24Hours 7 Days (BibleBuild Fa...

Bởi anie-mile03

1.9K 197 25

24/7 ဆိုတဲ့ ပရိုဂရမ် တစ်ခုမှာ မွေးကတည်းက မတည့်တဲ့ ကောင်လေးနှစ်ယောက်တည်း အတူရှိကြရတဲ့အခါ... Xem Thêm

Introduction
ဇာတ်လမ်း၏အစ

Day (1)

519 50 8
Bởi anie-mile03

နီးနီးလေး ရှိချင်လို့ဆိုပြီး
ကမ္ဘာကြီးကို ဆွဲကျုံ့ပစ်လည်း
ငါတို့က သူစိမ်းပဲ ။

မင်းမှာလည်း မခေါ်နိုင်မပြောနိုင်တော့တဲ့
အခြေနေတစ်ခုနဲ့
ငါ့မှာလည်း မခေါ်နိုင်မပြောနိုင်တဲ့
စိတ်ဒဏ်ရာနဲ့ ။

-လင်းညီ

ကမ်းခြေက အိမ်ကလေးတစ်လုံးထဲ နှစ်ယောက်လုံး အေးအေးလူလူပဲ။
ဆက်သွယ်ရေး ကိရိယာတွေကလွဲရင် အားလုံး ရှိနေတာပဲ။
လူနှစ်ယောက် တစ်နေရာတည်း အချိန်အကြာကြီး အတူရှိဖို့က အခြားသူတွေအဖို့ ခက်ချင်မှ ခက်မယ်။ သူတို့မို့သာ ခက်နေတယ် မဟုတ်လား။

တိတ်ဆိတ်ခြင်းက အကျယ်ဆုံး အသံပဲတဲ့။
ပင်လယ်ရေဟာ အခန်းထဲမှာ လာပြီး ငွေ့ရည်ဖွဲ့နေတယ်တောင် ထင်ရတယ်။ အေးစက်မှုဟာ အခန်းထဲမှာ အထင်းသားပဲ။

ပြောစရာ စကားလုံးမဲ့တာဟာ ခက်ခဲတယ်။
သူက အလှုပ်သမား။
Bible အတွက်ရော ဘယ်လိုမှ မနေဘူးလား။

အိပ်ခန်းတစ်ခန်း၊ မီးဖိုချောင် အနည်းအကျဉ်းသော အသုံးအဆောင်တွေနဲ့ minimalist type ပဲ။

စောနကပဲ အထုပ်အပိုးတွေ ချရင်း
စစ်အေးတိုက်ပွဲ ဖြစ်ရသေးတယ်။
ဘယ်တော့မှ တည့်လာစရာ မရှိဘူးလေ။
သူတို့ နှစ်ယောက်ကြားမှာ...။

🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾

Mission 1 စမယ်

Day 1 အတွက် ဖန်ပုလင်းလေးထဲကနေ လိပ်ထည့်ထားတဲ့ စာရွက်ကို သူ ယူလိုက်တယ်။

"မင်း ဖွင့်ချင်လား"

"ဒီအတိုင်း ဖွင့်လိုက်"

စာရွက်ကိုမြင်တာနဲ့ ချွေးတွေ ပြန်လာတယ်။
စိတ်ရှုပ်လာတယ်။
အစမှာ သူ ဒီလို မစတင်ချင်ဘူးလေ။

လက်ထဲက စာရွက်ကို Bible က လှမ်းယူလိုက်တယ်။
သူ့ပုံစံကတော့ ပုံမှန်လိုပါပဲ။
ဟန်ဆောင်တဲ့နေရာမှာ အမြဲတော်တဲ့သူ မဟုတ်လား။

ရိုက်ကူးရေးဟာ တိုက်ရိုက် ထုတ်လွှင့်မှုပဲ။
ကျနော်ကတော့ ပထမနေ့မှာပဲ ရပ်လိုက်ချင်ပြီ။

"FLOWBOARDING"

Mission Rules

ရေလွှာလျှောစီးဖို့ ဆိုရင်

အသက်ကယ် အင်္ကျီကို မဖြစ်မနေ ဝတ်ဖို့ လိုပါမယ်။

နှစ်ယောက်လုံး မှောက်ခုံအနေအထားကနေ
မတ်တပ်ရပ်နိုင်ပြီဆိုမှ မစ်ရှင် ပြီးဆုံးပါမယ်။

မလုပ်နိုင်ဘူးဆိုရင် အချက်ပြပြီး ပြိုင်ပွဲကနေ အရှုံးပေး ထွက်ခွာလို့ ရပါတယ်။

ဒါကတော့
FLOWBOARDING ရဲ့ အခြေခံ စည်းမျဉ်းတွေပါ

Flowboarding: holding the nose of the board, place your flowboard onto the flow of water slick side down. Place your back foot approximately at the tail of the board, and position your front foot above the mid-point of the board. Place your weight primarily on your back foot. Gently push into the flow.

ဘုတ်ကို သေချာကိုင်ထားပြီး၊ ရေစီးဆင်းနေသော ဘုတ်ပြားကို အောက်ဘက်သို့ ကပ်ထားပါ။  နောက်ခြေကို ဘုတ်ရဲ့အမြီးတွင် အနီးစပ်ဆုံးထားပြီး ရှေ့ခြေကို ဘုတ်ရဲ့အလယ်အမှတ်အထက်တွင် နေရာချပါ။  ကိုယ်အလေးချိန်ကို သင့်နောက်ကျောကို အဓိကထားထားပါ။ ရေ စီးဆင်းမှုထဲသို့ ညင်သာစွာ တွန်းပါ။

"နှစ်ယောက်လုံးက ပင်လယ်နဲ့ မစိမ်းလို့ လွယ်မယ်ထင်ပါတယ်"

"ဖိုက်တင်း"

"ကျနော် တစ်ယောက်တည်း အချိန်သတ်မှတ်ချက်အတွင်း နှစ်ခေါက် လုပ်လို့ မရဘူးလား"

"ဒါက ပူးပေါင်း လုပ်ဆောင်မှုပါ
တွဲဖက်ကို ကူလို့ရပါတယ်"

"တစ်ယောက်တည်း စွမ်းဆောင်ရည်လိုချင်ရင် team ဘယ်လိုပါ့မလဲ"

"ကျနော်တို့ ပြိုင်ပွဲကနေ..."

"ဆက်ပြိုင်ပါ့မယ်"

အဝတ်အစားပင် လဲပြီးနေတဲ့ Bible ကို တွေ့ရတော့ သူ အံ့ဩရသည်။

ဘယ်လောက်ပဲ ခေါင်းမာသည်ဆိုဦး
ဒါကတော့ ရူးမိုက်မှုပဲ မဟုတ်လား။

"မင်း ရူးနေလား"

"မင်းမှာ အဲ့လို ပြောဖို့ အခွင့်အရေး မရှိဘူး"

သူ တစ်ကိုယ်လုံး စေးကပ်နေတယ်။
ဒါပေမယ့် လုပ်နိုင်တာ အဝတ်အစားလဲပြီး mission လုပ်ဖို့ပဲလေ။

စကိတ်ဘုတ်ကို ရေထဲ ချလိုက်တယ်။
ရေ...ရေ

ဘယ်လိုမှ ဆက်မဖြစ်ဘူးမလား။

လစ်လျူရှူဖို့ပဲတွေးပေမယ့် ဗြူ မရဘူး။
ရေ လေ။

"ငါအတွက် အရေးမကြီးတာမို့
ရှုံးလဲ ရတယ်"

ဒါက သူ့တကယ့် စိတ်ရင်းအတိုင်း ပြောမိတာပါ။

"ငါ့အတွက် အရေးကြီးတယ်"

ဘုတ်ပြီးပေါ်မှာ မှောက်ခုံအနေအထားကနေ ဟန်ချက်ညီအောင် ထလိုက်တာ Bible က အရင်ပဲ။

ပြီးတော့ ရေစီးအရှင်
လှိုင်းလုံး အကြီးကြီးတွေကြားထဲမှာ ဘုတ်ပြားဟာ နှစ်ပတ်သုံးပတ် လည်ထွက်နေတယ်။

ကျောင်းရဲ့ နာမည်ကြီး အားကစားသမားပဲလေ။
Body wave လုပ်လိုက်တဲ့ပုံက ကနေတာနဲ့တောင် တူတယ်။

မိနစ်ပိုင်းလေးမျှစာပါပဲ။

ဘုတ်ပြားကို လက်တစ်ဖက်နဲ့ ကိုင်ပြီး
ရေစိုဆံပင်တွေကို သပ်တင်နေတဲ့သူ့ပုံစံက ကြည့်ကောင်းတယ်။

လူကောင် နည်းနည်းသေးပေမယ့် အားကစား လုပ်တာမို့ ကြည့်ကောင်းတဲ့ အချိုးအဆစ်ပဲ။

သူ ဘာစကားမှ မပြောနိုင်ဘဲ ကြောင်ပြီး ကြည့်နေဖို့သာ တတ်နိုင်တော့တယ်။

ခေါင်းမာတာ၊ ဉာဏ်ကောင်းတာ၊ တဇွတ်ထိုးနိုင်တာက အားလုံးဖြစ်လာစေတဲ့ တွန်းအားဆိုတာ သိတယ်။
ဘိုင်ဘယ်ဝစ်ချာပတ် မလုပ်နိုင်တာ ဘာမှ မရှိဘူးဆိုတာ သိတယ်။
ဒါပေမယ့်

FLOWBOARDING တော့ မပါဘူးမလား။

"ဘာလဲ ငါသေတော့မယ် ထင်နေတာလား"

"ဟက်"

ခြောက်ကပ်ကပ်ရယ်သံနဲ့ အပြစ်ရှိသူလို ခံစားရအောင် လုပ်နိုင်တုန်းပဲ။

"မင်းလဲ အဆင်ပြေနေပြီပဲ

ငါ့ကို အပြစ်မတင်နဲ့"

သူ့နှုတ်ခမ်းက သိသိသာသာ မဲ့သွားတာကို သတိထားမိတယ်။
ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူးပဲ။

(A/N FLOWBOARDING နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အန်နီ သိပ်မသိလို့ မှားယွင်းတာလေးတွေ ရှိနိုင်ပါတယ်)

🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾

အလင်းနှစ်ဘယ်လောက်များများ
ကိုယ်တို့ကြား တမြေ့မြေ့လောင်ကျွမ်း‌လို့နေ

‌ဒီလိုပါပဲ နေဟာ
မင်းရှိရာအရပ်က ထွက်လာပြီး
မင်းရှိရာအရပ်ဆီ ပြန်၀င်သွားတယ်

_PlugX

တစ်ယောက်အိပ် ကုတင်နှစ်လုံးနဲ့အိပ်ခန်း။
သူ မဝင်ဖြစ်သေးဘူး။
နေ့လယ်က အဖြစ်အပျက်ကြောင့်လား၊ ဒါမှမဟုတ် နှစ်ယောက်လုံး ရင်ဆိုင်ရခက်တဲ့ အခြေအနေဟာ ကြားမှာ စည်းတစ်ခုလိုမို့လား။

ဂစ်တာကို ကောက်ကိုင်မလို လုပ်ပြီးမှ သူ ပြန်ချထားလိုက်တယ်။

ဆူညံသံတွေနဲ့ သူ အဆင်မပြေဘူးမလား။
အမှောင်ထုသဲ့သဲ့နဲ့ ကမ်းခြေမှာ သူ အဓိပ္ပာယ်မဲ့ လမ်းလျှောက်နေတယ်။ တစ်ချိန်လုံး လွတ်လပ်ပေါ့ပါးခဲ့ရာက

ဒါမှမဟုတ် ရန်လို မုန်းတီးခဲ့ရာက

အခု နှလုံးသွေးထဲက ခံစားချက်က အဲ့လိုမဟုတ်ခဲ့ဘူး။

လေးပင်နေတယ်။
ပထမဆုံးရက်က ဒီလောက်ခက်ရင် နောက်ရက်တွေ ဘယ်လိုနေမလဲ။

သူမှားသွားတာလား။

သူ ပြန်ရောက်တော့ အပ်ကျသံ မကြားရအောင် တိတ်နေတယ်။
သူ နှစ်ယောက်စာ ပြင်ပေးထားတဲ့ ညစာဟာ အရာမယွင်း။
တစ်ခုခုကို ပြင်ပြီး စားတယ် ထင်ရအောင်ကလည်း ဘာကမှ ခြေရာလက်ရာ ပျက်မနေ။

အဲ့တာထက် ပိုသိတာက
သူသိတဲ့ ဘိုင်ဘယ်ဝစ်ချာပတ်ဟာ အစားအသောက်ကို ဘယ်တုန်းကမှ မက်မက်မောမော မစားတတ်ဘူးလေ။

"မေမေ
မေမေ"

တုန်ခါမှုနဲ့ ကြောက်လန့်တကြား အော်ဟစ်သံဟာ အခန်းထဲက ထွက်လာတယ်။

"သတိထားလေ Bible
သတိထားလေ"

ရုန်းကန်နေတဲ့ ခန္ဓာကိုယ်ကို ထိမိတော့မှ အသားဟာ ပူကျစ်တောက်လို့။
ဖျားတာပါပဲ။

လက်ရော ခြေရောဟာ အားကုန်သုံးပြီး ရုန်းကန်နေတယ်။

"Mum
Mum"

ရေနစ်လို့ ရုန်းနေတဲ့သူလိုပဲ။
အသက်ရှူကျပ်လာတယ် ထင်တယ်။
မျက်လုံးကို စုံမှိတ်ထားပေမယ့် လက်နှစ်ဖက်က လည်ပင်းကို ရန်ရှာတယ်။

"Build
Build"

"မထားခဲ့ပါနဲ့ ငါကြောက်တယ်"

အသက်ရှူဖို့ ခက်လာတယ်။
သူ ဘယ်လောက် လက်တွေကို သပ်ချ သပ်ချ မရဘူး။

အရေးပေါ် ဘဲလ်ကို တီးဖို့ ကြိုးစားတယ်။
အရေးကေါ် အသက်ကယ်နည်းကို သူ အသုံးပြုတယ်။

နှုတ်ခမ်းနှစ်ခုဟာ ထပ်တူကျသွားပြီးတဲ့နောက် သူ ငြိမ်သွားတယ်။

ဗြူ ကိုယ်တိုင်လည်း ငြိမ်ကျသွားတယ်။
မငြိမ်တာဟာ မျက်ရည်တွေပဲ။

သူ့ခန္ဓာကိုယ်ကို တင်းတင်းပွေ့ထားရင်း သူ့နှုတ်ခမ်းတွေ တုန်လာတယ်။

"တောင်းပန်ပါတယ်
ငါ တောင်းပန်ပါတယ်"

"အဲ့တုန်းက ငါတို့
ငါတို့
အရမ်း ငယ်သေးတယ် မဟုတ်လား"

ညဟာ အမှောင်ထုနက်နက်ထဲ တိုးဝင်လာတယ်။
မျက်ရည်မြစ်ဟာ နှစ်အနည်းငယ် ကြာတဲ့အထိမခန်းနိုင်သေး။

July26/2022

အားလုံးသိပြီးကိစ္စပါပဲ။
အန်နီတို့အတွက်ဖြစ်ဖြစ် စကစ ကို တော်လှန်နေဖို့လိုပါတယ်။ boycott apps, cele တွေကို ပြတ်ပြတ်သားသား boycott လုပ်ရင်း။ ကျောင်းတက်သူတွေကိုလည်း အဖက်မလုပ်မုအွန်ကြပါစို့။ အန်နီ ကလစ်တာ တစ်နှစ်ကျော်ခဲ့ပါပြီ။ Apps တော်တော်များများမှာလည်း ပွိုင့်အများကြီး ရှိပါတယ်။ ဒီနေ့အထိ တစ်ရက်မပျက် တစ်နေ့ ၃နာရီ အနည်းဆုံး ကလစ်ပါတယ်။ အဲ့တာကြောင့် ကလစ်တာနဲ့ ပတ်သက်ပြီး သိချင်တာ ရှိရင် အားမနာတမ်း မေးလို့ရပါတယ်။ အခုမှ စကလစ်လည်း ရပါတယ်။ တစ်ရက်ကို ၁၅မိနစ်လောက် ကြိုးစား ကလစ်ရအောင်။ Anie က artwork နဲ့ ပတ်သက်ပြီး ရောင်းချစရာ မရှိပါဘူး။ နီးစပ်ရာမှာ Fandom name နဲ့ဖြစ်ဖြစ် သွားကူကြပါ။ တတ်နိုင်တာ ပါဝင်ပါ။ ကြိုးစား အပ်ဒိတ်ပါ့မယ်။

Love U all
ဘေးကင်းလုံခြုံကြပါစေ။

zawgyi

နီးနီးေလး ရွိခ်င္လို႔ဆိုၿပီး
ကမၻာႀကီးကို ဆြဲက်ဳံ႕ပစ္လည္း
ငါတို႔က သူစိမ္းပဲ ။

မင္းမွာလည္း မေခၚနိုင္မေျပာနိုင္ေတာ့တဲ့
အေျခေနတစ္ခုနဲ႕
ငါ့မွာလည္း မေခၚနိုင္မေျပာနိုင္တဲ့
စိတ္ဒဏ္ရာနဲ႕ ။

-လင္းညီ

ကမ္းေျခက အိမ္ကေလးတစ္လုံးထဲ ႏွစ္ေယာက္လုံး ေအးေအးလူလူပဲ။
ဆက္သြယ္ေရး ကိရိယာေတြကလြဲရင္ အားလုံး ရွိေနတာပဲ။
လူႏွစ္ေယာက္ တစ္ေနရာတည္း အခ်ိန္အၾကာႀကီး အတူရွိဖို႔က အျခားသူေတြအဖို႔ ခက္ခ်င္မွ ခက္မယ္။ သူတို႔မို႔သာ ခက္ေနတယ္ မဟုတ္လား။

တိတ္ဆိတ္ျခင္းက အက်ယ္ဆုံး အသံပဲတဲ့။
ပင္လယ္ေရဟာ အခန္းထဲမွာ လာၿပီး ေငြ႕ရည္ဖြဲ႕ေနတယ္ေတာင္ ထင္ရတယ္။ ေအးစက္မႈဟာ အခန္းထဲမွာ အထင္းသားပဲ။

ေျပာစရာ စကားလုံးမဲ့တာဟာ ခက္ခဲတယ္။
သူက အလႈပ္သမား။
Bible အတြက္ေရာ ဘယ္လိုမွ မေနဘူးလား။

အိပ္ခန္းတစ္ခန္း၊ မီးဖိုေခ်ာင္ အနည္းအက်ဥ္းေသာ အသုံးအေဆာင္ေတြနဲ႕ minimalist type ပဲ။

ေစာနကပဲ အထုပ္အပိုးေတြ ခ်ရင္း
စစ္ေအးတိုက္ပြဲ ျဖစ္ရေသးတယ္။
ဘယ္ေတာ့မွ တည့္လာစရာ မရွိဘူးေလ။
သူတို႔ ႏွစ္ေယာက္ၾကားမွာ...။

Mission 1 စမယ္

Day 1 အတြက္ ဖန္ပုလင္းေလးထဲကေန လိပ္ထည့္ထားတဲ့ စာ႐ြက္ကို သူ ယူလိုက္တယ္။

"မင္း ဖြင့္ခ်င္လား"

"ဒီအတိုင္း ဖြင့္လိုက္"

စာ႐ြက္ကိုျမင္တာနဲ႕ ေခြၽးေတြ ျပန္လာတယ္။
စိတ္ရႈပ္လာတယ္။
အစမွာ သူ ဒီလို မစတင္ခ်င္ဘူးေလ။

လက္ထဲက စာ႐ြက္ကို Bible က လွမ္းယူလိုက္တယ္။
သူ႕ပုံစံကေတာ့ ပုံမွန္လိုပါပဲ။
ဟန္ေဆာင္တဲ့ေနရာမွာ အၿမဲေတာ္တဲ့သူ မဟုတ္လား။

ရိုက္ကူးေရးဟာ တိုက္ရိုက္ ထုတ္လႊင့္မႈပဲ။
က်ေနာ္ကေတာ့ ပထမေန႕မွာပဲ ရပ္လိုက္ခ်င္ၿပီ။

"FLOWBOARDING"

Mission Rules

ေရလႊာေလွ်ာစီးဖို႔ ဆိုရင္

အသက္ကယ္ အကၤ်ီကို မျဖစ္မေန ဝတ္ဖို႔ လိုပါမယ္။

ႏွစ္ေယာက္လုံး ေမွာက္ခုံအေနအထားကေန
မတ္တပ္ရပ္နိုင္ၿပီဆိုမွ မစ္ရွင္ ၿပီးဆုံးပါမယ္။

မလုပ္နိုင္ဘူးဆိုရင္ အခ်က္ျပၿပီး ၿပိဳင္ပြဲကေန အရႈံးေပး ထြက္ခြာလို႔ ရပါတယ္။

ဒါကေတာ့
FLOWBOARDING ရဲ႕ အေျခခံ စည္းမ်ဥ္းေတြပါ

Flowboarding: holding the nose of the board, place your flowboard onto the flow of water slick side down. Place your back foot approximately at the tail of the board, and position your front foot above the mid-point of the board. Place your weight primarily on your back foot. Gently push into the flow.

ဘုတ္ကို ေသခ်ာကိုင္ထားၿပီး၊ ေရစီးဆင္းေနေသာ ဘုတ္ျပားကို ေအာက္ဘက္သို႔ ကပ္ထားပါ။  ေနာက္ေျခကို ဘုတ္ရဲ႕အၿမီးတြင္ အနီးစပ္ဆုံးထားၿပီး ေရွ႕ေျခကို ဘုတ္ရဲ႕အလယ္အမွတ္အထက္တြင္ ေနရာခ်ပါ။  ကိုယ္အေလးခ်ိန္ကို သင့္ေနာက္ေက်ာကို အဓိကထားထားပါ။ ေရ စီးဆင္းမႈထဲသို႔ ညင္သာစြာ တြန္းပါ။

"ႏွစ္ေယာက္လုံးက ပင္လယ္နဲ႕ မစိမ္းလို႔ လြယ္မယ္ထင္ပါတယ္"

"ဖိုက္တင္း"

"က်ေနာ္ တစ္ေယာက္တည္း အခ်ိန္သတ္မွတ္ခ်က္အတြင္း ႏွစ္ေခါက္ လုပ္လို႔ မရဘူးလား"

"ဒါက ပူးေပါင္း လုပ္ေဆာင္မႈပါ
တြဲဖက္ကို ကူလို႔ရပါတယ္"

"တစ္ေယာက္တည္း စြမ္းေဆာင္ရည္လိုခ်င္ရင္ team ဘယ္လိုပါ့မလဲ"

"က်ေနာ္တို႔ ၿပိဳင္ပြဲကေန..."

"ဆက္ၿပိဳင္ပါ့မယ္"

အဝတ္အစားပင္ လဲၿပီးေနတဲ့ Bible ကို ေတြ႕ရေတာ့ သူ အံ့ဩရသည္။

ဘယ္ေလာက္ပဲ ေခါင္းမာသည္ဆိုဦး
ဒါကေတာ့ ႐ူးမိုက္မႈပဲ မဟုတ္လား။

"မင္း ႐ူးေနလား"

"မင္းမွာ အဲ့လို ေျပာဖို႔ အခြင့္အေရး မရွိဘူး"

သူ တစ္ကိုယ္လုံး ေစးကပ္ေနတယ္။
ဒါေပမယ့္ လုပ္နိုင္တာ အဝတ္အစားလဲၿပီး mission လုပ္ဖို႔ပဲေလ။

စကိတ္ဘုတ္ကို ေရထဲ ခ်လိဳက္တယ္။
ေရ...ေရ

ဘယ္လိုမွ ဆက္မျဖစ္ဘူးမလား။

လစ္လ်ဴရႉဖို႔ပဲေတြးေပမယ့္ ျဗဴ မရဘူး။
ေရ ေလ။

"ငါအတြက္ အေရးမႀကီးတာမို႔
ရႈံးလဲ ရတယ္"

ဒါက သူ႕တကယ့္ စိတ္ရင္းအတိုင္း ေျပာမိတာပါ။

"ငါ့အတြက္ အေရးႀကီးတယ္"

ဘုတ္ၿပီးေပၚမွာ ေမွာက္ခုံအေနအထားကေန ဟန္ခ်က္ညီေအာင္ ထလိုက္တာ Bible က အရင္ပဲ။

ၿပီးေတာ့ ေရစီးအရွင္
လွိုင္းလုံး အႀကီးႀကီးေတြၾကားထဲမွာ ဘုတ္ျပားဟာ ႏွစ္ပတ္သုံးပတ္ လည္ထြက္ေနတယ္။

ေက်ာင္းရဲ႕ နာမည္ႀကီး အားကစားသမားပဲေလ။
Body wave လုပ္လိုက္တဲ့ပုံက ကေနတာနဲ႕ေတာင္ တူတယ္။

မိနစ္ပိုင္းေလးမွ်စာပါပဲ။

ဘုတ္ျပားကို လက္တစ္ဖက္နဲ႕ ကိုင္ၿပီး
ေရစိုဆံပင္ေတြကို သပ္တင္ေနတဲ့သူ႕ပုံစံက ၾကည့္ေကာင္းတယ္။

လူေကာင္ နည္းနည္းေသးေပမယ့္ အားကစား လုပ္တာမို႔ ၾကည့္ေကာင္းတဲ့ အခ်ိဳးအဆစ္ပဲ။

သူ ဘာစကားမွ မေျပာနိုင္ဘဲ ေၾကာင္ၿပီး ၾကည့္ေနဖို႔သာ တတ္နိုင္ေတာ့တယ္။

ေခါင္းမာတာ၊ ဉာဏ္ေကာင္းတာ၊ တဇြတ္ထိုးနိုင္တာက အားလုံးျဖစ္လာေစတဲ့ တြန္းအားဆိုတာ သိတယ္။
ဘိုင္ဘယ္ဝစ္ခ်ာပတ္ မလုပ္နိုင္တာ ဘာမွ မရွိဘူးဆိုတာ သိတယ္။
ဒါေပမယ့္

FLOWBOARDING ေတာ့ မပါဘူးမလား။

"ဘာလဲ ငါေသေတာ့မယ္ ထင္ေနတာလား"

"ဟက္"

ေျခာက္ကပ္ကပ္ရယ္သံနဲ႕ အျပစ္ရွိသူလို ခံစားရေအာင္ လုပ္နိုင္တုန္းပဲ။

"မင္းလဲ အဆင္ေျပေနၿပီပဲ

ငါ့ကို အျပစ္မတင္နဲ႕"

သူ႕ႏႈတ္ခမ္းက သိသိသာသာ မဲ့သြားတာကို သတိထားမိတယ္။
ဘယ္ေတာ့မွ ေျပာင္းလဲမွာ မဟုတ္ဘူးပဲ။

(A/N FLOWBOARDING နဲ႕ ပတ္သက္တဲ့ အခ်က္အလက္ေတြကို အန္နီ သိပ္မသိလို႔ မွားယြင္းတာေလးေတြ ရွိနိုင္ပါတယ္)

အလင္းႏွစ္ဘယ္ေလာက္မ်ားမ်ား
ကိုယ္တို႔ၾကား တေျမ့ေျမ့ေလာင္ကြၽမ္းလို႔ေန

ဒီလိုပါပဲ ေနဟာ
မင္းရွိရာအရပ္က ထြက္လာၿပီး
မင္းရွိရာအရပ္ဆီ ျပန္၀င္သြားတယ္ ။

_PlugX

တစ္ေယာက္အိပ္ ကုတင္ႏွစ္လုံးနဲ႕အိပ္ခန္း။
သူ မဝင္ျဖစ္ေသးဘူး။
ေန႕လယ္က အျဖစ္အပ်က္ေၾကာင့္လား၊ ဒါမွမဟုတ္ ႏွစ္ေယာက္လုံး ရင္ဆိုင္ရခက္တဲ့ အေျခအေနဟာ ၾကားမွာ စည္းတစ္ခုလိုမို႔လား။

ဂစ္တာကို ေကာက္ကိုင္မလို လုပ္ၿပီးမွ သူ ျပန္ခ်ထားလိုက္တယ္။

ဆူညံသံေတြနဲ႕ သူ အဆင္မေျပဘူးမလား။
အေမွာင္ထုသဲ့သဲ့နဲ႕ ကမ္းေျခမွာ သူ အဓိပၸာယ္မဲ့ လမ္းေလွ်ာက္ေနတယ္။ တစ္ခ်ိန္လုံး လြတ္လပ္ေပါ့ပါးခဲ့ရာက

ဒါမွမဟုတ္ ရန္လို မုန္းတီးခဲ့ရာက

အခု ႏွလုံးေသြးထဲက ခံစားခ်က္က အဲ့လိုမဟုတ္ခဲ့ဘူး။

ေလးပင္ေနတယ္။
ပထမဆုံးရက္က ဒီေလာက္ခက္ရင္ ေနာက္ရက္ေတြ ဘယ္လိုေနမလဲ။

သူမွားသြားတာလား။

သူ ျပန္ေရာက္ေတာ့ အပ္က်သံ မၾကားရေအာင္ တိတ္ေနတယ္။
သူ ႏွစ္ေယာက္စာ ျပင္ေပးထားတဲ့ ညစာဟာ အရာမယြင္း။
တစ္ခုခုကို ျပင္ၿပီး စားတယ္ ထင္ရေအာင္ကလည္း ဘာကမွ ေျခရာလက္ရာ ပ်က္မေန။

အဲ့တာထက္ ပိုသိတာက
သူသိတဲ့ ဘိုင္ဘယ္ဝစ္ခ်ာပတ္ဟာ အစားအေသာက္ကို ဘယ္တုန္းကမွ မက္မက္ေမာေမာ မစားတတ္ဘူးေလ။

"ေမေမ
ေမေမ"

တုန္ခါမႈနဲ႕ ေၾကာက္လန႔္တၾကား ေအာ္ဟစ္သံဟာ အခန္းထဲက ထြက္လာတယ္။

"သတိထားေလ Bible
သတိထားေလ"

႐ုန္းကန္ေနတဲ့ ခႏၶာကိုယ္ကို ထိမိေတာ့မွ အသားဟာ ပူက်စ္ေတာက္လို႔။
ဖ်ားတာပါပဲ။

လက္ေရာ ေျခေရာဟာ အားကုန္သုံးၿပီး ႐ုန္းကန္ေနတယ္။

"Mum
Mum"

ေရနစ္လို႔ ႐ုန္းေနတဲ့သူလိုပဲ။
အသက္ရႉက်ပ္လာတယ္ ထင္တယ္။
မ်က္လုံးကို စုံမွိတ္ထားေပမယ့္ လက္ႏွစ္ဖက္က လည္ပင္းကို ရန္ရွာတယ္။

"Build
Build"

"မထားခဲ့ပါနဲ႕ ငါေၾကာက္တယ္"

အသက္ရႉဖို႔ ခက္လာတယ္။
သူ ဘယ္ေလာက္ လက္ေတြကို သပ္ခ် သပ္ခ် မရဘူး။

အေရးေပၚ ဘဲလ္ကို တီးဖို႔ ႀကိဳးစားတယ္။
အေရးေကၚ အသက္ကယ္နည္းကို သူ အသုံးျပဳတယ္။

ႏႈတ္ခမ္းႏွစ္ခုဟာ ထပ္တူက်သြားၿပီးတဲ့ေနာက္ သူ ၿငိမ္သြားတယ္။

ျဗဴ ကိုယ္တိုင္လည္း ၿငိမ္က်သြားတယ္။
မၿငိမ္တာဟာ မ်က္ရည္ေတြပဲ။

သူ႕ခႏၶာကိုယ္ကို တင္းတင္းေပြ႕ထားရင္း သူ႕ႏႈတ္ခမ္းေတြ တုန္လာတယ္။

"ေတာင္းပန္ပါတယ္
ငါ ေတာင္းပန္ပါတယ္"

"အဲ့တုန္းက ငါတို႔
ငါတို႔
အရမ္း ငယ္ေသးတယ္ မဟုတ္လား"

ညဟာ အေမွာင္ထုနက္နက္ထဲ တိုးဝင္လာတယ္။
မ်က္ရည္ျမစ္ဟာ ႏွစ္အနည္းငယ္ ၾကာတဲ့အထိမခန္းနိုင္ေသး။

July26/2022

အားလုံးသိၿပီးကိစၥပါပဲ။
အန္နီတို႔အတြက္ျဖစ္ျဖစ္ စကစ ကို ေတာ္လွန္ေနဖို႔လိုပါတယ္။ boycott apps, cele ေတြကို ျပတ္ျပတ္သားသား boycott လုပ္ရင္း။ ေက်ာင္းတက္သူေတြကိုလည္း အဖက္မလုပ္မုအြန္ၾကပါစို႔။ အန္နီ ကလစ္တာ တစ္ႏွစ္ေက်ာ္ခဲ့ပါၿပီ။ Apps ေတာ္ေတာ္မ်ားမ်ားမွာလည္း ပြိုင့္အမ်ားႀကီး ရွိပါတယ္။ ဒီေန႕အထိ တစ္ရက္မပ်က္ တစ္ေန႕ ၃နာရီ အနည္းဆုံး ကလစ္ပါတယ္။ အဲ့တာေၾကာင့္ ကလစ္တာနဲ႕ ပတ္သက္ၿပီး သိခ်င္တာ ရွိရင္ အားမနာတမ္း ေမးလို႔ရပါတယ္။ အခုမွ စကလစ္လည္း ရပါတယ္။ တစ္ရက္ကို ၁၅မိနစ္ေလာက္ ႀကိဳးစား ကလစ္ရေအာင္။ Anie က artwork နဲ႕ ပတ္သက္ၿပီး ေရာင္းခ်စရာ မရွိပါဘူး။ နီးစပ္ရာမွာ Fandom name နဲ႕ျဖစ္ျဖစ္ သြားကူၾကပါ။ တတ္နိုင္တာ ပါဝင္ပါ။ ႀကိဳးစား အပ္ဒိတ္ပါ့မယ္။

Love U all
ေဘးကင္းလုံၿခဳံၾကပါေစ။

Đọc tiếp

Bạn Cũng Sẽ Thích

865K 40.2K 61
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...
243K 6K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...
1.7M 56.5K 70
In which the reader from our universe gets added to the UA staff chat For reasons the humor will be the same in both dimensions Dark Humor- Read at...
1.1M 49.1K 95
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC