(Completed) ဆရာဖြစ်ရတာမလွယ်ဘူ...

By Xiao_Yiii

693K 120K 3.4K

Title - It is not easy being a master Author - Jin Xi Gu Nian / Eng translator - Xi Xi Burmese translation p... More

Description
Chapter(1) - နိုးထခြင်း
Chapter(2) - တောင်စွန်းပေါ်တွင်
Chapter(3) - Double Return
Chapter(4) - ဖဲႀကိဳး
Chapter(5) - ပြဇာတ်
Chapter(6) - ဖြူကောင်လေး
Chapter(7) - Hidden Edge
Chapter(8) - မြက်ညွှန့်လေး
Chapter(9) - မျက်ရည်စက်သဏ္ဍာန်မှဲ့
Chapter(10) - စိတ်မကောင်းပါဘူး
Chapter(11) - ဓား
Chapter(12) - ကြွက်သားနာကျင်ခြင်း
Chapter(13) - မြန်မြန်လေး
Chapter(14) - ဖျားနာခြင်း
Chapter(15) - နှလုံးရောဂါ
Chapter(16) - အဆင့်တက်ခြင်း
Chapter(17) - လက်ချင်းတွဲဆက်
Chapter(18) - ရွေးချယ်မှု
Chapter(19) - အထီးကျန်,မှောင်မိုက်သောည
Chapter(20) - ဆွေ့ရှန်း
Chapter(21) - နောက်တစ်ဖန်ပြန်နိုးလာခြင်း
Chapter(22) - အပြစ်ရှိစိတ်များပြည့်နှက်နေသည်
Chapter(23) - စိုးရိမ်ဖွယ်ရာအသွင်ကူးပြောင်းသွားခြင်း
Chapter(24-1) - အမှန်တရား
Chapter(24-2) - အမှန်တရား
Chapter(25) - စည်းနှောင်စာချုပ်ချုပ်ခြင်း
Chapter(26) - Dress In White
Chapter(27 - 1) - အတူတကွခရီးသွားခြင်း
Chapter(27 - 2) - အတူတကွခရီးသွားခြင်း
Chapter(27 - 3) - အတူတကွခရီးသွားခြင်း
Chapter(27 - 4) - အတူတကွခရီးသွားခြင်း
Chapter(28) - အသံကျင့်ကြံသူ
Chapter(29-1) - စာအုပ်
Chapter(29-2) - စာအုပ္
Chapter(30) - စားဖိုဆောင်တစ္စေ
Chapter(31) - အားလျှန်
Chapter(32-1) - ခေါင်းအုံးမျှအိပ်ခြင်း
Chapter(32-2) - ခေါင်းအုံးမျှအိပ်ခြင်း
Chapter(33) - လျိုဝှက်နယ်မြေ
Chapter(34-1) - ဝိညာဉ်လေးများ
Chapter(34-2) - ဝိညာဥ်​လေးများ
Chapter(35-1) - အမှန်တရားနဲ့ ထင်ယောင်မှားမှု
Chapter(35-2) - အမှန်တရားနဲ့ ထင်ယောင်မှားမှု
Chapter(36-1) - မျှခြေ
Chapter(36-2) - မျှခြေ
Chapter(37-1) - ကျွန်တော်ရှိတယ်
Chapter(37-2) - ကျွန်တော်ရှိတယ်
Chapter(38-1) - ငါးရိုး
Chapter(38-2) - ငါးရိုး
Chapter(39 - 1) - ပုံရိပ်ယောင်
Chapter(39-2) - ပုံရိပ်ယောင်
Chapter(40-1) - ယွီယွီ
Chapter(40-2) - ယွီယွီ
Chapter(41-1) - ပြန်လာခြင်း
Chapter(41-2) - ပြန်လာခြင်း
Chapter(42-1) - မူးရစ်ခြင်း
Chapter(42-2) - မူးရစ်ခြင်း
Chapter(43) - ခေါင်းစဉ်မရှိ
Chapter(44 - 1) - ​ယောင်ကျိုး
Chapter(44 - 2) - ယောင်ကျိုး
Chapter(45) - ​ထောင်ဟွား
Chapter(46) - ရှေးဟောင်းနှောင်းဖြစ်များ
Chapter(46-2) - ရှေးဟောင်းနှောင်းဖြစ်များ
Chapter(47 - 1) - ပြဿနာရှာခြင်း
Chapter(47-2) - ပြဿနာရှာခြင်း
Chapter(48-1) - သံချေးတက်နေသည့် သော့
Chapter(48-2) - သံချေးတက်နေသည့် သော့
Chapter(49) - မက္ခရုငှက်လေး
Chapter(50-1) - ဘီလူး
Chapter(50-2) - ဘီလူး
Chapter(50-3) - ဘီလူး
Chapter(51-1) - ကိစ္စအသစ်
Chapter(51-2) - ကိစ္စအသစ်
Chapter(52-1) - အရမ်းရှုပ်ထွေးလွန်းတယ်
Chapter(52-2) - အလွန်ရှုပ်ထွေးလွန်းတယ်
Chapter(53-1) - မျက်နှာမရှိ
Chapter(53-2) - မျက်နှာမရှိ
Chapter(54-1) - ရုပ်သေး
Chapter(54-2) - ရုပ်သေး
Chapter(55-1) - ကန့်သတ်ချက်များ
Chapter(55-2) - ကန့်သတ်ချက်များ
Chapter(56) - လျှို့ဝှက်ချက်
Chapter(57) - ကံကြမ္မာဟောစာတမ်း
Chapter(58) - ရှေ့ပြေးဖြစ်ရပ်များ
Chapter(59) - အတိတ်
Chapter(60) - ရှေ့ကိုဆက်သွား
Chapter(61-1) - ပြင်းထန်တဲ့တိုက်ပွဲ
Chapter(61-2) - ပြင်းထန်တဲ့တိုက်ပွဲ
Chapter(62) - အလယ္
Chapter(63-1) - ဓား၏အကြွင်းအကျန်
Chapter(63-2) - ဓား၏အကြွင်းအကျန်
Chapter(64) - အပြန်
Chapter(65) - ဝိညာဉ်အိမ်မက်
Chapter(66-1) - အဝတ်အစားတွေချွတ်
Chapter(66-2) - အဝတ်အစားချွတ်ခြင်း
Chapter(67) - အတိုချုံး
Chapter(68-1) - ရှာဖွေခြင်း
Chapter(68-2) - ရှာဖွေခြင်း
Chapter(69) - ကျေနပ်အားရခြင်း
Chapter(70-1) - Seventy
Chapter(70-2) - Seventy
Chapter(71-1) - ဂိုဏ်းချုပ်
Chapter(71-2) - ဂိုဏ်းချုပ်
Chapter(72) - ပြန်လည်ပေါင်းစည်းမှု
Chapter(73) - ကြောင်ပေါက်လေး
Chapter(74-1) - ကျောက်တုံးနံရံ
Chapter(74-2) - ကျောက်တုံးနံရံ
Chapter(76-1) - Seventy-Six
Chapter(76-2) - Seventy-Six
Chapter(77) - အမြွှာ
Chapter(78-1) - ဓားကိုချိုးသည်
Chapter(78-2) - ဓားကိုချိုးသည်
Chapter(79) - နှစ်တိုင်း နှစ်တိုင်း
Extra (1) - ဆောင်းဦးပေါက်ပွဲတော်
Extra (2) - အမွှေးလုံး(1)
Extra (3) - အမွှေးလုံး(1)
Extra (4) - ချင်း ယွမ်
Thank You

Chapter(75) - မျက်ရည်နတ်ဆိုး

3K 493 10
By Xiao_Yiii

Unicode

အခန်း(၇၅) - မျက်ရည်နတ်ဆိုး

ရန်ကျင်းက ဘာမှမပြောပေ။ နောက်ဆုံး ရှန်ကျစ်ရှန်းက သူ့လက်အား လွှတ်လိုက်မှသာ မျက်လွှာချ၍ မျက်လုံးအတွင်းပိုင်းမှ အနက်ရှိုင်းဆုံးနေရာမှ မပျော်ရွှင်မှု သဲလွန်စများကို ဖုန်းကွယ်လိုက်သည်။

သူ့မျက်လုံးထဲမှာ အနီရောင်တစ်လွှာ ဖြတ်ခနဲ ပေါ်သွားသော်လည်း လျင်မြန်စွာပင် ဖိနှိပ်လိုက်၏။

ရှန်ကျစ်ရှန်းက ရန်ကျင်းရဲ့ လက်ကို လွှတ်ပြီးသောအခါ ခေါင်းစဉ်ပြောင်းလိုက်သည်။ သူက ရွှယ်ချီထံသို့ လျှောက်သွားကာ မေးလိုက်လေသည်။

"ခင်ဗျားတို့ အခုမှ ဝင်လာတာလား?"

ရွှယ်ချီနဲ့ လျှန်ချင်းတို့က တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ပြီး ခေါင်းခါပြသည်။

ရွှယ်ချီက ပြန်ဖြေလာသည်။

"ဒီထဲရောက်နေတာ ခဏလောက်တော့ ကြာသွားပြီ။ ငါဝင်လာတုန်းက မှောင်နေသေးတယ် ဒါပေမဲ့ နောက်ပိုင်း နံရံမှာ ညလင်းပုလဲတွေ မြှုပ်ထားတဲ့ အရမ်းကျဉ်းတဲ့ လမ်းကြောင်း တစ်ခုထဲ ဝင်သွားခဲ့တယ်။ လမ်းကြောင်းအဆုံးမှာ ကျောက်တုံးတံခါး တစ်ခုရှိပြီးတော့...."

ပုံမှန်လူဆိုရင် ကျောက်တုံးတံခါးကို မြင်တာနဲ့ ဖွင့်ချင်မိမှာပင်။ သို့သော်လည်း ရွှယ်ချီက မလုပ်ခဲ့။ ကျောက်တုံးတံခါးအား ထိလိုက်တဲ့အချိန်မှာ တစ်ဖက်ကနေ အားပြင်းပြီး အန္တာရယ် များလှသည့် အသက်ရှုသံကို ခံစားလိုက်ရသည်လေ။ သူက ခဏလောက် တုံ့ဆိုင်းနေခဲ့ပေမယ့်လည်း ဖွင့်ဖို့တော့ မကြိုးစားခဲ့ဘူး။ နောက်ဆုံးမှာ ခေါင်းငိုက်စိုက် ချရင်းနဲ့သာ နောက်ကို နည်းနည်းခြင်းဆီ ပြန်ဆုတ်လာခဲ့လိုက်တာ

သူနောက်ပြန် ဆုတ်လာတဲ့အချိန်မှာ ဘယ်ကနေ ပေါ်လာမှန်း မသိတဲ့ မြေပြင်ပေါ်က ညလင်းပုလဲတွေကို နင်းမိပြီး ခြေချောသွားမိတယ်

ရွှယ်ချီက အလျင်အမြန် တုံ့ပြန်လိုက်ပြီး ကျောက်တုံးနံရံကို သုံးလို့ သူ့ကိုယ်သူ ထောက်ပံ့ပေးလိုက်တာ။ ဒီညလင်းပုလဲတွေက နံရံမှာ ရှိနေရာကနေ ဘယ်လိုဖြစ်လို့ အရမ်းကို တိတ်တဆိတ်နဲ့ ပြုတ်ကျလာရတာလဲလို့ စဉ်းစားနေတဲ့အချိန်မှာပဲ မျက်လုံးပင့်ကြည့်လိုက်တော့ ကြောက်မက်ဖွယ် သတ္တဝါကြီး တစ်ကောင်ကို မြင်လိုက်ရသည်လေ။ ခန္တာကိယ်ရဲ့ တစ်ဝက်က ကျောက်တုံးတံခါးမှာ မြုပ်နေပြီး သူ့ကို ဆာလောင်မွတ်သိပ်စွာနဲ့ ကြည့်နေခဲ့တာ။

နတ်ဆိုးသားရဲက ထွက်ဖို့ ကြိုးစားနေသလိုမျိုး သူ့ခန္ဓာကိုယ်ကို လိမ်တွန့်လာခဲ့သည်။

မြေမျက်နှာသွင်ပြင်က အလွန်ကျဉ်းမြောင်းပြီး တိုက်ပွဲအတွက် လုံးဝ အဆင်မပြေပေ။ ရွှယ်ချီသည် တခဏမျှ တုံ့ဆိုင်းနေပြီးနောက် လှည့်ထွက်ပြေးတော့သည် ။

သူသည် ဝိညာဉ်စွမ်းအားကို အသုံးပြုကာ လျင်မြန်စွာ ပြေးပေမယ့် နတ်ဆိုးသည်လည်း အလွန်လျင်မြန်နေခဲ့သည်။ ကျယ်လောင်လှသည့် ဟိန်းသံကြီး တစ်ခုနှင့်အတူ ကျောက်တံခါးမှ ပြုတ်ကျလာကာ ခြေထောက်လေးချောင်းစလုံး ကြမ်းပြင်ပေါ်သို့ ရောက်တာနဲ့ ရွှယ်ချီနောက်ကို လိုက်လာခဲ့သည်။

နတ်ဆိုးသားရဲ၏ အသက်ရှုငွေ့များက ရွှယ်ချီရဲ့ လည်ပင်းပြောင်ပြောင်ကို  ဖြန်းခနဲ ဖြန်းခနဲ လာရောက် ထိခတ်နေပြီး ထိုနေရာတွင် စိုစွတ်ပြီး စေးကပ်မှုတစ်ခုခုကို ခံစားလိုက်ရသည်။ ရွှယ်ချီက နတ်ဆိုးသားရဲ၏ အလွန် ရွံစရာကောင်းသော တံတွေးကို တွေးမိကာ ပိုမိုမြန်ဆန်စွာပင် ပြေးတော့လေသည်။

သို့သော် သူမည်မျှ လျင်မြန်စွာပဲ ပြေးပါစေ နတ်ဆိုးသားရဲသည်လည်း လျင်မြန်စွာ လိုက်လာနေသည်။ ခဏအကြာမှာ ရွှယ်ချီက နောက်ကို ပြန်ကြည့်ဖို့ အချိန်ယူလိုက်၏။ သို့သော်လည်း သူလှည့်ကြည့်လိုက်သည့် အချိန်မှာပင် သတ္တဝါကြီးက သူ့နောက်မှာ အရမ်းနီးကပ်နေပြီး သူ့လည်ပင်းနောက်ဘက်က မှုတ်ထုတ်နေသည့် အသက်ရှုသံကြီးကိုပင် ထပ်မံ ခံစားလိုက်ရသည်။

"နောက်တော့ ငါ မကောင်းဆိုးဝါးကြီး လိုက်နေရင်းနဲ့ပဲ လမ်းကျဉ်းလေးထဲက ပြေးထွက်လာခဲ့တယ်။ ငါ့ရှေ့မှာ အမှောင်ထုကြီးပဲ ရှိနေပြီး လမ်းကို အလင်းပေးရအောင်လည်း ဂါထာ မရွတ်နိုင်တော့ဘူး။ ပြီးတော့ငါ ရေကန်ထဲ ပြုတ်ကျသွားတယ်....."

ရွှယ်ချီက မျက်မှောင်ကို တင်းနေအောင် ကြုတ်ရင်း စကားဆက်သည်။

"ရေကန်ထဲ ပြုတ်ကျပြီးတဲ့အချိန်မှာ အခြေအနေက အရမ်းကို ဆိုးဝါးသွားပြီ ဆိုတာကို ချက်ချင်း သိလိုက်တာပဲ။ ရေကန်အစပ်ကို ပြန်ရှာဖို့ ကြိုးစားပေမယ့်လည်း မိစ္ဆာကောင်က အဲ့ဒီနားမှာ စောင့်နေတာကို မြင်လိုက်ရတယ်လေ။ ရေထဲမှာလည်း တစ်ခြားအရာတွေ အများကြီး ရှိနေတယ်......."

သူက အောက်ခြေမှာရှိတဲ့ ကျောက်တုံးတွေ မြင့်တက်လာဖို့ ဂါထာသုံးကာ ကြိုးစားခဲ့ပေမယ့်လည်း ၎င်းတို့က အပေါ်တက်လာဖို့ ငြင်းဆန်နေခဲ့သည်အား တွေ့ရှိလိုက်ရသည်။ ရေထဲက အရာတွေက လက်တစ်ကမ်းအလိုထိ ရောက်လာခဲ့ကြသည်။ ထိုအရာများ တစ်ဖြည်းဖြည်း များသထက် များလာတာကို တွေ့လိုက်တော့ သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ရှေ့သို့ အသဲအသန် ကူးခတ်နေခြင်းဖြစ်သည်။ ပတ်ဝန်းကျင်က အလွန်မှောင်နေတာကြောင့် အဝေးက အလင်းတန်းတွေကို မြင်လိုက်ရတဲ့ အချိန်မှာ အလင်းရောင်ဆီသို့ အလိုလို ကူးခတ်လာခဲ့မိသည်။ မည်မျှကြာအောင် ကူးခတ်ခဲ့သည်ကို သူမသိလိုက်မီမှာပင် သူ့နောက်တွင် လှုပ်ရှားမှုများ လုံးဝမရှိတော့ကြောင်း ရုတ်တရက် သိရှိလာခဲ့၏။

ဒါကို သိသွားသည့် အချိန်မှာပင် စတင် နစ်မြှုပ်တော့သည်။ သူဘယ်လောက်ပဲ ရုန်းကန်နေပါေ ရေပေါ်မှာ ဆက်ပေါ်နေအောင် လုပ်လို့ မရပေ။ ရေက သူ့ဆီသို့ ဦးတည်ရာ ဘက်ပေါင်းစုံကနေ တဟုန်ထိုး စီးဆင်း ဝင်နေပုံရသည်။ သူ့ကိုယ်သူ ကာကွယ်ဖို့ မှော်ဂါထာများ သုံးလိုက်သည့် အချိန်မှာပဲ နောက်တစ်ခဏမှာ အမှောင်ထုထဲက မြေပြင်ပေါ် ရောက်နေသည်အား တွေ့လိုက်ရသည်လေ။ ရေကတော့ လုံးဝကို တိတ်တဆိတ်နဲ့ ပျောက်ကွယ်သွားခဲ့ပြီ။ ထိုအချိန်မှာ တောက်ပတဲ့ အလင်းတန်းတစ်ခုက သူ့မျက်လုံးထဲ ဝင်လာတာမို့ အလိုလို မျက်စိမှိတ်လိုက်မိသည်သာ။

သူ မျက်လုံး ပြန်ဖင့်ကြည့်လိုက်သည့် အချိန်မှာတော့ သူက ညလင်းပုလဲအား ကောက်ကိုင်နေသလိုမျိုး ခါးကိုင်းလျက် အနေအထား ရှိနေသည်အား တွေ့လိုက်ရသည်။ ထိုအချိန်မှာ ကျယ်လောင်လှသည့် အသံဖြင့် တံခါးပွင့်လာသည်ပင်။ လျှန်ချင်းက အပြင်းအထန် ပြေးထွက်လာကာ သူ့ကူချင်းနဲ့ တစ်စုံတစ်ယောက်ကို ရိုက်တော့မလို ပုံဖြစ်နေသည်။

ရှန်ကျစ်ရှန်းက ခဏမျှ နားထောင်ပြီးနောက် သူတို့ မူလတုန်းက မျက်နှာခြင်းဆိုင်ထားသည့် ဘက်အား လှည့်ကြည့်လိုက်သည်။ ထို့နောက် သူနဲ့ ရန်ကျင်းတို့ ထွက်လာသည့်ဘက်အား ပြန်ကြည့်မိ၏။

ကျောက်တံခါးနှစ်ခုလုံးက တူညီလုနီးပါးပဲ

လျှန်ချင်းက တည်ငြိမ်စွာပြောသည်။

"အဲ့ဒီထက်ပိုတယ်" သူက ပတ်ဝန်းကျင်အား တစ်ချက် ဝေ့ကြည့်ပြီးမှ ထပ်ပေါင်းပြောလာသည်။

"စုစုပေါင်း တံခါး ခုနှစ်ချပ်ရှိတယ်"

တံခါးခုနစ်ပေါက်တွင် သုံးခု ပွင့်နေပြီဖြစ်ပြီး ထိုသုံးပေါက်က သူတို့တွေ လေးလေးစားစား ဖြတ်ကျော်လာကြသည်များပင်။ လျှန်ချင်းက သူ့ကူချင်းအား ဖက်ထားရင်းဖြင့် ခဏမျှ စဉ်းစားလိုက်ကာ

"တံခါးတိုင်းရဲ့ နောက်မှာ လမ်းကျဉ်းတစ်ခုဆီ ရှိတယ်, တစ်ဖက်တစ်ချပ်ဆီက ကျောက်နံရံတွေမှာလည်း နံရံဆေးရေး ပန်းချီတွေ တန်းစီပြီး ရှီနေတယ်။ ဒါပေမဲ့ ပုံရိပ်တွေက ပြောင်းနေတဲ့အတွက် ရှင်းရှင်းလင်းလင်းတော့ မရှိဘူး"

သူ့ဘက်မှာတော့ လျှန်ချင်းက ကျောက်တုံးတံခါးအား ဖွင့်ဖို့ မရွေးချယ်ခဲ့ပေ။ သူက နေရာမှာတင် ရပ်နေခဲ့သည်။ ခဏအကြာမှာတော့ ခြေလှမ်းအနည်းငယ်လောက် နောက်ပြန်ဆုတ်ဖို့ ရွေးချယ်ခဲ့ပေမယ့်လည်း တံခါးက သူ့ဘာသာ ပွင့်ခြင်းနဲ့ အဆုံးသတ်သွားသည်။

အခြေအနေက မကောင်းတော့။ ၎င်းက နတ်ဆိုးများရဲ့ အသိုက်တည့်တည့် ပွင့်သွားပုံရသည်။ ကျဉ်းမြောင်းလှသည့် လမ်းလေးက ချက်ချင်းပင် အနက်ရောင်ချီများဖြင့် ဖုံးလွှမ်းသွားပြီး ကျောက်တံခါးနောက်ကွယ်မှ နတ်ဆိုးများနှင့် မိစ္ဆာများ အမြောက်အမြား ပြေးလွှားထွက်လာသည်။

လျှန်ချင်းက ထိုအခြေအနေအား မမျှော်မှန်းထားခဲ့မိ။ သူက တိုက်ခိုက်ရင်းဖြင့်ပင် နောက်ပြန်ဆုတ်နေရလေသည်။ တိုက်ပွဲက ပြင်းထန်လာနေသည့် အချိန်မှာပဲ မိစ္ဆာအားလုံး ရုတ်တရက်ကြီး ပျောက်ကွယ်သွားသည်။ ထိုအချိန် သူ့ရှေ့မှာ နောက်ထပ တံခါးတစ်ခု ရှိနေသည်အား မြင်လိုက်ရ၏။ တံခါးကို ဖွင့်လိုက်တဲ့အချိန်မှာတော့ ရွှယ်ချီက ညလင်းပုလဲများ ကုန်းကောက်နေသည်ကို မြင်လိုက်ရခြင်းပင်။

သူတို့ရဲ့ အတွေ့အကြုံတွေက အရမ်းစိတ်လှုပ်ရှားစရာကောင်းပုံပဲ။ ရှန်ကျစ်ရှန်းသည် သူခံစားခဲ့ရသော အလွန်အမင်း ဆာလောင်မှုကို သတိရပြီး လျှန်ချင်းနှင့် ရွှယ်ချီတို့၏ အတွေ့အကြုံများနှင့် ယှဉ်လိုက်လျှင် ဘာမှမဟုတ်ကြောင်း ရုတ်တရက် တွေးလိုက်မိသည်။

သူတို့ ပါဝင်ပတ်သတ်နေသည့် မြင်ကွင်းကတော့ သူနဲ့ ရန်ကျင်းတို့ရဲ့ အတိတ်ဘဝ အကြောင်းအရာများ ဖြစ်နေတာကြောင့် အသေးစိတ် အချက်အလက်များအား မပြောပြတော့။ သူက ဒီအတိုင်းသာ ပြောလိုက်သည်။

"ကျွန်တော်တို့ဝင်လာတုန်းကနဲ့ အတူတူလောက်ပဲ။ တံခါးကို မြင်လို့ ဖွင့်ပြီး ဝင်လိုက်တယ် ပြီးတော့ နောက်တံခါးတစ်ခု ထပ်မြင်တယ်။ ကျွန်တော်တို့ဖွင့်ကြည့်လိုက်တော့ ဘာမှ မမြင်ရဘူး။ ဒီအတိုင်း အရမ်းဗိုက်ဆာလာတာကိုပဲ ခံစားရတာ.....နောက်တော့ ကျောက်တုံးနံရံတွေက နီးလာလို့ ပြန်ထွက်လာဖို့ ဆုံးဖြတ်လိုက်တယ်။ ခြေတစ်လှမ်းပဲ လှမ်းရသေးတဲ့ အချိန်မှာ ဒီကိုရောက်လာတာနဲ့ အဆုံးသတ်သွားတာပဲ"

ရန်ကျင်းက မင်ကျိုးရဲ့ ချန်မျိုးနွယ်စုဝင်အဖြစ် ဆက်ပြီး ဟန်ဆောင်ထားတာကြောင့် ရှန်ကျစ်ရှန်းက ကျောက်တုံးနံရံပေါ်က သရုပ်ဖော်ပုံများအား အကြမ်းဖြင်းသာ ပြောပြလိုက်သည်။ စွန့်ပစ်မြေမှ မိစ္ဆာများနှင့် ပတ်သတ်ပြီး ရန်ကျင်းပြောခဲ့သည့် စကားများအား တိုက်ရိုက် မပြောဘဲ ယောင်ဝါးဝါး ပြောလိုက်ခြင်းပင်။

—အဲ့ဒီတော့ ခုနက ရှန်ကျစ်ရှန်း ပြောလိုက်တဲ့ 'ကြက်တောင်ပံ' ဆိုတာက ဟာသ မဟုတ်ဘူးပေါ့?

အစတုန်းကတော့ ရွှယ်ချီနဲ့ လျှန်ချင်းတို့က ကောက်ကွေးလှသည့် အတွေးများ မတွေးပဲ မနေနိုင်ခဲ့ပေ။ ရွှယ်ချီဆိုရင် စိတ်သက်သာရာ ရစွာပင် သက်ပြင်းချမိသည်။

ဒါကောင်းတယ်၊ ဒါကကောင်းတယ်။

ကျင့်ကြံသူဂိုဏ်းများက မင်ကျိုး မျိုးနွယ်စုများနှင့် နက်နက်ရှိုင်းရှိုင်း ဆက်စပ်မှုမရှိသောကြောင့် ၎င်းတို့နှစ်ခုကြားတွင် ကွာဟချက်တစ်ခု ကျန်ရစ်ခဲ့သည်။ သို့သော်လည်း ချန်မိသားစုရဲ့ ကလေးက ရှန်ကျစ်ရှန်းကိုဆိုရင် လုံ့လဝီရိယ စိုက်ထုတ်လွန်းတာအား ကြည့်ပြီးနောက် ရွှယ်ချီသည် စိတ်မပူပဲ မနေနိုင်တော့။ သူက ရှန်ကျစ်ရှန်းကိုသာ စိတ်မသက်မသာဖြင့် ဆက်စောင့်ကြည့်နေလိုက်တော့သည်။

သွားနေသည့် လမ်းမှာတော့ ရွှယ်ချီသည် သူ့အနေနဲ့ ရှန်ကျစ်ရှန်းကို တော်တော်လေး နှစ်သက်တယ်ဟု ဆုံးဖြတ်ချက် ချမိသည်။ ထိုသူက သန်မာပြီး ထောင်လွှားမောက်မာမှု မရှိသလို ဒေါသထွက်လွယ်သူလည်း မဟုတ်ပေ။ အဲ့ဒီအစား တည်ငြိမ်တဲ့ စိတ်ထားရှိသည်။ ဒီလိုလူမျိုးက အတော်လေးကို ထူးချွန်တဲ့အတွက် မင်ကျိုးက လူတစ်ယောက်ရဲ့ သွေးဆောင်ခြင်းကို ခံရမှာ မဟုတ်ဘူး!

ရွှယ်ချီသည် သူ၏ ကွေးကောက်နေသော အတွေးများကို ပြန်ဆွဲထုတ်လိုက်ပြီး လျှို့ဝှက်နယ်မြေအကြောင်းကို နောက်တစ်ကြိမ် ပြန်တွေးတော့သည် ။

သူတို့ဒီကိုရောက်နေတာကြာပေမယ့် တကယ့်အကောင်အထည်နဲ့ မိစ္ဆာတစ်ကောင်ကိုတောင် မတွေ့ဖူးသေးဘူး။ ဒီလျှို့ဝှက်နယ်မြေဟာ တကယ့်ကို ထူးဆန်းပြီး ရှုပ်ထွေးလွန်းတယ်

ရှန်ကျစ်ရှန်းကတော့ ရွှယ်ချီ၏ စိတ်ထဲမှ အတွေး အလှည့်အပြောင်းများအား စိတ်ကူးပင် မယဉ်မိပေ။ သူက ချင့်ချိန်တွက်ဆပြီး ပြောလာသည်။

"တံခါးတစ်ခုစီက မတူပါဘူး။ နံရံဆေးရေးပန်းချီကို မူလလျှို့ဝှက်နယ်မြေက ဖန်တီးခဲ့တာ။ ကြည့်ရတာတော့ အဓိပ္ပါယ် လေးနက်တဲ့ တစ်စုံတစ်ရာ ဖြစ်နိုင်ပေမယ့် မိစ္ဆာတွေရဲ့ ဖျတ်ဆီးခံလိုက်ရတော့ မတော်တဆ တစ်ခြားတစ်ခုအဖြစ် ပြောင်းလဲသွားတာ ဖြစ်လိမ့်မယ်"

ကျောက်တံခါးနောက်ကွယ်မှာ သူတို့ခံစားခဲ့ရတဲ့ အန္တရာယ်က ထင်ယောင်ထင်မှားမဖြစ်နိုင်ပေ။ သို့သော်လည်း သူတို့အားလုံးက တကယ့် ကြောက်မယ်ဖွယ်မျိုး တစ်ခုမှ မကြုံတွေ့ရပဲ ဝင်လာနိုင်တာကြောင့် ရှန်ကျစ်ရှန်းကတော့ ဒါသည် လျှို့ဝှက်နယ်ပယ်ဖန်တီးသူ၏ မူလရည်ရွယ်ချက်ဖြစ်နိုင်သည်ဟု မှန်းဆလိုက်သည်။ သို့တိုင်အောင် မသိနားမလည်သည့် နတ်ဆိုးများနဲ့ မိစ္ဆာများကြောင့် ဖျက်ဆီးခံလိုက်ရပြီး အဖျက်စွမ်းအား လျော့နည်းသွားခြင်း ဖြစ်လိမ့်မည်လေ။

ရွှယ်ချီသည်လည်း အလားတူ အတွေးမျိုး ရှိနေသည်။ သူက လျှန်ချင်းအား ဘယ်လိုထင်လဲလို့ မေးချင်တာကြောင့် ခေါင်းလှည့်ကြည့်လိုက်တဲ့ အချိန်မှာ လျှန်ချင်းက သူ့ကူချင်းအား လက်ဆယ်ချောင်းလုံးနဲ့ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး ရင်ကိုအပ်ကာ ဖက်ထားသည်ကို မြင်လိုက်ရကာ မျက်ရည်များလည်း စီးကျနေသည်။ ဒါက သူ့ရဲ့ အေးဆေးတည်ငြိမ်တဲ့ အမူအရာနဲ့ မတူဘဲ အတော်လေး ထူးဆန်းနေတာပင်။

ရွှယ်ချီက ယာယီပိုင်းလောက် အံ့အားသင့်သွားမိသည်။

"ဘာဖြစ်လို့လဲ?"

ရှန်ကျစ်ရှန်းသည်လည်း တစ်စုံတစ်ခု မှားနေသည်ဆိုတာ သိလိုက်ရသည်၏။ သူ၏ပထမဆုံးတုံ့ပြန်မှုသည် ဝိညာဉ်စွမ်းအားဖြင့် ပတ်ဝန်းကျင်အား စူးစမ်းခြင်းပင်။ သူ တစ်စုံတစ်ခုကို ယောင်ဝါးဝါးခံစားမိလိုက်ပေမယ့် တစ်ခုခု မပြောရသေးခင်မှာ လျှန်ချင်းရဲ့ မျက်ရည်များက ရပ်တန့်သွားပြီဖြစ်ပြီး "မျက်ရည်နတ်ဆိုး" ဟု တည်ငြိမ်စွာပြောလာသည်။

ထောင့်တစ်နေရာမှ စိုစွတ်စွတ် အသက်ရှုသံတစ်ခု ခပ်ဖျော့ဖျော့လေး ထွက်လာသည်။ သူတို့သည် တချက်ကြည့်လိုက်သောအခါ ညလင်းပုလဲ၏အလင်းရောင်အောက်တွင် ကျောက်တံခါးပွင့်လာသည်ကို တွေ့လိုက်ရ၏။ ဝိုင်းစက်သော ရေဘောလုံးတစ်လုံး ခုန်ထွက်လာပြီး ၎င်းနှင့်ထိသော နေရာတိုင်းတွင် စိုစွတ်သော ခြေရာများ ကျန်ရစ်ခဲ့သည်။

ရေဘောလုံးက တစ်ဝီဝီမြည်သံနဲ့အတူ ယိုင်ထိုးထိုး ထွက်လာပြီး နေရာမှာတင် ပတ်ပတ်လည် လှည့်နေသည်။

အနက်ရောင် အရာဝတ္တုတစ်ခုက ရေဘောလုံးနဲ့ တိုက်မိသွားပြီး ထိုအရာဝတ္ထုသည် ကျောက်နံရံဆီသို့ ခုန်တက်သွားလေသည်။ ၎င်း ကျောက်နံရံနဲ့ မထိရသေးခင်မှာပဲ လျှန်ချင်းက သူ့အင်္ကျီလက်စအား ဝှေ့ယမ်းလိုက်ကာ အရာဝတ္ထု၏ အရှိန်အား တားဆီးနိုင်ဖို့ လေပွေဲတစ်ခု ပို့လွှတ်လိုက်သည်။ သူက ၎င်းအား လှမ်းဆွဲလိုက်ပြီး ငုံ့ကြည့်လိုက်သောအခါ သူ့မျက်စံများ အနည်းငယ် ကျုံ့သွားရလေသည်။

ထိုအရာက ရွှင်(အပေါက်ခြောက်ပေါက်ပါ လေမှုတ်တူရိယာတစ်မျိုး) တစ်ခုပင်။

တစ်ချိန်တည်းမှာပင် အပြာဝတ်နဲ့ လူငယ်လေးတစ်ယောက်က ကျောက်တုံးတံခါးနောက်ကနေ ကမန်းကတန်း ပြေးထွက်လာသည်။ သူက မြေပြင်ပေါ်က ရေဘောလုံးအား ချက်ချင်းပင် မြင်လိုက်ရပြီး အင်္ကျီလက်စအား ပင့်တင်ကာပြေးရိုက်တော့၏။

လျှန်ချင်း၏ အမူအယာက အနည်းငယ် ပြောင်းလဲသွားရသည်။

"သွမ့်ယွမ်?"

လူငယ်လေးက ထိတ်လန့်တကြား မော့ကြည့်လာတာကြောင့် ရေဘောလုံးအား လွတ်သွားလေည်။ ၎င်းက ချက်ချင်းပင် ခုန်ခုန်ပြီး ထွက်ပြေးတော့သည်။ ရင်းနှီးနေသော အသံကို ကြားသောအခါ လူငယ်လေးက ဘာကိုမှ ဂရုမစိုက်နိုင်တော့ပဲ လွှတ်ခနဲ ထွက်သွားသည်။

"စီနီယာအစ်ကိုကြီး!"

လျှန်ချင်းက သူ့ရွှင်အား ယူထားသည်ကို မြင်လိုက်ရသည့်အခါ သွမ့်ယွမ်က အသံတိုးတိုးလေး ပြုလိုက်ပြီး ပြန်ယူဖို့ ရှေ့ကို လှမ်းသွားလိုက်သည်။

"စီနီယာအစ်ကိုကြီး, Woo Woo....မြန်မြန်လေး ကျွန်တော့်ကို ရွှင်ပြန်ပေးပါ။ ကျွန်တော်အဲ့ဒီ....Woo...မျက်ရည်နတ်ဆိုးကို..Woo....ရမှဖြစ်မယ်!"

သူတကယ်ပဲ သူ့ကိုယ်သူ မထိန်းနိုင်ဘူး။ သူ့မျက်ရည်တွေက ခြောက်တောင် ခြောက်တော့မယ် ပြီးတော့ သူ့မျက်လုံးတွေကလည်း သစ်အယ်သီးလို ယောင်ကိုင်းနေပြီ။ သူမငိုပဲ မနေနိုင်ဘူး

လျှန်ချင်းက မျက်မှောင်ကြုတ်ကာ ရွှင်အား သူ့ဆီ ပြန်ပေးလိုက်သည်။ သွမ့်ယွမ်က ရွှင်အား ပြန်ယူလိုက်ပြီး ချော်ထွက်နေသည့် ရေဘောလုံးအား ထပ်မံ လိုက်ဖမ်းပြန်၏။

ရေဘောလုံးသည် အခြေအနေက သိပ်မဟုတ်ဘူးဟု ခံစားလိုက်ရသည်။ စိုစွတ်သည့် အသက်ရှုသံများက ပြန့်နှံ့သွားကာ မျက်နှာပြင် တစ်ခုလုံး လှိမ့်သွားသည်။ ရှန်ကျစ်ရှန်းသည် မျက်ရည်ကျချင်သလိုမျိုး သူ့မျက်လုံများ စတင် စူးအောင့်လာသည်ကို ခံစားလိုက်ရလေသည်။ သူက စိတ်ကို ပြင်ဆင်လိုက်ပြီး မျက်ရည်နတ်ဆိုး၏ အသက်ရှုသံအား ဂါထာဖြင့် ခွဲထုတ်လိုက်သည်—ဒီရေဘောလုံးက မျက်ရည်နတ်ဆိုးပဲ

သူ့နာမည်အတိုင်းပဲ မျက်ရည်နတ်ဆိုးက ထူးဆန်းတဲ့ အသက်ရှုသံကို ထုတ်ပေးနိုင်ပြီး ကျင့်ကြံဆင့် နိမ့်တဲ့သူတွေ ဒါမှမဟုတ် အငိုသန်တဲ့သူတွေကို သူတို့ ခန္တာကိုယ်က ရေဓာတ်တွေ ကုန်ခမ်းသွားပြီး သေသည်အထိ ငိုယိုစေနိုင်သည်။ သေဆုံးသွားမှ မျက်ရည်နတ်ဆိုးက သေဆုံးသွားသည့် လူနား ချဉ်းကပ်ပြီး လူကို စားသုံးခြင်းပင်။

ရေဘောလုံးက လျှန်ချင်းရဲ့ ခြေထောက်နားထိ နီးကပ်နေအောင် လှိမ့်သွားတာကြောင့် လျှန်ချင်းက သူ့ကူချင်းအား မြှောက်ကာ ထုချလိုက်လေသည်။

ရေဘောလုံးက တဆတ်ဆတ် အော်ဟစ်ရင်းဖြင့် ရေအိုင်အဖြစ်သို့ ပြောင်းလဲသွားကာ ၎င်း၏ စိုစွတ်သော အသက်ရှုသံများ ရုတ်တရက် ပျောက်သွားသည်။ အဆုံးမှာ ဖြေရှင်းလို့ပြီးသွားတာကို မြင်လိုက်ရတာကြောင့် သွမ့်ယွမ်သည် စိတ်သက်သာရာရစွာ သက်ပြင်းချမိပြီး ပုံမှန်အတိုင်း စကားပြန်ပြောနိုင်သွား၏။

"နောက်ဆုံးတော့ ပြီးသွားပြီ..."

သူက မနေ့ကတည်းက မျက်ရည်နတ်ဆိုးရဲ့ ထောင်ချောက်ထဲ ပြုတ်ကျခဲ့တာကြောင့် ငိုကြွေးနေသည်အား မရပ်တန့်နိုင်ခဲ့ပေ။ သူသည် မျက်ရည်နတ်ဆိုးများ အကြောင်းကို စာအုပ်များထဲမှာသာ မြင်ဘူးခြင်းဖြစ်ကာ သူတို့အကြောင်း သိပ်မသိခဲ့။ သူ့ထောင်ချောက်ထဲ ကျသွားရင် မျက်ရည် ကျလာလိမ့်မယ်ဆိုတာသာ သူသိသည်။ ၎င်းအား မျက်ရည်နတ်ဆိုးကို သတ်ခြင်းဖြင့်သာ ဖြေရှင်းနိုင်တာပင်။

သို့သော်လည်း မျက်ရည်နတ်ဆိုးက အလွန် ချောနေခဲ့ကာ ဒီနေရာကလည်း အရမ်း ထူးဆန်းနေခဲ့သည်။ သွမ့်ယွမ်က မျက်ရည်နတ်ဆိုးနောက်က လိုက်ပါနေရင်းနဲ့ တစ်ခြားအန္တာရယ်တွေကိုလည်း အာရုံစိုက်နေခဲ့ရသေးသည်လေ။ တစ်နေကုန်နီးပါး လိုက်ပြီးတဲ့အချိန်မှာ သူ့မျက်လုံးတွေ ယောင်ကိုင်းလာတဲ့အထိတောင် ဖမ်းမမိနိုင်သေးဘူး။

ကံကောင်းလို့ စီနီယာအစ်ကိုကြီးနဲ့ တွေ့လို့သာပေါ့.....နေဦး, ဘာလို့ စီနီယာအစ်ကိုကြီးက ဒီနေရာကို ရောက်နေတာလဲ?

ကုသရေးစွမ်းရည်ကို ကောင်းကောင်း မသုံးတတ်သည့် သွမ့်ယွမ်က သူ့မျက်လုံးများကို ပွတ်လိုက်သည်။ သူက လျှန်ချင်းအား သူ့ရဲ့ သစ်ကြားသီးနှစ်လုံးနဲ့ ခက်ခက်ခဲခဲ ကြည့်နေရ၏။

"စီနီယာအစ်ကိုကြီး...."

နောက်ဆုံးတော့ သူ ရှန်ကျစ်ရှန်းနဲ့ တစ်ခြားသူများအား မြင်လိုက်ရလေသည်။

သွမ့်ယွမ်သည် ရွှယ်ချီကို ယခင်က မြင်ဖူးပြီး ယောက်ဂိုဏ်း၏ သခင်အဖြစ် မှတ်မိသွားခဲ့သည်။ သူသည် လျင်မြန်စွာ အရိုအသေပေးပြီးနောက် ရှန်းကျစ်ရှန်းနှင့် ရန်ကျင်းတို့ကို လှည့်ကြည့်သော်လည်း ၎င်းတို့ကို မမှတ်မိပေ။

သေချာပေါက် ချင်းယွင်ဂိုဏ်းက ခေါင်းဆောင် ပြောင်းသွားခဲ့ပြီ ဆိုတာကို သူသိထားတာပေါ့။ ဒါပေမဲ့ သူက လက်တွေ့ အတွေ့အကြုံ ရဖို့ ထွက်သွားခြင်းဖြစ်ပြီး နတ်ဆိုးနဲ့ မိစ္ဆာများအား ဖြတ်တောက်ကာ မကောင်းဆိုးဝါးများကို ဖယ်ရှားရာတွင်သာ အာရုံစိုက်ထားခဲ့သည်လေ။ ဂိုဏ်းချုပ်အသစ်က ဘယ်သူလဲဆိုတာကို သိပ်ဂရုမစိုက်မိဘူး

လျှန်ချင်း၏ လေသံသည် သူဘယ်တုန်းကမှ မငိုခဲ့သလိုမျိုး ထွက်ပေါ်လာသည်။ သူက တစ်ယောက်ပြီး တစ်ယောက်နှင့် အကျဉ်းချုံး မိတ်ဆက်ပေးလိုက်၏။ သွမ့်ယွမ်က သူတို့ကို အရိုအသေပေးကာ ယဉ်ကျေးစွာ နှုတ်ဆက်သည်။

ရွှယ်ချီက သူတို့ထက် အများကြီး အသက်ကြီးတာမို့လို့ စီနီယာလို့ ခေါ်ဖို့က ပြဿနာ မရှိပေ။ သို့သော်လည်း ရှန်ကျစ်ရှန်းနဲ့ ရန်ကျင်းတို့ကတော့ ဒီခေါင်းစဉ်ကို လက်မခံနိုင်သေးတာကြောင့် သူ့ရဲ့ ကိုယ်တစ်ဝက်ကိုင်းလို့ နှုတ်ဆက်မှုအား ဘေးဖက်သို့ ဖယ်နေလိုက်ကြသည်။

ရှန်ကျစ်ရှန်းက "ယဉ်ကျေးနေစရာ မလိုပါဘူး" ဟုပြောလိုက်ပြီး တစ်ချိန်တည်းမှာပင် လျှန်ချင်းအား စကားလုံးမဲ့ စိုက်ကြည့်လိုက်လေသည်။

သွမ့်ယွမ်က မျက်ရည်နတ်ဆိုးရဲ့ လွှမ်းမိုးမှုကို ခံလိုက်ရတယ် ဆိုတာ နားလည်ပေးလို့ ရပေမယ့် လျှန်ချင်းရဲ့ ကျင့်ကြံဆင့်က သူတို့နဲ့ ညီမျှတယ်လေ။ ဘယ်လိုဖြစ်လို့ မျက်ရည်နတ်ဆိုးတောင် ရောက်မလာသေးပဲ သူက မျက်ရည်ကျနေရတာလဲ?

သူတို့ရဲ့ တပည့် အချင်းချင်း ဆက်ဆံရေးက တစ်ယောက်နဲ့တစ်ယောက် နားလည်နိုင်လောက်အောင် လေးနက်နေတာကြောင့်လား?

လျှန်ချင်းက ခဏလေးသာ မျက်ရည်ကျခဲ့တာ ဖြစ်သော်လည်း သူ့မျက်လုံးများက အနည်းငယ် နီရဲနေဆဲပင်။ သို့သော်လည်း မှုန်မှိုင်းမှိုင်း အလင်းရောင်အပြင် သူ့မျက်လုံးရဲ့ မသက်မသာ ဖြစ်မှုကြောင့် သွမ့်ယွမ်က သူတို့ကို ရှင်းရှင်းလင်းလင်း မမြင်ရဘူး ဖြစ်နေသည်။ သူက အက်ရှရှ အသံဖြင့်သာ ခေါ်လိုက်သည်။

"စီနီယာအစ်ကိုကြီး..."

သူ့ရဲ့ ကိုယ်ပိုင် စီနီယာအစ်ကိုကြီးကို ရုတ်တရက်ကြီး မြင်လိုက်ရတာကြောင့် သွမ့်ယွမ်က အလွန်အမင်း ပျော်ရွှင်နေမိသည်။ သို့သော်လည်း ပျော်ရွှင်မှု ပြီးဆုံးသွားတဲ့အချိန်မှာ အနည်းငယ် နေမထိ ထိုင်မသာ ဖြစ်လာရ၏။ သူက အလွန်စိတ်လှုပ်ရှားနေပုံပေါ်ပြီး စိတ်မသက်မသာဖြင့် သူ့ရဲ့ ရွှင်အား လက်ပြောင်း ကိုင်လိုက်သေးသည်။ သို့သော်လည်း လျှန်ချင်းနဲ့ ရင်ဆိုင်တဲ့ အချိန်မှာ သူ့အနေအထားက အလွန် လေးစားနေဆဲပင်။

လျှန်ချင်း၏ ခန္ဓာကိုယ်မှ ခံ့ညားပြီး အေးစက်သော အငွေ့အသက်များ ထွက်ပေါ်လာသည်။

သူက အေးစက်စက် မေးလိုက်၏။

"မင်းဘာလို့ဒီကိုရောက်နေတာလဲ?"

14.9.2022

=================
Zawgyi

အခန္း(၇၅) - မ်က္ရည္နတ္ဆိုး

ရန္က်င္းက ဘာမွမေျပာေပ။ ေနာက္ဆံုး ရွန္က်စ္ရွန္းက သူ႔လက္အား လႊတ္လုိက္မွသာ မ်က္လႊာခ်၍ မ်က္လံုးအတြင္းပိုင္းမွ အနက္ရွိဳင္းဆံုးေနရာမွ မေပ်ာ္ရႊင္မွု သဲလြန္စမ်ားကို ဖုန္းကြယ္လိုက္သည္။

သူ႔မ်က္လံုးထဲမွာ အနီေရာင္တစ္လႊာ ျဖတ္ခနဲ ေပၚသြားေသာ္လည္း လ်င္ျမန္စြာပင္ ဖိနွိပ္လုိက္၏။

ရွန္က်စ္ရွန္းက ရန္က်င္းရဲ႔ လက္ကို လႊတ္ျပီးေသာအခါ ေခါင္းစဥ္ေျပာင္းလိုက္သည္။ သူက ရႊယ္ခ်ီထံသို႔ ေလွ်ာက္သြားကာ ေမးလိုက္ေလသည္။

"ခင္ဗ်ားတို႔ အခုမွ ဝင္လာတာလား?"

ရႊယ္ခ်ီနဲ႔ လွ်န္ခ်င္းတို႔က တစ္ေယာက္နဲ႔တစ္ေယာက္ ၾကည့္လုိက္ျပီး ေခါင္းခါျပသည္။

ရႊယ္ခ်ီက ျပန္ေျဖလာသည္။

"ဒီထဲေရာက္ေနတာ ခဏေလာက္ေတာ့ ၾကာသြားျပီ။ ငါဝင္လာတုန္းက ေမွာင္ေနေသးတယ္ ဒါေပမဲ့ ေနာက္ပိုင္း နံရံမွာ ညလင္းပုလဲေတြ ျမွဳပ္ထားတဲ့ အရမ္းက်ဥ္းတဲ့ လမ္းေၾကာင္း တစ္ခုထဲ ဝင္သြားခဲ့တယ္။ လမ္းေၾကာင္းအဆံုးမွာ ေက်ာက္တံုးတံခါး တစ္ခုရွိျပီးေတာ့...."

ပံုမွန္လူဆိုရင္ ေက်ာက္တံုးတံခါးကို ျမင္တာနဲ႔ ဖြင့္ခ်င္မိမွာပင္။ သို႔ေသာ္လည္း ရႊယ္ခ်ီက မလုပ္ခဲ့။ ေက်ာက္တံုးတံခါးအား ထိလုိက္တဲ့အခ်ိန္မွာ တစ္ဖက္ကေန အားျပင္းျပီး အႏာၱရယ္ မ်ားလွသည့္ အသက္ရွဳသံကို ခံစားလိုက္ရသည္ေလ။ သူက ခဏေလာက္ တံု႔ဆုိင္းေနခဲ့ေပမယ့္လည္း ဖြင့္ဖို႔ေတာ့ မၾကိဳးစားခဲ့ဘူး။ ေနာက္ဆံုးမွာ ေခါင္းငိုက္စိုက္ ခ်ရင္းနဲ႔သာ ေနာက္ကို နည္းနည္းျခင္းဆီ ျပန္ဆုတ္လာခဲ့လိုက္တာ

သူေနာက္ျပန္ ဆုတ္လာတဲ့အခ်ိန္မွာ ဘယ္ကေန ေပၚလာမွန္း မသိတဲ့ ေျမျပင္ေပၚက ညလင္းပုလဲေတြကို နင္းမိျပီး ေျခေခ်ာသြားမိတယ္

ရႊယ္ခ်ီက အလ်င္အျမန္ တံု႔ျပန္လုိက္ျပီး ေက်ာက္တံုးနံရံကို သံုးလို႔ သူ႔ကိုယ္သူ ေထာက္ပံ့ေပးလိုက္တာ။ ဒီညလင္းပုလဲေတြက နံရံမွာ ရွိေနရာကေန ဘယ္လိုျဖစ္လို႔ အရမ္းကို တိတ္တဆိတ္နဲ႔ ျပဳတ္က်လာရတာလဲလို႔ စဥ္းစားေနတဲ့အခ်ိန္မွာပဲ မ်က္လံုးပင့္ၾကည့္လုိက္ေတာ့ ေၾကာက္မက္ဖြယ္ သတၱဝါၾကီး တစ္ေကာင္ကို ျမင္လုိက္ရသည္ေလ။ ခႏာၱကိယ္ရဲ႔ တစ္ဝက္က ေက်ာက္တံုးတံခါးမွာ ျမဳပ္ေနျပီး သူ႔ကို ဆာေလာင္မြတ္သိပ္စြာနဲ႔ ၾကည့္ေနခဲ့တာ။

နတ္ဆိုးသားရဲက ထြက္ဖို႔ ႀကိဳးစားေနသလိုမ်ိဳး သူ႔ခႏၶာကိုယ္ကို လိမ္တြန္႔လာခဲ့သည္။

ေျမမ်က္ႏွာသြင္ျပင္က အလြန္က်ဥ္းေျမာင္းၿပီး တိုက္ပြဲအတြက္ လုံးဝ အဆင္မေျပေပ။ ရႊယ္ခ်ီသည္ တခဏမွ် တုံ႔ဆိုင္းေနၿပီးေနာက္ လွည့္ထြက္ေျပးေတာ့သည္ ။

သူသည္ ဝိညာဥ္စြမ္းအားကို အသုံးျပဳကာ လ်င္ျမန္စြာ ေျပးေပမယ့္ နတ္ဆိုးသည္လည္း အလြန္လ်င္ျမန္ေနခဲ့သည္။ က်ယ္ေလာင္လွသည့္ ဟိန္းသံၾကီး တစ္ခုႏွင့္အတူ ေက်ာက္တံခါးမွ ျပဳတ္က်လာကာ ေျခေထာက္ေလးေခ်ာင္းစလုံး ၾကမ္းျပင္ေပၚသို႔ ေရာက္တာနဲ႔ ရႊယ္ခ်ီေနာက္ကို လိုက္လာခဲ့သည္။

နတ္ဆိုးသားရဲ၏ အသက္ရွဳေငြ႔မ်ားက ရႊယ္ခ်ီရဲ႔ လည္ပင္းေျပာင္ေျပာင္ကို ျဖန္းခနဲ ျဖန္းခနဲ လာေရာက္ ထိခတ္ေနျပီး ထိုေနရာတြင္ စိုစြတ္ၿပီး ေစးကပ္မႈတစ္ခုခုကို ခံစားလိုက္ရသည္။ ရႊယ္ခ်ီက နတ္ဆိုးသားရဲ၏ အလြန္ ရြံစရာေကာင္းေသာ တံေတြးကို ေတြးမိကာ ပိုမိုျမန္ဆန္စြာပင္ ေျပးေတာ့ေလသည္။

သို႔ေသာ္ သူမည္မွ် လ်င္ျမန္စြာပဲ ေျပးပါေစ နတ္ဆိုးသားရဲသည္လည္း လ်င္ျမန္စြာ လုိက္လာေနသည္။ ခဏအၾကာမွာ ရႊယ္ခ်ီက ေနာက္ကို ျပန္ၾကည့္ဖို႔ အခ်ိန္ယူလိုက္၏။ သို႔ေသာ္လည္း သူလွည့္ၾကည့္လုိက္သည့္ အခ်ိန္မွာပင္ သတၱဝါၾကီးက သူ႔ေနာက္မွာ အရမ္းနီးကပ္ေနျပီး သူ႔လည္ပင္းေနာက္ဘက္က မႈတ္ထုတ္ေနသည့္ အသက္ရႈသံၾကီးကိုပင္ ထပ္မံ ခံစားလုိက္ရသည္။

"ေနာက္ေတာ့ ငါ မေကာင္းဆိုးဝါးၾကီး လိုက္ေနရင္းနဲ႔ပဲ လမ္းက်ဥ္းေလးထဲက ေျပးထြက္လာခဲ့တယ္။ ငါ့ေရွ႔မွာ အေမွာင္ထုၾကီးပဲ ရွိေနျပီး လမ္းကို အလင္းေပးရေအာင္လည္း ဂါထာ မရြတ္နုိင္ေတာ့ဘူး။ ျပီးေတာ့ငါ ေရကန္ထဲ ျပဳတ္က်သြားတယ္....."

ရႊယ္ခ်ီက မ်က္ေမွာင္ကို တင္းေနေအာင္ ၾကဳတ္ရင္း စကားဆက္သည္။

"ေရကန္ထဲ ျပဳတ္က်ျပီးတဲ့အခ်ိန္မွာ အေျခအေနက အရမ္းကို ဆိုးဝါးသြားျပီ ဆိုတာကို ခ်က္ခ်င္း သိလိုက္တာပဲ။ ေရကန္အစပ္ကို ျပန္ရွာဖို႔ ၾကိဳးစားေပမယ့္လည္း မိစၦာေကာင္က အဲ့ဒီနားမွာ ေစာင့္ေနတာကို ျမင္လုိက္ရတယ္ေလ။ ေရထဲမွာလည္း တစ္ျခားအရာေတြ အမ်ားၾကီး ရွိေနတယ္......."

သူက ေအာက္ေျခမွာရွိတဲ့ ေက်ာက္တံုးေတြ ျမင့္တက္လာဖို႔ ဂါထာသံုးကာ ၾကိဳးစားခဲ့ေပမယ့္လည္း ၎တို႔က အေပၚတက္လာဖို႔ ျငင္းဆန္ေနခဲ့သည္အား ေတြ႔ရွိလိုက္ရသည္။ ေရထဲက အရာေတြက လက္တစ္ကမ္းအလိုထိ ေရာက္လာခဲ့ၾကသည္။ ထိုအရာမ်ား တစ္ျဖည္းျဖည္း မ်ားသထက္ မ်ားလာတာကို ေတြ႔လုိက္ေတာ့ သူလုပ္ႏိုင္သည့္ တစ္ခုတည္းေသာအရာမွာ ေရွ႕သို႔ အသဲအသန္ ကူးခတ္ေနျခင္းျဖစ္သည္။ ပတ္ဝန္းက်င္က အလြန္ေမွာင္ေနတာေၾကာင့္ အေဝးက အလင္းတန္းေတြကို ျမင္လိုက္ရတဲ့ အခ်ိန္မွာ အလင္းေရာင္ဆီသို႔ အလိုလို ကူးခတ္လာခဲ့မိသည္။ မည္မွ်ၾကာေအာင္ ကူးခတ္ခဲ့သည္ကို သူမသိလိုက္မီမွာပင္ သူ႔ေနာက္တြင္ လႈပ္ရွားမႈမ်ား လုံးဝမရွိေတာ့ေၾကာင္း ႐ုတ္တရက္ သိရွိလာခဲ့၏။

ဒါကို သိသြားသည့္ အခ်ိန္မွာပင္ စတင္ နစ္ျမွုပ္ေတာ့သည္။ သူဘယ္ေလာက္ပဲ ရုန္းကန္ေနပါေ ေရေပၚမွာ ဆက္ေပၚေနေအာင္ လုပ္လို႔ မရေပ။ ေရက သူ႔ဆီသို႔ ဦးတည္ရာ ဘက္ေပါင္းစံုကေန တဟုန္ထိုး စီးဆင္း ဝင္ေနပံုရသည္။ သူ႔ကိုယ္သူ ကာကြယ္ဖို႔ ေမွာ္ဂါထာမ်ား သံုးလိုက္သည့္ အခ်ိန္မွာပဲ ေနာက္တစ္ခဏမွာ အေမွာင္ထုထဲက ေျမျပင္ေပၚ ေရာက္ေနသည္အား ေတြ႔လုိက္ရသည္ေလ။ ေရကေတာ့ လံုးဝကို တိတ္တဆိတ္နဲ႔ ေပ်ာက္ကြယ္သြားခဲ့ျပီ။ ထိုအခ်ိန္မွာ ေတာက္ပတဲ့ အလင္းတန္းတစ္ခုက သူ႔မ်က္လံုးထဲ ဝင္လာတာမို႔ အလိုလုိ မ်က္စိမွိတ္လိုက္မိသည္သာ။

သူ မ်က္လံုး ျပန္ဖင့္ၾကည့္လုိက္သည့္ အခ်ိန္မွာေတာ့ သူက ညလင္းပုလဲအား ေကာက္ကိုင္ေနသလိုမ်ိဳး ခါးကိုင္းလ်က္ အေနအထား ရွိေနသည္အား ေတြ႔လုိက္ရသည္။ ထိုအခ်ိန္မွာ က်ယ္ေလာင္လွသည့္ အသံျဖင့္ တံခါးပြင့္လာသည္ပင္။ လွ်န္ခ်င္းက အျပင္းအထန္ ေျပးထြက္လာကာ သူ႔ကူခ်င္းနဲ႔ တစ္စံုတစ္ေယာက္ကို ရိုက္ေတာ့မလို ပံုျဖစ္ေနသည္။

ရွန္က်စ္ရွန္းက ခဏမွ် နားေထာင္ျပီးေနာက္ သူတို႔ မူလတုန္းက မ်က္နွာျခင္းဆုိင္ထားသည့္ ဘက္အား လွည့္ၾကည့္လုိက္သည္။ ထို႔ေနာက္ သူနဲ႔ ရန္က်င္းတို႔ ထြက္လာသည့္ဘက္အား ျပန္ၾကည့္မိ၏။

ေက်ာက္တံခါးနွစ္ခုလံုးက တူညီလုနီးပါးပဲ

လွ်န္ခ်င္းက တည္ျငိမ္စြာေျပာသည္။

"အဲ့ဒီထက္ပိုတယ္" သူက ပတ္ဝန္းက်င္အား တစ္ခ်က္ ေဝ့ၾကည့္ျပီးမွ ထပ္ေပါင္းေျပာလာသည္။

"စုစုေပါင္း တံခါး ခုနွစ္ခ်ပ္ရွိတယ္"

တံခါးခုနစ္ေပါက္တြင္ သုံးခု ပြင့္ေနျပီျဖစ္ျပီး ထိုသံုးေပါက္က သူတို႔ေတြ ေလးေလးစားစား ျဖတ္ေက်ာ္လာၾကသည္မ်ားပင္။ လွ်န္ခ်င္းက သူ႔ကူခ်င္းအား ဖက္ထားရင္းျဖင့္ ခဏမ်ွ စဥ္းစားလုိက္ကာ

"တံခါးတုိင္းရဲ႔ ေနာက္မွာ လမ္းက်ဥ္းတစ္ခုဆီ ရွိတယ္, တစ္ဖက္တစ္ခ်ပ္ဆီက ေက်ာက္နံရံေတြမွာလည္း နံရံေဆးေရး ပန္းခ်ီေတြ တန္းစီျပီး ရွီေနတယ္။ ဒါေပမဲ့ ပံုရိပ္ေတြက ေျပာင္းေနတဲ့အတြက္ ရွင္းရွင္းလင္းလင္းေတာ့ မရွိဘူး"

သူ႔ဘက္မွာေတာ့ လ်ွန္ခ်င္းက ေက်ာက္တံုးတံခါးအား ဖြင့္ဖို႔ မေရြးခ်ယ္ခဲ့ေပ။ သူက ေနရာမွာတင္ ရပ္ေနခဲ့သည္။ ခဏအၾကာမွာေတာ့ ေျခလွမ္းအနည္းငယ္ေလာက္ ေနာက္ျပန္ဆုတ္ဖို႔ ေရြးခ်ယ္ခဲ့ေပမယ့္လည္း တံခါးက သူ႔ဘာသာ ပြင့္ျခင္းနဲ႔ အဆံုးသတ္သြားသည္။

အေျခအေနက မေကာင္းေတာ့။ ၎က နတ္ဆိုးမ်ားရဲ႔ အသိုက္တည့္တည့္ ပြင့္သြားပံုရသည္။ က်ဥ္းေျမာင္းလွသည့္ လမ္းေလးက ခ်က္ခ်င္းပင္ အနက္ေရာင္ခ်ီမ်ားျဖင့္ ဖံုးလႊမ္းသြားျပီး ေက်ာက္တံခါးေနာက္ကြယ္မွ နတ္ဆိုးမ်ားႏွင့္ မိစာၦမ်ား အေျမာက္အျမား ေျပးလႊားထြက္လာသည္။

လွ်န္ခ်င္းက ထိုအေျခအေနအား မေမွ်ာ္မွန္းထားခဲ့မိ။ သူက တိုက္ခုိက္ရင္းျဖင့္ပင္ ေနာက္ျပန္ဆုတ္ေနရေလသည္။ တိုက္ပြဲက ျပင္းထန္လာေနသည့္ အခ်ိန္မွာပဲ မိစာၦအားလံုး ရုတ္တရက္ၾကီး ေပ်ာက္ကြယ္သြားသည္။ ထိုအခ်ိန္ သူ႔ေရွ႔မွာ ေနာက္ထပ တံခါးတစ္ခု ရွိေနသည္အား ျမင္လုိက္ရ၏။ တံခါးကို ဖြင့္လိုက္တဲ့အခ်ိန္မွာေတာ့ ရႊယ္ခ်ီက ညလင္းပုလဲမ်ား ကုန္းေကာက္ေနသည္ကို ျမင္လုိက္ရျခင္းပင္။

သူတို႔ရဲ႕ အေတြ႕အႀကဳံေတြက အရမ္းစိတ္လႈပ္ရွားစရာေကာင္းပုံပဲ။ ရွန္က်စ္ရွန္းသည္ သူခံစားခဲ့ရေသာ အလြန္အမင္း ဆာေလာင္မႈကို သတိရၿပီး လွ်န္ခ်င္းႏွင့္ ရႊယ္ခ်ီတို႔၏ အေတြ႕အႀကဳံမ်ားႏွင့္ ယွဥ္လိုက္လွ်င္ ဘာမွမဟုတ္ေၾကာင္း ႐ုတ္တရက္ ေတြးလိုက္မိသည္။

သူတို႔ ပါဝင္ပတ္သတ္ေနသည့္ ျမင္ကြင္းကေတာ့ သူနဲ႔ ရန္က်င္းတုိ႔ရဲ႔ အတိတ္ဘဝ အေၾကာင္းအရာမ်ား ျဖစ္ေနတာေၾကာင့္ အေသးစိတ္ အခ်က္အလက္မ်ားအား မေျပာျပေတာ့။ သူက ဒီအတိုင္းသာ ေျပာလုိက္သည္။

"က်ြန္ေတာ္တို႔ဝင္လာတုန္းကနဲ႔ အတူတူေလာက္ပဲ။ တံခါးကို ျမင္လို႔ ဖြင့္ျပီး ဝင္လိုက္တယ္ ျပီးေတာ့ ေနာက္တံခါးတစ္ခု ထပ္ျမင္တယ္။ က်ြန္ေတာ္တို႔ဖြင့္ၾကည့္လုိက္ေတာ့ ဘာမွ မျမင္ရဘူး။ ဒီအတုိင္း အရမ္းဗိုက္ဆာလာတာကိုပဲ ခံစားရတာ.....ေနာက္ေတာ့ ေက်ာက္တံုးနံရံေတြက နီးလာလို႔ ျပန္ထြက္လာဖို႔ ဆံုးျဖတ္လုိက္တယ္။ ေျခတစ္လွမ္းပဲ လွမ္းရေသးတဲ့ အခ်ိန္မွာ ဒီကိုေရာက္လာတာနဲ႔ အဆံုးသတ္သြားတာပဲ"

ရန္က်င္းက မင္က်ိဳးရဲ႔ ခ်န္မ်ိဳးႏြယ္စုဝင္အျဖစ္ ဆက္ျပီး ဟန္ေဆာင္ထားတာေၾကာင့္ ရွန္က်စ္ရွန္းက ေက်ာက္တံုးနံရံေပၚက သ႐ုပ္ေဖာ္ပုံမ်ားအား အၾကမ္းျဖင္းသာ ေျပာျပလုိက္သည္။ စြန္႔ပစ္ေျမမွ မိစာၦမ်ားနွင့္ ပတ္သတ္ျပီး ရန္က်င္းေျပာခဲ့သည့္ စကားမ်ားအား တိုက္႐ိုက္ မေျပာဘဲ ေယာင္ဝါးဝါး ေျပာလုိက္ျခင္းပင္။

—အဲ့ဒီေတာ့ ခုနက ရွန္က်စ္ရွန္း ေျပာလိုက္တဲ့ 'ၾကက္ေတာင္ပံ' ဆိုတာက ဟာသ မဟုတ္ဘူးေပါ့?

အစတုန္းကေတာ့ ရႊယ္ခ်ီနဲ႔ လွ်န္ခ်င္းတို႔က ေကာက္ေကြးလွသည့္ အေတြးမ်ား မေတြးပဲ မေနနုိင္ခဲ့ေပ။ ရႊယ္ခ်ီဆိုရင္ စိတ္သက္သာရာ ရစြာပင္ သက္ျပင္းခ်မိသည္။

ဒါေကာင္းတယ္၊ ဒါကေကာင္းတယ္။

က်င့္ၾကံသူဂိုဏ္းမ်ားက မင္က်ိဳး မ်ိဳးႏြယ္စုမ်ားႏွင့္ နက္နက္ရႈိင္းရႈိင္း ဆက္စပ္မႈမရွိေသာေၾကာင့္ ၎တို႔ႏွစ္ခုၾကားတြင္ ကြာဟခ်က္တစ္ခု က်န္ရစ္ခဲ့သည္။ သို႔ေသာ္လည္း ခ်န္မိသားစုရဲ႔ ကေလးက ရွန္က်စ္ရွန္းကိုဆိုရင္ လံု႔လဝီရိယ စိုက္ထုတ္လြန္းတာအား ၾကည့္ျပီးေနာက္ ရႊယ္ခ်ီသည္ စိတ္မပူပဲ မေနနိုင္ေတာ့။ သူက ရွန္က်စ္ရွန္းကိုသာ စိတ္မသက္မသာျဖင့္ ဆက္ေစာင့္ၾကည့္ေနလုိက္ေတာ့သည္။

သြားေနသည့္ လမ္းမွာေတာ့ ရႊယ္ခ်ီသည္ သူ႔အေနနဲ႔ ရွန္က်စ္ရွန္းကို ေတာ္ေတာ္ေလး နွစ္သက္တယ္ဟု ဆံုးျဖတ္ခ်က္ ခ်မိသည္။ ထိုသူက သန္မာျပီး ေထာင္လႊားေမာက္မာမွဳ မရွိသလို ေဒါသထြက္လြယ္သူလည္း မဟုတ္ေပ။ အဲ့ဒီအစား တည္ျငိမ္တဲ့ စိတ္ထားရွိသည္။ ဒီလိုလူမ်ိဳးက အေတာ္ေလးကို ထူးခြၽန္တဲ့အတြက္ မင္က်ိဳးက လူတစ္ေယာက္ရဲ႔ ေသြးေဆာင္ျခင္းကို ခံရမွာ မဟုတ္ဘူး!

ရႊယ္ခ်ီသည္ သူ၏ ေကြးေကာက္ေနေသာ အေတြးမ်ားကို ျပန္ဆြဲထုတ္လိုက္ၿပီး လွ်ိဳ႕ဝွက္နယ္ေျမအေၾကာင္းကို ေနာက္တစ္ႀကိမ္ ျပန္ေတြးေတာ့သည္ ။

သူတို႔ဒီကိုေရာက္ေနတာၾကာေပမယ့္ တကယ့္အေကာင္အထည္နဲ႔ မိစာၦတစ္ေကာင္ကိုေတာင္ မေတြ႕ဖူးေသးဘူး။ ဒီလွ်ိဳ႕ဝွက္နယ္ေျမဟာ တကယ့္ကို ထူးဆန္းၿပီး ရႈပ္ေထြးလြန္းတယ္

ရွန္က်စ္ရွန္းကေတာ့ ရႊယ္ခ်ီ၏ စိတ္ထဲမွ အေတြး အလွည့္အေျပာင္းမ်ားအား စိတ္ကူးပင္ မယဥ္မိေပ။ သူက ခ်င့္ခ်ိန္တြက္ဆျပီး ေျပာလာသည္။

"တံခါးတစ္ခုစီက မတူပါဘူး။ နံရံေဆးေရးပန္းခ်ီကို မူလလွ်ိဳ႕ဝွက္နယ္ေျမက ဖန္တီးခဲ့တာ။ ၾကည့္ရတာေတာ့ အဓိပၸါယ္ ေလးနက္တဲ့ တစ္စံုတစ္ရာ ျဖစ္နုိင္ေပမယ့္ မိစာၦေတြရဲ႔ ဖ်တ္ဆီးခံလုိက္ရေတာ့ မေတာ္တဆ တစ္ျခားတစ္ခုအျဖစ္ ေျပာင္းလဲသြားတာ ျဖစ္လိမ့္မယ္"

ေက်ာက္တံခါးေနာက္ကြယ္မွာ သူတို႔ခံစားခဲ့ရတဲ့ အႏၲရာယ္က ထင္ေယာင္ထင္မွားမျဖစ္ႏိုင္ေပ။ သို႔ေသာ္လည္း သူတုိ႔အားလံုးက တကယ့္ ေၾကာက္မယ္ဖြယ္မ်ိဳး တစ္ခုမွ မၾကံဳေတြ႔ရပဲ ဝင္လာနုိင္တာေၾကာင့္ ရွန္က်စ္ရွန္းကေတာ့ ဒါသည္ လွ်ိဳ႕ဝွက္နယ္ပယ္ဖန္တီးသူ၏ မူလရည္႐ြယ္ခ်က္ျဖစ္ႏိုင္သည္ဟု မွန္းဆလိုက္သည္။ သို႔တုိင္ေအာင္ မသိနားမလည္သည့္ နတ္ဆိုးမ်ားနဲ႔ မိစာၦမ်ားေၾကာင့္ ဖ်က္ဆီးခံလုိက္ရျပီး အဖ်က္စြမ္းအား ေလ်ာ့နည္းသြားျခင္း ျဖစ္လိမ့္မည္ေလ။

ရႊယ္ခ်ီသည္လည္း အလားတူ အေတြးမ်ိဳး ရွိေနသည္။ သူက လွ်န္ခ်င္းအား ဘယ္လိုထင္လဲလို႔ ေမးခ်င္တာေၾကာင့္ ေခါင္းလွည့္ၾကည့္လုိက္တဲ့ အခ်ိန္မွာ လွ်န္ခ်င္းက သူ႔ကူခ်င္းအား လက္ဆယ္ေခ်ာင္းလံုးနဲ႔ တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ျပီး ရင္ကိုအပ္ကာ ဖက္ထားသည္ကို ျမင္လုိက္ရကာ မ်က္ရည္မ်ားလည္း စီးက်ေနသည္။ ဒါက သူ႔ရဲ႔ ေအးေဆးတည္ၿငိမ္တဲ့ အမူအရာနဲ႔ မတူဘဲ အေတာ္ေလး ထူးဆန္းေနတာပင္။

ရႊယ္ခ်ီက ယာယီပိုင္းေလာက္ အ့ံအားသင့္သြားမိသည္။

"ဘာျဖစ္လို႔လဲ?"

ရွန္က်စ္ရွန္းသည္လည္း တစ္စံုတစ္ခု မွားေနသည္ဆိုတာ သိလုိက္ရသည္၏။ သူ၏ပထမဆုံးတုံ႔ျပန္မႈသည္ ဝိညာဥ္စြမ္းအားျဖင့္ ပတ္ဝန္းက်င္အား စူးစမ္းျခင္းပင္။ သူ တစ္စံုတစ္ခုကို ေယာင္ဝါးဝါးခံစားမိလိုက္ေပမယ့္ တစ္ခုခု မေျပာရေသးခင္မွာ လွ်န္ခ်င္းရဲ႔ မ်က္ရည္မ်ားက ရပ္တန္႔သြားျပီျဖစ္ျပီး "မ်က္ရည္နတ္ဆိုး" ဟု တည္ၿငိမ္စြာေျပာလာသည္။

ေထာင့္တစ္ေနရာမွ စိုစြတ္စြတ္ အသက္ရႈသံတစ္ခု ခပ္ေဖ်ာ့ေဖ်ာ့ေလး ထြက္လာသည္။ သူတို႔သည္ တခ်က္ၾကည့္လိုက္ေသာအခါ ညလင္းပုလဲ၏အလင္းေရာင္ေအာက္တြင္ ေက်ာက္တံခါးပြင့္လာသည္ကို ေတြ႕လိုက္ရ၏။ ဝိုင္းစက္ေသာ ေရေဘာလုံးတစ္လုံး ခုန္ထြက္လာၿပီး ၎ႏွင့္ထိေသာ ေနရာတိုင္းတြင္ စိုစြတ္ေသာ ေျခရာမ်ား က်န္ရစ္ခဲ့သည္။

ေရေဘာလံုးက တစ္ဝီဝီျမည္သံနဲ႔အတူ ယိုင္ထိုးထိုး ထြက္လာျပီး ေနရာမွာတင္ ပတ္ပတ္လည္ လွည့္ေနသည္။

အနက္ေရာင္ အရာဝတၱဳတစ္ခုက ေရေဘာလံုးနဲ႔ တိုက္မိသြားျပီး ထိုအရာဝတၳဳသည္ ေက်ာက္နံရံဆီသို႔ ခုန္တက္သြားေလသည္။ ၎ ေက်ာက္နံရံနဲ႔ မထိရေသးခင္မွာပဲ လွ်န္ခ်င္းက သူ႔အက်ၤီလက္စအား ေဝွ႔ယမ္းလုိက္ကာ အရာဝတၳဳ၏ အရွိန္အား တားဆီးနုိင္ဖို႔ ေလေပြဲတစ္ခု ပို႔လႊတ္လိုက္သည္။ သူက ၎အား လွမ္းဆြဲလုိက္ျပီး ငံု႔ၾကည့္လုိက္ေသာအခါ သူ႔မ်က္စံမ်ား အနည္းငယ္ က်ံဳ႔သြားရေလသည္။

ထိုအရာက ရႊင္(အေပါက္ေျခာက္ေပါက္ပါ ေလမွုတ္တူရိယာတစ္မ်ိဳး) တစ္ခုပင္။

တစ္ခ်ိန္တည္းမွာပင္ အျပာဝတ္နဲ႔ လူငယ္ေလးတစ္ေယာက္က ေက်ာက္တံုးတံခါးေနာက္ကေန ကမန္းကတန္း ေျပးထြက္လာသည္။ သူက ေျမျပင္ေပၚက ေရေဘာလံုးအား ခ်က္ခ်င္းပင္ ျမင္လိုက္ရျပီး အက်ၤီလက္စအား ပင့္တင္ကာေျပးရိုက္ေတာ့၏။

လွ်န္ခ်င္း၏ အမူအယာက အနည္းငယ္ ေျပာင္းလဲသြားရသည္။

"သြမ့္ယြမ္?"

လူငယ္ေလးက ထိတ္လန္႔တၾကား ေမာ့ၾကည့္လာတာေၾကာင့္ ေရေဘာလံုးအား လြတ္သြားေလည္။ ၎က ခ်က္ခ်င္းပင္ ခုန္ခုန္ျပီး ထြက္ေျပးေတာ့သည္။ ရင္းနွီးေနေသာ အသံကို ၾကားေသာအခါ လူငယ္ေလးက ဘာကိုမွ ဂရုမစိုက္နုိ္င္ေတာ့ပဲ လႊတ္ခနဲ ထြက္သြားသည္။

"စီနီယာအစ္ကိုၾကီး!"

လွ်န္ခ်င္းက သူ႔ရႊင္အား ယူထားသည္ကို ျမင္လုိက္ရသည့္အခါ သြမ့္ယြမ္က အသံတိုးတိုးေလး ျပဳလုိက္ျပီး ျပန္ယူဖို႔ ေရွ႕ကို လွမ္းသြားလိုက္သည္။

"စီနီယာအစ္ကိုၾကီး, Woo Woo....ျမန္ျမန္ေလး က်ြန္ေတာ့္ကို ရႊင္ျပန္ေပးပါ။ က်ြန္ေတာ္အဲ့ဒီ....Woo...မ်က္ရည္နတ္ဆိုးကို..Woo....ရမွျဖစ္မယ္!"

သူတကယ္ပဲ သူ႔ကိုယ္သူ မထိန္းနုိင္ဘူး။ သူ႔မ်က္ရည္ေတြက ေျခာက္ေတာင္ ေျခာက္ေတာ့မယ္ ျပီးေတာ့ သူ႔မ်က္လံုးေတြကလည္း သစ္အယ္သီးလို ေယာင္ကိုင္းေနျပီ။ သူမငိုပဲ မေနနုိင္ဘူး

လွ်န္ခ်င္းက မ်က္ေမွာင္ၾကဳတ္ကာ ရႊင္အား သူ႔ဆီ ျပန္ေပးလိုက္သည္။ သြမ့္ယြမ္က ရႊင္အား ျပန္ယူလိုက္ျပီး ေခ်ာ္ထြက္ေနသည့္ ေရေဘာလံုးအား ထပ္မံ လိုက္ဖမ္းျပန္၏။

ေရေဘာလံုးသည္ အေျခအေနက သိပ္မဟုတ္ဘူးဟု ခံစားလိုက္ရသည္။ စိုစြတ္သည့္ အသက္ရွဳသံမ်ားက ျပန္႔နွံ႔သြားကာ မ်က္နွာျပင္ တစ္ခုလံုး လွိမ့္သြားသည္။ ရွန္က်စ္ရွန္းသည္ မ်က္ရည္က်ခ်င္သလိုမ်ိဳး သူ႔မ်က္လံုမ်ား စတင္ စူးေအာင့္လာသည္ကို ခံစားလိုက္ရေလသည္။ သူက စိတ္ကို ျပင္ဆင္လုိက္ျပီး မ်က္ရည္နတ္ဆိုး၏ အသက္ရွဳသံအား ဂါထာျဖင့္ ခြဲထုတ္လိုက္သည္—ဒီေရေဘာလံုးက မ်က္ရည္နတ္ဆိုးပဲ

သူ႔နာမည္အတုိင္းပဲ မ်က္ရည္နတ္ဆိုးက ထူးဆန္းတဲ့ အသက္ရွဳသံကို ထုတ္ေပးနုိင္ျပီး က်င့္ၾကံဆင့္ နိမ့္တဲ့သူေတြ ဒါမွမဟုတ္ အငိုသန္တဲ့သူေတြကို သူတို႔ ခႏာၱကုိယ္က ေရဓာတ္ေတြ ကုန္ခမ္းသြားျပီး ေသသည္အထိ ငိုယိုေစနုိင္သည္။ ေသဆံုးသြားမွ မ်က္္ရည္နတ္ဆိုးက ေသဆံုးသြားသည့္ လူနား ခ်ဥ္းကပ္ျပီး လူကို စားသံုးျခင္းပင္။

ေရေဘာလံုးက လွ်န္ခ်င္းရဲ႔ ေျခေထာက္နားထိ နီးကပ္ေနေအာင္ လွိမ့္သြားတာေၾကာင့္ လွ်န္ခ်င္းက သူ႔ကူခ်င္းအား ေျမွာက္ကာ ထုခ်လိုက္ေလသည္။

ေရေဘာလံုးက တဆတ္ဆတ္ ေအာ္ဟစ္ရင္းျဖင့္ ေရအုိင္အျဖစ္သို႔ ေျပာင္းလဲသြားကာ ၎၏ စိုစြတ္ေသာ အသက္ရႈသံမ်ား ႐ုတ္တရက္ ေပ်ာက္သြားသည္။ အဆံုးမွာ ေျဖရွင္းလို႔ျပီးသြားတာကို ျမင္လိုက္ရတာေၾကာင့္ သြမ့္ယြမ္သည္ စိတ္သက္သာရာရစြာ သက္ျပင္းခ်မိျပီး ပံုမွန္အတိုင္း စကားျပန္ေျပာနုိင္သြား၏။

"ေနာက္ဆုံးေတာ့ ၿပီးသြားၿပီ..."

သူက မေန႔ကတည္းက မ်က္ရည္နတ္ဆိုးရဲ႔ ေထာင္ေခ်ာက္ထဲ ျပဳတ္က်ခဲ့တာေၾကာင့္ ငိုေၾကြးေနသည္အား မရပ္တန္႔နုိင္ခဲ့ေပ။ သူသည္ မ်က္ရည္နတ္ဆိုးမ်ား အေၾကာင္းကို စာအုပ္မ်ားထဲမွာသာ ျမင္ဘူးျခင္းျဖစ္ကာ သူတို႔အေၾကာင္း သိပ္မသိခဲ့။ သူ႔ေထာင္ေခ်ာက္ထဲ က်သြားရင္ မ်က္ရည္ က်လာလိမ့္မယ္ဆုိတာသာ သူသိသည္။ ၎အား မ်က္ရည္နတ္ဆိုးကို သတ္ျခင္းျဖင့္သာ ေျဖရွင္းႏိုင္တာပင္။

သို႔ေသာ္လည္း မ်က္ရည္နတ္ဆိုးက အလြန္ ေခ်ာေနခဲ့ကာ ဒီေနရာကလည္း အရမ္း ထူးဆန္းေနခဲ့သည္။ သြမ့္ယြမ္က မ်က္ရည္နတ္ဆိုးေနာက္က လိုက္ပါေနရင္းနဲ႔ တစ္ျခားအႏာၱရယ္ေတြကိုလည္း အာရံုစိုက္ေနခဲ့ရေသးသည္ေလ။ တစ္ေနကုန္နီးပါး လိုက္ျပီးတဲ့အခ်ိန္မွာ သူ႔မ်က္လံုးေတြ ေယာင္ကိုင္းလာတဲ့အထိေတာင္ ဖမ္းမမိနုိင္ေသးဘူး။

ကံေကာင္းလို႔ စီနီယာအစ္ကိုၾကီးနဲ႔ ေတြ႔လို႔သာေပါ့.....ေနဦး, ဘာလို႔ စီနီယာအစ္ကိုၾကီးက ဒီေနရာကို ေရာက္ေနတာလဲ?

ကုသေရးစြမ္းရည္ကို ေကာင္းေကာင္း မသံုးတတ္သည့္ သြမ့္ယြမ္က သူ႔မ်က္လံုးမ်ားကို ပြတ္လုိက္သည္။ သူက လွ်န္ခ်င္းအား သူ႔ရဲ႔ သစ္ၾကားသီးနွစ္လံုးနဲ႔ ခက္ခက္ခဲခဲ ၾကည့္ေနရ၏။

"စီနီယာအစ္ကိုၾကီး...."

ေနာက္ဆံုးေတာ့ သူ ရွန္က်စ္ရွန္းနဲ႔ တစ္ျခားသူမ်ားအား ျမင္လိုက္ရေလသည္။

သြမ့္ယြမ္သည္ ရႊယ္ခ်ီကို ယခင္က ျမင္ဖူးၿပီး ေယာက္ဂိုဏ္း၏ သခင္အျဖစ္ မွတ္မိသြားခဲ့သည္။ သူသည္ လ်င္ျမန္စြာ အ႐ိုအေသေပးၿပီးေနာက္ ရွန္းက်စ္ရွန္းႏွင့္ ရန္က်င္းတို႔ကို လွည့္ၾကည့္ေသာ္လည္း ၎တို႔ကို မမွတ္မိေပ။

ေသခ်ာေပါက္ ခ်င္းယြင္ဂိုဏ္းက ေခါင္းေဆာင္ ေျပာင္းသြားခဲ့ျပီ ဆိုတာကို သူသိထားတာေပါ့။ ဒါေပမဲ့ သူက လက္ေတြ႔ အေတြ႔အၾကံဳ ရဖို႔ ထြက္သြားျခင္းျဖစ္ျပီး နတ္ဆိုးနဲ႔ မိစာၦမ်ားအား ျဖတ္ေတာက္ကာ မေကာင္းဆိုးဝါးမ်ားကို ဖယ္ရွားရာတြင္သာ အာရံုစိုက္ထားခဲ့သည္ေလ။ ဂိုဏ္းခ်ဳပ္အသစ္က ဘယ္သူလဲဆိုတာကို သိပ္ဂရုမစိုက္မိဘူး

လွ်န္ခ်င္း၏ ေလသံသည္ သူဘယ္တုန္းကမွ မငိုခဲ့သလိုမ်ိဳး ထြက္ေပၚလာသည္။ သူက တစ္ေယာက္ျပီး တစ္ေယာက္နွင့္ အက်ဥ္းခ်ဳံး မိတ္ဆက္ေပးလိုက္၏။ သြမ့္ယြမ္က သူတို႔ကို အ႐ိုအေသေပးကာ ယဥ္ေက်းစြာ ႏႈတ္ဆက္သည္။

ရႊယ္ခ်ီက သူတို႔ထက္ အမ်ားၾကီး အသက္ၾကီးတာမို႔လို႔ စီနီယာလို႔ ေခၚဖို႔က ျပႆနာ မရွိေပ။ သို႔ေသာ္လည္း ရွန္က်စ္ရွန္းနဲ႔ ရန္က်င္းတို႔ကေတာ့ ဒီေခါင္းစဥ္ကို လက္မခံနုိင္ေသးတာေၾကာင့္ သူ႔ရဲ႔ ကိုယ္တစ္ဝက္ကိုင္းလို႔ နွုတ္ဆက္မွုအား ေဘးဖက္သို႔ ဖယ္ေနလုိက္ၾကသည္။

ရွန္က်စ္ရွန္းက "ယဥ္ေက်းေနစရာ မလိုပါဘူး" ဟုေျပာလိုက္ျပီး တစ္ခ်ိန္တည္းမွာပင္ လွ်န္ခ်င္းအား စကားလံုးမဲ့ စိုက္ၾကည့္လုိက္ေလသည္။

သြမ့္ယြမ္က မ်က္ရည္နတ္ဆိုးရဲ႔ လႊမ္းမိုးမွဳကို ခံလုိက္ရတယ္ ဆိုတာ နားလည္ေပးလို႔ ရေပမယ့္ လွ်န္ခ်င္းရဲ႔ က်င့္ၾကံဆင့္က သူတို႔နဲ႔ ညီမွ်တယ္ေလ။ ဘယ္လိုျဖစ္လို႔ မ်က္ရည္နတ္ဆိုးေတာင္ ေရာက္မလာေသးပဲ သူက မ်က္ရည္က်ေနရတာလဲ?

သူတို႔ရဲ႕ တပည့္ အခ်င္းခ်င္း ဆက္ဆံေရးက တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္ႏိုင္ေလာက္ေအာင္ ေလးနက္ေနတာေၾကာင့္လား?

လ်ွန္ခ်င္းက ခဏေလးသာ မ်က္ရည္က်ခဲ့တာ ျဖစ္ေသာ္လည္း သူ႔မ်က္လံုးမ်ားက အနည္းငယ္ နီရဲေနဆဲပင္။ သို႔ေသာ္လည္း မွုန္မွိုင္းမွိုင္း အလင္းေရာင္အျပင္ သူ႔မ်က္လံုးရဲ႔ မသက္မသာ ျဖစ္မွုေၾကာင့္ သြမ့္ယြမ္က သူတို႔ကို ရွင္းရွင္းလင္းလင္း မျမင္ရဘူး ျဖစ္ေနသည္။ သူက အက္ရွရွ အသံျဖင့္သာ ေခၚလိုက္သည္။

"စီနီယာအစ္ကိုၾကီး..."

သူ႔ရဲ႔ ကိုယ္ပိုင္ စီနီယာအစ္ကိုၾကီးကို ရုတ္တရက္ၾကီး ျမင္လုိက္ရတာေၾကာင့္ သြမ့္ယြမ္က အလြန္အမင္း ေပ်ာ္ရႊင္ေနမိသည္။ သို႔ေသာ္လည္း ေပ်ာ္ရႊင္မွု ျပီးဆံုးသြားတဲ့အခ်ိန္မွာ အနည္းငယ္ ေနမထိ ထိုင္မသာ ျဖစ္လာရ၏။ သူက အလြန္စိတ္လွဳပ္ရွားေနပံုေပၚျပီး စိတ္မသက္မသာျဖင့္ သူ႔ရဲ႔ ရႊင္အား လက္ေျပာင္း ကိုင္လုိက္ေသးသည္။ သို႔ေသာ္လည္း လွ်န္ခ်င္းနဲ႔ ရင္ဆုိင္တဲ့ အခ်ိန္မွာ သူ႔အေနအထားက အလြန္ ေလးစားေနဆဲပင္။

လွ်န္ခ်င္း၏ ခႏၶာကိုယ္မွ ခံ့ညားျပီး ေအးစက္ေသာ အေငြ႕အသက္မ်ား ထြက္ေပၚလာသည္။

သူက ေအးစက္စက္ ေမးလုိက္၏။

"မင္းဘာလို႔ဒီကိုေရာက္ေနတာလဲ?"

=================

Continue Reading

You'll Also Like

567K 102K 107
Title: Mist[Unlimited] 薄雾[无限] Author : Wei Feng Ji Xu 微风几许 Status : 103 chapters + 3 extras (Completed) Genres : Action , Mys...
57.5K 7.3K 30
⚡THIS IS A PURE FUN TRANSLATION.All credits to original authors and English translators. I don't own any part of this novel. I'm just a translator. ⚡...
693K 120K 120
Title - It is not easy being a master Author - Jin Xi Gu Nian / Eng translator - Xi Xi Burmese translation period - Jan 5,2021 ~ Oct 14,2022 ရှန်ကျစ...
728K 91.5K 195
မူရင်းစာရေးသူ- 大叶 绝色男后 ဘာသာပြန်ဝတ္ထုပါ။ Zawgyi + unicode Chapter - 194+extra 35 extraက မူရင်းစာရေးသူ 35 ပိုင်းနဲ့ရပ်ထား