𝑲𝒊𝒎'𝒔 𝑱𝒆𝒐𝒏//𝑪𝒐𝒎𝒑�...
By Vante_Jeon_
68.3K 4K 62
Jeon က Kim' အပိုင် ဟောဒီက Jeon Jungkook ဆိုတဲ့လူသားက Kim Taehyung ဆိုတဲ့မင်းလေးရဲ့အပိုင် Jeon Jungkook×Kim T... More
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9(1)
Part 9(2)
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
တောင်းပန်စာ
Part 20(Final!)
4.5K 185 5
By Vante_Jeon_
Unicode
"မြေးငယ် တကယ်ပဲအဘိုးနဲ့ပြန်မလိုက်ချင်ဘူးလား"
"ဟင့်အင်းအဘိုး ငယ်ငယ်ထဲကအဘိုးရဲ့စကားကိုပဲမြေဝယ်မကျနားထောင်ခဲ့ပြီးပြီလေ။ အခုတော့ကျွန်တော့်နှလုံးသားဆန္ဒကိုပဲ လိုက်လျောတော့မယ်။"
ထိုစကားအားလက်တွဲဖော်ဖြစ်သူ၏လက်ချောင်းရှည်ရှည်လေးများအားဆုပ်ကိုင်ကာJiminပြောလိုက်ခြင်း။ ထိုအခါမှသာအဘိုးကစိတ်လျော့ဟန်ပြုမူပြီး...
"မြေးငယ်လေးသဘောအတိုင်းပါပဲကွယ်    အိမ်တော်ကိုလည်းနှစ်ယောက်အတူတူလာလည်ခဲ့ကြပါဦး"
သူ့ဘက်အားကြည့်ကာပြောလာသောကြောင့် Yoongiလည်းကိုယ်ကိုကိုင်းညွှတ်ကာအရိုအသေပေးရင်း တစ်နေ့လာလည်ပါမည်ဟုကတိကဝတ်ပြုလိုက်ရလေသည်။ ထိုအခါမှသာအဘိုးကကျေနပ်သွားသလိုပြုံးရင်းဖြင့် မြေးအကြီးဖြစ်သူဘက်ကိုလှည့်ကာစကားတွေပြောဆိုနေခဲ့လေသည်။ ခွဲခွာရမည့်အချိန်တန်လာလေတော့အားလုံးကိုနှုတ်ဆက်ကာPAဖြစ်သူတွန်းပေးသောဝှ်ိးချဲနှင့် Private Flight ပေါ်တက်သွားလေသည်။ 
Jiminတို့လည်းရှင်းစရာကိစ္စရပ်များမပြီးဆုံးသေးသောကြောင့်လေယဥ်ကွင်း၌ကြာကြာရှိမနေပဲကိုယ်စီကားပေါ်တက်ကုအိမ်ပြန်ခြင်းစီသို့။
"အပြစ်သားHan Yunaအား လူသတ်မှုနှင့်Companyအားလုယူရန်ကြံစည်မှုတို့ကြောင့်ထောင်ဒဏ်၁၀နှစ်ချမှတ်လိုက်သည်။ အပြစ်သားJeon JiAhအား လူတစ်ယောက်အားအချိန်အတော်ကြာပြန်ပေးစွဲမှုနှင့်လူသတ်ကြံရာပါဖြစ်နေခြင်းကြောင့်ထောင်ဒဏ်၈နှစ် ချမှတ်လိုက်သည်။"
တရားရုံးတော်မှတရားစီရင်ချက်အဆုံးအခန်းထဲတွင်စောင့်နေသောရဲမေများမှာအပြစ်သားHan Yunaနှင့်Jeon JiAhတို့အားလက်ထပ်ခတ်ကာဆွဲခေါ်သွားကြလေသည်။ Han Yunaရဲ့မျက်နှာဟာပြိုတော့မည်မိုးလိုဖြစ်နေပေမဲ့Jeon JiAhကတော့ဘာကိုမှကြောက်နေခြင်းမရှိဟန်ဖြင့်။
စကားသွားရန်လည်းအစီအစဥ်မရှိသောကြောင့် တရားလိုနေရာတွင်ထိုင်နေသောသူတို့သည်တရားစီရင်ချက်အဆုံးအိမ်သို့ပြန်ရန်သာပြင်ဆင်နေတော့သည်။
Companyတွင်ဖြစ်သွားသောပြဿနာအရပ်ရပ်များကြောင့် သတင်း၊ဂျာနယ်၊မီဒီယာများ၏အာရုံစူးစိုက်မှုသည် Jeon Groupထံတွင်ပုံကျလျက်။ ကြီးကျယ်လှသောCompanyကြီးတစ်ခုဖြစ်သည်နှင့်အညီ ရှောင်လွဲ၍မရလေတော့ သတင်းစာရှင်းလင်းပွဲလုပ်ရန်အကြောင်းဖန်လာလေသည်။
"Jeonဥက္ကဌကြီးရဲ့ဒုတိယအမျိုးသမီးကတကယ်ပဲ ပြစ်မှုကျူးလွန်သူတစ်ယောက်လားခင်ဗျ"
"Han GroupကHan Yunaနဲ့လည်းသက်ဆိုင်မှုရှိတယ်လို့သိရပါတယ်။ အဲ့တာကရောအမှန်ပဲလားခင်ဗျ"
"သားဖြစ်သူJeon Dohyunကသားအရင်းမဟုတ်ဘူးလို့သတင်းတွေပျံနှံ့နေပါတယ်။အဲ့တာကရောတကယ်လားရှင့်။"
"Kim Groupရဲ့တစ်ဦးတည်းသောအမွေဆက်ခံသူKim Taehyungနဲ့Jeon Groupရဲ့သားဖြစ်Jeon Jungkookတို့ငြိစွန်းနေတယ်လို့သိရပါတယ်အဲ့တာကရောအမှန်ပဲလားဗျ"
သတင်းထောက်တချို့၏နောက်ဆုံးမေးခွန်းကြောင့် ကျန်ရှိနေသောသတင်းထောက်များဟာလည်းအုံကြွကာထိုမေးခွန်းကိုသာအထပ်ထပ်မေးလျက်ရှိကြသည်။
"မေးခွန်းများအားလုံးကိုစတင်မေးလို့ရပါပြီ"
ဥက္ကဌကြီး၏PAဖြစ်သူမှတရားဝင်ကြေညာချက်အဆုံး..
"Jeonဥက္ကဌကြီးရဲ့ဒုတိယအမျိုးသမီးကတကယ်ပဲ ပြစ်မှုကျူးလွန်သူတစ်ယောက်လားခင်ဗျ"
"ဟုတ်ပါတယ်JiAhကတိုက်ရိုက်ပြစ်မှုကျူးလွန်သူမဟုတ်ပေမဲ့ကြံရာပါအနေနဲ့ပါဝင်နေသူတစ်ယောက်ပါ"
"ယခုဒုတိယအမျိုးသမီးကအကျဥ်းထောင်ထဲရောက်နေတယ်လို့ကြားသိရပါတယ် အဲ့တာကရော"
"ဟုတ်ပါတယ်အခုလက်ရှိမှာသူ(မ)ကဆိုးလ်အကျဥ်းထောင်ကြီးထဲမှာပါ"
"Han Groupနဲ့လည်းပါဝင်ပတ်သက်မှုရှိတယ်လို့သိရပါတယ်။ အဲ့တာကိုရောဖြေပေးနိုင်မလားရှင့်"
"ဒီမေးခွန်းကတစ်ဖက်လုပ်ငန်းစုကိုထိခိုက်နိုင်လို့ ဒီမေးခွန်းအတွက်အဖြေဟာမရှိပါဘူး"
"Jeon Dohyunကသားအရင်းမဟုတ်ဘူးတိုတာရောအမှန်လားရှင့်"
"သားအရင်းမဟုတ်ပေမဲ့သားအရင်းတစ်ယောက်လိုချစ်ရတဲ့သားပါ"
"Kim GroupကCEO Kim Taehyungနဲ့Jeon Groupရဲ့CEO Jeon Jungkookတို့ရဲ့ Relationship ကိုရောသိခွင့်ရှိမလားရှင့်"
"ဒါကတော့ personal ကိစ္စဖြစ်နေလို့ကာယကံရှင်တွေကိုပဲသွားမေးစေချင်ပါတယ်"
"Jeonဥက္ကဌကြီးကရောသူတို့နှစ်ဦးကိုသဘောတူလားရှင့်"
"ငြင်းစရာမှမရှိတာကွယ်"
နောက်ဆုံးမေးခွန်းအားအပြုံးတစ်ခုဖြင့်ဖြေကာထိုနေရာမှထွက်သွားသောJeonဥက္ကဌကြီးကြောင့် သတင်းထောက်တချို့၏ဦးနှောက်ထဲတွင်မေးခွန်းများပြည့်နှက်လျက်။
မည်သို့ပင်ဖြစ်စေထိုသတင်းစာရှင်းလင်းပွဲမှ ဖြေဆိုလိုက်သောအဖြေတချို့ဟာ ရက်သတ္တပတ်ကြာသည်အထိ Social media များပေါ်တွင် popular ဖြစ်နေသည်မှာအသေအချာပင်ဖြစ်သည်။
Jeonစံအိမ်တော်မှထမင်းစားဖိတ်ခြင်းကြောင့်Taehyungပြင်ဆင်နေရခြင်းပင်ဖြစ်သည်။ သတင်းစာရှင်းလင်းပွဲ၏အကျိုးသက်ရောက်မှုကြောင့်Taehyungနှင့်Jungkookတို့၏ဆက်ဆံရေးဟာလည်းအများပြည်သူများ၏ပါးစပ်ထဲတွင်ရေပန်းစားလျက်။ သို့သော်ဂုဏ်သိက္ခာကျဆင်းစေခြင်းဟူသောကိစ္စရပ်တစ်ခုမှမပါဝင်ချေ။ သိတက်စကလေးသူငယ်ကစ၍သက်ကြီးဝါကြီးများသည်အထိTaehyungနှင့်Jungkookတို့၏သတင်းသိူ့မဟုတ်နှစ်ဦးသားတွဲလျက်သားပုံတွေ့လိုက်သည်နှင့် 'လိုက်ဖက်လိုက်တာ' ဟူသောစကားများကတစ်ဖုံ 'ကိုကြီးနှစ်ယောက်လုံးကချောလိုက်တာ' ကလေးများ၏ချီးမွှန်းစကားများကတလှည့်၊ 'Taekook is real' ဟူသောလူငယ်မိန်းကလေးများ၏ကြွေးကြော်သံများဖြင့်သာပြည့်နှက်နေခဲ့လေသည်။ ပိုဆိုးသည်ကသတင်းများအလီလီတက်နေသည်ကိုသိလျက်နှင့်တောင် ပြန်လည်ဖြေရှင်းခြင်းမရှိသောသူများကြောင့် ဤကိစ္စဟာပို၍နာမည်ကြီးလာခြင်းပင်။
"Kim လာအိမ်ထဲမှာDaddyနဲ့Ommaစောင့်နေတယ်"
Jeonဥက္ကဌကြီးနှင့်သာတွေ့ဖူးလေသောသူ့အဖို့ Jeon၏မိခင်ဖြစ်သူကိုပါတွေ့ရမည်ဖြစ်၍စိတ်လှုပ်ရှားနေသယောင်။ အတွင်းပိုင်းကသာဂဏာမငြိမ်နှင့်လှုပ်လှုပ်ရှားရှားဖြစ်နေတာပါ အပြင်ပိုင်းမျက်နှာဟာဖြင့်ရေခဲနှင်ကျောက်တုံးပေါင်းစပ်ထားသလိုခပ်တည်တည်သာ။
"ဟော CEO.Kim တောင်ရောက်လာပြီပဲလာပါ လာပါ အဒေါ်ကြီးရေCEOအတွက်လိမ္မော်ဖျော်ရည်လေးစီစဥ်ပေးပါဦး"
"မင်္ဂလာပါJeonဥက္ကဌကြီး မင်္ဂလာပါJeonသူဌေးကတော်"
ဧည့်ခန်းထဲရှိဂုဏ်သရေရှိစွာထိုင်နေသောလူနှစ်ဦးအားအရိုအသေပေးကာနှုတ်ခွန်းဆက်သလိုက်ချိန်တွင်တော့ ဂုဏ်သရေရှိသူပီသစွာနူးညံ့စွာပြုံးပြလေသည်။
"Companyကိစ္စတွေရောအဆင်ပြေတယ်မလား"
"ဟုတ်ကဲ့ပြေပါတယ်"
ဖိတ်ကြားခံထားရသည့်ဧည့်သည်ဆိုပေမဲ့လည်းတလူလူဖြစ်နေသောသတင်းအငွေ့အသက်များကြောင့် မိဘနှစ်ဦးရှေ့ထိုင်နေရသည်မှာအနည်းငယ်စိတ်ကျဥ်းကျပ်စရာကောင်းလှလေသည်။ ထို့အပြင်သူကသူစိမ်းများနှင့်ဆိုစကားကိုဆယ်ခွန်းပြည့်သည့်တိုင်အောင်ပြောဖူးသည်မဟုတ်သည့်လူဖြစ်နေ၍။ Taehyungကဲ့သို့ပင်ဧည့်ခန်းတွင်ထိုင်နေသောလူများဟာလည်းအနည်းငယ်နေရခက်နေသလိုပုံစံမျိုးဖြင့်။ အဒေါ်ကြီး၏ 'ထမင်းစားဖို့အဆင်သင့်ဖြစ်ပါပြီ' ဟူသောစကားကြောင့်သာလျှင်ထိုအခြေအနေမှလွတ်မြောက်သွားခြင်း။ သက်ပြင်းယဲ့ယဲ့အားချကာအရှေ့ကိုကြည့်မိလေတော့သူ့အားပြုံးကာစိုက်ကြည့်နေသောJeon၏မိခင်။ အနည်းငယ်လန့်သွားပေမဲ့ပြန်လည်ပြုံးပြလိုက်ကာJeonခေါ်ဆောင်ရာထမင်းစားခန်းထဲကိုသာလိုက်လာခဲ့တော့သည်။
~~~
"အန်တီကအန်တီ့ရဲ့သားလေးကိုမိန်းမဆန်ပြီးသိမ်မွေ့တဲ့အမျိုးသမီးတစ်ယောက်နဲ့အကြောင်းပါစေချင်တာ"
Taehyung Jeonကတော်၏စကားအတိုင်းခေါင်းငြိမ့်ပြလိုက်သည်။ မိဘပဲလေသားသမီးကိုတော့အကောင်းဆုံးဆိုတဲ့အရာတွေနဲ့ပဲတွေ့ဆုံစေချင်တာပေါ့။
"ဒါပေမဲ့သားလေးကတော့ သားကိုရွေးချယ်သွားခဲ့တယ်လေ"
ထိုစကားကြောင့်Taehyung၏မျက်နှာထက်တွင်မနေတက်သလိုအပြုံးမျိုးပေါ်လာခဲ့ပြီး နေရခက်စွာပင်ထပ်မံ၍ပြုံးပြမိသည်။ လူကြီးတစ်ယောက်နှင့်မည်သို့စကားပြောရမည်ကိုTaehyungမသိပေ။
Taehyungတို့ယခုရောက်နေသည့်နေရာကတော့Jeonစံအိမ်ကြီးရဲ့အပန်းဖြေ၊အနားယူရန်ဆောက်လုပ်ထားသောဥယာဥ်ကြီးထဲတွက်ဖြစ်သည်။ ထမင်းစားသောက်ပြီးနေရခက်နေသောTaehyungအားJeonဥက္ကဌကြီးမှဥယာဥ်ထဲခေါ်သွားရန်Jungkook အားစေခိုင်းလိုက်ခြင်းကြောင့်ရောက်လာခြင်း။ အပန်းဖြေရင်းစားရန်သစ်သီးများသွားယူနေစဥ်ဘယ်ကရောက်လာမှန်းမသိသောJeon၏မိခင်နှင့်စကားဖောင်ဖွဲ့နေရခြင်းဖြစ်သည်။
"အန်တီသားကိုသားအရင်လိုသဘောထားပါတယ်...ဒါပေမဲ့ သားမက်အဖြစ်တော့မတော်စပ်ချင်ဘူးကွယ်"
"ကျွန်တော်နားလည်ပါတယ်"
Jeonကတော်ကအံသြသွားဟန်။ ပုံမှန်ဆိုလျှင်Jeonကိုရဖို့ဘာမဆိုလုပ်ရလုပ်ရဟုပြောမည်ထင်ထားသော်လည်း 'ကျွန်တော်နားလည်ပါတယ်' ဟူသောစကားတစ်ခွန်းကJeonကတော်အားအတွေးများသွားစေဟန်။
"မင်းကထူးခြားတာပဲ"
လှောင်ပြောင်ဟန်မရှိပဲဟာသတစ်ခုလိုပြောလာသောကြောင့်Taehyungလည်းနှစ်နှစ်ခြိုက်ခြိုက်ပြုံးမိလေတော့...
"အန်တီကသိပ်ကံကောင်းတာပဲ ငွေနဲ့ပေးဝယ်လို့မရတဲ့အလှတရားမျိုးကိုအန်တီကအနီးကပ်ကြည့်နေရတာပဲ"
Taehyungဘာမှဖြတ်မပြောပဲ ဒီတိုင်းပြုံးကြည့်နေလေတော့..
"လှလိုက်တဲ့မျက်လုံးလေးတွေ၊စင်းကျနေတဲ့မျက်တောင်တွေကမျက်လုံးအလှကိုဖုံးအုပ်မသွားပဲ အလှကိုပိုပြီးပံ့ပိုးပေးနေတာပဲ။ နှာတံစင်းစင်းပေါ်ကမှဲ့ညိုလေးကလည်းတစ်မျိုးတစ်ဖုံကြည့်ကောင်းနေရော။ သားကJungkookလေးထက်ပိုကောင်းတဲ့လူနဲ့ထိုက်တန်တာပါ။"
ပျားရည်လူးထားသောအဆိပ်မြှားတစ်စင်းကဲ့သို့ချိုမြခြင်းအဆုံးသတ်မှာနာကျင်ခြင်းတွေသာ။
"အန်တီ... ကျွန်တော်ပျော်ရွှင်ခြင်းဆိုတဲ့အရာကိုပျောက်ဆုံးခဲ့တာကြာပါပြီ။ သူ့ကြောင့်သာကျွန်တော်ပျော်ရွှင်ခြင်းကိုရှာဖွေတွေ့ရှိခဲ့တာပါ၊ ပြီးတော့အန်တီ လှပါတယ် လို့ပြောတဲ့အပြုံးတွေကလည်းသူ့ကြောင့်မို့သာဖြစ်တည်လာတာပါအန်တီ။ အန်တီကအလှအပတွေကိုမြတ်နိုးတက်သူမှန်းရိပ်မိပါတယ်၊ အန်တီချီးကျူးတဲ့အလှတရားတွေကိုဆက်မတည်မြဲစေချင်လားဟင်။"
Jeonကတော်မှိုင်သွားခဲ့သည်။ ဒီကောင်လေးရဲ့နာကျင်ရတဲ့အတိတ်တချို့ကိုခင်ပွန်းဖြစ်သူပြောပြထား၍အနည်းအကျဥ်းသိထားပါသည်။ သားလေးနဲ့ဆိုပွင့်လင်းစွာပြုံးတက်သောအပြုံးတွေကိုလည်း မကြာသေးခင်အချိန်ထဲကမှတွေ့ထားပြီးဖြစ်သည်မဟုတ်လား။ သို့ပေမဲ့သားဖြစ်သူဟာယောင်္ကျားပျိုတစ်ယောက်နဲ့လက်ထက်မည်ဆိုသောအသိက ဒီကလေးရဲ့အလှတရားတွေကိုကွယ်ဝှက်နိုင်လောက်အထိ။
"အန်တီခံစားချက်ကိုကျွန်တော်နားမလည်ပါဘူး။ကျွန်တော်ကမိဘမှမဖြစ်ဘူးသေးတာ၊ ဟုတ်ပါတယ်ကျွန်တော်ကနူးညံ့မှုအလျဥ်းမရှိတဲ့ယောင်္ကျားသားတစ်ဦး။ Jeonအတွက်သာယာမှုလည်းမပေးနိုင်သလို ပြီးပြည့်စုံတဲ့မိသားစုကိုလည်းမတည်ဆောက်ပေးနိုင်ဘူးအန်တီ။ ဒါပေမဲ့ကျွန်တော့်Jeonကိုပျော်ရွှင်ခြင်းဆိုတဲ့အရာကိုတော့ပေးနိုင်ပါတယ်။"
သိပ်ကိုပညာသားပါတဲ့စကားတွေပါလေ။ သူ(မ)မှာတုံ့ပြန်နိုင်ရန်စကားတောင်ရှာမတွေ့သည်အထိ။
"အန်တီကြိုးစားပေးပါ့မယ်ကွယ်"
"ကျေးဇူးတင်ပါတယ်အန်တီ ကျွန်တော်အန်တီ့ကိုစိတ်မပျက်စေရပါဘူး"
သားဖြစ်သူအတွက်တိုက်ပွဲနေရသောမိခင်နှင့်ပျော်ရွှင်ခြင်းအတွက်နေရာရှာသောအမျိုးသားလေးတို့၏ရင့်သီးသောစကားလုံး၊လက်နက်မပါဝင်သောနူးညံ့သောစစ်ပွဲအားတစ်နေရာမှပြုံး၍ကြည့်နေခဲ့သောတစ်စုံတစ်ယောက်လည်းရှိခဲ့ပါသည်။
~~~
Companyကိစ္စများပြီး၍ အတွင်းရေးမှူးအားမှာထားသောပန်းစည်းတစ်စီးအားယူကာတစ်နေရာသို့သွားနေသောTaehyung. သေချာပေါက်Jeonစံအိမ်တော်သည်သာ။ ယောက္ခမအမြင်ကြည်စေရန်အတွက် နေတိုင်းမျက်နှာသွားပြပေးရသောအလုပ်ကိုTaehyungလုပ်နေခဲ့လေပြီ။ အင်းယောက္ခမဟူသာအမည်တပ်ခေါ်တာပါ ယခုထိJeonအား 'ချစ်တယ်' ဟူသောနာမ်စားအားမပြောရသေးချေ။ သားကိုတော့အဖြေမပေးရသေး၊အမေ့ကိုကပ်နေသောTaehyungအဖြစ်ပါလေ။
စံအိမ်သို့ရောက်ပြီဖြစ်၍နှင်းဆီအဖြူအားလှပစွာစည်းနှောင်ထားသောပန်းစည်းအားယူ၍တံခါးမရှိဓားမရှိဝင်ထွက်နိုင်သောဧည့်ခန်းထဲသို့Taehyungဝင်လာခဲ့လေသည်။ တိတ်ဆိတ်နေသောစံအိမ်၏အခြေအနေအရJeonတို့သားအဖပြန်မရောက်သေးဘူးဆိုတာတပ်အပ်သိလိုက်ရသည်။ မျက်လုံးများဝေ့ဝိုက်ကြည့်တာတနေရာအရောက်..
"ဘာဖြစ်တာလဲ"
"ဟို ဟို သ သခင်မကြီး လှေကားပေါ်ကချော်ကျတာပါ"
တုန်တုန်ရီရီနှင့်ထွက်လာသောအိမ်အကူအမျိုးသမီးလေး၏စကားအားတုံ့ပြန်မှုတစ်စုံတစ်ရာမပေးဘဲသွေးများဖြင့်လဲကျနေသောJeonကတော်ကိုသာပွေ့ချီကာဆေးရုံစီသို့။
စိုးရိမ်တကြီးရောက်ချလာသောJeonဥက္ကဌကြီးနှင့်အမျိုးတသိုက်များ။ သူ့အားဒေါသတကြီးကြည့်ကာဝင်သွားသောအမျိုးများကြောင့် မျက်စိမှားသည်ဟုသာသတ်မှတ်လိုက်သည်။ သို့ပေမဲ့သူ့အပေါ်ဒေါသထွက်နေသည်မှာသေချာသောအချက်ကြောင့် 'ငါဘာမှလည်းမလုပ်ပဲနဲ့' ဟူသောအတွေးတချို့ကဝင်လာ၏။
"ဟေး ကောင်လေးမင်ဘယ်လိုလုပ်လိုက်တာလဲဟမ်"
"ရုပ်လေးကသနားကမားနဲ့မထင်ရဘူး ငါတို့မမကြီးကိုဘယ်ထဲကမုန်းနေလဲမှမသိတာ"
သူတို့ပြောတဲ့စကားတွေအားနားမလည်သော်လည်းဘာတဲ့ ရုပ်ကလေးကသနားကမား ဟုတ်လား။
"ခင်ဗျားတို့မျက်စိထဲမှာKoreaရဲ့Top3နေရာမှာရပ်တည်နိုင်တဲ့သူဌေးတစ်ယောက်ရဲ့မျက်နှာက သနားစရာကောင်းနေတာလား"
အေးစက်စွာပြောလာသောစကားများကြောင့်ထိုလူများဟာတရှုးရှုးဖြင့်။
"သူခိုးကများလူပြန်ဟစ်လို့ ငါတို့မမကြီးကိုဒီလိုဖြစ်အောင်လုပ်ထားပြီးတော့မင်းကပဲပြောရတယ်ရှိသေး"
"ဘယ်လို.."
"အခုမှမသိချင်ယောင်လာဆောင်မနေနဲ့ မင်းငါတို့မမကြီးကိုလှေကားပေါ်ကတွန်းချတာစံအိမ်ရဲ့အိမ်အကူကောင်မလေးကမြင်လိုက်တယ်တဲ့"
Wtf? ဘာစကားလဲ ငါမှဆေးရုံပို့မပေးရင်သွေးထွက်လွန်ပြီးသေတော့မဲ့ဟာကို၊ တကယ်ဆိုဆေးရုံပို့ပေးလို့ကျေးဇူးတောင်တင်သင့်တာကို shit! စိတ်ရှုတ်စရာတွေ။
"Daddy" အလောတကြီးရောက်လာသောခေါ်သံနှင့်အတူ..
"သားငယ် ဒီကောင်လေးလေသားအမေကိုလှေကားပေါ်ကတွန်းချလိုက်တာ"
Jeonကသူ့အားလည်ပြန်လှည့်ကြည့်လာလေသည်။ နေပါဦး! ဒီဇာတ်ဝင်ခန်းကိုKdrama တွေမှာမြင်ဖူးနေကျပါ၊ ငါ့ကိုJeonကအထင်လွဲသွားမှာလား။ သို့ပေမဲ့Taehyungထင်မြင်ချက်နှင့်ကွဲလွဲစွာ။
"အရင်ဆုံးOmmaနိုးလာတာကိုစောင့်ကြည့်သင့်တယ်"
စံအိမ်ရဲ့အမွေဆက်ခံသူကတောင်ပြောလာမှတော့သူတို့ဘာတက်နိုင်တော့မလဲ။
စံအိမ်ရဲ့ဧည့်ခန်းထဲတွင်ဖြစ်သည်။ ခြေချော်ကျပါသည်ဟုပြောခဲ့သောအိမ်အကူအမျိုးသမီးလေးက Taehyungသည်Jeonသခင်မကြီးအားလှေကားပေါ်မှတွန်းချတာမြင်လိုက်ပါသည်ဟုစွပ်စွဲနေခြင်း။
"လှေကားထိပ်မှာတပ်ထားတဲ့CCTVကအလကားမှမဟုတ်တာပြန်စစ်ကြည့်ပေါ့"
ထိုစကားကြောင့်ထိုအိမ်အကူမလေးမှာ မလုံမလဲဖြစ်သွားဟန်။ ထိုသည်ကိုမမြင်လိုက်ရသောအမျိုးများဟာတော့...
"မင်းကဘယ်ကိုလာပြီးအမိန့်ပေးနေရတာလဲ၊ မင်းကိုမင်းဘာမှန်းသိရဲ့..."
"Kim Taehyungကိုရိုင်းစိုင်းစွာပြောဆိုဆက်ဆံခွင့်မရှိဘူး!"
အမျိုးများ၏စကားပင်မဆုံးသေး ဒေါသတကြီးထွက်လာသောစကားများကြောင့်ထိစကားဝိုင်းဟာတိတ်ဆိတ်လျက်။ ထို့နောက်CCTV မှတ်တမ်းအားပြန်လည်ကြည့်မိချိန်တွင်တော့ Taehyungအားစွပ်စွဲသည့်အိမ်အကူမလေးကပင် Jeonကတော်အားလှေကားပေါ်မှချော်ကျရန်စီစဥ်ထားခြင်း။ အဖြစ်မှန်အားသိသွားကြ၍အမျိုးများ၏ဒေါသဟာထိုအိမ်အကူမလေးထံပုံချလျက်။ Taehyungကိုတော့တောင်းပန်ခြင်းအလျင်းမရှိ။
"Kim ကိုယ်တောင်းပန်ပါတယ်နော် သူတို့ကစကားပြောရင်ရှေ့မကြည့်နောက်မကြည့်နဲ့"
"Jeonအမှားမှမဟုတ်တာ Jeonက ကျွန်တော့်ဘက်မှာတောင်ရှိနေပေးတာကို။ တကယ်တော့လေ ကျွန်တော့်ကိုJeonမယုံဘူးထင်နေတာ"
"Kimရယ် ကိုယ်ကKimကိုမယုံစရာလား ဘာလဲဇာတ်ကားတွေထဲကလိုမယုံဘူးထင်သွားတာဟုတ်တယ်မလား"
"အင်း" Taehyung ရှက်ဝဲဝဲနှင့်ခေါင်းညိမ့်ပြတော့ Jeonကအော်ရယ်လေသည်။ ယုန်သွားလေးနှစ်ချောင်းပေါ်အောင်အူလိုက်သည်းလိုက်ရယ်မောနေသောJeonအားကြည့်၍Taehyung လည်းပြုံးမိသည်။ ထို့နောက်...
"Jeon"
"ဗျာ"
"ချစ်တယ် ကျွန်တော်Jeonကို ချစ်တယ်"
"ကိုယ်ကလည်းကိုယ့်ရဲ့Kim ကိုသိပ်ချစ်ပါသတဲ့"
အချစ်ငှက်များ၏ချစ်ခြင်းသီကျူးမှုအားနေရောင်ခြည်များကသာယာစွာဖြင့်ကြည့်ရှုနေခဲ့ပါသည်ဆိုလျှင်...။
The End...
~~~~~~~
နောက်ဆုံးတော့Kim' Jeonလေးဟာပြီးဆုံးသွားခဲ့ပါပြီ။ ပထမဆုံးအနေနဲ့တောင်းပန်ချင်တာပါ။ Updatedမမှန်တဲ့Ficလေးကိုသဘောကျပေးကြတဲ့အတွက် ဗန်တီကတကယ့်ကိုစိတ်ရင်းနဲ့ကျေးဇူးတင်သလိုအားလည်းအားနာမိပါတယ်။ နောက်ပြီးKimနဲ့Jeonရဲ့ချစ်ခြင်းကိုသေချာမဖော်ပြမိခြင်းကိုတော့ဗန်တီ့ရဲ့အားနည်းချက်လို့ပဲပြောချင်ပါတယ်။ နောက်ပိုင်းမှာFicတွေရေးသွားဖို့မရှိပဲ one shotလေးတွေ shot storyလေးတွေတော့ရေးဖို့ရှိပါတယ်။ Ficအရှည်အတွက်ဗန်တီတကယ်အဆင်သင့်မဖြစ်သေးဘူးလို့ထင်မှတ်မိလို့ပါ။ နောက်ဆုံးအနေနဲ့အပိုင်းတိုင်းကိုVoteတွေပေးခဲ့ကြတဲ့စာဖတ်သူလေးတွေရော၊  Sliendဖတ်ပေးကြတဲ့စာဖတ်သူလေးတွေကိုရော၊ Fbလေးတွေဝင်ရေးပေးကြတဲ့လူအနည်းစုလေးကိုရောဗန်တီကတကယ့်ကိုစိတ်ရင်းနဲ့ကျေးဇူးတင်ကြောင်းပါ။ အားလုံးချစ်ပါတယ် Extraတွေမှထပ်တွေ့ကြမယ်။
ဒါကတော့Ficနဲ့မသက်ဆိုင်တဲ့အကြောင်းအရာပါ။ Clickပေးကြပါ၊ ဒီနေ့ဖြစ်သွားတဲ့သတင်းကိုအားလုံးကြားမိမှာပါ၊ တစ်ရက်ထဲစိတ်မကောင်းနေရုံနဲ့ဘာမှဖြစ်မလာပါဘူး။ နာကြည်းစိတ်နဲ့ပိုပြီးClickပေးကြပါလို့ပဲတိုက်တွန်းချင်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။
Zawgyi