"Debut Song နဲ့တင် စံချိန်များစွာတင်နိုင်ခဲ့
သည့် Rookie Moonstar Artist-K"
"Senior Blackpink နဲ့အတူ Debut Song PAK တွဲရယူလာနိုင်ခဲ့သည့် Artist-K"
"Chart တွေထိပ်မှာရှယ်ကြမ်းနေသည့်
Artist-K's Freedom"
Article တွေတစ်ခုပြီးတစ်ခုဆက်တိုက်တက်လာနေသည်။
သတင်းတွေအတိုင်း ညီညီတို့ပွဲဉီးထွက်သီချင်းသည် မမျှော်လင့်ထားသည့်အခြေအနေတွေအထိ ပေါက်နေလျက်။ သီချင်းထွက်ပြီးသုံးရင်မပြည့်ခင်မှာပဲ RAK (Real time All Kill) ရလေသည်။
RAK ဟူသည် Chart တိုင်းရဲ့ထိပ်ဆုံးတွင် ပြိုင်တူ တစ် ရနေခြင်းဖြစ်သည်။ တစ်ရက်မှနှစ်ရက် နှစ်ရက်ကနေတစ်ပတ်အထိ တစ်ကနေမှမဆင်းလျှင် PAK (Perfect All Kill) ရသည်။
K Pop တွင် PAK ရဖို့က အတော်ပင်မလွယ်ကူပါ။ Fandom အားကြီးသည့် အဆိုတော်တိုင်းတောင် PAK မပြောနဲ့ RAK ရဖို့မလွယ်ကူပါ။
BIGBANG, IU, BTS, TWICE နှင့် BLACKPINK တို့လို Fandom ကြီးအဖွဲ့တွေလောက်သာ PAK သီချင်းတွေပိုင်ဆိုင်ကြတာ။ ဒါတောင် သူတို့ထွက်သမျှသီချင်းတိုင်းက PAK မဟုတ်။
PAK စည်းမျဉ်းပြောင်းပြီးနောက် PAK ဆိုတာလွယ်လွယ်နဲ့မရသည့်တိုင် ညီညီတို့ကကံကောင်းထောက်မစွာရယူနိုင်ခဲ့တာပင်။
ပွဲဉီးထွက်ကတည်းက PAK ရတာဆိုရင်တော့ Worldwide Biggest Band ဖြစ်သည့် Blackpink တစ်ဖွဲ့သာရှိဖူးရာ ခုဆို နှစ်ဖွဲ့ဖြစ်ခဲ့လေပြီ။ Artist-K က သမိုင်းသစ်တစ်ခုရေးထိုးနိုင်ခဲ့ပြီ။
ညီညီဆို ဂဏန်းတွေမမက်ဘူးဆိုသော်လည်း PAK လိုဂုဏ်ပုဒ်ကြီးကိုတော့လွန်စွာမှမက်သည်။ RAK စရတဲ့နေ့တုန်းကဆို ညီညီတို့တစ်ဖွဲ့လုံး အပျော်တွေတော်တော်နဲ့အတောမသတ်။
SNS တို့ Naver တို့မှာလည်း Artist-K ရဲ့သတင်းတွေချည်းတက်နေတော့သည်။ ပွဲဉီးထွက်တစ်ပတ်ပြည့်အတွင်းမှာကို ညီညီတို့မှာ အလုပ်တွေအားကိုမအား။ Music Show တွေသွားရ ပွဲတွေသွားရ ကြော်ငြာရိုက်ကွင်းသွားရနဲ့။
Album Sale ပိုင်းမှာလည်း တက်သစ်စအဖွဲ့တစ်ဖွဲ့ရသင့်သည့် အရေအတွက်ပမာဏအဆုံးထိရခဲ့၍ Physical ရော Digital ပါကြမ်းနေသည့် Artist-K သည် INKIGAYO, Show Champion, M Countdowm တို့မှာ 1st ,2nd, 3rd Win အထိ ကို ဆက်တိုက်ရယူနိုင်ခဲ့လေသည်။
ခုဆို Artist-K သည် လူထု၏ အာရုံစူးစိုက်မှုအများကြီးပြုံကျလျက်ရှိသည့်အဖွဲ့တစ်ဖွဲ့ဖြစ်သည်နှင့်အညီ ကမ်းလှမ်းမှုတွေလည်းအများကြီးရှိလာသည်။ တစ်ချို့ကကြော်ငြာတွေ၊ တစ်ချို့က Variety Show တွေကနေ အများကြီးလာကမ်းလှမ်းထားတာတဲ့။ အကလေ့ကျင့်ခန်းထဲက ဘုတ်ပေါ်မှာ ညီညီတို့တစ်ပတ်စာအချိန်ဇယားရှိသည်။ အကွက်တိုင်းမှာအချိန်ဇယားတွေအပြည့်။ တချို့အကွက်တွေမှာဆို နှစ်ခုသုံးခုပြွတ်သိပ်ရေးထားသေးတာ။
ညီညီတို့ကစိတ်သစ်လူသစ်နဲ့ လာကမ်းလှမ်းသမျှ လုပ်နိုင်တယ်ဆိုပြီး ပထမနှစ်ရက်လောက်လုပ်ကြည့်ပေမယ့် သုံးရက်မြောက်အထိကျမရတော့။ ခြေလှမ်းပင်ကြွမရတော့အောင်ကို သိပ်ပင်ပန်းတာသိလာသည်။ ထို့ကြောင့် မန်ဘာတွေတိုင်ပင်ပြီး ကမ်းလှမ်းမှုတွေကိုရွေးခြယ်ရတော့သည်။ တချို့တွေကို နှမြောပေမယ့် ကျေးဇူးတင်စွာနှင့်ပင် ငြင်းခဲ့ရပါသည်။
"ဟင်.... ထယ်ဆော့ ....ဒီမှာမင်းသတင်းတွေတက်နေတယ်"
"ဘာသတင်းလဲ"
"Oh My God !! Scandal လား။ ကျောင်းတွင်းအကြမ်းဖက်ဖူးတဲ့သူလား"
"ဟားဟား ဘယ်ကသာ ဒီမှာဖတ်ကြည့် သတင်းကောင်းတွေပဲ"
ချောင်ဟီးလက်ထဲက ဖုန်းကို ထယ်ဆော့ကယူလိုက်သည်။ ညီညီတို့လည်း ချောင်ဟီးနောက်ကနေဖုန်းထဲကြည့်တော့ နာမည်ကြီးသည့် သတင်းဌာနတစ်ခုကတင်ထားတာ။
"ယောက်ျားလေးအဖွဲ့သစ် Artist-K အဖွဲ့ဝင် ချွဲချောင်ဟီး၏ စိတ်ဓာတ်အမှန်"တဲ့ ခေါင်းစဉ်က။ အပြည့်အစုံဝင်ဖတ်ကြည့်တော့ ချောင်ဟီးက ကျောင်းတုန်းက လူမှုဆက်ဆံရေးကောင်းတဲ့သူဖြစ်ကြောင်း၊ စာရောအားကစားရောတော်ကြောင်း၊ သဘောထားပြည့်ပြီး ကျောင်းလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့တဲ့စံပြကျောင်းသားတစ်ယောက်ဖြစ်တဲ့အကြောင်းတြွေဖစ်သည်။
တပ်ထားတဲ့ခေါင်းစဉ်နဲ့မှမလိုက်။
"ဝါး.....တကယ်အံ့သြစရာပဲ။ ဒီလိုသတင်းကောင်းကို ဒီလိုခေါင်းစဉ်တပ်ရတယ်လို့ပဲ။ ဒီသောက်မီဒီယာကတော့"
ထယ်ဆော့ ကမကျေနပ်စွာရေရွတ်ဆဲဆိုသည်။
"လတ်တလောလူစိတ်ဝင်စားအများဆုံးဖြစ်နေတော့ သူတို့သတင်းကိုလူတွေအာရုံစိုက်အောင်လုပ်ဖို့ တို့ကအသုံးချလို့အကောင်းဆုံးပဲလေ။ အဲ့တာကိုမှ ခုလိုမထိတထိ အထင်လွဲစရာခေါင်းစဉ်တပ်ထားတော့ လူပိုစိတ်ဝင်စားတာပေါ့။ ဒါမီဒီယာတွေရဲအကျင့်ပဲ"
ဒယ်ဟိုကအေးအေးလူလူရှင်းပြသည်။
"အဲ့သတင်းကိုဝင်မဖတ်ဘဲနဲ့ အပေါ်ယံပဲကြည့်ပြီးဝေဖန်သွားကြရင်ရော။ အလကား ကျင့်ဝတ်မရှိလိုက်တာ"
"ဘာပဲဖြစ်ဖြစ်ပါ ငါတို့ရဲ့ နတ်သားမျက်နှာချောင်ဟီးလေးက သတင်းဌာနတွေရဲ့ တားဂတ်ဖြစ်နေပြီ"
"အာ....ဒါနဲ့ ညှီညှီ"
မန်ဘာများက ညီညီ့နာမည်အရင်းကိုသာခေါ်သည်။ သို့သော် မပီ။ အရင်ကတော့ သူတို့အဲ့လို့ခေါ်တိုင်းရယ်မိပေမယ့် ခုတော့ရိုးနေပေပြီ။
"Nae ..... Hyung"
"မြန်မာမှာရော Artist-K ကဘယ်လိုလဲ"
"အဟင်း"
ညီညီက ဂုဏ်ယူစွာနဲ့ပြောတော့မည့်ပုံလုပ်လိုက်သည်။
"အပိုလုံးဝမပါဘဲပြောပြမယ်နော်။ မြန်မာမှာ Artist-K က လုံးဝနာမည်ကြီးနေတာ။ ကျွန်တော့်ကိုလည်း မြန်မာကထွက်တဲ့ရှားရှားပါးပါးအိုင်ဒေါ်လ်ဆိုပြီး Debut မလုပ်ခင်ကတည်းက အာရုံစိုက်နေကြတာ။ ခုဆို Non K pop fan တွေကပါ မြန်မာပြည်သား Eagle ပါတဲ့ Artist-K ကိုကြိုက်နေကြပြီ"
"ဒါဆို မြန်မာမှာ နောက်နှစ်လောက် Concert လုပ်လို့ရပြီပေါ့နော်"
"ဟဟဟ စောပါသေးတယ် ယောင်မင်းရာ ဖန်တွေထပ်စုကြဉီးမယ်လေ"
"ဟား..... ကျွန်တော်တော့ပျော်တယ်ဗျာ။ Artist K ရဲ့တာထွက်ကသိပ်လှတာပဲ။ အဘက်ဘက်ကပြည့်စုံသလိုခံစားရတယ်။ အစ်ကိုတို့နဲ့လက်တွဲရတာ ဘုရားသခင်ကပေးတဲ့ဆုလာဘ်ပဲ။ ဘာအကြောင်းကြောင့်နဲ့မှ လက်တွဲမဖြုတ်ကြေးနော်"
ကလေးဆီကထွက်လာသည့် လူကြီးစကားကြောင့် ညီညီတို့အကြီးတွေပြုံးလိုက်သည်။
"Never!"
.........
"ခုဆိုရင်ပေါ့နော် နှစ်ယောက်စလုံးကိုမြန်မြန်ပေါင်းစေနေချင်ကြတဲ့ ပရိတ်သတ်တွေအတွက်ရော အချစ်ရေးအခြေအနေလေးတွေပြောပြပေးပါဉီး"
"အာ....ရောင်စဉ်တို့ လက်ထပ်ဖို့ကိစ္စကို မပြောမိကြသေးပါဘူး။ ဒါ့ကြောင့် ဘာအစီအစဉ်မှမရှိသေးပါဘူး"
"လက်တလောအနုပညာလှုပ်ရှားမှုလေးတွေကိုလည်း ပြောပြပေးပါဉီး"
"ဟုတ်.... ခုက ရုပ်ရှင်ကားတစ်ကားလက်ခံထားတာရှိတယ်။ နောက်လလောက်မှစရိုက်ဖြစ်မယ်။ ဇာတ်ရုပ်က ဆိုက်ကိုဇာတ်ရုပ်မို့လို့အချိန်ပေးပြီးစီစဉ်ဖြစ်ပါတယ်"
မိုက်က သက်ထင်ရှေ့ရောက်လာသည်။ ပွဲတစ်ခုတွင် ရောင်စဉ်ရောသက်ထင်ပါ အတူဖိတ်ကြားခံရ၍ အတူအင်တာဗျူးခံနေရခြင်း။
"ကျွန်တော်ကတော့ လတ်တလောအနားယူနေတာပါ။ အစီအစဉ်အသစ်ရှိရင် ပရိတ်သတ်ကိုအရင်ပေးသိပါ့မယ်"
"ဟုတ်ကဲ့ ရောင်စဉ်ပါဝင်တဲ့ကားလေ ဒေါင်းနဲ့ဖွေးဖွေးတို့နဲ့ကားကဘယ်တော့လောက်ထွက်လာမယ်လို့ထင်လဲ ပြောပြပေးပါဉီး ပရိတ်သတ်တွေကစောင့်နေကြတာဆိုတော့လေ"
"အင်...အဲ့တာက ခုနှစ်နဲ့နောက်နှစ် တစ်ခုခုပဲဖြစ်မယ်ထင်တယ်။ သိတဲ့အတိုင်း ကိုယ့်နိုင်ငံရဲ့စူပါစတားနှစ်ယောက်ပါတဲ့ကားမို့လို့ အချိန်ပေးပြီးပြင်ဆင်နေတာဖြစ်ပါလိမ့်မယ်။ ဆက်ပြီးစောင့်ပေးကြပါဉီးလို့။ ထွက်လာတော့မှာပါ။ စောင့်ရကျိုးနပ်ပါလိမ့်မယ်"
"ကိုသက်ထင်အနေနဲ့ရော Artist-K အဖွဲ့က Eagle နဲ့ဘယ်လောက်ထိခင်မင်ရင်းနှီးသလဲဆိုတာ သိပါရစေ။ သဇင်တို့အားလုံးက သိချင်နေကြတဲ့မေးခွန်းမို့ ပြည့်ပြည့်စုံစုံလေးဖြေပေးပါဉီး
ရှင့်"
"အာ Eagle က ကျွန်တော်ညီလေးလိုခင်ရတဲ့သူပါ။ သူကတကယ်တော်တယ်။ တူရိယာမျိုးစုံတီးတတ်တယ်။ သ်ီချင်းရေးလည်းတော်တယ် အသံလည်းကောင်းတယ်။ ကျွန်တော်တောင်တစ်ခါတလေ သူ့ဆီကပြန်ပြန်သင်ရတယ်။ အများကြီးကြိုးစားပြီး အများကြီးခင်ဖို့ကောင်းတဲ့သူပါ။ ရင်းနှီးတာကတော့ ထင်ထားတာထက်ပိုရင်းနှီးပါတယ်"
သက်ထင် ညီညီ့အတွက်ဂုဏ်ယူမှူအပြည့်နှင့်ပြောလိုက်သည်။ မီဒီယာတွေရှေ့ အင်တာဗျူးဖြေပြီဆိုရင် ညီညီနဲ့နှစ်ဉီးကြားဆက်ဆံရေးအကြောင်း အမြဲဖြေရသည်။
ညီညီပွဲဉီးမထွက်ခင်ကတည်းက ညီညီ့နောက်ကြောင်းထိ စိတ်ဝင်စားတဲ့သူတွေရှိလာသည်။ ကိုယ့်နိုင်ငံကနေထွက်တဲ့ကြယ်ပွင့်ဆိုတော့ ဖန်လုပ်မည့်သူတွေကနောက်ကြောင်းအထိဖော်တာလည်းဖြစ်သည်။ တွေ့သွားတာကတော့ ဒေါ်မေရည်ချိုရဲ့သားဖြစ်ကြောင်းနဲ့ ရွှေဇွန်းကိုက်မွေးလာသူဖြစ်ကြောင်း သိသွားကြသည်။
တစ်ဆက်တည်းမှာပင် အမေကကိုရီးယားမှာ CEO ဖြစ်နေတာသားဖြစ်သူ ပွဲဉီးထွက်နိုင်တာမဆန်းဘူးဆိုပြီး မဟုတ်တာအဆန်းလုပ်နေတဲ့သူ အဖွဲ့ကတစ်ဖွဲ့၊ အရည်အချင်းမရှိရိုးမှန်ရင် Glaxy Wave Label ကိုရောက်မှာမဟုတ်ကြောင်း သူ့အမေကုမ္ပဏီမှာပဲပွဲဉီးထွက်မှာဖြစ်ကြောင်း၊ ခုကတခြားကုမ္ပဏီကနေထွက်တာဖြစ်ကြောင်း၊ Glaxy Wave Label က ကြုံရာလူဝင်လို့ရတဲ့ အများသုံးအိမ်သာမဟုတ်ကြောင်း ပြန်ရှင်းပြတဲ့အဖွဲ့ကတစ်ဖွဲ့ ပေါ်လာသည်။
သို့သော် ပတ္တမြားမှန်ရင်နွံမနစ်ဆိုသလိုပါပဲ ညီညီ့ရဲ့နောက်ကြောင်းမှန်သမျှ အကုန်ပေါ်လာသည်။ ဆရာမမွေးနေ့မှာဆိုပြတဲ့ဗွီဒီယိုဆိုတာ ဆိုရှယ်မီဒီယာပေါ် တက်လာပြီး အတော်ပင်နာမည်ကြီးသွားသည်။ ဆက်တိုက်ဆိုသလို စုံညီကဗွီဒီယို၊ ပြည်ကဗွီဒီယိုတွေပါတစ်ပါတည်းတက်လာပြီး အဲ့အချိန်တုန်းက အဆိုတော်သက်ထင်နဲ့အတူတွဲဆိုတဲ့ ပါရမီရှင်ကောင်လေးဆိုပြီးနာမည်ကြီးခဲ့တဲ့သူမှန်း တစ်နိုင်ငံလုံး သိသွားကြ၏။
ပွဲဉီးထွက်သီချင်းလည်းထွက်လည်းချလာရော အားလူံးရဲ့ပါးစပ်တွေပါပိတ်ကုန်ရော။ တကယ့်အမိုက်စားကိုး။ အသံ အသံမို့လို့၊ အက အကမို့လို့၊ ရုပ်ရည် ရုပ်ရည်မို့လို့ အကုန်ထူးချွန်နေသည့် ညီညီသည် အချိန်ခဏလေးအတွင်းမှာပင် နိုင်ငံကျော်တစ်ယောက်ဖြစ်သွားသည်။
ကိုယ့်ပြည်ကအမာခံ ကေပေါ့ဖန်တွေကလည်း အင်တိုက်အားတိုက်အားပေးကြရာ မြန်မာပြည်သားပါတဲ့ ကိုရီးယားအဆိုအဖွဲ့ တိုင်းတစ်ပါးမှာမျက်နှာလုံးဝမငယ်ရ။ ကိုရီးယားမှာလည်း သီချင်းကအကြီးအကျယ်ပေါက်သည့်အပြင် Western အဆိုတော်တွေလောက်သာအထင်ကြီးသည့်ကိုယ်နိုင်ငံမှာတောင် သီချင်းက တစ်စွဲနေတာ သုံးပတ်ရှိပြီ။ သီချင်းဂယက်ထဲမှာ Cover dance Challenge တွေလည်းဆက်တိုက်၊ Tik Tok မှာလည်းဆက်တိုက်ဆိုလို တစ်စတစ်စနာမည်အတော်ရလေသည်။
အင်တာဗျူးအပြီးနောက်မှာ သက်ထင် ရောင်စဥ့်ကိုလိုက်ပို့ပေးသည်။
"ကို ဂုဏ်ရည်ညီညီနဲ့အဆက်အသွယ်ရလို့လား"
"ရတယ်လေ။ တစ်ပတ်နှစ်ခါလောက်အမြဲပြောဖြစ်တယ်"
"ဟုတ်လား ကောင်းတာပေါ့"
"ကိုယ်ကပြောချင်တောင် ညီညီကမအားဘူး။ သူက ကိုယ်တို့ထက်သာသွားပြီလေ"
ရောင်စဉ်မျက်နှာတစ်ချက်ပျက်သွားတာတော့ သက်ထင်မမြင်လိုက်။ မသာသေးပါဘူး။
လယ်ဗယ်တောင်မဟုတ်သေးဘူး။ ကိုကစပြီးဘာလို့သူ့ကိုအဲ့လောက်အရေးပေးနေတာလဲ။ Follower ချင်းယှဉ်မလား။ပရိတ်သတ်ချင်းရော။ နာမည်ချင်းရော အကုန်ရောင်စဉ်တို့ကသာပြီးသားကို။ ပြည်ပရောက်နေတာနဲ့ပဲအလိုလိုကြိုက်ကုန်ကြရောလား။
ရောင်စဉ်ကတော့ တကယ်လည်းမဟုတ်ဘဲသာတယ်အပြောခံရတာမကြိုက်ပါ။
"ရောင်စဉ်ပျင်းနေလား သီချင်းဖွင့်လိုက်မယ်"
"Dance Dance D a Da Dance...."
ရှီး..... ဒီသီချင်းကြီးပဲ။ ရှုတင်တကာလိုက်ရသည့် ဖြိုးကဗျာဆိုလည်း ဒီသီချင်းပဲဖွင့်နေတာ။
တော်တော်နားကြားကပ်နေပြီ။ အလကား တစ်ပွဲထိုးတစ်ခေတ်ထ သီချင်း။ မကျေနပ်သမျှကို ရောင်စဥ့်စိတ်ထဲကပဲပြောနိုင်သည်။ ဖွင့်တဲ့သူထဲ ကိုကိုယ်တိုင်ပါနေတာ ရောင်စဉ်ပြောမိရင် စကားကများရပြန်ဉီးမှာ။ တစ်ခါတလေမှာလေ ရောင်စဉ်တွေးမိတယ်။ ရောင်စဉ်တို့စကားများရန်ဖြစ်တော့မယ်ဆိုရင် အကြောင်းအရာကကြီးကြီးမားဖြစ်ဖို့မလို။ အသေးအမွှားလေးကလည်း နှစ်ယောက်ကြားကတောက်ကဆဖြစ်ဖို့လုံလောက်သည်။
မသိရင်လေ မချစ်မနှစ်သက်ဘဲ အတင်းအကြပ်ယူထားကြတဲ့ လင်မယားနှစ်ယောက်လိုပဲ။ တစ်ယောက်အပြစ်တစ်ယောက်က မျက်စိဒေါက်ထောက်ကြည့်ပြီး စကားများတဲ့အခါ တေးမှတ်ထားတဲ့အကြောင်းတွေအကုန်ပြန်ပြောပြီး ရန်ပွဲပိုကြီးသွားတာမျိုးနှင့်တူသည်။ ရောင်စဉ်တို့က တကယ်ရောချစ်နေကြတာဟုတ်ရဲ့လားလို့တော်မတွေးမိ။ တကယ်ချစ်ကြတာပါ။ နှစ်ဉီးနှစ်ဖက်ချစ်တာတော့ ရောင်စဉ်အာမခံသည်။ ဒါဆို ဘာကမှားနေလို့ခုလိုအေးအေးဆေးဆေးမချစ်နိုင်ရတာလဲ။
အသစ်တွေ့နေလို့ တခြားတစ်ယောက်အပေါ်စိတ်ယိုင်နေတာမျိုးလည်း လုံးဝမဟုတ်။ ကို့မျက်လုံးတွေထဲမှာ အဲ့လိုအရိပ်အယောင်တွေလုံးဝမတွေ့။ ဘာစိတ်အခံတွေရှိနေလို့လဲ။ သူ့စိတ်ထဲမှာရှိတာရော ကိုယ့်စိတ်ထဲမှာရှိတာရော ရောင်စဉ်မသိတော့ပါ။
အချစ်ဆိုတာ မပိုင်ဆိုင်သေးခင်အချိန်တုန်းကမှ ရောင်စဥ့်အတွက်ပျော်စရာကောင်းခဲ့သေးသည်။ အဲ့အချိန်တွေကိုပြန်ရောက်ရင်ကောင်းမှာပဲလို့တွေးမိတဲ့အချိန်တွေရှိသလို ပြန်ရောက်သွားခဲ့ရင် ပိုင်ဆိုင်ရအောင်တစ်ခါပြန်စောင့်စားရဉီးမှာလို့တွေးမိပြီး ဒီအခြေအနေကိုပဲကျေနပ်နေမိတဲ့အချိန်တွေရှိသည်။
ရှေ့လျှောက် ရောင်စဉ်တို့လမ်းကဘယ်လိုဖြစ်မလဲ ကြိုလို့တောင်တွေးမကြည့်ရဲ။
"သန်ဘက်ခါရှုတင်ပြန်စမှာ....ကို သိတယ်မလား"
"အင်း သိတယ်လေ"
ကိုပြန်ဖြေပုံက ယတိပြတ်။
"သိရင်ပြီးတာပါပဲ။ နို့မို့ စောင့်နေရမလား သွားရမလား မသေမချာနဲ့"
"အာ....မေ့နေတာ။ ကို သန်ဘက်ခါ ခရီးသွားရမှာ။ Abroad ကို"
"ဟင်"
"ဟုတ်တယ် ကိုရီးယားကိုသွားစရာရှိတယ်။ ရောင်စဥ့်ကို ကိုယ်မပြောမိဘူးလား"
ရောင်စဥ့်စိတ်ထဲ ဖျင်းခနဲဖြစ်သွားသည်။ ရောင်စဉ်လေ ကို့ကိုစိတ်တွေတိုလိုက်တာ။ တကယ် တကယ် ရောင်စဥ့်မှာကိုယ့်ရည်းစားတစ်ယောက် သန်ဘက်ခါပဲ နိုင်ငံခြားကို ခရီးသွားကိစ္စကို ခုမှသိရတာတဲ့။ ဒါတောင်စကားကစပ်မိလို့။ မစပ်မိရင်သိတောင်သိရမှာမဟုတ်။ တခြားသူကိုပြောမိမပြောမိမေ့တာထားပါ။ ရောင်စဉ်ကိုတော့မမေ့သင့်ဘူးမလား။ ရောင်စဉ်နဲ့ပတ်သတ်ရင် အသေးစိတ်ကမှအစမှတ်မိနေရမယ့်သူကလေ။ ရောင်စဉ်မြိုသိပ်ထားရတာတွေများပြီ။ သို့သော် ထုတ်ပြလိုက်တာနဲ့ ပြောင်းလဲသွားမယ့်အရာတွေအတွက် ရောင်စဉ်ကြောက်သည်။ ရောင်စဉ် ကားမှန်ကနေ အပြင်ဘက်တစ်ဖက်ကိုငေးကြည့်ရင်း....
"ဘာလုပ်သွားမှာလဲ"
"ကိစ္စတစ်ခုခုရှိလို့လေ"
"ဂုဏ်ရည်ညီညီ့ဆီကိုမလား"
"အဲ့တာလည်းပါတာပေါ့"
သေချာပေါက် သူ့ဆီပဲဖြစ်မှာ။ ကိုရီးယား ဘာသွားလုပ်စရာရှိလို့။ ကိုရီးယား အဆိုတော်တစ်ယောက်နဲ့သီချင်းကိစ္စဆိုရင်တောင် ယုံဉီးမည်။ ဂုဏ်ရည်ညီညီ့ကိုဆိုအလေးပေးလွန်းတဲ့သူက သူ့ဆီသွားမှာမဟုတ်တဲ့ပုံမျိုးပြောတော့ ယုံကိုမယုံဘူး။
ကိုကလေ အသက်ငယ်ငယ်နဲ့ Song of the year ဆုနှစ်နှစ်ဆက်တိုက်ရပြီးကတည်းက ကျသွားလိုက်တဲ့လက်ရည်ဆိုတာ။ ကိုယ့်ချစ်သူရည်းစားမို့လို့မပြောတာ ဒီနှစ်တွေထဲမှာ ကိုဟာတကယ့်အလေပဲ။ ဘာမှထွန်းထွန်းပေါက်ပေါက်ဖြစ်မလာဘူး။
ကြိုးလည်းမကြိုးစားသလို ဝေလငါးဘဝနဲ့နေနေတာ ထိပ်ဆုံးဆယ်ယောက်စီရင်တောင် နံပါတ်တစ်ဆယ့်တစ်နေရာမှာကပ်ရှိမနေဘဲ သူကနံပါတ် ၂၀ လောက်မှာ။ ကိုကအဲ့လိုဖြစ်နေလေလေ ရောင်စဉ်ကသူအားကျအောင်ပိုကြိုးစားပြလေပဲ။ ကိုယ့်ရည်းစားကထိပ်တန်းမင်းသမီးတစ်လက်ဖြစ်လာခါနီးနီးမှာ ကိုယ်ကနာမည်ကျနေတဲ့အဆိုတော်တစ်ယောက်ဖြစ်မနေသင့်ဘူးဆိုတဲ့ မာန်လေးထွက်လာအောင်လုပ်ပြတာ။ ကြားထဲ ဟိုလိုတား ဒီလိုတားနဲ့ ရှိသေးတာ။ ရောင်စဉ်ကအဲ့ဒီ့အချက်ကို အခွင့်ကောင်းယူပြီး ကို့ကိုနာအောင်ပြောပစ်လိုက်သည်။
"ကိုကဘာအခြေအနေရှိလို့ ရောင်စဥ့်လမ်းကိုလာပိတ်ပင်နေရတာလဲ"ဟူ၍။
ထိုစကားပြောပြီး ရောင်စဉ်တို့လမ်းခွဲတော့မလိုအထိတောင်ဖြစ်သွားသေးသည်။ ရောင်စဉ်အပြောလောသွားတာလည်းပါပေမယ့် အဲ့လိုမှမပြောရင် ကိုဟာဆက်လေနေဉီးမှာ။ နှစ်ယောက်စလုံးရဲ့သက်မွေးလမ်းမှာ ရောင်စဉ်တို့နှစ်ယောက်စလုံးဟာ အကြီးကြီးတြွေဖစ်နေစေချင်တာ။ ရောင်စဥ့်စကားကြောင့် ကိုပြောင်းလဲလာသလားဆိုတော့ လုံးဝပါပဲ။ ခုမှတွေးကြည့်မိ အဲ့ဒီ့အချိန်ကတည်းက ရောင်စဉ်တို့အဆင်မပြောတာတွေ ပိုပိုစိပ်လာခဲ့သည်။
ဘယ်လိုစကားကိုပြောပြော ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် နောက်ဆုံးရောက်သွားရတာကတော့ စကားများစိတ်ဆိုးစိတ်တိုစိတ်ကောက်တာပါပဲ။ ဒါ့ကြောင့် တော်ရုံတန်ရုံမပြောတော့ဘဲ စိတ်ထဲမြိုသိပ်လိုက်ရတာတွေမှအများကြီး။ ပြောမြှဖစ်မယ့်စကားတြွေဖစ်ပေမယ့် အဖုအထစ်ဖြစ်သွားမှာစိုးတဲ့စိတ်နဲ့ ကြည့်ပဲကြည့်နေမိတော့တဲ့အချိန်တွေလည်းရှိခဲ့သည်။ အဲ့လိုကိုယ့်ရည်းစားအရေးစိတ်မဝင်စားပြန်ရင်လည်း လျစ်လျူရှုအလေးမထားလို့ဆိုပြီး အရစ်မခံရတာပဲ ကံကောင်းလိုက်တာလို့ပျော်ရမလိုလို။
သွားတော့လည်းသွားပေါ့။ ဂုဏ်ရည်ညီညီနဲ့ဆို အမြဲတက်ကြွနေတဲ့ ကို့စိတ်တြွေပန်အားပြည့်လာတော့လည်း အမြတ်ပေါ့။
ဂုဏ်ရည်ညီညီနဲ့တွေ့မယိ့ကိစ္စကိုတော့ မကြိုက်တာမျိုးမဖြစ်ပေမယ့် တကူးတကကြီးဟိုထိသွားတွေ့တာမျိုးဆိုရင်တော့ ရောင်စဉ်မကြိုက်နိုင်တော့ပါ။
ကိုပြောသလို ကိစ္စတစ်ခုခုရှိနေလို့သွားတာပဲ ဖြစ်နေပါစေ......။
......
#Thurein
(ကတိအတိုင်း တင်ပေးလိုက်ပါပြီ။ ဆက်ကလစ်ကြမယ်နော်)
May 27 2022 10: 49 PM