Step 1.3
Sparks
"ကိုလင်း! ကိုလင်း!"
"ဟင်"
"ခေါ်နေတာကြာလှပြီ ဘာတွေတွေးနေတာတုန်း"
"ဘာမှမဟုတ်ပါဘူး။ ဒီလိုပါပဲ"
"ရေသောက်ဦးမလားလို့"
"ဪ အင်း .... သောက်မယ်လေ"
လင်းမှာ အာရွန့်အသံကြားမှ အတွေးနယ်ချဲ့ရာက လက်တွေ့နှင့် ပြန်လည်ချိတ်ဆက်မိသွားခဲ့၏။ အခုတလော လင်းမှာ အတွေးများစွာ ရှိနေတာ အမှန်ပင်။
အတွေးက အရင်ကတည်းက ရှိခဲ့တာ မှန်သော်ငြား အခုကတော့ ပုခုံးပေါ်တွင် ခေါင်းဆောင်ဆိုသည့်တာဝန်က ပိုလာတာကြောင့် ပို၍ ဖိဖိစီးစီး တွေးမိနေသည်ထင်ပါ၏။ အဖွဲ့လိုက်လှုပ်ရှားရသည့်ကိစ္စဆိုသည်မှာ ပွင့်ပွင့်လင်းလင်းဆိုရလျင် အတော်မလွယ်ကူသောအရာဖြစ်၏။
ကိုယ့်စိတ်ကိုယ့်ကိုယ်နှင့်တောင် တစ်ခါတရံ ဒွိဟဖြစ်ကာ ရှုပ်တတ်ရသည့်အထဲ လူငါးယောက်ကို ညီညာအောင်ညှိယူရသည့် ကိစ္စမှာ တကယ့်ကို ခက်ခဲသောကိစ္စပင်။
ပထမဆုံးသောပြသနာမှာကား အသံကိစ္စပင်ဖြစ်လေသည်။ အားလုံးက အတွေ့အကြုံလည်း မရှိကြသေးသလို idol ဖြစ်ဖို့ရာ အခုမှစတင်ကာ လေ့ကျင့်နေကြသူများဖြစ်တာမို့ လိုအပ်ချက်များစွာရှိနေတာ အဟုတ်ပင်ဖြစ်လေသည်။ ထို့ကြောင့် ဆိုပုံဆိုနည်းအရ ကိုယ်ဆိုနေကျပုံစံကိုသာ ကျင့်သားရနေပြီး စနစ်တကျ မဆိုနိုင်သေးသလို အခြားပုံစံမျိုးလဲ မလုပ်နိုင်သေး။ ထို့ကြောင့် ပထမဆုံး တွေ့လာရသည့် ပြသနာမှာကား အသံသဟဇာတမဖြစ်ခြင်းပင်ဖြစ်လေ၏။
ပထမဆုံးပြသနာဖြစ်သော်ငြား သက်ရောက်မှုက အတော်ကြီးသည်။ အားလုံးကို သီချင်းတစ်ပုဒ်ကို နေရာခွဲကာ အစမ်းဆိုစေပြီး အသံသွင်းစေကာ နားထောင်ကြည့်လိုက်သည့်အခါ လွန်စွာမှ သိသာနေသည့် ကွဲပြားမှုက ထင်းလင်းစွာ ပေါ်လာခဲ့၏။ အသံ effectတစ်ခုခုနှင့် ညှိလိုက်လျင်ရသည်ဆိုသော်ငြား ထိုသို့ဆိုလျင်က ရေရှည်တွင် အဆင်မပြေနိုင်သလို အရည်အချင်း အစစ်အမှန်လည်း မဟုတ်တော့ပေ။
ဆရာကတော့ လိုအပ်သည့်နေရာကို ထောက်ပြကာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် သဘောပေါက်အောင်လုပ်ပြီး ဖြေရှင်းကြရန် ပြောသွားခဲ့သည်မို့ ယခု ခေါင်းချင်းဆိုင်ကာ ဆွေးနွေးနေကြစဉ်ဖြစ်၏။
"အင်း ခမ်းအသံက အထိုးထွက်ဆုံးဖြစ်နေသလားလို့ပဲ သူ့ကိုက positionပြောင်းမှရမယ်"
အာရွန်က ဆိုတော့ ခမ်းဝေက မကျေမနပ်ဖြင့် တုံ့ပြန်၏။
"ကျွန်တော်လဲ ထိုးထွက်ချင်လို့ ထွက်နေတာမှ မဟုတ်ပဲဗျာ အသံကိုက ဒီလိုပဲဟာကို"
"အေးလေ အဲ့တာကြောင့် positionပြောင်းရမယ်လို့ ပြောတာလေ ... ဘာပြောမိလို့လဲ"
"ကိုယ်ပြောတဲ့ စကားကိုလဲ ပြန်စဉ်းစားကြည့်ဦးလေဗျာ ... လေသံကအစ ဟုတ်မှမဟုတ်ပဲ"
"ဟာ .... ဟုတ်လို့ဟုတ်တယ်လို့ပဲ ပြောနေတာကို ဘာတွေပြောနေတာတုန်း!"
"ဟေး ... စကားကို အေးဆေးပြောကြမယ်လေ..."
အဖွဲ့ရယ်ဖြစ်လာပြီဆိုမှတော့ သည်လိုကတောက်ကဆဖြစ်တတ်ကြသော အချိန်မျိုးလည်း ကျိန်းသေရှိတတ်မည်ဖြစ်၏။ ကြိုမသိနိုင်တာကြောင့် တားဆီး၍ရနိုင်ကောင်းသော ကိစ္စမျိုးမဟုတ်သော်ငြား အတတ်နိုင်ဆုံး ပြေလည်အောင် ဖြန်ဖြေရမည်က အကြီးဆုံးအပြင် ခေါင်းဆောင်လဲဖြစ်သော သူ့တာဝန်ဖြစ်၏။
သို့သော် မည်သို့ပင်တားဆီးပါစေ တနည်းနည်းနှင့် ဖြစ်ကိုဖြစ်လာရမည့်တာဝန်မှာတော့ ပြသနာ၏ တာဝန်ဖြစ်ပုံရလေ၏။
"လက်စနဲ့ပြောရရင် အကတိုက်ရင်လဲ မင်းက အဲ့လိုပဲ ... တစ်ယောက်ထဲ မြန်နေရောမလား... နောက်ကလူတွေနဲ့ paceကို လုံးဝမညှိဘူးလေ"
အာရွန်က မီးလောင်ရာလေပင့်လိုက်ပြန်သည့်အခါ ခမ်းက စကားနာထိုးလာလေတော့သည်။
"ကိုယ့်ဘာသာ လိုက်မမှီတာကို ဘာလို့ သူများကို အပြစ်ပုံချနေတာလဲ?"
"မဟုတ်သေးဘူးလေကွာ .... ငါက လိုအပ်တာကို ထောက်ပြနေရုံ...."
"ကိုအာရွန်ပြောတာ လုံးဝအမှားတော့လဲ မဟုတ်ဘူး ခမ်း... ခမ်းက နဂိုထဲက အကတော်တာမို့ အဆင်ပြေပေမဲ့ အစ်ကိုတို့အတွက်က အတော်လေးကြိုးစားပြီး လိုက်ယူရတာရယ် ... paceက မညီနေတာတော့ အဟုတ်ပဲ..."
"အဲ့တာဆိုလဲ အစထဲက ပြောပါတော့လားဗျာ ... အခုကျ ကျွန်တော်က တစ်ကိုယိကောင်းသမားလိုဖြစ်မသွားဘူးလား"
"မဟုတ်ဘူး ... အစ်ကိုကလည်း အားနာ....."
"ဒါပေမဲ့ နဂိုထဲက တော်ဝယ်ဆိုတာမျိုးတော့ မဟုတ်သေးဘူး ကိုသီခ ... ကျွန်တော်လဲ မွေးကထဲက တော်လာတာမဟုတ်ဘူးလေ ဒီလိုပဲ လေ့ကျင့်လာရတာပဲ။ လေ့ကျင့်မှ ကောင်းလာမှာပေါ့ဗျ"
စကားဝိုင်းက သုံးယောက်ဖြစ်လာပြီးနောက် အနေအထားက ပို၍ပင် တင်းမာလာသည်။ လင်းမှာ အသံမြှင့်ကာ မာန်လိုက်ရကောင်းမည်လား၊ ဆက်ပဲ ချော့ရမည်လား ဝေခွဲရခက်နေစဉ်မှာပင် ရေဘူးကို ဒုံးကနဲနေအောင် ကြမ်းပေါ်ပစ်ချလိုက်သံကို ကြားလိုက်ရလေသည်။ အားလုံးမှာ ရုတ်တရက်ထွက်လာသော ထိုအသံကြောင့် လန့်ဖျပ်ကာ တိကနဲနေအောင် ငြိမ်ကျသွားမိကြ၏။
"ဒီနေ့ meetingက ဒီအထိပဲ ထင်တယ် .... ဟုတ်တယ်မလား? အရင်သွားတော့မယ်"
ပြောပြောဆိုဆိုနှင့် တံခါးဖွင့်ကာ ထထွက်သွားသူက Mist။
သူ့အပြုအမူမှာ အနည်းငယ် ရိုင်းပျသလို ခံစားရနိုင်သော်လည်း သူပြောတာလဲ မမှား။ ဒီအခြေအနေနှင့်က မည်သို့မှ ရှေ့ဆက်မရနိုင်မှာ အဟုတ်ဖြစ်လေသည်။ သို့သော်လည်း အားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြပုံကိုကြည့်ရလျင် Mist ၏ ဖြေရှင်းနည်းက အနည်းငယ်တော့ ထိရောက်ပုံရလေ၏။
သို့ပေသိ လွှတ်ထားလို့တော့လည်း မဖြစ်သေး။ပြဿနာမဖြစ်ပဲ အေးအေးဆေးဆေး ဖြေရှင်းနိုင်အောင် သူကြိုးစားရဦးမည်။
×××
"ဒီနေ့ တစ်ပန်းကန်ပဲလား? စားမကောင်းလို့လား"
Mist မနက်စာစားပြီး ထသွားရန်ပြင်နေစဉ်တွင် ခမ်းဝေကမေးလာသည်။
ယနေ့ စားပွဲဝိုင်းမှာ အတော့်ကို တိတ်ဆိတ်နေခဲ့၏။ အာရွန်က မနိုးသေး။ နိုးလျင်လည်း မနက်စာ စားမည်မထင်။ သီခက မနက်စောစောကတည်းက တိတ်တဆိတ်သာ စားကာ ထထွက်သွားသည်။ ထို့ကြောင့် ကျန်ရစ်သည်က သတင်းစာဖတ်ရင်း ကော်ဖီသောက်နေသောလင်း၊ Mistနှင့် ခမ်းဝေသာဖြစ်လေသည်။
"မဟုတ်ဘူး။ အစထဲက ထပ်မထည့်ရအောင် အများကြီးထည့်ခဲ့လို့"
လင်းသည် ခမ်းဝေ Mist ကို ထားပုံကိုကြည့်တိုင်း အိမ်နေရင်းကို ကြယ်ငါးပွင့်ဟိုတယ်ရောက်နေသလိုလို နေ့ကလေးထိန်းကျောင်း ရောက်နေသလိုလို ခံစားနေရ၏။ အခြားကိစ္စများထက်ကို အစားအသောက်နှင့်ပတ်သတ်လျင်ပေါ့။
"ဪ ဟုတ်။ Mist လက်ဖက်ရည်သောက်မလား? ကော်ဖီသောက်မလား? နွားနို့ဝယ်ထားတယ် .... နွားနို့ထည့်ပေးရမလား? မလိုင်ရော?"
Mist မှာ ခမ်းဝေ၏ မေးခွန်းများကြား ခေါင်းမူးသွားတာကြောင့် ဆုံးဖြတ်ချက်ကို အတော်ခက်ခက်ခဲခဲ ချယူလိုက်ရပုံရ၏။
"အင်း ...... လက်ဖက်ရည် ....... နွားနို့နဲ့...... မလိုင်က ....... မထည့်"
"ဟုတ်ပြီ"
Mist ကိုယ်တိုင်လည်း တကယ်ကို မူးဝေသွားခဲ့တာဖြစ်၏။ ပြောရလျင် သူလည်း အနည်းငယ် ထူးဆန်းသလို ခံစားနေရတာဖြစ်သည်။
ကိစ္စက ခမ်းဝေမှာ ဘာကြောင့်ရယ်မသိ သူ့ကိုမြင်သည်နှင့် အစားချည်းကျွေးရန်ပြင်နေခြင်းကြောင့်ပင်။ မနက်စာမှစ နေ့လည် အဆာပြေ၊ ညလယ်ခေါင် ဗိုက်ဆာချိန် စားစရာအထိ အကုန်ကို ကျွေးနေတော့တာပင် ဖြစ်လေသည်။
အဆင်မပြေဘူးလားဆိုတော့ မဟုတ်။ သို့သော်ငြား ဘာကြောင့်မှန်းလည်း မသိတာကြောင့် ဇဝေဇဝါဖြစ်နေရတာ ဖြစ်၏။
"ခမ်းဝေ .... ဘာလို့ ငါ့ကိုမြင်တိုင်း ဘာစားမလဲပဲ မေးနေတာလဲ?"
Mist သည် ခမ်းဝေပေးသည့် လက်ဖက်ရည်ခွက်ကို ယူရင်း မေးလိုက်၏။ အတန်ကြာအောင် သိချင်နေခဲ့သည့် ကိစ္စကို မေးကြည့်လိုက်သည့်အခါ ခမ်းဝေက ဗျာကနဲ အသံပြုလျက် မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ သူ့ကိုကြည့်၏။ အတူနေလာရင်း အနည်းငယ်ကျင့်သားရသွားပြီမို့သာ သူအံ့ဩနေမှန်း သိနိုင်တာဖြစ်သော်လည်း သူ့လက်ရှိအမူအရာမှာ အံ့ဩသည်ထက် စိတ်ဆိုးနေသလိုသာ ထင်ရလေသည်။ မျက်ခုံးပုံစံကြောင့်ဟုတော့ ထင်သည်။ သေချာမပြောတတ်။
"အာ Mist က ပိန်လို့လေ .... အစားများများစားမှ အားရှိမှာမို့လို့ .... အားရှိအောင်လို့...."
"ဪ ဒါပေမဲ့ ငါက အားမနည်းပါဘူး။ တစ်နှစ်မှာ တစ်ကြိမ်တောင် မဖျားဘူး"
"ဒါပေမဲ့လဲ အစားများများစားတော့ ပိုအားရှိတာပေါ့။ အစားဆိုတာ လူနဲ့တည့်တာပဲ နော့်"
"အင်း ဟုတ်တာပဲ"
သူသိချင်သည့် အဖြေကို သိလိုက်ရ၍ ကျေနပ်သွားသည့် Mist က ခေါင်းတညိတ်ညိတ်နှင့် လက်ဖက်ရည်ကိုမြုံ့ကာ တိတ်ဆိတ်သွားတော့သည်။
ဘေးမှကြည့်နေရသည့် လင်းမှာတော့ ရယ်ချင်ပင်ကျိပင် ဖြစ်နေရ၏။ ခမ်းဝေမှာ မီးဖိုချောင်ကိစ္စအပါအဝင် အိမ်တစ်အိမ်လုံးကို သူ့ခြေသူ့လက်ထားရမှ နေသာသူဖြစ်သည်။ ရုပ်ကအမြဲတည်နေကာ မျက်မှောင်ကျုံ့ထားတတ်တာကြောင့် စိတ်မကြည်သလို မြင်ရတတ်သော်ငြား အဖွဲ့သားများအားလုံးကို အလွန်ဂရုစိုက်ပေးတတ်သူဖြစ်သည်။ အစားအသောက်ကို ဂရုစိုက်ကာ ပြင်ဆင်ပေးရသည်ကို သဘောကျသည်။ သူချက်တာကို သူများက မြိန်ရေရှက်ရေစားတာကို မြင်ရလျင်၊ စားကောင်းကြောင်း ပြောပေးလျင်လည်း ပျော်တတ်သေးသည်။ ထိုအတွက်ကြောင့်ပင် ဘာကျွေးကျွေး မငြင်းတမ်းစားတတ်သော အစားအသောက်ချစ်သူ Mist မှာ သူ့အတွက် museပင် ဖြစ်လာခဲ့ပုံရ၏။
"Mistတော့ အစားကောင်းတွေစားပြီး ကြာရင် ပေါက်စီလုံးလို ဖြစ်လာတော့မှာပဲ"
"ဟင် ... ကျွန်တော်တော့ သူ့BMIလည်း အတော်ပဲ ထင်တာပါပဲ။ ဟင်းသီးဟင်းရွက် ပိုကျွေးပေးရမလားဗျ"
"မဟုတ်ပါဘူးကွာ ... နောက်တာ နောက်တာ"
"ဪ ဟုတ်ကဲ့"
ထိုအခါ ခမ်းဝေက တစ်ချက်ရယ်လျက် နားရွက်ကို အသာကုတ်၏။
"မနေ့က ပြောတာတွေ စဉ်းစားကြည့်ပြီးပြီလား? သီခနဲ့ အာရွန်ပြောတဲ့အချက်"
ခမ်းဝေက အတန်ကြာအောင် တိတ်ဆိတ်နေပြီးမှ 'ဟုတ်' ဟု တိုးတိုးဖြေ၏။
"ဝေဖန်တာနဲ့ အကြံပေးတာကို ခွဲခြားတတ်ရမယ်နော်။ ကိုယ့်ညီအစ်ကိုတွေက ပြောတယ်ဆိုတာ ကောင်းစေချင်လို့ ပြောတာပေါ့။ ခမ်းကို မကောင်းရည်ရွယ်တာ ဖြစ်နိုင်ပါ့မလား?"
"မဖြစ် .... နိုင်ပါဘူး"
"အင်း အဲ့တာဆို သူတို့ပြောတဲ့အထဲက ကိုယ်ပြင်ဆင်ရမဲ့ အချက်တွေကို မှတ်ပြီး နောက်ကို မဖြစ်အောင်လုပ်ရင် ရပြီပဲလေ။ ခမ်းလဲ သိပါတယ် ဟုတ်တယ်မလား?"
"ဟုတ်"
"အင်း အာရွန်ကိုလဲ အစ်ကိုဆူလိုက်မယ်နော် ကလေးကို နောက်မအော်ဖို့ ... ဟုတ်ပြီလား"
လင်းက ထသွားရန်ပြင်လိုက်ရင်း ခမ်းခေါင်းကို အသာပုတ်ကာ ဆိုတော့ ခမ်းက ခေါင်းကိုငုံ့ကာ ခပ်တိုးတိုးဆိုလေသည်။
"ကလေးမဟုတ်ပါဘူးဗျာ"
"ဟုတ်ပါပြီဗျာ ... ကလေးမဟုတ်တဲ့ လူကြီးရယ်"
လင်းမှာ ဟက်ဟက်ပက်ပက်သာ ရယ်မိရတော့၏။
12:13pm
24/7/22
(ZawGyi)
Step 1.3
Sparks
"ကိုလင္း! ကိုလင္း!"
"ဟင္"
"ေခၚေနတာၾကာလွၿပီ ဘာေတြေတြးေနတာတုန္း"
"ဘာမွမဟုတ္ပါဘူး။ ဒီလိုပါပဲ"
"ေရေသာက္ဦးမလားလို႔"
"ဪ အင္း .... ေသာက္မယ္ေလ"
လင္းမွာ အာ႐ြန႔္အသံၾကားမွ အေတြးနယ္ခ်ဲ႕ရာက လက္ေတြ႕ႏွင့္ ျပန္လည္ခ်ိတ္ဆက္မိသြားခဲ့၏။ အခုတေလာ လင္းမွာ အေတြးမ်ားစြာ ရွိေနတာ အမွန္ပင္။
အေတြးက အရင္ကတည္းက ရွိခဲ့တာ မွန္ေသာ္ျငား အခုကေတာ့ ပုခုံးေပၚတြင္ ေခါင္းေဆာင္ဆိုသည့္တာဝန္က ပိုလာတာေၾကာင့္ ပို၍ ဖိဖိစီးစီး ေတြးမိေနသည္ထင္ပါ၏။ အဖြဲ႕လိုက္လႈပ္ရွားရသည့္ကိစၥဆိုသည္မွာ ပြင့္ပြင့္လင္းလင္းဆိုရလ်င္ အေတာ္မလြယ္ကူေသာအရာျဖစ္၏။
ကိုယ့္စိတ္ကိုယ့္ကိုယ္ႏွင့္ေတာင္ တစ္ခါတရံ ဒြိဟျဖစ္ကာ ရႈပ္တတ္ရသည့္အထဲ လူငါးေယာက္ကို ညီညာေအာင္ညႇိယူရသည့္ ကိစၥမွာ တကယ့္ကို ခက္ခဲေသာကိစၥပင္။
ပထမဆုံးေသာျပသနာမွာကား အသံကိစၥပင္ျဖစ္ေလသည္။ အားလုံးက အေတြ႕အႀကဳံလည္း မရွိၾကေသးသလို idol ျဖစ္ဖို႔ရာ အခုမွစတင္ကာ ေလ့က်င့္ေနၾကသူမ်ားျဖစ္တာမို႔ လိုအပ္ခ်က္မ်ားစြာရွိေနတာ အဟုတ္ပင္ျဖစ္ေလသည္။ ထို႔ေၾကာင့္ ဆိုပုံဆိုနည္းအရ ကိုယ္ဆိုေနက်ပုံစံကိုသာ က်င့္သားရေနၿပီး စနစ္တက် မဆိုႏိုင္ေသးသလို အျခားပုံစံမ်ိဳးလဲ မလုပ္ႏိုင္ေသး။ ထို႔ေၾကာင့္ ပထမဆုံး ေတြ႕လာရသည့္ ျပသနာမွာကား အသံသဟဇာတမျဖစ္ျခင္းပင္ျဖစ္ေလ၏။
ပထမဆုံးျပသနာျဖစ္ေသာ္ျငား သက္ေရာက္မႈက အေတာ္ႀကီးသည္။ အားလုံးကို သီခ်င္းတစ္ပုဒ္ကို ေနရာခြဲကာ အစမ္းဆိုေစၿပီး အသံသြင္းေစကာ နားေထာင္ၾကည့္လိုက္သည့္အခါ လြန္စြာမွ သိသာေနသည့္ ကြဲျပားမႈက ထင္းလင္းစြာ ေပၚလာခဲ့၏။ အသံ effectတစ္ခုခုႏွင့္ ညႇိလိုက္လ်င္ရသည္ဆိုေသာ္ျငား ထိုသို႔ဆိုလ်င္က ေရရွည္တြင္ အဆင္မေျပႏိုင္သလို အရည္အခ်င္း အစစ္အမွန္လည္း မဟုတ္ေတာ့ေပ။
ဆရာကေတာ့ လိုအပ္သည့္ေနရာကို ေထာက္ျပကာ ကိုယ့္နည္းကိုယ့္ဟန္ျဖင့္ သေဘာေပါက္ေအာင္လုပ္ၿပီး ေျဖရွင္းၾကရန္ ေျပာသြားခဲ့သည္မို႔ ယခု ေခါင္းခ်င္းဆိုင္ကာ ေဆြးေႏြးေနၾကစဥ္ျဖစ္၏။
"အင္း ခမ္းအသံက အထိုးထြက္ဆုံးျဖစ္ေနသလားလို႔ပဲ သူ႔ကိုက positionေျပာင္းမွရမယ္"
အာ႐ြန္က ဆိုေတာ့ ခမ္းေဝက မေက်မနပ္ျဖင့္ တုံ႔ျပန္၏။
"ကြၽန္ေတာ္လဲ ထိုးထြက္ခ်င္လို႔ ထြက္ေနတာမွ မဟုတ္ပဲဗ်ာ အသံကိုက ဒီလိုပဲဟာကို"
"ေအးေလ အဲ့တာေၾကာင့္ positionေျပာင္းရမယ္လို႔ ေျပာတာေလ ... ဘာေျပာမိလို႔လဲ"
"ကိုယ္ေျပာတဲ့ စကားကိုလဲ ျပန္စဥ္းစားၾကည့္ဦးေလဗ်ာ ... ေလသံကအစ ဟုတ္မွမဟုတ္ပဲ"
"ဟာ .... ဟုတ္လို႔ဟုတ္တယ္လို႔ပဲ ေျပာေနတာကို ဘာေတြေျပာေနတာတုန္း!"
"ေဟး ... စကားကို ေအးေဆးေျပာၾကမယ္ေလ..."
အဖြဲ႕ရယ္ျဖစ္လာၿပီဆိုမွေတာ့ သည္လိုကေတာက္ကဆျဖစ္တတ္ၾကေသာ အခ်ိန္မ်ိဳးလည္း က်ိန္းေသရွိတတ္မည္ျဖစ္၏။ ႀကိဳမသိႏိုင္တာေၾကာင့္ တားဆီး၍ရႏိုင္ေကာင္းေသာ ကိစၥမ်ိဳးမဟုတ္ေသာ္ျငား အတတ္ႏိုင္ဆုံး ေျပလည္ေအာင္ ျဖန္ေျဖရမည္က အႀကီးဆုံးအျပင္ ေခါင္းေဆာင္လဲျဖစ္ေသာ သူ႔တာဝန္ျဖစ္၏။
သို႔ေသာ္ မည္သို႔ပင္တားဆီးပါေစ တနည္းနည္းႏွင့္ ျဖစ္ကိုျဖစ္လာရမည့္တာဝန္မွာေတာ့ ျပသနာ၏ တာဝန္ျဖစ္ပုံရေလ၏။
"လက္စနဲ႔ေျပာရရင္ အကတိုက္ရင္လဲ မင္းက အဲ့လိုပဲ ... တစ္ေယာက္ထဲ ျမန္ေနေရာမလား... ေနာက္ကလူေတြနဲ႔ paceကို လုံးဝမညႇိဘူးေလ"
အာ႐ြန္က မီးေလာင္ရာေလပင့္လိုက္ျပန္သည့္အခါ ခမ္းက စကားနာထိုးလာေလေတာ့သည္။
"ကိုယ့္ဘာသာ လိုက္မမွီတာကို ဘာလို႔ သူမ်ားကို အျပစ္ပုံခ်ေနတာလဲ?"
"မဟုတ္ေသးဘူးေလကြာ .... ငါက လိုအပ္တာကို ေထာက္ျပေန႐ုံ...."
"ကိုအာ႐ြန္ေျပာတာ လုံးဝအမွားေတာ့လဲ မဟုတ္ဘူး ခမ္း... ခမ္းက နဂိုထဲက အကေတာ္တာမို႔ အဆင္ေျပေပမဲ့ အစ္ကိုတို႔အတြက္က အေတာ္ေလးႀကိဳးစားၿပီး လိုက္ယူရတာရယ္ ... paceက မညီေနတာေတာ့ အဟုတ္ပဲ..."
"အဲ့တာဆိုလဲ အစထဲက ေျပာပါေတာ့လားဗ်ာ ... အခုက် ကြၽန္ေတာ္က တစ္ကိုယိေကာင္းသမားလိုျဖစ္မသြားဘူးလား"
"မဟုတ္ဘူး ... အစ္ကိုကလည္း အားနာ....."
"ဒါေပမဲ့ နဂိုထဲက ေတာ္ဝယ္ဆိုတာမ်ိဳးေတာ့ မဟုတ္ေသးဘူး ကိုသီခ ... ကြၽန္ေတာ္လဲ ေမြးကထဲက ေတာ္လာတာမဟုတ္ဘူးေလ ဒီလိုပဲ ေလ့က်င့္လာရတာပဲ။ ေလ့က်င့္မွ ေကာင္းလာမွာေပါ့ဗ်"
စကားဝိုင္းက သုံးေယာက္ျဖစ္လာၿပီးေနာက္ အေနအထားက ပို၍ပင္ တင္းမာလာသည္။ လင္းမွာ အသံျမႇင့္ကာ မာန္လိုက္ရေကာင္းမည္လား၊ ဆက္ပဲ ေခ်ာ့ရမည္လား ေဝခြဲရခက္ေနစဥ္မွာပင္ ေရဘူးကို ဒုံးကနဲေနေအာင္ ၾကမ္းေပၚပစ္ခ်လိုက္သံကို ၾကားလိုက္ရေလသည္။ အားလုံးမွာ ႐ုတ္တရက္ထြက္လာေသာ ထိုအသံေၾကာင့္ လန႔္ဖ်ပ္ကာ တိကနဲေနေအာင္ ၿငိမ္က်သြားမိၾက၏။
"ဒီေန႔ meetingက ဒီအထိပဲ ထင္တယ္ .... ဟုတ္တယ္မလား? အရင္သြားေတာ့မယ္"
ေျပာေျပာဆိုဆိုႏွင့္ တံခါးဖြင့္ကာ ထထြက္သြားသူက Mist။
သူ႔အျပဳအမူမွာ အနည္းငယ္ ႐ိုင္းပ်သလို ခံစားရႏိုင္ေသာ္လည္း သူေျပာတာလဲ မမွား။ ဒီအေျခအေနႏွင့္က မည္သို႔မွ ေရွ႕ဆက္မရႏိုင္မွာ အဟုတ္ျဖစ္ေလသည္။ သို႔ေသာ္လည္း အားလုံး တိတ္ဆိတ္ၿငိမ္သက္သြားၾကပုံကိုၾကည့္ရလ်င္ Mist ၏ ေျဖရွင္းနည္းက အနည္းငယ္ေတာ့ ထိေရာက္ပုံရေလ၏။
သို႔ေပသိ လႊတ္ထားလို႔ေတာ့လည္း မျဖစ္ေသး။ျပႆနာမျဖစ္ပဲ ေအးေအးေဆးေဆး ေျဖရွင္းႏိုင္ေအာင္ သူႀကိဳးစားရဦးမည္။
×××
"ဒီေန႔ တစ္ပန္းကန္ပဲလား? စားမေကာင္းလို႔လား"
Mist မနက္စာစားၿပီး ထသြားရန္ျပင္ေနစဥ္တြင္ ခမ္းေဝကေမးလာသည္။
ယေန႔ စားပြဲဝိုင္းမွာ အေတာ့္ကို တိတ္ဆိတ္ေနခဲ့၏။ အာ႐ြန္က မႏိုးေသး။ ႏိုးလ်င္လည္း မနက္စာ စားမည္မထင္။ သီခက မနက္ေစာေစာကတည္းက တိတ္တဆိတ္သာ စားကာ ထထြက္သြားသည္။ ထို႔ေၾကာင့္ က်န္ရစ္သည္က သတင္းစာဖတ္ရင္း ေကာ္ဖီေသာက္ေနေသာလင္း၊ Mistႏွင့္ ခမ္းေဝသာျဖစ္ေလသည္။
"မဟုတ္ဘူး။ အစထဲက ထပ္မထည့္ရေအာင္ အမ်ားႀကီးထည့္ခဲ့လို႔"
လင္းသည္ ခမ္းေဝ Mist ကို ထားပုံကိုၾကည့္တိုင္း အိမ္ေနရင္းကို ၾကယ္ငါးပြင့္ဟိုတယ္ေရာက္ေနသလိုလို ေန႔ကေလးထိန္းေက်ာင္း ေရာက္ေနသလိုလို ခံစားေနရ၏။ အျခားကိစၥမ်ားထက္ကို အစားအေသာက္ႏွင့္ပတ္သတ္လ်င္ေပါ့။
"ဪ ဟုတ္။ Mist လက္ဖက္ရည္ေသာက္မလား? ေကာ္ဖီေသာက္မလား? ႏြားႏို႔ဝယ္ထားတယ္ .... ႏြားႏို႔ထည့္ေပးရမလား? မလိုင္ေရာ?"
Mist မွာ ခမ္းေဝ၏ ေမးခြန္းမ်ားၾကား ေခါင္းမူးသြားတာေၾကာင့္ ဆုံးျဖတ္ခ်က္ကို အေတာ္ခက္ခက္ခဲခဲ ခ်ယူလိုက္ရပုံရ၏။
"အင္း ...... လက္ဖက္ရည္ ....... ႏြားႏို႔နဲ႔...... မလိုင္က ....... မထည့္"
"ဟုတ္ၿပီ"
Mist ကိုယ္တိုင္လည္း တကယ္ကို မူးေဝသြားခဲ့တာျဖစ္၏။ ေျပာရလ်င္ သူလည္း အနည္းငယ္ ထူးဆန္းသလို ခံစားေနရတာျဖစ္သည္။
ကိစၥက ခမ္းေဝမွာ ဘာေၾကာင့္ရယ္မသိ သူ႔ကိုျမင္သည္ႏွင့္ အစားခ်ည္းေကြၽးရန္ျပင္ေနျခင္းေၾကာင့္ပင္။ မနက္စာမွစ ေန႔လည္ အဆာေျပ၊ ညလယ္ေခါင္ ဗိုက္ဆာခ်ိန္ စားစရာအထိ အကုန္ကို ေကြၽးေနေတာ့တာပင္ ျဖစ္ေလသည္။
အဆင္မေျပဘူးလားဆိုေတာ့ မဟုတ္။ သို႔ေသာ္ျငား ဘာေၾကာင့္မွန္းလည္း မသိတာေၾကာင့္ ဇေဝဇဝါျဖစ္ေနရတာ ျဖစ္၏။
"ခမ္းေဝ .... ဘာလို႔ ငါ့ကိုျမင္တိုင္း ဘာစားမလဲပဲ ေမးေနတာလဲ?"
Mist သည္ ခမ္းေဝေပးသည့္ လက္ဖက္ရည္ခြက္ကို ယူရင္း ေမးလိုက္၏။ အတန္ၾကာေအာင္ သိခ်င္ေနခဲ့သည့္ ကိစၥကို ေမးၾကည့္လိုက္သည့္အခါ ခမ္းေဝက ဗ်ာကနဲ အသံျပဳလ်က္ မ်က္ေတာင္ကို ပုတ္ခတ္ပုတ္ခတ္လုပ္ကာ သူ႔ကိုၾကည့္၏။ အတူေနလာရင္း အနည္းငယ္က်င့္သားရသြားၿပီမို႔သာ သူအံ့ဩေနမွန္း သိႏိုင္တာျဖစ္ေသာ္လည္း သူ႔လက္ရွိအမူအရာမွာ အံ့ဩသည္ထက္ စိတ္ဆိုးေနသလိုသာ ထင္ရေလသည္။ မ်က္ခုံးပုံစံေၾကာင့္ဟုေတာ့ ထင္သည္။ ေသခ်ာမေျပာတတ္။
"အာ Mist က ပိန္လို႔ေလ .... အစားမ်ားမ်ားစားမွ အားရွိမွာမို႔လို႔ .... အားရွိေအာင္လို႔...."
"ဪ ဒါေပမဲ့ ငါက အားမနည္းပါဘူး။ တစ္ႏွစ္မွာ တစ္ႀကိမ္ေတာင္ မဖ်ားဘူး"
"ဒါေပမဲ့လဲ အစားမ်ားမ်ားစားေတာ့ ပိုအားရွိတာေပါ့။ အစားဆိုတာ လူနဲ႔တည့္တာပဲ ေနာ့္"
"အင္း ဟုတ္တာပဲ"
သူသိခ်င္သည့္ အေျဖကို သိလိုက္ရ၍ ေက်နပ္သြားသည့္ Mist က ေခါင္းတညိတ္ညိတ္ႏွင့္ လက္ဖက္ရည္ကိုၿမဳံ႕ကာ တိတ္ဆိတ္သြားေတာ့သည္။
ေဘးမွၾကည့္ေနရသည့္ လင္းမွာေတာ့ ရယ္ခ်င္ပင္က်ိပင္ ျဖစ္ေနရ၏။ ခမ္းေဝမွာ မီးဖိုေခ်ာင္ကိစၥအပါအဝင္ အိမ္တစ္အိမ္လုံးကို သူ႔ေျခသူ႔လက္ထားရမွ ေနသာသူျဖစ္သည္။ ႐ုပ္ကအၿမဲတည္ေနကာ မ်က္ေမွာင္က်ဳံ႕ထားတတ္တာေၾကာင့္ စိတ္မၾကည္သလို ျမင္ရတတ္ေသာ္ျငား အဖြဲ႕သားမ်ားအားလုံးကို အလြန္ဂ႐ုစိုက္ေပးတတ္သူျဖစ္သည္။ အစားအေသာက္ကို ဂ႐ုစိုက္ကာ ျပင္ဆင္ေပးရသည္ကို သေဘာက်သည္။ သူခ်က္တာကို သူမ်ားက ၿမိန္ေရရွက္ေရစားတာကို ျမင္ရလ်င္၊ စားေကာင္းေၾကာင္း ေျပာေပးလ်င္လည္း ေပ်ာ္တတ္ေသးသည္။ ထိုအတြက္ေၾကာင့္ပင္ ဘာေကြၽးေကြၽး မျငင္းတမ္းစားတတ္ေသာ အစားအေသာက္ခ်စ္သူ Mist မွာ သူ႔အတြက္ museပင္ ျဖစ္လာခဲ့ပုံရ၏။
"Mistေတာ့ အစားေကာင္းေတြစားၿပီး ၾကာရင္ ေပါက္စီလုံးလို ျဖစ္လာေတာ့မွာပဲ"
"ဟင္ ... ကြၽန္ေတာ္ေတာ့ သူ႔BMIလည္း အေတာ္ပဲ ထင္တာပါပဲ။ ဟင္းသီးဟင္း႐ြက္ ပိုေကြၽးေပးရမလားဗ်"
"မဟုတ္ပါဘူးကြာ ... ေနာက္တာ ေနာက္တာ"
"ဪ ဟုတ္ကဲ့"
ထိုအခါ ခမ္းေဝက တစ္ခ်က္ရယ္လ်က္ နား႐ြက္ကို အသာကုတ္၏။
"မေန႔က ေျပာတာေတြ စဥ္းစားၾကည့္ၿပီးၿပီလား? သီခနဲ႔ အာ႐ြန္ေျပာတဲ့အခ်က္"
ခမ္းေဝက အတန္ၾကာေအာင္ တိတ္ဆိတ္ေနၿပီးမွ 'ဟုတ္' ဟု တိုးတိုးေျဖ၏။
"ေဝဖန္တာနဲ႔ အႀကံေပးတာကို ခြဲျခားတတ္ရမယ္ေနာ္။ ကိုယ့္ညီအစ္ကိုေတြက ေျပာတယ္ဆိုတာ ေကာင္းေစခ်င္လို႔ ေျပာတာေပါ့။ ခမ္းကို မေကာင္းရည္႐ြယ္တာ ျဖစ္ႏိုင္ပါ့မလား?"
"မျဖစ္ .... ႏိုင္ပါဘူး"
"အင္း အဲ့တာဆို သူတို႔ေျပာတဲ့အထဲက ကိုယ္ျပင္ဆင္ရမဲ့ အခ်က္ေတြကို မွတ္ၿပီး ေနာက္ကို မျဖစ္ေအာင္လုပ္ရင္ ရၿပီပဲေလ။ ခမ္းလဲ သိပါတယ္ ဟုတ္တယ္မလား?"
"ဟုတ္"
"အင္း အာ႐ြန္ကိုလဲ အစ္ကိုဆူလိုက္မယ္ေနာ္ ကေလးကို ေနာက္မေအာ္ဖို႔ ... ဟုတ္ၿပီလား"
လင္းက ထသြားရန္ျပင္လိုက္ရင္း ခမ္းေခါင္းကို အသာပုတ္ကာ ဆိုေတာ့ ခမ္းက ေခါင္းကိုငုံ႔ကာ ခပ္တိုးတိုးဆိုေလသည္။
"ကေလးမဟုတ္ပါဘူးဗ်ာ"
"ဟုတ္ပါၿပီဗ်ာ ... ကေလးမဟုတ္တဲ့ လူႀကီးရယ္"
လင္းမွာ ဟက္ဟက္ပက္ပက္သာ ရယ္မိရေတာ့၏။
×××