စိတ်ဓာတ်ကျတယ်ဆိုတာ ကျွန်တော့်အတွက်ခက်ခဲပါတယ်။ မွေးကတည်းကသေလူအဖြစ်သတ်မှတ်ခံထားရပြီးမှတော့ ဒီလောက်ထိနေနိုင်တာတင်ကျေးဇူးတင်သင့်တာလေ။ ဒါကြောင့်ကျွန်တော်နေပျော်ပါတယ်။
အနည်းဆုံးတော့နေရတာနည်းခဲ့ရင်တောင်မှ ဒီဘဝမှာတင် ကိုကိုနဲ့ကျွန်တော်တွေ့ခွင့်ရတာမို့ပါ။
// Rhythm of You //
ထယ်ယောင်းဒီနေ့ညအိမ်ပြန်ရောက်တာနောက်ကျသည်။ မကြီးကလည်း ညနေကမှအရေးပေါ် Operationဝင်ရမည်ဆို၍ဒီနေ့ညအိမ်ပြန်မလာတော့ဘူးဟု ဖုန်းဆက်သည်။ ဒါနဲ့ပဲသူလည်း အိမ်ရောက်ရောက်ချင်း ငြီးစီစီနဲ့နေလို့မကောင်းတာကြောင့် အခန်းထဲဝင်ရေမိုးချိုးချလိုက်သည်။
အဝတ်စားလဲပြီးနောက် ထယ်ယောင်းပင်ပန်းနေတာမို့အထူးတလေမလုပ်ချင်တော့။ ရေခဲသေတ္တာထဲကရှိတဲ့တစ်ချို့ကိုသာ ရိုးရိုးရှင်းရှင်းပဲချက်ပြုတ်စားလိုက်၏။
"အိပ်ပြီလား မသိဘူး"
ညပိုင်းတစ်ခါစာပြန်ကြည့်ပြီး အိပ်ရာဝင်တော့အချိန်က ဆယ်နာရီခွဲလုနေလေပြီ။ မအိပ်ခင်တင်စိတ်ထဲသတိရလာတာမို့ အပြန်အလှန်စကားပြောထားတဲ့Chatထဲဆီဝင်ပြီး သူ့ကပြားမလေးဆီ ထယ်ယောင်းစာပို့လိုက်သေးသည်။ အများကြီးတော့မဟုတ်ပါ။ ရိုးရိုးရှင်းရှင်းလေးပါပဲ
*အွန်းမီ အိပ်နေပြီလား*
ဟု။ ချက်ချင်းတင်ပြန်လာသည့်စာလေးကြောင့် Replyကြာတာမကြိုက်တဲ့ထယ်ယောင်းအလိုက်သင့်ပြုံးလိုက်မိသည်။
*မအိပ်သေးဘူးရှင့် ကိုယောင်း*
*ဒီနေ့ကိစ္စအတွက် ကျွန်တော်အားနာလို့ပါ*
*ဟုတ် ရပါတယ်နော် ကိုယောင်း အွန်းမီနားလည်ပါတယ်*
*ကျေးဇူးတင်ပါတယ်*
*ဒါဆိုအွန်းမီအိပ်တော့မယ်နော် ကိုယောင်း ကိုယောင်းလည်းကောင်းကောင်းအိပ်ပါ မနက်ဖြန်မှတွေ့ပါ့မယ်ရှင့်*
*ဟုတ်ကဲ့ဗျ Goodnightပါ*
Endသွားတဲ့Conversationကိုကြည့်ခဲ့ရင်း ခုမှစိတ်အေးလက်အေးဖြင့် ကိုင်ခဲ့သည့်ဖုန်းကိုလွှတ်ချသည့်အခါ ဘုတ်ခနဲရင်ဘတ်ပေါ်ပြုတ်ကျသည်။ တကယ်ဗျာ။ ဒီကောင်မလေးရဲ့ ကိုယောင်းလို့တစ်ခါခေါ်တိုင်း ကျွန်တော့်ရင်တစ်ခါတုန်ရတယ်။ သူမဘက်ကရိုးရိုးသားသားခေါ်တာဖြစ်နိုင်သော်ငြား ထူးထူးခြားခြားတွေးချင်လာတဲ့စိတ်ကကျွန်တော်ပိုင်တာပဲမို့။ တကယ်ပဲခက်ရချည်ရဲ့နော်။
"ငါဒီနေ့ဘာလုပ်စရာကျန်သေးလဲ"
စကားပြောပြီးနောက် အိပ်ရာဝင်တော့မှာမို့ ဖုန်းကိုဘေးချပြီး ထယ်ယောင်းတစ်နေ့တာကိုပြန်တွေးတော့သည်။ အကျင့်တစ်ခုရှိသည်က ညမအိပ်ခင် တစ်နေ့လုံးဘာလုပ်ခဲ့သလဲပြန်တွေးပြီး လုပ်စရာအလုပ်ကျန်မကျန်စဥ်းစားတတ်တာကြောင့် ဒါကထယ်ယောင်းအတွက်လုပ်နေကျပင်။
ထိုစဉ်ရုတ်တရက်ဆန်ဆန်ပဲ အတွေးထဲဝင်လာတဲ့ နေ့လည်ကထိုကောင်လေး။ မျက်လုံးဝိုင်းဝိုင်းနဲ့ဦးထုပ်ငိုက်ငိုက်ဆောင်းထားသည့်ထိုကောင်လေးက သူ့နာမည်အရှေ့မှာ ကိုကိုဟုတပ်ခေါ်သည်။ ထိုအခါမေးခွန်းတွေကများလာတယ်။ သူ့ကိုအဲ့ကောင်လေးဘယ်လိုသိနေလဲဆိုတာထက် သူ့ကိုဘာကြောင့် တရင်းတနှီးကိုကိုလို့ခေါ်တာလဲဟု။ တကယ်ဆိုအဲ့ကောင်လေးကို သူလည်းတစ်ခါမှမမြင်ဖူးပါဘူး။
*Ting*
အတွေးများနေစဉ်အတောအတွင်းTingခနဲ Notiတက်လာတဲ့ Messageအသံကြောင့် အွန်းမီများလားဟုကြည့်လိုက်ပေမဲ့ မြင်လိုက်ရတဲ့အရာတစ်ချို့ကြောင့် ထယ်ယောင်းနည်းနည်းမျက်ခုံးကြုံလိုက်မိတယ်။
*Hi ကိုကို*
တဲ့။ လောလောလတ်လတ်တင် အတွေးများထားပြီးစိတ်ရှုပ်ထားရတာ။ အခုလည်း ဘယ်သူကများသူ့ကို ကိုကိုလာခေါ်နေတာလဲ။ မဟုတ်မှ...နေ့လည်ကကောင်လေးပဲလား။
အကောင့်နာမည်ကထူးဆန်းသည်။ Aကနေ Zအထိတန်းစီရေးထားတာမှ အက္ခရာနှစ်လုံးပဲလွတ်သည်။ Profileကတော့ခွေးလေးကိုတစ်ယောက်ယောက်ကချီထားတဲ့ပုံတင်ထားပေမဲ့ တကယ်တော့ထယ်ယောင်းစိတ်မဝင်စားပါ။ စကားလာစပြောလို့လည်း စိတ်ဝင်တစားနဲ့ တစ်ဖက်Wallထဲကိုဝင်စစ်ကြည့်ဖို့လည်း စိတ်ကူးမရှိပါ။ ဒီအတိုင်းပဲလျစ်လျူရှုလိုက်သည်။
*Ting*
အချိန်အနည်းငယ်အကြာ တစ်ဖက်မှစာပြန်ပို့လာသည်။ ကြည့်ရတာသူစာပို့ပြီးတာကြာတဲ့အထိ ကျွန်တော်စာမပြန်ခဲ့တော့ သူ့ဘက်ကအနေခက်သွားတယ်ထင်ပါ့။ သူ့ကြောင့် ကျွန်တော်အနှောင့်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်ဟုပို့ပြီး ရပ်သွားသည်။
သူစိမ်းတစ်ယောက်နဲ့စကားထွေရာလေးပါးပြောဖို့ ထယ်ယောင်းစိတ်မဝင်စားပါ။ ထို့ကြောင့် အခုလည်းကြည့်ရုံကြည့်ပြီစာမပြန်ဖြစ်ခဲ့။ မသိသူတစ်ယောက်နဲ့စကားစမြည်ပြောတတ်တဲ့အကျင့်က သူ့ဝါသနာမဟုတ်လို့။
"မနက်ဖြန်နည်းနည်းစောစောထဦးမှပဲ"
အိပ်သွားခဲ့သောကောင်လေးတော့အနားယူခဲ့လေသည်။
လောကကြီးတိတ်ဆိတ်နေသည်။ ညပိုင်းအစောပိုင်းမဟုတ်တော့ပြီမို့ ညနက်လာလေပြီ။ ဆရာဝန်ကသူ့ကိုစောစောအိပ်ပါမှာထားလည်း မအိပ်နိုင်သောသူမှာ ပြန်စာမလာခဲ့သောChatတစ်ခုကိုကြည့်ရင်း ရင်ခုန်နေခဲ့သည်။
အမှိန်ချထားသောအခန်းအတွင်းအေးစိမ့်၏။ အနည်းငယ်မှေးစင်းနေခဲ့သောမျက်လုံးတို့က ဝမ်းနည်းနေသယောင်သန်းသည်။
တစ်နာရီတောင်ပြည့်တော့မယ်။ ပြန်စာမလာခဲ့သည့်Chatလေးတစ်ခုက အသက်မဲ့နေဆဲ။ဒါပေမဲ့လည်း ဂျောင်ကုစောင့်နေခဲ့တယ်။ အသိစိတ်ကတောင့်တရင်း မသိစိတ်၏ဆောင်ရာလက်ညှိုးလေးက ဖုန်းscreenကိုအောက်လေးဆွဲရင်း စာများပြန်လာမလားဆိုတဲ့မျှော်လင့်ချက်သေးသေးလေးဖြင့်။
"ကြည့်ရတာ ကိုကိုကသူမသိတဲ့သူဆိုစာမပြန်ဘူးထင်တယ် ကောင်းတာပေါ့ အဲ့တာဆိုကျွန်တော်စိတ်အေးရတယ် ဟီး ဒီပုံအတိုင်းသာဆို ကိုကို့ဘက်ကလည်း ဘယ်သူ့မှစကားစပြောမယ်မထင်ဘူး"
ကိုယ့်အတွေးနှင့်သာကိုယ်ဖြေသိမ့်လိုက်သည်။ ကိုကိုကကျွန်တော့်စာကိုတောင်ဖတ်ရုံဖတ်ပြီး Replyမပြန်တာ။ တခြားလူဆိုရင်လည်း ကိုကို့ဘက်ကစကားစမပြောလောက်ဘူးမလား။
အချိန်သာကြာခဲ့ပါ၏။ မိနစ်တွေသာကုန်သွားသည်။ မျှော်တော်ယောင်ခဲ့တဲ့စာလေးတစ်စောင်တော့ပြန်မလာခဲ့ပါ။
နာရီကိုလှမ်းကြည့်တော့ ညတစ်နာရီတောင်ထိုးတော့မှာပဲ။ သူပို့ခဲ့တဲ့စာလေးလည်း Yesterday at 10:45pm ဆိုပြီးဖြစ်ခဲ့လေပြီ။ ဂျောင်ကုပြုံးခဲ့ပါတယ်။ ဒီထပ်မှဆက်စောင့်တော့ရင် ကိုကို့မျက်နှာလေးကိုနောက်တွေ့မတွေ့နိုင်ဖြစ်ရလိမ့်မယ်။ ကျွန်တော်အဲ့လိုအဖြစ်မခံနိုင်ဘူးနော်။ အခုလည်း ကျွန်တော့်ခန္ဓာကိုယ်တွေလည်းနာလှပြီမို့ ဆေးသောက်ရင်းအိပ်မှဖြစ်တော့မယ်။ ဒါမှ..ကျွန်တော်နေကောင်းမှ ကိုကို့ကိုလာတွေ့နိုင်ဦးမှာလေ။
ဖုန်းဟာဖွင့်ထားလျက်ပင်ထားထားသေးသာ်။ ဘေးရှိစားပွဲပေါ်မှ သူမသောက်ပဲထားထားသောဆေးလုံးတွေနဲ့ရေတစ်ဖန်ခွက်က အစီအရီကိုများပေမဲ့ သောက်ခဲ့ရင်းပြန်ကြည့်မိပါ၏။
ထိုညမှာတော့တစ်ဖက်ကဆရာဝန်ကောင်လေးအိပ်သွားခဲ့ပေမဲ့ တစ်ဖက်ကအိပ်ရာထဲမှကောင်လေးတွင်တော့ သူကိုယ်တိုင်ပို့ထားခဲ့တဲ့Chatလေးတစ်ခုကိုကြည့်ရင်း Replyလေးတစ်ခုကိုသာပြန်မျှော်နေရှာခဲ့သည်။
// Rhythm of You //
"ထယ်ယောင်း"
"အင်း ဂျီမင်း"
"မင်းနဲ့အွန်းမီAssignmentပြီးသွားပြီလား"
မနက်ပိုင်းlectureယူပြီးနောက် နေ့လည်စာစားဖို့ထယ်ယောင်းထွက်လာတုန်း အနောက်ကပေါ်လာတဲ့သူ့သူငယ်ချင်းဂျီမင်း။ မနေ့ကတည်းက သူနဲ့အွန်းမီကိုအရောက်ပို့ပြီးဒီကောင်လစ်ထွက်သွားတာ မနက်ကအတန်းချိန်လည်းလာမတက်။ အခုမှဘယ်ကပေါ်လာလည်းမသိဘူး။
"ပြီးသွားပြီ"
"ဟ မြန်လှချည်လား ငါ့မှာစတောင်မစရသေးဘူး"
"ပြီးသွားပြီ ငါနည်းနည်းအဲ့ဘက်စိတ်ဝင်စားနေတော့ညကလုပ်ဖြစ်သွားတာ"
"အေးကွာ မင်းကတော့ကောင်းတယ် ကောင်မလေးနဲ့လည်းအတူတူလုပ်ရတယ် ကိုယ်တိုင်ကလည်းစိတ်ဝင်စားတော့တစ်ခါတည်းပြီးသွားတယ် ငါ့မှာတော့ဟိုလူ့ဂွစာကြီးကိုဘယ်လိုအနားကပ်ရမလဲတောင်မသိဘူး"
"ဟေ့ကောင် မဟုတ်တာတွေလျှောက်ပြောမနေနဲ့ကွ အွန်းမီကဘာမှငါ့ကောင်မလေးမဟုတ်ဘူး မင်းမဟုတ်တာတွေလျှောက်မပြောနဲ့"
"အေးပါကွာ မင်းကလည်းတစ်မျိုး မဟုတ်ဘူးလည်းမဟုတ်ဘူးပေါ့ ငါ့မှာဟိုလူ့အနားကပ်မရလို့စိတ်ညစ်နေရတဲ့အထဲ"
"ဟမ် မနေ့က ငါတို့သွားတော့မင်းသူ့ဆီသွားတယ်မဟုတ်ဘူးလား"
"အေး ဟုတ်တယ် သူ့ဆီသွားတယ် အဲ့မှာဂွတွေကျကုန်ရော"
"ဟာ ဘယ်လိုဖြစ်လို့လဲကွ"
"ဖြစ်ပုံကဒီလိုဟေ့"
မနေ့ကတုန်းကနေ့လည်ခင်းအချိန် ထယ်ယောင်းနဲ့အတူနေ့လည်စာစားမယ် ၊ ပြီးရင်စာကြည့်တိုက်သွားမယ်ဆိုပြီး ကျွန်တော်နဲ့ထယ်ယောင်းစီစဉ်ထားတာ။ အဲ့မှာအွန်းမီကရုတ်တရက်ရောက်လာလို့အဲ့အစီအစဉ်တွေပျောက်ပြီး ပါတနာပါပျောက်သွားရတယ်။ အဲ့တာနဲ့မျက်စိထဲဝင်လာတဲ့ဟိုမင်ယွန်းဂီဆိုတဲ့အတန်းထဲကလူအေးကြီးကို Assignmentလုပ်မယ်ဆိုပြီးသွားခေါ်ခဲ့တာ ပြဿနာတွေတက်ရော။ ဖြစ်ပုံကဒီလို။
"ဟို...မင်ယွန်းဂီ ကျွန်တော်နဲ့အတူAssignmentလုပ်မလားဗျ"
ဂျီမင်းလွယ်ထားသည့်အိတ်ကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး ဟိုးနောက်ဆုံးမှာစာထိုင်ကြည့်နေသည့် မင်ယွန်းဂီဆိုသည့်လူဆီသွားလိုက်သည်။ သူ့အသံကြားပေမဲ့ မျက်လုံးကစာအုပ်၌မပြတ် ၊ တစ်ဖက်လှည့်သွားတဲ့ပုံစံက အရှေ့ကမတ်တပ်ဖြစ်နေတဲ့လူကိုမြင်သလို မြင်သလိုလုပ်သွားသည်။
*ဟမ် ဒီလူ! ငါ့ကိုမမြင်တာလား ဟမ်!*
ဒေါသကထောင်းခနဲထွက်သွားပေမဲ့ ဂျီမင်းကိုယ့်စိတ်ကိုယ်ဖြည်ပြီးလျှော့ချလိုက်တယ်။ ငါကပတ်ဂျီမင်း။ ဥစ္စာပေါ ရုပ်ချော ဆရာဝန်လေးပတ်ဂျီမင်း။ မင်းစိတ်လျှော့မှရမယ်။
"ဆရာပြောသွားတာက Assignmentကိုနှစ်ယောက်တစ်တွဲလုပ်ရမှာတဲ့ အဲ့တာတစ်တန်းလုံးမှာက သူ့အတွဲနဲ့သူဖြစ်သွားတော့ ကျွန်တော့်မှာအတွဲမရှိတော့ဘူး ခင်ဗျားကလည်းတစ်ယောက်တည်းဆိုတော့ အဲ့တာကျွန်တော်နဲ့တွဲမလား"
ဂျီမင်းပြောသာပြောနေရပေမဲ့တကယ်တော့မျက်ခုံးခပ်လှုပ်လှုပ်။ ဒီလူက စိတ်မထင်ရင်မထင်သလို သူသိသိမသိသိ ထထအော်တာ တော်ရုံသွားရှုပ်လို့မရဘူး။
"ပတ်ဂျီမင်း"
ဂျီမင်းသူ့ဆီကနာမည်ထွက်လတာကြောင့်မျက်ခုံးပင့်လိုက်မိတယ်။ ဒီလူ့ဂွစာက ငါ့နာမည်သိတာလား။ အတန်းထဲမှာတစ်ယောက်တည်းနေပြီးပတ်ဝန်းကျင်ကိုအာရုံမရဘူးထင်တာ။ ဒီလိုကျလည်း ဘယ်ဆိုးလို့လဲ။
"ကောင်းပြီလေ မင်းကတွဲချင်သပဆိုတော့လည်း တွဲတာပေါ့ ဒါပေမဲ့ကိုယ်ကခပ်လွယ်လွယ်တော့မရဘူး မင်းနေ့တိုင်းအနမ်းပေးမှရမှာ အဟက်"
"ဟင် မဟုတ်ဘူးလေ"
ဂျီမင်းရဲ့ပုပုသေးသေးလက်ဖောင်းလေးထဲ ယွန်းဂီ၏လက်ချောင်းရှည်ရှည်တွေကလာဆုပ်ကိုင်ရင်း မျက်နှာနားကပ်ကာပြုံးရင်းဆိုသွားခဲ့တဲ့နောက် ဂျီမင်းတစ်ယောက်မှာပါးစပ်ကြီးဟလျက်ပါသွားခဲ့တော့သည်။
"အဲ့လိုပဲ ငါ့ကောင်ရဲ့ ဗြဲ ငိုချင်လာပြီ"
"ဟားဟားဟား အမလေး သေပါပြီ ပတ်ဂျီမင်းရဲ့ မင်းရဲ့ဂေါ်မစွံလူပျိုသိုးကြီးဘဝက အခုနေ့ချင်းညချင်း ရည်းစားငုတ်တုတ်နဲ့ဖြစ်သွားပြီပေါ့ ဟားဟား ပတ်ဂျီမင်း အဲ အခုဆိုငါ့သူငယ်ချင်းက မင်ယွန်းဂီရဲ့လူဖြစ်သွားပြီဆိုတော့ မင်ဂျီမင်းလို့ခေါ်ရတော့မှာပေါ့ ဟားဟားဟား"
"ဟဲ့ကောင် ရင်ထဲမှာပန်းတွေပွင့်နေတာမဟုတ်ဘူးနော် ဒူးရင်းသီးတွေသီးနေတာကွ မင်းငါ့လာမပြောင်နဲ့"
"ဟားဟား sorryပါ မင်ဂျီမင်းရာ ငါအရမ်းတွေအံ့ဩသွားလို့ပါ ဟားဟားဟား"
ဆေးကျောင်းတော်ကြီး၏Canteenထဲ ဟက်ဟက်ပက်ပက်ကိုအားရပါးရရယ်မောနေသည့် ကောင်လေးတစ်ယောက်နံဘေး တခြားကောင်လေးကတော့မျက်နှာကြီးဆူပုတ်ပြီးဖြစ်နေသည်။ ဤအချင်းအရာကိုတော့ အဝေးမှရပ်နေခဲ့သော အဖြူရောင်Hoodieလေးနှင့်ကောင်လေးက ပြုံးရင်းကြည့်နေခဲ့သည်။
"ကျွန်တော့်အတွက်ဖြစ်တည်တာမဟုတ်တဲ့အပြုံးကို
အဝေးကကြည့်နေရပေမဲ့
အဲ့အပြုံးတွေကတောင်
ကျွန်တော့်ကိုရူးသွပ်စေဖို့
လုံလောက်နိုင်ပါတယ် ကိုကို"
// Rhythm of You //
AN - ခံစားရလား မခံစားရလားလည်းမသိတော့ပါဘူး။ ကဲ ကဲ ပြောပြစရာလေးရှိပါတယ်။
တကယ်တော့ဂျောင်ကုလေးက သူရဲ့စာကိုမပြန်ခဲ့တဲ့အချိန်မှာ ကိုကိုကလည်းတခြားလူကိုလည်းစာမပြန်လောက်ဘူးထင်နေခဲ့တာ။ ကိုကို့ဘက်ကစကားပြောဖို့ဆိုမရှိလောက်ဘူးပေါ့ဆိုပြီး။ တကယ်တော့အဲ့အချိန်တုန်းက ကိုကိုဟာ ဆောင်းအွန်းမီကိုအရင်တောင်စာပို့နေခဲ့တာပါ။ အဲ့တာလေးသတိမထားမိမှာစိုးလို့လာပြောပြတာ။
ဒါနဲ့ထည့်ထားတဲ့Chatရဖို့တော်တော်အားထုတ်လိုက်ရတယ်သိလား 😆
........................................................................................
Zawgyi
// Rhythm of You //
"အိပ်ပြီလား မသိဘူး"
*အွန်းမီ အိပ်နေပြီလား*
*ကျေးဇူးတင်ပါတယ်*
*Ting*
*Hi ကိုကို*
*Ting*
// Rhythm of You //
"ထယ်ယောင်း"
"အင်း ဂျီမင်း"
"ပြီးသွားပြီ"
"ဖြစ်ပုံကဒီလိုဟေ့"
"ပတ်ဂျီမင်း"
"ဟင် မဟုတ်ဘူးလေ"
အဝေးကကြည့်နေရပေမဲ့
အဲ့အပြုံးတွေကတောင်
// Rhythm of You //
........................................................................................