(Completed) ဆရာဖြစ်ရတာမလွယ်ဘူ...

By Xiao_Yiii

692K 120K 3.4K

Title - It is not easy being a master Author - Jin Xi Gu Nian / Eng translator - Xi Xi Burmese translation p... More

Description
Chapter(1) - နိုးထခြင်း
Chapter(2) - တောင်စွန်းပေါ်တွင်
Chapter(3) - Double Return
Chapter(4) - ဖဲႀကိဳး
Chapter(5) - ပြဇာတ်
Chapter(6) - ဖြူကောင်လေး
Chapter(7) - Hidden Edge
Chapter(8) - မြက်ညွှန့်လေး
Chapter(9) - မျက်ရည်စက်သဏ္ဍာန်မှဲ့
Chapter(10) - စိတ်မကောင်းပါဘူး
Chapter(11) - ဓား
Chapter(12) - ကြွက်သားနာကျင်ခြင်း
Chapter(13) - မြန်မြန်လေး
Chapter(14) - ဖျားနာခြင်း
Chapter(15) - နှလုံးရောဂါ
Chapter(16) - အဆင့်တက်ခြင်း
Chapter(17) - လက်ချင်းတွဲဆက်
Chapter(18) - ရွေးချယ်မှု
Chapter(19) - အထီးကျန်,မှောင်မိုက်သောည
Chapter(20) - ဆွေ့ရှန်း
Chapter(21) - နောက်တစ်ဖန်ပြန်နိုးလာခြင်း
Chapter(22) - အပြစ်ရှိစိတ်များပြည့်နှက်နေသည်
Chapter(23) - စိုးရိမ်ဖွယ်ရာအသွင်ကူးပြောင်းသွားခြင်း
Chapter(24-1) - အမှန်တရား
Chapter(24-2) - အမှန်တရား
Chapter(25) - စည်းနှောင်စာချုပ်ချုပ်ခြင်း
Chapter(26) - Dress In White
Chapter(27 - 1) - အတူတကွခရီးသွားခြင်း
Chapter(27 - 2) - အတူတကွခရီးသွားခြင်း
Chapter(27 - 3) - အတူတကွခရီးသွားခြင်း
Chapter(27 - 4) - အတူတကွခရီးသွားခြင်း
Chapter(28) - အသံကျင့်ကြံသူ
Chapter(29-1) - စာအုပ်
Chapter(29-2) - စာအုပ္
Chapter(30) - စားဖိုဆောင်တစ္စေ
Chapter(31) - အားလျှန်
Chapter(32-1) - ခေါင်းအုံးမျှအိပ်ခြင်း
Chapter(32-2) - ခေါင်းအုံးမျှအိပ်ခြင်း
Chapter(33) - လျိုဝှက်နယ်မြေ
Chapter(34-1) - ဝိညာဉ်လေးများ
Chapter(34-2) - ဝိညာဥ်​လေးများ
Chapter(35-1) - အမှန်တရားနဲ့ ထင်ယောင်မှားမှု
Chapter(35-2) - အမှန်တရားနဲ့ ထင်ယောင်မှားမှု
Chapter(36-1) - မျှခြေ
Chapter(36-2) - မျှခြေ
Chapter(37-1) - ကျွန်တော်ရှိတယ်
Chapter(37-2) - ကျွန်တော်ရှိတယ်
Chapter(38-1) - ငါးရိုး
Chapter(38-2) - ငါးရိုး
Chapter(39 - 1) - ပုံရိပ်ယောင်
Chapter(39-2) - ပုံရိပ်ယောင်
Chapter(40-1) - ယွီယွီ
Chapter(40-2) - ယွီယွီ
Chapter(41-1) - ပြန်လာခြင်း
Chapter(41-2) - ပြန်လာခြင်း
Chapter(42-1) - မူးရစ်ခြင်း
Chapter(42-2) - မူးရစ်ခြင်း
Chapter(43) - ခေါင်းစဉ်မရှိ
Chapter(44 - 1) - ​ယောင်ကျိုး
Chapter(44 - 2) - ယောင်ကျိုး
Chapter(45) - ​ထောင်ဟွား
Chapter(46) - ရှေးဟောင်းနှောင်းဖြစ်များ
Chapter(46-2) - ရှေးဟောင်းနှောင်းဖြစ်များ
Chapter(47 - 1) - ပြဿနာရှာခြင်း
Chapter(47-2) - ပြဿနာရှာခြင်း
Chapter(48-1) - သံချေးတက်နေသည့် သော့
Chapter(48-2) - သံချေးတက်နေသည့် သော့
Chapter(49) - မက္ခရုငှက်လေး
Chapter(50-1) - ဘီလူး
Chapter(50-2) - ဘီလူး
Chapter(50-3) - ဘီလူး
Chapter(51-1) - ကိစ္စအသစ်
Chapter(51-2) - ကိစ္စအသစ်
Chapter(52-1) - အရမ်းရှုပ်ထွေးလွန်းတယ်
Chapter(52-2) - အလွန်ရှုပ်ထွေးလွန်းတယ်
Chapter(53-1) - မျက်နှာမရှိ
Chapter(53-2) - မျက်နှာမရှိ
Chapter(54-1) - ရုပ်သေး
Chapter(54-2) - ရုပ်သေး
Chapter(55-1) - ကန့်သတ်ချက်များ
Chapter(55-2) - ကန့်သတ်ချက်များ
Chapter(56) - လျှို့ဝှက်ချက်
Chapter(57) - ကံကြမ္မာဟောစာတမ်း
Chapter(58) - ရှေ့ပြေးဖြစ်ရပ်များ
Chapter(59) - အတိတ်
Chapter(60) - ရှေ့ကိုဆက်သွား
Chapter(61-1) - ပြင်းထန်တဲ့တိုက်ပွဲ
Chapter(61-2) - ပြင်းထန်တဲ့တိုက်ပွဲ
Chapter(62) - အလယ္
Chapter(63-1) - ဓား၏အကြွင်းအကျန်
Chapter(63-2) - ဓား၏အကြွင်းအကျန်
Chapter(64) - အပြန်
Chapter(65) - ဝိညာဉ်အိမ်မက်
Chapter(66-1) - အဝတ်အစားတွေချွတ်
Chapter(66-2) - အဝတ်အစားချွတ်ခြင်း
Chapter(67) - အတိုချုံး
Chapter(68-1) - ရှာဖွေခြင်း
Chapter(68-2) - ရှာဖွေခြင်း
Chapter(69) - ကျေနပ်အားရခြင်း
Chapter(70-1) - Seventy
Chapter(70-2) - Seventy
Chapter(71-1) - ဂိုဏ်းချုပ်
Chapter(71-2) - ဂိုဏ်းချုပ်
Chapter(72) - ပြန်လည်ပေါင်းစည်းမှု
Chapter(73) - ကြောင်ပေါက်လေး
Chapter(74-1) - ကျောက်တုံးနံရံ
Chapter(74-2) - ကျောက်တုံးနံရံ
Chapter(75) - မျက်ရည်နတ်ဆိုး
Chapter(76-1) - Seventy-Six
Chapter(76-2) - Seventy-Six
Chapter(77) - အမြွှာ
Chapter(78-1) - ဓားကိုချိုးသည်
Chapter(78-2) - ဓားကိုချိုးသည်
Extra (1) - ဆောင်းဦးပေါက်ပွဲတော်
Extra (2) - အမွှေးလုံး(1)
Extra (3) - အမွှေးလုံး(1)
Extra (4) - ချင်း ယွမ်
Thank You

Chapter(79) - နှစ်တိုင်း နှစ်တိုင်း

4.9K 583 9
By Xiao_Yiii

Unicode

အခန်း(၇၉) - နှစ်တိုင်း နှစ်တိုင်း

စွန့်ပစ်မြေကို ရှန်ကျစ်ရှန်းရောက်တဲ့ အရေအတွက်က တော်တော်လေး နည်းပါးသည်။

အစတုန်းကတော့ ရန်ကျင်းက သူ့ကို စွန့်ပစ်မြေထဲက နတ်ဆိုးမိစ္ဆာများကြောင့် မလာစေချင်ခဲ့တာပင်။ ထို့ကြောင့် ရန်ကျင်းကသာ ချင်းယွင်ဂိုဏ်းကို အမြဲတမ်း အရင် လာခဲ့သည်။ နောက်ပိုင်းမှာတော့ ရန်ကျင်းက စွန့်ပစ်မြေကို လုံးလုံးလျားလျား သိမ်းပိုက်နိုင်ခဲ့ပြီး ရှန်ကျစ်ရှန်းကို အကြိမ်အနည်းငယ်လောက် လာရောက် လည်ပတ်ခွင့် ပြုခဲ့ပေမယ့် နေထိုင်ဖို့ အချိန်က အလွန်တိုတောင်းခဲ့ပြန်၏။

နောက်ဆုံးတစ်ခေါက် စွန့်ပစ်မြေကို ရှန်ကျစ်ရှန်း ရောက်ခဲ့တာ နှစ်ဝက်လောက် ကြာမြင့်နေခဲ့ပြီဖြစ်သည်။ ထိုအချိန်တုန်းက စွန့်ပစ်မြေအပေါ် သူ့အမြင်က အကန့်အသတ်မဲ့သည့် အမှောင်ထုမြေ ဖြစ်နေဆဲပင်။

သို့ပေမယ့် ဒီတစ်ခေါက် သူ မျက်လုံး ဖွင့်လိုက်တဲ့ အချိန်မှာတော့ အံ့အားသင့်သွားရ၏။

သူ့ကို ခေါ်လာတဲ့သူက ပျောက်သွားပြီ ဖြစ်ပြီး ရှန်ကျစ်ရှန်းက တစ်ယောက်တည်း မတ်တပ်ရပ်နေခဲ့သည်။ သူမျက်လုံး ဖွင့်လိုက်တဲ့အချိန်မှာတော့ အဆုံးမရှိသည့် မရေမတွက်နိုင်သော ကြယ်ပွင့်လေးများက ညကောင်းကင်ယံမှာ တစ်လက်လက် တောက်ပနေလေသည်။ လေပြေက ညှင်းညှင်းလေး တိုက်ခတ်နေပြီး သာယာလှပသော ကြယ်စင်တန်း မြင်ကွင်းတစ်ခုကို ဖန်တီးနေသည်။

ရှန်ကျစ်ရှန်းက ဗလာဖြစ်စွာဖြင့် ခဏလောက်ငေးစိုက်ကြည့်နေပြီးမှ သူ့နှုတ်ခမ်းများက နူးညံ့တဲ့အပြုံးတစ်ခုအဖြစ် ကော့ညွှတ်တက်လာရသည်။

လေပြေက တစ်စုံတစ်ခုအား သူ့ပါးပြင်ထံ ပွတ်တိုက်သွားစေသည်။ ရှန်ကျစ်ရှန်းက လက်မြှောက်ကာ ထိုအရာကို ဆွဲဖယ်လိုက်သည်။ နူးညံ့ကာ မွှေးကြိုင်လှတဲ့ ပွင့်ဖတ်လေး တစ်ခုက သူ့လက်ချောင်းများကြားထဲသို့ ရောက်လာခဲ့သည်။ တစ်ဖက်သို့ အကြည့်ရွှေ့လိုက်သည့် အခါမှာတော့ မြင့်မားလှသည့် မက်မွန်ပင်ကြီး တစ်ပင်အား မြင်လိုက်ရ၏။

ထိုမက်မွန်ပင်က လျှို့ဝှက်မြေထဲမှာ ရန်ကျင်းကို ရှန်ကျစ်ရှန်း ပေးခဲ့သော မက်မွန်ကိုင်းနှင့် ဆင်တူလှပေသည်။ ရန်ကျင်းက ၎င်းကို ဒီမှာ စိုက်ခဲ့ပြီး ရှောင်းချောင်ယက ကြီးထွားလာစေတာ ဖြစ်လိမ့်မည်။ ထိုအချိန်ခဏလေးမှာ မက်မွန်ပင်ပေါ်တွင် ပန်းများ ပွင့်ဖူးနေပြီး အကိုင်းအခက်များက ယိမ်းနွဲ့နေကာ လူအများ၏ အမြင်အာရုံကို ဆွဲဆောင်နေသည်။

သစ်ကိုင်းတစ်ခုပေါ်မှာတော့ ဒန်းတစ်ခု တွဲချည်ထားပြီး ပန်းပွင့်လေးများရဲ့ လှုပ်ရှားမှုတိုင်း လိုက်ပါနေလေသည်။

ထိုဒန်းက အလွန့်ကိုသာမာန် မဟုတ်ပုံပေါ်နေသည်။ ရှည်လျားလှတဲ့ ကြိုးနှစ်ချောင်းကို ထိုင်လို့ရအောင် လုပ်ထားပြီး ၎င်းက သစ်သားလည်း မဟုတ်သလို ကျောက်စမ်းလည်း မဟုတ်ပေ။ ၎င်းက ဖြူဖွေးပြီး ကြည့်ရတာ နူးညံ့လွန်းလို့......တိမ်တိုက်လေး တစ်ခုလိုပဲ

ရှန်ကျစ်ရှန်းက အနားလျှောက်သွားပြီး ဖြစ်ညှစ်ကြည့်လိုက်သည်။ ၎င်းကအမှန်ကို နူးညံ့လှ၏။ သူ့မျက်လုံးများက တောက်ပသွားပြီး ဒီဒန်းက ထိုင်ရင် အရမ်းကို သက်တောင့်သက်သာ ရှိလိမ့်မယ်ဟု ခံစားလိုက်ရသည်။ သူက နူးညံ့သည့် ခုံနေရာမှာ ထိုင်ချလိုက်ပြီး ခဏလောက် လွှဲနေမိသည်။ သို့ပေမယ့်လည်း တစ်ယောက်တည်း စီးရတာမို့ အမြန်အဆန်ပင် ပျင်းရိလာသည်သာ။

ရန်ကျင်း, အဲ့ဒီ ဝက်ခြေထောက်ကောင်ကြီးက သူ့ကိုခေါ်လာပြီးတာနဲ့ ထပ်ပျောက်သွားပြန်ပြီ

ရန်ကျစ်ရှန်းသည် ဒန်းအား မခွဲချင်ခွဲချင်ဖြင့် ထားခဲ့လိုက်ရပြီး စာချုပ်ထဲက လမ်းညွှန်မှုအတိုင်း ဆက်လျှောက်လာလိုက်သည်။

ကောင်းကင်ပေါ်က ကြယ်စုဝေးများက သူ့ရှေ့က လမ်းကြောင်းကို ထိန်လင်းနေစေသည်။ လမ်းလျှောက်နေရင်းဖြင့် ရင်းနှီးနေသည့် မြင်ကွင်းတစ်ခုက ရှေ့မှာ ပေါ်လာ၏။ ထိုနေရာက ရန်ကျင်းရဲ့ မှတ်ဉာဏ်ထဲမှာ သူမြင်ဖူးသော နေရာတစ်ခုနှင့် ဆင်တူနေသည်။

ထိုနေရာက သူတို့ရဲ့ အတိတ်ဘဝမှာ ရန်ကျင်းက သူ့အတွက် ဝိညာဉ်ဖြည့်ဆည်းပေးခဲ့တဲ့ နေရာပဲ

တစ်ခုတည်းသော ခြားနားချက်က အတိတ်ဘဝမှာ ရန်ကျင်းက ထိုအိမ်ကို ရှုခင်းလှတဲ့ နေရာမှာ ဆောက်လုပ်ခဲ့တာဖြစ်ပြီး ဒီဘဝမှာတော့ စွန့်ပစ်မြေမှာ ဆောက်ထားခဲ့တာပဲ

ရှန်ကျစ်ရှန်း၏ ခြေလှမ်းများ နှေးကွေးသွားလေသည်။

အိမ်ရှေ့မှာ နေရာအကျယ်ကြီး တစ်ခု ရှိနေသည်။ အခင်းအကျင်း ပုံစံက ချင်းယွင်ဂိုဏ်းက ပဉ္စမတောင်ထွတ်နှင့် ဆင်တူလှသည်။ အထဲမှာ မဏ္ဍပ် အသေးစားလေး တစ်ခုနဲ့ အောက်ဘက်မှာတော့ ကျောက်စိမ်းစားပွဲ တစ်ခု ရှီနေကာ နွေးထွေးသော ကျောက်စိမ်းကုတင် တစ်လုံးကိုလည်း ရှန်ကျစ်ရှန်းရဲ့ အကြိုက်အတိုင်း စီစဉ်ထားသေးသည်။

အိမ်တံခါးက တစ်ဝက်ပွင့်ဟနေသည်။ ရန်ကျင်းက တံခါးဝမှာ မတ်တပ်ရပ်နေပြီး သူ့ကိုယ်ဟန်အနေအထားက ဖြောင့်မတ်ကာ ခိုင်မြဲနေသည်, သူ့မျက်နှာကတော့.......ပုံမှန်အတိုင်း မျက်နှာသေနဲ့ပဲ

သို့ပေမယ့် ရှန်ကျစ်ရှန်းက သူ့ကို မြင်တဲ့အချိန်မှာ တစ်ချိန်က သူဖတ်ဖူးခဲ့တဲ့ စာအုပ်တစ်အုပ်ထဲမှာ ဖော်ပြထားခဲ့တဲ့ မြင်ကွင်းတစ်ခုကို အနည်းငယ် အမှတ်ရသွားမိတယ်လေ။

ရန်ကျင်းရဲ့ ပုံစံက သူ့ရဲ့ ဇနီးငယ်လေး ပြန်လာတာကို စောင့်နေတဲ့ ခင်ပွန်းသည် တစ်ယောက်လိုပဲ

ရှန်ကျစ်ရှန်းက သူ့ဆီကို အပြုံးလေးဖြင့် လျှောက်သွားလိုက်သည်။ ခြေလှမ်း နှစ်လှမ်းလောက် လှမ်းပြီးတဲ့အချိန်မှာတော့ ရန်ကျင်းရဲ့ အင်္ကျီလက်စမှာ သွေးအနည်းငယ် စွန်းထင်းနေသည်ကို မြင်လိုက်ရ၏။ သူက ခပ်ဖျော့ဖျော့လေး ပြုံးလိုက်ကာ

"ဒဏ်ရာကို အခုထိ မကုရသေးဘူးလား?"

၎င်းက ထွင်းထုသည့် ဓားကြောင့် ဖြစ်ခဲ့မှန်း သိနေတာကြောင့် ရှန်ကျစ်ရှန်းက သူ့ကို အိမ်ထဲ ဝင်စေချင်နေသည်။ ထိုမှသာ သူကြည့်ပေးလို့ ရမှာလေ။

အနီးသို့ရောက်သောအခါ အိမ်ထောင့်တစ်နေရာမှ အသံတိုးတိုးလေး ကြားလိုက်ရသည်။

အိမ်ရဲ့ ဘေးတစ်ဖက်ကနေ လက် ဖောင်းဖောင်းလေး တစ်ခုထွက်လာပြီး နောက်ကနေ ပျော့ပျောင်းသည့် နားရွက်ရှည်ကြီးများ ပါဝင်နေသည့် ခေါင်းလုံးလုံးလေးက အတူလိုက်ပါလာကာ ကြီးမားနက်မှောင်နေသည့် မျက်လုံးဝိုင်းကြီးများက ရှန်ကျစ်ရှန်းအား ဂရုတစိုက်ဖြင့် မဝံ့မရဲလေး ကြည့်နေ၏

ရှန်ကျစ်ရှန်းက ထို အနည်းငယ် တုန်ယင်နေသည့် နားရွက်များကို ကြည့်လိုက်ပြီး အံ့အားတစ်သင့် ဖြစ်သွားမိသည်။

"ဒါက ဘာလေးလဲ?"

သူက ထိုအမွှေးရှည်လေးအား လက်ယပ်ခေါ်လိုက်သည်။ အမွှေးရှည်လေးက အနည်းငယ် တုံ့ဆိုင်းပြီးနောက်မှာ ပြေးလာလေသည်။

၎င်းက အမွှေးထူထူဖြင့် ဝံပုလွေပေါက်လေး တစ်ကောင်ပင်။

ရှန်ကျစ်ရှန်းက ရန်ကျင်းရဲ့ လက်မောင်းကို ကိုင်ထားရာမှ လွှတ်လိုက်ပြီး ခါးကိုကိုင်းကာ ထို အမွှေးလုံးလေးအား လှမ်းဖမ်းဆွဲ၍ ဖက်လိုက်သည်။

"အာ, အကောင်ပေါက်လေး"

ရန်ကျင်းက ထိုအကောင်ပေါက်လေးအား မြင်သောအခါ အေးခဲသွားမိလေသည်။ သူက ၎င်းအား အေးစက်စွာ စိုက်ကြည့်လိုက်တာကြောင့် မမျှော်လင့်ထားစွာပင် ထိုအရာလေးကို ကြောက်လန့်မိသွားစေပြီး ရှန်ကျစ်ရှန်းရဲ့ လက်မောင်းကြားထဲ ပိုမိုတိုးဝင်အောင် လုပ်မိသွားသည်။

အကောင်ပေါက်လေးရဲ့ ဝိညာဉ်စွမ်းအားက အလွန်သန့်စင်နေတာကြောင့် သူ့မူလက သိပ်ပြီး မရိုးရှင်းဘူးဆိုတာကို ညွှန်ပြနေသည်။ ၎င်းက အလွန်သေးငယ်ပြီး ရှည်လျားနူးညံ့သည့် အမွှေးလေးများရှိသည်။ သူ့ရဲ့ ခပ်တိုးတိုး အော်သံလေးသည်ပင် အလွန် နို့သံပေါက်နေသေး၏။

ရှန်ကျစ်ရှန်းက အမွှေးထူသည့် သတ္တဝါလေးများကို အလွန်နှစ်ခြိုက်သည်။ အကောင်ပေါက်လေးဆီက အော်သံ တိုးတိုးဖြင့် ငိုသံလေး ထွက်လာသည်ကို ကြားသောအခါ အကောင်လေးအား ခပ်ဖွဖွ ပွတ်ပေးလိုက်လေသည်။ အဆုံးမှာတော့ သူက အကောင်လေးကို မြေပြင်ပေါ် ပြန်ချပေးပြီး မတ်တပ်ပြန်ရပ်လိုက်ကာ ရန်ကျင်းကို အိမ်ထဲ နောက်တစ်ဖန် ပြန်ခေါ်သွားဖို့ ကြိုးစားလိုက်သည်။ သူက အပြုံးမျက်နှာလေးဖြင့် ပြောလိုက်သေးသည်။

"မင်းက ဝံပုလွေပေါက်လေးကိုတောင် တိတ်တိတ်လေး မွေးထားတာပဲ"

ရန်ကျင်းက နှုတ်ခမ်းကို တင်းတင်းစေ့၍ တည်ငြိမ်စွာ ပြန်ဖြေသည်။

"ကျွန်တော် မွေးထားတာ မဟုတ်ဘူး။ ယုန်သားရဲက ကောက်လာတာ"

သေချာပေါက် ရန်ကျင်းက စွန့်ပစ်မြေထဲက နတ်ဆိုးတွေ မကောင်းဆိုးဝါးတွေကို ကိုယ်တိုင်ကိုယ်ကျ နေ့စဉ်ပုံမှန် စီမံခန့်ခွဲဖို့ အလုပ်ရှုပ် မခံဘူးလေ။ အများအားဖြင့်တော့ သူ့ရဲ့ အမိန့်အမျိုးမျိုးကို ယုန်နတ်ဆိုးက ထမ်းဆောင်တာများတယ်

ယုန်နတ်ဆိုးက အားနည်းပုံ ပေါ်ပေမယ့်လည်း အရမ်း ဉာဏ်ကောင်းတာ။ ပိုပြီး အားကောင်းတဲ့ ရန်သူတွေ ကြားထဲမှာတောင် ဒီလောက် ကြာမြင့်တဲ့အထိ စွန့်ပစ်မြေထဲမှာ ဘေးကင်းကင်း နေထိုင်နိုင်တယ် ဆိုတာကတင် သူ့ရဲ့ စွမ်းရည်ကို ထင်ဟပ်ပြနိုင်နေပြီ။ ရလဒ်ကတော့ သူက ရန်ကျင်းနဲ့ စွန့်ပစ်မြေထဲက နတ်ဆိုးများအကြားမှာ ဆက်သွယ်မှုတစ်ခု ဖြစ်လာသည်ပဲ။

လှည့်ဖြားတတ်တဲ့ ယုန်နတ်ဆိုးဖြစ်လင့်ကစား သူ့ရဲ့ အားနည်းချက်က ထူးဆန်းတဲ့အရာတွေကို ကောက်ယူတာဖြစ်ပြီး နောက်ပိုင်းမှသာ စွန့်ပစ်ခြင်းပင်။

ဥပမာအားဖြင့် ဒီ ဝံပုလွေပေါက်လေးကို ဘယ်ကမှန်း မသိ ကောက်ယူလာပေမယ့်လည်း ကောင်းကောင်းမွန်မွန် ကြည့်ရှုပေးတာလည်း မဟုတ်ပြန်ဘူး

ဝံပုလွေပေါက်လေးက ရန်ကျင်းရဲ့ နေအိမ်ကို အတော်လေး သဘောကျပုံရသည်။ ကံကောင်းထောက်မစွာနဲ့ သူက ရိုးရိုးသားသားမို့ ရန်ကျင်းကို စိတ်အနှောင့်အယှက် မပေးခဲ့ဘူးလေ။ ဒါကြောင့်လည်း ရန်ကျင်းက မျက်လုံးတစ်ဖက်ဖွင့်ပြီး တစ်ဖက် ပိတ်ပေးထားခဲ့တာ

ဒါပေမဲ့လည်းသူက ရှန်ကျစ်ရှန်းရဲ့ အာရုံကို ဒီလိုနည်းလမ်းနဲ့ သိမ်းပိုက်သွားတော့......

ရန်ကျင်းက ဝံပုလွေပေါက်လေးကို အေးစက်စက် ကြည့်လိုက်ပြီးနောက် ယုန်နတ်ဆိုးနဲ့ စကားပြောဖို့ တိတ်တဆိတ် မှတ်ထားလိုက်ပြီးမှ ရှန်ကျစ်ရှန်းကို သူ့အား အထဲ တွန်းခွင့်ပေးလိုက်သည်။

ဝံပုလွေပေါက်လေးကတော့ နောက်က လိုက်သွားကာ ရှန်ကျစ်ရှန်းနဲ့ သိပ်မဝေးသည့် နေရာတွင် လိမ်လိမ်မာမာလေး ဝပ်နေသည်။

ရှန်ကျစ်ရှန်းက လူအား ကုတင်စွန်းပေါ် တွန်းချလိုက်သည်။ သူက ဝံပုလွေလေးရဲ့ လှုပ်ရှားမှုကို ကြားလိုက်ရတာကြောင့် လှည့်ကြည့်လိုက်၏။

အကောင်ပေါက်လေးက ခေါင်းလေးစောင်းကာ ကြည့်လာသည်။

ရှန်ကျစ်ရှန်းသည်တော့ ထိုပုံစံလေးက အရမ်းကို ချစ်ဖို့ကောင်းတယ်ဟု ခံစားလိုက်ရသည်။ သူက အပြုံးလေး တစ်ပွင့်နဲ့အတူ နူးညံ့တဲ့ စကားလုံး အနည်းငယ်နဲ့ ထပ်မံ မစပဲ မနေနိုင်တော့ပေ။

ထိုသို့ဖြင့် ရန်ကျင်းမှာ ပိုင်ရှင်မဲ့လေး ပြန်ဖြစ်သွားပြန်သည်။ သူ့မျက်နှာက အေးစက်လာရသည်။ နောက်ဆုံးမှာတော့ သူက အံကို ကြိတ်လိုက်ပြီး မတ်တပ်ထရပ်ကာ အမွှေးလုံးလေးကို ကောက်ယူ၍ တံခါးဆီ ခြေလှမ်းအနည်းငယ်ဖြင့် လှမ်းလိုက်သည်။ ထို့နောက် အပြင်ဘက်ကို ချက်ချင်း ပစ်ထုတ်လိုက်ပြီးတံခါးကို ပိတ်ချလိုက်တော့၏။

သူက သော့ပါ ခတ်လိုက်တဲ့အပြင် အဲ့ဒါက မလုံလောက်ဘူးလို့ ခံစားရတာကြောင့် ဝံပုလွေလေးအပြင်...တစ်ခြားသူတွေပါ မဝင်နိုင်အောင် ကန့်သတ်ချက် တစ်ခု ထပ်ထည့်လိုက်သေးသည်

ရှန်ကျစ်ရှန်းကတော့ ရန်ကျင်းတစ်ယောက် အမွှေးလုံးလေးအား ပစ်ထုတ်လိုက်ခြင်းကို တိတ်တဆိတ် မျက်ခုံးပင့်၍သာ ကြည့်နေ၏။

"ဘာလို့ အကောင်ပေါက်လေးကို အနိုင်ကျင့်ရတာလဲ?" ဟုသာ ပြောလိုက်ပြီး ကုတင်ကို ပုတ်ပြကာ ရန်ကျင်းကို လာပြန်ထိုင်ခိုင်းလိုက်သည်။

ရှန်ကျစ်ရှန်းရဲ့ အမူအရာက ပုံမှန်ဖြစ်နေပြီး သူ့အပြုံးက ခါတိုင်းလိုပင် နူးညံ့သိမ်မွေ့နေလေသည်။ တခြားနေ့တွေနဲ့ မခြားနားသလိုပင်။ သို့ပေမယ့် ရန်ကျင်းရဲ့ နှလုံးသားကတော့ မအီမသာဖြစ်နေမိသည်။ အမျိုးအမည် မသိတဲ့ ခံစားချက်တစ်ခုကို ခံစားနေရသည်လေ။

ဒါက သူထင်နေမိတာလားတော့ မသိပေမယ့် ရှန်ကျစ်ရှန်းက နည်းနည်း....စိတ်မချမ်းမသာ ဖြစ်နေသလိုပဲ

သူ့အကြောင်း ရုတ်တရက် ဖော်ထုတ်ပြီး ရှန်ကျစ်ရှန်းကို စွန့်ပစ်မြေဆီ ဆွဲခေါ်လာမိလို့များ မပျော်မရွှင် ဖြစ်နေတာလား?

ရန်ကျင်းက သူ့ရင်ထဲက စိတ်မသက်မသာ ဖြစ်မှုကို လျော့ချလိုက်ပြီး လိမ်လိမ်မာမာ ထိုင်ချလိုက်သည်။ သူက ရှန်ကျစ်ရှန်းအား လေးလေးနက်နက် စိုက်ကြည့်နေကာ သူ့မျက်နှာပေါ်တွင် အမူအယာ သေးသေးလေးပင် မမြင်ရနိုင်။

ရှန်ကျစ်ရှန်းက သူ့ကို လျစ်လျူရှုထားပြီး သူ့ရဲ့ သိုလှောင်အိတ်ကို ထုတ်လိုက်သည်။ ထို့နောက် ဆေးတွေအများကြီး ဆွဲထုတ်လိုက်ပြီးနောက် ရိုးရိုးရှင်းရှင်းနဲ့ ရန်ကျင်းရဲ့ အဝတ်အစားတွေကို ချွတ်လိုက်၏။

ရန်ကျင်းက အလွန်နာခံမှု ရှိနေပြီး ကန့်ကွက်တာမျိုးမရှိပေ။ သူ့ဘက်က စပြီး လက်မြှောက်ပေးလိုက်ကာ ရှန်ကျစ်ရှန်းအား သူ့အင်္ကျီလက်မောင်းစကို ဆွဲချွတ်ခွင့် ပေးထားလိုက်သည်။

အချိန်အနည်းငယ် ကြာသွားပြီ ဖြစ်တာကြောင့် ဒဏ်ရာပေါ်က သွေးများက ခဲနေလေပြီ။ ရှန်ကျစ်ရှန်းက သန့်ရှင်းရေး မန္တာန်တစ်ချို့ ရွတ်လိုက်ပြီး စတင် ကုသပေးတော့သည်။ ဒဏ်ရာက မပြင်းထန်ပေ။ ရန်ကျင်းအတွက်တော့ အသေးအမွှား ဒဏ်ရာမျှသာ။ဆေးလိမ်းလိုက်တာနဲ့ မြန်မြန်သက်သာသွားလိမ့်မည်။

ရှန်ကျစ်ရှန်းက ဆေးပြားကို ချေလိုက်ပြီး ဒဏ်ရာပေါ်သို့ ဂရုတစိုက်ဖြင့် အမှုန့် ဖြူးပေးလိုက်သည်။ ရန်ကျင်းက လှုပ်ရှားချင်သော်လည်း ရှန်ကျစ်ရှန်းက သူ့လက်မောင်းအား ပုတ်လိုက်ကာ တည်တည်ငြိမ်ငြိမ် ပြောလာ၏။

"မလှုပ်နဲ့"

ရန်ကျင်းက မလှုပ်ရဲတော့ပေ။ သူက ခဏလောက် တုံ့ဆိုင်းနေပြီးနောက်မှာ အသံတိုးတိုးဖြင့် မေးလိုက်သည်။

"ဆရာက စိတ်ဆိုးနေတာလား?"

ရှန်ကျစ်ရှန်းက ပြန်မေးသည်။

"ငါက ဘာကို စိတ်ဆိုးရမှာလဲ?"

"ဆရာ့ကို ဘာမှမပြောပဲ ဒီကိုခေါ်လာခဲ့မိလို့ စိတ်ဆိုးနေတာ....."

ရှန်ကျစ်ရှန်းက ကျန်တဲ့ ဆေးများကိုပါ ရန်ကျင်းရဲ့ ဒဏ်ရာပေါ် ပွတ်ပေးလိုက်သည်။ ထို့နောက် ခပ်ဖျော့ဖျော့ ပြုံးကာ ရန်ကျင်းရဲ့ မျက်နှာလေးအား ဝံပုလွေပေါက်လေးကို လုပ်ပေးခဲ့တာနဲ့ တစ်ပုံစံတည်း ပွတ်သပ်ပေးလိုက်၏။

"ငါ စိတ်မဆိုးပါဘူး။ တစ်ဖက်လှည့်လိုက်။ နောက်ကျောရော ထိသွားသေးလား ကြည့်ရအောင်"

ရှန်ကျစ်ရှန်းက 'စိတ်မဆိုးပါဘူး'လို့ပဲ ပြောပေမယ့် ဘယ်နေရာက မှားနေလဲ ဆိုတာ ပြောရခက်တယ်....

ရန်ကျင်းက ထိုအကြောင်းအရာအား တွေးနေရင်းဖြင့် သတိလက်လွတ်ပင် ရှန်ကျစ်ရှန်း စကားအတိုင်း တစ်ဖက်လှည့်ကာ ကြည့်ခွင့်ပေးလိုက်သည်။ ရုတ်တရက် လက်တစ်ဖက်က သူ့နောက်ကျောကို ညင်သာစွာ ပွတ်သပ်လာတဲ့ အချိန်အထိ တုံ့ပြန်မှု မရှိသေးပေ။

"တစ်ခြားဒဏ်ရာ မရှိဘူး...."

ရန်ကျင်းက မသက်မသာနဲ့ နေရာရွှေ့လိုက်မိ၏။သူ လှည့်ကြည့်ချင်သော်လည်း ရှန်ကျစ်ရှန်းက ပြန်ဖိချထားသည်။ သူ့အနေနဲ့ ဆန္ဒကို တွန်းလှန်ထားရုံကလွဲလို့ တစ်ခြားရွေးချယ်စရာ မရှိတော့ပဲ ရှန်ကျစ်ရှန်းအား နှစ်သက်သလိုသာ လုပ်ခွင့်ပေးထားလိုက်ရလေသည်။

မမြင်နိုင်တာကြောင့် ရှန်ကျစ်ရှန်းရဲ့ အထိအတွေ့က ပိုသိသာလာသည်။

ရန်ကျင်းသည်  ရှန်ကျစ်ရှန်း၏လက်ချောင်းများက သူ့နောက်ကျောရှိ လိုင်းများကို ဖြည်းညှင်းစွာခြေရာခံနေသည်အား ရှင်းရှင်းလင်းလင်းခံစားလို့ ရနေသည်။

နှလုံးရောဂါကို ကုသပြီးနောက်မှာ ရှန်ကျစ်ရှန်းက အေးစက်မှု၏ သက်ရောက်မှုကို မခံစားရတော့သော်လည်း သူ့ခန္တာကိုယ် အပူချိန်ကတော့ အတန်အတန် ကျဆင်းနေဆဲ ဖြစ်ပြီး သူ့လက်ချောင်းထိပ်လေးများက အမြဲတစေ အနည်းငယ် အေးနေတတ်သည်။

ဒီအချိန်လေးမှာတော့ ရန်ကျင်းသည် ရှန်ကျစ်ရှန်းရဲ့ လက်ချောင်းထိပ်လေးများက မီးတောက်လောင်နေသလိုမျိုး သူ့အသားအရည်ကို ပူလောင်လာစေကာ သူ့နှဖူးပေါ်မှာ ချွေးသီးများ ထလာစေသည်။

ရန်ကျင်းရဲ့ လည်ချောင်းက လှုပ်ရှားသွားပြီး သူ့အသံက အနည်းငယ် အက်ရှနေ၏။

"ဆွေ့ရှန်း"

"အင်း."

ရှန်ကျစ်ရှန်းက သူ့ကြောင့် တောက်လောင်လာတဲ့ အပူချိန်ကို မသိပုံပေါ်နေပြီး နောင်တတစ်ချို့ဖြင့် ပြောလာသည်

"မင်းကျောပေါ်မှာ အမာရွတ်တွေရှိတယ်။ ငါမင်းကို ဆေးလိမ်းပါလို့ ပြောတာကို မင်းက ငါ့ကို ဓားပြကို ရှောင်သလို ရှောင်နေတာကိုး"

"ကျွန်တော်..."

ရှန်ကျစ်ရှန်းက သူ့ကို ဖြေခွင့်မပေးပေ။ နူးညံ့စွာ ကြားဖြတ်ပြောလိုက်သည်။

"ဒါပေမဲ့ အရမ်းကြိးတော့ နောက်မကျသေးပါဘူး။ ကုလို့ ရသေးတယ်"

ရန်ကျင်းက ဟင့်အင်းလို့ ပြောချင်ပေမယ့်လည်း ပါးစပ်ဖွင့်လိုက်သည့် အချိန်မှာပဲ သူ့ရဲ့ ငြင်းဆန်မှုက ပျောက်သွားရသည်။ နူးညံ့လှတဲ့ နွေးထွေးမှုလေးတစ်ခုက သူ့နောက်ကျောပေါ်က အမာရွတ်များအား ညင်သာစွာ ဖိကပ်လာသည်လေ။ အပူချိန်လေးက ငှက်မွှေးလေးလို ပေါ့ပါးလွန်းလှပြီး သူ့ကို အကြောင်းအရင်း မရှိ တုန်ယင်သွားစေသည်။

ထို့နောက် ချက်ချင်းပင် ထိုနူးညံ့နွေးထွေးသော နှုတ်ခမ်းများက သူ့အမာရွတ်ဟောင်းများတစ်လျှောက် အစုံအဆန် ပြေးလွှားလာ၏။

ရံဖန်ရံခါမှာ စိုစွတ်မှုလေး တစ်ချို့ပင် ရှိလာသည်။

ရန်ကျင်းက လုံးဝကို အေးခဲသွားလေပြီ။

ထို့နောက်မှာတော့ ဆတ်ခနဲ လှည့်လိုက်ပြီး ထိုလူသားလေးအား ကုတင်ပေါ်သို့ အလွယ်တကူ ဖိချလိုက်တော့သည်။

နောက်ဆုံးဘဝတုန်းက ရှန်ကျစ်ရှန်း၏ပြန့်ကျဲနေသောစိတ်ဝိညာဉ်ကို စုစည်းပြီးနောက်၊ သူသည် အလွန်အားနည်းသွားခဲ့သည်။ သေးငယ်သော အဖုအထစ်တစ်ခုပင်လျှင် သူ၏ ဖြူစင်သော အသားအရေပေါ်တွင် ယောင်ယမ်းမှုများ ဖြစ်ပေါ်လာစေလိမ့်မည်။ ရန်ကျင်းက အလွန်စိတ်ပူတာကြောင့် အိမ်တစ်ခုလုံးအား ကူရှင်မျိုးစုံဖြင့် ဖုံးထားခဲ့၏။ အထူးသဖြင့် ကုတင်ပေါ်တွင် ထူထဲသော အလွှာတစ်ခု ရှိနေသည်။

ဒီဘဝမှာလည်း သူက ထိုအကျင့်အတိုင်း ဆက်လက်လုပ်ဆောင်ကာ ပျော့ပျောင်းပြီး ထူထဲတဲ့ ကူရှင်အလွှာကို ကုတင်ပေါ်မှာ ထားထားသည်။ ရှန်ကျစ်ရှန်းတစ်ယောက် ရုတ်တရက် ထွေခနဲ ဖြစ်သွားပြီးတဲ့ အချိန်မှာတော့ သူ့ကိုယ်သူ အလွန်အိစက်လေးလံလွန်းလှတဲ့ ချည်ပုံတစ်ခုပေါ် လဲလျောင်းနေပြီ ဖြစ်ကြောင်း သိလိုက်ရတော့လေသည်။ ရန်ကျင်းက သူ့ကို အင်အား အနည်းငယ်ဖြင့် ဖိချထားကာ ထခွင့် လုံးဝ မပေးပေ။

ရန်ကျင်းရဲ့ မျက်လုံးများက နီရဲလာပြီး အသက်ရှုသံများက လေးလံလာသည်။ ရှန်ကျစ်ရှန်းက သူ့ဆီက နီးနီးကပ်ကပ် ဖိခံထားရတာကြောင့် ထိုသူ၏နိုးကြားမှုကို ချက်ချင်း ခံစားလိုက်ရ၏။

ရှန်ကျစ်ရှန်းက ခပ်ဖွဖွလေး ပြုံးလိုက်ကာ ရန်ကျင်းရဲ့ လည်ပင်းအား လက်တစ်ဖက်ဖြင့် သိုင်းဖက်လိုက်ပြီး ကျန်တစ်ဖက်ဖြင့် ရန်ကျင်းရဲ့ မျက်နှာတစ်လျှောက် ထိတွေ့လိုက်သည်။ သူက အနည်းငယ် ငြင်းဆန်သလိုမျိုး ခပ်တိုးတိုးလေး ပြောလိုက်သည်။

"ငါ အိပ်ချင်နေပြီ"

ရန်ကျင်းရဲ့ ပူပြင်းလှတဲ့ အသက်ရှုသံများနဲ့အတူ ရှန်ကျစ်ရှန်းက ထိုစကားလုံးများကိုသာ အလေးအနက်ဖြင့် ရိုးသားစွာ ထပ်မံ ပြောလာသည်မှာ လုံးဝကို သတိမမူမိသလိုပင်။

"အားကျင်း, ငါတကယ် အိပ်ချင်နေပြီ"

သူက အသံကို တမင်တကာ နူးညံ့ထားပြီး သူ့ရဲ့ ရှည်လျားတဲ့ မျက်တောင်ကော့ကော့ကြီးများက တုန်ယင်နေကာ ပင်ပန်းနွမ်းနယ်မှုအနည်းငယ်ကို ဝေတေဝါးတား ထုတ်ဖော်နေသည်။ ရန်ကျင်းက သူ့ကို စိုက်ကြည့်နေသည်အား မြင်သောအခါ သူက ဖြည်းညှင်းစွာ မျက်တောင်ခတ်လိုက်ပြီး သူ့မျက်လုံးထောင့်စွန်းလေးက ချက်ချင်းပင် ငွေ့ရည်ဖွဲ့ကာ စိုစွတ်တောက်ပသွား၏။

ရန်ကျင်းနဲ့ ဒီလောက် အချိန်အတော်ကြာကြီး အတူရှိနေခဲ့တာ ရန်ကျင်းရဲ့ အားနည်းချက်က ဘယ်မှာရှိနေသလဲ ၊ ဘယ်လိုအမူအရာမျိုးကရန်ကျင်းကို ခုခံနိုင်စွမ်း မဲ့စေနိုင်မလဲ ဆိုတာကို ရှင်းရှင်းလင်းလင်းသိနေတယ်လေ။

ရှန်ကျစ်ရှန်းက သူ့ခေါင်းကို အနည်းငယ်မြှောက်လိုက်ပြီး ရန်ကျင်း၏ နှုတ်ခမ်းအား မြန်မြန်ဆန်ဆန် နမ်းလိုက်သည်။ သူက စောဒက တက်ပြန်သည်။

"ဒီဓားကို ချိုးဖျက်ဖို့ အများကြီး ကြိုးစားခဲ့ရတယ်...။"

ထို့နောက် နူးညံ့စွာဖြင့် တီးတိုး စကားဆက်၏။

"ငါအရမ်း အိပ်ချင်နေပြီ။ ငါတို့ အနားယူကြမလား? ငါမင်းနဲ့ အတူတူ မအိပ်ရတာ အရမ်းကြာနေပြီလေ"

စကားလုံး တစ်လုံးခြင်းဆီတိုင်းက ကြီးမားတဲ့ သွေးဆောင်မှုကြီးပဲ

ဒါပေမဲ့လည်း သွေးဆောင်မှုကို ထုတ်လုပ်ပေးနေတဲ့ ထိုအမျိုးသားကတော့ နူးညံ့ညင်သာစွာနဲ့ နွမ်းနယ်မှု တစ်ချို့ ရောနှောစွာ အပြစ်ကင်းကင်း ပြုံးပြနေတာကြောင့် ရန်ကျင်းကို ဆုတ်ခွာသွားအောင် လုပ်ဆောင်လိုက်နိုင်သည်။

ရန်ကျင်းက အသက်ကို ပြင်းပြင်း ရှုလိုက်ပြီး ခဏလောက် ထိန်းထားလိုက်ပြီးမှ ဖြည်းညှင်းစွာ လွှတ်ပေးလိုက်သည်။

ထို့နောက် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းညိတ်ကာ "ကောင်းပြီ" ဟု တိုးတိုးလေးပြောလာသည်။

ရှန်ကျစ်ရှန်းက မျက်ခုံးပင့်လိုက်ပြီး ထိုသူ့ကို နောက်တစ်ဖန် နမ်းလိုက်ပြီးမှ တွန်းထုတ်လိုက်လေသည်။ ထို့နောက် စောင်အောက်ကို တိုးဝင်သွားပြီး ညင်သာသည့် အပြုံးလေးတစ်ပွင့်ဖြင့် မေးလိုက်သည်။

"အားကျင်းက မလာဘူးလား?"

ရှန်ကျစ်ရှန်းက တကယ်ကို ခွင့်လွှတ်တတ်တဲ့သူတစ်ယောက်ပါ။ သူက အသေးအဖွဲကိစ္စတွေနဲ့ ပတ်သတ်လို့ သိပ်ပြီး စိတ်မပူတတ်ဘူး။

ဒါပေမဲ့လည်း အဲ့ဒါက ရှန်ကျစ်ရှန်းမှာ လျှို့ဝှက်လက်စားချေမှု စာအုပ်ငယ်လေးတစ်အုပ် ရှိမနေဘူးလို့ မဆိုလိုဘူးလေ။

ဒီအချိန်မှာတော့ ထိုစာအုပ်လေးရဲ့ ပထမဆုံး စာမျက်နှာက ပွင့်သွားခဲ့ပြီး အပေါ်မှာ ရန်ကျင်းရဲ့ နာမည်ကို ရေးထားလေပြီ။

နောက်ဆုံးတစ်ခေါက်တုန်းက ရန်ကျင်းက လိုင်းကို ကျော်သွားပြီးမှ မီးကို အပြည့်အဝ မငြိမ်းသက်ပဲ လွတ်မြောက်သွားခဲ့သည်လေ။ ရှန်ကျစ်ရှန်းက သူ့ကို အလွယ်တကူ ထိခွင့်မပေးပဲ လက်စားချေမယ်လို့ တေးထားပြီးသား

နောက်တစ်ခေါက် ဒီလိုမျိုး မဆင်မခြင်နဲ့ မရှုပ်ရဲအောင်လို့ သူ ရန်ကျင်းကို နည်းနည်းနောင်တရစေချင်သည်။ သူက ရန်ကျင်းကို သက်တောင့်သက်သာ ဟန်ဖြင့် ဖက်ထားလိုက်ပြီး  ကျေနပ်လောက်သည့် အနေအထားကို မတွေ့မချင်း သဘာဝကျစွာ ပွတ်သပ်နေသည်။ အဆုံးမှာတော့ သက်တောင့်သက်သာ ရှိလှစွာဖြင့် မျက်လုံးများကို မှိတ်လိုက်တော့၏။

ရှန်ကျစ်ရှန်းက လိမ်နေတာ မဟုတ်ပေ။ တကယ်တော့ လျှို့ဝှက်မြေထဲမှာ ရှိနေတုန်းက သူအရမ်းကို စိတ်တင်းကြပ်နေခဲ့တာဖြစ်သည်။ ဒါ့အပြင် ဒီလို ကြီးကျယ်ခမ်းနားတဲ့ လှုပ်ရှားမှုကိုလည်း လုပ်ခဲ့ရသေးသည်လေ။ နည်းနည်း ပင်ပန်းနေတာတော့ အမှန်ပဲ။ သူက ရန်ကျင်းရဲ့ တောင့်တင်းမှုကို ခံစားရင်းဖြင့် ခဏတာ တိတ်တဆိတ် ဝမ်းသာနေရင်း အဆုံးမှာ အိပ်ပျော်သွားတော့သည်။

ရန်ကျင်း ဘေးမှာ ရှိနေတာကြောင့် ရှန်ကျစ်ရှန်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေသည်။ သူ့အနေနဲ့ ဘာကိုမှ ကာကွယ်ဖို့ မလိုသလို အေးအေးဆေးဆေး အိပ်နေဖို့ပဲ လိုတာ

နိုးလာတဲ့အချိန်မှာတော့ တစ်ခြားကမ္ဘာတစ်ခုကို ရောက်နေသလိုမျိုး ခံစားလိုက်ရပြီး ခဏလောက် မှင်သက်စွာနဲ့ လှည်ပတ် ကြည့်လိုက်မိသည်။

သူ့အတိတ်ဘဝတုန်းက ဗီဇက အရိုးထဲမှာ မြှုပ်နေတာ ဖြစ်နိုင်သည်။ရှန်ကျစ်ရှန်း နိုးလာတဲ့အချိန်မှာ ဗိုက်အောင့်သလို ခံစားရပြီး မသိစိတ်က တိုးတိုးလေး ရေရွတ်မိ၏။

"ပင်ပန်းနေသေးတယ်, ရေပူစမ်းမှာ ရေစိမ်ချင်လိုက်တာ"

ဟိုးအဝေးက အမှတ်တရတချို့မှာ သူနိုးလာတဲ့အချိန် ရေနွေးပူပူထဲမှာ စိမ်ရတာကို သဘောကျခဲ့ပုံရသည်။ သူ့ဝိညာဉ်သည် အပြည့်အဝမကျန်းမာတာကြောင့် အမြဲတမ်း မောပန်းနေတတ်ပြီး အမြဲတမ်း တစ်ချိန်လုံး အိပ်နေရသည့်အတွက် စိတ်ပျက်နေခဲ့မိသည်။ ဒါကြောင့်လည်း ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေရန် ရေချိုးခြင်းကို နှစ်သက်ခဲ့တာပင်။

ထိုစကားကို ပြောပြီးတာနဲ့ ရှန်ကျစ်ရှန်းရဲ့ စိတ်တွေ ကြည်လင်လာပြီး ခေါင်းယမ်းလိုက်လေ၏။ ထို့နောက် ပြုံးပြုံးလေး ပြန်ပြောသည်။

"ပင်ပန်းနေသေးတယ်၊ ခဏလောက် ထပ်အိပ်ရအောင်"

သူ ပြန်အိပ်ဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ ရန်ကျင်းက ပြောလာသည်။

"အနောက်ဘက်မှာ ရေပူစမ်းရှိတယ်။ ရေက တောင်ပေါ်က ကျလာတာဆိုတော့ စွန့်ပစ်မြေရဲ့ ပြင်းထန်တဲ့ ဝိညာဉ်စွမ်းအားတွေ မရှိဘူး။ အကယ်၍ သွားချင်တယ်ဆိုရင် သွားစမ်းကြည့်လို့ ရတယ်လေ"

ရှန်ကျစ်ရှန်းက စိတ်ဝင်စားမှု တစ်ချို့နဲ့ ပြန်ဖြေလာတော့သည်။

"ကောင်းပြီလေ တစ်ချက် ကြည့်တာပေါ့"

......

ရေပူစမ်းသည် အမှန်တကယ်ပင် ဝိညာဉ်စွမ်းအားနှင့် ပြည့်နှက်နေသည်။ ဤမျှဝေးသောတောင်တန်းကြီးကို အားဖြည့်ရန် ရန်ကျင်းမည်မျှကြိုးစားအားထုတ်ခဲ့သည်ကို ရှန်ကျစ်ရှန်း မသိနိုင်။

ရှန်ကျစ်ရှန်းက ဖိနပ်အား ဘေးဘက်သို့ ကန်ထုတ်လိုက်လေသည်။ သူက ရေပူစမ်းဘေးမှာ မတ်တပ်ရပ်လိုက်ပြီး သူ့ခြေဖျားလေးအား ရေထဲထည့်၍ ရေအပူချိန်ကို စမ်းသပ်လိုက်သည်။

ဒါက သူ့အကြိုက် အပူချိန်ပဲ

ရှန်ကျစ်ရှန်းက ဝမ်းသာသွားသည်။ သူက ပျင်းရိနေဖို့အတွက် အဆင်ပြေလွန်းတဲ့ အတွင်းခံအင်္ကျီကိုပဲ ဝတ်ဆင်ထားပြီး အပေါ်ဝတ်မပါပေ။ ထို့နောက် ခါးစည်းကို ဖြည်းညှင်းစွာ ဖြေလျော့လိုက်ကာ ရေပူစမ်းထဲ ဝင်ရန် လုပ်ထားသည့် လှေကားထစ်များအတိုင်း ဆင်းသွားလိုက်သည်။

မကြာခင်မှာပဲ သူ့အဝတ်အစားများ ရေစိုသွားတော့သည်။ အင်္ကျီစက ရေမျက်နှာပြင်ဆီသို့ လွင့်ပျံသွားပြီး သွယ်လျသော ခန္ဓာကိုယ်ကို ဖျတ်ခနဲ ပေါ်လာစေသည်။ ရေထဲကို ဆင်းပြီးနောက်မှာ ရှန်ကျစ်ရှန်းက အနည်းငယ်မြင့်သော ကျောက်စင်္ကြံတစ်ခုကိုတွေ့ရှိပြီး အတော်လေးသက်တောင့်သက်သာရှိစွာထိုင်လိုက်သည်။

"အားကျင်းရော မလာဘူးလား?"

သူက အေးအေးဆေးဆေး မေးလိုက်၏။

ချင်းယွင်ဂိုဏ်းမှာ ရေပူစမ်း သုံးတုန်းကဆိုရင် အကြိမ်အနည်းငယ် ရန်ကျင်းကို အတူတူ စိမ်ဖို့ ခေါ်တတ်ပေမယ့်လည်း ရန်ကျင်းက အမြဲတမ်း ငြင်းဆန်နေခဲ့သည်။ သူက ရန်ကျင်းရဲ့ ငြင်းဆန်မှုနဲ့ အသားကျနေပြီပင်။ ဒီနေ့မှာလည်း သူက ကြုံသလို မေးလိုက်ပြီး ရန်ကျင်းက ခေါင်းခါပြလိမ့်မယ်ဟုသာ ထင်မိခဲ့၏။ မမျှော်လင့်ပဲ ရန်ကျင်းက ရေထဲကို ဆင်းလာပြီး သူ့ဆီ တည့်တည့် ရောက်လာသည်လေ။

မြင့်တက်လာသော ရေငွေ့များကြားမှာ ရန်ကျင်းရဲ့ အကြည်က နားမလည်နိုင်စရာ ကောင်းနေသည်။

ရှန်ကျစ်ရှန်းကတော့ အများကြီး စဉ်းစားမနေပဲ သူ့အတွက် နေရာဖယ်ပေးလိုက်ပြီး ပြောလိုက်သည်။

"အားကျင်း, ငါ့ပုခုံးကို ပွတ်ပေးပါဦး"

ပူပြင်းသော စမ်းရေသည် ဝိညာဉ်ချီများနှင့် ပြည့်နေသည်။ ရန်ကျင်း၏ နှိပ်နယ်ပေးမှုနှင့်အတူ ချီစွမ်းအင်ကြိုးမျှင်များက သူ့အရေပြားတစ်လျှောက် စီးဝင်သွားပြီး သွေးကြောများထဲသို့ စိမ့်ဝင်သွားသည်။ အဲဒါက သူ့ကို ပေါ့ပေါ့ပါးပါးနဲ့ ငိုက်မျဉ်းစေသည်လေ။ ရှန်ကျစ်ရှန်းက ကြောင်အကြီးကြီး တစ်ကောင်လိုမျိုး သူ့ကိုယ်သူ အပြည့်အဝဖြည့်ဆည်းနေသည်။ သူက ထပ်မံ အိပ်ပျော်တော့မလိုမျိုး ရန်ကျင်းရဲ့ ရင်ခွင်ထဲမှာ ပျင်းရိစွာ မှီတွယ်ပြီး အသိုက်လုပ်နေသည်။

သို့ပေမယ့် ရန်ကျင်းရဲ့ လက်များကတော့ မကြာခင်မှာ အစိုးမရတော့။ သူက ရှန်ကျစ်ရှန်းရဲ့ ခါးစည်းကို တိတ်တဆိတ် ဖြည်ထုတ်လိုက်ပြီး ခါးသွယ်သွယ်အား လက်နဲ့ ဖိနှိပ်နေသည်။

ရှန်ကျစ်ရှန်းက ရုတ်တရက် လန့်နိုးသွားရသည်။ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည့် အခါမှာတော့ ရန်ကျင်းရဲ့ မျက်လုံးထဲမှာ တစ်စတစ်စ နက်ရှိုင်းလာသည့် အပူများကို မြင်လိုက်ရ၏။ ကိစ္စတွေက မကောင်းတော့မှန်း ချက်ချင်း နားလည်လိုက်တာကြောင့် ရုန်းထွက်ဖို့ကြိုးစားတော့လေသည်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ရန်ကျင်းက သူ့ကို ခွင့်မပြုတော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီ။ သူက ရှန်ကျစ်ရှန်းကို ညင်သာပေမယ့် ခိုင်မြဲလှစွာဖြင့် ကျောက်တုံးကြီးပေါ် ဖိချလိုက်သည်။

ရှန်ကျစ်ရှန်းက သူ့ကို ဖွဖွလေး တွန်းလိုက်ပေမယ့်လည်း မလှုပ်ရှားသွားပေ။ ရေထဲက သူ့လက်များကတော့ ရှန်ကျစ်ရှန်းရဲ့ ခါးအောက်ပိုင်းဆီ တစ်ဖြည်းဖြည်း ဆင်းသွားနေသည်။ ရှန်ကျစ်ရှန်းကတော့ ကလိထိုးသလို ခံစားနေရသည်။ သူက တစ်ချက်ပြုံးလိုက်ပြီး ဆက်တွန်းနေလေသည်။ နောက်ဆုံးတော့ သူက စကားပြောလိုက်ပြီး သူ့လေသံက ခပ်တိုးတိုးဖြင့် အက်ရှိနေကာ ပျော်ရွှင်မှု အရိပ်အယောင်များ ရောယှက်နေသည်။

"ဆရာ ထွက်မပြေးပါဘူး"

ကောင်ဆိုးလေး

ရှန်ကျစ်ရှန်းရဲ့ စိတ်က တစ်ဖြည်းဖြည်း ဝေဝါးလာသည်။ သူ ရန်ကျင်းကို အသံကျယ်ကျယ်နဲ့ အော်ထုတ်မိလား ဆိုတာတောင် မသိတော့ဘူး

ရေမျက်နှာပြင်သည် သိမ်မွေ့စွာ တုန်ခါနေသည်။ ရှန်ကျစ်ရှန်း၏တစ်ကိုယ်လုံးသည်လည်း သမုဒ္ဒရာထဲက လှေတစ်စင်းလို လွင့်မျောနေပြီး မရပ်မနား လှုပ်လှုပ်ရွရွ ဖြစ်နေသည်။

ပျော်ရွှင်ခြင်းရဲ့ အစွန်းကို ရောက်လာတဲ့အချိန်မှာ ရန်ကျင်းက အရှိန်လျှော့ပစ်လိုက်သည်။ သူက ခေါင်းငုံ့လိုက်ပြီး ရှန်ကျစ်ရှန်းရဲ့ နားသံသီးလေးအား သူ့သွားကြားမှာ ဖွဖွလေး ဖိညှပ်ထားကာ တိုးတိုးလေး ညည်းတွားလိုက်လေသည်။

"ဆရာ ကျွန်တော့်ကို ကတိပေးခဲ့တာကို မှတ်မိသေးလား?"

ရှန်ကျစ်ရှန်းက သူ့ရဲ့ စိုစွတ်နေသည့် မျက်လုံးများကို ဖွင့်လိုက်သည်။ သူ့အကြည့်က သူ့ရှေ့ကလူဆီ ရောက်သွား၏။

သူကတိပေးခဲ့တာကို ဘယ်လိုလုပ် မှတ်မိမှာလဲ? သူအခု ရန်ကျင်းကို မြန်မြန်လေး ဆက်လုပ်ဖို့ပဲ တိုက်တွန်းချင်နေတာ

ဒါပေမဲ့ ရန်ကျင်းက မလှုပ်ရှားဘူး။ သူ့မျက်လုံးထဲမှာလည်း အပြုံးလေးတစ်ခု ခိုတွယ်နေသေးတယ်

"ဆရာက ကျွန်တော့်အတွက် စာအုပ် ဖတ်ပြပေးမယ်လို့ ကတိပေးခဲ့တယ်......"

သူ့စကားများက ရှန်ကျစ်ရှန်းကို မှတ်မိစေခဲ့သည်။ လွန်ခဲ့တဲ့ တစ်ချိန်တုန်းက ရန့်ရှန်က ရန်ကျင်းအတွက် ထောင်ချောက်ဆင်ပေးထားတာကို မသိသေးခင် ပေါ့လျော့လှတဲ့ လူငယ် အုပ်စုနဲ့ ခရီးသွားခဲ့ကြသည်လေ။ ထိုအချိန်တုန်းက ရှန်ကျစ်ရှန်းက သူ့ကို ကတိပေးခဲ့တယ်

အဲ့ဒီအချိန်တုန်းက ရန်ကျင်းက အဲ့ဒီ လူမိုက်တွေရဲ့ ပစ်မှတ်ထားခြင်းကို ခံနေခဲ့ရတာ။ ရှန်ကျစ်ရှန်းက အရမ်းကို စိတ်မကောင်းဖြစ်မိလို့ သူ့ကို ခချာ့မော့ပေးနိုင်မယ့် အရာတစ်ခုကို စဉ်းစားရုံကလွဲလို့ ရွေးချယ်စရာ မရှိခဲ့ဘူး

ရှန်ကျစ်ရှန်းသည် ထိုသို့သော ကိစ္စမျိုး အမှန်တကယ် ရှိခဲ့တယ် ဆိုတာအား မိန်းမောစွာဖြင့် အမှတ်ရသွားမိသည်။ သူက ရန်ကျင်းအား နောင်တအပြည့်ဖြင့် စိုက်ကြည့်မိလေသည်။

ဘာလို့ ရန်ကျင်းက သူ့ကို ဒီအချိန်ကြီး ဖတ်ပြစေချင်ရတာလဲ......?

ဒီ မရိုးသားတဲ့ ကောင်စုတ်လေးကတော့!

အဲ့ဒီစာအုပ်မှာ အချိုကဲတဲ့ စကားလုံးတွေ များလွန်းတယ်။ သာမာန်အခြေအနေမျိုးမှာဆိုရင်တောင် ရန်ကျင်းကို ဖတ်ပြဖို့အတွက် လုံလောက်အောင် ဆိုးဝါးနေပြီ။ ဒါပေမဲ့ ဒီလို အခြေအနေမျိုးမှာဆိုရင် ဒါက မီးထဲ ဆီထပ်ထည့်တာပဲ မဟုတ်ဘူးလား?

ရှန်ကျစ်ရှန်းက ငြင်းဆိုဖို့ပါးစပ် ဖွင့်လိုက်ပေမယ့်လည်း သူ့အသံက ချိုမြိန်တဲ့ ကိတ်မုန့်လေးနဲ့ ကြောင်ပေါက်လေးရဲ့ လက်ဖဝါးလိုမျိုး ပျော့ပျောင်းပြီး နူးညံ့ချိုသာလွန်းနေသည်ကို တွေ့လိုက်ရသည်။ သူ့ရဲ့ ပုံမှန် တည်ငြိမ်မှုတွေ မရှိတော့ဘူး။ သူက အံ့အားတသင့်ဖြင့် တိတ်တဆိတ် ပြန်နေလိုက်ပြီး ခေါင်းသာ ခါပြလိုက်ရသည်

သူ့ရဲ့ နားသံသီးလေးက ရန်ကျင်းရဲ့ သွားကြားမှာ ဖွဖွလေး ဖိကြိတ်ခံနေရတာကြောင့် ခေါင်းကို အရမ်းကြိး ခါမရပေ။ အမှန်တော့ သူ့နားသံသီးကို မကိုက်ထားရင်တောင် သူ့မှာ အင်အား မကျန်တော့ပါဘူး။ ဒီအချိန်မှာတော့ သူ့ကိုယ်သူ ရေပူစမ်းထဲကို ပျော်ဝင်သွားတော့မလိုမျိုး ခံစားနေရတယ်။

ရန်ကျင်းက သူ့နားသံသီးလေးကို လွှတ်ပေးလိုက်ပြီး သူ့နှုတ်ခမ်းကိုသာ ဖွဖွလေး နမ်းလိုက်သည်။ ထို့နောက် အသံတိုးတိုးဖြင့် တီးတိုးပြောသည်။

"ဆွေ့ရှန်းရဲ့ စကားတွေက ယုံကြည်လို့ကို မရဘူး...."

ထို့နောက် ရန်ကျင်းသည် ရှန်ကျစ်ရှန်းအား သူ့ ပုခုံးများကိုသာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားနိုင်စေရန် တမင်တကာ နှိပ်စက်တော့လေသည်။ လှုပ်ရှားမှု ပြုလုပ်လိုက်တိုင်းမှာ သူ့တစ်ကိုယ်လုံး ရူးသွပ်သွားသလို ခံစားနေရသည်။ သူ့တစ်ကိုယ်လုံးက တုန်ယင်နေ၏။ ရန်ကျင်းကိုသာ မဖက်တွယ်ထားဘူးဆိုရင် သူရေထဲကို ပျော့ပျောင်းစွာ ဝင်သွားမိလိမ့်မည်။

"အကယ်၍ ဆွေ့ရှန်းက မဖတ်ပြချင်ဘူးဆိုရင် သီချင်းဆိုပြရင်ရော ဘယ်လိုလဲ?"

ရန်ကျင်းရဲ့ ကလေးဆန်ဆန် အကျင့်ပုတ်မှုက ထိန်းထားဖို့ ခက်ခဲလွန်းတယ်

ရှန်ကျစ်ရှန်းက ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး ပူပြင်းလှစွာ အသက်ပြင်းပြင်း ရှုလိုက်သည်။ သူ့ရဲ့ ရှည်လျားတဲ့ မျက်တောင်များမှာတော့ အကြည်ရောင် ရေလေးများ သီးနေပြီး ဒါက ရေပူစမ်းကြောင့်လား ချွေးထွက်နေတာလား မသဲကွဲပေ။ သူက အံကို တင်းတင်း ကြိတ်လိုက်ပြီး သူ့စိတ်တစ်ခုလုံးကတော့ သူ့ခန္တာကိုယ် ဗီဇ ပျောက်ကွယ်သွားသလိုမျိုး မိန်းမောနေသည့် စိတ်ဆန္ဒများ ပြည့်နှက်နေသည်။ သူ တီးတိုး ပြောလိုက်သည့် အချိန်မှာတော့ သူ့လေသံက ပန်းခက်လေးများပေါ်က နွေဦးလေပြေလေးလိုမျိုး တုန်ယင်နေသည်။

"နွေဦးရာသီမှာ ပျော်ပွဲရွှင်ပွဲကျင်းပရင်း ဝိုင်စိမ်းတစ်ခွက်နဲ့ သီချင်းတစ်ပုဒ်ကို သီဆိုလို့... ဆုမွန်ကောင်း သုံးခုကို တောင်းခံဖို့ ဦးညွှတ်လိုက်ပါတယ်..."

နွေဦးရာသီမှာ ပျော်ပွဲရွှင်ပွဲကျင်းပရင်း ဝိုင်စိမ်းတစ်ခွက်နဲ့ သီချင်းတစ်ပုဒ်ကို သီဆိုလို့ ဆုမွန်ကောင်း သုံးခုကို တောင်းခံဖို့ ဦးညွှတ်လိုက်ပါတယ်...

ပထမဆုံး ဆန္ဒက ငါ့ရဲ့ ချစ်ရသူ အသက်ရှည်ဖို့၊ ဒုတိယဆန္ဒက ကျန်းမာစေဖို့နဲ့ တတိယဆန္ဒကတော့ တို့နှစ်ယောက် ရောင်ခြည်တန်းလေးပေါ်က ပျံလွှားငှက် စုံတွဲလိုမျိုး အတူတူ ....

သူ့လေသံက မညီမညာ ဖြစ်နေပြီး လေသံလေးက တုန်ယင်နေသည်။ ရှန်ကျစ်ရှန်းက အနည်းငယ်စိတ်ကြည်လင်လာလေသည်။ သူက သူ့ရဲ့ စိုစွတ်နေသည့် မျက်လုံးများအား ဖွင့်လိုက်ပြီး ရန်ကျင်းရဲ့ နားရွက်နားသို့ သူ့နှုတ်ခမ်းအား ဖိကပ် ပွတ်တိုက်ရင်း စကားတစ်လုံးခြင်းဆီတိုင်းကို တိကျ ပြတ်သားစွာ ပြောလိုက်သည်။

"အတူတူ, နှစ်တိုင်း နှစ်တိုင်း....ရှိနေနိုင်ဖို့...."

"အားကျင်း, နှစ်တိုင်း နှစ်တိုင်း အတူတူ ရှိနေကြရအောင်...."

12.10.2022

----------The End----------

Extra လေးပုဒ် ကျန်ပါသေးတယ်။

Xi Xi 's Note

ရှန်ကျစ်ရှန်း ဆိုတဲ့ ကဗျာလေးက Feng Yansi က သူမရဲ့ ခင်ပွန်းသည်အတွက် ရေးစပ်ခဲ့တဲ့ "Longevity Girl" ဆိုတဲ့ ကဗျာလေးပါ။ မူလ ကဗျာထဲမှာ ချစ်ရသူဆိုတဲ့ နေရာမှာ သခင်ကြီး, ဒါမှမဟုတ် ခင်ပွန်းသည် သခင်ကြီးလို့ ဆိုခဲ့ပေမယ့် ကဗျာထဲက အကြောင်းအရာတွေကို စဉ်းစားလိုက်ရင်တော့ အချစ်(ချစ်သူ)လို့ ပြန်ဆိုလို့ ရပါတယ်။

==============
Zawgyi

အခန္း(၇၉) - ႏွစ္တိုင္း ႏွစ္တိုင္း

စြန႔္ပစ္ေျမကို ရွန္က်စ္ရွန္းေရာက္တဲ့ အေရအတြက္က ေတာ္ေတာ္ေလး နည္းပါးသည္။

အစတုန္းကေတာ့ ရန္က်င္းက သူ႔ကို စြန႔္ပစ္ေျမထဲက နတ္ဆိုးမိစာၦမ်ားေၾကာင့္ မလာေစခ်င္ခဲ့တာပင္။ ထို႔ေၾကာင့္ ရန္က်င္းကသာ ခ်င္းယြင္ဂိုဏ္းကို အၿမဲတမ္း အရင္ လာခဲ့သည္။ ေနာက္ပိုင္းမွာေတာ့ ရန္က်င္းက စြန႔္ပစ္ေျမကို လုံးလုံးလ်ားလ်ား သိမ္းပိုက္ႏိုင္ခဲ့ၿပီး ရွန္က်စ္ရွန္းကို အႀကိမ္အနည္းငယ္ေလာက္ လာေရာက္ လည္ပတ္ခြင့္ ျပဳခဲ့ေပမယ့္ ေနထိုင္ဖို႔ အခ်ိန္က အလြန္တိုေတာင္းခဲ့ျပန္၏။

ေနာက္ဆုံးတစ္ေခါက္ စြန႔္ပစ္ေျမကို ရွန္က်စ္ရွန္း ေရာက္ခဲ့တာ ႏွစ္ဝက္ေလာက္ ၾကာျမင့္ေနခဲ့ၿပီျဖစ္သည္။ ထိုအခ်ိန္တုန္းက စြန႔္ပစ္ေျမအေပၚ သူ႔အျမင္က အကန႔္အသတ္မဲ့သည့္ အေမွာင္ထုေျမ ျဖစ္ေနဆဲပင္။

သို႔ေပမယ့္ ဒီတစ္ေခါက္ သူ မ်က္လုံး ဖြင့္လိုက္တဲ့ အခ်ိန္မွာေတာ့ အံ့အားသင့္သြားရ၏။

သူ႔ကို ေခၚလာတဲ့သူက ေပ်ာက္သြားၿပီ ျဖစ္ၿပီး ရွန္က်စ္ရွန္းက တစ္ေယာက္တည္း မတ္တပ္ရပ္ေနခဲ့သည္။ သူမ်က္လုံး ဖြင့္လိုက္တဲ့အခ်ိန္မွာေတာ့ အဆုံးမရွိသည့္ မေရမတြက္ႏိုင္ေသာ ၾကယ္ပြင့္ေလးမ်ားက ညေကာင္းကင္ယံမွာ တစ္လက္လက္ ေတာက္ပေနေလသည္။ ေလေျပက ညႇင္းညႇင္းေလး တိုက္ခတ္ေနၿပီး သာယာလွပေသာ ၾကယ္စင္တန္း ျမင္ကြင္းတစ္ခုကို ဖန္တီးေနသည္။

ရွန္က်စ္ရွန္းက ဗလာျဖစ္စြာျဖင့္ ခဏေလာက္ေငးစိုက္ၾကည့္ေနၿပီးမွ သူ႔ႏႈတ္ခမ္းမ်ားက ႏူးညံ့တဲ့အၿပဳံးတစ္ခုအျဖစ္ ေကာ့ၫႊတ္တက္လာရသည္။

ေလေျပက တစ္စုံတစ္ခုအား သူ႔ပါးျပင္ထံ ပြတ္တိုက္သြားေစသည္။ ရွန္က်စ္ရွန္းက လက္ေျမႇာက္ကာ ထိုအရာကို ဆြဲဖယ္လိုက္သည္။ ႏူးညံ့ကာ ေမႊးႀကိဳင္လွတဲ့ ပြင့္ဖတ္ေလး တစ္ခုက သူ႔လက္ေခ်ာင္းမ်ားၾကားထဲသို႔ ေရာက္လာခဲ့သည္။ တစ္ဖက္သို႔ အၾကည့္ေ႐ႊ႕လိုက္သည့္ အခါမွာေတာ့ ျမင့္မားလွသည့္ မက္မြန္ပင္ႀကီး တစ္ပင္အား ျမင္လိုက္ရ၏။

ထိုမက္မြန္ပင္က လွ်ိဳ႕ဝွက္ေျမထဲမွာ ရန္က်င္းကို ရွန္က်စ္ရွန္း ေပးခဲ့ေသာ မက္မြန္ကိုင္းႏွင့္ ဆင္တူလွေပသည္။ ရန္က်င္းက ၎ကို ဒီမွာ စိုက္ခဲ့ၿပီး ေရွာင္းေခ်ာင္ယက ႀကီးထြားလာေစတာ ျဖစ္လိမ့္မည္။ ထိုအခ်ိန္ခဏေလးမွာ မက္မြန္ပင္ေပၚတြင္ ပန္းမ်ား ပြင့္ဖူးေနၿပီး အကိုင္းအခက္မ်ားက ယိမ္းႏြဲ႕ေနကာ လူအမ်ား၏ အျမင္အာ႐ုံကို ဆြဲေဆာင္ေနသည္။

သစ္ကိုင္းတစ္ခုေပၚမွာေတာ့ ဒန္းတစ္ခု တြဲခ်ည္ထားၿပီး ပန္းပြင့္ေလးမ်ားရဲ႕ လႈပ္ရွားမႈတိုင္း လိုက္ပါေနေလသည္။

ထိုဒန္းက အလြန႔္ကိုသာမာန္ မဟုတ္ပုံေပၚေနသည္။ ရွည္လ်ားလွတဲ့ ႀကိဳးႏွစ္ေခ်ာင္းကို ထိုင္လို႔ရေအာင္ လုပ္ထားၿပီး ၎က သစ္သားလည္း မဟုတ္သလို ေက်ာက္စမ္းလည္း မဟုတ္ေပ။ ၎က ျဖဴေဖြးၿပီး ၾကည့္ရတာ ႏူးညံ့လြန္းလို႔......တိမ္တိုက္ေလး တစ္ခုလိုပဲ

ရွန္က်စ္ရွန္းက အနားေလွ်ာက္သြားၿပီး ျဖစ္ညႇစ္ၾကည့္လိုက္သည္။ ၎ကအမွန္ကို ႏူးညံ့လွ၏။ သူ႔မ်က္လုံးမ်ားက ေတာက္ပသြားၿပီး ဒီဒန္းက ထိုင္ရင္ အရမ္းကို သက္ေတာင့္သက္သာ ရွိလိမ့္မယ္ဟု ခံစားလိုက္ရသည္။ သူက ႏူးညံ့သည့္ ခုံေနရာမွာ ထိုင္ခ်လိုက္ၿပီး ခဏေလာက္ လႊဲေနမိသည္။ သို႔ေပမယ့္လည္း တစ္ေယာက္တည္း စီးရတာမို႔ အျမန္အဆန္ပင္ ပ်င္းရိလာသည္သာ။

ရန္က်င္း, အဲ့ဒီ ဝက္ေျခေထာက္ေကာင္ႀကီးက သူ႔ကိုေခၚလာၿပီးတာနဲ႔ ထပ္ေပ်ာက္သြားျပန္ၿပီ

ရန္က်စ္ရွန္းသည္ ဒန္းအား မခြဲခ်င္ခြဲခ်င္ျဖင့္ ထားခဲ့လိုက္ရၿပီး စာခ်ဳပ္ထဲက လမ္းၫႊန္မႈအတိုင္း ဆက္ေလွ်ာက္လာလိုက္သည္။

ေကာင္းကင္ေပၚက ၾကယ္စုေဝးမ်ားက သူ႔ေရွ႕က လမ္းေၾကာင္းကို ထိန္လင္းေနေစသည္။ လမ္းေလွ်ာက္ေနရင္းျဖင့္ ရင္းႏွီးေနသည့္ ျမင္ကြင္းတစ္ခုက ေရွ႕မွာ ေပၚလာ၏။ ထိုေနရာက ရန္က်င္းရဲ႕ မွတ္ဉာဏ္ထဲမွာ သူျမင္ဖူးေသာ ေနရာတစ္ခုႏွင့္ ဆင္တူေနသည္။

ထိုေနရာက သူတို႔ရဲ႕ အတိတ္ဘဝမွာ ရန္က်င္းက သူ႔အတြက္ ဝိညာဥ္ျဖည့္ဆည္းေပးခဲ့တဲ့ ေနရာပဲ

တစ္ခုတည္းေသာ ျခားနားခ်က္က အတိတ္ဘဝမွာ ရန္က်င္းက ထိုအိမ္ကို ရႈခင္းလွတဲ့ ေနရာမွာ ေဆာက္လုပ္ခဲ့တာျဖစ္ၿပီး ဒီဘဝမွာေတာ့ စြန႔္ပစ္ေျမမွာ ေဆာက္ထားခဲ့တာပဲ

ရွန္က်စ္ရွန္း၏ ေျခလွမ္းမ်ား ေႏွးေကြးသြားေလသည္။

အိမ္ေရွ႕မွာ ေနရာအက်ယ္ႀကီး တစ္ခု ရွိေနသည္။ အခင္းအက်င္း ပုံစံက ခ်င္းယြင္ဂိုဏ္းက ပၪၥမေတာင္ထြတ္ႏွင့္ ဆင္တူလွသည္။ အထဲမွာ မ႑ပ္ အေသးစားေလး တစ္ခုနဲ႔ ေအာက္ဘက္မွာေတာ့ ေက်ာက္စိမ္းစားပြဲ တစ္ခု ရွီေနကာ ေႏြးေထြးေသာ ေက်ာက္စိမ္းကုတင္ တစ္လုံးကိုလည္း ရွန္က်စ္ရွန္းရဲ႕ အႀကိဳက္အတိုင္း စီစဥ္ထားေသးသည္။

အိမ္တံခါးက တစ္ဝက္ပြင့္ဟေနသည္။ ရန္က်င္းက တံခါးဝမွာ မတ္တပ္ရပ္ေနၿပီး သူ႔ကိုယ္ဟန္အေနအထားက ေျဖာင့္မတ္ကာ ခိုင္ၿမဲေနသည္, သူ႔မ်က္ႏွာကေတာ့.......ပုံမွန္အတိုင္း မ်က္ႏွာေသနဲ႔ပဲ

သို႔ေပမယ့္ ရွန္က်စ္ရွန္းက သူ႔ကို ျမင္တဲ့အခ်ိန္မွာ တစ္ခ်ိန္က သူဖတ္ဖူးခဲ့တဲ့ စာအုပ္တစ္အုပ္ထဲမွာ ေဖာ္ျပထားခဲ့တဲ့ ျမင္ကြင္းတစ္ခုကို အနည္းငယ္ အမွတ္ရသြားမိတယ္ေလ။

ရန္က်င္းရဲ႕ ပုံစံက သူ႔ရဲ႕ ဇနီးငယ္ေလး ျပန္လာတာကို ေစာင့္ေနတဲ့ ခင္ပြန္းသည္ တစ္ေယာက္လိုပဲ

ရွန္က်စ္ရွန္းက သူ႔ဆီကို အၿပဳံးေလးျဖင့္ ေလွ်ာက္သြားလိုက္သည္။ ေျခလွမ္း ႏွစ္လွမ္းေလာက္ လွမ္းၿပီးတဲ့အခ်ိန္မွာေတာ့ ရန္က်င္းရဲ႕ အက်ႌလက္စမွာ ေသြးအနည္းငယ္ စြန္းထင္းေနသည္ကို ျမင္လိုက္ရ၏။ သူက ခပ္ေဖ်ာ့ေဖ်ာ့ေလး ၿပဳံးလိုက္ကာ

"ဒဏ္ရာကို အခုထိ မကုရေသးဘူးလား?"

၎က ထြင္းထုသည့္ ဓားေၾကာင့္ ျဖစ္ခဲ့မွန္း သိေနတာေၾကာင့္ ရွန္က်စ္ရွန္းက သူ႔ကို အိမ္ထဲ ဝင္ေစခ်င္ေနသည္။ ထိုမွသာ သူၾကည့္ေပးလို႔ ရမွာေလ။

အနီးသို႔ေရာက္ေသာအခါ အိမ္ေထာင့္တစ္ေနရာမွ အသံတိုးတိုးေလး ၾကားလိုက္ရသည္။

အိမ္ရဲ႕ ေဘးတစ္ဖက္ကေန လက္ ေဖာင္းေဖာင္းေလး တစ္ခုထြက္လာၿပီး ေနာက္ကေန ေပ်ာ့ေပ်ာင္းသည့္ နား႐ြက္ရွည္ႀကီးမ်ား ပါဝင္ေနသည့္ ေခါင္းလုံးလုံးေလးက အတူလိုက္ပါလာကာ ႀကီးမားနက္ေမွာင္ေနသည့္ မ်က္လုံးဝိုင္းႀကီးမ်ားက ရွန္က်စ္ရွန္းအား ဂ႐ုတစိုက္ျဖင့္ မဝံ့မရဲေလး ၾကည့္ေန၏

ရွန္က်စ္ရွန္းက ထို အနည္းငယ္ တုန္ယင္ေနသည့္ နား႐ြက္မ်ားကို ၾကည့္လိုက္ၿပီး အံ့အားတစ္သင့္ ျဖစ္သြားမိသည္။

"ဒါက ဘာေလးလဲ?"

သူက ထိုအေမႊးရွည္ေလးအား လက္ယပ္ေခၚလိုက္သည္။ အေမႊးရွည္ေလးက အနည္းငယ္ တုံ႔ဆိုင္းၿပီးေနာက္မွာ ေျပးလာေလသည္။

၎က အေမႊးထူထူျဖင့္ ဝံပုေလြေပါက္ေလး တစ္ေကာင္ပင္။

ရွန္က်စ္ရွန္းက ရန္က်င္းရဲ႕ လက္ေမာင္းကို ကိုင္ထားရာမွ လႊတ္လိုက္ၿပီး ခါးကိုကိုင္းကာ ထို အေမႊးလုံးေလးအား လွမ္းဖမ္းဆြဲ၍ ဖက္လိုက္သည္။

"အာ, အေကာင္ေပါက္ေလး"

ရန္က်င္းက ထိုအေကာင္ေပါက္ေလးအား ျမင္ေသာအခါ ေအးခဲသြားမိေလသည္။ သူက ၎အား ေအးစက္စြာ စိုက္ၾကည့္လိုက္တာေၾကာင့္ မေမွ်ာ္လင့္ထားစြာပင္ ထိုအရာေလးကို ေၾကာက္လန႔္မိသြားေစၿပီး ရွန္က်စ္ရွန္းရဲ႕ လက္ေမာင္းၾကားထဲ ပိုမိုတိုးဝင္ေအာင္ လုပ္မိသြားသည္။

အေကာင္ေပါက္ေလးရဲ႕ ဝိညာဥ္စြမ္းအားက အလြန္သန႔္စင္ေနတာေၾကာင့္ သူ႔မူလက သိပ္ၿပီး မ႐ိုးရွင္းဘူးဆိုတာကို ၫႊန္ျပေနသည္။ ၎က အလြန္ေသးငယ္ၿပီး ရွည္လ်ားႏူးညံ့သည့္ အေမႊးေလးမ်ားရွိသည္။ သူ႔ရဲ႕ ခပ္တိုးတိုး ေအာ္သံေလးသည္ပင္ အလြန္ ႏို႔သံေပါက္ေနေသး၏။

ရွန္က်စ္ရွန္းက အေမႊးထူသည့္ သတၱဝါေလးမ်ားကို အလြန္ႏွစ္ၿခိဳက္သည္။ အေကာင္ေပါက္ေလးဆီက ေအာ္သံ တိုးတိုးျဖင့္ ငိုသံေလး ထြက္လာသည္ကို ၾကားေသာအခါ အေကာင္ေလးအား ခပ္ဖြဖြ ပြတ္ေပးလိုက္ေလသည္။ အဆုံးမွာေတာ့ သူက အေကာင္ေလးကို ေျမျပင္ေပၚ ျပန္ခ်ေပးၿပီး မတ္တပ္ျပန္ရပ္လိုက္ကာ ရန္က်င္းကို အိမ္ထဲ ေနာက္တစ္ဖန္ ျပန္ေခၚသြားဖို႔ ႀကိဳးစားလိုက္သည္။ သူက အၿပဳံးမ်က္ႏွာေလးျဖင့္ ေျပာလိုက္ေသးသည္။

"မင္းက ဝံပုေလြေပါက္ေလးကိုေတာင္ တိတ္တိတ္ေလး ေမြးထားတာပဲ"

ရန္က်င္းက ႏႈတ္ခမ္းကို တင္းတင္းေစ့၍ တည္ၿငိမ္စြာ ျပန္ေျဖသည္။

"ကြၽန္ေတာ္ ေမြးထားတာ မဟုတ္ဘူး။ ယုန္သားရဲက ေကာက္လာတာ"

ေသခ်ာေပါက္ ရန္က်င္းက စြန႔္ပစ္ေျမထဲက နတ္ဆိုးေတြ မေကာင္းဆိုးဝါးေတြကို ကိုယ္တိုင္ကိုယ္က် ေန႔စဥ္ပုံမွန္ စီမံခန႔္ခြဲဖို႔ အလုပ္ရႈပ္ မခံဘူးေလ။ အမ်ားအားျဖင့္ေတာ့ သူ႔ရဲ႕ အမိန႔္အမ်ိဳးမ်ိဳးကို ယုန္နတ္ဆိုးက ထမ္းေဆာင္တာမ်ားတယ္

ယုန္နတ္ဆိုးက အားနည္းပုံ ေပၚေပမယ့္လည္း အရမ္း ဉာဏ္ေကာင္းတာ။ ပိုၿပီး အားေကာင္းတဲ့ ရန္သူေတြ ၾကားထဲမွာေတာင္ ဒီေလာက္ ၾကာျမင့္တဲ့အထိ စြန႔္ပစ္ေျမထဲမွာ ေဘးကင္းကင္း ေနထိုင္ႏိုင္တယ္ ဆိုတာကတင္ သူ႔ရဲ႕ စြမ္းရည္ကို ထင္ဟပ္ျပႏိုင္ေနၿပီ။ ရလဒ္ကေတာ့ သူက ရန္က်င္းနဲ႔ စြန႔္ပစ္ေျမထဲက နတ္ဆိုးမ်ားအၾကားမွာ ဆက္သြယ္မႈတစ္ခု ျဖစ္လာသည္ပဲ။

လွည့္ျဖားတတ္တဲ့ ယုန္နတ္ဆိုးျဖစ္လင့္ကစား သူ႔ရဲ႕ အားနည္းခ်က္က ထူးဆန္းတဲ့အရာေတြကို ေကာက္ယူတာျဖစ္ၿပီး ေနာက္ပိုင္းမွသာ စြန႔္ပစ္ျခင္းပင္။

ဥပမာအားျဖင့္ ဒီ ဝံပုေလြေပါက္ေလးကို ဘယ္ကမွန္း မသိ ေကာက္ယူလာေပမယ့္လည္း ေကာင္းေကာင္းမြန္မြန္ ၾကည့္ရႈေပးတာလည္း မဟုတ္ျပန္ဘူး

ဝံပုေလြေပါက္ေလးက ရန္က်င္းရဲ႕ ေနအိမ္ကို အေတာ္ေလး သေဘာက်ပုံရသည္။ ကံေကာင္းေထာက္မစြာနဲ႔ သူက ႐ိုး႐ိုးသားသားမို႔ ရန္က်င္းကို စိတ္အေႏွာင့္အယွက္ မေပးခဲ့ဘူးေလ။ ဒါေၾကာင့္လည္း ရန္က်င္းက မ်က္လုံးတစ္ဖက္ဖြင့္ၿပီး တစ္ဖက္ ပိတ္ေပးထားခဲ့တာ

ဒါေပမဲ့လည္းသူက ရွန္က်စ္ရွန္းရဲ႕ အာ႐ုံကို ဒီလိုနည္းလမ္းနဲ႔ သိမ္းပိုက္သြားေတာ့......

ရန္က်င္းက ဝံပုေလြေပါက္ေလးကို ေအးစက္စက္ ၾကည့္လိုက္ၿပီးေနာက္ ယုန္နတ္ဆိုးနဲ႔ စကားေျပာဖို႔ တိတ္တဆိတ္ မွတ္ထားလိုက္ၿပီးမွ ရွန္က်စ္ရွန္းကို သူ႔အား အထဲ တြန္းခြင့္ေပးလိုက္သည္။

ဝံပုေလြေပါက္ေလးကေတာ့ ေနာက္က လိုက္သြားကာ ရွန္က်စ္ရွန္းနဲ႔ သိပ္မေဝးသည့္ ေနရာတြင္ လိမ္လိမ္မာမာေလး ဝပ္ေနသည္။

ရွန္က်စ္ရွန္းက လူအား ကုတင္စြန္းေပၚ တြန္းခ်လိုက္သည္။ သူက ဝံပုေလြေလးရဲ႕ လႈပ္ရွားမႈကို ၾကားလိုက္ရတာေၾကာင့္ လွည့္ၾကည့္လိုက္၏။

အေကာင္ေပါက္ေလးက ေခါင္းေလးေစာင္းကာ ၾကည့္လာသည္။

ရွန္က်စ္ရွန္းသည္ေတာ့ ထိုပုံစံေလးက အရမ္းကို ခ်စ္ဖို႔ေကာင္းတယ္ဟု ခံစားလိုက္ရသည္။ သူက အၿပဳံးေလး တစ္ပြင့္နဲ႔အတူ ႏူးညံ့တဲ့ စကားလုံး အနည္းငယ္နဲ႔ ထပ္မံ မစပဲ မေနႏိုင္ေတာ့ေပ။

ထိုသို႔ျဖင့္ ရန္က်င္းမွာ ပိုင္ရွင္မဲ့ေလး ျပန္ျဖစ္သြားျပန္သည္။ သူ႔မ်က္ႏွာက ေအးစက္လာရသည္။ ေနာက္ဆုံးမွာေတာ့ သူက အံကို ႀကိတ္လိုက္ၿပီး မတ္တပ္ထရပ္ကာ အေမႊးလုံးေလးကို ေကာက္ယူ၍ တံခါးဆီ ေျခလွမ္းအနည္းငယ္ျဖင့္ လွမ္းလိုက္သည္။ ထို႔ေနာက္ အျပင္ဘက္ကို ခ်က္ခ်င္း ပစ္ထုတ္လိုက္ၿပီးတံခါးကို ပိတ္ခ်လိုက္ေတာ့၏။

သူက ေသာ့ပါ ခတ္လိုက္တဲ့အျပင္ အဲ့ဒါက မလုံေလာက္ဘူးလို႔ ခံစားရတာေၾကာင့္ ဝံပုေလြေလးအျပင္...တစ္ျခားသူေတြပါ မဝင္ႏိုင္ေအာင္ ကန႔္သတ္ခ်က္ တစ္ခု ထပ္ထည့္လိုက္ေသးသည္

ရွန္က်စ္ရွန္းကေတာ့ ရန္က်င္းတစ္ေယာက္ အေမႊးလုံးေလးအား ပစ္ထုတ္လိုက္ျခင္းကို တိတ္တဆိတ္ မ်က္ခုံးပင့္၍သာ ၾကည့္ေန၏။

"ဘာလို႔ အေကာင္ေပါက္ေလးကို အႏိုင္က်င့္ရတာလဲ?" ဟုသာ ေျပာလိုက္ၿပီး ကုတင္ကို ပုတ္ျပကာ ရန္က်င္းကို လာျပန္ထိုင္ခိုင္းလိုက္သည္။

ရွန္က်စ္ရွန္းရဲ႕ အမူအရာက ပုံမွန္ျဖစ္ေနၿပီး သူ႔အၿပဳံးက ခါတိုင္းလိုပင္ ႏူးညံ့သိမ္ေမြ႕ေနေလသည္။ တျခားေန႔ေတြနဲ႔ မျခားနားသလိုပင္။ သို႔ေပမယ့္ ရန္က်င္းရဲ႕ ႏွလုံးသားကေတာ့ မအီမသာျဖစ္ေနမိသည္။ အမ်ိဳးအမည္ မသိတဲ့ ခံစားခ်က္တစ္ခုကို ခံစားေနရသည္ေလ။

ဒါက သူထင္ေနမိတာလားေတာ့ မသိေပမယ့္ ရွန္က်စ္ရွန္းက နည္းနည္း....စိတ္မခ်မ္းမသာ ျဖစ္ေနသလိုပဲ

သူ႔အေၾကာင္း ႐ုတ္တရက္ ေဖာ္ထုတ္ၿပီး ရွန္က်စ္ရွန္းကို စြန႔္ပစ္ေျမဆီ ဆြဲေခၚလာမိလို႔မ်ား မေပ်ာ္မ႐ႊင္ ျဖစ္ေနတာလား?

ရန္က်င္းက သူ႔ရင္ထဲက စိတ္မသက္မသာ ျဖစ္မႈကို ေလ်ာ့ခ်လိုက္ၿပီး လိမ္လိမ္မာမာ ထိုင္ခ်လိုက္သည္။ သူက ရွန္က်စ္ရွန္းအား ေလးေလးနက္နက္ စိုက္ၾကည့္ေနကာ သူ႔မ်က္ႏွာေပၚတြင္ အမူအယာ ေသးေသးေလးပင္ မျမင္ရႏိုင္။

ရွန္က်စ္ရွန္းက သူ႔ကို လ်စ္လ်ဴရႈထားၿပီး သူ႔ရဲ႕ သိုေလွာင္အိတ္ကို ထုတ္လိုက္သည္။ ထို႔ေနာက္ ေဆးေတြအမ်ားႀကီး ဆြဲထုတ္လိုက္ၿပီးေနာက္ ႐ိုး႐ိုးရွင္းရွင္းနဲ႔ ရန္က်င္းရဲ႕ အဝတ္အစားေတြကို ခြၽတ္လိုက္၏။

ရန္က်င္းက အလြန္နာခံမႈ ရွိေနၿပီး ကန႔္ကြက္တာမ်ိဳးမရွိေပ။ သူ႔ဘက္က စၿပီး လက္ေျမႇာက္ေပးလိုက္ကာ ရွန္က်စ္ရွန္းအား သူ႔အက်ႌလက္ေမာင္းစကို ဆြဲခြၽတ္ခြင့္ ေပးထားလိုက္သည္။

အခ်ိန္အနည္းငယ္ ၾကာသြားၿပီ ျဖစ္တာေၾကာင့္ ဒဏ္ရာေပၚက ေသြးမ်ားက ခဲေနေလၿပီ။ ရွန္က်စ္ရွန္းက သန႔္ရွင္းေရး မႏၲာန္တစ္ခ်ိဳ႕ ႐ြတ္လိုက္ၿပီး စတင္ ကုသေပးေတာ့သည္။ ဒဏ္ရာက မျပင္းထန္ေပ။ ရန္က်င္းအတြက္ေတာ့ အေသးအမႊား ဒဏ္ရာမွ်သာ။ေဆးလိမ္းလိုက္တာနဲ႔ ျမန္ျမန္သက္သာသြားလိမ့္မည္။

ရွန္က်စ္ရွန္းက ေဆးျပားကို ေခ်လိုက္ၿပီး ဒဏ္ရာေပၚသို႔ ဂ႐ုတစိုက္ျဖင့္ အမႈန႔္ ျဖဴးေပးလိုက္သည္။ ရန္က်င္းက လႈပ္ရွားခ်င္ေသာ္လည္း ရွန္က်စ္ရွန္းက သူ႔လက္ေမာင္းအား ပုတ္လိုက္ကာ တည္တည္ၿငိမ္ၿငိမ္ ေျပာလာ၏။

"မလႈပ္နဲ႔"

ရန္က်င္းက မလႈပ္ရဲေတာ့ေပ။ သူက ခဏေလာက္ တုံ႔ဆိုင္းေနၿပီးေနာက္မွာ အသံတိုးတိုးျဖင့္ ေမးလိုက္သည္။

"ဆရာက စိတ္ဆိုးေနတာလား?"

ရွန္က်စ္ရွန္းက ျပန္ေမးသည္။

"ငါက ဘာကို စိတ္ဆိုးရမွာလဲ?"

"ဆရာ့ကို ဘာမွမေျပာပဲ ဒီကိုေခၚလာခဲ့မိလို႔ စိတ္ဆိုးေနတာ....."

ရွန္က်စ္ရွန္းက က်န္တဲ့ ေဆးမ်ားကိုပါ ရန္က်င္းရဲ႕ ဒဏ္ရာေပၚ ပြတ္ေပးလိုက္သည္။ ထို႔ေနာက္ ခပ္ေဖ်ာ့ေဖ်ာ့ ၿပဳံးကာ ရန္က်င္းရဲ႕ မ်က္ႏွာေလးအား ဝံပုေလြေပါက္ေလးကို လုပ္ေပးခဲ့တာနဲ႔ တစ္ပုံစံတည္း ပြတ္သပ္ေပးလိုက္၏။

"ငါ စိတ္မဆိုးပါဘူး။ တစ္ဖက္လွည့္လိုက္။ ေနာက္ေက်ာေရာ ထိသြားေသးလား ၾကည့္ရေအာင္"

ရွန္က်စ္ရွန္းက 'စိတ္မဆိုးပါဘူး'လို႔ပဲ ေျပာေပမယ့္ ဘယ္ေနရာက မွားေနလဲ ဆိုတာ ေျပာရခက္တယ္....

ရန္က်င္းက ထိုအေၾကာင္းအရာအား ေတြးေနရင္းျဖင့္ သတိလက္လြတ္ပင္ ရွန္က်စ္ရွန္း စကားအတိုင္း တစ္ဖက္လွည့္ကာ ၾကည့္ခြင့္ေပးလိုက္သည္။ ႐ုတ္တရက္ လက္တစ္ဖက္က သူ႔ေနာက္ေက်ာကို ညင္သာစြာ ပြတ္သပ္လာတဲ့ အခ်ိန္အထိ တုံ႔ျပန္မႈ မရွိေသးေပ။

"တစ္ျခားဒဏ္ရာ မရွိဘူး...."

ရန္က်င္းက မသက္မသာနဲ႔ ေနရာေ႐ႊ႕လိုက္မိ၏။သူ လွည့္ၾကည့္ခ်င္ေသာ္လည္း ရွန္က်စ္ရွန္းက ျပန္ဖိခ်ထားသည္။ သူ႔အေနနဲ႔ ဆႏၵကို တြန္းလွန္ထား႐ုံကလြဲလို႔ တစ္ျခားေ႐ြးခ်ယ္စရာ မရွိေတာ့ပဲ ရွန္က်စ္ရွန္းအား ႏွစ္သက္သလိုသာ လုပ္ခြင့္ေပးထားလိုက္ရေလသည္။

မျမင္ႏိုင္တာေၾကာင့္ ရွန္က်စ္ရွန္းရဲ႕ အထိအေတြ႕က ပိုသိသာလာသည္။

ရန္က်င္းသည္  ရွန္က်စ္ရွန္း၏လက္ေခ်ာင္းမ်ားက သူ႔ေနာက္ေက်ာရွိ လိုင္းမ်ားကို ျဖည္းညႇင္းစြာေျခရာခံေနသည္အား ရွင္းရွင္းလင္းလင္းခံစားလို႔ ရေနသည္။

ႏွလုံးေရာဂါကို ကုသၿပီးေနာက္မွာ ရွန္က်စ္ရွန္းက ေအးစက္မႈ၏ သက္ေရာက္မႈကို မခံစားရေတာ့ေသာ္လည္း သူ႔ခႏၲာကိုယ္ အပူခ်ိန္ကေတာ့ အတန္အတန္ က်ဆင္းေနဆဲ ျဖစ္ၿပီး သူ႔လက္ေခ်ာင္းထိပ္ေလးမ်ားက အၿမဲတေစ အနည္းငယ္ ေအးေနတတ္သည္။

ဒီအခ်ိန္ေလးမွာေတာ့ ရန္က်င္းသည္ ရွန္က်စ္ရွန္းရဲ႕ လက္ေခ်ာင္းထိပ္ေလးမ်ားက မီးေတာက္ေလာင္ေနသလိုမ်ိဳး သူ႔အသားအရည္ကို ပူေလာင္လာေစကာ သူ႔ႏွဖူးေပၚမွာ ေခြၽးသီးမ်ား ထလာေစသည္။

ရန္က်င္းရဲ႕ လည္ေခ်ာင္းက လႈပ္ရွားသြားၿပီး သူ႔အသံက အနည္းငယ္ အက္ရွေန၏။

"ေဆြ႕ရွန္း"

"အင္း."

ရွန္က်စ္ရွန္းက သူ႔ေၾကာင့္ ေတာက္ေလာင္လာတဲ့ အပူခ်ိန္ကို မသိပုံေပၚေနၿပီး ေနာင္တတစ္ခ်ိဳ႕ျဖင့္ ေျပာလာသည္

"မင္းေက်ာေပၚမွာ အမာ႐ြတ္ေတြရွိတယ္။ ငါမင္းကို ေဆးလိမ္းပါလို႔ ေျပာတာကို မင္းက ငါ့ကို ဓားျပကို ေရွာင္သလို ေရွာင္ေနတာကိုး"

"ကြၽန္ေတာ္..."

ရွန္က်စ္ရွန္းက သူ႔ကို ေျဖခြင့္မေပးေပ။ ႏူးညံ့စြာ ၾကားျဖတ္ေျပာလိုက္သည္။

"ဒါေပမဲ့ အရမ္းႀကိးေတာ့ ေနာက္မက်ေသးပါဘူး။ ကုလို႔ ရေသးတယ္"

ရန္က်င္းက ဟင့္အင္းလို႔ ေျပာခ်င္ေပမယ့္လည္း ပါးစပ္ဖြင့္လိုက္သည့္ အခ်ိန္မွာပဲ သူ႔ရဲ႕ ျငင္းဆန္မႈက ေပ်ာက္သြားရသည္။ ႏူးညံ့လွတဲ့ ေႏြးေထြးမႈေလးတစ္ခုက သူ႔ေနာက္ေက်ာေပၚက အမာ႐ြတ္မ်ားအား ညင္သာစြာ ဖိကပ္လာသည္ေလ။ အပူခ်ိန္ေလးက ငွက္ေမႊးေလးလို ေပါ့ပါးလြန္းလွၿပီး သူ႔ကို အေၾကာင္းအရင္း မရွိ တုန္ယင္သြားေစသည္။

ထို႔ေနာက္ ခ်က္ခ်င္းပင္ ထိုႏူးညံ့ေႏြးေထြးေသာ ႏႈတ္ခမ္းမ်ားက သူ႔အမာ႐ြတ္ေဟာင္းမ်ားတစ္ေလွ်ာက္ အစုံအဆန္ ေျပးလႊားလာ၏။

ရံဖန္ရံခါမွာ စိုစြတ္မႈေလး တစ္ခ်ိဳ႕ပင္ ရွိလာသည္။

ရန္က်င္းက လုံးဝကို ေအးခဲသြားေလၿပီ။

ထို႔ေနာက္မွာေတာ့ ဆတ္ခနဲ လွည့္လိုက္ၿပီး ထိုလူသားေလးအား ကုတင္ေပၚသို႔ အလြယ္တကူ ဖိခ်လိုက္ေတာ့သည္။

ေနာက္ဆုံးဘဝတုန္းက ရွန္က်စ္ရွန္း၏ျပန႔္က်ဲေနေသာစိတ္ဝိညာဥ္ကို စုစည္းၿပီးေနာက္၊ သူသည္ အလြန္အားနည္းသြားခဲ့သည္။ ေသးငယ္ေသာ အဖုအထစ္တစ္ခုပင္လွ်င္ သူ၏ ျဖဴစင္ေသာ အသားအေရေပၚတြင္ ေယာင္ယမ္းမႈမ်ား ျဖစ္ေပၚလာေစလိမ့္မည္။ ရန္က်င္းက အလြန္စိတ္ပူတာေၾကာင့္ အိမ္တစ္ခုလုံးအား ကူရွင္မ်ိဳးစုံျဖင့္ ဖုံးထားခဲ့၏။ အထူးသျဖင့္ ကုတင္ေပၚတြင္ ထူထဲေသာ အလႊာတစ္ခု ရွိေနသည္။

ဒီဘဝမွာလည္း သူက ထိုအက်င့္အတိုင္း ဆက္လက္လုပ္ေဆာင္ကာ ေပ်ာ့ေပ်ာင္းၿပီး ထူထဲတဲ့ ကူရွင္အလႊာကို ကုတင္ေပၚမွာ ထားထားသည္။ ရွန္က်စ္ရွန္းတစ္ေယာက္ ႐ုတ္တရက္ ေထြခနဲ ျဖစ္သြားၿပီးတဲ့ အခ်ိန္မွာေတာ့ သူ႔ကိုယ္သူ အလြန္အိစက္ေလးလံလြန္းလွတဲ့ ခ်ည္ပုံတစ္ခုေပၚ လဲေလ်ာင္းေနၿပီ ျဖစ္ေၾကာင္း သိလိုက္ရေတာ့ေလသည္။ ရန္က်င္းက သူ႔ကို အင္အား အနည္းငယ္ျဖင့္ ဖိခ်ထားကာ ထခြင့္ လုံးဝ မေပးေပ။

ရန္က်င္းရဲ႕ မ်က္လုံးမ်ားက နီရဲလာၿပီး အသက္ရႈသံမ်ားက ေလးလံလာသည္။ ရွန္က်စ္ရွန္းက သူ႔ဆီက နီးနီးကပ္ကပ္ ဖိခံထားရတာေၾကာင့္ ထိုသူ၏ႏိုးၾကားမႈကို ခ်က္ခ်င္း ခံစားလိုက္ရ၏။

ရွန္က်စ္ရွန္းက ခပ္ဖြဖြေလး ၿပဳံးလိုက္ကာ ရန္က်င္းရဲ႕ လည္ပင္းအား လက္တစ္ဖက္ျဖင့္ သိုင္းဖက္လိုက္ၿပီး က်န္တစ္ဖက္ျဖင့္ ရန္က်င္းရဲ႕ မ်က္ႏွာတစ္ေလွ်ာက္ ထိေတြ႕လိုက္သည္။ သူက အနည္းငယ္ ျငင္းဆန္သလိုမ်ိဳး ခပ္တိုးတိုးေလး ေျပာလိုက္သည္။

"ငါ အိပ္ခ်င္ေနၿပီ"

ရန္က်င္းရဲ႕ ပူျပင္းလွတဲ့ အသက္ရႈသံမ်ားနဲ႔အတူ ရွန္က်စ္ရွန္းက ထိုစကားလုံးမ်ားကိုသာ အေလးအနက္ျဖင့္ ႐ိုးသားစြာ ထပ္မံ ေျပာလာသည္မွာ လုံးဝကို သတိမမူမိသလိုပင္။

"အားက်င္း, ငါတကယ္ အိပ္ခ်င္ေနၿပီ"

သူက အသံကို တမင္တကာ ႏူးညံ့ထားၿပီး သူ႔ရဲ႕ ရွည္လ်ားတဲ့ မ်က္ေတာင္ေကာ့ေကာ့ႀကီးမ်ားက တုန္ယင္ေနကာ ပင္ပန္းႏြမ္းနယ္မႈအနည္းငယ္ကို ေဝေတဝါးတား ထုတ္ေဖာ္ေနသည္။ ရန္က်င္းက သူ႔ကို စိုက္ၾကည့္ေနသည္အား ျမင္ေသာအခါ သူက ျဖည္းညႇင္းစြာ မ်က္ေတာင္ခတ္လိုက္ၿပီး သူ႔မ်က္လုံးေထာင့္စြန္းေလးက ခ်က္ခ်င္းပင္ ေငြ႕ရည္ဖြဲ႕ကာ စိုစြတ္ေတာက္ပသြား၏။

ရန္က်င္းနဲ႔ ဒီေလာက္ အခ်ိန္အေတာ္ၾကာႀကီး အတူရွိေနခဲ့တာ ရန္က်င္းရဲ႕ အားနည္းခ်က္က ဘယ္မွာရွိေနသလဲ ၊ ဘယ္လိုအမူအရာမ်ိဳးကရန္က်င္းကို ခုခံႏိုင္စြမ္း မဲ့ေစႏိုင္မလဲ ဆိုတာကို ရွင္းရွင္းလင္းလင္းသိေနတယ္ေလ။

ရွန္က်စ္ရွန္းက သူ႔ေခါင္းကို အနည္းငယ္ေျမႇာက္လိုက္ၿပီး ရန္က်င္း၏ ႏႈတ္ခမ္းအား ျမန္ျမန္ဆန္ဆန္ နမ္းလိုက္သည္။ သူက ေစာဒက တက္ျပန္သည္။

"ဒီဓားကို ခ်ိဳးဖ်က္ဖို႔ အမ်ားႀကီး ႀကိဳးစားခဲ့ရတယ္...။"

ထို႔ေနာက္ ႏူးညံ့စြာျဖင့္ တီးတိုး စကားဆက္၏။

"ငါအရမ္း အိပ္ခ်င္ေနၿပီ။ ငါတို႔ အနားယူၾကမလား? ငါမင္းနဲ႔ အတူတူ မအိပ္ရတာ အရမ္းၾကာေနၿပီေလ"

စကားလုံး တစ္လုံးျခင္းဆီတိုင္းက ႀကီးမားတဲ့ ေသြးေဆာင္မႈႀကီးပဲ

ဒါေပမဲ့လည္း ေသြးေဆာင္မႈကို ထုတ္လုပ္ေပးေနတဲ့ ထိုအမ်ိဳးသားကေတာ့ ႏူးညံ့ညင္သာစြာနဲ႔ ႏြမ္းနယ္မႈ တစ္ခ်ိဳ႕ ေရာေႏွာစြာ အျပစ္ကင္းကင္း ၿပဳံးျပေနတာေၾကာင့္ ရန္က်င္းကို ဆုတ္ခြာသြားေအာင္ လုပ္ေဆာင္လိုက္ႏိုင္သည္။

ရန္က်င္းက အသက္ကို ျပင္းျပင္း ရႈလိုက္ၿပီး ခဏေလာက္ ထိန္းထားလိုက္ၿပီးမွ ျဖည္းညႇင္းစြာ လႊတ္ေပးလိုက္သည္။

ထို႔ေနာက္ စိတ္ပ်က္လက္ပ်က္ျဖင့္ ေခါင္းညိတ္ကာ "ေကာင္းၿပီ" ဟု တိုးတိုးေလးေျပာလာသည္။

ရွန္က်စ္ရွန္းက မ်က္ခုံးပင့္လိုက္ၿပီး ထိုသူ႔ကို ေနာက္တစ္ဖန္ နမ္းလိုက္ၿပီးမွ တြန္းထုတ္လိုက္ေလသည္။ ထို႔ေနာက္ ေစာင္ေအာက္ကို တိုးဝင္သြားၿပီး ညင္သာသည့္ အၿပဳံးေလးတစ္ပြင့္ျဖင့္ ေမးလိုက္သည္။

"အားက်င္းက မလာဘူးလား?"

ရွန္က်စ္ရွန္းက တကယ္ကို ခြင့္လႊတ္တတ္တဲ့သူတစ္ေယာက္ပါ။ သူက အေသးအဖြဲကိစၥေတြနဲ႔ ပတ္သတ္လို႔ သိပ္ၿပီး စိတ္မပူတတ္ဘူး။

ဒါေပမဲ့လည္း အဲ့ဒါက ရွန္က်စ္ရွန္းမွာ လွ်ိဳ႕ဝွက္လက္စားေခ်မႈ စာအုပ္ငယ္ေလးတစ္အုပ္ ရွိမေနဘူးလို႔ မဆိုလိုဘူးေလ။

ဒီအခ်ိန္မွာေတာ့ ထိုစာအုပ္ေလးရဲ႕ ပထမဆုံး စာမ်က္ႏွာက ပြင့္သြားခဲ့ၿပီး အေပၚမွာ ရန္က်င္းရဲ႕ နာမည္ကို ေရးထားေလၿပီ။

ေနာက္ဆုံးတစ္ေခါက္တုန္းက ရန္က်င္းက လိုင္းကို ေက်ာ္သြားၿပီးမွ မီးကို အျပည့္အဝ မၿငိမ္းသက္ပဲ လြတ္ေျမာက္သြားခဲ့သည္ေလ။ ရွန္က်စ္ရွန္းက သူ႔ကို အလြယ္တကူ ထိခြင့္မေပးပဲ လက္စားေခ်မယ္လို႔ ေတးထားၿပီးသား

ေနာက္တစ္ေခါက္ ဒီလိုမ်ိဳး မဆင္မျခင္နဲ႔ မရႈပ္ရဲေအာင္လို႔ သူ ရန္က်င္းကို နည္းနည္းေနာင္တရေစခ်င္သည္။ သူက ရန္က်င္းကို သက္ေတာင့္သက္သာ ဟန္ျဖင့္ ဖက္ထားလိုက္ၿပီး ေက်နပ္ေလာက္သည့္ အေနအထားကို မေတြ႕မခ်င္း သဘာဝက်စြာ ပြတ္သပ္ေနသည္။ အဆုံးမွာေတာ့ သက္ေတာင့္သက္သာ ရွိလွစြာျဖင့္ မ်က္လုံးမ်ားကို မွိတ္လိုက္ေတာ့၏။

ရွန္က်စ္ရွန္းက လိမ္ေနတာ မဟုတ္ေပ။ တကယ္ေတာ့ လွ်ိဳ႕ဝွက္ေျမထဲမွာ ရွိေနတုန္းက သူအရမ္းကို စိတ္တင္းၾကပ္ေနခဲ့တာျဖစ္သည္။ ဒါ့အျပင္ ဒီလို ႀကီးက်ယ္ခမ္းနားတဲ့ လႈပ္ရွားမႈကိုလည္း လုပ္ခဲ့ရေသးသည္ေလ။ နည္းနည္း ပင္ပန္းေနတာေတာ့ အမွန္ပဲ။ သူက ရန္က်င္းရဲ႕ ေတာင့္တင္းမႈကို ခံစားရင္းျဖင့္ ခဏတာ တိတ္တဆိတ္ ဝမ္းသာေနရင္း အဆုံးမွာ အိပ္ေပ်ာ္သြားေတာ့သည္။

ရန္က်င္း ေဘးမွာ ရွိေနတာေၾကာင့္ ရွန္က်စ္ရွန္းက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားေလသည္။ သူ႔အေနနဲ႔ ဘာကိုမွ ကာကြယ္ဖို႔ မလိုသလို ေအးေအးေဆးေဆး အိပ္ေနဖို႔ပဲ လိုတာ

ႏိုးလာတဲ့အခ်ိန္မွာေတာ့ တစ္ျခားကမာၻတစ္ခုကို ေရာက္ေနသလိုမ်ိဳး ခံစားလိုက္ရၿပီး ခဏေလာက္ မွင္သက္စြာနဲ႔ လွည္ပတ္ ၾကည့္လိုက္မိသည္။

သူ႔အတိတ္ဘဝတုန္းက ဗီဇက အ႐ိုးထဲမွာ ျမႇဳပ္ေနတာ ျဖစ္ႏိုင္သည္။ရွန္က်စ္ရွန္း ႏိုးလာတဲ့အခ်ိန္မွာ ဗိုက္ေအာင့္သလို ခံစားရၿပီး မသိစိတ္က တိုးတိုးေလး ေရ႐ြတ္မိ၏။

"ပင္ပန္းေနေသးတယ္, ေရပူစမ္းမွာ ေရစိမ္ခ်င္လိုက္တာ"

ဟိုးအေဝးက အမွတ္တရတခ်ိဳ႕မွာ သူႏိုးလာတဲ့အခ်ိန္ ေရေႏြးပူပူထဲမွာ စိမ္ရတာကို သေဘာက်ခဲ့ပုံရသည္။ သူ႔ဝိညာဥ္သည္ အျပည့္အဝမက်န္းမာတာေၾကာင့္ အၿမဲတမ္း ေမာပန္းေနတတ္ၿပီး အၿမဲတမ္း တစ္ခ်ိန္လုံး အိပ္ေနရသည့္အတြက္ စိတ္ပ်က္ေနခဲ့မိသည္။ ဒါေၾကာင့္လည္း ပင္ပန္းႏြမ္းနယ္မႈကို ေျပေပ်ာက္ေစရန္ ေရခ်ိဳးျခင္းကို ႏွစ္သက္ခဲ့တာပင္။

ထိုစကားကို ေျပာၿပီးတာနဲ႔ ရွန္က်စ္ရွန္းရဲ႕ စိတ္ေတြ ၾကည္လင္လာၿပီး ေခါင္းယမ္းလိုက္ေလ၏။ ထို႔ေနာက္ ၿပဳံးၿပဳံးေလး ျပန္ေျပာသည္။

"ပင္ပန္းေနေသးတယ္၊ ခဏေလာက္ ထပ္အိပ္ရေအာင္"

သူ ျပန္အိပ္ဖို႔ ျပင္လိုက္တဲ့အခ်ိန္မွာပဲ ရန္က်င္းက ေျပာလာသည္။

"အေနာက္ဘက္မွာ ေရပူစမ္းရွိတယ္။ ေရက ေတာင္ေပၚက က်လာတာဆိုေတာ့ စြန႔္ပစ္ေျမရဲ႕ ျပင္းထန္တဲ့ ဝိညာဥ္စြမ္းအားေတြ မရွိဘူး။ အကယ္၍ သြားခ်င္တယ္ဆိုရင္ သြားစမ္းၾကည့္လို႔ ရတယ္ေလ"

ရွန္က်စ္ရွန္းက စိတ္ဝင္စားမႈ တစ္ခ်ိဳ႕နဲ႔ ျပန္ေျဖလာေတာ့သည္။

"ေကာင္းၿပီေလ တစ္ခ်က္ ၾကည့္တာေပါ့"

......

ေရပူစမ္းသည္ အမွန္တကယ္ပင္ ဝိညာဥ္စြမ္းအားႏွင့္ ျပည့္ႏွက္ေနသည္။ ဤမွ်ေဝးေသာေတာင္တန္းႀကီးကို အားျဖည့္ရန္ ရန္က်င္းမည္မွ်ႀကိဳးစားအားထုတ္ခဲ့သည္ကို ရွန္က်စ္ရွန္း မသိႏိုင္။

ရွန္က်စ္ရွန္းက ဖိနပ္အား ေဘးဘက္သို႔ ကန္ထုတ္လိုက္ေလသည္။ သူက ေရပူစမ္းေဘးမွာ မတ္တပ္ရပ္လိုက္ၿပီး သူ႔ေျခဖ်ားေလးအား ေရထဲထည့္၍ ေရအပူခ်ိန္ကို စမ္းသပ္လိုက္သည္။

ဒါက သူ႔အႀကိဳက္ အပူခ်ိန္ပဲ

ရွန္က်စ္ရွန္းက ဝမ္းသာသြားသည္။ သူက ပ်င္းရိေနဖို႔အတြက္ အဆင္ေျပလြန္းတဲ့ အတြင္းခံအက်ႌကိုပဲ ဝတ္ဆင္ထားၿပီး အေပၚဝတ္မပါေပ။ ထို႔ေနာက္ ခါးစည္းကို ျဖည္းညႇင္းစြာ ေျဖေလ်ာ့လိုက္ကာ ေရပူစမ္းထဲ ဝင္ရန္ လုပ္ထားသည့္ ေလွကားထစ္မ်ားအတိုင္း ဆင္းသြားလိုက္သည္။

မၾကာခင္မွာပဲ သူ႔အဝတ္အစားမ်ား ေရစိုသြားေတာ့သည္။ အက်ႌစက ေရမ်က္ႏွာျပင္ဆီသို႔ လြင့္ပ်ံသြားၿပီး သြယ္လ်ေသာ ခႏၶာကိုယ္ကို ဖ်တ္ခနဲ ေပၚလာေစသည္။ ေရထဲကို ဆင္းၿပီးေနာက္မွာ ရွန္က်စ္ရွန္းက အနည္းငယ္ျမင့္ေသာ ေက်ာက္စႀကႍတစ္ခုကိုေတြ႕ရွိၿပီး အေတာ္ေလးသက္ေတာင့္သက္သာရွိစြာထိုင္လိုက္သည္။

"အားက်င္းေရာ မလာဘူးလား?"

သူက ေအးေအးေဆးေဆး ေမးလိုက္၏။

ခ်င္းယြင္ဂိုဏ္းမွာ ေရပူစမ္း သုံးတုန္းကဆိုရင္ အႀကိမ္အနည္းငယ္ ရန္က်င္းကို အတူတူ စိမ္ဖို႔ ေခၚတတ္ေပမယ့္လည္း ရန္က်င္းက အၿမဲတမ္း ျငင္းဆန္ေနခဲ့သည္။ သူက ရန္က်င္းရဲ႕ ျငင္းဆန္မႈနဲ႔ အသားက်ေနၿပီပင္။ ဒီေန႔မွာလည္း သူက ႀကဳံသလို ေမးလိုက္ၿပီး ရန္က်င္းက ေခါင္းခါျပလိမ့္မယ္ဟုသာ ထင္မိခဲ့၏။ မေမွ်ာ္လင့္ပဲ ရန္က်င္းက ေရထဲကို ဆင္းလာၿပီး သူ႔ဆီ တည့္တည့္ ေရာက္လာသည္ေလ။

ျမင့္တက္လာေသာ ေရေငြ႕မ်ားၾကားမွာ ရန္က်င္းရဲ႕ အၾကည္က နားမလည္ႏိုင္စရာ ေကာင္းေနသည္။

ရွန္က်စ္ရွန္းကေတာ့ အမ်ားႀကီး စဥ္းစားမေနပဲ သူ႔အတြက္ ေနရာဖယ္ေပးလိုက္ၿပီး ေျပာလိုက္သည္။

"အားက်င္း, ငါ့ပုခုံးကို ပြတ္ေပးပါဦး"

ပူျပင္းေသာ စမ္းေရသည္ ဝိညာဥ္ခ်ီမ်ားႏွင့္ ျပည့္ေနသည္။ ရန္က်င္း၏ ႏွိပ္နယ္ေပးမႈႏွင့္အတူ ခ်ီစြမ္းအင္ႀကိဳးမွ်င္မ်ားက သူ႔အေရျပားတစ္ေလွ်ာက္ စီးဝင္သြားၿပီး ေသြးေၾကာမ်ားထဲသို႔ စိမ့္ဝင္သြားသည္။ အဲဒါက သူ႔ကို ေပါ့ေပါ့ပါးပါးနဲ႔ ငိုက္မ်ဥ္းေစသည္ေလ။ ရွန္က်စ္ရွန္းက ေၾကာင္အႀကီးႀကီး တစ္ေကာင္လိုမ်ိဳး သူ႔ကိုယ္သူ အျပည့္အဝျဖည့္ဆည္းေနသည္။ သူက ထပ္မံ အိပ္ေပ်ာ္ေတာ့မလိုမ်ိဳး ရန္က်င္းရဲ႕ ရင္ခြင္ထဲမွာ ပ်င္းရိစြာ မွီတြယ္ၿပီး အသိုက္လုပ္ေနသည္။

သို႔ေပမယ့္ ရန္က်င္းရဲ႕ လက္မ်ားကေတာ့ မၾကာခင္မွာ အစိုးမရေတာ့။ သူက ရွန္က်စ္ရွန္းရဲ႕ ခါးစည္းကို တိတ္တဆိတ္ ျဖည္ထုတ္လိုက္ၿပီး ခါးသြယ္သြယ္အား လက္နဲ႔ ဖိႏွိပ္ေနသည္။

ရွန္က်စ္ရွန္းက ႐ုတ္တရက္ လန႔္ႏိုးသြားရသည္။ မ်က္လုံးမ်ားကို ဖြင့္ၾကည့္လိုက္သည့္ အခါမွာေတာ့ ရန္က်င္းရဲ႕ မ်က္လုံးထဲမွာ တစ္စတစ္စ နက္ရႈိင္းလာသည့္ အပူမ်ားကို ျမင္လိုက္ရ၏။ ကိစၥေတြက မေကာင္းေတာ့မွန္း ခ်က္ခ်င္း နားလည္လိုက္တာေၾကာင့္ ႐ုန္းထြက္ဖို႔ႀကိဳးစားေတာ့ေလသည္။ ဒါေပမဲ့ ဒီတစ္ႀကိမ္မွာေတာ့ ရန္က်င္းက သူ႔ကို ခြင့္မျပဳေတာ့ဘူးလို႔ ဆုံးျဖတ္လိုက္ၿပီ။ သူက ရွန္က်စ္ရွန္းကို ညင္သာေပမယ့္ ခိုင္ၿမဲလွစြာျဖင့္ ေက်ာက္တုံးႀကီးေပၚ ဖိခ်လိုက္သည္။

ရွန္က်စ္ရွန္းက သူ႔ကို ဖြဖြေလး တြန္းလိုက္ေပမယ့္လည္း မလႈပ္ရွားသြားေပ။ ေရထဲက သူ႔လက္မ်ားကေတာ့ ရွန္က်စ္ရွန္းရဲ႕ ခါးေအာက္ပိုင္းဆီ တစ္ျဖည္းျဖည္း ဆင္းသြားေနသည္။ ရွန္က်စ္ရွန္းကေတာ့ ကလိထိုးသလို ခံစားေနရသည္။ သူက တစ္ခ်က္ၿပဳံးလိုက္ၿပီး ဆက္တြန္းေနေလသည္။ ေနာက္ဆုံးေတာ့ သူက စကားေျပာလိုက္ၿပီး သူ႔ေလသံက ခပ္တိုးတိုးျဖင့္ အက္ရွိေနကာ ေပ်ာ္႐ႊင္မႈ အရိပ္အေယာင္မ်ား ေရာယွက္ေနသည္။

"ဆရာ ထြက္မေျပးပါဘူး"

ေကာင္ဆိုးေလး

ရွန္က်စ္ရွန္းရဲ႕ စိတ္က တစ္ျဖည္းျဖည္း ေဝဝါးလာသည္။ သူ ရန္က်င္းကို အသံက်ယ္က်ယ္နဲ႔ ေအာ္ထုတ္မိလား ဆိုတာေတာင္ မသိေတာ့ဘူး

ေရမ်က္ႏွာျပင္သည္ သိမ္ေမြ႕စြာ တုန္ခါေနသည္။ ရွန္က်စ္ရွန္း၏တစ္ကိုယ္လုံးသည္လည္း သမုဒၵရာထဲက ေလွတစ္စင္းလို လြင့္ေမ်ာေနၿပီး မရပ္မနား လႈပ္လႈပ္႐ြ႐ြ ျဖစ္ေနသည္။

ေပ်ာ္႐ႊင္ျခင္းရဲ႕ အစြန္းကို ေရာက္လာတဲ့အခ်ိန္မွာ ရန္က်င္းက အရွိန္ေလွ်ာ့ပစ္လိုက္သည္။ သူက ေခါင္းငုံ႔လိုက္ၿပီး ရွန္က်စ္ရွန္းရဲ႕ နားသံသီးေလးအား သူ႔သြားၾကားမွာ ဖြဖြေလး ဖိညႇပ္ထားကာ တိုးတိုးေလး ညည္းတြားလိုက္ေလသည္။

"ဆရာ ကြၽန္ေတာ့္ကို ကတိေပးခဲ့တာကို မွတ္မိေသးလား?"

ရွန္က်စ္ရွန္းက သူ႔ရဲ႕ စိုစြတ္ေနသည့္ မ်က္လုံးမ်ားကို ဖြင့္လိုက္သည္။ သူ႔အၾကည့္က သူ႔ေရွ႕ကလူဆီ ေရာက္သြား၏။

သူကတိေပးခဲ့တာကို ဘယ္လိုလုပ္ မွတ္မိမွာလဲ? သူအခု ရန္က်င္းကို ျမန္ျမန္ေလး ဆက္လုပ္ဖို႔ပဲ တိုက္တြန္းခ်င္ေနတာ

ဒါေပမဲ့ ရန္က်င္းက မလႈပ္ရွားဘူး။ သူ႔မ်က္လုံးထဲမွာလည္း အၿပဳံးေလးတစ္ခု ခိုတြယ္ေနေသးတယ္

"ဆရာက ကြၽန္ေတာ့္အတြက္ စာအုပ္ ဖတ္ျပေပးမယ္လို႔ ကတိေပးခဲ့တယ္......"

သူ႔စကားမ်ားက ရွန္က်စ္ရွန္းကို မွတ္မိေစခဲ့သည္။ လြန္ခဲ့တဲ့ တစ္ခ်ိန္တုန္းက ရန႔္ရွန္က ရန္က်င္းအတြက္ ေထာင္ေခ်ာက္ဆင္ေပးထားတာကို မသိေသးခင္ ေပါ့ေလ်ာ့လွတဲ့ လူငယ္ အုပ္စုနဲ႔ ခရီးသြားခဲ့ၾကသည္ေလ။ ထိုအခ်ိန္တုန္းက ရွန္က်စ္ရွန္းက သူ႔ကို ကတိေပးခဲ့တယ္

အဲ့ဒီအခ်ိန္တုန္းက ရန္က်င္းက အဲ့ဒီ လူမိုက္ေတြရဲ႕ ပစ္မွတ္ထားျခင္းကို ခံေနခဲ့ရတာ။ ရွန္က်စ္ရွန္းက အရမ္းကို စိတ္မေကာင္းျဖစ္မိလို႔ သူ႔ကို ခခ်ာ့ေမာ့ေပးႏိုင္မယ့္ အရာတစ္ခုကို စဥ္းစား႐ုံကလြဲလို႔ ေ႐ြးခ်ယ္စရာ မရွိခဲ့ဘူး

ရွန္က်စ္ရွန္းသည္ ထိုသို႔ေသာ ကိစၥမ်ိဳး အမွန္တကယ္ ရွိခဲ့တယ္ ဆိုတာအား မိန္းေမာစြာျဖင့္ အမွတ္ရသြားမိသည္။ သူက ရန္က်င္းအား ေနာင္တအျပည့္ျဖင့္ စိုက္ၾကည့္မိေလသည္။

ဘာလို႔ ရန္က်င္းက သူ႔ကို ဒီအခ်ိန္ႀကီး ဖတ္ျပေစခ်င္ရတာလဲ......?

ဒီ မ႐ိုးသားတဲ့ ေကာင္စုတ္ေလးကေတာ့!

အဲ့ဒီစာအုပ္မွာ အခ်ိဳကဲတဲ့ စကားလုံးေတြ မ်ားလြန္းတယ္။ သာမာန္အေျခအေနမ်ိဳးမွာဆိုရင္ေတာင္ ရန္က်င္းကို ဖတ္ျပဖို႔အတြက္ လုံေလာက္ေအာင္ ဆိုးဝါးေနၿပီ။ ဒါေပမဲ့ ဒီလို အေျခအေနမ်ိဳးမွာဆိုရင္ ဒါက မီးထဲ ဆီထပ္ထည့္တာပဲ မဟုတ္ဘူးလား?

ရွန္က်စ္ရွန္းက ျငင္းဆိုဖို႔ပါးစပ္ ဖြင့္လိုက္ေပမယ့္လည္း သူ႔အသံက ခ်ိဳၿမိန္တဲ့ ကိတ္မုန႔္ေလးနဲ႔ ေၾကာင္ေပါက္ေလးရဲ႕ လက္ဖဝါးလိုမ်ိဳး ေပ်ာ့ေပ်ာင္းၿပီး ႏူးညံ့ခ်ိဳသာလြန္းေနသည္ကို ေတြ႕လိုက္ရသည္။ သူ႔ရဲ႕ ပုံမွန္ တည္ၿငိမ္မႈေတြ မရွိေတာ့ဘူး။ သူက အံ့အားတသင့္ျဖင့္ တိတ္တဆိတ္ ျပန္ေနလိုက္ၿပီး ေခါင္းသာ ခါျပလိုက္ရသည္

သူ႔ရဲ႕ နားသံသီးေလးက ရန္က်င္းရဲ႕ သြားၾကားမွာ ဖြဖြေလး ဖိႀကိတ္ခံေနရတာေၾကာင့္ ေခါင္းကို အရမ္းႀကိး ခါမရေပ။ အမွန္ေတာ့ သူ႔နားသံသီးကို မကိုက္ထားရင္ေတာင္ သူ႔မွာ အင္အား မက်န္ေတာ့ပါဘူး။ ဒီအခ်ိန္မွာေတာ့ သူ႔ကိုယ္သူ ေရပူစမ္းထဲကို ေပ်ာ္ဝင္သြားေတာ့မလိုမ်ိဳး ခံစားေနရတယ္။

ရန္က်င္းက သူ႔နားသံသီးေလးကို လႊတ္ေပးလိုက္ၿပီး သူ႔ႏႈတ္ခမ္းကိုသာ ဖြဖြေလး နမ္းလိုက္သည္။ ထို႔ေနာက္ အသံတိုးတိုးျဖင့္ တီးတိုးေျပာသည္။

"ေဆြ႕ရွန္းရဲ႕ စကားေတြက ယုံၾကည္လို႔ကို မရဘူး...."

ထို႔ေနာက္ ရန္က်င္းသည္ ရွန္က်စ္ရွန္းအား သူ႔ ပုခုံးမ်ားကိုသာ တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားႏိုင္ေစရန္ တမင္တကာ ႏွိပ္စက္ေတာ့ေလသည္။ လႈပ္ရွားမႈ ျပဳလုပ္လိုက္တိုင္းမွာ သူ႔တစ္ကိုယ္လုံး ႐ူးသြပ္သြားသလို ခံစားေနရသည္။ သူ႔တစ္ကိုယ္လုံးက တုန္ယင္ေန၏။ ရန္က်င္းကိုသာ မဖက္တြယ္ထားဘူးဆိုရင္ သူေရထဲကို ေပ်ာ့ေပ်ာင္းစြာ ဝင္သြားမိလိမ့္မည္။

"အကယ္၍ ေဆြ႕ရွန္းက မဖတ္ျပခ်င္ဘူးဆိုရင္ သီခ်င္းဆိုျပရင္ေရာ ဘယ္လိုလဲ?"

ရန္က်င္းရဲ႕ ကေလးဆန္ဆန္ အက်င့္ပုတ္မႈက ထိန္းထားဖို႔ ခက္ခဲလြန္းတယ္

ရွန္က်စ္ရွန္းက ေခါင္းကို အနည္းငယ္ ေစာင္းလိုက္ၿပီး ပူျပင္းလွစြာ အသက္ျပင္းျပင္း ရႈလိုက္သည္။ သူ႔ရဲ႕ ရွည္လ်ားတဲ့ မ်က္ေတာင္မ်ားမွာေတာ့ အၾကည္ေရာင္ ေရေလးမ်ား သီးေနၿပီး ဒါက ေရပူစမ္းေၾကာင့္လား ေခြၽးထြက္ေနတာလား မသဲကြဲေပ။ သူက အံကို တင္းတင္း ႀကိတ္လိုက္ၿပီး သူ႔စိတ္တစ္ခုလုံးကေတာ့ သူ႔ခႏၲာကိုယ္ ဗီဇ ေပ်ာက္ကြယ္သြားသလိုမ်ိဳး မိန္းေမာေနသည့္ စိတ္ဆႏၵမ်ား ျပည့္ႏွက္ေနသည္။ သူ တီးတိုး ေျပာလိုက္သည့္ အခ်ိန္မွာေတာ့ သူ႔ေလသံက ပန္းခက္ေလးမ်ားေပၚက ေႏြဦးေလေျပေလးလိုမ်ိဳး တုန္ယင္ေနသည္။

"ေႏြဦးရာသီမွာ ေပ်ာ္ပြဲ႐ႊင္ပြဲက်င္းပရင္း ဝိုင္စိမ္းတစ္ခြက္နဲ႔ သီခ်င္းတစ္ပုဒ္ကို သီဆိုလို႔... ဆုမြန္ေကာင္း သုံးခုကို ေတာင္းခံဖို႔ ဦးၫႊတ္လိုက္ပါတယ္..."

ေႏြဦးရာသီမွာ ေပ်ာ္ပြဲ႐ႊင္ပြဲက်င္းပရင္း ဝိုင္စိမ္းတစ္ခြက္နဲ႔ သီခ်င္းတစ္ပုဒ္ကို သီဆိုလို႔ ဆုမြန္ေကာင္း သုံးခုကို ေတာင္းခံဖို႔ ဦးၫႊတ္လိုက္ပါတယ္...

ပထမဆုံး ဆႏၵက ငါ့ရဲ႕ ခ်စ္ရသူ အသက္ရွည္ဖို႔၊ ဒုတိယဆႏၵက က်န္းမာေစဖို႔နဲ႔ တတိယဆႏၵကေတာ့ တို႔ႏွစ္ေယာက္ ေရာင္ျခည္တန္းေလးေပၚက ပ်ံလႊားငွက္ စုံတြဲလိုမ်ိဳး အတူတူ ....

သူ႔ေလသံက မညီမညာ ျဖစ္ေနၿပီး ေလသံေလးက တုန္ယင္ေနသည္။ ရွန္က်စ္ရွန္းက အနည္းငယ္စိတ္ၾကည္လင္လာေလသည္။ သူက သူ႔ရဲ႕ စိုစြတ္ေနသည့္ မ်က္လုံးမ်ားအား ဖြင့္လိုက္ၿပီး ရန္က်င္းရဲ႕ နား႐ြက္နားသို႔ သူ႔ႏႈတ္ခမ္းအား ဖိကပ္ ပြတ္တိုက္ရင္း စကားတစ္လုံးျခင္းဆီတိုင္းကို တိက် ျပတ္သားစြာ ေျပာလိုက္သည္။

"အတူတူ, ႏွစ္တိုင္း ႏွစ္တိုင္း....ရွိေနႏိုင္ဖို႔...."

"အားက်င္း, ႏွစ္တိုင္း ႏွစ္တိုင္း အတူတူ ရွိေနၾကရေအာင္...."

12.10.2022

----------The End----------

Extra ေလးပုဒ္ က်န္ပါေသးတယ္။

Xi Xi 's Note

ရွန္က်စ္ရွန္း ဆိုတဲ့ ကဗ်ာေလးက Feng Yansi က သူမရဲ႕ ခင္ပြန္းသည္အတြက္ ေရးစပ္ခဲ့တဲ့ "Longevity Girl" ဆိုတဲ့ ကဗ်ာေလးပါ။ မူလ ကဗ်ာထဲမွာ ခ်စ္ရသူဆိုတဲ့ ေနရာမွာ သခင္ႀကီး, ဒါမွမဟုတ္ ခင္ပြန္းသည္ သခင္ႀကီးလို႔ ဆိုခဲ့ေပမယ့္ ကဗ်ာထဲက အေၾကာင္းအရာေတြကို စဥ္းစားလိုက္ရင္ေတာ့ အခ်စ္(ခ်စ္သူ)လို႔ ျပန္ဆိုလို႔ ရပါတယ္။

==============

Continue Reading

You'll Also Like

164K 23.5K 49
Name : Who Dare Touch My Disciple!? [Notice : Not written in English.] Genre : historical, bl, fantasy, romance Start date : 19.7.2020 End date : 19...
167K 14.6K 56
Name/Title - " Xiao Wangfei👑 " - " ရှောင်းဝမ့်ဖေး /ေ႐ွာင္းဝမ့္ေဖး Type -Own-creation, Timetravel,Yizhan,Wangxian,Historical ,Rebirth,BL,Fanfic...
159K 10.1K 126
တာတေရဲ့ အထက်လမ်း အောက်လမ်း စုန်းကဝေ ပရလောက စွန့်စားခန်းတွေအကြောင်း။ နည်းနည်းပြောချင်ပါတယ် တာတေရဲ့ဇာတ်လမ်းတွေက သရဲစာပေgroupတွေမှာလည်း တင်လေ့ရှိသလို...
281K 43.6K 74
Title - Rebirth As a fatuous and self-indulgent ruler Type- Web novel(CN) Genre- Historical, Martial Arts,Romance,Slice of life,Yoai Author- Blood En...