်ခဲမဲ့ပုံပဲ..ဖြစ်နိင်ရင်
ငါ့သမီးနဲ့တောင် နီးစပ်စေချင်တယ်"
တည်စေရာမိုင်က အင်းအဲမလှုပ်။
"ဒီလောက်ဆို မင်းနားလည်မှာပေါ့"
"လောဘမကြီးလွန်းဘူးလား...အဟက်!"
"ပေါင်းစည်းခြင်းရလဒ်မှာ အကျိုးအမြတ်ဆို
တာရှိစမြဲပဲ၊ မင်းလည်းခေတ်လူငယ်တစ်
ယောက်၊ ဒီနေရာမှာခေါင်းကောင်းဖို့လိုတယ်"
"စီးပွားရေးတွက်ချက်မူရလဒ်ပေါ့...စိတ်မဝင်
စားလို့အားနာနေမိပြီ...ကျုပ်ကအိမ်ထောင်ရှိ
တယ်"
"မင်းရဲ့နာမည်ကြီးတွေထဲကတစ်ခုက မိန်းက
လေးတွေကိုဂရုမစိုက်တတ်ခြင်း၊ အိမ်ထောင်
ရှိတယ်ဟုတ်လား...ငါ့ကိုလှည့်စားလို့ရမယ်
ထင်လား...."
"စိတ်မပူပါနဲ့...အဘိုးကြီးသမီးကို အားနာပါး
နာယူမဲ့သူရှိမှာပါ"
"တောက်!...မင်းငါ့ကိုပြော ဖာရိုနမ်ဘယ်မှာ
လဲ...ဒေါ်လာတုလုပ်တဲ့ပလိတ်ပြားတွေကော
ဘယ်မှာရှိလဲ"
"အဲ့လိုလုပ်စမ်းပါ...အဲ့ဒါမှဂိုဏ်းခေါင်တစ်
ယောက်ပီသမှာပေါ့"
"မင်းလိုကောင်က ငါ့ကိုဝေဖန်နေတယ်ပေါ့
သေချင်နေပြီထင်တယ်"
"ဖာရိုနမ်...ကျုပ်မသေခင်အဲ့လူကိုသေအောင်
သတ်ခဲ့မှာမို့...အခုခင်ဗျားမသေဖို့စိတ်ပူဖို့ပဲ
ကြိုးစားအဘိုးကြီး"
တည်စေရာမိုင် အနောက်သို့မျက်စပစ်ပြလိုက်ပြီး ဂိုဏ်းဆောင်အဘိုးကြီးနှင့် ဂိုဏ်းသားတွေကလှည့်ကြည့်လိုက်မိစဥ်...။
"ဒိုင်း...ဒိုင်း...ဒိုင်း"
မထင်မှတ်ထားသည့် ရုတ်တရက်အလစ်ဝင်
တိုက်ခိုက်ခံရမူကြောင့် အလျင်အမြန်အပြေး
အလွှားရှောင်တိမ်းကာ ဂိုဏ်းသားအချို့က
သူတို့ဂိုဏ်းဆောင်အဘိုးကြီးကိုကာကွယ်ပေးပြီး ပြေးဖို့ဟန်ပြင်လိုက်၏။
ဂျိတ်စ်မှာလည်း အကာအကွယ်ရှိသည့်တိုင်
လုံးနောက်သို့ပြေးပုန်းကာ သေနတ်ကျည်
ဆန်တွေပလူပျံနေသည့်ကြားက မထိအောင်
ရှောင်တိမ်းနေရ၏။
"ဒိုင်း..ဒိုင်း"
အပစ်အခတ် ကျွမ်းကျင်သည့် ပဲ့ကိုင်ရှင်ဖြစ်
သည့် ကယ်တင်ရှင်ဒန်နီယယ်။
ဒန်နီယယ်ရဲ့ သေနတ်ပစ်ခတ်မူကို တည်စေ
ရာမိုင်က နှုတ်ခမ်းလေးကွေး၍ပြုံးကာ။
"တော်သားပဲ"
တစ်ဖက်ဂိုဏ်းသားတွေက ပြန်လည်ပစ်ခတ်
နေသမျှကို ကာကွယ်ကာပစ်ခတ်နေရင်း တ
ဖြည်းဖြည်းအကျအရှုံးများလာပြီးအသေများလာတာမို့ ဒန်နီယယ်တို့နှင့်ယှဥ်မပစ်သာ
တော့ပဲဆုတ်ခွာထွက်ပြေးလေတော့သည်။
"ငါလာတာနောက်မကျဘူးမဟုတ်လား"
"အချိန်ကောင်းတစ်ခုပဲ"
"မင်းဝင်မဆင်နွှဲလိုက်ရတာ နှမြောစရာပဲ..
ဒီဒဏ်ရာလောက်က မဖြုံဘူးမလား"
"ငါ့ကိုစိတ်ပူမနေပဲ..ဟိုတယောက်ကိုနှစ်သိမ့်
ပေးလိုက်...ဒဏ်ရာတွေကပြေပျောက်နိင်မဲ့
ဆေးရှိပြီးသား"
"တကယ့်ကောင်ပဲ"
တည်စေရာမိုင်ရဲ့ လက်တွေကိုချုပ်နှောင်
ထားတဲ့ သံကြိုးတွေကိုဖြုတ်ပေးလိုက်တာ
ကြောင့် ဒဏ်ရာတွေနှင့်နုံးချီပစ်ခွေလဲတော့
မလိုဖြစ်သွားတဲ့ တည်စေရာမိုင်ကိုဝင်ထိန်း
လိုက်လေပြီး လက်ကာပြလေသည့် တည်စေ
ကြောင့် နောက်ဆုတ်လိုက်၏။
ခပ်ချေချေအနေအထားဖြင့် သူအဆင်ပြေ
ရပ်တည်နိင်သည်ဟု အမူအရာဖြင့်ပြလိုက်
လေသည်။
"ခဏနေဦး...ဆေးလိပ်ရှိလား"
"အခုလိုအခြေအနေနဲ့ ဆေးလိပ်သောက်မ
လို့လား"
"ဆေးလိပ်တွေမသောက်နဲ့လို့ပြောတတ်တဲ့
နှုတ်ခမ်းပါးလေးကြောင့် အသက်တစ်ရက်
ထပ်ရှင်ပြီးတွေ့ချင်သေးလို့"
အရိပ်အကဲသိလိုက်သည့် ဒန်နီယယ်ကပေါ့
သေးသေးတော့မဟုတ်၊ ပြုံး၍ခေါင်းငြိမ့်ကာ
ဆေးလိပ်ကိုကမ်း၍ မီးညှိပေးလိုက်ကာ
ဂျိတ်စ်ထံသွားလေ၏။
"Boss...အဆင်ပြေရဲ့လား"
ဒဏ်ရာတွေနဲ့မို့စိတ်ပူလို့လာမေးသည့် ဂိုဏ်း
သားတစ်ယောက်ကို ဆေးလိပ်ငွေ့တစ်ချက်
ရှုထုတ်ပြီး ခေါင်းငြိမ့်ကာ လုပ်စရာရှိတာဆက်လုပ်ရန် မေးဆက်ပြလိုက်၏။
ကနေဒါနိင်ငံကို ထွက်မခွာခင်ကားပေါ်တတ်
ခါအနီး ဒန်နီယယ်ကသူ့အနားသို့ကပ်၍ပတ်
ဝန်းကျင်ကိုအရိပ်အခြည်ကြည့်ကာ။
"မင်းနောက်ကိုလျို့ဝှက်လိုက်ပါရမယ်လို့
ဂိုဏ်းခေါင်ကအမိန့်ပေးလိုက်တယ်"
ဟု ထိုစကားကို ရုပ်ရှင်ပြကွက်တစ်ခုလိုတည်
စေရာမိုင်မြင်ယောင်မိလိုက်လေသည်။
"ကြောက်နေတာလား...ကောင်လေး"
"ရူးနေတာလား...ကျုပ်ကြောက်နေတာခင်ဗျားမြင်လို့လား"
"မမြင်ရပါဘူး...သိနေတာ"
"ခင်ဗျားမစော်ကားနဲ့ အကြီးတန်းဂိုဏ်းသား
ဆိုပြီးအငယ်တန်းကို အနိင့်ကျင်ဖို့မဟုတ်ဘူး"
"အံ့သြစရာပဲ"
"ဘာရယ်...ခင်ဗျားဘာပြောလိုက်တာ"
"မင်းအသက်ကိုကယ်ခဲ့တာငါနော်..ကျေးဇူး
မတင်တဲ့အပြင်၊ဒီလိုတွေ အထက်ကလူကို
ပြန်ခွန့်တုန့်ပြောနေစရာလား"
"သြော်..ဟုတ်လား...သင်းခ်ယူး"
ဒန်နီယယ်ကိုကြည့်ပြီး ခပ်ပြုံးပြုံးကျေးဇူး
တင်စကားဆိုတာကလည်း ခပ်ရင့်ရင့်၊ဘယ်
လိုကောင်လေးလဲကွာ။
>>>>>>>>>>
ရပ်ထားသည့် ကားရှိရာသို့ ပုံမှန်ခြေလှမ်း
လေးဖြင့်ခပ်သွက်သွက်လျှောက်လှမ်းနေ
လေသည့်နိူင်း။
"ဟို...မိတ်ဆက်လို့ရမလား"
"သွားတော့"
ဟုအေးစက်စက်လေသံဖြင့်။
ကောင်းမြတ်ဟန် အရှုံးမပေး၊သူငယ်ချင်းတွေရဲ့ အလှော်ကောင်းမူကြောင့် ငေးကြည့်
နေရတဲ့ဘဝလေးမှာရုမ်းထွက်ချင်သူမို့ တစ်
ကြိမ်လောက်ဖြစ်ဖြစ်အကြည့်ချင်းဆုံကာစကားပြောချင်မိပြီး အဖြစ်ချင်ဆုံးဆန္ဒက
တော့နိူင်းလေးကိုထွေးပွေ့ချင်တာပင်။
တကယ်ပါကွာ...နိူင်းလေးကိုရူးမတတ်သေ
အောင်ချစ်နေရတဲ့ကောင်ပါ။
မျက်နှာချင်းဆိုင်နီးနီးကပ်ကပ်တောင်မဟုတ်
တဲ့အနေအထားလေးမှာတောင် နိူင်းလေးက
အလှတွေက လှပစွာဆွဲခြစ်ထားတဲ့ပန်းချီကားတစ်ခုလေနှယ်။
သေးသိမ့်လေသောခါးနှင့် ပိုင်းခြားထားတဲ့
နယ်နိမိတ်တွေကသူ့နေရာနှင့်သူ အံ့ဝင်ခွင်ကျ
လှပစွာအသက်ဝင်လျက် ကြည့်နေမိသူ့ကို
ဘဝင်ဆူစရာပင်။
"ခင်မင်ရင်းနှီးလို့ရတယ်မလား..နိူင်းလေး"
"ခင်ဗျားကိုစကားကောင်းပြောနေတာ..အ
ရေးကြီးတဲ့ကိစ္စရှိလို့ဖယ်ပေး"
"နိူင်းလေး"
သူ့ရှေ့မှ ဖြတ်သန်းသွားသည့်လှပကျော့ရှင်း
လေသည့်ပုံရိပ်လေးကို ဖမ်းဆုပ်လိုက်စဥ်မှာ..
"ခွပ်!"
"နောက်တခါ ခွင့်မပြုပဲ ကျွန်တော်အသားကို
ထိကိုင်ဖို့မကြိုးစားနဲ့၊ ကျွန်တော်ကိုထိပိုင်ခွင့်
ရှိတာသူပဲရှိတယ်"
ဝင့်ကြွားသော သဏ္ဍန်လေးနှင့်ပြတ်သားလေ
တဲ့ပုံရိပ်လေးကိုငေးကြည့်ပြီး ဖျတ်ဖျတ်လူး
ခံစားချက်တွေနဲ့ မခံမရပ်နိင်စွာကျန်ရစ်ခဲ့
လေတဲ့ကောင်းမြတ်ဟန်။
ကျွန်တော်ကတခြားသူတွေအတွက်သန်မာ
တဲ့ယောကျ်ားတစ်ယောက်ဖြစ်ချေဦးတော့၊
သူ့ရှေ့မှာတော့ အားနွဲ့သူအဖြစ်ဟန်ဆောင်
နေဦးမှာပင်။
"ဖေဖေ...ဟို...သူပြန်ရောက်နေပြီဆိုဘယ်မှာ
လဲ"
အမောတကောအပြေးလေးဖြင့် ခလုတ်တိုက်
မတတ်မေးလာတဲ့နိူင်းက ဖေဖေကိုဟန်မဆောင်နိင်စွာ မေးလိုက်၏။
သူ့ကိုအရမ်းသတိရသည်လေ..တွေ့ချင်မိသည်လေ။
"တည်စေရယမိုင်ကိုလား...အင်းသူပြန်ရောက်ပြီ...သားနိူင်းကဘာလို့သိချင်နေတာလဲ"
"ဖေဖေရယ်...နိူင်းရဲ့ BodyGuard ၊နိူင်းရဲ့
အလုပ်သမားလေ...ဒီလိုပါပဲအဆင်ပြေလား
သိချင်ရုံပါ...စိတ်တော့မဝင်စားပါဘူး..အဟင်း"
သူတို့နှစ်ယောက်ရဲ့အခြေအနေကိုရိပ်မိမှာစိုးတာကြောင့် ဂရုမစိုက်တဲ့လေသံလေးဖြင့်
ခနိုးခနဲ့အမူအရာလေးကပါစွာ အခန်းထဲမှ
ထွက်သွားလိုက်လေသည်။
ညအချိန်11ထိုးခါနီး...
နိူင်းရင်တွေပူထူလို့ကွဲကြေလုမတတ်၊အလုပ်
သမားတွေနဲ့ဖေဖေတပည့်တွေကို မတူမတန်
သလိုရှိသည်ဟုမထင်အောင် ဆက်ဆံခဲ့သည့်
မာနမင်းသားလေးက ဒီထက်အမေးအမြန်း
ထူနေပါကလည်းဖေဖေတို့သိသွားပေလိမ့်
မည်။
အိပ်မပျော်နိင်စွာ...ကုတင်ပေါ်ငုတ်တုတ်လေး
ထိုင်ပြီးအခန်းတံခါးကိုတကြည့်ကြည့်ဖြင့်
လက်လေးနှစ်ဖက်ကိုလည်း စိုးရိမ်လွန်စွာပွတ်သပ်နေမိလေသည်။
သူပြန်ရောက်ပြီဆို ငါ့ဆီလာမှာပါ၊ဟုတ်တယ်ကျိန်းသေရောက်လာမှာ။
"ဂျောက်"
နောက်ဆုံးတော့ မင်းရောက်လာပြီပေါ့။
✨✨✨✨✨✨
Upပေးလိုက်ပြီနော်..
Zawgyi
ချည်နှောင်ထားလေ၏။
ပေလိမ့်မည်။
စိတ်ကူးမယဉ်နဲ့"
ပီကေဝါးမပြတ်။
နေနဲ့"
လား"
"ဒီကောင်ကတော့...ခွပ်!"
ဆုတ်ခွာသွားလေသည်။
ခဲ့။
ယောက်သောသူသာ။
"အဟွန်း"
ပြီ"
တယ်"
ထင်လား...."
နာယူမဲ့သူရှိမှာပါ"
ဘယ်မှာရှိလဲ"
ယောက်ပီသမှာပေါ့"
သေချင်နေပြီထင်တယ်"
ကြိုးစားအဘိုးကြီး"
"ဒိုင်း...ဒိုင်း...ဒိုင်း"
ရှောင်တိမ်းနေရ၏။
"ဒိုင်း..ဒိုင်း"
"တော်သားပဲ"
"အချိန်ကောင်းတစ်ခုပဲ"
ဆေးရှိပြီးသား"
"တကယ့်ကောင်ပဲ"
လေသည်။
"ခဏနေဦး...ဆေးလိပ်ရှိလား"
လို့လား"
ဂျိတ်စ်ထံသွားလေ၏။
"Boss...အဆင်ပြေရဲ့လား"
"မမြင်ရပါဘူး...သိနေတာ"
"အံ့သြစရာပဲ"
လိုကောင်လေးလဲကွာ။
>>>>>>>>>>
လေသည့်နိုင်း။
"ဟို...မိတ်ဆက်လို့ရမလား"
"သွားတော့"
တော့နိုင်းလေးကိုထွေးပွေ့ချင်တာပင်။
တကယ်ပါကွာ...နိုင်းလေးကိုရူးမတတ်သေ
တဲ့အနေအထားလေးမှာတောင် နိုင်းလေးက
ဘဝင်ဆူစရာပင်။
"ခင်မင်ရင်းနှီးလို့ရတယ်မလား..နိုင်းလေး"
"နိုင်းလေး"
"ခွပ်!"
ရှိတာသူပဲရှိတယ်"
လေတဲ့ကောင်းမြတ်ဟန်။
တဲ့ယောက်ျားတစ်ယောက်ဖြစ်ချေဦးတော့၊
နေဦးမှာပင်။
လဲ"
မတတ်မေးလာတဲ့နိုင်းက ဖေဖေကိုဟန်မဆောင်နိင်စွာ မေးလိုက်၏။
"တည်စေရယမိုင်ကိုလား...အင်းသူပြန်ရောက်ပြီ...သားနိုင်းကဘာလို့သိချင်နေတာလဲ"
"ဖေဖေရယ်...နိုင်းရဲ့ BodyGuard ၊နိုင်းရဲ့
ထွက်သွားလိုက်လေသည်။
ညအချိန်11ထိုးခါနီး...
နိုင်းရင်တွေပူထူလို့ကွဲကြေလုမတတ်၊အလုပ်
မည်။
"ဂျောက်"
✨✨✨✨✨✨
Upပေးလိုက်ပြီနော်