🛡️Dear Neighbour Girl(ချစ်ရပ...

By Lynn-95

2.9M 69K 6.1K

လင်း&လင်းရဲ့တွေ့ဆုံမှုက အိမ်ရှင်နဲ့အိမ်ငှား Branded မှကြိုက်တဲ့အိမ်ပြေးလေးလင်းခေတ်မင်းနဲ့ သာမန်ကောင်မလေး တည်င... More

part 1 (uni/zawgyi)
part 2 (uni/zawgyi)
part 3 (uni/zawgyi)
part 4 (uni/zawgyi)
part 5 (uni/zawgyi)
part 6 (uni/zawgyi)
part 7 (uni/zawgyi)
part 8 (uni/zawgyi)
part 9 (uni/zawgyi)
part 10 (uni/zawgyi)
part 11 (uni/zawgyi)
part 12 (uni/zawgyi)
part 13 (uni/zawgyi)
Lynn Khit Min ဆိုတဲ့ songလေးပါ
part 14 (uni/zawgyi)
part 15 (uni/zawgyi)
part 16 (uni/zawgyi)
part 17 (uni/zawgyi)
part 18 (uni/zawgyi)
part 19 (uni/zawgyi)
part 20 (uni/zawgyi)
part 21 (uni/zawgyi)
part 22 (uni/zawgyi)
part 23 (uni/zawgyi)
part 24 (uni/zawgyi)
part 25 (uni/zawgyi)
part 26 (uni/zawgyi)
part 27 (uni/zawgyi)
part 28 (uni/zawgyi)
part 29 (uni/zawgyi)
part 30 (uni/zawgyi)
part 31 (uni/zawgyi)
လင်းနှစ်လင်းဆိုသွားတဲ့songလေးပါ
part 32 (uni/zawgyi)
part 33 (uni/zawgyi)
part 34 (uni/zawgyi)
part 35 (uni/zawgyi)
part 36 (uni/zawgyi)
part 37 (uni/zawgyi)
part 38 (uni/zawgyi)
part 39 (uni/zawgyi)
part 40 (uni/zawgyi)
part 41 (uni/zawgyi)
part 42 (uni/zawgyi)
part 43 (uni/zawgyi)
part 43 zawgyiမရသူတွေအတွက်
Part 44 (uni/zawgyi)
part 45 (uni/zawgyi)
part 46 (uni/zawgyi)
part 47 (uni/zawgyi)
part 48 (uni/zawgyi)
part 49 (uni/zawgyi)
part 50 (uni/zawgyi)
လင်းခေတ်မင်းဖြစ်ပေါ်လာပုံ
part 51 (uni/zawgyi)
part 52 (uni/zawgyi)
part 53 (uni/zawgyi)
part 54 (uni/zawgyi)
part 55 (uni/zawgyi)
part 56 (uni/zawgyi)
part 57 (uni/zawgyi)
part 58 (uni/zawgyi)
part 59 (uni/zawgyi)
Part 61 (uni/zawgyi)
part 62 (uni/zawgyi)
Artistဆီအပ်ထားတာ ဒီနေ့မှရလို့လာကြွားတာ youတို့ရဲ့ကိုကိုလင်းခေတ်မင်း
part 63 (uni/zawgyi)
part 64 (uni/zawgyi)
Part 65 (uni/zawgyi)
part 66 (uni/zawgyi)
Part (67)The End(uni/Zawgyi)
Extra 1 (uni/Zawgyi)
Extra 2 (uni/zawgyi)
Extra 3 (uni/Zawgyi)
Fanartအဖြစ်လက်ဆောင်ရပါသောကိုကိုလင်းခေတ်မင်းရဲ့ပုံလေးများ
Birthday Donation

part 60 (uni/zawgyi)

36.1K 964 167
By Lynn-95

🛡️Dear Neighbour Girl🛡️
(ချစ်ရပါသော အိမ်နီးချင်းမိန်းကလေး)
~~~~~~~~~~~~~~~~~~~~~~~~
အပိုင်း(60)

ကိုကိုဒီညအိမ်ပြန်နောက်ကျမယ်သဲငယ် ထမင်းစားထားလိုက်နော်တဲ့ ဆိုတဲ့messageကြောင့် ကိုကိုအလုပ်တွေများနေပါလား ပင်ပန်းနေတော့မှာပဲ လင်းက အိမ်မှာဇိမ်နဲ့နေနေရသလောက်ကိုကိုကတော့အလုပ်တွေလုပ်နေရတာစဥ်းစားမိတော့စိတ်မကောင်း.....

ထိုစဥ် မမခေတ်တစ်ရာခင်ဆီကနေဖုန်းဝင်လာလေသည်....

"အတည်ရေ"

"ရှင့် မမ"

"ကိုလင်းခေတ် အိမ်ရောက်ပြီလား"

"မရောက်သေးဘူး မမ ကိုကိုက ဒီည အလုပ်ရှိလို့နောက်ကျမယ်ပြောတယ်"

"ဒါဆို သေချာနေပါပြီ"

"ဘာလို့လဲ မမရာရဲ့"

"ကို ဆီ ညနေက Message ပို့တာတွေ့လို့ ဒီည clubကိုလာခဲ့ဆိုပြီး"

"ဟင် ဟုတ်လား Lynn Paradiseကclubကိုလား"

"မမကတော့ အဲ့လိုထင်တာပဲ "

"လင်းကိုပြောတော့သူအလုပ်ရှိလို့တဲ့"

"မမအထင် သူတို့နှစ်ယောက်တည်းတော့မဖြစ်နိုင်ဘူး အပေါင်းအဖော်တွေပါမယ်ထင်တယ် မမမေနိုင်ဆီ Group callခေါ်ပြီး မေးရအောင်"
_
_
_
_
_
"ကိုကိုကလည်း ဒီည ကိစ္စရှိလို့နောက်ကျမယ်ပြောတယ် ရာရာရေ"

"သေချာတယ် ဒင်းတို့ clubတက်ဖို့ပဲ"

"ပျိုးလက်လေးကောသိလားမသိဘူး"

"ပျိုးလေးက မီးနေသည် ကလေးမွေးထားတာ မပြောပါနဲ့ ဒီကိစ္စ "

"ဒါဆို လင်းတို့ဘာဆက်လုပ်ကြမလဲ"

"လိုက်သွားရမယ် လေ အတည်ရဲ့"

"လင်းကလိုက်တာကလွယ်တယ် မမတို့က ကလေးတွေနဲ့ဘယ်လိုလုပ်မလဲ"

"ရတယ် ကလေးကို ယောက္ခမထိန်းလိမ့်မယ်"

ရှင်းကမ္ဘာထွယ်ရဲ့မေမေက ဒေါ်ထိပ်ထားစံလက်ထဲ အပ်ခဲ့မည်တဲ့....

"မမမေနိုင်ကော"

"ရတယ် ယောက္ခမအိမ်ကလေးနှစ်ယောက်ကိုဝင်ပို့ခဲ့မယ်"

"လင်းရော မမမေနိုင်ရော လှလှလေးပြင်ခဲ့နော်
ဒင်းတို့က Clubတက်တာဆိုတည်းက လန်းနေမှာ ကိုယ်တွေ ဖိုသီဖတ်သီလိုက်သွားရင် မယားကြီးတွေအိမ်ကလိုက်လာပြီး မယားငယ်လာဖမ်းတယ် ထင်ကြနေလိမ့်မယ်"

ရှင်းရော မခေတ်တစ်ရာခင်တဲ့ စကားက.....

"Lynn Paradiseအရှေ့မှာဆုံကြမယ်နော် တစ်နာရီအတွင်း"
_
_
_
_
_
_
paradiseရှေ့ကိုကားနှစ်စီးရှေ့ဆင့်နောက်ဆင့်ရောက်လာတဲ့ မမနှစ်ယောက်....

ကိုယ့်မှာ ကိုယ်ပိုင်ကားရှိပါရဲ့နဲ့ Taxiငှားပြီးလာရတယ်...
ကားမောင်းလည်းပေးမသင် သူမောင်းတာပဲစီးဆိုပြီးအဲ့ကိုကိုကလေ....

"ကဲ Clubကို တန်းသွားရအောင်"

လင်းတို့clubကိုဝင်လာချိန်လင်းကိုသိတဲ့ဝန်ထမ်းကောင်လေးက ပျာပျာသလဲလဲထွက်ကြိုလေသည်...

"ဆရာကတော် Bossဆီလာတာလား"

"နေအုံး bossဆီသတင်းမပို့နဲ့ ကိုယ်ဘာသာသွားမယ်'"

"ဟုတ်ကဲ့"

_
_
_
_
_
_
VIPခန်းထဲဝယ် ခေါင်းချင်းဆိုင်ကာအရက်ခွက်လေးကိုယ်စီနဲ့  အကြောင်းအရာတစ်ခုကိုပြောနေကြတဲ့အုပ်စု....

ကိုဧဒင်မင်းမော်နဲ့ညီရှင်းထွယ်ကိုပါခေါ်ကာ သူဖြေရှင်းချင်တာလေးတွေကိုတိုင်ပင်နေရသည်....

နှစ်ယောက်လုံးကစီးပွားရေးသမားတွေဆိုတော့ သူအတွက်အထောက်အကူများရမလားဆိုပြီးဒီည ခေါ်လိုက်ခြင်းဖြစ်သည်....

"မင်းပြောတဲ့လူက နာမည်တုကြီး လင်းခေတ်ရ"

"ကျွန်တော်လည်းထင်ပါတယ် ပေါ်ပေါ်တင်တင်တော့ဒီလိုနှောင့်ယှက်ရဲမှာမဟုတ်ဘူး"

"အဓိကလူက မင်းယောက်ဖလို့ထင်နေတာလား"

"အထင်နဲ့တော့ သွားမလုပ်နဲ့နော် လင်းခေတ် မိသားစုဆိုတော့ မျက်နှာပျက်သွားရင်သွားပြီ"

"ကျွန်တော်ဒါကြောင့် သက်သေအရင်လိုက်နေတာ ကိုဧဒင်"

"ဟိုလူလာပြီလား"

"ဘေးအခန်းကို ဘိုကင်ယူထားတယ်"

"လျို့ဝှက်ကင်မရာတပ်ထားတာ အလုပ်ဖြစ်ပါ့မလားလင်းခေတ်"

"စမ်းကြည့်ရမှာပဲ ထွယ်ရ"

"ဒီclubက မင်းပိုင်တာသိသိကြီးနဲ့ ဒီကောင်လာရဲတာအံ့သြတယ်"

"အခုခေတ်စားနာမည်ကြီးနေတဲ့အထဲ လင်းခေတ်ရဲ့clubကရေပန်းအစားဆုံးလေ စကီလေးတွေ လန်းတယ်ဆိုပြီး"

"ဒါကြောင့်အစ်ကိုတို့ကို ဖိတ်လိုက်တာပါ ကြိုက်ရာရွေးပါ မင်းတို့သဘော"

"ဟာ မလုပ်ပါနဲ့ လင်းခေတ်ရာ အချစ်လေးကလွဲရင် အကိုက ကျန်တာမိန်းမလို့ကိုမမြင်တာ"

"ဒါဆို ထွယ်ကော"

"ဟျောင့် bunnyအပေါ် သစ္စာမဖောက်ဘူး မင်းလိုထင်နေလား"

"_ီးကို မင်းလို ငါ့သဲငယ်ကို မြင်ဖူးတဲ့နေ့တည်းကစပြီးကျန်တာရင်ထဲမတိုးတော့တာ "

"အေး မင်းတောင် ချစ်တတ်ရင် ငါတို့ကို ဂျင်းမတွေ လာမကျွေးနဲ့လေ ငါက bunnyစမူဆာပဲကြိုက်တာ"

"ငါလည်းအတူတူဘဲကွ"

"ဒါကတော့ညီလေးတို့ရဲ့ ဒီလိုရှိတယ် အစ်ကိုတို့ ရဲ့ အချစ်စစ်ကနေ သူတို့လေးတွေရဲ့ အရာရာကို ကြိုက်သွားတာမြတ်နိုးသွားတာချစ်သွားတာ အဓိကက အချစ်ကြောင့် သူတို့ရဲ့အစိတ်အပိုင်းအသေးလေးကအစ ချစ်သွားတာ "

"အဲ့တော့ အစ်ကိုကလည်း မမေနိုင်ရဲ့ စမူဆာကိုဘဲကြိုက်တယ်လို့ပြောချင်တာလား"

"ဖြေစရာမလိုတဲ့ အမေးကွာ "

"ကိုမိုးထိမြင့်ပါရှိရင်သိပ်ကောင်းမယ် ဒီည"

"ဒီဘဲက သမီးအမွှာတွေမွေးထားတယ်ဆိုပြီးမာန်တက်နေတာ ရက်၄၀ပြည့်နေပြီ ခဏလာခဲ့ပါပြောတာကို ငါ့မိန်းမက မီးတွင်းထဲ ငါကclubလာလို့မသင့်တော်ဘူးလေလုပ်နေတယ် စောက်ပိုတွေ"

ညီရှင်းထွယ်က ရောက်မလာတဲ့မိုးထိမြင့်ကိုမကျေမနပ်ဖြစ်နေလေသည်....

"ကျွန်တော်ပြောတဲ့ ဖေဖေရှယ်ယာကိုပြန်ဝယ်နေတဲ့လူတွေကိုဧဒင်ရော ညီရှင်းရော တစ်ချက်သိရရင်ပြောနော်"

"စိတ်သာချ"
_
_
_
_
__
_
မမသုံးယောက်ကတော့နေရာမရသေးဘဲ သူတို့ဘဲဘဲသုံးယောက်ကိုပတ်ရှာနေလေသည်...

"Cctvခန်းကနေသွားရှာတာပိုမြန်ပြီး သူတို့ဘာလုပ်နေလဲအသေးစိတ်သိရတာပေါ့ မဟုတ်ဘူးလား"

"အတည်ဘက်က CCtvခန်းကိုဝင်လို့အဆင်ပြေလား"

"ကိုကို့မိန်းမပါ"
_
_
_
_
_
ကိုကိုအာဏာသုံးကာ CCTVခန်းကို ထိန်းကွပ်ကဲနေတဲ့ အမျိုးသမီးလေး၃ယောက်...

"ဟော ဟိုမှာ "

အခန်းတစ်ခုဝယ် ဘယ်သူမှမရှိဘဲ သူတို့အမျိုးသားသုံးယောက်သာရှိနေတာမို့ အမျိုးသမီးလေးသုံးယောက်ရဲ့မျက်နှာလေးတွေဟာရွှင်လန်းသွားလေသည်....

"သူတို့သုံးယောက်တည်းဟ ဒီအတိုင်းအလုပ်ကိစ္စတွေ့ကြတာထင်တယ်နော်"

"အင်းနော် ရိုးရိုးသားသားထင်တယ်"

"လင်းကို အလုပ်ကိစ္စရှိတယ်လို့ပြောတာ တကယ်အလုပ်ကိစ္စထင်ပါတယ်မမတို့ရဲ့"

"ရာရာတို့လိုက်လာမိတာမှားပြီထင်တယ်နော်"

"ဒါပေမယ့် လင်းခေတ်တို့နဲ့တွေ့မယ်ဆိုတာကို ပွင့်ပွင့်လင်းလင်းပြောပေါ့"

ရာရာနဲ့အတည်ကငြိမ်သွားပေမယ့် မမမေနိုင်က မကျေနပ်နိုင်သေးဘူးထင်ပါရဲ့...

အဓိက တရားခံက ရာရာပါ ညနေတည်းက ကို့ကို ပွင့်ပွင့်လင်းလင်းမေးလိုက်သင့်တာအခုတော့သူများလင်မယားတွေပါပြသနာတက်တော့မယ်ထင်ပါရဲ့......
_
_
_
_
_
_
ထိုအမျိုးသမီး၃ယောက်ကိုကားပါကင်မှာ
နိုင်လင်းမြင်ခဲ့တာဖြစ်သည်...
အဲ့ထဲကတစ်ယောက်က မင်းသွင်ခရဲ့ အသဲစွဲလေး...

မင်းသွင်ခဆီဖုန်းဆက်ကာသတင်းလှမ်းပေးလိုက်လေသည်....
သူတို့ရဲ့ပြောစကားကို နိုင်လင်းကြားထားပြီးသားဖြစ်သည်...
အိမ်ကယောကျာ်းတွေမသိအောင်Clubကိုလာတဲ့ပုံ.......
_
_
_
_
_
"ကဲ ကိုနိုင်လင်း ကိုနိုင်လင်းခေါ်လို့သာကျွန်တော်ရောက်လာတာအလုပ်ကိစ္စတော့နောက်မှပြောမယ် ဒီမှာကိုနိုင်လင်းနဲ့ကျွန်တော်ကိုတွဲတွေ့ရင် ယောက်ဖရိပ်မိလိမ့်မယ် အခုတော့ ကျွန်တော်လင်းလေး ဘာလုပ်နေလဲသွားငမ်းအုံးမယ်"

"ဟျောင့် မောင်ခ အတင့်ရဲလှချည်လား ဒါ ဟိုကောင့်ပိုင်နက်နော် "

"အစ်ကိုပဲ လှမ်းသတင်းပေးတာလေ "

"ငါကပြောပြရုံ မင်းဘာသာရောက်လာတာလေ"

"ကိုနိုင်လင်းပို့လိုက်တဲ့ပုံလေးတွေထဲမှာ လင်းလေးက အရမ်းsexyကျကျလှနေတာလေ ကျွန်တော်အဲ့ပုံစံတစ်ခါမှမမြင်ဖူးဘူးဗျာ အဝေးကနေမြင်ရမြင်ရ လာကြည့်တာ စိတ်ချ ဘာမှမဖြစ်စေရဘူး"
_
_
_
_
_
_
"ဟား အလှလေးတွေပါလား"

အမူးသမားနှစ်ယောက်ကသူတို့၃ယောက်ထဲမှာအလှဆုံး မခေတ်တစ်ရာခင်ကို စဆွဲကာ
ယီးတီးယားတားလုပ်ပါတော့သည်....

"လွှတ်စမ်း "

မေနိုင်ရော အတည်လေးရော ခေတ်တစ်ရာခင်ကို နှောင့်ယှက်နေတဲ့သူကို ပါလာတဲ့လက်ကိုင်အိတ်တွေနဲ့ ထုရိုက်နေကာရုန်းရင်းဆန်ခတ်ဖြစ်နေတုန်း...

"ခွပ်"

ထိုထဲကတစ်ယောက်ကို ထိုးတဲ့လူကဘယ်သူများလဲကြည့်လိုက်တော့ မင်းသွင်ခ.....

_
_
_
_
_
"Boss ပြဿနာတက်ပါပြီ"

"ဘာဖြစ်တာလဲ"

ရေးကြီးသုတ်ပျာအခန်းထဲဝင်လာကာလာပြောတဲ့ဝန်ထမ်းကို လင်းခေတ်မင်း မေးလိုက်တော့သည်.....

"ဆရာကတော်ပြဿနာတက်နေပြီ"

"ဘာ သဲငယ် သဲငယ်ကဒီကိုဘယ်လိုလုပ်"

စကားတောင်ပြီးအောင်မပြောဘဲထပြေးတဲ့လင်းခေတ်မင်းဆီ  ဝန်ထမ်းလေးကော ဧဒင်နဲ့ညီရှင်းပါပြေးလိုက်ရတော့သည်....
_
_
_
_
_
_
မြင်လိုက်ရတဲ့မြင်ကွင်းက တခြားဘာကိုမှ မမြင်ပဲ မျက်လုံးထဲမြင်တာက သဲငယ်ရှေ့ကာစီးကာစီးHeroလုပ်နေတဲ့မင်းသွင်ခ...

"ခွေးမသား"

"ခွပ်"

"ခလွမ်း"

"ဟာ ငလင်း "

အနားကနေ ဝိတ်တာလေးဆီက ဘီယာပုလင်းကို ဆွဲယူကာ မင်းသွင်ခခေါင်းကို ရိုက်ခွဲပစ်ထည့်လိုက်တော့သည်...

"အမယ်လေး ကိုကို"

ဧဒင်မင်းမော်နဲ့ညီရှင်းထွယ် သူတို့မိန်းမတွေပါလူအကောင်လိုက်မြင်လိုက်ရ၍အံ့သြနေကြသည်...

"အချစ်လေး "

"Bunny"

၀တ်စားထားတာများ Bunnyက လက်ပြတ်ဂါဝန်ရှည်ကြီးကို ကြပ်ထုတ်နေတာများ ခန္ဓာကိုယ်က ရှိုက်ကြီးရှိုက်ငယ်အဖိုဖိုကထင်းထွက်နေသည်....

ဧဒင်မင်းမော်အချစ်လေးကိုကြည့်ကာ အသဲတယားယား အနီရောင်လက်ပြတ် ဂါဝန်လေးက ဒူးလောက်ပဲရှိကာ ရင်နှစ်မွှာကအစသေချာမြင်နေရသည်...
သားတော်မောင်ဧကန်မင်းနိုင်နဲ့ သမီးဧနဒီမင်းနိုင်တို့ရဲ့လက်ချက်နဲ့ ထွားကြိုင်းနေတာများမြင်မကောင်း...

သူတို့မိန်းမတွေဂရုမစိုက်နိုင်အားသေး  ငလင်းက လက်မြန်ခြေမြန်ခေါင်းရိုက်ခွဲလိုက်ပြီဖြစ်သည်.....
ငလင်းကို ညီရှင်းရော ဧဒင်ရောဝိုင်းဆွဲတာတောင်မနိုင် ငလင်းက သူ့ယောက်ဖရဲ့ လည်ပင်းပေါ်တက်ထိုင်ကာစိမ်ပြေနပြေထိုးနေလေသည်....
ဘေးက သူ့မိန်းမကဆွဲလည်းဂရုမစိုက်.....

"ဟျောင့် မင်းကိုငါ့ မိန်းမအနားဝေးဝေးနေပြောထားတယ်လေ ဒါကို မင်းကငါ့ ပိုင်နက်အထိတောင်လာတယ်ဟုတ်လား သေ မင်းကိုငါဒီနေ့အသေသတ်မှာ"

ဧဒင်နဲ့ညီရှင်းဆွဲအားနဲ့ပြန်ကွာနေတုန်း တစ်ဖက်က မင်းသွင်ခက စောင်းကြွလာတော့သည်....

"ထွီ"

"သည်းခံလို့ရောင့်တက်မလာနဲ့ လင်းခေတ်မင်း ငါက မင်းမိန်းမကို အမူးသမားရန်က ကာကွယ်ပေးနေတာ"

"_ီးကို ကာကွယ် ခွေးမသား "

"မင်းကိုမင်းအဟုတ်ထင်နေလား လင်းလေးက အရင်ကငါ့လူကွ မင်းမသိ​သေးဘဲ ဘာတွေပြောနေတာလဲ "

"လွှတ်လိုက်တော့ ကိုဧဒင် စည်းကျော်သွားပြီ လုပ်ပါစေတော့ ငလင်း မသေစေနဲ့ မသေမရှင်သာလုပ်အဲ့ကောင်ကို"

ညီရှင်းထွယ်လွှတ်လိုက်တဲ့အချိန် လင်းခေတ်မင်းဟာ
မင်းသွင်ခဆီ ခြေင်္သေ့တစ်ကောင်လိုခုန်အုပ်ကာ စိတ်ရှိလက်ရှိထိုးကာဘေးနားက မိန်းမဘာဖြစ်နေလဲသတိမထားမိ....

"ငါတို့လင်မယားကြားလျို့ဝှက်ချက်ဆိုတာမရှိဘူး ခွေးမသားရဲ့ မင်းစောက်ကြောင်းစောက်ဆင့်မရှိတာအကုန်သိပြီသားကွ ငါ့မိန်းမကိုယ်တိုင်ငါ့ကိုပြောပြထားတာကွ"

ပြောလည်းပြောထိုးလည်းထိုးနေတဲ့လင်းခေတ်မင်းကိုဘယ်သူမှ မဆွဲကြတော့ပေ...

"ကိုကို လုပ်ပါအုံး သေကုန်တော့မယ်"

နှင်းဆီမေနိုင်က ဧဒင်မင်းမော်လက်မောင်းကို ကိုင်ကာ အကူအညီတောင်းလေသည်...

"လင်းခေတ်နေရာ ကိုကိုဆိုလည်း ဒီလိုဘဲ သတ်မှာ လုပ်ပါစေ အရှိန်မလွန်သေးဘူး ရသေးတယ်"

ဒုက္ခပါပဲ အကူအညီတောင်းကာမှ သူတို့က ပိုဆိုးနေပြီ...

မင်းသွင်ခ ခေါင်းစရိုက်ခွဲခံရတည်းက လင်းမှာ ခေါင်းတရိပ်ရိပ်မူးနေခဲ့တာ အခု ထိုသွေးအလိမ်းလိမ်းမျက်နှာကိုကြည့်ကာ မဟန်တော့ဘဲ ခွေကျသွားပါတော့သည်....

"ဟာ အတည် "

"အတည်"

"အတည် သတိထားပါအုံး"

အနောက်ကအသံတွေကြားမှ အသိဝင်လာကာ လှည့်ကြည့်တော့မှ ခေတ်တစ်ရာခင် လက်ထဲ ခွေခေါက်ကာအသိကင်းမဲ့နေတဲ့သူ့ရဲ့သဲငယ်လေး....

ချက်ချင်းမင်းသွင်ခ ကိုယ်ပေါ်ကထကာ သဲငယ်ကိုယ်လေးကိုပွေ့ချီလိုက်တော့သည်...

"အဲ့ကောင်ကိုဆေးရုံတင်ပြီး ငါ့အိမ်ကိုဖုန်းဆက်လိုက် ဘယ်သူလုပ်တာလဲ မေးရင် ငါလုပ်တာလို့ မကျေနပ်တဲ့သူ ငါနဲ့လာရှင်းလို့"

ဝန်ထမ်းတစ်ယောက်ကိုမှာကာ သဲငယ်ကို ကားပေါ်တင်ကာ ဆေးရုံရှိရာဆီသိူ့...

ကျေးဇူးပြုပြီး ကျွန်တော်သဲငယ်လေး ဘာမှမဖြစ်ပါစေနဲ့......
_
_
_
_
_
_
ဒေါက်တာဆက်ကောင်းယံ စမ်းသပ်နေကာ အဖြေကိုမပြောသေးတာမို့ သူ့မှာ ထိုင်မရထရဖြစ်နေလေသည်....

"ကိုဆက် ကျွန်တော်သဲငယ်ဘာဖြစ်တာလဲဗျာ "

"ခဏနေပါအုံး လင်းခေတ်ရာ သေချာအောင်ငါစမ်းသပ်နေတယ်"

"ဟာ ဘာဖြစ်တာလဲဗျာ ရင်ပူလာပြီ"

"လင်းခေတ် အပြင်မှာနေဆိုလည်းမနေဘူး ဒီမှာကုရတဲ့ဆရာဝန်ကမင်းလုပ်ပုံနဲ့အာရုံကွာ  မင်းမိန်းမ ငါဘာမှမလုပ်ဘူး ဘေးမှာ Nurseမလေးတွေရှိပါတယ်ကွာ"

"မြန်မြန်စမ်းသပ် အပိုမပြောနဲ့တော့"

_
_
_
_
_
"ငါအထင် မင်း ပါးပါးဖြစ်တော့မယ်တူတယ်"

"ဘာ ဘယ်လို"

"မင်းမိန်းမ ကိုယ်ဝန်ရှိနေပြီ ငါ့အထင် ၈ပတ်ကျော်ထင်တယ်"

"ဟာ"

ဒီလိုနေရာမှာ သူများဖခင်တွေဆို မျက်ရည်တွေကျကာ ဝမ်းသာနေမှာ အခုလင်းခေတ်မင်းကတော့ မျက်နှာကြီးဟာ အိုကျသွားတော့သည်.....

"ဘာဖြစ်တာလဲ လင်းခေတ်"

"ကျွန်တော်မှ ကလေးမလိုချင်တာ ကိုဆက်ရာ"

"မင်းစကားကလည်းကွာ"

"ကျွန်တော် မိန်းမကိုဘယ်သူနဲ့မှ မျှဝေပြီးမချစ်နိုင်ဘူး အထူးသဖြင့်အဲ့သွေးသားဆိုတဲ့အရာတွေနဲ့ "

"မဟုတ်သေးဘူး လင်းခေတ်ရာ မင်းအတွေးတွေ မှားနေပြီ သေချာစဥ်းစားပေါ့ကွာ မင်းမိန်းမ ကိုဂရုစိုက် အားနည်းနေတယ် လိုအပ်တဲ့ဆေး ဆရာမတွေထိုးပေးခဲ့လိမ့်မယ်"

ကိုဆက်တို့အုပ်စု အခန်းထဲကထွက်သွားချိန် သဲငယ်လေးမျက်နှာကိုကြည့်နေတုန်း မျက်ဝန်းထောင့်က မျက်ရည်များလျံကျလာလေသည်...

"ဟင် သဲငယ် သဲငယ် သတိရပြီလား ဘာလို့ငိုနေတာလဲ"

"ကိုယ်ဝန်ကို မလိုချင်ဘူးတဲ့လား ကိုကိုရာ ပြောရက်တယ်"

"မဟုတ်ဘူး ကိုကို ဘာသဘောပြောနေလဲ သဲငယ်နားလည်ရဲ့လား"

"နားမလည်ချင်ဘူး အရင်ကမလိုချင်ဘူးပြောခဲ့ရင်နားလည်ပေးနိုင်တယ် အခုဟာက ရောက်လာတဲ့ ကလေးကို မလိုချင်ဘူးလို့ ကိုကိုမို့ပြောရက်တယ်ကိုကိုနဲ့လင်းရဲ့သွေးသားပါ ကိုကိုရယ်"

"မငိုပါနဲ့သဲငယ်ရယ် သဲငယ်မျက်ရည်တွေကို ကိုကိုခံနိုင်ရည်မရှိဘူး ကိုကို မှားတယ် ဟုတ်ပြီလား ကိုကို တောင်းပန်ပါတယ်"

ထိုညက မျက်ရည်တွေနဲ့ တအီအီငိုနေတဲ့ ဇနီးသည်လေးကို သူတစ်ညကုန်ချော့လိုက်ရသည်.....

_
_
_
_
_
မနက်မှာ ကိုဆက်က OGနဲ့တစ်ခါတည်းပြသွားဆိုလို့ သူ့တို့ OGဆီရောက်နေလေသည်....
OGဆရာမကြီးက မေမေသူငယ်ချင်းမို့စကားပြောရတာအဆင်ပြေလှသည်...

လင်းရဲ့ဗိုက်ကို ဂျယ်တွေသုတ်ကာ သန္ဓေသားကို ဆရာမကြီးကစစ်ဆေးလေသည်....

"အို ဂုဏ်ယူပါတယ်သားရယ် အမြွှာလေး"

"ဗျာ အမြွှာ"

လင်းခေတ်မင်းမှာ ဆရာမကြီးစကားကြောင့် စိတ်အတော်ဆင်းရဲသွားကာ အသံပါကျယ်သွားလေသည်....

"တကယ်လား ဆရာမ အမြွှာလေးလား"

တည်ငြိမ်လင်းသန့်ကတော့ ပျော်လွန်းလို့ ရင်တွေတဒိတ်ဒိတ်ခုန်နေလေသည်.....

"ဟယ် မဟုတ်ဘူး "

"မဟုတ်ဘူးလား"

ဆရာမဆီက မဟုတ်ဘူးဆိုတဲ့အသံကြားတာနဲ့လင်းခေတ်မင်းက အားကြိုးမာန်တတ်ပြန်မေးလေသည်...

"နှစ်မြွှာမဟုတ်ဘူး ဘေးမှာ အငယ်လေးလာမသိဘူး  သုံးမြွှာပူး"

"ဗျာ"

"သေချာရဲ့လားဆရာမရယ်"

"ဒီမှာ ဒီScreenကိုကြည့် ဒီမှာနှစ်စက် ဒီမှာတစ်စက် ပေါင်းသုံးစက်"

လင်းခေတ်မင်းသေသာသေချင်ပါတော့သည်...
ကလေးကမယူချင်ပါဘူးဆိုနေမှ ရမယ်ရတော့လည်းတစ်ပြိုင်နက်တည်းသုံးယောက်တောင်ပါလား.....
~~~~~~~~~~~~~~~~~~~~~~
ဆက်ရန်
Part 61
🛡️
🛡️Dear Neighbour Girl🛡️
~~~~~~~~~~~~~~~~~~~~~~~~
အပိုင်း(60)



"အတည်ရေ"

"ရှင့် မမ"



"ဒါဆို သေချာနေပါပြီ"

"ဘာလို့လဲ မမရာရဲ့"





_
_
_
_
_







"ရတယ် ကလေးကို ယောက်က္ခမထိန်းလိမ့်မယ်"


"မမမေနိုင်ကော"




_
_
_
_
_
_






"ဟုတ်ကဲ့"

_
_
_
_
_
_








"ဟိုလူလာပြီလား"








"ဒါဆို ထွယ်ကော"




"ငါလည်းအတူတူဘဲကွ"








"စိတ်သာချ"
_
_
_
_
__
_



"ကိုကို့မိန်းမပါ"
_
_
_
_
_

"ဟော ဟိုမှာ "








_
_
_
_
_
_

_
_
_
_
_




_
_
_
_
_
_
"ဟား အလှလေးတွေပါလား"

အမူးသမားနှစ်ယောက်ကသူတို့၃ယောက်ထဲမှာအလှဆုံး မခေတ်တစ်ရာခင်ကိုထို စဆွဲကာ

"လွှတ်စမ်း "


"ခွပ်"


_
_
_
_
_
"Boss ပြဿနာတက်ပါပြီ"

"ဘာဖြစ်တာလဲ"


"ဆရာကတော်ပြသနာတက်နေပြီ"


_
_
_
_
_
_

"ခွေးမသား"

"ခွပ်"

"ခလွမ်း"

"ဟာ ငလင်း "


"အမယ်လေး ကိုကို"


"အချစ်လေး "

"Bunny"

ဝတ်စားထားတာများ Bunnyက လက်ပြတ်ဂါဝန်ရှည်ကြီးကို ကျပ်ထုတ်နေတာများ ခန္ဓာကိုယ်က ရှိုက်ကြီးရှိုက်ငယ်အဖိုဖိုကထင်းထွက်နေသည်....





"ထွီ"

"သည်းခံလို့ရောက်တက်မနေနဲ့ လင်းခေတ်မင်း ငါက မင်းမိန်းမကို အမူးသမားရန်က ကာကွယ်ပေးနေတာ"

"_ီးကို ကာကွယ် ခွေးမသား "











"ဟာ အတည် "

"အတည်"

"အတည် သတိထားပါအုံး"




ဝန်ထမ်းတစ်ယောက်ကိုမှာကာ သဲငယ်ကို ကားပေါ်တင်ကာ ဆေးရုံရှိရာဆီသို့...

_
_
_
_
_
_






_
_
_
_
_

"ဘာ ဘယ်လို"


"ဟာ"


"ဘာဖြစ်တာလဲ လင်းခေတ်"


"မင်းစကားကလည်းကွာ"










_
_
_
_
_



"ဗျာ အမြွှာ"




"ဟယ် မဟုတ်ဘူး "

"မဟုတ်ဘူးလား"



"ဗျာ"

"သေချာရဲ့လားဆရာမရယ်"


~~~~~~~~~~~~~~~~~~~~~~
ဆက်ရန်
Part 61
🛡️

Continue Reading

You'll Also Like

78.1K 5.9K 43
"ကြာဖြူ ငါတို့သေခြင်းတရားမှာ မင်းအငြိုးတွေပြေပါစေတော့" ပင်လယ်ဒဏ္ဍာရီတွင်ကြောက်စရာအကောင်းဆုံးသော ကျိန်စာဆိုးများနှင့်ကြာဖြူပုံပြင်... သို့သော်လွန်ခဲ့ေ...
1.1M 25.8K 71
အချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်
45.1K 3.6K 34
wangyibo+xiaozhan ဆိုးချင်သလောက်ဆိုးပါ ကိုယ့်မျက်စိအောက်ကတော့ မထွက်သွားပါနဲ့ ကာကွယ်မပေးနိုင်မှာစိုးတယ် wang yi bo ​အရမ်းချစ်တယ် ကျွန်တော့်အပိုင်လိ...
1.3M 59.3K 79
အချစ်ဆိုတာပုံမှားရိုက်လာသောအေးမြခြင်းတွေမို့ငါအလိုမရှိဘူး..... (တာမင်းပိုင်ဖြိုး) တာတာကိုမချစ်နဲ့တဲ့ဦးနှောက်ကတားတယ်.. နှလုံးသားကာကျ လှိုင်းအမြင့်ဆယ်...