NotWithStanding...(မည်သို့ပင်...
By Suu_KaNyar
553K 29.9K 1.5K
ဤဘဝအတွက် တာဝန်ဟာ မောင့်ထံပါး ချစ်ခြင်းတို့နှင့် ခစား၍သာ အဆုံးသတ်ပေလိမ့်မည်။ ............. Start - 19.2.2022 ... More
မိတ်ဆက်စာ 👨‍🏫
Khoon🖤 & Tain Tyke 💛
Intro & Request
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 20
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode - 27
Episode - 28
Episode - 29
Episode - 30
Episode - 31
Episode - 32
Episode - 33
Episode - 34
Episode - 35
Episode - 36
Episode - 37
Episode - 38
Episode - 39
Episode - 40
Episode - 41
Episode - 42
Episode - 43
Episode - 44
Episode - 45
Episode - 46
Episode - 47
Episode - 48
Episode - 49
Episode - 50
Episode - 51
Episode - 52
Episode - 53
Episode - 54 🔞
Episode - 55
Episode - 56
Episode - 57
Episode - 58
Episode - 60 🔞
Episode - 61
Episode - 62
Episode - 63 🔞
Episode - 64
Episode - 65
Episode - 66
Episode - 67
Episode - 68
Episode - 69
Episode - 70
Episode - 71 ( Ending)
ကျေးဇူးတင်လွှာ 💛💛
Extra - 2
Extra - 3 (End)
Extra - 4 (V day Special )
Extra ( 5)
Book Announcement 🌈☁️
Extra - 1
Episode - 59
5.4K 332 20
By Suu_KaNyar
'' ဟဲ့ ဟဲ့ တို့ကျောင်းအုပ်ကို ဟိုအသေးလေးထိုးလိုက်တာ ထင်တယ်နော် ''
'' ဟုတ်ပဟယ်.... ကြည့်ပါဦး နှုတ်ခမ်းတွေလည်းပေါက်...လည်ပင်းမှာလည်း ကုတ်ရာ ခြစ်ရာတွေနဲ့ဟယ်။ မြင်လို့တောင်မကောင်းဘူး ''
'' အေး လှမ်းထိုးတာ မမှီလို့ မှီရာ ဆွဲကုတ်လိုက်တာ ထင်ပါရဲ့ အဲ့အသေးလေး တကယ်မလွယ်ဘူးပဲဟ ''
အစည်းအဝေးခန်းမထဲ ဆရာ ဆရာမများနှင့် အစည်းအဝေးလုပ်နေစဥ် ခွန်း ဖုန်းလာ၍ ထဖြေနေချိန်တွင် အနောက်မှ ဆရာမတစ်ချိူ့ ခွန်းကိုကြည့်ကာ အတင်းတုတ်နေကြသည်။ ခွန်း တိမ်တိုက်နှင့် စကားပြောပြီး ထွက်လာတော့ ကျောင်းသားများသာမက ဆရာဆရာမများပါ ထူးဆန်းသော မျက်လုံးတွေနှင့်ကြည့်နေကြသည်။
သူတို့ကျောင်းအုပ်က အခန်း ထဲက ထွက်လာစဥ် နီညိုရောင်နှုတ်ခမ်းမှာ ပေါက်ရာနှင့် အညိုရောင် လည်ပင်းပေါ်မှာလည်း အနီစင်းကြောင်းတို့က ထင်းနေလျက်။ မသိလျှင် ရန်ဖြစ်လာသည်ဟု ထင်ရသည်မို့ ကိုကို့အခန်းထဲ မျက်လုံးလေးတွေက ကျူးကျော်ချောင်းကြည့်ကြသည်။
ထိုစဥ် တွေ့လိုက်ရတာက ရှုပ်ပွနေသော အုန်းမုက်ခွက်ဆံပင်နဲ့ နှုတ်ခမ်းပေါက်နေသော အမျိူးသားတစ်ဦး ဖြစ်သည်။ တိမ်တိုက် ခေါင်းရှုပ်ပွနေသည်က ခွန်း အခန်းထဲကမထွက်မှီ တိမ်တိုက်ကို စ သွား၍ ဖရိုဖရဲ ဖြစ်နေြခင်းသာ။ ထို့ကြောင့်အကုန်လုံးက အတပ်ခန့်မှန်းလိုက်သည်။ ထိုအမျိူးသားနှင့် သူတို့ကျောင်းအုပ် ရန်ဖြစ်ခဲ့လိမ့်မည် တဲ့လေ။
အစည်းအဝေးပွဲ ပြီးချိန်တွင် ခွန်းက သူ့ရုံးခန်း သူ ပြန်လာခဲ့သည်။ ညနေ ကျောင်းဆင်းတာနှင့်ပြန်ရဖို့အရေး အလုပ်တွေကို အပြီးလုပ်ထားရလိမ့်မည်။
တစ်ဖက် ကိုကို့ ရုံးခန်းထဲမှာတော့ တိမ်တိုက်က ကိုကို့နေရာ ထိုင်ကာ ရှန်မင်းနှင့်ကိုကိုတို့ က ဝိုင်း၍ စစ်မေးနေကြသည်။
'' ဆိုတော့ ပြန်တည့်သွားကြပြီလား ''
ကိုကို မေးတော့ တိမ်တိုက် ကိုကို့ကို မျက်လုံး တစ်ဖက်မှိတ်ပြလိုက်သည်။ သုံးယောက်သား စကားကောင်းနေစဥ် အခန်းရှေ့တွင် အမရာရောက်လာသည်။ တံခါးခေါက်ပြီးဝင်ဖို့လုပ်ရာ တိမ်တိုက်တို့နှင့်စကားပြောသံကြားတာမို့ မဝင်သေးပဲ အပေါက်ဝကနေ နားထောင်နေလေသည်။
'' မင်း နှုတ်ခမ်း လည်း ပေါက်သွားတာပဲ ကွ ''
ရှန်မင်း တိမ်တိုက် နှုတ်ခမ်းနားလေးကို လက်ညိုးလေးနှင့် တို့ထိကာပြောလိုက်တော့ ထိုလက်ကို ပုတ်ချလိုက်သူက ဘေးက ကိုကို။
'' သူတစ်ချက်ကိုယ်တစ်ချက်ပဲ ဟျောင့်...ငါအရင်လို ငြိမ်ခံနေမှာ မဟုတ်ဘူး။ ''
'' ဒါမဲ့ နှုတ်ခမ်း က သူ့ထက် ပိုဆိုးနေတယ်နော်။ ကိုခွန်း မင်းကို အဲ့လောက်ထိ လုပ်ရက်လိမ့်မယ်လို့ကို မထင်ထားတာ။ ''
'' သူ့လည်ပင်းမှာမတွေ့ဘူးလား ငါပြန်လုပ်ထားတာလေ ။ တိမ်တိုက်ကြိုးကို လာကြောလို့မရဘူးကွ မှတ်ထား ''
တိမ်တိုက် လက်သီးလက်မောင်းတန်းကာ အားရပါးရပြောနေသည်ကို အမရာတစ်ယောက် တံခါးနားက နားထောင်ကာ ကျေနပ်နေသည်။ ခွန်းနှင့်ထမင်းစားကတည်းက တိမ်တိုက် ရောက်နေတာကိုသိသည်။ ဒါကြောင့်လည်း ခွန်းကို ဟင်းထည့်ပေးသလိုလိုနဲ့ တိမ်တိုက် အထင်လွဲသွားအောင် သက်သက်လုပ်ပြခဲ့တာပင်။
အခုလည်း နှစ်ယောက်သားက အကွဲကွဲ အပြဲပြဲနှင့်မို့ အသေအကြေရန်ဖြစ်ခဲ့ကြသည်ဟု အမရာထင်နေသည်။ ခွန်းက တိမ်တိုက်ကို သည်းသည်းလှုပ်သူမို့ ဒီလို အနာတရဖြစ်အောင်ထိလုပ်သည်ဟု ကြားရချိန်တွင် သူမအတွက် အခွင့်အရေးဟာ မကြာခင်ရလာတော့မည်ဟု အမရာအကြီးကြီး အထင်လွဲနေတော့သည်။ တိမ်တိုက်ပုံစံကို သေချာမြင်လိုက်သည့်ဆရာမတွေကလည်း သူ့ကိုဖားရားကာ သူကျေနပ်အောင် တစ်စိတ်ကိုတစ်အိတ်လုပ်ပြောကြတာမို့ အမရာတစ်ယောက် မမှန်ကန်သည့်သတင်းတွေကြား ပျော်မွေ့နေခဲ့သည်။
ကိုယ်တိုင်သွားကြည့်ဦးမှ ပဲ....ဟုတွေးကာ ကိုကို့အခန်းဆီ ဦးတည်လာခဲ့ရာမှ တိမ်တိုက်တို့အချင်းချင်းပြောနေသောစကားတို့ကို ကြားပြီး ရန်ဖြစ်ခဲ့ကြသည်ဆိုတာ သေချာသွားတော့သည်။ ထို့ကြောင့်ဝင်တောင်မဝင်တော့ပဲ ပျော်ရွှင်စွာပင် ပြန်လှည့်ထွက်သွားတော့သည်။
ထို့နောက်မှ
'' ဖြန်း စောက်ပိုတွေပြောပြန်ပြီ သူခံလာရတာကို လူအထင်ကြီးအောင်ပြောနေတယ် ''
ရှန်မင်း တိမ်တိုက် လက်မောင်းကို ဖြန်းခနဲ ချလိုက်ပြီး အံကြိ်တ်ကာ ရွဲ့ပြောတော့သည်။
'' ဘာပဲ ပြောပြော ပြန်အဆင်ပြေသွားပြီ ပျော်လိုက်တာ ဟူး...''
ထိုင်ခုံနောက်မှီကို လျှောချလိုက်ပြီး သက်ပြင်းချကာ လေပူတစ်ချိူ့မှုတ်ထုတ်လိုက်သည်။
အမရာတစ်ယောက် ကတော့ ခွန်း၏ လည်ပင်းမှ ခြစ်ရာတွေကို ဆေးထည့်ပေးရင်း အမှတ်ဝင်ယူရန်ကြံနေတော့သည်။ကျောင်းဆေးခန်းမှ လိမ်းဆေးတစ်ချိူ့သွားယူလာပြီး ခွန်းဆီလာခဲ့တော့သည်။
ဒေါက် ဒေါက် ဒေါက်...
'' ဝင်ခဲ့ပါ ''
တံခါးခေါက်သံကြား၍ ခွန်းအသံပြုလိုက်တော့ အမရာတစ်ယောက် ဆေးဘူးလေးကိုင်ကာ ဝင်လာသည်။
'' လည်ပင်းမှာ အနာတွေတွေ့လို့ ကိုယ်ဆေးယူလာပေးတယ်။ ''
'' ဪ ရပါတယ်...သိပ်မများပါဘူး ''
'' မများပေမယ့်လည်း ထည့်လိုက်ပါ တော်ကြာပိုးတွေဘာတွေဝင်နေမှဖြင့် ''
အမရာ ဆေးဘူးကို ဖွင့်လိုက်ပြီး ခွန်းနားသွားကာ ကိုယ်တိုင်လူးပေးဖို့ ခွန်း လည်ပင်းတွေဆီ လက်လှမ်းလိုက်သည်။
'' ရ ရတယ် အမရာ။ ကျွန်တော့်ဘာသာ ထည့်လိုက်ပါ့မယ် ။ အခုလိုယူလာပေးတဲ့အတွက် ကျေးဇူးပါ ''
ခွန်း အမရာလက်ကို တားလိုက်ကာ လက်ထဲမှ ဆေးဘူးကိုလှမ်းယူလိုက်သည်။ မထည့်မချင်းထွက်သွားမည့်ပုံ မပေါ်တာကြောင့် ခွန်း ဆေးတစ်ချိူ့ကို ယူကာ တိမ်တိုက်ကုတ်ထားသော ခြစ်ရာတွေ ဆီ မှန်း၍ လိမ်းလိုက်သည်။
'' ဘယ်လိုပဲ စိတ်ဆိုးဆိုးပေါ့...ဒီလောက်အထိလုပ်စရာမလိုပါဘူးကွယ်။ ''
'' အမရာ ဘာကိုပြောချင်တာလဲ ''
'' ခွန်း ...မင်းက ကျောင်းအုပ်လေ...ကျောင်းအုပ်တစ်အယောက်ကို သူ့ကျောင်းအထိလာပြီး ကိုယ်ထိလက်ရောက်ကျူးလွန်တယ်ဆိုတာ မင်း သိက္ခာကိုစော်ကားလိုက်တာပဲလေ....။ အပြင်မှာ ဘာလုပ်လုပ်ပေါ့ ကျောင်းမှာ ကျောင်းသားတွေအားလုံးရှိနေတာကို သူဒီလို လုပ်လို့မကောင်းဘူး ''
''. .....''
'' စိတ်ဆိုးလို့ဆိုးတာက တစ်ပိုင်းပေါ့။ ခွန်းလို ကျောင်းအုပ်တစ်ယောက်ကို မြင်မကောင်းအောင်ထိ သူမလုပ်လိုက်သင့်ဘူး.. ...အင်း....ဒါပေမယ့်လည်း တိမ်တိုက်က ငယ်သေးတာကိုး...''
အမရာ သူ့ဘာသာ တစ်ယောက်တည်း ထင်မြင်ချက်တွေပေးကာပြောနေသည်။ ခွန်းကတော့ အမရာပြောနေသည့်အကြောင်းအရာကိုတောင် နားလည်အောင် မနည်း နားထောင်ယူနေရသည်။ နောက်ဆုံးကျမှလိုရင်းသိတော့သည်။ တိမ်တိုက်က သူ့ကို သိက္ခာချနေသည် ဟု အမရာကပြောချင်နေတာပင်။
ခွန်းလည်း သူ့ဘက်ပါအောင်ဆွဲနေသည့်အမရာ့စကားတွေကို ဆက်နားမထောင်တော့ပဲ ဆေးကိုသာ သေချာလူးနေလိုက်တော့သည်။ ရှင်းပြဖို့မလိုသည့်ကိစ္စမို့ ရှင်းပြချင်စိတ်လည်းမရှိ....အမရာနှင့်လည်း မဆိုင်သည့်ကိစ္စမို့ ခွန်း တိတ်နေလိုက်တော့သည်။
အမရာစကားတွေအများကြီးပြောပြီးသည့်နောက်မှာတော့ ခွန်းက ဆေးဘူးပြန်ပေးလိုက်ကာ မနှင်ထုတ်ရုံတစ်မယ်ပြောတော့သည်။ အမရာလည်း သူပြောချင်ရာတွေ ပြောလို့ကုန်နေပြီမို့ အသာတကြည်ပဲ ထွက်လာလိုက်တော့သည်။
ဇူးကြယ်စင်မေ တစ်ယောက် ကျောင်းကိစ္စကြောင့် မနက်ကတည်း အပြင်သွားပြီး ညနေကျောင်းဆင်းချိန်နီးမှ ပြန်ရောက်လာခဲ့သည်။ ပြန်ရောက်ရောက်ချင်း ကျောင်းအုပ်နှင့် သူ့ကောင်လေးတို့ ရန်ဖြစ်ကာ ထိုးကြကြိတ်ကြသည်ဟုကြားပြီး စိုးရိမ်သွားကာ ခွန်း ဆီရောက်လာခဲ့သည်။
'' ဘယ်လောက်တောင်မို့ ကျောင်းထိရန်လာဖြစ်ကြတာပါလိမ့် ''
တစ်ကိုယ်တည်း ရေရွတ်ရင်း ခွန်း အခန်းကို တံခါးမခေါက်ပဲနဲ့ဝင်ချသွားလိုက်သည်။
'' ကိုခွန်း....ခွန်း...''
အားကြီးနှင့် ဝင်ချသွားပေမယ့် အခန်းထဲ လူတစ်ယောက်မှ ရှိမနေချေ။
ထို့ကြောင့်အောက်ထပ်ပြန်ဆင်းကာ ရုံးစာရေးအခန်းကိုမေကြည့်တော့ စည်းကမ်းထိမ်းသိမ်းရေး အခန်းကိုသွားတာတွေ့သည်ဟုပြော၍ ကိုကို့အခန်းဆီ ခြေလှမ်းအကျယ်ကြီးတွေနှင့် လျှောက်သွားလိုက်တော့သည်။
ကိုကို့အခန်းထဲမှာတော့ ချစ်ကြည်နူးတစ်တီတူး နေကျ ှရှန်မင်းတို့အတွဲမဟုတ်ပဲ ကျောင်းအုပ်ကြီးတို့အတွဲ ရှိနေသည်။ ခွန်းက ကိုကို့နေရာမှာ ထိုင်ကာ တိမ်တိုက်က ကိုကို့စားပွဲပေါ်ဖို့ တက်ထိုင်နေသည်။
'' ဟုတ်လား.... ''
'' ဟုတ်ပ တစ်ကျောင်းလုံးက မောင်နဲ့ကျွန်တော် ရန်ဖြစ်လို့ထိုးကြကြိတ်ကြတယ်ပဲထင်နေတာ တဲ့ အဒွေး သတင်းလာပို့သွားတယ် ''
'' ဪ အဲ့တာကြောင့်ကို အစည်းအဝေးတုန်းဆရာမတွေ တိုးတိုး တိုးတိုးတွေလုပ်နေကြပါတယ်လို့ ''
ခွန်း တိမ်တိုက်ဖျော်ပေးထားသော ကော်ဖီခွက်ကိုကိုင်ကာ စားပွဲပေါ်တက်ထိုင်ပြီး တိမ်တိုက်ပြောသမျှကို နားထောင်ကာ ရယ်လိုက်မောလိုက်ဖြင့်။
'' တစ်ချိူ့ဆို ကျွန်တော့်ကို အထင်တောင်ကြီးနေကြတာဆိုပဲ...သူတို့ကျောင်းအုပ် ကို အုပ်လိုက်နိုင်လို့တဲ့လေ ''
'' ဟား...ဟား....''
ရီရင်း ထလာကာ တိမ်တိုက်ဆီတိုးလာသည်။ နောက်ကော်ဖီခွက်ကို ဘေးချပြီး တိမ်တိုက်မေးစေ့ကို လက်ညိုးနှင့်လက်မဖြင့် ညှပ်လိုက်ကာ
'' ဘယ်သူအုပ်ခံလိုက်ရလဲ မင်းအသိဆုံးပါ ချာတိတ်ရာ ''
'' မောင်နော် ''
တိမ်တိုက် မျက်စောင်းလေးထိုးကာပြောတော့ ခွန်း ခါးထောက်ကာ သဘောတကျ ရီတော့သည်။
'' မှန်းစမ်း အတော်ပေါက်သွားလား ''
တိမ်တိုက် နှုတ်ခမ်း လေးကို အသာဖြဲကာ ခွန်း ကြည့်ပေးနေစဥ်...
'' ဝုန်း... ''
တံခါးကို ဝုန်းခနဲဖွင့်ကာ ဝင်ချလာသော ဇူးကြယ်စင်မေ ။
'' ရန်ဖြစ်ကြတယ်ဆို .....အယ် ''
အဇူးကို မြင်တော့ ခွန်း တိမ်တိုက်နားက ခွာလိုက်သည်။ အဇူးကတော့ စောစောက မြင်ကွင်းကို ခုထိအံ့ဩလျက်။ သူကြားထားတာက ခွန်းတို့ နှစ်ယောက် အကြီးအကျယ်ရန်ဖြစ်ထားကြသည်တဲ့လေ အခုတော့...
အဇူး အံ့ဩနေတုန်း ကိုကိုနှင့် ရှန်မင်းတို့ ရောက်လာသည်။
'' အဇူးပြန်ရောက်နေပြီလား။ တန်းပြန်သွားမယ်ထင်နေတာ ' '
'' အင်း.... ''
အဇူး အင်းတစ်လုံးသာပြောနိုင်သည်။ အကြောင်းကတော့ ပေါက်ပြဲနေကြသော နှုတ်ခမ်းနှစ်ခုကို သူသေချာ စူးစမ်းကြည့်နေတာကြောင့်ဖြစ်သည်။
'' အင်း ဟုတ်တယ်ရန်ဖြစ်ကြတာ ဒီမှာကြည့်လေ မောင့်ကို ငါထိုးထားတာ ''
ခွန်း နှုတ်ခမ်းကို လက်ညိုးထိုးကာ အဇူးကို ပြလိုက်သည်။ အဇူး တစ်ချက် ရွဲ့ကာ ပြုံးလိုက်သည်။ နောက် တိမ်တိုက်ဆီသို့်ဖြေးဖြေးချင်းလျှောက်လာပြီး...
'' ဒီမှာ တိမ်တိုက်ကြိုး...နင်အခု ဘယ်သူ့ကိုလှည့်စားချင်နေတာလဲ ဟမ် ''
'' နင်ဘာတွေပြော ''
'' နင်မှတ်ထားရဖို့က ကျောင်းဆရာမ မဖြစ်ခင် ငါက ဖူဂျိူရှီတစ်ယောက်နော် သားလေး....မား ကို လှည့်စားချင်နေတာလား။ ဒီနှုတ်ခမ်းတွေက ဘယ်လိုလုပ် လက်သီးနဲ့ ထိုးထားတာဖြစ်မှာလဲ... ထိုးချင်းထိုး ဟင်းးဟင်းး ငါနော်...ပြောလိုက်ရရင် မကောင်းရှိတော့မယ် ''
'' ဟဲ ဟဲ မားကလည်း ဟိုမှာ မောင်ရှက်နေပြီ ''
တိမ်တိုက်မျက်နှာချိူသွေးကာ ခွန်းကို မေးငေါ့ပြတော့ ခွန်းမျက်နှာက အနည်းငယ်ရဲနေသည်။ ခွန်းက တည်တည်ငြိမ်ငြိမ်နေနိုင်သည်ဆိုပေမယ့် အခုထိ လူကြားထဲ ထိုကိစ္စတွေဆို ရှက်တတ်တုန်း။ အနမ်းခံရသည့်တိမ်တိုက်ကိုယ်တိုင်တောင် ပြန်စလျှင် သူက ရှက်သွေးဖြာနေတုန်း။
'' ဪ ဟုတ်သားပဲ ငါတို့အဇူးလေးက အရင်က ဖူဂျီမလေးပဲ ။ အဲ့တာကြောင့်လည်း တော်တော်နဲ့ ဘဲမရခဲ့တာပေါ့ နော့် ''
ရှန်မင်း အဇူးပုခုံးကို လှမ်းဖက်ချလိုက်ကာ ခနဲ့တဲ့တဲ့ ပြောသည်။ အဇူး ရှန်မင်း လက်ကို ဖယ်ချလိုက်ပြီး
'' တိတ်စမ်း.... ဘာတွေလာပြောနေတာလဲ လင်တောင်ရတော့မယ့်သူကို ''
ဟင်! !
ခွန်းမှ လွဲ၍ ကျန်သည့်သုံးယောက်ထဲမှ အာမေဋိတ်သံများထွက်လာသည်။
'' ဪ ငါ့နှယ် ပေါ်ကုန်ပါပြီဟယ် ''
အဇူး ခုံမှာဝင်ထိုင်လိုက်ပြီးစိတ်ပျက်လက်ပျက်ပြောလိုက်သည်။
'' တကယ်ကြီး ယူကြတော့မလို့လား ''
ကိုကို အဇူးနားရောက်လာပြီး မေးတော့
'' နီးမှ ကပ်ပြောပြီး စပရိုက်တိုက်မို့ကို သွားပါပြီ ''
တိမ်တိုက် မအံ့ဩသော ခွန်းကို မျက်စောင်းလေးနဲ့ကြည့်ကာ
'' မောင်သိနေတာလား ''
ခွန်း ခေါင်းအသာငြိမ့်ပြသည်။ ဟိုရက်တွေကတည်းက စိုင်းမင်းနွယ်က သူ့ကိုပြောပြထားပြီးနေပြီဖြစ်သည်။ တိမ်တိုက်ကို ပြော ဖို့ရာ တိမ်တိုက်က အိမ်ပြန်နောက်ကျလိုက် အလုပ်ရှုပ်နေလိုက်နှင့်မပြောပြဖြစ်ခဲ့မိတာပင်။
'' ဘယ်တော့လဲ ''
'' ဆယ်တန်းတွေပြီးတဲ့အခါလောက်မှပါ။ နွေဦးလောက်ဖြစ်လိမ့်မယ် ''
'' တအားဖြစ်နေတယ်ဟုတ်လား ငါတို့ကိုတောင်မတိုင်ပင်ဘူး ''
ကိုကို ဒေါသမော ဖြင့်် အဇူးကို ပြောလေသည်။
'' ဟဲ့ ကိုယ့်ဘာသာ လင်ယူမယ့်ကိစ္စကအစ လိုက်ပြောနေရမှာလားပြော။ ငါ့အသက်ကိုလည်းကြည့်ဦး ''
'' တော်တော်ကြီးပြီ ဆိုတော့ ''
တိမ်တိုက်ကလည်း ဝင်ရွဲ့သည်။ ရန်တွေဖြစ်လိုက်ပြန်ချစ်လိုက်နှင့် သူတို့အတွဲက ယူဖြစ်မယ်လို့တောင်မထင်ခဲ့တာပင်။ အခုလိုကျပြန်တော့လည်း ဝမ်းသာရသလို နှမြောလည်း နှမြောမိသည်။ ပြောပြောဆိုဆို အဇူးတစ်ယောက်ဆိုတာ သူတို့အတွက် အမလို သူငယ်ချင်းလို မျိူးဖြစ်နေခဲ့တာပင်။
ကျောင်းတုန်းက ဆို လည်း သူ့ခမျာ အေးဆေးမနေရ တိမ်တိုက်တို့ကို လိုက်ကာကွယ်ရ... တစ်ခုခုဖြစ်လျှင် သူက အရင်ဝင်ရှင်းပေးလေ့ရှိတာပင်။ တိမ်တိုက် နေမကောင်းတုန်းကဆိုလျှင်လည်း သူ့ကြောင့်ပါဆိုပြီး နေ့တိုင်းနီးပါးလာကာ အိမ်မှာ အဖော်လာပြုပေးနေကြဖြစ်သည်။
သူ့မှာ စိုင်းမင်းနွယ်ကို ချစ်သော်လည်း တိမ်တိုက်ကိုအားနာစိတ်ကြောင့် စွန့်ပစ်လုနီးနီးဖြစ်ခဲ့ရသည်။ အဇူးက အမြဲ သူများအတွက်သာ အရင်တွေးပေးတတ်သော မိန်းကလေးတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ချက်ချင်းကြီး သူများကိုပိုင်ဆိုင်ဖို့ပေးလိုက်ရမည်ဆိုတာက နှမြောမိလေသည်။
'' ဒါဆို ယူပြီးရင် ဟိုမှာ လိုက်နေမှာလား ။ ဟိူမှာလည်း K' Cloudy ရှိတာဆိုတော့ ''
'' အင်းပေါ့ဟ ။ ဟိုမှာပဲ နေဖြစ်ဖို့များတယ်။ ကိုစိုင်းက အမျိူးချစ်လေ။ သူ့ရွာကနေ ဘယ်မှ မသွားနိုင်ပါဘူးတဲ့။ အဲ့တာကြောင့်ငါကပဲ လိုက်သွားဖို့လုပ်ရတော့တာပေါ့ ။ သိတယ်မလား ပိုချစ်တဲ့သူက ပိုလိုက်လျောရတာပဲ ''
အဇူးက အတည်ပေါက်ကြီးပြောပြတော့ အကုန်လုံးက ခေါင်းတငြိမ့်ငြိမ့်။
နောက် ကျောင်းလည်းဆင်းရော ခွန်းက ရုံးခန်းပြန်သွားသည်။ ရှန်မင်းတို့ကတော့ ဂျူတီမို့ ကလေးတွေ ထွက်သည်ကို စောင့်ကြည့်ပေးနေသည်။ အဇူးကလည်း ခွန်းကို တင်ပြစရာရှိတာတွေ တင်ပြပေးခဲ့ပြီး ပင်ပန်းသည်ဟုဆိုကာပြန်သွားသည်။
နောက် ဆရာဆရာမတွေလည်း အကုန်ပြန်သွားကြချိန်တွင် ကျောင်းဝန်းအပြင်ဘက်က ကားပါကင်နေရာတွင် အမရာတစ်ယောက်စောင့်နေသည်။ မနက်က ခွန်းက လိုက်ပို့ပေးမည်ဟုပြောထားတာကို။
ခွန်းကတော့ အခန်းထဲ သိမ်းစရာရှိသည်များကို သိမ်းနေစဥ်....
ဒေါက်...ဒေါက်....ဒေါက်...
'' မောင် ပြီးပြီလား ''
တိမ်တိုက် ခေါင်းလေးအရင်စောင်းဝင်ပြီးမေးလိုက်တော့
'' အင်း ပြီးပြီ ခနလေး ဒါလေးသိမ်းမလို့ ''
ခွန်း ဖိုင်တွေ အံဆွဲထဲထည့်သိမ်းနေတုန်းမို့ တိမ်တိုက် အခန်းထဲဝင်ကာ ဟိုကြည့်သည်ကြည့်လုပ်နေသည်။
'' မောင်သိလား ဟိုနေ့ကလေ အလုပ်က မန်နေဂျာ အလုပ်မလာဘူး။ အဲ့တာကျွန်တော်က ဘာဖြစ်လို့လဲ မေးတော့ သူဘာပြန်ဖြေတယ်ထင်လဲ ''
ခွန်း ထည့်နေရင်း တိမ်တိုက်ကို မေးသည်ကို ဘာလဲ ဆိုသည့်သဘောဖြင့် မေးဆတ်ပြတော့
'' သူ့မိန်းမစိတ်ဆိုးပြီး အိမ်ပေါ်ကဆင်းသွားလို့တဲ့။ သူလာခေါ်မှ ပြန်မယ်ဆိုလို့ သွားခေါ်ရတယ်တဲ့ ။ မိန်းမတွေများ ဟွန့်....ပြန်လာချင်တာတောင်စျေးကကိုင်သေး ''
တိမ်တိုက်ဘာကို ဆိုလိုချင်နေလဲ ဆိုတာ ခွန်းသိသည်။ သူက တိမ်တိုက်လာခေါ်မှ ပြန်လိုက်မယ်လို့ ပြောထားမိတာကိုး။ တိမ်တိုက်
သဘောက ခွန်းကို သူ့အောက်ပို့ချင်နေတာဖြစ်သည်။
'' အဲ့တော့ မောင်က မင်း မိန်းမလုပ်ပေးရမယ်ပေါ့ ''
ခွန်း တစ်ချက်ရီပြီး လှမ်းမေးလိုက်သည်။
'' အာ ကျွန်တော် က ပြောပြတာပါ မောင့်ကို မိန်းမလို့မပြောပါဘူး ''
'' ဟုတ်......လား.... ''
ခွန်းသံရှည်ဆွဲကာ မယုံသလို မေးလေသည်။
'' ဟုတ်ပ ဘာလဲ မောင်က အောက်ဆင်းချင်လို့လား ''
'' ရပါတယ် မင်းလေးက အပေါ်မှာနေတာကြိုက်တယ်ဆိုလဲ မောင်ငြင်းစရာမရှိပါဘူး ''
'' မောင် တကယ်ပြောနေတာလား ''
'' အင်းတကယ် ညကျရင် အပေါ်မှာနေ ဟုတ်ပြီလား ။ အခုတော့ ပြန်ကြမယ် လာတော့ ''
ခွန်း တံခါးကိုဖွင့်ပေးလိုက်တော့ တိမ်တိုက် လက်ညိုးနှင့်လက်မလေး ဝိုင်းပြကာ သွားကြီးဖြီးပြီး အိုကေလုပ်ပြသွားသည်။ ဒါသူကျေနပ်သည်ပေါ့။
တိမ်တိုက်ခွန်း လက်မောင်းလေးကို တွဲချိတ်ကာ ကျောင်းဝန်းထဲ ဖြတ်လျှောက်ခဲ့သည်။ အကုန်ပြန်ကြသည်မို့ ဂိတ်မှာ ဦးဝင်းတစ်ယောက်သာ ကျန်တော့သည်။ တိမ်တိုက်တို့ ဦးဝင်းကို နှုတ်ဆက်ပြီး ကားပါကင်ရှိရာသို့ သွားလိုက်တော့ ရပ်စောင့်နေသော အမရာ့ကိုတွေ့လိုက်သည်။
ထိုအခါမှ ခွန်းသတိရတော့သည် အမရာ့ကို သူပြန်ပို့ပေးမည်ဟု ပြောထားတာပင်။
'' ကလေး ကားပါလား ''
'' ပါတယ်လေ ဘာဖြစ်လို့လဲ ''
အလုပ်လုပ်နေသော သူဌေးပေါက်စလေးက ကားတောင်စီးနေပြီလေ။
ငယ်ငယ်ကလို ဘယ်သူမှလာမတားကြတော့ပေ။
ခွန်း ကားသော့ကို ထုတ်ကာ အမရာ့ဆီလျှောက်သွားလိုက်သည်။
'' ဆောရီးအမရာ ကျွန်တော့်ကား ယူပြီးပြန်လိုက်နော်။ ဦးလေးဆီ နောက်နေ့မှ ပဲလာခဲ့တော့မယ် ''
'' ဟင် ခွန်း လိုက်ပို့ပေးလို့မရဘူးလား ခွန်းကားက ကိုယ်သိပ်မမောင်းတတ်ဘူးထင်တယ် ''
အမရာ အသနားခံသော မျက်ဝန်းလေးတွေဖြင့်မေးရှာသည်။
'' အာ့...လက်နာလိုက်တာ။ အဲ့တာကြောင့်မောင့်ကိုပြောပါတယ် လက်ကို အရမ်းမညစ်ပါနဲ့ဆို။ အခု စတီယာတိုင်တောင် ထိန်းနိုင်ပါ့မလား မသိဘူး။ တော်တော်နာတယ် ''
ကောက်ခါငင်ခါကြီး လက်ကောက်ဝတ်ကိုဖိပြီး လက်နာပြနေသော တိမ်တိုက်ကြိုး။ အမရာရွှေ့သောအကွက်ကိုသူမြင်သလို... သူရွှေ့သော အကွက်ကိုလည်း အမရာမြင်ပုံပင်။
'' ဒါဆိုလည်း ခွန်းတို့ နဲ့ပဲ အမရာလိုက်စီးလိုက်မယ်လေ ။ လမ်းကြောင်းကသင့်ပါတယ် ''
'' ဟို...မရဘူးဗျ ကျွန်တော့်ကားက lover seat ပဲ ပါတာ။ မောင်နဲ့နှစ်ယောက်တည်းစီးလို့ရအောင် မောင်က ဝယ်ပေးထားတာ ''
တမောင်မောင်နှင့် ဂုဏ်ဆာနေသော တိမ်တိုက်ကြောင့်အမရာ့မျက်နှာကမဲနေလေပြီ။
'' အဲ့တာဆို ခွန်းရဲ့ကားနဲ့ပဲ သုံးယောက်သွားကြမယ်လေ ''
အဆုံးထိလျော့မယ့်ပုံမပေါ်သော ဆူးအမရာနွယ်။ အခြေအတင်ဖြစ်နေသော နှစ်ယောက် ကို ဘေးကရပ်ကြည့်နေသူက ခွန်း။
'' ကျွန်တော်တို့က အရေးကြီး သွားစရာရှိနေလို့ပါ အမ အမရာ။ အမ အိမ်နဲ့ကလည်း လမ်းကြောင်းကပြောင်းပြန်ဖြစ်နေလို့ မောင့်ကားပဲ ဖြည်းဖြည်းမောင်းသွားလိုက်ပါလား။ အိ်မ်က အဝေးကြီးမှ မဟုတ်တာ ''
'' အဲ့လိုကျ.....''
'' မောင်နောက်ကျနေပြီ သွားရအောင်။ ''
အမရာပြောလို့တောင်မပြီးသေးခင် သော့ထိုးပေးခဲ့ပြီး တိမ်တိုက် ခွန်းကို သူ့ကားဆီဆွဲခေါ်လာလိုက်တော့သည်။ အမရာကတော့ ကားသော့လေးကိုင်ရင်း ကြိတ်နိုင်ခဲ့မရဖြစ်ကာ ကျန်ခဲ့တော့သည်။
'' ဘယ်တက်မှာတုန်း ဒီဘက်လာ ''
မောင်းသူနေရာဘက်မှ တက်ဖို့လုပ်နေသော တိမ်တိုက်ကို ခွန်းလှမ်းအော်လိုက်သည်။
'' ကျွန်တော် မောင်းမယ်လေ ''
'' မောင်... မောင်းမယ် ဒီ်ဘက်လာ ''
'' ပြီးရော ''
နှစ်ယောက်သား နေရာယူပြီးကြသည်နှင့် အိမ်ပြန်လမ်းကိုစတင်မောင်းတော့သည်။ တိမ်တိုက်ပါးစပ်ထဲရှိရာလျှောက်သာပြောလိုက်ရသည်။ လက်လည်း မနာသလို သွားစရာလည်းမရှိပေ။
'' တိမ်တိုက် ''
'' ဗျာ ''
'' အဇူးတို့လိုမျိူး ....မောင်က ရွာမှာပဲအခြေချဖို့ပြောရင် မင်း လိုက်နိုင်မလား ''
'' မောင် အဇူးပြောတာမကြားဘူးလား။ ပိုချစ်ရတဲ့သူက ပိုလိုက်လျောရတယ်ဆိုတာလေ.....မောင်နဲ့ကျွန်တော် ဘယ်သူပိုချစ်လဲ မောင်အသိဆုံးပါ။ မောင်ရှိတဲ့ အရပ်မှာပဲ ဒီက တိမ်တိုက်လေးက ထွန်းတောက်မှာပါဗျ... ဟီးဟီး ''
သွားတက်တွေ ဖြဲပြတော့ ခွန်း အသည်းယားစွာ တိမ်တိုက် ဆံပင်တို့ကိုလှမ်း ထိုးဖွလိုက်သည်။ တိမ်တိုက်လည်း သူ့ခေါင်းပေါ်က ခွန်းလက်ကို လှမ်းထိန်းလိုက်တော့ ခွန်းက ထို တိမ်တိုက် လက်ကို ပြန်ဆွဲကာ ဆုပ်ကိုင်လိုက်ပြီး သူ့ဆီယူကာ တိမ်တိုက် လက်ဖမိုးကို တစ်ချက် ရှိုက်နမ်းလိုက်သည်။ နောက် တိမ်တိုက်လက်ကို မလွှှတ်ပေးသေးပဲ သူ့ နှုတ်ခမ်းနှင့်ထိထားလိုက်သည်။
'' နောက်လည်း ပိုချစ်ပေးနော် ''
'' ဒါပေါ့ ပိုချစ်ပေးမှာမို့ ညကျ အပေါ်တက်မယ်နော် ''
'' သဘောပါဗျ...''
တိမ်တိုက်တစ်ယောက်ကတော့ အကျေနပ်ကြီး ကျေနပ်နေတော့သည်။ နောက်ဆုံးတော့ သူအပေါ်တက်ဖူးတော့မည် ဆိုပြီးတော့ပေါ့။ ခွန်း ဟိုတစ်ခေါက်ကလည်း မောင့်ကို ယူ ဟုပြောထားတာကြောင့် လာမည့် ညကို ရင်ခုန်နေတော့သည်။
27.7.2022
(Zawgy)
ထို့နောက်မှ
ရှန်မင်း တိမ်တိုက် လက်မောင်းကို ဖြန်းခနဲ ချလိုက်ပြီး အံကြိတ်ကာ ရွဲ့ပြောတော့သည်။
ထိုင်ခုံနောက်မှီကို လျှောချလိုက်ပြီး သက်ပြင်းချကာ လေပူတစ်ချို့မှုတ်ထုတ်လိုက်သည်။
ဒေါက် ဒေါက် ဒေါက်...
'' ဝင်ခဲ့ပါ ''
''. .....''
'' ကိုခွန်း....ခွန်း...''
'' ဟုတ်လား.... ''
'' တစ်ချို့ဆို ကျွန်တော့်ကို အထင်တောင်ကြီးနေကြတာဆိုပဲ...သူတို့ကျောင်းအုပ် ကို အုပ်လိုက်နိုင်လို့တဲ့လေ ''
'' ဟား...ဟား....''
'' မောင်နော် ''
'' ဝုန်း... ''
'' ရန်ဖြစ်ကြတယ်ဆို .....အယ် ''
'' အင်း.... ''
'' နင်ဘာတွေပြော ''
ဟင်! !
'' မောင်သိနေတာလား ''
'' ဘယ်တော့လဲ ''
ကိုကို ဒေါသမော ဖြင့် အဇူးကို ပြောလေသည်။
ဒေါက်...ဒေါက်....ဒေါက်...
'' မောင် ပြီးပြီလား ''
'' ဟုတ်......လား.... ''
'' ကလေး ကားပါလား ''
'' ပါတယ်လေ ဘာဖြစ်လို့လဲ ''
'' အဲ့လိုကျ.....''
'' မောင်... မောင်းမယ် ဒ်ီဘက်လာ ''
'' ပြီးရော ''
'' တိမ်တိုက် ''
'' ဗျာ ''
'' အဇူးတို့လိုမျိုး ....မောင်က ရွာမှာပဲအခြေချဖို့ပြောရင် မင်း လိုက်နိုင်မလား ''
'' သဘောပါဗျ...''
27.7.2022
Continue Reading
You'll Also Like
553K 29.9K 81
ဤဘဝအတွက် တာဝန်ဟာ မောင့်ထံပါး ချစ်ခြင်းတို့နှင့် ခစား၍သာ အဆုံးသတ်ပေလိမ့်မည်။ ............. Start - 19.2.2022 End - 25.8.2022
45.9K 4.3K 133
acc ထဲမှာ 1 ရှိပါတယ်
2.3M 169K 35
Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023
315K 14.2K 57
Intro (Unicode) ဟယ်လို.......ပြန်တွေ့ကြပြန်ပြီနော်....ဒီတစ်ခေါက်မှာတော့ လွန်းက ရန်ကုန်က လူ့ပေါ်ကျော့ဂျစ်ကန်ကန်သူဌေးသားလေးနဲ့အင်းသားလေးတို့ရဲ့အချစ်ဇာတ...